YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Ang Pambansang Third Wheel (2018) 720p.mp4

1 GB N/A video/mp4 227 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Psycho Beach Party
5.9

၂၀၀၀ ၀န်းကျင်လောက်က ဇာတ်ကားတွေကို သိပ်သဘောကျမိတယ်။ အခုခေတ်လို CGI ကောင်းကောင်း မရှိသေးပေမယ့် စိတ်ကူးအသစ် အဆန်းတွေနဲ့ ဇာတ်ကားတစ်ကားနဲ့တစ်ကား မထပ်ရအောင် ဖန်တီး ရိုက်ကူးပြီး ရုပ်ရှင်လောကရဲ့ခေတ်တစ်ခေတ်ဖြစ်ခဲ့တယ်လို့ တစ်ဦးတစ်‌ယောက်တည်း အမြင်အရ ပြောချင်ပါတယ်။ အထူးသဖြင့် Psychological ဇာတ်ကားတွေဟာ အဲဒီနှစ်ပိုင်းတွေမှာ အများဆုံး ရိုက်ကူးခဲ့ပြီး အခုချိန်အထိ ပြောစမတ်တွင်နေကြတဲ့ထိ လက်စွမ်းပြ ရိုက်ကူးနိုင်ခဲ့ကြပါတယ်။ အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားဟာလည်း ၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ခေါင်းစဉ်ထဲကအတိုင်း ကမ်းခြေက ပါတီ တစ်ခုမှာ စိတ္တဇတစ်ယောက်ရဲ့ လူသတ်မှုအကြောင်းကို ရိုက်ကူး ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ၁၇နှစ်သမီး ဖလော်ရန့်စ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ သူနဲ့ရွယ်တူကောင်မလေးတွေ လူကြီးစိတ်၀င်‌လာကြတာကို စိတ်ပျက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့တော့ ကမ်းခြေမှာ ရေလွှာလျှောစီးနေတဲ့သူတွေကို တွေ့လိုက်ပြီး သူကိုယ်တိုင်ပါ ရေလွှာလျှောစီးချင်လာပါတယ်။ ဒီလိုနဲ့ ရေလွှာလျှောစီးတဲ့ ကောင်လေးတွေက သူ့ကို ကြက်ပေါက်လို့အမည်ပေးလိုက်ရာကစပြီး သူ့နာမည်က ကြက်ပေါက်ဖြစ်သွားပါတယ်။ ကြက်ပေါက်မှာ personality disorder ဆိုတဲ့ စိတ်ရောဂါတစ်မျိုးရှိနေပြီး တခါတလေမှာ အန်နီဘိုးမန်း ဆိုတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင်ပဲ ကမ်းခြေမှာ လူသတ်မှုတွေ တစ်ယောက်ပြီးတစ်ယောက် ဖြစ်လာတဲ့အခါမှာ လူသတ်သမားက အသိစိတ်လွတ်နေတဲ့ ကြက်ပေါက် ဖြစ်နေမလား ဒါမှမဟုတ် တခြားတစ်ယောက်ယောက် ရှိနေဦးမလား ဆိုတာ စိတ်၀င်စားစရာကောင်းပါတယ်။ စိတ္တဇဇာတ်ကားဖြစ်ပေမယ့် ဟာသဆန်ဆန် ရိုက်ကူးထားတာကြောင့် horrorကြိုက်သူရော comdey ကြိုက်သူတွေပါ ကြိုက်နှစ်သက်မယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ်။ File size…2.21GB / 1.03GB Quality…Blu-Ray 1080P 5.1CH  / 720p Format…mp4 Duration….1h 35m Genre ..... Comedy , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Comedy • Family • Fantasy • TV Movie
5.9 2000 95 mins
Psycho Beach Party
Possession
7.3

တစ်ချိန်က UK မှာ အ ban ခံရတဲ့ Horror movie လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ စပိုင်တစ်ယောက် ဖြစ်တဲ့ မာ့ခ်ဟာ သူ့မစ်ရှင်အပြီး မိန်းမဖြစ်သူ အန်နာနဲ့ သားလေး ဘော့ဘ် ရှိရာဆီပြန်လာခဲ့ပေမယ့် မိန်းမရဲ့ ကွာရှင်းခွင့်တောင်းခြင်းကို ခံရပါတယ် ဘာကြောင့်ကွာရှင်းချင်ရလဲဆိုတဲ့အကြောင်းရင်းကို မေးမြန်းရာမှာတော့ တခြားတစ်ယောက်ရှိလို့မဟုတ်ဘူးဆိုပြီး တွင်တွင်ငြင်းခဲ့ပေမယ့် တကယ်တော့ ရှိနေပါတယ် ကဲ ကွာမယ် အိမ်နဲ့ကလေးကိုပေးလိုက်တော့ အန်နာဟာ ကလေးကို အိမ်ထဲမှာ ရက်သတ္တပတ်အတော်ကြာ တစ်ယောက်တည်း ပစ်ထားတယ် သူ့ဖာသာသူ အပြင်တွေဘယ်သွားမှန်းမသိသွားရင်း ရွာလည်နေတယ် မာ့ခ်ကလည်း စိတ်ညစ် အရက်သောက်ပြီး အရက်ကြောင်တဲ့အဆင့်ထိဖြစ်လာခဲ့တယ် မာ့ခ်က သားလေးရဲ့အခြေအနေကိုမြင်လိုက်ရချိန်မှာ အိမ်ပေါ်ပြန်တက်နေဖို့ ဆုံးဖြတ်ခဲ့တယ် အန်နာကို အိမ်ပြန်မလာတော့ဖို့ပြောပေမယ့် ကလေးဗန်းပြပြီး သူလာချင်တဲ့အချိန်လာတယ် ကြောင်တောင်တောင်တွေလုပ်ပြီး ပြန်ပြန်သွားတယ် လင်ငယ်ဆီ သွားနေနေလားဆိုပြီး စုံစမ်းပြန်တော့လည်း မဟုတ် မဟုတ်နဲ့ အမှန်တရားကို မြင်လိုက်ရချိန်မှာတော့....။ IMDb 7.3အထိရရှိခဲ့ပေမယ့် အမေရိကမှာလည်း ပြသခွင့် ၂နှစ် မရရှိခဲ့တဲ့ ဇာတ်လမ်းလေး... ဘာကြောင့်လဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစား အဖြေရှာလိုက်ကြပါနော်။ သွေးထွက်သံယိုအပြင် ဝတ်လစ်စလစ်ခန်းတချို့လဲပါတာကြောင့် အသက်ပြည့်မီသူများသာ ကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ File size…(8.3 GB)/(2.7 GB)/(1.3 GB) Quality…BluRay 4K HEVC /1080p HEVC / 720p Format…mkv/mp4 Duration….02:04:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mugiwara Ya

Comedy • Romance
7.3 1981 124 mins
Possession
Death on the Nile
7.1

~ IMDB - 7.3/10, RT - 78%, Meta - 59% ~ (ဒီ Death on The Nile - 1978 နဲ့ အသစ်ထွက် 2022 ဗားရှင်းဟာ ဇာတ်ကျောရိုးချင်းအတူတူပေမဲ့ 2022 ဗားရှင်းက‌တော့ မူလကာရိုက်တာတချို့ကို ပြောင်းသင့်တန်ပြောင်း လဲသင့်တန်လဲပြီး ဇာတ်ကြောင်းတချို့ကိုပါ ခေတ်နဲ့ ဆီလျော်အောင် ပြန်ရိုက်ထားတာမို့ အဟောင်းကရော၊ အသစ်ကရော အရသာတစ်မျိုးစီ ရမှာအသေအချာပါပဲ) Death On The Nile ဟာ အဂ္ဂသာခရစ္စတီရဲ့အကောင်းဆုံး ၀တ္တု‌တွေထဲကတစ်ခုကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ အနောက်တိုင်းစုံထောက်၀တ္တုရေးဆရာတွေထဲ ဆာအာသာကိုနင်ဒွိုင်းပြီးရင် ကျွန်တော်အရင်းနှီးဆုံးက အဂ္ဂသာခရစ္စတီပါပဲ။ အမြန်ရထားပေါ်ကလူသတ်မှု၊ ဟီလာရီ၊ ဂြိုလ်မွှေတဲ့ ကျောက်မျက်ရတနာ၊ လေယာဉ်ပေါ်ကလူသတ်မှု စသဖြင့် အဂ္ဂသာခရစ္စတီ၀တ္တုတွေကို တက္ကသိုလ်နေ၀င်းက တော်တော်ဘာသာပြန်ခဲ့တာကြောင့်လည်း ရင်းနှီးနေတာပါပဲ။ သိပြီးတဲ့အတိုင်း ခရစ္စတီရဲ့၀တ္တုတွေမှာ ဇာတ်လိုက်ကျော်စုံထောက်က ဟာကြူလီပွိုင်ရို့ (ဝါ) ပွာရိုပါ။ စာအုပ်ထဲကစကားအတိုင်းပြောရရင် သမားရိုးကျစုံထောက်တွေကို စာရေးဆရာတွေက ပုံဖော်တဲ့နေရာမှာ ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်း ဖျတ်လတ်ပြီး စွန့်စားရ ဝါသနာထုံတဲ့လူတွေအဖြစ် အသက်သွင်းကြတာများပါတယ်။ အဂ္ဂသာရဲ့ ဟာကြူလီကတော့ ဘယ်ဂျီယမ်သား ပုပု နှုတ်ခမ်းမွှေးကားကားလူ၀ကြီးပါပဲ။ သို့ပေမဲ့လည်း စုံထောက်အမှုမှာ သူမတူအောင် တော်တဲ့လူပါ။ သူ့အမှုကို ဖော်ထုတ်ပုံတွေကလည်း အမြဲစိတ်၀င်စားစရာကောင်းနေတာပါပဲ။ အဂ္ဂသာခရစ္စတီဟာ ဟာကြူလီပွိုင်ရို့ပါတဲ့ စုံထောက်၀တ္တု ၃၃အုပ်၊ ပြဇာတ်၂ခုနဲ့ ၀တ္တုတို ၅၀ရေးသားခဲ့ပါတယ်။ ရုပ်ရှင်ကားအဖြစ်လည်းအတော်များများ အသက်သွင်းခဲ့သလို season 13 ခုရှိတဲ့ Series ရှည်ကြီးလည်း ထွက်ခဲ့ပါတယ်။ ပွိုင်ရို့ရဲ့ Death On The Nile အမှုဟာလည်း အမြန်ရထားပေါ်ကလူသတ်မှုလိုပဲ စိတ်၀င်စားစရာအတော်ကောင်းတဲ့ အကွေ့အကောက်အတော်များတဲ့ အမှုပါပဲ။ ခဏခဏပြန်ရိုက်ကြတဲ့ဇာတ်‌ဆိုပေမဲ့ 1978 ဗားရှင်းရဲ့ castingကို စာအုပ်ပရိတ်သတ်တွေက သိပ်အားရခဲ့ကြသလိုပဲ 1978 ရဲ့ casting ဟာ ဇာတ်ကောင်တွေနဲ့ အတော်လိုက်ဖက်ပါတယ်။ ဟာကြူလီကလည်း စာအုပ်အတိုင်းလိုက်ဖက်ပြီး အကုန်လုံးသူ့နေရာနဲ့သူ အံ၀င်ခွင်ကျရှိပါတယ်။ သုံးထားတာက Peter Ustinov တို့ Mia Farrow တို့ David Niven တို့ Betty Davis တို့ Jane Brikin တို့ Lois Chiles တို့ Maggie Smith တို့လို တစ်ခေတ်တစ်ခါရဲ့ စတားတွေချည်းပါပဲ။ All-star castတွေကို သုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးရာမှာ တကယ် အီဂျစ်ကို သွား ရိုက်ကူးခဲ့သလို လှေကလည်း သမိုင်း၀င်လှေပေါ်မှာပဲ ရိုက်ကူးခဲ့တာပါ။ ဆိုတော့ကာ ဇာတ်ကောင်အပါအ၀င် အရာအားလုံး သဘာ၀ကျတယ်လို့ ပရိသတ်ကို ကောင်းကောင်းကြီး ခံစားရစေပါတယ်။ အီဂျစ်က နာမည်ကျော် နေရာအများစုကိုလည်း လှလှပပကို ထည့်သွင်းရိုက်ကူးထားတာပါပဲ။ ဒါရိုက်တာကတော့ အီဂျစ်မှာ အဂ္ဂသာခရစ္စတီပရိတ်သတ်တွေအရမ်းများတာကြောင့် အီဂျစ်အစိုးရက ဒီရုပ်ရှင်အတွက်အများကြီးအထောက်အကူပေးခဲ့တယ်ဆိုပါတယ်။ Costume ပိုင်းမှာလည်း ဒီဇာတ်ထဲက အချမ်းသာဆုံးဖြစ်တဲ့ Linnet တဖြစ်လဲ Chiles ရဲ့ ဒေါက်ဖိနပ်မှာ စိန်အစစ်တွေစီခြယ်ထားပြီး Davis ရဲ့ဖိနပ်တွေကိုတော့ စပါးအုံး၂၆ကောင်ရဲ့ အရေခွံနဲ့လုပ်ထားတယ်ဆိုပါတယ်။ 51 ကြိမ်မြောက် အော်စကာပွဲမှာ Academy Award for Best Costume Design ကိုလည်း ရရှိထားတဲ့ ရုပ်ရှင်ပါပဲ။ အမှုအကြောင်းကတော့ မဟတော့ပါဘူး။ အရန်ကာရိုက်တာတွေအားလုံးကို သေချာပုံဖော်ထားပြီး အားလုံးက တစ်နည်းတစ်ဖုံ ထူးခြားနေကြတော့ အမှုဖြစ်ရာပတ်၀န်းကျင်မှာ ရှိသမျှလူတစ်ယောက်ချင်းစီကို သေသေချာချာစစ်ဆေးတတ်တဲ့ ဟာကြူလီရဲ့ထုံးစံအတိုင်း ရှိသမျှလူတွေကို စစ်ဆေးတာကို ကြည့်ရတာက တော်တော်အရသာရှိပါတယ်။ နောက် ဒီထဲက ပွိုင်ရို့ရဲ့ အတည်ပေါက်ကြီးနဲ့ ထပြောင်တာတွေကလည်း တော်တော်သဘောကျစရာကောင်းပါတယ်။ အဂ္ဂသာခရစ္စတီရဲ့ပုံစံအတိုင်းပဲ သံသယတရားခံတွေကို ပရိသတ်ကို တစ်ယောက်ချင်းစီ သေချာပြသွားမှာဖြစ်လို့ စိတ်ပါရင် ရုပ်ရှင်အဆုံးနားမရောက်ခင်အထိ ၀င်မှန်းကြည့်နေလို့ရပါတယ်။ နီးစပ်ကောင်းနီးစပ်တဲ့အဖြေကိုရနိုင်ပေမဲ့ သေချာတာကတော့ ကျိန်းသေပေါက်တပ်အပ်တော့ မှန်မှာမဟုတ်ပါဘူး။ ဘာလို့ဆို အဂ္ဂသာခရစ္စတီမို့ပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.1GB, 1.1GB Quality - Blu-ray 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 20Min Genre - Crime, Drama, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action
7.1 1978 140 mins
Death on the Nile
Rugrats in Paris: The Movie
6.1

Rugrats In Pairs 2000 IMDb 6.1 ဒီတစ်ခါတော့ ဒီကလေးတစ်သိုက်က တောထဲရော လူသူကင်းမဲ့တဲ့ကျွန်းပေါ်ပါရောက်သွားတာမျိုးမဟုတ်ဘဲ ပဲရစ်မြို့ကြီးကိုရောက်သွားတာပါ အလုပ်မှာအမှားဖြစ်သွားတာကြောင့် ReptarLandရဲ့ တာဝန်ရှိသူက ချက်ကီရဲ့အဖေကိုလှမ်းခေါ်ပြီး အမှားပြင်ဆင်ခိုင်းပါတယ် ချက်ကီမှာအားလုံးသိကြတဲ့အတိုင်း အမေမရှိပါဘူး တခြားကလေးတွေလိုမိခင်ရဲ့နွေးထွေးကြင်နာမှုကိုမခံရဘဲ ဖခင်နဲ့ပဲကြီးပြင်းလာတဲ့ချက်ကီလေးတစ်ယောက်ပဲရစ်မြို့ကြီးမှာတစ်ယောက်တည်းအထီးကျန်နေရာက သူငယ်ချင်းတွေကကြည့်မနေနိုင်တော့ဘဲ မေမေသစ်ရှာပေးမယ်ဆိုပြီး အကောင်အထည်ဖော်ပါတော့တယ် ဖြစ်ချင်တော့ ReptarLandရဲ့ တာဝန်ရှိသူ ကိုကိုးကလည်းကလေးချစ်တဲ့အထက်အရာရှိကို သူလည်း ကလေးအဖေတစ်ယောက်နဲ့ယူတော့မှာဖြစ်ကြောင်းလိမ်လည်လိုက်ရာက အထက်လူကြီးကမင်္ဂလာပွဲအထိလာကြည့်ပြီးမှ လုပ်ငန်း‌တွေဆက်လက်တွဲသွားမယ်ဆိုပြီး ပြောလာတာကြောင့် အကြပ်ရိုက်နေချိန် …တစ်ဖက်မှာလည်းမေမေသစ်လိုချင်နေတဲ့ချက်ကီနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ ကလေးမချစ်တတ်တဲ့ကိုကိုးနဲ့ ချက်ကီတို့ကလေးတစ်သိုက်ရဲ့ ဗရုတ်ကျတဲ့အလွဲတွေနဲ့ ရယ်မောစရာကာတွန်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင် Reviewed by Yunni

Crime • Drama
6.1 2000
Rugrats in Paris: The Movie
The Master Plan
7.2

မိဘမဲ့ ငယ်သူငယ်ချင်း ကောင်လေး၂ယောက်ရှိလေသည်…မာကိုတိုနဲ့ ကီဒါ.. သူတို့ရဲ့ ကမ္ဘာငယ်လေးထဲကို နောက်ထပ်မိဘမဲ့ ကောင်မလေးတစ်ယောက် ယို့ချီ ဝင်ရောက်လာပြီး အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ် ကျောင်းပြီးတော့ မင်းသား ၂ယောက်က ကားဝပ်ရှေ့တစ်ခုမှာ အတူဝင်လုပ်ကြတယ် တစ်နေ့မှာ ကားဝပ်ရှော့မှာ ခွေးတိုက်မိလို့ ကားလာပြင်တဲ့ မင်းသမီးချော လီဆာလေးကို မာကိုတိုတစ်ယောက်စွဲလမ်းသွားချိန်မှာတော့… မာကိုတိုတစ်ယောက် ဂုဏ်အဆင့်အတန်း ​ဩဇာ ငွေကြေး အရာရာမှာမိုးနဲ့မြေလို ကွာနေတာမို့ အောက်လမ်းနည်းတွေနဲ့ ကြိုးစားရုန်းကန်ခဲ့တယ် အချစ်ဆုံးသူငယ်ချင်း ကီဒါကလည်း မြေအောက်ဂိုဏ်းဝင်တစ်ယောက် အဖြစ်ခံပြီး မာကိုတိုရဲ့ ခရစ္စမတ် အကြိုညမှာလုပ်မယ့် လက်ထပ်ခွင့်အစီအစဥ်ကြီးကို တစ်စိုက်မတ်မတ် ပါဝင်ကူညီခဲ့တယ် ဆယ်နှစ်ကြာသွားချိန်မှာတော့ စီစဥ်ထားတဲ့ညဟာ ရောက်ရှိလို့လာခဲ့တယ် သူတို့ရဲ့ သူငယ်ချင်းမလေး ယို့ချီဟာ ဘယ်နေရာကိုရောက်နေလဲ ဘာဖြစ်လို့ မာကိုတိုကရော လီဆာကို တန်းတန်းစွဲဖြစ်နေရသလဲဆိုတာ plot twist အကြီးစားလေးနဲ့ ကြည့်ရှုခံစား ကြေကွဲရမှာဖြစ်ပါကြောင်း… ဒီဇာတ်ကားလေးမှာ သူငယ်ချင်းတွေရဲ့ချစ်ခြင်း မေတ္တာနဲ့ ၃ပွင့်ဆိုင် ချစ်ဇာတ်လမ်းလေး ခေါင်းစဉ်အတိုင်း သူငယ်ချင်း၃ယောက်ရဲ့ ကမ္ဘာငယ်လေး ဘယ်ပုံဘယ်နည်းနဲ့ ပျက်သုဉ်းသွားရလဲဆိုတာကို ကြည်နူးဖွယ် ဝမ်းနည်းဖွယ် ကြည့်ရှုရမှာမို့ တစ်ရှူးလေးတော့ ဆောင်ထားကြပါလို့… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ ) File Size__(1.5GB) / (650MB) Quality__WEB-DL_1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__01:41:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Naing Aung Latt

Drama • Horror • Science Fiction • Thriller
7.2 2021
The Master Plan
[18+] A Friend’s Wife Sold in Debt
5

(18+) My friend’s wife sold in debt (2022) ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်း သူငယ်ချင်း ပေးရမယိ့အကြွေးအစား မိန်းမဖြစ်သူနဲ့ လဲပြီး ပေးလိုက်တာပါ ငွေခဏခဏလိုနေတဲ့ ကောင်လေးက ငွေရှိတဲ့ သူ့သူငယ်ချင်းဆီက ပိုက်ဆံချေးပြီး မပေးနိုင်တော့ သူမိန်းမကို ပေးဖို့လုပ်တာပါ အစကတော့ သူငယ်ချင်းအိမ်မှာ အိမ်အကူ အလုပ်လုပ်ပေးရင်းကနေပဲ သူငယ်ချင်းရဲ့ တဏှာအောက်မှာ မြောပါသွားတဲ့ ဇာတ်ကားလေးပါ ဒါတင်မကသေးဘဲ ပိုက်ဆံချေးတဲ့သူက သူ့ကို ‌ပိုက်ဆံထုတ်ပေးတဲ့ သူ့သူငယ်ချင်းရဲ့ မိန်းမကိုပါ ပြန်စားရင်း အဆုံးပါ မင်းမိန်းမလည်းငါ့မိန်းမ ငါ့မိန်းမလည်း မင်းမိန်းမ ဆိုသလို ဖြစ်သွားတဲ့ ဇာတ်ကားလေးပါ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ရမယ့် ဒီကားလေးကိုတော့ တစ်ယောက်တည်း ကြည့်ဖို့တော့လိုပါမယ်နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Rookie ပဲ ဖြစ်ပါတယ်။ Genre….. Adult, Drama Quality…. 1080p | 720p | 480p File size… 971MB | 411MB | 184MB Format… mp4 Duration…. 1h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rookie Encoder ….. Blank

Action • Crime • Thriller
5 2022
[18+] A Friend’s Wife Sold in Debt
2018
8.8

2018 (2023) (IMDb 8.8/10,RT 100%) ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲ အိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု ‌ မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ် ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ် Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်)

Drama • Romance
8.8 2023 150 mins
2018
Vampire’s Kiss
6.1

Vampire’s Kiss (1988) ~ IMDb – 6.1/10, Rotten Tomatoes – 63% ~ မင်းသားကြီး Nicolas Cageရဲ့ အောင်မြင်စဉ်အချိန်က ရိုက်ကူးခဲ့တဲ့ Dark Comedy Horror type Vampire ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Nicolas ရဲ့ ထူးခြားဆန်းပြားတဲ့ ကြောင်တောင်တောင် Acting Skill တွေကို တစ်ဝကြီး ခံစားရမှာပါ။ ပီတာဆိုသူဟာ စာပေအေဂျင်စီတစ်ခုမှာ တစ်နေကုန်အလုပ်လုပ် ညဆို ကလပ်တက် ဆေးချ အရက်သောက် တစ်ညလုံးမတ်တပ်ရပ်တွေနဲ့ပဲ အလုပ်ရှုပ်နေတတ်သူ။ တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါဝင်လာပြီး စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန် ကုသမှုခံယူနေတယ်။ ကုသနေရင်းနဲ့ကို သူ့ရောဂါဟာ အခြေအနေဆိုးရွားလာတယ်။ တစ်ညတော့ ဂျက်ကီဆိုတဲ့ မိန်းကလေးနဲ့ ကလပ်မှာဆုံပြီး အိမ်ခေါ်သွားခဲ့တယ်။ ချစ်ရည်လူးမလို့ အစပျိုးနေတုန်းမှာ ရုတ်တရက်သူ့အခန်းထဲကို လင်းနို့တစ်ကောင် ရောက်လာတယ်။ လင်းနို့ကို မောင်းထုတ်နေရင်း သူ့စိတ်ထဲမှာ ထူးခြားတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာတယ်။ နောက်နေ့ ဂျက်ကီနဲ့ပဲ ပြတိုက်ကို အတူလျှောက်လည်ကြတော့ ပီတာဟာ ကောင်မလေးကို ပလစ်သွားခဲ့တယ်။ နောက်တော့ ရေချယ်ဆိုတဲ့ မိန်းကလေးနဲ့ ကလပ်မှာ ဆုံတယ်။ အိမ်ခေါ်သွားပြီး ပလူးကြတော့ ရေချယ်ဟာ ပီတာရဲ့ လည်ပင်းသွေးကို အငမ်းမရစုပ်ယူပါတော့တယ်။ နောက်နေ့မနက်မှာ ပီတာဟာ မနက်စာလေး ကော်ဖီလေးနဲ့ ရေချယ်ကို ဧည့်ခံနေပေမဲ့ ရေချယ်ဟာ ရှိမနေဘူး… ပီတာဟာ တကယ်ပဲ Vampire ရဲ့ သားကောင်ဖြစ်သွားတာလား… ထင်ယောင်ထင်မှား ဖြစ်တာပဲလား… ဆိုတာတော့ ကြည့်ရှုခံစား အဖြေထုတ်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 835MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 31Min Genre – Horror, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

6.1 1988 103 mins
Vampire’s Kiss
Klem
6.3

Klem ( 2023 ) ဒတ်ချ်ကားကိုမှ အီတလီမှာ ဇာတ်အိမ်တည်ထားပြီး ဝိုင်လုပ်ငန်းတွေ စပျစ်ခြံတွေနဲ့ အီတလီရဲ့ အလှတရားတွေ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ နယ်သာလန်က ပြောင်းလာတဲ့လူတွေ အီတလီမှာ အခြေချဖို့ကြိုးစားရင်း စပျစ်ခြံလုပ်ငန်းထဲ ဝင်ပတ်သက်မိရာကနေ စပျစ်ခြံကိုလိုချင်နေတဲ့ အီတလီမားဖီးယားတွေနဲ့ နယ်သာလန်က မိသားစုနှစ်စု ရင်ဆိုင်ရတဲ့အကြောင်းပါပဲ။ မှုခင်းကားကိုမှ ဥပဒေရေးတွေပါ ရောပြီး သမထားတဲ့အပြင် ဒီမိသားစုနှစ်စုရဲ့ခင်မင်မှုကိုကြည့်ရတာလည်း ချစ်စရာကောင်းတာမို့ အငွေ့အသက်ပေါင်းစုံ ပေါင်းပြီးရနေမယ့် မှုခင်းကားပေမဲ့ စိတ်ပျော်စရာ ပေါ့ပေါ့ပါးပါးကားလေးပါပဲ။ ဇာတ်ကလည်း အကွေ့တွေအကောက်တွေနဲ့ ထူးတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ကားတစ်ကားရှာနေရင်တော့ အရွေးမမှားလောက်ပါဘူး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

6.3 2023
Klem
The Sea Shall Not Have Them
6.3

1954 ခုနှစ်ထွက် “ The Sea Shall Not Have Them “ ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက် ပေးလိုက်ပါတယ်။ “ The Sea Shall Not Have Them “ ဆိုတာကတော့ ဗြိတိန် လေကြောင်းနှင့်ပင်လယ် ကယ်ဆယ်ရေးရဲ့ ဆောင်ပုဒ်တစ်ခုပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကာလတည်ထားပြီး John Harris ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည် အသက်သွင်းထားတာလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ မြောက်ပင်လယ်ထဲလေယာဉ်ပျက်ကျခဲ့တဲ့ ဗြိတိန်ဗုံးကြဲလေယာဉ် ကစစ်သားတွေ အသက်ကယ်လှေတစ်စီးနဲ့ပင်လယ်ထဲမှာအသက်ရှင်သန်ဖို့ကြိုးစားကြပုံ, တစ်ဖက်မှာလည်း ကိုယ့်ရဲဘော်တွေ ဂျာမန်တွေလက်ထဲရောက်မသွားခင် လေကြောင်းနှင့်ပင်လယ်ကယ်ဆယ်​ရေးအဖွဲ့ရဲ့ ရာသီဥတုအခြေအနေတွေ အခက်အခဲတွေမျိုးစုံကြားက ကယ်တင်ဖို့ကြိုးစားကြပုံတွေကို ကြည့်ရှုရမှာပါ။ File size…(6.4 GB)/(3.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:31:00 Genre… Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew

6.3 1954
The Sea Shall Not Have Them
Inception
8.8

Inception (2010) IMDb Rating (8.8) / Rotten Tomatoes (87%) ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အော်စကာ လေးဆုရ မာစတာပိစ် ရုပ်ရှင်တစ်ခုကို 4K Quality ဘာသာပြန်မှန်မှန်နဲ့ Update တင်ဆက်ပေးလိုက်ပါတယ်။ Leonardo DiCaprio, Joseph Gordon-Levitt, Cillian Murphy, Tom Hardy, Elliot Page, Marion Cotillard, Ken Watanabe , Michael Caine စတဲ့သရုပ်ဆောင်တွေပါဝင်ပြီး မင်းသားတွေကတော့ နိုလန့်လက်စွဲ မင်းသားတွေပါပဲ။ ဇာတ်ကားကတော့ သိပ္ပံစိတ်ကူးယဉ်၊ အက်ရှင်စွန့်စား၊ Psychological Thriller အမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်း…. ရုပ်ရှင်ရဲ့ အခြေခံသဘောတရားကတော့ လူတွေဟာ အခြားလူတွေရဲ့ အိပ်မက်ထဲကို ဝင်ပြီး မသိစိတ်နဲ့သိစိတ်တွေထဲက အတွေးတွေစိတ်ကူးတွေကို ခိုးယူနိုင်ကြပါတယ်။ဒါကို စိတ်ဆွဲထုတ်ခြင်း Deception လို့ခေါ်ကြတယ်။ ဒီနည်းပညာကိုသုံးပြီး ကော်ပိုရိတ်ကြီးတွေ ဩဇာကြီးတဲ့လူတွေက လိုချင်တာကိုရဖို့ အချင်းချင်း တိုက်ခိုက်နေကြတာပါ။ ကော့ဘ် (လီယိုနာဒို) ဟာ အိပ်မက်ထဲကနေ အတွေးခိုးတဲ့လူတွေထဲမှာ အတော်ဆုံးပါပဲ။ ဒါပေမဲ့ သူသွားခိုးရတဲ့ သူဌေးကြီးတွေ ခေါင်းဆောင်ကြီးတွေကလဲ အိပ်မက်သမားတွေအကြောင်းကို သိနေတာမို့ သူတို့ကိုယ်တိုင် မသိစိတ်ကနေ အိပ်မက်ထဲမှာ ကာကွယ်နိုင်အောင် လေ့ကျင့်ထားပါတယ်။ ဒီတော့ ကော့ဘ်တို့ လူတစ်ယောက် အိပ်မက်ထဲကို လွယ်လွယ်ဝင်ပြီး ခိုးချင်တာခိုးလို့ ရနေတာမဟုတ်ပါဘူး။ မသိစိတ်ကနေ ထုတ်ထားတဲ့ ဇာတ်ကောင်တွေ လုံခြုံရေးတွေရဲ့ တိုက်ခိုက်တာကို အိပ်မက်ထဲမှာ ရင်ဆိုင်ရပါတယ်။ ဒါပေမဲ့ ကော့ဘ်ရဲ့အားသာတဲ့အချက်က အိပ်မက်အကြောင်း သိထားတဲ့သူတောင် မျက်စိလည်သွားအောင် အိပ်မက်ထဲက အိပ်မက် ဒါမှမဟုတ် ဒုတိယ အိပ်မက်အလွှာကို ဖန်တီးပြီး ထပ်လှည့်စားတာပါပဲ။ ဒါပေမဲ့ သူ့ရဲ့အားနည်းချက်ကတော့ သူ့ဇနီးကိုသတ်မှုနဲ့ အမေရိကန်ကို ပြန်ခွင့်မရှိသလို သူ့ရဲ့ သားနဲ့သမီးကိုလည်း တွေ့ခွင့်မရှိပါဘူး။ တစ်နေ့မှာတော့ လုပ်ငန်းရှင်ကြီးတစ်ယောက်က သူ့ကို အမေရိကန် ပြန်ခွင့်ရအောင်လုပ်ပေးမယ် မိသားစုနဲ့ပြန်ဆုံအောင်လုပ်ပေးမယ် ဆိုပြီး ကမ်းလှမ်းလာပါတယ်။ အပေးအယူအနေနဲ့ ပြိုင်ဘက်လုပ်ငန်းရှင်ရဲ့သားကို Inception လုပ်ပေးရမှာပါ။ အင်ဆက်ရှင်ဆိုတာကတော့ အိပ်မက်ပညာရှင်လောကမှာ မဖြစ်နိုင်ဘူးလို့ ယူဆထားကြတဲ့ နည်းပညာပဲဖြစ်ပါတယ်။ လူတွေရဲ့စိတ်ကူးကို ခိုးယူရတာမဟုတ်ဘူး လူတစ်ယောက်ရဲ့ခေါင်းထဲကို စိတ်ကူး အတွေးစ တစ်စထည့်ပေးလိုက်ပြီး အဲဒီစိတ်ကူးကို သူ့ဘာသာ တွေးမိတာလို့ ယုံအောင်ပါလုပ်ရတဲ့ နည်းပါ။ အဲဒီမဖြစ်နိုင်တာကိုလုပ်ဖို့ အိပ်မက်ဆေးတွေ စပ်တတ်တဲ့သူ၊ မသိစိတ်လုံခြုံရေးတွေ မဝင်နိုင်အောင် အိပ်မက် ဝင်္ကပါ ဆောက်မဲ့သူ နဲ့ သူ့လို အိပ်မက်သမား တွေကို စုစည်းပြီး ကြံစည်ပါတော့တယ်။ ဒါဆိုရင် ဆက်ကြည့်လို့ရပါပြီ။ ဇာတ်သိမ်းမှာတော့ ကောဘ့်ဟာ အိပ်မက်မက်နေတုန်းလား ကမ္ဘာအစစ်ကိုရောက်သွားပြီလား ဆိုတာ ကိုယ်တိုင် ဆက်စဉ်းစားဖို့နဲ့ ဒါရိုက်တာ Christopher Nolan ကရော ဇာတ်သိမ်းနဲ့ပတ်သက်ပြီး ဘယ်လိုအတွေးအမြင်လဲဆိုတာ အင်တာဗျူးတချို့ပါ လိုက်ဖတ်ကြည့်ကြရမှာပါ။ ++++++++++++++++++++++++ ဒီအောက်ကတော့ ကြည့်ပြီးမှ မျက်စိလည်ရင် ပြန်ဖတ်ဖို့ ရေးပေးထားတာပါ စပွိုင်လာ ပါပါတယ်။ ဒီဇာတ်လမ်းမှာ အလွှာ ၅ ခု ပါပါတယ်။ အိပ်ဆေးအပြင်းစားကို သုံးထားတဲ့အတွက် အချိန် အဆ ၂၀ ကွာပါတယ်။အရင်အိပ်မက်တွေက ၁၂ ဆပဲ ကွာတာပါ။ အလွှာ ၁ – ကမ္ဘာအစစ် (၁၀ နာရီ) အလွှာ ၂ ပထမအိပ်မက်အလွှာ – မိုးရွာနေတဲ့မြို့ ( တစ်ပတ်) အလွှာ ၃ ဒုတိယအိပ်မက်အလွှာ – ဟိုတယ် ( ၆ လ) အလွှာ ၄ တတိယ အိပ်မက်အလွှာ – နှင်းတော(၁၀နှစ်) အလွှာ ၅ – လင်ဘို (ဆိုက်တို နှစ် ၅၀ ကျော် နေလိုက်ရ၊ နှစ်ပေါင်း ရာနဲ့ချီရှိနိုင်) ကမ္ဘာအစစ်မှာ ဖစ်ရှာကို အိပ်ဆေးပေးတာ ရှင်းပါတယ်။ မိုးရွာနေတဲ့ ပထမအိပ်မက်အလွှာ (ယူဆက်ရဲ့အိပ်မက်) ဖစ်ရှာကို ပြန်ပေးဆွဲပြပြီး ဂဏန်း ၆ လုံး အတင်းမေးပါတယ်။ အဲဒီ ၆ လုံးက တတိယအိပ်မက်အလွှာမှာ မီးခံသေတ္တာဖွင့်လို့ရအောင် ပြန်သုံးပြမှာပါ။ ဒါကြောင့် ဒုတိယအလွှာကို သွားတဲ့အချိန်မှာ ယူဆက်က နေခဲ့ပြီး ပြန်နိုးဖို့ တီးလုံးသံနဲ့ အချက်ပြမှာပါ။ ကားကို ရေထဲမောင်းချပြီးအားလုံးကို ဒုတိယအလွှာဟိုတယ်ကနေ နှိုးဖို့ပါ။ ဟိုတယ် ဒုတိယအိပ်မက်အလွှာ ( အာသာရဲ့အိပ်မက်) အဲဒီမှာ ကော့ဘ်က ဖစ်ရှာကို အယုံသွင်းပြီး တတိယအလွှာဟာ ပီတာ့အိပ်မက်လို့ ထင်အောင်လုပ်လိုက်တာပါ။ ဒီတော့ အိပ်မက်ပိုင်ရှင် အာသာက နေခဲ့ပါပြီ။ ဟိုတယ်ကိုဖောက်ခွဲပြီး နှင်းတောကလူတွေကို နှိုးမှာပါ။ ပထမအိပ်မက်မှာ ကားက ရေထဲကျနေပြီ ဆွဲငင်အားပျောက်နေတော့ ဓာတ်လှေကားထဲကို ထည့်ပြီး အရေးပေါ် ဖြုတ်ချပြီးနှိုးသွားတာပါ။ နှင်းတော တတိယအိပ်မက်အလွှာ ( အီးမီးရဲ့ အိပ်မက်) အဲဒီအိပ်မက်မှာ ဖစ်ရှာ့ကို စိတ်ကူးထည့်ပေးလိုက်နိုင်ပေမဲ့ မဲလ်က ဖမ်းခေါ်သွားလို့ လင်ဘိုအထိ ကော့ဘ် နဲ့ အရီရာ့ဒ်နီတို့ လိုက်သွားရတာပါ။ နှင်းတောထဲက အဆောက်အဦကို ဖောက်ခွဲပြီး အရီရာ့ဒ်နီတို့ကို လင်ဘိုထဲကနေ နှိုးမှာပါ။ လင်ဘို လင်ဘိုမှာတော့ ရှင်းပါတယ်။ ကော့ဘ်က ဆိုက်တို့ကို လိုက်ရှာပြီး သူတို့နှစ်ယောက်သတ်သေပြီး အလွတ်ရုန်းကြတာပါ။ အိပ်မက်သုံးလွှာလုံးက နှိုးတာတွေကိုလည်း လွတ်သွားတော့ သူတို့နှစ်ယောက် ကမ္ဘာအစစ်ဆီ ပြန်ရောက်နိုင်လာလား။ ဒါမှမဟုတ် လင်ဘိုထဲမှာပဲ ကမ္ဘာအစစ်လိုဖန်တီးမိသွားတာလား။ ဆိုက်တိုကရော ဆိုက်တိုလား မဲလ်လား။ ဒါတွေကတော့ ကြည့်ပြီးမှ အတွေးပွား ဆွေးနွေးပေးကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှ တင်ဆက်ထားပါတယ်။)

Action • Horror • Science Fiction • Thriller
8.8 2010 148 mins
Inception
My Nanny Stole My Life
5.8

မော်လီကတော့ သမီးလေးမွေးဖွားပြီးတာ သိပ်မကြာသေးတဲ့ မေမေအသစ်ကလေး တစ်ယောက်ပါ။ သူ့ခမြာ မီးဖွားပြီးစ မိခင်တွေခံစားရတတ်တဲ့ စိုးရိမ်ပူပန်တာတွေလည်း ခံစားနေရပြီး သမီးလေးကို အမျိုးသမီးတစ်ယောက်က ခိုးယူသွားတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီးက ခဏခဏနှိပ်စက်နေလို ကလေးထိန်းခေါ် ဖိုကိုလည်း စိုးရိမ်နေပြန်ပါတယ်။ မော်လီရဲ့ အမျိုးသား ဖြစ်သူ နိုအာ ကတော့ ဆရာဝန်နဲ့ပြပြီး ကုသစေပါတယ်။ ဆရာဝန်ရဲ့အကြံပြုချက်နဲ့ မေမေအသစ် ကလေးတွေရှိတဲ့ အွန်လိုင်းအဖွဲမှာ အဖွဲဝင်ကြည့်ရာကနေ မေမေတစ်ယောက်က သူတိုဆီမှာ လုပ်ဖူးတဲ့ နစ်ကီ ဆိုတဲ့ ကလေးထိန်ကို ညွှန်းပေးပါတယ်။ ဒါနဲ့ နစ်ကီကို တွေ့ကြည့်ပြီး လင်မယား နှစ်ယောက်လုံး သဘောကျသွားလို ငှားလိုက်ရာကနေ ဇာတ်လမ်းစတော့တာပါပဲ။ ဒီလို ငှားပြီးတဲ့နောက် မော်လီရဲ့ စိုးရိမ်ကြောင့်ကြစိတ်တွေက ပိုဆိုး၊ မရှိတာတွေရှိတယ်ထင်ပြီး စိတ်ကယောင်ချောက်ချားတွေ ဖြစ်တော့တာပါပဲ။ နစ်ကီရဲ့ အပြုအမူတွေက သံသယ ဖြစ်ဖို ကောင်းတယ်၊ သူ့ကိုစိတ်ထင်ယောင်ထင်မှားတွေဖြစ်အောင်လုပ်ပြီး ကလေးခိုးဖိုပါကြံနေတယ်လို ခံစားရပေမယ့် သူ့ဘက်မှာဘယ်သူ မှမရှိ၊ အရင်းနှီးဆုံး သူငယ်ချင်း လင်ဆေးကလည်း သူ့ကို နားမလည်နိုင်၊ အားလုံးက သူ့ကိုစိတ်ရောဂါသည်လိုပဲ သတ်မှတ် လာတဲ့နောက် တစ်အိမ်တည်း အတူရှိနေရတဲ့ ကလေးထိန်းရဲ့ လက်ကနေ သမီးကလေးကို မော်လီ တစ်ယောက် ဘယ်လို ကာကွယ်မလဲ၊ အကုန်လုံးထင်နေသလို သူစိတ်ရောဂါ ဖြစ်နေတာလား၊ ဒီလိုတွေဖြစ်အောင် လုပ်နေတဲ့ တရားခံ အစစ်ကကော ဘယ်သူလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ File size… (1.34GB) / (660MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

Action • Crime • Drama • Thriller
5.8 2024 87 mins
My Nanny Stole My Life
Gladiator
6.5

Gladiator (1992) IMDb: 6.5/10 Shorts တွေ tiktok တွေမှာ ဗီဒီယိုအတိုလေးတွေအနေနဲ့ မြင်တွေ့နေကျ လူဖြူလူမဲ လက်ဝှေ့သမား ဖိုက်တာကားကို မြန်မာဘာသာပြန်နဲ့ တင်ဆင်ပေးလိုက်ပါပြီ။ ၁၉၉၂ကထွက်ရှိခဲ့ပြီး အတန်အသင့် ရေပန်းစားခဲ့တဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း တွမ်မီရိုင်လီဆိုတဲ့ လူဖြူကောင်လေးဟာ ဖခင်ရဲ့စီးပွားရေး အဆင်မပြေမှုကြောင့် ချီကာဂိုမြို့ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ သူတို့ကျောင်းမှာတော့ လူမျိုးပေါင်းစုံရှိပြီး လူမဲလူရမ်းကားတွေက ဂိုဏ်းတွေဖွဲ့ မိုက်ကြေးခွဲနေကြတာပါ။ ဒါပေမဲ့ တွမ်မီကတော့ အနေအေး စာတော်ပြီး သဘောရိုးဖြူစင်တဲ့ လူပါ။ ဒီလိုနဲ့ အတန်းထဲက လူမဲတချို့နဲ့ အခြေအတင်ဖြစ်ရာကနေ တစ်ဖက်က လူမဲဂိုဏ်းကြီးလိုက် ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ လူမဲဂိုဏ်းတွေကို ဦးဆောင်နေတာကတော့ ရှော့ကတ်နဲ့ လင်ကွန်းတို့ပေါ့။ အဲဒီထဲကမှ တွမ်မီလို လူဖြူလေးကို အမှုန့်ကြိတ်ချင်နေတာက ရှော့ကတ်ပါ။ ရှော့ကတ်နဲ့ လင်ကွန်းတို့ကတော့ မြေအောက်လက်ဝှေ့ကြိုးဝိုင်းမှာ နာမည်ကြီးလက်ဝှေ့သမားတွေဖြစ်ပြီး အချင်းချင်းလည်း တွေ့ရာသင်္ချိုင်းဓားမဆိုင်းပါပဲ။ တွမ်မီကတော့ ဘယ်သူ့ကြားမှဝင်မပါချင်တဲ့အတွက် ရှောင်နေသော်လည်း ရှော့ကတ်က ပြဿနာလိုက်ရှာတာကိုခံရပါတယ်။ သူတို့ရန်ပွဲကို အမှတ်မထင်တွေ့သွားတဲ့လူက မြေအောက်ပွဲစီစဉ်သူတွေထဲက တစ်ဦးဖြစ်တဲ့ ပက်ပီဂျက်ခ်ပါပဲ။ သူ့အတွက် ထိုးပေးမယ့် လူဖြူကောင်လေးလိုအပ်နေချိန်မှာ တွမ်မီရဲ့လက်ရည်ကို မြင်ခဲ့တာမို့ တွမ်မီကို တစ်ညလက်ဝှေ့ထိုးဖို့ ဒေါ်လာ၁၂၅၀နဲ့ညှိလိုက်ပါတယ်။ ဒါပေမဲ့ ထင်ထားတာထက် တွမ်မီက အရည်အချင်းပိုရှိနေတာကို မြင်တော့ လက်ဝှေ့ပွဲအဓိကဦးဆောင်သူ ဘော့စ် မစ္စတာဟောန်က တွမ်မီ့အဖေရဲ့ အကြွေးတွေကို ဆပ်ပေးပြီး တွမ်မီ့ကိုအကြွေးနဲ့ ကိုင်ပေါက်ပြီး ဆက်လက်ထိုးသတ်စေပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ တွမ်မီက မစ္စတာဟောန်လက်က ဘယ်လိုလွတ်မြောက်အောင် ရုန်းကန်မလဲ ရှော့ကတ်နဲ့ လင်ကွန်းတို့နဲ့ရော ဘယ်လိုတွေပတ်သက်မိမလဲဆိုတာ ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ File size… 5 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Action/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Ko Wunna

Drama • History
6.5 1992 101 mins
Gladiator
I Don’t Understand You
5.5

ဇာတ်ကားနာမည်အတိုင်း “ငါ မင်းပြောတာကို နားမလည်ဘူး”ဆိုတဲ့ နောက်ကွယ်မှာ ဘယ်လိုပြဿနာတွေဖြစ်တတ်လဲဆိုတာကို David Joseph Craig နဲ့ Brian Crano တို့က အကောင်းဆုံးပုံဖော်ပြသွားတဲ့ ဇာတ်ကားတစ်ကားပါပဲ။ သရုပ်ဆောင်တွေကလည်း လက်ရှိ “Big Mouth” animation မှာ အသံသရုပ်ဆောင်လုပ်နေတဲ့ Nick Kroll နဲ့ Tony Award ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ သရုပ်ဆောင် Andrew Rannells တို့ရဲ့ သရုပ်ဆောင်ပိုင်းတွေက ဇာတ်ကားကို အဆုံးထိ ဆွဲခေါ်သွားနိုင်စေတယ်။ ဒါ့အပြင် ဝေဖန်သူတွေဆီကပါ ချီးကျူးမှုတွေ ရရှိထားသလို အညွှန်းရေးသူ ကျွန်တော်လည်း ဒီကားကို ကြည့်ပြီး “မတော်တဆဆိုတာ ဖြစ်တတ်တာပဲ” ဆိုတဲ့ စကားကို တွေးမိသွားစေပါတယ်။ ပြောရရင် နိုင်ငံရပ်ခြားသွားတဲ့အခါ သူတို့နိုင်ငံရဲ့စကားကို နားမလည်တဲ့အခါ အလွဲအချော်လေးတွေက ဖြစ်ကျစမြဲပါပဲ။ ဇာတ်လမ်းအကျဥ်းကိုပြောရရင် ကလေးမွေးစားဖို့ စီစဉ်နေတဲ့ အမေရိကန်စုံတွဲ ဒွန်းနဲ့ကိုးလ်တို့ဟာ အီတလီကျေးလက်ရဲ့ လှပတဲ့ရှုခင်းတွေကြားမှာ အားလပ်ရက်ခရီးထွက်လာကြပါတယ်။ ဖြစ်ချင်တော့ အစီအစဥ်က ထင်သလိုဖြစ်မလာဘဲ ဒွန်းအဖေရဲ့သူငယ်ချင်းက သူတို့အတွက် အစီအစဥ်တစ်ခုဆွဲပေးလိုက်တယ်။ အဲဒီအစီအစဥ်ထဲမှာ နာမည်ကြီးပီဇာလုပ်တဲ့အဘွားကြီးဆီမှာ ညစာသွားစားဖို့ဖြစ်လာတယ်။ သူတို့နှစ်ယောက်ဟာ ဘာသာစကားအခက်အခဲတွေနဲ့ ညစာစားဖို့ထွက်လာပြီးတဲ့နောက် ဘယ်လိုအလွဲအချော်တွေနဲ့ကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်စားဖွယ် အဆုံးအထိကြည့်ရှုရမှာပါ။ File Size… (1.08 GB) / ( 656 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 37m Genre …..Horror , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Drama • Romance
5.5 2024 96 mins
I Don’t Understand You