YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

[CM]Best.Mistake.2.2020.E04-1080p.mp4

193.37 MB 1080p video/mp4 360 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Throne of Blood
8

~ IMDb - 8.1/10, Rotten Tomatoes - 96% ~ ကူရိုဆာဝါဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ရှိတ်စပီးယားဝတ္တုတွေကို မှီငြမ်းပြီး ရုပ်ရှင်၃ကားရိုက်ဖူးတယ်။ Macbeth ကို မှီငြမ်းပြီး Throne of Blood (1957) ကို ရိုက်ခဲ့၊ Hamlet ကို မှီငြမ်းပြီး The Bad Sleep Well (1960) ကို ရိုက်ခဲ့သလို King Lear ကို မှီငြမ်းပြီး Ran (1985) တို့ကို ရိုက်ကူးခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကို ယူပြီး ဂျပန်ရဲ့ ရေခံမြေခံမှာ ပြန်အသက်သွင်းလိုက်တာတွေပါပဲ။ ဒဲ့ကြီးတော့မဟုတ်ဘဲ ပြင်သင့်တာပြင် ရိုက်ထားတယ်။ ဒါပေမဲ့ သူပြင်ရိုက်ပုံတွေကတော့ တော်တော်လေးပြည့်စုံသလိုတော့ ခံစားရတယ်။ ဆန်းတော့လည်းမဆန်းလှပါဘူး။ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲကိုး။ တကယ်ဆို ကူရိုဆာဝါက ရှိတ်စပီးယားရဲ့ မက္ကဘတ်ကို ရိုက်ချင်နေတာကြာပြီ။ Rashomon (1950) ကို ရိုက်ပြီးတဲ့နောက် ရိုက်ဖို့ လုပ်ခဲ့ပေမဲ့ အော်ဆန်ဝဲလ်ကလည်း ရိုက်ထားတာသိတော့ ခဏနောက်ဆုတ်လိုက်တယ်။ ၁၉၅၆ရောက်တော့ Throne of Blood, The Hidden Fortress နဲ့ Revenge ကို သူပရိုဂျူဆာလုပ်မယ်လို့ ကြေညာလိုက်ပေမဲ့ အခန့်မသန့်ချင်တော့ သူခန့်ချင်တဲ့ ဒါရိုက်တာတွေက အကြောင်းအမျိုးမျိုးနဲ့မရိုက်ဖြစ်တော့ သူကိုယ်တိုင်ပဲရိုက်လိုက်ရတယ်။ ဒီလိုနဲ့ ခမ်းနားလှတဲ့ Throne of Blood ထွက်လာတာပါပဲ။ Throne of Blood ဟာ မက္ကဘတ်ကိုပဲယူတယ်ဆိုပေမဲ့ Ozymandias ကဗျာအငွေ့လည်း သွင်းထားတယ်လို့ ထင်ရပါတယ်။ "The Most Successful Film Version of Macbeth" လို့လည်း ဝေဖန်ရေးသမားတွေ မှတ်ချက်ပေးခြင်းလည်း ခံခဲ့ရတယ်။ ကူရိုဆာဝါဟာ ဒီဇာတ်ကို အကြောင်းမဲ့ရိုက်ပြခဲ့တာတော့မဟုတ်ဘူး။ သူ့အမြင်မှာ အလယ်ခေတ်ကာလအတွင်း စကော့တလန်နဲ့ ဂျပန်မှာဖြစ်နေတဲ့ လူ့အသိုင်းအဝိုင်းဆိုင်ရာ ပြဿနာတွေဟာ ဆင်တူခဲ့သလို ဒီပြဿနာတွေက ဒီနေ့ခေတ်အတွက် သင်ခန်းစာပေးစရာတွေရှိနေတယ်လို့ သူယုံခဲ့တယ်။ ဒါကြောင့်လည်း သူ ဒီရုပ်ရှင်ကို ထွက်လာစေချင်ခဲ့တယ်။ နောက်ဆုံး သူပဲရိုက်ခဲ့တယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ သူကားပေါင်းများစွာမှာ ထည့်သုံးနေကျဖြစ်တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားတွေဖြစ်သွားကြတဲ့ Toshiro Mifune, Takashi Shimura တို့ကို သုံးထားတယ်။ Throne of Blood ဟာ နောက်ပိုင်း ဒါရိုက်တာတွေ Homage ခဏခဏပေးခံရတဲ့ ဂျပန်ဂန္ထဝင်ကားလည်းဖြစ်လာခဲ့တယ်။ အန်နမဲဆရာတစ်ပါးဖြစ်တဲ့ စတိုရှိခွန်ရဲ့ Millennium Actress မှာဆို သိသိသာသာကိုမြင်နိုင်ပါတယ်။ ဇာတ်ကတော့ မက္ကဘတ်ဇာတ်ဆိုတော့ တော်တော်များများသိပြီးသား ဇာတ်လမ်းပါပဲ။ ဆုဇုခိဆိုတဲ့ ပင့်ကူအိမ်ရဲတိုက်ကို အုပ်ချုပ်တဲ့ စစ်နယ်ရှင်အရှင်တစ်ပါးမှာ ပထမကနေ ပဥ္စမအထိ ခံတပ် ငါးခုနဲ့ မြောက်ပိုင်းနယ်စပ်က မြို့စောင့်ခံတပ်တစ်ခုရှိတယ်။ မြောက်ပိုင်းခံတပ်က ဖူဂျိမခိက တစ်ဖက်ရန်သူအရှင်နဲ့ပေါင်းပြီး ပုန်ကန်တော့ ပဥ္စမနဲ့ စတုတ္ထခံတပ်တွေ ကျိုးပေါက်သွားတယ်။ တတိယခံတပ်လည်း အခြေအနေမကောင်းဘူး။ ဒီမှာပထမနဲ့ ဒုတိယခံတပ်က စစ်သူကြီးတွေဖြစ်တဲ့ ဝါရှိဇုနဲ့ မိခိတို့က အသည်းအသန်တိုက်ပြီး တိုက်ပွဲကို သူတို့ဘက်က အရေးသာအောင်လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့တိုက်ပွဲအောင်သွားတော့ အရှင်က သူတို့ကို မြောက်စားဖို့ အခေါ်လွှတ်လိုက်တယ်။ ပင့်ကူအိမ်ရဲတိုက်ကို မရောက်ခင် ဝင်္ကပါလိုရှုပ်ထွေးနေတဲ့ ပင့်ကူအိမ်တောထဲမှာ သူတို့လမ်းပျောက်သွားကြတယ်။ ဒီလိုနဲ့ ပင့်ကူအိမ်တောက တစ္ဆေကြီးနဲ့တွေ့တယ်။ အဲဒီတစ္ဆေက ဝါရှိဇုကို ပထမခံတပ်ရဲ့စစ်သူကြီးကနေ မြောက်ပိုင်းခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သိပ်မကြာခင် ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ပါဖြစ်လာမယ်လို့ပြောလိုက်တယ်။ မက္ကဘတ်ထဲဆိုရင်တော့ စုန်းမ၃ကောင်ပေါ့။ မိခိကိုတော့ ပထမခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သူ့သားကတော့ ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ဖြစ်လာမယ်လို့ ပြောလိုက်တယ်။ တကယ်မြင်တာလား။ သူတို့ဆန္ဒတွေကိုလှည့်စားလိုက်တာလားမသိပေမဲ့ သူတို့တွေ ဒွိဟစိတ်တွေပေါ်လာကြတယ်။ ဒီလိုနဲ့ တစ္ဆေပြောတဲ့ ရာထူးတွေ မြောက်စားခံရတော့ ဝါရှိဇုရဲ့မိန်းမက ဒီကိစ္စကို အရှင်သိသွားရင် ဒီတိုင်းထားမှာမဟုတ်တာရော မိခိကို မယုံတာရော သူ့ယောက်ျားကို ကြီးကျယ်စေချင်တာရောပေါင်းပြီး အရှင့်ကိုသတ်ပြီး ပင့်ကူအိမ်ရဲတိုက်ရဲ့ အရှင်ဖြစ်အောင်လုပ်ဖို့တိုက်တွန်းတယ်။ ဝါရှိဇုဟာ စစချင်းတော့ တွေဝေနေပေမဲ့ အခြေအနေကလည်းပေးနေ ဆန္ဒကလည်းရှိနေ မိန်းမစကားကိုလည်း နားဝင်နေတဲ့အခါ သူ့အရှင်ကိုသတ်ချလိုက်တယ်။ ဒီကစပြီး ထီးရေးနန်းရေးအရှုပ်အထွေးတွေဖြစ်လာတယ်။‌ ဒီဇာတ်ကိုမှ ကူရိုဆာဝါစတိုင်နဲ့ ဂျပန်အငွေ့အသက်နဲ့ မြင်ရမှာပါ။ ရှိတ်စပီးယားဇာတ်ကို ပြန်ရိုက်ထားတယ်ဆိုပေမဲ့ သူပြန်ရိုက်ထားတဲ့ကားတွေဟာ သူ့နည်းသူ့ဟန် သူ့အလှနဲ့သူ လှပနေတာကို မျက်ဝါးထင်ထင်မြင်ကြရမှာပါပဲ။ သေချာတာတော့ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲဆိုတာကို ဘယ်သူမှငြင်းဆိုနိုင်မယ်မထင်ဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 840MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 1H 50Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime
8 1957 108 mins
Throne of Blood
Mechanic: Resurrection
6

လူသတ်သမားတစ်ယောက်ဟာ လူသတ်ပြီးသွားရင် သူသတ်မှန်းမသိရအောင် ခြေရာလက်ရာဖျောက်နိုင်မှ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီထက် တစ်ဆင့်တက်ကြည့်ကြမလား။ ဘယ်သူဘယ်ဝါ သတ်သွားတယ်ဆိုတာကို အသာထားလိုက်။ လူသတ်ခံလိုက်ရတာပါ ဆိုတာကိုတောင် မသိအောင်လုပ်နိုင်တဲ့ လုပ်ကြံရေးသမားတစ်ယောက်ရှိပါတယ်။ သူ့လက်ချက်နဲ့ လူ့လောကကို တာ့တာပြသွားရတဲ့သူတွေဟာ အများအမြင်မှာတော့ မတော်တဆဖြစ်ပြီး သေရတာပါတဲ့။ ဝမ်းနည်းစရာ မတော်တဆမှုလေးတွေပေါ့။ ဒီလောက်ဆိုရင်တော့ လူကြီးမင်းတို့ တွေးမိလောက်ပါပြီ။ ဟုတ်ပါတယ်။ ဘစ်ရှော့ပ် ဆိုတဲ့ Mechanic စက်ပြင်သမားတဖြစ်လဲ လုပ်ကြံရေးသမားကြီးပေါ့။ တည်ငြိမ်တယ်။ သွေးအေးတယ်။ တိကျတယ်။ ပြီးတော့ ရက်စက်တယ်။ အခုကတော့ ပထမကား The Mechanic (2011) ရဲ့ အဆက် sequel ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကောင်တစ်ယောက်ပေါ့။ သူနဲ့အတူ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေး Jessica Alba ကလည်း အားဖြည့်ပါဝင်ပါတယ်။ Fantastic Four ဇာတ်ကားတွေထဲက ကိုယ်ပျောက်လူသားမလေးအဖြစ်ရယ်၊ The sleeping Dictionary ထဲက ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကို လှစ်ဟပြခဲ့တဲ့ မင်းသမီးလေးဆိုရင်ဖြင့် မှတ်မိကြပါလိမ့်မယ်။ Michelle Yeoh လည်း ပါသေးတယ်နော်။ ဇာတ်လမ်းအကျဉ်းကတော့ လုပ်ကြံရေးသမားဘဝကနေ အနားယူပြီး ဘရာဇီးမှာ ဇာတ်မြှုပ်နေတဲ့ ဘစ်ရှော့ပ် ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကနေ သူ့ဘဝကို ဖော်ကောင်လုပ်သွားတာကနေ စတင်ပါတယ်။ သူ့အ‌ကြောင်းကိုသိတဲ့ သူ့ရန်သူက အရည်အချင်းရှိတဲ့ ဘစ်ရှော့ပ် ကို အသုံးချပြီး ရန်သူတွေကို ရှင်းပစ်ချင်တာပါ။ သူတို့နှစ်ယောက်ကလည်း ကျောင်းတော်ကရန်စနဲ့ ကမ္ဘာမကြေ ရန်သူတော်နှစ်ပါးပေါ့။ ငယ်ငယ်က ‌ရန်စကိုလည်း လက်စားချေရင်း၊ သူ့လုပ်ငန်းအတွက်လည်း အသုံးလည်းချရင်း တစ်ချက်ခုတ်ပြီး နှစ်ချက်ပြတ်ချင်တဲ့ ခရိန်း ရယ်၊ ကြားထဲက ဘာမဆိုင် ညာမဆိုင် ညပ်ပါလာတဲ့ မိန်းမလှလေး ဂျီနာ ရယ်၊ လုပ်ကြံရေးသမားဟောင်းကြီး ဘစ်ရှော့ပ် ရယ်တို့ ဉာဏ်ကိုလွှာသုံးပြီး တစ်ယောက်နဲ့တစ်ယောက် အနိုင်ကြဲကြပုံတွေ ရှုစားရဖို့ရှိကြောင်းပါခင်ဗျာ။ File size…(4GB) /(1.5 GB) / (1.1 GB) Quality….BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….01:38:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • Horror • Thriller
6 2016 98 mins
Mechanic: Resurrection
Enna Solla Pogirai
8

ငါတို့ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ။ - အောင်ချိမ့် " Love and Life is all about timing.'' လူတွေက ပြောကြတယ်။ အချစ်နဲ့ဘဝဆိုတာ အချိန်ကိုက်လည်ပတ်နေမှုတစ်ခုပဲတဲ့။ အချစ်ကိုပဲဖြစ်ဖြစ် ဘဝကိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အချိန်မှန် ဖမ်းဆုပ်နိုင်ခဲ့ကြရဲ့လား။ ကျွန်တော်တို့ ဘာတွေကို လက်လွှတ်လိုက်ရလဲ။ " ကိုယ့်ဘဝထဲကို Right Person ဆိုတဲ့ဖြစ်တည်မှုတစ်ခု ဝင်ရောက်လာခဲ့ရင်တောင် Wrong Time ဖြစ်နေခဲ့ရင်။ အချစ်စစ်ဖြစ်နေပါစေဦး ငါတို့ လွဲချော်ကြရတာပဲ။ '' - ဗစ်ကရမ် " ဗစ်ကရမ် ရှင့်အတွက် ကျွန်မက ရွေးချယ်စရာတစ်ခုဆိုတာမျိုး မဖြစ်ချင်ဘူး '' - အမ်ဂျလီ " အတုအယောင်ဇာတ်လမ်းထဲက အချစ်စစ်ဖြစ်နေပါစေဦး ကျွန်မတို့ ဒါကို မပိုင်ဆိုင်နိုင်ဘူး။ '' - ပရီသီ သူတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ထဲမှာ ဘယ်သူတွေကများ အချစ်ကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့သလဲ။ ဘယ်သူတွေက လက်လွှတ်ဆုံးရှုံးလိုက်ရသလဲဆိုတာ ဒီ Rom-Comedy ရုပ်ရှင်ကောင်းလေးမှာ ခံစားလိုက်ပါဦးနော်။ File size…2.48GB / 1GB / 350MB Quality…1080p True Web DL AAC 5.1CH / 720p / 360p Format…mp4 Duration….2h 26min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & HM & Poe

Action • Drama • History • Western
8 2022 146 mins
Enna Solla Pogirai
With/In

ဇာတ်လမ်းတိုလေးတွေ စုပြီး ထုတ်ထားတဲ့ ညွန့်ပေါင်းfilmတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကျောရိုးကိုတော့ Covidကာလမှာ တည်ထားပြီး ကပ်ရောဂါကြီးကြောင့် တစ်နေ့တစ်နေ့ လူတွေ နေ့မြင်ညပျောက် ဖြစ်နေတဲ့ကာလအတွင်းက လူပေါင်းစုံ ဘဝပေါင်းစုံကို ထင်မြင်အောင် ရိုက်ကူး တင်ဆက်ထားတာကို တွေ့ရမှာပါ။ အထူးသဖြင့် Covid pandemic, Black lives matterတို့လို 2020-21အတွင်း ဖြစ်ပျက်သွားတဲ့ အထင်ကရ အဖြစ်အပျက်တွေ အဓိကရုဏ်းတွေကို surrealတစ်ပိုင်းနဲ့ Mysteryလေးပါ ရောပြီး ကြည့်ရှုရမှာမို့ ဇာတ်လမ်းအေးအေးလေးနဲ့ တွေးစရာတွေ မြှုပ်ကွက်လေးတွေ ပါတာကို ကြိုက်တဲ့လူတွေအဖို့ သင့်လျော်ပါတယ်။ ဇာတ်လမ်းကိုတော့ volumeနှစ်ခုခွဲကာ တစ်ရက်ခြား ထုတ်ဝေခဲ့ပြီး စုစုပေါင်း ၃နာရီအထက် ကြာမြင့်ပါတယ်။ မဆိုးလှတဲ့ အနေအထားတစ်ခုမှာ ရှိတယ်လို့ ပြောလို့ရတဲ့အတွက်‌ကြောင့် စောင့်ကြည့်ရှုစားလိုက်ကြပါဦးနော်။ File size…(2.9GB) / (772MB) / 434.73MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO

0 2022
With/In
The Hunger Games: Mockingjay – Part 1
6.6

The Hunger Games: Mockingjay – Part 1 (2014) IMDb Rating (6.6) / Rotten Tomatoes (70%) ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။ The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။

Romance • Crime • Thriller
6.6 2014 123 mins
The Hunger Games: Mockingjay – Part 1
Calvaire
6.1

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ဒါရိုက်တာ Fabrice du Welz ကရိုက်ကူးပုံဖော်ထားပြီး မင်းသား Laurent Lucas ,မင်းသမီး Brigitte Lahaie နဲ့ မင်းသား Jackie Berroyer တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Calvaire ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ. ဒီဇာတ်ကားဟာ Special Juary Prize, Premier Award International Critics Award နဲ့ Best Film Award စတဲ့ဆုများစွာ ရရှိထားတဲ့အပြင် ဆန်ကာတင် စာရင်းတွေမှာပါ ပါဝင်ထားပြီး rating 6.1/10အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ အောင်မြင်တဲ့ သဘင်ပညာသည်တစ်ယောက် ဖြစ်ချင်နေတဲ့ မာ့စ်စတီဗင်ဆိုတဲ့ ကောင်လေးတစ်ယောက် ခရစ္စမတ်ပွဲတစ်ခုကို ဖျော်ဖြေဖို့အတွက် သွားတဲ့လမ်းမှာ ကားပျက်သွားပြီး တောထဲမှာ ဘိုရစ်ဆိုတဲ့ သူ့ရဲ့ခွေးမလေး ဘဲလ်လာကို လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ပါတယ် အဲ့မှာတင် ဘိုရစ်ကညကြီး အချိန်မတော် မိုးကလည်းရွာနေတာ ဆိုတော့ မာ့စ်ကို အနီးအနားက တည်းခိုခန်း တစ်ခုကိုလိုက်ပို့ပေးလိုက်ပါတော့တယ် ဖြစ်ချင်တော့ တည်းခိုခန်းပိုင်ရှင် အဖိုးကြီးက သူ့မိန်းမပြန်အလာကိုစောင့်နေတဲ့ စိတ္တဆန်ဆန်ဖြစ်နေတဲ့ သူတစ်ယောက်ဖြစ်နေပါတယ် ဘာမှမသိတဲ့ မာ့စ်တစ်ယောက် အစကတော့ အဖိုးကြီးရဲ့ ဖော်ရွေမှုတွေ ဧည့်ဝတ်ကျေပွန်မှုတွေကြောင့် သာယာမိနေပါတယ် အဖိုးကြီးကလည်း မာ့စ်ကားကို မိမိပြင်ပေးမည် ဖြစ်ကြောင်းနဲ့ ခရစ္စမတ်မတိုင်မှီ ဖျော်ဖြေပွဲကို အချိန်မှီရောက်နိုင်ကြောင်း မာ့စ်ကိုအယုံသွင်းပါတော့တယ် အဲ့ဒီနောက် အဖိုးကြီးက ဒီတည်းခိုခန်းက သူ့မိန်းမရှိတဲ့အချိန်တုန်းကတော့ စည်စည်ကားကား ရှိခဲ့ကြောင်း မိမိကလည်း လူရွှင်တော်တစ်ယောက်ဖြစ်ကြောင်းနဲ့ သူ့မိန်းမထွက်သွားပြီးတဲ့နောက်ပိုင်း အရာအားလုံး ကပြောင်းကပြန် တွေ ဖြစ်ကုန်ကြောင်း ရင်ဖွင့်ပါတော့တယ် အဲ့ဒီနောက် အဖိုးကြီးရဲ့ အပြုအမူတွေက တဖြည်းဖြည်း သံသယဖြစ်စရာကောင်းလာပြီး မိမိအတွက် အန္တရာယ်ရှိနိုင်ကြောင်း မာ့စ်တစ်ယောက် သိရှိသွားတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.. မာ့စ်တစ်ယောက်အဖိုးကြီးလက်ကနေလွတ်ပြီး ခရစ္စမတ်ဖျော်ဖြေပွဲ ကို အချိန်မှီရောက်နိုင်ပါ့မလား ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ရင်သပ်ရှုမောဖွယ် စောင့်မျှော်ကြည့်ရှုလိုက်ပါဦး.. ဒီဇာတ်ကားက Drama, Horror &Thriller အမျိုးအစားကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ကြည့်ရှုသူပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်… File size…1.62GB / 775MB Quality…WEB-Dl 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

6.1 2004 88 mins
Calvaire
Jonah

Jonah 2024 ဇာတ်ကားက လျှို့ဝှက်သည်းဖို ဇာတ်လမ်းပါ။ ဂြိုလ်သားတွေရဲ့ တည်ရှိမှုကို အတည်ပြုနိုင် ၊ မပြုနိုင်အပေါ် တခြား လျှို့ဝှတ်ထားတဲ့ ရှုထောင့်တွေကနေ စိတ်ဝင်တစား ဖြစ်လာအောင် ဖန်တီးထားတာပါ။ လူသားတွေရဲ့ သဘာဝ အရင်းအမြစ်တွေအပေါ် လျစ်လျူရှုမှု ၊ ဖျက်လိုဖျက်ဆီးလုပ်မှု တွေကို ထည့်ဝင်ပြီးတော့ ရိုက်ကူထားတာမို့ ဇာတ်လမ်းနဲ့ သိပ်မဆိုင်သလိုခံစားမိနိုင်ပေမယ့် စဥ်းစားရမယ့် ကိစ္စကိုယ်၌က အဲဒီလိုဖြစ်နေတာကြောင့် Mystery တွေရဲ့ ပုံစံအတိုင်း စဥ်းစားရကျပ်တာတွေ ခံစားရမှာပါ။ ဇာတ်လမ်းကျောရိုးကတော့ စိတ်ဝင်စားစရာဇာတ်လမ်းတွေ ရှာဖွေထုတ်လုပ်တတ်တဲ့ရိုက်ကူးရေးလုပ်ငန်းက ဂြိုလ်သားရဲ့ ပြန်ပေးဆွဲမှုကို ခံရတယ်လို့ ပြောလာတဲ့ သားအမိနှစ်ယောက်ရဲ့ အခြေအနေကို စုံစမ်းရင်းက သူ့ကိုယ်သူပါ ဂြိုလ်သားပြန်ပေး ဆွဲမှုဆိုတာမျိုးကြုံဖူးသလို ခံစားမိရင်း ကြုံရတဲ့ဒုက္ခတွေကို တင်ပြထားတာပါ။ File size…1.06GB / 408MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Mystery , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thy Santa

0 2023
Jonah
Real Fighter

Real Fighter (2020) =============== IMDb rating – 6.4/10 ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် အမိုက်စား Action ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ Tae seong ဟာ အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့အိပ်မက်က UFC ကြိုးဝိုင်းထဲမှာယှဉ်တိုက်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပထမဆုံးပွဲကိုယှဉ်ထိုးပြီး အနိုင်ရလာပြီးတဲ့နောက်သူ့ရဲ့ပွဲဦးထွက်ဖို့အချိန်ကိုစောင့်နေတဲ့ကစားသမားစာရင်းဝင်ဖြစ်လာပါတယ်။ အဲဒီညမှာပဲ သူ့သူငယ်ချင်းအကူအညီတောင်းလို့ လမ်းဘေးကလမ်းသူရဲတစ်ယောက် Ho yeol ဆီကနေ အလဲထိုးတာကိုခံလိုက်ရတဲ့အချိန်မှာတော့ အဲဒီသတင်းကဟိုလေးတကျော်ကျော်ဖြစ်ပြီး သူ့ပွဲဦးထွက်ဖို့အစီအစဉ်ပျက်စီးသွားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ Ho yeol ကို Tae seong ဘယ်လိုအနိုင်ပြန်ပိုင်းမှာလဲ… ချန်ပီယံဆိုတာတစ်ယောက်သာရှိနိုင်တာကြောင့် Blood street က ချန်ပီယံကဘယ်သူဖြစ်လာမလဲဆိုတာ.. ဇာတ်ရှိန်မြင့်မြင့်နဲ့ကြည့်ရှူရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size_(1.3GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:23:00 Genre_Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June

0 2020 92 mins
Real Fighter
Four Souls of Coyote
7.3

ဒီပုံပြင်လေးမှာ Animation အသံသရုပ်ဆောင်ရာမှာ ဂုရုတွေဖြစ်ကြတဲ့ Fred Tatasciore, Bill Farmer, Clé Bennett, John Eric Bentley, Gerda Pikali, Péter Bozsó, Lorne Cardinal တို့လို လူတွေအားလုံး တက်ညီလက်ညီ ပါဝင်ထားကြတဲ့ animation ကောင်းကောင်းလေး တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ထိုပုဂ္ဂိုလ်တွေရဲ့animation လက်ရာတွေကနေ ကျွန်တော်တို့မျိုးဆက်တွေထဲမှာ ဘယ်သူမှ ပြေးလွတ်မှာ မဟုတ်ပါဘူး။ အရမ်းနားထောင်လို့ ကောင်းမယ့် ပုံပြင်လေး တစ်ပုဒ်ကို ပြောပြပါမယ်။ ဇာတ်လမ်းလေးကတော့ အမေရိကန်အရင်းရှင်သူဌေးကြီးတွေက native americanတွေ ရှိတဲ့တောအုပ်ကို ဖျက်၊သစ်ပင်တွေကို ခုတ်လှဲပြီး ရေနံပိုက်လိုင်းသွယ်ဖို့လုပ်နေပါတယ်။ ဒီလိုနဲ့ ထိုပရောဂျက်ကို ဆန္ဒပြဖို့ native americanတွေပေါင်းပြီး စုဝေးကြပါတယ်။ Native americanတွေထဲမှ အသက်အကြီးဆုံးဖြစ်တဲ့ အဖိုးကြီးကနေ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့တဲ့ ဖန်ဆင်းရှင်အကြောင်းကနေ အစချီလို့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်အောင် ဇာတ်လမ်းလေးသဖွယ် ပုံပြင် ပြောပြပါတော့တယ်။ ဒီanimationရဲ့ အဓိက ဇာတ်လမ်းလေးကတော့ ထိုပုံပြင်လေးပါပဲ။ ဖန်ဆင်းရှင်က ဘယ်သတ္တဝါမှ မရှိသေးတဲ့ ကမ္ဘာကြီးကို ဘယ်လိုဖန်တီးမလဲ။ သူ ဖန်တီးတဲ့ ဖန်တီးမှုတွေက အချင်းချင်းတည့်ပါ့မလား၊ ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ လူတွေကိုရော ဘယ်သူက ဖန်တီးခဲ့တာလဲ။ ကိုယော့လို့ခေါ်တဲ့ လှည့်စားတတ်တဲ့ ဝံပုလွေကရော ဖန်တီးသူရဲ့ဖန်တီးမှုတွေကို ဘယ်လိုကုန်းတိုက်မလဲ၊ လူတွေကရော ခေတ်အဆက်ဆက် ဘယ်လိုပြဿနာရှာလာကြမလဲဆိုတာကို animation ကောင်းကောင်းကိုမှ ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ခံစားကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.9 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre… Animation, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

Drama • Thriller
7.3 2023 103 mins
Four Souls of Coyote
Batman & Mr. Freeze: SubZero
7.1

1998 ခုနှစ်ကထွက်ရှိထားပြီး IMDB 7.1 နဲ့ Rotten Tomatoes 92% ရရှိထားတဲ့ ဒီဇာတ်ကားမှာတော့ ဘတ်မန်းရဲ့ အဓိကဗီလိန်တွေထဲကတစ်ယောက်ဖြစ်တဲ့ မစ္စတာဖရိဇ် (Mr. Freeze) ဟာ ဒုစရိုက်မှုတစ်ခုထပ်လုပ်ဖို့ အကြောင်းဖန်လာတယ်။ ဒါပေမဲ့ တခြားအကြောင်းကြောင့်မဟုတ်ဘဲ သေခါနီးဖြစ်နေလို့ အအေးလွန်ဖန်ပေါင်းချောင်ထဲထည့်ထားရတဲ့ သူ့ရဲ့မိန်းမဖြစ်သူ နိုရာဖရီးစ်ကို ကုသဖို့ အစားထိုးအင်္ဂါလိုအပ်နေတာကြောင့်ပါပဲ။ သူ့မိန်းမရဲ့ သွေးအမျိုးအစားက ရှားတဲ့အထဲပါသလို သေပြီးသားအင်္ဂါအလှူရှင်လည်း မရှိတဲ့အခါမှာ မစ္စတာဖရိဇ်ဟာ အသက်ရှင်နေတဲ့ အလှူရှင်တွေကို အသုံးချဖို့လုပ်လာပါတယ်။ အကိုက်ညီဆုံးအလှူရှင်ကို ရှာကြည့်တော့ ဘတ်မန်းကို Bat signal နဲ့အမြဲခေါ်နေတဲ့ ရဲဖြစ်သူ ဂျိမ်းစ်ဂေါ်ဒွန်ရဲ့ သမီးဖြစ်ပြီး ရော်ဘင်ရဲ့ရည်းစားဖြစ်သူ ဘားဘရာဂေါ်ဒွန်ဖြစ်နေတဲ့အချိန်မှာ… File size… 1.9 GB / 842 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 10m Genre ….. Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

7.1 1997 67 mins
Batman & Mr. Freeze: SubZero
The Waterboy
6.1

American ဟာသကားတွေ ရဲ့ မင်းသားကြီးဖြစ်တဲ့ Adam Sandler ရဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက တစ်ကား ဖြစ်ပါတယ် Sport/Comedy ရုပ်ရှင်အမျိုးစားဖြစ်လို့ ပေါ့ပေါ့ပါးပါး ဟာသကားလေးကြည့်ချင်တဲ့ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ခုဖြစ်မှာပါ ဇာတ်ကားလေးရဲ့အစမှာတော့ ဘော်ဘီဘူရှေလို့ခေါ်တဲ့ကောင်လေးဟာ ဘောလုံးပွဲတွေမှာ ကစားသမားတွေကို ရေကမ်းတဲ့အလုပ်ကိုလုပ်ကိုင်ပြီး မိခင်ဖြစ်သူရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကိုခံနေရတဲ့သူပါ သူ့ရဲ့ ထူးခြားတဲ့ပုံစံကြောင့် လူတိုင်း အနိုင်ကျင့်သမျှလဲခံရသူဖြစ်ပါတယ် တနေ့မှာ မထင်မှတ်ဘဲ ဘောလုံးပွဲအသင်းတခုမှာ ကစားသမားဖြစ်သွားရာကနေ အခက်ခဲမျိုးစုံကြုံရပါတော့တယ် အမေဖြစ်သူကရော လက်ခံနိုင်ပါ့မလား သူ့ကြုံတွေ့ရတဲ့အခက်ခဲတွေကိုရော ဘယ်လိုကျော်လွှားမှာလဲ ဆိုတာသိချင်ရင်တော့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ပါ .. File size…(1.8 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Judy Berry

Romance • Drama
6.1 1998
The Waterboy
Our Mother’s Secret Affair
6

Our Mothers Secret Affair ( 2024 ) မိသားစုတစ်ခုရှိတယ်။ ကျိကျိတက်ချမ်းသာလို လုပ်ငန်းကြီးထူထောင်ထားတဲ့ မိသားစုပေါ့။ သူတို့မိသားစုမှာ အမေရယ် သမီးရယ် သူ့မောင်ရယ်ရှိတယ်။ သူ့သမီးယောက်ျားကတော့ လုပ်ငန်းရှင်။ သူတို့လင်မယားရဲ့အိမ်ထောင်ရေးက ကျန်တာတွေတော့ အဆင်ပြေပေမဲ့ ကလေးမရနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ သူ့ယောက်ျားက လမ်းသွားရင် ကားတစ်စီးးကို နောက်ကနေ ဝင်ကြုံးလိုက်မိတယ်။ ကားက စုတ်ပြတ်သတ်သွားတယ်။ ဟိုဘက်ကားပိုင်ရှင် မိန်းကလေးကို နောက်နေ့မှာ သူက ကားအသစ်တစ်စီးပို့ပေးလိုက်တယ်။ ဒီလိုနဲ့ သူတို့ရဲ့ဇာတ်လမ်းလေးက စခဲ့တယ်။ သူ့မိန်းမနဲ့မရနိုင်ခဲ့တဲ့ ကလေးတွေကိုလည်း ဒီမိန်းကလေးနဲ့ ရခဲ့တယ်။ ဒီနောက် ဒါကိုသူ့မိန်းမသိသွားတယ်။ ဗုံးဗုံးလဲသွားတယ်။ သူ့မိန်းမရဲ့မောင်နဲ့အမေကလည်း သူ့မိန်းကလေးကို ခြိမ်းခြောက်လာတယ်။ သူ့မိန်းကလေးက နောက်ဆုတ်ပေးလိုက်ရတယ်။ ဒီလိုနဲ့ မွေးလာတဲ့ကလေးနှစ်ယောက်မှာ တစ်ယောက်ကို သူနဲ့သူ့မိန်းမကယူ တစ်ယောက်ကို အဲဒီမိန်းကလေးကယူ ။ ကလေးတစ်ယောက်စီယူထားလိုက်ကြတယ်။ ဒီလိုနဲ့ ကလေးတွေကြီးလာတဲ့တစ်နေ့ ကလေးတွေသိသွားတဲ့အခါ သူတို့အိမ်တွင်းရေး ဇာတ်လမ်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်အဖွင့်မှာ စပြထားတယ်။ ဘယ်လိုဆုံးမလဲတော့ အကောက်တွေအကွေ့တွေကြား ကိုယ်တိုင်သွားကြည့်လိုက် အညွှန်း နဲ့ ဘာသာပြန်ကတော့ M ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Drama Quality…. 720p File size… 690MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. M Encoder ….. Aaron

Animation • Fantasy • Family • TV Movie
6 2024
Our Mother’s Secret Affair
Lowlifes
6.2

ဒီတစ်ပတ်တော့ cm ပရိသတ်ကြီးကို လူသားစား Horror ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ IMDB မှာ Rating 6.2 အထိရထားပြီး သိပ်မဆိုးတဲ့ Horror ဇာတ်ကားလို့ ပြောရမှာပါ။ ဇာတ်ကြောင်းကတော့…. ကိသ်နဲ့ ကတ်သလင်းတို့ ဇနီးမောင်နှံနှစ်ဦးက သူတို့ရဲ့ ဆယ်ကျော်သက် ကလေးနှစ်ယောက်နဲ့အတူ နှစ်စဉ်နှစ်တိုင်း ထွက်နေကျဖြစ်တဲ့ နယ်ဘက်ခရီးစဉ်ကို အာဗီနောက်တွဲကားနဲ့ ထွက်လာခဲ့ကြပါတယ်။ လမ်းတစ်နေရာမှာ နယ်ခံနှစ်ယောက် ကားပျက်တာနဲ့ ကြုံဆုံပြီး လမ်းကြုံပို့ပေးဖို့ အစပြုတာကနေ လူသူဝေးတဲ့ အိမ်တစ်လုံးကို ရောက်သွားကြတဲ့ အခါမှာတော့….။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ လူတွေကို အပြင်ပန်းသဏ္ဍန် ကြည့်ပြီးတော့ပဲ ဆုံးဖြတ်လို့ မရဘူးဆိုတာရယ်နဲ့… အချိန်မရွေး သားကောင်ကနေ မုဆိုး….မုဆိုးကနေ သားကောင် ဖြစ်သွားနိုင်တယ်ဆိုတာကို မက်ဆေ့ပေးချင်တဲ့ သဘောကို တွေ့ရမှာပါ။ တစ်ခုသတိပေးချင်တာက သွေးသံရဲရဲ အပိုင်းအစတွေ မြင်ရမှာ မို့လို့ နှလုံးမကောင်းတဲ့သူတွေ ရွံတတ်တဲ့သူတွေအနေနဲ့ သတိလေးကပ်ပြီး ကြည်သင့်ကြောင်းပါခင်ဗျ….။ File size… (857MB) / (582MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.2 2024 90 mins
Lowlifes
Tigerland
6.9

Tigerland (2000) IMDb Rating (6.9) / Rotten Tomatoes (77%) 1 November 1955 ကနေ 30 April 1975 အထိဖြစ်ပွားခဲ့တဲ့နာမည်ကျော် ဗီယက်နမ်စစ်ပွဲအတွင်းမှာတော့ အပြစ်မဲ့ပြည်သူတွေသာမက လူပေါင်းများစွာသေကြေပျက်စီးခဲ့ရပါတယ်။ သို့သော်လည်း ဘယ်လောက်ပဲ ဘယ်လိုပဲ လူတွေသေစေကာမူ အထက်ဖိအောက်ဖားဆိုသလိုပဲ နှစ်ဦးနှစ်ဖက်စလုံးက စစ်သားတွေကတော့လုပ်စရာရှိတာတွေ လေ့ကျင့်စရာရှိတာတွေကို အပြန်အလှန်တိုက်ခိုက်ဖို့ ရန်သူကိုချေမှုန်းဖို့ နိုင်ငံကိုကာကွယ်ဖို့အတွက် စတဲ့စတဲ့ ဆင်ခြေဆင်လက်တွေနဲ့ ပင်ပန်းဆင်းရဲစွာ ရှိခဲ့ကြပါတယ်။ ထိုအထဲမှပဲ အမေရိကန်ဘက်ကလည်း တစ်ဖက်ကိုစစ်ရှုံးနေတဲ့အတွက် တပ်ရင်းအသီးသီး တပ်မအသီးသီးက စစ်သားတွေကို အားရပါးရဖိပါတော့တယ်။ တစ်ချို့ကလည်း ပင်ပန်းလို့ထွက်ချင်ကြ တစ်ချို့ကလည်း စစ်သားအချင်းချင်းနောက်ကြ မတည့်ကြနဲ့ဘဲ အမျိုးမျိုးအထွေထွေ ပရပွက်တွေကိုဂယက်တွေထနေကြပါတယ်။ အဓိကဇာတ်ကောင်ဖြစ်သူ တပ်သား Roland Bozzဆိုသူကလည်း တကယ့်လက်ပေါက်ကပ်ပြီး ပြောရဆိုရခက်တဲ့ လူရှုပ် လူဂွစာတစ်ယောက်ပါ။ သူနဲ့ သူ့ဘော်ဒါ Jim Paxtonတို့ စစ်ပွဲအတွက် အတူတူလေ့ကျင့်ရေးဆင်းကြနဲ့ တစ်တွဲတွဲတစ်လာလာလုပ်ကြနဲ့ပဲ နောက်ဆုံးပိတ်လေ့ကျင့်ရင်းဖြစ်တဲ့ Tigerlandဘက်ကို အတူတူဆင်းကြရဖို့ဖြစ်လာပါတယ်။ Tigerlandဆိုတာကတော့ ဗီယက်နမ်စစ်ပွဲရောက်ရင် တွေ့ကြုံရမယ့် အရာတွေကို တစ်ပုံစံတည်းတူအောင် ဆောက်လုပ်ထားပေးတဲ့ရွာတစ်ရွာဖြစ်ပြီး အဲ့ဒီမှာတော့စစ်သားတွေဟာအိပ်ချိန်တစ်နာရီသာအိပ်ခွင့်ရပြီး အသေအကြေ လေ့ကျင့်ရေးဆင်းရတဲ့နေရာပါ။ Bozz နဲ့ Paxtonတို့ရဲ့ Bromance , Bozzရဲ့ဗရုတ်ကျပုံတွေ , စစ်တပ်ထဲက အချင်းချင်မတည့်မြတ်မှုတွေ , အထက်ကနေ အောက် / ဘော်ဒါအချင်းချင်းစကားပြောတဲ့အခါမှာ ဆဲဆိုတာတွေမွှန်နေအောင် ပြောကြ ကြိတ်ကြတာတွေ / စစ်ရဲ့အကျိုးသက်ရောက်မှုတွေ စတဲ့ရသစုံကို ခံစားနိုင်မှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Ya Mone ဖြစ်ပါတယ်။) File size…(2.5 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, War Duration….01:42:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Ya Mone

Animation • Fantasy • Mystery
6.9 2000 101 mins
Tigerland
We Were Dangerous
6.4

We Were Dangerous (2024) IMDb Rating (6.4) / Rotten Tomatoes (97%) New Zealand ကို Maori အခေါ် Aotearoa လို့ခေါ်ပါတယ်။ Maori တွေက ပိုလီနီးရှန်းမျိုးနွယ်စုထဲက တစ်ခု ဖြစ်ပြီး New Zealandနိုင်ငံကို ၁၃ရာစုမှာရေကြောင်းကနေ ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားမှာတော့ Maori အမျိုးသမီးငယ်လေးတွေအပေါ် ဆိုးသွမ်းလူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းရဲ့ ဖိနှိပ်ဆက်ဆံမှုတွေကို ရိုက်ပြထားပြီး 1954 ခုနှစ် မှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲ့ဒီခေတ် အခါမှာ မိန်းကလေးတွေဟာ ပူဆွေးမှု၊ စိတ်ဓာတ်ကျဆင်းမှု စတဲ့ စိတ်ရောဂါလက္ခဏာတွေ ပြလာခဲ့ရင် အိမ်ထောင်ဦးစီးဖြစ်တဲ့ အမျိုးသားတွေဟာ မိမိတို့ရဲ့ ဇနီးတွေ၊ သမီးတွေကို စိတ်ရောဂါကုဆေးရုံ သို့မဟုတ် ဦးနှောက်ခွဲစိတ်မှုတွေ အတင်းအကြပ် လုပ်စေတဲ့ ကာလမျိုးဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ Nellie, Daisyရယ် Louisa တို့ မိန်းကလေး သုံးယောက်ရဲ့ နောက်ခံ ဇာတ်လမ်းက ကွာခြားပေးမယ့် စည်းကမ်းကြီးပြီး နှိပ်စက်တတ်တဲ့ မေထရွန်ကြီး ရဲ့ ကျောင်းမှာတော့ မိန်းကလေးအားလုံးဟာ တန်းတူညီမျှ အဖိနှိပ်ခံရတာပဲ ဖြစ်ပါတယ်။ မေထရွန်ကြီး ကိုယ်တိုင်ကလည်း Maori လူမျိုး တစ်ယောက်ဖြစ်ပေမယ့် ဘာသာရေးကိုင်းရှိုင်းလွန်းပြီး လူ့အဖွဲ့အစည်းရဲ့ အမျိုးသမီးတွေအပေါ် ကလေးမွေးစက်တစ်ခုအပြင် ပိုမမြင်တဲ့ အစွဲကိုလည်း မသိလိုက်မသိဘာသာ အားပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဘာသာရေးစည်းကမ်း တင်းကြပ်လွန်းတာကြောင့် ကျောင်းရှိ မိန်းကလေးတွေဟာ ကတာတို့၊ သီချင်းဆိုတာတို့၊ Maori ရိုးရာ Haka အကတို့ လုပ်မိရင်လည်း ရိုက်နှက်အပြစ်ပေးခံကြရပါတယ်။ ဒီလို လူ့အဖွဲ့အစည်းကနေ ကျဥ်ဖယ်ထားတဲ့ အမျိုးသမီးလေးတွေကို ကျွန်းတစ်ကျွန်းပေါ်မှာ စုပေါင်းပြီး အိမ်ထောင်မှုသားမွေးအတွက် လေ့ကျင့်ပေးနေတဲ့ မေထရွန်ကြီးဆီကို အထက်အဖွဲ့အစည်းတစ်ခုက ပုဂ္ဂိုလ်တစ်ယောက်ရောက်လာပြီး အမျိုးသမီးငယ်တွေအပေါ် သားကြောဖြတ်တဲ့ ဆေးဝါးခွဲစိတ် စမ်းသပ်မှုတွေ ပြုဖို့ ပြောလာပါတယ်။ အဲ့ဒီနောက်ပိုင်း Nellie, Daisy နဲ့ Louisa တို့ သုံးယောက်ဟာ ကျွန်းပေါ်ကနေ ထွက်ပြေးဖို့ တိုင်ပင်ကြပါတော့တယ်။ သူတို့အစီအစဥ်အောင်မြင်ပါ့မလား၊ မေထရွန် သိသွားပြီး သူတို့ကိုဒဏ်ခတ်မလားဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုပေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size… (1.6 GB) / (750 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:23:48 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Leonie

Drama
6.4 2024 82 mins
We Were Dangerous