YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) Around the World in 80 Days (2021) S01E03 1080p.mp4

841.3 MB N/A video/mp4 724 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Dark Truth
5.5

ဒီဇာတ်ကားလေးကတော့ တောင်အမေရိကမှာရှိတဲ့ အီကွေဒေါနိုင်ငံက ရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ အတိတ်ကပြုလုပ်မိခဲ့တဲ့ အပြစ်တွေအတွက် ဖြေဆယ်လို့မရနိုင်ဖြစ်နေတာကြောင့် အလုပ်ကနေအနားယူပြီး လက်ရှ်ိမှာ ရေဒီယိုချန်နယ်တစ်ခုမှာ နိုင်ငံရေးစကားဝိုင်း အစီအစဉ်မှူးအဖြစ် လုပ်ကိုင်နေပြီး မိသားစုနဲ့ ဘ၀ကိုအေးအေးချမ်းချမ်းဖြတ်သန်းဖို့ ကြိုးစားနေတဲ့ စီအိုင်အေ အေးဂျင့်ဟောင်း ဂျက်ဘီဂိုစီယန် ... ကလီယာဘက်ခ် ရေကုမ္ပဏီရဲ့ အတောမသတ်နိုင်တဲ့ လောဘတွေကြောင့် တောင်အမေရိက အီကွေဒေါမှာဖြစ်ပွားခဲ့ရတဲ့ အကျည်းတန်တဲ့ဖြစ်ရပ်တွေကို သွားရောက်စုံစမ်းစစ်ဆေး‌ပေးဖို့ ကလီယာဘက်ခ်ရဲ့ ထိပ်သီးရှယ်ယာရှင်တစ်ယောက်က ဂျက်ဘီဂိုစီယန်ကို ငှားရမ်းလာတဲ့အခါ... ဆိုးယုတ်တဲ့အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က ခါးသီးလှတဲ့အမှန်တရားကဘာလဲ? ဂျက်ဘီဂိုစီယန်ကရော အတားအဆီးတွေကြားကနေ အမှန်တရားကိုဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပါ File size…(2.2 GB)/(1.2 GB)/(640 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Naing

Drama
5.5 2012 106 mins
A Dark Truth
How About Adolf?
6.8

ဒီကားလေးကတော့ ၂၀၁၈ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ Rating - 7/10 ရရှိထားတဲ့ ဂျာမန်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ တစ်ညမှာ စတက်ဖန်နဲ့ အဲလိဇဘက်လင်မယားတို့ ဘွန်းမြို့ကသူတို့အိမ်မှာ မိသားစုညစာစားပွဲလေးတစ်ခုလုပ်ဖို့ အဲလိဇဘက်ရဲ့မွေးစားအစ်ကို၊ သူ့မောင်နဲ့ သူ့မောင်ရည်းစား ကိုယ်ဝန်သည်ကောင်မလေးတို့ကိုဖိတ်ထားကြတယ်။ ဇာတ်လမ်းအစမှာ‌တော့ အလယ်တန်းပြဆရာမ အဲလိဇဘက်တစ်ယောက် ညစာစားပွဲအတွက်ပြင်ဆင်ရင်း အလုပ်ရှုပ်နေပြီး အခြားမြို့မှာနေနေတဲ့ သူမရဲ့မိခင် ဒေါ်ရိုသီယာနဲ့ ဖုန်းပြောနေတာကို အစချီရိုက်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့နေ့ညမှာပဲ ကလေးအဖေဖြစ်တော့မယ့် အဲ့လိဇဘက်ရဲ့မောင် သောမက်စ်က သူ့သားလေးကိုပေးထားတဲ့နာမည်ကြောင့် မိသားစုတွေငြင်းခုန်ရာကနေ ယောက်ဖနှစ်ယောက် ကတောက်ကဆတ်တွေဖြစ်နေချိန်မှာ သောမက်စ်ရဲ့‌ကိုယ်ဝန်နဲ့ကောင်မလေးက လူရွေးပွဲကနေညစာစားပွဲကိုရောက်လာပြီး စကားဝိုင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပါတော့တယ်။ စနောက်၊ ငြင်းခုံ၊ စကားနိုင်လုမှုတွေကနေအစပြုပြီး တစ်ယောက်ချင်းစီရဲ့လျှို့ဝှက်ချက်‌၊ မကျေနပ်ချက်တွေ တစ်စပြီးတစ်စထွက်လာတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 730MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 31Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Adventure • Animation • Comedy • Family
6.8 2018 91 mins
How About Adolf?
On the Road
5.6

ဇာတ်လမ်းလေးက အမေရိကန်စာရေးဆရာ Jack Kerouac ရဲ့ “ On the Road” ဆိုတဲ့ အထင်ကရစာအုပ်ကို အခြေခံပြီး ရိုက်ကူးထားပါတယ် ။ စာအုပ်ထဲမှာ ဆိုရင် Jack က ဆယ် အဖြစ်နဲ့ သူ့သူငယ်ချင်း စာရေးဆရာ Allen Ginsberg ကို ကာလို အဖြစ်နဲ့ တခြားသူငယ်ချင်းတွေနဲ့ ခရီးတွေ သွားဖြစ်ကြတဲ့အကြောင်း ၊ ကြုံရဆုံရ လူ့ဘဝအကြောင်းတွေကို ရေးသားထားပါတယ်။ ဒါကို ဒါရိုက်တာ Walter Salles က သူ့ရဲ့ ရုပ်ရှင်ရုပ်ရှင်ပိတ်ကားထက်မှာ ပညာသားပါပါ အနုပညာပညာဆန်ဆန် ရိုက်ကူးပြသထားပါတယ်။ လူငယ်စာရေးဆရာ ဆယ် ပါရာဒိုက် ဟာ သူ့အဖေသေဆုံးပြီးနောက် စာရေးဖို့ စိတ်ကူးဉာဏ်တွေ ပျောက်ဆုံးနေတဲ့အချိန်…ဒင်း နဲ့ တွေ့ဆုံပြီး စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ ဒင်း က ဆေးသုံးတယ် မိန်းမလိုက်စားတယ် အရှုပ်ထုပ်တွေ လုပ်တတ်တဲ့ သူပါ။ ဆယ် တစ်ယောက် ဒင်းနဲ့ အတူ အမေရိကတစ်ခွင်က လမ်းမတွေပေါ်မှာ ခရီးသွားကြရင်း…ပျော်စရာတွေ ရှာဖွေကြရင်း…လူအမျိုးမျို း စိတ်အထွေထွေနဲ့ တွေ့ကြုံကြရင်း… ဘဝအကြောင်းတွေ ဒင်းဘဝနဲ့ ပတ်သတ်တာတွေ ဆယ်ရဲ့ မှတ်စုစာအုပ်လေးထဲကနေ “On The Road” ဆိုတဲ့ စာအုပ်တစ်အုပ်အနေနဲ့ ဘယ်လို ရုပ်လုံးပေါ် လာမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (18+ ဇာတ်ဝင်ခန်းတွေ စကားပြောတွေ ပါဝင်တာကြောင့် မိဘတွေနဲ့အတူ ကြည့်ရှုရန် မသင့်တော်ပါ) File size…2.92GB / 990MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 4m Genre ..... Adventure  , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Crime • Drama • Mystery • Thriller
5.6 2012 137 mins
On the Road
An Autumn's Tale
7.3

An Autumn's Tale ဟာ Hong Kong Film Awards ကနေပြီး ဟောင်ကောင် , ထိုင်ဝမ် နဲ့ ပြည်မ သုံးခုလုံးက ကားကောင်းတွေကို အကုန်လုံးကို Best 100 Chinese Motion Pictures ဆိုပြီး စာရင်း လုပ်ထားတဲ့အထဲ နံပါတ် ၄၉ ချိတ်ထားတဲ့ရုပ်ရှင်။ 49 လို့ဆိုပေမဲ့ ဒီကားကရိုမန့်ကားစစ်စစ် အဲဒီစာရင်းထဲ သူ့အထက်ကရှိနေတဲ့ ရိုမန့် ကားစစ်စစ်တွေက Comrades: Almost a Love Story , Chungking Expressနဲ့ Days of Being Wildပဲရှိတယ်။ ရိုမန့်ကားတွေပေါပေမဲ့ ရိုမန့်ကားကို မာစတာပိစ်ကားဖြစ်အောင် ရိုက်ဖို့ဆိုတာလည်း အခက်ဆုံး လို့တောင်ပြောချင်ပြောလို့ရတယ်မလား။ ဒီရုပ်ရှင်က အပေါ်က သုံးကား လုံးထက် ရှေးကျသလို အပေါ်ကကားတွေထက်လည်း ရိုမန့်အငွေ့အသက် စစ်စစ်ကိုတော့ ရတယ်။ ပိုသာတယ်လို့ ဆိုလိုတာတော့မဟုတ်ဘူးပေါ့။ An Autumn's Taleဟာ Mabel Cheung ရဲ့ "migration trilogy"ထဲက ဒုတိယကားပါ။ Mabel Cheungဟာ အဲဒီကားသုံးကားလုံးကို ရေးသား ရိုက်ကူးခဲ့ပြီး သုံးကားလုံး ဇာတ်ညွှန်းဆုတွေရထားသလို ဟောင်ကောင် best picture တွေ ဘာတွေလည်းရထားပါတယ်။ An Autumn's Tale ကတော့ ဒီသုံးကားထဲက အကောင်းဆုံးလို့ ယူဆလို့ရတဲ့ကားဖြစ်သလို Best Film, Best Cinematography , Best Screenplayဆုတွေရခဲ့ ပါတယ်။ ဒီထဲက မင်းသားကလည်း ဟောင်ကောင်ရဲ့ သက်ရှိထင်ရှား Legend အစစ်ကြီး သရုပ်ဆောင်စွမ်းရည်ရော Personality ရော ဘာမှအပြစ်ပြော စရာမရှိတဲ့ ချောင်ယွန်ဖတ် ။ ဒီကားထဲ သူ့ပုံစံလည်းပေါ်သလို ငပေငတေပုံနဲ့လည်း လိုက်အောင်သရုပ်ဆောင်ပြခဲ့ပေမဲ့ ဒီကားနဲ့တော့ သူ့ best actor ဖြစ်မသွား ခဲ့ပါဘူး။ ဘာလို့ဆို အဲဒီတစ်နှစ်တည်းမှာတင် သူကားသုံးကားနဲ့ best actor ဆုကို ဆန်ခါတင်ဝင်ခဲ့လို့ပါပဲ။ ဒီကားရယ် Prison on Fireရယ် City on Fire ရယ်ပါ။ Prison on Fireနဲ့ ရသွားပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Best of Chow Yun Fatလို့ ပြောကြပါတယ်။ မင်းသမီးဖြစ်တဲ့ Cherie Chung ကလည်း ဆန်ခါတင်တော့ ဝင်ခဲ့ပါတယ်။ သူ့ကိုတော့ သိပ်မရင်းနှီးလောက်ပေမဲ့ ချောင်ယွန်ဖတ်နဲ့ ကားတော်တော်များများရိုက်ခဲ့ပြီး။ မကြာသေးခင်က တင်ခဲ့တဲ့ လတ်စလီချောင်ရဲ့ Fatal love နဲ့ Once a thief ထဲ အဓိကဇာတ်ကောင်အဖြစ် ပါခဲ့ပါတယ်။ အစအဆုံး အမေရိကန်မှာပဲ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး မန်ဟက်တန်တံတား , ဘရွတ်ကလင်းတံတား , ဝီလီယမ်ဘာ့ချ်တံတား ,နယူးယောက်တရုတ်တန်းတို့လို နေရာတွေမှာ ရိုက်ကူးခဲ့ပါတယ်။ စီနီမာတိုဂရပ်ဖီ ဆုရထားတဲ့ကားပီပီသသပဲ ဇာတ်ဝင်ခန်းအများစုက တော်တော်လှပါတယ်။ အထူးသဖြင့် ချောင်ယွန်ဖတ်ရဲ့ ဖိုသီဖတ်သီ ကြေကွဲစုတ်ပြတ်နေတဲ့ ရုပ်ကလပ်ကြီးနဲ့ တွဲရိုက်ပြထားတဲ့ အခါတွေ မှာပေါ့။ ဒီရုပ်ရှင်ရဲ့ Iconic Scene ကတော့ မြန်မာဝတ္တုတိုတစ်ခုထဲတောင် ဖတ်ဖူးတဲ့ အခန်းနဲ့ခပ်ဆင်ဆင်ပါပဲ။ အဲဒီဝတ္တုထဲက အခန်းကို သိပ်တော့မမှတ်မိတော့ပေမဲ့ ဘာပစ္စည်းတွေလဲတော့ သေချာမမှတ်မိတော့ပေမဲ့ အကျဉ်းဖျဉ်းက ကောင်လေးက နာရီကြိုးအသစ်လဲချင်တယ်။ ကောင်မလေးက ကလစ်လားမသိလိုချင်တာထင်ပါ တယ်။ နောက်ကျ ကောင်လေးက နာရီစက်ကိုရောင်းပြီး ကလစ်ပေး၊ ကောင်မလေးက ဆံပင်ရောင်းပြီး နာရီကြိုးပေးတာလားတော့ မသိဘူး။ ဒီထဲက Iconic Scene ကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီအခန်းကိုမှ ချောင်ယွန်ဖတ်ရဲ့ acting နဲ့ပေါင်းလိုက်တော့ တော်တော်လေး ထိတဲ့ ဇာတ်ဝင်ခန်းအဖြစ်အသက်ဝင်သွားတာပါပဲ။ ရိုမန့်ကားတွေ ကြိုက်တတ်ရင်တော့ ဒီကားဟာ အနှစ်နှစ်အလလ လှည့်မကြည့်ဖြစ်ခဲ့တဲ့ စာအုပ်စင်ပေါ်က ချောင်အကျဆုံးနေရာက စာအုပ်ထဲ ပြန်တွေ့လိုက်ရတဲ့ အချစ်ဦးရဲ့ ဓာတ်ပုံဟောင်းတစ်ပုံလို ဖြစ်နေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.34 GB) / (930 MB) / (531 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......WiRa Aung Encoder..........SWM

Comedy • Drama • Family
7.3 1987 98 mins
An Autumn's Tale
Manchester by the Sea
7.5

အခုတစ်ခါတော့ အားလုံးစောင့်မျှော်နေကြတဲ့ အောစကာဇကာာတင်စာရင်းမှာ ဝင်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားဆုကိုဆွတ်ခူးရရှိခဲ့ပြီးIMDb 7.8 ရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ ဒီဇာတ်ကားမှာဆိုရင် လီချန်ဒလာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Casey Affleck ဟာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ် ဇာတ်ကားဟာလဲ တခြား ရုပ်ရှင်ဆုပေါင်း ၁၂၈ဆုနဲ့ ၂၅၉ ကြိမ်ထိ ဇကာတင်စာရင်းမှာဝင်ခဲ့ပါတယ် ဒီဇာတ်ကားလေးက သာမန်ဒရာမာကားတွေထက်ပိုပြီးတော့ တူဖြစ်သူနဲ့ ဦးလေးကြားဆက်ဆံရေး ဦးလေးဖြစ်သူ လီ နဲ့ အတိတ်က အကြောင်းအရာတွေ အိမ်ထောင်ရေး ပြသနာတွေ၊ အစ်ကိုဖြစ်သူသေဆုံးမှုကြောင့် ဝမ်းနည်းမှုကြားကကိုယ့်ကိုကိုယ်လမ်းပျောက်နေသူတစ်ဦး၏ တရားဥပဒေအရ တူဖြစ်သူကိုထိန်းသိမ်းစောင့်ရှောက်ခွင့်အပ်နှင်းခံရသူတယောက်ရဲ့ အကြပ်အတည်းတွေနဲ့နေ့စဉ်တွေ့ကြုံနေကြလူနေမှု ဘဝတွေကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လီချန်ဒလာဟာ ဘောစတွန်မြို့မှာ တိုက်လေးတိုက်ကို ပြုပြင်ထိန်းသိမ်းရေး တာဝန်ကိုယူရသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ မူရင်းဇာတိဖြစ်တဲ့ မန်ချက်စတာမြို့ကနေ အကြောင်းတစ်ခုကြောင့် လာရောက်ဇာတ်မြှုပ်နေထိုင်နေသူတစ်ဦးဖြစ်ပါတယ် ဒီလိုနဲ့ တနေ့မှာ လီ ရဲ့ အစ်ကို ဂျိုးချန်ဒလာ နှလုံး ရောဂါဖောက်ပြီး မထင်မှတ်ပဲ ကွယ်လွန်သွားခဲ့ပါတယ် အစ်ကိုဖြစ်သူကွယ်လွန်သွားခဲ့တဲ့အခါမှ တူဖြစ်သူ ၁၆နှစ်သား ပက်ထရစ်ဟာ ဦးလေးဖြစ်သူ လီ ရဲ့ အုပ်ထိန်းမှုအောက်မှာနေထိုင်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ် ပက်ထရစ် ဟာ ကောင်မလေးများနဲ့ပွေရှူပ်သူတစ်ယောက်ဖြစ်ပြီး ေ ကျာင်းမှာလဲ ပေါ်ပြူလာဖြစ်သူတစ်ဦးပါ လီ ဟာ လဲ အတိတ်က အကြောင်းတစ်ခုကြောင့် မန်ချက်စတာမြို့ကနေ ဇာတ်မြုပ်ပြီးဘောစတွန်မြို့မှာ ပြောင်းရွေ့အချေချနေထိုင်သူတစ်ဦးဖြစ်တာကြောင့် လီဟာ တူဖြစ်သူကိုခေါ်ပြီး ဘောစတွန်မြို့မှာပြောင်းရွေ့ နေထိုင်ဖို့ လုပ်ဆောင်ရာမှ တူဖြစ်သူကလဲ ပြောင်းရွေ့နေထိုက်ဖို့ရာ လက်မခံတဲ့ အခါမှာတော့ ကဲ ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်လိုက်ပါတော့ဗျာနော် ဇာတ်ကားကိုတင်ဆက်ပေးတာကတော့ ကျွန်တော် မောင်မာင်သာရစ် ပါဗျာ ကျိူင်းဇူးတင်ပါတယ် ရှင့် ။

Action & Adventure • Animation • Sci-Fi & Fantasy
7.5 2016 138 mins
Manchester by the Sea
Godless: The Eastfield Exorcism
8.8

Godless: The Eastfield Exorcism (2023) " အတော်ကြမ်းတဲ့ကားမို့ ကြည့်စေချင်လို့ မရမက ရှာတင်ပေးလိုက်ပါတယ်။ အကြည်ဖြစ်ပေမဲ့ 1xBet လိုဂိုတွေပါနေတုန်းပါပဲ။ လုံးဝအရှင်းဗားရှင်းထွက်လာတဲ့အချိန်ကျရင်လည်း ပြန် Update သွားပါမယ် " ~ IMDb - 6.3/10, Rotten Tomatoes - 100% ~ ၁၉၉၃ ခုနှစ်က ဩတြေးလျမှာဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ Horror ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Horror ရုပ်ရှင်တွေမှာ မကောင်းဆိုးဝါးနှင်တယ်ဆိုတာ အမြဲလိုလို ပါနေကျဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ အဲဒါကို တခြားရှုထောင့်တစ်ခုကနေ ချဉ်းကပ်ထားတဲ့သဘောမျိုးရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လာရာ ဟာ ‌ထင်ယောင်ထင်မှားစိတ်ဝေဒနာကို ခံစားနေရတဲ့လူနာတစ်ယောက်ပါ။ စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန်ပြနေပေမဲ့ ဘာမှမထူးလာတာကြောင့် သူ့ယောက်ျားဖြစ်တဲ့ ရွန်က ဆေးသိပ္ပံပညာကို သံသယဝင်လာပါတော့တယ်။ သူ့မိန်းမက မိစ္ဆာပူးကပ်နေတာဖြစ်ကြောင်း သူ့သဘောနဲ့သူယူဆပြီး ဆရာဝန်နဲ့ပြတာရပ်လိုက်ပါတယ်။ လာရာကတော့ သူ့စိတ်ရောဂါကြောင့် စားမဝင်အိပ်‌မပျော်ဖြစ်ပြီး ရွန်စိတ်တိုင်းကျလုပ်ဖို့ ခွင့်ပြုလိုက်ရပါတယ်။ ဒီနေရာမှာ သူတို့နေတဲ့နေရာဟာ ဘာသာရေးကိုင်းရှိုင်း‌သူတွေများတဲ့ မြို့ငယ်လေးတစ်ခုပါ။ ဘာသာရေးနဲ့ပတ်သက်ရင် အဆုံးစွန်ယုံကြည်ကြတဲ့နေရာမျိုးပေါ့။ ရွန်ကလည်း သူ့မိန်းမ မိစ္ဆာပူးကပ်နေတာကို မြင်လာရင်း ကြံရာမရတဲ့အဆုံး ပယောဂထုတ်တဲ့နေရာမှာ ‌နာမည်ကြီးတဲ့ ဒန်နီ ဆိုတဲ့လူကို အားကိုးရာရှာလိုက်ပါတယ်။ ဒန်နီကို ဘုရားသခင်ရဲ့ တူရိယာလို့ လူတွေကနာမည်ပြောင်ပေးထားပြီး သူကိုယ်တိုင်ကလည်း ဘုရားသခင်နဲ့ တိုက်ရိုက်ဆက်သွယ်နေတယ်လို့ ယူဆထားတဲ့သူပါ။ ဒီလိုတွေဖြစ်လာတဲ့အချိန်မှာ လာရာကို သူတို့တွေ ပယောဂနှင်ပါတော့တယ်။ လာရာမှာပူးကပ်နေတဲ့ မိစ္ဆာတွေက တစ်ကောင်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နေတာပါ။ Legion ဆိုတာ သာမန်အားဖြင့် အစုအဖွဲ့လို့အဓိပ္ပာယ်ယူနိုင်ပေမယ့် ဓမ္မသတ်ကျမ်းသစ် မြန်မာပြန် Mark 5:9 မှာ လေဂေါင် လို့ ပြန်ဆိုထားတာကြောင့် လေဂေါင်အဖြစ်ပဲ ရေးထားပါတယ်။ ဒါကြောင့် လာရာကိုပူးကပ်နေတာက လေဂေါင်(မိစ္ဆာအဖွဲ့) ဖြစ်ပါတယ်။ ဒီလေဂေါင်တွေကို သူတို့တတွေ အစွမ်းကုန်နှင်ကြပါတော့တယ်။ ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းကိုမှ ရင်ခုန်ရတာမဟုတ်ပါဘူး။ ဇာတ်လမ်းကြည့်နေရင်း တွေးစရာတွေ တပြုံကြီးပေးမယ့် ရုပ်ရှင်တစ်ခုပါ။ Jumpscare တွေသိပ်မပါဘဲ ပယောဂနှင်တာနဲ့ စိတ်ရောဂါကို‌အခြေတည်ရိုက်ကူးထားတာကြောင့် Psychological Horror ပိုဆန်ပါတယ်။ ဒါကကြောက်ရရင်ပြီးရော ကြည့်သင့်တဲ့ကားမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းစကတည်းက ဆုံးတဲ့အထိ ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ။ လူတွေဟာ ယုံကြည်ရာနဲ့ပတ်သက်ရင် ဘယ်လောက်ထိအဆုံးစွန်သွားတတ်ကြသလဲ။ ဆေးသိပ္ပံပညာဟာ မှန်လား။ ဘာသာရေးဟာမှန်လား။ ကျွန်တော်တို့ဟာ ယုံကြည်ရာပိုက်ကွန်တွေထဲ ရုန်းထွက်မရသူချင်းတူတူ ဘယ်အရာမှန်သလဲ မှားသလဲ ယုံကြည်ရာအပေါ်မူတည်ပြီးဆုံးဖြတ်တတ်ကြပါတယ်။ ဘယ်အရာမဆို အစွန်းရောက်ရင် မကောင်းပါဘူး။ ဒီရုပ်ရှင်ကရော အဲဒါကို ဘယ်လိုပုံစံချပြထားသလဲဆိုတာကို Jumpscare နည်းနည်း တွေးစရာများများနဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကျွန်တော့်တစ်ကိုယ်ရည်အမြင်အရဆိုရင် Exorcism နဲ့ပတ်သက်တဲ့အကောင်းဆုံးရုပ်ရှင်တွေကို ပြတိုက်တစ်ခုမှာထားမယ်ဆို ဒီရုပ်ရှင်က နေရာလွတ်တစ်ခုဦးထားပြီးသားဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 766MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 31Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
8.8 2023 92 mins
Godless: The Eastfield Exorcism
The Purge: Election Year
6.4

Purge ကတော့ လူတိုင်းနဲ့ရင်းနှီးနေပြီးသားကားဖြစ်မှာပါ... ဒီကားထဲမှာအရက်စက်ဆုံးလူသတ်မှု့တွေနဲ့ လူသားအချင်းချင်းသုတ်သင်ရှင်းလင်းကြတာကိုမြင်ရမှာပဲဖြစ်ပါတယ်... ဇာတ်လမ်းရဲ့အကြောင်းကိုပြောပြရမယ်ဆိုရင်.... အမေရိကန်အစိုးရဟာ နှစ်စဉ်နှစ်တိုင်း March လ 21 ည 7 နာရီကနေ နောက်နေ့မနက် 7 နာရီအထိ 12 နာရီကြာအောင် လူသတ်မှုအပါဝင်ရှိသမျှ ရာဇဝတ်မှုတွေကိုအကုန်ခွင့်ပြုထားတဲ့စနစ်ကိုအစဉ်မြဲကျင့်သုံးလာခဲ့ပါတယ်... ဒါကို သန့်စင်ရှင်းလင်းတဲ့လုပ်ရပ်လို့လည်း နာမည်တပ်ထားကြပါတယ်... ဒီလိုသန့်စင်ရှင်းလင်းမှု့တွေကို ရှုံ့ချတဲ့ သူကတော့သမ္ပတအဖြစ်အရွေးခံမယ့် အမျိုးသမီး အမတ်လောင်း Roan ပဲဖြစ်ပါတယ်... ဘာလို့လဲဆိုတော့ အဲ့ဒီသုတ်သင်ရေးပွဲတော်မှာ သူမမိသားစုဝင်တွေပါ စတေးခံခဲ့ရလို့ဖြစ်ပါတယ်.... ဒါကြောင့် သူမသမ္ပတလောင်းအဖြစ်ရပ်တည်လာမယ့် သက်တမ်းတစ်လျောက်မှာတော့ သူမဟာဒီသုတ်သင်ရေးပွဲတော်ညကို တခြားပြိုင်ဘက်အမတ်နဲ့ ယှဉ်ပြိုင်ပြီး ဆန့်ကျင်ခဲ့ပါတယ်..... ကောင်းတာလုပ်ရင်လူမုန်းများလာသလို သူမအတွက်လည်း လုပ်ရိုးအစဉ်လာဖြစ်တဲ့ဒီသုတ်သင်ရေးပွဲတော်ကိုဆန့်ကျင်တဲ့အတွက် အန္တရာယ်ကပိုပြီးတော့ များပြားလာခဲ့ပါတယ်... ဒါကြောင့် ဒီသုတ်သင်ရေးညမှာသူမတစ်ယောက်အန္တရာယ်ကင်းအောင် နေထိုင်ရမှာဖြစ်ပြီး ကျင်းပမယ့်ရွေးကောက်ပွဲမှာအနိုင်ရအောင် ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်..... ဒီလို ရက်ရက်စက်စက်သုတ်သင်ရှင်းလင်းရေးတွေလုပ်နေတဲ့ လူသတ်ညမျိုးမှာ သူမတစ်ယောက်အသက်ရှင်နိုင်မလား..... ဘယ်လိုအန္တရာယ်မျိုးတွေကျရောက်လာနိုင်မလဲ..... သူမကို သူမရဲ့ကိုယ်ရံတော်ကဘယ်လိုနည်းတွေနဲ့ကာကွယ်မလဲဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရမှာပဲဖြစ်ပါတယ်..... File size…(1GB  )  Format…mp4 Duration….01:48:48 Subtitle….Myanmar Subtitle (Hardsub) Translator…May Thazin Myint  Encoder….Moe Myint Lwin

Action • Adventure • Comedy
6.4 2016 105 mins
The Purge: Election Year
Eight Taels of Gold
7.1

Eight Taels of Gold (1989) ==================== IMDb Rating – 7.1/10 Mabel Cheungရဲ့ Migration Trilogyမှာ The Illegal Immigrant (1985), An Autumn’s Tale (1987) နဲ့ Eight Taels of Gold (1989) သုံးကားရှိတဲ့ အထဲ နောက်ဆုံးကားဖြစ်တဲ့ Eight Taels of Gold (1989)ဟာ ရှေ့ကားတွေလို အဆွေးကားစာရင်းဝင်ပေမဲ့ သုံးထားတဲ့မင်းသား Sammo Hungနဲ့လိုက်အောင်ပဲ ဟာသကားလည်း တစ်ခြမ်းဖြစ်နေတယ်။ နောက်တစ်ခုကွဲတာကတော့ ရှေ့၂ကားမှာ တရုတ်ကနေ အမေရိကန်ကိုသွားတဲ့အကြောင်းကို အဓိကထားပြပေမဲ့ ဒီနောက်ဆုံး ကားမှာ‌တော့ ပြောင်းပြန်ဖြစ်သွားပြီ။ အမေရိကန်ကနေ တရုတ်ပြည်ကို ပြန်လာတဲ့ တရုတ်တစ်ကောင်အကြောင်းဖြစ်သွားတယ်။ အိမ်ကနေ ထွက်ပြေးသွားတာ ၁၆နှစ်ရှိပြီဖြစ်တဲ့ Sammo Hungရဲ့ ဇာတ်ကောင်ဟာ အမေရိကန်မှာ တက္ကစီဆွဲစားရင်း အသက်မွေး‌ဝမ်းကြောင်းပြုနေခဲ့တဲ့လူပေါ့။ ဒီကားရဲ့ အစမှာ သူအိမ်ကိုပြန်လာဖို့လုပ်တယ်။ အဖွင့်မှာတင်ပါတဲ့ ဒီအခန်းက ရယ်လည်းရယ် ရသလို လက်တွေ့လည်းကျတယ်။ တရုတ်ပြည်ကို လက်ဆောင်ပြန်ယူသွားဖို့ မိတ်အင် ချိုင်းနားပစ္စည်းတွေ ပြန်ရှာဝယ်တဲ့အခန်းပေါ့။ အမေရိကန်ပြန်ဆိုပြီး အထင်ကြီးမယ့် တရုတ်တွေကို သယ်လာတဲ့ မိတ်အင်ချိုင်းနားပစ္စည်းတွေနဲ့ ဂျင်းထည့်ဖို့ကြံနေတဲ့ တရုတ် ပေါ့။ နောက်ကျ မြို့ပေါ်က သူတို့အိမ်ကို ရောက်လာတယ် ဒါပေမဲ့ အဲဒီခေတ်က တရုတ် ပြည်မှာ တစ်အိမ်ထောင် ကလေးတစ်ယောက်ပဲမွေးရမယ့် ဥပဒေရှိခဲ့တယ်ထင်တယ်။ သူ့အစ်မရဲ့ ဒုတိယကလေးကို တိတ်တိတ်လေးမွေးဖို့ သူ့အဖေနဲ့အမေက သူ့အစ်မနဲ့အတူတူ ရွာဘက်ထွက်သွားတယ်တဲ့။ ဒီတော့ ရွာကအိမ်ကို လိုက်ဖို့ အကြောင်းဖန်လာတယ်။ ဒီမှာ တခြား အမေရိကန်ပြန်တစ်ယောက်နဲ့ လက်ထပ်ပွဲမတိုင်ခင် ရွာပြန်ပြီးသွားစောင့်ဖို့ လုပ်နေတဲ့ ဝမ်းကွဲညီမနဲ့တွေ့ကြတယ်။ သူတို့၂ယောက်ကာရိုက်တာက chemistryမိသလို ရိုမန့်တစ်ဖြစ်ရမယ့် ကာရိုက်တာအနေနဲ့ တည်ဆောက်ထားတာပေမဲ့ သူတို့၂ယောက်ရဲ့ကာ ရိုက်တာတွေကိုက American Dreamနဲ့ American Realityကို အပြိုင်ပြပေးနေတယ်။ အမေရိကန်ကို သိပ်အထင်ကြီးပြီး အမေရိကန်ရောက်ရင် ငါတော့ဘာလုပ်လိုက်မဟဲ့ဆိုတဲ့ တစ်ယောက်နဲ့ အမေရိကန်မှာ ခွေးလိုနွားလိုရုန်းကန်လာရတဲ့သူနဲ့ပေါ့။ သူတို့ကာရိုက်တာတွေ ကနေတစ်ဆင့်ပဲ လွတ်လပ်ခွင့်ပေးထာသလိုလိုနဲ့ ပြန်ချုပ်ထားတဲ့ တရုတ်ပြည်အခြေအနေ ကိုပါ နည်းနည်းပါးပါးကလိထားသေးတယ်။ ဒီလိုနဲ့ သူတို့အတူတူ ရွာပြန်ကြတယ်ပေါ့။ တလွဲတွေတော့ တော်တော်များပါတယ်။ ရွာပြန်ရောက်တဲ့အထိတော့ ဒီကားက လုံးဝဟာသ ကားပဲ။ ဒီလိုနဲ့ ရွာပြန်ရောက်သွားတယ်။ ရွာပြန်ရောက်တော့ အိမ်ထိပ်မှာ ထိုင်နေတဲ့ သူ့အဖေက သူ့ကိုမြင်တော့ ဝမ်းသာလုံးစို့ပြီး တက်သွားတယ်။ နောက် သူ့အမေ သူ့အစ်မ သူ့ခွေးလေး စသဖြင့် သူပစ်ထားခဲ့တဲ့လူတွေရဲ့ အပျော်တွေကို ပြတယ်။ ဒီအခန်းတွေက ဝမ်းနည်းစရာနဲ့ ကြည်နူးစရာ ရောနေတယ်။ ဒီကားရဲ့ အီမိုရှင်နယ်အဖြစ်ဆုံးအခန်းတွေပဲ။ ဒါတော့ဆက်ပြောရင်ပေါ့သွားမှာမို့ ကြည့်တော့ သိပါလိမ့်မယ်။ Mabel Cheungရိုက်ပြီး ချောင်ယွန်ဖတ် သရုပ်ဆောင်ခဲ့တဲ့ အကောင်းဆုံးတရုတ်ရုပ်ရှင် ၁၀၀စာရင်းဝင် An Autumn’s Taleမှာ ချောင်ယွန်ဖတ်ဇာတ်ကောင်က သူပိုင်တဲ့တစ်ခုတည်း သော ပိုင်ဆိုင်မှုဖြစ်တဲ့ကားစုတ်ကြီးကိုရောင်းပြီး နာရီကြိုးဝယ်ပေးခဲ့တဲ့ အခန်းဟာ တော်တော် ထိသလို ဒီထဲလည်း ထိုနည်းလည်းကောင်း အခန်းပဲသုံးထားတယ်။ သူ့ Trilogyရဲ့ ပုံသေနည်း လိုလိုပါပဲ။ ဘာပြောပြော ထိတာတော့ထိပြန်တာပါပဲ။ Eight Taels of Goldဟာ သူ့Trilogy အငွေ့အသက်ထဲကပဲ သွားသလို သရော်တာတွေ ဟာသတွေလည်း တော်တော်ထည့်ထားတော့ အဖီးလ်သက်သက်မဟုတ်ဘဲ ဟာသကားအနေနဲ့လည်း တော်တော်ကြည့်ပျော်ပါတယ်။ artistic movieလည်း ဖြစ်သလို visualတွေ သီချင်းတွေလည်း တော်တော်လေးကောင်းပါတယ်။ သီချင်း တွေက Teresa Tengသီချင်းတွေလိုလိုပါပါပဲ။ ထုံးစံအတိုင်းပါပဲ ဟောင်ကောင်ရွှေခေတ်က ကားတွေဟာ ရိုးလောက်စရာ မရှိပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(2.36 GB) / (1.0 GB) / (615 MB) Quality…………Blu-Ray 1080p / 720p / 480P Duration………1Hr 40Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….WiRa Aung Encoder……….SWM

TV Movie • Thriller • Crime • Drama
7.1 1989
Eight Taels of Gold
The Portrait

The portrait ဆိုတဲ့ဇာတ်ကားကတော့ 2023 ခုနှစ်ကထွက်ရှိခဲ့ပြီး Mystery, Horror အမျိုးအစားဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ သူမခင်ပွန်းဖြစ်သူရဲ့ကံမကောင်းအကြောင်းမလှတဲ့ မတော်တဆဖြစ်ရပ်အပြီးမှာ အတိတ်မေ့သွားတဲ့ ခင်ပွန်းဖြစ်သူကို မှတ်ဉာဏ်ပြန်ရလိုရငြား ခင်ပွန်းဖြစ်သူ ငယ်ဘဝကကြီးပြင်းခဲ့တဲ့ မိသားစုပိုင်အမွေဆိုင်အိမ်ကြီးကိုခေါ်လာခဲ့ပါတယ်။အဲဒီအိမ်မှာ သူမခင်ပွန်းဖြစ်သူ နုပျိုစဥ်ကနဲ့တစ်ပုံစံထဲတူတဲ့ ပုံတူပန်းချီကားတစ်ချပ်ကိုတွေ့ရှိခဲ့ပါတယ်။သူမကို တစ်ခုခုက ခြောက်လှန့်လာပြီး စိတ်တွေစိတ်ခြောက်ခြားလာတာနဲ့အမျှ အဲ့ဒီပုံတူပန်းချီကားက တစ်ကယ်တစ်ခုခုပူးကပ်နေတာလားဆိုတာကို သိရဖို့ သူမစုံစမ်းပါတော့တယ်။ File size…(1.2 GB)/(586 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Thrillr, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

Family • Drama • Romance
0 2023
The Portrait
Amour
7.9

ဇာတ်ကားနာမည်လေးကတော့ အချစ်ပါတဲ့၊ ပြင်သစ်လိုဆိုရင်တော့ Amour ပေါ့။ စကားလေးရှိတယ်မလား၊ ကျွန်တော်တို့က ၂၀ ရာစုမှာ ၉၀ ပြည့်နှစ်ဝန်းကျင်က အချစ်မျိုးကို ရှာဖွေနေကြတယ်ဆိုတာလေ။ ဒီဇာတ်ကားလေးကတော့ ကျွန်တော်တို့ ကြုံတွေ့ပိုင်ဆိုင်ဖူးချင်တဲ့ အချစ်ရဲ့ အလှတရားကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်း ဂျော့နှင့် အန်းဟာ ဇရာရလာပြီဖြစ်ပြီးတော့ သားသမီးတွေလည်း အတောင်စုံလို့ အမြင့်ပျံသွားကြပြီဖြစ်လို့ နှစ်ယောက်တည်း အိမ်ကလေးမှာ တစ်ယောက်နှင့်တစ်ယောက် အမှီသဟဲပြုရင်း ကျန်ရစ်ခဲ့တဲ့ ဇနီးမောင်နှံပါ။ တစ်နေ့မှာတော့ အန်းဟာ အသက်အရွယ်ရလာတာကြောင့် အောက်ပိုင်းအကြောသေသွားခဲ့ပါတယ်။ ဂျော့က အန်းကို ဆေးရုံတက်စေခဲ့ပေမယ့် အန်းတစ်ယောက် ဆေးရုံကြောက်တာသိတဲ့အတွက် အိမ်ကိုပဲခေါ်ပြန်လာပြီး သူကိုယ်တိုင် ပြုစုပါတော့တယ်၊ သားသမီးတွေကလည်း ဆေးရုံပို့တာဖြစ်ဖြစ် သက်ကြီးရွယ်အို စောင့်ရှောက်ပေးတဲ့ဆီ ပို့တာဖြစ်ဖြစ် လုပ်ခိုင်းကြပေမယ့် တအားချစ်ကြရှာတဲ့ ဇနီးမောင်နှံ နှစ်ယောက်သားကတော့ အိမ်လေးမှာပဲ သူနာပြုတွေငှား ဆရာဝန်တွေခေါ်ပြီး နှစ်ပါးသွားပါတော့တယ်။ ဒီဇာတ်ကားလေးမှာတော့ ဂျော့နှင့်အန်းကြားထဲက မပြောင်းလဲသွားတဲ့ ချစ်ခြင်းမေတ္တာနှင့် ရှေ့ဆက်ကြပုံကို ကြည့်နူးဆွတ်ပျံ့ဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Horror • Action • Science Fiction • Thriller
7.9 2012
Amour
The Drunken Prodigy
6

ရှောင်လင်ဘုန်းကြီးလေး Ashton Chen ရဲ့ 2024 မှာထွက်တဲ့ကားသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ သိုင်းပညာကိုအရူးအမူးဖြစ်နေတဲ့ လူ့ပေါ်ကျော့သူဌေးသားလေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ သူဌေးသားလင်ယောက်ဟာ ငယ်ငယ်ကတည်းကသိုင်းလေ့ကျင့်ခဲ့ပြီးတော့ သူ့ကိုယ်သူအရမ်းတော်တဲ့သူတစ်ယောက်လို့ထင်နေခဲ့တယ်။ တကယ်တော့ သူ့အဖေကနောက်ကွယ်ကနေလာဘ်ထိုးပြီး တခြားသူတွေကိုအရှုံးပေးခိုင်းခဲ့တာဆိုတာကိုသူမသိခဲ့ဘူး။ တစ်နေ့မှာတော့ လူလိမ်တစ်ဖွဲ့က လင်မိသားစုပိုင်အိမ်ကိုမျက်စိကျပြီးတော့ သူဌေးသားလေးကိုအကွက်ဆင်ပြီးလိမ်လိုက်ကြတယ်။ သူဌေးသားလေးကလဲ ပိုင်ဆိုင်မှုတွေအားလုံးကိုဆုံးရှုံးလိုက်ရတဲ့အချိန်မှပဲ သူဟာဘာမှမဟုတ်ခဲ့ဘူးဆိုတဲ့အမှန်တရားကိုသိလိုက်ရတယ်။ သူပိုင်ဆိုင်တဲ့အရာတွေကိုပြန်ရဖို့ တရားမျှတမှုပြန်ရယူဖို့ အရက်မူးသမားသိုင်းကိုလေ့ကျင့်ပြီး ပြန်ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ရှောင်လင်ဘုန်းကြီးလေးတို့ထုံးစံအတိုင်း အက်ရှင်ပိုင်ပိုင်နိုင်နိုင်နဲ့ ချပြသွားတဲ့အတွက် သိုင်းလောကသားတွေအကြိုက်တွေ့ကြမှာဖြစ်ပါတယ်။

6 2024
The Drunken Prodigy
Enchanted Kingdom
Thursday
7.1

Thursday (1998) IMDb Rating (7.1) / Rotten Tomatoes (43%) ရုပ်ရှင်အဖွင့်မှာတော့ ခပ်မိုက်မိုက်ပဲ ဘာမဟုတ်တာလေးနဲ့ လက်ရဲဇက်ရဲသတ်ရဲတဲ့လူတစ်စုနဲ့ စထားပါတယ်။ ကေစီဝဲလ်စ်က ဗိသုကာတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာမတွေ့တာတော်တော်ကြာနေပြီဖြစ်တဲ့သူငယ်ချင်းနစ်ဆီကနေ ဖုန်းဝင်လာပါတယ်။ နောက်တော့ကေစီ့အိမ်ကို နစ်ခ်ရောက်လာလို့တွေ့ရတာဝမ်းသာနေပါတယ်။ ကေစီ့ကားကို နစ်ခ်ကငှါးသွားပြီး အပြင်ခဏထွက်သွားတဲ့အချိန်၊ထားခဲ့တဲ့ခရီးဆောင်သေတ္တာကိုမသင်္ကာတာနဲ့ရိုက်ဖျက်ပြီး အထဲမှာမူးယစ်ဆေးတွေတွေ့တာနဲ့ ကေစီကလက်ဆေးကန်ထဲ သွန်ချဖျက်ဆီးလိုက်ပါတယ်။ ပီဇာလာပို့သူယောင်ဆောင်ထားတဲ့သူက ကေ့စီကိုခြိမ်းခြောက်ပြီး ပစ္စည်းဘယ်မှာလဲမေးတော့ လက်ဆေးကန်ထဲသွန်ချလိုက်တာအမှန်ဆိုတာသိသွားပြီး ကေစီ့ကိုသတ်မလို့လုပ်တဲ့အချိန် ကေစီကပြန်ပြီးဖမ်းထားလိုက်ပါတယ်။ ကေစီတို့လင်မယားက၊ကလေးမွေးစားဖို့လျှောက်လွှာတင်ထားလို့ အကဲဖြတ်မေးခွန်းတွေမေးဖို့ ဒေါက်တာဂျာဗစ်က ကေစီ့အိမ်ကိုရောက်လာပါတယ်။ နစ်ခ်ရဲ့မိန်းကလေးသူငယ်ချင်းဒါးလတ်စ်ကလည်းရောက်လာပါတယ်။ နောက်ထပ်မျှော်လင့်မထားတဲ့သူတွေလည်းရောက်လာပြီး မမျှော်လင့်တာတွေဖြစ်လာတဲ့အခါ ကေစီ့နောက်ကြောင်းက ဘာဖြစ်မလဲဒါးလတ်စ်နဲ့ မမျှော်လင့်ဘဲရောက်လာတဲ့သူတွေဘာဆက်ဖြစ်မလဲ။ ကေစီနဲ့ နစ်ခ်သူငယ်ချင်းနှစ်ယောက်ဘာဆက်ဖြစ်မလဲဆိုတာ ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ “ဒီရုပ်ရှင်ကိုကြည့်ရင်း တစ်ခါတုန်းက facebook မှာခင်လို့ စကားပြောဖြစ်တဲ့အမေရိကန်ကောင်လေးတစ်ယောက်ပြောတာကိုအမှတ်ရမိပါတယ်။ အကိုကလည်းဆေးမှုနဲ့ထောင်ထဲမှာ။မိဘတွေကလည်းဂိုဏ်းတွေအချင်းချင်းဖိုက်တဲ့ပွဲမှာသေသွားတယ်။ လူဖြူမိသားစုကမွေးစားထားတာ မနေချင်လို့ထွက်ပြေးလာတာအခုဦးလေးဆီမှာ။ဦးလေးကလည်း မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့သူ။ သူ့ဘဝကနေ့တိုင်းသေနတ်ကိုခေါင်းအုံးအောက်ထားပြီးအိပ်ရတဲ့ဘဝ။သူ့မှာမိန်းမရှိတယ်။ မိန်းမက ဟစ်စပန်းနစ်။ တကယ်ဖြစ်ချင်တာကသူနာပြုပါတဲ့။ တကယ်တော့အမေရိကန်ပြည်ထောင်စုဟာ အကျင့်ပျက်ခြစားတာတွေရှိနေတဲ့ နိုင်ငံလို့လဲပြောသွားပါသေးတယ်။ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားလို့လာမေးရင်း သူ့အကြောင်းကိုပြောပြသွားတာပါ။” ဒါကြောင့် Thursday ရုပ်ရုပ်ကားဟာလည်း ရုပ်ရှင်ဆိုတာထက် သရုပ်မှန်ဇာတ်ကားတစ်ကားဆိုလည်းမမှားလောက်ပါဘူး။ Thomas Jane( ကေစီ)၊Aaron Eckhart(နစ်ခ်)၊ Paulina Porizkova( ဒါးလတ်စ်) နဲ့ James LeGros ( ဘီလီဟေးလ်)တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ SkipWoods ကရိုက်ကူးပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size… (1.9 GB) / (870 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Comedy, Crime, Drama, Mystery, Thriller Duration…. 01:25:16 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Khin Sakar Khin

Drama
7.1 1998 87 mins
Thursday
Tales from Black Manor
5

Tales from Black Manor ကတော့ ၂၀၂၅ ခုနှစ်ထွက်ဇာတ်ကားတစ်ကားဖြစ်ပြီး Lexie Findarle Trivundza နဲ့ Nick Trivundzaတို့ ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ၁၃၀၀ ပြည့်နှစ်ကနေ ကမ္ဘာပျက်သွားတဲ့အချိန်အထိ Black အိမ်တော်ကြီးကပုံပြင်တွေကို ပြောပြထားပြီး သေမင်းနဲ့ဆက်နွယ်နေတဲ့ Black မိသားစုရဲ့ကံကြမ္မာကို လိုက်ပါကြည့်ရှုရမှာဖြစ်ပါတယ်။ Black မိသားစုဟာ သေမင်းကို လှည့်စားနိုင်တဲ့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပြီး နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်ဖြည်းဖြည်း ထာဝရအသက်ရှင်ခြင်းက ပျင်းစရာကောင်းတဲ့အခြေအနေဖြစ်လာပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားမှာ အလယ်ခေတ်၊ ဗစ်တိုးရီးယားခေတ်၊ ဒုတိယကမ္ဘာစစ်ကာလ၊ ခေတ်သစ်နဲ့ အနာဂတ်ခေတ်အထိ အချိန်ကာလပေါင်းများစွာကို ဖြတ်သန်းပြသထားပါတယ်။ အခန်းဆက်ဇာတ်လမ်းမဟုတ်ဘဲ အချိန်ကာလအလိုက် ဇာတ်ကွက်တိုတွေနဲ့ဖွဲ့စည်းထားပါတယ်။ File Size… (1.02 GB) / (566 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 31m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5 2025
Tales from Black Manor