YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Gemma.Bovery.2014.720p.BluRay.REMUX.AVC-Naung.mp4

900.93 MB N/A video/mp4 188 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Insadong Scandal
5.8

Insadong Scandal (2009) နာမည်ကြီးထိပ်တန်းမင်းသား ဂင်ရယ်ဝန်နဲ့ နာမည်ကြီးထိပ်တန်းမင်းသမီး အွန်းဂျောင်ဟွာတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ (၂၀၀၉) ခုနှစ်ကထွက်ရှိခဲ့တဲ့ “Insadong Scandal” ဆိုတဲ့ ကိုးရီးယားဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီကားမှာတော့ ပိုက်ဆံအာဏာရှိတဲ့သူတွေက ပန်းချီအနုပညာကိုခုတုံးလုပ်ကာ နိုင်ငံပိုင်ပန်းချီတွေကိုမှောင်ခိုရောင်းချပြီး ဂွင်ရိုက်စီးပွါးရေးလုပ်နေကြပုံကိုတွေ့မြင်ရမယ့်အပြင် ကိုးရီးယားသမိုင်းဝင်ပန်းချီကားချပ်များအကြောင်းကိုလည်း ဗဟုသုတအနေနဲ့သိရှိရမှာဖြစ်ပါတယ် ဇာတ်လမ်းအနေနဲ့ကတော့ ဘီမူပန်းချီပြခန်းရဲ့ ဥက္ကဠဖြစ်သူ ဘယ်ထယ်ဂျင်း (အွန်းဂျောင်ဟွာ)ဟာ နာမည်ကြီးပန်းချီတွေမှအစ သာမန်ပန်းချီတွေအထိ အတုကူးယူကာ အတုကိုလူထုကိုချပြပြီး မူရင်းတွေကိုတော့ တိုင်းတပါးသို့မှောင်ခိုရောင်းစားပြီးစီးပွါးရှာနေသူတစ်ဦးပါ။ တနေ့မှာတော့ နှစ်ပေါင်း(၄၀၀) သက်တမ်းရှိတဲ့ ဗြောဂန်ဒိုလို့ခေါ်တဲ့ ဂျိူဆွန်းခေတ်က ရေးဆွဲခဲ့တဲ့ပန်းချီကားတစ်ချပ်ဟာ ဥက္ကဠဘယ်ရဲ့လက်ထဲကိုရောက်ရှိလာတဲ့အချိန်မှာ ထုံးစံအတိုင်း တိုင်းတပါးဂျပန်သို့ စျေးမြှင့်ရောင်းချဖို့ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ပန်းချီကားကိုပြန်လည်မွမ်းမံဖို့လိုအပ်တဲ့အတွက်ကြောင့် ပန်းချီပုံတူရေးဆွဲရာမှာ တဖက်ကမ်းခတ်တဲ့ အီဂန်ဂျွန်(ဂင်ရယ်ဝန်) ကိုဆက်သွယ်ခဲ့ရပါတော့တယ်။ တဖက်မှာခေါင်းဆောင်အီဟာလည်း မိဘမဲ့ဘဝနဲ့နေထိုင်ကြီးပြင်းခဲ့ရတဲ့ ချမ်းဒုန်ဘုရားကျောင်းနဲ့သက်ဆိုင်တဲ့ သမိုင်းဝင် ဂန်ဟွာဗြောင်ဖွန်းပန်းချီကို ရှာဖွေနေခဲ့ပါတယ် ။ အဲဒီတော့ ဥက္ကဌဘယ်ရဲ့ ဂျပန်ကို ဗြောဂန်ဒိုရောင်းချမှုက အောင်မြင်သွားမလား ခေါင်းဆောင်အီရဲ့ ဂန်ဟွာဗြောင်ဖွန်းရှာဖွေမှုကရော ဘယ်လိုဖြစ်သွားမလဲ ဗြောဂန်ဒိုပန်းချီကားနဲ့ ဂန်ဟွာဗြောင်ဖွန်းပန်းချီကားကရော ဆက်နွယ်မှုတွေရှိနေမလားဆိုတာကိုတော့ ဇာတ်ကားလေးမှာ အဆုံးထိဝင်ရောက်ကြည့်ရှုပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Thin Thinzar ပါ။) File Size          : 1.1GB, 500MB Quality            : 720p HDRip, 480p Format            : mp4 Duration         : 1hr 49mins Genre              : Drama, Crime, Thriller Translated by Thin Thinzar Encoded by Kinnov

Drama • Mystery
5.8 2009 109 mins
Insadong Scandal
Sirf Ek Bandaa Kaafi Hai
7

IMDb rating 7.3 အထိရရှိထားပပြီး၂၀၂၃ မှာအသစ်ထွက်ရှိလာတဲ့ တရားခွင်အခြေပြု ဘောလီးဝုဒ်အိန္ဒိယဇာတ်ကားလေးဟာ အသက်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်ကို လိင်အမြတ်ထုတ်ခဲ့တဲ့ ဘာသာရေးဆရာတစ်ယောက်နဲ့ သူ့ကိုတရားစွဲတဲ့အခါ ရင်ဆိုင်လျှောက်လဲပေးတဲ့ ရှေ့နေတို့ရဲ့ အားပြိုင်မှုကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း ဒိုင်ယာလော့အလန်းတွေနဲ့ ရှုစားကြရမှာဖြစ်ပြီး တစ်ခန်းမှကို ပစ်ရက်စရာမရှိ ဇာတ်ရှိန်မကျပဲနဲ့ ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ် အားကိုးရာရှာကြတဲ့ လူတွေရဲ့ ဘာသာတရားတစ်ခု လူတစ်ယောက်ကို အစွန်းရောက်ကိုးကွယ်လိုက်တဲ့အခါမှာ ဒီဘာသာတရားတစ်ခုကိုခေါင်းစဉ်တပ်ထားရုံနဲ့ မျက်ကန်းတွေဖြစ် အမှားတွေအမှန်တွေမသိတော့ပဲ ဘယ်သူ့ကိုမဆို အဲ့ခေါင်းစဉ်အောက်ကဆိုတာနဲ့ ဇွတ်တွေယုံကြည်ကိုးကွယ်ကြတာပါပဲ ဒါကဘာသာတရားတစ်ခုတည်းကို မဆိုလိုပါဘူး ယစ်ပူဇော်တတ်တဲ့ အာဖရိကလူရိုင်းတွေကစလို့ ဂိုဏ်းဆရာတွေကဟောလို့ ကိုယ့်ကိုယ်ကိုအုပ်လိုက်ကြီးသတ်သေကြတယ်ဆိုတဲ့ အနောက်တိုင်းက ရီနေးဆန့်ဆရာကြီးများအလယ် စောင့်ထိန်းစရာအကျင့်သိက္ခာတွေများပြားပြီး တစ်ခုမှမစောင့်ထိန်းလဲ နာမည်ကြီးရင် ဇွတ်ကိုးကွယ်ကျတဲ့ အာရှသားများထိအဆုံးလို့ပဲ ပြောရမှာပေါ့ ဘာသာရေးဆိုတဲ့ ခေါင်းစဉ်တစ်ခု ဒါကိုခုတုံးလုပ်ပြီး ပရဟိတကျောင်းဘာညာ ရိုက်စားလုပ်တဲ့ကောင်တွေရှိတယ် ဒါကိုခုတုံးလုပ်ပြီး ကလေးသူငယ်တွေကို ကျားမမရွေးလိင်အမြတ်ထုတ်နေတာတွေရှိတယ် ဒါကိုခုတုံးလုပ်ပြီး ဗန်းပြအလှူခံသူဌေးဖြစ်နေတဲ့ကောင်တွေရှိတယ် ပြောရရင်တော့ ပြောမဆုံးစေမဲ့ အရာတွေပေါ့ အိန္ဒိယဇာတ်ကားတွေထဲမှာ ကျွန်တော်မှတ်မိသလောက် ကတော့ ဘုရားရှင်ကို တရားစွဲတဲ့ဇာတ်ကားရယ် အူကြောင်ကြောင် ဂြိုလ်သား PK ရယ်က ဘာသာတရားကို အပီအပြင်ဖဲ့ထားတာပေါ့ ခုဒီဇာတ်ကားထဲမှာလည်း ဘာသာတရားဗန်းပြပြီး လိင်အမြတ်ထုတ်နေတဲ့ အိန္ဒိယက ဂိုဏ်းဆရာတစ်ယောက်ကို တရားစွဲတဲ့ပုံစံနဲ့ ရှယ်ဖဲ့ထားပါတယ် ဒီဆရာသခင်ကြီးရဲ့ သောက်ကျင့်မကောင်းပုံတွေက ကိုယ်တိုင်ကြည့်ရင် ပိုဒေါသထွက် ပိုခံပြင်းရမှာ သေချာပါတယ် နောက်ပြီး အမှန်တရားဘက်မှာ ဘာဖြစ်ဖြစ်ရပ်တည်မယ်ဆိုတဲ့သူတွေအတွက် ဒီကားကတော့ အားဆေးတစ်ခွက်ပါပဲ အဲ့တော့ ဘာသာရေးခုတုံးလိုက်ဂျင်းအတောင့်လိုက်ထည့်တာတွေ နိုင်ငံရေး စီးပွားရေးသမားတွေရယ် နေရာတကာဝင်ပါတာတွေ တရားခွင်မှာ အပြန်အလှန်နဲ့ မာန်ပါပါနဲ့အနိုင်ကျဲရတာတွေကို ကြည့်ချင်တဲ့သူတွေအတွက်တော့ ဒီကားလေးက ဆန္ဒတွေဖြည့်ဆည်းပေးမဲ့ ချွေးသိပ်ဆေးလေးတစ်ခွက်ဆိုတာ ညွှန်းဆိုပေးလိုက်ပါတယ် ဆင်ခြင်တုံတရားမပါတဲ့ ကိုးကွယ်မှုဆိုတာ အဆိပ်သက်သက်ပါပဲ File size…1.52GB / 695MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 7mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin~Sai~BpL~Yunni~Thaik San

Drama • Fantasy • Mystery
7 2023 127 mins
Sirf Ek Bandaa Kaafi Hai
My Wonderful Life
5.1

IMDb Rating - 5.8/10 အိမ်​ထောင်​ရေးနဲ့ မိသားစုတာဝန်​တွေကြား နစ်မွန်း​နေတဲ့မိန်းမတစ်​ယောက် စိတ်ထွက်​ပေါက်ရှာဖို့ကြိုးစားတဲ့အခါ လူတွေက အပြစ်လို့ မှတ်ယူကြတာလား ? ဂျိုအန်နာဟာ မိသားစုဝန်ပိ​နေတဲ့ အိမ်​ထောင်သည်အမျိုးသမီးတစ်ဦးပါ။ - အယ်ဇိုင်းမား​ရောဂါခံစား​နေရတဲ့မိခင် - မိသားစုတာဝန်ကို ကိုယ်နဲ့မဆိုင်သလို​နေတဲ့​ယောကျ်ား - အိမ်​ထောင်သည်ဖြစ်​နေ​ပေမယ့် အစွမ်းအစမရှိတာ​ကြောင့် အရာရာ​ထောက်ပံ့​​နေရတဲ့သားကြီးနဲ့ ​- အကူအညီမရတဲ့သားငယ်တို့​ကြောင့် သူ့ဘဝဟာ မွန်းကျပ်စရာ​တွေနဲ့ပြည့်နှက်လို့​နေပါတယ်။ ဒီလိုဘဝထဲက ​ခေတ္တခဏရုန်းထွက်ဖို့ကြိုးစားရင်းနဲ့ စည်းတစ်ချို့ကိုချိုး​ဖောက်မိချိန် မှာ​​တော့ ထိုအပြစ်​တွေက ဂျိုအန်နာရဲ့​နောက်ကို အရိပ်ပမာလိုက်ပြီးခြိမ်း​​​​ခြောက်လို့​ နေပါ​တော့တယ်။ ဂျိုအန်နာကျူးလွန်မိတဲ့ အပြစ်​တွေက ဘာ​တွေဖြစ်မလဲ သူ့​နောက်ကို လိုက်​နေတဲ့ ခြိမ်း​​ခြောက်စာရဲ့​နောက်ကွယ်မှာ​ရော ဘယ်သူ​တွေရှိမလဲ။ သူ့ရဲ့က​မောက်ကမ ဖြစ်​နေတဲ့ဘဝက​ရော ဘယ်လို​တွေဆက်ဖြစ်မှာလဲ ဆိုတာကို​တော့ ဒီဇာတ်လမ်း​လေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်) File Size - (1.08 GB) / (539 MB) / (361 MB) Quality – Web-DL 1080p / 720p/480p Duration - 1h 39mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Drama, Romance Translator – Lwin Lwin Aung Encoder – SWM

Drama • History
5.1 2021 99 mins
My Wonderful Life
Fifty Shades of Grey
5.9

Fifty Shades of Grey ဟာ ၂၀၁၅ ခုနှစ်ရဲ့ လတ်တလော လူပြောအများဆုံး ဇာတ်ကားဖြစ်နေပါတယ်။ ရုံမတင်ခင်ကတည်းက စောင့်ကြည့်ဖို့ အားတင်းထားကြသူတွေ များပြားလှတဲ့ဒီဇာတ်ကားဟာ တကယ်တမ်း ရုံတင်ခဲ့တဲ့အခါမှာလည်း အောင်မြင်ခဲ့ပါတယ်။ စံချိန်ပေါင်းမြောက်များစွာကို ချိုးဖျက်နိုင်ခဲ့ပြီး တဟုန်ထိုးအောင်မြင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေ မှိုချိုးမျှစ်ချိုးပြောနေပေမယ့် သူ့ရဲ့ဝင်ငွေက သန်း ၅၀၀ ကျော်သွားပါပြီ။ နောက်ဆက်တွဲဇာတ်ကားကို ၂၀၁၆ မှာ ထပ်မံဖြန့်ချိပါမယ်။ ဒီဇာတ်ကားဟာ လိင်အသားပေးဇာတ်ကားဖြစ်ပြီး ဗြိတိသျှစာရေးဆရာ E. L. James ရဲ့ Fifty Shades Of Grey ဆိုတဲ့ စာအုပ်ကို ဇာတ်လမ်းချုံ့ကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ စာအုပ်ဟာ လိင်အသားပေးစာအုပ်ဖြစ်ပြီး မထွက်ခင်ကတည်းက အတိုက်အခံတွေ များခဲ့တာပါ။ ပုံနှိပ်ထုတ်ဝေဖို့ ဝေဖန်မှုတွေ ပြင်းထန်တာကြောင့် e-book အနေနဲ့ စတင်ဖြန့်ချိခဲ့ပါတယ်။ လူကြိုက်များကာ ဖတ်ရှုသူများပြားလွန်းတာကြောင့် မဖြစ်ဖြစ်တဲ့နည်းနဲ့ ပုံနှိပ်ဖို့ ကြိုးစားကြပါတယ်။ ပရိသတ်က စာအုပ်အဖြစ်ထုတ်ဖို့ ဝိုင်းတောင်းဆိုကြပါပြီ။ (သူတို့တွေတောင်မှ e-book ဖတ်ရတာထက် စာအုပ်နဲ့ဖတ်ရတာကိုသာ ပိုနှစ်သက်ကြတာပါ။) စာအုပ်တွေရိုက်ရလွန်းလို့ စာရွက်ထုတ်ပေးတဲ့ ဒေဝါလီခံခါနီး စက္ကူစက်ရုံတစ်ရုံဟာ အဲဒိစာအုပ်ကြောင့် ပြန်လည်လည်ပတ်သွားကာ ပိုင်ရှင်တောင် သန်းကြွယ်သူဌေးဖြစ်သွားပါတယ်။ အဲဒီနောက် Volume II နဲ့ III ကို ဆက်လက်ထုတ်ဝေပါတယ်။ အခုဆိုရင် စီးရီးတစ်ခုလုံးကို ဘာသာပေါင်း ၅၂ ဘာသာကို ဘာသာပြန်ဆို ထုတ်ဝေခဲ့ပြီးပါပြီ။ အုပ်ရေပေါင်း သန်း ၁၀၀ ကျော် ရောင်းချခဲ့ပြီးပါပြီ။ အမေရိကန်နဲ့အင်္ဂလန်မှာ အရောင်းရဆုံး Best-Seller စာရင်းကို အမြန်ဆုံးတက်လှမ်းနိုင်ခဲ့ပါတယ်။ သို့ပေမယ့် လိင်အသားပေးဖြစ်ကာ ဖတ်ရင်းဖတ်ရင်း တလှိမ့်လှိမ့်ကြွတက်လာအောင် ရေးသားထားတာဖြစ်လို့ ဝိုင်းပြီးတော့ ဝေဖန်ခံနေရဆဲပါပဲ။ အမေရိကန်နိုင်ငံက စုံတွဲတစ်တွဲမှာဆိုရင် ကောင်လေးဖြစ်သူက ကောင်မလေးကို အဲဒိစာအုပ်ထဲက ပုံစံတွေအတိုင်း လိင်ဆက်ဆံကြရအောင် ပူဆာပါတယ်။ ကောင်မလေးက ငြင်းလိုက်တာကြောင့် ကောင်လေးက ကောင်မလေးကို သတ်ပစ်လိုက်ပါတယ်။ စာအုပ်က အဲသလောက်ထိတောင် လွှမ်းမိုးသွားပါပြီ။ ဗြိတိသျှက လင်မယားနှစ်ယောက်မှာလည်း အဲသလိုလုပ်ကြဖို့ မိန်းမကတောင်းဆိုတာကို ယောက်ျားဖြစ်သူက ငြင်းလို့ မိန်းမက ကွာရှင်းလိုက်ပါတယ်။ လိင်စိတ်မူမမှန်ဘူးလို့တောင် သူ့မိန်းမက စွပ်စွဲခဲ့ပါသေးတယ်။ ငယ်ရွယ်တဲ့လင်မယားနှစ်ဦးမှာ ကောင်လေးဖြစ်သူက ဒီစာအုပ်ကို အခြေခံထားတဲ့ လိင်ဂိမ်းကို ဆော့ကစားနေရင်း စိတ်ပြောင်းလဲကာ မိန်းမဖြစ်သူကို သတ်ပစ်လိုက်ပါတယ်။ ကောင်မလေးကို နိုင်လွန်ကြိုးတွေနဲ့ တုပ်ပြီး ကျောက်သင်ပုန်းညွှန်တံနဲ့ ၁၂၃ ချက် ရိုက်ထားတာ တွေ့ရပါတယ်။ အမျိုးသားတစ်ဦးက သူ့အမျိုးသမီးကို အဲဒီစာအုပ်ဖတ်နေတာတွေ့လို့ မျက်နှာကို အချဉ်ရည်နဲ့ ပက်ပစ်ပါတယ်။ အမျိုးသမီးကလည်း စာအုပ်ဖတ်ကာ ကောင်းကောင်းမဖတ်ဘဲ လိင်ဆက်ဆံတဲ့အခန်းတွေ၊ စာပိုဒ်တွေကို အသံအကျယ်ကြီးထွက်ဖတ်ခဲ့တာပါ။ အဲဒီအတွက် အဲဒီအမျိုးသား အဖမ်းခံလိုက်ရပါတယ်။ Geisha Ball လို့ခေါ်တဲ့ စအိုထဲထည့် ဘောလုံးကြိုးလေးတွေဟာ စာအုပ်ဖြန့်ချိပြီးတဲ့နောက်မှာ အဆ ၄၀၀ ကျော် ရောင်းအားခုန်တက်သွားပါတယ်။ နယူးယောက်မြို့ကဆိုင်တစ်ဆိုင်မှာ အရင်ကထက် အဲဒီဘောလုံးကြိုးတွေ ရောင်းအား ၁၀ ဆ တက်သွားပါတယ်။ဗဟုသုတအနေနဲ့ ပြောပြရရင် အဲဒီ Geisha Ball လေးတွေကို Burmese bells (မြန်မာခေါင်းလောင်းလေး)တွေလို့ ခေါ်ပါသေးတယ်။ စာကြည့်တိုက်တွေမှာရှိတဲ့ Fifty Shades Of Grey စာအုပ်တွေမှာ လိင်ကတစ်ဆင့်ကူးဆက်တတ်တဲ့ ရောဂါပိုးတွေ တွေ့ရပါတယ်။ (ဖတ်တဲ့သူတွေက ဖတ်ရင်း သူတို့အင်္ဂါနဲ့ စာအုပ်ကို ထိပေးလိုက်လို့လား မသိပါဘူး)။ နောက်ပြီး စာရွက်တွေကြားထဲမှာ ကိုကင်းတွေလည်း တွေ့ရပါတယ်။ တိုက်ခိုက်တဲ့အဖွဲ့အစည်းတွေကလည်း စာအုပ်တွေကို စုပုံမီးရှို့ရအောင် သူတို့ဆီ လာလှူကြဖို့ မေတ္တာရပ်ခံပါတယ်။ ပထမဆုံးရလာတဲ့ စာအုပ် ၂၄ အုပ်ကို recycle လုပ်ကာ အိမ်သာသုံးစက္ကူလုပ်ပစ်ပါတယ်။ ဒီလောက်ထိ လူပြောများတဲ့ စာအုပ်ကို ဇာတ်ကားအဖြစ်ရိုက်ကူးရာမှာလည်း ပီပြင်ပြောင်မြောက်ခဲ့ပါတယ်။ မင်းသားက ဇာတ်လမ်းအတွက် ပြင်ဆင်တဲ့အနေနဲ့ စင်ပေါ်မှာ ယောက်ျားနဲ့မိန်းမဆက်ဆံတာကို စင်အောက်ကနေ ဘီယာလေးသောက်ပြီး အရသာခံကြည့်ရတဲ့ ကလပ်မျိုးကို ညတိုင်းသွားပြီး လေ့လာခဲ့ပါတယ်။ ချစ်ခန်းကြိုက်ခန်းရိုက်ရာမှာ မင်းသမီးနဲ့မင်းသား အနှောင့်အယှက်ဖြစ်မှာစိုးတဲ့အတွက် ရိုက်ကူးရေးအဖွဲ့သားတွေက အဝေးမှာနေကာ zoom ဆွဲပြီး ရိုက်ကူးခဲ့ပါတယ်။ (Fifty Shades of Grey အကြောင်းကို Movie Locos’s FB Page မှ ကူးယူဖော်ပြသည်။) အားလုံးသိကြတဲ့အတိုင်းပါပဲ....Fifty Shades of Grey တဖြစ်လဲ မောင်ဂရေးရဲ့အကွက်ငါးဆယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာ ဖိုမသဘာဝချစ်ကြကြိုက်ကြရာမှာ တခါတလေ ဘာတွေလိုအပ်လဲဆိုတာ မကွယ်မဝှက် ချပြထားတဲ့ ဇာတ်ကားပါ။ ပိုက်ဆံရှိယုံနဲ့လဲ အချစ်ကိုကျေနပ်စေမှာမျိုးမဟုတ်... ရုပ်ချော ရုပ်ဖြောင့်နေယုံနဲ့လဲ အချစ်က တင်းတိမ်နေမှာမျိုးမဟုတ်... အလိုလိုက်အကြိုက်ဆောင်တိုင်းလဲ အချစ်က တည်မြဲနေမှာမျိုးမဟုတ်... အချစ်ဆိုတာ တစ်ယောက်စိတ်ရူးပေါက်တာကို တစ်ယောက်ကနားလည်ပေးနိုင်ပြီး နှစ်ယောက်တူတူစခန်းသွားရတာမျိုးပါ။ ကဲ...မောင်ဂရေးနဲ့ မစတီးတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ...။ Fifty Shades ဇာတ်ကားက ၃ ကားထွက်ရှိခဲ့ပြီး ၃ ကားလုံးကို https://channelmyanmar.org/?s=fifty+shades+of+grey  မှာကြည့်ရှုနိုင်ပါတယ်။ 4K BluRay Unrated Version နဲ့ တင်ဆက်ထားတာမို့ ရုံတင်ဗားရှင်းထက် ပိုပြည့်ပြည့်စုံစုံရှုစားရမှာဖြစ်ပါတယ်။ File size…(2.7 GB)/(970 MB) Quality….Unrated BluRay 4K HEVC/1080p Format…mkv/mp4 Duration….02:08:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Myint Oo

Comedy
5.9 2015 125 mins
Fifty Shades of Grey
The Menu
7.2

~ IMDb - 7.5/10, RT - 89%, Meta - 71% ~ ဒါရိုက်တာ Mark Mylod ရဲ့ ရုပ်ရှင်အသစ်ကြီး လာပါပြီ။ ဒီဒါရိုက်တာကိုတော့ အကောင်းဆုံးစီးရီးတွေဖြစ်တဲ့ Game of Thrones, Succession လို စီးရီးတွေမှာ ဝင်ပြီးရိုက်ကူးခဲ့တဲ့သူအဖြစ် လူသိများပါတယ်။ အခုရုပ်ရှင်ကတော့ Dark Comedy, Horror အမျိုးအစားပါပဲ။ အဓိက ဇာတ်ဆောင်အဖြစ် အေးစက်စက်နဲ့ ကြောက်စရာအခန်းတွေနဲ့အရမ်းလိုက်ဖက်တဲ့ Ralph Fiennes က သရုပ်ဆောင်ထားပါတယ်။ သူ့ကိုတော့ ရှင်းဒလားလစ်စ် တို့ ဂရန်းဘူဒါပက်စ်ဟိုတယ်တို့လို ရုပ်ရှင်တွေမှာ တွေ့ဖူးကြမှာပါ။ နောက်ထပ် ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသမီး အာညာတေလာဂျွိုင်း၊ Warm Bodies ရဲ့မင်းသား Nicholas Hoult တို့လည်းပါဝင်ထားပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ လူတစ်ယောက်ကို ဒေါ်လာ ၁၂၅၀ ပေးရတဲ့ ကျွန်းတစ်ကျွန်းပေါ်က ဈေးအရမ်းကြီးတဲ့ နာမည်ကျော် စားသောက်ဆိုင်တစ်ခုရှိပါတယ်။ လှေနဲ့သီးသန့်သွားရပြီး တစ်ညလုံး ဟင်းလျာတွေ တစ်ခုပြီးတစ်ခု တည်ခင်းတဲ့ဆိုင်မျိုးဖြစ်ပါတယ်။ အဲဒီစားသောက်ဆိုင်ရဲ့ အထူးည တစ်ညမှာတော့ ဧည့်သည်မျိုးစုံရောက်ရှိလာပါတယ်။ ဝေဖန်ရေးသမား၊ ရုပ်ရှင်မင်းသား၊ သူဌေးတွေ စသဖြင့်ပါပဲ။ ဒါပေမဲ့ သူတို့တွေကို ဟင်းလျာတွေ တစ်ခုပြီးတစ်ခု တည်ခင်းရင်းနဲ့ စားဖိုမှူးကြီးက ပုံပြင်တွေပြောပြသွားတဲ့အပြင် အသတ်အဖြတ် အကြမ်းပတမ်းတွေနဲ့ ကြောက်စရာတွေပါ ဖြစ်လာတဲ့အခါ... Dark Comedy ပီပီ လူသတ်ရတဲ့ အကြောင်းရင်းတွေကလည်း နက်နက်နဲနဲစဉ်းစားချင်စရာကောင်းသလို ရယ်ရခက်ငိုရခက်လည်းဖြစ်နေပါသေးတယ်။ အတော်လေးကိုခံစားလို့ကောင်းတဲ့ရုပ်ရှင်ဖြစ်ပြီး Rating ကလည်း 7 ကျော်နေပြီမို့ မလွတ်တမ်း အားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 750MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 47Min Genre - Comedy, Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y, Phyo Pyae

Drama
7.2 2022 107 mins
The Menu
Akasha Veedullo
7.8

Aakasa Veedhullo (2022) IMDb 7.8/10 မောင်လေးနဲ့မမဇာတ်လမ်းကြိုက် ပရိတ်သတ်ကြီးတွေအတွက် စောင်ကိုက်ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးလာပါပြီရှင် မင်းသမီးချောလေးPujita Ponnada ပါဝင်သရုပ်ဆောင်ထားပြီး Rating အပျံ့စားနဲ့ရိုမန့်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဆစ်ဒူးကတော့ ဂီတကိုရူးသွပ်တဲ့လူ ဂီတလောကထဲဝင်ရောက်ဖို့ အရာရာပစ်ချခဲ့ပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့လူပေါ့ သီချင်းတွေကလည်းတစ်ပုဒ်ဆို တစ်ပုဒ်အလျောက်.. လူငယ်တွေအတွက်တော့ သူက Rock Star သူ့ပွဲတွေတိုင်း လူတွေကြိတ်ကြိတ်တိုးတဲ့အထိ နာမည်ကြီးပါတယ် ဒါပေမဲ့ သူဒီအလုပ်ကနားလိုက်တာ ၄နှစ်တောင်ရှိနေပါပြီတဲ့ ဒါကဘာလို့များလဲ… သူ့အချစ်ရေးကိုပြောရရင်လည်း မမနဲ့စတွေ့ပုံက ဆေးလိပ်မသောက်တတ်သောက်တတ်နဲ့ စမ်းသောက်တဲ့၂၂နှစ်အရွယ်ဆစ်‌ဒူးကို ၂၅နှစ်မမက သင်ပေးတာကစပါတယ် မိုးမမြင်လေမမြင်ချစ်ကြတဲ့ ဒီ မနဲ့မောင်အတွဲလေးရော ကြာရှည်ခံပါ့မလား ဆစ်ဒူးတစ်ယောက် သူ့ရဲ့ဂီတလောကထဲကိုပြန်သွားနိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းရေးသားသူကတော့ Yunniဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni~BpL~YH~Aditiတို့ပဲဖြစ်ပါတယ်)

Action • Comedy • Crime
7.8 2022
Akasha Veedullo
The Baader Meinhof Complex
7.3

၁၉၆၀ ကနေ ၁၉၇၀ကြား ဂျာမနီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျာမနီနိုင်ငံရဲ့ အကျော်မော် အနုပညာရှင် သရုပ်ဆောင်တွေဖြစ်တဲ့ Martina Gedeck၊ Moritz Bleibtreu၊ Johanna Wokalek၊ Nadja Uhlနဲ့ Bruno Ganz တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb 7.3 နဲ့ RT 85% အထိ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီနိုင်ငံက သမိုင်းဖြစ်ရပ်တွေကို ပြန်လည်ရိုက်ကူးရာမှာ အင်မတန်လက်စွမ်းထက်တဲ့ နိုင်ငံအဖြစ် နာမည်ကြီးပါတယ်။ ဆိုတော့ကား ဇာတ်လမ်းအကြောင်း မပြောခင်မှာတင် ရုပ်ရှင်ကို ကြည့်ဖို့က အခုကတည်းက စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး ဟစ်တလာရဲ့ Third Reich ( တတိယ အင်ပါယာ ) ကျရှုံးပြီးနောက်မှာ ဂျာမနီနိုင်ငံက အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီဆိုပြီး ၂နိုင်ငံ ကွဲထွက်သွားပါတယ်။ အရှေ့ဂျာမနီကတော့ ဆိုဗီယက်ဝါဒ လက်အောက်မှာဖြစ်ပြီး အနောက်ဂျာမနီကတော့ အမေရိကန်ရဲ့ နယ်ချဲ့ဝါဒ လက်အောက်မှာ ကျရောက်နေပါတယ်။ ယခု ရုပ်ရှင်မှာ ပါတဲ့ အဖြစ်ပျက်က အနောက်ဂျာမနီမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်တွေဖြစ်ပါတယ်။ အမေရိကန်တွေ ကြီးစိုးတဲ့ အနောက်ဂျာမနီက ဒီမိုကရေစီကို ကျင့်သုံးပေမယ့် ဟစ်တလာရဲ့ ဖက်ဆစ်စနစ်ယန္တရားရဲ့ လက်ကျန်လေးကတော့ အနောက်ဂျာမနီ-အနောက်ဘာလင်အစိုးရဆီမှာ ကျန်ရှိနေပါသေးတယ်။ အစိုးရရဲ့ ဖိနှိပ်မှုတွေကို ဂျာမနီ ကျောင်းသားတွေ ဆန္ဒပြရာကနေ အရေးခင်းတွေ စတင်ဖြစ်ပွားတော့ပါတယ်။ ဂျာမနီအစိုးရရဲ့ ဖိနှိပ်မှုတွေ၊ အစိုးရရဲ့ ဖိနှိပ်မှုတွေကို မျက်နှာလွှဲပေးထားတဲ့ အမေရိကန်တွေ၊ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ မီဒီယာ သတင်းစာတိုက်တွေရဲ့ မုသားတွေ အမျိုးမျိုးကို ရတဲ့ဘက်ကနေ လူပေါင်းစုံ အထူးသဖြင့် ကျောင်းသားတွေက တော်လှန်နေကြပါတယ်။ အဲဒီလို တော်လှန်နေတဲ့ လူတွေထဲမှာမှ ဂျာနယ်လစ်ဖြစ်တဲ့ အိုရီခါ မိုင်းဟဖ့်နဲ့ တော်လှန်ရေးကျောင်းသား Baaderတို့ ပူပေါင်းမိကြတဲ့အခါမှာတော့ …. Baader-Meinhof အဖွဲ့က အစိုးရကို ဘယ်လိုတိုက်ထုတ်သွားမလဲ၊ အစိုးရရဲ့ ဖက်ဆစ်ယန္တရားကို ရပ်တန့်သွားအောင် ဘယ်လိုကြိုးစားကြမလဲ … အမေရိကန်ရဲ့ နယ်ချဲ့ဝါဒနဲ့ အနောက်ဂျာမန်အစိုးရရဲ့ ဖက်ဆစ်စနစ်ကို ရဲရဲရင့်ရင့် တိုက်ခိုက်ကြပုံတွေ၊ သူတို့ရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်တွေ၊ ခိုင်မာတဲ့ ပေါ်လစီတွေ၊ တရားမျှတမှုကို လိုချင်ကြပုံတွေကို ယခု ရုပ်ရှင်ထဲမှာ အားပါတရ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.9 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Action, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

7.3 2008
The Baader Meinhof Complex
Insurgent
6.2

ဒီကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပြီး ယခင် Divergent ရဲ့ sequel ဇာတ်လမ်း ဖြစ်ပါတယ်။ ဒါရိုက်တာ Robert Schwentke က ရိုက်ကူးထားပြီး ယခင်ကားထဲက သရုပ်ဆောင်တွေပဲ ပြန်လည်ပါဝင် သရုပ်ဆောင်ထားပါတယ်။ IMDb 6.1 ထိလည်း ရရှိထားပါတယ်။ ယခင်ကားမှာ ဒေါင့်လက်စ်တွေက အပ်နီဂေးရှင်းကို ဝင်စီးရင်း တိုက်ခိုက်ကြတာကနေ ထရစ်နဲ့ ဖိုးရ်တို့အပြင် ဒေါင့်လက်စ် လူသစ်အတော်များများ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ ထရစ်တို့ မောင်နှမနဲ့ ဖိုးရ်တို့က အမ်မတီတွေရဲ့ လယ်ကွင်းတွေထဲမှာ ခြေရာဖျောက်နေရင်း လွတ်မြောက်သွားတဲ့ ဒေါင့်လက်စ်တွေကို စုံစမ်းနေကြတယ်။ ဒီအချိန်မှာ ဂျနီးန်က မြို့တည်သူတွေ ချန်ထားခဲ့တဲ့ သတင်းစကားပါတဲ့ သေတ္တာကို ရသွားပြီး ဒီသေတ္တာကို ဖွင့်နိုင်ဖို့ ဒိုင်ဗားဂျန့်တွေကို အစွမ်းကုန် လိုက်ရှာပါတော့တယ်… File size… 5 GB / 2 GB / 1 GB Quality… BluRay 4K HDR / 1080p / 720p Format… mp4 Duration…. 1h 59m Genre ….. Action/Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by EM

Documentary
6.2 2015 119 mins
Insurgent
Fighter
7.9

Fighter 2023 (သွေးမာဖီယားဂိုဏ်းနှင့် ဖိုက်တာ) IMDb- 7.9/10 ယခုတစ်ခါတင်ဆက်ပေးမှာကတော့ မှောင်ခိုလုပ်ငန်းတွေအများကြီးရှိတဲ့အထဲကနေ ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို မှောင်ခိုလုပ်တဲ့ သွေးမာဖီးယားဂိုဏ်းကို ဖြိုခွင်းမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို ပုဂ္ဂလိကဆေးရုံနှင့်ဆေးခန်းတော်တော်များများ ပါဝင်ထားပြီး သွေးမှောင်ခိုလုပ်တဲ့ မာဖီးယားဂိုဏ်းတစ်ခုအကြောင်းကို ဖိုက်တာဆိုတဲ့ဘလော့ခ်တစ်ခုကနေ မြင်ပြီးတော့ အမှုလိုက်ရာကနေ ဒီကိစ္စဟာ လူသိများလာပါတော့တယ်။ ဒီလို တရားမဝင်အမှုတွေရဲ့အကြောင်းကို ရေးသားတင်ပြနေတဲ့သူကတော့ မိုဟွတ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ပေါ့။ သူ့ရဲ့ထုံးစံအတိုင်း ဒီသွေးမှောင်ခိုကိစ္စကိုလည်း သူဟာ ရေးသားတင်ပြလိုက်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့အမေဟာ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်……. သူ့အမေကို ပြန်ပေးဆွဲသွားတဲ့သူတွေနောက်ကို ဘယ်လိုခြေရာခံလိုက်မလဲ ….. သူ့အမေ ပြန်ပေးဆွဲခံရတဲ့နောက်ကွယ်မှာ သွေးမှောင်ခိုဂိုဏ်းက ပါဝင်ပတ်သတ်နေမလား …… တရားမဝင်သွေးမှောင်ခိုဂိုဏ်းကိုရော ဘယ်လိုတွေ နှိမ်နင်းသွားဦးမလဲ ……. ဆိုတာတွေကို ကြည့်ရှုရမယ့် ရှယ်ဖြဲရှယ်ကြမ်းမယ့် အက်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.9 2023
Fighter
A Quiet Place: Day One
6.7

WEB-DL ရုပ်သံအကြည်ထွက်လာလို့ Update ထားပါတယ်။ A quiet place ရုပ်ရှင်တွေရဲ့ ၃ ကားမြောက်ရုပ်ရှင်လာပါပြီ။ ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ နှစ်ကားရဲ့ အဆက်မဟုတ်ပါဘူး။ ပထမဆုံး ဂြိုလ်သားတွေစဆင်းလာတဲ့အချိန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အရင်နှစ်ကားကိုလည်း Channel Myanmar Web နဲ့ App မှာ ကြည့်ရှုနိုင်ပါတယ်။ အဓိက သရုပ်ဆောင် မင်းသမီး Lupita Nyong’o ကတော့ 12 Years A Slave, Black Panther, Us တို့လို ကားကြီးတွေမှာ ပါဝင်ခဲ့တဲ့သူမျိုး ကောင်းပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်း *************** ကင်ဆာရောဂါနောက်ဆုံးအဆင့်နဲ့ ဆာမီရာဟာ မြို့ထဲကို ပီဇာစားဖို့ နောက်ဆုံးတစ်ခေါက်အဖြစ်ထွက်လာပါတယ်။ အဲဒီအချိန်မှာပဲ အသံထွက်တာနဲ့ လိုက်သတ်တဲ့ ဂြိုလ်သားတွေ ဆင်းလာပြီး ကမ္ဘာစပျက်တော့တာပါပဲ။ အားလုံး လွတ်ရာကို ပြေးဖို့ကြိုးစားနေတုန်းမှာ ဆာမီရာ တစ်ယောက် မသေခင် ပီဇာစားနိုင်ဖို့ ဘယ်လိုရုန်းကန်သွားမလဲဆိုတာ မြင်ရမှာပါ။ ထုံးစံအတိုင်း သည်းထိပ်ရင်ဖို အသက်ရှင်ဖို့ ကြိုးစားရတဲ့ စွန့်စားခန်းတွေကို ကြည့်သွားရမှာပါ။ ကြည့်လိုက်ကြပါဦး…. A Quiet Place ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=a+quiet+place ကြည့်ပါ။ File size…(2.4 GB) / (1.3 GB)/(770 MB) Quality….WEB-DL 4K HEVC/ 1080p / 720p Format…mp4 Duration….01:39:00 Genre… Horror, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson , Ka Naung Translated by Mr. Anderson

6.7 2024
A Quiet Place: Day One
The Last Metro
7.3

ကမ္ဘာ့ရုပ်ရှင်လောကအပေါ် သက်ရောက်မှုကြီးမားခဲ့တဲ့ ပြင်သစ်နယူးဝေ့ရဲ့ ဖောင်ဒါတွေထဲကတစ်ယောက်ဖြစ်ခဲ့တဲ့ François Truffaut ရဲ့ နောက်ဆုံးရုပ်ရှင်တွေထဲက တစ်ကားပါ။ တိတိကျကျဆို သူ့နောက် Truffautရိုက်ခဲ့တာက Confidentially Yours ပဲရှိပါတော့တယ်။ ဒါပေမဲ့ ဒီကားကတော့ César Award ၁၂ဆုဆန်ခါတင်ဝင်ခဲ့ပြီး ၁၀ဆုရခဲ့တယ်။ ဒီရုပ်ရှင်ဖြစ်တည်လာပုံကလည်း သူ့အဘိုးနဲ့ ဦးလေးက ပြင်သစ်တော်လှန်ရေးတပ်မှာ ပါခဲ့တာကြောင့် ဂျာမန်တွေ ပြင်သစ်ကို သိမ်းပိုက်ထားတဲ့ကာလကို ရိုက်ပြချင်တာကနေစပါတယ်။ ၁၉၄၂မှာ ဇာတ်အိမ်တည်ထားတယ်။ စစ်တွင်းကာလကို ဇာတ်အိမ်တည် ဇာတ်ရဲ့ဒဏ်တွေကိုခံရတာကို ပြထားပေမဲ့ တိုက်ပွဲတွေကိုတော့ တော်တော်ဝေးဝေးပဲထားထားတယ်။ ဒီရုပ်ရှင်တစ်ကားလုံးနီးပါးက ပြဇာတ်ရုံတစ်ခုထဲပဲ ပြီးသွားပြီး စစ်တွင်းကာလမှာ ဂျူးလူမျိုးတွေကြုံခဲ့ရတဲ့ ဒုက္ခတွေကိုလည်း ပြထားတယ်။ အဓိကဇာတ်ကောင်၃ယောက်ထဲက တစ်ယေံာက်ဖြစ်တဲ့ ပြဇာတ်ဒါရိုက်တာက ဂျူးလူမျိုးဖြစ်နေတော့ စစ်ကာလမှာ ဂျူးလူမျိုးပြဇာတ်ဒါရိုက်တာတစ်ယောက်ဟာ ဒီစစ်ကြီးရဲ့ ဒုက္ခကို အလူးအလဲခံရပုံကို မြင်ရလိမ့်မယ်။ စစ်က တော်လှတဲ့ ပြဇာတ်အနုပညာသမားတွေဘဝကို ငရဲလုံးလုံးဖြစ်အောင် လုပ်ပြသွားတာဆိုတော့ Farewell My Concubineကိုတောင် ပြေးမြင်ချင်စရာကောင်းတယ်။ ဇာတ်ကြောင်းရော ဇာတ်အိမ် အကျယ်အနက်ရောက ဒီလောက်မှာပဲ တည်ထားတယ်။ အံ့ဩဖို့ကောင်းတာက Truffautရဲ့ ထူးခြားတဲ့ တင်ဆက်မှုပါပဲ။ Truffaut အဓိကရိုက်ချင်ခဲ့တာက အဲဒီခေတ်ကိုပါ။ ဒါပေမဲ့ ဇာတ်ဟာ ဆိုခဲ့သလို ပြဇာတ်ရုံတစ်ခုထဲက အကြောင်းအရာတွေချည်းပဲ။ ပြောရရင် ပြင်ပအကြောင်းအရာဆိုတာကလည်း ပြဇာတ်လည်ပတ်ဖို့ တိုက်ရိုက်လိုအပ်တဲ့ အကြောင်းအရာတွေသက်သက်ပဲ။ အဲဒီပြဇာတ်ရုံကြီးနဲ့မဆိုင်တာ ဘာမှမပါဘူး။ ဒီလိုဇာတ်ကို Truffautက သူပြချင်တဲ့ ခေတ်ကိုလည်းပေါ်အောင် တင်ဆက်သမျှကလည်း ဒီပြဇာတ်ကနေ ချော်ထွက်မသွားအောင် တင်ဆက်ထားတယ်။ ခေတ်တစ်ခေတ်ကိုရိုက်ပြဖို့ ဒါမျိုးဇာတ်ကိုရွေးတယ်ဆိုတာ တော်တော်ယုံကြည်ချက်ရှိတဲ့ ရွေးချယ်မှုလို့ပြောရမယ်။ ပြဇာတ်ရုံကိုပဲ တင်ဆက်တယ်ဆိုပေမဲ့ သူကပြဇာတ်ရုံနဲ့ ပတ်သက်တဲ့ ထောင့်တိုင်းကို စေ့အောင်တော့ ပုံဖော်သွားတယ်။ ဒီပြဇာတ်ရုံရဲ့ စီမံခွဲခန့်မှု ငွေရေးကြေးရေး, သရုပ်ဆောင်မင်းသားသမီးရှာဖွေပုံ, မင်းသားမင်းသမီးတွေရဲ့အခြေအနေ, ပိုင်ရှင်ရဲ့အခက်အခဲ, ပရိသတ်လက်ခံအောင်ကြိုးစားရပုံ, ဝေဖန်ရေးသမားတွေရဲ့ ရိုက်ခတ်မှုနဲ့ အန္တရာယ်, ပြဇာတ်နဲ့နိုင်ငံရေး အဆက်အနွယ် နောက်ဆုံးပြာတာတစ်ယောက်လုပ်ရတဲ့အလုပ်တွေအထိကို စုံစေ့အောင် ထည့်သွင်းထားတယ်။ ဒါပေမဲ့ ဒီအရာတွေအားလုံးကို သူပြချင်တဲ့ ခေတ်ကို ပေါ်လွင်အောင် ပြထားသေးတယ်။ ပြဇာတ်ကပြတာနဲ့ ဇာတ်တိုက်တာကိုလည်း အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ် ထည့်သွင်းထားတယ်။ ဇာတ်က ဒီလောက်ပဲဆိုပေမဲ့ ဒီလောက်လောက်ဇာတ်အတွင်းမှာ သူပုံဖော်ထားတဲ့ ဇာတ်ကောင်တွေရဲ့ ဆက်ဆံရေးတွေ ဒွိဟတွေ အခြေအနေတွေကလည်း ဒီဇာတ်ကို ထူးထူးခြားခြားဇာတ်ဖြစ်စေခဲ့တယ်။ သူ့တင်ဆက်ပုံမှာလည်း ဒီလောက်လောက်ဇာတ်ကိုမှ အများကြီးထူးခြားသွားအောင် လုပ်ခဲ့တဲ့ ဟန်တွေလည်းရှိသေးတယ်။ ကြည့်ဖြစ်ရင် သတိထားမိကြမှာပါ။ ကျွန်တော်တော့ ရုပ်ရှင် နာမည်ပေးထားပုံအထိကိုက အထင်ကြီးစရာကောင်းတယ်လို့မြင်တယ်။ အဲဒီကာလ ပြင်သစ်မှာ ၁၁နာရီဆို ညမထွက်ရအမိန့်အရ ဘယ်သူမှ အပြင်မှာရှိနေလို့မရတော့ဘူး။ ဒီတော့ နောက်ဆုံးရထားတော့ ဘယ်သူမှ လွတ်လို့မရဘူး။ ပြဇာတ်သမားတွေဟာ ညဘက်အလုပ်လုပ်ရတဲ့သူတွေဖြစ်သလို ပြဇာတ်ကြည့်ပရိသတ်တွေဟာလည်း ညဘက်နဲ့ဆက်စပ်နေသူတွေပါပဲ။ ဒီအခြေအနေဟာ ခေတ်နဲ့လည်း ဆက်စပ်နေတယ်။ Truffautဟာ နာမည်အထိကို သူပြချင်တာနဲ့ ဘာမှမဆိုင်သလိုထင်ရပေမဲ့ ပညာသားပါပါနဲ့ သူပြချင်တာကို သေချာပြသွားနိုင်တဲ့ အထာကျတဲ့ ဒါရိုက်တာပါပဲ။ ပြင်သစ်နယူးဝေ့ရဲ့ ပဲ့ကိုင်ရှင်သိပ်ပီသတဲ့ ဒါရိုက်တာပါပဲ။ File Size : 1.5 GB, 824 MB Quality : Blu-Ray 1080p / 720p Running Time : 2hr 22min Format : Mp4 Genre : Drama, Romance, War Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

7.3 1980 131 mins
The Last Metro
Labyrinth
7.3

Labyrinth (1986) IMDb Rating (7.3) / Rotten Tomatoes (77%) ” ကိုယ့်ကို ကြောက်ရွံ့ပါ ချစ်ပါ ပြောသလိုနာခံပါ မင်းရဲ့ ကျေးကျွန် ကိုယ်ဖြစ်ပြီးသားပါ ” ” အသင်ဟာ ကျွန်မအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိပေ ” ၈၀ ကကားဆိုပေမယ့် မှော်ဆန်ဆန် အိမ်မက်ယောင်ယောင်လေး‌တွေ ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတစ်ခုပါပဲနော်။ ဇာတ်လမ်းလေးက ဒီလိုလေး ဆာရာဆိုတာက အပျို၀င်စအရွယ်ကလေးမလေးတစ်ယောက် သူ့ရဲ့မိထွေးနဲ့ အဖေဖြစ်သူက ပိတ်ရက်တွေ ကလေးကြည့်ခိုင်းလို့ သူ့မောင်လေးကို ကြည့်မရဖြစ်နေတာပေါ့။ ကလေးစိတ်မကုန်သေးတဲ့ ကောင်မလေးက သူ့မောင်လေးကို ကြည့်နေရင်း ပြောလိုက်တာက ” မှင်စာ‌ တွေလာပြီးနင့်ကိုခေါ်သွားပါစေ ” တဲ့။ ဒါပေမယ့် တကယ်ကြီး မှင်စာတွေက သူ့မောင်လေးကို ခေါ်သွားတဲ့အခါမှာတော့ ဆာရာတစ်ယောက် မှင်စာဘုရင်ကြီးဆီက သူ့မောင်လေးကို ပြန်ခေါ်ဖို့ မောင်လေးရှာပုံတော်ထွက်ရပါတော့တယ်။ ဘုရင်ကြီးရဲ့ ရဲတိုက်ကိုရောက်ဖို့ ဝင်္ကပါတစ်ခုကို သူကျော်ဖြတ်ရတော့တဲ့အခါ ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ ဘယ်လိုသူငယ်ချင်းတွေ ရမှာလဲ။ အကျဉ်းချုပ်အနေနဲ့ကတော့ မိန်းမငယ်လေးတစ်ယောက်အတွက် ကလေးဘ၀နဲ့ လူကြီးဘ၀ကြားက ကြားကာလလေးကို ဘယ်လိုကျော်ဖြတ်သွားသလဲဆိုတာလေးပါပဲ။ Cast အနေနဲ့ကလည်း မှင်စာဘုရင်ကြီးဂျဲရက်အဖြစ် David Bowie နဲ့ ဆာရာအနေနဲ့ကတော့ လှတဲ့နေရာမှာနှစ်ယောက်မရှိတဲ့ မင်းသမီး Jennifer Connelly ပါပဲနော်။ ဒီကားထဲမှာ ၁၅ နှစ်အရွယ်လေးပဲရှိ‌သေးလို့ မှော်ဆန်ဆန်ကားတွေမကြိုက်ရင်တောင် သူနဲ့တင် ကြည့်ဖို့တန်ပါတယ်နော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(2.7 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Family, Fantasy Duration….01:42:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Phu Thet Khin

Horror • Thriller
7.3 1986 102 mins
Labyrinth
Primal Rage
5

အတိတ်က အပြစ်ကြွေးတစ်ခုကြောင့် ထောင်ဒဏ်ကျခံနေရသူ မက်စ်ကို ကိုယ်တိုင်သွားကြိုခဲ့တဲ့ ဇနီးဖြစ်သူ အက်ရှလေရဲ့ ဇာတ်ဝင်ခန်းနဲ့ ဒီဇာတ်လမ်းကို စဖွင့်ထားပါတယ်။ သူ့ရဲ့မျက်ကွယ်မှာ အရွယ်ရောက်ပြီး ကျောင်းတက်စပြုနေတဲ့သားဖြစ်သူကို ပြန်တွေ့ဖို့ မက်စ်နဲ့ အက်ရှလေတို့ဟာ အမေရိကန်အရှေ့မြောက်ပိုင်းက တောအုပ်ကို ဖြတ်သန်းပြီးဖောက်လုပ်ထားတဲ့လမ်းကတစ်ဆင့် ပြန်လာခဲ့ပါတယ်။ ဓာတ်ဆီဆိုင်အရောက်မှာပဲ ဆီဖြည့်အနားယူနေရင်းက တောအုပ်ထဲကို အမဲလိုက်ခရီးထွက်မယ့် မုဆိုးတစ်သိုက်နဲ့ ထိပ်တိုက်တွေ့ခဲ့ပေမယ့် အချင်းများမယ့်ရန်ကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ ထိုနေရာတစ်ဝိုက်မှာပဲ လူပျောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် နယ်ခံရဲမှူးကြီးကိုယ်တိုင် လိုက်လံစုံစမ်းနေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ နှင်းလူရဲ့လက်ချက်ဖြစ်ကြောင်း တဖွဖွပြောနေတဲ့ ဓာတ်ဆီဆိုင်စာရေးရဲ့စကားကို ရူးနှမ်းပေါကြောင်တဲ့စကားအဖြစ်သာ ယူဆနေခဲ့ပါတယ်။ မက်စ်နဲ့အက်ရှလေတို့ ခရီးပြန်ဆက်ပြီးတဲ့နောက် မကြာခင်မှာပဲ ဝတ်လစ်စလစ်နဲ့ လူတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိခဲ့ပါတယ်။ ထိုလူရဲ့ဒဏ်ရာတွေက သူတို့ကားနဲ့တိုက်တာနဲ့တင် ဒီလောက်မဆိုးရွားနိုင်မှန်း သိသာနေတာကြောင့် အက်ရှလေက ရဲကို ဖုန်းဆက်ဖို့ပြောပြခဲ့ပါတယ်။ ထောင်ကနေ ပူပူနွေးနွေးလွတ်လာတဲ့ မက်စ်အနေနဲ့ကတော့ ပြဿနာကို ရှောင်ရှားဖို့ ဖြောင့်ဖြခဲ့ပေမယ့် တောအုပ်ထဲကနေ လှမ်းပစ်လိုက်တဲ့ ခဲလုံးစာမိပြီး တောင်စောင်းကနေတစ်ဆင့် ရေစီးမြန်တဲ့ချောင်းထဲကို ပြုတ်ကျခဲ့ပါတယ်။ ရေစီးထဲကို မေ့ပြီးမျောပါသွားတဲ့ မက်စ်နောက်ကို အက်ရှလေက မဆိုင်းမတွဘဲ ခုန်ဆင်းလိုက်ပါ ကယ်ဆယ်ခဲ့ပါတယ်။ အက်ရှလေ ခေါ်ဆိုထားတဲ့ ၉၁၁ ကောလ်ကြောင့် အခင်းဖြစ်ရာကို ရောက်လာတဲ့ ရဲမှူးကြီးဟာ လူစိမ်းကိုလည်း မတွေ့ရ၊ ဖုန်းခေါ်ထားတဲ့ အက်ရှလေတို့ရဲ့ကားကိုသာ တောင်စောင်းအောက်မှာ တွေ့ခဲ့ရပါတယ်။ ပါကင်ဂီယာထိုးထားတဲ့ကားကိုတောင်စောင်းအောက်ရောက်အောင်ပို့ဖို့ဆိုတာ အရမ်းအားသန်တဲ့လူတစ်ယောက် တွန်းမှသာ ဖြစ်နိုင်ခြေရှိကြောင်း သိသွားတဲ့အချိန်မှာတော့ ဒေသခံအမေရိကန်တွေဖြစ်တဲ့ ရက်ဒ်အင်ဒီးယန်းတို့ရဲ့ ဒဏ္ဍာရီဖြစ်တဲ့ အို-မာ (ခေါ်) နှင်းလူရဲ့အကြောင်းကို လစ်လျူရှုထားလို့မရတဲ့ အခြေအနေရောက်လာခဲ့ပါတယ်။ ရေစီးထဲ မျောပါသွားတဲ့ မက်စ်နဲ့အက်ရှလေ၊ အို-မာရဲ့အကြောင်းကို စုံစမ်းမယ့် ရဲမှူးကြီးနဲ့ တောအုပ်ထဲကို အမဲလိုက်သွားကြတဲ့ တောသားမုဆိုးတစ်သိုက်တို့ရဲ့ ကံကြမ္မာတွေ ဘယ်လိုဆက်နွယ်နေမလဲဆိုတာကို ဆက်လက်ရှုစားနိုင်ဖို့ CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File size… 1.9 GB, 863 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Horror, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Action • Crime
5 2018 106 mins
Primal Rage
Zindagi Zindabaad
5.5

Zindabaad (2024) “ဒုစရိုက်နွံ” ပန်ချာပီ အက်ရှင်ဇာတ်ကြမ်းကားလေးကို ပရိသတ်တို့အတွက် တင်ဆက်လိုက်ပါတယ် ပန်ချာပီဆိုပေမဲ့လို့ ပုံမှန်လို ဟေးလားဝါးလား တာဘန်တွေနဲ့လူအုပ်ကြီးမဟုတ်ဘဲ အကြမ်းအရမ်းဖိုက်တင်ဇာတ်ဝင်ခန်းတွေနဲ့ပါ ဇာတ်လမ်းအကျဉ်းကတော့ မင်တူဆိုတဲ့ ကောင်လေးနဲ့ သူတို့မြို့လေးဟာ တစ်ချိန်က အရာအားလုံး သာသာယာယာရှိခဲ့တာပါ ဒါပေမဲ့ မူးယစ်ဆေးဆိုတဲ့စွဲလမ်းမှုကြီး ဝင်လာတဲ့အခါမှာ သူတို့လူငယ်တွေ လမ်းမှားရောက်ကုန်ပါတော့တယ် လမ်းမတွေပေါ်မှာ ဘဝကိုကုန်ဆုံးတာနဲ့ အုပ်စုဖွဲ့ ရန်ဖြစ်တာတွေက ထုံးစံလိုဖြစ်လာတဲ့နောက်မှာ ဒီစွဲလမ်းမှုကနေ သူတို့တဖန်ပြန်ရုန်းထွက်နိုင်မှာလား ဆက်လက်ကြည့်ရှုလိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Thriller
5.5 2024
Zindagi Zindabaad