YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

[CM]Ghost.2012.E13.720p.WEB-DL.mp4

459.91 MB N/A video/mp4 351 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Super Daddy
7

ဝမ်ပေါင်ဆိုတဲ့ တီထွင်ပညာရှင်တစ်ဦးဟာ လမ်းမလျှောက်နိုင်တဲ့လူနာတွေအတွက် ရည်ရွယ်ပြီး အရိုးတုဝတ်စုံတစ်ခုထီထွင်ထားခဲ့ပါတယ်၊ ကံမကောင်းစွာနဲ့ သူရဲ့ဝတ်စုံအခိုးခံလိုက်ရလို ပြန်လိုက်ယူရင်း ဝမ်ကျစ်၊ မီရှီးတိုလင်မယားနဲ့ဆုံတွေ့ခဲ့ပါတယ် --------- သမီးလေး ရှောင်ခယ်ကိုအုပ်ထိန်းခွင့်ရဖို စတန့်အစားထိုးမင်းသားလုပ်ရင်း ငွေရှာနိုင်သမျှရှာနေတဲ့ -"ဝမ်ကျစ်" ဝမ်ကျစ်နဲ့ကွာရှင်းပြီးတဲ့နောက်မှာ ကျန်းရန်ဆိုတဲ့တီထွင်ပညာရှင် တစ်ယောက်နဲ့ယူထားပြီး သမီးလေးရှောင်ခယ်ရဲ့အုပ်ထိန်းခွင့်ကိုရထားတဲ့-"မီရှီး" ဝမ်ပေါင်တစ်ယောက်ဝတ်စုံပြန်ယူဖိုလာရင်း မတော်တဆ ဝမ်ကျစ်၊ မီရှီးတိုနဲ့ဆုံတွေ့မိတဲ့အခါ ဝတ်စုံကိုပြန်ယူလာနိုင်ပါ့မလား ဆိုတာကို ဟာသလေးတွေ‌နဲ့အတူ တင်ဆက်ပေးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Kyawt Encoded by LK

Action & Adventure
7 2023
Super Daddy
The Last House on the Left
6.5

ဒီကားကတော့ 1972ခုနှစ်က ရိုက်ကူးခဲ့ဖူးတဲ့ နာမည်တူ ဇာတ်ကားကိုပဲ 2009 ခုနှစ်မှာ တဖန်ပြန် remake ပြီး ရိုက်ကူးထားတဲ့ horror/thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒီကားထဲမှာ လူသတ်သမား ခရုဂ် ဟာ သူနေရမယ့် ထောင်ဆီသွားနေတဲ့လမ်းမှာ သူ့ညီ ဖရန့်စစ်နဲ့ သူ့မိန်းမ ဆေဒီတို့က ဖြတ်ကယ်ပြီး ရဲတွေကိုသတ်ပစ်ခဲ့ကြပါတယ်။ တစ်နေ့တော့ မေရီ နဲ့ သူ့သူငယ်ချင်းတို့ဟာ ခရုဂ် တို့မရှိချိန် သူတို့နေတဲ့ မိုတယ်ခန်းထဲရောက်နေတုန်း ခရုဂ်တို့ပြန်လာတာနဲ့ ကြုံလိုက်ရပြီး သူတို့တည်နေရာကို တခြားသူတွေကို ပြန်မပြောပြနိုင်အောင် ပြန်ပေးဆွဲ၊ အကြမ်းဖက် မုဒိမ်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့ပါတယ်။ ပြီးတဲ့အချိန်မှာ မုန်တိုင်းတိုက်လာတာကြောင့် တွေ့တဲ့အပန်းဖြေအိမ်တစ်အိမ်ထဲ ၀င်ခိုဖို့လုပ်တဲ့အချိန်မှာ သူတို့၀င်ခိုဖို့ကြိုးစားခဲ့တဲ့အိမ်က မေရီရဲ့မိဘအိမ်တွေ ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ မေရီရဲ့မိဘတွေဟာ သူတို့ရဲ့လုပ်ရပ်တွေကို သိရှိသွားပြီး လက်စားပြန်ချေဖို့ကြိုးစားတဲ့ ‌ သတ်မယ်ဖြတ်မယ် ဇာတ်ကားကောင်းတစ်ကား ဖြစ်တာကြောင့် thriller ကားကြိုက်သူ‌တွေ သွေးသံတရဲရဲမှကြည့်ချင်သူတွေ မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size…(3.08GB/(1.13GB) Quality….Blu-Ray 1080p / 720p  Format…mp4 Duration….01:50:00 Genre... Horror , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San khant Translated by Jaka

Action
6.5 2009 110 mins
The Last House on the Left
Naruto Shippuden the Movie: Bonds
7.2

Narutoဆိုတဲ့ animeဟာ ၂၀၀၀ခုနှစ်ဝန်းကျင်က နာမည်အကြီးဆုံးကြီးသုံးကြီးမှာ (One piece, bleach, naruto)ပါခဲ့ပြီး သူ့​ခေတ်သူ့အခါ အချိန်တုန်းက ကြည့်ရှုသူ​တွေရဲ့ပါးစပ်ဖျားမှာ never give up, this is my way of ninja, Dattebayo ?ဆိုပြီးရွတ်ဆိုခဲ့ကြတဲ့အထိ moti​ ပေးနိုင်ခဲ့တာပါ။ ရုပ်ရှင်အ​နေနဲ့လည်း က​လေးဘဝကို ၃ကားထွက်ခဲ့ပြီး shippudenလူငယ်ဘဝက​တော့ ၇ကားအထိထွက်ခဲ့ပါတယ်။ ဒီကားက​တော့ shippuden ရုပ်ရှင်​တွေထဲမှာ ဒုတိယကားဖြစ်ပြီး IMDb 6.8/10 My anime list 7.3/10ရထားပါတယ် ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​​​​တော့ Konohaရွာကိုတစ်ရက်မှာ​တော့ မိုး​ကောင်းကင်နင်ဂျာ​တွေ ရုတ်တရက်ဝင်တိုက်ခိုက်ခဲ့ပါတယ်။ ထိခိုက်​သေဆုံးမှု အများအပြားကြုံလိုက်ရတာမလို့ တိုက်ခိုက်မှုကြီး အ​ကြောင်းကိုစုံစမ်းရင်း မထင်မှတ်တာ​တွေကြုံလာ ရတဲ့အပြင် ရွာက​နေထွက်သွားတဲ့ sasukeပါ ​ ပေါ်လာတဲ့အခါမှာ​တော့.... File size…1.30GB / 717MB Quality…1080p  / 720p Format…mp4 Duration….1h 38m Genre ..... Animation , Action , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Dr Nyan

Horror • Thriller
7.2 2008 90 mins
Naruto Shippuden the Movie: Bonds
Ranah 3 Warna
6.5

Ranah 3 Warna (2022) ဒီကားလေးကတော့ 2021 တုန်းက Amazon Prime ကနေထုတ်တဲ့ အင်ဒိုနီးရှားကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ IMDbမှာလည်း 6.5/10 ရရှိထားပါတယ်။ ဒီရုပ်ရှင်ကားလေးက နိုင်ငံခြားပညာတော်သင်သွားဖို့ကြိုးစားနေတဲ့လူတွေအတွက်သင့်တော်မယ့်ကားမျိုးလေးပါ။ ဇာတ်လမ်းကတော့ ကြိုးစားပေမယ့်ဆင်းရဲတဲ့ ကောင်လေး အာလစ်ဖ်ဟာ သူ့ရဲ့ပညာရေးလမ်းကျောင်းကို ကျောထောက်နောက်ခံမပါဘဲ ဘယ်လိုဖောက်ဖို့ကြိုးစားသလဲဆိုတာကိုအခြေခံထားပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ နိုင်ငံခြားပညာသင်သွားဖို့ကြိုးစားပုံတွေကြားက သူ့ရဲ့မိသားစုကိုပါ ထောက်ပံ့ဖိုးကြိုးစားရပြန်တဲ့အခါမှာ သူဘယ်လိုရှေ့ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.81GB | 1GB | 490MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xavier Zy Encoder ….. August

Fantasy • Comedy • Romance • TV Movie
6.5 2022
Ranah 3 Warna
Mr. Car and the Knights Templar
4.5

Mr. Car and the Knights Templar (2023) ============================= ပေါ့ပေါ့ပါးပါး ကြည့်စရာရှာနေသူတွေအတွက် ပိုလန်ရုပ်ရှင်သစ် တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ပိုလန်စာရေးဆရာကြီး Zbigniew Nienacki ရဲ့နာမည်တူ၀တ္ထုကို အခြေခံရိုက်ကူးထားတာပါ။ အလွယ်ပြောရရင်တော့ ဇာတ်လိုက်နဲ့ကလေးတစ်သိုက်က ရတနာ သိုက်လိုက်ရှာတဲ့ ဇာတ်လမ်းမျိုးပါပဲ။ ဒါပေမဲ့ ထူးခြားတာကတော့ ခရူးဆိတ်စစ်ပွဲနဲ့ သမိုင်းကြောင်းထဲက သူရဲကောင်းတွေနဲ့ ဆက်စပ် တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေပါနေတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအရတော့ လူသိများတဲ့ ပိုလန်လူမျိုး အနုပညာသမိုင်း ပညာရှင် တောမတ်ရှ်ဟာ တမ်ပလာလက်ဝါးကပ်တိုင်တစ်ခုကို ရှာ တွေ့ထားပါတယ်။ အဲဒီကပေးတဲ့ သဲလွန်စနဲ့ ရှေးခေတ်က ရတနာ သိုက်တစ်ခုကိုရှာဖွေဖို့ ကြိုးပမ်းပါတော့တယ်။ ဒါပေမဲ့ လူအတော် စိတ်၀င်စားတဲ့ ရတနာသိုက်ဖြစ်တာကြောင့် ဟိုးလေးတကျော်နာမည် ကြီးသွားပါတယ်။ အဲဒီအခါမှာ ရတနာသိုက်မုဆိုးတွေစုလာပြီး အချင်း ချင်းပြိုင်ဆိုင်တိုက်ခိုက်မှုတွေ ရှိလာပါတယ်။ တောမတ်ရှ်ကတော့ သူနဲ့သိပ်မတည့်လှတဲ့ သတင်းထောက်မတစ်ယောက်၊ သူအထင်မကြီးလှတဲ့ ဆယ်ကျော်သက်ကလေး ၃ ယောက်နဲ့ မထင်မှတ် ဘဲ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ တောမတ်ရှ်တို့အဖွဲ့ အလွဲ တွေကြားမှာ ရတနာသိုက်ဘယ်လိုရှာကြမလဲ၊ ဘာတွေရင်ဆိုင်ရမလဲ၊ ဘယ်သူမှ ဘာမှန်းမသိတဲ့ ရတနာသိုက်ဆိုတာက နောက်ဆုံးမှာ ဘာဖြစ် နေမလဲဆိုတာကို ကြည့်ကြရမှာပါ။ ဒရမ်မာနဲ့ စွန့်စားခန်းတွေ ခပ်ပါးပါး ရော‌ထားပြီး သူ့အတိုင်းအတာနဲ့သူကြည့်ကောင်းတာမို့ အပျင်းပြေစိတ်ပြေ လက်ပျောက်ဖြစ်စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.62 GB) / (766 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Drama, Family Translator…….C’mon Encoder……….SWM

4.5 2023 110 mins
Mr. Car and the Knights Templar
Kalluri Rascals

Kalluri Rascals 2023 ပြိုင်လမ်းပေါ်ကကောင်ဆိုးလေးများ ဘာကိုမှသိပ်ဂရုမစိုက် အလေးမထားတတ်တဲ့ ယောက်ျားတစ်ယောက်ဟာ နှလုံးသားတံခါးကိုလာခေါက်မယ့်မိန်းကလေးကိုတွေ့ပြီဆိုရင်တော့ ဒီမိန်းကလေးကိုပိုင်ဆိုင်ရဖို့ ဘာမဆိုလုပ်တတ်ပါသတဲ့။ ဟော့ဟော့ရမ်းရမ်းနေတတ်ပြီး အဖေ့ပြိုင်ကားကြီးကိုမောင်းလို့ ပတ်ဝန်းကျင်ကလူတွေနဲ့ ကားပြိုင်ပွဲတွေလုပ်လေ့ရှိတဲ့ ကလေကချေဗာရွန်တစ်ယောက် ပြိုင်ကားမောင်းရင်း သူများဆိုင်ဝင်တိုက်မိပြီးချိန်မှာတော့ အမေက ဖတဆိုးသားလေးကိုစိုးရိမ်ပြီး ကားကိုရောင်းခိုင်းပါတော့တယ်။ ဗာရွန်ကိုလည်း ကောလိပ်တစ်ခုမှာတက်ခိုင်းဖို့ အစ်ကိုဖြစ်သူရဲအရာရှိကို ကိုယ်တိုင်ကျောင်းအပ်ခိုင်းတာပေါ့။ အမေနဲ့အစ်ကိုကို မလွန်ဆန်နိုင်လို့သာ ကောလိပ်ရောက်လာပေမဲ့ ဗာရွန်တစ်ယောက် ကြိတ်မနိုင်ခဲမရပေါ့။ ဒီလိုနဲ့ကောလိပ်မှာ Kalluri Rascals ဆိုတဲ့ ပြိုင်ကားအဖွဲ့နဲ့တွေ့ပြီးတော့ ပြိုင်ကားပိုးကပြန်ထလာပြီး နှုတ်ခမ်းနီမလေးတွေအသဲစွဲ ပြိုင်ကားသမား အထာကျတဲ့ဘဲကြီးလုပ်နေရင်းနဲ့ သူ့ရဲ့နှလုံးသားကိုခိုးယူမယ့် နီဗီသာဆိုတဲ့ကောင်မလေးကို ကောလိပ်မှာဆုံဖို့ ဖြစ်လာချိန်မှာတော့…. သိပ်လှတဲ့နှင်းဆီတစ်ပွင့်ကို ခူးဆွတ်လိုသူတွေကများလွန်းတော့ ဗာရွန်တစ်ယောက်ရဲ့ နီဗီသာကိုရဖို့အရေး ကောလိပ်ကလူဆိုးဗိုလ်ပရမ်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ နဂိုထဲကဇနဲ့ဗလနဲ့ ခေါင်းငုံ့မခံတတ်တဲ့ဗာရွန်တစ်ယောက် နီဗီသာအတွက်နဲ့ ပရမ်နဲ့ငြိရင်း အဲဒီနယ်မြေတစ်ဝိုက်က မူးယစ်ဂိုဏ်းနဲ့ပါ ငြိစွန်း‌မိလေတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ BpL ~ Mg Shin ~ Yunni ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

0 2023
Kalluri Rascals
Easter Bloody Easter

ဝေါဘတ်ဆိုတဲ့ မြို့လေးမှာ အီစတာနေ့မတိုင်ခင် ထူးဆန်းတာတွေ ဖြစ်ပွားပြီး လူတွေသေနေကြပါတယ်။ ဒီမြို့က ဂျင်းနီဆိုတဲ့ အမျိုးသမီးကတော့ ယောက်ျားဖြစ်သူ အိမ်ပေါ်ကဆင်းသွားလို့ လင်ပူမိပြီ အသေအလဲ လိုက်ရှာနေတာပါ။ အဲဒီမှာ ရှာနေရင်းနဲ့ ယောက်ျားတော့ပြန်မတွေ့ပဲ သူတို့မြို့ကို ဒုက္ခပေးနေတဲ့ ဂျက်ကလုဒ်လို့ခေါ်တဲ့ ဂျိုပါတဲ့သမန်းယုန်ကြီးတစ်ကောင်က သူ့ရဲ့ ယုန်ဇိုးလေးစစ်တပ်နဲ့အတူ တစ်မြို့လုံးကို အန္တရာယ်ပေးမယ်ဆိုတော့ သိလိုက်ရတော့ မိတ်ဆွေအပေါင်းအသင်းများနဲ့အတူ ကာကွယ်တိုက်ခိုက်ဖို့ ဖြစ်လာပါတော့တယ်။ File size…(2.1 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thura Aung

Horror • Science Fiction
0 2024
Easter Bloody Easter
Cheta Singh
7.4

Cheta Singh 2023 (ချီတာဆင်းဂ်) ပါလေနဲ့နီမီတို့ဟာ မိဘတွေမရှိတော့ဘဲ အဒေါ်နဲ့အတူနေနေတဲ့ မောင်နှမနှစ်ယောက်၊ အစ်ကိုတစ်ခုညီမတစ်ခုဘဝဆိုတော့ သိပ်ချစ်ကြတဲ့မောင်နှမနှစ်ယောက်ပေါ့လေ။ ပါလေကတော့ စာအုပ်ဆိုင်မှာအလုပ်လုပ်ပြီး နီမီလေးကို အစစအရာရာပံ့ပိုးပေးသလို နီမီကလည်း အစ်ကိုဖြစ်စေချင်သလို စာမှာရော အားကစားမှာပါတော်တဲ့ စံပြကျောင်းသူတစ်ယောက်၊ တစ်နေ့ သူ့အစ်ကိုဆန္ဒအတိုင်း ရဲအရာရှိဖြစ်လာအောင် ကြိုးစားနေသူရယ်ပါ။ ဒီလိုနဲ့ တစ်နေ့ သူတို့ရွာကို ဆေးအတုလုပ်ချင်တဲ့ လူတစ်စုရောက်လာပြီး သူကြီးနဲ့ပေါင်းလို့ မကောင်းတာတွေအစုံလုပ်ဖို့ ကြိုးစားတာကြောင့် ပါလေတို့မိသားစုကိုထိခိုက်လာတဲ့အခါ… ညီမနဲ့အဒေါ်အတွက်ပဲ တစ်သက်လုံးရှင်သန်လာခဲ့တဲ့သူ၊ မိသားစုကို အသက်ထက်ပိုတန်ဖိုးထားတဲ့ပါလေတစ်ယောက် မိသားစုကိုလာထိပါးချိန်မှာ သားရဲတစ်ကောင်လိုပြောင်းလဲသွားပြီး ဘယ်လိုလက်စားချေမလဲဆိုတာ ရှုစားရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)

7.4 2023 135 mins
Cheta Singh
The Donkey King
5.2

ဒီကားလေးက animation ဇာတ်ကားတွေထဲမှာဆိုရင် ထူးထူးခြားခြားဖြစ်တာတစ်ခုက အိန္ဒိယအပြင်အဆင်တွေနဲ့ ရိုက်ထားတာပါပဲ Zootopia တို့လို ဇာတ်ကားမျိုးကိုနှစ်သက်တဲ့သူတွေဆိုရင်တော့ ဒီဇာတ်ကားကိုလည်းကြိုက်ကြမယ်ထင်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ စိတ်ကူးယဉ်တဲ့မြည်းလေးတစ်ကောင်က စိုင်ကော်လို့ခြုံပေါ်ရောက်တာနေဖြစ်လာမဲ့ အခက်အခဲတွေရင်ဆိုင်ဖြေရှင်းရတဲ့အကြောင်းလေးပါ နိုင်ငံရေး အယူအဆဟာသတွေနဲ့ ပြည့်နှက်နေတဲ့ကားလေးမို့လို့ ကိုယ်တွေအနေနဲ့ကြည့်သင့်တဲ့အထဲမှာပါတဲ့ ကားကောင်းလေးပါ Rating အနဲငယ်နိမ့်တယ် ထင်ရပေမယ့် ဇာတ်လမ်းရဲ့တင်ဆက်မှုက အဆင့်အတန်းတစ်ခုရှိတဲ့အတွက် ကြည့်ပြီး နောင်တရမဲ့ကားမျိုး မဟုတ်တာတော့ အသေချာပါပဲ File size… 2 GB, 966 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Adventure, Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Aries

Animation • Drama • Comedy
5.2 2020
The Donkey King
When the Phone Rang Kada je zazvonio telefon
6

When the Phone Rang (2024) IMDb Rating (6.0) ဒီအဖြစ်အပျက်တွေဟာ စာအုပ်တွေ ရုပ်ရှင်တွေနဲ့ လူတစ်ချို့ရဲ့ မှတ်ဉာဏ်ထဲပဲ နိုင်ငံတစ်ခုအဖြစ်ကျန်တော့တဲ့ မရှိတော့တဲ့ နိုင်ငံတစ်ခုမှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေလို့ဆိုတယ်။ ရုပ်ရှင်ထဲတော့ မပြောသွားပေမဲ့ ယူဂိုဆလားဗီးယားပါပဲ။ အဲဒီနိုင်ငံရဲ့ရှိနေခြင်းနဲ့ မရှိတော့ခြင်းကြားက ငွေကြေးအဖောင်းပွဆုံး အကြမ်းအဖက်ဆုံး မငြိမ်သက်ဆုံး အခြေအနေကိုဖြတ်သန်းခဲ့တဲ့ အမျိုးသမီးတစ်ယောက်က အဲဒီကာလအကြောင်း ဇာတ်ကြောင်းပြန်ပြောထားတယ်။ ဒီလိုကားတွေဟာ ပုံမှန်ဆိုရင်တော့ ဒိုကူမန်ထရီဆန်နေတာများပေမဲ့ ဒီတစ်ကားကတော့ ထူးထူးခြားခြား ကဗျာဆန်နေပါတယ်။ ဖုန်းသံမြည်လာတုန်းကဆိုတဲ့ စာကြောင်းနဲ့ပဲ အဖြစ်အပျက်တွေကို ထပ်ခါထပ်ခါ ချိတ်ဆက်ပြီး တင်ဆက်သွားတယ်။ အချိန်ကလည်းတိုတိုလေးပါပဲ ။ ဒါပေမဲ့ ပျက်တော့မယ် နိုင်ငံကြီးထဲက လူပေါင်းစုံကို မြင်နေခဲ့ရတယ်။ မလိုမပိုနဲ့ တင်ဆက်ပုံ တော်တော်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ပျက်လုဆဲဆဲလိုလိုဖြစ်နေတဲ့ နိုင်ငံထဲက လူတွေ ကြည့်ရင်တော့ ပိုအရသာရှိလောက်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.3 GB) / (890 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:13:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama
6 2024 73 mins
When the Phone Rang Kada je zazvonio telefon
Condition of Return
5.5

ဇာတ်လမ်းအကျဉ်းကတော့ ဝတ်ပြုသူတွေအများဆုံးတက်ရောက်ကြတဲ့အီစတာနေ့ တနင်္ဂနွေနေ့မှာ ဘုရားကျောင်းတစ်ခုဆီကိုဆူလဗန်ဆိုတဲ့အမျိုးသမီးဟာရောက်လာတယ်။ ပါးစပ်ကနေ ခွင့်လွှတ်ပေးဖို့အကြောင်းဘုရားသခင်ထံအထပ်ထပ်အခါခါရွတ်ဆိုတိုင်တည်ပြီးနောက်မှာ အထုတ်တစ်ထုတ်ကို ဆွဲယူပြီး ကျောင်းဝန်းထဲကိုရောက်လာတယ်။ ဘုန်းတော်ကြီးထံမှ ဩဝါဒခံယူနေကြတဲ့ဆုတောင်းသူကြားထဲရောက်တော့ အထုတ်ထဲက သေနတ်ကိုထုတ်ပစ်လိုက်ပါတော့တယ်။ လူအတော်များများသေဆုံးသွားကြသလို ထိခိုက်ဒဏ်ရာရသူတွေလည်းအများကြီးရှိပါတယ်။ ပစ်ခတ်ပြီးနောက်မှာဆူလဗန်ကိုရဲတပ်ဖွဲ့ကဖမ်းဆီးထားလိုက်ပါတယ်။ လက်ထောက်ဒါရိုက်တာစတန့်ဖို့ဒ်က ဒေါက်တာသောမတ်စ်ကိုခေါ်လိုက်ပြီး ဆူလဗန်ကိုအင်တာဗျူးခိုင်းပါတယ်။ ဒါ့အပြင် ဆူလဗန်ဟာ စိတ်ရောဂါရနေတာမဟုတ်ဘဲတရား ရင်ဆိုင်လို့ရကြောင်း အစီရင်ခံစာပဲအတင်းရေးဖို့ပြောနေပြီး ဒေါက်တာကိုအင်တာဗျူးစခိုင်းပါတော့တယ်။ ဘာသာတရားကိုနက်နက်ရှိုင်းရှိုင်းယုံကြည်သူတစ်ယောက်က ဒီလိုဖြစ်သွားတာကိုမယုံကြည်နိုင်ဖြစ်နေတဲ့အတွက် ဆူလဗန်လည်းသူ့အကြောင်းကိုစတင်ပြောပြပါတော့တယ်။ File Size… (982 MB) / (562 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 33m Genre …..Crime , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML

5.5 2024 93 mins
Condition of Return