YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Framed! A Sicilian Murder Mystery.S02E01.Episode.1.1080p.mp4

463.17 MB N/A video/mp4 43 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Chokehold
5.5

IMDb Rating - 5.8/10 လင်မယားနှစ်ယောက်ဟာ ရွာငယ်လေးဆီကို ဘဝသစ်စဖို့ ပြောင်းလာကြတယ်။ ဒါပေမဲ့ အဲဒီရွာကလူတွေက သူတို့ကို သတ်ချင်နေကြပါသတဲ့။ ဒီဇာတ်ကားထဲက မင်းသားရဲ့ဇာတ်ကောင်ဟာ လူကောင်း လုံးလုံးကြီးရယ်လို့ မဟုတ်ပါ။ သူ့ပုံစံက လုပ်ရင်းလုပ်ရင်း လက်လွန်လာသလိုမျိုး။ ကိုယ့်ကို ဒုက္ခပေးတဲ့သူကို လက်စား ချေချင်လို့သတ်လိုက်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်လို့သတ် လိုက်နဲ့ လုံးချာရိုက်နေတော့တာပေါ့။ တစ်ဖက်မှာလည်း လင်မယားနှစ်ယောက်ကြား သံယောဇဉ် အက်ကွဲကြောင်းလေးတွေ ပေါ်လာပြန်တယ်။ ဇာတ်လမ်းက ရိုးရိုးလေးနဲ့ကြည့်ကောင်းပြီး Rating - 5.8 ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.3 GB) / (654 MB)  /(361 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 52Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Ngwe Zin Encoder..........SWM

Action • Adventure • Fantasy • Mystery
5.5 2023 112 mins
Chokehold
[18+] Madrid, 1987
6.5

IMDb Rating (6.2)/ Rotten Tomatoes (89%) ဝတ်လစ်စလစ်ခန်းများပါဝင်သဖြင့် အသက်မပြည့်သေးသူများကြည့်ရှုရန်မသင့်ပါ ၁၉၈၇... စပိန်နိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေပြင်းထန်နေခဲ့တဲ့နှစ်။ အာဏာရှင်လက်အောက်က လွတ်မြောက်ခါစ အချိန် ဆိုရှယ်လစ်ပါတီရအာဏာရနေတုန်း အလုပ်သမားသမဂ္ဂနဲ့ အာဏာလွန်‌ဆွဲ‌ပွဲတွေဖြစ်နေကြတဲ့အချိန် ဒီရုပ်ရှင်နာမည်ထဲက ၁၉၈၇ ဆိုတဲ့‌ခုနှစ်ဟာ အဲဒီလိုခေတ်မှာ နေထိုင်ရတဲ့လူတွေရဲ့ဘဝကိုပါ အရိပ်အယောင်ပြထားတယ်။ အဲဒီလို အာဏာရှင်ခေတ်မှာ ကြီးပြင်းခဲ့ရတဲ့ စာရေးဆရာကြီး မီဂူရယ်လ်နဲ့ ‌ခေတ်သစ်မှာမှမွေးဖွားတဲ့ အိန်ဂျလာ ဆုံခဲ့ကြတယ်။ အိန်ဂျလာက သူ့ကျောင်းမှာရေးဖို့စာတမ်းအတွက် မီဂူရယ်လ်လို ဝါရင့်စာရေးဆရာကြီးကို အင်တာဗျူးချင်ခဲ့တာ။ အဲဒီလိုနဲ့ သူတို့ဟာ စာရေးဆရာကြီးရဲ့ မိတ်ဆွေအိမ်ဆီလာခဲ့ကြတာပေါ့။ "‌ငါဟာ တောင်ပံတွေပြိုနေတဲ့ငှက်အို... မင်းတောင်ပံ‌တစ်စုံနဲ့ ငါပြန်နုပျိုပါ‌ရစေ" မီဂူရယ်လ်ဟာ တကယ့်မုန်းစရာလူ၊ စတွေ့ကတည်းက အတူအိပ်ဖို့ပဲတဂျီဂျီတောင်းဆိုနေခဲ့တယ်။ အကြောင်းပြချက်ကဘာလဲ။ ငါပြန်နုပျိုကြည့်ချင်လို့ပါတဲ့။ ဒီလိုနဲ့ ကံကြမ္မာဆန်းပြားပုံက သူတို့နှစ်ယောက် ရေချိုးခန်းတံခါးပိတ်ရင်း တံခါးညှပ်ပြီး ပိတ်မိသွားတော့တယ်။ အဲဒီအချိန်မှပဲ အင်တာဗျူးစရတာပေါ့။ ရေချိုးခန်းထဲကတစ်နေ့တာအချိန်မှာ နိုင်ငံရေးတွေ ငယ်ဘဝတွေ ရုပ်ရှင်အကြောင်း စာပေအကြောင်းတွေဆွေးနွေးရင်း သူတို့ကြားက Generation Gap ကို တဖြည်းဖြည်းမြင်လာရတယ်။ အစမှာမြင်ခဲ့ရတဲ့ ဘုကန့်လန့်လူအိုကြီးဟာ တစ်ခါတစ်လေကျ သိပ်သနားစရာကောင်းသွားပြီး တစ်ခါတစ်လေကျလည်း သိပ်ချစ်စရာကောင်းနေပြန်တယ်။ ဇာတ်လမ်းပြီးခါနီးမှာ အိန်ဂျလာကိုခေါ်ထိုင်ရင်း ရုပ်ရှင်ကြည့်မယ်ဆိုပြီး စိတ်ကူးယဉ်ပိတ်ကားပေါ် ဇာတ်လမ်းတစ်ခုလုံးကိုပုံဖော်ပြောပြနေပုံက သိပ်နူးညံ့ရိုးသားလွန်းတယ်။ ‌ပြောရင်းတန်းလန်း တံခါးဖွင့်ပေးမယ့်လူရောက်လာတော့ သူပြောလက်စဇာတ်လမ်းလေး ဘယ်လိုဇာတ်သိမ်းသွားလဲ အိန်ဂျလာကိုယ်တိုင်ကော ကြည့်နေတဲ့လူတွေပါ မသိရတော့ဘူး။ သူကတော့ အိန်ဂျလာကိုပြောပါတယ် "ငါတို့နောက်တစ်ခါတွေ့မှ ဆက်ကြည့်ကြမယ်လေ" တဲ့။ နောက်တစ်ခါဆိုတာရှိမရှိ သူတို့နှစ်ယောက်လုံးသိနေခဲ့ကြပါတယ်။ ဒီရုပ်ရှင်ဟာ အစပိုင်းမှာတော့အေးအေးလေးသွားပေမယ့် နောက်ပိုင်းမှာ ဇာတ်ထဲမျောသွားတဲ့ ရုပ်ရှင်မျိုးပါ။ ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေအများကြီးပါတဲ့အပြင် အနုပညာနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့လူတွေအတွက် ငြိမ့်ငြိမ့်လေးကြည့်ကောင်းမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File size…(1.8 GB)/(580 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:45:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Thant Bo

Action • Thriller
6.5 2011 104 mins
[18+] Madrid, 1987
Nenjuku Needhi
7.5

“လူသားအားလုံး သာတူညီမျှ ဖြစ်သွားရင် ဘယ်သူက အုပ်ချုပ်မင်းလုပ်မှာလဲ…တဲ့ လူသားအားလုံးဟာ သာတူညီမျှ အခွင့်အရေးရသင့်ကြောင်း တွေးခေါ်နိုင်စွမ်းရှိတဲ့သူပေါ့ဗျာ” ကမ္ဘာအနှံ့မှာ လူ့အခွင့်အရေးအရ သာတူညီမျှဖြစ်နိုင်ဖို့ ယနေ့ထိတိုင် Ideology Revolution တွေ ဆင်နွှဲနေရဆဲပါ။ ပဒေသရာဇ်စနစ်တော်လှန်ရေးမှစပြီး ယနေ့ LGBTQ+ အခွင့်အရေးတွေအထိ ကျွန်တော်တို့ လူသားတွေ တော်လှန်ခဲ့ကြရာ သာတူညီမျှ အခွင့်အရေးရှိတဲ့ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ သို့ပေမဲ့ ကျွန်တော်တို့နိုင်ငံအပါအဝင် ကမ္ဘာ့ဒေသတချို့မှာလည်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ အိန္ဒိယနိုင်ငံဟာ လူတန်းစားခွဲခြားမှုကြီးမားပြီး ဇာတ်နိမ့်၊ ဇာတ်မြင့် စသဖြင့် အမျိုးမျိုး ခွဲခြားဆက်ဆံတဲ့ ပြဿနာဟာ ယနေ့ထိတိုင် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ဇာတ်ခွဲခြားမှုအပေါ် အခြေခံပြီး လူ့အခွင့်အရေးအတွက် လှလှပပ တင်ဆက်ထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ================ ဗီဂျာယာရာဂါဗန်ဟာ နိုင်ငံခြားကနေ ပြန်လာပြီးနောက် အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်မယ့် ရဲအရာရှိတစ်ယောက်ပါ။ နယ်ဘက်ကို တာဝန်ကျတဲ့အခါမှာတော့ လူတန်းစားခွဲခြားမှုတွေကို သိရပြီး ကသိကအောင့် ဖြစ်ရတာပေါ့။ တာဝန်ထမ်းဆောင်ရင်း တစ်နေ့မှာတော့ ပျောက်ဆုံးနေတဲ့ ဇာတ်နိမ့်အမျိုးသမီးငယ် ၃ ဦးထဲမှာ ၂ ဦးကို သေဆုံးလျက် တွေ့ရပြီး နောက်ကျန်တဲ့တစ်ဦးကိုတော့ သဲလွန်စ အစတောင် ရှာမရဘဲ ဖြစ်နေပါတယ်။ အာဒီတီဟာ လူ့အခွင့်အရေးအတွက် ဆောင်းပါးတွေရေးတဲ့ အိန္ဒိယအမျိုးသမီးလူငယ်ဖြစ်ပါတယ်။ ဗီဂျာယာရာဂါဗန်ရဲ့ ချစ်ဇနီးဖြစ်ပြီး ဇာတ်နိမ့်အမျိုးသမီး သုံးဦးအမှုမှာ လူ့အခွင့်အရေးအတွက် ရပ်တည်သူပီပီ အမှုမှန်ပေါ်ပေါက်ဖို့အရေး အစွမ်းကုန် ဗီဂျာယာရာဂါဗန်ကို ကူညီပေးမှာ အသေအချာပါပဲ။ ကူမာရန်ကတော့ ဇာတ်နိမ့်လူတန်းစားရဲ့ ခေါင်းဆောင်ဖြစ်ပြီး Revolution ကို ဦးဆောင်နေသူပါ။ ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်သုံးဦးထဲမှာ သူ့ရဲ့ ညီမ ပါဝင်တာမို့ ယူကျုံးမရဖြစ်ပြီး ဒီအမှုကို သူ့နည်းသူ့ဟန်နဲ့ ဖော်ထုတ်ဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီအမှုက ရိုးရှင်းရဲ့လား…? နောက်ကွယ်မှာ ဘာတွေ ပါဝင်ပတ်သက်နေဦးမလဲ…? တွေးခေါ်စရာတွေ ငြင်းခုန်စရာတွေ အပြည်နဲ့ “ငါရော လူသားဆန်ရဲ့လား” ဆိုတဲ့ အဖြေကို ဖြေကြည့်ဖို့ အကောင်းဆုံးဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ကြည့်ရှုပြီးရင်တော့ အတွေးအခေါ်ကို တိုးတက်စေမှာ အသေအချာပါပဲ။ File size…1.9GB  / 1GB Quality…1080p True WEB DL  / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Kham Mon & OeliuJ & Sora

7.5 2022 140 mins
Nenjuku Needhi
Betrayed

ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ရုပ်ရှင်ကားလေးတွေဟာ ကျွန်တော်တို့ နှလုံးသားတွေကို တိုက်စားပွန်းပဲ့အောင်လုပ်တတ်စမြဲပါပဲ။ ဆိုတော့ကာ ၂၀၂၀ ခုနှစ်မှာလည်း အဆိုပါရုပ်ရှင်ကားမျိုး ရုပ်ရှင်ကားလေးတစ်ကားဟာ ထွက်ရှိလာခဲ့ပါတယ်။ War/ Drama အမျိုးအစားဖြစ်တာကြောင့် စစ်ပွဲအတွင်းက ဖြစ်ရပ်ကို အခြေခံထားတဲ့ကားမျိုးလေးမှန်း လူတိုင်းရိပ်မိကြမယ်ထင်ပါတယ်။ IMDb မှာလည်း 7.1 ရရှိထားသလို Rotten Tomatoes 100% ထိရရှိ ထားတဲ့ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ဒုတိယကမ္ဘာစစ်အတွင်း နော်ဝေနဲ့ ဆွီဒင်နိုင်ငံမှာ တည်ထားခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဖြစ်တာနဲ့အညီ ဂျူးမိသားစုတစ်စုအကြောင်း ဖြစ်ပြီး ဂျာမန်တို့ရဲ့ နာမည်ကျော်လူမျိုးသုဉ်းသ-တ်ဖြတ်မှုကြီးအကြောင်းနဲ့ သက်ဆိုင်နေတာပဲဖြစ်ပါတယ်။ သို့သော် ဇာတ်လမ်းတည်ပုံထူးခြားနေရတာကတော့ ဇာတ်အိမ်ကို နော်ဝေ နိုင်ငံက ဂျူးလူမျိုးမိသားစုလေးတစ်စုဆီမှာ ဇာတ်လမ်းတည်ထားခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းကိုကြည့်ရှုရမယ့်အပြင် တကယ့်လက်တွေ့ဘဝသင်ခန်းစာတွေကို ရနိုင်မယ်လို့ ကောက်ချက်ချနိုင်တဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီတော့ဗျာ အဆိုပါဂျူးမိသားစုလေး ဒုတိယကမ္ဘာစစ်အတွင်းမှာ ဘာတွေကြုံ ခဲ့ရသလဲ၊ ကမ္ဘာစစ်ကြီးပြီးသွားချိန်မှာရော ဘာတွေဆက်ဖြစ်သွားခဲ့လဲ၊ နော်ဝေ နိုင်ငံက ဂျူးတွေနဲ့ ဂျာမန်တွေရဲ့လူမျိုးသုဉ်းသတ်ဖြတ်မှုကြီး မည်သို့ဆိုင်နေသ နည်းကို Betrayed ဆိုတဲ့ကားကောင်းလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(2.67 GB) / (922 MB) / (566 MB) Quality............BluRay 1080p / 720p / 480p Duration.........2Hrs 16mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History, War Translator.......San Thu Aung Encoder..........SWM

Drama • Romance
null 2020 136 mins
Betrayed
Shaadi Mein Zaroor Aana
7.1

ဒီဇာတ်ကားလေးကတော့ IMDb rating 7.6အထိ ရရှိထားပြီး Rajkummar Raoနဲ့ Kriti Kharbanda တို့ရဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကား ဖြစ်ပါတယ် ယခုလို ကျောင်းတွေပြန်ဖွင့်တော့မယ်ဆိုတဲ့အချိန်မှာ မိဘက တွန်းအားပေးနေတာကို မလွန်ဆန်နိုင်သေးတဲ့သူတွေ ကြည့်သင့်တဲ့ဇာတ်ကားတစ်ခု ညွှန်းပေးပါရစေ။ တကယ်က မိန်းကလေးဖြစ်ရင် အလုပ်မလုပ်ရဘူးဆိုတဲ့ ရှေးရိုးစွဲအယူကို ခုထိလက်ကိုင်ထားတဲ့သူတွေ ကမ္ဘာပေါ်ရှိနေပါသေးတယ်။ ဒီဇာတ်ကားထဲက မင်းသမီးဖြစ်သူ Aarti ရဲ့အဖေက အဲဒီလိုလူမျိုးပေါ့။ သူ့သမီးကို အလုပ်လုပ်ခွင့်မပေးဘဲ ယောက်ျားပဲအတင်းပေးစားချင်တာပါ။ Aarti ကလည်း အဖေ့ကိုမလွန်ဆန်တဲ့အဆုံး Blind Date မှာ မင်းသားကိုသွားတွေ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့။ ဘာလို့လဲဆိုတော့ Aarti ကို အလုပ်လုပ်ခွင့်ပေးမယ်လို့ မင်းသားကသဘောတူလိုက်လို့ပါ။ ဒါပေမယ့်လည်း မင်းသားရဲ့အမေကလည်း Aarti ရဲ့အဖေလိုပဲ ရှေးရိုးစွဲနေမှန်း သူမသိခဲ့ပါဘူး။ သိပ်စိတ်ညစ်ဖို့ကောင်းတဲ့ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေ၊ ကျားမခွဲခြားဆက်ဆံတတ်တဲ့ ဓလေ့တွေ၊ မိဘလောင်းရိပ်အောက်က မထွက်နိုင်ခဲ့ခြင်းတွေကြားက Aarti တစ်‌ယောက် ဘယ်လိုတွန်းလှန် ရုန်းထွက်နိုင်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်ဗျ။ တခြားအရာတွေက နှစ်ခါလာနိုင်ပေမယ့် လွတ်လပ်ခွင့်ကတော့ အခွင့်အရေးရတုန်း မဖမ်းဆုပ်နိုင်ရင် တစ်သက်လုံး လက်လွှတ်လိုက်ရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားထဲမှာ သတိပေးထားပါသေးတယ်။ ဘာသာပြန်သူတွေကတော့ Htoo Aungနဲ့ Intelligenceတို့ဖြစ်ပြီး ဘာသာပြန်လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ထားတာကတော့ Thaik Sanပဲ ဖြစ်ပါတယ်။ File size…(2 GB) / (1 GB) Quality…WEB-DL 1080p/720p Format…mp4 Duration….02:11:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htoo Aung & Intelligence Fixed by Thaik San

Action • Crime • Thriller
7.1 2017 137 mins
Shaadi Mein Zaroor Aana
The Blackening
6.2

The Blackening (2023) လူဖြူလူမည်းခွဲခြားမှုဇာတ်လမ်းတွေကို ကြည့်ဖူးသလောက် များသောအားဖြင့်လေးနက်ကြတယ် ဇာတ်လမ်းအားဖြင့် ဟဲဗီးဖြစ်ကြတယ်။ ရုပ်ရှင်တွေထဲမှာလဲ ပုံသေကားကျသတ်မှတ်မှုတွေ ခွဲခြားမှုတွေရှိကြတယ်ပေါ့။ ဥပမာ လူသတ်ကားတွေမှာ အရင်ဆုံးသေသွားတာက လူမည်းဇာတ်ကောင်ပဲ။ လူဖြူတွေနောက်ဆုံးအသက်ရှင်ကျန်ဖို့ လူမည်းကအရင်စတေးပေးရသလိုပေါ့။ ဒါပေမဲ့ လူမည်းတွေကရောပြန်ခွဲခြားမှုမလုပ်ဘူးလားဆိုရင်လုပ်တာပဲ။ တစ်ခေတ်တစ်ခါကလူဖြူတွေလုပ်ခဲ့သလိုတော့မဟုတ်ပါဘူး။ မသိမသာခပ်ပါးပါးလေးတွေပေါ့။ ဥပမာ နစ်ဂါဆိုတဲ့စကားဆိုရင် အဖြူက အမည်းကိုခေါ်လို့မရဘူး ဒါပေမဲ့ အမည်းအမည်းအချင်းချင်းသုံးတယ် ပြီးတော့အမည်းကအဖြူကို နစ်ဂါလို့ပြန်ခေါ်ကြတယ်။ တစ်ခါတစ်ရံမှာလဲ ကိုယ်ကမရည်ရွယ်ဘဲ တခြားလူမျိုးကိုခွဲခြားမိတာတွေ ကိုယ့်အချင်းအချင်းမှာပဲ ပြန်ခွဲခြားမိတာတွေလဲရှိတတ်တာပဲ။ ဒီကားထဲတော့ အဲ့လိုအကြောင်းအရာတွေကို တစ်ကားလုံးခွီရင်းကြည့်ရမှာပါ။ အဲ့ဒါအပြင်သည်းထိတ်ရင်ဖိုလဲပါသေးတော့ တော်တော်ပြည့်စုံပြီပေါ့။ ဇာတ်လမ်းအကျဥ်းပြောရရင် နစ်ဂါသူငယ်ချင်း၈ ယောက်ပေါ့ ဆယ်နှစ်ကြာမှပြန်ဆုံကြတယ်။ သည်းထိတ်ရင်ဖိုကားတွေထုံးစံအတိုင်း နေရာကောင်းကောင်းကိုမသွားကြဘဲ တောထဲကအိမ်လေးတစ်အိမ်ကိုရွေးလိုက်ကြရော။ အဲ့အိမ်ထဲကိုလဲရောက်တော့ သူတို့ဂိမ်းကစားရတယ်။ ဂိမ်းကလူမည်းနဲ့ပတ်သက်တဲ့အရာတွေကိုမေးပါလေရော။ အဲ့ဒါအပြင်ရုပ်ရှင်ကားတွေနဲ့လဲသက်ဆိုင်နေပါသေးတယ်။ ဥပမာ Friends စီးရီးထဲမှာပါဝင်ခဲ့တဲ့လူမည်းငါးယောက်နာမည်ကိုဖြေပါ။ အဖြေမှန်ရင်မှန် မမှန်ရင်သေပေါ့။ သူတို့လူမည်းစစ်မစစ်ကိုစမ်းနေသလိုပါပဲ။ ဒီဂိမ်းကို စီစဥ်နေတာကဘယ်သူဖြစ်မလဲ။ သူတို့ထဲကတစ်ယောက်ယောက်ပဲလား။ သူတို့ကိုအိမ်ဌားထားတဲ့လူဖြူတွေပဲလား။ ဘယ်သူတွေရောသတ်ခံရမလဲ။ ရုပ်ရှင်တွေကြိုက်တဲ့ပရိသတ်ကြီးရော သူမေးတဲ့ရုပ်ရှင်နဲ့ပတ်သက်တဲ့မေးခွန်းတွေ ဘယ်လောက်ကိုဖြေနိုင်မလဲဆိုတာပါ ဝင်ဖြေကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။

Comedy • Drama • Romance
6.2 2023 97 mins
The Blackening
Suite Francaise
7

Suite Francaise (2014) ******************** Suite Francaiseရုပ်ရှင်ရဲ့ မူရင်းဝတ္ထုဟာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာရေးသားခဲ့တာဖြစ်ပြီး ၂၀၀၄ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီဝတ္ထုကိုရေးသားခဲ့သူ Irène Némirovskyဟာ ၁၉၄၂ခုနှစ်မှာ ဂျူးလူမျိုးဖြစ်တဲ့အတွက် ဂျာမန်တပ်တွေ ဖမ်းဆီးတာခံရပြီး Auschwitzချွေးတပ်စခန်းမှာအခြားသော ဂျူးလူမျိုးတွေနဲ့အတူသတ်ဖြတ်ခံခဲ့ရလို့ပါ။ နှစ်၆၀လောက်ကြာပြီးတဲ့နောက်မှာ သူမရဲ့သမီးဖြစ်သူက မိခင်ဖြစ်သူရဲ့မှတ်စုစာအုပ်ထဲမှာရေးသားထားတဲ့ ဝတ္ထုနှစ်ပုဒ်ကိုတွေ့ရှိခဲ့ပြီး၊ ဒီဝတ္ထုနှစ်ပုဒ်ပေါင်းပြီးမှ Suite Francaiseဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာကာ နောက်များမှ ရုပ်ရှင်အဖြစ်ပိတ်ကားပေါ်ရောက်ရှိလာရပါတယ်။ မူရင်းစာရေးဆရာမဟာ ဒီဇာတ်လမ်းကို အပိုင်း ၅ပိုင်းနဲ့ရေးသားခဲ့မှတ်စုထုတ်ထားခဲ့ပေမယ့်လည်း နှစ်ပိုင်းသာအချောသတ်ရေးသားနိုင်ခဲ့တဲ့အတွက် ကျန်သုံးပိုင်းကတော့ မှတ်စုစာအုပ်ထဲက မှတ်တမ်းမှတ်ရာလေးတွေအဖြစ်သာကျန်ရှိနေဆဲပါ။ ဒီဇာတ်ကားရဲ့ဇာစ်မြစ်လေးဟာ ဒီလိုကြေကွဲစရာကောင်းသလို ဇာတ်လမ်းလေးကလည်း ရိုးရိုးရှင်းရှင်း ဆို့ဆို့နင့်နင့်နဲ့ အချစ်၊အမုန်းဒွန်တွဲပြီး ရန်သူတွေတစ်ဖြစ်လဲ၊ ဝတ္တရား တာဝန်တွေ ခြားနားခံထားရတဲ့ ချစ်သူနှစ်ဦးအကြားကတိမ်းညွှတ်လိုက်လျောမှုတွေကို ပေါ်လွင်အောင်ရိုက်ပြထားပြီး လက်မလွှတ်တမ်းကြည့်သင့်တဲ့war romantic dramaကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ File Size :(1.7GB) and (688MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:47:00 Genre : War, Drama , Romance , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

7 2014 103 mins
Suite Francaise
All Souls

Billboard ရဲ့ Top 10 စာရင်းထဲထိပါအောင် အကြိမ်ကြိမ်နာမည်ကြီးခဲ့တဲ့ The Fate Of The Furious ဇာတ်ကားရဲ့ Sound Track ဖြစ်တဲ့ “Good Life” ဆိုတဲ့သီချင်းကို သီဆိုခဲ့တဲ့ The Bay Boyz အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ American Rapper တစ်ယောက်ဖြစ်တဲ့ တေးရေး၊ တေးဆို၊ သရုပ်ဆောင် G-Eazy က မူးယစ်ရာဇာနေရာကနေ သရုပ်ဆောင်ထားပြီး မင်းသားကြီး Leonardo DiCaprio ရဲ့ Once Upon a Time in Hollywood ဇာတ်ကားထဲမှာ ဆေဒီ နေရာကသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးငယ်လေး Mikey Madison တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Action/Crime ဇာတ်ကားလေး တစ်ကားပါ သမီးလေးတစ်ယောက်နဲ့ ဘဝကို မူးယစ်ဆေးဝါးရောင်းပြီး ခက်ခက်ခဲခဲရုန်ကန်နေတဲ့ ရေးဗား ဆိုတဲ့ကောင်မလေးတစ်ယောက် တနေ့မှာ ရဲတွေလက်ထဲရောက်သွားတယ် ရဲတွေက သူ့ကိုလိုချင်တာမဟုတ်ဘဲနဲ့ သူ့အရင်ရည်းစားဟောင်း မူးယစ်ရာဇာဖြစ်တဲ့ ဆိုင်လက်စ် ကိုဖမ်းချင်တော့ သူ့ကို အသွင်ယူပြီးလှုပ်ရှားခိုင်းတော့တာပေါ့ ရဲတွေရဲ့ အကြပ်ကိုင်စေခိုင်းမှုတွေနဲ့ ဆိုင်လက်စ် ရဲ့အဖွဲ့အကြားမှာ သူ့သမီးလေးကို ဆက်ပြီးတော့ စောင့်လျှောက်ခွင့်ရရေးအတွက် မိခင်တစ်ယောက်ရဲ့ ကိုယ့်သမီးကိုချစ်တဲ့ဇောနဲ့ ရှယ်ပလန်နဲ့ ဘယ်လိုတွေပွဲကြမ်းဦးမလဲဆိုတာကိုတော့…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.1 GB)/(600 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

Comedy • Drama
0 2023
All Souls
Dangerous Evidence
5.8

ဘဝမှာအဆင်ပြေဖို့အတွက် အလွယ်နည်းလိုက်ပြီးပိုက်ဆံရှာချင်တဲ့ မိန်းကလေးတစ်ယောက်ဟာ မပတ်သက်သင့်တဲ့သူနဲ့ပတ်သက်မိပြီး မယူသင့်တဲ့ပစ္စည်းကိုယူခဲ့မိတဲ့အတွက်ကြောင့် လိုက်သတ်ခံနေရတယ်။ ရဲအရာရှိတစ်ယောက်ဟာ မိန်းကလေးကိုကယ်တင်ခဲ့တဲ့အတွက် သူ့သမီးလေးကိုပါ ပြန်ပေးဆွဲခံလိုက်ရတယ်။ အရေးကြီးသက်သေဖြစ်နေတဲ့မိန်းကလေးကို ခေါ်လာပြီး သမီးလေးနဲ့လဲယူလို့ရမယ်လို့ပြန်ပေးသမားတွေကပြောလာတဲ့အခါ…… ပြစ်မှုကျူးလွန်တဲ့ နောက်ကွယ်ကအဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ဟာဘာတွေဖြစ်နေမလဲ…… ဘာကြောင့်များ မိန်းကလေးလက်ထဲကသက်သေပစ္စည်းကို လိုချင်နေကြတာဖြစ်မလဲ….. အမှန်တရားနဲ့သမီးလေးကြားမှာ ဘာကိုရွေးရပါ့မလဲ……

5.8 2024
Dangerous Evidence
Dylan Dog: Dead of Night
5.6

Dylan Dog (2010) ဒီဇာတ်လမ်းကတော့ Italian Supernatural horror တစ်ကားဖြစ်ပြီး လူသားလောကနဲ့ ဇွန်ဘီ၊ ဗန်ပိုင်းယား၊ သမန်းဝံပုလွေတွေ စုနေတဲ့ သေလူအမျိုးအစားလောကကြားက အမှုတွေကို လိုက်စုံစမ်းစစ်ဆေးပေးရတဲ့ စုံထောက် Dylan Dog ရဲ့ လျှိဝှက်ဆန်းကြယ်အမှုတွေအကြောင်းကို သဲထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ တစ်နေ့မှာ သူ့ရဲ့အမှုဖြေရှင်းသူ လက်တွဲဖော်ဖြစ်တဲ့ သူ့သူငယ်ချင်း Marcus က ဇွန်ဘီအကိုက်ခံရပြီး ဇွန်ဘီတစ်ကောင်ဖြစ်သွားတဲ့အချိန်မှာတော့ သူ့ရဲ့အမှုနောက်ကွယ်က လျှိဝှက်ဆန်းကြယ်တဲ့ မကောင်းဆိုးဝါးကို လိုက်ဖမ်းပြီးအဖြေရှာဖို ကြိုးစားပါတော့တယ်။ အခုမှ ဇွန်ဘီအသစ်လေးစဖြစ်တဲ့ သူ့သူငယ်ချင်း Marcus နဲ့ အခွီတွေကို dark humor နှောပြီးကြည့်ရမဲ့အပြင် သေလူလောကကြားက စွန့်စားခန်းတွေကို Psychological depth နဲ့ ကောင်းကောင်းကြည့်ရှုရမဲ့ သဘာဝလွန်ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:47:00 Genre_Horror, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

5.6 2010
Dylan Dog: Dead of Night
Saripodhaa Sanivaaram
7.6

Saripodhaa Sanivaaram (2024) “စနေကောင်” IMDB 7.6 တောင်းဆိုမှုလေးတစ်ချို့ရှိနေတဲ့ တေလဂူးအက်ရှင်ကားအသစ်စက်စက်ကို အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ် ယင်ကောင်မင်းသား ခေါ်ကြတဲ့ Nani ရဲ့ ဈေးအကြီးဆုံးရုပ်ရှင်ဖြစ်ပြီး ရီဗျူးကောင်းလေးတွေလည်း အသင့်အတင့် ရထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ဆူယာခေါ် စနေကောင်ဟာ “ဒေါသအင်မတန်ကြီးသူပါ ဒါကိုသိတဲ့ သူ့အမေက ဒေါသထိန်းချုပ်နည်းတစ်ခုကို သင်ပေးခဲ့တယ် ဘယ်လိုလဲဆိုတော့ တစ်ပတ်မှာခြောက်ရက် ဒေါသအတိုင်း စိတ်လိုက်မာန်ပါမလုပ်ဘဲ ဒေါသထွက်ရတဲ့အကြောင်းရင်းကို ရေးမှတ်ထားပြီး စနေနေ့မှာမှ အဲဒီလူကို ဒေါသထွက်နေတုန်းပဲဆိုရင် ကြိုက်တာသာလုပ်ပါလို့ သူ့အမေက ပြောခဲ့တာပါ ဒီလိုနဲ့ သူ့အမေသေပြီးနောက်ပိုင်း အဲဒီလမ်းစဥ်အတိုင်းလိုက်နာလာခဲ့ရာမှာ သူငယ်ငယ်က ချစ်ရတဲ့ကောင်မလေးကလည်း ရဲမေအဖြစ် ပြန်ရောက်လာပြီး သူတို့နယ်က အကျင့်ပျက်ရဲတစ်ယောက်ကို သူတို့ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲ ဆိုတာကတော့…… အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

War • Drama
7.6 2024 172 mins
Saripodhaa Sanivaaram
A Little Something Extra
7

ဟာသဆိုသော်လည်းဟာသသာမကဂရုဏာပါသက်စေမယ့်အပြင် အခြားရုပ်ရှင်များနဲ့ကွဲထွက်နေတဲ့ နိုင်ငံတကာထိပါ အောင်မြင်နေတဲ့ ဇတ်ကားကောင်းတစ်ခု။ ဒီဇတ်ကားကပြင်သစ်စကားပြောရုပ်ရှင်ကားဖြစ်ပါတယ်။ ရာဇဝတ်မှုကျူးလွန်ထားတဲ့သားအဖနှစ်ယောက်က မမျှော်လင့်ပဲရဲလက်ကနေ လွတ်အောင်ပြေးရင်းနွေရာသီစခန်းချအပျော်ခရီးထွက်လာတဲ့မသန်မစွမ်းသူလူငယ်များနဲ့စခန်းချရာအိမ်ကိုလိုက်ပါဖြစ်သွားပါတယ်။ သားကမသန်မစွမ်းသူအဖေကကျောင်း ဆရာအဖြစ်ဟန်ဆောင်ရင်းဂွတီးဂွကျအ ဖြစ်တွေကြုံရတာကိုရိုက်ပြထားသလိုမ သန်မစွမ်းသူလူငယ်အမျိုးသားအမျိုးသမီး လေးများရဲ့ဇတ်ကောင်စရိုက်ကိုလည်းသေချာရိုက်ပြထားပါတယ်။ ခမ်းနားတဲ့သရုပ်ဆောင်တွေမပါပေမယ့် လည်းပြင်ပဘဝကတကယ့်မသန်မစွမ်းလူငယ်အချို့ရဲ့သရုပ်ဆောင်မှုနဲ့ဇတ်ကွက်က သူတို့လေးတွေကိုဂရုဏာသက်ချစ်သွားစေမှာအမှန်ဖြစ်ပါတယ်။ ဆိုးတာတွေရှိနေတာတောင်လူတွေမှာ ကောင်းမြတ်တဲ့စိတ်နှလုံးသားလည်းရှိနေ ပါသေးတယ်ဆိုတာကိုပြချင်တာလည်းဖြစ်တယ်။ သားအဖနှစ်ယောက်ရဲတွေလက်ကလွတ် မလာ။းဘာအလှည့်အပြောင်းတွေကြုံရ မလဲ။ အဖေ(အော်ရပီ)အဖြစ်သရုပ်ဆောင်တဲ့ Clovic Cornillac(ကလိုဗစ်စ် ကော် နီးလ်ယာကာ)ရဲ့သရုပ်ဆောင်ချက်ကလည်းမျက်နှာပေးကအစသဘာဝကျသမ္ဘာကျလှပါတယ်။ သား(ဆီလီဗန်း)အဖြစ်သရုပ်ဆောင်တဲ့ Atus(အေးတပ်စ်)ကဇတ်ကားရဲ့သရုပ် ဆောင်ဒါရိုက်တာဇတ်ညွှန်းရေးသူဖြစ်တယ်။ တစ်ချို့ရိုက်ချက်တွေကစကားအများကြီးပြောစရာမလိုပြစရာမလိုပဲအဖြစ်အပျက်တွေကိုပေါ်လွင်ပြီးနှလုံးသားထိအောင်ရိုက်ပြသွားနိုင်ပါတယ်။ ပြင်သစ်သီချင်းလေးတွေကိုလည်းခံစားနားဆင်ရမှာဖြစ်တယ်။ ၂၀၂၄ ပြင်သစ်နိုင်ငံလက်မှတ်ရောင်း box officeမှာထိပ်ဆုံးပြေးနေတဲ့ဇတ်ကား ဖြစ်ပါတယ် ။ ဘတ်ဂျက်ဒေါ်လာ၆.၅၅သန်းသာကုန်ပေမယ့်ခုချိန်ထိတစ်ကမ္ဘာလုံးဝင်ငွေအနေနဲ့ဒေါ်လာ၈၄သန်းကျော်ရရှိထားတာဖြစ်ပါတယ်။ ဒါကြောင့် သင်လက်မလွှတ်သင့်တဲ့ ဇတ်ကားကောင်းဖြစ်ပါတယ်။ File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khin Sakar Khin

Comedy • Adventure
7 2024 89 mins
A Little Something Extra
Meanwhile on Earth
6.1

IMDb Rating – 6.1/10 ဒီကားလေးက ဒါရိုက်တာ Jeremy Clapin ရိုက်ကူးထားပြီး မင်းသမီး Megan Northam က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ကယ်တင်နိုင်ဖို့ တစ်ခြားသူတွေကို ပျောက်ကွယ်သွားအောင်လုပ်ရမယ်ဆို ဘာကိုရွေးကြမှာလဲ။ ကာတွန်းဇာတ်ကောင်တွေကိုဖန်တီးပြီး ဇာတ်လမ်းလေးတွေရေးတတ်တဲ့ အယ်ဇာမှာ အာကာသယာဉ်မှူး ဖရန့်ခ်ဆိုတဲ့အကိုတစ်ယောက်ရှိပါတယ်။ အယ်ဇာနဲ့ဖရန့်ခ်ကငယ်ငယ်ထဲက အာကာသထဲခရီးထွက်ဖို့ အိပ်မက်မက်ခဲ့ကြတယ်။ အိပ်မက်တွေကို ပြည့်ဝအောင်လုပ်နိုင်ဖို့ အချင်းချင်းကတိတွေထားခဲ့ကြတယ်။ ဖရန့်ခ်ကအာကာသယာဉ်မှူးဖြစ်လာခဲ့ပြီး အာကာသထဲကိုခရီး ထွက်သွားတဲ့နောက် သဲလွန်စရှာမရပဲနဲ့ ပျောက်ဆုံးသွားခဲ့ပြီး သေဆုံးသွားပြီလို့ သတ်မှတ်ခဲ့ကြပါတယ်။ ရည်မှန်းချက်တွေမရှိတော့တဲ့ အယ်ဇာတစ်ယောက် အဘိုးအဘွားတွေကို စောင့်ရှောက်တဲ့သူလုပ်ရင်း တစ်နေ့မှာ ဖရန့်ခ်ရဲ့အသံကို ပြန်ကြားခဲ့ရပါတယ်. အစေ့တစ်စေ့ကနေ ဆက်သွယ်မှုအရ အမည်မသိတည်ရှိမှုတစ်ခုက ဖရန့်ခ်ကိုပြန်ခေါ်လာပေးဖို့ အပေးအယူလုပ်လာခဲ့ပါတယ်။ အယ်ဇာ့ရဲ့ခေါင်းထဲကိုဝင်နေတဲ့ အမည်မသိတည်ရှိမှုက သူတို့ကို ကမ္ဘာမြေပေါ်ခေါ်ပေးမှ ဖရန့်ခ်ကိုပြန်ခေါ်နိုင်မယ်ပြောလာတဲ့အခါ… ဖရန့်ခ်ကိုပြန်ခေါ်နိုင်ဖို့ လူငါးယောက်က ကမ္ဘာပေါ်က ပျောက်ကွယ်ပေးရမဲ့အခါ… အယ်ဇာက ဘာကိုရွေးချယ်မလဲ…ဖရန့်ခ်လား…သူစိမ်းငါးယောက်လား…. နောက်ဆုံးအယ်ဇာက ဖရန့်ခ်ကိုပြန်ခေါ်နိုင်မလားဆိုတာကိုတော့ ဒီစိတ်လှုပ်ရှားစရာ ပြင်သစ်သိပ္ပံကားကောင်းလေးမှာ ဆက်လက် ကြည့်ရှုလိုက်ပါ။ File size… (1.12GB) / (629MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Adventure , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

6.1 2024
Meanwhile on Earth
Lost Bullet
6.2

လီနိုဟာ ဘာမှမတော်တဲ့ ညီလေးတစ်ယောက်ကို ကူညီပေးရာကနေ ထောင်ကျသွားပါတယ်။ ကွန်ကရစ်လေးထပ် ကာထားတဲ့ ရတနာဆိုင်ကို ကားလေးတစ်စင်းနဲ့ ဝင်တိုက်ပြီး ဖောက်ခဲ့တာ ဒဏ်ရာလေးတောင် မရခဲ့ပါဘူး။ ဒါကို အမြန်တပ်ဖွဲ့က သဘောကျသွားပြီး သူတို့အတွက် အလုပ်လုပ်ပေးဖို့ ချာရက်ဆိုတဲ့ အဖွဲ့ခေါင်းဆောင်က လီနို့ကို လာပြီး သိမ်းသွင်းပါတယ်။ လီနိုနဲ့ ချာရက်က အချိန်ကြာလာတာတဲ့ တကယ့်လူရင်းတွေလို ဖြစ်လာကြတယ်။ တစ်ရက်တော့ ချာရက်လိုက်နေတဲ့အမှုက အဆုံးသတ်ခါနီးဆဲဆဲမှာ သူတို့အဖွဲ့ထဲက တစ်ယောက်က သူလုပ်ထားတာ အကုန်ပေါ်မှာစိုးပြီး ချာရက်ကို သတ်ပစ်တယ်။ သတ်ပြီးတာနဲ့ လီနိုကို ချောက်ချတော့တာပဲ။ ဒီကိစ္စကို ထောင်ထွက်တစ်ယောက်ဖြစ်တဲ့ လီနိုက ဒီကိစ္စကို ဘယ်လိုပြန်ဖြေရှင်းမလဲ။ သူ့စကားကိုရော ဘယ်သူတွေက ယုံမှာတဲ့လဲ။ ကြည့်ရှူခံစားလိုက်ကြပါဦးနော်။ Quality – 720p WebRip Duration – 1 hr ၃၂min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Crime, Thriller Translator – Elizabeth Encoder – Littleneo

Drama
6.2 2020 92 mins
Lost Bullet