YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) El Cid.S02E03.Wind.of.War.1080p.mp4

837.34 MB N/A video/mp4 225 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Where the Scary Things Are
5.2

အေလာတို့ သူငယ်ချင်းတစ်စုက အထက်တန်းကျောင်းတက်နေတာပါ။ ဆယ်ကျော်သက်တို့ရဲ့ ထုံးစံအတိုင်း အိမ်မှာမနေချင်ကြလို့ ပိတ်ထားတဲ့ ကစားကွင်းဟောင်းကြီးတစ်ခုမှာ သွားသွားအချိန်ဖြုန်းလေ့ရှိကြပါတယ်။ အစောင့်က မိသွားလို့ မိဘတိုင်ရုံမက ဘာလုပ်လုပ် သူတို့က အဲဒီကို သွားမြဲသွားဆဲပါပဲ။ တစ်နေ့ ကျောင်းမှာ သမိုင်းဆရာက ယုံတမ်း မကောင်းဆိုးရွားပုံပြင်တွေအကြောင်း ပြောပြပြီး သူတို့ကို အိမ်စာတစ်ခု ပေးလိုက်ပါတယ်။ အဲဒါကတော့ သူတို့ကိုယ်တိုင် ယုံတမ်းပုံပြင်တစ်ခု ဖန်တီးဖို့ပါပဲ။ ဒီလိုနဲ့ အဲဒီကစားကွင်းဟောင်းကြီးကို ပြန်သွားကြရင်း အဲဒီမှာ လူမဟုတ် တိရစ္ဆာန်မဟုတ်တဲ့ သတ္တဝါကြီးကို မြင်လိုက်ရတဲ့အခါ ... သူတို့ ဘာတွေ ဆက်လုပ်ကြမလဲ? ဘယ်လို ရင်ဆိုင်ကြမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat ပါ။) File Size : 1.3GB, 517MB & 257MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 33mins Genre : Horror Translated by May Myat Encoded by Kinnov

Action • Drama • Romance
5.2 2022 97 mins
Where the Scary Things Are
Five Elements Secret Art

CM ချစ်ပရိသတ်တွေအတွက် သိုင်းကားကောင်းလေးမိတ်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးက လွန်လေပြီးသော နှစ်ပေါင်းများစွာက ရှေးလူကြီးတွေက ရေမီးသစ်သား မြေ သတ္တု ဆိုတဲ့ ဒြပ်စင် ၅ မျိုးကို ဖော်စပ်ခဲ့ပြီး ဒီ ဒြပ်စင် ၅ ပါးရဲ့ အရှင်သခင်တွေက လောက ဘေးကင်းဖို့ကို ထိန်းသိမ်းဖို့ တာဝန်အသီးသီးယူဖို့ ကြံရွယ်ခဲ့တယ်...ဒါပေမယ့် ဒီရတနာအကြောင်းသိတဲ့ မသမာသူတွေက ဒီဒြပ်စင် ၅ပါးကို လက်ထဲအရယူပြီး လောကကို အုပ်စိုးဖို့ကြံခဲ့တယ်... ဒီလိုနဲ့ အာဏာနဲ့ ဂုဏ်၊ ကြွယ်ဝချမ်းသာမှုက အရေးကြီးတယ်လို့ ထင်ထားတဲ့ ဟင်းရွက်သည်လေး ယန်ရိကျင်းတစ်ယောက် သတ္တုအရှင်သခင်ဖြစ်လာခဲ့ချိန်မှာတော့... လောကရဲ့ တကယ့်တန်ဖိုးရှိတဲ့အရာကို ဆုံးရှုံးခဲ့ရပါတယ်... ဒါကြောင့်လည်း အချိန်ခရီးသွားချိန်မှာ သူဘာကိုပြောင်းလဲနိုင်မယ်ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ... ကဲ ဒြပ်စင် ၅ ပါးကို ဘယ်လို ကာကွယ်ကြမယ်... ရိကျင်းဆုံးရှုံးသွားတာက ဘာလဲ.... အချိန်ခရီးသွားပြီး ဘာပြောင်းလဲနိုင်မလဲ.... ဇာတ်ကားလေးကြည့်လိုက်တော့နော်..... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 26min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Mystery • Thriller
0 2022 86 mins
Five Elements Secret Art
Outlaw King
6.8

"အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander III နတ်ရွာစံံပြီးနောက်မှာ ဆက်ခံသူ မြေးတော် Magaretကလည်း ၁၂၉၀ မှာ ထပ်ပြီးနတ်ရွာစံတဲ့အခါ ထီးနန်းကိုဆက်ခံထိုက်တဲ့ သူကောင်းမျိုးအင်အားစု ၁၄ စုကြားမှာ နန်းလုတဲ့ စစ်ပွဲဖြစ်လာနိုင်တဲ့အခြေအနေဖြစ်လာခဲ့တယ်။ အင်္ဂလန်ပြည့်ရှင် ပထမမြောက်အက်ဒွပ်ဘုရင်ကို ကြားဝင်စေ့စပ်ပေးဖို့ အကူအညီတောင်းတဲ့အခါ အက်ဒွပ်က John Balliolကို နန်းတင်ပေးတယ်။ ၁၂၉၆ မှာ EdwardဟာJohn Balliolကို နန်းချပြီး စကော့တလန်ကို သိမ်းပိုက်လိုက်တယ်။ စကော့တလန်တစ်ပြည်လုံးဟာ ကျောချမှ ဓားပြမှန်း သိလိုက်ရတဲ့အဖြစ်ကြုံခဲ့ရပြီး အင်္ဂလိပ်တွေ ဗိုလ်ကျသမျှကို ခံရတော့တယ်။ အဲဒီနောက်မှာ အင်္ဂလိပ်တွေကို အတိအလင်းတော်လှန်မယ့် William Wallace ဆိုတဲ့ သူရဲကောင်းပေါ်ထွက်လာပြီး ဘုရင်Edwardကို တော်လှန်တဲ့အခါ မထင်မှတ်လောက်အောင် အောင်မြင်မှုတွေရတယ်။ ဒါပေမဲ့ သွေးကွဲနေကြတဲ့ စကော့တလန်သူကောင်းမျိုး အင်အားစုတွေကြောင့် Falkirkတိုက်ပွဲ(July 22, 1298)မှာ စကော့တလန်သားတွေ အထိနာပြီး ဝေါလေ့စ်လည်း တောပြန်ခိုရတဲ့ဘဝရောက်သွားတော့တယ်။ ဘုရင်Edwardဟာ စကော့တလန်ကို ပြန်သိမ်းပြီး သူကောင်းမျိုးတွေကို သစ္စာပြန်ခံစေတယ်။ နောင်တစ်ချိန်မှာ ဘုရင်ဖြစ်လာမယ့် Robert the Bruceဟာ သတ္တမမြောက် Bruceဖြစ်ပြီး သူ့ရဲ့ဖခင် ဆဋ္ဌမမြောက် Bruceဟာ Edwardနဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တယ်။ သတ္တမမြောက် Bruceဟာ ဝီလျံဝေါလေ့စ်ကို လေးစားကြည်ညိုသူဖြစ်ပေမယ့် နန်းလုနေတဲ့ သူကောင်းမျိူ းတွေကြားထဲမှာ အနေအထိုင် မမှားအောင်ဆင်ခြင်ရသူမို့ ဝေါလေ့စ်နဲ့ပေါင်းပြီး ထိထိရောက်ရောက် မတော်လှန်ဖြစ်ခဲ့ဘူး။ (Brave Heart 1995 ရုပ်ရှင်ထဲကလို မဟုတ်ပါဘူး) Edwardဟာ စိတ်မချရတဲ့ သတ္တမြောက်Bruceကို Ulsterမြို့စား Richard Ogရဲ့သမီး Elizabeth de Burghနဲ့ လက်ထပ်ပေးလိုက်တယ်။ Bruceက ပထမဇနီးကွယ်လွန်ခဲ့ပြီး သမီးတစ်ယောက် ရနေပြီ။ လက်ထပ်ချိန်မှာ Bruceက ၂၈ နှစ် Elizabethက ၁၈ နှစ်ပဲရှိပါသေးတယ်။ လက်ထပ်ပြီး မကြာမီမှာပဲ သူ့ရဲ့ဖခင် ဆဋ္ဌမမြောက် Bruce ကွယ်လွန်သွားပြီး ဘုရင်Edwardကလည်း ဝီလျံဝေါလေ့စ်ကို ဖမ်းမိသွားတယ်။ ဝေါလေ့စ်ကို ခေါင်းဖြတ် လေးပိုင်းပိုင်းပြီး နိုင်ငံ တနံတလျားကို တစ်ပိုင်းစီပို့စေတဲ့အခါ ဝေါလေ့စ်ကို သိပ်ကြည်ညိုတဲ့ စကော့တလန်မှာ ဆူပူမှုတွေဖြစ်လာတယ်။ ဒါဟာပုန်ကန်ဖို့ အချိန်ကောင်းပဲဆိုတာကို သိလိုက်တဲ့ Bruceဟာ သူရဲ့အင်အားအကောင်းဆုံး ပြိုင်ဘက် John Comynနဲ့ လက်တွဲပုန်ကန်ဖို့ ဆွေးနွေးတဲ့အခါ မမျှော်လင့်တဲ့ပြဿ နာဖြစ်လာတယ်။ သူပုန်ထမယ့်ကိစ္စကို Edwardဆီသတင်းပို့မယ်လို့ ခြိမ်းခြောက်တဲ့အခါ Bruceက သူ့ကိုဓားနဲ့ ထိုးလိုက်တယ်။ ဘုရားကျောင်းအပြင်ဘက်မှာ စောင့်နေတဲ့ နောက်လိုက်တွေဆီက Bruceဟာ လက်မှာသွေးတွေနဲ့ ပြန်ရောက်လာပြီး "ငါဓားနဲ့ထိုးလိုက်တာ Comynသေပြီလား မသိဘူး"လို့ ပြောတဲ့အခါ William Wallaceရဲ့ ရောင်းရင်းဖြစ်ဖူးတဲ့ Roger de Kirkpatrickက ဒါဆိုလက်စတုံးမှဖြစ်မယ်ဆိုပြီး ဘုရားကျောင်းထဲ ဝင်ပြီး သေအံ့မူးမူးဖြစ်နေတဲ့ Comynကို လက်စတုံးလိုက်တယ်။ ဒီလိုအခြေအနေဖြစ်သွားတဲ့အခါ Bruceကို ချက်ချင်းဘိသိတ်မြှောက်ပြီး ဘုရင်ဖြစ်ဖို့ လုံးပမ်းကြရတော့တယ်။ ဘုရားကျောင်းထဲမှာ လူသတ်မှုကျူ းလွန်တဲ့အတွက် ပုပ်ရဟန်းမင်းက Bruceကို အသိအမှတ်မပြုခဲ့ပါဘူး။ ဘုရင်ဖြစ်ပြီးပြီးချင်း Bruce စရင်ဆိုင်ရတာက Comynမိသားစုတွေနဲ့ Edwardကို သစ္စာခံထားတဲ့ အင်အားစုတွေကို စရင်ဆိုင်ရတယ်။ ၁၃၀၆ ဇွန်လမှာဖြစ်ခဲ့တဲ့ Methvenတိုက်ပွဲမှာ အကြီးအကျယ်အထိနာပြီး ထွက်ပြေးခဲ့ရတယ်။ Edwardရဲ့တပ်တွေ ထပ်ရောက်လာတဲ့အခါ Bruceရဲ့ မိသားစုတွေ အဖမ်းခံရပြီး အကျဉ်းချခံရတယ်။ညီလေးယောက်မှာ သုံးယောက် ရက်ရက်စက်စက် အသတ်ခံရတယ်။ အဲဒီအချိန်တွေဟာ Robert the Bruceအတွက် အခက်ခဲဆုံး အချိန်တွေပဲ။ ၁၃၀၆-၁၃၀၇ ဆောင်းကာလမှာ Bruceဟာ စကော့တလန်ပြင်ပထိ သွားရှောင်နေခဲ့ရပြီး တကြော့ပြန်ဝင်လာတဲ့အခါ သမားရိုးကျမတိုက်ဘဲ ပြောက်ကျားနည်းနဲ့ ရန်သူကို အထိနာအောင်တိုက်ပါတော့တယ်။ ၁၃၀၇ ခုနှစ် မေလမှာဖြစ်ပွားခဲ့တဲ့ လောင်ဒွင်တောင်ကုန်း (Loudoun Hill)တိုက်ပွဲဟာ စကော့တွေအတွက် သမိုင်းတွင်တဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး Robert the Bruceဟာ အင်အား ၆၀၀ တည်းနဲ့ အင်္ဂလိပ်တွေရဲ့ မြင်းတပ် အင်အား ၃၀၀၀ ကို ဗျူ ဟာကြွယ်ကြွယ်အနိုင်ယူပြီး အစွယ်ရိုက်ချိုးပြခဲ့တယ်။ စကော့တလန်ဘက်က ဆယ်ဂဏန်းအကျအဆုံးရှိပြီး အင်္ဂလိပ်တွေဘက်က အကျအဆုံး ရာချီပါတယ်။ ဒီတိုက်ပွဲမှာနိုင်ခဲ့ပေမယ့် Robert the Bruceဟာ စကော့တလန် တစ်ပြည်လုံးကို မနားတမ်း တိုက်ခိုက်ရ စည်းရုံးလိုက်ရတာ ၁၃၁၄ ခုနှစ်မှာ ညီလာခံ ကျင်းပပြီး အုပ်ချုပ်ရေး ပြန်လုပ်နိုင်ခဲ့တယ်။ ကံမကောင်းရှာတဲ့ Robert the Bruceဟာ သက်တော် ၅၄ နှစ်မှာ နူနာရောဂါနဲ့ ကွယ်လွန်တယ်လို့ ဆိုကြပါတယ်။ Brave Heart ရုပ်ရှင်ထဲမှာ နူနာရောဂါနဲ့ကွယ်လွန်တာ ဆဋ္ဌမမြောက် Bruce ဖြစ်ပေမယ့် မှတ်တမ်းတွေအရ ဒီရောဂါနဲ့ ကွယ်လွန်တာ King Bruce I (သတ္တမမြောက် Bruce)လို့ဆိုကြတယ်။ Robert the Bruceရဲ့ အုတ်ဂူကိုရှာဖွေတွေ့ရှိလို့ သူ့အရိုးတွေကို လေ့လာကြည့်တဲ့အခါ ဒီရောဂါလက္ခဏာ မတွေ့ရဘူးလို့ ဆိုတဲ့အခါ နူနာရောဂါနဲ့ ကွယ်လွန်တာ ဘယ် Bruceလဲ မခွဲခြားနိုင် ဖြစ်လာရတော့တယ်။ Robert the Bruceဟာ မိဖုရား Elizabethနဲ့ သားသမီးလေးယောက်ရခဲ့ပြီး သူ့ရဲ့ တီ ဆဋ္ဌမမြောက် Jamesဟာ အင်္ဂလန်နဲ့ စကော့တလန် နှစ်ပြည်ထောင်ရဲ့ ဘုရင် ဖြစ်လာခဲ့ပါတယ်။ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - ဒါရိုက်တာ David Mackenzieရဲ့ လက်ရာ Outlaw King(2018)ဟာ ဒီနှစ်ထွက်တဲ့ရုပ်ရှင်တွေထဲမှာ လူသိပ်မသိပေမယ့် ကြည့်ရတာ တန်တဲ့ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ Robert the Bruceအဖြစ် Chris Pineက သရုပ်ဆောင်ထားပြီး Black Douglasအဖြစ် Avengers: Age of Ultronထဲက သွားလေသူ Quicksilverအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Aaron Taylor Johnsonတို့က သရုပ်ဆောင်ထားတယ်။ Brave Heartလို Fictionများလွန်းတဲ့ ရုပ်ရှင်မျိုးမဟုတ်ဘဲ သမိုင်းမှန်နဲ့ ပိုနီးစပ်အောင်ကြိုးစားထားပေမယ့် စကော့တလန်မဆန်ဘူးလို့ ဝေဖန်ကြတဲ့အထိ ဟာတာတာဖြစ်နေပါတယ်။ Brave Heartထဲကလို James Hornerရဲ့ နောက်ခံတေးဂီတရဲ့ အင်အားကို မခံစားရတာလည်း ပါလိမ့်မယ်ထင်တယ်။ ကြည့်ကောင်းပြီး စိတ်ကျေနပ်ရတဲ့ရုပ်ရှင်မျိုး ဆိုပေမယ့် Brave Heart(1995)လိုတော့ အကြာကြီး လွမ်းမိနေမယ် မထင်ပါဘူး။ ဒီရုပ်ရှင်ကားကို Htet Htet Myint က ဘာသာပြန်ပေးထားပြီး အညွှန်းကိုတော့ Elvis မှ ရေးပေးထားပါတယ် Review By : Elvis Ref ~ The Battle of Loudoun Hill ~ Robert the Bruce ~ History of Scotland www.wikipedia.com

Crime • Sci-Fi & Fantasy
6.8 2018 122 mins
Outlaw King
A Savannah Haunting
4.4

A Savannah Haunting ================= သရဲကားမှကြည့်ချင်တာ၊ တကယ့်အဖြစ်အပျက်မှကြိုက်တာ ဆိုတဲ့သူတွေအတွက် သရဲကားအသစ်တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားကတော့ ဂျော်ဂျီယာပြည်နယ် ဆာဗားနားမြို့မှာရှိတဲ့ အိမ်တစ်အိမ်မှာ တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာဝီလီယမ် ကိုယ်တိုင် သူ့မိသားစုအိမ်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံဖြစ်ပြီး ဒီဇာတ်ကားကိုလည်း အဲဒီအိမ်မှာတင် ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရန်ကော့ မိသားစုဟာ ဆာဗားနားမှာရှိတဲ့ လူမနေတာကြာပြီဖြစ်တဲ့ အိမ်တစ်အိမ်ကို ပြောင်းလာခဲ့ကြပါတယ်။ ဒီအိမ်ဟာ ဟိုးရှေးရှေးကတည်းက အတိတ်ဆိုးတွေရှိခဲ့တဲ့အိမ်ဖြစ်နေပေမယ့် အိမ်ထောင်ဦးစီးဖြစ်သူ အဲရစ်ဟာ ဒါတွေကို ယုံကြည်တဲ့သူ မဟုတ်တာကြောင့် ပေါ့ပြက်ပြက်ပဲ နေနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မိသားစုအပေါ် ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကြုံတွေ့လာရပြီးတဲ့နောက်မှာ အဲရစ်တို့မိသားစုတွေ ဒီအိမ်ကြီးထဲက လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှူနေရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သာမာန်သရဲကားတွေလိုမဟုတ်ဘဲ တကယ့်အဖြစ်အပျက်နဲ့ ကျောရိုးတည်ပြီး ရိုက်ကူးထားတာကြောင့် ဖြဲတာ၊ ကြဲတာတွေ သိပ်မပါတာကြောင့် “ဝူးရှူးဝါးတွေကြောက်လို့ သရဲကားမကြည့်ရဲပါဘူး” ဆိုတဲ့သူတွေလည်း ကြည့်လို့အဆင်ပြေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

Adventure • Animation • Comedy • Family
4.4 2021 103 mins
A Savannah Haunting
[18+] Erotic Ghost Story II
4.5

Erotic Ghost Story ဆိုရင် မသိသူမရှိလောက်ပါဘူး။ လူသား နဲ့ ၀ိညာဥ်ကြားက အချစ်ကို အမျိုးမျိုးအဖုံဖုံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတွေပေါ့။ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်ကရိုက်ကူးထားတာမလို့ တကယ့်ဂန္တဝင် Softcore ဇာတ်ကားတွေပဲဖြစ်ပါတယ်။ ခုဇာတ်ကားကတော့ Erotic Ghost Story 2 ဖြစ်ပြီး အဲ့ဒီခေတ်တုန်းက ဟောင်ကောင်မင်းသမီးတပြုံကြီးပါဝင်ထားပါတယ်။ Anthony Chau-Sang Wong တို့ Amy Yip တို့လို နောင်မှာနာမည်ကြီးလာမယ့်သရုပ်ဆောင်တွေရောပေါ့။ Fantasy Horror Erotic အမျိုးအစားဖြစ်တာကြောင့် အတည်ပေါက်တွေနဲ့လန်းမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File Size : (2.6 GB) & (850 MB) Quality : BluRay 1080p & 720p Running Time : 01:37:53 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by CkCk Encoded by RGB

Comedy • Drama • Music • Romance
4.5 1991
[18+] Erotic Ghost Story II
Bakit Di Mo Sabihin
6.7

Bakit Di Mo Sabihin(2023) ************************ မင့်ဂ်နဲ့ နတ်တ်တို့ဟာ နှစ်ယောက်လုံး စကားမပြောတတ်ကြပေမယ့် အသည်းနှလုံးကပြောတဲ့ ဘာသာ စကားကို နားလည်သူတွေဖြစ်တဲ့အတွက် သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲပါ။ မင့်ဂ်က တောကတက်လာတဲ့သူဖြစ်ပြီး နတ်တ်က လူချမ်းသာမိသားစုကဖြစ်ပေမယ့် ချစ်ခြင်းတရားတဲ့ဖွဲနှောင်ထားတဲ့ ချစ်သူနှစ်ဦးကို ဂုဏ်ဒြပ်တွေက ခွဲခြားပစ်နိုင်စွမ်းမရှိသေးပါဘူး။ စကားမပြောတတ်ကြပေမယ့် ချစ်ခြင်းတရားကြောင့် တစ်ဘဝထူထောင်လိုက်တဲ့ သူတို့နှစ်ယောက်ဆီကို အိမ်သားတွေထပ်မံတိုးပွားလာချိန်မှာတော့ လောကဓံရဲ့ရိုက်ခတ်မှုကို တဖြည်းဖြည်းနဲ့ရော၊ မြန်မြန်ဆန်ဆန်ပါ ခါးစည်းခံလာရပါတယ်။ ဒီလိုလောကဓံတရားတွေကြားမှာ သိပ်ချစ်ရတဲ့ ချစ်သူနှစ်ဦးအတွက် အရင်ကလို ပျော်စရာတွေရှိပါဦးမလား၊ အခက်အခဲတွေကြားမှာ ချစ်ခြင်းနဲ့ နားလည်မှု ဘယ်သင်းက ပိုအရေးပါလဲ ဆိုတာတွေကို ဆွတ်ပျံကြည်နူးဖွယ်ရာ၊ လွမ်းမောဖွယ်ရာ ရိုက်ကူးထားတဲ့ ဖိလစ်ပိုင် အချစ်၊ ဒရာမာ၊ ဘဝသရုပ်ဖော် ဇာတ်ကားလေး ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ အများစုရိုက်ကူးထားတာဖြစ်တာကြောင့် လှပပြီးအရိုင်းဆန်တဲ့ သဘာဝ ရှုခင်းများစွာကို ခံစားကြည့်ရှုရမှာပါ။ စကားမပြောတတ်တဲ့သူများအပေါ် အလေးပေးပြီးနားလည်ပေးတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ File Size :(2.07GB)& (845MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:30:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

6.7 2023 120 mins
Bakit Di Mo Sabihin
30 Days of Night
7

30 Days of Night(2007) ******************** ဒီHorror,Action ကားဟာ အကောင်းဆုံး ဟော်ရာဇာတ်ကားစာရင်းဝင်သလို ဆုပေါင်း ၁၄ ခု ရရှိခဲ့ပြီး BOလည်းဝင်ခဲ့ပါတယ်…ဇာတ်ကားထဲက အက်ရှင်ခန်းတွေနဲ့ သတ်ဖြတ်ခန်းတွေဟာ ကြောက်စရာလည်းကောင်းသလို သွေးသံရဲရဲ ထိတ်လန့်စရာတွေလည်း ပါတာမို့ ကလေးသူငယ်တွေနဲ့ကြောက်တတ်တဲ့သူတွေမကြည့်သင့်ပါဘူး.. ပြီးတော့ ဇာတ်ကားရဲ့ အခြေပြုတည်နေရာကလည်း အနှုတ် ၁၀ ဒီဂရီလောက်အေးတဲ့ မြောက်ဝင်ရိုးစွန်းမှာတည်ရှိတဲ့မြို့ငယ်လေးမှာ ဇာတ်အိမ်တည်ထားတာဆိုတော့ ဟော်ရာအရာသာအပြည့်အဝကြီးကိုခံစားရမှာဖြစ်ပါတယ်… အာတိတ်စက်ဝိုင်းရဲ့မြောက်ဘက်ပိုင်း ကမ္ဘာ့မြောက်ဘက်စွန်းအခြမ်းဒေသထဲ ပါဝင်တဲ့ အလက်စကာပြည်နယ် ဘာရိုမြို့ငယ်လေးမှာ နှစ်စဉ်နှစ်တိုင်း ဆောင်းတွင်းကို တစ်လတာ ညအမှောင် နေရောင်မရတဲ့ရာသီဥတုရှိပါတယ် … နိုဝင်ဘာလပေါ့…ဒီတော့ လူတော်တော်များများဟာ ဆောင်းခိုဖို့ စက်တင်ဘာလကတည်းက တောင်ဘက်ပိုင်းဒေသတွေကို ဆောင်းခိုတဲ့အနေနဲ့ တဖွဲဖွဲထွက်သွားလေ့ရှိကြတယ်.. အဲ့ဒီနောက် နိုဝင်ဘာလရောက်တဲ့အချိန်တိုက်ဆိုင်စွာပဲ မြို့ခံလူတွေဟာ တဖြည်းဖြည်း အကောင်တွေကိုက်ခံရသလိုမျိုး ရက်ရက်စက်စက်နဲ့သေသွားကြလေ့ရှိတယ်.. အသတ်ခံရတဲ့သူတိုင်းဟာလည်း ဒီလိုအရာမျိုးတွေနဲ့တွေ့ဆုံတိုင်း မြန်ဆန်လွန်းတဲ့အတွက်ကြောင့် ပြင်ဆင်ချိန်မရလိုက်ဘဲ ဆိုးဝါးစွာသေဆုံးသွားလေ့ရှိတယ်.. နေရောင်မရတဲ့ဘဲ တစ်လလုံးမှောင်မိုက်နေတဲ့အပြင် အနှုတ် ၁၀ ကျော်အေးနေတဲ့ ဒီမြို့မှာ မြိုခံလူတွေဟာ ဒီကံကြမ္မာဆိုးကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကိုတော့… File Size : (2.7GB)(724MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:53:00 Genre : Action, Adventure, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by AOI Encoded by Phyo Pyae

Drama
7 2007 113 mins
30 Days of Night
Deadly Desire
6

Deadly Desire (2023) =============== IMDb Rating – 6.0/10 ငယ်သူငယ်ချင်းဖြစ်သူ ‌မယ်လိုဒီ့ကိုပြန်အဆက်အသွယ်လုပ်လိုက် ရာမှ ကံဆိုးမှုတွေကြုံလာရတဲ့ ဆိုဖီယာ။ ဆိုဖီယာ အိမ်ထောင်မပြုခင် အပျိုနောက်ဆုံးညပါတီပွဲကျင်းပဖို့အတွက် သူငယ်ချင်းတွေကိုခေါပြီး အပန်းဖြေအိမ်မှာ သွားနေကြတယ်။ ‌အဲ့ထဲမှာ မတွေ့တာကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်းဟောင်း မယ်လိုဒီလည်းအပါအဝင်ပေါ့။ ဒါပေမဲ့ အပျော်တွေကနေ ကံဆိုးမှုတွေအဖြစ်ပြောင်းလဲသွားတဲ့အခါ မှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ မယ်လိုဒီက ဘယ်လိုကံဆိုးမှု တွေကို ယူဆောင်လာတဲ့ဆိုတာ‌ကို ကြည့်ရှုရမဲ့ လူသတ်ကားတစ်ကား ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.0 GB) / (368 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Khant Sett Naing Encoder……….SWM

Adventure • Action
6 2023 90 mins
Deadly Desire
Twin Dragons
6.5

ဂျက်ကီရဲ့အကောင်းဆုံးဇတ်ကားတွေထဲကတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ပရိတ်သတ်တွေရင်းနှီးပြီးသားဇတ်ကားလေးတစ်ကားပါပဲ ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ကြတဲ့အမွှာညီအစ်ကိုနှစ်ယောက် တစ်ဦးကဂီတပညာရှင်ကြီး ကျန်တစ်ဦးကခပ်ဆိုးဆိုးဖိုက်တာလေးညီအစ်ကိုနှစ်ယောက် မတော်တဆပြန်ဆုံတွေ့မိကြပြီးတိုင်ပတ်ကြပုံအရူပ်တော် ပုံတွေကိုဟာသဆန်ဆန်မြင်တွေ့ကြရမှာပါ ဂျက်ကီရဲ့နှစ်ကိုယ်ခွဲအိုင်တင်အက်ရှင်အကြမ်းအရမ်းတွေကိုလည်းမြင်တွေ့ရမှာပါ ပြန်ကြည့်ချင်ပြီးသိမ်းထားချင်သူ တွေအတွက်ပြန်လည်တင်ဆက် ပေးလိုက်ပါတယ် File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by ….Garfield

Drama
6.5 1992
Twin Dragons
The Remains of the Day
7.8

The Remains of the Day (1993) ~ IMDb – 7.8/10, Rotten Tomatoes – 96% ~ ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler’s List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီ‌ဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး အထက်တန်းလူတန်းစားတစ်ရပ်ကိုတွေ့မြင်ရမှာပါ။ စည်းစနစ်ကြီးပြီး အလုပ်မှာသာ အရာရာမြှုပ်နှံထားတဲ့ စတီဗင်ဆိုတဲ့ အိမ်တော်ထိန်းကြီးတစ်ယောက် သူအိမ်ကြီးရှင် သခင်ဒါလင်တန်အပေါ် မှာထားတဲ့အကြွင်းမဲ့ယုံကြည်မှုနဲ့ သစ္စာတရားအပေါ် သခင်ဒါလင်တန် ကွယ်လွန်ပြီးနှစ်အတော်ကြာမှ သူကိုယ်တိုင်ပြန်မေးခွန်းထုတ်လာမိပါတယ်။ သခင်ဒါလင်တန်ဟာ တကယ့်လူကြီးလူကောင်းစစ်စစ်တစ်ယောက် အရှိန်အဝါကြီးသူတစ်ယောက်ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့ တလွဲစာနာမှုတစ်ခုအပေါ် အခြေခံမိတဲ့ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ဗြိတိန်နိုင်ငံသားတွေရဲ့ သစ္စာဖောက်လို့ အခေါ်ခံရမှုတွေအောက်မှာ နောက်ဆုံးနေ့တွေကို ဖြတ်သန်းခဲ့ရသူပါ။ ဂုဏ်ရှိန်ပြင်းချိန်ကစလို့ မီးငယ်မှိန်ချိန်အထိ အနားမှာ တောက်လျှောက်ခစားခဲ့တဲ့သူကတော့ အိမ်တော်ထိန်းကြီး စတီဗင်ပါ။ ဒါလင်တန်စံအိမ်ကြီးနဲ့ သခင်ဒါလင်တန်ဟာ စတီဗင်အတွက်တော့ ကမ္ဘာတစ်ခုလုံးပါပဲ။ သူ့ရဲ့ သခင်အသစ်က နားရက်ပေးပြီး ခရီးသွားခိုင်းချိန် “ကမ္ဘာကြီးကို နောက်ဆုံးမြင်ခဲ့တာ ဘယ်တုန်းကလဲ စတီဗင်” လို့မေးတာကို “အတိတ်တုန်းကတော့ ကမ္ဘာကြီးကသာ ဟောဒီအိမ်ကြီးဆီ အမြဲ အလည်လာနေကျပဲ” လို့ ပြန်ဖြေတတ်သူမျိုးပေါ့။ ဇာတ်လမ်းအစစ်ကဘယ်အချိန်မှာစလဲဆိုတော့ သခင်ဒါလင်တန် ကွယ်လွန်သွားပြီးနောက် စာနယ်ဇင်းတွေမှာ ပလူပျံနေတဲ့ မကောင်းသတင်းကို ကြားပြီး မခံမရပ်ဖြစ်တဲ့စိတ်နဲ့အတူ စတီဗင်ဆီ ရောက်ရှိလာခဲ့တဲ့ စာတစ်စောင်ကြောင့်ပါ။ စာကိုပို့လိုက်သူကတော့ တခြားမဟုတ်ဘဲ တစ်ချိန်က စတီဗင်နဲ့အတူ အိမ်တော်ကြီးမှာ အတူခစားခဲ့ကြတဲ့ မစ္စကန်တွန်ဆိုတဲ့ အမျိုးသမီးပါပဲ။ အိမ်တော်ထိန်းကြီးရဲ့ မျက်လုံးတွေကတဆင့် လွန်ခဲ့တဲ့ နှစ်၂၀က ဒါလင်တန်စံအိမ်မှာ ဖြစ်ပျက်ခဲ့သမျှတွေကို လက်ရှိအချိန်နဲ့ လူးလာကူးရင်းတွေ့ရမှာပါ။ ရုပ်ရှင်က ၂နာရီ ၁၄ မိနစ်စာဆိုပေမဲ့ ဘဝကြီးတစ်ခုလုံးစာကြာတယ်လို့ ခံစားရပါလိမ့်မယ်။ မကောင်းတဲ့သဘောနဲ့ပြောတာမဟုတ်ဘဲ အဲဒီလောက်ထိကို လူကိုကျေနပ်သွားစေတယ်လို့ ပြောချင်တာပါ။ မဆိုသစလောက်လေးတော့ လေးပေမယ့် ပေါ့ပေါ့ပါးပါးခံစားရစေမယ့် အပိုင်းလေးတွေလည်း ပါပါတယ်။ ဒီကားရဲ့ အိမ်တော်ထိန်းကြီး စတီဗင်နေရာမှာ သရုပ်ဆောင်ဖို့ကို Sir Anthony Hopkins က ဘတ်ကင်ဟမ်နန်းတော်မှာ အဲလိဇဘက်ဘုရင်မကြီးအတွက် အနှစ် ၅၀ အမှုထမ်းခဲ့တဲ့ Cyril Dickman လို့ခေါ်တဲ့ အိမ်တော်ထိန်းကြီးတစ်ယောက်ဆီကနေ လေ့လာသင်ယူအကြံတောင်းခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 900MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 14Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime • Thriller
7.8 1993 134 mins
The Remains of the Day
E-Sarn Zombie
5.6

E-Sarn Zombie (2023) ပိတ်ရက်လေးမှာ အဝchillချင်သူတွေအတွက် ထိုင်းဇွန်ဘီးကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ castတွေအနေနဲ့ကတော့ ဟိုတလောကခေတ်ထသွားတဲ့ ဂေါပက‌တွေ လက်တစ်လုံးခြားရိုက်စားလုပ်တဲ့ကား The Believer ထဲကမင်းသားနဲ့ Bad Genius ကားထဲက မင်းသမီးချောလေးက ပါဝင်အားဖြည့်ထားပါတယ်။ နန်အီဒန်ရွာလေးမှာဖွင့်ထားတဲ့ ဂွဒ်စတိုးဆိုင်က တခြား‌ဆိုင်ခွဲတွေနဲ့မတူဘဲရောင်းအားကလည်းထိုးကျပြီး bad review တွေဝေနေလို့ ရုံးချုပ်က အစ်တီချိုင်ကို မန်နေဂျာသစ်အနေနဲ့ စည်းကမ်းကြပ်ဖို့ လွှတ်လိုက်ပါတယ်။ အဲဒီမှာပဲ စည်းကမ်းကိုတဖွဖွပြောနေတဲ့အစ်တီချိုင်နဲ့ ပေကပ်ကပ်ဂျစ်ကန်ကန် နွန်တွန်တို့ တွေးကြတော့တာပါပဲ။ ဒီလိုနဲ့တစ်နေ့မှာ နွန်တစ်ယောက် ဆိုင်ကရက်လွန်အသားတွေ ခိုးခိုးသွားတာကို အစ်တီချိုင် သိလိုက်ရပြီး နွန်ရဲ့နောက်ကို တိတ်တိတ်လေး လိုက်သွားချိန်မှာတော့… စီရီပွန်ဂီတပွဲကို အသေရရအရှင်ရရနှစ်သက်ကြတဲ့ နန်အီဒန်ရွာသား အီဆန်သားတွေ စီရီပွန်ဂီတပွဲနေ့မှာပဲ ဘယ်လိုတွေကမောက်ကမဖြစ်ကြမလဲ‌ဆိုတာကို အခွီလေးတစ်ဖြတ်နဲ့ ရှုစားလိုက်ရအောင်ပါ။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou တို့ပဲ ဖြစ်ကြပါတယ်။ Genre….. Action, Comedy, Horror Quality…. 1080p | 720p File size… 1.2GB | 639MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary, Char Ou Encoder ….. Aaron

5.6 2023
E-Sarn Zombie
Vedaa
6.6

Vedaa (2024) “ဗေဒါပျံ အံကိုခဲ…” Genre – Action, Drama, Thriller IMDB – 6.6/10 မင်းသားကြီး John Abraham ရဲ့ ၂၀၂၄ အသစ်ထွက်ဇာတ်ကား ထွက်ရှိလို့ လာပါပြီ။ Maharaj နဲ့ Munjya တို့မှာလည်း ပါဝင်ထားတဲ့ မင်းသမီးချောလေး Sharvari နဲ့အတူ အတွဲညီညီ သရုပ်ဆောင်ထားကြတဲ့ အက်ရှင်ကားကောင်းလေးပါ။ ဗေဒါဆိုတဲ့ ကောင်မလေးဟာ ဇာတ်နိမ့်တဲ့မျိုးရိုး ဖြစ်တဲ့အတွက် အမြဲတမ်း ဖိနှိပ်ခံနေရတဲ့ဘဝကို မကျေမချမ်းဖြစ်ကာ ပြန်တွန်းလှန်ချင်သူလေးတစ်ယောက်။ အဲဒီအချိန်မှာပဲ သူတက်နေတဲ့ ကောလိပ်မှာ ဘောက်ဆင်အတန်းတစ်ခု စဖွင့်ဖို့ ကြေငြာလိုက်တော့ ကျားရဲဖြစ်မှ မြိုင်တောအလယ် ရှင်သန်နိုင်မှာကို တွေးမိပြီး ဝင်လျှောက်လိုက်တော့တယ်။ တစ်ဖက်မှာ မေဂျာအာဘီမန်ယူဆိုတာက အင်မတန်တော်ပြီး အရည်အချင်းရှိတဲ့ စစ်သားတစ်ယောက်။ ဒါပေမဲ့ စစ်ဆင်ရေးတစ်ခုမှာ ကိုယ်ရေးကိုယ်တာ အာဃာတကြောင့် စစ်သားဘဝကို အပြီးတိုင် စွန့်လွှတ်ခဲ့ရသူ။ ဒီလိုမျိုး အချိန်မတန်ခင် မာန်လျှော့လိုက်ရတဲ့ ကျားရဲတစ်ကောင်နဲ့ အမြင့်ကို ပျံသန်းချင်နေတဲ့ ဗေဒါငှက်မလေးတို့ဟာ ရေစက်ပါလို့ လာဆုံတွေ့ခဲ့ပြီး ဘယ်လိုစွန့်စားခန်းတွေ ထွက်ကြရဦးမလဲဆိုတာကို အက်ရှင်ခပ်မိုက်မိုက်တွေနဲ့ ကြည့်ရှုရယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်လို့ အားပေးလိုက်ကြပါဦးခင်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

6.6 2024 151 mins
Vedaa
The Master

The Master (2012) ***************** Joker 2019 ကိုကြည့်ပြီးတဲ့နောက် ဇာတ်လမ်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ… Joaquin Phoenix ရဲ့ သရုပ်ဆောင်ဟန်တွေကိုတော့ အားလုံးလိုလို ချီးကျူးခဲ့မိကြမယ်ထင်ပါရဲ့… ဒါ့ကြောင့် သူ့ရဲ့ဇာတ်ကားတွေထဲက အကောင်းဆုံးစာရင်းဝင်တဲ့ The Master ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း ————– ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန် စိတ်ဝေဒနာရှင်မိခင်တစ်ယောက်ရဲ့ သားဖြစ်သူဟာ… စစ်တပ်ကထွက်ပြီး အရပ်ဘက်အလုပ်တွေလုပ်ကိုင်ခဲ့တယ်။ ကံဆိုးတာက သူကိုယ်တိုင်က… အမေဘက်လိုက်တယ်လို့ ဆိုရမလား မသိ…သူ့မှာလည်း စိတ်ဝေဒနာအခံက ရှိနေပြန်တယ်။ သူဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိခဲ့တယ်။ သူကိုယ်သူလည်း ဘာချို့ယွင်းချက်ရှိနေလဲသိတော့… စိတ်ပညာရှင် မာစတာနဲ့ တွေ့ပြီးတော့…သူ့ရဲ့ဖြစ်တည်မှုကို ပြင်ဖို့ကြိုးစားပါတော့တယ်… ဘာတွေဆက်ဖြစ်မှာလဲဆိုတာ စိတ်ဝင်တစားနဲ့ ရသမျိုးစုံ ပေါင်းစုံခံစားရမှာဖြစ်လို့ … လုံးဝလက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ IMDb 7.2 နဲ့ Rotten 85% ရထားတာဖြစ်လို့ … အထူးတလည်ညွှန်းနေစရာတော့ မလိုတော့ဘူးထင်ပါတယ်ဗျာ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်…. File Size : 1.9 GB / 850 MB Quality : 1080p / 720p Format : mp4 Duration : 02:18:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Initiative Encoded by Heather Oo

Thriller • Drama
0 2012 137 mins
The Master
Brother
7.1

Brother (2000) IMDb Rating (7.1) / Rotten Tomatoes (47%) Brother ဆိုတာ တကာရှီ ကီတာနိုရဲ့ ဒါရိုက်တာအဖြစ်နဲ့ ဂျပန်-အမေရိကန် ယာကူဇာဇာတ်ကားတစ်ကားပါ။ ယာကူဇာအဖွဲ့ပြိုကွဲပြီးတဲ့အခါ ယမမတိုဆိုတဲ့ ဇာတ်လိုက်က ဂျပန်ကို စွန့်ခွာပြီး လော့စ်အိန်ဂျလိစ်ကို သွားရပါတယ်။ အဲဒီမှာ သူ့ညီဖြစ်သူ ကင်ကို ရှာဖွေပြီး မိမိရဲ့အခြေခံကို ပြန်တည်ဆောက်ဖို့ ကြိုးစားပါတော့တယ်။ ယမမတိုအနေနဲ့ တကာရှီ ကီတာနိုရဲ့ သရုပ်ဆောင်မှုက တကယ်ကိုအေးဆေးတည်ငြိမ်နေတာနဲ့ ကြမ်းတမ်းမှုတွေကို တစ်ပြိုင်နက်တည်းပေးစွမ်းနိုင်တာ အံ့သြစရာပါပဲ။ ဇာတ်လမ်းက မိသားစုတန်ဖိုး၊ သစ္စာရှိမှု၊ ယာကူဇာရဲ့ယဉ်ကျေးမှုတွေအပြင် အကြမ်းဖက်မှုရဲ့ကျိန်စာတွေကိုပါ ထိထိရောက်ရောက် ဖော်ပြထားပါတယ်။ ဂျပန်ယာကူဇာယဉ်ကျေးမှုနဲ့ အမေရိကန်လမ်းသရဲဂိုဏ်းတွေ ပေါင်းစပ်မှုကလည်း တမူထူးခြားတဲ့ ပုံစံတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ ဇာတ်လမ်းရဲ့အဆုံးသတ်ကတော့ ဝမ်းနည်းစရာဖြစ်စေနိုင်သလို တကယ်တန်ဖိုးရှိတဲ့ သင်ခန်းစာကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ရိုက်ချက်ကလည်း ရိုးရှင်းပြီး တကာရှီရဲ့ထုံးစံအတိုင်း ဟာသနဲ့ ကြမ်းတမ်းမှုတွေကို သေချာပေါင်းစပ်ထားတာဆိုတော့ ကြည့်ရတာ တကယ်ပျော်ဖိုလည်းကောင်းသလိုအထာလည်းကျပါတယ်။ ယာကူဇာဇာတ်ကားတွေကို ကြိုက်တယ်ဆိုရင်တော့ Brother ကို လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(4 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Crime,Drama,Thriller Duration….01:53:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Banyar Aung

7.1 2000 114 mins
Brother
In the Land of Brothers Dar sarzamin-e baradar
7.3

In the Land of Brothers (2024) IMDb Rating (7.3) / Rotten Tomatoes (100%) ၂၀၁၁ စက်တင်ဘာ ၁၁မှာဖြစ်ခဲ့တဲ့ 9/11အပြီးမှာ အမေရိကန်က တာလီဘန်တွေအုပ်စိုးနေတဲ့ အာဖဂန်နစ္စတန်ကို War on terror ကြေညာပြီး စစ်စတိုက်ခဲ့တဲ့နောက် အာဖဂန်မှာ ဗုံးတွေနေ့တိုင်းကျနေပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အာဖဂန်တွေဟာ အီရတ်တွေဆီ သွားခိုလှုရတဲ့အခါ အီရတ်မှာ ခိုလှုရတဲ့ အာဖဂန်တွေကြုံဆုံရတဲ့ အခြေအနေဘဝအသီးသီးကို မတူတဲ့သက္ကရာဇ်၃ခုနဲ့ ၃ပိုင်းခွဲပြီး ၂၀၀၁ကနေ ၂၀၂၁အထိ ခေတ်အဆက်ဆက် ခိုလှုမှုအဆက်ဆက်ကြားကြုံရတဲ့ ဖေးမတာတွေရော ဖေးလိုမတာတွေရော ပုံပေါ်အောင် တင်ဆက်ထားတဲ့ ရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.5 GB) / (920 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:31:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Drama
7.3 2024 95 mins
In the Land of Brothers Dar sarzamin-e baradar