YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) El.mariachi.1992.720p.BluRay.REMUX.AVC-Naung.mp4

3.5 GB N/A video/mp4 344 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Bricks
1

ဒီဇာတ်လမ်းရဲ့အစကို ထောင်ထဲရောက်နေတဲ့မူးယစ်ရာဇာတစ်ယောက် ထောင်ထဲမှာ အာဏာပါဝါပြနေပုံနဲ့ဖွင့်ထားပါတယ်။ မူးယစ်ရာဇာဟာ ထောင်အပြင်ကသူ့သားရယ် ပါတနာညီအကိုသုံးယောက်ရယ်နဲ့ချိတ်ဆက်ပြီး ဟူစတန်မြို့ရဲ့အမှောင်ဘက်ခြမ်း မူးယစ်ဂိုဏ်းလောကကိုချုပ်ကိုင်ထားသူတွေထဲကတစ်ယောက်ပါ။ ဟူစတန်မြို့ မူးယစ်ဆေးလောကမှာ ဂိုဏ်းပေါင်းစုံရှိတဲ့အထဲ အဲဒီဂိုဏ်းဟာ အဆိုးဆုံးအ​ကြမ်းကြုတ်ဆုံးဖြစ်ပြီး ငွေကြေးအင်အား လူအင်အားတောင့်တင်းတဲ့အပြင် ဂိုဏ်းကိုဦးစီးနေတဲ့ ညီအစ်ကိုသုံးယောက်ရဲ့ပါးနပ်မှု သိုသိုဝှက်ဝှက်အလုပ်လုပ်တတ်မှုတို့ကြောင့် ရဲတပ်ဖွဲ့အနေနဲ့သက်သေခိုင်ခိုင်မာမာရှာလို့မရဘဲ ဖမ်းဆီးလို့မရနိုင်ဖြစ်နေပါတယ်။ ဒီအတွက်ရဲတပ်ဖွဲ့ဟာ အဲဒီဂိုဏ်းရဲ့မ​​ကောင်းတဲ့လုပ်ရပ်တွေကိုဖော်ထုတ်နိုင်ဖို့ စုံထောက်တစ်ယောက်ကို သူလျှိုအနေနဲ့လွှတ်ပြီး မူးယစ်ဂိုဏ်းထဲဝင်ဖို့ကြိုးစားစေပါတယ်။ အဲဒီစုံထောက်ဟာ မူးယစ်ဂိုဏ်းထဲကိုဝင်ခွင့်ရပြီး ရဲတပ်ဖွဲရဲ့ဆန္ဒအတိုင်း မူးယစ်ဂိုဏ်းကိုဖြိုခွဲသွားနိုင်မလား ဒါမှမဟုတ် ပါးနပ်တဲ့ညီအစ်ကိုသုံးယောက်လက်အောက်မှာပဲ ကျဆုံးသွားမလား... မူးယစ်ရာဇာရဲ့သားကကော ဘယ်လိုပါဝင်ပတ်သက်နေလဲ... စုံထောက်ကိုနောက်ကွယ်ကအကူအညီပေးနေတဲ့ရဲတပ်ဖွဲ့ကရော ရိုးသားရဲ့လား... စတဲ့ သို့လောသို့လောပေါင်းများစွာနဲ့အတူ ဇာတ်လမ်းအစကနေ အဆုံးအထိ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Paing Hein Kyaw မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 725MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Paing Hein Kyaw Encoded by Y

Comedy • Drama • Romance
1 2022 92 mins
The Bricks
On the Fringe
6.8

~ IMDb - 6.7/10, Rotten Tomatoes - 80% ~ စပိန်မင်းသား Juan Diego Botto ဒါရိုက်တာလုပ်ပြီး ပွဲဦးထွက်အနေနဲ့ရိုက်တဲ့ စပိန်ရုပ်ရှင်ပါ။ သူကိုယ်တိုင်ရော နာမည်အကြီးဆုံး စပိန်မင်းသမီး Penélope Cruz ရော သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ စပိန်ရဲ့မျက်မှောက်ခေတ်မှာ ကြုံနေရတဲ့ လူမှုဘဝပြဿနာတွေရောကိုပြထားပြီး အဲဒီထဲက အကြီးဆုံးပြဿနာဖြစ်တဲ့ ဘဏ်ကြွေးကြောင့် နေအိမ်က နှင်ထုတ်ခံရတဲ့ မိသားစုတွေအကြောင်းကိုရော ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတယ်။ စပိန်ပြည်သူတွေကို အရင်အစိုးရက ဘဏ်တိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးပေးမယ်လို့ ကြေညာခဲ့တဲ့အတွက် ပြည်သူတွေဟာ အိမ်အပေါင်စာချုပ်တွေနဲ့ ငွေချေးတာတွေ၊ သားသမီးအိမ်၀ယ်ဖို့ မိဘက အာမခံပေးတာတွေ လုပ်ခဲ့ကြတယ်။ အစိုးရသစ် ဘဏ်စနစ်အသစ်မှာ အတိုးတွေဟာ မိုးထိထိုးတက်ကုန်ကြပါတယ်။ ဒီနောက်မှာ ဘဏ်တွေဟာ အတိုးကို အကြောင်းပြုလို့ အိမ်တွေကို သိမ်းလာတဲ့အခါ စပိန်မှာ အိုးမဲ့အိမ်မဲ့တွေ များပြားလာခဲ့တယ်။ ဒီလိုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့လူတွေရယ် သူတို့ဘက်က ပရဟိတသမားတွေဟာ ဘဏ်တွေကို ပြန်လည်တိုက်ခိုက်ဖို့ ကြံကြတယ်။ ဒါကတော့ ကျောရိုးဇာတ်ပေါ့။ ဒီကနေ ခွဲထွက်ပြီး အိမ်ဆုံးသွားတဲ့လူ၊ ကူတဲ့လူ၊ အိမ်ဆုံးဖူးတဲ့လူ အလီလီအထွေထွေအပြင် အခြေခံလူတန်းစားမျိုးစုံရဲ့ ဒုက္ခနဲ့ ဘဏ်တွေရဲ့ ကုတ်သွေးစုပ်မှုတွေအကြောင်း ရိုက်ပြထားပါတယ်။ စပိန်ကားတွေဟာ သူတို့ပြချင်တာကို လှလှပပပြတတ်တဲ့သဘောရှိတာမို့ ဇာတ်အရမ်းလည်းမနာ မနာတယ်လည်းမဟုတ်ဘဲ လှတပတနဲ့ကို ခံစားကြရမယ့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 805MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 45Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
6.8 2022 103 mins
On the Fringe
Modern Times
8.3

အသံတိတ်ရုပ်ရှင်တွေဘက်ကို ခဏလောက် ပြန်လှည့်ရအောင်ပါ CM ပရိသတ်ကြီးရေ... အသံတိတ်ရုပ်ရှင်ဆိုတာနဲ့ ကျွန်တော်တို့ မျက်လုံးထဲမှာ အရင်ဆုံး ပြေးမြင်မိတာ အင်္ဂလိပ်လူမျိုး ဟာသဇာတ်ဆောင်နဲ့ ရုပ်ရှင်ဖန်တီးသူ Charlie Chaplin ပါပဲ။ ဘာစကားမှ မပြောဘဲ လူတွေကို ရယ်အောင်လုပ်နိုင်တဲ့ အရည်အချင်းဆိုတာ တော်ရုံ ပါရမီရှိရုံနဲ့ မရပါဘူး။ ဒါပေမဲ့ ဂုရုကြီး Charlie Chaplin ကိုတော့ မြင်လိုက်တာနဲ့ အလိုလိုရယ်ချင်ပြီး သဘောကျကြပါတယ်။ ဒါကြောင့်လည်း အခုချိန်ထိတိုင် ပရိသတ်ရင်ထဲမှာ စွဲကျန်နေဆဲဖြစ်နေခြင်းပါ။ ဒီတော့ ကျွန်တော်တို့ CM ကနေ တစ်ခါက နာမည်ကြီးခဲ့တဲ့ The Kid, Modern Times နဲ့ City Lights အသံတိတ်ရုပ်ရှင် သုံးကားကို Charlie Chaplin အလွမ်းပြေအနေနဲ့ရော ပရိသတ်ကြီးလည်း ရယ်‌မောပျော်ရွှင် စိတ်အပန်းပြေနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size…2.19GB / 1.9 GB Quality…1080p  BluRay / 720p Format…mp4 Duration….1h 27mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Yoon Sandi Aung

Comedy • Drama • Romance
8.3 1936 87 mins
Modern Times
5-25-77
6.4

5-25-77 (2022) ~ IMDb – 6.4/10, Rotten Tomatoes – 100% ~ ခင်ဗျားတို့မှာ ငယ်ဘဝအိပ်မက်တွေ ရှိခဲ့ဖူးကြလားဗျ… အမှန်တကယ်ဖြစ်ချင်တာလား… မိဘအုပ်ထိန်းသူအသိုင်းအဝိုင်းရဲ့ကိစ္စတစ်ခုခုကြောင့် ဖြစ်ချင်တာမျိုးလား… ဥပမာ ကိုယ့်အသိုင်းအဝိုင်းထဲက ချစ်ရတဲ့တစ်ယောက် မဖြစ်သင့်ပဲအသက်ဆုံးရှုံးလိုက်ရလို့ ဆရာဝန်ကြီးလုပ်မယ်ဆိုတာမျိုး… ဒါမှမဟုတ်ရင်လည်း အိမ်မှာနေရ၊ မြို့ကြီးပြကြီးမှာ နေရတာမွန်းကျပ်လို့ ကြီးလာ‌ရင်တောင်ပေါ်ဒေသလေးတစ်ခုမှာ ဆရာမလေးတစ်ယောက်လုပ်ချင်တယ်ဆိုတာမျိုးပေါ့… ထားပါတော့… လူဦးရေ 750 ပဲနေထိုင်တဲ့ Illinois ပြည်နယ်၊ Lake County ရဲ့ Wadsworth ဆိုတဲ့ဒေသလေးမှာ မွေးဖွားလာခဲ့သူ Patrick Read Johnson ဟာ ဆယ်နှစ်မပြည့်ခင်အရွယ်ကတည်းက အိမ်ရဲ့နောက်ဖေးမြေကွက်လပ်မှာ သူငယ်ချင်းတွေနဲ့အတူ ဇာတ်ကားတွေရိုက်တဲ့ ဒါရိုက်တာလေးဖြစ်ခဲ့သူပါ။ အထက်တန်းကျောင်းသားဘဝ ရောက်လာတဲ့အခါမှာ သူ့ရဲ့ငယ်ဘဝကရိုက်ထားတဲ့ ဇာတ်ကားများစွာကို ထုတ်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ရှင်‌သန်နေပါတယ်။ ငယ်ပေါင်း ဇာတ်ကားရိုက်ဖော်ရိုက်ဖက် သူငယ်ချင်း ‌Bill Holmes ကတော့ အိပ်မက်ထက် လက်တွေ့ကျကျသမားဖြစ်တာမို့ သူ့သူငယ်ချင်းကို လက်တွေ့ဘဝမှာပဲ အဆင်ပြေစေချင်သူပေါ့… Patrick ရဲ့မိခင်ဟာ သူ့ယောက်ျားနဲ့ကွာရှင်းပြီးတဲ့နောက် ဇာတ်ကားတွေအရမ်းရိုက်ပြီး ပွေရှုပ်စုတ်ပြတ်နေတဲ့ သူ့သားကို တတ်နိုင်တဲ့ဘက်က Support ပေးပါတယ်။ Pat ဟာလည်း ကလေးဘဝကလိုပဲ Sci-Fi ရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်းကြိုက်နှစ်သက်ပြီး အကောင်အထည်ဖော်ချင်နေတာပဲဖြစ်ပါတယ်။ တစ်ဒေသလုံးက လူတွေထဲမှာ Patrick ဟာ Sci-Fi Geek ပါပဲ။ ဘယ်သူမှလက်မခံတဲ့ လူတွေကြားထဲမှာ Pat ဟာ သူ့ကိုလက်ခံနိုင်တဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Patrick ကို အောင်‌မြင်စေချင်တဲ့အမေဟာ သူ့ရဲ့ အိပ်မက်တွေကို ဖမ်းဆုပ်နိုင်ဖို့ Hollywood ကို သွားပြီး Director ပညာတွေကိုဆက်လက်သင်ယူဖို့ရာ Illinois ကနေ California ဆိုတဲ့ အနောက်ဖက်ခရီးကို လွှတ်လိုက်ပါတော့တယ်။ ဒီကနေစလို့ လူငယ်တစ်ယောက်ရဲ့ ဘဝတစ်ကွေ့ဖြစ်တဲ့ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြတ်သန်းမလဲဆိုတာ ကိုတော့ CoA Comedy Drama ပီပီသသ ကြည့်ရမှာဖြစ်ပါတယ်။ ပြောစရာရှိတာက ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်နာမည် Patrick Read Johnson ဟာ ဒီကားရဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ။ ဒီကားက အကြောင်းအရာတော်တော်များများက သူ့ဘဝကို အခြေခံထားတယ်လို့ပြောရမယ်။ အခုဆို သူ့အသက်က ၆၁နှစ်ပေါ့။ ဒီကားက သူ့ငယ်ဘဝအားကျခဲ့ရတဲ့ စတန်ကလေကူးဘရစ်တို့၊ Douglas Trumbull တို့၊ စတီဗင်စပီးဘာ့ဂ်တို့ ဂျော့လူးကတ်စ်တို့နဲ့ သူ့ဘဝအကြောင်းကို ရောနှောပြထားတယ်လို့ပြောလည်းမမှားဘူး။ ကောင်လေးဟာ ၁၉၆၈မှာထွက်ခဲ့တဲ့ ကူးဘရစ်ရဲ့ 2001: A Space Odyssey ကို ရူးသွပ်ပြီး ဒီကနေမှ သူ့ကိုယ်ပိုင် စိတ်ကူးယဉ်အာကာသဇာတ်လမ်းတွေကို စိတ်ကူးနဲ့ရေးထားတာတွေမနည်းဘူး။ စပီးဘာ့ဂ်ရဲ့ Jaws တို့၊ Duel တို့ကိုကြည့်ပြီး အဲဒီကားထဲက အတိုင်း နောက်ဖေးကွက်လပ်မှာ ကိုယ်တိုင်ရှိတာလေးနဲ့ ဖန်တီးပြီး ရိုက်ကြည့်တဲ့အထိ ရုပ်ရှင်ပိုးသန်ခဲ့တဲ့လူပေါ့။ ဒါရိုက်တာလည်းဖြစ်ဖို့ ဟောလိဝုဒ်ကိုလည်း သွားခဲ့တယ်။ ဒီကမ္ဘာမှာ သေချာတာက ဘယ်အရာမှအသစ်ရှိမနေဘူး။ အနည်းဆုံးတော့ စိတ်ကူးအသစ်ဆိုတာ မရှိသလောက်ရှားတယ်။ ခင်ဗျားမသိတာပဲရှိမယ်။ ခင်ဗျားလိုမျိုး ထပ်တူညီတဲ့ စိတ်ကူးမျိုးရှိတဲ့လူတွေတော့ ရှိကိုရှိဦးမှာပဲ။ ပက်ထရစ်ဟာ ဟောလိဝုဒ်ကိုသွားတော့ စပီးဘာ့ဂ်နဲ့တွေ့တယ်။ စပီးဘာ့ဂ်က ဒီအချိန်မှာ Close Encounters of the Third Kind ကို ရိုက်နေပြီ။ Sci-Fi ရုပ်ရှင်လောကရဲ့ မှတ်တိုင်တစ်ခုလို့ပြောရမယ့်ကားပဲပေါ့။ ဘယ်လောက်အာကာသအကြောင်း နောကျေလဲဆို ဒီကားရဲ့နာမည်ရဲ့ အဓိပ္ပာယ်ကိုပါ သူသိတယ်။ စပီးဘာ့ဂ်နဲ့စကားပြောပြီးတော့ စပီးဘာ့ဂ်က သူ့ကို ဒေါက်ဂလပ် ထရမ်ဘူးလ်နဲ့ သွားတွေ့ခိုင်းတယ်။ သူ့ကားရဲ့ VFX ဆရာပေါ့။ နောက် ကူးဘရစ်ရဲ့ 2001 ရဲ့ VFX ဆရာလည်း ဟုတ်တယ်။ နောက် သူက ဂျော့လူးကတ်စ်ရိုက်နေတဲ့ စတားဝါးစ်ပထမကားအကြောင်းသိလိုက်ရတယ်။ ပြောရရင် စတားဝါးစ်ဟာ သူရိုက်ချင်တဲ့အကြောင်းအရာလဲဟုတ်တယ်။ သူပြချင်တဲ့အရာလည်းဟုတ်တယ်။ လူးကတ်စ်က သူ့အိပ်မက်တွေကို ဖြည့်ဆည်းပေးလိုက်သလိုဖြစ်သွားတယ်။ ဒီရုပ်ရှင်ရဲ့နာမည် 5-25-77 ကိုက စတားဝါးစ်စပြတဲ့ ဒိတ်ပဲ။ သူဟာ သူမရိုက်လိုက်ရတဲ့အကြောင်းအရာကို သူများကရိုက်သွားပေမဲ့လည်း ဒီကားကို အားလုံးကြည့်ရအောင် လိုက်ဆော်ဩခဲ့တယ်။ ဒီလိုရုပ်ရှင်တွေကို ချစ်တဲ့ သူ့စိတ်ကို ထင်းနေတဲ့အခန်းပေါ့။ ထူးတာက ဒီကားဟာ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းကားလို့ပြောလို့ရပေမဲ့ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းသက်သက်ထက်ပိုတယ်၊ ပြန်ထိန်းကွပ်ပေးသွားတယ်။ သူ့သူငယ်ချင်းရဲ့လက်တွေ့ကျမှုဟာ သူ့ရဲ့စိတ်ကူးယဉ်ဆန်မှုကို ပြန်ထိန်းကွပ်ပေးသွားတယ်။ ကိုယ်တကယ်ရိုက်ချင်တာ ဘယ်လောက်သေချာလဲ… သေချာမှ ရအောင်ကြိုးစား ဆိုတဲ့အချက်ကို မီးမောင်းထိုးပြပြီး မလိုအပ်ဘဲရူးသွပ်နေနိုင်မယ့်လူတွေကိုလည်း ပြန်ထိန်းကွပ်ပေးသွားတယ်။ ဘဝဆိုတာ FPS 24 နဲ့ ရွေ့နေတာမှမဟုတ်ဘဲလေ။ ဘာနေနေပါ… ဒီကားရဲ့ ဒါရိုက်တာကတော့ ရုပ်ရှင်ကို တကယ်ချစ်ခဲ့သလို ရအောင်လည်းကြိုးစားပြီး ဒါရိုက်တာဖြစ်လာခဲ့ပါတယ်။ Spaced Invaders လို သူ့အိပ်မက်ကားတွေကို ရိုက်ခဲ့သလို Baby’s Day Out တို့လို တစ်ခေတ်ရဲ့ ဂန္ထဝင်ကားမျိုးတွေကိုလည်းရိုက်ခဲ့တယ်။ ဒီရုပ်ရှင်မှာတော့ ကျွန်တော်တို့ဟာလူငယ်တစ်ယောက်ရဲ့ ရူးသွပ်မှုကိုမြင်ရရုံတင်မဟုတ်ဘဲ ကျွန်တော်တို့ချစ်တဲ့ ဒါရိုက်တာတွေကို Homage ပေးထားတာတွေကိုလည်း မနည်းမြင်ရမှာမို့ ကူးဘရစ် လူးကတ်စ်နဲ့ စပီးဘာ့ဂ်တို့ကို ချစ်တဲ့လူတွေ ဒီရုပ်ရှင်ကိုဧကန်ကြည့်သင့်တာပါပဲ။ ဘဝဆိုတာ FPS 24 နဲ့ ရွေ့နေတာမဟုတ်ပေမဲ့လည်း ကျွန်တော်တို့ချစ်တဲ့ရုပ်ရှင်တွေနဲ့ ကျွန်တော်တို့ဘဝကိုတော့ ပိုင်းခြစ်ပစ်ကြလို့မရနိုင်ဘူးပဲကိုး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 870MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 12Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

6.4 2022
5-25-77
Rocky Balboa
7.1

လက်ဝှေ့ကားကြိုက်သူတွေအတွက် မင်းသားကြီးစတားလုံးကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ ရှေ့ Rocky ဇာတ်လမ်းတွဲတွေရဲ့ အဆက်ဖြစ်ပြီး ၁၉၉၀ခုနှစ်ကထွက်ရှိထားတဲ့ Rocky(V) ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။ လက်ဝှေ့လောကကနေ အသက်အရွယ်ရလာလို့ အနားယူထားပြီးပြီဖြစ်တဲ့ ရော့ကီဘယ်လ်ဘိုအာဟာ သူ့မိန်းမဆုံးပြီးတဲ့နောက် ဘ၀ဟာအဓိပ္ပါယ်မဲ့နေခဲ့ပါတယ်။ သူဟာစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အေးအေးချမ်းချမ်းနေနေပေမယ့် သူ့ရင်ထဲကအစိုင်အခဲကြီးကတော့ ပျောက်ပျက်မသွားပါဘူး။ ဒီတော့ အတိတ်က သူထိုးကြိတ်ခဲ့ဖူးတဲ့အငွေ့အသက်တွေ၊ သူ့မိန်းမရဲ့အားပေးသံတွေ တစ်ခေါက်ပြန်ပြီးခံစားနိုင်ဖို့အတွက် ကြိုးဝိုင်းထဲကို တစ်ခေါက်ပြန်ပြီး၀င်လာခဲ့ပါတယ်။ အစကတော့ ပွဲငယ်လေးတွေပဲ ထိုးဖို့စိတ်ကူးထားပေမယ့် ရှုံးပွဲမရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မေဆန်ဒစ်ဆန်က လက်ရည်စမ်းပွဲထိုးဖို့ လာရောက်ကမ်းလှမ်းတော့ လက်ခံလိုက်ပါတယ်။ တစ်ချိန်က ကမ္ဘာ့ဟဲဗီးဝိတ်ချံပီယံနှစ်ကြိမ်ဖြစ်ဖူးတဲ့ ရော့ကီနဲ့ လက်ရှိချန်ပီယံ မေဆန်တို့ရဲ့ပွဲဟာ တစ်ကမ္ဘာလုံးကိုစိတ်၀င်စားစေခဲ့ပါတယ်။ နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတဲ့စကားပုံကရှိသေးတော့ ဒီအတိတ်နဲ့ပစ္စုပ္ပန်တို့ရဲ့တိုက်ပွဲမှာ ဘယ်သူကများအနိုင်ရရှိသွားမလဲ။ ရော့ကီကရော သူ့ရင်ထဲကအစိုင်အခဲ‌ကို ဒီပွဲထိုးကြိတ်ပြီးတော့ ချေဖျက်နိုင်ပါ့မလား။ File size…2.79 GB / 1.15 GB / 672 MB Quality…Blu-Ray 1080p 5.1CH/ 720p / 480P Format…mp4 Duration….1h 42m Genre ….. Action , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

7.1 2006 102 mins
Rocky Balboa
Blood Father
7

Blood Father(2016) ****************** ဂျွန်လင့်ဆိုသူဟာ ထောင်ကထွက်လာပြိး စောင့်ကြည့်ကာလနဲ့နေထိုင်ရင်း အသောက်အစားဖြတ်ကာ ဘဝသစ်ပြန်စ၊ ဆိုးသွမ်းခဲ့တာတွေပြင်ဆင်၊ ဆုံးရှုံးခဲ့တာတွေ ပြန်အဖတ်ဆယ်ရင်းနဲ့၊ ဇနီးဖြစ်သူကလည်းပစ်သွားတဲ့အပြင် တစ်ဦးတည်းသောသမီးကပါ အိမ်ကထွက်ပြေးသွားလို့ ရှာမရဖွေမရဖြစ်ရင်း ပြန်လည်ထူထောင်ရေးစခန်းမှာသောင်တင်နေသူပါ။ သမီးဖြစ်သူ လဒ်ဒီယာဟာဆိုရင် အိမ်ကထွက်ပြေးရင်းမှ လူမိုက်ဂိုဏ်းသားတစ်ယောက်နဲ့ရည်းစားဖြစ်မိကာ အခြေအနေအမျိုးမျိုးကြောင့် ရည်းစားဖြစ်သူကိုသတ်မိသွားပါရော၊ ဆိုးတာက သူ့ကောင်လေးဟာ လူမိုက်ဂိုဏ်းကခေါင်းဆောင်ရဲ့တူဖြစ်နေတဲ့အပြင်၊ သူမကိုပါ ပိုက်ဆံတွေယူသွားတယ်ဆိုပြီး စွဲချက်တွေနဲ့အတူ၊ ရဲဘက်ကလည်း လူသတ်မှုနဲ့လိုက်ရှာပါတော့တယ်။ ကြံရာမရတဲ့အဆုံး ဖခင်ဆီကိုသာပြန်လာခဲ့ပြီး ဖခင်ဖြစ်သူက သမီးရဲ့အရှုပ်တွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို ကြည့်ရှုရမယ့် ဖအေနဲ့ သမီးတို့ရဲ့ စွန့်စားခန်းတစ်သီကြီးနဲ့ အက်ရှင်ကားဖြစ်ပါတယ်… File Size :(1.9GB)(and (718MB) Quality :Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…01:28:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

7 2016 88 mins
Blood Father
What’s Love Got to Do with It?
6.4

What’s Love Got to Do with It? (2022) =========================== IMDb Rating – 6.4/10 ဘာမှမညွှန်းခင် အရင်ဆုံးပြောချင်တာကတော့ ဒီကားကို တီတီတာတာလုပ်စရာ ရည်းစားမရှိတဲ့သူတွေ ကြည့်သင့် တယ်ဗျ။ “ရည်းစားမရှိလည်း အေးဆေးပါ အချိန်တန်ရင် အိမ်ကစီစဉ်ပေးလိမ့်မယ်” ဆိုတဲ့သူတွေဆို အပြေးကို ကြည့် သင့်တဲ့ကားမျိုးပါ။ အဲ….အိမ်ကတောင် စီစဉ်ပေးစရာလူ မရှိဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းမှာသာ တိုကင်ပေး ထားလိုက်ပါတော့။ အဖြစ်ကတော့ ဒီလို။ ကက်ဇ် က “အိမ်ထောင်ရေးမှာ အချစ်ဆိုတာက ပါမွှားပါ၊ နောက်ကျ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်” ဆိုတဲ့ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဒန်မှာမွေးတဲ့ ပါကစ္စတန်သား ဆရာဝန်တစ်ယောက်။ ဇိုဝီကတော့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆုတွေပါ ရရှိထားတဲ့ ဗြိတိန်သူလေး။ “ယောက်ျားယူတာ ကောင်းတယ်ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတယ် အပြင်မှာတော့ ယောက်ျားတွေက အလကားပဲ” ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။ သူတို့နှစ်ယောက်က ငယ်စဉ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီး မိသားစုချင်းကလည်း ပြောမနာဆိုမနာတွေဆိုပါတော့။တစ်ရက်မှာ ကက်ဇ်ရဲ့မိဘတွေက သူတို့ရဲ့ ပါကစ္စတန်ရိုးရာအတိုင်း သူ့ကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြပါလေရော။ အဲဒီမှာ ဇိုဝီက ကက်ဇ်ရဲ့ မိဘတွေအချင်းချင်း စီစဉ်ကြတဲ့ လက်ထပ်ပွဲကို မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးမယ်ဆိုပြီး ဖြစ်လာခဲ့တာပေါ့။ ဆိုတော့ ပါကစ္စတန် သားတွေရဲ့ အိမ်ထောင်ဖက်ရှာကြပုံတွေ၊ မိဘတွေစီစဉ်တဲ့ အိမ် ထောင်ရေးအကြောင်းတွေကို ရယ်စရာလေးတွေနှောပြီး ကြည့်ရှု့ ရမဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒါလေးပဲလားတော့ ဘယ်ဟုတ်မလဲလေ။ ဇာတ်ရဲ့အလှည့်အပြောင်း တွေကတော့ ရှိစမြဲပေါ့။ ဒါကိုတော့ ပရိသတ်တို့ ကိုယ်တိုင်ပဲ ကြည့်ရှု့ ကြည့်လိုက်ပါဗျာ။ အချိန်တစ်နာရီခွဲဝန်းကျင်အတွင်း စိတ်ပျော်သွား ရဖို့တော့ အာမခံပေးနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.8 GB) / (735 MB) / (422 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 48Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….May Thet Khine Soe Encoder……….SWM

Drama • Music • Adventure
6.4 2022
What’s Love Got to Do with It?
Cat Person
6.2

ဒီဇာတ်လမ်းလေးကတော့ ဆယ်ကျော်သက်အရွယ် ကောလိပ်ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို thrillerဆန်ဆန်မြင်တွေ့ရမယ့် ဇာတ်ကားလေးပါ….။ အဓိကဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး Emilia Jonesကလည်း ခုမှ အသက် ၂၁နှစ်ပဲရှိသေးတာမို့ ငယ်ရွယ်လှပတဲ့ ဒီဇာတ်ရုပ်နဲ့ ကွက်တိကျနေမှာပါ…။ ဇာတ်လမ်းအကျဥ်းလေးကတော့ မာဂေါ့ဟာ ကောလိပ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး၊ ရုပ်ရှင်ရုံမှာ အချိန်ပိုင်းအလုပ်လုပ်တဲ့ အလုပ်သမလေးပေါ့…။ ငယ်ရွယ်သူတိုင်းမှာ အချစ်ဇာတ်လမ်းကိုယ်စီရှိကြသလို မာဂေါ့ဟာလည်း ရုပ်ရှင်လာကြည့်နေကျ လူကြီးတစ်ယောက်ကိုမှ သဘောကျသွားမိပါတယ်….။ ဒီလိုနဲ့ အသက် ၂၀အရွယ်ကောင်မလေးတစ်ယောက်နဲ့ အသက် ၃၀ ဝန်းကျင် လူကြီးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးစခဲ့ပါတယ်…။ အစပိုင်းမှာတော့ အချင်းချင်း အချင်းချင်းစာပို့ရင်း ကြည်နူးကြရင်းနဲ့ နောက်ပိုင်းမှာချိန်းတွေ့မိသွားတဲ့အခါ… ဘယ်သူက ဘယ်လို redflagဖြစ်နေမလဲဆိုတာကို Drama၊ thrillerဆန်ဆန် ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်…။ File size…1.08GB / 519MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 58m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.2 2023
Cat Person
Ban Drugs
5.9

ဒါကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးမှာ တွဲဖက်ပါတနာကိုစတေးလိုက်ရတဲ့…… စခန်းမှူးကျန့် (၁၅)နှစ်ကြာပြီးနောက်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးမှာ တွဲဖက်ပါတနာကိုဆုံးရှုံးလိုက်ရတဲ့….အဖွဲ့ခေါင်းဆောင်လု အဖေလို ပြည်သူအတွက်အသက်ပေးပြီး အာဇာနည်ဖြစ်ချင်တဲ့… ရဲအရာရှိလေးဝမ် သူတို့(၃)ယောက်ပူးပေါင်းပြီး (၁၅)နှစ်ကြာအောင် ဖမ်းမမိနိုင်ပဲ ဥပဒေပြင်ပကိုရောက်နေတဲ့ မြေနဂါး တိလုံကို အမိအရဖမ်းဆီးနိုင်ဖို့ကြိုးစားတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ ပင်းဟိုင်မြို့မှာ မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးကြီးတစ်ခုလုပ်ခဲ့ပြီးနောက်မှာ မူးယစ်ဆေးရောင်းဝယ်မှုကြီးကြီးမားမားမရှိတော့ပါဘူး။ ဒါပေမယ့် (၁၅)နှစ်ကြာပြီးနောက်မှာ မူးယစ်ဆေးပမာဏများများရောင်းဝယ်တဲ့အမှုပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ပြီးသေသွားတဲ့ သူကလွန်ခဲ့တဲ့(၁၅)နှစ်က မူးယဇ်ရာဇာတိလုံရဲ့ DNAနဲ့တော်တော်လေးကိုက်ညီနေတာကိုတွေ့လိုက်ရတဲ့ခါ ပင်ဟိုင်မြို့ရဲ့ မူးယစ်ဆေးလောကကြီးကပြန်လည်တစ်ဖန်အသက်ဝင်လာပါတော့တယ်။ လွန်ခဲ့တဲ့(၁၅)နှစ်ကအမှုနဲ့ဘယ်လိုများပတ်သက်နေမလဲ…… ဒီတစ်ခါမှာရော မူးယစ်တိုက်ဖျက်ရေးစစ်ဆင်ရေးအောင်မြင်နိုင်မလား……

5.9 2023
Ban Drugs
[18+] Touchless Bez Doteku

Touchless (2013) Bez Doteku Dark Side Production အနေနဲ့ နိုင်ငံစုံက Dark Side ကားတွေကို တင်ဆက်နိုင်ဖို့ ကြိုးစားနေတာမလို့ ခုတစ်ခါလဲ Czech စကားပြောရုပ်ရှင်တစ်ခုဖြစ်တဲ့ Touchless (2013) ကိုတင်ဆက်လိုက်ပါတယ်။ Netflix ကနေ ထွက်ရှိခဲ့တာဖြစ်ပြီး ချက်ရုပ်ရှင်တွေ ဘယ်လိုအထာရှိလဲ ခံစားကြည့်ကြည့်တာပေါ့။ ဇာတ်လမ်းကတော့… ယိုလာနာဆိုတဲ့ကောင်မလေးဟာ သူမရဲ့ပထွေးဖြစ်သူနဲ့အတူတူ တစ်အိမ်ထဲနေကြပါတယ်… သူမဟာ အိမ်နဲ့အဆင်ပြေနေပေမယ့် ဆယ်ကျော်သက်တို့ထုံးစံအတိုင်း တစ်ရက်မှာတော့ ပထွေးဖြစ်သူနဲ့ ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းသွားပါတော့တယ်။ စိတ်ရူးပေါက်ရာလျှောက်လုပ်ရင်းနဲ့ ဘယ်ကိုရောက်သွားလည်းဆိုတော့ ပြည့်တန်ဆာအိမ်ကိုရောက်သွားပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ……။ (Dark Side Production မှ တင်ဆက်သည်။)

0 2013 72 mins
[18+] Touchless Bez Doteku
Coyote’s Bloodbath / Blue Wolf’s Bloody Lore
5.7

CM ကနေ ဒီတစ်ခါတင်ဆက်ပေးမှာကတော့ တရုတ်တော်လှန်ရေး ဇာတ်ကားပဲဖြစ်ပါတယ် ၁၉၄၄ ခုနစ် ဟယ်နန်ပြည်နယ်လုံးဝပျက်စီးသွားခဲ့တဲ့ ဂျပန်စစ်တပ်ရဲ့ အမှတ်၁ စစ်ဆင်ရေးကို အမှတ်၈ ကြည်းတပ်က ဘယ်လိုတိုက်ထုတ်ခဲ့လဲ‌ဆိုတာကို အဓိကထားရိုက်ကူးထားတာပဲဖြစ်ပါတယ် ကျော်ထန်ရဲ့ သစ္စာဖောက်မှုကြောင့် ဟယ်နန်ပြည်နယ်တစ်ခုလုံး ဖက်ဆစ်နွံထဲနစ်သွားတဲ့အချိန်မှာ ခေါင်းဆောင်မှူး ချန်ထျန်းဖန့်နဲ့ လက်ထောက်လူလန်တို့ဦးစီးပြီး စစ်နည်းဗျူဟာတွေကို ရွှေ့ပြောင်းကာ ဂျပန်စစ်တပ်ကို တိုက်ထုတ်ခဲ့ပါတယ် အဲ့ထဲကမှ ချင်ဖုန်းခေါင်း‌ေဆာင်တဲ့ ဝံပုလွေကွန်မန်ဒိုတပ်ဖွဲ့ကတော့ နာမည်ကြီးပဲဖြစ်ပါတယ် ချင်ဖုန်းဦးဆောင်ပြီး ဂျပန်စစ်တပ်ရဲ့ လက်နက်တိုက်ကို ဖောက်ခွဲခဲ့ပြီး ပင်မတပ်ရင်းအတွက် အချိန်ပိုရအောင်ဖန်တီးပေးခဲ့ပေမယ့် ရှင်းအန်းမြို့ကိုရောက်တဲ့အချိန်မှာတော့ ကျော်ထန်ရဲ့ လှည့်ကွက်ထဲကို ကျရောက်သွားခဲ့ပါတော့တယ် ဝံပုလွေကွန်မန်ဒိုတပ်ဖွဲ့ရဲ့ တိုင်းပြည်အတွက် ပြတ်သားတဲ့စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်ခဲ့တာကြောင့် နောက်ဆုံးမှာ ရန်သူတွေကို အနိုင်ရသွားခဲ့ပါတော့တယ် စစ်ကားကြိုက်တဲ့ပရိတ်သတ်တွေအတွက် တင်ဆက်ပေးတာမို့လို့ လက်လွတ်မခံဘဲ ကြည့်ရှုလိုက်ပါနော်

Thriller • Romance
5.7 2024
Coyote’s Bloodbath / Blue Wolf’s Bloody Lore
The Lifeguards
5.7

The Lifeguards (2024) IMDb Rating (5.7) ဒီဇာတ်ကားလေးကတော့ မိသားစုနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် Comedy ဇာတ်ကားလေးတစ်ခုပဲ ဖြစ်ပါတယ်။ မိုက်ခ်ဆိုတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်က စည်းနဲ့ကမ်းနဲ့နေထိုင်ကာ အိမ်တွင်းပုန်းစာကြမ်းပိုးလေးတစ်ယောက် ဖြစ်ပါတယ်။ နွေရာသီမှာ အလုပ်တစ်ခုခု လုပ်ထားမယ်ဆိုရင် ကောလိပ်ရောက်နိုင်ချေ များတယ်ဆိုပြီးတော့ သူတို့မြို့လေးက ရေကူးကန်မှာ lifeguard သွားလုပ်ပါတော့တယ်။ အလုပ်ကိုရောက်မှ သိလိုက်ရတာက နွေရာသီမှာ အလုပ်လာလာလုပ်ကြတဲ့ တခြား lifeguards တွေအကုန်လုံးက အရမ်းဗရုတ်ကျကြတာပါပဲ။ သူ့လိုပဲ အသက်မပြည့်သေးတဲ့ ကလေးတွေပါလည်း အရက်တွေသောက်ခိုင်း၊ ညဘက်တွေ ပါတီပေးနဲ့ မနက်ဘက် တာဝန်ချိန်ရောက်ရင် hangover ဖြစ်နေတတ်တဲ့ တသိုက်ပါ။ သူလည်း အစကတော့ ပါတီတွေ မသွားဘဲနေပေမယ့် သူတို့အဖွဲ့ထဲက အမ်မာဆိုတဲ့ တက္ကသိုလ်ကျောင်းသူ မမကို စိတ်ဝင်စားသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nway Oo K Zaw ဖြစ်ပါတယ်။) File size…(1.8 GB) / (930 MB) Quality….WEB-RIP 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:47:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nway Oo K Zaw

5.7 2024
The Lifeguards
Conquer: Lahad Datu Takluk: Lahad Datu
7.6

Conquer: Lahad Datu (2024) IMDb Rating (7.6) ၂၀၁၃ ခုနှစ်တုန်းက လာဟတ်ဒါတူးကိုဝင်ရောက်ကျူးကျော်ခဲ့တဲ့ အကြမ်းဖက်သမားတစ်သိုက်နဲ့ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့တို့ကြားက စစ်ရေးပဋိပက္ခဖြစ်ရပ်မှန်ကိုအခြေခံထားတာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုအဲ့ဒီနယ်မြေရဲ့အရိုက်အရာကိုဆက်ခံရမယ့် ဆူလ်တန်တစ်ဦးလို့ကြွေးကြော်ထားတဲ့ပုဂ္ဂိုလ်တစ်ယောက်နဲ့ သူ့နောက်လိုက် လက်နက်ကိုင်တစ်စုဟာ ၂၀၁၃ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ လာဟတ်ဒါတူးကို လှေတွေနဲ့ရောက်ရှိလာပြီးဝင်ရောက်ကျူးကျော်ခဲ့ပါတယ်။ အစိုးရဘက်က ပြည်သူတွေမထိခိုက်စေရေးအတွက် စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေစေလွှတ်၊ ဆွေးနွေးခဲ့ပေမယ့် မဖြစ်နိုင်လွန်းတဲ့ တောင်းဆိုချက်တွေကြောင့် ဆွေးနွေးပွဲပျက်ပြားခဲ့ပြီး စစ်ရေးပဋိပက္ခစတင်လာခဲ့ပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံတဲ့ ဇာတ်ကားဖြစ်ပေမယ့် ကြားညှပ်ထားတဲ့ subplot တွေ၊ emotion scenes တွေအပြင် ခမ်းနားပီပြင်တဲ့နောက်ခံဆက်တင်တွေ၊ သပ်ရပ်တဲ့အက်ရှင်ခန်းတွေကြောင့် အချိန်ပေးရကျိုးနပ်စေမယ့် action/thriller ကားကောင်းတစ်ကားအဖြစ်တွေ့မြင်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2.5 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mp4 Genre….Action, Crime, Drama, History, Thriller, War Duration….01:59:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

7.6 2024 120 mins
Conquer: Lahad Datu Takluk: Lahad Datu
The Ranger
5.8

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမအောင်တဲ့ကောင်လေးတစ်ယောက်ဟာ သူ့ကိုယ်သူသက်သေပြဖို့အတွက် ရွာကထွက်ပြေးလာပြီး မြို့ကသူငယ်ချင်းနဲ့အတူအလုပ်လုပ်ဖို့ရောက်လာခဲ့တယ်။ ဘိလိယက်ခုံမှာအလုပ်လုပ်ရမယ်ထင်ပေမယ့် တကယ်တမ်းကျတော့ သူတို့ရဲ့သူဌေးဟာနောက်ကွယ်မှာတရားမဝင်အလုပ်တွေလုပ်နေတာဖြစ်နေပါတယ်။ အဖေကဒါကိုသိပြီး လိုက်တားပြီးရွာကိုပြန်ခေါ်ပေမယ့် ဒါကိုမသိတဲ့ရိုးအတဲ့ကောင်လေးဟာ ရွာကအဖေကိုဆန့်ကျင်ပြီးတော့ မြို့မှာပဲလုပ်ဖို့ဂျစ်တိုက်ခဲ့တယ်။ အဲဒီနေ့ညမှာပဲ သူ့အဖေက တရားမဝင်အမဲလိုက်တဲ့သက်သေတွေကိုရသွားတဲ့အတွက် သတ်ခံလိုက်ရပါတယ်။ တော်တော်နဲ့အိမ်ပြန်မလာပဲ ရုတ်တရက်ပျောက်နေတဲ့အဖေကို ရှာတဲ့အခါမှ ကောင်လေးဟာအမှန်တရားကိုသိလိုက်ရတဲ့အခါ……

Action • Thriller
5.8 2025
The Ranger