YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM)GetAWAY.2020.1080p.WEB-DL.DD5.1.H.264-FGT.mp4

1.5 GB N/A video/mp4 766 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Das Ka Dhamki
5.6

IMDb-6.9/10 Hit The First Case မူရင်းတေလဂူးကားရဲ့ ဇာတ်ဆောင်မင်းသားကြီး Vishwak Sen ကိုယ်တိုင်ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ ဇာတ်လမ်းအညွှန်း ကုဋေ ၁၀၀၀၀ ၀န်ထမ်းပေါင်း ထောင်ချီနဲ့ လည်ပတ်နေတဲ့ ကုမ္မကြီးတစ်ခုရဲ့ ရည်ရွယ်ချက်အိပ်မက်က ကင်ဆာကင်းစေတဲ့ ကမ္ဘာကြီးတဲ့ အဓိကဇာတ်ဆောင်ခရစ်ရှနာဒါ့စ်ဆိုတဲ့ကောင်လေးက မိခင်ကငယ်ငယ်တည်းက ကင်ဆာနဲ့ဆုံးသွားလို့ မိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့သူ ရိုးသားကြိုးစားပြီးဘဝကိုရှင်သန်နေပေမဲ့ ဆင်းရဲတဲ့ဘ၀ကြီးကို နှိမ်ချပြောတတ်ကြတဲ့ပတ်၀န်းကျင်ရဲ့ဒဏ်တွေကြောင့် ချမ်းသာကြွယ်၀လာချင်နေတဲ့သူ တစ်ရက်သူအလုပ်လုပ်တဲ့‌ဟိုတယ်မှာပဲ ကာစတန်မာတစ်ယောက်ရဲ့ မှိုချိုးမျှစ်ချိုးစကားကြောင့် ဘယ်လောက်ကုန်ကုန် အဲဒီဟိုတယ်မှာတစ်ညတာပျော်ပါးဂုဏ်‌ပကာသနတွေ၀ယ်လိုက်မယ်ဆိုပြီး လစာတွေပုံအောသုံးပါရော အဲဒီညမှာပဲ ကီရ်သီးဆိုတဲ့မိန်းမချောလေးနဲ့တွေ့ပြီး သူကြွယ်သူဌေးပါလို့လိမ်ပြီး အနားကပ်တော့တာပေါ့ ဒီဟိုတယ်ကစားပွဲထိုးက ဒီဟိုတယ်ကအထူးဧည့်သည်ဆိုတဲ့လိမ်ဆင်ကြီးက ပေါ်သွားဖို့လွယ်ကူလွန်းမနေဘူးလား ဒီ‌‌ ရွှင်နောက်နောက်ဇာတ်ဆောင်မင်းသားနဲ့ ကင်ဆာကင်းစင်ရေး ပရောဂျက်ကဘယ်လိုတွေပတ်သက်လာမှာလဲ နှစ်ကိုယ်ခွဲဆိုတော့ နောက်တစ်ကိုယ်ကရောဘယ်လိုလူစားဖြစ်နေမလဲဆိုတာ ရှူစားကြည့်ပါဦး File size…2.4GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Yunni~BpL~Nyein~HM~Cherry

Drama • History • Music
5.6 2023 150 mins
Das Ka Dhamki
Murder Mystery
6.3

၂၀၁၉ထွက်ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေး ချင်ပါတယ်။ နာမည်ကြီးမင်းသားမင်းသမီးတွေ ပါဝင် ထားတဲ့ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကိုစလိုက်ရအောင်ဗျာ ... နယူးယောက်က  စုံထောက်စာမေးပွဲကိုခဏခဏကျတဲ့ ရဲအရာရှိတစ်ယောက်နဲ့ သူ့မိန်းမ ကအိမ်ထောင်သက် ၁၅နှစ် ပြည့်မှာ ဇနီးသည်ရဲ့အလိုဆန္ဒကိုလိုက်လျောသော အားဖြင့် မင်္ဂလာဦးပေးထားခဲ့တဲ့ ဥရောပခရီးထွက်ဖို့ဖြစ် လာခဲ့ပါတယ်။ လေယာဉ်ပေါ်‌ရောက်တော့ ကယ်ဗန်ဒစ်ချ် ဆိုတဲ့လူတစ်ယောက်နဲ့ရင်းနှီးသွားတယ်။ စကားတွေ ပြော ဖြစ်ရင်းနဲ့ သူ့ဦးလေးဘီလီယံနာ အဖိုးကြီးမင်္ဂလာဆောင် ဂုဏ်ပြုပွဲလုပ်တဲ့အပန်းဖြေသင်္ဘောကိုခေါ်လို့လင်မယား နှစ်ယောက်လိုက်သွားတာပေါ့။ ညဖက်ရောက်တော့အခန်းထဲမှာအဖိုးကြီးရဲ့မိသားစုတွေ မိတ်ဆွေရှေ့မှာ အဖိုးကြီးက သူ့ဇနီးသည်ငယ်ငယ်လေးကို သူပိုင်ဆိုင်သမျှ ဘီလီယံနာ ၇၀ လုံးလွှဲပေးဖို့လက်မှတ် ထိုးခါနီး ရုတ်တရက်မီးပြတ်ပြီး အဖိုးကြီးအသတ်ခံလိုက် ရတယ်။ ဇာတ်လမ်းကအဲ့ကနေစတော့တာပဲ . . . ဒါနဲ့ ရဲလင်မယားနှစ်ယောက်က သံသယရှိတဲ့လူတွေကို စုံစမ်းကြတယ်၊ သူတို့သံသယရှိတယ်လို့ထင်တဲ့သူတွေက လည်း တစ်ယောက်ပြီးတစ်ယောက်သေသွားကြတယ်။ ဘယ်လိုအလွဲလေးတွေနဲ့လိုက်စုံစမ်းကြမလဲဆိုတာ ရယ် စရာတွေကြည့်ရင်းရင်းအပန်းဖြေရင်းကြည့်ကြမယ်ဗျာ IMDB rating 6.1ရထားတဲ့ ဟာသ ကားလေးမို့အားပေးကြပါဦး (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုတင်မျိုးလွင် ပါ) File Size : (800 MB) and (400 MB) Quality : NF WEB-DL 720p Running Time : 1h 37min Format : Mp4 Genre : Action, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p.NF.WEBRip.DDP5.1.x264-NTG Translated by Tin Myo Lwin Encoded by THZ

Comedy • Drama • Romance
6.3 2019 97 mins
Murder Mystery
Angel Heart
7.1

လောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်တာမို့ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတတ်တာက သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ရလိုက်တဲ့အရာတစ်ခုက ပေးဆပ်လိုက်ရတာနဲ့ ထိုက်တန်မှု ရှိပါ့မလားဆိုတာကတော့.. IMDB 7.2/10, Rotten Tomatoes 82% ရရှိထားတဲ့ Mysetery/Psychological Horror/Thriller အမျိုးအစား၊ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုအများအပြားရရှိထားတဲ့ Old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီက နာမည်ကြီး ဒါရိုက်တာကြီး (အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) Alan Parker ရဲ့ Mississippi Burningတို့ Birdyတို့လို ပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကိုပြောရမယ်ဆိုရင်တော့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက်က လူပျောက်ရှာပေးဖို့ အမှုလာအပ်ခဲ့တာပါ။ ရှာပေးရမယ့်လူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဓာတ်ပုံလည်းမရှိ နေရပ်လိပ်စာလည်းမသိဘဲ သူ နောက်ဆုံးတက်ခဲ့တဲ့ဆေးရုံလိပ်စာကလွဲလို့ ဘာဆိုဘာမှမသိတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုကနေ စခဲ့ရပါတော့တယ်။ ဇွဲကြီးတဲ့အိန်ဂျယ်တစ်ယောက် သူ့အမှုသည်စိတ်ချမ်းသာဖို့အရေး ဂျွန်နီဖေးဘရစ်နဲ့ သိကျွမ်းခဲ့တဲ့လူတွေကို အင်တာဗျူးရင်း၊ ကြိုးကြိုးစားစား လိုက်လံတွေ့ဆုံရင်းနဲ့ အမှုက ထင်သလို ရိုးရှင်းတဲ့ လူပျောက်မှုမဟုတ်တာကို သိလိုက်ရပါတော့တယ်။ မှော်နက်ပညာလို့ခေါ်တဲ့ စုန်း၊ ကဝေအတတ်တွေနဲ့ ဆက်စပ်နေတဲ့အပြင် မထင်မှတ်ဘဲ သူအင်တာဗျူးခဲ့တဲ့လူတွေက ကြေကွဲဖွယ်အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရပြီး သူ့ဆီကိုပါ အဲဒီအဖြစ်ဆိုးတွေက တွယ်ငြိယစ်နွယ်လာခဲ့ချိန်မှာတော့.. အဲဒီအဖြစ်ဆိုးတွေက လွတ်အောင် သူ ရုန်းထွက်နိုင်သွားမှာလား.. ဂျွန်နီဖေးဘရစ်ကိုရော ရှာဖွေတွေ့ရှိသွားနိုင်မှာလား.. သူရှာတွေ့ခဲ့တဲ့အမှန်တရားကရော ဘာများဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းရဲ့ အဆုံးနားလောက်မှာ အိန်ဂျယ်ပြောလိုက်တဲ့ မန္တလေးဆိုတာက Road to Mandalay ဆိုတဲ့ကဗျာကို ရည်ညွှန်းတာပါ.. ဟုတ်ပါတယ်..မြန်မာနိုင်ငံက မန္တလေးပါ.. မြန်မာနိုင်ငံကိုရောက်လာခဲ့တဲ့ ဗြိတိသျှစစ်သားတစ်ဦးက မန္တလေးမြို့အကြောင်း ၁၈၉၀ခုနှစ်လောက်က လွမ်းဆွတ်ဖွယ်ရေးဖွဲ့ထားခဲ့တဲ့ ကဗျာပါ.. မြန်မာနိုင်ငံက ချစ်သူကိုရည်ညွှန်းဖွဲ့ဆိုထားတယ်လို့လည်း ဆိုကြပြီးတော့.. သီချင်းလည်း ရှိပါတယ်.. ဇာတ်ကားနဲ့ ကဗျာနဲ့ ဘယ်လိုဆက်စပ်လဲဆိုတာကတော့ ... Spoiler ဖြစ်သွားမှာစိုးလို့ သိချင်ရင် ဇာတ်ကားကိုပဲ ကြည့်ကြည့်လိုက်ကြပါလို့။ ဪ.. သွေးထွက်သံယိုအခန်းတွေနဲ့ အသက်ပြည့်မှ ကြည့်လို့ရမယ့်အခန်းတွေပါတာမို့ ထုံးစံအတိုင်း ကြောက်တတ်ရင်၊ အသက်မပြည့်သေးရင် ပြည့်အောင်ဖြည့်ကြည့်ကြပါလို့) File size…(2.9 GB)/(1.2 GB)/(570 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Thriller
7.1 1987 113 mins
Angel Heart
The Goblin
5

‌“သွေးက ရေထက်ပျစ်တယ်”ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ ဒါဟာ သွေးသားတော်စပ်မှုတစ်ခုထဲကိုပဲ ဖော်ညွှန်းတာတော့ မဟုတ်ပါဘူး လူသတ်သမားတစ်ယောက်အတွက်တော့ ပျစ်နှစ်တဲ့ သွေးစက်တွေက ရေထက်အရသာရှိမှာပေါ့ လူသတ်တဲ့နေရာမှာ တစ်ချက်လေးမှ တုံ့ဆိုင်းမှု ရှိမနေတာကြောင့် "မှင်စာ" လို့တင်စားခေါ်ဝေါ်ခံရတဲ့ လူသား ဂန်ဒူဟျွန်း ဆိုတဲ့ လူသတ်သမားပါ။ လူသတ်ဖို့ဆို လက်တွန့်ကြောက်ရွံ့နေတတ်တဲ့ ယောင်းမင်းကတော့ သူ့တို့ရဲ့သူဌေးကို သတ်လိုက်မိပြီးတဲ့နောက်မှာတော့ ဒူဟျွန်းက ယောင်းမင်းအစား လူသတ်တရားခံနေနဲ့ ထောင်ထဲမှာ ၁၀ နှစ်တိုင် နေခဲ့ရဖို့ အကြောင်းဖန်လာခဲ့ပါတယ် မွေးကင်းစသမီးလေးနဲ့ ဇနီးကို ပစ်ထားခဲ့ရပြီး ထောင်ကျခဲ့ရတဲ့အတွက် ထောင်ထဲကထွက်လာတဲ့အခါမှာတော့ သာမန်ဘဝလေးနဲ့ နေထိုင်ဖို့ လုပ်ထားခဲ့ပေမယ့်လည်း ကံတရားက ဒူဟျွန်း ကို ခွင့်မပြုခဲ့ပြန်ပါဘူး တကယ့်မှင်စာအစစ်ဖြစ်တဲ့ ဒူဟျွန်းတစ်ယောက် ထောင်ကထွက်လာပြီးတဲ့နောက်မှာတော့ သူ့ကိုယ်သူ မှင်စာလို့ ခံယူထားတဲ့ ယောင်းမင်းဟာ ဒူဟျွန်းရဲ့ သမီးကို ပြန်ပေးဆွဲခဲ့တဲ့အခါ ဒီပြဿနာကို ဒူဟျွန်းတစ်ယောက် ဘယ်လိုဖြေရှင်းမလဲ သမီးလေးကို ကယ်တင်ဖို့ ရက်စက်တဲ့မှင်စာဘဝကို ပြန်သွားမှာလား ဒါမှမဟုတ် ဘယ်လိုများ အဖြေရှာဆောင်ရွက်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် ဂန်ဒူဟျွန်းအနေနဲ့ မင်းသားကြီး Jo Dong-Hyuk က ပါဝင်ထားပြီး ယောင်းမင်းအနေနဲ့ကတော့ Heaven of Trees ထဲက လူတိုင်းရဲ့အချစ်တော် အစ်ကိုယွန်စောနေရာက ပါဝင်ခဲ့တဲ့ မင်းသား Lee Wan က သရုပ်ဆောင်ထားပါတယ် Lee Wan ကို ခပ်မိုက်မိုက်ဗီလိန်ကာရိုက်တာနဲ့တွေ့ရမှာဖြစ်လို့ လုံးဝလက်လွှတ်မခံသင့်တဲ့ ကားပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Action Quality…. 1080p | 720p | 480p File size…1.1GB | 513MB | 251MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator .....Hmwe Thet Winn Encoder ..... August

Drama
5 2022 90 mins
The Goblin
After Yang
6.5

~ IMDb - 6.8/10 , RT - 86%, Metacritic - 79% ~ Directed By Kogonada A24 ကဖြန့်တဲ့ ရုပ်ရှင်ဆိုတော့ ဒီရုပ်ရှင်ကို မကြည့်မိခင်မှာ A24 ဖန်တစ်ယောက်က Ex Machina နဲ့ Minari ကိုပေါင်းထားတဲ့ ရုပ်ရှင်မျိုးပဲ တော်တော်ကောင်းတယ်လို့ ပြောတာ ဖတ်လိုက်ရသေးတယ်။ ကျွန်တော့်အတွက် ဒုတိယအချက်ကို လက်ခံနိုင်ပေမဲ့ ပထမအချက်ကို လက်ခံဖို့တော့ ခက်ပါတယ်။ တစ်ကားလုံးမှာတော့ မဟုတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ တစ်ချို့နေရာတွေမှာ တာကော့စကီးဆီက အရသာမျိုး ခံစားရတယ်။ ကိန်းမှာပြခဲ့လို့ ၂၀၂၁လို့ရေးထားပေမဲ့ တကယ်တမ်း ဒီရုပ်ရှင်ဟာ မနေ့ကမှ ထွက်တာဆိုတော့ ၂၀၂၂ပဲလို့ပြောရမယ်။ ပုဂ္ဂလိက ခံစားချက်အရတော့ မနှစ်က အသိရခက်ပြီး ကိုင်းခွဲများတဲ့ Drive My Car ရဲ့ Poetic ဖြစ်မှုကို အတော်သဘောကျခဲ့သလိုပဲ ဒီနှစ်လည်း အရမ်းအသိရမခက်ဘဲ ကိုင်းခွဲများတဲ့ After Yang ရဲ့ Poetic ဖြစ်မှုကို တော်တော်သဘောကျမိတယ်။ Poetic Cinema ကိုကြိုက်တဲ့သူတွေ ကျိန်းသေကြည့်ကိုကြည့်သင့်တဲ့ကားပါပဲ။ ဇာတ်အိမ်ကတော့ ကာလတစ်ခုမှာတည်ထားတယ်။ လူဖြူအမျိုးသားနဲ့ လူမဲအမျိုးသမီးလင်မယားက တရုတ်မလေးတစ်ယောက်ကို မွေးစားထားတယ်။ ပြောရရင် လူမဲ၊လူဖြူ၊အာရှမိသားစုပေါ့။ လူမျိုးရေးအရမ်းဆန်နေသလိုဖြစ်နေပေမဲ့ ဘာလို့တရုတ်မလေးကိုမှ မွေးစားထားလဲဆိုတဲ့အကြောင်းအရာကို ပေါ်‌လွင်အောင် လူဖြူအမျိုးသားရဲ့ ဇာတ်ကောင်ကို သေချာတည်ဆောက်ထားတာပါပဲ။ အကျိုးသင့်အကြောင်းသင့်ရှိတယ်လို့ ပြောရမယ်။ သူတို့က ဒီတရုတ်မလေးကို မွေးစားလိုက်ပေမဲ့ သူ့မူလဇာတိမျိုးရိုးဖြစ်တဲ့ တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကိုလည်းသိစေချင်တယ်။ ဘာလို့ သိစေချင်ရလဲဆိုတဲ့အချက်ကို ကိုင်းကူးကိုင်းဆက်လုပ်ထားတဲ့ အပင်တွေနဲ့ ဥပမာပြသွားတာလေးကလည်း တော်တော်လေးလှတာပါပဲ။ ကိုင်းဆက်ထားတဲ့ အကိုင်းဟာ သူလက်ရှိတည်နေတဲ့ သစ်ပင်နဲ့ ကြာလာရင် တစ်သားတည်းဖြစ်ပြီး တစ်စိတ်တစ်ပိုင်းဖြစ်သွားမှာဖြစ်သလို မူလဇာတိသစ်ပင်ကလည်း အရေးပါတယ်တဲ့။ တရုတ်ကလေးမလေးကို ‌မွေးစားထားတဲ့ မိဘ၂ယောက်ဟာ သူတို့ကိုယ်တိုင်ကလည်း မအားကြဘူး။ ကလေးကိုလည်း သူ့လူမျိုးယဉ်ကျေးမှုအကြောင်းသိစေချင်တော့ စက်ရုပ်လို့ ပြောလို့ရသလို စက်ရုပ်လို့ပြောလို့လည်းမရတဲ့ အရာတစ်ခုဝယ်ပေးလိုက်တယ်။ TECHNO-SAPIEN တဲ့။အလွယ်ပြောရရင် နည်းပညာနဲ့လုပ်ထားတဲ့လူသားပေါ့။ သူ့နာမည်က ယန်းပါ။ တရုတ်ပုံစံနဲ့ တရုတ်ယဉ်ကျေးမှုအကြောင်း အကုန်သိတဲ့ Techno ပေါ့။ ယန်းရဲ့အသိဉာဏ်က ထင်တာထက်မြင့်နေတော့ ယန်းဟာ ကလေးမလေးကို တရုတ်အကြောင်းသင်ပေးရုံတင်မဟုတ်ဘဲ အကိုတစ်ယောက်လိုပါ ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်။ ကလေးမလေးကလည်း ယန်းကို အရမ်းအားကိုးပါတယ်။ ဒီလိုနဲ့ တစ်နေ့ကျ ယန်း ရုတ်တရက်ကြီး ပါဝါကျသွားတယ်။ ဒီရုပ်ရှင်ဟာ ယန်းပါဝါပိတ်ကျသွားပြီးနောက်ပိုင်း သူတို့အခြေအနေကို ကျောရိုးတည်ပြီး ကိုင်းခွဲများစွာနဲ့ အတွေးပွားစရာပေးထားတဲ့ ရုပ်ရှင်ပါ။ After Yang လည်း Drive My Car လိုပဲ တစ်ခုထက်ပိုတဲ့ ရှု့ထောင့်ကနေ ကြည့်ရှုသူ စိတ်ကြိုက်ခံစားလို့ရတဲ့ ကားမျိုးဆိုတော့ ကြည့်ရှုသူရဲ့ ခံစားချက်ကို ခလုတ်တိုက်စေမယ့် အရာတွေများတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ကျွန်တော်တော်တော် သဘောကျသွားတယ်ပြောရမှာပဲ။ အထူးသဖြင့် တရုတ်လက်ဖက်ရည်ကြမ်းရဲ့ အရသာကိုခံစားတဲ့အခန်းတို့ လောင်ဇူးရဲ့ ဒဿနကို အကျယ်ဖွင့်ကြတဲ့ အခန်းတို့ သစ်တောထဲ Long take ရိုက်ထားတဲ့အိပ်မက်ဆန်ဆန်အခန်းတို့ပေါ့။ လူသားတွေရဲ့ ငါဗဟိုပြုဝါဒတို့ ကလေးမွေးစားရေးနဲ့ပက်သက်တဲ့အကြောင်းတို့ကတော့ ပုဂ္ဂလိက ခံစားချက်အရတော့ သိပ်မညိလိုက်ပါဘူး။ သို့ပေမဲ့ လွတ်လွတ်လပ်လပ် ခံစားလို့ရတဲ့ရုပ်ရှင်ဆိုတော့ ညိချင်တဲ့လူ ညိချင်တဲ့နေရာညိမှာပါပဲ။ ယန်းဟာ လူမဟုတ်တဲ့ လူသားနဲ့တူအောင်လုပ်ထားတဲ့ နည်းပညာတစ်ခုပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲက လူတွေရဲ့ ဘဝမှာ ယန်းဟာ လူသားတစ်ယောက်လို အရေးပါနေတယ်။ ကျွန်တော့်မှာလည်း လူသားမဟုတ်ပါဘဲ လူသားတစ်ယောက်လို သံယောဇဉ်တွယ်ရတဲ့ အရာတွေရှိခဲ့ဖူးတယ်။ အရုပ်လို့တောင်မသုံးချင်တဲ့ ဝက်ဝံလေး၂ကောင်ပေါ့။ အားလုံးမဟုတ်တောင် ဒီလိုမျိုးရှိတဲ့ လူတွေရှိကြမှာပါပဲ။ လူ့ခံစားချက်ဟာ သက်ရှိခြင်းသက်မဲ့ခြင်းနဲ့ မဆိုင်ပါဘူး။ ဘယ်လိုပဲဆိုဆို အချိန်တစ်ခုမှာတော့ အခြေအနေအကြောင်းကြောင်းနဲ့ လက်လွတ်ရတာပါပဲ။ ဒီလိုပဲ နေသားကျအောင်နေလာကြရတာပါပဲ။ ရုပ်ရှင်ထဲ သေချာမပြသွားပေမဲ့ ယန်းမရှိတော့တဲ့နောက်မှာ (After Yang) တရုတ်ကလေးမလေး မီခါဟာ ကျွန်တော်တို့လို့ပဲ ယန်းကို လက်လွတ်တတ်ဖို့ သင်ယူသွားရမှာပါပဲ။ တစ်ချို့ကပြောကြတယ်။ အရာရာမှာ အဆုံးသတ်မရှိဘူးတဲ့။ ပေါက်ဖတ်ရဲ့ အဆုံးသတ်ဟာ လိပ်ပြာရဲ့အစလို့ဆိုကြတယ်။ ရှိခြင်းရှိဖို့ မရှိခြင်းလည်းရှိရမယ်လို့တော့ ဆိုကြတာပါပဲ။ ပသို့ပဲဆိုဆို ဒီလောကကြီးမှာ ဘာမှမရှိတော့တဲ့ အဆုံးသတ်တွေလည်း ရှိကြတာပါပဲ။ After Yang ဟာ ယန်းရဲ့ အသစ်ပြန်ဖြစ်စရာမရှိတော့တဲ့ အဆုံးသတ်ကို လက်မခံနိုင်ရင်း လက်ခံလိုက်ရတဲ့သူတွေအကြောင်းပါပဲ။ After Yang ကို ကိန်းနဲ့ Sundance တို့လို နာမည်ကျော်ရုပ်ရှင်ပွဲတော်တွေမှာ ပွဲဦးထွက်ပြထားပြီး မတ်လ၄ရက်နေ့မှာ ရုံမှာရော Streaming ပလက်ဖောင်းတွေမှာရော ပြခဲ့ပါတယ်။ "Saying Goodbye to Yang" ဆိုတဲ့၀တ္တုတိုကို မှီငြမ်းပြီး ၂၀၁၇ရဲ့ အလှပဆုံးကားတွေထဲက တစ်ကားဖြစ်ခဲ့တဲ့ Columbus ကိုရိုက်ခဲ့တဲ့ Kogonada ကပဲ ရိုက်ကူးထားပါတယ်။ Poetic Cinema အရသာကို ကောင်းကောင်းရစေမယ့် Sci-Fi Drama ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.2GB, 500MB Quality - Web-dl 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 36Min Genre - Drama, Sci-fi Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 2021 96 mins
After Yang
They Live in the Grey
5

ပရလောကဘက်ကို မြင်နေရတဲ့ ကလယ်ရီဆိုတဲ့ အမျိုးသမီးဟာ လူတွေမယုံကြမှာစိုးလို့ သူ့အစွမ်းကို ဘယ်သူ့ကိုမှ အသိမခံဘဲ မျိုသိပ်နေရတဲ့သူပေါ့။ သူ့အလုပ်က အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ ကလေးတွေရှိရင် အဲဒီကလေးတွေဘက်ကနေပြီး မိဘတွေကို ပြန်တရားစွဲတဲ့အလုပ်မျိုးပေါ့။ ကလေးသူငယ်ကာကွယ်ရေးလို့ဆိုရမယ်။ တစ်နေ့ကျ သူကလေးတစ်ယောက်ကိုစစ်တော့ ကလေးက သူ့မိဘတွေ အနိုင်ကျင့်တာခံနေရတာမဟုတ်ဘဲ သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်‌နေမှန်း သိလိုက်ရတယ်။ သရဲတစ်ကောင်က ကလေးကို အန္တရာယ်ပေးနေတာ‌ပေါ့။ ဒီတော့ သူက ကလေးမိဘဘက်ကနေပြီး အမှုကို ဆိုင်းငံ့ထားသလို သရဲကို ရှင်းဖို့လည်း အကြောင်းဖန်လာတယ်။ ဒီလိုမျိုးကူညီချင်တဲ့သူပေမဲ့လည်း သူကိုယ်တိုင်လည်း သူ့ကလေးကို သူ့အမှားကြောင့်နဲ့ ဆုံးရှုံးထားတာမကြာသေးသလို၊ သူ့ကလေးကိုလည်း သူမြင်နေရသလို ဝမ်းနည်းစိတ်နဲ့ စိတ်ကျရောဂါခံစားနေရတဲ့သူပါ။ သူကိုယ်တိုင်ရဲ့ အခက်အခဲတွေကြားက ဒီသရဲတွေ အနိုင်ကျင့်ခံနေရတဲ့ကလေးကို ကူညီပေးနိုင်မလား... သရဲကားပေမဲ့ IMDb 5/10 အထိရထားတဲ့ ကားကောင်းတစ်ကားဖြစ်ပြီး ဇာတ်လမ်းအချိုးအကွေ့တွေမှာ ပရိသတ်ကို စိတ်ဝင်စားစေမိမယ့် ရုပ်ရှင်ပါပဲ။ အရမ်းကြီးကြောက်ဖို့ကောင်းမနေဘဲ ဇာတ်လမ်းဇာတ်ကွက် အဓိကပြတဲ့သရဲကားမို့ အသည်းငယ်တတ်လို့ အမြဲကျော်တတ်ကြသူတို့ ကျော်ကြည့်ဖို့ မလိုမယ့် ကြောက်ဖို့မကောင်းတဲ့ စိတ်ပညာ သရဲ ကလေးသူငယ်ပညာပေး ရောသမွှေမဆိုးတဲ့ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.10GB, 460MB Quality - 1080p, 720p IMDb Rating - 5/10 Format - mp4 Duration - 2H 3Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Fantasy
5 2022 124 mins
They Live in the Grey
The Unbeatable
6

CM ပရိသတ်ကြီးကို သိုင်းကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ နယ်စပ်မှာတည်ရှိနေတဲ့ ၄၈ခံတပ်ဟာ တစ်နေ့မှာတော့ မြောက်ပိုင်းသားတွေရဲ့ ဝင်ရောက်တိုက်ခိုက်ခြင်းနဲ့ကြုံတွေ့ခဲ့တယ်။ ၄၈ခံတပ်ခေါင်းဆောင် Li Zheng သမီးဖြစ်သူ Li Jin Rong ကိုစစ်ကူတောင်းဖို့စေလွှတ်လိုက်ရတယ်။ ဇာတ်ကြောင်းကတော့လောကကြီးအကြောင်းနားမလည်တဲ့ မမလေးဘဝကနေပြီး ဘာမှမကြောက်တတ်တဲ့ သူရဲကောင်းတစ်ဦးအဖြစ်ပြောင်းလဲလာပြီး ကလဲ့စားချေခြင်းအလယ်မှာ တစ်ဝဲလည်လည်ဖြစ်နေခဲ့ပြီး နှင်းခွင်းဓားရဲ့တစ်ဦးတည်းသော ဆက်ခံသူဖြစ်ခဲ့သော်ငြားလည်း သူရဲ့ ဖခင်နှင့် မွေးရပ်မြေကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီအတွက် နာကျင်မှုတွေကို သည်းခံအရှုံးမပေးပဲ စိန်ခေါ်မှုတွေနှင့် ပေးဆပ်မှုတွေကို ရင်ဆိုင်ရန် ကြိုးပမ်းနေတဲ့အချိန်မှာ နောက်ဆုံးမှာ သူမဟာအမှန်တရားကိုသိလိုက်ရတယ်။ အဲဒီအမှန်တရားကဘာဖြစ်နေမလဲဆိုတာကိုတော့ ဆက်ပြီးအဆုံးထိကြည့်ပေးပါဦး။

Crime • Drama • Thriller
6 2021
The Unbeatable
Danur 2: Maddah
5.2

Danur 2 (2018) သရဲတွေကိုမြင်နိုင်စွမ်းရှိပြီး သရဲသူငယ်ချင်းသုံးယောက်ရှိနေတဲ့ ဆယ်ကျော်သက်ကောင်မလေး ရီဆာ။အစ်မဖြစ်သူရဲ့ သရဲမြင်နိုင်တဲ့စွမ်းရည်ရှိတာကို ရှက်တတ်တဲ့ ညီမလေး ရီရီ။သူတို့နှစ်ယောက်ဟာ မိဘတွေအိမ်မှာမရှိကြတာမို့ ဘန်ဒေါင်းမြို့ကိုပြောင်းလာခါစဖြစ်တဲ့ အဒေါ်ဖြစ်တဲ့တီနာတို့မိသားစုဆီကို မကြာခဏသွားလည်ပြီး ညအိပ်လေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ အဒေါ်ရဲ့ယောက်ျားဖြစ်သူ အဟ်မဒ်ကို အပြင်မှာ‌ ကောင်မလေးတစ်ယောက်နဲ့တွေ့လိုက်ပါတော့တယ်။ ဦးလေးဖြစ်သူ အဟ်မဒ်ဖောက်ပြန်နေတယ်လို့ထင်ခဲ့ပြီး ရီဆာဟာ တစ်‌ယောက်တည်းစုံစမ်းနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ အဒေါ်ရဲ့အိမ်မှာ ထူးဆန်းတဲ့အရာတွေကိုခံစားလာရပြီး ဦးလေးဖြစ်သူအဟ်မဒ်ရဲ့အပြုအမူတွေဟာလည်း ထူးဆန်းလာတယ်လို့ အစ်ကိုဝမ်းကွဲ အန်ကီကပြောလာခဲ့ပါတယ်။ ဦးလေးဖြစ်သူနဲ့တွေ့လိုက်တဲ့ကောင်မလေးဟာ ဘယ်သူဖြစ်မလဲ အိမ်မှာရှိနေတဲ့သရဲမနဲ့တစ်ခုခုများပတ်သက်နေမလား။ ဦးလေးအဟ်မဒ်ရဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ ဘာကြောင့်လဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 711MB | 356MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khaing Encoder ….. Aaron

Crime • Drama • Family
5.2 2018
Danur 2: Maddah
The Invasion
5.9

The Invasion (2007) ================ IMDb Rating – 5.9/10 မကြာသေးခင်က တင်ဆက်ပေးထားတဲ့ Body Snatchers နဲ့ဝတ္ထု တစ်ပုဒ်ထဲကိုအခြေခံတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ကားမှာတော့ ကျောရိုးတစ်ခုကိုသာယူထားတာဖြစ်ပြီး ခေတ် အခြေအနေနဲ့ကိုက်ညီအောင် မွမ်းမံမှုတွေဖြည့်စွက်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတဲ့အတွက် ဆန်းသစ်တဲ့ခံစားချက်ကိုရရှိစေမှာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အာကာသလွန်းပျံယာဉ်တစ်စီးကမ္ဘာမြေ ပေါ်ကိုပျက်ကျပြီးတဲ့နောက် အသိဉာဏ်ရှိတဲ့ ဂြိုလ်သားသက်ရှိပုံစံ တစ်ခုကို အပျက်အစီးတွေနဲ့မလှမ်းမကမ်းမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ လွန်းပျံယာဉ်ပျက်ကျမှုကိုသွားရောက်စုံစမ်းခဲ့တဲ့ CDC ဌာနအကြီးအကဲ Tucker Kaufman ကို အဲ့ဒီ ဂြိုလ်သားဇီဝရုပ်က ပထမဆုံးပူးကပ်ထိန်း ချုပ်သွားခဲ့ပေမယ့် ဘယ်သူမှမသိလိုက်ကြပါဘူး။ မကြာခင်မှာပဲ တပ်ကာရဲ့ဇနီးဟောင်းစိတ်ကုဆရာဝန် Carol Bennell ဟာ သူ့လူနာတစ်ဦးကတစ်ဆင့် ပတ်ဝန်းကျင်မှာရှိတဲ့လူပုဂ္ဂိုလ်တစ်ချို့ရဲ့ ပြောင်းလဲမှုတွေကို စတင်သတိထားမိစပြုလာခဲ့ပါတယ်။အဲ့ဒီအချိန်တွေ အတွင်းမှာပဲ ဂြိုလ်သားဇီဝရုပ်ဟာ တိုင်းပြည်ရဲ့အရေးကြီးပုဂ္ဂိုလ်တွေအ ပါအဝင် လူအတော်များများကိုလျင်မြန်စွာပူးကပ်ကူးစက်နေပြီး ကမ္ဘာကြီး တစ်ခုလုံးကိုသိမ်းပိုက်အုပ်စိုးမိဖို့အချိန်တစ်ခုသာ လိုပါတော့တယ်။ Nicole Kidman နဲ့ Daniel Craig (James Bond) တို့လိုထိပ်တန်းသရုပ် ဆောင်တွေ ခေါင်းဆောင်ပါဝင်ထားပြီး မူရင်းဇာတ်ကားထက်မလျော့တဲ့ ထူးခြားဆန်းသစ်တဲ့ science fiction horror ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.99 GB) / (826 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Sci-Fi, Thriller Translator…….Alias Encoder……….SWM

Comedy • Science Fiction
5.9 2007 99 mins
The Invasion
Oddity
7.4

သဘာဝလွန်ဟော်ရာအမျိုးအစား ရုပ်ရှင်သစ်တစ်ခု ဘာသာပြန် တင်ဆက်ပေးထားပါတယ်။ ဟော်ရာတွေထဲမှာ rating 7.4 ရထားတာမို့ အတော်လေးကောင်းတယ်ပြောရမှာပါပဲ။ ဇာတ်လမ်းကတော့အရမ်းကြီးမရှုပ်ထွေးပါဘူး။ ဒါပေမဲ့ ကြောက်ရပါတယ်။ ဒါရိုက်တာ Damian Mc Carthy ကတော့ အရင်က ရုပ်ရှင်တိုတွေလောက်ပြ အဓိကရိုက်ဖူးတာမို့ သူ့လက်ရာအသစ်အနေနဲ့ အတော်လေး အလားအလာရှိတယ်လို့ ပြောရမှာပါပဲ။ ဇာတ်လမ်းအကျဉ်း ***************** ဒေါက်တာ တက်ဒ်ဟာ စိတ်ရောဂါကုဆရာဝန်ဖြစ်ပြီး စိတ်ကျန်းမာရေး ဆေးရုံမှာ ညဘက်တွေ တာဝန်ကျနေတဲ့သူပါ။ တစ်ညမှာတော့ သူ့ရဲ့ ဇနီးကို သူ့လူနာတစ်ယောက်က ညဘက်ကြီးမှာ သတ်သွား ပါတယ်။ အဲဒီနောက်မှာ သူ့ရဲ့ နောက်အမျိုးသမီးနဲ့ အဲဒီအိမ်မှာ နေနေပါတယ်။ တစ်နေ့မှာတော့ သူ့ဇနီးရဲ့ အမွှာညီမ မျက်မမြင် အကြားအမြင် ရောက်လာပြီး သူ့ဇနီးကိုသတ်တာ သူ့လူနာ မဟုတ်ဘူးဆိုပြီး ထုတ်ပြောလာပါတယ်။အဲဒီကနေ တဖြည်းဖြည်း အမှန်တရားပေါ်လာပြီး ကြောက်စရာကိစ္စတွေ ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းက အစပိုင်းမှာ နည်းနည်းလေး ကျောချမ်းစရာလောက်ပဲ ပြပြီး နောက်ပိုင်းမှာတော့ ဝုန်းခနဲခြောက်တာမျိုးတွေ ပါလာပါတယ်။ ကြောက်ချင်တဲ့သူတွေရော ဇာတ်လမ်းကောင်းကြိုက်တဲ့သူတွေရော ကြည့်သင့်တဲ့ကားပါပဲ။ File size…4.29GB / 1.14GB / 531MB Quality…WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 38m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

7.4 2024 98 mins
Oddity
Valley Girl

Valley Girl (2020) ****************** ဒီဇာတ်ကားလေးကတော့ Musical Romantic Comedy ဇာတ်ကားအမျိုးအစားလေးပါ… အရမ်း Sweet ဖြစ်ပြီးတော့ ရိုထားတဲ့ ကားလေးပါ။ ရယ်လည်းရယ်ရသလို တစ်ကားလုံးမှာလည်း… သီချင်းလေးတွေနဲ့ တကယ် နားထောင်ပြီး ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။ တောင်ကြားမြို့လေးထဲမှာရှိတဲ့… ဆယ်ကျော်သက်ကောင်မလေးတွေက ဖက်ရှင်ဆိုလည်းဆင်တူ ဝတ်ကြတယ်။ ဘဝကိုလည်း… ပျော်ပျော်ပဲဖြတ်သန်းကြပေမဲ့ အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာတော့ အထက်တန်းစားယောက်ကျားမှ… ဖြစ်ရမယ်ပေါ့။ အဲဒီအထဲမှာမှ ဂျူလီ ဆိုတဲ့ ကောင်မလေးက တစ်မူထူးခြားလှပါတယ်။ ရှေးရိုးစွဲ မဆန်ချင်ဘူး။ အချစ်ကို ကိုးကွယ်သလို ဘယ်လိုအတန်းအစားပဲနေနေ ချစ်ခဲ့မယ်ဆိုရင် ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့… အသင့်ဖြစ်နေသူလေးပါ။ အဲဒီလို ကောင်မလေးနဲ့ မိဘမရှိ လေလွင့်နေတဲ့ ရမ်ဒမ် ဆိုတဲ့ ကောင်လေးတို့ … ကမ်းခြေမှာ ဆုံတွေ့ခဲ့ကြတယ်။ မတူညီတဲ့ပတ်ဝန်းကျင်က မွေးဖွားခဲ့ကြသလို…အယူအဆတွေမှာလည်း… ကိုယ်စီကွဲပြားကြလေတော့ ရေရှည်မှာ အချစ်ကိုအရင်းတည်တဲ့သူတို့နှစ်ယောက်ဟာ ဟန်ချက်ညီစွာလျှောက်လမ်းဖို့ … အတော်ခက်တယ်ပြောရမှာပေါ့…ကိုင်းသူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်…. File Size : 2.84GB / 1.33GB Quality : 1080p 5.1ch / 720p Duration : 01:42:00 Genre : Comedy ,Romance , Music Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Heather Oo

Adventure • Comedy • Drama
0 2020 102 mins
Valley Girl
The Match
7.4

The Match (2025) ****************** IMDb… 7.4 ဝါရင့်မင်းသားကြီး Lee Byung Hun၊ မင်းသား Yoo Ah In၊ က‌လေးသရုပ်ဆောင် Kim Kang Hoonတို့ အဓိကပါဝင်ထားပြီး တကယ့် သရုပ်ဆောင်ကောင်းတဲ့ မင်းသားတွေဖြစ်တဲ့အတွက် ကြည့်ပြီး လုံးဝ နောင်တမရ‌‌စေမဲ့ကားကြီးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ကိုးရီးယားနိုင်ငံတွင်းမှာသာမက တစ်ကမ္ဘာလုံးပြိုင်ဘက်ကင်း လက်ရွေးစင် ဘာဒုကစားသမား ဂျိုဟွန်းဟျွန်းဟာ တစ်နေ့မှာတော့ ဂျွန်းဂျူဘက်ကိုရောက်ရင်း ဘာဒုကစားနည်းကို ကျွမ်းကျင်တဲ့ ချန်းဟိုဆိုတဲ့ ကလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ လက်ရွေးစင်ဂျိုဟာ သိချင်စိတ်နဲ့ ပြိုင်ဆော့ခဲ့ရာကနေ တစ်ပွဲရှုံးနိမ့်ခဲ့တဲ့အတွက် လက်ရွေးစင်ဂျိုဟာ ချန်းဟိုဆိုတဲ့ကောင်လေးအပေါ် စိတ်ဝင်စားသွားခဲ့ကာ တပည့်အဖြစ် လက်ခံပြီး ဆိုးလ်မြို့မှာရှိတဲ့ ကိုးရီးယားဘာဒုအဖွဲ့အစည်းဆီ ချန်းဟိုကို ခေါ်ဆောင်လာခဲ့ပါတယ်။ ရွာသားလေး ချန်းဟိုကတော့ မြို့ပေါ်ရောက်တဲ့အချိန်ကစပြီး သူ့ဘာဒုပညာတွေနဲ့ တစ်ယောက်ပြီး တစ်ယောက် အနိုင်ပိုင်းခဲ့ကာ ဆိုးလ်မြို့မှာ သူ့ဂုဏ်သတင်းဟာ ဟိုးလေးတစ်ကျော်လာခဲ့ရုံသာမက ဆရာ့လက်ရည်ကိုပါ တရားဝင် စိန်ခေါ်နိုင်သူအထိ ဖြစ်လာခဲ့ပါတယ်။ ဆရာ တပည့်အဖြစ် အစပြုခဲ့တဲ့ ဒီဆက်ဆံရေးဟာ အချိန်ကြာလာတာနဲ့အမျှ ပြိုင်ဘက်အဖြစ်သို့ ကူးပြောင်းသွားချိန်မှာတော့ ဆရာ တပည့်ဆက်ဆံရေးဟာ ပြိုလဲပျက်စီးသွားမလား.. မကျေနပ်ချက် အမုန်းတရားတွေ ပေါက်ဖွားလာမလားဆိုတာကို စိတ်ဝင်စားစွာ စောင့်မျှော်ကြည့်ရှုရင်းနဲ့ ဘာဒုကစားနည်းဟန်တွေကိုလည်း လေ့လာမြင်တွေ့နိုင်ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဂျိုဟွန်းဟျွန်းအဖြစ် မင်းသားကြီး Lee Byung Hun နဲ့ အီချန်းဟိုအဖြစ် ကလေးသရုပ်ဆောင် Kim Kang Hoon နဲ့ လူကြီးသရုပ်ဆောင် Yoo Ah In တို့က သရုပ်ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Thinn မှ ရေးသားထားပေးပါတယ်။) File Size : 1.59GB/ 710MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:57:03 Genre : Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by CM Team Encoded by Tiff

7.4 2025 115 mins
The Match
Kal Ho Naa Ho
8

Kal Ho Naa Ho (2003) “ကယ်တင်ရှင်” ရှာရွတ်ခမ်း၊ ဆေ့ဖ်အလီခန်းနဲ့ မင်းသမီး Preity Zinta တို့ပါဝင်ထားတဲ့ နာမည်ကြီး အချစ်ရုပ်ရှင်ကားလေးကို ကွာလတီအသစ်နဲ့ တဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ဒီရုပ်ရှင်ဟာ အိန္ဒိယနိုင်ငံမှာ မသိသူမရှိလောက်အောင် ဝင်ငွေအကောင်းဆုံး ဟင်ဒီရုပ်ရှင်အဖြစ် ရပ်တည်ခဲ့တာဖြစ်ပြီး မင်းသား ရှာရွတ်ခမ်းကို ကျော်ကြားလာစေခဲ့တဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး ခေတ်ဟောင်း အမေရိကန်သီချင်း Pretty Woman ကို ဟင်ဒီလို စတိုင်လ်ပြောင်းသီဆိုထားတဲ့ သီချင်းနဲ့ အကခန်းဟာလည်း နာမည်ကြီးပါသေးတယ် ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်မှာနေတဲ့ မျက်မှန်လေးနဲ့ ဖတဆိုးလေး နိုင်နာရဲ့ မိသားစုလေးဟာ စီးပွားရေးမကောင်းသလို အိမ်တွင်းရေးကလည်း အဆင်မပြေလှပါဘူး မနက်ခင်းတိုင်း ရန်ဖြစ်သံတွေနဲ့ ဖြတ်သန်းရတဲ့ဘဝမှာ နိုင်နာရဲ့ ယောကျ်ားလေးသူငယ်ချင်းဖြစ်သူ ရိုဟစ်ကြောင့်ပဲ ပူပန်မှုတွေ ခဏတာမေ့ပျောက်ရတယ် တစ်ရက်မှာတော့ သူတို့အိမ်နားကို အာမန်ဆိုတဲ့ တက်တက်ကြွကြွကောင်လေးတစ်ယောက် ပြောင်းလာချိန်မှာ ရိုဟစ်၊ အာမန်၊ နိုင်နာဆိုတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်လာမှာလဲ သိပြီးသားဆိုရင်လည်း နောက်တစ်ခေါက်ပြန်လည်ကြည့်ရှုခံစားလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Cym ~ STAR ~ ToMo ~ Yunni မှ ဖြစ်ပါတယ် File size… 5.2 GB / 2.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….3h 6min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by KKKZ ~ Cym ~ STAR ~ ToMo ~ Yunni

Comedy • Action
8 2003 187 mins
Kal Ho Naa Ho
Werewolf Game
4

Werewolf Game (2025) Mafia , Among us တို့လို mind game တွေကို ဆော့ဖူးကြလား? ဒီဇာတ်ကားလေးက မာဖီးယားဂိမ်းလို ခပ်ဆင်ဆင် Werewolf Game ဆိုတဲ့ ကစားပွဲကို လူ့အသက်နဲ့ရင်းပြီး ဆော့ကစားရတဲ့ လူ၁၂ယောက်ရဲ့ဘဝပုံစံကို ဖန်တီးပုံဖော်ထားတာဖြစ်ပါတယ်။ လူ၁၂ယောက်ကို ပြန်ပေးဆွဲပြီး ‌အခန်းတစ်ခုထဲမှာ ထားစေကာ Werewolf Game ကို ဆော့ကစားစေခဲ့တယ်။ အနိုင်ရရှိသူက ‌လတိုင်း ဒေါ်လာသန်းပေါင်းများစွာ ရရှိမှာဖြစ်သလို ရှုံးနိမ့်သူတွေက အသတ်ခံရမှာဖြစ်ပါတယ်။ ၁၂ယောက်ထဲမှာ ဝံပုလွေ ၃ ကောင်ပါဝင်ပြီး ညတိုင်း ဝ‌ံပုလွေတွေက ကျန်သူတွေထဲကတစ်ယောက်ကို အမဲလိုက်သတ်ဖြတ်ရပါတယ်။ ဘယ်သူတွေက ဝံပုလွေတွေဖြစ်မလဲဆိုတာကို မသိရဘဲ တစ်ယောက်နဲ့တစ်ယောက် သံသယတွေ၊ ယုံကြည်မှုတွေ၊ အပြစ်မဲ့တဲ့သူတွေရဲ့ညှင်းပန်းသတ်ဖြတ်ခံရမှုတွေ၊ လူတွေရဲ့ကြောက်စိတ်၊ အတ္တ၊ လောဘ စတာတွေကို ပေါ်လွင်အောင် ဖန်တီးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ horror နဲ့ thriller genre ထဲက psychological suspense ကိုအဓိကထားတဲ့ကားဖြစ်တာကြောင့် Horror ဇာတ်ကားကြိုက်နှစ်သက်သူများအတွက် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.6 GB) / (780 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:37:21 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Su Mon

Drama • Comedy • Romance
4 2025 96 mins
Werewolf Game