YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

[CM]Game.of.Witches.2022.E95.720p.HDTV.mp4

201.84 MB N/A video/mp4 174 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ugram
4.6

Ugram 2023 ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ကားလေးကတော့ IMDb 9/10 ရထားတဲ့ အိန္ဒိယကားသစ်လေးပဲ ဖြစ်ပါတယ်။ ‌ ပရိသတ်ကြီးတို့ နေ့မြင်ညပျောက်ဆိုတဲ့စကားကြားဖူးကြမှာပါ။ ဒါဟာလည်း သေဆုံးမှုကို ရည်ညွှန်းတယ်လို့ပဲ သဘောပေါက်ထားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီစကားစုဟာ ဒီကားမှာတော့ ပျောက်ဆုံးမှုကို ရည်ညွှန်းတဲ့အသုံးဖြစ်သွားပါလိမ့်မယ်။ ညကလေးတင် ကားအက်ဆီးဒင့်နဲ့ကိုယ်တိုင် ဆေးရုံတင်ထားတဲ့ ဇနီးသည်နဲ့သမီးလေးဟာ နာရီပိုင်းလောက်ပဲကြာတဲ့ မ နက်ခင်းမှာတော့ ဆေးရုံကို ဘယ်တုန်းကမှရောက်မလာဖူးတဲ့သူတွေဖြစ်လို့နေပါတယ်။ မှတ်ဉာဏ်ထဲမှာ ထင်ထင်ရှားရှားသိနေပါရဲ့နဲ့ ဒီလိုဖြစ်တာဘာလို့များပါလဲ..။ ဒါမှမဟုတ် မင်းသားရဲ့ခေါင်းကဒဏ်ရာကြောင့်များ တစ်ယောက်တည်းဖြစ်တာကို အထင်လွဲနေတာလား...။ ဒါမှမဟုတ် လူနာတွေကို ပိုက်ဆံပဲယူပြီး လူနာရှင်နဲ့တွေ့ခွင့်မပေး ဈေးကြီးလွန်းတဲ့ ဒီဆေးရုံကြီးမှာများ လျှို့ဝှက်ချက်တွေရှိနေတာလား....။ ဒါမှမဟုတ် ရဲအုပ်ဖြစ်တဲ့မင်းသားနဲ့ ရန်ဘက်ဖြစ်တဲ့ သူ့ဇနီးသည်ရဲ့အဖေဖြစ်သူ မူးယစ်ရာဇာရဲ့ လက်ချက်များလား...။ ဒီလို သို့လောသို့လော ပဟေဠိတွေနဲ့ အချစ်/အမုန်း/ မှုခင်း/ ဆေးပညာ တွေကို စနစ်တကျပေါင်းစပ်ပြီး တစ်ခန်းချင်းမှာ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတဲ့ကားလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။ (အညွှန်းရေးသားသူကတော့ Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Aditi~Yunni~BpLနဲ့ Zwe Yanတို့ပဲဖြစ်ပါတယ်) File size… 3.08GB / 1.26GB Quality…1080p WEB DL /720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~Yunni~BpL~Zwe Yan

Crime • Drama
4.6 2023 148 mins
Ugram
Sher Shivraj
9.7

Sher Shivraj (2022) *************************** IMDb-8.3/10 ဘယ်လိုလက်နက်ပဲဖြစ်နေပါစေ..... လူသားပဲဖြစ်ဖြစ် တိရိစ္ဆာန်ပဲဖြစ်ဖြစ်..... နေ့ပဲဖြစ်နေနေ ညပဲဖြစ်နေနေ..... အိမ်တွင်းမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်.... သင်ဟာ သတ်လို့မသေနိုင်တဲ့ မသေမျိုးဖြစ်စေဆိုပြီး အရှင်ဗြမ္မဟာက ဒီဆုလာဘ်ကို ဟီရန်ရာကာ့ရှပ်ဆီ ပေးအပ်ခဲ့တယ်။ ဒီဆုလာဘ်ကြောင့်ပဲ ဆိုးသွမ်းလာတဲ့ ဟီရန်ရာကို နတ်ဘုရားတွေကပါ ကြောက်လန့်လာကြခဲ့တယ်။ဒါပေမယ့် သူ့သားတော် ပရယ်လားဒ်ကတော့ အရှင်ဗိဿနိုးကို ဆည်းကပ်တဲ့သူ။ဒါကြောင့်ပဲ ဟီရန်ရာကာ့ရှပ်က ပရယ်လားဒ်ကို အကြိမ်ပေါင်းများစွာသတ်ဖို့ကြံစည်ခဲ့တယ်။ ဒါပေမဲ့လည်း အရှင်ဗိဿနိုးရဲ့ဘုန်းတန်ခိုးကြောင့် ပရယ်လားဒ်ကို အကြိမ်ကြိမ်သတ်ဖို့ကြံစည်တာ မအောင်မြင်ခဲ့တဲ့နောက်မှာတော့ ပရယ်လားဒ်ကိုမေးခဲ့တယ် မင်းရဲ့အရှင်ဗိဿနိုးဘယ်မှာလဲဆိုပြီး။ပရယ်လားဒ်ကပြန်ပြောခဲ့တယ် စကြာဝဠာကြီးရဲ့ အစိတ်အပိုင်းတိုင်းမှာ အရှင်ကတည်ရှိနေပါတယ်တဲ့။ဒီတော့ ဟီရန်ရာက ဒီတိုင်မှာရှိတာလားလို့မေးလေတော့ ပရယ်လားဒ်က ဟုတ်တယ် ဒီတိုင်လုံးထဲမှာလည်းရှိတယ်ဆိုတော့ တိုင်ကို ဒေါသတကြီးနဲ့ကန်ပါလေရော။အဲဒီမှာပဲ တိုင်လုံးကအစိတ်စိတ်အမွှာမွှာကွဲပြီး လူခန္ဓာကိုယ် ခြင်္သေ့ခေါင်းနဲ့ ဗိဿနိုးရဲ့အဝတာတစ်ဆူဖြစ်တဲ့ အရှင်နာဆင်မာပေါ်လာပြီး ဟီရန်ရာကိုပွေ့ချီသွားပြီး အတွင်းလည်း မဟုတ် အပြင်လည်းမဟုတ် လူလည်းမဟုတ် တရိစ္ဆာန်လည်းမဟုတ် ဘယ်လိုလက်နက်မှလည်းမသုံးဘဲ သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ ဒီဇာတ်လမ်းကိုကြားတော့ မင်းသားလေးက သူလည်းအရှင်နာဆင်မာလို မကောင်းဆိုးဝါးတွေကို သုတ်သင်ရှင်းလင်းမယ်ဆိုပြီး တိုင်တည်ပါတယ်။ တိုင်းပြည်ရဲ့ခေါင်းဆောင်ဖြစ်လာတဲ့ တစ်နေ့မှာတော့ ဟီရန်ရာလိုမကောင်းဆိုးဝါးနဲ့ စစ်ခင်းဖို့ဖြစ်လာတဲ့အချိန်မှာ မင်းသားလေးအဆင်သင့်ဖြစ်နေမလားဆိုတာတော့ ခမ်းခမ်းနားနားနဲ့ ကြည့်ရမယ့် အိန္ဒိယနန်းတွင်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~BpL~Cherry~Yunniတို့ပဲဖြစ်ပါတယ်) File size…3.4GB / 1.3GB Quality…1080p WEBRIP  / 720p  Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Moon~BpL~Cherry~Yunni

Mystery • Science Fiction • Thriller
9.7 2022
Sher Shivraj
Crazy Rich Asians
7.1

ရေချယ်ချုဟာ နယူး ယောက်တက္ကသိုလ်က စီးပွား ရေးပါမောက္ခတစ်ယောက်ဖြစ်ပြီး သူ့မှာ နစ်ခ်ရန်းဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ နစ်ခ်က သူ့အခင်ဆုံးသူငယ်ချင်း ကောလင်းရဲ့ မင်္ဂလာပွဲမှာ လူပျိုရံလုပ်ဖို့ရှိတဲ့အတွက်ရယ်၊ သူ့မိသားစုနဲ့ မိတ်ဆက်ပေးဖို့အ တွက်ရယ်ဆိုပြီး ရေချယ်ကိုသူနဲ့ အတူ စင်ကာပူကို လိုက်ခဲ့ဖို့ ခေါ် ခဲ့ပါတယ်။ အထက်တန်းလွှာတွေစီးတဲ့ လေယာဉ်လက်မှတ်ဝယ်ထား တာကို တွေ့လိုက် တာ နဲ့ ရေချယ်တစ်ယောက် နစ်ခ်ဟာ ချမ်းသာတဲ့မိသားစုကလာတာလားလို့မေး ပေမယ့် နစ်ခ်ကတော့ သိပ်ထူး ဆန်းဟန်မပြဘဲ မိသားစုက အိမ် ခြံမြေလုပ်ငန်းလုပ်တယ်လောက်ပဲ ပြောပြခဲ့ပါတယ်။ စင်ကာပူကိုရောက်တဲ့အခါ မှာ ရေချယ်ဟာ နစ်ခ်ရဲ့ သူငယ်ချင်းကောလင်းနဲ့ သူ့ချစ်သူအရာ မင်တာလီတို့ စုံတွဲနဲ့ခင်မင်ခဲ့ပြီးနစ်ခ်တို့မိသားစုနဲ့တွေ့ဖို့အတွက်စိတ်မပူဖို့ ရေချယ်ကိုအားပေးခဲ့ ကြပါတယ်။ ရေချယ်ကလည်း စင်ကာပူကိုရောက်တုန်းရောက်ခိုက် ကောလိပ်တုန်းက သူ့အခန်းဖော် ဂိုပိတ်လင်နဲ့ဆုံဖို့စီစဉ်ခဲ့ပါတယ်။ ပိတ်လင်နဲ့ ဆုံတဲ့အခါမှာ တော့ ပိတ်လင်ဟာအရမ်းကို ချမ်းသာသူတစ်ယောက်ဖြစ်ပြီး ရွှေနဲ့ တည်ဆောက်ထားတဲ့ အိမ်ကြီးရခိုင်မှာ နေတယ်ဆိုတာသိလိုက်ရ လို့ အရမ်းကိုအံ့အားသင့်ခဲ့ရပါ တယ်။ ရေချယ်က ပိတ်လင်ရဲ့ မိသားစုနဲ့ စကားပြောဆိုရင်း သူသွားတွေ့ရမယ့် သူ့ချစ်သူနစ်ခ် ရန်းရဲ့ မိသားစုဟာ ဂိုမိသားစုထက်အဆပေါင်း များစွာချမ်းသာ သလို သြဇာလည်းကြီးတဲ့မိသားစု ဆိုတာ ရုတ်တရက်သိခဲ့ရတဲ့အ တွက် စိုးရွံ့သွားခဲ့ပါတယ်။ ရေချယ်ဟာ ကြီးကျယ်ခမ်း နားတဲ့ ပါတီကြီးတစ်ခုဆီကိုနစ်ခ် နဲ့ လိုက်သွားခဲ့ရပြီး သူကသာအခြေအနေအရပ်ရပ်ကိုမသိ ပေမယ့် သူ့ကိုတော့ လူတွေကသိနေပြီး သတိထားကြည့်နေခဲ့ကြပါ တယ်။ နစ်ခ်တို့အိမ်ကအထိန်းကို နစ်ခ်ရဲ့ အဘွားထင်ပြီး မှားနှုတ် ဆက်ခဲ့သလို နစ်ခ်ပေါ်ကိုလည်း ဝိုင်ခွက်မှောက်အောင်လုပ်မိတဲ့ ရေချယ်တစ်ယောက် သတိထား ကြည့်ခံနေရပါတယ်ဆိုမှ တလွဲ တွေချည်းလုပ်မိခဲ့ပါတယ်။ ရေချယ်ကို နစ်ခ်ရဲ့အမေအယ်လီနောက သဘောမကျတဲ့ပုံစံပြခဲ့ပေမယ့် နစ်ခ်အဘွားက တော့ ရေချယ်ကို အိမ်ကိုလာလည်ဖို့ဖိတ်ခဲ့ပါတယ်။ နစ်ခ်ကိုလိုချင် နေတဲ့ အမန်ဒါဆိုတဲ့မိန်းကလေး ကလည်း သူနဲ့ နစ်ခ်က လက်တွဲ တော့မှာလိုလို ရေချယ်သိအောင် လုပ်ပြခဲ့ပါတယ်။ တစ်ဖက်အသိုင်းအဝိုင်းက လူတွေက ရေချယ့်ကို ငွေကြောင့်နစ်ခ်ကို အပိုင်ကြံသလိုလို စကားတွေ၊ အပြုအမူတွေနဲ့ ထိုးနှက်ကြပေမယ့် သနားစရာရေချယ်က တော့ နစ်ခ်နဲ့ပတ်သက်လို့ ဘာဆိုဘာမှသိမထားဘဲ ရုတ်တရက်ကြုံရတဲ့ဒဏ်ကို အလူးအလဲခံခဲ့ရ ပါတယ်။ ရေချယ်တစ်ယောက် ကြီးကျယ်ခမ်းနားလွန်းတဲ့ မိသားစုထဲကို ဝင်မှာလား၊ နစ်ခ်ကကောရေချယ့်အပေါ် ဘယ်လိုသဘော ထားတာလဲ၊ အလွှာမတူတဲ့ချစ် သူနှစ်ဦးရဲ့ အချစ်ခရီးလမ်းက ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ တော့ ဆက်ကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ Constance Wu , Henry Golding , Michelle Yeoh,Gemma Chan , Lisa Lu၊ Nico Santos, Ronny Chieng စတဲ့သရုပ်ဆောင်တွေ ပါဝင်ပါ တယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ) ***သတိပေးချင်တာက အချို.ဇာတ်ဝင်ခန်း ၂ ခန်းလောက်က တရုတ်လိုပြောတဲ့အတွက် စာတန်းထိုးဖိုင်မှာ ပါမလာပါဘူး မူဗီမှာတော့ Eng sub ပါပါတယ်။စကားပြောလွယ်တာရယ် မအားလပ်တာရယ်ကြောင့် ထိုအခန်းတွေကို စာမဖြည့်ထားပါဘူး*** File Size : (950 MB) Quality : Blu-Ray 720p Running Time : 2h 00min Format : Mp4 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-HDC Translated by May Tharaphi Lwin Encoded by Thanhtike Zaw

Action & Adventure • Crime • Drama • Mystery • Sci-Fi & Fantasy
7.1 2018 121 mins
Crazy Rich Asians
A Dog's Purpose
7.6

ဘေလီ လို့ခေါ်တဲ့ ရွှေဝါရောင် အမဲလိုက်ခွေး အမျိုးအစားလေး က သူ့ကို တကယ်ချစ်ပြီး ကြင်နာပေးတဲ့ အီသန် နဲ့ ဟန်နာ တို့ရဲ့အချစ်တော်ခွေးလေးပေါ့ အီသန် က ဘေလီ ကို Rugby ဘောလုံးလေးနဲ့ကစားနည်းလေးတွေ သင်ပေးခဲ့တယ် တစ်နေ့မှာတော့ အကြောင်းကြောင်းကြောင့် အီသန် နဲ့ ဟန်နာ တို့ လမ်းခွဲ ခဲ့ကြတယ် နောက်ပိုင်း အီသန် ပညာသင်ဖို့ထွက်ခွာသွားခဲ့တဲ့အချိန်မှာတော့ ဘေလီ လေးလည်း သခင်ကို လွမ်းတဲ့စိတ်နဲ့ နေမကောင်းဖြစ်ပြီး ဆရာဝန်တွေက သူ့အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးခဲ့ကြတယ် ဒီလိုနဲ့ ဘေလီဟာ နောက်ဘဝတစ်ခုမှာတော့ ရဲတပ်သား ခွေးလေးဘဝကို ပိုင်ဆိုင်ခဲ့ပြီး သူတတ်စွမ်းသလောက် အခြားလူတွေ နဲ့သူ့ရဲ့သခင်အသစ်ကို ကူညီပေးခဲ့တယ် ဒါပေမဲ့လည်း ဘေလီ ကတော့ အီသန် ကို မေ့လို့မရနိုင်ခဲ့ပါဘူး နောက်ဆုံး ဘဝတစ်ခုမှာတော့ သူတကယ် အကျပ်အတည်းနဲ့ရုန်းကန်ခဲ့ရပါတယ် သူ့ကိုမချစ်တဲ့ သူ့သခင်တစ်ယောက်က စွန့်ပစ်ခဲ့တဲ့ အချိန်မှာတော့ အိမ်မပြန်တော့ပဲ ခြေဦးတည့်ရာထွက်လာရင်း အရင်ဘ၀ သူနဲ့ရင်းနှီးတဲ့ နေရာတစ်ခုကို ပြန်ရောက်လာခဲ့တယ် ဒီအချိန်မှာတော့ သူဟာ အီသန် ကို ရှာတွေ့နိုင်ခဲ့ပါပြီ အီသန် ကတော့ သူ့ကို မသိခဲ့ပါဘူး ဘေလီလေး တစ်ယောက် အထီးကျန်နေတဲ့ အီသန်ကို ဘယ်လိုကူညီမလဲ သူက ဘေလီ ပါဆိုတာကို အီသန် သိအောင် ဘယ်လို ကြိုးစားမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ကြပါဦး ခင်ဗျာ ဘဝများစွာ ဖြတ်သန်းခဲ့ရပေမဲ့ သခင်ကို ချစ်တဲ့စိတ် သခင်အပေါ်သံယောဇဉ်ကြီးတတ်တဲ့ ခွေးလေးတွေ ရဲ့အကြောင်းကို ရိုက်ကူးထားတာတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် CM ပရိသတ်တွေထဲကမှ တရိစ္ဆာန်ချစ်သူလေးတွေ သဘောကျ နှစ်သက်ကြလိမ့်မယ် ထင်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Carey Nyein ပဲဖြစ်ပါတယ်) File Size : 850 MB /300 MB Quality :  Bluray 720P Running Time : 1hr 40minutes Format : Mp4 Genre :    Action, Comedy,Drama Encoder : Thanhtike Zaw

Action & Adventure • Animation • Sci-Fi & Fantasy
7.6 2017 100 mins
A Dog's Purpose
3 Ninjas Kick Back
4.5

3 Ninjas Kick Back (1994) =================== များလှစွာသော Three Ninjas တွေထဲကမှ နောက်ထပ် ကားကောင်းလေး တစ်ကားပါ ပရိသတ်ကြီးရေ .. ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်က ကြိုက်လွန်းလို့ ခဏခဏကြည့်ပြီး အလွတ်နီးပါး ရနေတဲ့ ဇာတ်လမ်းလေးပါ။ ဇာတ်ကြောင်းကတော့ .. ရော့ကီ၊ ကော့တ်နဲ့ တမ်တမ် ဆိုတဲ့ ညီအစ်ကို သုံးယောက် ရှိကြသဗျ။ သူတို့ဟာ နွေရာသီအားလပ် ရက်တွေမှာ အဘိုးဖြစ်သူရဲ့ အပန်းဖြေအိမ်လေးကို သွားပြီး နင်ဂျာသိုင်း သင်ကြပါတယ်။ တစ်ခုသောနွေရာသီမှာတော့ အဘိုးဖြစ်သူက လွန်ခဲ့တဲ့ အနှစ် ၅၀ က သူ ပြိုင်ပွဲဝင်ရင်း ဆုရခဲ့တဲ့ဓားမြှောင်တစ်ချောင်းရဲ့ သမိုင်းကို မြေး ၃ယောက်ကို ပြောပြပါတော့တယ်။ ဒီလိုနဲ့ ဒီဓားမြှောင်က တိုကျိုမှာရှိတဲ့ ရွှေလှိုဏ်ဂူတစ်ခုရဲ့ သော့ဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ ဒီဓားမြှောင်ကို အဘိုးဖြစ်သူဟာ ယခုလက်ရှိ ဂျပန်နိုင်ငံ ကိုဂါမြို့မှာ ကျင်းပတဲ့ နင်ဂျာပြိုင်ပွဲမှာ အနိုင်ရသူကို ပြန်ပြီး လက်ဆင့်ကမ်း ချီးမြှင့်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၅၀ က ရန်ကြွေးကို ခုထိ မကျေချင်သူက ဒီဓားမြှောင်ကို အရယူဖို့ ကြိုးစားရင်း အဘိုး ဖြစ်သူ ဒုက္ခကြုံရတဲ့အခါမှာ ရော့ကီ၊ ကော့တ်နဲ့ တမ်တမ်တို့ ညီအစ်ကို (၃)ယောက် အဘိုးရှိရာ ဂျပန်ပြည်ကို လိုက်သွားပြီး စွန့်စားခန်းဝင် ကြတာကို ကြည့်ရှူရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(2.27 GB) / (988 MB) / (622 MB) Quality…………WEB-Rip 1080p / 720p / 480p Duration………1Hr 33Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Family Translator…….Act Molemy Encoder……….SWM

4.5 1994 93 mins
3 Ninjas Kick Back
Slum Dog Husband
8.2

Slum Dog Husband (2023) IMDb-8.2/10 အက်ရှင်ကားတွေ ကြည့်ရတာ ပျင်းနေမှာစိုးလို့ အခုတစ်ခေါက်တော့ CMပရိသတ်ကြီးအတွက် အပြောင်းအလဲအနေနဲ့ ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ် “777 Charlie “ဆိုတဲ့ဇာတ်ကားလေးပြီးကတည်းက ခွေးလေးတွေပါတဲ့ ဇာတ်ကားလေးတွေ ကြည့်ချင် နေတဲ့ ပရိသတ်ကြီးအတွက် ဒီကားလေးက Charlie ကို ပြန်ပြီး သတိတရဖြစ်စေဦးမှာပါ ဇာတ်ကားက ဟာသကားဖြစ်သလိုပဲ ဇာတ်ကွက်တွေကလည်း ဟာသဆန်ဆန်ပါပဲ ဒီကားထဲမှာ လာချီဆိုတဲ့ ဇာတ်လိုက်ကျော်မင်းသားက သူ့ကောင်မလေးဖြစ်သူ မွန်နီကာနဲ့ သမီးရည်းစားဘဝနဲ့နေရတာ အိမ်မှာလည်း အမေဖြစ်သူက လွတ်လွတ်လပ်လပ် ဖုန်းပြောချင်တာတောင် ခွင့်မပြု၊ အပြင်ကိုသွားပြန်‌တော့လူမြင်ကွင်းမှာ မဖွယ်မရာလုပ်တယ်ဆိုပြီး “ရဲတွေက အမှုဆင်ပြီးဖမ်း အဲဒီလိုကိစ္စတွေကြောင့် လာချီနဲ့မွန်နီကာတို့ သူတို့ရဲ့အိမ်တွေကို သူတို့နှစ်ယောက်ကို လက်ထပ်ပေးကြဖို့တောင်းဆိုကြပါတော့တယ် နှစ်ဖက်စလုံးက မိဘတွေက ငယ်သေးလို့ လက်မထပ်ပေးချင်ကြပေမဲ့လက်မထပ်ပေးရင် နှစ်ယောက်စလုံးက ခိုးပြေးကြမယ် ဆိုလို့ ဘုန်းကြီးနဲ့တိုင်ပင်ပြီး မင်္ဂလာဆောင်ပေးဖို့ ရက်ရွေးကြတဲ့အခါ မိဘတွေက မင်္ဂလာဆောင်ကြမဲ့ ဇာတ်လိုက် ကျော် လာချီနဲ့မွန်နီကာတို့ရဲ့ မွေးနေ့တွေကို မမှတ်မိတာကြောင့် လက်ထပ်မဲ့ရက်ရွေးဖို့ အဆင်မပြေဖြစ်ကြပြန်တယ် ၊ ဒါနဲ့ တခြားဘယ်လိုနည်းလမ်းရှိသေးလဲလို့ မေးတော့ ဘုန်းကြီးက မွေးနေ့၊မွေးရက်တွေမသိဘဲ လက်ထပ်ချင်တယ်ဆိုရင်တော့ အရင်ဆုံးခွေးနဲ့ပဲဖြစ်ဖြစ်၊ သစ်ပင်နဲ့ပဲဖြစ်ဖြစ်လက်ထပ်ရမယ်လို့ ပြောတော့ ဇာတ်လိုက်ကျော်လာချီတစ်ယောက် movie name မှာပါတဲ့အတိုင်း dog husband အဖြစ်ဘယ်လိုဆက်ပြီး နှစ်ပါးသွားမလဲ ဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦး (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ YH~V~Zwe Yan~Aditi~Yunniတို့ပဲဖြစ်ပါတယ်)

Mystery • Drama • Crime
8.2 2023
Slum Dog Husband
Good Wife’s Guide to Murder

ဒီဇာတ်လမ်းလေးက Thriller Drama အမျိုးအစားဖြစ်ပါတယ်။ ကိုယ့်ယောကျာ်းကိုပြန်သတ်တဲ့အမှုကိုကျူးလွန်တဲ့ ဖြစ်ရပ်မှန်ရာဇဝတ်မှုတွေအကြောင်း အသံလွှင့်အစီအစဥ်ထုတ်လွှင်တဲ့ ကိတ်ဟာ တနေ့မှာတော့ သူကိုယ်တိုင်ရဲ့ခင်ပွန်းဖြစ်သူအသတ်ခံလိုက်ရပါတယ်။ အဲ့ဒါပြီးတော့ သူမရဲ့အသံလွှင့်အစီအစဥ်ကြောင့် လူသတ်မှုသံသယရှိသူအဖြစ်စွပ်စွဲခံရပါတော့တယ်။ သူအပြစ်မရှိကြောင်းကို ကိတ်တစ်ယောက်ဘယ်လိုဖြေရှင်းမလဲ တကယ့်တရားခံကရောဘယ်သူလဲ လူသတ်ပြီးရင်လိုက်နာရမယ့်စည်းမျဥ်း ၁၀ ချက်နဲ့အတူ ဒီဇာတ်လမ်းလေးမှာ စောင့်ကြည့်အဖြေရှာလိုက်ကြပါ။ File size…(644 MB) Quality…. 720p Format…mp4 Duration….01:24:00 Genre…Drama, Thriller, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

0 2023
Good Wife’s Guide to Murder
Burning Sun: Exposing the Secret K-pop Chat Groups

BURNING SUN (2024) ****************** ကိုရီးယားရဲ့ နာမည်ကျော်ဆယ်လီတွေဆိုတာ လူအများလေးစားရလောက်အောင် သူတို့ကျွမ်းကျင်တဲ့ပညာရပ်မှာ တစ်ဖက်ကမ်းခတ်သလို ပရိတ်သတ်ကိုလေးစားတာ အပြန်အလှန်ရိုသေသမှုပြုတာတွေဟာ လူငယ်တွေအတွက် အားကျအတုယူလောက်စရာပါပဲ…သို့သော် တချို့သော ဆယ်လီတွေဟာ သူတို့ရဲ့အောင်မြင်မှုနဲ့ ငွေကြေးချမ်းသာမှုတို့ကို အသုံးချပြီး လူတွေကို တိရစ္ဆာန်တစ်ကောင်လိုပြုမူကြလို့ လူထုအကြားစက်ဆုပ်စရာဖြစ်လာကြတဲ့ ရွံစရာအမှုအခင်းတွေလည်းအများကြီးရှိပါတယ်..ဒီအထဲမှာ အထင်ရှားဆုံးကတော့ Jung Joon Young , Seungri နဲ့ Choi Jong Hoon တို့ရဲ့ လုပ်ရပ်တွေပါပဲ.. ဒီလူငယ်တွေဟာ အမျိုးသမီးတွေကိုအုပ်စုလိုက် ရိုက်နှက်တာ မုဒိန်းကျင့်စော်ကားတာ အပြင် လူမဆန်တဲ့လုပ်ရပ်ပေါင်းများစွာလုပ်ခဲ့ကြပါတယ်.. တကယ်တော့ဒီအမှုအခင်းတွေဟာ နှစ်အတော်ကြာမှ လူထုအကြားရောက်ရှိလာတာပါ.. ဒီမတိုင်ခင် လိုက်ခဲ့တဲ့သတင်းထောက်တွေဟာ အသက်အန္တရယ်အထိခြိမ်းခြောက်တာမျိုးခံရသလို စထွက်လာတဲ့ အပုတ်အသိုး သတင်းပေါင်းများစွာကိုလည်း ငွေကြေး ၊အသိုင်းအဝန်းပေါင်းစုံ အသုံးပြုပြီး ပျောက်ပျက်အောင်လုပ်ခဲ့ကြပါတယ်.. အခုအခါမှာတော့ သတင်းထောက်တွေပေါင်းစုပြီး လူထုကို ချပြတဲ့ ဗီဒီယိုကို BBC ကထုတ်ဖော်လာခဲ့ပါပြီ… ဒီဗီဒီယိုကြည့်မိတဲ့အချိန်မှာ အတွေးအပေါင်းများစွာရရှိနိုင်သလို ဥပဒေရဲ့ အရေးယူမှုအပိုင်းတွေကိုလည်း မေးခွန်းထုတ်စရာတွေအများကြီးရှိလာနိုင်မှာပါ… File size… 890MB / 400 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h Genre ….. Documentary, TV Movie Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Tiff Translated by Thantsin, Zuri Han, Thet Hnin & Stary

0 2024
Burning Sun: Exposing the Secret K-pop Chat Groups
Fireflies in the Garden
6.4

ဥယျာဉ်ထဲက ပိုးစုန်းကြူးတွေ အထက်ကောင်းကင်ကိုဖြည့်ဖို့ရာ ကြယ်တွေရှိပါသတဲ့ ကမ္ဘာပေါ်မှာတော့ ပိုးကလေးတွေပေါ့ အရွယ်အစားချင်းတော့ဘယ်တူလိမ့် အနှစ်သာရအားဖြင့်လည်းသူတို့က ကြယ်တွေမဟုတ်ခဲ့ တစ်ခါတလေတော့ သူတို့မှာကြယ်လိုစတင်ခြင်းမျိုးရှိလေရဲ့ ကြယ်လိုတောက်ပမှုမျိုး ကြာကြာထိန်းမထားနိုင်တာကလွဲ…။ – ရောဘတ်ဖရော့စ် ဒီကဗျာဟာ မှောင်မိုက်တဲ့အချိန်တွေကြားက ခဏတဖြုတ်ဖြစ်လာတဲ့ အလင်းရောင်အခိုက်အတန့်လေးတွေကို ဖော်ကျူးထားတာပါပဲ။ ဘယ်အရာမှမတည်မြဲပါဘူး။ မတည်မြဲဘူးဆိုတိုင်း အခွင့်သင့်သလိုလင်းလာတတ်တဲ့ အေးချမ်းခြင်းအခိုက်အတန့်တွေကို မခံစားရတော့ဘူးလို့မှမဟုတ်ပဲလေ။ ကဗျာနဲ့ရုပ်ရှင်က ထပ်တူကျလောက်အောင်ဆွဲညှိမရပေမဲ့ ကြည့်တတ်ရင် အရိပ်အမြွက်လောက်တော့မြင်ပါလိမ့်မယ်။ Cast တွေကတော့ လက်ဖျားခါလောက်စရာပါပဲ။ William Dafoe, Ryan Reynolds, Julia Roberts, Carrie- Ann Moss တို့လို တကယ့်အကြီးကြီးတွေကိုမှရွေးသုံးထားတယ်။ ဒီရုပ်ရှင်ကတော့ ရီဗျူးတွေကောင်းလှတယ်မဟုတ်ဘူး။ ကောင်းလှတယ်မဟုတ်တဲ့အခြေအနေကိုတောင် သရုပ်ဆောင်တွေဆွဲတင်ခဲ့လို့ ရောက်တာဖြစ်လိမ့်မယ်။ တိုက်ဆိုင်မှုရှိသူတွေအတွက်တော့ ရင်ထဲရောက်မှာပေါ့။ ဒီရုပ်ရှင်က မိသားစုပြဿနာတွေအကြောင်း။ အဓိကကတော့ အဖေ နဲ့ သားကြားက ညှိမရတဲ့နာကျည်းချက်တွေပေါ့။ သိပ်ကိုဒေါသကြီးပြီး အရာအားလုံးကိုထိန်းချုပ်ချင်နေတဲ့အဖေတစ်ယောက်၊ အဖေ့ကိုသေလောက်အောင်မုန်းနေတဲ့သားတစ်ယောက်၊ သားကိုချစ်လွန်းတဲ့အပြင် အဲဒီလိုအဖေကိုလည်း သည်းခံလွန်းတဲ့အမေ။ ဒါက သိပ်မဆန်းတဲ့ မိသားစုပုံစံတစ်ခုပါပဲ။ “လှိုင်းထန်လေထဲမျောတဲ့အခါ အထီးကျန်လာတိုင်းအတွေးထဲမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဘဝဒဏ်ချက်များအိပ်မက်မှာ မျက်ရည်တွေစို့ရတဲ့အခါ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဒုက္ခတွေထည်လဲတွေ့ခဲ့အခါ တခြားသူမရှိဘူးကျွန်တော့်အတွေးမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ…” လေးဖြူရဲ့အဖေသီချင်းကို နားထောင်မိတဲ့လူတိုင်းကတော့ အဖေ့ကိုချစ်စိတ်နဲ့လွမ်းနိုင်လိမ့်မယ်မထင်ဘူး။ အဖေ့ကိုမျက်နှာချင်းတောင်မဆိုင်ချင်တဲ့လူတွေ တပုံတပင်ကြီးရှိလိမ့်မယ်။ မြင်ယောင်တမ်းတမိသမျှ အဖေ့ပုံရိပ်တွေက အမုန်းရောင်ခြယ်ထားရင် ဘယ်လိုနတ်ဆေးမျိုးက ပယ်ဖျက်နိုင်ပါ့မလဲ။ မိဘဆိုတာက ကောင်းတာပဲဖြစ်စေချင်မှာပါ။ ဒါပေမဲ့ မိဘတွေရဲ့အတ္တကြား ကလေးတွေရင်ထဲ ကျည်ဘယ်နှချက်ထိခဲ့ပြီလဲ။ ငယ်ဘဝစိတ်ဒဏ်ရာဆိုတာ ပျောက်ဖို့အခက်ဆုံး ဒဏ်ရာတွေထဲမှာပါတယ်။ အနာကျက်တယ်ဆိုတာမရှိဘူး။ အချိန်မရွေးသွေးထွက်လာနိုင်တဲ့ ဒဏ်ရာမျိုးပါပဲ။ အထူးသဖြင့် အဲဒီဒဏ်ရာက ကိုယ့်မိဘတစ်ယောက်ယောက်ဆီက ရခဲ့တာဆိုရင်ပေါ့။ ဒီရုပ်ရှင်ထဲမှာ အဖေဖြစ်တဲ့ချာလီနဲ့ သားဖြစ်တဲ့ မိုက်ကယ်တို့ကြားက ပြဿနာတွေက ဇာတ်လမ်းပဲ။ ချာလီက သိပ်စည်းကမ်းကြီးတယ်။ အတင်းအကြပ်ဆန်တယ်။ အရာရာကို ပြီးပြည့်စုံနေစေချင်တယ်။ မိုက်ကယ်ခမျာ ငယ်သေးတော့ ကလေးဆန်ဆန် အမှားတွေလုပ်မိတာပေါ့။ ဒီထဲမှာ ကလေးတွေအမှားလုပ်တဲ့အပေါ် မိဘတွေရဲ့ဖြေရှင်းပုံက သိပ်အရေးပါကြောင်းပြသွားတယ်။ ဆူလိုက် ငေါက်လိုက်လုပ်တဲ့ ချာလီကို သူ့သားမိုက်ကယ်က သေစေချင်တဲ့အထိ မုန်းတီးသွားအောင် အဲဒီစကားလုံးတွေက ဖန်တီးခဲ့တာပါပဲ။ အချိန်တွေကိုအမြန်ရစ်ပြီး လက်ရှိအချိန်မှာတော့ ချာလီက ပင်စင်စားအရွယ်၊ မိုက်ကယ်က သက်လတ်ပိုင်းအရွယ် ရောက်နေကြပြီ။ မိုက်ကယ်ရင်ထဲက ဆူးတွေတော့ ရှိနေဆဲပါပဲ။ ချာလီရဲ့စရိုက်တွေကလည်း အရင်လိုပါပဲ။ သူတို့တွေပြန်တွေ့မယ့်နေ့မှာ ယာဉ်မတော်တဆမှုနဲ့ မိုက်ကယ်ရဲ့အမေ လီဆာ ဆုံးပါးသွားခဲ့တယ်။ ဇာတ်လမ်းဟာ ဒီအချိန်မှအသက်ဝင်လာတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ကို တလှည့်စီပြရင်း ချာလီစိုက်ခဲ့တဲ့ မိုက်ကယ်ရင်ထဲက ဆူးတွေကို တချောင်းချင်း အသက်ပြန်သွင်းတယ်။ ချာလီဟာတော်တော်ဆိုးတာပဲလို့ ကျွန်တော်တို့ လိုက်မုန်းမိလိမ့်မယ်။ မိုက်ကယ်နေရာမှာ ကိုယ်ရောက်နေသလို ချာလီ့အပေါ်ရွံမုန်းစိတ်တွေမွေးမိလိမ့်မယ်။ ဒါပေမဲ့ တနေ့ထက်တနေ့ မျက်ဝန်းမှာနောင်တရိပ်တွေပြည့်လာတဲ့ ချာလီကိုမြင်လာရတော့ ကျနော်တို့သနားမိလိမ့်မယ်။ “ကျွန်တော်တို့ကြားထဲ ဘာတွေဖြစ်သွားတာလဲ” ဆိုတာ မိုက်ကယ်က သူ့အဖေ ချာလီကိုမေးခဲ့တဲ့စကားပေါ့။ မိသားစုနဲ့မတူလောက်တဲ့အထိ ထူးဆန်းနေလွန်းတဲ့သူတို့ရဲ့ဆက်ဆံရေးမှာ စကား ၁၀ ခွန်းလောက်တောင် ဖြောင့်အောင်မပြောနိုင်တဲ့အထိဖြစ်သွားတယ်။ ဒီနေရာမှာ ကျနော်တို့သူတို့ ၂ ယောက်လုံးဘက်က ခံစားကြည့်လို့ရတယ်။ မိုက်ကယ်ဆိုရင် ဘယ်တုန်းကမှ နွေးထွေးမှုမရခဲ့တဲ့သားတယောက်၊ အဖေ့ရဲ့တင်းကြပ်တဲ့စည်းကမ်းတွေအောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့အပြင် တချိန်လုံးအမှားလုပ်မိမှာကြောက်နေရတဲ့အထိ စိတ်ဒဏ်ရာပေါင်းစုံ သူ့အဖေကြောင့်ရခဲ့တယ်။ ဒါဆို ချာလီကကော။ ချာလီကလည်း အထီးကျန်နေတဲ့ အတ္တသမားကြီးပါပဲ။ သူ့မိန်းမကလည်းသူ့ကိုမချစ်၊ သူ့သားကလည်း သူ့ကိုသေစေ‌ချင်လောက်တဲ့အထိမုန်း၊ အလုပ်ကလည်းအဆင်ပြေလှတယ်မရှိ။ အဲဒါတွေကို သူ့ဘေးနားကလူတွေဆီပုံချပြီး အားလုံးရဲ့အမုန်းကိုလက်ခံခဲ့တယ် ။ ဒါပေမဲ့ဘယ်တတ်နိုင်မလဲ။ သူ့ရဲ့အထီးကျန်မှုကလည်း သူစိုက်ပျိုးသမျှ သူရိတ်သိမ်းရတာပဲကိုး။ သူတို့ ၂ ယောက်ဘယ်သူမှန်သလဲဆိုရင် ကျနော်က မိုက်ကယ်မှန်တယ်လို့မြင်တယ်။ ဒီအမြင်က ကျနော်အဖေနေရာမရောက်သေးလို့လည်းဖြစ်ပါလိမ့်မယ်။ ရောက်ခဲ့ရင်လည်း ကိုယ်မရှိတော့တဲ့အခါ ကိုယ့်သားသမီးတွေကို လိပ်ပြာလုံလုံနဲ့ လေးဖြူရဲ့ အဖေသီချင်းကို နားထောင်စေချင်တယ်။ ဒါပါပဲ။ File size…(1.7 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Thant Bo

6.4 2008 108 mins
Fireflies in the Garden
Beezel
5.5

စုန်းမွေးထားတဲ့အိမ် သရဲမွေးပြီးအစာကျွေးတယ် စုန်းမွေးပြီးအစာကျွေးတယ်ဆိုတဲ့ အကြောင်းအရာတွေဟာ ကျွန်တော်တိုငယ်ဘဝမှာ အမြဲတမ်း ကြားဖူးနေတဲ့ယုံတမ်းပုံပြင်တွေပေါ့။ ဒီလိုယုံတမ်းတွေဟာ ကိုယ်တွေအာရှဘက်မှာသာမက အနောက် နိုင်ငံတွေမှာလည်းရှိပါတယ်။ အခုဇာတ်လမ်းလေးကတော့ အဲလိုမျိုးယုံတမ်းတစ်ခုကို ပုံဖော်ရိုက်ကူးထားတာပါ။ နယူးအင်္ဂလန်မှာရှိတဲ့အိမ်ကြီးတစ်လုံးရဲ့ မြေအောက်ခန်းထဲက စုန်းမဟာ သူအသက်ရှင်ဖိုအတွက် အိမ်ကိုလာတဲ့လူတွေကို စားသုံးရပါတယ်။ ပထမတော့စားသုံးတယ်ဆိုပေမယ့် နောက်ပိုင်း မှာတော့ အိမ်မှာရှိတဲ့အိမ်ပိုင်ရှင်က ရည်ရွယ်ချက်ရှိရှိအဲဒီစုန်းကို မွေးထားသလိုဖြစ်လာပါတော့တယ်။ Horror ကားတွေကို စောင့်နေတဲ့သူတွေအတွက်တော့ ကြည့်လိုကောင်းမယ့် ဇာတ်ကား မျိုးပါပဲ။ သွေးသံရဲရဲသတ်ဖြတ်ခန်းတွေပါဝင်တဲ့အတွက် ကလေးသူငယ်တွေနဲ့ ကြောက်တတ်သူတွေကြည့်ဖိုတော့ မသင့်ပါဘူး။ File size…956MB / 599MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 21m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

5.5 2024 82 mins
Beezel
Girl Scout
5.5

Girl Scout (2008) ********************* ဒီတစ်ခါမှာတော့ Kim Sun-Ah, Na Moon-hee, Goo Jun-Hee တို့လို့ ဝါရင့်မင်းသမီးကြီးတွေ ပါဝင်ထားတဲ့ ရယ်လည်းရယ်ရပြီး စိတ်ဝင်စားဖို့လည်းကောင်းတဲ့ 2008 ခုနှစ်ထွက် ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရပ်ကွက်ထဲက ဆံသဆိုင်မှာ စုကြေးငွေ စုကြရင်း ငွေလိမ်ခံလိုက်ရတဲ့ အမျိုးသမီးတွေအကြောင်းပါပဲ ။ ရှယ်ယာကစားရင် ရှယ်ယာရှုံး ၊ အထည်ဆိုင်ဖွင့်တော့ အရင်းပြုတ်တဲ့အပြင် ယောကျ်ားကပါ ထားသွားတဲ့ ချွဲမီဂယောင်းအတွက်တော့ အဲဒီပိုက်ဆံက စားသောက်ဆိုင်လေး ဖွင့်ဖို့ စုထားတဲ့ပိုက်ဆံဖြစ်သလို နှလုံးရောဂါရှိနေတဲ့ သားလေးရဲ့အမေ အိုဘုံဆွန်းကလည်း သူ့သား ခွဲစိတ်ဖို့ စုထားတဲ့ ပိုက်ဆံပါတဲ့။ စူပါမားကတ်မှာ ခါးကျိုးမတတ်အလုပ်လုပ်ရတဲ့ အဘွားအို အီမန်ကလည်း ငွေလိမ်ခံရလို့ သားဖြစ်သူဆီမှာ အထုအထောင်းခံရပြန်ပေါ့။ အဲဒီမှာပဲ အကြွေးနွံနစ်နေတဲ့ ဂန်အွန်းဂျီကပါ အဒေါ်ကြီး သုံးယောက်နဲ့အတူ အလိမ်ခံရတဲ့ငွေတွေကို ပြန်ရှာဖို့အရေး လေးယောက်သား ကြိုးစားကြတဲ့ အခါမှာတော့… သူတို့အလိမ်ခံရတဲ့ ပိုက်ဆံတွေ တကယ်ပဲ ပြန်ရမှာလား..။ အဲဒီကိစ္စတွေ နောက်ကွယ်မှာ ဘာတွေရှိဦးမှာလဲ..။ တစ်ဖက်က ပိုက်ဆံနဲ့ ဆွဲဆောင်လာတဲ့အခါ သူတို့ လေးယောက်ရော စည်းစည်းလုံးလုံး ဆက်ရှိနိုင်ပါ့မလားဆိုတာကိုတော့ ဒီ Girl Scout ရုပ်ရှင်မှာ ဆက်ရှုစားလိုက်ရအောင်နော် ။ (ဇာတ်လမ်းအကျဉ်းကို Hazelle မှ ရေးသားပေးထားပါတယ်။) File size…1.42GB / 670MB Quality…WEB-DL 1080p/ WEB-DL 720p Format…mp4 Duration….1h 40m Genre ….. Comedy, Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hazelle

5.5 2008 100 mins
Girl Scout
The Master

The Master (2012) ***************** Joker 2019 ကိုကြည့်ပြီးတဲ့နောက် ဇာတ်လမ်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ… Joaquin Phoenix ရဲ့ သရုပ်ဆောင်ဟန်တွေကိုတော့ အားလုံးလိုလို ချီးကျူးခဲ့မိကြမယ်ထင်ပါရဲ့… ဒါ့ကြောင့် သူ့ရဲ့ဇာတ်ကားတွေထဲက အကောင်းဆုံးစာရင်းဝင်တဲ့ The Master ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း ————– ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန် စိတ်ဝေဒနာရှင်မိခင်တစ်ယောက်ရဲ့ သားဖြစ်သူဟာ… စစ်တပ်ကထွက်ပြီး အရပ်ဘက်အလုပ်တွေလုပ်ကိုင်ခဲ့တယ်။ ကံဆိုးတာက သူကိုယ်တိုင်က… အမေဘက်လိုက်တယ်လို့ ဆိုရမလား မသိ…သူ့မှာလည်း စိတ်ဝေဒနာအခံက ရှိနေပြန်တယ်။ သူဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိခဲ့တယ်။ သူကိုယ်သူလည်း ဘာချို့ယွင်းချက်ရှိနေလဲသိတော့… စိတ်ပညာရှင် မာစတာနဲ့ တွေ့ပြီးတော့…သူ့ရဲ့ဖြစ်တည်မှုကို ပြင်ဖို့ကြိုးစားပါတော့တယ်… ဘာတွေဆက်ဖြစ်မှာလဲဆိုတာ စိတ်ဝင်တစားနဲ့ ရသမျိုးစုံ ပေါင်းစုံခံစားရမှာဖြစ်လို့ … လုံးဝလက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ IMDb 7.2 နဲ့ Rotten 85% ရထားတာဖြစ်လို့ … အထူးတလည်ညွှန်းနေစရာတော့ မလိုတော့ဘူးထင်ပါတယ်ဗျာ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်…. File Size : 1.9 GB / 850 MB Quality : 1080p / 720p Format : mp4 Duration : 02:18:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Initiative Encoded by Heather Oo

Thriller • Drama
0 2012 137 mins
The Master
The Wizard of Oz
8.1

ရုပ်ရှင်သမိုင်းရဲ့ လက်ချိုးရေလို့ရတဲ့ ဂန္တဝင်အတွင်ဆုံး မြူဇစ်ကယ်ကားတွေထဲက တစ်ကားဖြစ်တဲ့ The Wizard of Oz ( 1939 )ကို L. Frank Baumရဲ့ 1900ပြည့်နှစ်မှာ ထုတ်ခဲ့တဲ့ The Wizard of OZစာအုပ်ကို ပြန်ရိုက်ထားတယ်။ L. Frank Baumဟာ Oz စီးရီးစာအုပ်တွေအများကြီး‌ရေးခဲပေမဲ့ ဒီ၁၉၀၀မှာ ထုတ်ခဲ့တဲ့စာအုပ်ကတော့ သူ့အအောင်မြင်ဆုံးစာအုပ်ဖြစ်သလို ရုပ်ရှင်အဖြစ်လည်း တော်တော်အသက်သွင်းခဲ့ကြတယ်။ ကျွန်တော်တို့ခေတ်မှာထွက်ခဲ့တဲ့ Sam Raimiရဲ့ Oz: The Great and Powerfulကတော့ ဒီဇာတ်ရဲ့အရှေ့ကအဖြစ်အပျက်တွေကိုပြထားတယ်။ ဒါပေမဲ့ အဲဒီကားက ဒီကားရဲ့ရှေ့ကအဖြစ်သက်သက်ပါပဲ။ ကျန်တဲ့ Ozဇာတ်လမ်းတွေနဲ့ ဒီကားက Wizard of Ozကြီးရဲ့ဖြစ်တည်မှုက မတူသလို Sam Raimiရဲ့ Wizardကလည်း ဒီကားက Wizardရဲ့ ဖြစ်တည်မှုကိုပဲ အခြေတည်ထားခဲ့တယ်။ ပြောရရင် တရားဝင်မဟုတ်ပေမဲ့ ဒီကားက ကျွန်တော်တို့ခေတ်က Ozရဲ့အဆက်လို့ပြောလို့ရတယ်။ ဇာတ်လမ်းကတော့ ဒိုရိုသီလို့ခေါ်တဲ့ကောင်မလေးက သူ့ခွေးလေးကို ကယ်ဖို့ အိမ်ကနေ သူ့ခွေးလေးနဲ့အတူတူထွက်လာရင်း လေမုန်တိုင်းတစ်ခုနဲ့တိုးရာကနေ အဲဒီလေမုန်တိုင်းက သူ့ကို Ozလို့ခေါ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ ကမ္ဘာဆီခေါ်သွားခဲ့တယ်။ ဒိုရိုသီဟာ ဒီကမ္ဘာကနေသူ့အိမ်ပြန်တဲ့လမ်းကိုရှာဖို့ အော့ဇ်ရဲ့မှော်ဆရာကြီးဆီကို သွားရင်း လမ်းမှာ သတ္တုလူသား , စာခြောက်ရုပ်, ခြင်္သေ့အစရှိတဲ့အရာတွေနဲ့တွေ့ခဲ့ပြီး သူတို့မှာလည်း သူတို့ချို့ငဲ့နေတဲ့အရာတွေရှိနေတာကို သူသိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့တွေ အော့ဇ်ရဲ့မှော်ဆရာကြီးဆီအတူတူသွားပြီး အကူအညီသွားတောင်းကြဖို့ ခရီးဆက်ကြတဲ့ဇာတ်လမ်းပါပဲ။ ဒီလမ်းတစ်လျှောက်မှာ အနောက်ဘက်စုန်းမဆိုးကြီးက သူတို့ကို နှောင့်ယှက်အန္တရာယ်ပေးတာတွေကို ကျော်လွှားပြီး မှော်ဆရာကြီးဆီ သူတို့ရောက်အောင်သွားကြမယ့် ခရီးကို ကြည့်ရမှာပါ။ ဇာတ်လမ်းအရတော့ Ozဟာ ကလေးပုံပြင်တစ်ပုဒ်ပါပဲ။ အရမ်းခမ်းနားကြီးကျယ်တဲ့ ဇာတ်လမ်းကြီးမဟုတ်ပေမဲ့ ခေတ်အဆက်ဆက် အားလုံးရဲ့ ရင်ထဲရောက်နိုင်ခဲ့တဲ့ဇာတ်လမ်းပါပဲ။ ကလေးပုံပြင်တစ်ပုဒ်ရဲ့ ဒြပ်တွေအကုန်ပါနေတဲ့ ကလေးပုံပြင်စစ်တဲ့ ကလေးပုံပြင်တစ်ပုဒ်လို့ပြောလို့ရပါတယ်။ ပုံပြင်ဟာ ပုံပြင်ပါပဲ။ ပုံပြင်မဆန်တဲ့ပုံပြင်တွေထက် ပုံပြင်ဆန်တဲ့ပုံပြင်တွေက ကျွန်တော်တို့ရင်ထဲပိုရောက်တတ်တာပါပဲ။ ကလေးပုံပြင်တွေဟာ ကြီးကျယ်ခမ်းနားစရာမလိုသလို ရိုးသားစရာလည်းမလိုပါဘူး။ ကလေးပုံပြင်တွေက လက်တွေ့မကျပေမဲ့ ကမ္ဘာကြီးရဲ့ တကယ့်မျက်နှာအစစ်ကို ရင်ဆိုင်တွေ့ပြီး ကိုယ့်အတွေးအခေါ်တွေ ကိုယ်ဖြစ်တည်မလာခင် စပ်ကြားမှာ ကျွန်တော်တို့ခေါင်းထဲရှိနေတာကောင်းတဲ့ အကောင်းဘက်က အမြင်တွေကို ဖြည့်စွက်ပေးနိုင်တဲ့ ဇာတ်လမ်းတွေပါပဲ။ Ozဟာ ဒီလိုဒြုပ်မျိုး အပြည့်အဝရှိတဲ့ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒုတိယကမ္ဘာစစ်စတဲ့ကာလ ၁၉၃၉မှာ ထွက်ခဲ့တဲ့ ရုပ်ရှင်ပေမဲ့ The Wizard of Ozဟာ သူ့ကာလက ကားလို့မထင်ခဲ့ရသလို မြူဇစ်ကယ်ရုပ်ရှင်တွေရဲ့ အရွေ့အပေါ်လည်း သက်ရောက်မှုကြီးခဲ့တယ်။ သူ့နောက်မှာ နာမည်ကျော် မြူဇစ်ကယ်ရုပ်ရှင်တွေအများကြီးထွက်လာခဲ့သလို Ozဇာတ်လမ်းတွေလည်း ဆက်တိုက်ဆိုသလို ရိုက်ကူးခဲ့ကြတယ်။ ဒီနှစ်နဲ့နောက်နှစ်မှာလည်း Jon M. Chuရဲ့ Wicked ( 2024 )နဲ့ Wicked: For Good (2025)ထွက်ဦးမှာဆိုတော့ ဒီအသစ်တွေရဲ့ဇာတ်လမ်းကို သေချာသိဖို့ရော ဂန္တဝင်မြူဇစ်ကယ်တစ်ကားအနေနဲ့ရော ကြည့်ထားသင့်တဲ့ ရုပ်ရှင်ပါပဲ။ File size… 4.5 GB / 2.7 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ….. Adventure/ Fantasy/ Family/ Musical Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by WiRa Aung

Romance • Drama
8.1 1939 102 mins
The Wizard of Oz
A Boy Called Sailboat
6.7

A Boy Called Sailboat (2018) ************************** IMDb…6.7….Rotten…85% ဆေးလ်ဘုတ်တို့မိသားစုဟာ နေထိုင်မှုပုံစံအရ မပြည့်စုံဘူးလို့ပြောရမယ်…နေတာကလည်း မြို့ပြင်မှာဖြစ်ပြီး အိမ်လေးလဲမပြိုအောင် ဒေါက်တိုင်တစ်တိုင်ကိုတစ်ဖက်ကထောက် တစ်ဖက်က ကြိုးနဲ့ ကျားကန်ထားရလေရဲ့…. ဆေးလ်ဘုတ်ဆိုတာ အသက်(၇)နှစ်ခန့်အရွယ် ကောင်လေးတစ်ယောက်ပါ…သူ့အဖေနဲ့ အမေဟာ သူ့ကိုသိပ်ချစ်ကြတယ်….မိသားစုဝင်(၃)ဦးပေါ့… ဒီကားက အဓိကဇာတ်ဆောင်ဟာ ဆေးလ်ဘုတ်ဆိုတဲ့ကောင်လေးပါ….သူရဲ့နောက်ခံစကားပြောသံလေးနဲ့ တစ်ကားလုံးကို ပြီးဆုံးစေတယ်…သူ့ကြည့်ရတာ သူ့ရဲ့အဘွားကိုအတော်ချစ်တဲ့ပုံပဲ… ဘာလို့လဲဆိုတော့ အကြောင်းအရာတိုင်းဟာ သူ့အဘွားရဲ့ သွန်သင်မှုတွေကနေ မြစ်ဖျားခံလာလို့ပါပဲ… ဥပမာ…”ကျွန်တော့်အဘွားက ပြောတယ်…မြေးလေး ရှာဖွေမှု မလုပ်တဲ့အချိန်မျိုးမှာမှ အရးအကြီးဆုံးအရာကို တွေ့တတ်တယ်တဲ့… တချို့အရာတွေဖြစ်လာတာက တခြားသောအရာတွေ ဆက်စပ်ဖြစ်လာနိုင်ဖို့ပါတဲ့…” ဒီကောင်လေးဟာ အဘွားရဲ့ ပြောဆိုမှုတွေနဲ့ လောကကြီးကို သုံးသပ်နေဟန်ပါပဲ.. ကျွန်တော်တို့ဟာ ဆေးလ်ဘုတ်ရဲ့နောက်ခံစကားပြောသံနဲ့ အတွေးတွေနောက်ကို လိုက်ရင်း တချို့သောအကြောင်းအရာလေးတွေကို ဖမ်းဆုပ်မိနေလိမ့်မယ်.. ဒီကားက တချို့သောသူတွေအတွက် ဘာကြီးမှန်းမသိဘူးဆိုပြီးဖြစ်သွားပါလိမ့်မယ်.. ဒါပေမယ့် တချို့သောသူတွေအတွက် ရိုးစင်းပြီးနက်နဲတဲ့ ကဗျာတစ်ပုဒ်နဲ့တူပါလိမ့်မယ်… ခံစားကြည့်လိုက်ပါဦးလို့ပဲပြောပါရစေ….. File Size : 2.15 GB, 889 MB Quality : BluRay 1080p, 720p Format…mp4 Duration…01:32:00 Genre : Comedy, Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by AHtet

Action • Crime • Science Fiction • Thriller
6.7 2018 92 mins
A Boy Called Sailboat
Mother Mafia
3.3

Mother Mafia (2024) နိုင်းလ်ရဲ့ ညီအစ်မတော်တွေလို့ခေါ်တဲ့ဂိုဏ်းနဲ့ ဘုရင်ကြီးတွေလို့ခေါ်တဲ့ဂိုဏ်းနှစ်ခုကြားက ရန်ငြိုးနဲ့ တိုက်ပွဲတွေ။ ဘုရင်ကြီးတွေဂိုဏ်းကပိုင်တဲ့ လက်ဆွဲအိတ်တစ်လုံးကို ညီအစ်မတော်တွေဂိုဏ်းက ကြားဖြတ်ယူသွားရာကစလို့ တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်းကြား သွေးချောင်းစီးတိုက်ပွဲတွေ ဆက်တိုက်ဖြစ်လို့နေချိန်။ နှစ်ဂိုဏ်းလုံးအကြောင်းကို မသိဖူးမကြားဖူးတဲ့ ဆိုင်မုန်ဆိုတဲ့ မိဘမဲ့ကောင်မလေးတစ်ယောက် ကြားညပ်ပါလာပြီး သူသိမထားတဲ့ဂိုဏ်းနှစ်ခုလုံးက သူ့ဘ၀နောက်ကြောင်းနဲ့ ပတ်သက်နေတဲ့အခါမှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size… (1.6 GB) / (790 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action Duration….01:21:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

Drama • Fantasy • History
3.3 2024 80 mins
Mother Mafia