YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Body Heat (1981) 720p.mp4

997.85 MB N/A video/mp4 2148 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Diary of a Fleeting Affair
6.6

Diary of a Fleeting Affair(2022) ***************************** ဇာတ်လမ်းအကျဉ်းလေးကတော့ ဆီမွန်ဆိုတဲ့ လိင်စိတ်မပြည့်ဝတဲ့အိမ်ထောင်သည်တစ်ယောက်ဟာ သူ့မိန်းမမသိအောင်ဖောက်ပြန်ချင်ပါတယ်၊ ဒါပေမယ့် ဖောက်ပြန်ခြင်းရဲ့နောက်ဆက် တွဲအကျိုးဆက်တွေကြောင့် သူ့ဘဝပျက်နိုင်တယ်ဆိုတာကိုလည်း သူသိထားပါတယ်၊ တစ်နေ့ပါတီတစ်ခုက အပြန်မှာ ရှားလော့တ်ဆိုတဲ့အမျိုးသမီးတစ်ယောက်ဆီက ဖုန်းနံပါတ်ကိုရခဲ့တယ်၊ နောက်နေ့မှာသူ့ကိုဖုန်းဆက်ပြီး ဆိုင်တစ်ဆိုင်မှာချိန်းလိုက်တယ်၊ သူ့ဘဝအကြောင်း သူ့မိသားစုအကြောင်းတွေ သူ့မိန်းမ မသိအောင်အခြားတစ်ယောက်နဲ့အတူနေတာ သူ့အတွက်စိတ် မလုံခြုံကြောင်း၊ သူနဲ့အတူအိပ်တဲ့မိန်းမတွေသူ့ကိုလာပြီတွယ်ကပ်နေမှာကို ကြောက်တဲ့အကြောင်းတွေ အကုန်ပြောပြလိုက်တယ်၊ ရှားလော့တ်ကလည်း သူ့အတွက်လိင်ကိစ္စတစ်ခုသာလိုအပ်ကြောင်း အခြားအကြောင်းတွေကို စိတ်မဝင်စားကြောင်းပြောပြလိုက်တယ်၊ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဆက်ဆံရေးဟာ လိင်ကိစ္စတစ်ခုတည်းအတွက်သာဖြစ်ကြောင်း သဘောတူညီမှုရသွားတယ်၊ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ သူတို့နှစ်ယောက်ပျော်ပါး နေရင်းနဲ့ အနေတွေကြာလာတော့ နှစ်ဦးသားသဘောတူထားတဲ့စည်းကိုကျော်လွန် လာတဲ့အခါမှာတော့ ........ File Size :(1.8GB) and (760MB) Quality :WEB-DL 1080P, 720p Format…mp4 Duration…01:40:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Mystery • Thriller
6.6 2022 100 mins
Diary of a Fleeting Affair
Romancham
8

IMDb 8.1 ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့သရဲခေါ်ဘုတ်ပြားကတစ်ဆင့် ဝိညာဥ်ဆင့်ခေါ်ခဲ့မိတဲ့သူငယ်ချင်း၇ယောက်... ငယ်စဉ်ကလေးဘဝကတုန်းက သရဲခေါ်နည်းပေါင်းစုံကစားဖူးကြမှာပါ ဘောပင်နဲ့ခေါ်တာ ဘုတ်ပြားပေါ် ဖယောင်းတိုင်တို့၊ဖန်ခွက်တို့နဲ့ခေါ်တာမျိုးတို့ပေါ့ ဒီဇာတ်ကားထဲမှာလည်း စစချင်းမှာ ကိုမာကြောင့်ဆေးရုံမှာလှဲနေရတဲ့ ဂျီဘင်ဆိုသူရှိပါတယ် သူဘာကြောင့်ဒီလိုဖြစ်ခဲ့ရလဲမမှတ်မိဘူးပေါ့ နောက်ကြောင်းပြန်ရရင်တော့ သရဲခေါ်ဘုတ်ပြားကနေစမှာပါ တစ်အိမ်တည်းမှာအတူစုနေကြတဲ့သူငယ်ချင်း၇ယောက်ရှိပါတယ် ငှားရမ်းခကို အတူတူစုခံပြီး ညနေဘက်တိုင်း ဘော်လီဘောကစားကြတဲ့ပျော်ပျော်နေတတ်တဲ့သူငယ်ချင်းတစ်သိုက် ... သူတို့ထဲကတစ်ယောက်က ကစားနည်းပျင်းလာလို့ဆိုပြီး သရဲခေါ်ကစားနည်းဆော့ခဲ့ရာမှ ကမောက်ကမဖြစ်ကြရမဲ့သူတို့ဘဝတွေ... ဇာတ်လမ်းကြည့်ရင်းနဲ့ကိုဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့်အသည်းတစ်ယားယားဖြစ်နေမှာပါပဲရှင် File size…2.21GB / 889MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin ~BpL~ Yunni

Comedy • Mystery
8 2023 132 mins
Romancham
The Best Offer
7.8

The Best Offer ရုပ်ရှင်ဟာ 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb 7.8/10 ရထားတဲ့ Mystery/ Romance/ Drama အမျိုးအစား ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ Mr. Virgil Oldman ဟာ ရှေးဟောင်းပစ္စည်းများကို တန်ဖိုးဖြတ်ရာမှာ ကျွမ်းကျင်တဲ့ လစ်လံပစ်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Mr. Billy Whistler နဲ့ပူးပေါင်းပြီး တန်ဖိုးကြီးပန်းချီကားတွေကို စျေးသက်သက်သာသာနဲ့ရအောင် တစ်ဖက်လှည့်နဲ့ဝယ်ယူလေ့ရှိပါတယ်။ သူ့ရဲ့ တန်ဖိုးကြီးပန်းချီကားတွေကိုလည်း သူ့အိမ်ထဲရှိ လျို့ဝှက်ခန်းထဲမှာ တန်ဖိုးထားသိမ်းဆည်းလေ့ရှိပါတယ်။ Mr. Oldman ဟာ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့နှစ်အတော်ကြာအောင် လုပ်ငန်းထဲမှာပဲ ဘဝကိုနှစ်မြှုပ်ထားလေ့ရှိတာကြောင့် အလွန်ချမ်းသာ ကြွယ်ဝလာသော်လည်း အချစ်ဆိုသောအရာကို တစ်ကြိမ်တစ်ခါမျှတောင် မြည်းစမ်းခွင့်မကြုံခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ Miss Claire Ibbetson ဆိုသူ အမျိုးသမီးငယ်တစ်ဦးက သူမအမွေရခဲ့တဲ့စံအိမ်ကြီးမှ ရှေးဟောင်းပစ္စည်း များကို လေလံတင်ရောင်းချဖို့ ဆက်သွယ်လာခဲ့ပါတယ်။ ထူးခြားလှစွာပဲ အချိန်အတော်ကြာသည့်တိုင် ထိုအမျိုးသမီးငယ်ကို Mr.Oldman မတွေ့ခဲ့ ရပါဘူး။ ထိုအခြေအနေကပဲ Mr. Oldman ရဲ့ သူမအပေါ်စိတ်ဝင်စားမှုကို ပေါက်ဖွားလာစေခဲ့ပါတယ်။ Miss Ibbetson နဲ့ပတ်သက်တဲ့ ခံစားမှုတွေကို သူရဲ့လူငယ်မိတ်ဆွေဖြစ်သူ အင်ဂျင်နီယာလေး Robert ဆီ ရင်ဖွင့်မိပါတယ်။ အချစ်ဆရာကြီးဖြစ်သူ Robert ရဲ့အကြံပေးမှုနဲ့ Miss Ibbetson ကိုမြင် တွေ့ခွင့်ရဖို့ ကြိုးစားမိသောအခါ..... ဒီ ရုပ်ရှင်ကားလေးဟာ အစပိုင်းမှာတော့ အနည်းငယ်အေးတယ်ထင်ရပေမယ့် တဖြည်းဖြည်းနဲ့ပရိသတ်တွေကို ဟာကနဲ၊ ဟင်ကနဲ ဖြစ်သွားအောင် အဆုံးထိ ဆွဲဆောင်နိုင်တာကို တွေ့ရပါတယ်။ ရုပ်ရှင်ကားပြီးဆုံးသွားရင်တောင်မှ အတွေးလေးတွေ ထပ်ပွားစေမယ့် ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါကြောင်း။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thae Suu ပဲ ဖြစ်ပါတယ်) File size…1.59GB / 676MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thae Suu

Drama • Horror
7.8 2013 131 mins
The Best Offer
Magic Crystal
6

စတီဖင်ချောင်ရဲ့ နာမည်ကျော် God Of Gamblers ကားတွေ၊ Royal Tramp ကား‌တွေ၊ Tricky Master, Tricky Brain ကားတွေရဲ့ ဒါရိုက်တာ ဝေါင်ကျင်းရဲ့ လက်ရာကားဟောင်းတစ်ကားပါ။ အပေါ်က ကားတွေကို ကြည့်ဖူးတယ်ဆိုရင် ဒီရုပ်ရှင်က ထိုနည်း‌၎င်း Inner Logic ထဲ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ဟောင်ကောင် အက်ရှင်ကားဆိုတာ မြင်သာမှာပါ။ အဓိကသရုပ်ဆောင်ကတော့ ဟော‌င်ကောင်ရဲ့ A List စာရင်း၀င်တဲ့ Andy Lau ပေါ့။ သူ့ကိုတော့ ဟောင်ကောင်ပရိတ်သတ်တွေဖြစ်ဖြစ် ဝေါင်ကာဝေးပရိတ်သတ်တွေဖြစ်ဖြစ် သိပ်မစိမ်းကြပါဘူး။ ဟောင်ကောင်ဖန် အတော်များများ သဘောကျကြတဲ့ သူပါပဲ။ ဒါရိုက်တာဖြစ်တဲ့ ၀မ်ကျင်းကိုယ်တိုင် ၀င်သရုပ်ဆောင်ထားတဲ့အပြင် ချောင်ဖန်တွေမစိမ်းတဲ့ Sharla Cheung ပါ အဆစ်ပါပါသေးတယ်။ 1986 ဆိုတော့ As tears Go By မရိုက်ခင် နှစ်နှစ်ဆိုတော့ ATGB ထဲကထက်တောင် ပျိုမြစ်ဖျတ်လတ်တဲ့ သရုပ်ဆောင်မှုတွေကိုမြင်ရမှာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ပြောရရင်တော့... ဂရိနိုင်ငံကို လုပ်ငန်းကိစ္စနဲ့ရော အလည်အပတ်ရော သွားရောက်ခဲ့ပြီး အပြန်မှာ ထူးဆန်းတဲ့ ကျောက်စိမ်းတုံးတစ်ခု ရောပါလာရာကနေ နောက်ဆက်တွဲအဖြစ်အပျက်တွေ ဖြစ်လာပါတော့တယ်။ ကျောက်စိမ်းတုံးရဲ့နောက်ကနေ ရူးရူးမူးမူးလိုက်လာတဲ့ တိုက်ခိုက်ရေးသိုင်းပညာရှင်ကြီးရဲ့ရန်ကို Andy Lau တစ်ယောက် ဖိုက်တာရဲမမတစ်ယောက်နဲ့ ဘယ်လိုခုခံကာကွယ်မလဲ။ ကျောက်စိမ်းတုံးကရော ဘယ်ကရောက်လာတာလဲ။ ဘယ်ကိုပြန်ထားရမှာလဲ ဆိုတာတွေကို ကြည့်ရှုရမှာပါ။ ဒါရိုက်တာ ဝေါင်ကျင်းကိုယ်တိုင်ကို​က ဒီကားကို စတီဗင်စပီးဘာ့ချ်ရဲ့ E.T နဲ့ Raiders of The Lost Ark ကို ပေါင်းစပ် မှီးပြီးရိုက်ထားတယ်ဆိုတဲ့အတွက်ကြောင့် အင်ဒီယာနာဂျုံးစ်ရဲ့ နောက်ဆုံးကား Kingdom of Crystal Skulls နဲ့တောင် ပိစိလေးဆင်ပါတယ်။ ရှေးဟောင်းသုတေသန‌သမားတွေလည်း ပါတော့ vibe တောင် ဆင်တူလုနီးပါးပါပဲ။ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်နဲ့ စိတ်အပန်းနည်းနည်းပြေစေမယ့်ကားလေးရှာနေတာဆိုရင်တော့ ဒီကားဟာ ခင်ဗျားကြည့်သင့်တဲ့ကားတစ်ကားပေါ့။ Asia နဲ့ West ဘာမှမဆိုင်ပေမဲ့လည်း အင်ဒီယာနာဂျုံးစ် Vibe တွေနဲ့ဆိုတော့ အင်ဒီယာနာကားသစ်မလာခင် အလွမ်းပြေကြည့်ရင်လည်း ကောင်းမှာပါပဲ။ (ဇာတ်ကားနဲ့ အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.1GB, 1.2GB, 590MB Quality - 1080p, 720p, 480p IMDb Rating - 6/10 Format - mp4 Duration - 1H 39Min Type - Action, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Fantasy • Science Fiction
6 1986 95 mins
Magic Crystal
The Running Man
6.5

ဒီဇာတ်ကားက ၁၉၈၇ မှာထွက်ခဲ့တယ်။ ဇာတ်လမ်းက အဲဒီအချိန် ၁၉၈၇ ကနေ အနာဂတ်နှစ်ပေါင်းသုံးဆယ်ကို ကြိုမှန်းပြီး ၂၀၁၇ မှာ ဇာတ်အိမ်တည်ထားတယ်။ ဒါပေမဲ့ အခုလက်ရှိဖြစ်ပျက်ကြုံတွေ့နေရတဲ့ ကာလံဒေသံနဲ့တော့ အင်မတန်ကိုက်ညီတဲ့ ဇာတ်ကားပါပဲ။ ၂၀၁၇ မှာ တကမ္ဘာလုံးစီးပွားပျက်ကပ်ကြီးဖြစ်ပြီး စားနပ်ရိက္ခာထုတ်လုပ်မှုတွေလျော့ကျ၊ သံယံဇာတတွေ ရေနံ သဘာဝဓာတ်ငွေ့တွေလည်း နည်းပါးပြတ်လပ်လာခဲ့တာ တကမ္ဘာလုံးမှာပါပဲ တဲ့။ အဲလိုအချိန်မှာ အမေရိကန်နိုင်ငံမှာ အကြွင်းမဲ့အာဏာရှင်အစိုးရတစ်ရပ်က အုပ်ချုပ်နေပါသတဲ့။ စာရေးဆရာနှယ် စိတ်ကူးမှယဉ်တတ်‌သေးတယ်ဗျာတယ်။ (တကယ်တော့ အဲဒီဇာတ်လမ်းဟာ စာရေးဆရာ Stephen Kingက ကလောင်ခွဲတစ်ခုနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထု The Running Manကိုပဲ အခြေတည်ပြီး ရိုက်ကူးထားတာလို့ သိရပါတယ်။) တနိုင်ငံလုံးကို စစ်နယ်မြေဇုန်တွေခွဲပြီး သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်ပါသတဲ့။ စာပေ ဂီတအပါအဝင် အနုပညာအားလုံးကို ဆင်ဆာပိတ်ထားတယ်။ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလို့ မရှိစေရ။ တစ်နေရာနဲ့တစ်နေရာ စာရေး၊ဖုန်းဆက်ခွင့် မပြု။ ခရီးသွားချင်ရင် အစိုးရထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ရှိမှ သွားခွင့်ရှိတယ်။ အိမ်ပြင်ထွက်ရင်တောင်မှ သွားလာခွင့်လက်မှတ်ဆိုတာကို အမြဲဆောင်ထားရမတဲ့။ ညမထွက်ရအချိန်ကျော်မှထွက်လို့မိရင် ထောင်ဒဏ်တသက်တကျွန်းဆိုပဲ။ ရုပ်မြင်သံကြားကို အစိုးရက လုံးဝထိန်းချုပ်ထားတယ်။ ရုပ်မြင်သံကြားနဲ့ပဲ နာရီမလပ် ဝါဒဖြန့်တယ်။ လူတွေဆန္ဒပြဆူပူဖို့ အာရုံမရောက်အောင် ရုပ်မြင်သံကြားကနေ The Running Man ဆိုတဲ့ ဂိမ်းရှိုးတစ်ခု အမြဲပြပေးတယ်။ အဲဒီရှိုးကလည်း အလွန်လူကြိုက်များတဲ့အစီအစဉ်ဖြစ်လာခဲ့ပါတယ်။ ထောင်ကျနေတဲ့ရာဇဝတ်သားတွေကို ငလျင်ကြောင့်ပျက်စီးနေတဲ့နယ်မြေတစ်ခုထဲကို သွင်းပြီး သူ့နောက်ကနေ ကြေးစားလူသတ်သမားတွေက လိုက်သတ်တယ်။ သုံးနာရီပြည့်လို့မှ အသတ်မခံရသေးရင် သူနိုင်တယ်ပေါ့လေ။ နိုင်ရင် လွတ်ငြိမ်းချမ်းသာခွင့်ရပြီပေါ့။ အဲဒီအစိုးရတီဗီက အမြဲပြောလေ့ရှိတာကတော့ ကိုယ်တိုင်မျက်မြင်ဖြစ်မှယုံကြပါ တဲ့။ ဟုတ်ကဲ့ သူတို့တီဗီမှာပြနေတဲ့ဟာတွေအားလုံးကတော့ အမှန်တရားကို ပုံဖျက်ပြီး editing လုပ်ထားတဲ့ဟာတွေချည်းပါပဲ။ လူတွေကလည်း ကာလကြာလာတော့ ယုံလာကြတာပါပဲ။ ကလေးတွေအတွက် ကျောင်းဆိုတာ မရှိတော့ပါဘူး။ ကလေးတွေကို စစ်သင်တန်းပဲတက်ခိုင်းပြီး ဦးနှောက်ဆေးတယ်။ မိဘ၊မိသားစုဝင်တွေထဲက တော်လှန်ရေးသမားတွေရှိရင်၊အစိုးရမကောင်းကြောင်းပြောတဲ့သူတွေရှိရင် သတင်း‌ပို့ရမယ်လို့ သင်ပေးတယ်။ အဲလိုသတင်းပေးရင် မုန့်ဖိုးနှစ်ဆပေးသတဲ့။ Gorge Orwell ရဲ့ 1984 ထဲက အငွေ့အသက်တွေကိုပါ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့လည်း ဖိလွန်းရင်ကြွ ထိလွန်းရင်ချ ဆိုသလိုပဲ အဲဒီအာဏာရှင်အစိုးရကို တော်လှန်နေသူတွေလည်း ရှိပါသေးတယ်။ လူအရေအတွက်အနည်းငယ်သာရှိတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့လေးတစ်ခုပေါ့။ အဲလိုကာလမှာ ရဲအရာရှိတစ်ဦးဖြစ်တဲ့ ဘန် ရစ်ချတ် (Arnold Schwarzenegger) ဟာ သူတကယ်မကျူးလွန်ဘဲ အကွက်ဆင်ခံလိုက်ရတဲ့ အမှုကြီးတစ်ခုအတွက် ထောင်ကျခံနေရာကနေ သူငယ်ချင်းတစ်စုနဲ့အတူ ထောင်ဖောက်ပြေးပြီး လွတ်မြောက်လာခဲ့ပါတယ်။ လွတ်မြောက်လို့ရက်သိပ်မကြာသေးခင်မှာပဲ ကံမကောင်းအကြောင်းမလှစွာနဲ့ ပြန်အဖမ်းခံရပြီး the Running Man အစီအစဉ်ထုတ်လုပ်သူ ၊ နာမည်ကျော်အစီအစဉ်တင်ဆက်သူကြီး ဒေမွန် ကီလီယံ ရဲ့လက်ထဲကို ရောက်သွားပါတော့တယ်။ မင်းသားကြီး အာနိုး ရဲ့ နုစဉ်အခါက သရုပ်ဆောင်ပုံဘယ်လိုရှိခဲ့တယ်ဆိုတာ အကဲဖြတ်ခံစားရင်း၊ ဒီဇာတ်ကားထဲက လူတွေရဲ့ အခြေအနေတွေကို ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ရှုရင်း နဲ့ စိတ်ကူးယဉ်မဆန်တဲ့ စိတ်ကူးယဉ်ဇာတ်ကားလေးကို အားပေးကြည့်ရှုကြပါဦး လို့ တိုက်တွန်းလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားတာပါ။) File size…(10 GB)/(2.6 GB)/(999 MB) Quality….BluRay 4K HEVC/1080p HEVC / 720p Format…mkv/mp4 Duration….01:40:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaman Myint

Science Fiction • Thriller
6.5 1987 101 mins
The Running Man
Halftime
6.9

ဆယ်စုနှစ်သုံးခုစာလောက် မပြောင်းလဲဘဲရှိနေတာက ဒီကမ္ဘာမှာ ဘယ်လောက်များနိုင်မှာလဲ ဒါပေမဲ့ သူ(မ) တစ်ယောက်ကတော့ Immortal နတ်ဘုရားမလိုမျိုး ကျွန်တော်တို့မမွေးခင်ကတည်းကနေ အခုထိရှင်သန်ဆဲပါ ကျွန်တော်ပြောတဲ့ သူ(မ)ဆိုတာကတော့ အားလုံးနဲ့ရင်းနှီးကြတဲ့ Jennifer Lopez ပါ ဒီတစ်ခေါက် သူ(မ)ရဲ့ ဘဝတစ်ခုလုံးကို Netflix က Documentary အနေနဲ့ရိုက်ထားတာကို CM ကတင်ဆက်ပေးလိုက်ပါပြီ အခုလိုအောင်မြင်မှုတွေက လွယ်လွယ်နဲ့မရနိုင်ဘူးဆိုတာ လူတိုင်းသိကြသလိုမျိုးပဲ သူ(မ) ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့တယ် ဒီနေရာအထိရောက်အောင် ဘယ်လိုတွေစွမ်းဆောင်ခဲ့သလဲဆိုတာနဲ့ သူ(မ)ရဲ့ မိသားစုအကြောင်းအပြင် သူမရဲ့အတွေးအခေါ်၊ ခံယူချက်တွေကိုပါ အင်တာဗျူးအနေနဲ့ ပြောပြပေးသွားမယ့် အကောင်းဆုံးအစီအစဉ်တစ်ခုပါ အများကြီးညွှန်းစရာတော့မရှိပါဘူး J.Lo ဆိုတာကို မသိတဲ့လူမရှိသလောက်မို့လို့ fan မဟုတ်ရင်တောင် ကြည့်ကိုကြည့်သင့်တဲ့ Documentary တစ်ခုပါပဲနော် အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Thuu, Hmwe နဲ့ NoX တို့ပဲ ဖြစ်ပါတယ်။ Genre..... Documentafy, Music Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 280MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thuu, Hmwe, NoX Encoder ..... August

Drama • Family
6.9 2022 95 mins
Halftime
Pieces of a Woman
7

IMDb -7.1 ရရှိခဲ့တဲ့ ကားလေးပဲ ဖြစ်ပါတယ် Pieces of woman ဇာတ်ကားလေးဟာဆိုရင် မာသာနဲ့ ရွှန်းန် တို့ရဲ့ အိမ်ထောင်ရေးအပေါ် ဇာတ်အိမ်ဖွဲ့ ရိုက်ပြထားတဲ့ အိမ်ထောင်ရေး Drama ကားလေး ဖြစ်ပါတယ် ခေါင်းမာပြီး တဇွတ်ထိုးဆန်တဲ့ မာသာက သူတို့ရဲ့ သမီးဦးလေးကို သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေတဲ့ အိမ်လေးမှာပဲ ဝမ်းဆွဲသည်နဲ့ မွေးဖို့ စီစဉ်ခဲ့ပါတယ် မာသာအမေက ရွှန်းန်ကို သဘောမကျသော်လည်း လင်မယားနှစ်ယောက်က အရာအားလုံးကို ဆိုးတူကောင်းဖက် တိုင်ပင်ပြီး အချစ်တွေနဲ့ ပြည့်နေတဲ့ အိမ်ထောင်ရေးလေးကနေ ချစ်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ဖို့ ကြိုးစားနေခဲ့ကြပါတယ် မာသာဟာ သူချစ်ရတဲ့ သမီးလေးကို ဆေးရုံမှာ မမွေးပဲ နာကျင်ခြင်း ဝေဒနာကို အံကြိတ်ခံပြီး အိမ်မှာပဲ ဝမ်းဆွဲသည်နဲ့ မွေးစေခဲ့ပါတယ် တခါတရံ စီစဉ်ထားသလို မဖြစ်ခဲ့တဲ့အခါမှာဆိုရင် လူတွေဟာ စိတ်ဝေဒနာတွေကို ကျော်ဖြတ်ဖို့ နည်းအမျိူးမျိူး သုံးကြပြီး အခက်အခဲတွေကို အဖက်ဖက်ကနေ ရိုက်ပြထားတဲ့ ကားကောင်းလေး ဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် အမျိုးသမီးတို့ရဲ့ မဖြစ်မနေ ရင်ဆိုင်ရတဲ့ မီးဖွားခြင်း နှင့် ကြုံတွေ့ရတဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နာကျင်ခြင်းတွေကို အပိုအလို မရှိ ကွက်တိ ရိုက်ပြနိုင်တဲ့ ကားလေးပဲ ဖြစ်ပါတယ် အိမ်ထောင်ပြုပြီး ကလေးယူဖို့ စဉ်းစားနေတဲ့ သူတိုင်း ကြည့်သင့်တဲ့ ကားလေးပဲ ဖြစ်ပါတယ် ဘာသာပြန်ဆိုသူ သိမ့်သိမ့်ဖြစ်ပါတယ် Quality : Bluray 1080p ( HEVC ) During : 2h 6min Translator : Theint Theint Encoder : Myoko

Drama • War
7 2020 127 mins
Pieces of a Woman
Naked Truth
5.6

Naked Truth (2022) ကန်၊ ကွင်လန်၊ လင်ဒန်နဲ့ ကမ်မီတို့ဟာ တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ကြပြီး တစ်ယောက်အတွက်တစ်ယောက် အမြဲရှိပေးကြတဲ့သူငယ်ချင်းလေးယောက်အုပ်စုပါ။ ကမ်မီကတော့ အိမ်ထောင်ကျပြီးသားသူ၊ ကျန်တဲ့သုံးယောက်‌ကတော့ လူလွတ်တွေပေါ့။ ဒီလိုနဲ့နေလာရင်းက တစ်နေ့မှာ သူငယ်ချင်းလေးယောက်သား ပြဿနာတက်ဖို့ကြုံလာပါတော့တယ်။ အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားကြရင်းက လေးယောက်သား အသက်အန္တရာယ်တွေထိ ထိလိုက်ဖို့ဖြစ်လာပါတယ်။ သူငယ်ချင်းအချစ်နဲ့အိမ်ထောင်ရေးကြားပြဿနာတွေကို ရိုက်ပြထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb ratingကလည်း 5.8ထိရှိတာမလို့ ကြည့်ရကျိုးနပ်တဲ့ဇာတ်ကားအဖြစ်ညွှန်းပေးရင်း တင်ဆက်ပေးလိုက်ရပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Zaw Pyae Sone Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1GB | 535MB | 250MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Zaw Pyae Sone Hein Encoder ….. August

Horror
5.6 2023 92 mins
Naked Truth
Centurion: The Dancing Stallion
6.8

Centurion: The Dancing Stallion (2023) ============================ IMDb rating – 6.8/10 ဒီနေ့မှာတော့ မက္ကစီကန်ရဲ့မြင်းအကပြိုင်ပွဲတွေကိုကြည့်ရင်း ပရိတ် သတ်တွေအားလုံး ကြက်သီးထသွားစေမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်း ကောင်းလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ … အဲလစ်စီယာကတော့ မြင်းစီးရတာကိုအရမ်းကိုစိတ်အားထက်သန်တဲ့ သူပါ။ မြင်းစီးလိုက်ရင်သူ့ရဲ့ဘဝပြဿနာတွေထဲကနေ လွတ်မြောက် သွားတယ်လို့ ခံစားရတဲ့သူပေါ့။ သူကအရည်အချင်းရှိပြီး ဒီနှစ်မှာတော့ မြင်းအကပြိုင်ပွဲမှာဝင်ပြိုင်ဖို့ မြင်းကောင်းရှာရင်း စန်ကျူရီယန်ဆိုတဲ့ မြင်းဖြူလေးတစ်ကောင် သူ့ဆီကိုရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကံတ ရားကမျက်နှာသာမပေးချင်တော့ သူ့မှာသွေးကင်ဆာရောဂါခံစားခဲ့ရပြီး သူစိတ်အားထက်သန်တဲ့မြင်းစီးတဲ့ဝါသနာနဲ့ ဝေးရာမှာနေခဲ့ရပါတော့ တယ်။ ဒီတော့ အဲလစ်စီယာတို့ရဲ့ ဟောလ်မွေးမြူရေးခြံကိုဂုဏ်ဆောင် ပေးနိုင်မယ့် မြင်းစီးသမားလေး ဒန်နီက ပြည်နယ်မြင်းအကပြိုင်ပွဲမှာ အဲလစ်စီယာရဲ့ကိုယ်စားပါဝင်ယှဉ်ပြိုင်ပေးပါတော့တယ်။ ဒီဇာတ်လမ်းလေးက ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပြီး အဲလစ်စီယာ ဒန်နီနဲ့ မြင်းဖြူလေး စန်ကျူရီယန်တို့ကြားက ဆက်နွှယ်မှုကို စိတ်ဝင်စား ဖွယ်ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ei Po ဖြစ်ပါတယ်) File Size……….(1.83 GB) / (725 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ei Po Encoder……….SWM

6.8 2023
Centurion: The Dancing Stallion
Miranda’s Victim
6.5

IMDb 6.6 / Rotten Tomatoes 77% ဒီရုပ်ရှင်ဟာ ဆုပေါင်း၂၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးပုံဖော်ထားတဲ့ မှုခင်း ဒရာမာ ရုပ်ရှင်ကားကောင်းတခုဖြစ်ပါတယ်။ ခေတ်ကာလအနေနဲ့ကတော့ ၁၉၆၀ကျော်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ပက်ထရစ်ရှာဝီယာလို့ အမည်ရတဲ့ ၁၈နှစ်အရွယ် ကျောင်းသူလေးဟာ အာနက်စ်တိုမီရန်ဒါလို့ခေါ်တဲ့ လူငယ်တယောက်ရဲ့ ဖမ်း‌ဆီးခေါ်ဆောင် အဓမ္မပြုကျင့်တာကို ခံခဲ့ရပါတယ်။ ဒီလိုနဲ့ ပက်ထရစ်ရှာဟာ ကာရိုးကူလီလို့ အမည်ရတဲ့ စုံထောက်တယောက်ရဲ့အကူအညီနဲ့ မီရန်ဒါကိုဖမ်းဆီးပြီး တရားရင်ဆိုင်ကာ မီရန်ဒါကို ထောင်ထဲကို အရောက်ပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာတော့ အမေရိကန် တရားစီရင်‌ရေးစနစ်မှာ ပြောင်းလဲမှုတခုထပ်မံ ဖြစ်ပွားလာပြီး အာနက်စ်အတွက် အပြစ်ကင်းကြောင်း ထပ်မံချေပပေးမယ့် ရှေ့နေတယောက် ပေါ်ပေါက်လာခဲ့ပါတယ်။ ထိုတရားပြိုင်ရှေ့နေကတော့ တခြားသူမဟုတ်ဘဲ ထိုခေတ်အခါက အမေရိကန်ပြည်ထောင်စုမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးတဲ့ ဂျွန်ဖလင်းဆိုတဲ့ရှေ့နေတဦး ဖြစ်နေတဲ့အခါမှာတော့ ပက်ထရစ်ရှာဟာ တရားခွင်ကို ထပ်မံတက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပြီး သူမ မေ့ဖျောက်ဖို့ကြိုးစားခဲ့တဲ့ အတိတ်ကဒဏ်ရာကြီးကို ထပ်မံရင်ဆိုင်ရပါတော့တယ်။ ဒီရုပ်ရှင်ဟာ ပက်ထရစ်ရှာအကြောင်းကိုပဲ အဓိကထား ရိုက်ကူးထားတာမဟုတ်ဘဲ ရဲတွေ စုံထောက်တွေ မြေပြင်မှာ အမှုလိုက်ကြပုံတွေ ရုံးတော်က တရားသူကြီးရှေ့မှောက်မှာ တရားလိုရှေ့နေနဲ့ တရားပြိုင်ရှေ့နေ ကိုယ့်အမှုသည်အတွက် အားပြိုင်ကြပုံတွေ ၁၉၆၀ဆိုတဲ့ ကာလတုန်းက တည်ရှိခဲ့တဲ့ ရှေးရိုးစွဲအယူအဆတွေကိုရုပ်ရှင်ပြသချိန် ၂နာရီအတွင်း ထောင့်စေအောင်ရိုက်ကူးပြသထားတာဖြစ်လို့ အချိန်ပေးကြည့်ရှုဖို့ သင့်တော်တဲ့ ရုပ်ရှင်ကားကောင်းလေးတကားဖြစ်ကြောင်း ညွှန်းဆိုရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။ File size…(1.9 GB)/(952 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Drama, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Stven Khant

6.5 2023
Miranda’s Victim
P2
5.9

P2 (2007) P2 (2007) ဇာတ်ကားဟာ ကြည့်ဖူးသူမှန်သမျှနီးပါး သဘောကျ ကြိုက်နှစ်သက်ကြတဲ့ Underrated Christmas horror ကားကောင်းတစ်ကားပါ။ ကြည့်ဖူးသူတွေပြန်ကြည့်သင့်သလို မကြည့်ရသေးတဲ့လူတွေလည်း လုံး၀မြည်းစမ်းကြည့်သင့်တဲ့ Hidden Horror Movie Gems တွေထဲကတစ်ခုပါပဲ။ ဇာတ်လမ်းကတော့…. အိန်ဂျလာဘရစ်ချ်ဟာ မန်ဟက်တန်မြို့လယ်ခေါင်က ရုံးခန်းအဆောက်အအုံကြီးမှာအလုပ်လုပ်တဲ့ မိန်းမလှလေးတစ်ယောက်ဖြစ်ပြီး ခရစ်စမတ်ညနေမှာတော့ အလုပ်တွေမပြီးပြတ်လို့တစ်ယောက်တည်းကျန်နေရစ်ခဲ့ပါတယ်။ သူ့အစ်မ အိမ်မှာ မိသားစုညစာအတူစားဖို့ချိန်းထားတာလည်းရှိတဲ့အတွက် ဖြတ်စရာကိစ္စတွေကိုအမြန်ဖြတ်ရင်း ရုံးခန်းကထွက်ဖို့ လုပ်တဲ့အချိန်မှာ ရုံးခန်းတွေကိုလိုက်ပိတ်နေတဲ့ လုံခြုံရေးတစ်ဦးနဲ့ဆုံတဲ့အတွက် အောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။ ရုံးခန်းအဆောက်အအုံကြီးရဲ့မြေအောက် ကားပါကင်ကိုရောက်တဲ့အချိန်မှာတော့ သူ့ကားစက်မနိုးနိုင်တာကိုသိလိုက်ရတဲ့အချိန်မှာ ကားပါကင်စောင့်လူငယ်တစ်ယောက်ရဲ့အကူအညီနဲ့ရုံးပေါ်ပြန်တက်ပြီး တက္ကစီစောင့်ဖို့ကြိုးစားခဲ့ပေမယ့် အဆောက်အအုံကြီးရဲ့ ပင်မဂိတ်တံခါးကလည်း သော့ခတ်ထားတဲ့အတွက် အိန်ဂျလာတစ်ယောက်မြေအောက်ကားပါကင်ဆီပြန်ဆင်းလာရတဲ့အချိန်မှာတော့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တစ်ခုကိုကြုံလိုက်ရပြီးသတိလစ်သွားပါတော့တယ်။ ပြန်လည်သတိရလာမယ့် သူ့အတွက် ကြိုဆိုနေမှာကတော့ သေရာပါစိတ်ဒဏ်ရာရသွားစေမယ့် ခြောက်ချားဖွယ်အတွေ့အကြုံတွေ၊ စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့ညတစ်ညပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

Crime • Drama
5.9 2007 98 mins
P2
A Brand New Life
7.4

ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ 22 ကြိမ်မြောက် တိုကျိုနိုင်ငံတကာ ရုပ်ရှင် ဆုပေးပွဲမှာ အကောင်းဆုံးအာရှရုပ်ရှင်ဆု ရခဲ့တဲ့ A Brand New Life လို အမည်ရတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ် ။ နာမည်ကြီး ကလေးသရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့တဲ့ ဂင်ဆယ်ရွန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးဟာ အဖေဖြစ်သူက ခရီးသွားမယ်လို လိမ်ပြောပြီးတော့ မိဘမဲ့ဂေဟာမှာ လာစွန့်ပစ်ခံလိုက်ရတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ် ။ ခရီးသွားမယ်ဆိုပြီး အဝတ်အစားသစ် ၊ ဖိနပ်သစ်တွေ ဝယ်ပေးပြီးတော့မှ မိဘမဲ့ဂေဟာမှာ မပြောမဆိုနဲ့ ပစ်ထားခံလိုက်ရတဲ့ ၉ နှစ်အရွယ်ကလေးလေး ဂျင်ဟီးအတွက်တော့ မိဘမဲ့ဂေဟာဆိုတဲ့ ပတ်ဝန်းကျင်အသစ်က ဘယ်လိုမှ နေသားကျစရာမကောင်းခဲ့ပါဘူး ။ သူ့လိုအရွယ်ကလေးတွေ ၊ စကားပြောကြမ်းတဲ့ ထမင်းချက်အဒေါ်ကြီး ၊ စစ်စတာနှစ်ယောက် နဲ့ ဂေဟာမှူး အကုန်လုံးက သူ့အပေါ် ကောင်းပေးကြပေမဲ့ ဂျင်ဟီးလေးကတော့ သူ့အဖေလာခေါ်မှာကိုပဲ စောင့်နေတုန်းပါ ။ ဒီလိုစောင့်နေရင်းနဲ့ ရှေ့မှာ တစ်ယောက်ပြီး တစ်ယောက် မွေးစားမိဘနောက်လိုက်သွားကြတဲ့ ကလေးတွေ ပြီးနောက်မှာ ဂျင်ဟီးရော ဘယ်လမ်းကို ရွေးမှာလဲ ။ အဖေလုပ်တဲ့သူကရော ဂျင်ဟီးကို ဘာလို စွန့်ပစ်ခဲ့တာလဲဆိုတာကတော့ A Brand New Life ရုပ်ရှင်မှာ ကြည့်ရှုလိုက်ရအောင်နော် ။ File size…(1.7 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:32:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hazelle

Crime • Drama • Action
7.4 2009 92 mins
A Brand New Life
Brave the Dark
6.6

Brave the Dark (2025) IMDb Rating (6.6) / Rotten Tomatoes (74%) ဒီ Movie ကတော့ ထုတ်လုပ်သူနေသန်နီရယဲဒင်းရဲ့ ငယ်ဘ၀ကို ရိုက်ကူးထားတဲ့ကားပါ။ ဇာတ်ကြောင်းကတော့ သူ့အမေကို အဖေကမျက်စိရှေ့မှာတင် သတ်လိုက်တာကို မြင်လိုက်ရတဲ့ နိတ်ဆိုတဲ့ကောင်လေးတစ်ယောက်က ပတ်၀န်းကျင်ရဲ့အပြောတွေကြားမှာ ဆိုးဆိုးဝါးဝါးနဲ့ ဂရုစိုက်မှုမခံရပဲကြီးပြင်းလာခဲ့ပါတယ်။ မိဘတွေမရှိတော့ပဲ ဆွေမျိုးတွေက ပစ်ထားတော့ ဖြစ်ချင်တိုင်းဖြစ်ပြီး ကားပေါ်မှာနေနေရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဆရာဖြစ်သူစတန်ဒင်းက သူ့ကျောင်းသားရဲ့ကောင်းကွက်ကိုမြင်ခဲ့ပြီး အကူအညီပေးခဲ့ပါတယ်။ မိဘမေတ္တာငတ်နေတဲ့ ကလေးတစ်ယောက်က သူ့ရဲ့ဆရာဖြစ်သူရဲ့ ကြီးကြပ်စောင့်ရှောက်ပေးမှုအောက်မှာ ဘ၀စတင်ပြောင်းလဲလာခဲ့ပါတယ်။ လမ်းမှားရောက်တော့မယ့် ကလေးတစ်ယောက်ကို အခြားသူတွေလို ပစ်မထားပဲ အတတ်နိုင်ဆုံး လမ်းမှန်ပေါ်ဆွဲတင်ပေးခဲ့တဲ့ ဆရာတစ်ယောက်ရဲ့ မေတ္တာကို ရိုးရိုးလေးရိုက်ကူးပြထားတဲ့ကားပါ။ ဒီကားကိုဖန်တီးခဲ့တာကလည်း သူ့ဘ၀ရဲ့မှောင်မိုက်နေတဲ့အချိန်တွေမှာ အလင်းဆောင်ကျဉ်းပေးပြီး လမ်းမှန်ပြပေးခဲ့တဲ့ ဆရာဖြစ်သူရဲ့စေတနာမေတ္တာကို ပြပေးချင်ခဲ့တာကြောင့်ပါ။ Plot twist တွေဘာတွေမပါတဲ့ ပေါ့ပေါ့ပါးပါးကားလေးမို့ ကြည့်ရတန်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(1.5 GB) / (740 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:51:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phu Thet Khin

6.6 2025 110 mins
Brave the Dark
Grave Encounters 2
5.1

ဒီဇာတ်ကားကတော့ ၂၀၁၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Grave Encounters ရဲ့အဆက် ဇာတ်ကားပဲဖြစ်ပါတယ်။ Paranormal Activites တို့ Blair Witch Project တို့လိုမျိုး ဖြစ်ရပ်မှန်မှတ်တမ်းတင်သရဲကားပုံစံမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ သဘာဝလွန်ကိစ္စတွေကို စွဲလမ်းနေတဲ့ ရုပ်ရှင်ကျောင်းက ကျောင်းသားတစ်စုဟာ ဆယ်စုနှစ်အတော်ကြာစွန့်ပစ်ထားပြီး ဘယ်သူမှမရှိတော့တဲ့ စိတ်ကျန်းမာရေးဆေးရုံဟောင်းကြီးတစ်ခုကို ဖောက်ဝင်ပြီးတော့ မှတ်တမ်းတင်ရိုက်ကူးဖို့ကြိုးစားပါတယ်။ အဲဒီနောက်မှာတော့ သူတို့အတွက် မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေက ကန့်လန့်ကာနောက်ကွယ်မှာ စောင့်ကြိုလို့နေပါတော့တယ်။ File size… 4.4 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Vader ft Riley

5.1 2012 95 mins
Grave Encounters 2