YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Art.of.Love.2021.480p.mp4

375.93 MB N/A video/mp4 434 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bad Ass
5.8

ဒီတစ်ခါ ပရိသတ်ကြီးအတွက် ဟောင်းပေမဲ့ကောင်းနေတဲ့ ဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးပါရစေ လူ့ဘဝကြီးမှာ လှံထမ်းလာတာကိုပဲမြင်ရတယ် ကံထမ်းလာတယ်ကိုမမြင်ရဘူးဆိုတဲ့အတိုင်း ပုံမှန်နေသားကျနေတဲ့ ဘဝကြီးကနေ အပြောင်းအလဲကြီးဖြစ်သွားတတ်တယ်ဆိုတဲ့အကြောင်းကို ရိုက်ပြထားတာမို့ ကြည့်လို့ကောင်းမဲ့ ကားကောင်းလေးပါပဲ ဇာတ်လမ်းအကျဉ်း ဗီဂါ ဆိုတဲ့ ဗီယမ်နမ် စစ်ပြန်ကြီးဟာ အထက်တန်းကျောင်းပြီးသွားတာနဲ့ စစ်တပ်ထဲဝင်ခဲ့လို့ သူ့ရဲ့ ရိုးရှင်းနဲ့ ဘဝလေးနဲ့ ရင်နဲ့အမျှချစ်ရတဲ့ ချစ်သူလေးကို ထားခဲ့ရတာပါ ၇နှစ်ကြာစစ်မှုထမ်းပြီးပြန်လာတဲ့အချိန်မှာတော့ သူ့ကိုစောင့်နေမလားထင်ပြီး ရည်းစားဟောင်းအိမ်ကိုသွားလိုက်တဲ့ အချိန်မှာပဲ သစ္စာရှိရှိနဲ့စောင့်နေတဲ့ သူ့ရဲ့ ချစ်သူလေးဟာ ကလေး၂ယောက်ပါ အပိုစုဆောင်းထားပေးခဲ့တာပါ အဲဒါနဲ့ မရှိတဲ့လမ်းပျောက်သွားတဲ့ ဗီဂါကကြီး က ရဲကျောင်းတက်ဖို့ကြိုးစားလည်းမအောင်မြင် ကုမ္ပဏီတွေမှာ လျှောက်တော့လည်း ကောလိပ်မတက်ခဲ့လို့ဆိုပြီး မခေါ်တာနဲ့ဘဲ ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းနေရတဲ့သူတစ်ယောက်ပါ အဲဒီလိုနဲ့ မထင်မှတ်တဲ့နေ့လေးတစ်နေ့မှာဘဲ သူ နေ့တိုင်းစီးနေကျ ဘတ်စ်ကားပေါ်မှာ လူငယ်နှစ်ယောက်က အဖိုးကြီးတစ်ယောက်ကို အနိုင်ကျင့်နေလို့ လက်စွမ်းပြလိုက်တာကြောင့်ပဲ အင်တာနက်မှာနာမည်ကြီးသွားပြီး "ဆရာကြီး"ဆိုတဲ့ နာမည်ပါရသွားတာပါ အဲဒီအချိန်မှာပဲ သူ့ရဲ့ဘဝကတစ်ဆစ်ချိုးပြောင်းလဲခဲ့တာပေါ့လေ အဲဒီလိုနဲ့ သူ့အမေဆုံးပါးသွားတော့ သူ့အချစ်ဆုံးသူငယ်ချင်းကြီး ကလန်းဒိုက်ကိုအိမ်မှာခေါ်ထားရင်း အရက်သောက်ရာကနေ သူ့သူငယ်ချင်းက သူ့ကို မန်မိုရီစတစ်လေးတစ်ခုသိမ်းပေးထားဖို့ပြောပါရော သူလည်းဘုမသိဘမသိနဲ့ ယူထားလိုက်တာပေါ့လေ အဲဒီညမှာပဲ သူ့သူငယ်ချင်းကြီး ဆေးလိပ်ကုန်လို့သွားဝယ်ရင်း အသတ်ခံလိုက်ရပါရော အဲဒါကို သေချာအမှုမလိုက်တဲ့ စုံထောက်တွေကြောင့် အဲဒီအမှုကို တစ တစ ဆွဲထုတ်ရင်းနဲ့ ဘာတွေဖြစ်လာမလဲ အဲဒီမန်မိုရီစတစ်က ဘာမို့လို့ သူ့ သူငယ်ချင်းကအသတ်ခံလိုက်ရတာလဲ သူကရောအဲဒီ ပြဿနာကြီးကိုဖြေရှင်းနိုင်မှာလားဆိုတာ ဟာသလေးနှောပြီး ကြည့်လို့ကောင်းမဲ့ ဇာတ်ကားကောင်းလေး တစ်ကားပါပဲဗျာ File size…(1.47 GB)/(881MB)/(458 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Comedy, Action , Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Crime • Drama • Thriller
5.8 2012 90 mins
Bad Ass
The Great Illusionist 2
3

CM ချစ်ပရိသတ်တို့အတွက် Part 1 နဲ့ ဇာတ်လမ်း လုံးဝချိတ်ဆက်နေတာမဟုတ်ပေမယ့် part 1 လိုပဲ စိတ်ဝင်စားဖို့ကောင်းတဲ့Great Illusionist part 2 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... လုံစုန်အရာရှိတစ်ယောက် ထူးခြားတဲ့ လူသေမှုတွေကို ရင်ဆိုင်ရပြီး ဖြည်းဖြည်းချင်း ရှာဖွေစစ်ဆေးရာမှာ ထူးခြားစွာ သေဆုံးသူ ၃ ယောက်လုံးရဲ့ တူညီတဲ့သဲလွန်စကို ရခဲ့တာပေါ့... ဒါကတော့ ၃ ယောက်လုံးက တိုက်တိုက်ဆိုင်ဆိုင် ကျောင်းနေဖက်တွေဖြစ်ခဲ့ပြီးတော့ လွန်ခဲ့တဲ့ ၄ နှစ်က တိုက်တိုက်ဆိုင်ဆိုင် အကြောင်းမဲ့ ကျောင်းနားခဲ့ကြတယ်ဆိုတာပါပဲ... သေဆုံးသူ ၃ ယောက်လုံးက ကျောင်းနားတာတင်မကဘူး မိသားစုကျောထောက်နောက်ခံကောင်းပြီး ငွေကြေးကြွယ်ဝတဲ့အပြင် အာဏာပါရှိတဲ့ မိသားစုကဆိုတာပါ သိခဲ့ရတော့ ဒါက သွေးရိုးသားရိုး မဟုတ်မှန်း သဘောပေါက်ပြီး သေချာစုံစမ်းတဲ့အခါမှာ လွန်ခဲ့တဲ့ ၄ နှစ်က မတော်တဆမှုနဲ့ပါ ချိတ်ဆက်မိလာခဲ့တယ်... ဒီကားထဲ အကြိုက်ဆုံး ဒိုင်ယာလော့လေးကတော့ "ဒီလောကမှာ ငွေရှိတဲ့သူက သက်ဆိုးရှည်ပြီး မရှိတဲ့သူက သေသင့်တာလားတဲ့"တဲ့... Great Illusionist part 1 တုန်းကလိုပဲ ဇာတ်လမ်းအစတည်းက အဆုံးထိ တဖြည်းဖြည်းချင်း ဆွဲခေါ်သွားတာမို့ ထူးခြားဆန်းပြားဖွယ်ဇာတ်ကားကောင်းလေးမို့ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးထဲက တစ်ခုပါ.. Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
3 2022 87 mins
The Great Illusionist 2
The Weather Man
6.1

ကျွန်တော်တို့အားလုံးဟာ ဘဝသင်ခန်းစာတွေကို ပုံစံအမျိုးမျိုးနဲ့ life long learningလုပ်နေရတဲ့ ဘဝကျောင်းတော်ထဲက ကျောင်းသားလေးတွေပေါ့။ တစ်ခါတလေမှာ အလွယ်တကူနားလည်လိုက်တာ ရှိပေမဲ့ တစ်ခါတစ်လေကျ ခက်ခက်ခဲခဲနဲ့ ရင်းနှီးပေးဆပ် မှုတွေများပြီးမှ ရင်ဘတ်ကြီးကိုရင်းနှီးလိုက်ရပြီးမှ သင်ယူလိုက်ရတာတွေလည်း အများကြီးပါပဲ။ လွယ်ကူတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ ဘဝထဲကို ဝင်မလာဘူးလို့ ဒေ့ဗ်ရဲ့အဖေက ဒေ့ကို အမြဲဆုံးမပါတယ်။ ဒါပေမဲ့ဒေ့ဗ်တစ်ယောက် ဒါကို လက်မခံနိုင်ဘဲ ပြဿနာပေါင်းစုံနဲ့ ဗရုတ်သုတ်ခလူ့ဘဝကြီးကို အကြီးအကျယ်အဆိုးမြင်နေသူတစ်ယောက်ပါ။ အသက်အရွယ်နဲ့ယှဉ်ရင် မရင့်ကျက်နိုင်သေးတဲ့ဒေ့ဗ်ကတော့ ဘဝရဲ့ပြဿနာတွေကို ထိုင်အလိုမကျဖြစ်နေတဲ့ Grumpy kidလိုပါပဲ။(Grumpyဖြစ်မဖြစ်ကတော့ တစ်ကားလုံးကိုလွှတ်ဆဲနေတော့တာ) work lifeကိုကြည့်ရင်လည်း ဒေ့ဗ်စပရစ်ဇ်ရဲ့ဘဝက စာမေးပွဲခန်းထဲက ကျွန်တော်တို့နဲ့မခြားပါဘူး။ စာမေးပွဲခန်းထဲ ထိုင်နေပေမဲ့ စာဆိုတာဒါလားလို့မေးယူရတဲ့အနော်တို့လိုပဲ သူလည်း မိုးလေဝသပညာဆိုတာ ချိုနဲ့လားဆိုသလိုပါပဲ။ ဒီလိုလူက မိုးလေဝသသတင်းကြေညာသူဆိုတော့ကာ သူမှန်းသမျှကတော့ ကတွတ်ပီအမဲလိုက်သလိုပါပဲ___ ပြောင်းပြန်မှတ်ယူမှ စိတ်ချရမှာပါ။ အလုပ်ကအဆင်မပြေတော့ Family Lifeကိုကြည့်တော့လည်း တလွဲ။ ဇနီးဖြစ်သူနိုရင်းနဲ့ကလည်း တကျက်ကျက်ရန်ဖြစ်၊ နေ့တိုင်းဆူပူနေတဲ့မိဘတွေကြောင့် စိတ်ထွက်ပေါက်ရှာ‌တဲ့ ကလေးတွေက ဆေးစွဲတဲ့လူနဲ့ ဆေးလိပ်သောက်တဲ့လူနဲ့ ပြဿနာတွေဒုနဲ့ဒေး။ ဒီကြားထဲမှာမှ အဖေဖြစ်သူရဲ့ သတင်းဆိုးကလည်း သူ့အတွက်တော့ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာပါပဲ။ Social lifeကတော့ အထွေအထူးပြောစရာ မလိုပါဘူး။ တလွဲချည်းပဲ တီဗီပေါ်တက်တက်ပြောနေတဲ့ဒေ့ဗ်ကို လူတွေကအင်မတန်ချစ်ခင်ကြတော့ အပြင်မှာတွေ့ရင် ကြုံသလို သွားရည်စာနဲ့ပစ်ပေါက်ပြီး ဆွမ်းကြီးလောင်းကြပါတယ်။ ဒီလိုစုတ်ပြတ်နေတဲ့ဒေ့ဗ်ရဲ့ဘဝကို ပြောင်းလဲပေးမယ့် မဟာအခွင့်အရေးဖြစ်တဲ့ သူ့ရဲ့Dream Jobက သူ့ရှေ့မှောက်ကို ရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ရွေးချယ်မှုတွေ အရင်လိုပဲ ဝေဝါးနေဦးမှာလား။ ဘဝရဲ့ပြဿနာတွေကိုရော သူဘယ်လို ဖြေရှင်းသွားမလဲဆိုတာ အတူတူကြည့်ရှုလိုက်ရအောင်ပါ။ Family Dramaပီသစွာနဲ့ လက်တွေ့ဘဝကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ Nicolas Cageရဲ့နာမည်ကျော်ရုပ်ရှင်ကား တစ်ကားဖြစ်သလို လက်တွေ့ဘဝလိုပဲ မထင်မှတ်ထားတာတွေ အလွဲအချော်တွေ အဖုအထစ်တွေရှိလာတဲ့အခါမှာ လူသားတွေ အတွက်လိုအပ်တဲ့ self-acceptance ဆိုတာကို မျက်ဝါးထင်ထင် ရိုက်ကူးပြထားတဲ့ဒရာမာကောင်းတစ်ကားဆိုတာတော့ ငြင်းမရတဲ့ အမှန်တရားပါပဲ။ life lessonက ပြောင်မြောက်သလို ပရိတ်သတ် ရင်ထဲကိုထိသွားစေမဲ့ နောက်ထပ်တစ်ခုကတော့ ဒေ့ဗ်နဲ့ ရောဘတ်တို့ရဲ့ ဖခင်မေတ္တာပါပဲ။ Comedy drama‌ ကောင်းတစ်ခုပီပီ အခွီလေးလည်းပါ Deepသွားမဲ့scene‌‌လေးတွေလည်းပါတာဖြစ်လို့ ဘဝရဲ့အဆင်မပြေမှုတွေကြားက warming vibe‌လေးကို လိုအပ်နေတဲ့ ပရိသတ်တွေအတွက် Healing ဖြစ်စေမယ့် ရုပ်ရှင်ကားအဖြစ် ညွှန်းပေးလိုက်ရပါတယ်။ File size…1.66GB / 642MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Action • Adventure • Comedy • Romance
6.1 2005 101 mins
The Weather Man
Kingsman: The Secret Service
7.6

Kingsman:The Secret Service ရုပ်ရှင်ဟာ 2014ခုနှစ်ကထွက်ရှိထားတဲ့ Action ကားကောင်းတစ်ခုဖြစ်ပါတယ် IMDB 7.7 နဲ့ Rotten Tomatoes 74%ရရှိထားပါတယ် သရုပ်ဆောင်တွေအနေနဲ့ မင်းသားကြီး Colin Firth,Samuel L.Jackson,Taron Egerton တို့ပါဝင်သရုပ်ဆောင်ထားတဲ့နာမည်ကြီး action ကားကောင်းဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ငယ်စဉ်ကတည်းက အဖေမရှိတော့တဲ့ အဂ်ဆီတစ်ယောက် မိခင်ဖြစ်သူပထွေးနှိပ်စက်ခံရတာကို လက်ပိုက်ကြည့်နေရပါတယ် တစ်ရက်မခံနိုင်လို့ ပြန်လုပ်ရင်း ရဲစခန်းရောက်သွားတဲ့အခါ..... လည်ပင်းမှာဆွဲထားတဲ့ အဖေ့ဂုဏ်ပြုတံဆိပ်က ဖုန်းနံပါတ်ခေါ် လာကယ်ဖို့တောင်းဆိုတဲ့အခါ...... ဘယ်သူလာကယ်တင်မှာလဲ..... သူဘယ်လိုပြောင်းလဲသွားမှာလဲ....download ဆွဲကြည့်လိုက်ပါ (ဘာသာပြန်ပေးထားသူကတော့အိပပစံပါ) File Size : (2.16 GB) , (0.99 GB)  Quality : Uncut Blu-Ray (1080p 5.1,720p) Running Time : 2hr 09min Format : Mkv and Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : UNCUT.1080p.BluRay.x264-VETO Translated by Ei Pa Pa San Encode by Thanhtike Zaw

Drama • Mystery
7.6 2014 129 mins
Kingsman: The Secret Service
American Assassin
6.4

ဒါရိုက်တာမိုက်ကယ်ကူစ် တာရဲ့ လက်ရာဖြစ်ပြီး ဒီလန်အို ဘရိုင်ယန်၊ မိုက်ကယ်ကီတန်၊ ဆန်နာလေသန်၊ ရှီဗာနီဂါ၊ တေ လာကစ္စချ် စတဲ့ သရုပ်ဆောင်များစွာ အားဖြည့်ထားတာဖြစ်ပါ တယ်။ မစ်ချ်ရက်ပ်နဲ့ သူ့ချစ်သူဟာ စပိန်ကို အပန်းဖြေခရီးထွက်ကြ ရင်း ကမ်းခြေမှာ အစ္စလာမ်မစ် ဂျီဟတ် အကြမ်းဖက်သမားတွေနဲ့ ဆုံမိပြီး ပစ်ခတ်ကြရင်း ရက်ပ်ရဲ့ချစ်သူ သေဆုံးခဲ့ရပါတယ်။ ဒီလိုနဲ့ ၁၈ လလောက်ကြာ အပြီးမှာတော့ သူ့ချစ်သူကိုသတ် တဲ့ အကြမ်းဖက်သမားကို လက် တုံ့ပြန်ဖို့ အခွင့်အရေး ပေါ်လာခဲ့ ပေမယ့် အမေရိကန်အထူးတပ်ဖွဲ့ တွေက ချေမှုန်းလိုက်တာကြောင့် ရက်ပ်ရဲ့ အစီအစဉ်တွေ ပျက်ခဲ့ ပါတယ်။ အဲဒီနောက်မှာတော့ ရက်ပ် ဟာ စီအိုင်အေရဲ့ လျှို့ဝှက်စစ် ဆင်ရေးအတွက် စီအိုင်အေအကြီး အကဲ အိုင်ရင်းကနေဒီရဲ့ ခေါ်ယူ ခြင်းခံခဲ့ရပြီး အမေရိကန်စစ်ပြန် ကြီး စတန်ဟာလေရဲ့ လက် အောက်မှာ လက်တွဲတာဝန်ထမ်း ဆောင်ဖို့ ဖြစ်ခဲ့ပါတယ်။ အကြမ်းဖက်သမားတွေ အပေါ်မှာ အခဲမကျေသေးတဲ့ ရက်ပ်ဟာ အထူးစစ်ဆင်ရေးထဲ ပါ နေပေမယ့်လည်း သူ့ချစ်သူ လက်စားချေနိုင်ရေးအတွက် အကြမ်းဖက် အဖွဲ့တွေအကြောင်း ဆက်ပြီးစုံစမ်းနေခဲ့ပါတယ်။ ဒီလိုနဲ့ စီအိုင်အေလျှို့ဝှက် စစ်ဆင်ရေးအဖွဲ့ဟာ စစ်ဘက်နဲ့ အရပ်ဘက်ကို ပစ်မှတ်ထား လှုပ် ရှားမယ့် အကြမ်းဖက်မှုတွေကို စုံ စမ်းခဲ့ပြီး အိုင်ရင်း၊ ဟာလေနဲ့ ရက်ပ်တို့သုံးယောက်ဟာ တူရကီ အေးဂျင့်အန်နီကာနဲ့ ပူးပေါင်းကာ အရှေ့အလယ်ပိုင်းဒေသမှာ နျူကလီးယား လက်နက်သုံးပြီး ကမ္ဘာစစ်ဖြစ်ပွားစေမယ့် အကြံ အစည်ကို တားဆီးနိုင်ရေး ကြိုး ပမ်းခဲ့ကြရပါတယ်။ အဖျက်လုပ်ရပ်တွေကို တား ဆီးနိုင်ဖို့ ၄၈ နာရီသာရတော့ချိန် မှာ ရက်ပ်တို့တစ်တွေ ဘယ်လို စစ်ဆင်ရေးတွေနဲ့ တားဆီးမှာလဲ ဆိုတာ အမှန်အကန် အက်ရှင် ဇာတ်ကွက်တွေနဲ့အတူ ဆက် ကြည့်ရအောင်လို့ ညွှန်းလိုက် ပါတယ်။ ။ (ဇာတ်လမ်းအညွှန်းကိုတော့ 7Daily Website မှကူးယူဖော်ပြသည်) File Size : (900 MB) and (380 MB) Quality : Blu-Ray 720p

Comedy • Family • Fantasy • Romance
6.4 2017 112 mins
American Assassin
Road To High & Low
6.4

High & Low ဂျပန်ရုပ်ရှင်နဲ့ စီးရီးတွေဆိုတာကတော့ Gangster လူမိုက်တွေ ဂိုဏ်းတွေ အုပ်လိုက်ချကြတာတွေ ကြိုက်တဲ့လူတွေအတွက်တော့ ရှယ်ပါပဲ။ သူကတော့ စီးရီးကို Season 1 & 2 ရှိထားပြီး ရုပ်ရှင်ဆိုလည်း ၆ ကားထိ ထွက်ရှိရတဲ့ထိ အောင်မြင်မှုရထားပါတယ်။ (၆ ကားလုံးလည်း တင်ဆက်ပေးမှာပါ)။ High & Low ကြည့်ဖို့ အတွက် အကျဉ်းချုံး ဒါလေးကို ရှင်းပြထားချင်ပါတယ်။ ပထမဆုံး SWORD ဆိုပြီး နယ်မြေကြီးတစ်ခု ရှိပါတယ်၊ ဒီနယ်မြေထဲမှာ လူမိုက်ဂိုဏ်း ၅ ဂိုဏ်းက အချင်းချင်း သိပ်မတည့်ကြပဲ ကိုယ်စီအုပ်ချုပ်လျက်ရှိပါတယ်။ 1. ဆန်းနိုးလူမိုက်ဂိုဏ်း (SWORD ထဲက S) ဒီရုပ်ရှင်ရဲ့ဇာတ်ဆောင်လို့ပြောရမယ့် မင်းသားတို့ရဲ့အဖွဲ့ပါ ခေါင်းဆောင်ကော်ဘရာနဲ့အတူ ယာမာတိုတို့က ဖွဲ့စည်းထားတာပါ။ 2. ဝှိုက်ရတ်စကဲလ်ဂိုဏ်း- အဖြူရောင်လူပေလူတေများ (SWORD ထဲက W) ယောက်ျားသားတွေရဲ့နှိပ်စက်ရမ်းကားတဲ့ဒဏ်ကိုခံရတဲ့ မိန်းကလေးတွေကို ကာကွယ်ဖို့ဆိုပြီး ကလပ်ထောင် ဖွဲ့စည်းထားတဲ့ဂိုဏ်းပါ၊ ခေါင်းဆောင်ကတော့ ရော့ကီဖြစ်ပါတယ်။ 3. အိုယာအထက်တန်းကျောင်းဂိုဏ်း (SWORD ထဲက O) အချိန်ပိုင်းကျောင်းသား၊ အချိန်ပြည့်ကျောင်းသားတွေနဲ့ ဖိုက်ကလပ်လုပ်ပြီး ဖွဲ့စည်းထားတဲ့ဂိုဏ်းပါ၊ ခေါင်းဆောင်ကတော့ မူရာယာမဖြစ်ပါတယ်။ 4. ရူဒီဘွိုင်းစ်ဂိုဏ်း – လူရိုင်းလေးများ (SWORD ထဲက R) မိဘကစွန့်ပစ်ထားသူတွေ၊ ခိုလှုံရာမဲ့သူတွေ လာစုဝေးကြတဲ့ အမည်မရှိဆိုတဲ့ ဥပဒေမဲ့မြို့လေးကို စောင့်ရှောက်ပေးနေတဲ့ဂိုဏ်းဖြစ်ပါတယ်၊ ခေါင်းဆောင်ကတော့ စမုတ်ကီဖြစ်ပါတယ်။ 5. ဒါရူးမားဂိုဏ်း (SWORD ထဲက D) SWORD နယ်မြေရဲ့ ပွဲတော်တွေကို ထိန်းချုပ်ကိုင်တွယ်ထားတဲ့ ဂိုဏ်းပါ၊ ခေါင်းဆောင်ကတော့ ဟျူဂါဖြစ်ပါတယ်။ တစ်ဖက်မှာ ဒီ SWORD တွေကို ကြည့်မရဖြစ်နေပြီး အဲဒီနယ်မြေကို အသစ်ပြန်တည်ဆောက်မယ့်စီမံကိန်းတွေကို လုပ်ချင်နေတဲ့ ငွေကြေးဓနရှင် ခူရူးယုအဖွဲ့ လူမိုက်ဂိုဏ်းအကြီးစားကြီး ရှိပါတယ်။ ဒီဇာတ်လမ်းလေးရဲ့အကြောင်းကတော့ ကော်ဘရာ၊ ယာမာတိုနဲ့ နိုဘိုရုဆိုပြီး ကလေးဘဝကတည်းက သူငယ်ချင်းသုံးယောက်ရှိကြပါတယ်။ သူတို့ထဲကမှ နိုဘိုရုကတော့ အားနည်းသူတွေကို ကာကွယ်ဖို့ဆိုပြီး ရှေ့နေဖြစ်ချင်တဲ့လူတစ်ယောက်ပါ (ကျန်တဲ့နှစ်ယောက်က လေးစားအားကျရတဲ့ စတားတစ်ယောက်ပေါ့)။ အသက်တွေကြီးလာတော့ ကော်ဘရာနဲ့ ယာမာတိုက မူဂန်ဂိုဏ်းမှာ လူမိုက်တွေဖြစ်နေတာပေါ့၊ နိုဘိုရုကလည်း သူ့အိပ်မက်ဖြစ်တဲ့ ရှေ့နေဖြစ်ဖို့ ကြိုးစားကျောင်းတက်နေရင်းပေါ့။ ဒါပေမဲ့ ကြမ္မာဆိုးတစ်ခုကြောင့် နိုဘိုရု ထောင်ကျသွားပါတော့တယ် အဲဒီမှာ သူတို့ ၃ ယောက်လည်း ကွဲခဲ့ရပါတယ်။ အဲဒါပြီးတော့ အချိန်ကြာလာတဲ့အခါ ကော်ဘရာနဲ့ ယာမာတိုက ဆန်းနိုးဂိုဏ်းကို တည်ထောင်ထားပြီး ပြဿနာလေးတွေ ဖြေရှင်းနေရင်း ရှင်သန်နေကြပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့ SWORD ၅ ဂိုဏ်းလုံးကို ခူရူးယုအဖွဲ့ခွဲဖြစ်တဲ့ အဲအိမုရမိသားစုဆိုတဲ့ ဂိုဏ်းကြီးက သူတို့အဖွဲ့အစည်းထဲ လာပေါင်းဖို့ လာစည်းရုံးပါတယ်၊ လက်မခံရင်လည်း ချေမှုန်းခံရမယ်ဆိုပြီး ချိန်းခြောက်ပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီလိုလာပြောတဲ့လူဟာ သူတို့လေးစားအားကျခဲ့ရတဲ့ ငယ်သူငယ်ချင်းနိုဘိုရုတစ်ယောက် ဖြစ်နေပြီး ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဘာဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာပါ။ ကြားထဲမှာလည်း ဂိုဏ်းအချင်းချင်းကြားက ပြဿနာတွေ အရှုပ်တော်ပုံတွေနဲ့အတူ လှည့်ကွက်တွေနဲ့ ခပ်မိုက်မိုက်အက်ရှင်တွေကို ခံစားရမှာပါ။ ဇာတ်ကားကလည်း ၆ ကားလုံး တင်ဆက်ပေးသွားမှာဆိုတော့ လူမိုက်တွေ အုပ်လိုက်ဖိုက်တင်းချကြတဲ့ ပရိသတ်တွေအဖို့ အကြိုက်တွေ့မှာသေချာပါတယ်၊ မိန်းကလေးပရိတ်သတ်တွေအတွက်လည်း ဂျပန်လူမိုက်အဆင်လေးတွေဖြစ်လို့ ငမ်းရဖို့သာ ပြင်ထားပါ။ File size…1.51GB / 768.3MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Thura Aung

6.4 2016
Road To High & Low
Yaadhum Oore Yaavarum Kelir
7.1

Yaadhum Oore Yaavarum Kelir (2023) IMDb-7.1/10 မင်းသားကြီးဗီဂျေးစည်သူပတီရဲ့ ဒုက္ခသည်တစ်ယောက်အနေနဲ့ သူယုံကြည်ရာနောက် လိုက်ခဲ့ရပုံတွေကို အားတက်ဖွယ်ကြည့်ရှုရမှာပါ။ ဘယ်သူလဲ ဘယ်ကလာတာလဲ ဘာလို့ဒီမှာရှိနေတာလဲ ဘယ်ကိုသွားမှာလဲဆိုတဲ့ ပဟေဠိတွေနဲ့လူတစ်ယောက်။ ဒီကမ္ဘာကြီးကို ဘာလို့ဖန်တီးခဲ့လဲဆိုတာ ကျွန်တော်၃နှစ်သားတည်းကတွေးဖူးတယ်။ ဘာလို့လဲဆိုတော့ လူသားအချင်းချင်း တိုက်ပွဲတွေဖြစ်ကြတယ် အကြောင်းက နယ်မြေလေးကြောင့်တဲ့။ ဒါဆိုဒီနယ်မြေက ဘာအတွက်လဲလို့မေးတော့ လူတွေရှင်သန်ဖို့ပါတဲ့။ အုပ်စုဖွဲ့နေတဲ့လူတွေကိုကာကွယ်ဖို့ ဥပဒေပြဋ္ဌာန်းပြီး ဒီဥပဒေကိုကာကွယ်ဖို့ ခေါင်းဆောင်ရွေးကြတယ်။ ခေါင်းဆောင်နောက်လိုက်ပြီး နိုင်ငံတစ်နိုင်ငံတည်ထောင်လိုက်တယ်။ ဒီနိုင်ငံကိုကာကွယ်ဖို့ဆိုပြီး လူတွေသတ်ကြပြန်ရော။ ဒါဆိုဘာလို့နိုင်ငံဖွဲ့စည်းလည်းဆိုတော့ လူတွေကို ကာကွယ်ဖို့ပါတဲ့။ဆိုတော့ ဒီနေ့ထိ ကျွန်တော့်မေးခွန်းအတွက် အဖြေမရှိခဲ့…။ ဘယ်နေရာ ဘယ်အချိန်မှာ ဗုံးထပေါက်မလဲစိုးရိမ်နေရတဲ့ သီရိလင်္ကာရဲ့ ဒေသလေးတစ်ခုဆီကနေ စောင့်ရှောက်လာခဲ့ရတဲ့ ကလေးတယောက်ကို ဖာသာကြီးက ကလေးကျွမ်းကျင်တဲ့ဂီတနောက်ကိုလိုက်ဖို့ လန်ဒန်ကိုလွှတ်လိုက်တယ်။ အသက်ဆယ့်ရှစ်နှစ်ကျော်လို့ မှတ်ပုံတင်ပြန်လျှောက်ရာက ပျောက်သွားတဲ့အတောအတွင်း လူသတ်မှုနဲ့ထောင်ကျခဲ့ကြောင်းထွက်ပေါ်လာတဲ့ အမှန်တရားတွေကြားထဲမှာ ဘာဖုံးကွယ်မှုတွေရှိနေမလဲ။အဲဒီလို အခက်အခဲတွေကြားက သူ့ကိုစောင့်ရှောက်ခဲ့တဲ့ ဖာသာကြီးဖြစ်စေချင်တဲ့ ဂီတပညာရှင်ကြီးဖြစ်နိုင်မလားဆိုတာကတော့.. (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Zwe Yan ~V တို့ပဲ ဖြစ်ပါတယ်)

Drama • Science Fiction
7.1 2023
Yaadhum Oore Yaavarum Kelir
Saw Saw 1
7.6

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 1 (2014)မှာတော့ လောရန့်နဲ့အက်ဒမ်က အလောင်းတစ်လောင်းရှိနေတဲ့ အခန်းတစ်ခန်းထဲမှာ နိုးလာတယ်။ ခြေထောက်တွေကိုသံကြိုးခတ်ခံထားရတယ်။ လူတစ်ယောက်က သူတို့နဲ့ဂိမ်းကစားချင်နေတယ်။ လောရန့်က သူ့မိသားစုအတွက် အက်ဒမ်ကိုသတ်ရမယ်တဲ့။ ဂိမ်းကိုနိုင်ဖို့လိုအပ်တဲ့ပစ္စည်းတွေက အခန်းထဲမှာပဲရှိနေတယ်။ သူတို့နှစ်ယောက်ဒီအခန်းထဲကလွတ်မြောက်ဖို့ ဘာတွေလုပ်ကြ ဘာတွေရင်းကြမယ်ဆိုတာ……။

7.6 2004
Saw Saw 1
A Neighbor’s Vendetta

ဒီတစ်ခါမှာတော့ A Neighbour’s Vendetta ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ဆွန်ယာနဲ့ဂျေဆန်တို့လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ကလေးလေးကို ဆုံးရှုံးပြီးလိုက်ရပြီးနောက်မှာ သူတို့နှစ်ယောက်လည်းအဆင်မပြေဖြစ်ပြီး ကွဲမလိုဖြစ်ခဲ့ကြပါတယ် ဆွန်ယာတစ်ယောက်လည်း ဝမ်းနည်းပက်လက်ဖြစ်ပြီး စိတ်ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးနေရတဲ့အထိဖြစ်နေပါတယ် အဲ့လိုဖြစ်နေချိန်မှာ ဆွန်ယာဟာ စိတ်ထွက်ပေါက်အနေနဲ့ညသူနဲ့အတူတူအလုပ်လုပ်နေတဲ့ သူဌေး ရော့ဘတ်နဲ့ဖောက်ပြန်မိပါတယ် တစ်နေ့မှာ သူတို့နှစ်ယောက် sex chat နေရင်း ရော့ဘတ်တစ်ယောက် ကာမစိတ်အလွန်နိုးကြားခြင်းကြောင့်ဖြစ်တဲ့အသက်ရှူကြပ်ရောဂါနဲ့ မတော်တဆသေဆုံးသွားပါတယ် ရော့ဘတ်မှာလည်း မီယာဆိုတဲ့ ဇနီးသည်ရှိပါတယ် မီယာဟာ သူ့ယောက်ျားဟာ ဖောက်ပြန်နေတယ်ဆိုတာသိလိုက်ရတဲ့အခါမှာ မကျေမနပ်ဖြစ်ပြီး သူခံစားခဲ့ရတဲ့အတိုင်း ဆွန်ယာကိုလက်စားပြန်ချေဖို့ဆုံးဖြတ်လိုက်ပါတယ် အဲ့ဒီတော့ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးဆိုတဲ့အတိုင်း သူ့ယောက်ျားသေရတဲ့အတွက် ဆွန်ယာရဲ့ယောက်ျားဖြစ်သူ ဂျေဆန်ကို အသုံးချပြီး ဘယ်လိုလက်စားချေသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ File size…(622 MB) Quality…. 720p Format…mp4 Duration….01:29:00 Genre…Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2023
A Neighbor’s Vendetta
First Reformed
7.1

ဒီဇာတ်ကားလေးကတော့ မင်းသားကြီး Ethan Hawke ပါဝင်ထားတဲ့ psychological drama လေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဖာသာတိုလာဟာ အရွယ်ကောင်းစဉ်က စစ်တပ်ထဲကသင်းအုပ်ဆရာဖြစ်ပါတယ်။ မိန်းမဖြစ်သူသဘောမတူတဲ့ကြားက သားဖြစ်သူကို စစ်မှုထမ်းပြီး စစ်တိုက်ထွက်ဖို့ ကိုယ်တိုင် တိုက်တွန်းခဲ့ရာကနေ သားဖြစ်သူ စစ်ပွဲမှာ ကျဆုံးသွားခဲ့တဲ့အတွက် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ စစ်ထဲကထွက်လာပြီး ဘုရားကျောင်းလေးတစ်ခုမှာ ရောဂါအခံလေးရှိလာတဲ့ သူ့ဘဝကို ဘယ်လိုကြိုးစား ရုန်းကန်းဖြတ်သန်းနေရလဲ ဆိုတာကို ဆွတ်ပျံ့ကြေကွဲဖွယ် ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ IMDb Rating 7.1/10 ရရှိထားပြီးတော့ Tomatometer မှာ 94 % တောင် ရရှိထားတဲ့အပြင် ဇာတ်လမ်းလေးက အေးအေးငြိမ်ငြိမ်နဲ့ သွားထားပြီး ကင်မရာရိုက်ကူးတင်ဆက်ပုံကောင်းတဲ့အပြင် မင်းသားကြီး Ethan ရဲ့ သရုပ်ဆောင်ပီပြင်ကောင်းမွန်မှုကြောင့် မှတ်ချက်ကောင်းတွေရထားတဲ့ဇာတ်ကားဆိုလည်း မမှားတဲ့အတွက် ကြည့်ရကျိုးနပ်တဲ့ကားလေးဖြစ်မှာပါ။ ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပြီး ဘာသာပြန်အမှားအယွင်းရှိရင် ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။ File size…(1.1 GB)/(801 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre…Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.1 2017
First Reformed
Joram
7.4

Joram (2023) “ဂျိုရမ်” IMDb 7.4 ရထားတဲ့ ဟင်ဒီ thriller ရုပ်ရှင်ကားသစ်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေ ရွေးချယ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆုနဲ့ သရုပ်ဆောင်ဆုတွေ ဆန်ခါတင်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ် ခေတ်ပျက်တစ်ခုမှာ တည်ထားပြီး အရာရာယိုယွင်းနေတဲ့ အုပ်ချုပ်ရေးနဲ့အတူ ငတ်မွတ်မှုတွေ အာဏာပိုင်တွေရဲ့ လျှို့ဝှက်ချက်တွေ ကြားထဲမှာ ရုန်းကန်ရတဲ့ လူတွေအကြောင်းကို တင်ဆက်ထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းကို အဓိကဇာတ်ကြောင်းနှစ်ခုနဲ့ တည်ဆောက်ထားပါတယ်… ဖခင်တစ်ယောက် ၃ လသားအရွယ် သမီးလေးကို ပိုက်ပြီး အာဏာပိုင်တွေရဲ့ လက်ကနေ ထွက်ပြေးနေရပုံကို ပြထားပြီး နောက်ထပ် ဇာတ်သွားတစ်ခုမှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုဇာတ်လမ်းကို ပုံဖော်ထားပါတယ် Dasru တစ်ယောက် ဘာဖြစ်လို့ ထွက်ပြေးနေရလဲ သူ့ရဲ့ အတိတ်က ဘာတွေများ အရှုပ်အရှင်းတွေ ရှိခဲ့လဲ… အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ကားလိပ်ချသည့်တိုင် ဇာတ်လမ်းရဲ့ လျှို့ဝှက်ဆန်မှု မပျောက်သွားပဲ သမီးအတွက် အရာရာကို ရင်ဆိုင်မယ့် ဖခင်တစ်ယောက်ရဲ့ သတ္တိကို မြင်တွေ့ရမှာပါ အိန္ဒိယရုပ်ရှင်တွေရဲ့ သမာရိုးကျ ဒိုင်ယာလော့ခ်အခြေခံတဲ့ ရုပ်ရှင်တွေနဲ့ အတော်လေးကွဲထွက်ထားပြီး “အပြောထက် အပြ” ကို ဦးစားပေးဆိုသလို မျက်စိပသာဒဖြစ်ဖွယ် အလှတရားထက် ရက်စက်ကြမ်းကြုတ်တဲ့ လက်တွေ့လောကကို အရှိအတိုင်း တင်ဆက်ထားတဲ့ ဒီဇာတ်ကားလေးကို ပရိသတ်ကြီး ခံစားပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Horror • Drama
7.4 2023 117 mins
Joram
Frankenstein’s Army
5.4

Frankenstein’s Army (2013) IMDb – 5.4/10 2013 မှာထွက်ရှိထားပြီး ကြည့်ရှုသူ Viewer ​တွေကြား ရွံစရာ​​ ​ကြောက်စရာ မနှစ်မြို့စရာ​​ကောင်းတယ်ဆိုတဲ့ Review ​တွေရထားတဲ့ Frankenstein’s Army ဆိုတဲ့ကား​လေးနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်ဗျ ဇာတ်လမ်းအညွှန်း ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ရုရှားစစ်သား​တွေ ဂျာမနီရွာ​လေးတစ်​ရွာမှာရှိတဲ့ လျို့ဝှက်ဓါတ်ခွဲခန်းထဲ မျှား​ခေါ်ခံလိုက်ရပြီး သိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းတစ်​ယောက်တီထွင်ထားတဲ့ လူ့တစ်ပိုင်းသံတစ်ပိုင်း​တွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာပါ​တော့တယ် ဒါ​ပေမယ့် ဒီလျို့ဝှက်ဓါတ်ခွဲခန်းကိုဘယ်သူကမျှား​​ခေါ်ခဲ့တာလဲ ဒီဟာ​တွေရဲ့​နောက်ကွယ်မှာ ဘာရည်ရွယ်ချက်​တွေရှိလဲဆိုတာ​တွေကိုဘယ်သူမှ မသိခဲ့ရပါဘူး သိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းဟာလည်း သူ့အဖိုး အ​ဖေ​တွေရဲ့ နည်း​တွေက​နေ ​​သွေဖယ်ပြီး ဘာရည်ရွယ်ချက်​ကြောင့် ဒီလို လူတစ်ပိုင်းသံတစ်ပိုင်းအရာ​တွေကို တီထွင်​​နေရလဲဆိုတာ​တွေကို ရိုက်ကူးပြသထားတဲ့ သည်းထိတ်ရင်ဖိုကား​ကောင်း​လေးပဲဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ DB ပဲ ဖြစ်ပါတယ် ) File size_(1.8GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:24:00 Genre_Horror , Sci-Fi Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

5.4 2013
Frankenstein’s Army
Life and Love Elu ja armastus
6.8

Life and Love (2024) Elu ja armastus IMDb Rating (6.8) 1933 ခုနစ်ကာလမှာ Irma ဆိုတဲ့ မိန်းမပျိုလေးတစ်ယောက်ဟာ သူ့ဇာတိ ကျေးလက်ကိုစွန့်ခွာပြီး အိပ်မက်တွေနောက်ကိုလိုက်ဖို့ မြို့ကိုတက်လာခဲ့တယ်။ မြို့က သူ့ရဲ့ဝမ်းကွဲဖြစ်သူ Lonni ရဲ့ အကူအညီနဲ့ ပုံနှိပ်တိုက်တစ်ခုမှာ သန့်ရှင်းရေးအဖြစ် ဝင်လုပ်ရင်း ကံကြမ္မာဖန်တော့ ပုံနှိပ်တိုက်ပိုင်ရှင်ရဲ့အိမ်မှာ အိမ်ဖော်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီ အသက်လတ်ပိုင်း လူပုံခန့်ခန့်နဲ့ ဆိုရှယ်ကောင်းတဲ့ ပုံနှိပ်တိုက်ပိုင်ရှင် Rudolf ဟာ မကြာခင်မှာပဲ အိမ်ဖော်မလေး Irma ကို စိတ်ဝင်တစားနဲ့ ချဉ်းကပ်လာတယ်။ ခေတ်ကာလက စီးပွားပျက်ကပ်ဆိုက်ပြီး နိုင်ငံရေးရှုပ်ထွေးနေချိန်ဆိုတော့ အချစ်က အဲဒီလောက် အရေးမပါတဲ့ကာလ ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ Irma က Rudolf ရဲ့အချစ်ကိုလက်ခံပြီး နှစ်ဦးသား လက်ထပ်ခဲ့ကြတယ်။ လက်ထပ်ပြီး သိပ်မကြာခင်နောက်ပိုင်းမှာပဲ သိပ်မြတ်နိုးလှပါတယ်ဆိုတဲ့ Rudolf ရဲ့ အမူအယာတွေဟာ ပြောင်းလဲလာခဲ့တယ်။ Rudolf ကို သိပ်ချစ်မိသွားတဲ့ Irma ဟာတော့ အကြောင်းရင်းကို ရှာဖွေရင်း ဒီအချစ်ဇာတ်လမ်းရဲ့ဇာတ်သိမ်းလေး ဘယ်လိုပြီးဆုံးသွားမလဲ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khey Ki ဖြစ်ပါတယ်။) File size…(1.2 GB) / (660 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:59:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khey Ki

6.8 2024 119 mins
Life and Love Elu ja armastus