YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

[CM]Feast.of.The.Gods.2022.E21.720p.WEB-DL.mp4

399.54 MB N/A video/mp4 204 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
What If
6.7

“သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါတယ် ချစ်ရသူရယ်” ဘာရယ်မဟုတ်ဘူး ဒီကားလေး ကြည့်မိတော့ အရင်ဆုံးပြေးမြင်မိတာက ဒီသီချင်းလေး ဖြစ်နေလို့။ အကယ်၍များ ခင်ဗျားတို့ တကယ်အဆင်ပြေနေတဲ့လူတစ်ယောက်ကို တွေ့ပြီဆိုပေမယ့် ရှေ့ဆက်တိုးလို့ မဖြစ်နိုင်တော့ရင် ဘယ်လိုတွေဆက်လုပ်ကြမလဲ... လောကဝတ်ကျင့်ထုံးတွေကို လိုက်နာမလား... မျက်စိမှိတ် ခြေစုံဇွတ်ဝင်တိုးပစ်လိုက်ချင်မလား… ဝေခွဲမရဖြစ်မှာ သေချာပါတယ်။ တစ်လောကလုံးမှာ ကိုယ်ဘယ်လောက်ပဲ ကြောင်တောင်တောင်စကားတွေပြော တလွဲတွေလုပ်ပေမယ့် ဒါမျိုး အတူတူလိုက်ပြော/လိုက်လုပ်နိုင်စွမ်းရှိတဲ့ တခြားဆန့်ကျင်ဖက်လိင်တစ်ယောက်ကို တွေ့ရတာကလည်း ကံကောင်းမှုတစ်ခုပေလား ကံဆိုးမှုများပဲလား…။ ကိုယ်က ဒီလူတစ်ယောက်ကို ဆိုးတူကောင်းဖက် တိုင်ပင်လို့ရတယ် ရင်ဖွင့်လို့ရတယ် အထီးကျန်ချိန် အဖော်လုပ်ပေးနိုင်တယ် ဖေးမကူညီတယ် ဒါပေမဲ့ လူ့စည်း ဘီလူစည်းဆိုတာလေးလည်း ရှိနေတော့ အခက်သားမဟုတ်လား…။ သူငယ်ချင်းကလည်းပြောတယ် မင်း Do or Die လုပ်ပေါ့ မပြတ်မသားဆိုတာ ပိုပြီး ခံရခက်စေတယ်တဲ့ တစ်ဖက်ကလည်း ရေရှည်တွဲလာတဲ့ လက်တွဲဖော်ဆိုတာက ရှိတယ် ပြဿနာဖြစ်ဖို့မပြောနဲ့ အစစအရာရာ ပြေလည်နေတဲ့ စုံတွဲဆိုတော့က မျှော်လင့်ချက်မီးက ခပ်မှိန်မှန်သာ… ဘာဆက်လုပ်ရမလဲ…။ ကိုယ့်မှာကလည်း ငယ်ဘဝက ဒဏ်ရာဒဏ်ချက်ရော ကြီးမှရတဲ့ စိတ်ထိခိုက်စရာရောက ဒီကိစ္စနဲ့လာပတ်သက်နေပြီး ဆုပ်လည်းစူး စားလည်းရူးမယ့်ဘဝဖြစ်နေတော့ ဘာလုပ်ရမလဲ ခင်ဗျားတို့သာ အကြံပေးကြပါတော့လားလို့…။ ချစ်သူကဖောက်ပြန် အထီးကျန်တစ်ယောက်တည်းနေရာမှ ကောင်မလေးကိုတွေ့ခဲ့သူက ဟယ်ရီပေါ်တာမင်းသားဖြစ်တဲ့ ဒယ်နီရယ်ရတ်ကလစ်ဖ် သရုပ်ဆောင်ထားတာပါ၊ ဆရာသမားက ဆရာဆိုသလိုပဲ အကောင်းဆုံး သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ကောင်မလေးနေရာကတော့ မျက်နှာဝိုင်းဝိုင်း ချစ်စရာသရုပ်ဆောင်တတ်လေ့ရှိတဲ့ ဇိုးကာဇန်ပါ Ruby Spark တို့ Big Sick တို့ ကြည့်ဖူးရင် သိပါလိမ့်မယ်။ ဇာတ်ပို့တွေကလည်း အဒမ်ဒရိုက်ဘာတို့လိုမျိုး မခေသူတွေလည်းပါတဲ့ မော်ဒန်အချစ်ဟာသကားကောင်းလေးပါ၊ ငယ်ငယ်တုန်းက တာရာမင်းဝေတို့ မင်းခိုက်စိုးစန်တို့ရေးတဲ့ မော်ဒန်ဝတ္ထုလေးတွေ သဘောကျခဲ့မယ်ဆို အဲဒီလိုမျိုးကိုမှ ရုပ်လုံးကြွလာစေမယ့် ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွန်းပေးလိုက်ပါရစေဗျာ။ File size…  1.42 GB /  605 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Comedy • Romance
6.7 2013 93 mins
What If
Willy's Wonderland
6.1

နစ်ကိုလပ်ကေ့ဂ်ဟာ ဟိုးတုန်းက National Treasure တို့ Lord Of War တို့ The Rock တို့လို ရုပ်ရှင်ကားကောင်းအများကြီးရိုက်ခဲ့တဲ့အပြင် Leaving Las Vegas တို့ City Of Angels တို့ Wild at Heart တို့လို အနုပညာရည်မနိမ့်တဲ့ကားကောင်းတွေလည်း ရိုက်ခဲ့တဲ့သူပါ။ ဟိုးတုန်းက သူရိုက်သမျှ မကောင်းတဲ့ကားမရှိပါဘူး။ နောက်ပိုင်းမှာတော့ တစ်နှစ်ငါးကားလောက် ပေါပေါလာလောရိုက်ခဲ့လို့ ဇာတ်ညွှန်းချာတဲ့ ကားတွေများလာပါတယ်။ ဒါပေမဲ့ နစ်ကေ့ရဲ့ ဇာတ်ကောင်အပေါ် စိတ်နှစ်ကြိုးစားမှုကတော့ မလျော့ခဲ့ပါဘူး။ အင်တာဖန်အများစုကလည်း ကားတွေညံ့ပေမဲ့ နစ်ကေ့ကတော့ အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုပါတယ်။ နစ်ကေ့ကိုယ်တိုင်လည်း ဒီလိုပဲပြောထားပါတယ်။ သူ့ကိုချစ်တဲ့သူတွေ ချစ်သေးတာပါပဲ။ 2021 မှာတော့ နစ်ကေ့ဟာ ဘရုစ်ဝီလီစ်တို့ မယ်ဂစ်ဆွန်တို့ စုံးစုံးမနစ်သွားဘဲ ကားကောင်းတွေချည်း ပြန်ရွေးရိုက်လာပါတယ်။ ဝီလီ၀န်းဒါးလန်းလို သရဲကားအနေနဲ့မဆိုးတဲ့ကားကနေ စလိုက်တာပြောရမယ်။ နောက် Pig ရိုက်ပါတယ်။ အတော်ကောင်းပြီး ဝေဖန်ရေးသမားတွေ သဘောကျခဲ့ပါတယ်။ နောက်ကျ Prisoners of the Ghostland ရိုက်ခဲ့ပါတယ်။ ဒီကားကို အင်္ဂလိပ်ရုပ်ရှင်ဖန်တွေ ကြိုက်ချင်မှကြိုက်ကြမှာပေမဲ့ ကားကောင်းပါပဲ။ ရိုက်တဲ့ဒါရိုက်တာကလည်း ဂျပန်ရဲ့ ဆရာတစ်ပါးဖြစ်တဲ့ Sion Sono ပါ။ သူ့ဟန်ကိုကထူးနေတော့ လူတိုင်းတော့ မကြိုက်ဘူးပေါ့။ ခု ဝေဖန်ရေးသမားတွေကြားရေပန်းစားနေတာက နစ်ကေ့ရဲ့ ကားအသစ် The Unbearable Weight of Massive Talent ပါပဲ။ ခရမ်းချဉ်သီး ၁၀၀ပထမဆုံးရထားတဲ့ နစ်ကေ့ကားပါ။ ဟိုးတုန်းက ကောင်းလှပါရဲ့ဆိုတဲ့ ကားတွေတောင် မရခဲ့ပါဘူး။ နစ်ကေ့ဟာ စစကတည်းက သူ့ဦးလေး ဖရန်စစ်ဖို့ဒ်ကော်ပိုလာရဲ့ နာမည်နဲ့လုပ်စားဖို့ မရွေးခဲ့သလို တွင်းဆုံးကျပြီးနောက်မှာလည်း ရအောင်ပြန်ကုတ်တက်နိုင်ခဲ့တဲ့ သရုပ်ဆောင်ပညာကို တကယ်ချစ်တဲ့သူပါပဲ။ ပေါကားတွေရိုက်ခဲ့ရပေမဲ့ ပေါကားမှာတောင် အစွမ်းကုန်ကြိုးစားခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင် ၂၀၂၁မှာ အဲဒီတွင်းထဲက ပြန်စတက်ခဲ့တဲ့ ကနဦးရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ တစ်ခါက နစ်ကေ့ကို ချစ်ဖူးရင် ခင်ဗျားကြည့်သင့်တဲ့ကားပါပဲ။ ဟိုးတုန်းက ကေ့စ်ရဲ့ဟန်တွေပြန်မြင်ရမှာပါ။ ဝီလီ၀န်းဒါးလန်းဟာ Rating မမြင့်ပါဘူး။ ဒါပေမဲ့ Horror ကားပါ။ Horror ကားအနေနဲ့ဆို ဒီ rating က ပုံမှန်ပဲလို့ဆိုလို့ရပါတယ်။ ဗမာပြည်ထွက် Horror ကားထဲက အတော်ကောင်းတဲ့ သူစိမ်းအိမ်နဲ့ တစ်ချို့နေရာလေးတွေ ဆင်ပါတယ်။ သူ့ဘာသာကောင်းပေမဲ့ ဇာတ်လမ်းကတော့ သူစိမ်းအိမ်မမီဘူးပေါ့။ ဒါပေမဲ့ နစ်ကေ့ကြီးမို့ ကြည့်ရတန်မှာပါ။ ပြီးခဲ့တဲ့ရာစုနှစ်ရဲ့ အဆိုးဆုံး ကွင်းဆက်လူသတ်သမားဖြစ်ခဲ့တဲ့ ဝီလီဟာ ကစားကွင်းတစ်ခုထောင်ပြီး အဲဒီကစားကွင်းထဲမှာတင် ကလေးတွေ မိဘတွေကို သူ့အဖွဲ့နဲ့အတူသတ်ခဲ့ပါတယ်။ လူပျောက်တာတွေများလာလို့ ရဲတွေက လာစစ်ဆေးတဲ့အချိန်မှာ စေတန်ကိုပူဇော်တဲ့ အစီအရင်လုပ်ပြီး လူသတ်သမားတွေက သူတို့စိတ်နဲ့ဝိညာဉ်ကို ကစားကွင်းက အရုပ်တွေထဲထည့်လိုက်ပါတယ်။ အဲဒီအရုပ်ကို မြို့ခံလူတွေဟာ သူတို့ကိုမသတ်အောင် ခရီးသွားတွေပို့ပေးမယ်လို့ ညှိထားကြပါတယ်။ ခရီးသွားတွေ အဲဒီကိုမသွားသွားရအောင်လည်း မြို့ခံတွေက ကြံပြီးရအောင်ပို့ခဲ့ကြပါတယ်။ တစ်‌နေ့မှာ နစ်ကေ့က အဲဒီမြို့ကို ကားတစ်စီးနဲ့ရောက်လာတဲ့အခါမှာတော့...... (ဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.3GB, 605MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 28Min Genre - Action, Comedy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Adventure • Animation
6.1 2021 88 mins
Willy's Wonderland
Spy
5.5

Spy 2023 IMDb 8.3/10 Action/Thriller ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ အက်ရှင်အလန်းစားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် တေလဂူမင်းသားချော Nikhil Siddharth ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ RAWအဖွဲ့အစည်းလက်အောက်မှာ လုပ်ကိုင်နေတဲ့ လျှို့ဝှက်အေးဂျင့်ဆူဘာ့ရှ်ဟာ စစ်ဆင်ရေးတစ်ခုမှာ သေဆုံးသွားခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ဆူဘာ့ရှ်ရဲ့သေဆုံးမှုကို သေချာသိရဖို့အတွက် ညီဖြစ်သူဂျေးဟာ လျှို့ဝှက်အေးဂျင့်လုပ်နေရင်း စုံစမ်းနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဂျေး တာဝန်ပေးခံခဲ့ရတဲ့ စစ်ဆင်ရေးတစ်ခုဟာ အစ်ကိုဖြစ်သူဆူဘာ့ရှ် လုပ်ကိုင်ခဲ့တဲ့စစ်ဆင်ရေးဖြစ်နေခဲ့ပါတယ်။ စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာ ဒီကိစ္စဟာ အိန္ဒိယနိုင်ငံရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံသားတွေရဲ့ဘေးကင်းမှုနဲ့လည်း သက်ဆိုင်နေပါတယ်။ ဂျေးတစ်ယောက် ဒီလိုကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ရင်း အစ်ကိုဖြစ်သူရဲ့သေဆုံးမှုကိုပါ စုံစမ်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီစစ်ဆင်ရေးအောင်မြင်သွားမလား။ ဂျေးရဲ့အစ်ကိုကရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။ (အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Cherry ~ BpL ~ V ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…2.4GB  / 1GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ BpL ~ V ~ Zwe ~ Yunni

Drama • Romance
5.5 2023
Spy
The Hottest Summer
6.5

The Hottest Summer(2023) ************************* ဇာတ်လမ်းကိုတော့ အီတလီနိုင်ငံ ဆစ္စလီမြို့ရဲ့ အပူဆုံးနွေရာသီတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်…။ အဲ့ဒီမှာဆိုရင် နွေရာသီကာလ ကျောင်းတွေပိတ်တော့ ဘုရားကျောင်းတွေမှာ ကလေးတွေအတွက် နွေရာသီကျောင်းလေးတွေဖွင့်လေ့ရှိပါတယ်..။ ကလေးတွေကို ထိန်းကူဖို့ လူငယ်လူရွယ်လေးတွေကလည်း volunteerလာလုပ်ပေးကြတာ‌ပေါ့…။ လူစီယာဟာလည်း အဲ့လိုvolunteerတစ်ယောက်ဖြစ်ပြီး နွေရာသီကျောင်းကိစ္စဆိုရင် တက်တက်ကြွကြွပါဝင်လေ့ရှိသူပါ…။ ဒီလိုနဲ့ အပူဆုံးနွေရာသီတစ်ခုမှာ သူတို့ရဲ့ဘုရားကျောင်းကို ဘုန်းတော်ကြီးအသစ်ရောက်လာပါတယ်…။ ရောက်လာတဲ့ဘုန်းတော်ကြီးက ငယ်ငယ်ရွယ်ရွယ် ခန့်ခန့်ချောချောဆိုတော့ လူစီယာတို့လို မိန်းမငယ်လေးတွေအတွက်တော့ သဘောကျချင်စရာပါ…။ ဘုန်းတော်ကြီးတွေက အိမ်ထောင်သားမွေးအမှုကိုပြုလို့မရဘူးဆိုတဲ့ ဝိနည်းပညတ်တွေရှိပါတယ်…။ သို့ပေမယ့် အချစ်ဇာတ်လမ်းတစ်ပုဒ်က ဒီလိုစလာပြီဆိုတော့လည်း စည်းမျဥ်းတွေကို မြင်နိုင်တော့မယ် မထင်ပါဘူး…။ အတားအဆီး ပညတ်ချက်တွေအကြား အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဘယ်လိုပေါက်ဖွားလာမလဲ၊ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။ File Size : (1.6GB) and (771MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:36:00 Genre : Romance, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

6.5 2023
The Hottest Summer
Marisol
5.6

Marisol (2023) ============ တစ်ရက်မှ ကျောင်းမပျက်တဲ့မာရီဆို။ Grade A တွေချည်းရတဲ့ မာရီဆို။ အပျော်အပါးမက်တဲ့ ဆယ်ကျော်သက်အရွယ်ဆိုပေမဲ့ ပါတီမတက် အပျော် အပါးမမက်ဘဲ မနက်ခင်းအလုပ်သွား နေ့လယ်ကျောင်းတက် ညကို စာကျက် ပြီး သူတက်ချင်တဲ့တက္ကသိုလ်ကို ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့မာရီဆို။ သူလိုချင်တဲ့ Scholarship ရတဲ့နေ့မှာ မာရီဆိုတစ်ယောက် သူငယ်ချင်းရဲ့ အဆွယ် ကောင်းမှုကြောင့် ပါတီတစ်ခုတက်လိုက်ရာကနေ ဘဝတစ်ခုလုံး ဗြောင်းဆန်ကုန် ပါတယ်။ ထင်မှတ်မထားတဲ့ အမှန်တရားတွေ အကြောက်တရားတွေအောက်မှာ ထွက်ပြေးရင်း တိမ်းရှောင်ရင်း မာရီဆို့ဘဝ ဘယ်လိုဖြစ်သွားမလဲ။ မတော်တဆ လေးတစ်ခုက မာရီဆို့အနားကလူတွေကိုပါ ဘယ်လိုသက်ရောက်မှုရှိမလဲ။ တရား မဝင်နေထိုင်သူတွေဘဝကို ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ကြည့် ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(3.21 GB) / (550 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator……EL Encoder……….SWM

Romance • Drama
5.6 2023
Marisol
Nobody But You
5.9

ချစ်သူကို လက်ထပ်ခွင့်တောင်းရာမှာ မအောင်မြင်တဲ့နောက် မိသားစုရှိရာဇာတိမြေ ချန်တူးမြို့ကို ပြန်လာတဲ့ ချင်ဟွားရှန်း သစ္စာဖောက်တဲ့ချစ်သူကို ရိုက်မှုနဲ့ ထောင်ဒဏ်တစ်နှစ် ကျခံရပြီးတဲ့နောက် ထောင်ကပြန်လွှတ်လာတဲ့ လင်ဝန့် မိသားစုစီးပွားဖြစ်တဲ့ ဟော့ပေါ့လုပ်ငန်းကို ဆက်ခံဖို့အတွက် အရင်အိမ်ထောင်ပြုရမယ်လို့ ပြောနေတဲ့ ဖခင်ဖြစ်သူကြောင့် ချစ်သူအဖြစ်ဟန်ဆောင်ပေးမယ့်မိန်းကလေးကို ရှာရင်း ချင်ဟွားရှန်းတစ်ယောက် လင်ဝန့်နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ပြီး သူ့ချစ်သူအဖြစ် ၃ ရက်ကြာ ဟန်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ် ဒါပေမဲ့ ချင်ဟွားရှန်းရဲ့ မိသားစုဆီ ရောက်သွားတဲ့အခါမှာ တစ်ဆွေတစ်မျိုးလုံးကို လင်ဝန့်ကို ဝိုင်းချစ်ကြတဲ့အပြင် မထင်မှတ်ဘဲ လင်ဝန့်မှာ ကိုယ်ဝန်ရှိနေတယ်လို့ပါ အထင်လွဲသွားပါတော့တယ် ဒီလိုနဲ့ အားလုံးအဆင်ပြေနေတဲ့အချိန် ရည်းစားဟောင်းတွေက သူတို့ဘဝထဲကို ပြန်ရောက်လာကြတဲ့အခါ ချင်ဟွားရှန်းနဲ့ လင်ဝန့်တို့ နှစ်ဦးပေါင်းဖက်ရပါ့မလားဆိုတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ရှုစားကြပါဦး

5.9 2023
Nobody But You
Blood Diamond
8

Blood Diamond (2006) =============== IMDb Rating (8.0) မင်းသားကြီး Leonardo DiCaprio , Djimon Hounsou , ကိုယ်တွေရဲ့မမ Jennifer Connelly တို့ ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကြီးကတော့ ကြည့်ဖူးသူတိုင်းကြိုက်ကြတဲ့ Adventure ,Thriller,Drama ရသစုံရုပ်ရှင်ဇာတ်ကားပါပဲ။ သွေးစွန်းသောစိန် လူကြီးမင်းရဲ့ တစ်သက်တာချစ်ရမယ့်သူရဲ့ ဖယောင်းသွယ်လက်ချောင်းလေးကို စွပ်ပေးလိုက်မယ့် လက်ထပ်စိန်လက်စွပ်လေးမှာ သွေးစွန်းနေခဲ့ရင်လို့ တွေးမိကြမယ်မထင်ပါဘူး။ လူကြီးမင်းအနေနဲ့ အလယ်အလတ်တန်းစားလစာရတဲ့သူတစ်ယောက် လစာကိုအလုံးစုံစုရင်တောင် နှစ်ဆယ်ဂဏန်းစုရမယ့်တန်ဖိုးရှိတဲ့ စိန်လက်စွပ်လေးက ပျိုးပျိုးပြက်ပြက်လက်ပြီး သိပ်လှနေမှာပဲ။ လူကြီးမင်းရဲ့အမျိုးသမီးကလည်း သိပ်ကိုပျော်ရွှင်ကျေနပ်နေမှာပေါ့။ စိန်တွေက သွားရင်လာရင်း ခုလုတ်တိုက်ပြီး တွေ့ကြတာမဟုတ်ဘူး။ မြေကြီးထဲကို အနက်ကြီးတူးဆွလို့ အသက်နဲ့ရင်းရှာရတာပဲ။ ရုရှားစိန်တွင်းတွေဆိုရင် အနက်ဆုံးတွင်းတွေထဲမှာပါပါတယ်။ ဒါပေမဲ့ အခုပြောမှာကတော့ အာဖရိကတိုက်ကရတဲ့ စိန်တွေပါ။ ပေါများလွန်းလို့ မြေကြီးပေါ်မှာတင် ရွှေကျင်သလို ကျင်ယူရနိုင်တာမျိုးပေါ့။ ဒါပေမဲ့ အဲဒီစိန်တွေကို ပိုင်ဆိုင်ထားသူတွေက လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြပြီး စိန်ရောင်းရငွေတွေကို လက်နက်တွေဝယ်၊ အာဖရိကတိုက်သား နိုင်ငံသားအချင်းချင်း သတ်ဖြတ်ဖို့ သုံးနေကြလို့ပါ။ ဒါကြောင့် သွေးစွန်းသောစိန်တွေပါ။ ကမ္ဘာကြီးက အပေါ်ယံကကြည့်ရင် သိပ်ကောင်းသလို၊ သိပ်ကို တရားမျှတသလိုပဲ။ စစ်ဖြစ်ရာ ပဋိက္ခမြေက သွေးစွန်းသောစိန်တွေကို ကမ္ဘာ့စိန်ဈေးကွက်မှာ တရားဝင်တင်သွင်းလို့မရပါဘူး။ တရားမျှတလိုက်တာဗျာလို့ လူကြီးမင်း ချီးကျူးမစောသင့်ပါဘူး။ စိန်ဆိုတာ ရှားပါတယ်။ တန်ဖိုးကြီးပါတယ်ဆိုတဲ့ နိယာမတစ်ခုကို အသက်သွင်းဖို့ စိန်တွေကို လုပ်ငန်းရှင်တွေစုပေါင်းပြီး မြေအောက်အလုံတိုက်ထဲမှာ ဝယ်ထည့်ထားပါတယ်။ ဝယ်ချင်သလောက် ဝယ်မရရင် စိန်ဆိုတာ ရှားပြီလေ။ ရှားရင် ဈေးရပြီပေါ့ဗျာ။ ဒီတော့ လက်နက်လိုချင်လို့ စိန်တွေ ဆာလာအိတ်နဲ့ လာရောင်းကြတဲ့ အာဖရိကသူပုန်တွေရဲ့ စိန်ထောက်ပံ့လမ်းကြောင်းက ကမ္ဘာ့စိန်အဖွဲ့ကြီးရဲ့ ချမ်းသာရာ ချမ်းသာကြောင်းပေါ့။ သိတယ်မလား။ မင်းစိန်က တရားမဝင်ဘူး၊ ဘယ်လောက်ပဲရမယ်ပေါ့လေ။ အာဖရိကတိုက် စီရာ လီယုံ နိုင်ငံလေးက လိုင်ဘီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံပါ။ အစိုးရတပ်နဲ့ သူပုန်တပ်တွေဆိုပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့‌နေရာပါ။ လက်နက်ဝယ်ယူမှုက အစိုးရတပ်ရော သူပုန်တပ်ရောပေါင်းလိုက်ရင် လက်နက်ကုန်သည်များအတွက် ရွှေတွင်းကြီးတစ်ခုပါပဲ။ လိုင်ဘီးရီးယားက စိန်မထွက်ပေမဲ့ ကမ္ဘာ့စိန်ဈေးကွက်ရဲ့ ၁၅ ရာခိုင်နှုန်းကို တင်ပို့နိုင်တဲ့နိုင်ငံပါတဲ့။ ဒီလောက်ဆိုရင်တော့ ဘယ်နိုင်ငံက ဘယ်လိုစိန်တွေ ဘယ်လိုလည်ပတ်နေတယ်ဆိုတာ သိနိုင်လောက်ပါပြီ။ ဇာတ်လမ်းကတော့ ဇင်ဘာဘွေနိုင်ငံမှာမွေးခဲ့တဲ့ အာဖရိကသားလူဖြူ ဒန်နီ အာချာ (လီယိုနာဒို ဒီကာပီရို) က ကြေးစားစစ်သားဘဝကနေ စိန်မှောင်ခိုသမား လက်နက်ကုန်သည်တစ်ယောက်ပါ။ ဆိုလိုမွန် ဗန်ဒါ (ဂျီမိုဟွန်စူ) ကတော့ မန်ဒီမျိုးနွယ်စုဝင် တံငါသည်တစ်ယောက်ပါ။ မတ်ဒီ ဘိုဝင် (ဂျနီဖာ ကွန်နယ်လီ) ကတော့ အာဖရိကတိုက်ကို စွန့်စားရောက်လာတဲ့ မဂ္ဂဇင်းသတင်းထောက်မလေးပေါ့။ ဆိုလိုမွန် တို့ရွာကို သူပုန်တွေဝင်လာပြီး ဆိုလိုမွန် အဖမ်းခံရတယ်။ မိုင်းတွင်းကို အလုပ်သမားအဖြစ် ပါသွားတယ်။ ပြီးတော့ စိန်သမိုင်းမှာ တန်ဖိုးအရမ်းကြီးတဲ့ ပန်းရောင်စိန်ကြီးကိုတွေ့လိုက်ရတယ်။ ဒန်နီ က ထောင်ထဲမှာ အတူဆုံခဲ့ရတဲ့ ဆိုလိုမွန် ဆီက ပန်းရောင်စိန်အနံ့ရပြီး ဆိုလိုမွန် နောက်ကို တကောက်ကောက်လိုက်တော့တာပဲ။ မတ်ဒီ ကတော့ ဒန်နီ ဆီက သတင်းညှစ်ယူပြီး သွေးစွန်းတဲ့စိန်တွေကို ခဝါချပြီး စိန်ဈေးကွက်ထဲထည့်နေတဲ့ စိန်လုပ်ငန်းရှင်အကြောင်းတွေ ဖွင့်ချချင်တာပါ။ သူတို့သုံးယောက်က ပြည်တွင်းစစ်ထဲမှာ သက်စွန့်ဆံဖျားနဲ့ ကိုယ်လိုချင်ရာနောက်ကို လိုက်ကြသူတွေပါ။ ဆိုလိုမွန် က သူ့မိသားစုရယ် သူပုန်တွေဖမ်းခေါ်သွားတဲ့ သူ့သား ဒီရာ နောက်ကိုလိုက်တယ်။ ဒန်နီ က ပန်းရောင်စိန်နောက်ကိုလိုက်တယ်။ မတ်ဒီ က သတင်းနောက်ကိုလိုက်တယ်။ ဒီဇာတ်ကားက သိပ်ကိုအောင်မြင်ခဲ့ပြီး အော်စကာ ဆန်ကာတင်ငါးဆုဝင်ခဲ့ပါတယ်။ လီယိုနာဒို နဲ့ ဂျီမိုဟွန်စူ တို့လည်းပဲ အကောင်းဆုံးဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံးဇာတ်ပို့ဆု ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ အမြတ်ငွေကလည်း ကြီးကြီးမားမားရခဲ့တယ်။ ရိုက်ချက်တွေ သေသပ်လှပကောင်းမွန်ပြီး ဂန္ထဝင်ဆန်တဲ့ဇာတ်ကားကြီးမလို့ အချိန်ပေးပြီး ကြည့်ရှုထိုက်ကြောင်းပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

8 2006 143 mins
Blood Diamond
Midnight Show
5.7

ဒီသရဲကားလေးကတော့ ဇာတ်ကားနာမည်အတိုင်း ညလယ်ခေါင် ရုပ်သေးပြဇာတ်နဲ့ပတ်သတ်ပြီး နေရတာတိုင်းပျံ့နေတဲ့ ကောလဟာလတွေနဲ့စထားပါတယ် ။ မြို့လယ်မှာရှိတဲ့ နံပါတ် ၃၇ ပြဇာတ်ရုံပတ်ဝန်းကျင်မှာ လန်ချားလှည်းလေးတွေမကြာခဏပျောက်တဲ့အမှုတွေဆက်တိုက်ဖြစ်နေပါတယ်တဲ့ ။ ဒီအကြောင်းကိုတိုင်တန်းတဲ့သူရှိလာလို့ ပြဇာတ်ရုံကို ရဲအရာရှိတစ်ဦးကိုယ်တိုင်လာစစ်ချိန်မှာတော့.. တကယ်ပဲ ရုပ်သေးပြဇာတ်ရုံထဲမှာ ဘယ်လိုလျို့ဝှက်ချက်တွေရှိနေမလဲ ? ရုပ်သေးပြဇာတ်ရုံရဲ့မန်နေဂျာဖြစ်သူ လင်မိန်ကရော အပြင်ပန်းကကြည့်သလို ရိုးရှင်းနေမလား ? တကယ်ပဲ ဘာတွေကိုလျို့ဝှက်ထားသလဲဆိုတာကို သဲထိတ်ရင်ဖိုစွာနဲ့ ကြည့်ရမဲ့ သရဲကားလေးဖြစ်လို့ သရဲကားကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့ လက်မလွှတ်ဘဲကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်

5.7 2024
Midnight Show
Battle Front: Duel of the Peaks
5.9

အက်ရှင်ကား ကြမ်းကြမ်းလေးတွေ ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် ဒီရုပ်ရှင်လေးကို အကြိုက်တွေ့မှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တရုတ်နိုင်ငံက သိပ္ပံလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ ပင်လယ်ရေကို ရေချိုအဖြစ်ပြောင်းလဲဖို့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပြီး အဲ့ဒီနည်းလမ်းကို နိုင်ငံတကာ သိပ္ပံဒုစရိုက်အဖွဲ့က လုယူဖို့ ကြိုးစားနေပါတယ်။ ကျန့်ဖုန်းဟာ သိပ္ပံအဖွဲ့ရဲ့ ဆရာခေါင်းဆောင်ဖြစ်တဲ့ သိုက်ရှင်းကော်ရဲ့ သားမက်လောင်းဖြစ်ပါတယ်။ နည်းပညာနဲ့ သူ့ရဲ့ ဇနီးလောင်းကို ကာကွယ်ပေးဖို့အတွက် ဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီး အတိတ်မေ့သွားခဲ့ပါတယ်။ အတိတ်မေ့သွားတဲ့ ကျန့်ဖုန်းကို နျဲ့လင်ဖုန်းက ကယ်ပေးခဲ့ပြီး သူ့အိမ်မှာ ခေါ်ထားခဲ့ပါတယ်။ နျဲ့လင်ဖုန်းဟာ သိုက်ရှင်းကော်ရဲ့ တပည့်အရင်းဖြစ်ပေမဲ့ အောင်မြင်မှု မရတဲ့အတွက် သူ့ဆရာကို မုန်းတီးနေသူ တစ်ယောက်ဖြစ်ပါတယ်။ နည်းပညာအချက်အလက်တွေကို ရှာဖို့အတွက် တူမလေး ရှီးယင်းကို ကျန့်ဖုန်းရဲ့ ဇနီးလောင်းအဖြစ် ဟန်ဆောင်စေခဲ့ပါတယ်။ ကျန့်ဖုန်းတစ်ယောက် အတိတ်က အကြောင်းတွေကို ပြန်သတိရနိုင်မလား…… နည်းပညာ အချက်အလက်တွေက နောက်ဆုံးမှာ ဘယ်သူ့လက်ထဲကို ရောက်သွားလိမ့်မလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

Drama • Romance • Western
5.9 2020
Battle Front: Duel of the Peaks
San Andreas
6.1

Genre – Action,Adventure,Thriller IMDb – 6.1/10 ကဲနည်းနည်းလေးဟောင်းနေပေမယ့် ကျွန်တော်တို့ရဲ့အချစ်တော် Legendary ကတုံး ပါဝင်သရုပ်ဆောင်ထားတဲ့ San Andreas ဆိုတဲ့ကားကောင်းလေးကိုမိတ်ဆက်ပေးပါရစေ။ သဘာဝဘေးဇာတ်ကားကောင်းကောင်းကိုကြိုက်သူများအဖို့လည်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း ရေး ဟာ နာမည်ကောင်းရနေတဲ့ အယ်လ်အေမီးသတ်ဌာန ကယ်ဆယ်ရေးနဲ့ရှာဖွေရေး အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အလုပ်ဘက်မှာ တော်နေပေမယ့် တစ်ဖက်မှာ တော့မိသားစုနဲ့ကြအဆင်ပြေဖြစ်နေပါတယ်။ မိန်းမနဲ့ကွာရှင်းထားပြီး သမီးလေးကလည်း မကြာခင်ပထွေးဖြစ်တော့မဲ့သူနဲ့အတူတူနေပါတယ်။ သိပ်မကြာခင်မှာ မိန်းမရော သမီးရောက ပထွေးဖြစ်သူ ဒန်နီယယ် နဲ့လိုက်သွားတော့မှာဖြစ်ပါတယ်။ တဖက်မှာလည်း ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြောင့်ငလျင်အကြီးကြီးတွေလှုပ်ဖို့ကရှိနေပါတယ်။ တာဝန်ဝတ္တရားနဲ့ မိသားစုအရေးယှဉ်လာတဲ့အခါမှာ သမီးလေးရဲ့ဘော်လီဘောပွဲကိုတောင်လိုက်မပို့နိုင်ခဲ့ပါဘူး။ ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြီးက ဆန်ဖရန်စစ္စကိုမှာ အဆုံးသတ်တာဖြစ်ပါတယ်။ ခက်တာက ရေး ရဲ့သမီးလေး ဘလိတ်ဟာ ဆန်ဖရန်စစ္စကိုကိုရောက်နေပါတော့တယ်။ တကယ်တမ်းငလျင်လှုပ်တော့ ဆန်ဖရန်စစ္စကိုမှာ ဘလိတ်ဟာပိတ်မိနေပါတော့တယ်။ ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး တစ်ယောက်ဘယ်လိုများသွားကယ်မှာလဲ… ဒီကားရဲ့ထူးခြားချက်ကတော့ မကြာသေးခင်ကမှ ယောက်ျားယူပြီး အမျိုးသားထုအသည်းကိုခွဲသွားတဲ့ Alexandra Daddario(ဘလိတ်) ရဲ့ အနုအရွအလှအပ ကိုတစ်ဝကြီးခံစားရမှာဖြစ်ပါတယ်။ ရေး အဖြစ်မင်းသား Dwayne Johnson မှသရုပ်ဆောင်ထားပါတယ်။ File size… 7GB / 1.5 GB / 813 MB Quality… BluRay 4k / 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Action/Adventure/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by LuciferMaximoff

Adventure • Action • Comedy • Romance
6.1 2015 114 mins
San Andreas
Person of the Year
5.8

လူဆိုတာ ချီးကျူးခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်ဆိုပေမဲ့ အခုလို အင်တာနက်ခေတ်မှာ လူတွေရဲ့ သတိထားမှုခံရရင် ပိုက်ဆံရပါတယ်။ ဒါပေမဲ့ သာမန်လူတစ်ယောက်ကနေ လူအများလေးစားအားကျတဲ့ လူတစ်ယောက် ဖြစ်သွားတဲ့အခါ……. ရွှဲမင်ဟာ ရည်မှန်းချက်ကြီးကြီးမားမား မရှိတဲ့လူတစ်ယောက် ဖြစ်ပါတယ်။ သူ့ဘဝတစ်ဝက်ကို လောင်းကစားလုပ်ရင်း အရက်သောက်ရင်း ဆိုးသွမ်းလှည့်ဖြားရင်းနဲ့ ကုန်ဆုံးခဲ့သူ ဖြစ်ပါတယ်။ အဲဒါကြောင့် မိန်းမနဲ့သားရဲ့ အထင်သေးခြင်းကို ခံနေရသူတစ်ယောက် ဖြစ်ပါတယ်။ တစ်ရက်မှာ အရက်မူးနေတဲ့ ရွှဲမင်က မီးလောင်မှုတစ်ခုနဲ့ ကြုံခဲ့ပြီး သူသတိရလာတဲ့ အချိန်မှာတော့ သူက မြို့ကလေးမှာ သူရဲကောင်းတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ လူတွေက သူ့ကို မီးလောင်တဲ့အချိန် လူ ၆ ယောက်ကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းလို့ ယုံကြည်နေကြပြီး နေ့ချင်းညချင်း နာမည်ကြီးသွားခဲ့ပါတယ်။ ဒါပေမဲ့ ရွှဲမင်ကတော့ သူ့ကိုယ်သူ အတုမှန်း သိနေခဲ့ပါတယ်။ အစကတော့ သားနဲ့မယားကို အထင်ကြီးစေချင်လို့ သူရဲကောင်းအဖြစ် လက်ခံခဲ့ပေမဲ့ လူတွေက ချီးကျူးလေ သူ့မှာ စိတ်မလုံလေ ဖြစ်နေပါတယ်။ နောက်ဆုံးမှာတော့ သူဟာ စိတ်ဒုက္ခဒဏ်ကို မခံစားနိုင်တော့ဘဲ အမှန်တရားကို ထုတ်ဖော်ခဲ့ပါတယ်။ သူရဲကောင်းကြီးကနေ လူလိမ်ကြီး ဖြစ်သွားတဲ့အခါ ရွှဲမင်တို့ မိသားစု ဘယ်လို မုန်တိုင်းမျိုးတွေနဲ့ ရင်ဆိုင်ရမလဲ…… ဆေးရုံမှာ အသက်အန္တရာယ်ရှိနေတဲ့ သူရဲကောင်းအစစ်ကို ကူညီချင်တဲ့ ရွှဲမင်တစ်ယောက် ဘယ်လိုတွေ ဆက်လုပ်မလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
Person of the Year
Chintu Ji
5.5

Chintu Ji (2009) “ချင်တူတို့ရွာ” IMDb – 5.5/10 ဒီရုပ်ရှင်မှာ အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်ထားတာက အရင်ခေတ်အိန္ဒိယရဲ့ဂန္ဓဝင်မင်းသားကြီးလို့တင်စားကြတဲ့ ရာ့ဂျ်ကပူးရဲ့သားဖြစ်သူ၊ လက်ရှိနာမည်ကျော်ဘောလိ၀ုဒ်မင်းသား ရန်ဘီးကပူးရဲ့အဖေဖြစ်သူ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး ရီရှီကပူးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဟာဒတ်ဘာဟီဒီဆိုတဲ့ လူမသိသူမသိ အေးချမ်းတဲ့ရွာငယ်လေးတစ်ခုရှိတယ်။ ရွာအစည်းအဝေးမှာ ဘေးနားကရွာက နာမည်ကျော်တွေထွက်တဲ့အတွက် တော်တော်များများသိကြပြီး သူတို့ရွာလေးကို ဘယ်သူမှမသိတဲ့အတွက် နာမည်ကျော်ဖို့ ဆွေးနွေးကြတာပေါ့။ ဒီမှာပဲ သားဖွားဆရာမအိုကြီးတစ်ယောက်ကထပြီး သူတို့ရွာကလည်း နာမည်ကျော်တစ်ယောက်ထွက်တယ်ဆိုတော့ ဘယ်သူလဲမေးကြတာပေါ့။ ဒီမှာပဲ ဓာတ်ပုံထုတ်ပြတဲ့အချိန် နာမည်ကျော်မင်းသား ရီရှီကပူးဖြစ်နေတာကြောင့် ရီရှီကပူးကို သူတို့ရွာဆီဖိတ်ခေါ်ဖို့ လုပ်ကြရော။ မင်းသားကလည်း နိုင်ငံရေးလောကထဲဝင်မဲ့အချိန်ဆိုတော့ မဲဆန္ဒရှင်တိုးဖို့အရေး မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို ရွာကလေးဆီကို ရောက်လာတဲ့အချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)

Drama • Comedy • Romance
5.5 2009 115 mins
Chintu Ji
Shadows Side
4.6

Shadows Side (2024) Sophieနဲ့ Carlတို့ဟာစေ့စပ်ပြီးသား လက်ထပ်ဖို့ပါပြင်ဆင်နေတဲ့ အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ပါ‌။ Carlအနေနဲ့ သူ့ရဲ့မွေးရပ်မြေ Brazilဘက်က သူ့ရဲ့ငယ်ဘဝအမှတ်တရအိမ်ကို Honeymoonအနေနဲ့သွားချင်ပါတယ်ဆိုပြီး Sophieကိုအပူကပ်ပါတော့တယ်။ ဆိုဖီလည်းမငြင်းနိုင်တာနဲ့ နှစ်ယောက်သား ချောင်ကြိုချောင်ကြား လူသူအရောက်အပေါက်နည်းတဲ့ ကားလ်ရဲ့မွေးရပ်မြေစံအိမ်ကြီးမှာ ဘယ်လိုထူးဆန်းဖွယ်ရာတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို တင်ပြထားတဲ့Horror ဆန်ဆန် Psychological Thriller ဆန်ဆန် eerie ဆန်တဲ့ soundtrackတွေနဲ့ ရင်ဖိုစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size…(1 GB) / (640 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:31:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Yamone

4.6 2024 90 mins
Shadows Side
Bhairathi Ranagal
8

Bhairathi Ranagal (2024) “ရှာမှရှားတဲ့ သူလိုလူ” ဇာတ်အိမ်ကောင်းကောင်းကောင်းကိုမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် ဘောလိဝုဒ် အက်ရှင်-ဒရာမာဇာတ်လမ်းတစ်ပု‌ဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ တရားဥပဒေဘက်ကကြည့် လူဆိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အများပြည်သူအတွက် သူရဲကောင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ဘ၀ဇာတ်ကြောင်းကို အလှည့်အပြောင်းများစွာနဲ့ တင်ဆက်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူဆိုးတစ်‌ယောက်အဖြစ် တရားဥပဒေက တံဆိပ်တပ်ခံထားတဲ့ ဘဟိုင်ရာသီရာနဂယ်ဟာ ငယ်စဉ်ကတည်းက ထောင်ထဲမှာ ကြီးပြင်းခဲ့ရသူပါ။ သူ့ရွာအကျိုးအတွက် အကြမ်းဖက်သလိုဖြစ်ခဲ့ရာက ထောင်းနန်းစံခဲ့ရတဲ့ ရာဂနယ်ဟာ ထောင်ထဲမှာ အလကားမနေဘဲ ဥပဒေပညာကို ကြိုးစားသသင်ယူခဲ့ပါတယ်။ ထောင်ကထွက်လာချိန်မှာလည်း ရှေ့နေအဖြစ် သူ့ရပ်ရွာအကျိုးကို ဆောင်ရွက်ခဲ့ပါတယ်။ သူ့ရပ်ရွာက ပြည်သူတွေအတွက်တော့ သူဟာ နတ်ဘုရားတစ်ပါးလို ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာတင်ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက ဘ၀မလှခဲ့တဲ့ ရာနဂယ်တစ်ယောက် ရှေ့နေဘ၀မှာလည်း အ‌လှည့်အပြောင်းများစွာ ကြုံတွေ့လာရပါတယ်။ အစကတည်းက ကံကြမ္မာရဲ့မျက်နှာသာပေးခြင်းကို မခံရတဲ့ ရာနဂယ်ကို ကံတရားက ဘယ်လိုကျီစားဦးမှာလဲ… တရားမျှတမှုနဲ့ မတရားမှုတွေကြားမှာ ဘယ်လိုဓားစာခံဖြစ်ဦးမှာလဲ… ရှေ့ဆက်ပြီး သူ ဘယ်လို ကြံ့ကြံ့ခံရင်ဆိုင်သွားမလဲဆိုတာ စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Thriller • Action
8 2024
Bhairathi Ranagal
City of Miracles
5.5

လူ့ဘဝဆိုတာ ခုရေတွင်းတူး ခုရေကြည်သောက်သလိုလွယ်ကူတဲ့အရာမဟုတ်တာလောကနိယာမပါပဲ ဒီရုပ်ရှင်မှာ‌တော့…၁၉၉၀ခုနစ်ဝန်းကျင်က “ကျန်းဟုန်ဝေး” “လျိုဝိန်ကျောက်”နဲ့ “တင်းကျွင့်”ဆိုတဲ့ ညီအကိုသုံးယောက်ကိုရိုက်ကူးပြသထား‌ပေမဲ့ သူတို့ကြုံတွေရတဲ့အခက်အခဲ‌တွေဟာပရိတ်သတ်တို့မှာလဲရင်ဆိုင်နေရတာဖြစ်နိုင်တာမို့ “City of miracles”ဆိုတဲ့ရုပ်ရှင်ကိုCM ကနေဘာသာပြန်တင်ဆက်‌ပေးထားတာပဲဖြစ်ပါတယ် ကျန်းဟုန်ဝေးက ရွာကမျက်မမြင်မိခင်ဖြစ်သူကိုဆေးကုပေးဖို့ မြို့ပေါ်တက်ပိုက်ဆံရှာခဲ့ပါတယ် လျိုဝိန်ကျောက်ကတော့ ညီလေးဖြစ်သူကို သူ့လိုမဖြစ်စေချင်တဲ့အတွက် ကျောင်းဆက်ထားဖို့ဆန္ဒတစ်ခုနဲ့ရှေ့ဆက်နေသူပါ တင်းကျွင့်ကတော့ မြို့‌ကြီးမှာစားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့လူငယ်လေးတစ်ယောက်ပေါ့ ကံကြမ္မာကြိုးဆွဲရာနောက်လိုက်တယ်ပဲပြောရမလား.. ခါးပိုက်နှိုက်သမားတစ်ယောက်လိုက်ရင်း လျိုဝိန်ကျောက်၊ တင်းကျွင်းတို့နဲ့ဆုံခဲ့ပါတယ် ။ဒီလိုနဲ့ကိုယ့်လမ်းကိုယ်စီသွားကြရင်း… ကျန်းဟုန်ဝေးရဲ့ ရေစိမ်းမြေစိမ်းနေရာမှာ မြို့ပေါ်ကတစ်ဦးတည်း‌သော လူယုံဖြစ်သူ အကိုကွမ်းဟာ မက်လုံးပေးပြီးလိမ်စားနေတဲ့သူပါ လောဘဟာ မိတ်ဆွေရင်းတွေကိုတောင်ပျက်ပြားစေနိုင်ရိုးလား… မလျော့တော့ဇွဲ မဆုတ်နစ်သောလုံ့လတွေနဲ့ပန်းတိုင်ကိုအရောက်လှမ်းနိုင်မှာလား ‘ဇာတ်လမ်းအစ စွန့်စားမှုက’ဖြစ်တာမလို့ သူတို့သုံးယောက်ဘာ‌တွေစွန့်စားပြီး ဘယ်လို အခက်အခဲတွေကြုံတွေ့ရမလဲဆိုတာကြည့်ရှုခံစားလိုက်ရအောင်

Comedy
5.5 2025
City of Miracles