YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

(CM) Failan (2001) 1080p.mp4

1.84 GB N/A video/mp4 564 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Extraction 2
7.6

Extraction 2 (2023) Extraction (2020) ရဲ့ အဆက် Extraction 2 လာပါပြီ။ မင်းသားက Chris Hemsworth ပဲဖြစ်သလို ဒါရိုက်တာကလည်း Sam Hargrave ပါပဲ။ Extraction (2020) ဟာ အတော်ကောင်းပါတယ်။ မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကို အသေခံပြီး လုပ်သွားတဲ့ ကြေးစားကြီးတစ်ယောက်အကြောင်းပေါ့။ သေနတ်ဒဏ်ရာ ဗလပွနဲ့ မြစ်ထဲကိုကျသွားတာ မသေစရာတော့မရှိပါဘူး။ ဒါပေမဲ့ မသေပါဘူး။ မသေတော့ အငြိမ်းစားယူသွားပါတယ်။ အငြိမ်းစားဆိုကတည်းက သေချာပေါက် ပြန်ချရမယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။ အခုလည်း သူ့အငြိမ်းစားဘဝကနေ မငြင်းနိုင်ဘဲ သေချာပေါက်ပြန်လုပ်ခိုင်းနိုင်တဲ့သူ ပေါ်လာပါတယ်။ သူ့မိန်းမပါ။ ဖြစ်တတ်ပါတယ်။ သူ့မိန်းမရဲ့ ညီမကို ဂျော်ဂျီယာရဲ့ အကြီးဆုံးလူဆိုးဂိုဏ်းကြီးလက်ကနေ သွားကယ်ထုတ်ရတာပါ။ ဒါပေမဲ့ လူဆိုးဂိုဏ်းက ရိုးရိုး သေနတ်နဲ့ကားအဆင့်မဟုတ်ပါဘူး။ ကျည်ကားကား၊ လက်နက်ကြီး၊ ရဟတ်ယာဉ်တွေအထိပါပြီး မိုးအဆုံးမြေအဆုံးလိုက်သတ်တာကြောင့် ၂ နာရီစာလောက် မနားတမ်း ချရပါတော့တယ်.... ထုံးစံအတိုင်း ဇာတ်လမ်းရော အက်ရှင်ရော ကြည့်လို့ကောင်းပါတယ်။ ကြည့်လိုက်ကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Thriller Quality….  4K5.1Ch| 1080p | 720p | 480p File size…  2GB | 1GB | 500MB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron, Phyo Pyae

Drama • TV Movie • Thriller
7.6 2023 123 mins
Extraction 2
Blood & Gold
6.6

~ IMDb - 6.6/10, Rotten Tomatoes - 67% ~ နာဇီတွေက ရှေးဟောင်းပစ္စည်းတွေ အနုပညာပစ္စည်းတွေ လက်ဝတ်ရတနာတွေနဲ့ တခြားထူးထူးဆန်းဆန်း ဂမ္ဘီရပစ္စည်းတွေကို တော်တော်စိတ်ဝင်စားကြပုံရတယ်။ ဥပမာ - ကျွန်တော်တို့ငယ်ငယ်က Indiana Jones ရုပ်ရှင်တွေထဲမှာဆိုလည်း သူနဲ့အပြိုင်ရတနာလိုက်ရှာတာက နာဇီတွေခပ်များများပဲ။ အခုဒီဇာတ်ကားကတော့ ဂျူးလူမျိုးတစ်ယောက်ချန်ထားခဲ့တဲ့ ရွှေချောင်းတွေကို နာဇီတွေလိုက်ရှာတဲ့အကြောင်းပါ။ အချိန်ကာလကိုပြောရရင် ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၅... ဂျာမန်တွေစစ်ရှုံးနေတဲ့အချိန်ပေါ့။ ဒါပေမဲ့ သူတို့ကလက်‌မလျှော့သေးဘူး။ စစ်ရှုံးနေရင်းတန်းလန်း ရွှေချောင်းသွားရှာနိုင်သေးတယ်။ တကယ်က ရှာပုံတော်လို တောတောင်တွေဖြတ်ပြီးရှာကြတာမဟုတ်ပါဘူး။ သူတို့မှာ သတင်းရထားပြီးသားပါ။ ဒီမြို့မှာနေသွားတဲ့ ဒီဂျုးလူမျိုးကြီးမှာ ရွှေချောင်းသေတ္တာလိုက်ရှိခဲ့ဖူးတယ် ဆိုပြီးပေါ့။ ဒီတော့ သူတို့ကသွားယူရုံပဲလို့တွေးထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီဂျူးမိသားစုနေသွားတဲ့အိမ်က အပျက်အစီးပုံကြီးပဲကျန်တာကြောင့် နာဇီတွေအကြပ်ရိုက်ပါပြီ။ ရွှေတွေကဘယ်ရောက်နေမလဲ ဘယ်သူတွေရသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ကြည့်ပျော်တယ်လို့ပြောနိုင်ပြီး သေနတ်ပစ်တာတွေ၊ ရိုက်ကွင်းရိုက်ကွက်တွေကအတော်လှတယ်လို့ပြောနိုင်ပါတယ်။ ဂျာမန်ရုပ်ရှင်ဆိုတော့ ဂျာမန် Vibe လေးတစ်မျိုးလည်း ရပါသေးတယ်။ ဘယ်လိုလဲဆိုတာကိုတော့ကြည့်ရင်း ခံစားလိုက်ရအောင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.25GB, 600MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Action, Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
6.6 2023 100 mins
Blood & Gold
[18+] Going Places
6.8

~ IMDb - 7.2/10, Rotten Tomatoes - 73% ~ ဂျင်ကလော့ဒ်နဲ့ ပီရော့တို့နှစ်ယောက်က လူဆိုးတွေပါ၊ ခိုးသင့်တဲ့နေရာဆိုခိုး၊ လုသင့်တဲ့နေရာဆိုလု၊ လိမ်သင့်တဲ့နေရာဆိုလိမ်ပြီး စားဝတ်နေရေးဖြေရှင်းတတ်ကြတဲ့သူတွေဆိုတော့ လူလိမ်လား သူခိုးလား ဓားပြလား ပြောရခက်ပေမယ့် အစုံလုပ်ကြတဲ့နှစ်ယောက်ပါ။ ကျွမ်းကျင်လှတဲ့ပညာရှင်ကြီးတွေမဟုတ်ပေမယ့် အဲ့ဒီအလုပ်ကိုကြုံသလိုလုပ်ပြီး ပြင်သစ်နိုင်ငံအနှံ့ခြေဆန့်နေကြပါတယ်။ ဒီလိုပဲလူငယ်လူရွယ် အပေအတေတွေပီပီ ကြုံရာလူနဲ့လည်း လိင်စခန်းသွားတတ်ကြသေးတော့ ကားခိုးမှုတစ်ခုမှာ မာရီအန်းဆိုတဲ့မိန်းမလှလေးတစ်ယောက်နဲ့ဆုံဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လဲ သူတို့နှစ်ယောက်ကတော့ အခြေချတည်ငြိမ်ဖို့စိတ်ကူးမရှိပဲ မာရီအန်းကိုပါ အပါခေါ်ပြီး ပြင်သစ်အနှံ့ပတ်မွှေဖို့ ခရီးဆက်ကြပါတော့တယ်။ 1974 မှာ ထွက်ရှိခဲ့တဲ့ ဒီ Going Places ဇာတ်ကားဟာ Road movie လို့ပြောမထားပေမယ့် Road movie စစ်စစ်ဖြစ်ပြီး၊ ဟာသတွေကလဲ Dark ဖြစ်တဲ့ဘက်ကိုသွားတဲ့အတွက် တစ်ချို့အခြေအနေတွေက ရယ်ရမလိုငိုရမလို ပြုံးတမဲ့မဲ့ဖြစ်နေရမယ့် ဟာသ-ဒရာမာ ကားကောင်းတစ်ကားဖြစ်ပါတယ်။ သတိပေးချင်တာကတော့ ဇာတ်ကားထဲမှာပါဝင်တဲ့ ဇာတ်ကောင်တွေရဲ့အပြုအမူ၊အပြောအဆို၊ လုပ်ရပ်တွေ၊ ပြကွက်တွေကြောင့် အငြင်းပွားမှုတွေရှိခဲ့တာလဲဖြစ်တဲ့အတွက် ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေ၊ Softcore Sex Scenes တွေ ပျစ်ပျစ်နှစ်နှစ် ပါဝင်နေလို့ 18+ Tag ကလေး တပ်လိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 910MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 57Min Genre - Action, Comedy, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by Y

6.8 1974 117 mins
[18+] Going Places
La La Land
7.9

(သီချင်းလေးတွေပါ ဘာသာပြန်ပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်..BluRay 4K Quality ထိ ခံစားကြည့်ရှုနိုင်ပါတယ်။) IMDb - (8/10) / Rotten Tomatoes (91%) ၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။ ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို စိန်ခေါ်နိုင်ခဲ့သည့်“La La Land” ရုပ်ရှင်ဖန်တီးရှင်အသက် (၃၁) နှစ်ရှိဒါရိုက်တာ ဒါမီယန်ချာဇက်လီကအကောင်းဆုံးဇာတ် ညွှန်းဆုနှင့် အကောင်းဆုံးဒါရိုက်တာဆုများကို ရရှိခဲ့သည်။ထို့ပြင်ယင်းရုပ်ရှင်မှ မင်းသားရိုင်ယန်ဂိုးစလင်း နှင့် မင်းသမီး အမ်မာစတုန်းတို့ကအကောင်းဆုံး သရုပ်ဆောင် ဆုများကို အသီးသီးရရှိခဲ့သည်။ ကခုန်ခြင်းနှင့် သီချင်းသီဆိုခြင်းကို ဝါသနာပါသည့် လူငယ်နှစ်ဦးက၎င်းတို့ဖြတ်သန်းရာ ဘဝခရီးလမ်းတွင် မည်မျှကြမ်းတမ်းသောအခက်အခဲများပင် ရှိလင့်ကစား အောင်မြင်မှုများကို ရယူနိုင်ကြောင်း ရိုက်ကူးပြသခဲ့သည့်ရုပ်ရှင်က ယခင်က ဆုခြောက်ခုရရှိခဲ့ဖူးသောOne Flew Over the Cuckoo’s Nest and Midnight Express ရုပ်ရှင်ကိုကျော်တက်ကာ ဆုရရှိမှုစံချိန်တင်ခဲ့ခြင်း ဖြစ်သည်။ နာမည်ကျော်ဘရော့ဒ်ဝေး လမ်းမထက်က ဖျော်ဖြေပွဲများကိုအခြေခံထားခြင်းမရှိသည့် ယင်းရုပ်ရှင်ပြသသည်နှင့် တစ်ပြိုင်နက်စတူဒီယိုများတွင် ပြသခွင့်ရရှိခဲ့သည့် ရုပ်ရှင်လည်းဖြစ်သည်။ အနုပညာစိတ်ကူးဉာဏ်ရင့်သန်မှုတို့ဖြင့် ဒါရိုက်တာ ချာဇက်လီသည် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Lionsgate နှင့်တွဲဖက်ကာ အခွင့် အရေးကိုပိုင်နိုင်စွာအသုံးချပြီး အနုပညာအလောင်းအစားပြုလုပ်ခဲ့ရာမှအောင်မြင်မှုရရှိခဲ့ခြင်းလည်း ဖြစ်သည်။ အမျိုးသား သရုပ်ဆောင်ဆု တွမ်ဟီဒယ်စတန်ဆန်ခါတင် စာရင်းထဲတွင်ပါရှိခဲ့သည့် ဆုအားလုံးကို ရရှိခဲ့သည်သာမကအကောင်းဆုံး မူရင်းတေးသွားဆု နှင့် ဇာတ်ဝင်တေးသီချင်းတို့ကိုပါ ရရှိခဲ့သည်။ ယင်းရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု (တေး သံစုံ၊ ဇာတ်မြူး) ရရှိခဲ့သူအမ်မာစတုန်းကဆုလက်ခံရယူ ပြီးနောက် ”ဒါဟာ စိတ်ကူးယဉ်သမားတွေအတွက် ရုပ်ရှင်တစ်ခုပါပဲ။ ပြီးတော့ မျှော်လင့်ချက်နဲ့ဖန်တီးနိုင်မှုဟာ ကမ္ဘာပေါ်က အရေးအကြီးဆုံး အရာနှစ် ခုဖြစ်တယ် လို့ကျွန်မထင်ပါတယ်။ အဲဒါဟာ ဒီရုပ်ရှင်ရဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ရွှေကမ္ဘာလုံးဆုပေးပွဲသည် ဟောလိဝုဒ်ရုပ်ရှင်များအတွက် ဆုပေးပွဲရာသီပွဲဦးထွက်ကျင်းပသည့်ပွဲဖြစ်သည်။ ဆုများစွာကို စံချိန်တင်သိမ်းပိုက်ရရှိခဲ့သည့် “La La Land” ရုပ်ရှင်ကအော်စကာဆုအတွက် ဆုလျာထား စာရင်းတွင်ပါဝင်နိုင်ရန် သေချာသွားခဲ့သည်။အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ရိုင်ယန်ဂိုးစလင်းCecil B. DeMille ဘဝတစ်သက်တာ အောင်မြင်မှု ဆုကိုရရှိခဲ့သူမယ်ရီယယ်စတွိက ပြီးခဲ့သောနှစ်တွင် မဲဆွယ်ပွဲတစ်ခု၌ မသန်စွမ်းသတင်းထောက်တစ်ဦးပုံစံကို သရုပ်ဆောင်ပြီး ဒေါ်နယ်ထရန့်က သရော်ခဲ့သည့် အတွက်စိတ်မကောင်းဖြစ်ခဲ့ရသည်ဟုဆိုကာ ဆုပေးပွဲတွင် အမေရိကန်သမ္မတဖြစ်လာမည့်သူကိုစကားဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့သည်။ အသက်(၆၇) နှစ်အရွယ်စတွိက”ပြီးခဲ့တဲ့နှစ်က ကျွန်မကို စိတ်မကောင်းဖြစ်စေ တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ ကျွန်မနှလုံးသားထဲအထိ နာကျင်ရပါတယ်။ အရမ်းကိုကောင်းလွန်းလို့တော့ မဟုတ်ပါဘူး။ မသန်စွမ်းသတင်းထောက် တစ်ယောက်ပုံစံတူပြုပြီးတော့ ကျွန်မတို့နိုင်ငံရဲ့အလေးစားခံရဆုံး ထိုင်ခုံမှာ ထိုင်မယ့်သူက လုပ်ခဲ့တဲ့ဖြစ်ရပ်ပါ၊အာဏာရှိတဲ့သူတွေက သူတို့ရဲ့ ရပ်တည်ရာနေရာကိုအသုံးချပြီးတခြားသူတွေကို အနိုင်ကျင့်မယ်ဆိုရင် ကျွန်မတို့အားလုံးဆုံးရှုံးတာပါပဲ။ ပြီးတော့ဟောလိဝုဒ်ဆို တာ ပြင်ပကလူတွေနဲ့ နိုင်ငံခြားသားတွေဝင်ထွက်သွားနေတဲ့နေရာပါ။ ရှင်တို့သာ သူတို့ကို နှင်ထုတ်ပစ်မယ်ဆိုရင်အနုပညာမဟုတ်တဲ့ ဘောလုံးပွဲနဲ့ သိုင်းပညာကလွဲလို့ ကြည့်စရာရှိတော့မှာ မဟုတ်ပါဘူး” ဟု ဝေ ဖန်ပြောကြားခဲ့သည်။ မင်းသမီးကြီးစတွိသည် ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းတွင်အကြိမ် ၃ဝ ပါ ဝင်ဖူးပြီး ရှစ်ကြိမ်ဆုရရှိဖူးသည်။ ၎င်းကဲ့သို့ Cecil B. De-Mille ဆုရရှိခဲ့ကြဖူးသူများမှာဒန်ဇယ်ဝါရှင်တန်၊ ဂျော့ခ်ျ ကလူးနေး၊ ဝူဒီအယ်လန်နှင့် ဂျိုဒီဖော်စတာတို့ဖြစ်ကြသည်။“La La Land” ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့သူ ရိုင်ယန်ဂိုးစလင်းကဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ကနေဒါနိုင်ငံသားဖြစ်သူ ရိုင်ယန်ရေးနိုးစ်ကိုဂုဏ်ပြုသည့် စကားကိုလည်း ဆု လက်ခံရယူနေချိန်တွင် ပြောကြားခဲ့သည်။၎င်းက ”ကျွန်တော့်ကို ရိုင်ယန်ရေးနိုးစ်နဲ့မှားကြတာ ဒါပထမဆုံးအကြိမ်မ ဟုတ်ပါဘူး။တစ်ခါတလေတော့လည်း အမှားဟာ အမှားကောင်းဖြစ်သွားတော့တာပါပဲ” ဟုပြောဆို သည်။ La La Land ဇာတ်ကားဟာ ဗြိတိန်ရုပ်ရှင်ရုံများတွင် စတင်ပြသသည့် ပိတ်ရက်ကတည်းကရုံဝင်ငွေ ပေါင် ၆ သန်း ကျော်ရရှိခဲ့ကာ အခြားဇာတ်ကားများထက် ပေါင်၅သန်းကျော် ပိုမိုရရှိခဲ့ပြီးပေါက်ကားတစ်ကားဖြစ်ခဲ့ပါသည်။ရွှေကမ္ဘာလုံးဆုပေးပွဲသမိုင်းတွင် စုစုပေါင်း ဆု ၇ ဆုရရှိခဲ့ကာစံချိန်ချိုးနိုင်ခဲ့သည့် ဂီတနောက်ခံရုပ်ရှင်ဇာတ်ကား La La Land ဟာBafta ဆုပေးပွဲအတွက်လည်း အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင်ဆုပေါင်း ၁၁ ဆုအတွက် လျာထားခြင်း ခံခဲ့ရပါသည်။ပွဲဦးထွက်ရုံဝင်‌ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်ချိုးနိုင်ခဲ့သော ဇာတ်ကားမှာLes Miserables ဖြစ်ပြီး ၂၀၁၃ခုနှစ်က ပြသခဲ့ကာပွဲဦးထွက်ရုံဝင်ငွေ ပေါင်၈.၁၂သန်း ရရှိခဲ့ပါသည်။ La La Land တွင် မင်းသား Ryan Gosling ကJazz ဂီတသမားစန္ဒယားဆရာအဖြစ် သရုပ်ဆောင်ထားပြီးမင်းသမီး Emma Stone က ရည်မှန်းချက်ကြီးသော မင်းသမီးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားကာ သူတို့ နှစ်ဦး၏ အိပ်မက်တွေကို လော့စ်အိန်ဂျယ်လိစ်မြို့၌အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီးသူတို့၂ယောက် အကောင်အထည်ဖော်နိုင်မဖော်နိုင်ကိုကတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရှူ ရမှာပါ။ (ရုပ်ရှင်အညွှန်းကို myanmarnewsnetwork မှ ကူးယူဖော်ပြပါသည်။) File size…(9 GB)/ (1.9 GB) / (800 MB) Quality….BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:07:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Comedy • Crime • Drama
7.9 2016 129 mins
La La Land
Fantastic Beasts: The Secrets of Dumbledore
6.7

IMDb Rating - 6.5/10 Fantastic Beasts ရုပ်ရှင်တွေရဲ့ ၃ ကားမြောက် ရုပ်ရှင်လာပါပြီ။ အားလုံးသိထားတဲ့အတိုင်း ဒုတိယရုပ်ရှင်မှာ ခရီးဒန့်စ်ရဲ့ ဘဝအမှန် ပေါ်လာခဲ့တယ်။ ဒန်ဘယ်ဒေါ နဲ့ ဂရင်ဒီဝေါတို့လည်း ထိပ်တိုက်ရင်ဆိုင်ရဖို့ ကြုံလာခဲ့တယ်။ နျူတို့တွေလည်း ကွင်နီကိုပါ လက်လွှတ်လိုက်ရပြီး မနည်းလွတ်အောင်ပြေးလာခဲ့ရတယ်။ ဒီအပိုင်းမှာတော့ ဒမ်ဘယ်ဒေါဟာ ဂရင်ဒီဝေါကိုတားဆီးဖို့ နျူ့ထ်တို့ ညီအစ်ကိုရယ်၊ ဂျေကော့ရယ်နဲ့ မှော်ဝင်သတ္တဝါဆန်းတွေရယ်နဲ့အတူ ဘယ်လို ကြိုးစားကြမလဲဆိုတာ ဆက်ပြီး ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဂရင်ဒီဝေါသရုပ်ဆောင်ဟောင်းဖြစ်တဲ့ ဂျွန်နီဒက်ပ် တစ်ယောက် အမ်ဘာနဲ့အမှုကြောင့် ထုတ်ပယ်ခံရပြီး သူ့နေရာမှာ မက်ဒ် မစ်ကယ်ဆန် ပြောင်းလဲပါဝင်လာပါတယ်။ ဒါပေမဲ့ မက်ဒ်နဲ့လည်း အတော်ကိုလိုက်ဖက်တဲ့အတွက် အရသာမပျက်သွားဘဲတော့ ဆက်ပြီး ကြည့်ရှုနိုင်မှာပါ။ အားပေးလိုက်ကြပါဦး.... (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။) File Size.............(2.71 GB) / (1.45 GB) / (761 MB) / (516 MB) Quality...............WEB-DL 4K / 1080p / 720p / 480p Duration............2Hr 22Mins Subtitle..............Myanmar Hardsub Format...............MKV / MP4 Genre.................Adventure, Fantasy Translator..........Mr.Anderson Encoder..............SWM / Nyein Saeya Aung

Drama
6.7 2022 142 mins
Fantastic Beasts: The Secrets of Dumbledore
Snoop Dogg Presents: The Bad Girls of Comedy
6.9

Snoop Dogg Presents: The Bad Girls of Comedy (2012) ====================================== IMDb Rating – 6.9/10 အမေရိကန်ရက်ပါအဆိုတော် စနုဒေါ့ဂ်ကို အများစုကတော့ သိကြ မှာပါ။ စနုဒေါ့ဂ်ကအမျိုးသမီးဟာသပြောသူ၅ယောက်ကို စုပြီး ရှိုးတစ်ခု လုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ အမျိုးသမီးဟာသပြောသူ(၅)ယောက် စင်ပေါ်မှာတစ်ယောက်ချင်း ဟာသတင်ဆက်သွားတာကို ကြည့်ရှုရမှာပါ။ “အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ်အိမ်လို့ သဘောထားရမယ်၊ ညနက် တဲ့ထိ အပြင်မှာမနေရဘူး၊ ကိုယ့်အိမ်ထဲကို တစ်ယောက်ယောက် နောက် ပေါက်ကနေ ခိုးဝင်လာလိမ့်မယ်” ဒီဇာတ်ကားထဲကဟာသတစ်ခုပါ။ ဒီဇာတ်ကားက ယောက်ျား၊မိန်းမအကြောင်းကို ဘွင်းဘွင်းရှင်းရှင်း ဟာသ လုပ်ထားတယ်ပဲဆိုပါတော့။ တစ်ကားလုံး ပါးစပ်မစေ့ဘဲ ဆက်တိုက်ရယ် ရချင်မှရယ်ရပါလိမ့်မယ်။ ဒါပေမယ့် တစ်နာရီဆိုတဲ့အချိန်တွင်းမှာတော့ Snoop Dogg ရဲ့ထုံးစံအတိုင်း ပေါက်ကရစကားတွေကတော့ နားထဲပြည့် သွားမှာတော့အမှန်ပါပဲ။ ဒီဇာတ်ကားထဲမှာ 18+ဇာတ်ဝင်ခန်းတွေမပါပေမယ့် လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေ သုံးနှုန်းထားတာမို့လို့ မိသားစု နဲ့ကြည့်ရှုဖို့မသင့်တော်ပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှရေးသားပေးပြီ၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Ngwe Zin, May Thet Khine Soe တို့ဖြစ်ပါတယ်) File Size……….(1.2 GB) / (500 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Ngwe Zin, May Thet Khine Soe Encoder……….SWM

Comedy
6.9 2012
Snoop Dogg Presents: The Bad Girls of Comedy
A Sealed Book
6

ဟိုးတစ်ချိန်တစ်ခါက လောကကြီး တစ်ခုလုံးဟာအလင်းရောင်တွေ ပျောက်ကွယ်သွားပြီး အမှောင်ထုဖုံးလွှမ်းသွားခဲ့ပါတယ် ။ ဒီတော့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့လူတွေဟာ အမှောင်ထုဖုံးလွှမ်းသွားရခြင်းရဲ့ အကြောင်းပြချက်ကို ရှာဖို့ကြိုးစားခဲ့ကြပါတယ် ။ အဲ့ဒီအထဲကမှ ရဲအရာရှိလေး ရှောင်ဝူလဲ အပါအဝင်ပါ ။ အမှောင်ထုဖုံးလွှမ်းရခြင်းရဲ့ အကြောင်းပြချက်ကို ရှာပြီး သူဟာ လောကရဲ့ သူရဲကောင်းဖြစ်ချင်နေခဲ့တာပါ ။ သူတို့တွေ ခရီးဆက်လာခဲ့ပြီး လမ်းတစ်ထောက်မှာတော့ အမှောင်ထုဖုံးလွှမ်းရခြင်းဟာ ရှေးခေတ် ထူးဆန်းလှတဲ့ ကောင်းကင်ဘုံစာအုပ်ကြောင့်ဖြစ်ပြီး အဲ့ဒီစာအုပ်ဟာ မြေအောက်နန်းတော်ကနေ ပျောက်ဆုံးနေခဲ့ပါတယ် ။ မြေအောက်နန်းတော်က လူတွေဟာ မသေမျိုးတွေဖြစ်ပြီး အဲ့ဒီထူးဆန်းစာအုပ်ဟာလဲ အဘယ်သူကမှ ရယူနိုင်ခြင်းမရှိတဲ့ အခါမှာ …? ❏ လောကကို ဖုံးလွှမ်းနေတဲ့ အမှောင်ထုကြီးကို သူတို့တွေ ဖြိုဖျက်နိုင်ပါ့မလား ? ❏ ဒီကိစ္စကြီးဟာ ရှောင်ဝူ နဲ့ပါ သက်ဆိုင်နေတဲ့အခါ နောက်ကွယ်က အမှန်တရားဟာ ဘာများဖြစ်မလဲ ❏ သူရဲကောင်းဖြစ်ချင်ရှာတဲ့ ရှောင်ဝူတစ်ယောက် အဖြစ်မှန်ကို ရှာပေးပြီး လောကအတွက် အလင်းဆောင်ပေးနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။

6 2022
A Sealed Book
Afwaah
5.2

Afwaah (2023) ********************* IMDb-5.2/10 Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ Drama/Thrillerအမျိုးအစား ဟင်ဒီစကားပြောဘောလိ၀ုဒ်ဇာတ်ကားဖြစ်ပြီး အမြတ်ငွေ ကုဋေ၃၀ထိရရှိခဲ့ပါတယ်။ပရိတ်သတ်အချစ်တော် မင်းသားကြီးနဝါးဇုဒ္ဒီးန် ဆစ်ဒီကီကအဓိကသရုပ်ဆောင်ထားပါတယ်။ သဘာ၀မင်းသားကြီးလို့ချစ်စနိုးခေါ်ကြတာလည်းမပြောနဲ့ သူ့ရုပ်နဲ့သူ့သရုပ်ဆောင်ချက်တွေက သဘာ၀ကျကျ ပီပြင်လွန်းတာကြောင့် သူပါတဲ့ကားတိုင်းနီးပါး ပေါက်ခဲ့တာတွေချည်းပါ။မင်းသမီးကလည်းToilet: Ek Prem Katha(2017)မှာ အရှေးရဲ့ဇနီးဖြစ်သူနေရာကနေ ပါဝင်ခဲ့တဲ့ မင်းသမီးဘူမီပဒ်နေကရ်။Afwaah ဆိုတာက ကောလဟလလို့အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်လမ်းထဲမှာ ကောလဟလတစ်ခုကြောင့် လူနှစ်ယောက်ရဲ့ဘ၀ ဘယ်လိုဇောက်ထိုးမိုးမျှော်တွေဖြစ်မလဲဆိုတာ တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်း ပြည်နယ်ရွေးကောက်ပွဲအတွက် အမတ်လောင်းဗစ်ကီတစ်ယောက် မဲဆွယ်စည်းရုံးပွဲမှာ သူ့လူယုံရဲ့လက်ချက်နဲ့ လူတစ်ယောက်သေသွားတဲ့ဗီဒီယိုက ဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားခဲ့ပါတယ်။ဒါကို ဇနီးလောင်းဖြစ်တဲ့ နီဗီက မနှစ်မြို့ခဲ့တဲ့အပြင် နီဗီအဖေကလည်း ဒီကိစ္စတွေရဲ့ခေါင်းဆောင်ဖြစ်နေတယ်။ဒီလိုအရှုပ်တွေကြားမှာ မနေချင်တဲ့ နီဗီတယောက် ရုတ်တရက်အိမ်ကထွက်ပြေးပါတော့တယ်။ အဲဒီအချိန်မှာပဲ အမေရိကားပြန် စီးပွားရေးလုပ်ငန်းရှင် နဝါးဇ်က အိမ်ပြေးနီဗီကို ဝင်ကယ်ရင်း သူပါရောယောင်ဒုက္ခရောက်ပါတော့တယ်။တိုင်းပြည်အကျိုးပြုလုပ်ငန်းတွေ လုပ်မယ်ဆိုပြီး ပြန်လာခဲ့တဲ့နဝါးဇ်နဲ့ နိုင်ငံရေးကို ကိုယ်ကျိုးအတွက်အသုံးချနေကြတဲ့ခင်ပွန်းလောင်းနဲ့အဖေကြားဗျာများရတဲ့ နီဗီတို့နှစ်ယောက် သူတို့ရဲ့ရဲရင့်တဲ့စိတ်နဲ့ ဒီအရှုပ်အထွေးကြီးကိုရင်ဆိုင်နိုင်ပါ့မလားဆိုတာ…..။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V,Zwe,Moon,BpL,ThaikSanတို့ပဲဖြစ်ပါတယ်)

5.2 2023 126 mins
Afwaah
Sniper: G.R.I.T. – Global Response & Intelligence Team

ယူကီ လို့ခေါ်တဲ့ ဂျပန်မလေးဟာ ဂရစ်ဆိုတဲ့ အဖွဲ့အစည်းရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပါတယ် သူ့ကို မယ်လ်တာ အစိုးရ‌ဆီက အာဏာသိမ်းပြီး နိုင်ငံကိုအုပ်ချူပ်နေ‌တဲ့ လူတစ်စုကို သတ်ဖြတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။ နောက် ၆လကြာတဲ့အထိ ယူကီဟာ သူ့ရဲ့ မစ်ရှင်ကိုလုပ်နေရင်း အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေပါတော့တယ် တစ်ရက်မှာတော့ သူတို့ရဲ့ ဂရစ်အဖွဲ့အစည်းဆီကို ယူကီဟာ အရေးပေါ်အကူအညီတောင်းခံခဲ့ပါတယ် အဲ့ဒီအချိန်မှာ ဂရစ်အဖွဲ့ဟာ ဘရန်ဒန်နဲ့ ဇီးရိုးလို့ခေါ်တဲ့ အေးဂျင့်နှစ်ယောက်ကို ယူကီကို ကယ်ဖို့နဲ့ ယူကီရဲ့ မစ်ရှင်ကို အဆုံးသတ်အောင်လုပ်ပေးဖို့ ထပ်မံစေလွှတ်လိုက်ပါတယ်။ ဘရန်ဒန် နဲ့ ဇီးရိုးတို့ရဲ့ Pro ဆန်ဆန် မစ်ရှင်လုပ်ဆောင်ချက်တွေကို ကြည့်ရှုရမှာဖြစ်ပြီး တကားလုံးမှာ Action ခန်းတွေအပြည့်ပါတဲ့အတွက် Action ကြိုက်သူတွေ သဘောကျစေမှာပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

0 2023 92 mins
Sniper: G.R.I.T. – Global Response & Intelligence Team
Borderline

2023 ရဲ့ Borderline ဆိုတဲ့ Budget ဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အဖော်အချွတ်ခန်းတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ အခန်းတွေအများကြီးပါတဲ့အတွက် ကလေးများကြည့်ရှုရန်မသင့်တော်ပါဘူး။ ချာလီဆိုတဲ့ကောင်မလေးက မူးယစ်ဆေးစွဲနေပြီး မြန်မာကားတွေထဲမှာ မြင်ရတဲ့အတိုင်း မိဘအိမ်မှာဆန်ကုန်မြေလေးလုပ်ပြီး အမေဖြစ်သူဆီကနေ ပိုက်ဆံတွေရှယ်တောင်းနေတဲ့ ပျက်စီးနေတဲ့ကောင်မလေးဖြစ်ပါတယ်။ စိတ်ရောဂါလည်းရှိနေပြီး စိတ်နဲ့ပတ်သတ်တဲ့ဆေးတွေလည်း အများကြီး သောက်နေရပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့အမေအိမ်ကဆင်းချလာပြီး ဇီးဆိုတဲ့ သူ့သူငယ်ချင်းဖြစ်သူနဲ့ အတူနေနေပါတော့တယ်။သူငယ်ချင်းတွေ ဆိုတော့လည်း ပုလင်းတူဘူးစွပ်တွေဖြစ်ပြီး ညတိုင်းဆေးတွေသုံးကာ သာယာနေခဲ့ပါတယ်။ ဒါပေမယ့် ဇီးကတော့ချာလီလောက်မဆိုးပါဘူး။ချာလီက သူ့ရဲ့စိတ်ရောဂါအခြေအနေနဲ့ မူးယစ်ဆေးတွေကြောင့် စိတ်ထင်ယောင်ထင်မှားတွေဖြစ်ပြီး တက်ခဲ့ရတဲ့ပြဿနာ ပေါင်းလည်းမနည်းတော့ပါဘူး။သူ့ရောဂါတွေကျွမ်းလာပြီး ပြဿနာတွေလဲတစ်စထက်တစ်စ ပိုများလာပြီးနောက်မှာ သူ့ဘဝကြီးကဘယ်လိုတွေဖြစ်လာမလည်းဆိုတော့ စိတ်ဝင်တစားကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.70GB / 767MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 40m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023 100 mins
Borderline
An American Pickle
5.7

An American Pickle Genre – Comedy,Fantasy IMDb – 5.7/10 Herschel Greenbaumဟာဂျူးလူမျိုးတစ်ယောက်ဖြစ်ပြီးမြောင်းတူးတဲ့အလုပ်လုပ်ကာ အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူ့ဘဝထဲ Sarashဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီးတစ်မြို့လုံးရှေ့မှာဘဲလက်ထက်လိုက်ကြပါတော့တယ်။ ဒါပေမယ့်ကံတရားကHerschelတို့ကိုမျက်နှာသာမပေးခဲ့ပါဘူး။ သူတို့လက်ထပ်ပြီးမကြာခင်မှာပဲ Cossacksဆိုတဲ့ ဂျူးသုတ်သင်ရှင်းလင်းရေးသမားတွေ ဟာ Herschelတို့မြို့လေးကို ဝင်ရောက်ဖျက်စီးပြီးမြို့ခံဂျူးတွေကိုသုတ်သင်ခဲ့ကြပါတယ်။ အဲ့ဒီအဖြစ်ဆိုးကြီးဖြစ်ပြီးတဲ့နောက် Herschelတို့ဇနီးမောင်နှံနှစ်ယောက်လည်းပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက်အမေရိကကို အခြေချပြောင်းရွေ့နေထိုင်ဖို့အကြောင်းဖန်လာပါတော့တယ်။ အမေရိကကိုရောက်တော့ သခွားချဉ်လုပ်တဲ့စက်ရုံတစ်ခုမှာ Herschelက ကြွက်နှိမ်နင်းတဲ့အလုပ်ရသွားခဲ့ပါတယ်။ Sarashကလည်းသူတို့ရဲ့ပထမဆုံးရင်သွေးလေးကို လွယ်ထားရနေပြီဆိုတော့ မျိုးဆက်ကိုကြီးပွားတိုးတက်စေချင်တဲ့ Herschelက အလုပ်ကိုပိုကြိုးစားလုပ်ကိုင်ရပါတော့တယ်။ ဒါပေမယ့်ကံမကောင်းစွာနဲ့ Herschelတို့ရဲ့ စက်ရုံဟာပိတ်သိမ်းခံလိုက်ရပါတော့တယ်။ အဲ့ဒီနေ့မှာဘဲ Herschelဟာကြွက်လိုက်ဖမ်းရင်း သခွားသီးတွေစိမ်ထားတဲ့ဆားရည်စည်ကြီးထဲကိုကျပြီးသတိမေ့ပြီးကျန်နေခဲ့ပါတော့တယ်။ နှစ်တစ်ရာအကြာHerschelပြန်နိုးလာတဲ့အခါမှာတော့မော်ဒန်ခေတ်ကြီးကိုရောက်နေပြီးဖြစ်ပြီး Sarashနဲ့သူရင်သွေးလေးအပါအဝင်သူသိသမျှလူတွေအကုန်မရှိကြတော့ပါဘူး။ အဲ့လို့နဲ့ယူကြုံးမရဖြစ်နေတုန်းမှာပဲသူမှာBenဆိုတဲ့မြစ်တစ်ယောက်ရှိနေ‌သေးမှန်းသိသွားပြီး Benရဲ့တိုက်ခန်းမှာအတူလိုက်ခဲ့ပါတယ်။ နှစ်တရာလုံးလုံးကမ္ဘာကြီးနဲ့အဆက်သွက်ပြတ်နေသူတစ်ယောက်အနေနဲ့ မော်ဒန်ခေတ်ရဲ့ လူနေမှုစနစ်တွေကြားမှာ ဘယ်လိုတွေ တိုင်ပတ်နေမလဲ သူ့ရဲ့မြစ်ဖြစ်သူBenနဲ့ရော လူကြီးနဲ့လူငယ်သဘောထားမတိုက်ဆိုင်မှုတွေကိုရော ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အတွက် စိတ်လက်ပေါ့ပါးစွာ ကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာအသေချာပါပဲ။ File size… 2.2 GB / 781 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Comedy/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jonny Miller

5.7 2020 89 mins
An American Pickle
I Love You to the Moon and Back
6

I Love you to the Moon and Back ဆိုတဲ့ကားလေးကတော့ မင်းမျက်နှာလေးကိုမြင်ရဖို့အတွက်နဲ့ လကမ္ဘာထိအောင် အသွားအပြန်လုပ်ရလဲကျေနပ်ပါတယ်ဆိုတဲ့ ချစ်ခြင်းတွေကိုဖော်ပြတဲ့အချစ်ကားလေးဖြစ်ပါတယ်။ ရွာကညားခါစလင်မယားလေးဟာ မြို့တက်ပြီးအလုပ်လုပ်ကြတော့ တစ်မြို့စီခွဲနေကြရတယ်။ ပျော်ရွှင်ခြင်းစံအိမ်ဆိုတဲ့ ရှင့်ဖူတည်းခိုခန်းလေးမှာ တစ်လကို ၁ခါ ၂ခါ လောက်ချိန်းတွေ့ကြပြီး ချစ်ကြည်နူး တစ်တီတူးကြတာပေါ့။ ဆောင်းလယ်ပွဲတော်လို့ခေါ်တဲ့ လနတ်ကန်တော့ပွဲနေ့မှ နှစ်ယောက်လုံးမထင်မှတ်ပဲအလုပ်ကခွင့်ရကြတော့ အရင်လိုကြိုမချိန်းပဲ surprise တိုက်မယ်ဆိုပြီး ၂ယောက်လုံးကမပြောမဆိုသွားကြတော့ လွဲကြတာပေါ့။ ဒီလိုနဲ့သွားလိုက်ပြန်လိုက်နဲ့ ပွဲတော်နေ့မှာ ၂ယောက်သားဆုံရောဆုံနိုင်ကြပါဦးမလား ဆိုတဲ့အကြောင်းလေးကို ရထားပေါ်မှာကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်လေးတွေနဲ့ရောညှပ်ပြီး ပုံဖော်ထားတဲ့ ကြည်နူးစရာဇာတ်ကားလေးပဲဖြစ်ပါတယ် ။

6 2024
I Love You to the Moon and Back
Carlito’s Way
7.9

” ကျော်ပြီးသွားရင် ဘယ်တော့မှ ပြန်လှည့်လိုမရတော့တဲ့စည်းတစ်ခုရှိတယ်။ ကျော်လိုက်ပြီဆိုတာနဲ့ အဲဒီစည်းရဲ့အဆုံးမှာဘာပဲရှိနေရှိနေ သွားရတော့မယ်” ။ ကာလီတိုဘရီဂန်တေ (Al Pacino)ဟာ ထောင်ဒဏ် အနှစ် ၃၀ ကျခံထားရတာနေ သူငယ်ချင်းရှေ့နေဒေးဗစ်ခလိုင်းဖီး(Sean Penn)ကောင်းမှုနဲ့ ၅ နှစ်မြောက်မှာ အယူခံ၀င်ပြီး လွတ်လာခဲ့တယ်။ သူဟာ အရင်ကအလုပ်တွေကို ပြန်မလုပ်တော့ဘဲ သန့်သန့်ရှင်းရှင်းနေတော့မယ်လို ဆုံးဖြတ်ထားပြီးသား။ သူ့မှာအိပ်မက်တစ်ခုရှိတယ်။ ငွေ ၇ သောင်းခွဲသာရရင် အဲဒီအိပ်မက်ကိုအကောင်အထည်ဖော်နိုင်မှာမို့လို့ ‌ပြဿနာတွေကြားထဲ၀င်မပါဘဲ ကလပ်တစ်ခုကိုဦးစီးပြီး အေးဆေးနေဖို့လုပ်ထားပေမဲ့ သူမကျော်ချင်တဲ့စည်းကို မကျော်ဘဲ နေလို့ရပါ့မလား။ File size…(8.6 GB)/(1.7 GB)/(1 GB) Quality….BrRip 4K HEVC/1080p / 720p Format… mp4 Duration…. 02:24:00 Genre… Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Drama • Romance
7.9 1993 144 mins
Carlito’s Way
Black Cat, White Cat
8

Black Cat, White Cat (1998) IMDb Rating (8.0) / Rotten Tomatoes (82%) ဒီဇာတ်ကားကတော့ ဆာဘီးယားဇာတ်ကားဖြစ်ပါတယ်။ ဆာဘီးယားနိုင်ငံကအရှေဥရောပက ယူဂိုဆလားဗီးယားနိုင်ငံဟောင်းထဲကနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံအစုံကရုပ်ရှင်ဇတ်ကားတွေကိုမြည်းစမ်းကြည့်ရတာကောင်းပါတယ်။စလာလာချင်းကတော့ ဘာဇာတ်ကားကြီးလဲပေါ့ တစ်ဖြည်းဖြည်းမှကြည့်ကောင်းလာပြီး ရယ်ရတဲ့ ဇာတ်ကားတစ်ကားပါ။ ရယ်မောတာကလူကိုအသက်ရှည်စေတယ်ဆိုရင် ကလိထိုးရယ်ခိုင်းတာမဟုတ်ဘဲ သေချာဇာတ်ကွက်ချပြီးရယ်ရအောင်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ဒီလိုဇာတ်ကားလေးတွေက စိတ်အပန်းပြေစေပါတယ်။ ဒီဇတ်ကားက ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာဆုရထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း မက်ကိုက ဖဲကစားတာကြိုက်တဲ့လူဖြစ်ပြီး သူ့မှာ ဇာရီးဆိုတဲ့ သားချောလေးတစ်ယောက်ရှိပါတယ် ။သူ့အဖေမှာ ဘိလပ်မြေစက်ရုံရှိပေမဲ့ ဒါးဒန်ဆိုတဲ့လူကိုရောင်းပစ်လိုက်ပြီး မက်ကို့ကိုလည်း တစ်ပြားမှမပေးပါဘူး။သူ့အဖေက ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရပါတယ်။ မက်ကိုက ရုရှဘက်ကလာတဲ့ ဒီဇယ်တွေကိုမှောင်ခိုဝယ်ဖို့ပိုက်ဆံလိုလို့ သူ့အဖေရဲ့ငယ်ချင်း ဂါဂါ ဆီမှာသွားချေးပါတယ်။သူ့အဖေရဲ့ ကျေးဇူးရှိတယ်ဆိုပြီး ဂါဂါကချေးလိုက်ပါတယ်။ဂါဂါ့မှာ မိန်းမယူခိုင်းလို့မရတဲ့ ဂျူနီယာဂါဂါဆိုတဲ့ မြေးတစ်ယောက်ရှိပါတယ်။ ဒါးဒန်က ဘူလ်ဂေးရီးယား အကောက်ခွန်အရာရှိတွေနဲ့သိလို့မက်ကိုကရှယ်ယာထည့်ခိုင်းရင်းသွားအကူညီတောင်းတော့ဒါးဒန်က သဘောတူလိုက်ပါတယ် ။ တကယ် နယ်စပ်ကနေဖြတ်ပြီး ရထားလည်းရောက်ရော မက်ကိုအိပ်ဆေးခပ်ခံရပြီး ဒီဇယ်တွေအတွက် ချေမယ့်ငွေကိုလည်းအလုခံလိုက်ရပါတယ်။ဒါးဒန်ကမက်ကို့ကိုအကြွေးပြန်တောင်းပါတယ်။ မပေးနိုင်ရင် မက်ကို့သားနဲ့ သူ့ညီမ အက်ဖရိုဒစ်တာ လက်ထပ်ပေးရမယ်အတင်းသဘောတူခိုင်းတာနဲ့ လက်ထပ်ပွဲကိုအမြန်စီစဥ်ကြပါတယ်။အက်ဖရိုဒစ်တာက ပုလွန်းသေးလွန်းတယ်ဆိုပြီး ယောကျာ်းတွေကမယူလို့အပျိုကြီးဖြစ်နေတာကို ဒါးဒန်ကစိတ်ညစ်နေပါတယ်။ မက်ကို့သား ဇာရီးက ချစ်သူကောင်မလေးရသွားပြီး အက်ဖရိုဒစ်တာကိုလက်မထပ်နိုင်ဘူးလို့ ပြောပါတယ်။ငှက်မလေး အက်ဖရိုဒစ်တာကလည်း သူချစ်တဲ့သူကိုပဲ လက် ထပ်ချင်တယ်ဆိုပြီးကန့်ကွက်လဲလက်ထပ်ပွဲကို အတင်းစီစဥ်ကြပါတယ်။ မင်္ဂလာဆောင်မစခင် ဇာရီးရဲ့အဘိုးက သေသွားပါတယ်။အိမ်တစ်အိမ်မှာမိသားစု တစ်တစ်ယောက်သေရင် မဂ်လာဆောင်ကိုနောက်ဆုတ်ကျင်းပရတဲ့ ထုံးစံရှိလို့ ဒါးဒန်က မက်ကို့ကို အဘိုးကြီးရဲ့အလောင်းကို ခဏဝှက်ထားခိုင်းပါတယ်။ မင်္ဂလာပွဲမှာ ဇာရီးနဲ့ အက်ဖရိုဒစ်တာညှိပြီးသတို့သမီးက ထွက်ပြေးတော့ သူ့အကိုနဲ့တပည့်တွေကလိုက်ဖမ်းပါတယ်။ အက်ဖရိုဒစ်တာဘာဆက်ဖြစ်မလဲ။ဒါးဒန်နဲ့မက်ကိုဝှက်ထားတဲ့အဘိုးကြီးရဲ့အလောင်းဘာဖြစ်မလဲ။ထင်မထားတဲ့ လှည့်ကွက်ကဘာလဲဆိုတာကိုတော့ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(2.8 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Crime,Romance Duration….02:10:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khin Sakar Khin

Thriller • Romance
8 1998 127 mins
Black Cat, White Cat