YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) Gods of Egypt (2016) BluRay 1080p H.264 AAC 5.1-Nyein.mp4

2.54 GB N/A video/mp4 4685 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Virgin Story
7

နှစ်ရှည်လများတွဲနေတဲ့ ဆာဟေးလ်ဆိုတဲ့ ချစ်သူကောင်လေးဆီကနေ ပီး က ၃ ကြိမ်တိုင်တိုင် ဖောက်ပြန်ခံခဲ့ရပါတယ်။ အချစ်ဦးဖြစ်တာကော၊ သူကိုယ်တိုင် စိတ်ခံစားလွယ်တာရောကြောင့် Move on မလုပ်နိုင်ပဲဖြစ်နေတာပေါ့။ ဒီလိုနဲ့ပဲ သူငယ်ချင်းရဲ့ အတင်းတိုက်တွန်းမှုနဲ့ ပီး တစ်ယောက် ကလပ်ကို ရောက်သွားပါလေရော။ " စတော်ဘယ်ရီအရမ်းကြိုက်တဲ့ နင် ချောကလက်လည်းစားပြီးရော စတော်ဘယ်ရီကိုမေ့သွားတာပဲလေ၊ ဒီတော့ ဆာဟေးလ်ကိုမေ့နိုင်ဖို့ နင်လိုအပ်တာ ချောကလက်လိုကောင်လေးပဲ '' ဒီလိုနဲ့ တစ်ညတူတူ အချိန်ကုန်ဆုံးဖို့ ပီး ရွေးလိုက်တဲ့ Target က ဗစ်ကီ။ ရဲရဲတင်းတင်း လူငယ် ၂ ယောက် ကလပ်မှာဆုံတွေ့ရင်း တစ်ညတာကုန်ဆုံးဖို့ လုပ်ကြရာက အလွဲလွဲအချောချော်တွေကို ပေါ့ပေါ့ပါးပါး ရီရီမောမောကြည့်ရမယ့် ဇာတ်ကားပေါ့။ ပီး နဲ့ ဗစ်ကီတို့ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်ကြမလဲ။ တစ်ညတာဆက်ဆံရေးက ဒီမှာပဲအဆုံးသတ်သွားမလား။ ခံစားချက်တွေတဖြည်းဖြည်း ကြီးထွားလာရင်း တွယ်ငြိသွားမလားဆိုတာတွေကိုတော့ ရုပ်ရှင်ထဲမှာပဲ အေးဆေးခံစားလိုက်ပါဦးဗျာ။ File size…8GB / 2.7GB / 1.2GB Quality…4k True WEB DL SDR / 1080p True WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….HM~BpL~Yunni~Cherry Translated by YK

Action & Adventure • Crime • Drama
7 2022
Virgin Story
Red Sorghum
7.2

~ IMDb - 7.3/10, Rotten Tomatoes - 85% ~ ကျန်းရိမူရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ဟာ တရုတ်စာရေးဆရာ Mo Yan ရဲ့ Red Sorghum ဝတ္တုထဲပါတဲ့ ဝတ္တုလတ်ငါးပုဒ်ထဲက ပထမ၂ပုဒ်ဖြစ်တဲ့ "Red Sorghum" နဲ့ "Sorghum Wine" ကို ပေါင်းပြီး ရိုက်ထားတယ်။ ဒီငါးပုဒ်လုံးက ဆက်တော့ဆက်နေပေမဲ့ တကယ်တမ်း စာရေးဆရာက မဂ္ဂဇင်းမှာ တစ်ပုဒ်ချင်းစီ ခွဲရေးခဲ့တဲ့ ဝတ္တုလတ်တွေဆိုတော့ ဝတ္တုလတ်၂ပုဒ်လို့ပြောရင်တော့ ပိုမှန်လိမ့်မယ်။ Red Sorghum ဟာ ကျန်းရိမူရဲ့ ပွဲဦးထွက်လက်ရာပေမဲ့ စီနီမာတိုဂရပ်ဖီကတော့ တော်တော်လေး ကြမ်းနေတာတော့ အံ့အားသင့်ဖို့ကောင်းတယ်‌ ပြောရမလိုလို မဆန်းသလိုလိုပါပဲ။ ဘာလို့ဆို ကျန်းရိမူဟာ ဒီကားမရိုက်ခင် စီနီမာတိုဂရပ်ဖာအနေနဲ့ ရုပ်ရှင်လောကမှာ အသက်မွေးဖူးတဲ့လူမို့ပါပဲ။ ဒါပေမဲ့ ဆန်းတာက ဒီကားဟာ ဒီကားရဲ့ စီနီမာတိုဂရပ်ဖာ Gu Changwei ရဲ့ ပထမဆုံး စီနီမာတိုဂရပ်ဖာလုပ်တဲ့ကားလည်း ဟုတ်နေတာပါပဲ။ ကျန်းရိမူရဲ့ Visionary ကြောင့်လားတော့မသိပါဘူး။ အရောင်အသွေး အလင်း အထားအသို အကုန်လှပနေတဲ့ ပုံရိပ်တွေနဲ့ ပြည့်နှက်နေတယ်။ စာအုပ်နဲ့ ယှဉ်ရင်တော့ အများကြီးဖြုတ်ချလိုက်သလိုတော့ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ကျန်းရိမူဟာ ရုပ်ရှင်တစ်ကားအနေနဲ့ အလှပဆုံးအသက်သွင်းထားတာဆိုတာတော့ အာမခံလို့ရတယ်။ ဇာတ်ကတော့ မြေးတစ်ယောက်က သူ့ဇာတိအကြောင်း သူ့အဘိုးအဘွားတွေအကြောင်းကို ပြန်ပြောင်းပြောတဲ့ဇာတ်လမ်းကို ကျွန်တော်တို့ နားထောင်ရသလိုဇာတ်ပဲ။ အဖြစ်မှန်တွေရော ယုံတမ်းလား မသေချာတာတွေရော ပေါင်းစပ်ပြီး ပြန်ပြောပြတဲ့ စိတ်ဝင်စားစရာဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဇာတ်လမ်းက သိပ်ရိုးရှင်းတယ်။ ဒါပေမဲ့ ဒီဇာတ်ရဲ့အလှကိုက ဒီရိုးရှင်းမှုဖြစ်နေပြန်တာပဲ။ အကြောင်းအရာ ပြန်အချိုးချကြည့်ရင် ဘာမှသိပ်ပါတာမဟုတ်ပေမဲ့ သူ့ပါတာလေးတွေနဲ့တင် အပိုအလိုမရှိ တည့်တည့်ဝင်ဆောင့်နိုင်တဲ့ အရှိန်အဟုန် အင်အားမျိုးရှိနေတယ်။ ကျန်းရိမူဟာ ပွဲဦးထွက်ကတည်းက တော်တော်အားကောင်းခဲ့တဲ့ ဒါရိုက်တာဖြစ်ကြောင်း သက်သေခံနေတဲ့ကားလို့ပြောရင်လည်း မမှားလောက်ဘူး။ ဒီကားဟာ ကျန်းရိမူရဲ့ ဂေါင်လီရဲ့ ပွဲဦးထွက်ကားလည်း ဟုတ်တယ်။ ဒီကားမှာ ဘာတွေမြင်ရမလဲမေးလာရင်တော့ ယုံတမ်းဆန်တဲ့လူ့ဘဝတွေ၊ ယုံတမ်းဆန်တဲ့ ရက်စက်မှုတွေအကြောင်းလို့ ဖြေရမှာပဲ။ ဒါပေမဲ့လည်း တစ်ခါတလေ ကျွန်တော်တို့ဘဝတွေရော ကျွန်တော်တို့တွေရောက ယုံရခက်လောက်အောင် ရက်စက်တတ်ကြတာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1GB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 31Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Drama • History • War
7.2 1988 91 mins
Red Sorghum
Bua Phan, Beauty And The Blade
4

အခု ၂၀၂၃ မှာ ထွက်ထားတဲ့ ထိုင်းရုပ်ရှင်ရုံတင်ကားလေးတစ်ကားကို CM fan တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားမှာတော့ အဓိကမင်းသား Kham အဖြစ် TharnType က Gulf က ပါဝင်သရုပ်ဆောင်ထားပါတယ် အဓိကမင်းသမီးအနေနဲ့ကတော့ ဝါရင့်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Anne Thongprasom က BuaPan အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်... ကျေးလက်တောရွာဓလေ့လေးတွေနဲ့ ဘူဝါဖန်ဆိုတဲ့ ပန်းပဲဆရာမတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်လို ကြိုက်နှစ်သက်ကြမယ်လို မျှော်လင့်ပါတယ်.... ဇာတ်လမ်းအကျဉ်း ဘူဝါဖန်က ပန်းပဲဆရာမတစ်ယောက်ဖြစ်ပြီး ငယ်ငယ်ကတည်းက စစ်သမီးတစ်ယောက်လုပ်ချင်တဲ့ အိပ်မက်ရှိခဲ့သူပါ.. ဒါပေမဲ့ သူမဖြစ်ချင်တဲ့ အိပ်မက်ကို သူမအဖေက အသည်းအသန်ကန့်ကွက်ခဲ့ပါတယ်... ဘူဝါကတော့ သူ့ရဲ့ ကလေးဘဝက အိပ်မက်ကို အကောင်အထည်ဖော်ဖို သူ့အဖေမသိအောင်လို ဆရာတစ်ယောက်နဲ့ လျှိဝှက်ပြီးတော့ ဓားရေးစစ်ရေးတွေ သင်ယူခဲ့တယ်... သူမရဲ့ အရည်အချင်းတွေ ပြည့်ဝလာတဲ့အခါမှာတော့ ရည်မှန်းချက်က လက်တစ်ကမ်းအလိုပေါ့.. အဲဒီမှာ ဘူဝါ့ဆီမှာ တပည့်ခံချင်တဲ့ ခမ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်လာခဲ့တယ်... ခမ်ဆိုတဲ့ကောင်လေးသူမတို့ဆီရောက်လာတဲ့အချိန်ကစပြီး ကပြောင်းကပြန်တွေဖြစ်တော့တာပါပဲ.. ခွီချင် ရင်ခုန်ချင်တဲ့သူတွေ ကြည့်သင့်ပါကြောင်း.......... File Size : (2.3GB)&(955MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:48:00 Genre :Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Jane & Eric Hay Thar Encoded by Phyo Pyae

Action • Adventure • Animation • Drama
4 2022 110 mins
Bua Phan, Beauty And The Blade
...ing
6.8

အင်္ဂလိပ်ဝေါဟာရ "Present" ဟာ မြန်မာလို "လက်ရှိ" လို့ ဘာသာပြန်လို့ ရသလို "လက်ဆောင်" လို့လည်း ဘာသာပြန်လို့ရပါတယ် ကိုယ့်ရဲ့"လက်ရှိ"အချိန်ဟာ ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့အတွက် ဘဝကို ပျော်ရွှင်ခံစားဖို့အတွက် ကိုယ်ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံး "လက်ဆောင်" ပါပဲ အဲ့ဒါကြောင့် "Present is Present❤" "လက်ရှိက လက်ဆောင်" လို့ ပြောကြပါတယ် ဒီဇာတ်ကားလေးမှာလည်း သမီးဖြစ်သူ ဘဝကို အဓိပ္ပါယ်မဲ့ ဆွဲဆန့် ရှင်သန်နေရမယ့်အစား လက်ကျန်အချိန်လေးမှာ ဘဝအရသာကို ပျော်ရွှင်ခံစားခွင့်ရအောင် ဖန်တီးပေးခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အသည်းနင့်ဖွယ် တွေ့မြင်ခံစားရမှာပါ ကိုရီးယားတွေဟာ melodrama အချစ်ဇာတ်လမ်းတွေကို ရိုက်ကူး တင်ပြရာမှာ ထိပ်တန်းမှာ ရှိနေတာ အားလုံးအသိပါ နေမကောင်းဖြစ်နေတဲ့ ကောင်မလေးနဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်း တွေကိုလည်း မရေနိုင်အောင် ရိုက်ကူးခဲ့ ရိုက်ကူးနေကြဆဲပါ ဒါပေမယ့် ဒီ "...ing" ရုပ်ရှင်လေးလိုမျိုး ငြိမ့်ငြိမ့်လေးနဲ့ ရင်ထဲနင့်နေအောင် ခံစားရစေတဲ့ ဇာတ်ကားတွေကတော့ ရှားပါတယ် အားလုံးရဲ့ အချစ်ဦး Kim Rae Won နဲ့ မမလှလှ Lim Su Jeong တို့ကလည်း ဓာတုဗေဒမိမိ ပါဝင် သရုပ်ဆောင်ထားပါတယ် ဒီ Old but gold (အိုင့်အတွက်တော့ old but diamond ပါ) ရုပ်ရှင်ကားကောင်းလေးကို ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းရင်း... File size…1.89GB / 536MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe

Drama • Horror • Thriller
6.8 2003 104 mins
...ing
My Killer Client
6.3

လူတိုင်းတစ်မျိုးစီရူးကြတယ်ဆိုပေမဲ့ လူတစ်ယောက်ရဲ့ ရူးသွပ် စွဲလမ်းမှုကို တိုင်းတာဖို့ ခက်မယ်ထင်ပါတယ်။ ဒီဇာတ်လမ်းထဲ အချစ်ရူးမလေးရဲ့ ရူးသွပ်မှုကတော့ အတော်ကြောက်စရာကောင်း သလို တစ်ဖက်ကကြည့်ရင်လည်း သနားစရာလည်းကောင်းပါတယ်။ ဇာတ်လမ်းနာမည်အရ လူသတ်ကားထင်ရပေမဲ့ တကယ်က ငယ်ချစ်‌ ဦးကို  အကြမ်းပတမ်းစနိုက်ကြော်ချင်တဲ့ ကောင်မလေးတစ်ယောက် အကြောင်းလို့ဆိုရမလားပါပဲ။ လူမသတ်ဘူးလားဆိုတော့ သတ်ပါ တယ်။ စိတ္တဇဆန်ဆန်စနိုက်ကြော်လူသတ်တဲ့ကားပေါ့။ Personal Stylist တစ်ယောက်ဖြစ်နဲ့ ခရစ္စတာဟာ ကတ်ဆိုတဲ့ client အသစ်ရခဲ့ပါတယ်။ ရှက်တတ်ပြီး လူ‌တောမတိုးတဲ့ကတ်ကို ခရစ္စတာက ပြုပြင်ပြောင်းလဲပေးရပါတယ်။ ဒီလိုနဲ့ ခရစ္စတာနဲ့ကတ်တို့ ခင်မင်သွား ကြပါတယ်။ တစ်နေ့တော့ ကတ်ဆိုတာဟာ ခရစ္စတာရဲ့ချစ်သူခင်ပွန်း လောင်း ဂျိတ်ရဲ့ကျောင်းတော်က အဆက်ဟောင်း ကစ်တီဖြစ်နေတာကို သိလိုက်ရပါတယ်။ ကစ်တီ့အကြောင်းသိနေတဲ့ ဂျိတ်က ခရစ္စတာကို အတန်တန်သတိပေးပေမဲ့ ခရစ္စတာက သိပ်အလေးထားစရာလို မမြင်ခဲ့ပါဘူး။ ဒါပေမဲ့ ကစ်တီ့ရဲ့ထူးဆ န်းတဲ့အပြူအမူတွေကို တဖြည်းဖြည်းမြင်လာရတဲ့အခါ ခရစ္စတာတစ်ယောက် သံသယ၀င်လာပါတော့တယ်။ နောက်ပိုင်းမှာ ခရစ္စတာနဲ့ဂျိတ်တို့ကြားကို ၀င်လာတဲ့ ကစ်တီ့ရဲ့ရူးသွပ်မှုတွေက ဘယ်လောက်ထိကြောက်စရာကောင်းလဲ ဆိုတာ ရင်တထိတ်ထိတ်ကြည့်ကြရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို C'mon မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ June, C'mon တို့ဖြစ်ပါတယ်) File Size..........(1.6 GB) / (600 MB) / (382 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........1h 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......June, C'mon Encoder..........SWM

TV Movie • Thriller
6.3 2018 84 mins
My Killer Client
[19+] White Night
6.4

"ငါ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ဘယ်အပြစ်မဆို (၁၅)နှစ်ကြာရင် အပြစ်ကြေတယ်တဲ့။ ငါတို့ နောက်(၁၅)နှစ်ကြာမှ ပြန်တွေ့ကြရအောင်" - ဒီစကားကို လီဂျီအာက ကင်ယိုဟန်ကို ပြောခဲ့တာပါ။ သူတို့ နှစ်ယောက်ရဲ့ ကလေးဘဝက ကြမ်းတမ်းခဲ့ပါတယ်။ ကင်ယိုဟန်ရဲ့ အဖေဖြစ်သူ တစ်ညမှာ အသတ်ခံခဲ့ရပြီး လီဂျီအာရဲ့ အမေဖြစ်သူက လူသတ်မှုအတွက် အဓိက သံသယရှိသူ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ကင်ယိုဟန်ရဲ့ အမေက ခင်ပွန်းဖြစ်သူ အသတ်ခံရပြီးချိန်မှာပဲ အလုပ်သမား ကန်ဂျယ်ဒိုနဲ့ ဖောက်ပြန်ခဲ့ပါတယ်။ သပွတ်အူလို ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေကြားက လူသတ်မှုကို စုံစမ်းရသူကတော့ စုံထောက်ဟန်ဒုန်ဆူပါ။ စုံစမ်းနေရင်း တန်းလန်းမှာပဲ သံသယရှိသူ လီဂျီအာရဲ့ အမေဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတော့တယ်။ "ဘဝမှာ အချိန်အခါ ဆိုတာရှိတယ်။ ကိုယ်လုပ်ချင်တဲ့ အရာတွေကို လုပ်လို့ရတဲ့ တစ်ခုတည်းသော အချိန်အခါ" ဒီစကားကို ပြောခဲ့တဲ့ စုံထောက်ဟန်ဟာ သံသယရှိသူ သတ်သေသွားလို့ အမှုပိတ်ကာမှ အမှုအတွက် မသင်္ကာစရာတွေကို ရှာတွေ့လာတဲ့အတွက် အမှုကို သဲကြီးမဲကြီးလိုက်ရင်း ဆုံးရှုံးမှု ကြီးကြီးမားမားကြုံလိုက်ရပါတယ်။ သူ ဘယ်လိုပဲ ကြိုးစားကြိုးစား အဖြေကိုရှာမရခဲ့တဲ့ အမှုဟာ ပဟေဠိဆန်ဆန်ကျန်နေခဲ့ပါတယ်။ ဒီလိုနဲ့ (၁၄)နှစ်ကြာတဲ့အခါမှာ ကင်ယိုဟန်ရဲ့ အမေနဲ့ ဖောက်ပြန်ခဲ့တဲ့ လူသတ်မှုနဲ့ ဆက်နွယ်နေသူ ကန်ဂျယ်ဒို သေဆုံးခဲ့ရာကနေ လွန်ခဲ့တဲ့(၁၄)နှစ်က အမှုဟာ တစ်ပတ်ပြန်လည်လာခဲ့ပါတယ်။ ဒီအမှုကို လက်လျှော့ထားခဲ့တဲ့ စုံထောက်ဟန်တစ်ယောက် ဒီတစ်ကြိမ်မှာရော အမှုကို ဖြေရှင်းနိုင်မလား၊ တရားခံကိုရော ဖမ်းနိုင်မလား၊ (၁၅)နှစ်ပြည့်တဲ့အခါ ပြန်ဆုံကြဖို့ ကတိထားခဲ့တဲ့ လီဂျီအာနဲ့ ကင်ယိုဟန်တို့ရော ကတိအတိုင်း ပြန်ဆုံနိုင်ကြပါ့မလား၊ ဒီမေးခွန်းကိုတော့ ဒီကားလေးမှာ ကြည့်ရှုရင်း အဖြေရှာနိုင်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးတွေဖြစ်တဲ့ မမ Son Ye Jin၊ Lee Min-jung၊ မင်းသားကြီးတွေ ဖြစ်တဲ့ Han Suk-kyu နဲ့ Go Soo တို့ ပါဝင်ထားတာ ဖြစ်ပါတယ်။ Nude scene တွေ ပါဝင်တဲ့အတွက် R-19+ အဖြစ် သတ်မှတ်ခံထားရတဲ့ ကားလည်း ဖြစ်ပါတယ်။ IMDB rating - 6.5/10 ရရှိထားပြီး Blue Dragon Award နဲ့ အကောင်းဆုံး အမျိုးသမီး မျက်နှာသစ် သရုပ်ဆောင်ဆုတို့ကို ရရှိထားတဲ့ ကားကောင်းလေးပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Milo ပဲ ဖြစ်ပါတယ်။ Genre..... Mystery, Romance, Thriller Quality…. 1080p | 720p | 480p File size…  2.47GB | 920MB | 517MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Milo Encoder ..... Blank

Drama
6.4 2009 135 mins
[19+] White Night
Radhe Shyam
5.2

အိန္ဒိယမဟုတ်ဘဲ ဥရောပမှာ ဇာတ်အိမ်တည်ထားတဲ့ Indian romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းကို မမိတ်ဆက်ခင်မှာ အရင်မိတ်ဆက်ပေးချင်တာကတော့ အဓိကဇာတ်‌ဆောင်အဖြစ် ပါဝင်သွားမယ့် မင်းသား Prabhasဖြစ်တဲ့အပြင် Quality ပိုင်းမှာလဲ ခိုးရိုက်ဗားရှင်းမဟုတ်ပဲ WEB DLဗားရှင်းအကြည်ကို တင်ဆက်ပေးထားပါတယ်... Prabhas ကတော့ တခြားသူမဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်လောက်က တီဗီမှာ ပါးစပ်အဟောင်းသားကြည့်ခဲ့ရတဲ့၊ setting အလန်းစားတွေနဲ့ရိုက်ကူးထားတဲ့ Baahubali ကားထဲက မင်းသားပါပဲ။ Baahubali ကားထဲမှာ ဗလကောင်းကောင်း အရပ်မြင့်မြင့်နဲ့ ဟိတ်ဟန်အပြည့်ရှိခဲ့သလိုမျိုး ဒီကားထဲမှာလည်း မတူထူးခြားတဲ့ဟန်ပန်နဲ့ ခပ်မိုက်မိုက် ခပ်လန်းလန်း ထပ်မံတွေ့ရှိရဦးမှာ ဖြစ်ပါတယ်။ ခုလို ပွင့်လင်းမြင်သာတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတွေက prediction အစား facts တွေကိုပဲ ပိုပြီးယုံကြည်လက်ခံလာကြပါတယ်။ ဒါပေမဲ့ ဗေဒင်လက္ခဏာတွေကို ယုံကြည်ကိုးစားသူကလည်း အများအပြား ရှိတုန်းပါပဲ။ "အချစ်နဲ့ ကံကြမ္မာ အားပြိုင်မှု".... လူနှစ်ယောက်က ရေစက်ပါလို့ တွေ့ဆုံကြတဲ့အခါ အချစ်တစ်ခု ဖြစ်တည်လာပါတယ်။ တကယ်လို့ အဲဒီလူနှစ်ယောက်ဟာ တွေ့ဆုံပြီး ချစ်မိခဲ့ကြပေမဲ့ ရေစက်မပါလာခဲ့ဘူးဆိုရင်ရော..... လက်တွေ့ကျတဲ့ အချက်အလက်တွေကိုပဲ ယုံကြည်ပြီး သက်သေပြနိုင်မှ လက်ခံတဲ့ ဆရာဝန်မလေး Prerana.... "ဗေဒင်လက္ခဏာလောကရဲ့ အိုင်းစတိုင်း" အဖြစ် ကျော်ကြားပြီး ဟောသမျှ မလွဲဖူးတဲ့ လက္ခဏာဖတ်ဗေဒင်ဆရာ Aditaya တို့ ..... ကပွဲတစ်ခုမှာ မမျှော်လင့်ဘဲ တွေ့ဆုံပြီး Aditaya တစ်ယောက် Prerana ကို ချစ်ခင်စုံမက်လာပါတယ်။ ယုံကြည်ချက်က ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတဲ့အပြင် ဆရာဝန်မလေး Prerana က ရှားပါးပြီး ကုသဖို့ နည်းလမ်းမရှိသေးတဲ့ အကျိတ်ရောဂါတစ်မျိုး ဖြစ်နေပြန်ပါတယ်။ အသက်ရှင်ဖို့ လပိုင်းသာကျန်တော့တဲ့ Prerana နဲ့ လက္ခဏာမှာ အချစ်ရေးလမ်းကြောင်း လုံးဝမပါတဲ့ Aditaya တို့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်ကြမလဲ။ အတူတကွ ရှေ့ဆက်နိုင်မလားဆိုတာ‌ကို ရသမျိုးစုံနဲ့ ကြည့်ရှုခံစားရမှာပါ။ IMDb 6.9/10 ရရှိထားပြီးတော့ soundtracks တွေကိုတော့ Telugu နဲ့ Hindi ဗားရှင်းနှစ်မျိုးနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ လက္ခဏာဆရာ Aditaya ရဲ့ character ကိုတော့ ဥရောပနာမည်ကြီး လက္ခဏာဆရာ Cheiro ကို inspire ယူထားတာပါ။ ဇာတ်လမ်းလေးက ကောင်းတဲ့အပြင်ကို မင်းသမီးကလည်း အတော်ချောတော့ ကြည့်ကိုကြည့်ရှုသင့်တဲ့ကားကောင်းလေးပါလို့ တိုက်တွန်းလိုက်ပါ‌ရစေ။ File size…1.2GB / 2.65GB / 5.8GB Quality…720p WEB DL / 1080p WEB Dl AAC 5.1CH  Format…mp4 Duration….2h 18min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myo Myo Htet & Poe & Go-O & Jerrica

Crime • Drama • Thriller
5.2 2022 138 mins
Radhe Shyam
[18+] Map of the Sounds of Tokyo
6.7

************************************* ဂျပန်မင်းသမီးလေးRinko Kikuchi ကြည့်ရတာနဲ့တင်တန်ပါတယ်.. နာဂရဆန်ရဲ့သမီးဟာ တိုကျိုမြို့မှာနေထိုင်တဲ့ စပိန်လူမျိုးဒေးဗစ်ဆိုတဲ့ သူနဲ့ချစ်ကြိုက်နေပါတယ်။ နိုင်ငံခြားသားတွေနဲ့ အလုပ်ကိစ္စစကားပြောနေရင်း နာဂရဆန်ဆီကို သူ့သမီးသေဆုံးသွားကြောင်း ဖုန်းတစ်ခုဝင်လာတယ်။ တစ်ဦးတည်းသောသမီးသူ့ကိုယ်သူသတ်သေမှုဟာ သူ့ရည်းစားဒေးဗစ်ကြောင့်ဆိုတာ နာဂရဆန်ဟာ တစ်ထစ်ချယုံကြည်နေပါတယ်။ သမီးသေဆုံးမှုဟာသူ့အတွက်ရူးမတတ်ခံစာနေရတယ်။ အဲ့ဒါကြောင့် နာဂရဆန်ရဲ့တပည့်ဟာလက်စားချေဖို့အတွက် ရူး ဆိုတဲ့ကြေးစား မိန်းမလူသတ်သမားတစ်ယောက်နဲ့ဆက်သွယ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ ရူး ဟာ သူသတ်ရမယ့် ဒေးဗစ်နဲ့ဆုံပြီးတဲ့အခါမှာတော့….. File Size : (907 MB) and (487 MB) Quality : Blu-Ray 720p Format…mp4 Duration…01:49:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

Action • Drama • War
6.7 2009 109 mins
[18+] Map of the Sounds of Tokyo
Sleepaway Camp II: Unhappy Campers

Sleepaway Camp 1 1983 အပြီး ၅နှစ်အကြာမှာ ဆက်ထုတ်ခဲ့တဲ့ နံပါတ်နှစ် ရုပ်ရှင်ပါ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒီတခေါက်မှာလည်း ကံမကောင်း အကြောင်းမလှတဲ့ စခန်းချသူတွေကို မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ဟာ Sleepaway Camp ရဲ့ အဆက်ဖြစ်တာကြောင့် နံပါတ်တစ်ကိုမကြည့်ရသေးဘူးဆိုရင်တော့ အရင်သွားကြည့်ဖို့ အကြံပေူချင်ပါတယ်။ နံပါတ်တစ်မကြည့်ထားဘဲ ကြည့်ရင်ရော ရလားဆိုတော့ ရတော့ရပါတယ် ဒါပေမဲ့ အဓိကဇာတ်ကောင်ဖြစ်တည်လာပုံကို ဂဃနဏသိချင်ရင်တော့ နံပါတ်တစ်ကိုအရင်ကြည့်မှ ပြီးပြည့်စုံသွားပါလိမ့်မယ်။ ဒီရီဗျူးက နံပါတ်တစ်ရဲ့အဆက်ဖြစ်တာကြောင့် စပွိုင်လာကင်းကင်းပြောပြရရင်တော့ နွေရာသီစခန်းမှာအလုပ်လာလုပ်တဲ့ အကြံပေးဟာ ဆိုးသွမ်းတဲ့ကလေးတွေကို သူ့နည်းသူ့ဟန်နဲ့ လိုက်ဆုံးမတာပါ။ အောက်ကရီဗျုးမှာတော့ စပွိုင်လာအနည်းငယ်ပါရှိမှာဖြစ်ပါတယ်။ ဒီကားကတော့ နံပါတ်တစ်ရုပ်ရှင်က ဖြစ်ရပ်တွေအပြီး ၅နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လိုက်ကျော်အန်ဂျလာဟာ နွေရာသီစခန်းတခုမှာ အလုပ်လုပ်ဖို့ရာပြန်လည်ရောက်ရှိလာပါတယ်။ ဒါပေမဲ့ စခန်းချသူတွေဟာ သူ(မ)ရဲ့ တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းမရှိဘဲ မလျော်မကန်ပြုမူတာတွေ ရှိလာတဲ့နောက်မှာတော့ အန်ဂျလာဟာ နည်းဟောင်းတွေကိုသုံးပြီး ဆိုးသွမ်းတဲ့ စခန်းချသူတွေကို ပညာပေးဖို့ရာ ထပ်မံအကြောင်းဖန်လာပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာတော့ နံပါတ်တစ်ထဲကလိုမဟုတ်ဘဲ ဆယ်ကျော်သက်သရုပ်ဆောင်တွေ ဖောဖောသီသီပါ၀င်လာပြီး ၈၀ခုနစ် လူငယ်တွေရဲ့ ဖက်ရှင်ဒီဇိုင်းကာလာ ဘာညာအနေအထားတွေကို ရော့ခ်ဂီတတွေနဲ့ ထည့်သွင်း ပုံဖော်ရိုက်ကူးထားပါတယ်။ ကိုယ်လုံးတီးရိုက်ချက်တွေ ညစ်ညမ်းတဲ့အသုံးအနှုန်းတွေလည်း အများကြီးပါ၀င်လာတာကြောင့် ၁၈နှစ်အောက်ကြည့်ဖို့ မသင့်တော်ကြောင်း သတိပေးလိုက်ရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ File size…(1.5 GB)/(763 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 1988
Sleepaway Camp II: Unhappy Campers
Neneh Superstar

ယ‌ခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၂ ခုနှစ်ထွက် ပြင်သစ်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အသက် ၁၂ နှစ်အရွယ် Neneh ဆိုတဲ့ကောင်မလေးတစ်ယောက်အကြောင်းပါ။ သူမကလူမည်းတစ်ယောက်ပါ။ သူမဟာဘဲလေးအကကိုအရမ်းဝါသနာပါပါတယ်။ ဒီတော့သူမကပဲရစ်မြို့ကအော်ပရာဘဲလေးသင်တန်းကျောင်းမှာဝင်ခွင့်သွားလျှောက်တဲ့အခါ ပါရမီပါသူတယောက်ဖြစ်တဲ့အတွက်ဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ လူမည်းတစ်ယောက်ဖြစ်နေတဲ့အတွက် ကျောင်းအုပ်ကြီးကတော့ သူမကိုသဘောမကျပါဘူး။ ကျောင်းအုပ်ကြီးကဘဲလေးအကဟာလူဖြူတွေကတာဆိုတဲ့ရိုးရာကိုထိန်းသိမ်းချင်သူပါ။ဒီတော့ Neneh အနေနဲ့လူဖြူတွေကြားထဲကလူမည်းတစ်ယောက်ဖြစ်နေတော့ ကျောင်းအုပ်ကြီးရဲ့ကြည်ဖြူမှုကိုရဖို့ အခြားသူတွေထက်ပိုကြိုးစားရပါတယ်။ ထို့ပြင် Neneh ကထူးချွန်တဲ့အတွက်ကြောင့်မနာလိုတဲ့ကျောင်းသူအချို့ကလည်းရှိနေပါတယ်။သူတို့က Neneh ကိုပြဿနာရှာကြတဲ့အခါ Neneh အနေနဲ့မိဘခေါ်ပြီးကျောင်းအုပ်ကြီးနဲ့တွေ့ရတာမျိုး‌တွေရှိလာပါတယ်…ထိုအခါ Neneh ရဲ့အခြေအနေဟာပိုပြီးတော့ကျပ်တည်းလာပါတယ်…. ဒီဇာတ်ကားမှာ လူဖြူတွေရဲ့ခွဲခြားမှုကိုခံရတဲ့လူမည်းမိန်းကလေးရဲ့ခံစားချက်တွေ…သူမဘဝအပေါ်မကျေနပ်မှုလေးတွေရိုက်ပြထားပါတယ်…ခံစားကြည့်ကြပါခင်ဗျာ…. File size…(1.2 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

0 2023
Neneh Superstar
Black Dog
7.2

ဒီ Black Dogs ဇာတ်ကားလေးကတော့ နာမည်ကြီးဒါရိုက်တာကြီး Guan Huက ရိုက်ကူးထားပြီး ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။ အဓိကသရုပ်ဆောင်အနေနဲ့ ထိုင်ဝမ်မင်းသားကြီး Eddie Peng က ပါဝင်သရုပ်ဆောင်ထားပြီး Tong Liya , Jia Zhangke , Zhang Yi အစရှိသဖြင့် နာမည်ကြီးဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ – ဂိုဘီသဲဂန္တာရတစ်နေရာမှာ ချစ်ရှားမြို့ကိုလာတဲ့ ခရီးသည်ယာဉ်တစ်စီးဟာ ဘယ်ကလာမှန်းမသိတဲ့ ခွေးအုပ်ကိုရှောင်ရင်း တိမ်းမှောက်သွားပါတော့တယ် ။ ဒီကားထဲမှာပါလာတဲ့သူတစ်ယောက်က နဂိုက မြို့ရဲ့နာမည်ကြီးတေးဂီတအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ် ၊ မော်တော်ဆိုင်ကယ်အဖွဲ့မှာလည်း အတော်ဆုံးဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ခဲ့တဲ့ လန်ရုံဟွေးဖြစ်ပါတယ် ။ သူကလူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ မြို့က တော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။ အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့ သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ဆု‌ကြေးငွေကြီးကြီးပေးမယ်လို့ထုတ်ပြန်ထားခဲ့ပါတယ် ။ ထောင်ကထွက်လာခါစလန်ရုံဟွေးတစ်ယောက် ဘာအလုပ်မှမရှိတော့ အဲဒီခွေးနက်ကိုလိုက်ဖမ်းဖို့ကြံစည်ပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာတော့ ဆုကြေးငွေလိုချင်လို့ လိုက်ဖမ်းမဲ့ခွေးလေးနဲ့ သူဘယ်လိုသံယောဇဉ်တွယ်သွားမလဲ ? ဘယ်လိုအတားအစီးအခက်အခဲတွေနဲ့ ဒီလေလွင့်ခွေးလေးတွေကို ကယ်တင်သွားမလဲဆိုတာကို emotional ဖြစ်သည်အထိ ခံစားကြည့်ရှုရမှာဖြစ်လို့ တိချစ်တတ်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ အကြောင်းပြောရင်း ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ။

Drama
7.2 2024
Black Dog
The Usual Suspects
8.6

The Usual Suspects (1995) *************************** IMDB……….8.6 Rotten…..96% IMDb နဲ့ Rotten ကို ကြည့်ရုံနဲ့ ဒီဇာတ်ကားရဲ့ အခြေအနေကို နည်းနည်းတော့ ရိပ်စားမိမယ်လို့ထင်ပါတယ် .. ဝတ္ထု ရုပ်ရှင် ပြဇာတ် မျက်လှည့် ဖျော်ဖြေရေးတွေမှာ ကျွန်တော်အာရုံကိုဆွဲဆောင်နိုင်မဲ့ အရာမျိုးက ဘာဖြစ်မယ်လို့ထင်လဲ အားလုံးကိုခြုံငုံပြီး ဖျော်ဖြေရေးလို့သုံးလိုက်တဲ့အတွက်တော့ သည်းခံပေးပါ……. တစ်ယောက်နဲ့တစ်ယောက် အမြင်တော့ နည်းနည်းကွဲပါလိမ့်မယ် ဒါပေမဲ့ အတော်များများ သိစိတ်ကရော မသိစိတ်ကရော လက်ခံထားတဲ့အရာတစ်ခုတော့ရှိမယ်ထင်တယ်……. ဥပမာ မျက်လှည့်ပဲထား ငှက်မွေးလေးတစ်ခုကိုမီးရှို့ပြီး ဖြတ်ခနဲ့လက်အဝှေ့ ခိုဖြူလေးက မျက်လှည့်ဆရာရဲ့လက်ပေါ် အတောင်တဖြတ်ဖြတ်ခတ်ရင်း တက်နားသွားတယ် .. ကျွန်တော်တို့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းပေါ့ .. ဒါကဘာလဲဆိုတော့ မမျှော်လင့်တဲ့ လှည့်ကွက်လေးမို့ အံဩ မင်သက်သွားတာ .. ဒီလိုပဲ ဝတ္ထု ရုပ်ရှင်တွေမှာလည်း ကောင်းမွန်သောသရုပ်ပါမှု ရှုမငြီးနိုင်တဲ့ဇာတ်လမ်း ထိမိတဲ့ ဒိုင်ယာလော့တွေကို မဟာလှည့်ကွက်တွေနဲ့ပေါင်းစပ်လိုက်ရင် ကျွန်တော်တို့ကို ဘယ်လောက်တောင်ဆွဲဆောင်နိုင်လိုက်မလဲ .. ဘာဖြစ်လို့ကျွန်တော် ဒါတွေပြောနေရတာလဲဆိုတော့ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးသော Twist စာရင်းထဲပါတဲ့ The usual suspects ဆိုတဲ့ကားကြောင့်ပါပဲ .. ပြီးတော့ ဇာတ်လမ်းအညွှန်းရေးမယ်ဆိုရင် spoil အဆင့်ရောက်သွားမှာလည်း စိုးမိတယ် .. ဒီကားရဲ့ Plot ,dialogue ,Tempo ,Twist စတဲ့ ရသတွေဟာ ကျွန်တော့ရဲ့ ဝါကျဖွဲ့စည်းမှု ခပ်ညံညံအောက်မယ် ကြည့်ရှုသူအတွက် စိတ်အနှောင့်ယှက်ဖြစ်သွားမှာ စိတ်ပူမိတဲ့အပြင် The usual suspects ရဲ့ ကြီးကျယ်ခမ်းနားမှုမှေးမှိန်သွားမှာ ကြောက်မိလို့ပါ……. ကိုင်း ကျွန်တော်ပြောတာဟုတ်မဟုတ်ဆိုတာကိုတော့ ကြည့်ရှုခံစားလိုက်ပါဦး ပရိသတ်ကြီးရေ……… (ဇာတ်လမ်းအညွှန်းကို Aye Mon Kyaw မှ ရေးသားပေးထားပါတယ်) File Size… 2.82GB, 674 MB Quality… BLU-RAY 1080p, 720p Format…mp4 Duration…01:46:00 Subtitle…Myanmar Subtitle(Hardsub) Encoder…AHtet Translated by Aye Mon Kyaw

8.6 1995 106 mins
The Usual Suspects
Rampant
6.7

Rampant (2018) ***************** ဒီတစ်​ခေါက်ဇာတ်ကားက​တော့ 2018ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Action/Horror ရုပ်ရှင်ဖြစ်ပြီး Hyun Bin၊ Jang Dong Gun၊ Kim Eui Sung နှင့် နာမည်ကြီး သရုပ်ဆောင်များစွာတို့ ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဥ်းက​တော့ အရည်အချင်းမရှိတဲ့ဘုရင်​ကြောင့် ချင်နိုင်ငံရဲ့ လက်​အောက်ခံနိုင်ငံအဖြစ် သွတ်သွင်းခံထားရတဲ့ ဂျိုဆွန်းပြည်ကို လွတ်​မြောက်ဖို့ကြိုးစားနေတဲ့ စစ်မက်​ရေးရာအမတ်ဂင်ရဲ့ လျှို့ဝှက်ကြံစည်မှု​ကြောင့် အိမ်​ရှေ့စံမင်းသားသေဆုံးသွားပြီး ညသရဲလို့​ခေါ်တဲ့ မ​ကောင်းဆိုးဝါး​တွေ ​ရောက်ရှိလာပါ​တော့တယ်။ တစ်ဖက်မှာလည်း ဂျိုဆွန်းမှာ​မွေးပြီး ချင်နိုင်ငံမှာ ကြီးပြင်းလာတဲ့ မင်းသားဂန်ရင်းက အိမ်​ရှေ့စံရဲ့ ​​သေတမ်းစာ​ကို ရရှိပြီး ဂျိုဆွန်းကိုပြန်​ရောက်လာပါ​တော့တယ်။​ ​ရောက်​ရောက်ချင်းပဲ အမတ်ဂင်ရဲ့ လုပ်ကြံ​​ရေးအဖွဲ့အပြင် ညသရဲ​တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အိမ်​ရှေ့စံရဲ့ အ​စေခံရဲမက်နဲ့ ​​တွေ့ဆုံကာ အ​ခြေအ​နေ​တွေကို တဖြည်းဖြည်းချင်း နားလည်လာပါ​​တော့တယ်။ နောက်ဆုံး အမတ်ဂင်ရဲ့ အကြံအစည်တွေ​ကြောင့် မင်းကြီး​သေဆုံးကာ နန်း​တော်တစ်ခုလုံး ညသရဲအဖြစ် ​ပြောင်းလဲသွားပြီး​ ဂျိုဆွန်းတစ်ပြည်လုံးကို ကယ်တင်ဖို့ မင်းသားဂန်ရင်းရဲ့ ​ တာဝန်ဖြစ်လာတဲ့အခါမှာတော့… မင်းသားဂန်ရင်းက ​သူ့တာဝန်ဖြစ်တဲ့ ဂျိုဆွန်းကို ကယ်တင်​ပြီး ညသရဲ​တွေကို ဘယ်လိုနှိမ်နင်းသွားမလဲဆိုတာကို​တော့ ဆက်လက်ကြည့်ရှုလိုက်ရ​အောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Stary မှ ရေးသားပေးထားပါတယ်။) File Size : 2.15GB/ 870MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Action, Thriller, Historical, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Tiff

6.7 2018 122 mins
Rampant
Marked Men: Rule + Shaw
5.1

Marked Men: Rule + Shaw (2025) IMDb Rating (5.1) / Rotten Tomatoes (77%) ရှောဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ ငယ်စဉ်စတွေ့ကတည်းက ရူးလ်ကိုမြင်မြင်ချင်းချစ်ခဲ့မိတာပါ။ ဒါပေမဲ့ ရူးလ်ကတော့ ငယ်ငယ်ကတည်းက ရှောကို စိတ်ဝင်စားတာမျိုးသိပ်မရှိသလို ကြီးလာတဲ့အခါကျတော့လည်း သူတို့နှစ်ယောက်ဟာ အကျင့်စရိုက်ချင်း သိပ်မတူလို့ မလိုက်ဖက်ဘူးလို့ ထင်နေတာပါ။ ဖြစ်ချင်တော့ ရှောက ရူးလ်ရဲ့ အစ်ကို ရမ်မီနဲ့ ငယ်ငယ်တည်းကသူငယ်ချင်းဖြစ်နေတာဆိုတော့ ပိုပြီးတော့ သမီးရည်းစားဆက်ဆံရေးလိုရောက်ဖို့ပိုခက်နေတာပေါ့။ ရှောကလည်း ကြွယ်ဝတဲ့မိသားစုကနေဆင်းသက်လာတဲ့ သူဌေးသမီးလေး၊ ရူးလ်ကလည်း မြို့ပြင်မှာ သူ့အစ်ကိုနှစ်ယောက်နဲ့အတူတူကြီးလာတဲ့ နယ်ခံသားလေးပေါ့။ ရှောကလည်း ကျေင်းတက်ရင်း သမာသမတ်ကျကျနဲ့ စည်းကမ်းရှိရှိပျော်ပျော်ပါးပါးနေတတ်ပေမယ့် ရူးလက်တော့ တက်တူးသမားဖြစ်ပြီး တွေ့တဲ့နှင်းဆီခိုင်တိုင်းကို ချွေနေတဲ့ ကြာကူလီလေးဖြစ်နေတာပါ။ ဒါပေမဲ့ တစ်နေ့ကျ ကတ်စပါလို့ ရူးလ်က နာမည်ပြောင်နဲ့ခေါ်နေတဲ့သူရဲ့ မွေးနေ့ရောက်လာပြီး အကြောင်းဖန်လာတဲ့အချိန် ရူးလ်ကို အကွက်ရွေ့ရာကနေ ရှောနဲ့ရူးလ်တို့ရဲ့ ဇာတ်လမ်းလေးကစလာပါတော့တယ်။ ရှောတို့နှစ်ယောက် ဘယ်လိုနှစ်ပါးသွားကြမလဲ၊ အသွင်မတူတဲ့လူနှစ်ယောက် နီးစပ်ရတဲ့အခါ ဘယ်လိုမျိုးဆက်ဆံရေးတွေနဲ့ အခက်အခဲတွေကိုကျော်လွှားသွားကြရမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရသမျိုးနဲ့တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (4.4 GB) / (1.3 GB) / (720 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:33:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Horror • Comedy
5.1 2025 93 mins
Marked Men: Rule + Shaw
Lone Star
7.4

နိုင်ငံရေး၊ လူမျိုးရေး၊ စစ်ရေးတွေနဲ့ အမြဲတမ်း အငြင်းပွားနေရတဲ့ အမေရိကန်-မက္ကဆီကိုနယ်စပ် တက္ကဆက်ပြည်နယ် ရီယိုကောင်တီမှာ သေတာဘယ်လောက်ကြာနေမှန်းမသိ၊ ဘယ်သူဘယ်၀ါဖြစ်မှန်းမသိတဲ့ အလောင်းတစ်ခုကိုတွေ့ရှိခဲ့ကြတယ်။ ထိုနယ်က ရဲအရာရှိဆမ်ဒိ့စ်ဟာ အမှုကို ကိုယ်တိုင်ကိုင်ခဲ့တယ်။ ဆမ်ဒိ့စ်ဟာ အရင်အရာရှိဟောင်း ဘက်ဒီဒိ့စ်ရဲ့သားဖြစ်ပြီး အဖေ့ခြေရာကို လိုက်မမီသူလို့အမြဲအပြောခံနေရသူ။ ဘက်ဒီဒိ့စ်ဟာ လူဖြူ၊ လူမည်း၊ မက္ကဆီကန်တွေကြားထဲမှာ ဂန္တ၀င်သူရဲကောင်းကြီးဖြစ်ပြီး သူ့ဇနီးကိုလည်း သူတော်စင်မလိုထင်စားကြတယ်။ အားလုံးက ချစ်ခင်လေးစားတဲ့ ဘက်ဒိဒိစ့်ကို မုန်းတီးကာမယုံကြည်သူကတော့ ဆမ်ဒိ့စ်ပါ။ အရိုးစုတစ်ခုရှာတွေ့ရာကနေစပြီးတော့ နှစ်ရှည်လများ ဖုံးကွယ်နေခဲ့တဲ့အမှန်တရားတွေ၊ အရာအားလုံး၊ လူတိုင်းနဲ့ ဆက်စပ်မှုရှိနေတာတွေ အေးအေးငြိမ်ငြိမ်နဲ့ ‌ပရိသတ်ရဲ့ကိုဆွဲဆောင်သွားပြီးတော့ plot twist အကြမ်းစားနဲ့ ရှော့ခ်ရစေ‌မယ့် ဇာတ်‌ကားကောင်းတစ်ကားပါ။ File size…(7.4 GB)/(2.7 GB)/(940 Mb) Quality….Blu-Ray 4KHEVC/1080p / 720p Format… mp4 Duration…. 02:15:00 Genre… Drama, Mystery, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Romance • Comedy • Drama
7.4 1996 135 mins
Lone Star