YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Grand Blue - 06 [1080p].mp4

262.79 MB 1080p video/mp4 1251 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rare Exports: A Christmas Tale
6.3

Sisu movieက ဖင်လန်ကွန်မန်ဒိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jorma Tommilaနဲ့ Schützeအဖြစ်သရုပ်ဆောင်ခဲ့တဲ့သားဖြစ်သူ Onni Tommila တို့ရဲ့ သားအဖနှစ်ယောက်သရုပ်ဆောင်ထားတဲ့ ခရစ်စမတ်အချိန်အခါ သည်းထိတ်ရင်ဖိုဇာတ်ကား‌တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အချိန်ကတော့ ခရစ်စမတ်မတိုင်ခင် ၂၄ရက်အလိုမှာပေါ့။ဥရောပ မြောက်ပိုင်း စကန်ဒီနေးဗီးယားနိုင်ငံတွေရဲ့အာတိတ်စက်ဝိုင်း‌နဲ့ အနီးဆုံးဖြစ်တဲ့ လက်ပ်လန်းဆိုတဲ့ဒေသ။ အထူးသဖြင့် ဖင်လန်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြားကကော်ဗာ တွန်တူရီဆိုတဲ့တောင်မှာ တူးဖော် နေကြတဲ့အမေရိကန်-ဗြိတိန်အဖွဲ့က ဒေသခံ ဆာမီလူမျိုးတွေရဲ့ ရှေးဟောင်းသင်္ချိုင်းတခုကိုရှာဖွေတွေ့ရှိခဲ့တယ်။ သူတို့ကိုချောင်းကြည့် နေခဲ့တာက ပီရဲတာရီနဲ့ ဂျူးဆိုဆိုတဲ့ ကောင်လေးနှစ်ယောက်။ ပီရဲတာရီယုံကြည်ထားတာ ဒီတောင်ဟာဆာမီလူမျိုးတွေက ဆိုးသွမ်းတဲ့ ကလေးတွေကိုနှိပ်စက်တတ်တဲ့ ဆန်တာ ကလော့အစစ်အမှန်ကို ဖမ်းဆီး မြေမြှုပ်ထားတဲ့နေရာပဲ။ တောင်‌ပေါ်ကတူးဖော်နေတာတွေရပ်သွားတဲ့ အချိန်မှာပဲသူ့ရဲ့ရွာနားမှာ သမင်တွေအကုန်လုံးနီးပါးသေကြေနေတာတွေ ပစ္စည်းတွေပျောက်ကုန်လာတာတွေကလေးတွေပျောက်ကုန်တာအပြင် လူထူးလူဆန်းတယောက်ကိုပါ သူ့အဖေရဲ့ ထောင်ချောက်မှာမိလာတဲ့ အချိန်မှာတော့ပီရဲတာရီနဲ့ ပီရဲတာရီရဲ့အဖေတို့က ဒီကိစ္စကိုအဖြေရှာဖို့ ဖြစ်လာပါတော့တယ်။ သမင်တွေဘာလို့သေကုန်တာလဲ။ ဒီဖမ်းမိထားတဲ့သူကဘာလဲ။ကလေးတွေဘယ်ရောက်ကုန်တာလဲ။ တောင်ပေါ်မှာကဘာလို့တိတ်ဆိတ်သွားရတာလဲ။ဒီခရစ်စမတ်ကို သူတို့တွေကျော်ဖြတ်နိုင်ပါ့မလားဆိုတာကိုRare Exports ဆိုတဲ့ ဒီဇာတ်ကားလေးမှာရှုစားပေးပါဦးခင်ဗျ။ File size…1.68GB / 727MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 24m Genre ..... Adventure , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Drama
6.3 2010 83 mins
Rare Exports: A Christmas Tale
Shanghai Triad
6.8

~ IMDb - 7.1/10, RT - 90%, MyDramaList - 7.2/10 ~ ပွဲဦးထွက်ကားဖြစ်တဲ့ Red Sorghum (1988) ကနေစပြီး သိပ်အတွဲညီလာတဲ့ ကျန်းရိမူနဲ့ ဂေါင်လီတို့ အတွဲအစပ်ဟာ ရိုက်သမျှကားတိုင်း တွဲရိုက်လာတာ ၁၉၉၀ရဲ့ Shanghai Triad မှာမှ နားသွားပါတယ်။ ဒီကြားထဲ ကျန်းကျိရီနဲ့ ၃ကားလောက်တွဲရိုက်ခဲ့သလို တခြားသရုပ်ဆောင်တွေနဲ့လည်း ရိုက်ဖြစ်ခဲ့တယ်။ Hero တို့ House of Flying Daggers တို့လို ဂေါင်လီနဲ့သူ တွဲရိုက်ခဲ့တဲ့တုန်းကရှိခဲ့တဲ့ သူ့မူလဟန်ကနေ နည်းနည်းကွဲထွက်တဲ့ဟန်နဲ့လည်းမြင်လာရသလို ကျွန်တော့်အတွက် သူ့မာစတာပိစ်အဖြစ်ဆုံးကားဖြစ်တဲ့ Hero ကိုလည်း ဟောင်ကောင်ရဲ့ Top Star တွေ သုံးပြီး ရိုက်ဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ ၁၆နှစ်အကြာ ၂၀၀၆မှာ ဂေါင်လီနဲ့ပြန်တွဲပြီး ချောင်ယွန်ဖတ်ကိုပါထည့်သုံးပြီး Curse of the Golden Flower ကို ရိုက်ဖြစ်ခဲ့တယ်။ Curse of the Golden Flower ဟာ အဲဒီခေတ်ကာလက ဘတ်ဂျက်အများဆုံးသုံးထားတဲ့ တရုတ်ရုပ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။ နောက် 2014 မှာ Coming Home ကို ဂေါင်လီနဲ့ နောက်ဆုံးရိုက်ကူးခဲ့တယ်။ ကျန်းရိမူနဲ့ဂေါင်လီရဲ့ ပွဲဦးထွက်ကတည်းက ဆက်တိုက်တွဲရိုက်လာခဲ့တဲ့ Shanghai Triad ထိ ၆ကားရယ်၊ Curse of the Golden Flower ရယ်၊ Coming Home ရယ် ၈ကားကို Collaborations - The Cinema of Zhang Yimou & Gong Li ဆိုပြီး အခွေ၈ခွေနဲ့ ၂၀၂၁ မှာ Box Set ကြီးထုတ်ခဲ့ပါသေးတယ်။ CMမှာလည်း ကျန်းရိမူ ဂေါင်လီ Collaboration ကားတွေ တင်လာတာ အခုဆို အကုန်နီးပါးပါပဲ။ သို့ပေမဲ့ ဒီကားက နောက်ဆုံးလက်ကျန်ကားတော့မဟုတ်ပါဘူး။ The Story of Qiu Ju တစ်ကားလိုပါသေးတယ်။ အဲဒီတစ်ကားပြီးရင်တော့ CM မှာ ကျန်းရိမူ ဂေါင်လီ Collaboration Collection တစ်ခုလုံး စုံပါပြီ။ Shanghai Triad ကတော့ ကျန်းရိမူဂေါင်လီရဲ့ ပထမ Era ရဲ့ အဆုံးသတ်ရုပ်ရှင်ပါပဲ။ ဒီကားကိုတော့ Li Xiao ရဲ့ ဝတ္တုဖြစ်တဲ့ Rules of a Clan ကို ပြန်ရိုက်ထားတယ်။ ၁၉၃၀ ပြည့်နှစ် ရှန်ဟိုင်းက ဒုစရိုက်လောကကို ကျောရိုးထားပြီး ဂေါင်လီရဲ့ အလှအပတွေနဲ့ ခြယ်မှုန်းထားတယ်။ ဒီကားမှာလည်း ရှေ့ကားတွေမှာလိုပဲ ကျန်းရိမူအမြဲပြနေကျဖြစ်တဲ့ ဇာတ်လမ်းနဲ့ ယှဉ်တွဲပါလာတတ်တဲ့ သူတို့ရိုးရာ ဓလေ့တွေ ထုံးတမ်းတွေကို မြင်ရဦးမှာပါပဲ။ သူရိုက်တဲ့ ဝတ္တုနာမည်ကိုက Rules of a Clan ဆိုတော့ စည်းမျဉ်းနဲ့ ဂိုဏ်း ယှဉ်တွဲနေတာကိုပါ မြင်ရဦးမှာပါပဲ။ ဆန်းတာက မူရင်းစာအုပ်ကပဲ ဒီလိုတင်ပြထားသလားမသိပေမဲ့ Shanghai Triad ဆိုတဲ့ နာမည်နဲ့မလိုက်အောင်ပဲ ဒီဇာတ်လမ်းကို ကျွန်တော်တို့ ရှန်ဟိုင်းကို ပထမဆုံးရောက်လာတဲ့ ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ အမြင်ကနေပဲ တစ်ကားလုံးပြသွားတာပါ။ ရှန်ဟိုင်းကို ချုပ်ကိုင်ထားတဲ့ ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ တပည့်ဖြစ်တဲ့ သူ့ဦးလေးက သူ့ကို အဲဒီဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အပျော်မယားဖြစ်တဲ့ ဂေါင်လီဆီမှာ အစေခံအဖြစ်သွင်းပေးတဲ့အချိန်ကနေ ပြသွားတာပါပဲ။ တစ်ကားလုံးက ဒီကောင်လေးကြုံခဲ့ရတဲ့ ၇ရက်တာပါပဲ။ ဒီကောင်လေးဟာ ခုနစ်ရက်တာအတွင်း ရှန်ဟိုင်းရဲ့ မြေအောက်လောကကို ဘယ်လောက်ထိသိသွားနိုင်မလဲ၊ ခုနစ်ရက်တာဟာ လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပစ်ဖို့ လုံလောက်တဲ့အချိန်ဖြစ်လာမလားဆိုတာ မြင်ကြရမှာပါပဲ။ ဒီကားမှာ ဂေါင်လီဟာ ကျန်းရိမူနဲ့ တွဲရိုက်ခဲ့တဲ့ ရှေ့ကားတွေလိုမဟုတ်ဘဲ ခေတ်နည်းနည်းပိုဆန်တဲ့အလှနဲ့ မြင်ရမှာဖြစ်သလို ရှေ့ကားတွေက ဂေါင်လီရဲ့ အလှကို ဂန္ထဝင်ဆန်တယ်လို့ သတ်မှတ်ရင် ဒီကားက တစ်ချို့အခန်းတွေက ဂေါင်လီရဲ့အလှကို ကျွန်တော်တော့ မှော်ဆန်တယ်လို့ပဲ သတ်မှတ်ချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 875MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 48Min Genre - Crime, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
6.8 1995 108 mins
Shanghai Triad
Heaven, Earth and Hell

အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War Trilogy ရဲ့ ပထမကားနဲ့ တတိယကားကို တင်ထားပေးပြီးပြီဖြစ်ပြီး ဒုတိယကား တွမ်ခရုစ်ရဲ့ Born on the Fourth of July ကလည်း လာပါလိမ့်မယ်။ စစ်ကားကြိုက်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ Trilogy ပါပဲ။ ဗီယက်နမ်စစ်ပွဲကြီးဟာ (၁၉၅၅) ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့ စစ်ရဲ့ဆိုးကျိုးတွေက နောက်ကချက်ချင်းကပ်လိုက်လာပါတယ်။ အမြင်သာဆုံးတစ်ခုကတော့ စစ်ဖြစ်ပြီဆိုတာနဲ့ ပြည့်တန်ဆာတွေ ပေါလာတာပါ။ အားကောင်းမောင်းသန် ယောက်ျားသားတွေ စစ်ထဲလိုက်သွားရတဲ့အချိန် ကျန်ခဲ့တဲ့မိန်းမသားတွေအတွက် စီးပွားရှာရခက်ခဲတဲ့အပြင် ကိုယ့်စိုက်ခင်းလေး ဘယ်အချိန်မီးရှို့ခံရမလဲ ကိုယ့်ပစ္စည်းလေး ဘယ်တော့အခိုးခံရမလဲ ကျီးလန့်စာစားနေရတဲ့ဘဝမို့ ရှာဖွေစားသောက်ရတာ မလွယ်ကူပါဘူး။ "စစ်ကဖြစ်ချင်လို့ကိုဖြစ်တာ ဖာက စားစရာမရှိလို့ဖြစ်တာ" လို့ မမမယ်လီနာက သူ့ဇာတ်ကားထဲမှာ ပြောခဲ့ဖူးပါတယ်။ ဒီဇာတ်ကားလေးကလည်း စစ်ကြောင့်ဘဝပျက်ခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့မြေနဲ့ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်ရတဲ့အရာတွေနဲ့ ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့သူတွေနဲ့ ဆုံစည်းခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ ဇာတ်ကားနာမည်က Heaven and Earth လို့အမည်ရပြီး IMDB rating - 6.8/10 ထိရရှိထားတဲ့ ကားဟောင်းတစ်ကားမို့ မခေဘူးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်ကားထဲမှာ ဗီယက်နမ်လူမျိုးတွေနဲ့ အမေရိကန်စစ်သားတွေကြား Communication ကောင်းကောင်းမပေါက်တာကိုပြဖို့အတွက် စကားပြောတဲ့အချိန် Broken English တွေချည်း သုံးထားပေမဲ့ ဗီယက်နမ်လူမျိုးအချင်းချင်းစကားပြောတဲ့နေရာတွေ၊ Narrating လုပ်တဲ့နေရာတွေမှာ ဗီယက်နမ်စကားမသုံးဘဲ အင်္ဂလိပ်စကားကိုပဲပြန်သုံးထားတာကိုတော့ သိပ်သဘောမကျလှပေမဲ့ ဒါကလည်းဇာတ်လမ်းကို အနှောင့်အယှက်ဖြစ်လောက်တဲ့ထိ မဟုတ်တာမို့ War / Drama ကြိုက်သူတွေအနေနဲ့ လေလီရဲ့ဘဝအတက်အကျလေးကို အတူတူလိုက်ခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mariposa မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.1GB, 630MB Quality - 1080p, 720p, 480p IMDb Rating - 6.8/10 Format - mp4 Duration - 2H 20Min Genre - Action, Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mariposa Encoded by Y

Comedy
0 1993 25 mins
Heaven, Earth and Hell
The Borrowers
6

ဒီတစ်ခေါက်မှာတော့ မိသားစုနဲ့အတူတူပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောကြည့်ရှုလို့ရမယ့် 1997 ကခုနှစ်ထွက်ရှိထားတဲ့ Comedy/Fantasy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပီးတ်တို့မိသားစုက သူတို့လက်ရှိနေနေတဲ့အိမ်ကြီးကိုအမွေရခဲ့ပေမယ့်လည်း သေတမ်းစာမရှိလို့ အိမ်ကိုဖြိုချချင်တဲ့ ရှေ့နေလက်ထဲထိုးအပ်လိုက်ရတော့မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ တစ်ချိန်တည်းမှာပဲ သူတို့အိမ်မှာ ပစ္စည်းသေးသေးလေးတွေ မကြာခဏပျောက်ပျောက်သွားတတ်လို့ (၁၀)နှစ်သားအရွယ်ကောင်လေး ပီးတ်တစ်ယောက် လက်သည်ဘယ်သူလဲဆိုတာသိရဖို့ အပြင်းအထန်ကြိုးစားနေခဲ့ပါတယ်။ သူဘယ်လောက်ပဲကြိုးစား ကြိုးစား ဘယ်လိုမှဖမ်းမမိနိုင်ပေမယ့် တစ်နေ့မှာတော့ မထင်မှတ်ဘဲ လက်သည်ဘယ်သူလဲဆိုတာသိလိုက်ရတဲ့အခါ ပီးတ်တစ်ယောက် အံ့ဩတကြီးနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားရပါတော့တယ်။ လက်သည်က လုံးဝမထင်ထားတဲ့ ဘော်ရိုရာလို့ခေါ်တဲ့ လူသားသေးသေးလေးတွေဖြစ်နေလို့ပါပဲ။ မကြာခင် အိမ်ကြီးပေါ်ကနေဆင်းပေးရတော့မယ့် ပီးတ်နဲ့ အိမ်ကြီးထဲမှာနေနေကြတဲ့ ဘော်ရိုရာလေးတွေ ပေါင်းပြီး အိမ်ကိုမဆုံးရှုံးရဖို့ ဘယ်လိုတွေကြိုးစားကြမလဲ.. သေတမ်းစာမရှိဘူးလို့ပြောတဲ့ ရှေ့နေဆီမှာ သေတမ်းစာရှိနေတာသိလိုက်ရတဲ့အခါ ကောက်ကျစ်တဲ့ရှေ့နေလက်ထဲကနေ အဲဒီသေတမ်းစာကိုရဖို့ကြိုးစားရင်း ဘယ်လိုအသက်အန္တရာယ်တွေနဲ့ရင်ဆိုင်ရမလဲ.. ဉာဏ်ကောင်းပေမယ့် သေးငယ်တဲ့ဘော်ရိုရာလေးတွေက လူကောင်ကြီးပြီးကောက်ကျစ်တဲ့ရှေ့နေကြီးကို အနိုင်တိုက်နိင်ပါ့မလား.. အိမ်ကိုဖြိုချမယ့်အရေးကိုရော ဝိုင်းပြီး ကာကွယ်နိုင်ပါ့မလားဆိုတာကို မိသားစုနဲ့အတူ ချစ်စရာလူသေးသေးလေးတွေကို ကြည့်ရင်း ရင်တခုန်ခုန်နဲ့ ပေါ့ပေါ့ပါးပါး ရယ်မောခံစားလိုက်ကြပါဦးနော်။ File size…(3.36GB)  / (`1.16GB) / (579MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre...  Adventure / Comedy / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Comedy • Fantasy
6 1997 86 mins
The Borrowers
Gandhada Gudi
9.2

Gandhada Gudi 2022 IMDb 9.2/10 Documentary /Drama အိန္ဒိယနိုင်ငံရဲ့နာမည်ကျော်စူပါစတားတစ်ယောက်ဖြစ်တဲ့ ပူနိသ်ရာ့ဂ်ျကူးမား နောက်ဆုံးအနေနဲ့ ပါဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ သစ်တောအကြောင်းတွေ ဒါ့အပြင်တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ ရုပ်ရှင်နဲ့သီချင်းတွေကိုပါ ပြန်လည်ခံစားရစေမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ပူနိသ်ဟာ သူ့ရဲ့ငယ်ဘဝက အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် တောရိုင်းသဘာဝရုပ်ရှင်တွေထုတ်လုပ်သူ အာမို့ဂ်နဲ့ ပူးပေါင်းပြီး ခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်။ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ သူတို့ရဲ့စွန့်စားခန်းတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ပူနိသ်ရဲ့မွေးရပ်မြေအလှအပတွေ ကာနာကာတာရဲ့တောရိုင်းသဘာဝတွေအလှအပတွေကို ခံစားရင်း တောရိုင်းတိရစ္ဆာန်နဲ့သစ်တောတွေအကြောင်းကိုပါ ဗဟုသုတရဖွယ် မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ဟာ မှတ်တမ်းရုပ်ရှင်လို့‌ဆိုပေမယ့် ကြည့်ရှုသူတွေကို မှတ်တမ်းရုပ်ရှင်ရယ်လို့ မခံစားရစေပဲ ရသအမျိုးမျိုးနဲ့ ဆွဲဆောင်စေနိုင်မယ့် ရုပ်ရှင်ကားကောင်းဖြစ်လို့ လက်မလွှတ်တမ်းကြည့်ရှုကြဖို့ အကြံပေးချင်ပါတယ်။

9.2 2023 97 mins
Gandhada Gudi
Angels Of Vengeance 3

၁၉၀၀ခုနှစ်လောက်တုန်းကတောင်အာဖရိက မိုင်းတွင်းတစ်ခုမှာတူးဖော်ရရှိခဲ့တဲ့ ဒေါ်လာသန်း၂၀တန်ဖိုးရှိတဲ့ တောင်အာဖရိကနှလုံးသားလို့ခေါ်တဲ့စိန်တုံးကြီးကို လိုချင်တပ်မက်တဲ့မသမာလောဘသားတွေဟာ သူဌေးကြီးရဲ့သမီးကိုပြန်ပေးဆွဲခဲ့ပါတယ်။ ဓားစာခံကိုကယ်တင်ဖို့နဲ့ ပြန်ပေးတရားခံတွေကိုဖမ်းဆီးနိုင်ဖို့အတွက် ထန်ရှီးယွီတို့အမျိုးသမီးအထူးရဲအဖွဲ့ကိုတာဝန်ပေးအပ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာရော ထန်ရှီးယွီတို့အဖွဲ့က ဓားစာခံကိုဘေးကင်းကင်းနဲ့ကယ်တင်နိုင်ပါ့မလား…… ဉာဏ်များတဲ့ပြန်ပေးတရားခံတွေကိုရော အမိဖမ်းနိုင်ပါ့မလား…… မမရှီးယွီတို့အဖွဲ့ ဘယ်လိုတွေလက်စွမ်းပြကြဦးမလဲဆိုတာကို ဆက်ပြီးကြည့်လိုက်ကြပါဦးနော်

Comedy • Drama
0 2023
Angels Of Vengeance 3
Scrapper
7.1

ဒီဇာတ်ကားလေးကတော့ အမေသေပြီးနောက်ပိုင်း တစ်ယောက်တည်းကြိုးစားနေထိုင်နေရတဲ့ ၁၂ နှစ်အရွယ် ဂျော်ဂျီဆိုတဲ့ ကောင်မလေးနဲ့ ဂျော်ဂျီ မွေးကတည်းကထွက်သွားပြီး ၁၂နှစ်ကြာမှ ပြန်ရောက်လာတဲ့သူ့အဖေတို့ ‌‌‌‌‌နှစ်ယောက်သား အတူပြန်နေထိုင်တဲ့ ဇာတ်လမ်းလေးကို အေးအေးဆေးဆေးကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျော်ဂျီဆိုတဲ့ကောင်မလေးတစ်ယောက် အမေဆုံးသွားတော့ တစ်ယောက်ထဲနေထိုင်ဖို့ ဘာတွေလုပ်လဲ သူ့အဖေပြန်ရောက်လာတော့လည်း ဘယ်လိုတွေပြန်ရင်ဆိုင်လဲဆိုတာကို ကလေးမလေးနေရာက ၀င်ခံစားပြီးကြည့်ရှုရမှာပါ။ 2023မှအသစ်စက်စက်ထွက်ထားပြီး Drama/Comedy အမျိုးအစားဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးကြည့်ရှုနိုင်တာဖြစ်လို့ ဘာမှများများ စားစားတွေးစရာမလိုပဲ chill ဖို့အတွက် ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ File size…1.16GB / 490MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 24m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

7.1 2023 84 mins
Scrapper
Two Blue Hearts aka Dua Hati Biru
7.8

Two Blue Hearts (2024) Original title: Dua Hati Biru Genre – Drama, Family 2019 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှား လူငယ်ပညာပေး ဒရမ်မာကားကောင်းလေး ဖြစ်တဲ့ (Two Blue Stripes) နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ရုပ်ရှင်သစ်လေး ဖြစ်ပါတယ်။ ဒါကြောင့် CM မှာလည်း ဒီရှေ့ကကားလေးကို တင်ပေးထားတဲ့အတွက် အရင်သွားကြည့်ပြီးမှ ဒီကားလေးကို ခံစားမယ်ဆိုရင်တော့ ပိုပြီးတော့ ပြည့်စုံပါလိမ့်မယ်ဗျ။ ဒီတော့ ပထမကားလေးမှာ ဘီမာနဲ့ ဒါရာတို့ အထက်တန်းကျောင်းသားဘဝမှာတင် လူငယ်သဘာဝကျူးလွန်ပြီး ကိုယ်ဝန်ရခဲ့တာ နောက်ဆုံးကလေးမွေးပြီး ဒါရာတစ်ယောက် ကိုရီးယားကို ထွက်သွားတယ်၊ ဘီမာတစ်ယောက်လည်း မိဘ နှစ်ပါးနဲ့အတူ ဒီသားလေးကို မိန်းမ ကိုရီးယားသွားတုန်း ပြုစုပျိုးထောင်မယ်ဆိုပြီး ပြီးသွားခဲ့ပါတယ်။ အခု ဒီဇာတ်ကားလေးမှာတော့ သူတို့သားလေးက ၄ နှစ် ရှိနေပါပြီ။ ဒါရာတစ်ယောက်လည်း ကိုရီးယားကနေ ပြန်ရောက်လာခဲ့ပါပြီ။ ခက်တာ ကလေးက ဖုန်းထဲမှာတော့ သူ့အမေကို သိပေမဲ့လည်း အပြင်မှာ တကယ်တမ်းကျ လက်မခံသေးပဲ သူ့အမေ မဟုတ်ဘူးဆိုပြီး ဂျစ်တိုက်နေတာပေါ့။ နောက်ပြီး အဘိုး အဘွားတွေ အလိုလိုက်ထားပေးတာကြောင့် ကလေးက ဒီလို နည်းနည်းဆိုးနေရတယ်ဆိုပြီး မိခင်တာဝန်ကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ချည်းကပ်ချင်လာတဲ့ ဒါရာတစ်ယောက် သားလေးဖြစ်သူနဲ့ ဘယ်လိုတွေ ရင်းနှီးမှုရအောင် ပြန်ယူမလဲ။ ဘီမာတစ်ယောက်လည်း ရရာအလုပ်လေးနဲ့ မိဘနှစ်ပါးကိုရော သားဖြစ်သူရောအတွက် ကြိုးစားရုန်းကန်နေရာကနေ ဒါရာပြန်ရောက်လာတော့ ဘယ်လိုမျိုး တစ်အိုးတစ်အိမ် မိသားစုလေးကို ထူထောင်ကြမလဲ ချမ်းသာတဲ့ ဒါရာတို့ မိသားစုဖက်ကနေ ဘယ်လိုတွေ ပြန်ဝင်ပါလာပြီးတော့ ဘယ်လို အခက်အခဲတွေ ကြုံပြီး ကျော်လွှားကြဦးမလဲဆိုတာကို ကြည့်ရမယ့် အင်ဒိုနီးရှား မိသားစုဒရမ်မာကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)

7.8 2024 106 mins
Two Blue Hearts aka Dua Hati Biru
The Dungeonmaster
4.6

ပေါလ်ဆိုတာက ကွန်ပြူတာတွေကို ပြင်ဆင်တဲ့အလုပ်လုပ်တယ်၊ ကိုယ်တိုင်လည်း AI တစ်ခု ဖန်တီးထားပြီး ချစ်သူလေးကို လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ပရိုဂရမ်မာတစ်ယောက်။ ဒါပေမဲ့ လက်ထပ်ဖို့ ခွင့်တောင်းတဲ့ညမှာတင် သမီးရည်းစား နှစ်ယောက် အိပ်မက်လိုလိုဆိုပေမဲ့ တကယ့်တခြားဖြစ်တည်မှုပဲ ရောက်သွားပါတယ်။ အဲဒီမှာတင် နတ်ဆိုးမှော်ဆရာတစ်ယောက် ပေါ်လာပြီး မင်းကောင်မလေးကို ငါဖမ်းထားမယ်၊ မင်းကို စိန်ခေါ်မှု ၇ ရပ်နဲ့ ငါ စမ်းသပ်မယ်၊ မင်းရဲ့ ခေတ်မှီနည်းပညာနဲ့ ရအောင်ကျော်လွှားပေါ့၊ တစ်ခုရှုံးတာနဲ့ အကုန် စမုံတုံးမယ်ဆိုပြီး အတင်းအကျပ် စေခိုင်းခံရတဲ့အခါမှာတော့ ပေါလ်တစ်ယောက် ကောင်မလေးနဲ့ သူ့ကိုယ်သူ ကယ်တင်ဖို့ သူ့ AI လေးကို ဘယ်လိုအသုံးချပြီး စွန့်စားခန်း ၇ ရပ် ထွက်ရမလဲဆိုတာ ကြည့်ရမှာပါ။ ~ ပွင့်လင်း မြင်သာသော ကိုယ်လုံးတီးပြကွက်တချို့ ပါဝင်သောကြောင့် မိသားစု/ကလေးများနှင့် မကြည့်ရှုမိစေရန် သတိပေးလိုပါသည် ~ File Size : 2.2 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 13min Format : Mp4 Genre : Fantasy, Horror, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

Drama • Romance
4.6 1984
The Dungeonmaster
Apsara
6.4

Apsara 2024 (အိပ်မက်မင်းသမီးလေး) ဆစ်ဒူဆိုတဲ့ကောင်လေးဟာ မိန်းမဆုံးပြီးကတည်းက ဘာအလုပ်မှမလုပ်ဘဲ အရက်ပဲသောက်နေတဲ့ အရက်သမားအဖေနဲ့အတူ နေထိုင်ပါတယ်။ ဆစ်ဒူမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ အိပ်မက်ထဲမှာ နတ်သမီးလေးလိုလှပတဲ့ ကောင်မလေးတစ်ယောက်က ပေါ်ပေါ်လာတာပါပဲ။ ဆစ်ဒူဟာ အဲဒီကောင်မလေးကို စွဲလမ်းနေပါတော့တယ်။ အပြင်မှာတော့ ဆစ်ဒူကို တစ်ဖက်သတ်လိုက်ချစ်နေတဲ့ ရင်ကူဆိုတဲ့ ကောင်မလေးကလည်း ရှိနေပြန်ပါတယ်။ တစ်ဖက်မှာလည်း ရတ်နာ ပူနဲကာတို့ နိုင်ငံရေးမိသားစုရှိနေပြန်ပါတယ်။ ဒီမိသားစုဟာဆိုရင်တော့ ရွေးကောက်ပွဲမှာ အဖေ,ခင်ပွန်းနဲ့ ဇနီးသည်တို့ တစ်လှည့်စီ ဝင်ပြိုင်ရင်း နေရာတစ်နေရာမှာ မိသားစုလိုက် အပိုင်စီးထားသူတွေပါ။ နိုင်ငံရေးလောကဆိုတဲ့အတိုင်းပဲ အရှုပ်အထွေးတွေလည်း ရှိနေတာပေါ့။ ဒီလို အဆက်အစပ်မရှိတဲ့ ရတ်နာပူနဲကာတို့ နိုင်ငံရေးမိသားစုနဲ့ ဆစ်ဒူတို့ ဘယ်လိုတွေ ဆက်နွယ်သွားကြမလဲ … ဆစ်ဒူရဲ့ အိပ်မက်ထဲက နတ်သမီးလေးကရော အပြင်မှာ တကယ်ရှိရဲ့လား … ဆစ်ဒူနဲ့ တွေ့ဆုံခွင့်ရမှာလား… ဆိုတာကိုကြည့်ရှုရမယ့် အချစ်ဒရာမာကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

6.4 2024
Apsara
Alarum
6.2

Alarum (2025) IMDb Rating (6.2) ရမ်ဘိုမင်းသားကြီး Sylvester Stallone နဲ့ မင်းသား Scott Eastwood အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Action/Crime ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တစ်ချိန်က စပိုင်လုပ်ခဲ့ဖူးတဲ့ ဂျိုးဟာ ဒီအလုပ်ကနေ ကင်းကင်းကွာကွာနေခဲ့တာ 5 နှစ်ရှိနေပါပြီ။ ဒါပေမဲ့ သူ့ရဲ့ ဇနီးဖြစ်သူ လော်ရာကလည်း စပိုင်တစ်ယောက် ဖြစ်တဲ့အတွက် သူတို့နှစ်‌ယောက်ဟာ လူမသိသူမသိ နေထိုင်ရပါတယ်။ တစ်နေ့ သူတို့ အပန်းဖြေခရီးထွက်တဲ့ နေရာမှာ ဟယ်လီကော်ပတာတစ်စင်း ပျက်ကျခဲ့ပါတယ်။ ဒါကို စပိုင်ဟောင်းပီပီ စူးစမ်းမိတဲ့ ဂျိုးဟာ လေယာဉ်မှူးသေဆုံးမှုက သွေးရိုးသားရိုးမဟုတ်တာကို ချက်ချင်းသိလိုက်ပါတယ်။ သို့ပေမဲ့ ပြဿနာက လေယာဉ်ပေါ်က ဆက်သွယ်ရေးကိရိယာက မပျက်စီးသေးတော့ ဂျိုးရဲ့ အသံကို တစ်ဖက်က ကြားလိုက်တာပါပဲ။ ဒီလိုနဲ့ ပျောက်သွားပြီလို့ ယူဆရတဲ့ အာချီဘောလ်အမည်ခံ ဂျိုးတစ်ယောက် အသက်ရှိနေသေးတာကို သူ့ရဲ့ အေဂျင်စီဟောင်းက သိသွားပြီး ထွက်သွားသူကို အရှင်မထားတဲ့ သူတို့ ထုံးစံအရ ဂျိုးကို လိုက်လံရှင်းထုတ်ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Act Molemy ဖြစ်ပါတယ်။) File size…(5 GB) / (1.3 GB) / (710 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Thriller Duration….01:35:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Act Molemy

Adventure • Drama • Thriller
6.2 2025 95 mins
Alarum
Horror Able
6.5

Horror Able 2024 ဒီဇာတ်ကားကတော့..မှတ်တမ်းရုပ်ရှင်လို့ဆိုနိူင်ပါတယ်… မသန်စွမ်း​​ တွေရဲ့ သူတို့ရောဂါအကြောင်း. ငယ်ဘဝ…အခက်အခဲတွေ…ဝါသနာကနေ.. အနုပညာလောကထဲ ရောက်လာပုံတွေ.အဖုံဖုံကို ဇာတ်ကောင်တွေ ကိုယ်တိုင်ပြောပြထားလို့. ဗဟုသုတတွေရနိုင်ပါတယ် ဘဝမှာ အခက်ခဲတွေကြုံလို့..မောလာချိန်တိုင်း ဒီဇာတ်ကားလေးကို ကြည်ဲပီး အားပြန်ယူနိုင်မယ်လို့ထင်တဲ့အတွက် ဘာသာပြန်ပေးလိုက်ပါတယ်..

Horror • Thriller • Adventure • Comedy • Fantasy
6.5 2024
Horror Able
Life is Filled with So Much of You
7.6

Life is Filled with So Much of You (2024) ****************************************** ဆာဒါလီဆိုတဲ့ကောင်လေးက သူ့ဇာတိမှာ မိဘတွေသဘောတူတဲ့ အာနာဇာဆိုတဲ့ မိန်းကလေးကို သူပညာ‌သွားသင်ပြီး ပြန်လာတဲ့အခါ လက်ထပ်ပါ့မယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့လည်း ကြိုမမြင်နိုင်တဲ့ကံတရားလို့ပဲ ဆိုရမလား။ သူပညာသွားသင်တဲ့နေရာက သူငှားနေတဲ့ အိမ်ပိုင်ရှင် ကလေးတစ်ယောက်အမေ မယ်ရာဆိုတဲ့ အမျိုးသမီးကိုလည်း သဘောကျမိသွားခဲ့ပါတယ် .. ။ ဒီလိုနဲ့ အကျပ်ရိုက်ရရင်းကနေ ဆာဒါလီတစ်ယောက် အိမ်ကသဘောတူထားတဲ့ မိန်းကလေးကိုပဲယူမလား .. သူသဘောကျရတဲ့ မယ်ရာဆိုတဲ့ အမျိုးသမီးကိုပဲ ယူမလားဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ (အညွှန်းကို Kim မှ ရေးသားထားပါတယ်) File size…1.49GB / 656MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 39m Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Kim, Char Ou, Mary & Dao Phyo Encoded by AHtet

TV Movie • Mystery
7.6 2024 99 mins
Life is Filled with So Much of You
Jack Frost
5.5

Jack Frost (1998) IMDb Rating (5.5) ဟိုး… 1998 ခုနှစ်က ထွက်ရှိခဲ့တဲ့ Jack Frost ဆိုတဲ့ မိသားစုဒရာမာကားလေးအကြောင်း ပြောပြမယ်နော်။ ဒီဇာတ်ကားက နွေးထွေးတဲ့ မိသားစုအချစ်အကြောင်းနဲ့ ခရစ္စမတ်ရဲ့ မှော်ဆန်တဲ့ခံစားချက်ကို ရောစပ်ထားတဲ့ ကားလေးပါ။ နည်းနည်းတော့ ရင်ထဲထိမယ် ဒါပေမယ့် ရယ်လည်းရယ်ရတယ် ကလေးတွေရော လူကြီးတွေရော ကြည့်လို့အဆင်ပြေတဲ့ ဇာတ်လမ်းမျိုးပေါ့။ ဇာတ်လမ်းက ဂျက် ဖရော့စ် (မိုက်ကယ် ကီတန်) ဆိုတဲ့ ဂီတသမားတစ်ယောက်အကြောင်းပါ။ ဂျက်က သူ့ရဲ့ ဂီတအဖွဲ့နဲ့ နာမည်ကြီးဖို့ အမြဲအိပ်မက်မက်နေတဲ့သူ။ ဒါပေမယ့် သူ့ရဲ့ အိပ်မက်တွေနဲ့ တစ်ခါတလေ သူ့မိသားစုကို မေ့သွားတယ်။ သူ့မှာ ချစ်စရာဇနီးလေး ဂါဘီ နဲ့ သားလေး ချာလီ ရှိတယ်။ ဂျက်က ချာလီကို အရမ်းချစ်ပေမယ့် အလုပ်ကိစ္စတွေကြောင့် သားဖြစ်သူနဲ့ အချိန်မပေးနိုင်ဖြစ်နေတတ်တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ကံဆိုးစွာနဲ့ ဂျက်တစ်ယောက် ကားမတော်တဆမှုဖြစ်ပြီး ဆုံးပါးသွားပါလေရော။ ဒါပေမယ့် ဇာတ်လမ်းက ဒီမှာမပြီးဘူးနော်။ တစ်နှစ်အကြာမှာ ခရစ္စမတ်ကာလမှာ မှော်ဆန်တဲ့အရာတစ်ခု ဖြစ်လာတယ်။ ချာလီက သူ့အဖေပေးခဲ့တဲ့ ဟာမိုနီကာလေးကို တီးလိုက်တဲ့အခါ ဂျက်ရဲ့ဝိညာဉ်ဟာ နှင်းလူသား (Snowman) တစ်ယောက်အဖြစ် ပြန်ပေါ်လာတယ်။ ဒီလိုနဲ့ ဂျက်တစ်ယောက် သူ့သားလေးနဲ့ အချိန်ပြန်ရဖို့ အခွင့်အရေးရလာတယ်။ ဒါပေမယ့် နှင်းလူသားဖြစ်နေတော့ သူလုပ်ချင်တာ လုပ်ဖို့ မလွယ်ဘူးလေ။ ဒီလိုနဲ့ ဂျက်နဲ့ ချာလီတို့ အတူတူ အချိန်ကုန်ဆုံးရင်း ဘဝရဲ့အဓိပ္ပာယ် မိသားစုရဲ့တန်ဖိုးကို နားလည်လာကြတယ်။ ဇာတ်လမ်းထဲမှာ ရယ်ရတဲ့အခန်းတွေလည်း အများကြီးပါတယ်။ ဂျက်က နှင်းလူသားဖြစ်နေတော့ လှုပ်ရှားလို့မလွယ်ဘူး အအေးဓာတ်လည်း လိုတယ် ဒါကြောင့် သူ့ရဲ့ ဟာသဆန်တဲ့အလွဲလွဲအချော်ချော်တွေက ကြည့်ရတာ တကယ်ကိုပျော်ဖို့ကောင်းတယ်။ ဥပမာ နှင်းလူသားဖြစ်နေတဲ့ဂျက်က ချာလီကို ဟော်ကီဆော့ဖို့ သင်ပေးတဲ့အခန်းဆို တကယ်ကိုချစ်စရာကောင်းတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ ရင်ထဲထိတဲ့ အခန်းတွေလည်း ရှိတယ်။ ဂျက်က သူ့သားကို ဘယ်လောက်ချစ်ပြီး သူမရှိတုန်းက လစ်ဟာခဲ့တဲ့အချိန်တွေကို ပြန်ဖြည့်ဆည်းပေးချင်တဲ့ စိတ်က ကြည့်ရင်း မျက်ရည်လည်လာစေတယ်။ မိသားစုနဲ့အတူ ခရစ္စမတ်ကာလမှာ ကြည့်လို့ရမယ့် နွေးထွေးတဲ့ ကားလေးပါပဲ။ ကလေးတွေအတွက်လည်း နှင်းလူသားရဲ့ ဟာသတွေက အရမ်းပျော်ဖို့ကောင်းပြီး လူကြီးတွေအတွက်လည်း ဘဝမှာ တကယ်အရေးကြီးတဲ့အရာက ဘာလဲဆိုတာ ပြန်တွေးမိလာစေမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (1.8 GB) / (870 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama, Family, Fantasy Duration…. 01:42:21 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Thriller • Romance • Mystery
5.5 1998 101 mins
Jack Frost
The Other
4.7

The Other (2025) Body Horror ရုပ်ရှင်ကောင်းကောင်းရှာနေသူတို့အဖို့ “ The Other “ ဆိုတဲ့ရုပ်ရှင်ကလည်း ကြည့်ရှုသူတို့အဖို့ Plot twistများစွာ နဲ့ မသတီစရာမြင်ကွင်းများစွာကို ဖွယ်ဖွယ်ရာရာနီးပါးကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒန်နီရယ် နဲ့ ရော်ဘင်တို့ ဇနီးမောင်နှံနှစ်ယောက် ကေသေလီယာဆိုတဲ့ ရှစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်ကိုမွေးစားပြီးတော့ ဘယ်လိုကြောက်စရာဖြစ်ရပ်တွေကိုကြုံတွေ့ရမလဲဆိုတာကို ခြောက်ခြားဖွယ်ရိုက်ကူးတင်ဆက်ပြသထားတာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size… (1.2 GB) / (680 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Thriller Duration…. 01:39:17 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Myat Noe Yamone

Adventure • Family • Western
4.7 2025 99 mins
The Other