YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) Bicentennial Man (1999) 720p.mp4

1.12 GB 720p video/mp4 187 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Peter Pan & Wendy
5.7

ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။ J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ချီးကျူးသံတွေလဲစုံနေပါတယ်။ ကိုယ်တိုင်သာကြည့်ရှုသုံးသပ်လို့ရအောင်တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Comedy Quality…. 1080p | 720p | 480p File size… 2GB | 920MB  460MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Romance • TV Movie
5.7 2023 106 mins
Peter Pan & Wendy
The Soloist
6.7

ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးမှာ Jamie Foxx နဲ့ Robert Downey Jr တို့ အပြိုင်ကြဲထားထားပါတယ်။ သူ့နာမည်အပြည့်အစုံက နေသန်နီရယ်အန်တိုနီအဲယာစ်ဂျူနီယာ။ မိခင်က အလှပြင်ဆိုင်ဖွင့်ထားပြီး အစ်မတစ်ယောက်ရှိတယ်။ ဟိုးခပ်ငယ်ငယ် ကလေးဘဝတည်းက ချယ်လိုလို့ခေါ်တဲ့ တယောကြီးတီးရာမှာ တစ်ဖက်ကမ်းခတ် ပါရမီပါသူ။ ဂီတ အနုပညာကို အင်မတန်မြတ်နိုးသလို ဘီသိုဗင်ကိုလည်း အရူးအမူးချစ်ခင်လေးစားသူပေါ့။ ကံဆိုးရှာတာက ထိုပါရမီရှင်ဟာ စိတ်ကစဉ့်ကလျား ရောဂါသည်ဖြစ်နေရှာတာပါပဲ။ နားထဲ ကြားကြားနေရတဲ့အသံတွေတောင် သူ့မှာ ကျောင်းတစ်ဝက်တစ်ပျက်နဲ့ အယ်လ်အေ လမ်းမပေါ်ကို ရောက်ခဲ့ရရှာပေါ့။ လှည်းတစ်စီးနဲ့ ဖြစ်သလိုနေ ဖြစ်သလိုစားနေရရှာတဲ့သူဟာ ဂီတကိုတော့ အချစ်မလျော့ခဲ့ရှာဘူး။ ကောက်ရတဲ့ ပျက်လုနီးပါ တယောတစ်လက်ကို တစ်ခါမှမသင်ဖူးပါပဲ ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နေလေ့ရှိပါတယ်။ အယ်လ်အေစံတော်ချိန်သတင်းစာတိုက်က နာမည်ကျော် ဆောင်းပါးရှင် စတိဗ်လိုပတ်ဇ်။ သူကတော့ အခန်းဆက်ဆောင်းပါးတွေရေးတဲ့သူဖြစ်ပြီး သူ့စာဖတ်ပရိသတ် အတော်များတာပေါ့။ စာရေးဖို့ ကုန်ကြမ်းရှာရင်း နေသန်နီရယ်ကို သွားတွေ့ရာက ဒီတိုင်း ပါရမီရှင်ရဲ့ လမ်းပေါ်က အခြေအနေကို မျက်နှာလွှဲမနေနိုင်တော့တဲ့အခါ။ အပြင်မှာ စတိဗ်လိုပတ်ဇ်ဟာ ပူလစ်ဇာဆု စကာတင်စာရင်းမှာ လေးကြိမ်တိတိဝင်ခဲ့တဲ့ စာရေးဆရာအကျော်အမော်ဖြစ်သလို နေသန်နီရယ်ဟာလည်း တူရိယာပေါင်းစုံကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်တဲ့ ဖိုးဖိုးကြီးဖြစ်ကြီး လက်ရှိ အယ်လ်အေမှာ နေထိုင်လျက်ရှိကြပါတယ်။ File Size : (2.05GB) (724MB) and (207MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:57:00 Genre : Biography , Drama , Music Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Action • Adventure • Drama • Mystery • Science Fiction • Thriller • War
6.7 2009 109 mins
The Soloist
Wild Card
5.6

2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ action ဇာတ်ကားကောင်းဖြစ်ပြီး F&F နဲ့ Transporter တွေရဲ့ အက်ရှင်မင်းသား Jason Statham က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ နစ်ဝိုင်းလ်က လပ်စ်ဗီးဂတ်မှာ မနေချင်ဘဲ နေနေရတဲ့သူဖြစ်ပြီး လောင်းကစားကို အလွန်အကျူး စွဲလန်းနေပုံပါပဲ။ ငါးနှစ်စာ လွတ်လပ်ပျော်ရွှင်စွာနေရဖို့အတွက် ဒေါ်လာငါးသိန်းရှာပြီးရင် ထွက်သွားတော့မယ်လို့ တကြော်ကြော်ပြောနေပေမဲ့ တကယ်တမ်းမှာတော့ လောင်းကစားနွံက မရုန်းထွက်နိုင်သေးပါဘူး။ ဒါပေမဲ့ အထူးအေးဂျင့်ဟောင်းဖြစ်တဲ့သူဟာ အင်မတန် တိုက်ရည်ခိုက်ရည်ရှိပြီး အလွတ်တမ်း သက်တော်စောင့်လည်း လုပ်လိုက် လောင်းကစားလုပ်လိုက်နဲ့ ဘဝကို မွဲမွဲတေတေဖြတ်သန်းနေသူပါ။ တစ်နေ့မှာတော့ သူ့သူငယ်ချင်း ဟော်လီကို ဂန်းစတားတစ်ယောက်က မုဒိန်းကျင့်ပြီး ရိုက်နှက် နှိပ်စက်လိုက်တာကြောင့် ဟော်လီက ကလဲ့စားချေပြန်ချေဖို့ သူ့ကိုအကူညီတောင်းလာတဲ့အခါ … ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 1.5GB, 568MB & 285MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 32mins Genre : Action, Crime, Drama Translated by May Myat Thu Encoded by Kinnov

Comedy • Romance
5.6 2015 92 mins
Wild Card
Drifting Home
7.6

အမှတ်တရဆိုတာကို ဘယ်လိုခံယူကြလဲ? ကျွန်တော့်အတွက်တော့ အမှတ်တရ‌ဆိုတာ လူသားတွေကိုဖြစ်တည်စေတဲ့ အရာပါပဲ။ အမှတ်တရတွေကြောင့် ပျော်ရွင်ရတယ်။ ဝမ်းနည်းနေရင်တောင် မျက်ရည်တွေနဲ့ ပြုံးမိစေတယ်။ အမှတ်တရတွေကြောင့်ပဲ ကိုယ်မကြိုက်တဲ့ပစ္စည်းကိုတောင် ဖက်တွယ်မိကြတယ်။ အမှတ်တရတွေကို မစွန့်လွှတ်နိုင်ကြတဲ့အခါ ရူးမတတ်နာကျင်ရတယ်။ အထူးသဖြင့် အ‌သည်းကွဲရင်ပေါ့ဗျာ။ အသည်းကွဲတာနဲ့ မဆိုင်ပေမယ့် ဒီမျောနေတဲ့တိုက်ခန်းလျားလေးက သံယောဇဉ်တွေ ကိုယ်ဖက်တွယ်ချင်ခဲ့တဲ့မှတ်ဉာဏ်တွေ အမှတ်တရတွေအကြောင်းကို ကောင်းကောင်းကြီးခံစားတတ်စေမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ... တိုက်ခန်းလျားအဟောင်းကြီးတစ်ခုရှိတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ဆောက်ထားတာမို သရဲခြောက်တယ်ဆိုပြီး လူတိုင်းကပြောကြတယ်။ ဘယ်လောက်ပဲဟောင်းနေပါစေ နာ့ဇူမဲနဲ့ ခိုဆုခဲဆိုတဲ့ ကလေးနှစ်ယောက်အတွက်တော့ အဖိုးတန်အိမ်လေးပါပဲ။ မူလတန်းရဲ့ နောက်ဆုံးသော ‌နွေရာသီ ... တိုက်ခန်းလျားကို ဖြိုချပစ်တော့မှာမလို နာ့ဇူမဲတိုသားအမိနဲ့ ခိုဆုခဲတိုမိသားစု အိမ်ပြောင်းရတယ်။ သေးသေးလေးကတည်းက မခွဲအတူနေနှစ်ယောက်က ရုတ်တရက်ကြီး ဘာလိုမှန်းမသိ စိမ်းကားသွားတယ်။ သူငယ်ချင်းဖြစ်သူ စပ်စုစိန်တိုင်အိချိကြောင့် အိမ်ဟောင်းဖြစ်တဲ့ တိုက်ခန်းလျားကြီးဆီ ခိုဆုခဲရောက်လာရတယ်။ တိုင်အိချိက ပေါက်ပေါက်ရှာရှာ သရဲဖမ်းမလိုတဲ့လေ။ သရဲရှာမတွေ့ပါဘဲ ဗီဒိုခန်းလေးထဲမှာ သူ့ကိုယ်သူပိတ်ပြီး အိပ်ပျော်နေတဲ့ နာ့ဇူမဲကိုပဲ သူတိုရှာတွေ့သွားကြတယ်။ ‌နာ့ဇူမဲရှင်းပြတာတွေကို ခိုဆုခဲကမယုံတာမို ထုံးစံအတိုင်း ရန်သတ်ကြပြန်ပါတယ်။ ခေါင်မိုးထပ်မှာ ရန်ဖြစ်ရင်းနဲ့ပဲ နာ့ဇူမဲတစ်ယောက် တိုက်ပေါ်က ပြုတ်ကျသွားတဲ့အခါ ... ခိုဆုခဲနဲ့ နာ့ဇူမဲ၊ စပ်စုစိန်အသေးလေး တိုင်အိချိ၊ လူကောင်ကြီးကြီးယူဇုရု၊ ပြဿနာအိုးရဲအိနာနဲ့ ကြင်နာတတ်တဲ့ဂျူရီ၊ တစ်ချိန်လုံးနပန်းလုံးနေတဲ့ ခြောက်ယောက်သား မျောနေတဲ့အိမ်ကြီးဆီရောက်သွားပါတော့တယ်။ ‌တကယ်မှတကယ် ဘယ်ဆီဘယ်မှန်းမသိရတဲ့ ပင်လယ်ကြီးထဲမှာ မျောနေတဲ့တိုက်ခန်းကြီးနဲ့ အတူ ကလေးခုနစ်ယောက် ဘယ်လိုစခန်းသွားကြမလဲ? ပင်လယ်ပြင်ထဲ ဘာတွေ ကြုံတွေ့ရမလဲ? အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ဇာတ်လမ်းလေးက သံယောဇဉ်နဲ့ အမှတ်တရအကြောင်းမလို့ ရိုးရိုး ကလေးကြည့် fantasy ထက်တော့ ပိုပါတယ်။ A whisker away တို Penguin Highway, Typhoon Noruda တိုရဲ့ ဒါရိုက်တာ Colorido Studio က Hiroyasu Ishida ရဲ့လက်ရာမလို့ Animation နဲ့ plot ကတော့ စိတ်ချရမှာ အမှန်ပဲဗျာ။ ခိုဆုခဲတို့ ခုနစ်‌ယောက်နဲ့အတူ တိုက်ခန်းကြီးထဲမှာ လိုက်ပါရင်း သေချာစီးမျောပေးကြပါဦးဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Chevy က ရေးထားပါတယ်။) File Size          : 1.1GB, 480MB, 276MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 59mins Genre              : Comedy Translated by Chevy & Hnin Wut Yi Encoded by Kinnov

Crime • Drama • Thriller
7.6 2022 121 mins
Drifting Home
Adarna Gang
6

ဒီကားလေးကတော့ March11ကထွက်ရှိထားတဲ့ ဖိလစ်ပိုင်ကားသစ်လေးပါ။ မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်နေတဲ့ အင်အားကြီးဂိုဏ်းတစ်ခုမှာ ဂိုဏ်းကိုစတင်တည်ထောင်ခဲ့ချိန်ကတည်းက ညီအစ်ကိုလိုရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ မူးယစ်ဆေးအရောင်းအဝယ်လုပ်နေစဉ်အထင်လွဲမှုတစ်ခုကြောင့် ဇာတ်လိုက်မင်းသမီးဖြစ်သူAndrianaရဲ့ ဖခင်သေဆုံးခဲ့ရပြီးနောက် ငြိမ်းချမ်းမှုကိုနှစ်သက်ပြီး ဓမ္မတေးတွေသီဆိုလေ့ရှိတဲ့ Andrianaဟာ အဖေဖြစ်သူကို သတ်ခဲ့တဲ့လူကို လက်တုံ့ပြန်ဖို့ဖြစ်လာခဲ့ပြီး ဖခင်ရဲ့သူငယ်ချင်းဖြစ်သူ Patriarch နဲ့သား၃ယောက်က သူ့ရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတော့တယ်။ အမုန်းရန်ငြှိုးတွေကြောင့် Andrianaနဲ့ Patriarchရဲ့ သားဖြစ်သူ Juanတို့ကြားထဲက အခြေ‌အနေတွေက ပြောင်းလဲသွားဦးမလား Andrianaရဲ့ အစီအစဉ်တွေကရောအောင်မြင်သွားမလားဆိုတာကို အမုန်းတွေ အတ္တတွေအပြည့်နဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ လက်တုံ့ပြန်တာတို့ Female lead Strong ဖြစ်တဲ့ ကားမျိုးတွေကို နှစ်သက်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်သင့်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Action Quality….WEB-DL 1080p and 720p File size…1.5GB and 741MB Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Milkeux Encoder ..... LK

Horror
6 2022 120 mins
Adarna Gang
Seven Nights in Japan
6

Seven Nights in Japan (1976) ဒီဇာတ်ကားနဲ့ပတ်သက်လို့ အချက်အလက်တွေရှာတာမှာ စိတ်ဝင်စားဖွယ်တစ်ခု တွေ့ရတာက ဒီဇာတ်ကားဟာ မြန်မာပြည် (အရင်တုန်းက Burmaလို့နာမည်ရှိစဉ်)မှာ ရုံတင်ခဲ့ချိန်တုန်းက အလွန်အောင်မြင်လူကြိုက်များခဲ့တဲ့အကြောင်းကို Wikipedia မှာ ညွှန်းထားတာပါပဲ။ ညွှန်းတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်တောင် ရုပ်ရှင်ရုံရှေ့က လက်မှတ်တန်းစီတိုးကြတဲ့ လူအုပ်ကြီးထဲ ညပ်ပါသွားခဲ့ရတယ်ဆိုလား။ ဥရောပတစ်နိုင်ငံက အိမ်ရှေ့စံမင်းသားလေးတစ်ပါးဟာ (ဘယ်နိုင်ငံရယ်လို့တော့ အတိအကျညွှန်းမထားပါဘူး။ ) ရေတပ်ဗိုလ်လေးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ရင်း ဂျပန်နိုင်ငံကိုအရောက်မှာ အားလပ်ရက်အနေနဲ့ ခွင့်တစ်ပတ်ယူပြီး ကုန်းပေါ်တက်သွားတာကနေ ဇာတ်လမ်းစတာပါပဲ။ သာမန်သင်္ဘောသားတစ်ယောက်လိုတော့ အားလပ်ရက်ရတုန်း ကဲချင်သလိုကဲခွင့် မရှိရှာပါဘူး။ သူ့ခမျာ မင်းမျိုးမင်းနွယ်ဖြစ်ရတဲ့သူတွေရဲ့ဒုက္ခကို ခံရပါတယ်။ သူရတဲ့ အားလပ်ရက်လေးအနည်းငယ်ကို မင်းသားတစ်ပါးရဲ့ သံတမန်ခရီးစဉ်လိုမျိုး စီစဉ်လိုက်ကြတော့ သူ့မှာ ဧည့်ခံပွဲတွေတက်ရ၊ မကုန်နိုင်တဲ့လူတွေနဲ့ လက်ဆွဲနှုတ်ဆက်ရ ၊ သတင်းထောက်တွေမေးတာဖြေလိုက်ရနဲ့ မခံနိုင်တဲ့အဆုံး တစ်ညမှာ သူအခန်းကနေခိုးထွက်ပြီးတော့ တိုကျိုမြို့တော်ရဲ့ night life ကို လျှောက်ခံစားကြည့်ပါတော့တယ်။ ပိုက်ဆံလည်းတစ်ပြားမှမပါဘဲနဲ့ နိုက်ကလပ်ထဲကို သူမို့ဝင်ရဲပါပေတယ်။ အဲဒီမှာ စားပွဲထိုးမလေးတွေပါးပါးလှီးသမျှ ခံရရင်း ပြန်တော့မယ်ဆိုလို့ ငွေရှင်းသွားဦးလေ ဆိုတော့ "ကျွန်တော်အပြင်ထွက်တဲ့အခါ ပိုက်ဆံကိုင်လေ့မရှိဘူးဗျ" တဲ့။ "အဲဒီပိုက်ဆံကို နက်ဖြန်ကျရင် အပို့ခိုင်းလိုက်ပါ့မယ်" တဲ့။ အဲဒီတော့ ဘာပြောကောင်းမလဲ နိုက်ကလပ်လုံခြုံရေးတွေက အတင်းလိုက်ဖမ်းတာကို လွတ်‌အောင် သေပြေးရှင်ပြေး ပြေးရရောဆိုပါတော့။ ပြေးရင်းပုန်းရင်းနဲ့ ဘတ်စ်ကားတစ်စင်းပေါ်ရောက်သွားပါတယ်။ အဲဒီကားက ကမ္ဘာလှည့်ခရီးသွားတွေကို တိုကျိုမြို့ရဲ့ညဘက်မြို့ပတ်ခရီးစဉ်လိုက်ပြတဲ့ကုမ္ပဏီတစ်ခုရဲ့ကားပါ။ အဲဒီကားပေါ်မှာပဲ ဧည့်လမ်းညွှန် ဂျပန်မချောချောလေးတစ်ယောက်နဲ့ ဆုံမိကြရောဆိုပါတော့။ မြင်မြင်ချင်းချစ်မိတဲ့အချစ်ရယ်၊ မွန်းကျပ်ဆို့သိပ်ဖွယ်ကောင်းလှတဲ့ တာဝန်ဝတ္တရားတွေကို ရှောင်ပြေးချင်စိတ်ရယ်၊ တစ်ခါမှမခံစားရဖူးတဲ့ လွတ်လပ်မှုနဲ့အလှတရားတွေရယ် ဒါတွေအားလုံးပေါင်းဆုံမိသွားတဲ့အခါမှာတော့ ကြည်နူးလွမ်းမောဖွယ်အချစ်ဇာတ်လမ်းလေးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ ရုပ်ရှင်ရုံတွေမှာရုံတင်ခဲ့တုန်းက ဆင်ဆာကတ်ကြေးကြောင့် ချစ်မက်၊နှစ်သက်၊မပစ်ရက်စရာကြည်နူးဖွယ် Romantica/ Erotica ပြကွက်လေးတွေကို ကြည့်ခွင့်မရခဲ့ကြမယ့် လက်ရှိ လူလတ်ပိုင်း၊လူကြီးပိုင်းပရိသတ်တွေအနေနဲ့လည်း အခု ပြည့်ပြည့်စုံစုံခံစားခွင့်ရကြပါလိမ့်မယ်ဆိုတဲ့အကြောင်း ညွှန်းလိုက်ရပါတယ်ခင်ဗျ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Tharman Myint မှ တက်ဆက်ထားပါတယ်။) File size…(650MB) Quality….DVDRip Format…mp4 Duration….01:40:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tharman Myint

Drama • History • Romance
6 1976 100 mins
Seven Nights in Japan
Ip Man: The Awakening
6.1

“လောကမှာ လူနှစ်မျိုးပဲရှိတယ်။ ဈေးကြီးတဲ့လူနဲ့ ဈေးပေါတဲ့လူ”တဲ့။ ဒါက ရုပ်ရှင်ထဲက လူကုန်ကူးသူပြောတဲ့စကား…… CM ပရိတ်သတ်တို့အတွက် IP Man – The Awakening ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားထဲမှာတော့ IP Man ငယ်ရွယ်စဉ်ဘဝက ဟောင်ကောင်မှာ ပညာသင်နေချိန်ကပေါ့ ဟောင်ကောင်မှာ အင်္ဂလန်ဂိုဏ်းတစ်ခုက အမျိုးသမီးငယ်လေးတွေကိုဖမ်းဆီး နှိပ်စက် ရောင်းစားနေခဲ့တယ်။ တစ်နေ့မှာ IP man ဟာ လူဆိုးဂိုဏ်းတွေ အပိုင်စီးထားတဲ့ ဆိပ်ကမ်းတစ်ခုထဲကို မှားဝင်သွားမိပြီး ထိုဒုစရိုက်မှုကြီးကို မျက်မြင်တွေ့ခဲ့ရပါတယ်…… IP Man ဟာ သူတစ်ယောက်တည်းအားနဲ့ လူကုန်ကူးခံရတဲ့ မိန်းကလေးတွေကို ကယ်တင်နိုင်ပါ့မလား… လူဆိုးဂိုဏ်းကြီးကိုကော IP Man ရဲ့ ကွန်ဖူးပညာနဲ့ ဘယ်လိုချေမှုန်းမလဲဆိုတာကို ရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားလိုက်ရအောင်.

Action • Thriller
6.1 2022
Ip Man: The Awakening
Woodland Grey
4.5

Woodland Grey (2021) ================= ဝီလီယမ်က တောနက်ကြီးက နောက်တွဲယာဉ်တစ်ခုမှာ နေထိုင်တဲ့ လူတစ်ယောက်ဖြစ်တယ်။ တစ်နေ့မှာ အမ်မလီ ဆိုတဲ့ အမျိုးသမီး တစ်ယောက်က သူနေတဲ့နေရာနားမှာ ဘာကြောင့်မှန်းမသိ မေ့လဲ နေတော့ ဝီလီယမ်က သူနေတဲ့နေရာကို ခေါ်လာလိုက်တယ်။ အမ်မလီ နိုးလာတော့ ပြန်မယ်လုပ်ပေမဲ့ ဒဏ်ရာရထားတာကြောင့် သူ့ဆီမှာ တစ်ညတည်းလိုက်ရော ‌အဲဒါနဲ့ နောက်နေ့မနက်ရောက်တော့ အမ်မလီတစ်ယောက် သူတို့နေတဲ့နေရာနားက တဲစုတ်လေးတစ်ခုထဲမှာ ကလေးမလေး တစ်ယောက်ကို တွေ့ပြီး တံခါးဖွင့်ပေးလိုက်တဲ့အချိန်မှာ Horror Movieတို့ ထုံးစံအတိုင်း ဇာတ်လမ်းစတော့တာပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)

Crime • Drama
4.5 2021 91 mins
Woodland Grey
A Violent Man

ဒီဇာတ်ကားလေးကတော့ နှစ်ရှည် အကျဉ်းသား တစ်ယောက်အကြောင်းကို ရိုက်ပြထားတဲ့ Crime /Drama ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မိုက်ကယ်ဆန်ဟာ သူ့ ဇနီးကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ပြီး ထောင်ကျခံနေရသူ တစ်ဦးပါ ဒေါသကြီးပြီး အကြမ်းဖက်တတ်တဲ့လူတစ်ယောက် ဖြစ်တာကြောင့် ထောင်ထဲမှာ အမှုတွေ တစ်ခုပြီးတစ်ခုဖြစ်ရင်း ထောင်သက်ဟာလည်း ပိုပြီး ရှည်ကြာလာခဲ့ပါတယ်။ မိုက်ကယ်ဆန်တစ်ယောက် ထောင်ထဲမှာ ဖြတ်သန်းနေထိုင်ပုံကို ရိုက်ကူးပြသထားတာဖြစ်ပြီး အမြဲ ကြမ်းကြမ်းတမ်းတမ်းနေတတ်တဲ့ မိုက်ကယ်ဆန်တစ်ယောက် သူ့သမီးနဲ့ တွေ့ရမယ့်အချိန်မှာ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦးဗျာ…… File size…(1 GB)/(520 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Crime • Thriller • Horror • Mystery
0 2022 107 mins
A Violent Man
All That Heaven Allows
7.6

All That Heaven Allows (1955) IMDb: 7.6/10 Genre: Drama / Romance အရမ်းအောင်မြင်ခဲ့တဲ့ ဂန္ထဝင် romanceရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးမယ်ဗျ။ ဒီရုပ်ရှင်က 1955ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ ရုပ်ရှင်လို့ပြောရမယ်ဗျ။ ဘာလို့လဲဆိုရင် မင်းသားကြီး ဝင်းဦးကိုယ်တိုင် ဒီရုပ်ရှင်ကိုမှီငြမ်းပြီး “နှစ်ယောက်တည်းနေချင်တယ်” ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးခဲ့တယ်လို့ ပြောကြလို့ပါပဲ။ ဒီရုပ်ရှင်ကတော့ စတုန်နင်ဟမ်လို့ခေါ်တဲ့မြို့လေးမှာနေထိုင်တဲ့ မုဆိုးမတစ်ယောက်ဖြစ်သူ ကယ်ရီဟာ သူ့အိမ်ကို သစ်ပင်အကိုင်းအခက်တွေ လာရောက်ပြုပြင်ပေးသူ ဥယျာဉ်မှူး လူငယ်လေး ရွန်ကာဗီနဲ့ ချစ်ကြိုက်မိတဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ကယ်ရီဟာ ကြွယ်ဝပြီး အပေါင်းအသင်းနည်းတဲ့သူတစ်ယောက်လို့ ပြောရပါမယ်။ သားသမီးတွေဟာလည်း အားလပ်ရက်မှ ပြန်လာတတ်တာမို့ ကယ်ရီဟာ အိမ်မှာပဲ အေးဆေးစွာ နေထိုင်သူတစ်ဦးပါ။ ရွန်ကတော့ ရင့်ကျက်ပြီး ဘဝကို ရှိတာနဲ့ရောင့်ရဲတင်းတိမ်နိုင်တဲ့ ငယ်ရွယ်တဲ့ လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ ငွေကြေးနဲ့ဂုဏ်ဒြပ်တွေကို မက်မောတဲ့ ကယ်ရီရဲ့ အသိုင်းအဝိုင်းက တစ်ဖက်၊ ရိုးရှင်းတဲ့ဘဝကိုသာ လိုချင်တဲ့ ရွန်က တစ်ဖက်၊ ဒီလိုရင်ဆိုင်လာရချိန်မှာတော့ ကယ်ရီတစ်ယောက် သူ့ရဲ့ ခံစားချက်တွေကို ဘယ်လိုပြုပြင်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဒီရုပ်ရှင်မှာ အချိန်တွေပြောင်းလဲသွားပေမယ့် လိုက်ပြောင်းလဲမသွားတဲ့ လူ့အသိုင်းအဝိုင်းရဲ့ ထုံးတမ်းအစဉ်အလာတွေအကြောင်းကိုလည်း သေချာတွေ့မြင်ရမှာပါ။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Douglas Sirkက ရိုက်ကူးထားပြီး မင်းသမီး Jane Wymanနဲ့ မင်းသား Rock Hudsonတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဝင်းဦးကိုယ်တိုင် ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ ဘယ်လောက်လက်ရာမြောက်လဲဆိုတာတော့ ပြောဖို့လိုမယ်မထင်ပါဘူးဗျ။ အရမ်းကောင်းတဲ့ classic romanceရုပ်ရှင်တစ်ကားဖြစ်လို့ ကြည့်ကြဖို့ ညွှန်းချင်ပါတယ်။ File size… 2.7 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Spencer Potato

7.6 1955
All That Heaven Allows
Hoard
6.6

Hoard (2023) IMDb Rating (6.6) / Rotten Tomatoes (94%) မာရီယာက မိခင်ဖြစ်သူ စင်သီယာနဲ့ အမေတစ်ခုသမီးတစ်ခုကြီးပြင်းလာခဲ့ရသူဖြစ်တယ်။ စင်သီယာက စွန့်ပစ်ပစ္စည်းတွေကို‌ကောက်ရတာ ဝါသနာကြီးသူဖြစ်တာကြောင့် အိမ်မှာအမြဲအမှိုက်တွေပွနေတတ်ပြီး သမီးဖြစ်သူနဲ့လည်း အဲ့ကိစ္စကြောင့် စကားများတတ်ကြပါတယ်။ ဒါပေမဲ့ မာရီယာလေး ဆယ်ကျော်သက်အရွယ်ကျောင်းသူဘဝရောက်လာတဲ့အချိန်မှာတော့ မွေးစားမိခင် မီရှဲလ်နဲ့အတူ ဘဝအသစ်တစ်ခုမှာနေနေရပါတော့တယ်။ မာရီယာက ကျောင်းထွက်လိုက်ပြီး ဘာလုပ်မှန်းမသိဖြစ်နေချိန်မှာ မီရှဲလ်အရင်ကစောင့်ရှောက်ပေးခဲ့ဖူးတဲ့ မိုက်ကယ်ဆိုတဲ့လူတစ်ယောက် သူတို့အိမ်မှာလာတည်းဖို့အကြောင်းဖြစ်လာပါတော့တယ်။ မိုက်ကယ်က ချစ်သူကောင်မလေးရှိရက်နဲ့ မာရီယာ့အပေါ်စိတ်ခံစားချက်တွေ ယိုင်နဲ့လာတဲ့အခါတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကြည့်ရမဲ့ စိတ်ကျန်းမာရေးအသားပေး ဒရာမာဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။) File size…(2.3 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….02:07:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khant Sett Naing

Romance • Drama
6.6 2024 126 mins
Hoard
A ’90s Christmas
6

ပစ္စုပ္ပန်မှာရှင်သန်နေရတဲ့လူသားတွေဟာ အတိတ်ကိုရော အနာဂတ်ကိုပါပြောင်းလဲပြင်ဆင်လိုမရပါဘူး။ မိသားစုဝင်တွေနဲ့ရော သူငယ်ချင်းတွေနဲ့ပါအဆက်အသွယ်ဖြတ်ပြီး အလုပ်တွေပဲဖိလုပ်နေတဲ့ ရှေ့နေမလေးလူစီကတော့ ၂၀၂၄ ခရစ္စမတ်မှာ အတိတ်ကိုပြင်ဆင်ပြီး အနာဂတ်ကိုပြောင်းလဲဖို အခွင့်အရေးတစ်ခုရခဲ့ပါတယ်။ ထူးဆန်းတဲ့တက္ကစီတစီးကြောင့် လူစီဟာ ဘဝရဲ့အရေးပါတဲ့ အချိုးအကွေ့တွေဖြစ်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ခရစ္စမတ်ကို ပြန်ရောက် သွားခဲ့ပါတယ်။ ဖခင်ဆုံးပါးပြီးခါစ ပူဆွေးသောကရောက်နေတဲ့ မိသားစုကို သူလုပ်ခဲ့ဖူးသလို ထပ်ချန်ထားခဲ့ဦးမှာလား ဒါမှမဟုတ် မိသားစုဝင်တွေကိုဖေးမကူညီပေးသွားမှာလား။ သူငယ်ချင်းမတ်တီကို ခံစားချက်တွေဖွင့်မပြောဘဲ နေရာသစ် တစ်ခုကိုတစ်ကိုယ်တည်းပြောင်းရွှေ့လာဦးမှာလား ဒါမှမဟုတ် မတ်တီနဲ့ချစ်သူတွေဖြစ်ပြီး ကျောင်းအတူတူတက်ကြမှာလား။ အချစ်ဆုံးသူငယ်ချင်းနေဒင်းနဲ့သူစိမ်းတွေဖြစ်လာဦးမှာလား ဒါမှမဟုတ် တစ်သက်လုံးအချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေကြမှာလား။ လူစီဟာ အတိတ်ကိုပြင်ဆင်ခွင့်ရခဲ့ပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ သူကြိုးစားခဲ့ရတဲ့ဘဝကိုပြောင်းလဲပစ်ဖို ခဲရာခဲဆစ်ရွေးချယ်မှုတွေ လုပ်ရပုံကို A 90s Christmas မှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.33GB) / (758MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6 2024 84 mins
A ’90s Christmas
Choo Mantar
8.1

Choo Mantar 2025 (ချူမန်တရာအဖွဲ့နဲ့ မော်ဂန်စံအိမ်ကြီး) သဘာဝလွန်ဖြစ်ရပ်တွေနဲ့ပတ်သတ်ပြီးတော့ သရဲနှိမ်နင်းပေးတဲ့နေရာမှာ နာမည်ကြီးနေတဲ့ ချူမန်တရာဆိုတဲ့ လူ၄ယောက်နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုရှိပါတယ်။ သူတို့ဟာ သရဲပူးကပ်နေတဲ့သူတွေကို ကုသပေးရင်း ဝင်ငွေရှာနေတဲ့သူတွေပေါ့။ သူတို့ရဲ့ ခေါင်းဆောင်ကတော့ ဒိုင်နမိုလို့ခေါ်ပြီး သူတို့အဖွဲ့ဟာ ဘာကိုမှ မကြောက်တတ်ကြပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာ သတင်းစာထဲကနေ မော်ဂန်စံအိမ်ကြီးအကြောင်း သိရှိခဲ့ရပြီးတော့ အဲဒီစံအိမ်ကြီးဟာ အိန္ဒိယရဲ့ ထိပ်တန်း သရဲအခြောက်ဆုံးနေရာ ၁၀ခုအတွင်းမှာ တစ်ခုအပါအဝင်ဖြစ်တယ်ဆိုတာကို သိလိုက်ရတော့ သဘာဝလွန်ဖြစ်ရပ်တွေကို လိုက်လံဖြေရှင်းပေးနေကြတဲ့သူတွေ ပီပီ စိတ်ဝင်စားသွားပြီး စုံစမ်းကြည့်ပါတော့တယ်။ ဒီအခါမှာ အဲဒီစံအိမ်ကြီးထဲမှာ ဗြိတိသျှတွေလက်ထပ်တုန်းက သူတို့ရတနာတွေကို မြှုပ်နှံထားကြောင်းသိလိုက်ရတဲ့အခါမှာတော့ ……… ဒိုင်နမိုဦးဆောင်တဲ့ ချူမန်တရာအဖွဲ့ဟာ မော်ဂန်စံအိမ်ကြီးကို လေ့လာဆန်းစစ်ဖို့အတွက် သွားရောက်ကြတဲ့အခါမှာ ဘယ်လိုကြောက်ဖို့ကောင်းတဲ့ အရာတွေကို ကြုံတွေ့ရမလဲ ……… နိုင်ငံခြားမှာရောက်နေတဲ့ မော်ဂန်စံအိမ်ကြီးရဲ့ ပိုင်ရှင်သားအဖဟာလည်း ဒီစံအိမ်ကြီးကို ပြန်လာခဲ့တဲ့အခါ ……… ပိုင်ရှင်သားအဖနဲ့ ချူမန်တရာအဖွဲ့တို့ ဘယ်လိုအရာမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ရှုစားရမဲ့ ဟော်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Yunni ~ Cym ~ KKKZ~ ZweYan တို့ပဲဖြစ်ပါတယ်)

Comedy • Drama • Romance
8.1 2025 142 mins
Choo Mantar
The Biggest Fan
4.3

The Biggest Fan (2025) ဒီရုပ်ရှင်လေးကတော့ 2025 ထွက် မက္ကစီကိုဟာသကားလေးပဲဖြစ်ပါတယ်။ လာရာခရုဇ်ဟာ မက္ကဆီကန်လူမျိုး ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်ပြီး နာမည်ကြီး “Special Crimes” ဇာတ်လမ်းတွဲရဲ့ ပင်တိုင်စံမင်းသမီး တစ်ဦးဖြစ်ပါတယ် ။ တစ်ရက်သူဟာ ပွဲတစ်ခုကို တက်ရောက်ရင်း ပရိတ်သတ်တစ်ဦးကို မတော်တဆရိုက်မိလိုက်ရာကနေ အဆိုပါဗီဒီယိုဟာ အင်တာနက်မှာ Viral ဖြစ်သွားပြီး အားလုံးကမုန်းကာ ဘွိုင်းကော့ ဝိုင်းလုပ်ကြလို့ “Special Crimes” ကနေလည်း အထုတ်ခံလိုက်ရပြီး နာမည်ကြီး မင်းသမီးအဖြစ်ကနေ နေ့ခြင်းညခြင်း အလုပ်လက်မဲ့ ဘဝကို ရောက်သွားပါတော့တယ်။ ထို့သို့နေထိုင်ရင်း တစ်ရက်မှာတော့ သူမရဲ့မွေးရပ်မြေ မက္ကဆီကိုက ရုပ်ရှင်တစ်ကားမှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒီလိုနဲ့ လာနာလည်း သူမရဲ့နာမည်ကို ပြန်အဖတ်ဆယ်နိုင်ဖို့ရည်ရွယ်ချက်နဲ့ မက္ကဆီကိုနိုင်ငံကို ခရီးထွက်လာပါတော့တယ်။ တည်းခိုရာ ဟိုတယ်ရောက်ရောက်ခြင်း ဟိုတယ်က ပိုလီဆိုတဲ့ ရေကန်သန့်ရှင်းရေးမိန်းကလေးက သူမရဲ့အမာခံပရိတ်သတ်ပါဆိုပြီး လာနာကိုနှုတ်ဆက်လာပါတယ်။ နောက်ရက်တွေမှာလည်း ပိုလီဟာ လာနာကို ဇွတ်ဝင်ရောပြီး သူမရဲ့ မိသားစုတစ်ခုလုံးကိုပါ ရိုက်ကွင်းကို‌ ခေါ်ချလာပါတယ်။ အဲ့လိုနဲ့ တစ်ရက်မှာတော့ လာနာဟာ အွန်လိုင်းဆယ်လီတစ်ဦးဖြစ်တဲ့ပိုလီကို သူမရဲ့နာမည်ကို ဆိုရှယ်မီဒီယာကို သုံးပြီး ပြန်မြင့်တင်ပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ လက်ထောက်ခန့်လိုက်ပါတော့တယ်။ သူမရဲ့နာမည်ကို အဖက်ပြန်ဆယ်မယ့် နာမည်ကြီးထမင်းငတ်လာနာနဲ့ ရေကူးကန်သန့်ရှင်းရေး ဘဝကနေ မင်းသမီးရဲ့လက်ထောက်ဖြစ်လာတဲ့ ပိုလီတို့ ဘယ်လို ဆက်စခန်းသွားကြမလဲ ဒီဟာသကားလေးမှာ ဆက်ကြည့်နိုင်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကို Swan Yee Myo Thant မှတင်ဆက်ထားပါတယ်။) File size… (1.7 GB) / (930 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:33:44 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Swan Yee Myo Thant

4.3 2025 91 mins
The Biggest Fan
Ishq Vishk Rebound
5.4

Ishq Vishk Rebound 2024 “အချစ်နှင့်ဘေးထွက်ဆိုးကျိုးများ” ချစ်ဖို့ကောင်းတဲ့ ဟင်ဒီ rom-com လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်တွေအနေနဲ့ကတော့ Mismatched စီးရီးနဲ့ နာမည်ရလာတဲ့ Rohit Saraf နဲ့ နာမည်ကြီးရိုရှန်မိသားစုထဲက နောက်တစ်ယောက်ဖြစ်တဲ့ တက်သစ်စမင်းသမီး Pashmina Roshan တို့ပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရာဂါဗ်က တက်သစ်စ ဇာတ်ညွှန်းဆရာတစ်ယောက်ပါ အလုပ်ဒတ်လိုင်းနီးနေတဲ့အခါမှာ သူ့ရဲ့ကိုယ်ပိုင်ဘဝကိုပဲ နောက်ကြောင်းပြန်လှည့်စဉ်းစားရင်း ဇာတ်ညွှန်းဖန်တီးဖို့ ဖြစ်လာပါတော့တယ် တချိန်က သူ့ရဲ့သွားအတူစားအတူ ငယ်သူငယ်ချင်း ဆန်ယာနဲ့ ဆာဟီရ်တို့ဟာ အရွယ်တစ်ခုရောက်လာတော့ ချစ်သူတွေဖြစ်သွားကြတဲ့တွက် ရာဂါဗ်တစ်ယောက် third wheel ဘဝရောက်သွားပါတယ် ဒီလိုနဲ့ သူငယ်ချင်းချစ်သူစုံတွဲကိုပဲ အချိန်ပေးနေရတဲ့ ရာဂါဗ်ကိုယ်တိုင် ဆတ်ဆတ်ကြဲချစ်သူကောင်မလေးရလာတဲ့အခါမှာ သူငယ်ချင်းတွေနဲ့ ချစ်သူကောင်မလေးကြား ဟန်ချက်မညီခြင်းတွေဖြစ်လာပြီး ဘယ်လိုအလွဲလေးတွေ ရင်ဆိုင်ရမလဲ ဆက်လက်ကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Romance • Drama • Science Fiction
5.4 2024 106 mins
Ishq Vishk Rebound