YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Asoka 2001 BluRay 1080p H.264 Hindi AAC 5.1 - Nyein .mp4

3.95 GB 1080p video/mp4 1559 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Crater
6.7

တော်တော်ကြည့်ကောင်းတဲ့ ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေ ချစ်ဖို့ကောင်းတဲ့စိတ်ကလေးတွေနဲ့ ကလေးကားလေးပါ။ ကလေးတွေကို ပြသင့်သလို ကလေးစိတ်မကုန်သေးတဲ့ ကျွန်တော်တို့လို လူတွေလည်း ကြည့်သင့်ပါတယ်။ ကားကိုက Coming-of-Age, Sci-Fi, Adventure အမျိုးအစားဆိုတော့ ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်မလဲတော့ တွေးကြည့်လို့ရပါတယ်။ ဒါပေမဲ့လည်း ပေါတောမသွားဘဲ မျှော်လင့်ချက်တွေ ချစ်ခြင်းတွေနဲ့ လှနေတဲ့ ရုပ်ရှင်လေးပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ နေရာကြီး၃ခုရှိတယ်။ လကမ္ဘာပေါ်ရယ် ကမ္ဘာရယ် အိုမီဂါလို့ခေါ်တဲ့ နိဗ္ဗာန်လိုနေရာသစ်တစ်ခုရယ်ပေါ့။ အဓိကဇာတ်ကောင်တွေက လကမ္ဘာပေါ်နေကြတာ။ လကမ္ဘာပေါ်မှာက ဥက္ကာပျံမိုးတွေရွာရွာနေတတ်ပြီး အန္တရာယ်ကြီးလို့ အမိုးခုံးလို့ ခေါ်တဲ့ အကာအကွယ်နေရာကြီးအောက်မှာ နေကြတယ်ပေါ့။ လပေါ်က အခြေခံလူတန်းစား လူအများစုက မိုင်းတူးသမားတွေဖြစ်ပြီး အိုမီဂါကိုသွားမယ့် ယာဉ်အတွက် လောင်စာတူးပေးရတယ်။ အနှစ်၂၀တူးပြီးရင် သူတို့လည်း သွားခွင့်ရတယ်။ ဒါပေမဲ့ ညစ်တီးညစ်ပတ်လုပ်ထားတဲ့စနစ်ကြောင့် မျိုးဆက်တစ်ဆက်ကူးတဲ့အထိ မသွားရတဲ့လူတွေချည်းပဲ။ ဒီတော့ ကောင်လေးတစ်ယောက်ရဲ့အဖေက သူ့သားကိုသွားစေချင်တော့ သေဆုံးမှုနစ်နာကြေးအရ ပို့ပေးခံရအောင် လုပ်ငန်းခွင်မှာ သေကြောင်းကြံလိုက်တယ်။ ဒီလိုနဲ့ သူတို့သူငယ်ချင်းအုပ်ထဲက အဲဒီကောင်လေးက အိုမီဂါကို သွားဖို့အကြောင်းဖန်လာတယ်။ မသွားခင်မှာ သူတို့အချိန်၂ရက်ရသွားပြီး သူ့အဖေသွားစေချင်တဲ့ အမိုးခုံးအပြင်ဘက်က လကမ္ဘာချိုင့်ကြီးဆီ သူ့သူငယ်ချင်းတွေနဲ့ စွန့်စားခန်းဖွင့်ကြတယ်။ ဒီအကြောင်းကို သူငယ်ချင်းတွေရဲ့ ချစ်ခြင်းတွေ စွန့်လွှတ်မှုတွေနဲ့ ချစ်စဖွယ်ရော အသည်းငြိချင်စရာရောကောင်းအောင် ရိုက်ပြသွားတယ်။ ကလေးသရုပ်ဆောင်တွေက သူ့ဟာနဲ့သူကောင်းကြတဲ့အပြင် ခရစ်အီဗန်ရဲ့ Gifted ထဲက မျက်စိရှေ့တင်အရွယ်ရောက်လာတဲ့ ကလေးမလေးတဖြစ်လဲ Mckenna Grace ရဲ့ ချစ်စရာမျက်နှာလေးကို မြင်ကြရမှာပါ။ ဒီလိုကားတွေဟာ ရှားရှားပါးပါးထွက်လာတတ်တဲ့ကားတွေမို့ ကိုယ်တိုင်ရော ကလေးတွေကိုရော ကျိန်းသေကြည့်သင့်ပြသင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာမှမရရင်တောင် စိတ်ကိုနွေးထွေးသွားစေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 660MB Quality - 1080p, 720p Format - mp4 Duration - 1H 45Min Genre - Adventure, Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
6.7 2023 104 mins
Crater
My Father, Myself

My Father, Myself (2022) မက်သရူးရဲ့ဖခင်ဟာလယ်သမားခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး ငယ်ရွယ်စဉ်မှာပဲမလိုသူတွေရဲ့လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရပါတယ်။ဖခင်သေဆုံးချိန်မှာ သူ့ရဲ့ခေါင်းကိုင်အဖလည်းဖြစ်၊ ဖခင်ဖြစ်သူရဲ့ရှေ့နေ၊အရင်းနှီးဆုံးမိတ်ဆွေ တစ်ယောက်ဖြစ်တဲ့ ရောဘတ်ရဲ့စောင့်ရှောက်မှုအောက်ကိုမက်သရူးရောက်ရှိခဲ့ပါတယ်။ ရောဘတ်ရဲ့ဇနီး၊ သမီးဖြစ်သူတို့ကလည်း မက်သရူးကိုအရင်းအချာနဲ့မခြားနွေးနွေးထွေးထွေးကြိုဆိုစောင့်ရှောက်ခဲ့ကြသလို ပျိုးထောင်မှုကောင်းတွေရရှိခဲ့တဲ့အတွက် မက်သရူးဟာ ပညာရေးမှာပေါက်မြောက်ထူးချွန်ခဲ့ပြီး လိုင်စင်ရရှေ့နေဖြစ် ဘားစာမေးပွဲကိုပါ ထိပ်ဆုံးက အောင်မြင်ခဲ့ပါတယ်။ ဒီအချိန်မှာပဲအရွယ်ရောက်ခံစားချက်တွေပြောင်းလဲလာပြီဖြစ်တဲ့အတွက် ရောဘတ်ရဲ့သမီးငယ် မီကာက သူ့ကိုချစ်တဲ့ အကြောင်း၊ သူ့မိခင်ကိုယ်တိုင်ကလည်း သဘောတူညီကြောင်းပြောလာခဲ့ပါတယ်။ သိပ်ချစ်ခင်စည်းလုံးကြတဲ့မိသားစုတစ်ခုအနေနဲ့ရော ပတ်ဝန်းကျင်တစ်ခုလုံးကပါ သူ့ကိုမွေးစားသားလို့သိထားကြတဲ့အတွက်ပါ အနာဂတ်အတွက် ဘာအနှောင့်အယှက်မှမရှိပြေပြစ်ချောမောနေတဲ့ အခြေအနေတစ်ခုကိုမက်သရူးရော မွေးစားဖခင်ဖြစ်သူ ရောဘတ်ကိုယ်တိုင်ကပါ အင်တင်တင်ဖြစ်နေခဲ့ကြရာကနေ သူတို့မိသားစုအတွက် မုန်တိုင်းတစ်ခုအစပျိုးလာပါတော့တယ်။ အဲ့ဒီလျှို့ဝှက်ချက်တွေဘယ်ကစအမြစ်တည်လာခဲ့လဲဆိုတာ ဆက်လက်ရှုစားကြပါ။ trailer ထွက်ရှိချိန်မှာ LGBT+ အသိုင်းအဝိုင်းအပေါ်မကောင်းတဲ့ရိုက်ခတ်မှုတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်တကြီးဝေဖန်ချက်တွေထွက်ပေါ်လာခဲ့ပေမယ့် ဒါရိုက်တာကတော့ ဒါဟာသူ့မွေးရပ်မြေမှာတကယ်ရှိခဲ့ဖူးတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်တဲ့အတွက် ဒီလိုဇာတ်လမ်းတိုင်းဟာ အပြုသဘောဖြစ်နေစရာမလိုဘူးလို့ဆိုခဲ့ပါတယ်။ အငြင်းပွားမှုတွေရှိနေခဲ့ပေမယ့်လည်း Metro Manila Film Festival မှာ ဆန်ကာတင်ဆုခုနှစ်ခုဝင်ခဲ့ပြီး ဆု ၃ ခုဆွတ်ခူးခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းကိုကြည့်တဲ့အခါ ဆရာမဂျူးရဲ့ ဖေဖေ့သူငယ်ချင်း ဝတ္တုကိုအမှတ်ရစရာဖြစ်ပါလိမ့်မယ်။ ဘယ်နေရာတွေမှာတိုက်ဆိုင်တူညီနေမလဲဆိုတာတော့ ကိုယ်တိုင်အဖြေရှာကြစေချင်ပါတယ်။ File size…(1.6 GB) / (710 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:43:23 Subtitle….Myanmar Subtitle(Hardsub) Encoder….RGB Translated by ALS

Crime • Drama • Thriller
0 2022 103 mins
My Father, Myself
Licorice Pizza
7

ကဲ ‘Licorice Pizza’ လာပါပြီ။ ဒီရုပ်ရှင်ဟာ ၂၀၂၂ အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု နဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆုတို့ဆန်ကာတင်ထားပါပြီ။ ဒီရုပ်ရှင်အကြောင်း မပြောခင် ခေါင်းစဉ်လေးကို အရင်ရှင်းပြရမယ်ထင်ပါတယ်။ ‘Licorice Pizza’ ဆိုတာ ဗန်းစကားပါ။ အနက်ရောင် ဗီနိုင်းသား ဓာတ်ပြားတွေကို ဆိုလိုတာပါ။ Licorice ဆိုတာ သကြားလုံး သကြားချောင်းအနေနဲ့ထုတ်တဲ့ အနက်ရောင် မာမာစေးစေး စားစရာလေးတွေက ယူထားတာပါ။ ပြီးတော့ ဓာတ်ပြားတွေကလည်း ပီဇာ အသေးစားပုံစံဆိုတော့ ‘Licorice Pizza’ ဆိုပြီး နာမည်တွင်လာတာပေါ့။ ဒါရိုက်တာကတော့ ပေါလ် သောမတ် အန်ဒါဆန် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်နှစ်ယောက်ကတော့ ၁၅ နှစ်အရွယ် သရုပ်ဆောင်ပေါက်စ စီးပွားရေးသမားလေး ဂယ်ရီ ဗယ်လင်တိုင်းနဲ့ သူချစ်မိနေတဲ့ ၂၅ နှစ်အရွယ် မမ အလန်နာ ကိန်းတို့ အကြောင်းပေါ့။ ဒီအော်စကာဆန်ကာတင်ကားကြီးရဲ့ အဓိကသရုပ်ဆောင်နှစ်ယောက်ကတော့ ပထမဆုံးစပြီးရုပ်ရှင်ရိုက်ဖူးတဲ့လူသစ်တွေဖြစ်နေတာ ထူးဆန်းတဲ့အချက်ပါပဲ။ ဒီရုပ်ရှင်လေးကို ဒါရိုက်တာဟာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်လောက်ကတည်းက စိတ်ကူးရခဲ့တာပါ။ ဆိုင်လေးတစ်ခုမှာ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က အသက်ကြီးတဲ့ ဝန်ထမ်းကောင်မလေးကို ကြူနေတာကိုတွေ့ပြီး တကယ်လို့သာ ဆယ်ကျော်သက်လေးက ချိန်းတွေ့ဖို့ ခေါ်ကြည့်တာကို မမကြီးက လက်ခံပြီးရောက်လာခဲ့ရင် ဘာဆက်ဖြစ်မလဲဆိုပြီး စိတ်ကူးမိခဲ့တာပါတဲ့။ ပြီးတော့ ဒီဇာတ်ကားမှာ ဘရက်ဒလေကူးပါး ပါတာကိုလည်း လူငယ်လေးတွေကို ကြိုပြောမထားဘဲ ရိုက်ကွင်းမှာ အံ့ဩအောင်လုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် လီယိုနာဒိုရဲ့ ဖခင်ကြီးကိုလည်း ရေမွေ့ရာရောင်းတဲ့ ဘိုးတော်ကြီးအဖြစ် ထည့်သွင်းထားခဲ့ပါသေးတယ်။ ဘရက်ဒလေကူးပါး အင်တာဗြူးတစ်ခုမှာဖြေခဲ့တာက ဒီရုပ်ရှင်မရိုက်ဖြစ်ခင်မှာ သူ သရုပ်ဆောင်ဘဝက အနားယူဖို့တောင်စဉ်းစားနေပြီတဲ့။ သူက ဒါရိုက်တာ ပေါလ်အန်ဒါဆန်ရဲ့ အမာခံပရိသတ်ဖြစ်တာကြောင့် ‘Licorice Pizza’ မှာပါခွင့်ရမယ်ဆိုမှ ဘယ်အခန်းကပဲ ပါရပါရဆိုပြီး ပြန်ရိုက်ကူးဖြစ်ခဲ့တာပါတဲ့။ ဇာတ်လမ်းအမျိုးအစားကတော့ ဟာသ ဒရာမာ ရိုးမန့်စ် ပါပဲ။ ၁၉၇၃ ဝန်းကျင် လူငယ်ဘဝနဲ့ ဖြတ်သန်းရတဲ့ ဘဝအတွေ့အကြုံအစုံကို အခြေခံထားပါတယ်။ သူတို့နှစ်ယောက် သရုပ်ဆောင်လောကမှာ ကြိုးစားကြတာတွေ၊ စီးပွားရေးအသစ်အဆန်းတွေ ကြိုးစားကြတာတွေ၊ နိုင်ငံရေးမှာ ဝင်ပါကြတာတွေ တဖြည်းဖြည်းအရွယ်ရောက်လာကြတာတွေကို ပြသထားပါတယ်။ ရုပ်ရှင်ကောင်းကြိုက်တတ်သူတွေအတွက်တော့ ၂၀၂၁ ရဲ့ အကောင်းဆုံးရုပ်ရှင်ထဲက တစ်ကားကို လက်လွတ်မခံသင့်ပါဘူး။ File size…(2 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:13:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Horror
7 2021 133 mins
Licorice Pizza
Cryo
4.7

Cryo (2022) ========= Cryo chamber ဆိုတာ လူကိုအေးခဲအောင်လုပ်ပြီး၊ မပုပ်မသိုးအောင် ထိန်းသိမ်းပြီး ကာလရှည်ကြာအိပ်စက်စေနိုင်တဲ့ အခန်းတွေပါ။ အဲ့အခန်းတွေ ထဲကနေ အင်ဂျင်နီယာ၊ ဇီဝဓာတုပညာရှင်၊ စစ်သား၊ စိတ်ပညာရှင်နဲ့ ဆရာဝန်တို့ ‌ နိုးထလာပြီး သူတို့ ဘယ်ရောက်နေလဲ၊ ဘယ်သူတွေလဲဆိုတာကိုတောင် မမှတ်မိကြဘဲ မှတ်ဉာဏ်တွေအကုန်နီးပါးပျောက်နေကြတာပေါ့။ နောက်ပြီး သူတို့ရောက်နေတဲ့ နေရာကလည်း အုတ်နံရံပတ်လည်ဝိုင်းနေတဲ့ မြေအောက်ခန်း ဖြစ်နေတယ်။ အပြင်ထွက်ဖို့လုပ်တော့လည်း လေထဲမှာ အဆိပ်တွေရှိတယ် ဆိုတော့ ဒီ cryo အခန်းတွေကို တီထွင်သူရဲ့အလာကိုမျှော်နေကြရင်း အချင်းချင်း တဖြည်းဖြည်းရင်းနှီးသွားကြတယ်။ အဲဒီနောက် survival mystery ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ရှင်သန်ဖို့အတွက် ရုန်းကန်ရတဲ့အပြင် cryo chambers တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် မှတ်ဉာဏ်တွေပျက်စီးပြီး ‌ထင်ယောင်ထင်မှားတွေမြင်ရကြားနေရတယ်။ ဒီလိုအဖြစ်ကနေ ရုန်းထွက်ဖို့ အဓိကသော့ချက်က မှတ်ဉာဏ်တွေပြန်ရမှ ဖြစ်မယ်ဆိုတာ သိသွားကြတဲ့အခါမှာ သူတို့ မှတ်ဉာဏ်တွေပြန်ရအောင် ဘယ်လိုလုပ်မလဲ။ ဘာလို့ cryo chamber တွေထဲမှာ အိပ်ခဲ့ကြတာလဲ ဆိုတဲ့အကြောင်းကို ဇာတ်ရှိန်မအေးတအေးလေးနဲ့ ကြည့်ရမှာဖြစ်တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)

Crime • Drama
4.7 2022 118 mins
Cryo
League of Gods: Zhou Destruction I
6

ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။ လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။

Action • Adventure • Comedy • Drama • Fantasy • Animation
6 2023
League of Gods: Zhou Destruction I
Advancing of ZQ
6.1

အားလုံးကိုစိတ်အပန်းပြေစေမယ့် မိသားစုဟာသကားလေး တစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးက တရုတ်ပြည်မြောက်ပိုင်းမှာက Dilraba Dilmuratလို Uyghurလူမျိုးတွေနေထိုင်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခါရှီချီခါဆိုတဲ့နေရာလေးမှာရိုက်ကူးထားတာဖြစ်တဲ့အတွက် တခြားတရုတ်ကားတွေနဲ့မတူ အမြင်တစ်မျိုးလေးဆန်းနေမှာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ …… ကျန့်ချန်ဟာ သူ့ရဲ့မပြည့်စုံတဲ့အိမ်ကနေထွက်ပြေးပြီးရှန်ဟိုင်းမှာ HiiiPayဆိုတဲ့Applicationကိုပရိုဂရမ်ရေးဆွဲခဲ့ပါတယ်။ သူ့ရဲ့Appကစပြီးအောင်မြင်လာတဲ့အချိန်မှာ အဖိုးဆုံးပြီဆိုတဲ့သတင်းကြောင့် ခါရှီချီခါကိုပြန်လာခဲ့ရပါတယ်။ အဲဒီအချိန်မှာ ငွေမဲတွေခဝါချဖို့သူ့ရဲ့Appကိုအသုံးချချင်တဲ့ သူဌေးကြီးနဲ့တွေ့ပါလေရော…… အဖိုးရဲ့အသုဘမှာ ဆန်းကြယ်မှုတွေဖြစ်လာပြီး အ ဖိုးကပြန်ရှင်လာတဲ့အပြင် မိသားစုဝင်တွေဟာ တစ်ယောက်တစ်မျိုးဆီစွမ်းအားတွေရှိသွားပါတယ်။ သူတို့မိသားစုဟာ ဂိုဏ်းစတားသူဌေးကြီးကို ဘယ်လိုစည်းစည်းလုံးလုံးနဲ့ပြန်ပြီး တွန်းလှန်ကြမလဲဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်လိုက်ပါဦးနော်။

Comedy
6.1 2023
Advancing of ZQ
Camino
7.4

မက်ဒရစ်မြို့မှာ နေထိုင်တဲ့ ၁၁ နှစ်အရွယ် ကာမီနိုဆိုတဲ့ကောင်မလေးဟာ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွင်စွာဖြတ်သန်းနေတဲ့ သာမန်ကျောင်းသူလေးတစ်ဦးဖြစ်ပါတယ်။ သူမတို့မိသားစုဟာ ဘာသာရေးကိုင်းရှိုင်းပြီးတော့ အမေဖြစ်သူဟာ ကာမီနိုအပေါ်မှာ ချုပ်ချယ်တတ်လို့ ကာမီနိုဟာ အမေထားပေးတဲ့ အချက်အပြုတ်သင်တန်းကို တက်နေရပေမယ့် ပြဇာတ်ကိုသာ စိတ်ဝင်စားနေရှာတာပါ။ ပြီးတော့ ကာမီနိုလေးဟာ ကျောရိုးအဆစ်လွဲနေတဲ့အတွက် ပုံမှန် ဆေးစစ်ရပါတယ်။ ဒီလိုနဲ့ တစ်နေ့ ကာမီနိုလေးတစ်ယောက် ကျောရိုးက မခံမရပ်နိုင်အောင် နာကျင်လာတဲ့အတွက် ဆေးရုံမှာ ဆေးစစ်တဲ့အခါ ကျောရိုးအဆစ်လွဲနေတာမဟုတ်ဘဲ ကျောရိုးအဆစ်ပေါ်မှာ ကင်ဆာအကြိတ် တည်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ ပုံမှန်ဆယ်ကျော်သက်ကျောင်းသူလေး ကာမီနိုရဲ့ ဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရပါတော့တယ်။ ဒီဇာတ်ကားလေးမှာ ကာမီနိုက အရွယ်နဲ့မလိုက်အောင် ဘာသာရေးကိုင်းရှိုင်းပြီး ရင့်ကျက်ပုံတွေ၊ သာမာန်ကျောင်းသူတွေလို မနေရဘဲ ကင်ဆာကုသဖို့ စွန့်လွတ်လိုက်ရတာတွေ၊ ဘုရားသခင်အပေါ် သက်ဝင်ယုံကြည်မှုကို မေးခွန်းထုတ်လာမိတာတွေကို ဝမ်းနည်းဖွယ်ရာရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အခြေခံဇာတ်ကားလေးဖြစ်ပါတယ်။ File size…(2.6 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:18:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.4 2008
Camino
Love, Death and Cat
5.7

တာ့ထန်ခေတ်အချိန်မှာ တိုင်းပြည်တိုးတက်ဝပြောတဲ့အတွက် လူတွေရေ ာ မိစ္ဆာတွေရော ပျော်ပါးကြချိန်ဖြစ်ပါတယ်။ ၁၆ နှစ်အရွယ် နတ်ဆရာလေး ဟွိုင်ရှန့်ဟာ ဆရာနဲ့အတူ လော့ယန်မြို့ကြီးကို ရောက်လာခဲ့ပါတယ်။ တာ့ထန်ခေတ်ရဲ့ လော့ယန်မြို့ကြီးဟာ ညလုံးပေါက် မီးထိန်ထိန်လင်းနေပါတယ်။ အကရုံထဲမှာ သခင်လေးကုံးဟာ ငယ်စဉ်အခါက တစ်ဖက်သတ်ချစ်ရသူကို ပြန်တွေ့ခဲ့ပါတယ်။ သူချစ်နှစ်သက်တာက အဲ့ဒီလူရဲ့အရေပြားလား အရေပြားထဲက နှစ်တစ်ရာကြောင်ကြီးကိုလား…… အလောင်းရုံထဲမှာ ကြောင်နက်လေးတစ်ကောင်က အမြီးကိုဖြတ်ပြီး ကျေးဇူးရှင်ရဲ့ အသက်ကို ကယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူပြန်ရတာက တစ်သက်တာအချစ်ခံရခြင်းလား လောဘကြောင့် သစ္စာဖောက်ခြင်းလား…… ရေမြောင်းပုပ်ထဲက ကြွက်မိစ္ဆာလေးက ကြောင်မိစ္ဆာလေးကို ချစ်မိသွားတယ်။ သူ့စိတ်ကူးထဲက ပျော်ရွှင်မှုတွေဖြစ်လာမလား ကံကြမ္မာရဲ့ အပြောင်းအလဲက ကြိုဆိုနေမလား…… ဆိုတာကို မိစ္ဆာရဲ့ သဘာဝဗီဇနဲ့ လူတွေရဲ့ သဘာဝဗီဇကို သရုပ်ဖော်ထားတဲ့ ကြောင် ၃ ကောင်ရဲ့ ပုံပြင်လေးကို အတူတကွ ကြည့်ရှုခံစားလိုက်ရအောင်နော်။

Drama
5.7 2024
Love, Death and Cat
Ali Topan

အချစ်ဒရာမာ ဇာတ်ကားကောင်းကောင်းလေးတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Ali Topan ဖြစ်ပြီး IMDb Rating 5.5 ရရှိထားပါတယ်။လူငယ်အချစ်ဇာတ်လမ်း ပေါ့ပေါ့ပါးပါးလေးတစ်ကားဖြစ်ပြီးတော့ ယနေ့ခေတ်မှာ အဖြစ်များတဲ့ မိဘကသားသမီးအပေါ်တင်းကြပ်မှုတွေ ပျော်ရွှင်မှုနဲ့ အချစ်ကိုလိုအပ်တဲ့လူငယ်တွေရဲ့ကြားက အကြောင်းအရာတွေတွေကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ပုံဖော်ထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ အာလီဆိုတဲ့ ကောင်လေးရဲ့ မိသားစုကစီးပွားရေး အဆင်ပြေတယ်ဆိုပေမဲ့ မိဘတွေအချင်းချင်းအဆင်မပြေ မိဘတွေနဲ့ သူနဲ့လည်းအဆင်မပြေကြတဲ့အတွက် အာလီက သူ့သူငယ်ချင်းတွေရဲ့ တီးဝိုင်းနဲ့ပဲအချိန်ပြည့်ရှိနေသူ တစ်ယောက် ရှိပါတယ်။တစ်နေ့မှာတော့ သူတို့တီးဝိုင်းရှိရာကို ကောင်မလေး တစ်ယောက်ရောက်လာပြီး အာလီကလည်းမြင်မြင်ချင်း ကြွေသွားပါတော့တယ်။လူငယ်ချင်းဆိုတော့ စကားတွေ ပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးက ဝန်ကြီးသမီး အန်နာဖြစ်ကြောင်းကို သိခဲ့ရပါတော့တယ်။အန်နာရဲ့ မိသားစုက သူ့အပေါ်အရမ်းတင်းကြပ်ပြီး လူကုံထံအသိုင်းအဝိုင်းမှာပဲ မွန်းကြပ်စွာနဲ့ ရှင်သန်နေရတဲ့အတွက် အာလီနဲ့တွေ့ခဲ့ရတဲ့ အချိန်တွေက သူအတွက် အရမ်းပျော်စရာကောင်းနေပါ တော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်အာလီတို့လုပ်မဲ့ရှိုးပွဲမှာ ထပ်တွေ့ဖို့ အကြောင်းဖန်လာခဲ့ကြပြီး အဲ့ဒီညမှာပဲကြိုက်သွား ကြပါတော့တယ်။အဲ့ဒီတစ်ညတာက သူတို့အတွက်ပျော်စရာ ကောင်းခဲ့ပေမဲ့ ပွဲလုပ်တဲ့ အာလီတို့နေရာမှာ ပြဿနာတွေ အကြီးအကျယ်ထဖြစ်ပြီး လူတွေလည်းအများကြီးထိခိုက်ခဲ့ ပါတယ်။အာလီလည်း အဲ့ဒီကိစ္စနဲ့စိတ်တွေညစ် အန်နာလည်း အိမ်ကြောင့်နဲ့ စိတ်တွေညစ်နေကြပြီး စိတ်ပြေလက်ပျောက် ဖြစ်သွားအောင် ငယ်ငယ်ကတည်းက အိမ်ကထွက်သွားခဲ့တဲ့ အန်နာ့အစ်မဆီကို နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ အတူ ခရီးထွက်ခဲ့ကြပြီးနောက်မှာတော့ ကျန်နေခဲ့တဲ့အန်နာ့မိဘတွေက ပြဿနာအကြီးအကျယ်ထရှာပြီး ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရမဲ့ ဒရာမာဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.60GB / 749MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Adventure , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023
Ali Topan
Dealing with Dad

IMDb – 7 / RT – 78% နဲ့ ဆု ၁၁ ဆုအထိရထားတဲ့ ကော်မဒီ ဒရာမာရုပ်ရှင်တစ်ကားပါ။ ဒီရုပ်ရှင်ထဲမှာ အဖေနဲ့ သားသမီးတွေအကြားကဆက်ဆံရေးကို ရိုက်ပြထားပါတယ်။ တရုတ်မိသားစုတစ်ခုမှာ မာဂရတ်ဆိုတဲ့အငယ်‌ဆုံးသမီးရယ် လယ်ရီ နဲ့ ရွိုင်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရယ်ရှိပါတယ်။ မာဂရတ်က မိဘအိမ်ကနေပြောင်းနေပြီး အိမ်ထောင်ကျလို့ ကလေးတစ်ယောက်ရနေပါပြီ။ တစ်ရက်မှာတော့ အဖေဖြစ်သူ အိပ်ရာထဲလဲနေတယ်ဆိုတဲ့သတင်းကိုကြားပြီး မာဂရတ်တစ်ယောက် အစ်ကိုဖြစ်သူနှစ်‌ယောက်ကို ပြာပြာသလဲအကြောင်းကြားပြီး မပြန်ချင်တဲ့အိမ်ဆီပြန်လာခဲ့ပါတယ်။ တကယ်တော့ မာဂရတ်တို့မောင်နှမသုံးယောက်နဲ့ အဖေဖြစ်သူကြီးနဲ့က လုံး၀မတည့်ကြပါဘူး။ ‌အေးရှန်းမိသားစုတွေ အထူးသဖြင့် တရုတ်မိသားစုတွေမှာ မိဘတွေကသားသမီးတွေအပေါ် အရမ်းတင်းကျပ်ကြပါတယ်။ ဒီအဖေကြီးကလည်း သားသမီးသုံးယောက်လုံးကို တချိန်လုံးမျက်စိဒေါက်ထောက်ကြည့်နေပြီး အပြစ်မရှိအပြစ်ရှာ အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် သားသမီးသုံးယောက်နဲ့အကြားမှာဆက်ဆံရေးက မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဒီလိုအမြဲတစ်ခုမဟုတ်တစ်ခု ဆူပူနေတတ်တဲ့အဖေကြီးက ရုတ်တရက် အခန်းထဲကအခန်းပြင်မထွက်တော့ဘဲ တနေကုန် အိပ်ရာပေါ်မှာတီဗီကြီးဖွင့်လျက်နဲ့ပဲ လှဲနေ‌တဲ့အဖြစ်ကိုရောက်သွားပါတယ်။ ဒီလိုနဲ့ အငယ်ဆုံးသမီးမာဂရတ်တစ်ယောက် အိမ်ပြန်ရောက်သွားပြီး အစ်ကိုဖြစ်သူတွေဖြစ်ကြတဲ့ အာမခံကုမ္ပဏီမှာလုပ်နေတဲ့ရွိုင်ရယ်၊ action figure အရုပ်တွေရောင်း၀ယ်ပြီး မိဘအိမ်မှာကပ်နေနေတဲ့ ဂိမ်းဂျပိုးလယ်ရီနဲ့အတူ အဖေဖြစ်သူကို အရင်ကလိုပုံစံပြန်ဖြစ်လာအောင် ဘယ်လိုလုပ်ပေးကြရမလဲဆိုတာကို အဖြေရှာကြရပါတော့တယ်။ ဒါပေမဲ့လည်း အဖေဖြစ်သူရဲ့ ပြုစုပျိုးထောင်တဲ့ပုံစံက မှားယွင်းခဲ့တာကြောင့် သားသမီးတွေ အထူးသဖြင့် အငယ်ဆုံးသမီးဖြစ်တဲ့မာဂရတ်ဟာ ငယ်ဘ၀ကတည်းက စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အဖေနဲ့ပြန်ပြီးပြောဆိုဆက်ဆံရတာဟာ မာဂရတ်အတွက်တော့ မလွယ်ကူနေခဲ့ပါဘူး။ ဒါကြောင့်လည်း အရွယ်ရောက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့အချိန်ကျ အိမ်ကနေလွတ်ရာကျွတ်ရာကိုထွက်သွားပြီး အိမ်ထောင်ပြုရင်းဘ၀သစ်ကိုစဖို့ဆုံးဖြတ်ခဲ့တာပေါ့။ ဒီလိုတစ်သက်လုံးအဆင်မပြေခဲ့ရတဲ့အဖေကြီးက နေ့ချင်းညချင်းပြောင်းလဲသွားတော့လည်း မာဂရတ်ခမျာ အောင့်အီးသည်းခံပြီးတော့ အသုံးမကျတဲ့အစ်ကိုနှစ်ယောက်နဲ့အတူ ဒီအဖေကြီးကိုနေပြန်ကောင်းအောင်လုပ်ပေးဖို့ရာကြိုးစားရင်းကနေ တစ်သက်နဲ့တစ်ကိုယ်မသိခဲ့ရတဲ့အကြောင်းအရာတွေကိုလည်း သိလာရပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်အိမ်ကရိုးရှင်းပေမဲ့ ခိုင်တဲ့အထဲမှာပါပါတယ်။ သရုပ်ဆောင်ပိုင်းတွေ ဒိုင်ယာလော့တွေကလည်း အပိုအလိုမရှိအောင်ကောင်းပြီးတော့ ဟာသလေးတွေကလည်း အတင်းကလိထိုးရယ်ခိုင်းတဲ့ဟာသတွေမဟုတ်ဘဲ နေ့စဉ်ဘ၀မှာကြုံတွေ့နေရတဲ့အရာတွေကိုပဲ ရယ်စရာအဖြစ်ဖန်တီးထားတာကြောင့်လည်း တော်တော်လေးသဘာ၀ကျပါတယ်။ တစ်ကားလုံးမှာ ရုပ်ရှင်‌တွေ လက်တွေ့ဘ၀ကကိုးကားချက်တွေကိုလည်း ဖောဖောသီသီသုံးထားပြီးတော့ မောင်နှမသုံးယောက်အကြားက ခွီလို့ကောင်းမယ့်ဇာတ်၀င်ခန်းတွေနဲ့အတူ ဇာတ်ကားတစ်ခုလုံးကို အဆုံးထိကြည့်ချင်သွားအောင်ဆွဲဆောင်သွားမယ့်ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် သေချာပေါက်မြည်းစမ်းကြည့်ရှုသင့်ပါကြောင်း။ File size…(1.7 GB)/(755 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2022
Dealing with Dad
Blink Twice
6.8

ဖရီဒါတစ်ယောက် ချမ်းသာတဲ့ သက်လတ်ပိုင်း သူဌေးသားကို ထောင်ဖမ်းရင်း အဆင်ပြေသွားရာက သူဌေးသားရဲ့ ကိုယ်ပိုင်ကျွန်းကို လိုက်သွားပြီး မထင်မှတ်ထားတာတွေ ကြုံလာရတဲ့အခါ ဘယ်လိုများ….. ဖရီဒါနဲ့ ဂျက်စ်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီးတော့ နာမည်ကြီး ကုမ္မဏီတွေ စားပွဲပါတီတွေ ကျင်းပတဲ့အခါမျိုးမှာ စားပွဲထိုး ဝင်လုပ်ပါတယ်။ သူတို့ဟာ ပွဲတက်ဝတ်စုံတွေ ထည့်လာပြီး လစ်ရင်လစ်သလို ဝတ်စုံလဲကာ ပါတီထဲ ဝင်ရောပြီး သူဌေးသားတွေကို ထောင်ဖမ်းဖို့ ကြံဖန်တတ်ပါသေးတယ်။ တစ်ညမှာတော့ သူတို့ဟာ ကင်းနည်းပညာကုမ္မဏီရဲ့ ပါတီပွဲမှာ အစားအသောက် တည်ခင်းပြီးလို့ ပွဲတက်ဝတ်စုံလဲပြီး အဆင်ရှာထွက်တဲ့အချိန်မှာ ဖရီဒါတစ်ယောက် ကင်းနည်းပညာကုမ္မဏီရဲ့ ဥက္ကဌဖြစ်တဲ့ စလေတာကင်းနဲ့ သွားဆုံပါတယ်။ ဒီလိုနဲ့ ဖရီဒါနဲ့ စလေတာကင်းမှာ တစ်ညလုံး လေကြောသင့်ပြီး ကြည်နူးနေရာက ပွဲပြီးတော့ စလေတာကင်းက သူ့မိတ်ဆွေတွေနဲ့ ကိုယ်ပိုင်ကျွန်းကို အပျော် ခရီးသွားမှာဖြစ်ကြောင်း တခြားကောင်မလေးတွေလည်း ပါမှာဖြစ်ကြောင်း ပြောပြီး ဖရီဒါနဲ့ ဂျက်စ်ကို လိုက်ခဲ့ဖို့ ခေါ်ပါတော့တယ်။ ဒီယုန်မြင်လို့ ဒီခြုံထွင်တဲ့ ဖရီဒါကတော့ နှစ်ခါမငြင်းပဲ လိုက်သွားခဲ့ပါတယ်။ ကျွန်းပေါ်ရောက်တော့ သူတို့ရဲ့ ဖုန်းတွေ လျှပ်စစ်ပစ္စည်းတွေကို သိမ်းသွားပေမဲ့ သူတို့ဟာ ဘဝရဲ့ အကောင်းဆုံးအချိန်တွေကို ခံစားရင်း ဖရီးကုန်းဆင်းပါတော့တယ်။ ဒါပေမဲ့ ကျွန်းပေါ်ရောက်ပြီး မကြာဘူး၊ ဖရီဒါနဲ့ ကောင်မလေးတွေခမျာ ထူးဆန်းတာတွေ စတင်တွေ့ကြုံလာရပါတော့တယ်။ ကဲ ရေးတာများသွားပြီ၊ ဒီလောက်ဆို စိတ်ဝင်စားဖို့ကောင်းနေပြီ၊ ဘာကြောင့်ဖြစ်မလဲ၊ သူတို့ လွတ်မြောက်ပါ့မလားဆိုတာ ဆက်ကြည့်လိုက်ကြပါတော့ဗျာ။ File size…4GB / 1.65GB Quality…WEB-DL 4K HEVC / 1080p Format…mkv / mp4 Duration….1h 42m Genre ….. Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Matteo

Action
6.8 2024
Blink Twice
Antique Strategy in the Battle of Longbi
5.9

ဒီတစ်ခေါက်ဇာတ်ကားကတော့ ရှေးဟောင်းပစ္စည်းတွေတရားမဝင် တူးဖော်ပြီး မှောင်ခိုဈေးကွက်မှာပြန်ရောင်းချတဲ့ အကိုဖြစ်သူရယ် တရားဝင်လက်ဝှေ့ရုံဖွင့်ပြီး စနစ်တကျပိုက်ဆံရှာချင်တဲ့ ညီလေးဖြစ်သူရယ်အကြောင်းကို တင်ဆက်ပြသပေးထားတာဖြစ်ပါတယ် လွန်ခဲ့တဲ့10နှစ်‌ေကျာ်တုန်းက အကိုဖြစ်သူက သူ့ရဲ့ခြေထောက်တစ်ဖက်ရော အချစ်ရဆုံးချစ်သူကိုရော ဆုံးရှံးထားခဲ့ရတာဖြစ်ပါတယ် ဒီကာလတစ်လျှောက် မှောင်ခိုဈေးကွက်ကနေပဲပိုက်ဆံရှာခဲ့ရပြီး အခက်ခဲကြုံလာတဲ့အချိန်မှာတော့ ညီဖြစ်သူရဲ့လက်ဝှေ့ရုံက လက်ဝှေ့သမားတွေကို အသုံးချဖိုအကြောင်းဖန်လာခဲ့ပါတယ် ညီဖြစ်သူ ဟူကျစ်ကလည်း သူ့ရဲ့လက်ဝှေ့ရုံက တရားမဝင်တာတွေမလုပ်ပဲ စနစ်ကျကျသွားချင်တဲ့သူဖြစ်တာမလို သူ့ရဲ့အကိုဖြစ်သူတောင်းဆိုတာတွေကို ငြင်းမှာလား မျက်စိမှိတ်ကူညီပေးမလားဆိုတာကိုတော့ စိတ်ဝင်စားဖွယ်ကောင်းစွာကြည့်ရှုရမှာဖြစ်ပါတယ်

5.9 2024
Antique Strategy in the Battle of Longbi
The Hustler
7.9

ဒီဇာတ်ကားဟာ ၁၉၅၉ ခုနှစ်ထွက် အမေရိကန်စာရေးဆရာ Walter Tevis ရဲ့ အမည်တူစာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ Edward “Fast Eddie” Felson ဆိုသူ pool player တစ်ယောက်ရဲ့ အနိုင်အရှုံးတွေအကြောင်းပါ။ အက်ဒီဟာ နယ်လှည့်ကာ ကျူထိုးရင်း အသက်မွေးနေတဲ့သူတစ်ယောက်ပါ။ ကစားပွဲအစမှာ မကစားတတ်ချင်ယောင်‌ဆောင်ပြီး နောက်မှကြေးမြှင့်ကာ အနိုင်ယူတတ်တဲ့ Hustler တစ်ယောက်။ သူ့ရဲ့ရည်မှန်းချက်ဟာ ၁၅ နှစ်လုံး ဘယ်သူမှအနိုင်မယူနိုင်ခဲ့တဲ့ ဂန္ဓ၀င်ကစားသမားကြီး Minnesota Fats ကိုအနိုင်ယူဖို့ဖြစ်တာကြောင့် စိန်ခေါ်လိုက်တဲ့အချိန်မှာ နိုင်နိုင်ရှုံးရှုံး ဘယ်အချိန်ရပ်ရမယ်မှန်းမသိဘဲ အရည်အချင်းတစ်ခုပဲရှိတဲ့ အက်ဒီတစ်ယောက် ဘယ်လိုမျိုးတွေဖြစ်လာမလဲ။ နှဲသမားပါးစပ်လို ပိန်‌လိုက်ဖောင်းလိုက်ဖြစ်နေတဲ့ သူ့ဘ၀ရဲ့အဆိုးဆုံး အခြေအနေမှာ ဆာရာဆိုသူမိန်းကလေးတစ်ယောက်နဲ့လည်း ဆုံဖြစ်ခဲ့တယ်။ ဇာတ်လမ်းအစကနေ အဆုံးထိ အက်ဒီဟာ တကယ့်ကို ငယ်ရွယ်တဲ့လောင်းကစားသမားတစ်ယောက်ပီသခဲ့ပါတယ်။ File size…(1.8 GB)/(810 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:14:00 Genre… Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Drama
7.9 1961 134 mins
The Hustler
Bullet Train Explosion
6.5

Bullet Train Explosion (2025) **************************** IMDb….. 6.5 ဂျပန်နိုင်ငံမှာရှိတဲ့ အရှေ့ပိုင်းဂျေအာ ကုမ္ပဏီပိုင်အတွင်းမှာ ပုံမှန်ပြေးဆွဲလျက်ရှိတဲ့ ဟာယဘူဆာ အမှတ်-၆၀ ရထားမှာ ဗုံးထောင်ထားတယ်ဆိုပြီး ဆက်သွယ်ရေးစင်တာကို ဖုန်းဝင်လာခဲ့ပြီး ထောင်ထားတဲ့ဗုံးဟာ တစ်နာရီ ကီလိုမီတာ ၁၀၀ အောက် ကျတာနဲ့ ပေါက်ကွဲမှာဖြစ်ကြောင်းလည်း အသိပေးလာပါတယ်။ ဒီအခါမှာ အဲဒီရထားရဲ့ ဝန်ထမ်းတွေနဲ့ဆက်သွယ်ပြီး ရထားကို အရှိန်မလျှော့ဘဲ တစ်နာရီ ၁၂၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်ရင်း ထိန်းထားဖို့ လုပ်ရပါတော့တယ်။ ရထားကို အရှိန်ထိန်းမောင်းနှင်ရင်းနဲ့ ခရီးသည်တွေကိုလည်း ထိတ်လန့်မှုမဖြစ်စေဖို့အတွက် ထိန်းရပါသေးတယ်။ ဂျပန်ရဲ့ မူဝါဒမှာ အကြမ်းဖက်သမားများနဲ့ မညှိနှိုင်းဘူးဆိုတဲ့ အချက်ရှိတဲ့အတွက် အစိုးရဟာလည်း ဗုံးထောင်သူနဲ့ ညှိနှိုင်းမှုမလုပ်ဘဲ ခရီးသည်များ လုံခြုံရေးအတွက်ကိုသာ ဦးစားပေး လုပ်ဆောင်လျက်ရှိပေမဲ့ ဗုံးထောင်သူဘက်ကနေ ဗုံးဖြုတ်နည်းပြောပြပေးရမယ်ဆိုရင် သူ့ကို ယန်း ၁၀၀ ဘီလီယံ ပေးရမယ်လို့ ဆိုလာပါတယ်။ ဒီလိုတောင်းဆိုတာကလည်း အရှေ့ပိုင်း ဂျေအာကုမ္ပဏီထံမှာမဟုတ်ဘဲ ဂျပန်ပြည်သူများထံမှ တောင်းဆိုတာဖြစ်ပါတယ်။ ဗုံးထောင်သူရဲ့ တောင်းဆိုလာမှုအပေါ်မှာ အကြမ်းဖက်သမားများနဲ့ မညှိနှိုင်းရေးမူဝါဒကို ကိုင်စွဲထားတဲ့ အစိုးရနဲ့ အရှေ့ပိုင်းဂျေအာရဲ့ တာဝန်ရှိသူများ ပူးပေါင်းပြီး ဗုံးထောင်ခံထားရတဲ့ ရထားပေါ်က ခရီးသည်တွေကို ဘယ်လိုကယ်တင်သွားမလဲ ဆိုတာကို ကြည့်ရှုရမဲ့ စိတ်ဝင်စားဖွယ် မှုခင်းဒရာမာ အက်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Char Ou မှ ရေးသားထားပေးပါတယ်။) File Size : 2.91GB/ 1.34GB Quality : WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration…02:18:12 Genre : Action, Adventure, Thriller, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mary, CharOu, DaoPhyo & KIM Encoded by Tiff

6.5 2025 137 mins
Bullet Train Explosion
Else
5.6

Else (2025) ဆန်းကြယ်တဲ့ ဗိုင်းရပ်တစ်ခုကြောင့် လူသားတွေရဲ့ခန္ဓာကိုယ်က အရည်ပျော်ကျလာပြီး သူတိုထိမိတဲ့ ဘယ်သက်မဲ့အရာဝတ္ထုမဆိုနဲ့ ပေါင်းစည်းသွားစေတဲ့ ရောဂါကြီးတစ်ခု ကမ္ဘာအနှံ ပျံ့နှံလာခဲ့တယ်။ ရောဂါကူးစက်တဲ့လူတွေက ဘာမှမလှုပ်ရှားနိုင်တော့ဘဲ ပြင်းထန်တဲ့နာကျင်မှုကိုခံစားရင်း သူတိုပူးကပ်သွားတဲ့အရာဝတ္ထုတွေအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားရပြီးတော့ သူတိုရဲ့မျက်လုံးကို စိုက်ကြည့်မိတဲ့လူတိုင်းက ရောဂါကူးစက်ခံရပါတယ်။ အဲဒီကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြောင့် lockdown ချနေတဲ့ကာလအတွင်း အတူအိပ်မိရာကနေ ရင်းနှီးခဲ့တဲ့ Anx နဲ့ Cass တိုနှစ်ယောက်က‌လည်း Anx နဲ့ တိုက်ခန်းတစ်ခုထဲမှာ အတူနေဖိုဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ Anx နဲ့ Cass တိုနှစ်ယောက် ရောဂါပျံ့နေတဲ့ အဆောက်အဦးကြီးမှာ တစ်ယောက်အကြောင်းတစ်ယောက် သင်ယူပြီး ဘယ်လိုမျိုးအတူနေထိုင်သွားမလဲနဲ့ ကိုယ်ပိုင်သရုပ်ကိုယ်စီကနေ အရည်ပျော်ကျပြီး အရာအားလုံးပေါင်းစည်းသွားတဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်ပေါ်လာပုံတွေကို စိတ်ဝင်စားဖွယ် အမိုက်စား Surreal visual ‌တွေနဲ့ ကြည့်ရှုရပါမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.7 GB) / (870 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Fantasy, Horror, Romance, Sci-Fi Duration…. 01:43:25 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thwal Htoo Zin

Comedy • Drama • Music
5.6 2025 100 mins
Else