YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) Excalibur (1981) 4K 2160p x265 10bit -Naung.mkv

14.24 GB N/A video/x-matroska 60 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sliding Doors
6.6

ကျွန်တော်တို့ရဲ့ဘ၀မှာ ဒီလိုမျိုးအခိုက်အတန့်လေးတွေလူတိုင်းမှာရှိခဲ့ကြတယ်။ ငါဒီလိုမျိုးလုပ်ခဲ့ရင်/မလုပ်ခဲ့ရင်, ဒီကားကိုမှီခဲ့ရင်/မမှီခဲ့ရင်, ငါဒီလမ်းကြောင်းကိုရွေးချယ်ခဲ့ရင်/မရွေးချယ်ခဲ့ရင် ငါသူ့ကိုခွင့်လွှတ်ခဲ့/ခွင့်မလွှတ်ခဲ့ရင် ငါ့ဘ၀ကြီးကအခုလိုမဟုတ်ပဲဘာတွေဆက်ဖြစ်မလဲဆိုတာကိုတွေးမိ စိတ်ကူးယဉ်မိကြသေးတာပဲ။ ဒီဇာတ်ကားလေးရဲ့ အဓိကအချက်ကလည်း ဒါလေးကိုပါပဲ။ ဟယ်လန်ဆိုတဲ့ ကောင်မလေး အလုပ်ပြုတ်ပြီး အိမ်အပြန် ရထားကိုမှီမမှီဆိုတာကနေစဉ်းစားကြည့်ရအောင်။ ရထားမှီလို့အိမ်ကိုစောစောပြန်ရောက်ပြီး ရည်းစားကဖောက်ပြန်နေတာမိလိုက်ရင် ဟယ်လန်ရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်သွားမလဲ။ အကယ်၍ရထားမမှီခဲ့လို့ နောက်ကျမှပြန်ရောက်ပြီး ရည်းစားရဲ့မပိရိတဲ့ အလိမ်အညာတွေအောက်မှာပဲ သံသဃတွေနဲ့ သူမရဲ့ဒီဘ၀အချိုးအဆစ်ကဘယ်လိုဖြစ်ဦးမှာလဲ ရထားကြီးရဲ့ လျှောတံခါးနှစ်ချပ်လိုဖြစ်နေတဲ့ ဒီအခြေအနေနှစ်ခုက ဟယ်လန့်အတွက်အဆုံးသတ်မှာ ဘယ်လိုဖြစ်မလဲဆိုတာကို Sliding doorsဆိုတဲ့ဇာတ်ကားလေးမှာ ခံစားကြည့်ရှုပေးကြပါဦး File size…  3.25GB / 1.12GB Quality…  Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Romance , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Comedy
6.6 1998 99 mins
Sliding Doors
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Confidential Informant
6.3

စုံထောက်ကားတော့ စုံထောက်ကား။ ဒါပေမဲ့ စုံထောက်ကားစစ်စစ် မှုခင်းကားစစ်စစ်တွေ အသေအချာကြည့်လေ့ရှိတဲ့ အမာခံပရိသတ်ဆိုရင်တော့ဖြင့် ဒီကားကို လက်ရှောင်ကြပါ။ မျှော်လင့်ပြီးမှ စိတ်ပျက်ရတာက မကြည့်ဖြစ်လိုက်တာထက် သာလို့ဆိုးပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်နာမည်တွေကြောင့် လာတာဆိုရင်တော့ ဘာပဲပြောပြော မျက်နှာလေးတွေကြည့်ပြီး ကျေနပ်နိုင်မှာပါ။ ဒီကားရဲ့ နာမည် Confidential Informant ဆိုတဲ့အတိုင်းပဲ... ဇာတ်လမ်းကတော့ လျှို့ဝှက်သတင်းပေးတွေနဲ့ ဆက်စပ်လုပ်ကိုင်နေရတဲ့ မူးယစ်ရဲ၂ယောက်အကြောင်းပါ။ မူးယစ်လောကထဲက ရဲတစ်ယောက်ကိုသတ်သွားတဲ့ ရဲသတ်သမားကို ဖမ်းဖို့အတွက် ၂ယောက်သား လျှို့ဝှက်သတင်းပေးနဲ့ပေါင်းပြီး ကျားကုတ်ကျားခဲ ကြိုးစားကြမှာပါ။ Crime Thriller ဆိုတော့လည်း Spoil မမိအောင် ပြောပြလို့ရသလောက်က ဒီလောက်ပါပဲ။ အစကတည်းကမှ ဇာတ်က ခပ်ယိုင်ယိုင်ဆို‌တော့ Spoil မိသွားရင် ကြည့်စရာ မကျန်တော့မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်...။ အားလုံးသိကြတဲ့ မင်းသားကြီး Mel Gibson လို ထိတ်ထိတ်ကြဲဘဲကြီးအပြင် ငယ်ငယ်က ကြည့်ခဲ့ကြရတဲ့ Terminator 3: Rise of the Machines ထဲမှာ ဂျွန်ကော်နာလုပ်ခဲ့တဲ့ Nick Stahl ရယ်၊ Prison Break ထဲက Dominic Purcell တို့၊ Superman Returns ထဲက Kate Bosworth တို့လို စူပါတွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ စူပါတွေပါတိုင်း စူပါရုပ်ရှင်လို့ မဆိုသာပေမယ့်လို့ စူပါဝိတ်လေးတင်ထားတော့ အိပ်ချင်စရာတော့ မကောင်းဘူးပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 840MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Drama
6.3 2023 88 mins
Confidential Informant
Defense Bomb Crisis

Defense Bomb Crisisဆိုတဲ့ actionကားလေးကတော့ ၂နိုင်ငံငြိမ်းချမ်းရေးဖို့ ဆွေးနွေးမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြမ်းဖက်သမားတွေ ဝင်ရောက်နှောက်ယှက်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ မင်းသား ဖူဖန်းက ဗုံးဖြိုခွဲရေး ဗုံးကာကွယ်ရေးတပ်ဖွဲ့ကပါ ဒီတစ်ခါ အကြမ်းသမားရန်ကနေ အထက်လူကြီးတွေကိုကာကွယ်ဖို့ ဖူဖန်းကတာဝန်ယူလုပ်ဆောင်ပေးရတာဖြစ်ပါတယ် ခူဇ နဲ့ လန်ဖဆိုတဲ့လူသတ်သမားမောင်နှမ ၂ယောက်လည်း တစ်ယောက်ကလူကောင်း တစ်ယောက်ကလူဆိုးအဖြစ် အဖွဲ့အစည်း ၂ခုခွဲပြီးတိုက်ခိုက်‌နေရတာဖြစ်ပါတယ် အရှေ့မှာလည်းပေါက်ကွဲမှု ၂ကြိမ်ဖြစ်ထားပြီးတဲ့အတွက် ငြိမ်ချမ်းရေးဆွေးနွေးပွဲကိုမလုပ်ပဲ ရပ်တန့်ဖို့ပြောနေတဲ့ အစိုးရအရာရှိကတစ်ဖက်ဆွေးနွေးပွဲကိုဖြစ်မြောက်အောင်မြင်အောင်လုပ်မဲ့ အရာရှိကတစ်ဖက်နဲ့ ဖူဖန်းကကြားမှာရောက်သ‌လိုဖြစ်နေပြန်တယ် နောက်ဆုံးအကြိမ် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုအရ ပေါက်ကွဲမှုထပ်မဖြစ်ပွားအောင် ဖူဖန်းက ဗုံးတပ်ဖွဲ့ဝင်ထဲဝင်ရောက်ပြီး ဆွေးနွေးပွဲကိုဆက်လုပ်ကျင်းပဖို့တာဝန်ထမ်းဆောင်ခဲ့ပါ အကြမ်းဖက်သမားရဲ့ခေါင်းဆောင်ကဘယ်သူဖြစ်မလဲ စစ်ပွဲ တိုက်ပွဲကြားက အကျိုးအမြတ်ထုတ်ချင်တဲ့ အထက်လူကြီးတွေရဲ့ အကျင့်စရိုက်ကိုလည်း ဒီဇာတ်ကားလေးမှာတွေ့ရမှာဖြစ်ပါတယ် ဗုံးဖျူးကြိုးညှပ်ဖို့ စဉ်းစားပြီး actionချကွက်ကောင်းကောင်းလေးကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကိုကြည့်ရှုဖို့ recommendပေးချင်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Duration : 1h 10 min Genres : Drama , Crime Subtitle : Myanmar Subtitle ( Hardsub ) Translated by Yunn Encoded by LK

Crime • Drama • Thriller
0 2021 70 mins
Defense Bomb Crisis
Unrest
5.8

Horror ကားမျှော်နေကြတဲ့သူတွေအတွက် အလောင်းတစ်လောင်းကြောင့် ဗရုတ်တွေရှုပ်ကုန်တဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ ခန္ဓာနဲ့ဝိဉာဥ်ယှဉ်တွဲနေထိုင်နေကြတဲ့ သတ္တဝါတွေ၊ ခန္ဓာကသေဆုံးပြီးတဲ့အခါ ဝိဉာဉ်ကဘယ်ရောက်သွားမလဲ။ ဘာဆက်ဖြစ်မလဲ။ အကယ်၍ ကျိန်စာသင့်နေတဲ့ ဝိဉာဉ်တစ်ခုဆိုရင်ရော.... ခန္ဓာဗေဒကို ‌လေ့လာနေကြတဲ့ ကျောင်းသားတစ်စုမှာ အယ်လစ်ဆင်၊ ဘရိုင်ယန်၊ ရစ်ခ် နဲ့ ကားလို့စ်တို့ဟာ အလောင်းတစ်ခုကိုခွဲစိတ်ဖို့ တစ်ဖွဲ့တည်းအတူတူကျခဲ့ပါတယ်။ ပထမဆုံးရက်မှာတင် အယ်လစ်ဆင်က အလောင်းကိုမြင်ပြီးတဲ့နောက် ထူးဆန်းတဲ့အာရုံတွေရနေပြီး မူမမှန်တာကို ခံစားနေခဲ့ရတာပါ။ ဒါပေမယ့် သူ့အတန်းဖော်တွေရော၊ သူဆရာကပါ သိပ်ပြီးထွေထွေထူးထူးလို့မထင်ပဲ သူ့ခံစားမှုကို လစ်လျူရှုခဲ့တဲ့နောက် ကြောက်စရာကောင်းတဲ့အရာတွေ စတင်ဖြစ်ပျက်လာပါတော့တယ်။ သူ့အာရုံမှာ ဘာကိုခံစားနေရတာလဲ။ သူတို့ခွဲစိတ်နေခဲ့တဲ့ အလောင်းက ဘာတွေမူမမှန်နေခဲ့တာလဲ။ ဘယ်လိုမကောင်းဆိုးရွားမျိုးက သူတို့ဆီကိုချဉ်းကပ်လာနေသလဲဆိုတာကို ရင်တထိတ်ထိတ်တဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…2.01GB / 727MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 28m Genre ..... Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Fantasy • Horror
5.8 2006 88 mins
Unrest
200 Pounds Beauty
7.5

200 Pounds Beauty (2023) ဝတုတ်နေတဲ့ခန္ဓာကိုယ်ကို ယုံကြည်ချက်မရှိလို့ ကင်မရာနောက်ကွယ်ကနေပဲ သူများအတွက် သီချင်းဆိုပေးနေတဲ့ ဂျူဝီတာဆိုတဲ့ ကောင်မလေးက ဘယ်နှကြိမ်မြောက်မှန်းမသိ အသည်းကွဲသွားတဲ့အခါမှာ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် အရမ်းလှပြီး အသံအရမ်းကောင်းတဲ့ ကောင်မလေးအဖြစ် ပြောင်းလဲဖို့ မျှော်လင့်ချက်လမ်းစ တွေ့သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ... ဇာတ်လမ်းအညွှန်းကိုဖတ်ကြည့်လိုက်ရင် အများစုရင်းနှီးနေကြမှာပါ ဟုတ်ပါတယ်...ဒါက ၂၀၀၆ခုနစ်က ထွက်ထားတဲ့ နာမည်ကြီး koreaကားကိုပြန်ရိုက်ထားတဲ့ indonesiaကားလေးပါ ဇာတ်လမ်းကျောရိုးချင်း ဆင်ပေမယ့် မတူညီတဲ့ vibeလေးနဲ့မို့ ဂျူဝီတာရဲ့ဘဝအတက်အကျတွေကို ဒီ 2023ခုနှစ်ထွက် ''200 Pounds Beauty''ဆိုတဲ့ ဇာတ်လမ်းထဲမှာ စီးမျောခံစားလိုက်ပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Funzae ပဲ ဖြစ်ပါတယ် Genre.....Comedy, Music, Romance Quality…. 1080p | 720p File size… 1.4GB | 674MB Format… mp4 Duration…. 1h  35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Funzae Encoder ..... Aaron

Crime • Mystery • Sci-Fi & Fantasy
7.5 2023 95 mins
200 Pounds Beauty
Fighting with My Family
6.9

ပေ့ဂျ် ဆိုတဲ့ကောင်မလေးဟာ မိန်းကလေးပီပီ  တခြားသူတွေလို အချစ်ဒရမ်မာကားလေးတွေကြည့် လှတပတလေးတွေဝတ်ပြီးနေချင်ပုံရတယ်...သို့ပေမယ့် တစ်နေတော့  သူမရဲ့ အဖေနဲ့ အမေရဲ့စီစဉ်မှုကြောင့် နပမ်းပွဲတစ်ခုမှာ ပြိုင်ပွဲမဝင်ချင်ဘဲ ဝင်လိုက်ရတယ်... သူမနဲ့ ယှဉ်ပြိုင်သူကို ကြမ်းပြင်ပေါ်တစ်ချက်ထဲနဲ့မှောက်သွားစေနိုင်မယ့် ဖြတ်ရိုက်ကွက်တစ်ကွက်သုံးလိုက်တယ်...အဲ့ဒီအချိန်မှာ ပွဲကြည့်တဲ့သူတွေရဲ့ " လုပ်ထားစမ်းကွ....မိုက်တယ်... မင်းသမီးလေး လုပ်ထားစမ်း"ဆိုပြီး လက်ခုပ်သံတစ်ဖြောင်းဖြောင်းက သူမရဲ့စိတ်တွေနဲ့ ဗီဇတွေကို နိုးဆွလိုက်ပုံပေါ်တယ်.. ဒီအချိန်မှာဖြစ်သွားတဲ့ ကောင်မလေးရဲ့အပြုံးက နပမ်းပွဲမှာ တိုက်ခိုက်ရတာ ငါ့အတွက်ကျေနပ်ဆုံးသောအရာပါ့လားဆိုတာကို သိပ်လိုက်ရတဲ့အပြုံးမျိုး.... ငယ်ငယ်တုန်းက SmackDown လို့ အခေါ်များတဲ့ WWE နပမ်းပွဲတွေကို အတော်များများကြည့်ဖူးကြမှာပါ။.. အားလုံးလည်း အနည်းဆုံးတစ်ယောက်ကိုတော့ သဘောကျဖူးမှာပါပဲ.... The Rock, Undertaker, John Cena စသည်ဖြင့်ပေါ့။ ဒီရုပ်ရှင်ကတော့ WWE ရဲ့နာမည်ကျော် ဗြိတိန်အမျိုးသမီး နပမ်းသမား  ပေ့ဂျ် အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်.... သူတို့မိသားစုဟာ အခြေခံမိသားစုဖြစ်ပြီး ဒီလောကထဲမှာ အတော်ရုန်းကန်ခဲ့ရပါတယ်... ခပ်ကြောင်ကြောင်မိသားစုလို့ခေါင်းစဉ်တပ်ခံရတဲ့အပြင် တကယ့်တကယ်မှာတော့ အခက်အခဲပေါင်းများစွာ သူတို့မိသားစုရင်ဆိုင်ခဲ့ရပါတယ်...သူတို့ဘယ်လိုရုန်းကန်ခဲ့ရလဲ... ဒီလောကဟာ ဘယ်လိုပုံစံမျိုးလဲခံစားကြည့်ရှုလိုက်ကြရအောင်... လက်ရှိ IMDb 7.5 ရှိပြီး Rotten ...92%ရရှိထားလေတော့ ကောင်းမကောင်း ဆုံးဖြတ်စရာမလိုတော့ဘူးထင်တယ်.. ဘယ်အချိန်ကြည့်ဖြစ်မလဲပဲဆုံးဖြတ်ရမယ်ထင်တယ်.. မင်းသမီးချောလေး Florence Pugh   အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Little Neo ပဲဖြစ်ပါတယ်.....

Comedy • Drama
6.9 2019 108 mins
Fighting with My Family
Gomorrah
7

ဒီတစ်ခါမှာတော့ IMDb 7 နဲ့ Rotten tomatoes မှာ 91% ထိရရှိထားတဲ့ အီတလီ Crime ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါ ဒီဇာတ်ကားလေးဟာတော့ ဂိုဏ်းတစ်ခုနဲ့ တစ်ခုအကြား စစ်ပွဲဖြစ်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပြိုင်အဆိုင် တိုက်ခိုက်ကြတာကို မတူညီတဲ့ ရှုထောင့်တစ်မျိုးကနေ ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ ခေါင်းဆောင်ပိုင်းတွေဟာ ဘယ်လိုတိုက်ခိုက်ကြတယ် သူတို့ရဲ့ ဂိုဏ်းတွေကို ဘယ်လိုထိန်းချုပ်တယ်ဆိုတာမျိုးကို ပြသတာမဟုတ်ဘဲ လက်အောက်ခံ အဖွဲ့ဝင်တွေရဲ့ ဘဝကို သီးသန့်ဖော်ပြသွားပြီး ဒုစရိုက်အဖွဲ့အစည်းကြားက စစ်ပွဲတွေမှာ ဘယ်လိုအသက်ရှင်အောင်ရုန်းကန်ကြလဲဆိုတာကို ပြသထားတာဖြစ်ပါတယ် တရားဥပဒေစိုးမိုးမှု အားနည်းနေတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ လမ်းမပေါ်က ဘဝတွေကို ရိုက်ပြထားတာဖြစ်ပြီး ဥရောပရုပ်ရှင် ဆုပေးပွဲမှာ2008 ခုနစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်ဆု ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် File size…(2.5GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:17:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Crime • Drama • Mystery
7 2008 136 mins
Gomorrah
Sukhee
7.3

Sukhee 2023(“ဒေလီက နုပျိုခဲ့သောနေ့ရက်များ”) ============================= Drama IMDb 8/10 ဒီတစ်ခါမှာတော့ ဖိုက်တင်ပလေးတဲ့ဇာတ်ကားမဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းလေးကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လူတိုင်း ကိုယ့်ရဲ့ငယ်ဘဝကို တစ်ခေါက်တော့ ပြန်သွားချင်မိကြမှာပါပဲ။ အသက်တွေကြီးလာတာနဲ့အမျှ ဝန်ထုပ်ဝန်ပိုးကိုယ်စီနဲ့ စိတ်တွေဖိစီးလာတဲ့အခါ ငယ်ဘဝကို လွမ်းဆွတ်မိတတ်ကြပါတယ်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်တဲ့ စူခီဟာ ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်ပေးရင်း တစ်ဖက်မှာလည်း ခင်‌ပွန်းရဲ့အဘိုးဖြစ်သူကို ပြုစုစောင့်ရှောက်နေရတာပါ။ အိမ်ရဲ့ကိစ္စအဝဝကို လုပ်ကိုင်ပေးနေရပေမယ့်လည်း ခင်ပွန်းနဲ့သမီးဖြစ်သူရဲ့ငြူစူမှုကိုပဲ ခံနေရပါတယ်။ တစ်နေ့မှာတော့ ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲအတွက် အဖိတ်ခံရတဲ့အခါ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်သတိရပြီး ပွဲကိုသွားရဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့လည်း အိမ်မှာမရှိမဖြစ်တဲ့လူတစ်ယောက်ဖြစ်တဲ့စူခီဟာ အိမ်ကိုပစ်ထားပြီး သွားဖို့က ခက်ခဲနေပါတော့တယ်။ စူခီဘယ်လိုတွေကြိုးစားမလဲ။ ကျောင်းတုန်းကနေ့ရက်တွေကို ပြန်ရနိုင်ဦးမလားဆိုတာကို ရသမျိုးစုံနဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Thaik San~ Aditi~KKKZ နဲ့ Cherryတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Family • Drama
7.3 2023
Sukhee
The Prequel of Gold Convoyers 5 : A Battle of Desert
5.7

အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး ဒီ အပိုင်း (၅) မှာတော့ ဖျင်အန်းပို့ဆောင်ရေးအဖွဲ့က မြောက်ပိုင်းနယ်စပ်ကို ကုန်သည်အဖွဲ့တစ်ဖွဲ့ကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကုန်သည်အဖွဲ့က ဂိတ်က ထွက်သွားပြီး မိုင် (၂၀) အကွာမှာပဲ အကုန်ခေါင်းဖြတ်သတ် ဓားပြတိုက်ခံလိုက်ရပြီး ဟေးကျီတစ်ယောက်သာ အသက်ရှင်ကျန်ခဲ့ပါတယ်။ ဝမ်ကျောက်ရှင်းနဲ့ ဖျင်အန်းတို့က ဒီကိစ္စကို လိုက်လံ စုံစမ်းရန် နေခဲ့ပါတယ်။ ဝမ်ကျောက်ရှင်းရဲ့ ညီအစ်ကိုလို ခင်မင်ခဲ့တဲ့ သူငယ်ချင်းကောင်းရှန်က ယွဲ့ယာမြို့မှာ လူဆိုးထိန်းအဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ သိထားခဲ့ပေမယ့် ကောင်းရှန်က လုံးဝ ပျောက်နေခဲ့ပါတယ်။ အမှန်မှာတော့ ကောင်းရှန်က စစ်တပ်ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေအကြောင်းကို သက်သေရထားတဲ့အတွက် စစ်သူကြီး ထိန်ဖေးက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ ယွဲ့ယာမြို့က လူဆိုးထိန်းဖေ့က ကောင်းရှန်နဲ့ ရင်းနှီးသူ ဖြစ်တဲ့အတွက် ကောင်းရှန်ကို မသတ်ဖို့ သူက စစ်သူကြီးထိန်ဖေးရဲ့ အမိန့်အတိုင်း လိုက်နာခဲ့ရပါတယ်။ ဒါပေမဲ့ ထိန်ဖေးရဲ့ လောဘတွေက မရပ်တန့်နိုင်ပဲ ဝမ်ကျောက်ရှင်းနဲ့ ဖျင်အန်းတို့ကို အပြတ်ရှင်းဖို့ ကြံစည်နေခဲ့ပါတယ်။ လက်နက်ရော၊ ရေရော၊ အင်အားရော ထိန်းချုပ်ထားတဲ့ စစ်တပ်ကို ဝမ်ကျောက်ရှင်းနဲ့ ဖျင်အန်းတို့တစ်တွေ ဘယ်လို တော်လှန်ကြမလဲ…… ဝမ်ကျောက်ရှင်းရဲ့ သူငယ်ချင်းဖြစ်သူ ကောင်းရှန်ကိုရော ကယ်ထုတ်ပေးနိုင်ပါ့မလား…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

5.7 2010
The Prequel of Gold Convoyers 5 : A Battle of Desert
Branching Out
7.4

Branching Out (2024) ================= Branching out ရုပ်ရှင်ကားလေးဟာဆိုရင် IMDb 7.4 ရရှိထားတဲ့ family type အမျိုးအစားလေးပဲဖြစ်ပါတယ်။ ဆင်ဂယ်အမေတစ်ယောက်ဖြစ်တဲ့ အမ်မလီရာဟာ သမီး လေးကို ဘယ်လိုပျိုးထောင်မယ် သမီး‌လေးရဲ့ ကျောင်းပ ရောဂျက်အတွက် ဖခင်အရင်းကို ဘယ်လိုရှာပုံတော်ဖွင့်မ လဲဆိုတာကို ကြည့်ရမှာပါ။ ဒီဇာတ်ကားလေးမှာ အချစ်၊ ယုံကြည်မှုနဲ့ မိသားစုရဲ့ တကယ့် အဓိပ္ပာယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကြည်နူးစရာကောင်း ပြီးတော့ မိသားစုနဲ့အတူကြည့်ဖို့သင့်တော်တဲ့ ဇာတ်ကားကောင်း လေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ချစ်သူတို့ လက်မ လွှတ်ပဲ ကြည့်သင့်တဲ့ ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ရ ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KK ဖြစ်ပါတယ်) File Size……….(1.62 GB) / (897 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family, Romance Translator…….KK Encoder……….SWM

7.4 2024 84 mins
Branching Out
Do the World Darts 7
5.7

The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက 7 ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ မင်မင်းဆက်ခေတ်အတွင်းမှာ မြို့တော်မှ ထျန်းရှပို့ဆောင်ရေးရဲ့ သခင်လေးဝမ်ကျန့်ဝေးကို ကျန့်ယွမ်စစ်သူကြီး ချန်ကျန့်နန်က အလုပ်အပ်ခဲ့ပါတယ်။ အလုပ်ကတော့ စစ်သူကြီးရဲ့ သမီးဖြစ်သူ ယင်ယင်နဲ့ ပေချီမင်းသားအိမ်တော်မှ တင်တောင်းလက်ဆောင်သေတ္တာကို နယ်စပ်ကို ကာကွယ်ပို့ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။ နယ်စပ်မှာရှိနေတဲ့ ပေချီမင်းသားက သူ့သားတော်နဲ့ ယင်ယင်ကို လက်ထပ်ပေးဖို့ ပြောထားပြီးသား ဖြစ်နေပါသတဲ့။ ဒါပေမဲ့ ချန်ကျန့်နန်က သူ့သမီး ယင်ယင်သာ ဒီကိစ္စကို သိရင် နယ်စပ်ကို ထွက်ခဲ့မှာ မဟုတ်ဘူးဆိုတာ သိနေတဲ့အတွက် သမီးကို သတိရတယ်လို့ အကြောင်းပြပြီး ခေါ်ခဲ့ပါတယ်။ နောက်နေ့မှာ ပို့ဆောင်ရေးအဖွဲ့က ခရီးစဉ်ကို စတင်ပါတော့တယ်။ ဖေးယန့်ကလည်း ငယ်စဉ်ကတည်းက ယင်ယင်နဲ့ ခင်မင်ရင်းနှီးခဲ့တဲ့အတွက် အတူတူလိုက်ပါဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့နဲ့အတူ စစ်သူကြီးရဲ့ လက်အောက်ဖြစ်သူဒုတပ်မှူးလီဖုန်းလည်း လိုက်ပါလာခဲ့ပါတယ်။ စစ်သည်တွေနဲ့ ဒုတပ်မှူးလည်း လိုက်ပါလာတဲ့အတွက် ဝမ်ကျန့်ဝေးတို့အတွက် ပေါ့ပါးနေသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒီလောက်မလွယ်ပါဘူး။ ခရီးထွက်ပြီး သိပ်မကြာခင်မှာပဲ သူတို့ဟာ ဓားပြတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဓားပြတွေက ပစ္စည်းဥစ္စာကို လိုချင်တာ မဟုတ်ဘဲ ယင်ယင်ကို ဖမ်းဖို့ ဖြစ်နေပါတယ်။ ဓားပြတွေက လမ်းတစ်လျှောက်နှောင့်ယှက်နေတဲ့ ခရီးလမ်းက အဆင်ပြေပါ့မလား……. ယင်ယင်ကရော သူ့ကံကြမ္မာကို သိသွားချိန် ဘယ်လို တုံ့ပြန်လိမ့်မလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2007
Do the World Darts 7
First Daughter

ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Family, Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex

0 2004
First Daughter
Coup de Chance
6.5

Coup se chance ဆိုတဲ့ပြင်သစ်ဇာတ်ကားလေးကတော့ ချမ်းသာတဲ့စုံတွဲတစ်တွဲဖြစ်တဲ့ ဖန်နီ(Lou de Laâge)နဲ့ ဂျင်း(Melvil Poupaud) တို့က လူတိုင်းအားကျတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားရပေမဲ့ ပြဿနာလေးတွေ ရှိနေပါတယ်။ တစ်နေ့မှာတော့ ဖန်နီက ကျောင်းတုန်းက သူငယ်ချင်းဖြစ်သူအယ်လန်(Niels Schneider)နဲ့ လမ်းမှာ အမှတ်မထင်တွေ့ကာ သူငယ်ချင်းက သူ့ကို ငယ်ငယ်တည်းက ကြိုက်နေကြောင်းဝန်ခံခဲ့ပါတယ်။ ဖန်နီနဲ့ သူ့ကိုအရူးအမူးသဘောကျနေဆဲဖြစ်တဲ့ သူငယ်ချင်းဟောင်း ၊ သူတို့နှစ်ယောက်ရဲ့အခြေအနေတွေအဆင့်တက်လာတဲ့နောက် ယောကျာ်းဖြစ်သူ ဂျင်း မသိအောင်ဘယ်လို ဖုံးကွယ်မလဲ။ ယောကျာ်းဖြစ်သူ ဂျင်းက သိသွားခဲ့ရင် ဘာတွေလုပ်လာမလဲ ဆိုတာကို ကြည့်ရမယ့် crime/thiller ဆန်ဆန် အိမ်ထောင်ရေး ကားလေးပဲဖြစ်ပါတယ်။ File size… (1.69GB) / (909MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Crime , Drama , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Alice

Drama • Romance
6.5 2024 96 mins
Coup de Chance
By Any Means
5.7

By Any Means (2024) သူငယ်ချင်းကြားက ချစ်ခြင်းမေတ္တာ၊ မနာလိုမှုနဲ့ ကိုယ့်အိပ်မက်နောက်ကို လိုက်တဲ့အကြောင်းကို ပြထားတဲ့ ဒရာမာကားတစ်ကားဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက အတူတူနေလာကြတဲ့လူတွေဟာ တစ်ယောက်ကိုတစ်ယောက်မနှစ်မြို့မှုနဲ့ မျှော်လင့်ချက်ကြီးကြီးတွေထားခြင်းကြောင့် ဝေးကွာလာခဲ့ရပါတယ်။ ဒီဇာတ်လမ်းမှာ အဓိက သရုပ်ဖော်ပြသွားတာကတော့ Izzy ဆိုတဲ့ကောင်လေးနဲ့ Jackie ဆိုတဲ့ကောင်မလေး မောင်နှမ နှစ်ယောက်ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ပိုက်ဆံရလွယ်ကူတဲ့ မူးယစ်ဆေးကုန်သွယ်တဲ့အလုပ်ကို လုပ်လိုက်ကာမှ အဆုံးသတ်ဟာ သူတို့ထင်ထားသလို လွယ်ကူးပါ့မလား.. သူငယ်ချင်းအရင်းကိုကော ယုံကြည်လို့ရပါမလား.. မနာလိုမှုနဲ့လောဘရဲ့ နောက်ကွယ်က ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lin Thurein ဖြစ်ပါတယ်။) File size… (1.7 GB) / (860 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:53:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Lin Thurein

Thriller • Crime
5.7 2024 112 mins
By Any Means