YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

(CM) Becoming Elizabeth.S01E07.1080p.mp4

770.2 MB N/A video/mp4 160 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Good Woman
6.3

ဒီဇာတ်လမ်းဟာ တစ်ခေတ်တခါက စာပေလောကမှာ ကျော်ကြား ခဲ့ဖူးသူ စာရေးဆရာကြီး Oscar Wilde ရဲ့ Lady Windermere's Fan ဆိုတဲ့ ပြဇာတ်ကို ပြန်လည် အသက်သွင်းရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဒီ ၂၀၀၄ ဗားရှင်းဟာ လေးကြိမ်မြောက်ထွက်ရှိလာတဲ့ screen version လည်း ဖြစ်ပါတယ်။ သူ့မတိုင်ခင်က ပြဇာတ်ရဲ့ မူရင်း နာမည်နဲ့ အသံတိတ်ရုပ်ရှင်အပါအဝင် The Fan ဆိုတဲ့ နာမည်နဲ့ နှစ်ခါတိတိ ရုပ်ရှင်တွေထွက်ဖူးခဲ့ပြီးသားဖြစ်ပါတယ်။ ဒီ ၂၀၀၄ ရုပ်ရှင်မှာတော့ မင်းသမီး Helen Hunt နဲ့ Scarlett Johansson တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မူရင်းပြဇာတ်ရဲ့ နာမည်က Lady Windermere's Fan ဆိုတဲ့ အတိုင်း အဖြစ်အပျက်တွေ အားလုံးရဲ့ နိဒါန်းကတော့ Mr Win- dermere တစ်ယောက် ဇနီးဖြစ်သူရဲ့ မွေးနေ့အတွက် ရွေးချယ်လို့ ဝယ်ခဲ့တဲ့ ဒီယပ်တောင်လေး တစ်ချောင်းက စတင်ပါတယ်။ ဒီယပ် တောင်လေးဟာ သူနဲ့ Mrs Erlynne တို့ရဲ့ တွေ့ဆုံမှုဆိုလည်း မ မှားပါဘူး။ "ကျွန်မသာ ရှင့်မိန်းမဆိုရင် ဒီယပ်တောင်လေးကို လို ချင်မိမှာ " ဆိုတဲ့ စကားနဲ့အတူယပ်တောင်ထားဟန်အမျိုးမျိုးကို လုပ်ပြရင်း သူ့ကို ရေလာမြောင်းပေးသလို လုပ်နေဟန်ရှိတဲ့ Mrs Erlynne နဲ့ ပတ်သတ်ဖို့အကြောင်းများကလည်း ပါလာခဲ့သည်ပေါ့။ ဒီလိုနဲ့ အချစ်မောင်နှံလေးတွေ ဖြစ်ကြတဲ့ ခင်ပွန်းဖြစ်သူ Mr Wind- ermere သူ့ရဲ့ ချစ်လှစွာသော ဇနီး Mrs Windermere ကြားမှာ ယောင်္ကျားတွေကို မြှူဆွယ်သူလို့ နာမည်ဆိုးနဲ့ ကျော်ကြာသူ Mrs Erlynne ရောက်လာတဲ့အခါ ကတိသစ္စာတွေဟာ ခိုင်မြဲဦးမလား..... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size..........(3.0 GB) / (690 MB) / (390 MB) Quality............WEB-DL 1080p / 720p / 480P Duration.........1Hr 33Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Comedy, Romance Translator.......Act Molemy Encoder..........SWM

Drama
6.3 2004 94 mins
A Good Woman
Timeline
5.7

အလယ်ခေတ်ကလူတစ်ယောက် တောအုပ်ထဲကနေပြေးထွက်လာပြီး ကားလမ်းအလယ်မှာ သေဆုံးသွားတာနဲ့စတင်ထားပါတယ်။ ပြီးတော့ အဲ့အလောင်းကို အိုင်တီစီက မတော်တဆမှုတစ်ခုအဖြစ်ဖန်တီးလိုက်ပါတယ်။ နောက်တော့ ပရောဖက်ဆာ ဂျွန်စတန် နဲ့ သူ့ရဲ့ ရှေးဟောင်းတူးဖော်မှုအဖွဲ့ရဲ့ အလယ်ခေတ် ပြင်သစ်နဲ့အင်္ဂလိပ်တို့ရဲ့ တိုက်ပွဲနေရာမှာ တူးဖော်မှုတွေပြုလုပ်နေခဲ့ပါတယ်။ တူးဖော်မှု‌တွေပြုလုပ်နေရင်း တစ်နေ့မှာတော့ ပရော်ဖက်ဆာရဲ့ မျက်မှန်၊ လက်ရေးမှုနဲ့အကူအညီတောင်းထားတဲ့ စာကို ကိတ် နဲ့ မရက် ကထူးဆန်းစွာရှာဖွေတွေ့ရှိသွားပါတယ်။ ပရော်ဖက်ဆာရဲ့ အဖွဲ့က ရှာတွေ့ထားတာတွေကို ကာဗွန်သက်တမ်းစစ်ကြည့်လိုက်တော့ နှစ်ပေါင်း ၆၀၀ လောက်သက်တမ်းရှိနေပြီဆိုတာကို သိလိုက်ရတယ်။ အဲ့ဒီအခါမှာ ပရော်ဖက်ဆာရဲ့သား ခရစ် နဲ့ သူ့အဖွဲ့က သူ့အဖေကိုလိုက်ရှာဖို့ အကြောင်းဖန်လာပါတော့တယ်။ အိုင်တီစီကို သွားပြီး သူ့အဖေကို ဘာလုပ်လိုက်လဲဆိုတာကို အဖြေရှာပါတော့တယ်။ ဇာတ်ကားရဲ့ နာမည် Timeline ဆိုတဲ့အတိုင်း ဒီနေ့ခေတ်နဲ့ အလယ်ခေတ် ကို အသွားအပြန်လုပ်ရင်း ခရစ်တစ်ယောက် သူ့အဖေကိုရော ပြန်ရှာပြီး ကယ်တင်နိုင်ပါမလား ဆိုတာတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ကြပါခင်ဗျာ ဒီဇာတ်လမ်းထဲမှာတော့ ပရော်ဖက်ဆာရဲ့သား ခရစ် အဖြစ်နဲ့ သရုပ်ဆောင်ထားတဲ့ ကျွန်တော်တို့ရဲ့ အချစ်တော် fast and furious မင်းသား Paul Walker ကိုအလွမ်းပြေတွေ့ရမှာပါ File Size :(3.2GB) (1.1GB) and (371MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:56:00 Genre : Action ,Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Proxy Encoded by Phyo Pyae

Comedy
5.7 2003 116 mins
Timeline
Software Blues

CM ပရိသတ်တွေအတွက် Software Blues ဆိုတဲ့ ပေါ့ပေါ့ပါးပါး တေလေဂူးရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဘာဂေ့ဗ်ဆိုတဲ့ကောင်လေးဟာ နည်းပညာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ အလုပ်နဲ့ပတ်သက်ရင် အမြဲ တလွဲတချော်ဖြစ်နေတတ်ပေမဲ့ အကောင်းဆုံးဝန်ထမ်းဆုရဖို့အတွက် အသည်းအသန်အလုပ်ကြိုးစားနေတဲ့သူပါ။ သူ့မှာ သူ့လိုပဲ တလွဲတချော်လုပ်တတ်တဲ့ သူငယ်ချင်းတွေရှိပြီး ဘယ်သူမှမသိတဲ့ကိစ္စတချို့ကိုလည်း သူက လျှို့ဝှက်ထားပါသေးတယ်။ ဒီရုပ်ရှင်လေးဟာ ပေါ့ပေါ့ပါးပါး ခွီရင်း အပျင်းပြေ ကြည့်လို့ရတဲ့ ဟာသ၊ ဒရာမာရုပ်ရှင်လေးဖြစ်ပြီး သူ ဘာလို့ အကောင်းဆုံးဝန်ထမ်းဆုကို အသည်းအသန်လိုချင်နေလဲဆိုတာကို ဇာတ်လမ်းထဲမှာ မြင်ရမှာဖြစ်ပါတယ်ဗျ...။ File size…1.68GB / 856MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM~Cherry~Zwe Yan Naing

Action • Adventure • Fantasy • Mystery
0 2022 135 mins
Software Blues
Yeh Raaste Hain Pyaar Ke
4.7

အခုတစ်ခါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးပါတော့မယ်... မင်းသားကြီး အဂျေး..မင်းသမီး မာဒူရီးနဲ့ ပါးချိုင့်မင်းသမီးလေး ပရီတီးဇင်ဒါးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားကောင်းပဲဖြစ်ပါတယ် cameo အနေနဲ့ မင်းသားကြီး ဆန်နီဒိုးကလည်း ပါဝင်အားဖြည့်ပေးထားပါတယ် ဒီဇာတ်ကားမှာ ဗစ်ကီနဲ့ ဆာခရှီးတို့က ကားသူခိုးစုံတွဲ လူတွေကို နှစ်ကျပ်ကွက်ရိုက်ပြီး သူတို့ကားတွေကို ခိုးတယ် နှစ်ယောက်စလုံးက မိဘမဲ့...ဆာခရှီးကတော့ ဦးလေးမိသားစုမှာ ကပ်နေတယ် တစ်ရက် လူမိုက်တစ်ယောက်ကို မတော်တဆသတ်မိသွားရင်းနဲ့ သူတို့နှစ်ယောက်ဟာ အသက်ဘေးကြုံလာရပါတော့တယ်... ပြေးရင်းလွှားရင်းနဲ့ နှစ်ယောက်သား လမ်းကွဲသွားခဲ့ကြပြီး ကံကြမ္မာရဲ့လှည့်ကွက်တွေက သူတို့နှစ်ဦးအပေါ် ဘယ်လိုရက်စက်လာတော့မလဲဆိုတာကိုတော့ ဆက်လက်ပြီး ဇာတ်ကားထဲမှာ ရှုစားပေးပါဦးနော်...။ ဒီဇာတ်ကားလေးမှာ ချစ်ခြင်းမေတ္တာ..သစ္စာတရားနဲ့ စာနာနားလည်မှုအကြောင်းကို အမိအရရိုက်ကူးပေးထားလို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်...။ File size…4.02GB / 1.8GB Quality…1080p WEBRIP /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Comedy • Crime
4.7 2001 150 mins
Yeh Raaste Hain Pyaar Ke
Cherry
6.3

စိတ်အပန်းပြေချင်လို့ ဇာတ်ကားလေးညွှန်းပါဦး ဆိုတဲ့သူတွေ ပျင်းနေလို့ ကြည့်စရာမရှိတော့လို့ ဟာသကားလေးကြည့်လို့ လူငယ်ဆန်ဆန်ပေါ့ ပေါ့ပါးပါးဇာတ်ကားလေးကြည့်ချင်လို့ပါဆိုတဲ့ သူတွေအတွက် 2010 ကထွက်ရှိခဲ့တဲ့ American Comedy ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက် ပေးပါရစေဟာသကားဆိုလို့ ပေါချောင်ကောင်း လို့တော့ မထင်လိုက်ပါနဲ့ ဆယ်ကျော်သက်လူငယ်တိုင်း တွေ့ကြုံရလေ့ရှိတဲ့ ဘဝအချိုးအကွေ့တစ်ခုကို ရသမြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်း လေးတစ်ကားပဲ ဖြစ်ပါတယ် ပန်းချီဆွဲရတာကို စိတ်အားထက်သန်တဲ့ အယ်ရွန် တစ်ယောက်မိခင်ရဲ့ အတင်းအကြပ်စီမံမှုကြောင့် တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်ကို ယူခဲ့ရပါတယ်ဝါသနာမပါတဲ့ပညာကိုစိတ်မပါ လက်မပါ သင်ယူနေရတဲ့ အယ်ရွန်ဟာ တစ်နေ့မှာတော့ ကျောင်းကဖွင့်တဲ့ ပန်းချီ သင်တန်းကို သွားတက်ပါတော့တယ် သင်တန်းမှာ သူ့ရဲ့ပန်းချီပါရမီကို အားပေးအား မြှောက်ပြုတဲ့ မမလှလှလင်ဒါကို ချစ်မိသွားပါ တော့တယ် ကံဆိုးချင်တော့ တစ်ဆယ့်လေးနှစ်အရွယ် သမီးတစ်ယောက်နဲ့ ချစ်သူပါရှိနေတဲ့ လင်ဒါဟာ အယ်ရွန့်ကို ဖရန့်ဇုန်ထဲ ပစ်သွင်းလိုက်ပါတော့တယ် တစ်ဖန် လင်ဒါရဲ့သမီးဖြစ်သူ ဘတ်သ် က အယ်ရွန့်ကို တစ်ဖက်သတ်ချစ်နေတဲ့အခါအယ်ရွန်တစ်ယောက် သမီးနဲ့ အမေကြား၊မိမိဝါသနာနဲ့ မိဘစေတနာကြားမှာ ဗျာများရင်း... ဘဝရဲ့ အချိုးအကွေ့တစ်ခုကို ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲဆိုတာ... စိတ်ဝင်စားဖွယ် ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comedy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…1.41GB / 673MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 39m Genre .....Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Poebe

Action • Drama • Thriller
6.3 2010 99 mins
Cherry
The Forgiven
5.9

နာမည်ကျော်မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့ Ralph Fiennes, Jessica Chastain တို့အပြင် အားလုံးအချစ်တော်မင်းသားကြီး Matt Smith ပါ၀င်အားဖြည့်ထားတဲ့ Mystery drama ကားလေးပါ။ လူချမ်းသာဆရာ၀န်တစ်ယောက်ဖြစ်သူ David နဲ့သူ့ဇနီး Jo တို့ဟာမော်ရိုကိုနိုင်ငံကို အပန်းဖြေခရီးထွက်လာကြပါတယ်။ မိတ်ဆွေတစ်ယောက်ရဲ့ပါတီပွဲတစ်ခုကိုအမှီသွားနိုင်ဖို့ David ဟာအရက် သောက်ထားပြီး အရှိန်ပြင်းပြင်းနဲ့ ကားမောင်းနေရာက ဒေသခံမော်ရိုကိုကောင်လေးတစ်ယောက်ကို ကားနဲ့တိုက်သတ်လိုက်မိပါတယ်။ ဒီမတော်တဆမှုနောက်ဆက်တွဲကနေ David တို့ဇနီးမောင်နှံရဲ့ဘ၀လည်းပြောင်းလဲသွားပါတော့တယ်။ ဥရောပတိုက်သားတွေနဲ့ ဒေသခံမူစလင်တွေကြား ယဉ်ကျေးမှုကွဲပြားပုံတွေကြောင့် နားလည်မှုတွေလွဲမှားကုန်တာတွေကိုလည်း စိတ်၀င်စားဖွယ်ရာကြည့်ရှုရမှာပါ။ File size…(1.86GB) / (903MB) / (416MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Comedy • Drama • Romance
5.9 2022 117 mins
The Forgiven
The Souvenir: Part II
6.4

2019 ခုနှစ်က ထွက်ရှိထားတဲ့ Souvenir ဇာတ်ကားရဲ့အဆက် Souvenir Part II (2021) ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ Rotten Tomatoes 92%၊ IMDb 7.4 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမို့ ရုပ်ရှင်ချစ်သူများအနေနဲ့ အချိန်ပေးကြည့်ရှု့ပါက အချိန်ကုန်ရကျိုး နပ်စေမှာပါ။ ဒီတစ်ကားကို ကြည့်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါ‌ပေမဲ့ ဇာတ်ကောင်တွေကို ပိုပြီး ရင်းနှီးချင်တယ်ဆိုရင်တော့ Souvenir (2019) ကို အရင်ကြည့်ဖို့အတွက် Recommend ပေးလိုပါတယ်။ Part 1 >>> Click Here ဂျူလီဟာ သူ့ချစ်သူ အန်တိုနီ ဆေးလွန်ပြီး သေဆုံးမှုအတွက် ဝမ်းနည်း ပက်လက်ဖြစ်နေတုန်းပါပဲ။ ဂျူလီမှာ သူ့မိဘဖြစ်သူ အိမ်မှာ ဆက်လက် နေနိုင်နေခဲ့ပါတယ်။ သို့သော် ဂျူလီဟာ အန်တိုနီ တစ်ယောက် မသေဆုံးခင် နောက်ဆုံးအချိန်တွေမှာ ဘယ်လိုတွေ ကြုံတွေ့ခဲ့ရလဲ၊ ခံစားခဲ့ရလဲဆိုတာကို အန်တိုနီရဲ့ မိဘဖြစ်သူတွေ၊ မိတ်ဆွေတွေထံ လိုက်လံပြီး စုံစမ်းနေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဘွဲ့ယူဖို့အတွက် ရုပ်ရှင်ရိုက်ကူးမှုပြုလုပ်နေရပါသေးတယ်။ ဂျူလီဟာ ရုပ်ရှင်ဇာတ်ညွှန်းကို ဘုတ်အဖွဲ့ထံ အပ်နှံခဲ့ပေမယ့် ဘုတ်အဖွဲ့က အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ အဲဒါကြောင့်မို့လို့ ဂျူလီဟာ ဇာတ်ညွှန်းကို ပြန်လည်ပြင်ဆင်ပြီး ရုပ်ရှင်ကို ဖန်တီးဖို့ အကောင်းဆုံးကြိုးစားပါတော့တယ်။ အဲ့တော့ ဒီ Drama ကားလေးထဲမှာ ဂျူလီ တစ်ယောက် ပူဆွေးဝမ်းနည်းမှုတွေ၊ ရုပ်ရှင်ရိုက်ဖို့ အခက်အခဲတွေကို  ဘယ်လိုကျော်ဖြတ်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size - (2.2 GB) / (927 MB) / (519 MB) Quality – Blu-Ray 1080p/ 720p / 480p Duration - 1Hr 47mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Romance Translator – CM Team Encoder – SWM

Action • Horror • Science Fiction
6.4 2021 108 mins
The Souvenir: Part II
Kubo and the Two Strings
7.6

2016 ရဲ့ Box Office မှာ No.4 နေရာရခဲ့တဲ့ ကာတွန်းကားတစ်ကားဖြစ်တဲ့ Kubo and the Two Strings ကို နာမည်ကြီး Laika Production ကထုတ်လုပ်ထားတာဖြစ်ပြီး Stop Motion နဲ့ ရိုက်ကူးထားပါတယ်.. IMDb 8.4/10 , Rotten Tomato 96% အထိ Rating ရရှိခဲ့တဲ့ ဒီကားဟာ မပြသခင်ကတည်းက အထူးနာမည်ကြီးနေတဲ့ ကားတစ်ကားပဲဖြစ်ပြီး Travis Knight ကိုယ်တိုင် ဒါရိုက်တာအဖြစ်နဲ့ ပွဲဦးထွက်ဦးဆောင်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်.. အသံသရုပ်ဆောင်တွေကလဲ အော်စကာဆုရဝါရင့်သရုပ်ဆောင်တွေအပြင် Game of Thrones ထဲက Rickon Stark တို့.. The Girl with Dragon Tattoo ထဲက Rooney Mara တို့အပြင် LORD VOLDERMORT သရုပ်ဆောင် Talph Fiennes တို့လို ဒိတ်ဒိတ်ကြဲတွေဖြစ်နေမှတော့ အထူးညွှန်းစရာမလိုလောက်အောင်ပါပဲ... ဇာတ်လမ်းသွားကိုတော့ ရှေးခေတ်ဂျပန်စတိုင်ဇာတ်အိမ်ဖွဲ့ထားပြီး သူ့အမေဘက်က သဘာဝလွန်အစွမ်းတွေရှိတဲ့အဘိုးနဲ့ မိသားစုကို ရင်ဆိုင်ဖို့အတွက် အဖေ့အမွေ ပစ္စည်း ၃ မျိုးကို လိုက်လံရှာဖွေရတဲ့ Kubo ဆိုတဲ့ကောင်လေးတစ်ယောက်အနေနဲ့ ရိုက်ကူးထားပါတယ်.. Kubo မှာ မကြာခဏ အတိတ်မေ့သလိုဖြစ်နေတဲ့အမေနဲ့အတူ တောင်ပေါ်ဂူတစ်ဂူမှာ နေထိုင်ရသူဖြစ်ပြီး သူ့ရဲ့ဆန်းကြယ်တဲ့ ၃ ကြိုးတပ်တူရိယာလေးနဲ့ စက္ကူရုပ်တွေကို ပုံပြင်တစ်ခုပမာ လှုပ်ရှားဖန်တီးစေရင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေပါတယ်.. သူ့အမေဟာ ကူဘိုလေးကို ညဘက်တွေ အပြင်မထွက်ဖို့ ပြင်းပြင်းထန်ထန်တားဆီးထားတာကြောင့် နေဝင်ချိန်အမီ ရောက်ရာအရပ်က အမေ့ဆီပြန်ရတယ်.. .ညဘက်တွေမှာ အသိစိတ်ကပ်နေတတ်တဲ့အမေ့ဆီကတဆင့် အဖေဖြစ်သူ ဆာမူရိုင်းဟန်ဇိုအကြောင်းကို နားထောင်ပြီး မမြင်ဖူးလိုက်တဲ့အဖေ့ကို အားကျနေတတ်တယ်.. သူ့မှာမျက်လုံးတစ်ဖက်ပဲပါပြီး တစ်ဖက်ကိုတော့ အဘိုးဖြစ်သူက ထုတ်ယူထားတာလို့ တစွန်းတစပြောဖူးပေမယ့် အကြောင်းရင်းကို သေချာမသိရှာပါဘူး... ဒါပေမယ့် တစ်ရက်မှာတော့ ကူဘိုတစ်ယောက်အပြင်နောက်ကျခဲ့ပါပြီ... ညမှောင်လာတဲ့အခါမှာ သူ့အမေစိုးရိမ်ခဲ့သလို ကြောက်စရာအဖြစ်အပျက်ဆိုးတွေ သူ့ဆီရောက်ရှိလာပါတော့တယ်... ဒီအဖြစ်တွေကြောင့် သူ့အမေကိုလဲ ဆုံးရှုံးခဲ့ရပြီး သူလဲ အဝေးကို လွင့်ပါးခဲ့ရပါတော့တယ်... အဖော်အဖြစ် သူ့အမေပေးထားတဲ့ မျောက်ရုပ်လေးရယ် အမေ့ဆီက ဆံပင်တစ်ချောင်းရယ် တီးခတ်နေကျတူရိယာလေးရယ်ပဲ သူ့နဲ့အတူပါလာပါတယ်.. သူသတိရချိန်မှာတော့ မျောက်ရုပ်လေးဟာ ထူးဆန်းစွာပဲ မျောက်တစ်ကောင်ဖြစ်နေပြီး သူ့ကို အဖေ့ပစ္စည်း ၃ မျိုးကို လိုက်ရှာနိုင်မှ ဒါတွေကို အောင်နိုင်မယ်လို့ပြောပြီး ပစ္စည်းမျိုးရှာဖို့တိုက်တွန်းပါတော့တယ် ... လမ်းမှာ ဆာမူရိုင်းဝတ်စုံဝတ်ထားတဲ့ ပိုးကောင်တစ်ကောင်နဲ့တွေ့ပြီး အဲဒီပိုးကောင်ဟာလူအဖြစ်ကနေ ကျိန်စာမိထားသူဖြစ်ကာ အတိတ်မေ့နေသူပါ.. တကယ့်ဇာတ်လမ်းက ဒီမှာစတာပါပဲဗျာ... ကူဘိုရယ်.. မျောက်တစ်ကောင်ရယ်.. ပိုးကောင်တစ်ကောင်ရယ်ဟာ သူတို့နောက်မှာလိုက်နေတဲ့ မကောင်းဆိုးဝါးတွေကို တားဆီးရင်း ရှာဖွေဖို့မလွယ်ကူတဲ့ ပစ္စည်း ၃ မျိုးကိုရဖို့ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ.. သူ့ဘေးမှာ အမြဲရှိနေတတ်တဲ့ မျောက်နဲ့ ပိုးကောင်ကြားကအလွဲတွေနဲ့ သူတို့ဟာ ဘယ်သူတွေဖြစ်မလဲ.. အဖိုးကရော ဘာကြောင့် သူ့မျက်လုံးကိုထုတ်ယူချင်ရတာလဲ... ဒေါသရန်ငြိုးကြီးပြီး အစွမ်းထက်လှတဲ့ အဖိုးရဲ့အန္တရာယ်ကိုရော ရှောင်လွဲနိုင်ပါ့မလားဆိုတာကိုတော့........... 2014 ကတည်းက ပြင်ဆင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို မထွက်ခင်ကတည်းက နာမည်ကျော်နေတဲ့ကားတစ်ကားဖြစ်တဲ့အပြင်... ရိုးရိုး Animation တစ်ကားထက်ပိုတဲ့ရသမျိုးစုံကို ခံစားစေရမှာမို့ ဘာသာပြန်တင်ဆက်ပေးထားလိုက်ပါတယ်။ File Size     :   800Mb Duration   :   01 : 41 : 35 Quality       :   1080p Blu-ray and HEVC 1080p 5.1CH Format       :   MP4 Genre          :   Animation, Adventure Translator :  Nyi Thanlwin Encoder      :  Kyaw Ye Aung

Action • Thriller
7.6 2016 102 mins
Kubo and the Two Strings
Heart Parade
4.9

Heart Parade (2022) ဒီနေ့မှာတော့ Netflix movie လေးတစ်ကားဖြစ်တဲ့ Polish romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမောင်ခွေးတို့ရေးတဲ့ရွှေဖူးစာလို့ပဲပြောရမလား .. Magda က နာမည်ကြီးရုပ်မြင်သံကြားအစီအစဥ်ရဲ့ ထူးချွန်ဝန်ထမ်းတစ်ယောက်ပါ။ အနာဂတ်မှာ programming ဒါရိုက်တာရာထူးကို လက်လွှဲယူဖို့ အလားအလာအများကြီးရှိတဲ့သူဆိုရင်လည်း မမှားဘူးပေါ့။ လက်ရှိဒါရိုက်တာမှာ Tod လို့ခေါ်တဲ့ ခွေးလေးတစ်ကောင်ရှိတယ်။ ဒီကားလေးရဲ့ထူးခြားချက်က တစ်ကားလုံးမှာ ပါသမျှခွေးတွေအကုန်လုံးက Dachshund လို့ခေါ်တဲ့ အလျားရှည်ခွေးပုလေးတွေချည်းပါပဲ။ အကုန်လုံးက Hot Dog ချောင်းလေးတွေလို ချစ်စရာလေးတွေပါ:3 ဆက်ရရင် ဒါရိုက်တာရာထူးကို လက်လွှဲယူရတဲ့ Magda က ခွေးလုံးဝမချစ်တတ်ပေမယ့် သခင်မဖြစ်သူကိုဖားပြီး Tod ရဲ့ဝေယျာဝေစ္စတွေ အကုန်လုပ်ရတယ်ပေါ့။ ဒီလိုနဲ့တစ်နေ့မှာတော့ Magda ရဲ့ပေါ့ဆမှု Tod တစ်ကောင်နေမကောင်းဖြစ်သွားတာမို့ ဒါရိုက်တာကစိတ်ဆိုးပြီး Magda ကို အလုပ်ထုတ်လိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း သားဖြစ်သူ Karol ရယ် Trombone လို့ခေါ်တဲ့ခွေးလေးရယ်နဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ Krzystof က ဇနီးဖြစ်သူဆုံးပါးပြီးတဲ့နောက် အချစ်သစ်မရှာတော့ဘဲ သားဖြစ်သူကို တစ်ယောက်တည်းပျိုးထောင်နေတဲ့ ဖခင်တစ်ယောက်ပါ။ လက်ရှိမှာ Dachshund ပွဲဈေးတန်းလေးကို ဦးဆောင်လုပ်နေပြီး အဲဒီပွဲမှာ Tod လည်းဝင်ပြိုင်ဖူးပေမယ့် ပထမဆုနဲ့လွဲချော်ခဲ့ရတာကို သူ့သခင်က မကျေနပ်ခဲ့ပါဘူး။ ဒီတော့ Magda လည်း ဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တစ်ခုခုကိုသာရိုက်နိုင်ခဲ့ရင် ဒါရိုက်တာဖြစ်သူ အမြင်ပြန်ကြည်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ Karol တို့သားအဖရှိရာမြို့ကိုရောက်လာတဲ့အခါ ..။

Drama • Mystery • Science Fiction • TV Movie • Thriller
4.9 2022 108 mins
Heart Parade
Fatal Attraction (1987)(18+)
6.9

IMDb – 6.9 , RT – 74% ( 18+ အခန်းတွေပါဝင်လို့ မိသားစုနှင့်အတူ ကြည့်ရှု့ရန် မသင့်ပါ ) Ant man ဘိုးတော်ကြီး Michael Douglasရဲ့ ငယ်ဘဝက ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းလေးပါ။ Michael Douglasနဲ့အတူ 101 Dalmatians, 102 Dalmatians, Cruella, What happened to Monday အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ မင်းသမီးကြီး Glenn Closeတို့က တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကို ပြောရရင် အခုလတ်တလော ခေတ်စားနေတဲ့ ” အိမ်ထောင် “ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ဆင်ပါတယ်။ ဒါပေမယ့် ဒီကားက ပိုပြီးကြမ်းပါတယ်။ ဒန် ဂလက်ဂါကတော့ အိမ်ထောင်ရှိတဲ့ ရှေ့နေတစ်ယောက်ပါ။ တစ်နေ့မှာ ဒန်က အဲလစ် ဖောရက်စ်လို့ခေါ်တဲ့ ကောင်မလေးနဲ့ ပါတီမှာတွေ့ဆုံမိခဲ့ကြပါတယ်။ ပါတီကနေ အစပြုလိုက်တဲ့ဇာတ်လမ်းက နန်းကြီးသုပ်ကျွေးတဲ့အဆင့်အထိပါ ရောက်သွားပါတော့တယ်။ အဲလစ် တစ်ယောက် ဒန့်ရဲ့ နန်းကြီးသုပ်အရသာလေးကို ကြိုက်ပြီး စွဲလန်းမိလာပါတော့တယ်။ ဒန်တစ်ယောက် အဲလစ် စွဲလန်းလာတာကို ဘယ်လိုလုပ်မလဲ၊ ဘယ်လိုအနှောင့်ယှက်တွေဖြစ်လာတဲ့အထိ စွဲလန်းခံရမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ Thriller , Dramaဆန်ဆန် ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ကဲ တို့ယောင်္ကျားသားတို့ရေ နန်းကြီးသုပ်ကို လူမှား ပြီးကျွေးမိရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာ ကြည့်ရှု့လေ့လာသင်ယူဖို့ လောင်မြိုက်ရင်း သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးကို ကြည့်ရှု့လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.6 GB)/(1.2 GB)/(620 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:00:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Comedy • Family • Romance
6.9 1987
Fatal Attraction (1987)(18+)
The Kite Runner
7.6

The Kite Runner (2007) ================== IMDb Raitng – 7.6/10 လူတွဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးတဲ့။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ် ကိုယ်ထက် သူတပါးကို ပိုချစ်လိုက်မိရင် အရှုံးသမားလုံးလုံး ဖြစ်ရတာ ကြောင့်ပဲပေါ့။ အချစ်ဆိုတာ အသက်အရွယ် လိင်မခွဲခြားတတ်ပါဘူး။ လည်ပင်းဖက်ပေါင်းတယ်ဆိုတဲ့ ငယ်စဉ်တောင်ကျေး ကလေးဘဝက ကိုယ့် သူငယ်ချင်းဟာ နှလုံးသားတစ်တောင့်မှာတော့ အနက်ရှိုင်းဆုံး နေရာယူ သွားတတ်ကြတယ်မဟုတ်လားဗျာ။ ဒါကလည်း သူငယ်ချင်းအပေါ်ထားရ တဲ့ သူငယ်ချင်းအချစ်ပေါ့။ ကိုယ့်ကိုသိပ်ချစ်ပြီး ကိုယ့်အတွက် အစစအရာရာ အနစ်နာခံ၊ ကိုယ့်အတွက်ဆို မြေကြီးခဲကောက်စားရ ကောက်စားရ၊ စွန်ကလေးတစ်ခုအတွက် အစစ အရာ ရာစွန့်စားပေးဆပ်ပြီး ကိုယ့်အတွက်ပြန်ယူလာတဲ့ သူငယ်ချင်းကိုမှ ကိုယ်က နှင် ထုတ်ရက်ရတာလား။ အပြစ်ကို ရှောင်လွဲချင်စိတ်၊ ကိုယ့်ကိုယ်ကိုယ် သတ္တိကြောင်သူအဖြစ် အားမလို အားမရစိတ်ကို ကိုယ်နိုင်တဲ့ဘက်ကို ဖောက်ခွဲခဲ့တဲ့ လူတွေထဲက လူယုတ်မာလေး တစ်ယောက်နဲ့၊ ကိုယ့်မျက်နှာကိုပဲ တကြည့်ကြည့်နေတတ်တဲ့ ချစ်တတ်သူလေးတို့ လောကတစ်ကွေ့မှာ တွေ့ဆုံခဲ့ဖူးသတဲ့။ ဇာတ်လမ်းလေးက ရိုးရှင်းပါတယ်။ သူငယ်ချင်းနှစ်ယောက်ရဲ့ ရိုးသားဖြူစင်တဲ့မေတ္တာ ကို လူ့သဘာဝနဲ့ရောယှက်ပြီး တင်ပြသွားတာပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက်တွေရခဲ့ပြီး ငွေကြေးအားဖြင့်လည်း မြတ်စွန်းခဲ့ပါတယ်။ အာဖကန်နစ်စတန်နိုင်ငံရဲ့ မူစလင်ဇာတ် လမ်းလေးတစ်ပုဒ်ကို ဇာတ်နာနာနဲ့ ကြည့်ရမှာပါ။ အမေရိကန်မှာ အသားကျနေတဲ့ လူရွယ်တစ်ယောက်ဆီကို ပါကစ်စတန်က ဦးလေးတစ် ယောက်က ဖုန်းဆက်ပြီး တာလီဘန်လက်အောက်ရောက်နေ‌တဲ့ ကာဘူးလ် ကို ပြန်လာ ခိုင်းပါတယ်။ လာခိုင်းတာကလည်း ကလေးတစ်ယောက်ကို မိဘမဲ့ကျောင်းက ကယ်ထုတ် နိုင်ဖို့ပါ။ အမေရိကန်ကနေ ပါကစ်စတန်၊ အဲဒီနောက် အာဖကန်နစ်စတန် ကာဘူးလ်အထိ ခရီးကြမ်းနှင်၊ အသက်အန္တရာယ်စွန့်ခဲ့တဲ့ အကြောင်းက ဘာကြောင့်လဲ။ ဘယ်သူတွေလဲ ဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာပါ။ စွန်ကလေးတွေ ကောင်းကင်မှာ ပျံဝဲနေတဲ့အချိန်မှာ လေနီကြမ်းဆင်လာတော့၊ စွန်ကလေးတွေ တကွဲတပြား လွင့်ထွက်ရခဲ့တယ်။ ဒါပေမဲ့ ကြည်လင်တဲ့ကောင်းကင်မှာ စွန်ကလေးတွေ တစ်နေ့ ပြန်ပြီး ပျံဝဲခွင့် ရဦးမှာပါလေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(2 GB) / (755 MB) Quality…………BLU-RAY 1080p / 720p Duration………2Hr 08Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator……Arr Khun Winchester Encoder……….SWM

7.6 2007 128 mins
The Kite Runner
The Woman in the Storm
6.2

မိသားစုတော်တော်များများမှာ အိမ်တွင်းဒုက္ခတွေကိုအပြင်ကိုထုတ်မပြောတတ်ကြဘူး။ ရွှီမင်ဟာ အလုပ်အကိုင် ရုပ်ရည်အားလုံးပြည့်စုံတဲ့မိန်းမတစ်ယောက်ပါ။ ဒါပေမယ့် သူ့မှာထုတ်ပြောဖို့ခက်တဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်။ ထိန်းချုပ်လိုစိတ် ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကွဲခြင်းဟာ ရှက်စရာလို့ယူဆတဲ့ အာရှနိုင်ငံသားတစ်ယောက်အနေနဲ့မလွယ်ကူတဲ့အပြင် ငယ်ရွယ်သေးတဲ့ကလေးတွေလဲရှိသေးတာကြောင့် ပတ်ဝန်းကျင်ဖိအားတွေ အိမ်တွင်းဖိအားတွေ အဘက်ဘက်ကနေခံစားနေရပါတယ်။ အဲဒီအချိန်မှာ ရှေ့နေလိုင်စင်ရခါစ ရှေ့နေပေါက်စမလေးဟာ စာနာစိတ်ကိုအရင်းခံပြီးသူ့ကိုကူညီခဲ့ပါတယ်။ ကွာရှင်းခွင့်ရလိုက်ပေမယ့် ကလေးနှစ်ယောက်ကို တစ်ယောက်စီခွဲပြီး အုပ်ထိန်းခွင့်ရတဲ့အတွက် ပြဿနာတွေဟာပြီးမသွားပါဘူး။ ယောင်္ကျားဖြစ်သူက ဘယ်လိုတွေလိုက်တွယ်ကပ်ပြီး မိန်းမဖြစ်သူကိုဒုက္ခလိုက်ပေးနေမလဲ…… ကွာရှင်းထားတဲ့မိဘကြောင့် ခွဲနေရတဲ့သနားစရာ ကလေးတွေကိုပါ ဘယ်လိုအသုံးချနေမလဲ…… လူတွေကိုအပေါ်ယံပဲကြည့်ပြီး ဆုံးဖြတ်လို့မရတဲ့အကြောင်း အိမ်တွင်းအကြမ်းမှုဟာဘယ်လောက်ကြောက်ဖို့ ကောင်းကြောင်းကို ပညာပေးရိုက်ပြထားတာပဲဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကိုဆန့်ကျင်တဲ့ ပညာပေးဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

6.2 2023
The Woman in the Storm
Followers
5.5

Social media influencer တစ်ယောက်ဖြစ်တဲ့ ဟယ်သာဟာ သူမရဲ့​Daily Life ကို​အမြဲတမ်းမျှဝေလေ့ရှိသူပါ တစ်နေ့မှာ​တော့​ဟယ်သာ ဆမ်နဲ့ရိုင်လေတို့သူငယ်ချင်း သုံးယောက်ဟာ Hiking ထွက်လာခဲ့ပါတယ်. မရောက်ဖူးမသွားဖူးတဲ့နေရာကို သွားကြရင်း မျှော်လင့်မထားတဲ့ အန္တရာယ်ဆိုးကြီးကိုကြုံတွေ့ ခဲ့ကြရပြီး ကံကောင်းစွာနဲ့ လွတ်မြောက်လာခဲ့ကြပါတယ်.. ဒီလိုနဲ့တစ်နှစ်ခွဲလောက်ကြာတော့ သူတို့ရဲ့ဖြစ်ရပ်မှန် Documentary ကို​influencer ဖြစ်သူဟယ်သာက တင်လိုက်ချိန်မှာတော့ပေါက်​သွားပြီး​ဟယ်သာ့မှာလည်း follower တွေတိုးလာပါတော့တယ် မဆုံဖြစ်တာကြာတဲ့ ဟယ်သာတို့ သူငယ်ချင်းသုံးယောက်​ပြန်ဆုံကြဖို့အတွက် ဟယ်သာကသူ့ကောင်လေးရဲ့မိဘတွေအိမ်မှာ အတူပြန်ဆုံ ကြဖို့ချိန်းရင်း သူတို့သုံးယောက်ပြန်ဆုံဖို့ဖြစ်လာပါတော့တယ် သူတို့မသိတာက ဟယ်သာ့ရဲ့ influencer အလုပ်က သူတို့အပေါ်ဘယ်လိုသက်ရောက်နေလဲဆိုတာကိုပါ သူတို့ရဲ့ပြန်လည်တွေ့ဆုံမှုမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့…….. File size…1.55GB / 676MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 5m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

5.5 2024 73 mins
Followers
Welcome to My Side
6

ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ကြည့်နေကျဇာတ်ကားမျိုးမဟုတ်တဲ့ အချစ်ဇာတ်ကားလေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ချန်ရှောင်ကျိုးဆို‌တဲ့ ကောင်လေးတစ်ယောက် တစ်နေ့ သူ့ချစ်သူနဲ့လမ်းခွဲခဲ့ကြပါတယ် အကြောင်းအရင်းကတော့ ဆေးလိပ်မဖြတ်နိုင်လို့ပါ အဲ့နေ့လမ်းခွဲတဲ့ညမှာတင်ပဲ ရှောင်ကျိုးတစ်ယောက် ဆေးလိပ်ကိုနာကျည်းပြီး ဆေးလိပ်ဖြတ်ဖို့ ဆေးခန်းတစ်ခုကို ရောက်သွားရာမှာတော့ ‌ဆရာဝန်က ဦးနှောက်ကို လျှပ်စစ်ကုထုံးနဲ့ လုပ်ပေးနေချိန်မှာ ရုတ်တရက်ကြီး မီးပျက်သွားပြီး ဦးနှောက်ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ် ၃ရက်ကြာမေ့မြောပြီးနောက်မှာတော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အဝါရောင်ကိုမြင်တာနဲ့ ဘေးပတ်ဝန်းကျင်က လူတွေအားလုံးဟာ အဝါရောင်ဘဲရုပ်အဖြစ်ပြောင်းသွားပြီး စကားသံမကြားရတော့ဘဲ ဘဲအော်သံပဲကြားရတော့တာပါ အဲ့လိုနဲ့တစ်နေ့ အစားသောက် vlog လုပ်တဲ့နာမည်ကြီး ဖုန်ကျားနန်ဆိုတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းကြောင့် တွေ့ဆုံခဲ့ရပြီးနောက်မှာတော့ ရှောင်ကျိုးတစ်ယောက်သိလိုက်ရတာက ကျားနန်သူ့နားမှာရှိနေရင် သူအဝါရောင်ကိုကြည့်လည်း ဘာမှမဖြစ်တာပါပဲ အဲ့လိုနဲ့ တစ်နေ့မှာ ကျားနန်တစ်ယောက် သူ့အနားကနေ ထွက်သွားချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမှာလဲ ဘာလို့ ကျားနန်က သူ့အနားမှာရှိနေချိန်တိုင် ရောဂါမဖောက်ရတာလဲ ဆိုတာကိုတော့ ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ အချစ်ဇာတ်ကားလေးမှာ ကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်နော်

6 2024
Welcome to My Side
Gabriel’s Inferno: Part I
6

Gabriel’s Inferno: Part I (2020) ****************************** အခု တစ်ခေါက် ဇာတ်ကားလေးကတော့ ကန်နေဒီရန် စာရေးဆရာတစ်ယောက် ရေးသားထားပြီး New York မြို့မှာ ရောင်းအားအကောင်းဆုံးစာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ခံစားချက်တွေကို မျိုသိပ်ထားတတ်တဲ့ ပရော်ဖက်ဆာနဲ့ ရည်မှန်းချက်ကြီးမားပြီး တစ်ချိန်က ချစ်ခဲ့ရတဲ့ချစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရဖို့ ကြိုးစားနေတဲ့ scholarship ကျောင်းသူတစ်ဦးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အချစ်စစ်တို့မည်သည်‌ ဖြောင့်ဖြူးခြင်းမရှိဟု ဆိုလေ့ရှိသည့်အတိုင်း သူတို့ ခက်ခဲပင်ပန်းပြီး အချစ်စစ် တစ်ခု ဆုံဆည်းဖို့ကြိုးစားကြတာကို အခုလို အေးမြမြရာသီချိန်မှာ မိမိချစ်ရတဲ့သူ ဒါမှမဟုတ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့် romance ဇာတ်ကားလေး တစ်ကားပါပဲ။ ပရော်ဖက်ဆာ Gabriel Emerson နဲ့ Scholarship ကျောင်းသူ Julianne Mitchell တို့ရဲ့ ပတ်သက်မှုက ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်ကြည်နူးဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်များနှင့် ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်) File Size : 2.07GB/ 670MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…02:03:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Tiff

6 2020 122 mins
Gabriel’s Inferno: Part I