YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) Diabolik (2021) 720p.mp4

1.03 GB N/A video/mp4 2305 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Life and Death Travel

လောကမှာ သရဲဆိုတာမရှိဘူး။ သရဲဆိုတာ လူတွေရဲ့အတွင်းစိတ်မှာ ပုန်းအောင်နေတဲ့ မကောင်းဆိုးဝါးစိတ်ကပြန်ချောက်လှန့်နေတာပါ။ စိတ်တွေဖောက်ပြန်လာတဲ့အခါ ကြောက်စရာကောင်းတဲ့လုပ်ရပ်တွေ လုပ်လာတတ်ကြတယ်။ ဒီဇာတ်လမ်းလေးမှာ လူ့စိတ်ကြောင့်ကြောက်စရာကောင်းတာတွေ ဖြစ်လာတတ်တဲ့ပုံကိုတင်ဆက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လူငယ်လေးတစ်စုခရီးတောင်ပေါ်ကိုအပျော်ခရီးထွက်လာကြတယ်။ လူငယ်သဘာဝ ခရီးတစ်လျှောက်ရောက်တက်ရာရာ ပေါက်ကရတွေပြောကြတာပေါ့။ သူတို့တွေတည်းတဲ့တည်းခိုခန်းကို ရောက်တဲ့အခါ လမ်းမှာပြောခဲ့တဲ့ သရဲဇာတ်လမ်းထဲကအတိုင်း သရဲမနဲ့ကြုံတွေ့ကြရပါတယ်။ အဲဒါတင်မကဘူး အားလုံးဟာထင်ယောင်ထင်မှားတွေဖြစ်ပြီး ကိုယ်စီပိတ်မိနေကြပါတော့တယ်..... ရှေ့ဆက်ပြီး ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦး Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 5 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Adventure • Drama • Horror • Western
0 2019 65 mins
Life and Death Travel
Lost in Saigon

Lost in Saigon ဆိုတဲ့ ဗီယက်နမ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဇာတ်လမ်း အကျဉ်းလေးကတော့ မိသားစု တစ်စုမှာ မိန်းမက ကလပ်မှာ သီချင်းဆိုပြီး အိမ်ထောင်ဦးစီးလုပ်ပြီး ယောကျာ်းဖြစ်သူမှာ ကလေးထိန်း ဟင်းချက် အဝတ်လျော်ကာ အိမ်ရှင်မ ရာထူးကို ယူထားကြပါတယ်။ မိန်းမဖြစ်သူမှာလည်း သူငယ်ငယ်က အဆိုတော်ကြီးဖြစ်ချင်တဲ့ အိပ်မက်ကို စပွန်ဆာဘဲကြီး တစ်ပွေက စပွန်ဆာပေးမည်ဟု ပြောလာပါတယ်။ ဒါနဲ့ပဲ မိန်းမ ဖြစ်သူဟာ နာမည်မကြီးခင် စနေနှစ်ခိုင် အရင်ကြီးအောင်လုပ် ဆိုတဲ့ ထုံးကို နှလုံးမူပြီး ခွဲစိတ်ဖို့ အတွက် ပိုက်ဆံလိုလာပါတယ်။ ဒါနဲ့ အိမ်ကယောကျာ်းပေးထားတဲ့ လက်ထပ်လက်စွပ်ကို ရောင်းပြီး စနေနှစ်ခိုင်ကြီးအောင် လုပ်မယ်ဆိုပြီး လုပ်ရာကနေ ယောကျာ်းနဲ့စကားများပြီး အရောင်းဆိုင်ကို ရောက်သွားပါတော့တယ်။ ကံဆိုးချင်တော့ ရွှေဆိုင်ကို ဓားပြလာတိုက်တာနဲ့ကြုံပြီး မျက်မြင်သက်သေတွေဖြစ်ကာ သူတို့မိသားစုလေးနဲ့ဓားပြတွေ ဘယ်လိုတွေ နှစ်ပါးသွားပြီး တွေ့ကြမလဲ သူတို့ရဲ့ အိမ်ထောင်ရေးကကော ဘယ််လိုတွေဖြစ်ကြမလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေ အရွှန်းဖောက်ကာ ရယ်စရာကောင်းတဲ့ မိသားစု ကားလေးဖြစ်ပါတယ်။ ဗီယက်နမ်ကားဆိုတော့လဲ လူတိုင်းနဲ့ မစိမ်းတဲ့ပုံစံမျိုးလေး တင်ဆက်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre.....Comedy Quality…. 1080p | 720p | 480p File size…2.2GB | 1.2GB | 522MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... August

Comedy • Drama
0 2016 100 mins
Lost in Saigon
Azumi
6.9

IMDB Rating (6.9) ဂျပန်နင်ဂျာဆာမူရိုင်းကားဆိုတာ ဒါမျိုးလို့ ဆိုရလောက်အောင် Azumi ဇာတ်ကား ၂ ကားလုံးက အခုတ်အဖြတ် အတိုက်အခိုက်တွေနဲ့ နာမည်ကြီးခဲ့တဲ့ တကယ့်ဖိုက်တာ ဂျပန်ကားတွေပါပဲ။ ဇာတ်လမ်းကတော့ Azumi ဆိုတဲ့ ဂျပန် နင်ဂျာမလေး တစ်ယောက်အကြောင်းကို အခြေပြုထားပါတယ်... သူမဟာ ရုပ်ကလေးလှပြီးနုဖတ်နေပေမယ့် လူသတ်ဖို့ မျက်တောင်မခတ်တမ်း ရက်စက်တတ်သူ ဖြစ်ပြီး လူပုံစံ ပျော့ပျောင်းသလောက် စိတ်ဓါတ်ခိုင်မာသူ တစ်ယောက်လဲ ဖြစ်ပါတယ်... အုပ်ချုပ်ရေး အဖွဲ့တစ်ခုကို ဆန့်ကျင်တော်လှန်သူခေါင်းဆောင်တစ်ယောက်ဟာ နှစ်ပေါင်းများစွာတိုင် ကလေး တစ်ချို့ကို ဓါးသိုင်း လက်ထပ် သင်ကြားပျိုးထောင်ခဲ့ပါတယ်...အဲ့ဒီ့ကလေးတွေ အရွယ်ရောက်ပြီး ပညာစုံလာတဲ့အခါမှာ လူရောစိတ်ရောမာကျောလာဖို့နဲ့ တာဝန်တွေကို လုံးဝလိုက်နာဖို့ ပြင်းထန်တဲ့ သင်ခန်းစာကို ရက်စက်စွာ သင်ကြားပါတော့တယ်။ အဲ့ဒီ့ သင်ခန်းစာထဲမှာ ရက်စက်တတ်တဲ့ လူသတ်သမားအချို့သာ အသက်ရှင်ကျန်မှာဖြစ်ပြီး ဒီထဲမှာ မိန်းမလှလေး Azumi ဟာလဲ ပါဝင်ခဲ့ပါတယ်။ အာဇုမိဟာ Jidaigeki အမျိုးအစား ရုပ်ရှင်တစ်ကားပါ။ Jidaigekiဆိုတာကတော့ ဂျပန်သမိုင်းရဲ့ 1603 ကနေ 1868အထိအတွင်းက တိုခုဂဝရဲ့ခေတ်မှာ အဓိကဇာတ်အိမ်တည် ရိုက်တတ်တဲ့ သမိုင်းကားတွေကို ခေါ်တာပါ။ဂျပန်သမိုင်းရဲ့ အကြီးကျယ်ဆုံး ဆာမူရိုင်းစစ်ပွဲ၁၁ခုထဲက တစ်ခုဖြစ်ခဲ့တဲ့ တိုခုဂဝရဲ့ ခေတ်မှာ ဇာတ်အိမ်တည်ထားပြီး တိုခုဂဝနာမည်ကိုလည်း ဇာတ်ကားထဲမှာ သုံးထားတယ်။ ဇာတ်လမ်းကတော့ အဲဒီခေတ်က အကြီးကျယ်ဆုံး ဆာမူရိုင်းစစ်ဘုရင်တစ်ယောက်ဖြစ်ခဲ့တဲ့ တိုရိုတိုမိနဲ့တိုခုဂဝတို့ခေတ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီခေတ်မှာ လုပ်ကြံရေးသမားအဖွဲ့တစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ သူတို့အဖွဲ့က စစ်ကို ဘယ်သူပဲနိုင်နိုင် သတ်ဖြတ်မှုတွေကရှိနေမှာမို့ စစ်နယ်ရှင်တွေကို လုပ်ကြံဖို့ အသန်မာဆုံး ဆာမူရိုင်းတွေဖြစ်လာအောင် လေ့ကျင့်ပေးတဲ့ အဖွဲ့ပါပဲ။ စစ်ပွဲမရှည်ရအောင် တိုရိုတိုမိရဲ့ မဟာမိတ်စစ်နယ်ရှင်သုံးယောက်ကို လုပ်ကြံဖို့ ဖွဲ့ထားတဲ့ အဖွဲ့လည်းဟုတ်ပါတယ်။ အချင်းချင်းပြန်သတ်ခိုင်းပြီး ကျန်တဲ့လူကိုပဲ ဆက်ရှင်သန်ခွင့်ပေးတဲ့အထိကို လေ့ကျင့်မှုတွေက ပြင်းထန်ပါတယ်။ အာဇုမိရုပ်ရှင်ဟာ ဒီလေ့ကျင့်ရေးပြီးမြောက်ပြီးတဲ့နောက် စစ်ကိုတားဖို့ စစ်နယ်ရှင်တွေကို သတ်ဖြတ်လုပ်ကြံတဲ့အကြောင်း ရိုက်ထားတဲ့ ခပ်ကြမ်းကြမ်းဆာမူရိုင်းကားတစ်ကားပါပဲ။ တစ်နဲ့နှစ် နှစ်ကားထွက်ထားပြီး နှစ်ကားစလုံး အချိန်တစ်ဆက်တည်းပါပဲ။ Part 1, Part 2လို့ခေါ်ရင် ပိုမှန်ပါလိမ့်မယ်။ အာဇုမိဟာ Kenshin ဇာတ်ကားတွေလောက်နီးနီး နာမည်ကျော်ခဲ့တဲ့ တစ်ခေတ်တစ်ခါက ဆာမူရိုင်းကား ဖြစ်တာနဲ့အညီ Fight Sceneတွေလည်း တော်တော်ကောင်းပါတယ်။ မူရင်းမန်ဂါကလည်း တော်တော်နာမည်ကြီးခဲ့သလို ရုပ်ရှင်ဟာလည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပါတယ်။ Azumi ဇာတ်ကား ၂ ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=azumi  ကြည့်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Phoo Lin မှ တင်ဆက်ထားပါတယ်။) File size…(2.8 GB)/(1.5 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:15:o2 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Phoo Lin

Action • Drama • Thriller
6.9 2003 128 mins
Azumi
Death on the Nile
7.1

~ IMDB - 7.3/10, RT - 78%, Meta - 59% ~ (ဒီ Death on The Nile - 1978 နဲ့ အသစ်ထွက် 2022 ဗားရှင်းဟာ ဇာတ်ကျောရိုးချင်းအတူတူပေမဲ့ 2022 ဗားရှင်းက‌တော့ မူလကာရိုက်တာတချို့ကို ပြောင်းသင့်တန်ပြောင်း လဲသင့်တန်လဲပြီး ဇာတ်ကြောင်းတချို့ကိုပါ ခေတ်နဲ့ ဆီလျော်အောင် ပြန်ရိုက်ထားတာမို့ အဟောင်းကရော၊ အသစ်ကရော အရသာတစ်မျိုးစီ ရမှာအသေအချာပါပဲ) Death On The Nile ဟာ အဂ္ဂသာခရစ္စတီရဲ့အကောင်းဆုံး ၀တ္တု‌တွေထဲကတစ်ခုကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ အနောက်တိုင်းစုံထောက်၀တ္တုရေးဆရာတွေထဲ ဆာအာသာကိုနင်ဒွိုင်းပြီးရင် ကျွန်တော်အရင်းနှီးဆုံးက အဂ္ဂသာခရစ္စတီပါပဲ။ အမြန်ရထားပေါ်ကလူသတ်မှု၊ ဟီလာရီ၊ ဂြိုလ်မွှေတဲ့ ကျောက်မျက်ရတနာ၊ လေယာဉ်ပေါ်ကလူသတ်မှု စသဖြင့် အဂ္ဂသာခရစ္စတီ၀တ္တုတွေကို တက္ကသိုလ်နေ၀င်းက တော်တော်ဘာသာပြန်ခဲ့တာကြောင့်လည်း ရင်းနှီးနေတာပါပဲ။ သိပြီးတဲ့အတိုင်း ခရစ္စတီရဲ့၀တ္တုတွေမှာ ဇာတ်လိုက်ကျော်စုံထောက်က ဟာကြူလီပွိုင်ရို့ (ဝါ) ပွာရိုပါ။ စာအုပ်ထဲကစကားအတိုင်းပြောရရင် သမားရိုးကျစုံထောက်တွေကို စာရေးဆရာတွေက ပုံဖော်တဲ့နေရာမှာ ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်း ဖျတ်လတ်ပြီး စွန့်စားရ ဝါသနာထုံတဲ့လူတွေအဖြစ် အသက်သွင်းကြတာများပါတယ်။ အဂ္ဂသာရဲ့ ဟာကြူလီကတော့ ဘယ်ဂျီယမ်သား ပုပု နှုတ်ခမ်းမွှေးကားကားလူ၀ကြီးပါပဲ။ သို့ပေမဲ့လည်း စုံထောက်အမှုမှာ သူမတူအောင် တော်တဲ့လူပါ။ သူ့အမှုကို ဖော်ထုတ်ပုံတွေကလည်း အမြဲစိတ်၀င်စားစရာကောင်းနေတာပါပဲ။ အဂ္ဂသာခရစ္စတီဟာ ဟာကြူလီပွိုင်ရို့ပါတဲ့ စုံထောက်၀တ္တု ၃၃အုပ်၊ ပြဇာတ်၂ခုနဲ့ ၀တ္တုတို ၅၀ရေးသားခဲ့ပါတယ်။ ရုပ်ရှင်ကားအဖြစ်လည်းအတော်များများ အသက်သွင်းခဲ့သလို season 13 ခုရှိတဲ့ Series ရှည်ကြီးလည်း ထွက်ခဲ့ပါတယ်။ ပွိုင်ရို့ရဲ့ Death On The Nile အမှုဟာလည်း အမြန်ရထားပေါ်ကလူသတ်မှုလိုပဲ စိတ်၀င်စားစရာအတော်ကောင်းတဲ့ အကွေ့အကောက်အတော်များတဲ့ အမှုပါပဲ။ ခဏခဏပြန်ရိုက်ကြတဲ့ဇာတ်‌ဆိုပေမဲ့ 1978 ဗားရှင်းရဲ့ castingကို စာအုပ်ပရိတ်သတ်တွေက သိပ်အားရခဲ့ကြသလိုပဲ 1978 ရဲ့ casting ဟာ ဇာတ်ကောင်တွေနဲ့ အတော်လိုက်ဖက်ပါတယ်။ ဟာကြူလီကလည်း စာအုပ်အတိုင်းလိုက်ဖက်ပြီး အကုန်လုံးသူ့နေရာနဲ့သူ အံ၀င်ခွင်ကျရှိပါတယ်။ သုံးထားတာက Peter Ustinov တို့ Mia Farrow တို့ David Niven တို့ Betty Davis တို့ Jane Brikin တို့ Lois Chiles တို့ Maggie Smith တို့လို တစ်ခေတ်တစ်ခါရဲ့ စတားတွေချည်းပါပဲ။ All-star castတွေကို သုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးရာမှာ တကယ် အီဂျစ်ကို သွား ရိုက်ကူးခဲ့သလို လှေကလည်း သမိုင်း၀င်လှေပေါ်မှာပဲ ရိုက်ကူးခဲ့တာပါ။ ဆိုတော့ကာ ဇာတ်ကောင်အပါအ၀င် အရာအားလုံး သဘာ၀ကျတယ်လို့ ပရိသတ်ကို ကောင်းကောင်းကြီး ခံစားရစေပါတယ်။ အီဂျစ်က နာမည်ကျော် နေရာအများစုကိုလည်း လှလှပပကို ထည့်သွင်းရိုက်ကူးထားတာပါပဲ။ ဒါရိုက်တာကတော့ အီဂျစ်မှာ အဂ္ဂသာခရစ္စတီပရိတ်သတ်တွေအရမ်းများတာကြောင့် အီဂျစ်အစိုးရက ဒီရုပ်ရှင်အတွက်အများကြီးအထောက်အကူပေးခဲ့တယ်ဆိုပါတယ်။ Costume ပိုင်းမှာလည်း ဒီဇာတ်ထဲက အချမ်းသာဆုံးဖြစ်တဲ့ Linnet တဖြစ်လဲ Chiles ရဲ့ ဒေါက်ဖိနပ်မှာ စိန်အစစ်တွေစီခြယ်ထားပြီး Davis ရဲ့ဖိနပ်တွေကိုတော့ စပါးအုံး၂၆ကောင်ရဲ့ အရေခွံနဲ့လုပ်ထားတယ်ဆိုပါတယ်။ 51 ကြိမ်မြောက် အော်စကာပွဲမှာ Academy Award for Best Costume Design ကိုလည်း ရရှိထားတဲ့ ရုပ်ရှင်ပါပဲ။ အမှုအကြောင်းကတော့ မဟတော့ပါဘူး။ အရန်ကာရိုက်တာတွေအားလုံးကို သေချာပုံဖော်ထားပြီး အားလုံးက တစ်နည်းတစ်ဖုံ ထူးခြားနေကြတော့ အမှုဖြစ်ရာပတ်၀န်းကျင်မှာ ရှိသမျှလူတစ်ယောက်ချင်းစီကို သေသေချာချာစစ်ဆေးတတ်တဲ့ ဟာကြူလီရဲ့ထုံးစံအတိုင်း ရှိသမျှလူတွေကို စစ်ဆေးတာကို ကြည့်ရတာက တော်တော်အရသာရှိပါတယ်။ နောက် ဒီထဲက ပွိုင်ရို့ရဲ့ အတည်ပေါက်ကြီးနဲ့ ထပြောင်တာတွေကလည်း တော်တော်သဘောကျစရာကောင်းပါတယ်။ အဂ္ဂသာခရစ္စတီရဲ့ပုံစံအတိုင်းပဲ သံသယတရားခံတွေကို ပရိသတ်ကို တစ်ယောက်ချင်းစီ သေချာပြသွားမှာဖြစ်လို့ စိတ်ပါရင် ရုပ်ရှင်အဆုံးနားမရောက်ခင်အထိ ၀င်မှန်းကြည့်နေလို့ရပါတယ်။ နီးစပ်ကောင်းနီးစပ်တဲ့အဖြေကိုရနိုင်ပေမဲ့ သေချာတာကတော့ ကျိန်းသေပေါက်တပ်အပ်တော့ မှန်မှာမဟုတ်ပါဘူး။ ဘာလို့ဆို အဂ္ဂသာခရစ္စတီမို့ပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.1GB, 1.1GB Quality - Blu-ray 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 20Min Genre - Crime, Drama, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action
7.1 1978 140 mins
Death on the Nile
Surrounded
5.8

IMDb rating - 5.5/10 လွတ်လပ်တယ်ဆိုတာကို ပရိတ်သတ်ကြီးတို့ ဘယ်လိုခံယူထားပါသလဲ။ဒီရုပ်ရှင်မှာတော့ လူမည်းအမျိုးသမီးတစ်ယောက် ခံယူထားတဲ့ လွတ်လပ်ခြင်းရဲ့အနှစ်သာရကို ထိထိမိမိရိုက်ကူးတင်ဆက်ပြသထားပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... Mo Washington က လွတ်လပ်ခွင့်ရထားတဲ့ အမျိုးသမီးတစ်ဦးပါ။ အမေရိက civil war ဖြစ်ပြိးကတည်းက သူလွတ်မြောက်နေတာ ၅ နှစ်တာရှိပြီဆိုပေမဲ့ ဦးတည်ရာမဲ့နေတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ တစ်နေ့တော့ ကော်ရိုရာဒိုမှာ မြေပိုင်ဆိုင်ခွင့် သူမမှာရရှိခဲ့ပါတယ်။ ဒီတော့ သူမရဲ့မျိုးနွယ်စုအတွက် ခိုနားရာနေရာတစ်ခုအဖြစ် ဖန်တီးပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယောက်ျားလေးအသွင်ယူပြီး ကော်ရိုရာဒိုကိုသွားမယ့် လှည်းနဲ့လိုက်ပါလာခဲ့‌ေပမဲ့ အဲဒီလှည်းက လမ်းမှာ အတိုက်ခိုက်ခံလိုက်ရတဲ့အခါမှာ ဘဏ်ဓားပြကြီး Tom Walsh ...အလိုရှိဆုံးတရားခံအဖြစ်သတ်မှတ်ခံထားရတဲ့သူနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ အမျိုးသမီးတစ်ယောက်က သူကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကြားကနေ ဘယ်လိုအောင်အောင်မြင်မြင် ရုန်းထွက်သွားမလဲဆိုတာကို ဒီကြည့်ရှူခံစားရမှာပါ။

Action • Adventure • Science Fiction
5.8 2023 100 mins
Surrounded
Unexplained Explained: Ghostly Paranormal Activity

IMDb rating - 5.8/10 သရဲကားကြိုက်တဲ့ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ Paranormal Activity ရဲ့ တတိယမြောက်တင်ဆက်မှုဖြစ်ပါတယ်။ ဒီဇာတ်ကားတွေရဲ့ထုံးစံအတိုင်း အိမ်ထဲမှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားရာကနေ ထင်မှတ်မထားတဲ့ ခြောက်လှန့်မှုပုံရိပ်တွေ၊ ခြောက်ခြားဖွယ်အသံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Paranormal Activity 3 မှာတော့ ရိုက်ကူးရေးလုပ်ရတာကို ဝါသနာပါတဲ့ ဒန်းနစ် က သူတို့အိမ်ထဲမှာ ကင်မရာထောင်ပြီး မှတ်တမ်းသဘောမျိုးနဲ့ရိုက်ကူးခဲ့ပါတော့တယ်။ အဲဒီမှတ်တမ်းအခွေထဲမှာ ထူးဆန်းတဲ့အရာတွေကို မြင်တွေ့ခဲ့ရတာကြောင့် သူ့ရဲ့ဇနီးသည်ကိုပြောပြပေမဲ့ အယုံအကြည်မရှိခဲ့ဘူး။ သမီးအငယ်လေးဖြစ်တဲ့ ခရစ်တီကလည်း တိုဘီဆိုတဲ့အရုပ်လေးကိုစွဲလမ်းနေတယ်။ အဲဒီအရုပ်လေးက တကယ်ရှိတယ်ဆိုပြီး အမြဲတမ်းပြောလေ့ရှိတယ်။ ညသန်းခေါင်အချိန်တွေမှာလည်း အိပ်ရာထဲကနေ ထသွားလေ့ရှိတယ်။ တစ်နေ့မှာ ကလေးတွေရဲ့အဘွားဖြစ်သူရောက်လာပြီးနောက် အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတော့တယ်။ မြန်ဆန်လှတဲ့အဖြစ်အပျက်တွေကြားမှာ ဒန်းနစ် ဘယ်လိုတွေရင်ဆိုင်သွားရမလဲ။ သူ့ရဲ့မှတ်တမ်းအခွေထဲမှာ တွေ့မြင်ခဲ့ရတဲ့အရာတွေက တကယ်လက်တွေ့ဖြစ်လာတဲ့အခါမှာတော့ သူတို့မိသားစုရဲ့အဆုံးသတ်ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဆိုတာ ဒီဇာတ်လမ်းရဲ့အဆုံးသတ်မှာ တွေ့မြင်ရပါလိမ့်မယ်။

Drama • Romance
0 2011 72 mins
Unexplained Explained: Ghostly Paranormal Activity
Chip ‘n Dale: Rescue Rangers
7.3

Chip ‘n Dale: Rescue Rangers (2022) ~ IMDb – 7.3/10, Rotten Tomatoes – 79% ~ Chip ‘n Dale ဟာ လက်ရှိမှာ ကြည့်ပြီးတဲ့ လူတိုင်းနီးပါး အားရတဲ့ Fun တော်တော်ဖြစ်တဲ့ ရုပ်ရှင်ဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ဖန်တွေက Rating – 5/5 , 10/10 တွေ ပေးထားကြပါတယ်။ Chip ‘n Dale: Rescue Rangers ဆိုတဲ့ ဟိုတုန်းက နာမည်ကျော် Dinsey ကာတွန်းဇာတ်လမ်းတွဲထဲက ရှဉ့်ငရှုပ်နှစ်ကောင်ကို အဓိကထားပြီး တခြား ၉၀ပြည့်နှစ်က ကာတွန်းဇာတ်ကောင်တွေအများကိုလည်း cameo ထည့်ထားသလို လက်ရှိ ရုပ်ရှင်တွေကိုလည်း ဖောင်းထုထားတဲ့ တော်တော့်ကို ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ Nostalgia ဖြစ်စရာတွေလည်း အပြည့်ပါပဲ။ ဒစ္စနေးကားပေမဲ့ Cameo တွေဟာ ဒစ္စနေးက ကာတွန်းဇာတ်ကောင်တွေချည်းမဟုတ်ဘဲ ဝါနာဘရားသား, Comedy Central, ပါရာမောင့်နဲ့ တခြားကုမ္ပဏီပေါင်းများစွာက ဇာတ်ကောင်များစွာကို ယူသုံးထားပါတယ်။ ဒီဇာတ်ကောင်တွေအတွက် လိုင်စင်ယူရမှာနဲ့တင် တော်တော်မလွယ်ပါဘူး။ တော်တော်ကို အားသွန်ခွန်စိုက်လုပ်ပြီး စိတ်ကြိုက်ထည့်ထားကြပုံပါပဲ။ ဘာတွေ ဘယ်လိုပါပါတယ်‌ပြောရင် အေဖိုး၅မျက်နှာစာလောက်ကုန်မှာမို့ မပြောတော့ပါဘူး။ ဟိုးတုန်းက ကာတွန်းကားတွေကို နည်းနည်းပါးပါး သံယောဇဉ်ရှိရင်တောင် စိတ်ထဲ အကြိုက်တွေ့မိမယ့် ရုပ်ရှင်ပါပဲ။ ဆိုခဲ့သလို ဒီလောက်နေရာတကာက Cameo တွေအများကြီးထည့်ထားတာကိုလည်း ဗရုတ်သုတ်ခထည့်ထားတာမဟုတ်ဘဲ အဲဒီကာတွန်းတွေရဲ့ ကမ္ဘာကြီးကို ဇာတ်အိမ်တည်ထားတာပါ။ ဟာသပေါင်းများစွာနဲ့ တော်တော်လည်းရယ်ရလို့ အားလုံးအကြိုက်တွေ့နေကြတဲ့ ရုပ်ရှင်ပါပဲ။ ရှဉ့်၂ကောင်မှာ တစ်ကောင်ကို မူလအတိုင်းထားပြီး တစ်ကောင်ကို CGI သုံး 3D ဆွဲထားလို့ ခေတ်ဟောင်းအရသာရော ခေတ်သစ်အရသာရော ပေါင်းစပ်ရရှိစေမှာပါ။ အိုင်ဒီယာကောင်းတယ် ဆိုရမှာပါပဲ။ လူတွေလည်းခပ်ပါးပါးပါပါတယ်။ ရိတ်တင်လည်းကောင်းနေသလို တစ်ချို့ကလည်း ဒီနှစ်ရဲ့အကြိုက်ဆုံးရုပ်ရှင်လို့ဆိုတဲ့အထိ အမွှန်းတင်နေကြပါတယ်။ ပုဂ္ဂလိကအမြင်အရတော့ ဇာတ်သိမ်း နည်းနည်းတက်သုတ်ရိုက်ဖြစ်နေတာကလွဲ တော်တော်ရယ်ရပြီး အတော်ကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပေါ့။ Size – 1.51GB, 853MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 37Min Genre – Animation, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung, 666 Encoded by Y

Family • Fantasy • Music
7.3 2022
Chip ‘n Dale: Rescue Rangers
Poupelle of Chimney Town
6.4

Poupelle of Chimney Town (2020) ========================= IMDb Rating – 6.4/10 Chimney Town (မီးခိုးခေါင်းတိုင်မြို့) ဆိုတဲ့ မီးခိုးတွေနဲ့အမြဲပိတ်နေပြီး အပြင်လောကကြီးနဲ့ လုံးဝအဆက်အသွယ်ပြတ်နေတဲ့မြို့လေးက လုဘိချိ ဆိုတဲ့‌ကောင်လေး နဲ့ အမှိုက်လူသား ဖြစ်တဲ့ ပိုပဲ့လုတို့ရဲ့ စွန့်စားခန်းကို ငိုလိုက် ရယ်မောလိုက်နဲ့ ရသစုံလင်စွာ ကြည့်ရမှာဖြစ်တယ်။ လုဘိချိရဲ့ အဖေဖြစ်သူ ဘရူနို က ကောင်းကင်မှာကြယ်တွေရှိကြောင်း လူတွေကြားထဲမှာပြောလေ့ရှိတယ်။ အဲ့မြို့ကလူတွေက‌တော့ “ဟာ ဒီကောင် င‌ပေါကြီး” ဘာညာနဲ့ သူပြောကိုမယုံကြဘူး မြို့တစ်ခုလုံးက မီးခိုးခေါင်းတိုင်တွေကထွက်တဲ့ မီးခိုးတွေနဲ့ပိတ်နေတာကိုး ဒါပေမယ့် သူ့သားကတော့ ကြယ်တွေကို အရမ်းကြည့်ဖူးချင်နေတာ အဲတာနဲ့ တစ်နှစ်လောက် ကြာသွားပြီး ဟောလိုးဝင်းနေ့မှာ တစ်ကိုယ်လုံးအမှိုက်တွေနဲ့ဖွဲ့စည်းထားတဲ့ အမှိုက် လူသား တစ်ယောက် မြို့ထဲကိုရောက်လာခဲ့တယ်။ အဲ့နေ့ကလည်း ဟောလိုးဝင်းဆိုတော့ အားလုံးက သူ့ကို လူလို့ပဲထင်ပြီး ဝတ်စုံဘယ်လောက်မိုက်ကြောင်း ချီးကျူးကြတာပေါ့ နောက်မှ လူမဟုတ်မှန်းသိသွားကြတော့ သက်ဆိုင်ရာတွေက လိုက်ဖမ်းလို့ ထွက်ပြေးရင်း လုဘိချိ နဲ့တွေ့ပြီး သူတို့ရဲ့စွန့်စားခန်းလေး စတင်လာခဲ့ပါတယ်။ ဒီ ဇာတ်ကားလေးက နာမည်ကြီးရုပ်ပြကာတွန်းစာအုပ်ဖြစ်တဲ့ “Poupelle of Chimney Town” ကို anime အဖြစ် ပုံဖော်ထားတဲ့ကားလေးဖြစ်ပြီး ဇာတ်လမ်းရော animation ကရော ကောင်းတဲ့ထဲပါတာမို့လို့ ကြည့်ရှူဖို့အတွက် recommend ပေးပါတယ်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.6 GB) / (850 MB) / (550 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 40mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Family, Fantasy Translator…….Khant Sett Naing Encoder……….SWM

Comedy • Drama • Western
6.4 2021
Poupelle of Chimney Town
Who Killed Bambi?
5.6

ဒီစပိန်ဇာတ်လမ်းလေးကတော့ သူငယ်ချင်းနှစ်ယောက်ရဲ့တလွဲစွန့်စားခန်းလေးပဲဖြစ်ပါတယ်။ ကိုယ်အလုပ်လုပ်နေတဲ့ရုံးကသူဠေးသမီးနဲ့မှ ကြိုက်မိတဲ့ကောင်လေးတစ်ယောက် သူ့ ယောက်ခမသူဠေးကြီး ‌ပေါက်ကရအဖြစ်အပျက်တွေကြားထဲက အိမ်ကိုကောင်းကောင်းပြန်ရောက်ဖို့အရာ နည်းလမ်းတွေရှာ ကြိုးစားနေချိန်မှာ အခြားတစ်ဖက်မှာလဲ အကြွေးတွေနစ်နေတဲ့ လူနှစ်ယောက် သူဠေးကို ပြန်ပေးဆွဲဖို့ကြိုးစားတဲ့အခါ ပြဿနာ‌တွေစတက်ပါတော့တယ်။ ပေါက်ကရတိုက်ဆိုင်မှုတွေနဲ့ဇာတ်လမ်းကိုစထားပြီးတော့ သူငယ်ချင်းနှစ်ယောက်၊ သူဠေးနဲ့ ပြန်ပေးသမားတွေကြားဘယ်လိုဆက်ဖြစ်ကြမှာလဲ ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မှာလဲ နောက်ဆုံးဇာတ်လမ်းနာမည်ဖြစ်တဲ့မေးခွန်းကို အဖြေဘယ်လိုပေးသွားမလဲဆိုတာကို ရယ်ရင်းမောရင်း ‌ ရင်လဲမောရင်းကြည့်ရမှာပြဖြစ်ပါတယ်။ The Hangover တို့လိုဇာတ်ကားမျိုးတွေကြိုက်တတ်ရင် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ File size… 1.1 GB / 476 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Crime, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac

5.6 2013 86 mins
Who Killed Bambi?
Once Upon a Star
7

Once Upon A Star (2023) ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ထိုင်းကားလေးကတော့ ၁၉၇၀ မှာ အခြေတည်ထားပြီး အရင်တုန်းကဆို ရုံတင်ကားတွေကို တောရွာကမကြည့်နိုင်သူတွေအတွက် လိုက်လံပြသပေးတဲ့ ခရီးသွားရုပ်ရှင်အဖွဲ့တွေရှ်ိပါတယ်။ အသံစနစ်မကောင်းမွန်တာကြောင့် ခရီးသွားရုပ်ရှင်အဖွဲ့က ကိုယ်တိုင်နောက်ခံစကားပြောတွေနဲ့ ပြောရပါတယ်။ မန်နစ်ဦးဆောင်တဲ့ အဖွဲ့လေးကတော့ ထိုအဖွဲ့တွေထဲကတစ်ဖွဲ့ပါ။ သူတို့အဖွဲ့မှာတော့ နောက်ခံစကားပြောဆိုလို့သူတစ်ယောက်ထဲရှ်ိပြီး ယောက်ျား မိန်းမအသံအကုန်သူချည်းပဲ ပြောရပါတယ်။ ဒီလိုနဲ့အဆင်မပြေဖြစ်လာတဲ့အချိန်မှာ မိန်းမနောက်ခံစကားပြောလိုအပ်လာပါတော့တယ်။ အဲလိုနဲ့ ရောက်လာတဲ့ နောက်ခံစကားပြောကောင်မလေးကရော ဘယ်သူဖြစ်မလဲ သူတို့အိမ်မက်တွေ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာကြည့်ရှုလိုက်ရအောင်။ (ယခုရုပ်ရှင်ထဲမှာ တစ်ကယ့်ဖြစ်ရပ်မှန်အနေနဲ့ ၁၉၇၀ က စတန့်ရုပ်ရှင်ရိုက်ကူးရင်း ဆုံးပါးသွားတဲ့ Mitr Chaibancha လို့ခေါ်တဲ့ ထိုင်းနာမည်ကြီးမင်းသားရဲ့ အဖြစ်ကိုပါ ထည့်ရိုက်ပေးထားပါတယ်။) အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Kaung ပဲ ဖြစ်ပါတယ်။ Genre….. Biography, Drama, History Quality…. 1080p | 720p File size… 1.55GB| 723MB Format… mp4 Duration…. 2h 7min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Kaung Encoder ….. Aaron

Horror • Thriller
7 2023
Once Upon a Star
Finding Dory
7.3

မျက်လုံးလေး ပြူးပြူးနဲ့ အဖြစ်အပျက်တွေကို ကြာကြာမခံပဲ မေ့တတ်တဲ့ Dory ဟာ တစ်နေ့တော့ အကြောင်းတစ်ခုကြောင့် သူ့အဖေနဲ့ အမေကို ပြန်သတိရလာတာကနေ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Merlinနဲ့ Nemo တို့ရဲ့ အကူအညီကို ယူပြီး သူ့မိဘတွေကို ပြန်တွေ့ချင်ဇောနဲ့ ရှာပုံတော်ခရီးဖွင့်ပါတော့တယ်…. ဒီကားဟာ Finding Nemo အပြီး နောင် ဆယ့်သုံးနှစ်ကြာမှ ထွက်လာခဲ့တာ ဖြစ်ပါတယ် ထွက်လာတော့လည်း Finding Nemo လောက်တော့ ဇာတ်လမ်းပိုင်း မကောင်း ထပ်တူကျနေခဲ့ပေမယ့်လည်း Finding Nemo လောက်ကို ခံစားရအောင်လုပ်ပြီး Messageတွေ ပေးသွားခဲ့တယ် ငါးပြာလေး ဒိုရီဟာ သူ့မိဘတွေနဲ့ ပြန်တွေ့နိုင်ပါ့မလား သူ ဒီလောက်မေ့တတ်တာကိုလေ ဖြစ်နိုင်ပါ့မလားဆိုတဲ့ ဒွိဟအတွေးတွေကို Disneyနဲ့ Pixarရဲ့ ရေအောက်ကမ္ဘာ အန်နီမေးရှင်းအလန်းကြီးတွေ တစ်ချက် တစ်ချက်ထဖောက်တဲ့ဟာသလေးတွေ ချစ်စရာ ရယ်စရာကောင်လေးတွေနဲ့ အတူ ဇာတ်လမ်းအဆုံးထိကို ဆွဲခေါ်သွားခဲ့တယ် Ed O’ Neill ရဲ့ ရေဘဝဲကြီး Hank ဇာတ်ကောင်ဟာလည်း Disney ကားတွေရဲ့ အကောင်းဆုံးဇာတ်ကောင်အဖြစ်ထည့်ရဖို့ ဖြစ်လာခဲ့တယ် Inside Out နဲ့ နှိုင်းယှဉ်ပြီး ပြောရရင် Hank ဇာတ်ကောင်ဟာ ဒီကားရဲ့ Bing Bong လို့ ပြောလို့ရပါတယ်လေ ဒါပေမယ့် Bing Bong ထက်စာရင်တော့ Hankဟာ ပိုပြီး လက်တွေ့ဆန်ကာ ကိုယ်ချင်းစာဖို့ ကောင်းခဲ့တယ် Inside Out မှာ မထင်မှတ်ပဲပေါ်လာခဲ့တဲ့ Bing Bong ဟာ လူကြိုက်အများဆုံးဖြစ်ခဲ့သလို ဝမ်းနည်းစရာလည်း ကောင်းခဲ့တယ် Hank ကလည်း ထိုနည်းတူစွာပါပဲလေ….. Inside Out က ဘာဝမ်းနည်းလို့ ဝမ်းနည်းရမှန်း မသိရလောက်အောင် ရီဝေဝေခံစားချက်တွေ ပေးခဲ့တယ်ဆိုရင် အခု Finding Dory ဟာ ကြည့်ရှုသူတွေကို အားအင်တွေပေးခဲ့တယ် ဒီဇာတ်ကားရဲ့ စကားတစ်ခွန်းဖြစ်တဲ့ Just Keep Swimming ဆိုတဲ့ စကားဟာ ကျွန်တော်တို့အတွက် မှန်ကန်လွန်းနေခဲ့ပါတယ်လေ… 1. မိဘတွေကို ယုံကြည်ပါ 2. သူတပါးကို ကူညီပါ ကူညီခြင်းကိုလည်း လက်ခံတတ်ပါစေ 3. အခွင့်အရေးကိုလက်မလွတ်ပါနဲ့ မှန်ကန်စွာ အသုံးချတတ်ပါစေ 4. ရဲရင့်ပါ သတ္တိရှိပါ 5. ဇွဲလုံ့လ လုံးဝ မလျော့ပါနဲ့ 6. ကိုယ်ဒုက္ခရောက်နေတဲ့ အချိန် ကိုယ့်နားမှာ ရှိနေတဲ့သူဟာ တကယ့် သူငယ်ချင်းကောင်းပဲ ကျွန်တော်တို့တွေအားလုံးလည်း ဘဝကဘယ်လိုပဲ ထိုးနှက်နေပါစေလေ ငါးပြာမလေး Dory လိုပဲ ဆက်လက်ကူးခတ် ရှေ့ဆက်လိုက်ကြရအောင်ဗျာ ” Just Keep Swimming “ (ဇာတ်ကား ဘာသာပြန်သူကတော့ Han Htoo Zaw ဖြစ်ပြီး အညွန်းရေးသူကတော့ Ye Khant Minပဲ ဖြစ်ပါတယ်) File size… 7 GB / 2.5 GB / 1.2 GB Quality… BluRay 4k / 1080p / 720p Format… mp4 , mkv Duration…. 1h 37m Genre ….. Animation , Adventure , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Han Htoo Zaw

7.3 2016
Finding Dory
Dearly Beloved
5.5

လူရယ်လို့ဖြစ်လာပြီးကတည်းက အသက်ရှင်နေထိုင်တဲ့ ဘ၀တစ်လျှောက်မှာ လူသားတိုင်းကရှုပ်ထွေးမှုပေါင်း များစွာကို ကြုံတွေ့နေရတာပါပဲ။ကလေးဘ၀ကတည်းက အသက်ကြီးလာတဲ့ အချိန်အထိ ရှုပ်ထွေးမှုတစ်ခုမဟုတ် တစ်ခုတော့ရင်ဆိုင်ရမှာပါပဲ။ဒီလို ရှုပ်ထွေးမှုပေါင်းများစွာ ထဲကမှ ပျော်ရွှင်မှုကို ရှာဖွေရင်းနဲ့ ကိုယ်ရဲ့အသက်ရှင်သန် နေတဲ့ ဘ၀ကို အဓိပ္ပာယ်ရှိအောင် ကိုယ်တိုင်ကြိုးစားရမှာပဲ ဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ ဖိလစ်ပိုင်ဇာတ်ကားလေး ကလည်း ရှုပ်ထွေးမှုတွေကို ကျော်ဖြတ်ရင်း ဘ၀ရဲ့ပျော်ရွှင်မှု အစစ်အမှန်ကို ရှာတွေ့ခဲ့ကြတဲ့ ချစ်သူနှစ်ဦးအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ဒရာမာ မိသားစုဇာတ်လမ်း ကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားနာမည်ကတော့ Dearly Beloved ပဲဖြစ်ပါတယ်။ ဒီနဲ့မီတို့နှစ်ယောက်စလုံးက အိမ်ထောင်ကွဲထားကြသူတွေ ဖြစ်ပြီး နှစ်ယောက်လုံးမှာ သားသမီးကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် အဲ့ဒီသားသမီးဆိုတဲ့ ရှုပ်ထွေးမှုတစ်ခုကို အတူကျော်ဖြတ်ကြရင်း သာယာတဲ့ အိမ်ထောင်လေး တစ်ခုကို တည်ထောင်ထားကြပါတယ်။ဒါပေမယ့် နှစ်ယောက်စလုံးက တရားဝင်မကွာရှင်းရသေးတဲ့အတွက် လက်တော့မထပ်ရသေးပါဘူး။ဒါပေမယ့် သူတို့နှစ်ယောက် ကြားက တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေ အပြည့်နဲ့ သားသမီးတွေကလည်း အဆင်ပြေနေတော့ သူတို့ရဲ့ ဘ၀လေးက ပျော်ရွှင်စရာကောင်းနေခဲ့ပါတော့တယ်။ ဒါပေမယ့် ဒီလိုရှုပ်ထွေးမှုတွေ များလွန်းတဲ့ အိမ်ထောင်ရေး တစ်ခုက တစ်ချိန်ချိန်မှာ ပေါက်ကွဲတော့မဲ့ ဗုံးတစ်လုံးကို လက်ထဲမှာ ကိုင်ထားရသလိုပါပဲ။ဒီလိုနဲ့ နောက်ပိုင်းမှာ ပြဿနာအသေးအမွှားလေးတွေကနေ ရှုပ်ထွေးမှုဗုံးကြီး ပေါက်ကွဲသွားတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေ ဖြစ်လာပြီး ဒီနဲ့မီတို့ချစ်သူနှစ်ယောက်ရှေ့ဆက်ဘယ်လိုတွေ အတူတူကျော်ဖြတ်သွားကြမလဲဆိုတာကို ကြည့်ရှုရမဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…1.58GB / 726MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024
Dearly Beloved
Nadanna Sambhavam
6.4

Nandanna Samhbavam (2024) “လွတ်မြောက်ရာ” IMDb – 6.4/10 ခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ မလေယာလမ် မိသားစုဒရာမာ ရုပ်ရှင်ကားလေးပါ။ မလေယာလမ်းမင်းသားကြီး ဘီဂျူးမီနွန် သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဝေဖန်သူတို့ရဲ့ ဝေဖန်သံတွေအမျိုးမျိုးကြားက ရုံတင်ငွေ အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကြေးရတတ်အသိုင်းအဝိုင်းတွေနေကြတဲ့ရပ်ကွက်ကို မိသားစုတစ်ခု အိမ်ပြောင်းလာတာကနေစပါတယ်။ ချစ်စရာသမီးလေးရယ် ဇနီးချောလေးရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုတစ်ခုကိုဦးဆောင်နေတဲ့ အူနီ။ နေတတ်ထိုင်တတ်တဲ့သူ့ကို ပတ်ဝန်းကျင်က အမျိုးသမီးတွေက အထင်ကြီးလေးစားပြီး အရောတဝင်ရှိကြတာပေါ့။ ဒါကိုပဲ မကြိုက်ကြတဲ့ ခင်ပွန်းသည်တွေ ယောကျ်ားသားတွေက ဒီဘဲ ဘာအထာလားဖြစ်ကြရော။ အမြင်မကြည်တာတွေကနေစပြီး တစ်စတစ်စနဲ့ ပြဿနာတွေတက် ရုံးရောက်ဂါတ်ရောက်ဖြစ်ရာကစ ပိုပိုပြီးကြီးထွားလာတဲ့ ပြဿနာတွေကြားမှာ ဒီမိသားစုလေး ပျော်ရွှင်စွာနေနိုင်ပါ့မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

6.4 2024
Nadanna Sambhavam
My Divorce Party

ဇန်ဟာ သူ့ယောက်ျားဖြစ်သူ တိုနီနဲ့ ကွာရှင်းဖို့အကြောင်းဖန်လာပြီး စိတ်ထောင်းကိုယ်ကြေဖြစ်နေလို့ သူ့အခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ဆမန်သာ၊ ရန်၊ ဝင်ဒီနဲ့ အစ်စဘယ်လာတို့နဲ့အတူ ကန္တာရဘက်ကို စိတ်ပြေလက်ပျောက် ခရီးထွက်လာပါတော့တယ်။ တစ်ဖက်မှာ အစ်စဘယ်လာကလည်း မင်္ဂလာဆောင်တော့မှာဖြစ်ပြီး သူ့ခင်ပွန်းလောင်းနဲ့ တိုနီက ဘော်ဒါကောင်းတွေဖြစ်လို့ သတို့သားအရံလုပ်ဖို့ ဖိတ်ထားပြီးသားဖြစ်လို့ အစ်စဘယ်လာအနေနဲ့ ဇန်ကို သတို့သမီးအရံလုပ်ခိုင်းရင် ကွာရှင်းတော့မဲ့ လင်မယားကို မီးလောင်ရာလေပင့်ပေးသလို ဖြစ်နေမှာမို့ အခက်တွေ့နေပြီး ဇန်ကို မင်္ဂလာဆောင်ကိစ္စ မပြောသေးပဲ ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအချိန်မှာ ပိုဆိုးတာက ဇန်က သူ့စုထားတဲ့ ဒေါ်လာတစ်သိန်းကို ကွာရှင်းပြီးသွားရင် တိုနီကို တစ်ဝက်ပေးရမှာဖြစ်လို့ မပေးချင်တဲ့အတွက် ကန္တာရထဲကို ယူလာပြီး သုံးဖြုန်းပစ်ဖို့ လုပ်ပါတော့တယ်။ ဒီအချိန်မှာ သူတို့ သူငယ်ချင်းငါးယောက် ကန္တာရထဲက သူစိမ်းပြင်ပြင်ကြားမှာ ဒေါ်လာတစ်သိန်းနဲ့ ဘယ်လို ငါးပါးမှောက်ကြမလဲဆိုတာက အခွီတလိုင်းကြည့်ရမှာဖြစ်လို့ လက်မနှေးပဲ အခုသာ ကြည့်လိုက်ကြပါတော့ဗျာ။ File size…(1.6 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

0 2024
My Divorce Party