YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

(CM)Empresses in the Palace 72.mp4

476.93 MB N/A video/mp4 381 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
2037
7.2

အကျဥ်းထောင်ထဲကဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် လတ်တလောထွက်ရှိထားတဲ့ "2037" ဆိုတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်း ... ၁၉နှစ်အရွယ် ယွန်းယောင်းဆိုတဲ့ ကောင်မလေးဟာ အချိန်ပိုင်းအလုပ်လုပ်ရင်း အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ပြင်ဆင်နေပါတယ်။ ဉာဏ်ကောင်းတဲ့သူဖြစ်တဲ့အလျောက် သူငယ်ချင်းတွေလို ကျောင်းတက်ချင်ပေမယ့် မသန်စွမ်းမိခင်ကြီးအတွက် အစိုးရဝန်ထမ်းစာမေးပွဲ အောင်မြင်ဖို့သာ ဦးစားပေးနေရသူလေးဖြစ်ပါတယ်။ ငွေကြေးချို့တဲ့တာကလွဲရင် အမေဖြစ်သူနဲ့ ပျော်ရွှင်နေတဲ့ ယွန်းယောင်းတို့ဘဝထဲ ကံကြမ္မာမုန်တိုင်းတစ်ခု တိုက်ခတ်လာပါတော့တယ်။ မမျှော်လင့်ထားတဲ့ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ယွန်းယောင်းတစ်ယောက် "နစ်နာသူ" ကနေ "လူသတ်သမား" ဖြစ်သွားပြီး မတရားသဖြင့် ထောင်ငါးနှစ် ကျခံခဲ့ရပါတယ်။ အကျဥ်းထောင်ထဲမှာ "ယွန်းယောင်း" ဆိုတဲ့နာမည်အစား "၂၀၃၇" ဆိုတဲ့ အကျဥ်းသားနံပါတ်ကို ခေါ်ဝေါ်သံနဲ့အတူ မျှော်လင့်ချက်မဲ့နေတဲ့ ကောင်မလေးကို ဇာတ်လမ်းကိုယ်စီရှိကြတဲ့ အကျဥ်းခန်းအဖော်တွေက ဘယ်လိုလက်ကမ်းကူညီပေးကြမလဲဆိုတာ ဒီကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (အညွှန်းကိုတော့ က Ei Phyu Khin ရေးပေးထားပါတယ်) File Size : 2.6GB, 902MB, 418MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 2hr & 6min Genre : Family, Drama Translated by Ei Phyu Khin & Hnin Pale Encoded by Kinnov

Horror • Thriller
7.2 2022 126 mins
2037
Cirque du Freak: The Vampire's Assistant
5.8

ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိ‌ထားတဲ့ ဗန်ပိုင်းယားဇာတ်ကား လေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ vampire diary လို twilight light တို့လိုဇာတ်ကားတွေ မပေါ်သေးခင် တစ်ချိန်က သူ့ခောတ်သူအခါက နာမည်ကြီးခဲ့တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ် ကြည့်ဖူးတဲ့သူတွေ ရှိကြမှာကျိန်းသေသလို မကြည့်ရသေးသူတွေအတွက်လည်း လက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ထင်ပါတယ် ဇာတ်ကားက မိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ ဇာတ်ကားတစ်ကာပါ... ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီဇာတ်ကားမှာ ဒယ်ရန်နဲ့စတိဗ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ်။ ဒယ်ရန်ဟာ မိဘစကားနားထောင်တဲ့သူတစ်ယောက်ဖြစ်ပြီး ကျောင်းစာမှာလည်း ထူးချွန်တဲ့သူပါ။ စတိဗ်ကတော့ မိဘမေတ္တာ ငတ်နေတဲ့ ကောင်လေးဖြစ်ပြီး ခပ်ဆိုးဆိုးနေတတ်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒယ်ရန်ဟာ ပင့်ကူတွေကို စွဲလမ်းနေတဲ့သူတစ်ယောက်ဖြစ်ပြီး စတိဗ်ကတော့ ဗန်ပိုင်းယားတွေကို အင်မတန်စိတ်၀င်စားတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာ သူတို့မြို့ကို နှစ် ၅၀၀ သက်တမ်းရှိတဲ့ လူထူးဆန်းတွေရဲ့ ဆပ်ကပ် အဖွဲ့ ရောက်လာတဲ့အခါ သူတို့နှစ်ယောက်လည်း စိတ်၀င်တစား သွားကြည့်ကြပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့မှာ ဗန်ပါးယားတစ်ယောက်ပါ နေပြီး ဗန်ပါးယားရဲ့ပင့်ကူလေးကို ဒယ်ရန်တစ်ယောက် မျက်စိကျသွားတဲ့ အချိန်မှာ ဘာတွေများ ဆက်ဖြစ်မလဲဆိုတာကိုတော့..... ( ကြည့်ဖူးတဲ့သူတွေအတွက်တော့ ကွာလတီကောင်းကောင်းလေးနဲ့ ပြန်လည် ခံစားနိုင်သလို မကြည့်ရသေးသူတွေလည်းဒေါင်းရတာ တန်စေရမယ်လို့ အာမခံလိုက်ပါတယ်..) File size…1.19GB / 495MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ..... Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Romance
5.8 2009 109 mins
Cirque du Freak: The Vampire's Assistant
Womb
6.1

ရေဗက်ကာဟာ သူ့အဖိုးရှိရာကမ်းခြေကနေအိမ်လေးမှာအလည်ခဏလာနေရင်းနဲ့ တွမ်မီဆိုတဲ့ကောင်လေးနဲ့ရင်းနှီးသွားပါတယ်။ ကလေးတွေဖြစ်ကြပေမယ့်တစ်ယောက်ကိုတစ်ယောက်သံယောဇဉ်ဖြစ်ကြပါတယ်။ တစ်နေ့မှာရေဗက်ကာဟာ သူ့အမေအလုပ်ရှိရာဂျပန်ကိုလိုက်သွားရပါတော့တယ်။ အချိန် ၁၂ နှစ်လောက်ကြာပြီးတဲ့အခါမှာတော့တွမ်မီရှိရာ ကမ်းခြေကိုပြန်လာခဲ့တယ်။ ငယ်ငယ်တုန်းသံယောဇဉ်တွေကြောင့်တစ်ယောက်နဲ့တစ်ယောက်ချစ်သူတွေဖြစ်သွားကြတယ်။ ဒီလိုနဲ့တစ်ရက်မှာ တွမ်မီဟာကားတိုက်ပြီးသေဆုံးသွားတယ်။ ခေတ်နည်းပညာတိုးတက်မှုအရလူသားတွေကိုပုံတူပွားလို့ရတာကြောင့် တွမ်မီရဲ့အမေနဲ့အဖေကိုတိုင်ပင်တယ်။သူကိုယ်တိုင်တွမ်မီရဲ့ DNA ကိုယူပြီးကိုယ်ဝန်ဆောင်မယ်ပေါ့။ အဲ့ဒီနောက်မှာတော့ File Size : (1.2GB) and (469 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:50:00 Genre : Drama , Romance, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Sport
6.1 2010 111 mins
Womb
Tickets
2

Tickets(2023) ************* ဦးနှောက် အကျိတ်ကင်ဆာဖြစ်နေတဲ့ ဖီးလစ်မှာ သမီးလေးတစ်ယောက်ရှိပါတယ်။ သမီး ဖြစ်သူ ခရစ်စတယ်ကလည်း အိမ်ကို မထောက်ပံ့နိုင်ပဲအဆိုတော်ဖြစ်ဖို့ကြိုးစားနေပါတယ်။ ဂရန့် ဆိုတဲ့ကောင်လေးကတော့ Rapper ဖြစ်ဖို့ကြိုးစားနေပြီး ကလပ်တစ်ခုရဲ့ ပိုင်ရှင်အတွက် ဆေးခြောက်ရောင်းပေးနေတာပါ။ ဂရန့်နဲ့ ခရစ်စတယ်ကတော့ ဘာလိုလိုညာလိုလိုပါ။ တစ်ရက် ခရစ်စတယ်ရဲ့အမေက ထီဆုကြီးကိုပေါက်တဲ့အခါမှာတော့ သမီးဖြစ်သူနဲ့ ဂရန့်တို့ဟာ ထီပေါက်တဲ့အကြောင်း အမေဖြစ်သူကိုမပြောဘဲ နှစ်ယောက်ထဲ အမေရိကားကိုသွားဖို့ စီစဉ်ကြပါတော့တယ်။ ဂရန့်ဟာ သူ့ဘော့စ်အတွက် ဆေးခြောက်ရောင်းရင်းနဲ့ ရဲ‌အဖမ်းခံလိုက်ရတဲ့အချိန်မှာတော့... ဆိုးဝါးလွန်းတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်လာပါတော့တယ်..အဲ့ဒီနောက်မှာတော့.... ဘာသာပြန်နဲ့ အညွှန်းကတော့ PROXY ဖြစ်ပါတယ်။ File Size :(1.5GB) and (472MB) Quality : AMZN.WEB-DL1080P5.1Ch,720p Format…mp4 Duration…01:30:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  PROXY Encoded by Phyo Pyae

Drama
2 2023
Tickets
[21+] Moe Amatsuka, Who Was Fallen To Love (FSDSS-467)

အိန်ဂျယ် နာမည်နဲ့လိုက်ဖက်တဲ့ လူသားမလေး အရမ်းလှပြီး အရမ်းထက်မြက်တယ် ပြီးပြည့်စုံအောင်ဖန်တီးထားခံရတဲ့ သက်ရှိမလေး အရမ်းချစ်ဖို့ကောင်းတဲ့ မျက်နှာထားလေးနဲ့ တည်တည် တံ့တံ့နဲ့ ထက်မြက်တဲ့ဟန်ပန် အကြည့်တွေကစူးရှပြီး ကျားရဲလို စိတ်ဓာတ် ရှိသူလေး မို့ စီးအီအိုရဲ့ အရေးပေးခံရပြီး ပရောဂျက်သစ်ကို ဦးဆောင်ခွင့် ရသွားပါတယ် ဒါပေမဲ့ သူ့နေရာ အစားထိုးခံလိုက်ရတဲ့ အိုကီကတော့ ဘယ်ကျေနပ်မလဲ သူ့နေရာရဖို့ အခွင့်ရေးဟူသမျှ ရှာဖွေပါတော့တယ် တစ်နေ့မှာ အိန်ဂျယ်ပရောဂျက် အားနည်းချက်ကိုရှာတွေ့သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ အားရစရာကောင်းတာဖြစ်လို့ DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။

0 1900
[21+] Moe Amatsuka, Who Was Fallen To Love (FSDSS-467)
[18+] Domme
6.7

****************** ဖိလစ်ပိုင် Adult သရုပ်ဆောင်ထဲမှာတော့ Ava Mendez ဆိုတဲ့အမျိုးသမီးဟာ အတော်ဆွဲငင်အားကောင်းပြီး သူ့မျက်နှာပေးနဲ့ ဒီလိုကားတွေနဲ့ အတော်ကိုလိုက်ဖက်ပါတယ်.. နှုတ်ခမ်းထူထူ ဆွဲငင်အားကောင်းတဲ့မျက်ဝန်းနဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဖွံဖွံထွားထွားနဲ့မို့ အခန်းတိုင်းက ရှယ်လန်းနေတယ်.. ဒီကားမှာလည်း sex နဲ့ပတ်သက်ပြီးအတွေ့အကြုံရင်အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဆောင်ထားတယ်…သူက sex နဲ့ပတ်သက်ပြီး ခပ်ဆန်းဆန်း အကွက်နဲ့ ခင်းကျင်းရတာ အတော်သဘောကျနှစ်ခြိုက်သူပါ.. ဒီလို အမျိုးသမီးကြီးတစ်ဦးဘဝထဲကို လူပျိုနုနုလေးတစ်ယောက်ဝင်ရောက်လာတဲ့ အခါမှာတော့…. File Size :(1.5GB) and (472MB) Quality :WEB-DL1080p,720p Format…mp4 Duration…01:51:00 Genre : Thriller , Adult Subtitle : Myanmar Subtitle (Hard Sub) Translated by xxx Encoded by yz007

6.7 2023 111 mins
[18+] Domme
How to Date Billy Walsh
5.6

ဒီဇာတ်ကားလေးကတော့အထက်တန်းကျောင်းနောက်ခံအချစ်ဟာသဒရာမကားလေးတစ်ကားဖြစ်ပါတယ်။ အာချီနဲ့မီလီဟာတစ်ဆေးရုံတည်းမွေးပြီးမိဘချင်းသာမကခွေးတွေချင်းပါရင်နှီးနေတဲ့အထိခင်မင်ကြတဲ့ငယ်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပါတယ်။ အာချီကမီလီကိုငယ်ငယ်ကနေကြိတ်ချစ်လာခဲ့ပေမဲ့ဖွင့်မပြောနိုင်တာတော့အထက်တန်းနောက်ဆုံးနှစ်အထိပါပဲ။ ဒီလိုနဲ့တစ်ရက်မှာတော့အာချီတစ်ယောက်သေချာအစီစဉ်ချပြီးမီလီဖွင့်ပြောဖို့ကြံပါတယ်။အဲဒီနေ့မှာပဲသူတို့ကျောင်းကိုဘီလီဝါ့ရှ်ဆိုတဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကျောင်းသားသစ်တစ်ယောက်ပြောင်းလာပါတယ်။ဘီလီကိုမီလီကလည်းအဲဒီနေ့မှာတင်ကြွေသွားပါတော့တယ်။ဒီတော့အာချီကပဲသူငယ်ချင်းကနေချစ်သူအဆင့်တက်သွားနိုင်မလားအသည်းကွဲပဲကျန်ခဲ့ရမလားကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါရှင့်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by May Khant

5.6 2024 101 mins
How to Date Billy Walsh
San Andreas
6.1

Genre – Action,Adventure,Thriller IMDb – 6.1/10 ကဲနည်းနည်းလေးဟောင်းနေပေမယ့် ကျွန်တော်တို့ရဲ့အချစ်တော် Legendary ကတုံး ပါဝင်သရုပ်ဆောင်ထားတဲ့ San Andreas ဆိုတဲ့ကားကောင်းလေးကိုမိတ်ဆက်ပေးပါရစေ။ သဘာဝဘေးဇာတ်ကားကောင်းကောင်းကိုကြိုက်သူများအဖို့လည်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း ရေး ဟာ နာမည်ကောင်းရနေတဲ့ အယ်လ်အေမီးသတ်ဌာန ကယ်ဆယ်ရေးနဲ့ရှာဖွေရေး အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အလုပ်ဘက်မှာ တော်နေပေမယ့် တစ်ဖက်မှာ တော့မိသားစုနဲ့ကြအဆင်ပြေဖြစ်နေပါတယ်။ မိန်းမနဲ့ကွာရှင်းထားပြီး သမီးလေးကလည်း မကြာခင်ပထွေးဖြစ်တော့မဲ့သူနဲ့အတူတူနေပါတယ်။ သိပ်မကြာခင်မှာ မိန်းမရော သမီးရောက ပထွေးဖြစ်သူ ဒန်နီယယ် နဲ့လိုက်သွားတော့မှာဖြစ်ပါတယ်။ တဖက်မှာလည်း ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြောင့်ငလျင်အကြီးကြီးတွေလှုပ်ဖို့ကရှိနေပါတယ်။ တာဝန်ဝတ္တရားနဲ့ မိသားစုအရေးယှဉ်လာတဲ့အခါမှာ သမီးလေးရဲ့ဘော်လီဘောပွဲကိုတောင်လိုက်မပို့နိုင်ခဲ့ပါဘူး။ ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြီးက ဆန်ဖရန်စစ္စကိုမှာ အဆုံးသတ်တာဖြစ်ပါတယ်။ ခက်တာက ရေး ရဲ့သမီးလေး ဘလိတ်ဟာ ဆန်ဖရန်စစ္စကိုကိုရောက်နေပါတော့တယ်။ တကယ်တမ်းငလျင်လှုပ်တော့ ဆန်ဖရန်စစ္စကိုမှာ ဘလိတ်ဟာပိတ်မိနေပါတော့တယ်။ ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး တစ်ယောက်ဘယ်လိုများသွားကယ်မှာလဲ… ဒီကားရဲ့ထူးခြားချက်ကတော့ မကြာသေးခင်ကမှ ယောက်ျားယူပြီး အမျိုးသားထုအသည်းကိုခွဲသွားတဲ့ Alexandra Daddario(ဘလိတ်) ရဲ့ အနုအရွအလှအပ ကိုတစ်ဝကြီးခံစားရမှာဖြစ်ပါတယ်။ ရေး အဖြစ်မင်းသား Dwayne Johnson မှသရုပ်ဆောင်ထားပါတယ်။ File size… 7GB / 1.5 GB / 813 MB Quality… BluRay 4k / 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Action/Adventure/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by LuciferMaximoff

Adventure • Action • Comedy • Romance
6.1 2015 114 mins
San Andreas
Rakshana
7.8

Rakshana 2024 (ချိုချဉ်ကောင်လေးရဲ့ ကလဲ့စား) IMDb – 8.1/10 ကီရန်ဆိုတဲ့ကောင်မလေးနဲ့ ပရီယာဆိုတဲ့ကောင်မလေးဟာ အချစ်ရဆုံးသူငယ်ချင်းတွေပေါ့။ ကီရန်ဟာ ရဲအရာရှိစာမေးပွဲအောင်ပြီးတော့ တာဝန်ကျမှာကို စောင့်နေတဲ့အချိန်မှာ ပရီယာဟာ တိုက်ပေါ်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့ရပါတယ်။ ကီရန်ဟာ သူ့သူငယ်ချင်းသေဆုံးမှုကို သွေးရိုးသားရိုးမဟုတ်ဘဲ လူသတ်မှုလို့ ကောက်ချက်ချခဲ့ပါတယ်။ အကြောင်းကတော့ သူ့သူငယ်ချင်းရဲ့ အလောင်းနားကို ပြုံးပြုံးကြီးကြည့်နေတဲ့ ချိုချဉ်စုပ်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရလို့ပါပဲ။ ဒီလိုနဲ့ သူ့အချစ်ဆုံးသူငယ်ချင်းရဲ့ အမှုနောက်ကိုလိုက်ရင်း သူတာဝန်ကျတဲ့အချိန်မှာ ဒီလို အလားတူအမှုတွေနဲ့ ကြုံလာရတဲ့အချိန်မှာတော့ …….. ပရီယာရဲ့ သေဆုံးမှုနောက်ကွယ်ကအကြောင်းကို ကီရန်တစ်ယောက်ဖြေရှင်းနိုင်သွားမှာလား ….. ချိုချဉ်စုပ်နေတဲ့ ကောင်လေးကရော ဒီလူသတ်မှုနဲ့ ဘယ်လိုတွေ ဆက်စပ်နေလဲ …… ကီရန်တစ်ယောက် အမှုတွေကို ဘယ်လိုဖော်ထုတ် အဖြေရှာသွားမလဲဆိုတာတွေကို ကြည့်ရှုရမယ့် မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.8 2024 139 mins
Rakshana
Spin the Bottle
5.5

Horror ပရိသတ်ကြီးအတွက် အခုလတ်တလောကမှ ပူပူနွေးနွေး ထွက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းကတော့ သူငယ်ချင်းတစ်ဖွဲ့က မြေတိုက်ခန်း တစ်ခုထဲမှာ ပုလင်းလှည့်တဲ့ ကစားနည်း ကစားတာနဲ့ အစပျိုးထားပါတယ်။ အုပ်စုထဲက ဝိုင်းပြီး အနိုင်ကျင့်နေကျ ကောင်မလေးရဲ့ အိမ်မှာ လူကြီးတွေ မရှိချိန်ကို အဖွဲ့လိုက် လာကစားကြတာပါ။ ကောင်မလေးရဲ့ အဖေက နတ်ဆိုးတွေကို ကိုးကွယ်ပူဇော်တယ်ဆိုပြီး သတင်းကြောင့် မယုံကြည်ကြတဲ့ သူငယ်ချင်းတွေက လူကြီးတွေ မရှိချိန်ကို ပူဇော်တဲ့အခန်းထဲကို လာပြီး ဝင်ကြည့်ကြတာ ဖြစ်ပါတယ်။ ပုလင်းလှည့်ကစားရင်း သူတို့ ဝိုင်းအနိုင်ကျင့်တဲ့ ကောင်မလေး အလှည့်ရောက်တဲ့ အချိန်မှာတော့….။ ပုံမှန် Horror ကားတွေလိုပဲ plot က အရမ်းကြီး ကွဲထွက်နေတာမျိုး မရှိပေမယ့် အပျင်းပြေ ကြည့်ပျော်တဲ့ ဇာတ်ကားလေး တစ်ခုပါ။ Jump Scare လေးတွေ ကောင်းသလို သရုပ်ဆောင်တွေကလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်ကြပါတယ်။ Horror Fan တွေဇာတ်ကားကောင်းတစ်ခုလို့ ညွှန်းချင်ပါတယ်။ File size…1.01GB / 688MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 4m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Comedy • Horror
5.5 2024 124 mins
Spin the Bottle
Buried Alive and Survived

ဒီဇတ်ကားရဲ့ ဇတ်လမ်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ Toxic relationship ထဲရောက်ခဲ့ရပြီး ယောကျာ်းကထောင်ကျသွားလို့ ခြေယာဖျောက်နေတဲ့ single mother တစ်ယောက်က တစ်နေ့ကျတော့ သူ့ယောကျာ်းကလွတ်လာတဲ့အခါမှာ သူ့ယောကျာ်းပြန်လာပြီးသူတို့ကိုလာရှာပါတယ် သူ့ယောကျာ်းက လူကောင်းဖြစ်သွားပြီးလို့ သူ့ကိုယ်သူပြောနေပေမယ့် ကောင်းမလာတာကိုတော့ သူမကသိနေခဲ့ပါတယ် အဲ့တာကြောင့် သူ့ယောကျာ်းဟောင်းဆီကနေထွက်ပြေးဖို့ကြံရင်း သူတို့သားအမိလွတ်မြောက်မလားကြည့်ရမယ့်ဇတ်ကားတစ်ကားပဲဖြစ်ပါတယ် Toxic relationship ကိုကြုံဖူးတဲ့သူတွေ မြင်ဖူးတဲ့သူတွေနားလည်နိုင်မယ့်ဇတ်ကားတစ်ကားဖြစ်ပါတယ် File size…(1.5 GB)/(775 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Zin Lin Khant

0 2024
Buried Alive and Survived
Gone in Sixty Seconds
6.5

ဆရာကြီး Nic Cageရဲ့ နုစဉ်အခါက ဇာတ်ကားဟောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Need for Speed F&Fတို့လို vibeမျိုးဖြစ်ပြီး Nic ရဲ့ ကားမောင်းစွမ်းရည် တွေကို မြင်တွေ့ရမှာပါ။ အဲဒီအပြင် မမဂျိုလီရဲ့ နုပျိုတဲ့ အလှတရားတွေကိုလည်း တွေ့ရဦးမှာပါ။ ဇာတ်လမ်းကတော့ ကားသူခိုးအလုပ်ကနေ အနားယူပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားနေတဲ့ မမ်ဖစ်ရိန်းစ် တဖြစ်လဲ နစ်ကေ့ဂ်ျကြီးဆီကို မကောင်းတဲ့အလုပ်တွေက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။ ညီဖြစ်သူ ကစ်ပ်က ကား‌မှောင်ခိုဂိုဏ်းတစ်ခုအတွက် ကားခိုးပေးဖို့ အလုပ်လက်ခံပြီး အောင်မြင်အောင် မလုပ်နိုင်လို့ ဖမ်းခံ ထားရပြီး အသတ်ခံရမယ့်အရေးနဲ့ ကြုံနေရတာပါ။ အဲဒီအတွက် ညီဖြစ်သူကိုကယ်တင်ဖို့ အပေးအယူအနေနဲ့ မမ်ဖစ်တစ်ယောက် အဲဒီဂိုဏ်းအတွက် ကားခိုးပေးရမယ့် အခြေအနေ ဖြစ်လာပါတယ်။ ခိုးပေးရမယ့် ကားအစီးရေ ကလည်း အစီး၅၀တိတိ ဖြစ်ပြီး လေးရက်အတွင်း အပြီး ခိုးပေးရမှာပါ။ ဒါ့အပြင် သူနဲ့ နောက်ကြောင်းတွေ ရှိခဲ့တဲ့ နယ်ခံစုံထောက်တွေကလည်း သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေတာမလို့ မမ်ဖစ်တစ်‌ယောက် သူ့ကားသူခိုးအဖွဲ့နဲ့ ရဲတွေလက်ကလွတ်အောင် ကားအစီး၅၀ကို ဘယ်လိုမျိုး ခိုးကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File Size : 1.9 GB, 922 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 58min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

6.5 2000 118 mins
Gone in Sixty Seconds
Koparan Kardeşler

Koparan Kardesler (2024) ====================== အော်ဟန်နဲ့ နေလွန်တို့ ညီအစ်ကိုနှစ်ယောက်က အုတ်ဂူတွေကို ထိန်းသိမ်းတဲ့ လုပ်ငန်းလုပ်ကြတာဖြစ်ပါတယ်။ တစ်နေ့မှာ လုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး အလောင်းအုပ်တဲ့ ပိတ်စတွေရောင်းတဲ့ လုပ်ငန်းကို စည်ပင်ရုံးမှာ တင်ဒါတင်ဖို့ဖြစ်လာပါတယ်။ တင်ဒါတင်ရမယ့်နေ့မှာမှ ပိုက်ဆံရချင်တာပဲသိပြီး ကျန်တာ ဘာမှမသိတဲ့ သူတို့ညီအစ်ကိုနှစ်ယောက် ပိုက်ဆံတွေ အလိမ်ခံရပြီး ပစ္စည်းတွေအခိုးခံရနဲ့ ဒီကြားထဲ လူမိုက်ခေါင်းဆောင်နဲ့တွေ့လို့ အရိုက်ခံရပါသေးတယ်။ ဒေါသကြီးတဲ့အစ်ကိုရယ် တုံးတုံးအအနဲ့ ဘာမှနားမလည်တဲ့ ညီရယ်နဲ့ သူတို့ညီအစ်ကိုနှစ်ယောက် လွဲတာတွေကို ဟာသဆန်ဆန်ကြည့်ရမယ့် ကားလေးတစ်ကား ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လွဲချက်က ကြည့်နေရင်းတောင် ဟယ် ဖြစ်သွား‌လောက်အောင် အပြောင်းအလဲတွေကလည်း များတာမလို့ ကြည့်နေရင်း ပျင်းမှာတော့ သေချာပေါက်စိတ်ပူစရာမလိုပါဘူး။ ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမယ့် တူရကီကားလေးကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်

0 2024 89 mins
Koparan Kardeşler