YoteShin Drive is below this article. Scroll down to view.
Tesla can sell 370,000 electric vehicles in 3
Author: Anonymous Published on: 12 Aug 2022
Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina
YoteShin Drive
Sign in using google and save to your drive
[CM]Anna.2022.E01.720p.WEB-DL-KN.mp4
418.61 MB N/A video/mp4 1813 downloads
Save this file to your google drive account to download
Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
In a Land That No Longer Exists
6.8
ဘာလင်တံတိုင်းကြီး ဖြိုမချခင် အရှေ့ဘာလင်က ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းပါ။ ဆူဇီက အဖေနဲ့ညီမလေးနဲ့အတူ နေထိုင်ပါတယ်။ အထက်တန်းကျောင်းအောင်ပြီး မကြာခင်မှာ တက္ကသိုလ် တက်ရတော့မဲ့ ဆူဇီရဲ့ အိပ်မက်ကတော့ စာရေးဆရာမဖြစ်ဖို့ပါ။ မကြာခင်မှာပဲ သူ့အိတ်ထဲက စာအုပ်တစ်အုပ်ကြောင့် ဘဝကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတော့တယ်။ ဆိုရှယ်လစ်အရာရှိတွေက စစ်မေးတဲ့အချိန်မှာ သူ့အိတ်ထဲက George Orwell ရဲ့ 1984 ဆိုတဲ့ စာအုပ်ကြောင့် ရုတ်တရက်ကြီး ကျောင်းထုတ်ခံလိုက်ရတာပါ။ ဆိုရှယ်လစ်အလုပ်ရုံမှာ သတ္တုဖြတ်အလုပ်သမားအဖြစ် လုပ်အားပေးဖို့ ဖိအားပေးခံရပါတယ်။ တစ်နေ့မှာတော့ အလုပ်ရုံကို အစောကြီး ရထားစီးလာတဲ့ ဆူဇီကို ဓာတ်ပုံဆရာတစ်ယောက်က ရိုက်မိသွားပြီး အရှေ့ဂျာမနီရဲ့ Vogue လို့တောင် တင်စားလို့ရတဲ့ Sibylle ဆိုတဲ့ ဖက်ရှင်မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပါလာပါတော့တယ်။ “ပျော်ရွှင်မှုကို ရှာဖွေဖို့ လမ်းလွှဲက သွားသင့်လည်း သွားရမယ်”ဆိုတဲ့ ဆူဇီတစ်ယောက် သူ့အိပ်မက်တွေဖြစ်လာဖို့၊ စက်မှာ အလုပ်လုပ်ရတဲ့ဘဝက လွတ်ဖို့ ဖက်ရှင်မော်ဒယ်ဖြစ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ ဒါရိုက်တာ Aelrun Goette ရဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး သူ့ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့ ဆိုထားပါတယ်။ ဇာတ်လမ်းရသမြောက်အောင် တချို့နေရာလေးတွေမှာ ပြုပြင်ထားတာကလွဲလို့ ဖြစ်ရပ်မှန်နဲ့ အတူတူပါပဲ။ ဆိုရှယ်လစ်ဝါဒ လွှမ်းမိုးတဲ့ အရှေ့ဂျာမနီရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြားက ယုံကြည်ရာကို အရောက်သွားကြမဲ့ သူတို့တွေ၊ ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေကို အချင်းချင်းလက်တွဲပြီး ကျော်ဖြတ်နိုင်မလားဆိုတာကိုတော့ … File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Thwe
Horror • Mystery • Thriller
6.8 2022 101 mins
In a Land That No Longer Exists
End of Days
6
ငယ်စဉ်တောင်ကျေး ကလေးဘဝက အထိတ်တလန့်ကြီး ကြားလိုက်ရတယ်။ ကမ္ဘာပျက်မယ်တဲ့။ ဟင် ဘာလား။ ပျော်စရာကြီး။ ကမ္ဘာပျက်ရင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ကြည့်မယ်ပေါ့။ တိုင်ပင်ကြ။ ပြင်ဆင်ကြ။ မုန့်တွေ သစ်သီးတွေ စုဆောင်းသိမ်းဆည်းကြ။ အချိုလေးတည်းရင်း ကြည့်ရရင် သိပ်ဇိမ်ရှိမှာကိုးဗျ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့မျက်နှာက သိပ်မကောင်းကြဘူး။ လက်ဖက်ရည်ဆိုင်တွေ အိမ်က လက်ဖက်ရည်ကြမ်းဝိုင်းတွေမှာ တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်ကြ တိုင်ပင်ကြ။ ကလေးပေမဲ့လို့ သိတတ်တဲ့အရွယ်ဆိုတော့ ကမ္ဘာပျက်မယ့်ကိစ္စက ပျော်စရာမဟုတ်မှန်းသိပြီလေ။ ကိုယ်ဖတ်ရတဲ့ ကာတွန်းလေးတွေ မဂ္ဂဇင်းတွေထဲမှာလည်း အဲဒီအကြောင်း မမြင်ချင်မှအဆုံး။ လူတိုင်း လူတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက ပူပင်သောကတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရချိန်ပေါ့လေ။ မျောက်မူးလဲအောင် ဆော့တတ်တဲ့ကိုယ်တွေတောင် လူကြီးတွေမျက်နှာကိုငေးမောပြီး ငြိမ်ငြိမ်လေး ထိုင်နေတတ်လာတယ်။ လူကြီးမင်းတို့ မီတဲ့သူတွေ မီကြမှာပါ။ Y2K တဲ့။ ဘာလဲဟ ဝိုင်တူးကေ။ လူကြီးတွေပြောစကားနားထောင် လက်လှမ်းမီသလောက် စာလေးတွေဖတ်ပြီးသိလာပါတယ်။ Y က year၊ 2K က 2000။ အပြည့်အစုံပြောရရင် သက္ကရာဇ် ၂၀၀၀ ပေါ့ဗျာ။ သက္ကရာဇ် ၂၀၀၀ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ကိစ္စက ၂၀၁၂ ကမ္ဘာပျက်မယ့်ကိစ္စထက် ပိုပြီးကျယ်ကျယ်လောင်လောင်ဖြစ်ခဲ့တယ်။ ပိုပြီး လက်တွေ့ဆန်တဲ့ သီအိုရီတွေရှိခဲ့တယ်။ ဇာတ်ကားအကြောင်းမပြောခင် နည်းနည်းလေပေါဦးမယ်ဗျာ။ သက္ကရာဇ် ၂၀၀၀ ဟာ သိပ္ပံနည်းကျ လက်တွေ့သဘောအရ လူသားတွေ ရင်ဆိုင်ရမယ့် ကပ်ဘေးကြီးနှစ်ခုရှိပါတယ်။ ငွေကြေးဖောင်းပွခြင်းနဲ့ ငွေကြေးတန်ဖိုးမငြိမ်ခြင်း တပြိုင်နက်တည်းဖြစ်ခဲ့တာမလို့ စီးပွားရေးလုပ်ငန်းတွေရဲ့ သင်္ချိုင်းကုန်းကြီးဖြစ်ခဲ့တာပါ။ ကုန်ပစ္စည်းသိုလှောင်ရောင်းချခြင်းနဲ့ လည်ပတ်တဲ့စီးပွားရေးက မတည်ငြိမ်တဲ့ ငွေတန်ဖိုးကြောင့် ဘာမှဆက်လုပ်လို့မရဘဲ ထိုးရပ်သွားတယ်။ နောက်တစ်ခုကတော့ ကွန်ပျူတာတွေပါပဲ။ မောင်းနှင်ထားတဲ့စနစ်က ၁၉၉၉ ခုနှစ်အထိပဲ ကွန်ပျူတာတွေက သိမှာမလို့ သက္ကရာဇ် ၂၀၀၀ အရောက်မှာ ကွန်ပျူတာတွေက ၂၀၀၀ ကိုမသိတော့ဘဲ ၁၉၀၀ ကိုပဲ ဖတ်တော့မှာမလို့ နှစ်တစ်ရာ နောက်ပြန်ရောက်သွားတဲ့အဖြစ်ပေါ့။ အဲဒီအတွက် ပြင်ဆင်နိုင်ဖို့ အသည်းအသန်ကြိုးစားကြပေမဲ့ ၁၉၉၉ နှစ်ကုန်ကာနီးအထိ ဘယ်သူမှ စနစ်သစ်ကို Launch မလုပ်နိုင်သေးလို့ ရုံးသုံးကွန်ပျူတာတွေ ရပ်ဆိုင်းမယ်လို့ သတင်းဌာနတွေကနေ တစ်မိနစ်ကို အကြိမ်တစ်ရာလောက် မြိန်ရေယှက်ရေ ပြောခဲ့ကြချိန်ပေါ့ဗျာ။ ကဲ အဲဒါကတော့ ဝိုင်တူးကေရဲ့ သိပ္ပံနည်းကျ ကမ္ဘာပျက်ခြင်းပေါ့လေ။ အခု ဇာတ်ကားအကြောင်းပြောပါတော့မယ်။ လူစီဖာ ဆိုတဲ့ ဘုရားသခင်ရဲ့ ဒုတိယသားဦး ကောင်းကင်တမန်နတ်က စေတန် ဆိုတဲ့နာမည်နဲ့ အဆိုးဘက်ကို ကူးပြောင်းသွားပြီး ငရဲပြည်မှာ ငရဲမင်းသားအဖြစ် စိုးစံနေတာကို သိကြမှာပါ။ အဲဒီနောက် ကမ္ဘာကိုဖျက်မယ့် အတွေးဆိုးတွေကြောင့် ငရဲရဲ့ အကျဉ်းထောင်ထဲမှာ အကျဉ်းချခံခဲ့ရပါတယ်။ ထောင်စုနှစ်တစ်ခုရဲ့အဆုံးမှာ စေတန်ဟာ အကျဉ်းထောင်ကနေလွတ်မြောက်လာပြီး ကမ္ဘာပေါ်ကိုတက် ကမ္ဘာပျက်နေ့ ကို ယူဆောင်လာမယ်တဲ့။ သမ္မာကျမ်းစာ အခန်း ၂၀ အပိုဒ်ငယ် ၇ မှာ အတိအလင်း ပါပါတယ်။ ကဲ မခက်လားဗျာ။ ကမ္ဘာကိုက ပျက်ချင်နေတာလားမသိပါဘူးနော်။ ဒီတော့ ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးအကြိုည။ ကမ္ဘာပျက်မပျက် ငြင်းခုန်ကြတာတွေ ဘေးဖယ်ထား။ လူတွေစိတ်အဝင်စားဆုံးညမလို့ နယူးယောက်မြို့ရဲ့ ညဘက်လမ်းမတွေပေါ်မှာ ကြက်ပျံမကျ စည်ကားနေချိန်ပေါ့ဗျာ။ လူစီဖာက ကမ္ဘာပေါ်ကိုတက်လာမယ်။ ရွေးချယ်ခံမိန်းကလေးကိုရှာဖွေပြီး ကိုယ်လက်နှီးနှောရမယ်။ သူ့ရဲ့မျိုးစေ့ကို ချန်ခဲ့ရမယ်။ ငရဲတံခါးကိုဖွင့်လို့ ကမ္ဘာပျက်နေ့ကိုယူဆောင်လာရမယ်။ အဲဒီအချိန်မှာပဲ မင်းသားကြီးအာနိုး တာဝန်ယူစောင့်ရှောက်ရမယ့် လုပ်ငန်းရှင်ကိုယ်ထဲကို လူစီဖာ ဝင်ပူးသွားတယ်။ အဖြစ်တွေ ဆင့်ကဲဖြစ်လာရင်းနဲ့ ရွေးချယ်ခံမိန်းကလေးကို မင်းသားကြီးကစောင့်ရှောက်ပေးဖို့လိုအပ်တဲ့အဖြစ်ကိုရောက်လာပြီး မိန်းကလေးအနား လူစီဖာ မရောက်နိုင်ဖို့ ပြေးလွှားရှောင်တိမ်းကြရတဲ့အကြောင်းတွေပါ။ လူသားနဲ့ စေတန် နတ်ဆိုးရဲ့ တိုက်ပွဲကြီးပေါ့။ Oldie but Goodie လေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.3GB, 670MB Quality - 1080p, 720p, 480p IMDb Rating - 5.8/10 Format - mp4 Duration - 2H 2Min Genre - Action, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y
Action
6 1999 121 mins
End of Days
Blood: The Last Vampire
5.7
ဒီကားလေးကတော့ Japanese Animation ဇာတ်ကား Blood: The Last Vampire ကို အခြေခံ ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ အားလုံးသိကြတဲ့ ကိုရီးယားမင်းသမီးချော Jun Ji-hyun လည်း ပါ၀င်ထားပါတယ် ဆာယာဆိုတဲ့ ကောင်မ‌လေးကတော့ ငယ်ငယ်တည်းက မိဘမဲ့ဖြစ်ပြီး ခတိုဆိုတဲ့ ဆာမူရိုင်းဂျပန်အဘိုးကြီး တစ်ယောက်က ‌မွေးစားထားတာပေါ့ သူ့ အဖေကိုသတ်ခဲ့တဲ့ အိုနီဂန်ဆိုတဲ့ မကောင်းဆိုး၀ါး ကို ပြန်ကလဲ့စားချေဖို့ ကိုယ်ခံပညာကို သင်ခဲ့တယ် ဆာယာက လူတ၀က် မကောင်းဆိုး၀ါးတစ်၀က်နဲ့ မွေးလာတာ‌ကြောင့် နှစ်၄၀၀ကြာတဲ့အထိ အသက်ကြီး မသွားခဲ့ဘူး သွေးစုပ်ကောင်တွေ ကို ပြည်သူလူထု မသိစေဘဲ နှိမ်နှင်းနေတဲ့ အမေရိကန် အဖွဲ့အစည်းတစ်ခုကို ဆာယာ၀င်‌ယောက်လာခဲ့တယ် သူ့ အဖေကို သတ်တဲ့ မကောင်းဆိုး၀ါးကို ရှာရင်း သူကိုယ်တိုင် မကောင်းဆိုး၀ါးနီးနီး ဖြစ်လာတဲ့အခါ... ဓားရှည်တစ်ချောင်းနောက်ပစ်ပြီး ကြမ်းတမ်းပေမယ့် လှပနေတဲ့ မင်းသမီး Jun Ji-hyun ပါတာနဲ့ တင် ကြည့်ဖို့တန်နေတာမို့ လက်မလွှတ်တမ်း ကြည့်လိုက်ကြရအောင်ဗျာ ( အညွှန်းရေးသားထားသူကတော့ Zero ပါ ) File Size__(1.6GB) / (760MB) Quality__1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Shwe Yil Linn Encoded by Naing Aung Latt
Horror • Thriller
5.7 2009 91 mins
Blood: The Last Vampire
Texas Chainsaw 3D
5.5
Action • Drama • Mystery • Thriller
5.5 2013 92 mins
Texas Chainsaw 3D
Yahoo+
ဒီတစ်ခါမှာတော့ Thriller movie လေးတစ်ခုဖြစ်တဲ့ Yahoo+ ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ဆင်းရဲတဲ့နိုင်ငံကနေ ရုန်းထွက်‌နိုင်အောင်ကြိုးစားကြတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် Yahoo ဆိုတာ internet scam လုပ်တာဖြစ်ပြီးတော့ Yahoo+ ဆိုတာကတော့ ပိုဆိုးတဲ့ ပုံစံပေါ့ ဒီဇာတ်ကားလေးမှာတော့ ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်နိုင်ဖြစ်နေတဲ့ အဘာချာနဲ့ အိုစီဆိုတဲ့ ကောင်လေးနှစ်ယောက်ဟာ ဟောင်ကောင်က အသိနဲ့ Yahoo+ ဆိုတာကြီးကို ဘာမှ မသိဘဲ စလုပ်ကြပါတော့တယ် သူတို့တာဝန်ကတော့ ပြည့်တန်ဆာနှစ်ယောက်ခေါ်ပြီး အိပ်ဆေးခတ်ဖို့ပဲဖြစ်ပါတယ် ဒါပေမဲ့ သူတို့ခေါ်လိုက်တဲ့ ပြည့်တန်ဆာနှစ်ယောက်ထဲမှာ တစ်ယောက်က အဘာချာရဲ့ ကောင်မလေးဖြစ်နေပါတော့တယ် ဒီလိုနဲ့ အဘာချာ တစ်‌ယောက် နောက်ပြန်လှည့်လို့မရတဲ့အခြေအနေမှာ ဆက်လည်းမလုပ်ချင်ဖြစ်နေပါတော့တယ် သူတို့လုပ်မယ့် Yahoo+ ဆိုတာကရော တကယ်က ဘာများဖြစ်မလဲ အဘာချာ တစ်ယောက်ရော ဘယ်လိုတွေ ဆက်လုပ်သွားမှာလဲဆိုတာကိုတော့ ကြည့်ရှူလိုက်ကြပါဦးခင်ဗျာ File size…(897 Mb)/(405 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
Adventure • Fantasy • Romance
0 2022 84 mins
Yahoo+
Beaten to Death
5.5
မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့် ဘယ်လောက်ထိပျက်စီးစေနိုင်လဲ။ ဒီဇာတ်ကားမှာတော့ ဆုံးဖြတ်ချက်တစ်ခုကိုမှားယွင်းချခဲ့မိပြီးတော့ နယ်ဘက်တစ်ခုကိုသွားခဲ့ကြတဲ့ စုံတွဲတစ်တွဲအကြောင်းကို ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ်။ ဂျက်ခ်ဟာ သူ့မိန်းမနဲ့အတူ နယ်ဘက်တစ်ခုကိုသွားရင်းနဲ့ လမ်းမှာ လူတစ်ယောက်နဲ့တွေ့ပြီးတော့ အခြေအတင်ဖြစ်ပြီး ရန်ဖြစ်ရာက အဲဒီလူက သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးကို တိုက်ခိုက်လာပါတော့တယ်။ သူတို့တိုက်ခိုက်ကြရင်းနဲ့ ဇနီးဖြစ်သူက သေဆုံးသွားပါတယ်။ ဂျက်ခ်လည်း အသေအလဲနှိပ်စက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဂျက်ခ်ဟာ အားမလျော့ဘဲ အဲဒီလူအလစ်မှာ အသေအလဲတိုက်ခိုက်ပြီး အဲဒီလူကိုအသေသတ်နိုင်ခဲ့ပါတယ်။ သူတို့ကိုနှိပ်စက်တဲ့သူသေသွားလို့ အရာအားလုံးအဆုံးသတ်ပြီလို့ ထင်နေပေမဲ့ ဒါက အစပဲရှိပါသေးတယ်။ အဲဒီလူသေသွားတော့ သူ့မိန်းမရဲ့အလောင်းကိုသယ်ပြီး အနီးအနားကလူတစ်ယောက်ကို အကူအညီတောင်းခဲ့ပေမဲ့ အကူအညီတောင်းမိတဲ့သူကလည်း သူ့ကိုနှိပ်စက်ခဲ့တဲ့သူနဲ့ တစ်ဖွဲ့တည်းဖြစ်နေတဲ့အခါ ဂျက်ခ်တစ်ယောက် ဘယ်လိုမျိုးဒုက္ခတွေကိုထပ်ရင်ဆိုင်ရပြီး၊ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…2.01GB / 1.04GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai
5.5 2022 92 mins
Beaten to Death
Funeral in Berlin
6.8
Funeral In Berlin (1966) ~ IMDb – 6.8/10, Rotten Tomatoes – 60% ~ The Ipcress File (1965) ရဲ့ Sequel ပါ။ Len Deighton ရဲ့ စာအုပ်အပေါ် အခြေခံထားတာချင်းတူပေမဲ့ ဒါရိုက်တာကတော့မတူတော့ဘူး။ ဒီကားကတော့ Guy Hamilton လက်ရာပေါ့။ Gold Finger, Live and Let die, Diamonds Are Forever နဲ့ The Man With The Golden Gun တို့လို Bond ရုပ်ရှင် ၄ ကားအပြင် တခြားရုပ်ရှင်ပေါင်းမနည်း ရိုက်ခဲ့တာဆိုတော့ လက်ရာကိုတော့ ပြောစရာလိုမယ်မထင်ဘူး။ ဒါကတော့ သူ့ရဲ့လက်ရာကောင်း တခုပေါ့။ Sequel လို့ဆိုပေမဲ့ ပထမကားနဲ့‌ ပြန်ချိတ်ထားတာတွေ အများကြီးမရှိဘဲ သူ့ထုံးစံအတိုင်း ဇာတ်လမ်းကို အေးအေး ငြိမ့်ငြိမ့်ပဲသွားထားတယ်။ ဇာတ်ကြောင်းကတော့ ဘာလင်တံတိုင်းခတ်ထားတဲ့ကာလမှာ အရှေ့ဘာလင်ရဲ့ ဗိုလ်မှူးကြီးစတော့ခ်က ဘက်ပြောင်းချင်ကြောင်း ဗြိတိသျှဘက်ကိုအကြောင်းကြားလာတယ်။ သူ့ကိုကယ်ထုတ်ဖို့အတွက် ဟယ်ရီဟာ ဘာလင်ကိုခရီးဆက်ရတယ်။ အဲဒီအချိန်မှာ ဘာလင်တံတိုင်းကိုကျော်ပြီးထွက်ပြေးတဲ့အမှုတွေ အတော်များများဖြစ်နေတယ်။ အဲဒီကိစ္စအတွက် ဟယ်ရီတို့ ခေါ်ထုတ်ရမယ့် ဗိုလ်မှူးကြီးစတော့ခ်က အကြပ်ရိုက်နေတာပေါ့။ အဲဒီလို လွတ်မြောက်မှုတွေကြောင့် သူတို့ရဲ့ ဌာနကလည်းစောင့်ကြည့်ခံနေရပြီ၊ သူကလည်းစောင့်ကြည့်ခံနေရပြီ။ ဒါကြောင့် သူက သူထွက်တဲ့အချိန်မှာတော့ လုံးဝ ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲဖြစ်ချင်တယ်။ အဲဒီလို လူတွေ ခဏခဏ လွတ်သွားတဲ့ကိစ္စတွေကို နောက်ကွယ်က စီစဉ်ပေးနေတဲ့ ခရိုက်ဇ်မန်းဆိုတဲ့ လူတယောက်ရှိတယ်။ ဗိုလ်မှူးကြီးစတော့ခ်ကလည်း သူ့အစီအစဉ်ကို အမှားအယွင်းမဖြစ်ချင်တဲ့အတွက် သိပ်တော်ပါတယ်ဆိုတဲ့ ခရိုက်ဇ်မန်းကို ဟယ်ရီကတဆင့် ဈေးညှိပြီး အစီအစဉ်ဆွဲခိုင်းတယ်။ အစီအစဉ်အရ လူနာမည်ကိုပြောင်းဖို့ စာရွက်စာတမ်းတွေထုတ်ရတယ်ဆိုတော့ သေဆုံးသွားပြီဖြစ်တဲ့ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို သုံးကြမယ်ပေါ့။ လူသေကို အသက်ပြန်သွင်းတဲ့သဘောမျိုးပဲ။ ဒါပေမဲ့ အဲဒီ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို လိုက်နေတဲ့ လူတွေ ရှိနေတယ်။ ဘာကြောင့်လိုက်နေရတာလဲ၊ အဲဒီစာရွက်စာတမ်းကကော ဘာအရေးပါလို့လဲ၊ ဘာလင်တံတိုင်းကို ခိုးဖြတ်မယ့်ကိစ္စကကော အောင်မြင်ပါ့မလား။ ရုပ်ရှင်ရဲ့ နာမည် “ဘာလင်က ဈာပန” ဆိုတာ ဘာကိုရည်ညွှန်းသလဲ။ ဒါတွေကို အဖြေထုတ်မယ့်အပြင် အချင်းချင်း ပတ်လှည့်စားပြီး မြိုင်မြိုင်ကြီး ကွက်ကျော်တွေရိုက်ကြမယ့် ရုပ်ရှင်ပါ။ ဒါရိုက်တာ Guy Hamilton ဆိုတာ အရင်က သူလျှိုဖြစ်ခဲ့ဖူးတော့ သူ့ရဲ့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ဒိုင်ယာလော့ဂ်တွေကို ထပ်ဖြည့်ရေးထားတယ်လို့ Sir Michael Caine ကလည်း အင်တာဗျူးတခုမှာဖြေထားတယ်။ အဲဒါကြောင့် ဒိုင်ယာလော့ဂ်တွေဟာ လေယူလေသိမ်းကအစ လက်တွေ့ဆန်တယ်။ ရုပ်ရှင်ကို ရိုက်ကူးခဲ့တာကလည်း ဘာလင်မှာပါပဲ။ ရုပ်ရှင်ရိုက်နေရင်းတောင် အရှေ့ဘာလင် အစောင့်စစ်သားတွေက ကင်မရာတွေကို မှန်နဲ့ မီးလှမ်းလှမ်းထိုးပြီး နှောက်ယှက်ကြတယ်လို့ပြောတယ်။ မင်းသမီးအဖြစ်ပါတဲ့ Eva Renzi ကလည်း ဒါရိုက်တာကို ဟိုလိုရိုက်၊ ဒီလိုရိုက် ဘာညာ ဆရာကြီးလုပ်လွန်းလို့ ဒါရိုက်တာတောင် ရုပ်ရှင်မပြီးခင် ဆက်မရိုက်ချင်စိတ်ပေါက်ပါတယ်တဲ့။ ဒါတွေကတော့ ရိုက်ကွင်းအခက်အခဲလေးတွေပေါ့လေ။ စပိုင်ကားကြိုက်တဲ့လူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်မျိုးပါပဲ။ ဒီရုပ်ရှင်မှာလည်း Sequel အနေနဲ့ Billion Dollar Brain (1967) ထပ်ထွက်ထားပါတယ်။ တစ်နှစ်တစ်ကားရိုက်ပြီး ကွာလတီမြင့်နေတာကတော့ အတော်ကိုလက်ဖျားခါလောက်စရာအချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 885MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 42Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y
Drama • Romance
6.8 1966 102 mins
Funeral in Berlin
Lobola Man
မင်္ဂလာဆောင်တွေမှာ မိသားစုနှစ်စုပေါင်းဖက်ဖို့အတွက် တင်တောင်းငွေညှိနှိုင်းမှုအတွက် ထုံးတမ်းကို သူတို့အတွက် လိုဘိုလာညှိနှိုင်းမှုလို့ခေါ်ကြပါတယ်။ မင်္ဂလာမဆောင်ခင်မှာ လိုဘိုလာညှိနှိုင်းမှုက မဖြစ်မနေလုပ်ဆောင်ရတဲ့ ထုံးတမ်းတစ်ခုပေါ့။ ဒီလို ညှိနှိုင်းမှုမျိုးမှာ ညှိနှိုင်းတတ်တဲ့သူမရှိရင် အဆင်မပြေဖြစ်တတ်ပါတယ်။ ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် လိုဘိုလိုညှိနှိုင်းသူအနေနဲ့ လုပ်ကိုင်နေတဲ့ အေ့စ်ငူဘီနီဆိုသူရှိပါတယ်။ အေ့စ်ငူဘီနီဟာ ငယ်ငယ်လေးကတည်းက အချစ်ကို အယုံအကြည်မရှိခဲ့သူတစ်ဦးပါ။လိုဘိုလိုညှိုနှိုင်းသူအနေနဲ့လုပ်ဆောင်နေရင်း ဘားတစ်ခုမှာ ဇန်ဒီဆိုတဲ့ကောင်မလေးကိုမြင်ပြီးတော့ ကြွေသွားပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီကောင်မလေးဟာ သူ့ရဲ့ ဖောက်သည်တစ်ဦးဖြစ်တဲ့ဒုခ်နဲ့ လက်ထပ်မဲ့သူဖြစ်နေတဲ့အခါမှာတော့ …… ပရော်ဖက်ရှင်နယ်ကျတဲ့ လိုဘိုလာညှိနှိုင်းသူတစ်ယောက်အနေနဲ့ ဒုခ်နဲ့ ဇန်ဒီကို ဘယ်လိုတွေ ညှိနှိုင်းမှုပြုလုပ်ပေးမလဲ …. သူတို့ကိစ္စတွေကရော အဆင်ပြေပါ့မလား …… အေ့စ်အနေနဲ့ကရော ဇန်ဒီနဲ့ ဘယ်လိုတွေ ဖြစ်လာဦးမလဲ… ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသအချစ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ်) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura
0 2024
Lobola Man
Trim Season
5
ဝေါ်ကီးကြိုက်တဲ့ ဝေါ်ကီးဘဲကြီးတွေအတွက် ထူးထူးခြားခြား ဆန်းဆန်းပြား‌ပြား Horror Movie လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဆေးခြောက်တွေကို ထုတ်ကုန် တစ်ခုအဖြစ် ဖန်တီးတဲ့အခါမှာ အချောသတ်အဆင့်ကို ရောက်အောင် ကိုင်းတွေအရွက်တွေကိုအရင်ညှပ်ပေးရပါ သေးတယ်။အဲ့ဒီသဘောတရားကိုအခြေခံပြီး ဒီဇာတ်ကားနာမည်ကို Trim Season လို့ပေးထားတာဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ဂျိမ်းစ်ဆိုတဲ့လူတစ်ယောက်က ဆေးခြောက်တွေကို ရိတ်သိမ်းပြီးညှပ်ရတဲ့ ရာသီရောက်ရင် ညှပ်ပြီးအချောသတ်ပေးမဲ့ လူတွေကိုလိုက်လံရှာဖွေနေသူ တစ်ယောက်ဖြစ်ပါတယ်။ဒီအလုပ်က တရားမဝင်အလုပ်ဆိုတော့ ပိုက်ဆံတွေအများကြီးရတဲ့အတွက် လုပ်ချင်တဲ့သူတွေကလည်း တန်းစီနေတာပါပဲ။ အဲ့ထဲမှာ အမ်မာဆိုတဲ့ မကြာသေးခင်ကမှ အလုပ်ပြုတ်ထားပြီး အိမ်လခမပေးနိုင်လို့ ငှားထားတဲ့ အိမ်ကနေ ဖယ်ပေးရတော့မဲ့ ကောင်မလေးတစ်ယောက်ပါပါတယ်။အမ်မာက သူ့သူငယ်ချင်းရဲ့ ချိတ်ဆက်ပေးမှုကြောင့် ဂျိမ်းစ်နဲ့သိသွားပြီး အဲ့ဒီအလုပ်ကိုလုပ်ဖို့ စတင်ထွက်ခွာလာခဲ့ပါတော့တယ်။ စစချင်းကတည်းက သူတို့မှာပါလာတဲ့ကားတွေကို ထားခဲ့ရပြီး လူသူကင်းမဲ့တဲ့တောကြီးမျက်မည်းထဲက စိုက်ခင်းတစ်ခုဆီကို ခေါ်လာခဲ့ပါတော့တယ်။ပါလာတဲ့သူတွေ အကုန်လုံးက မိန်းကလေး တွေဖြစ်ပြီး မကြာခင်မှာပဲအလုပ်ကိုယ်စီစလုပ်ရပါတော့တယ်။ ဒါပေမယ့် ဒီလိုလွယ်လွယ်ကူကူအလုပ်လုပ်ပြီး ပိုက်ဆံအများကြီး ရမယ်ဆိုတာက ကလေးကိုသကြားလုံးပေးပြီးမျှားခေါ်သလို သဘောတရားနဲ့အတူတူပဲဆိုတာကို မသိရှာတဲ့ အမ်မာနဲ့အလုပ် လာလုပ်တဲ့ကောင်မလေးတစ်သိုက် ဘယ်လိုထိတ်လန့်စရာတွေ ကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ File size…1.92GB / 876MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
5 2023 100 mins
Trim Season
Serpent’s Path
7
Serpent’s Path (1998) IMDb Rating (7.0) / Rotten Tomatoes (81%) Japanese horrorတွေဟာ ဟော်ရာလောကကို လွှမ်းမိုးမှုကြီးခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့ ငြင်းမရဘူး။ ဂျပန်ဟော်ရာတွေက ဆိုက်ကိုလိုဂျစ်ကယ်ဟော်ရာဘက်ကို အလေးပေးပြီး ဇာတ်ကောင်တွေရဲ့ စိတ်အားပြိုင်မှုကို အခြေတည်တည်ဆောက်တတ်တာများတယ်။ ၁၉၅၀ဝန်းကျင် ဂျပန်ရုပ်ရှင်လောကရဲ့ ဟော်ရာတွေမှာတော့ တစ္ဆေဇာတ်လမ်းတွေ , သဘာဝလွန်တွေ , ဂေါ်ဇီလာတို့လို ခိုင်ဂျူတွေ များခဲ့တယ်။ လက်ရှိခေတ်ရဲ့ Master of Horrorလို့ သတ်မှတ်ကြတဲ့ psychological horrorတွေချည်းရိုက်တဲ့ ခိရိုရှိကူရိုဆာဝါကတော့ သူ့ဟော်ရာတွေကို မတည်ငြိမ်တဲ့ နောက်ခံအခြေအနေတွေ အဖြေမပေးသွားတဲ့ အမေးတွေ , ဒီအခြေအနေဆီ တွန်းပို့လိုက်တဲ့ ဇာတ်ကောင်တွေရဲ့ စိတ်အနေတွေနဲ့ တည်ဆောက်တတ်တယ်။ တစ်ချို့ကတော့ ခိရိုရှိကူရိုဆာဝါဟာ ဟော်ရာကားရိုက်ဖို့ သူ့ပရိသတ်ကို ခြောက်ပြစရာမလိုတော့တဲ့ အနေကို ရောက်နေပြီလို့ ပြောကြတယ်။ ကျွန်တော်လည်း အဲဒီလိုပဲမြင်ပါတယ်။ Seperent’s Path (1998)နဲ့ Eyes of the Spider (1998)ကို ခိရိုရှိက သူ့ရဲ့နာမည်ကျော် Cureကို ရိုက်ပြီး နောက်နှစ်မှာ ရိုက်ခဲ့တယ်။ ထူးတာက ဒီ၂ကားမှာ အဓိကဇာတ်ကောင်က အတူတူပဲ။ ဇာတ်နောက်ခံအကြောင်းအရာလည်း အတူတူပဲ။ ဒါပေမဲ့ ဇာတ်လမ်းကတော့ လုံးဝကွဲပြားခဲ့တယ်။ ဒီလိုမျိုး အခြေခံတူတဲ့၂ကားကို တစ်နှစ်တည်း ထုတ်လိုက်တာက တော်တော်ထူးခြားသလို သတ္တိလည်းမသေးဘူးလို့ ပြောရမှာပဲ။ အဲဒီထက်ပိုသတ္တိကောင်းတာက ဒီနှစ်မှာ Seperent’s Pathကို ပြင်သစ်သရုပ်ဆောင်တွေပါ ထည့်သုံးပြီး ပြင်သစ်စကားပြောနဲ့ သူ့ကားကို သူ့ဘာသာသူပြန်ရိုက်ခဲ့တာပါပဲ။ မကြည့်ခင်ကတော့ သူ့မှာပြင်စရာတစ်ခုခုရှိလို့လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း ဒီဇာတ်၂ခုမှာ အသစ်မှာ ပိုရှင်းလင်းသွားတာကလွဲလို့ ဘာမှမပြောင်းလဲသွားဘူး။ ဒီပိုရှင်းလင်းသွားတဲ့အချက်ကိုလည်း ကျွန်တော်တော့ သိပ်သဘောကျလှတယ်မဟုတ်ဘူး။ သူ့ဟန်ပျက်ပါတယ်။ ဒါပေမဲ့ ခိရိုရှိအနေနဲ့ မရိုက်ဘဲပျောက်နေတဲ့နှစ်တွေရှိခဲ့သလို ဒီနှစ်မှာတော့ တစ်နှစ်တည်း သုံးကားတောင်ထွက်ဖို့ရှိတော့ ( Chimeနဲ့ အခုကားကတော့ ထွက်ပြီးပြီ) အပြစ်ပြောရလည်း ခက်ပါတယ်။ ဘာလို့ဆို ထွက်ပြီးတဲ့ ဒီကားနဲ့ Chimeကတော့ သာမန်လူတစ်ယောက်ကနေ မူမမှန်တဲ့အခြေအနေတစ်ခုကို ဘယ်လိုရွေ့သွားနိုင်လဲပြထားတဲ့ ကားတွေဖြစ်နေတော့ ဒီလိုပုံစံမျိုးကိုသူပြန်ရိုက်ကြည့်ချင်ခဲ့လို့လည်း ဖြစ်နိုင်တယ်။ 98ကားရဲ့ ကွဲပြားတဲ့ အသိရခက်ခြင်းအရသာကို ပေးစွမ်းနိုင်တဲ့ အဓိကအချက်တွေထဲ Sho Aikawaရဲ့ နိဂျိမဇာတ်ကောင်က တော်တော်လေး အေးစက်ပြီး အသိရခက်နေတာကြောင့်လည်း ပါလိမ့်မယ်။ ၂၀၂၄ကားမှာတော့ ဇာတ်ကောင်က ဒီလိုဇာတ်ကောင်အဖြစ်ကနေ ပိုပြီး သာမန်ဆန်တဲ့လူတစ်ယောက်အဖြစ်ကို လျောဆင်းသွားတယ်။ သူ့နောက်ပိုင်းကားတွေအရတော့ ခိရိုရှိကတော့ ဒါကိုလိုချင်တာဖြစ်နိုင်ပေမဲ့ ပရိသတ်အနေနဲ့ ကျွန်တော်တော့ မလိုချင်လှဘူး။ ပြောရရင် ၉၈ကားမှာတော့ ခိရိုရှိဟာ ဇာတ်ကောင်ရဲ့အသိရခက်မှုနဲ့ အေးစက်မှုကို အသုံးချသွားပေမဲ့ ၂၀၂၄ကားမှာတော့ ခိရိုရှိဟာ ဒီနှစ်တွေထဲ သူရိုက်ခဲ့တဲ့ပုံစံတွေအတိုင်း ဘာမှမထူးခြားတော့တဲ့ သာမန်လူတစ်ယောက်ကနေ ရွေ့သွားတဲ့ အရွေ့ကိုပဲ တင်ပြသွားတယ်။ ဆိုတော့ သူ့ဟော်ရာတွေဟာ ဟော်ရာအဖြစ်ရိုက်ပြထားတာမဟုတ်တဲ့ လောကကြီးက ဟော်ရာတွေကိုပဲ တင်ပြတဲ့ အဆင့်ကိုရောက်သွားတယ်လို့ မြင်တာပါပဲ။ နောက်ထွက်မယ့် Cloud (2024 )လည်း ဒီလိုပဲလာဦးမယ် ထင်ပါတယ်။ ဇာတ်အိမ်ကတော့ တော်တော်လေးကျဉ်းသလို အဖြစ်အပျက် ငါးခုထက်မပိုတာမို့ ကားအရသာမပျက်စေဘဲ ဇာတ်အိမ်ကို ပြောပြဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ပြောနိုင်တာက psychological horror ဖန်ဆိုရင်တော့ ၉၈ကားကိုကြည့်သင့်ပြီး ခိရိုရှိကူရိုဆာဝါ ဖန်ဆိုရင်တော့ ၉၈ကားကြည့်ပြီးလည်း ၂၄ကားကို ဆက်ကြည့်သင့်ပါတယ်။ သူ့အရွေ့ကို ကျွန်တော်တို့ မြင်ရမှာပါပဲ။ တစ်ချက်ရှိတာက ၂၄ကားမှာ ဇာတ်ကောင်သာ ပိုသာမန်ဆန်သွားတာမဟုတ်ဘဲ Serpent’s Path ဆိုတဲ့ အဓိပ္ပာယ်ကိုပါ သူ့ဘာသာ အဓိပ္ပာယ်ပြန်ဖွင့်ပေးသွားခဲ့တယ်။ ၉၈ကားမှာတော့ မဖြေထားတဲ့အမေးတွေက များပေမဲ့ ခေါင်းစားနေစရာတော့ မလိုပါဘူး။ အနုပညာဖန်တီးမှုတွေတိုင်းက ဖန်တီးသူတည်ဆောက်ထားတဲ့ အပေါ်ယံမျက်နှာပြင်ကြောတွေပါပဲ။ သူ့အနက်ကို ခံစားသူက ကိုယ်ပိုင်နည်းလမ်းနဲ့ ကိုယ်သွားချင်သလို သွားခွင့်ရှိတဲ့ အရာတွေပါပဲ။ အငြင်းပွားစရာတော့ မရှိဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(2.5 GB) / (760 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Thriller Duration….01:25:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wira Aung
Comedy • Crime
7 1998
Serpent’s Path
Frozen Stiff
8.3
Frozen Stiff (2002) IMDb Rating (8.3) Frozen Stiff ဆိုတဲ့ရုပ်ရှင်ကားက အစမှာတော့ ရိုးရိုး ခရီးစဉ်လေးထင်ရပေမယ့် Jason London နဲ့ Elizabeth Berkley တို့အတွက်တော့ ဟာသနဲ့ စွန့်စားခန်းတွေအပြည့်ဖြစ်လာတဲ့ ရင်ခုန်စရာ ခရီးစဉ်တစ်ခုပါပဲ။ ဒါရိုက်တာ Gary Griffith က ရိုက်ကူးထားပြီး အက်ရှင်၊ ဟာသနဲ့ စိတ်လှုပ်ရှားမှုတွေ ကြောင့် သင့်ကိုသဘောကျစေမယ့် ဇာတ်ကားကောင်းတစ်ခုပါ။ ဇာတ်လမ်းအရ သူတို့စတဲ့ ခရီးစဉ်က ရိုးရိုး မီးရထားခရီးပါ။ ဒါပေမယ့် ခရီးစဉ်အစပိုင်းမှာပဲ ဟာသအဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုကို ဖြစ်လာပါတော့တယ်။ လူတိုင်းကလည်း အမျိုးမျိုးတွေဖြစ်လာတဲ့အခါ Jason London က သူ့ရဲ့ အမိုက်စား စွန့်စားခန်းကိုပဲ အက်ရှင်အပြည့်ဖြည့်ပြီးတော့ ရိုက်ကူးဖော်ပြထားပုံက ကြည့်ရှုသူတွေအတွက် လုံးဝ ရယ်နေစေရပါတယ်။ Elizabeth Berkley ကလည်း တခန်းချင်းစီမှာ သရုပ်ဆောင်ချက်တွေ ထက်ထက်မြတ်မြတ်မို့ အပီအပြင် ကြည့်ကောင်းပါတယ်။ အက်ရှင်နဲ့ ဟာသကားတွေကို သဘောကျတဲ့သူတွေအတွက် ဒီဇာတ်ကားက ကွက်တိ ဖြစ်ပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar ‌Aung ဖြစ်ပါတယ်။) File size…(1.3 GB) Quality….Blu-Ray 720p Format….mp4 Genre….Comedy, Drama Duration….01:45:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar ‌Aung
Horror • Science Fiction • Thriller
8.3 2002
Frozen Stiff
Haunters
6.3
Haunters (2010) ***************** IMDb….. 6.3 ဒီတစ်ခေါက်မှာတော့ ၂၀၁၀ခုနှစ်မှာပြသခဲ့တဲ့ Action, Sci-fi ရုပ်ရှင်ကား Hauntersနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဓိကဇာတ်ကောင်အနေနဲ့ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Gang Dong Won နဲ့ Go Soo တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကားသင်္ချိုင်းမှာ အလုပ်လုပ်နေတဲ့ အင်ဂယူနမ် (Go Soo)က တစ်နေ့မှာ အလုပ်ပြုတ်ပြီး ယူထိုပီးယားလို့ခေါ်တဲ့ ချေး‌ငွေလုပ်ငန်းတစ်ခုမှာ အလုပ်ရသွားခဲ့တယ်။ အင်ဂယူနမ်က ရိုးသားကြိုးစားပြီး သဘောကောင်းသူမို့ ဆိုင်ရှင်သူ‌ဌေး ဂျောင်ရှစ် (Byeon Hie-Bong)၊ ဆိုင်ရှင်ရဲ့ သမီးဖြစ်သူ ချွဲယောင်းဆု (Jung Eun-Chae)နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့အပြင် ကားသင်္ချိုင်းမှာ အတူတူလုပ်ခဲ့တဲ့ သူငယ်ချင်းတွေနဲ့လည်း ရင်းရင်းနှီးနှီးနေတဲ့သူပေါ့။ တစ်ဖက်မှာတော့ သူတစ်ပါးစိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ချိုအင် ( Gang Dong Won ) က က‌လေးဘဝထဲက အိမ်တွင်းအကြမ်းဖက်မှုကြောင့် အဖေဖြစ်သူကို ကိုယ်တိုင်သတ်ခဲ့တဲ့ စွမ်းအားရှင်တစ်ယောက်ဖြစ်တယ်။ လူထူးလူဆန်းလို့ သတ်မှတ်ပြီး လူတွေနဲ့အဝေးမှာနေတဲ့ ချိုအင်ကတော့ စိတ်စွမ်းအားကိုသုံးပြီး ချေး‌ငွေလုပ်ငန်းရှင်တွေဆီက ပိုက်ဆံတွေကိုယူပြီး ပြစ်မှုကျူးလွန်နေခဲ့တာဖြစ်တယ်။ တစ်နေ့မှာတော့ အင်ဂယူနမ်တို့ ဆိုင်ကို ရောက်လာပြီးဆိုင်ရှင်သူဌေးကို သတ်ပြီး အင်ဂယူနမ်ကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်။ ဆိုင်ရှင်သူဌေးသေသွားရတာကြောင့် အင်ဂယူနမ်က ချိုအင်ကို ဖမ်းဖို့ ကြိုးစားတဲ့အခါမှာတော့… စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့ ချိုအင်ကို အင်ဂယူနမ်တစ်ယောက် အနိုင်ယူတိုက်ခိုက်သွားနိုင်မှာလား… အင်ဂယူနမ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာကိုတော့ ကြည့်ရှုလိုက်ရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Stary ပဲ ဖြစ်ပါတယ်။) File Size : 1.63GB/ 700MB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…01:48:36 Genre : Action, Drama, Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Tiff
6.3 2010 114 mins
Haunters
The Surfer
6.5
The Surfer ကတော့ မင်းသားကြီး Nicolas Cage ရဲ့ psychological thriller/suspense ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အဖေတစ်ယောက်က သူငယ်ငယ်ကကြီးပြင်းလာခဲ့တဲ့ကမ်းခြေမှာ လှိုင်းအတူတူစီးကြဖို့သူ့သားကိုခေါ်လာခဲ့ရင်း ကမ်းခြေအနီးအနားမှာနေထိုင်သူတွေကကမ်းခြေကိုအပိုင်သိမ်းထားပြီး သူတို့သားအဖကိုမောင်းထုတ်တာကိုခံခဲ့ရပါတယ်။ အဲဒီလူတစ်စုက အများပိုင်ကမ်းခြေတစ်ခုမှာ လူမိုက်တွေလိုရမ်းကားနေကြတာကို မြင်တွေ့လိုက်ရပြီးနောက် သူတို့အဖွဲ့ကိုပြန်လည် ရင်ဆိုင်တုံ့ပြန်ဖို့ကြိုးစားရင်း သူ့ရဲ့အစီအစဉ်တွေကမောက်ကမဖြစ်ကာ အရာရာဝေဝါးလာပြီး ကြည့်ရှုနေတဲ့သူကိုပါ စိတ်မောစေနိုင်တဲ့ psychological thriller ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ File size… (6.83 GB) /(2.10 GB)/( 1.03 GB) Quality… WEB-DL 4K HEVC / 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai & Benjamin Translated by Senju
Comedy • Drama • Romance
6.5 2024 100 mins
The Surfer
Grassland
ဒါကတော့ အသက်နှစ်ဆယ်အရွယ်ကောင်မလေးတစ်ဦးရဲ့ ဘ၀ကိုအဖြေရှာပုံ ဇာတ်‌အေးကားတစ်ကားပါပဲ ။ လမ်းပျောက်နေတဲ့ မိန်းမငယ်လေးက အမေဖြစ်သူဆုံးပါးသွားခါနီး ပြောခဲ့တဲ့စကားကြောင့် ဝေးလံခေါင်ဖျားတဲ့ဒေသက မွေးမြူရေးခြံတစ်ခြံကိုရောက်လာခဲ့တယ် ။ ခြံပိုင်ရှင်လင်မယားက သူ့ကိုနွေးထွေးစွာကြိုဆိုကြပေမဲ့ အဖြေရှာမရတဲ့မေးခွန်းပေါင်းများစွာရှိနေတဲ့သူအ‌နေဖြင့် အ‌မေဖြစ်သူရဲ့ အတိတ်မှာ ဒီလင်မယားနှင့် ဒီမွေးမြူရေးခြံကြီးက ဘယ်လိုတွေများ ပါ၀င်ဆက်နွယ်နေသလဲ‌ဆိုတာကို ‌ဖော်ထုတ်သွားမှာကို ကြည့်ရမှာပါ ။ File size…(921 MB)/(453 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Serenity
Drama • Romance
0 2024
Grassland