YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) American.Son.2019.720p.NF.WEB-DL.mp4

701.1 MB 720p video/mp4 99 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Fallen Bridge
5

"တရားမျှတမှုနဲ့ အမှန်တရားဆိုတာ အမြဲတစေဆိုသလို ဒွန့်တွဲနေတဲ့အရာတစ်ခုပါ အမှန်တရားဆိုတာ ဘယ်လိုမှ ဖုံးဖိလို့မရတဲ့ အရာတစ်ခုဆိုလဲမမှားဘူး" ဖခင် သေဆုံးမှူအတွက် အမှန်တရားကို အပူတစ်ပြင်းရှာဖွေနေတဲ့ တက္ကသိုလ်ကျောင်းသူလေး - ဝမ်ရှောင်းယွီ ဝမ်ရှောင်းယွီရဲ့ ဖခင်သေဆုံးမှုက မျက်မြင်သက်သေ တစ်ယောက်ဖြစ်တဲ့ စက်ပြင်သမားလေး - မုန့်ချောင်း ကျုံးနမ်တံတားဟူသည် ဟွမ်ချွဲ့မြို့ကြီးရဲ့ အဓိက ပေါင်းကူးတံတားဆိုရင်လဲ မမှားပါဘူး တစ်နေ့မှာ တံတားကြီး ပြိုကျပျက်ဆီးသွားခဲ့တဲ့အခါ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ် အဲ့တာကတော့ တံတားအတွင်းမှာ လူသေအရိုးစုတစ်ခု တွေ့ရှိခဲ့ရခြင်းပါပဲ အဲဒီသေဆုံးသူကတော ဝမ်ရှောင်းယွီရဲ့ ဖခင်ဖြစ်သူ ဝမ်လျောင့်ပါ တစ်နေ့မှာတော့ မုန့်ချောင်းရဲ့ အကူအညီပေးမှုနဲ့အတူ ဖခင်ရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုးမဟုတ်တဲ့အကြောင်း ဝမ်ရှောင်းယွီသိရှိသွားခဲ့ပါတော့တယ် နစ်မြုပ်နေတဲ့ သဲလွန်စ တစ်စချင်းဆီနောက်ကို နှစ်ယောက်သား အတူတူလိုက်လံရှာဖွေရင်း ဝမ်ရှောင်းယွီရဲ့ မွေးစားအ​ဖေဖြစ်သူ ကျူးဖန်းကျန့် ကလူသတ်သမားဖြစ်နိုင်​ချေရှိတဲ့ အကြောင်း သိရှိသွားချိန်မှာတော့.....? ❏ ဘာတွေဆက်ဖြစ်ကြမလဲ ? ❏ နောက်ကွယ်က လျို့ဝှက်ဆန်းကြယ်တဲ့ အရာတွေကရော ဘာတွေဖြစ်လာမလဲ ? ❏ လူသတ်သမားကရော သူတို့ထင်ထားတဲ့အတိုင်းဖြစ်နေနိုင်ပါ့မလား ? ❏ သူတို့တွေ အပူတပြင်းရှာနေတဲ့ အမှန်တရားကရော ထွက်ပေါ်လာပါ့မလား ? ဆိုတာ စိတ်ဝင်စားဖွယ် ရင်တထိတ်ထိတ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်ရှင် သရုပ်ဆောင်တွေအနေနဲ့ကတော့ တရုတ်ပြည်မကြီးမှာ နာမည်ကြီးအဖွဲ့တစ်ခုဖြစ်တဲ့ TFBOYS အဖွဲ့ရဲ့ ခေါင်းဆောင် ဝမ်ကျွင့်ခိုင်(မုန့်ချောင်း) နဲ့ နာမည်ကြီး သရုပ်ဆောင်မင်းသမီး မာစစ်းချွမ်(ဝမ်ရှောင်းယွီ) တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်ရှင် Review By Chit Mya Mya Hmwe Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Drama Runtime : 1h 53 min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu , Nu Mon , Chit Mya Mya Hmwe Encoded by LK

5 2022 113 mins
The Fallen Bridge
Happy Bhag Jayegi
6.2

IMDb Rating (6.5) ဒီဇာတ်လမ်းလေးကတော့ မချစ်မနှစ်သက်သူနဲ့အတင်းပေးစားကြလို့ သူ့ချစ်သူနောက်ကို ခိုးရာလိုက်ပြေးတဲ့ အိန္ဒိယကောင်မလေးတစ်ယောက်အကြောင်းပေါ့...ခိုးရာလိုက်တာကတော့ မထူးဆန်းပေမယ့် ခိုးရာလိုက်လွဲပြီး အိန္ဒိယကနေ ပါကစ္စတန်နိုင်ငံထဲ ရောက်သွားတဲ့အခါမှာတော့.........။ ဒီဇာတ်ကားက အဲ့လိုအလွဲတွေ တဝါးဝါးပွဲကျရမယ့်ဇာတ်ကားပါပဲ.... ဟက်ပီးဆိုတဲ့ ကောင်မလေးဟာ အမြဲဖျတ်လတ်ပြီး ပျော်ပျော်နေတတ်တာကြောင့် ရောက်တဲ့နေရာတိုင်းကလူတွေကိုပါ အပျော်ကူးစက်သူလေးပါ...ဘဝကိုအပူအပင်ကင်းကင်းနဲ့ ပေါ့ပေါ့ပါးပါးပဲဖြတ်သန်းနေသူလေးပါ။ အဲဒီလိုကောင်မလေးက သူမကြိုက်တဲ့သူနဲ့အတင်းပေးစားခံရတဲ့အခါမှာတော့ သူ့ချစ်သူနောက်ကို ခိုးရာလိုက်ပြေးဖို့ နှစ်ခါတောင်မစဉ်းစားခဲ့ပါဘူး။ မင်္ဂလာပွဲနေ့မှာ လိုက်ပြေးခဲ့တယ်ပေါ့။ ဒါပေမယ့် သူ့ကိုလာ‌ခိုးတဲ့ကားထင်ပြီး ပြတင်းပေါက်ခုန်ချလို့ လိုက်သွားခဲ့ပေမဲ့ ကားလွဲသွားတဲ့အခါ ... အကုန်တလွဲတွေဖြစ်ကုန်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ ပါကစ္စတန်နဲ့ အိန္ဒိယဆက်ဆံရေးကို ခပ်ပါးပါးလေးမြင်နိုင်မှာဖြစ်ပြီးတော့ အလွဲတွေနဲ့ရယ်နေရမှာပါ။ ဘဝကိုပျော်ရွှင်စွာ ပေါ့ပေါ့ပါးပါးဖြတ်သန်းဖို့နဲ့ ထွေထွေ‌ထူးထူးအတွေးလွန်မနေဖို့ ကျွန်တော်တို့ကို သင်ပြပေးသွားမယ့် ဟပ်ပီးဆိုတဲ့ ကောင်မလေးတစ်ယောက် ဘယ်လိုအခက်အခဲတွေကို ဘယ်လိုအလွဲတွေနဲ့ ဖြတ်ကျော်သွားမလဲဆိုတာ‌ ခံစားကြည့်ကြပါဦး။ Happy Phirr Bhag Jayegi (2018) ဇာတ်ကားဆက်ထွက်ထားပြီး ဒီလင့်မှာ https://channelmyanmar.org/?s=Happy+Bhag+Jayegi ကြည့်ပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ Htoo Aung နဲ့ Intelligence တို့ ဖြစ်ပါတယ်။ File size…(2.6 GB)/(999 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:05:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htoo Aung & Intelligence

Comedy • Horror • Mystery • Thriller
6.2 2016 126 mins
Happy Bhag Jayegi
Tabloid Truth
6.1

ကောလဟာလသတင်း ဆိုတာ နာမည်ကြီးသူတွေရဲ့နယ်ပယ်မှာ သေစေနိုင်လောက်တဲ့ လက်နက်တစ်ခုဆိုတာ အသေအချာပါ အခုလို အိုင်တီအင်တာနက် တွင်ကျယ်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာတော့ ဘာပြောကောင်းမလဲ လက်ချောင်းလေးတွေ ဖွဖွ လှုပ်ရှားလိုက်ရုံနဲ့တင် လူတစ်ယောက်ရဲ့ဘဝကို ဖြိုလဲနိုင်သလို ကောင်းစားစေနိုင်တာပေါ့ ဒီဇာတ်ကားလေးထဲမှာတော့ ''Tipsheet''လို့ ခေါ်တဲ့ လျှို့ဝှက်အီးမေးလ်သတင်းတိုတွေအကြောင်းနဲ့ နိုင်ငံရေးလောကကြား အရှုပ်တော်ပုံ... လက်နက်တစ်ခုလို အချိန်မရွေး အသက်သေ ...အသက်မသေတောင် ဘဝသေစေနိုင်တဲ့ ကောလဟာလသတင်းတွေရဲ့ ကြောက်စရာကောင်းပုံကို ရိုက်ကူးပြသထားပါတယ် အောင်မြင်မှုအတွက် အောက်ခြေကစပြီး အလုပ်ကြိုးစားရုန်းကန်ခဲ့တဲ့ တက်သစ်စသရုပ်ဆောင် ချွဲမီဂျင်နဲ့ မန်နေဂျာ အီအူဂွန်း... တစ်နေ့ တရိပ်ရိပ် အောင်မြင်နေပြီဖြစ်တဲ့မီဂျင်တစ်ယောက် လွှတ်တော်အမတ်နမ်ဂျောင်အင်နဲ့ ဇာတ်လမ်းဖြစ်ခဲ့ကြတယ်ဆိုတဲ့ မကောင်းသတင်းထွက်လာပြီး... အဲ့သတင်းကြောင့် မီဂျင်သေကြောင်းကြံစည်ခဲ့တော့ မီဂျင်ရဲ့ မတရားမှုကို ကလဲ့စားချေဖို့ မန်နေဂျာဖြစ်တဲ့ အူဂွန်က သတင်းဖြစ်ပေါ်လာရတဲ့ နောက်ကွယ်က လူတွေကို ဖော်ထုတ်စုံစမ်းတဲ့အခါ... ကဲ ဒီဇာတ်ကားထဲမှာ မျက်တောင်မခတ်စတမ်း ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ) File Size__(2.1GB) / (1GB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__02:02:00 Type__Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt

Action • Fantasy • Mystery
6.1 2014 121 mins
Tabloid Truth
I Am Not an Easy Man
6.3

အကယ်၍များ ကျား၊မ ခွဲခြားမှုတွေသာ ပြောင်းပြန်ဖြစ်သွားရင် ဘယ်လိုဖြစ်သွား မလဲ။ ကမ္ဘာကြီးအပေါ်‌ ဘယ်လိုသက်ရောက်မှုတွေ ရှိသွားမလဲ။ ဒါတွေရဲ့ အဖြေ ကတော့ ဒီဇာတ်ကားထဲမှာ ရှိပါတယ်။ တစ်ရက်မှာ ဒေမီယန်ဆိုတဲ့ လူ့အခွင့်အရေးတွေအပြည့်အဝရထားပြီး မိန်းမပွေတဲ့ လူတစ်ယောက်က ဓာတ်တိုင်နဲ့ဝင်တိုက်၊ သတိမေ့ပြီး အခြားကမ္ဘာကိုရောက်သွား တယ်။ သူနိုးလာတဲ့အခါမှာကြည့်ကြည့်တော့လည်း ကမ္ဘာကြီးက ဒီအတိုင်းပဲ ဒါပေမဲ့ ယနေ့ကမ္ဘာကြီးနဲ့မတူတာက အဲမှာက အမျိုးသမီးတွေကြီးစိုးနေတာပါပဲ။ ဆိုတော့ ဒေမီယန့်လို လူမျိုးက အဲ့ကိုရောက်သွားတယ်ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်မလဲ။ ကျား၊မ ခွဲခြားမှုတွေက လူ့အသိုင်းအဝိုင်းအပေါ် ဘယ်လောက်အထိသက်ရောက်မှု ရှိလဲဆိုတာကို မီးမောင်းထိုးပြထားတဲ့ Netflix ရဲ့ ပြင်သစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.61 GB) / (689 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy, Romance Translator......Khant Sett Naing Encoder..........SWM

Action • Drama
6.3 2018 98 mins
I Am Not an Easy Man
Qimen Flying Armor

အလင်းရောင်အောက်မှာ အရိပ်ရှိလိမ့်မယ်တဲ့။ ဒီတစ်ခေါက် ဘာသာပြန်တင်ဆက်ပေမယ့် ရုပ်ရှင်လေးရဲ့ အကျဉ်းလေးကတော့- ဝမ်ရှောင်ရှာဆိုသူဟာ မြို့ငယ်လေးတစ်မြို့မှာ မျက်ကန်းအဖေနဲ့အတူ ခြင်းတောင်းတွေ ရက်လုပ်ရောင်းချနေသူဖြစ်ပါတယ်။ သူ့ရဲ့ တစ်ခုတည်းသောဆုတောင်းက သူ့အဖေရဲ့မျက်စိကို ပြန်မြင်စေချင်တာပဲ ဖြစ်ပါတယ်။ သူ့အဖေအတွက် ဆေးကုပေးဖို့ သမားတော်ကို ရှာဖွေရင်း ချီရင်ဂိုဏ်းက ရှန်လန်အာနဲ့ တွေ့ဆုံခဲ့ပြီး အကြံအစည်ကြီးတစ်ခုထဲကို မတော်တဆဝင်ရောက်သွားခဲ့ပါတယ်။ ချီရင်ဂိုဏ်းဟာ လောကကိစ္စတွေမှာ ဝင်မပါပဲ ထျန်းကျွယ်ဝမ်ချဲ့ဆိုတဲ့ နတ်ပစ္စည်းတစ်ခုကို ကာကွယ်စောင့်ရှောက်နေရတဲ့ဂိုဏ်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီနတ်ပစ္စည်းကို လိုချင်နေတဲ့ မိစ္ဆာအရှင်ကြီး မော်ကျိုကတော့ ဝမ်ရှောင်ရာရဲ့အဖေကိုဖမ်းဆီးထားပြီး သူ့အတွက်ချီရင်ဂိုဏ်းထဲမှ ဝမ်ချဲ့ကိုယူခဲ့ပေးဖို့ခြိမ်းခြောက်ခဲ့ပါတယ်။ ချီရင်ဂိုဏ်းထဲ ရောက်လာတဲ့ ဝမ်ရှောင်ရှာတစ်ယောက် ဖုံးကွယ်ထားတဲ့ သူ့ဘဝအကြောင်းကို သိပြီးနောက်- သူ့အဖေကို ကယ်တင်နိုင်ပါ့မလား ...... သူ့ခန္ဓာကိုယ်ထဲက အစွမ်းတွေကို ဘယ်လိုရလာပြီး ဘယ်လိုအသုံးချသွားမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon  Encoded by LK

Action & Adventure • Crime • Drama • Mystery
0 2023 77 mins
Qimen Flying Armor
Sweetwater
6.1

အမေရိကန် ၁၈၀၀ နှောင်းပိုင်း ကောင်းဘွိုင်ခေတ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ လှပပြီး ပြည်တန်ဆာဖြစ်ခဲ့ဖူးတဲ့ ဆာရာဟာ ခင်ပွန်းဖြစ်သူနဲ့ ဘဝသစ်ကို နယူးမက်ဆီကိုနယ်မြေမှာ လာပြီး ထူထောင်လျက်ရှိပါတယ်။ သူတို့နဲ့ အိမ်နီးချင်းလို့ ပြောရမယ့်လူကတော့ ဘာသာရေးအစွန်းရောက်နေတဲ့ ဘုန်းကြီးတစ်ပါး ဖြစ်ပြီး မိန်းမတွေတို့ တပည့်တွေတို့နဲ့ အတူတူနေပြီး သိုးမွေးထားတာလည်း ဖြစ်ပါတယ်။ ဘာသာရေးသမားဆိုပေမဲ့ နောက်ကွယ်မှာက ဒုစရိုက်သမားသာသာ ဖြစ်ပြီး သူ့ ခြံထဲကို ကျူးကျော်တဲ့နှစ်ယောက်ဆိုလည်း သတ်ပစ်တဲ့ထိလုပ်တတ်တဲ့ ရူူးနှမ်းနှမ်း ဘုန်းကြီးလိုမျိုးပါ။ အဲဒီအချိန်မှာ ဒီအသတ်ခံလိုက်ရတဲ့ လူနှစ်ယောက်ကို လာရှာတဲ့ ထူးဆန်းတဲ့ရဲမှူးတစ်ယောက်လည်း ရောက်လာတယ်။ ဆာရာရဲ့ ယောက်ျားကလည်း သူ့ စိုက်ခင်းတွေကို ဘုန်းကြီးရဲ့ သိုးက စားတယ်ဆိုပြီး သွားပြဿနာရှာတဲ့အချိန် လူဆိုးသာသာ ဘုန်းကြီးနဲ့ ဘာတွေဖြစ်ကြမလဲ။ ဆာရာကလည်း ဘယ်လိုဖြစ်လာမလဲ။ ဘုန်းကြီးနဲ့ ရဲမှူးလည်း ထိပ်တိုက်တွေ့ကြမလားဆိုပြီး ကြည့်ရှုရမှာပါ။ မင်းသမီးနေရာကတော့ X-Men First Class တို့ Unknown တို့ထဲမှာ ပါဝင်ဖူးတဲ့ January Jones ဖြစ်ပြီး ရဲမှူးနေရာက ဗီလိန်အဖြစ် မကြာခဏ သရုပ်ဆောင်လေ့ရှိတဲ့ Ed Harris ရယ် ဘုန်းတော်ကြီးနေရာမှာ Harry Potter ထဲက မယ်ဖွိုင်းအဖေ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Jason Isaacs တို့ သရုပ်ဆောင်ထားပေးကြတာပါ။

Comedy • Romance
6.1 2013 96 mins
Sweetwater
The Grand Budapest Hotel
8.1

IMDb - 8.1/10_____Rotten - 91% Won 4 Oscars. Another 130 wins & 225 nominations. ဒီရုပ်ရှင်အကြောင်းမပြောခင် ဒီရုပ်ရှင်ကားနဲ့ ရခဲ့တဲ့ Award တွေ အရင်ပြောပြပါမယ်... 1. Best Achievement in Costume Design 2. Best Achievement in Makeup and Hair styling 3. Best Achievement in Music Written for Motion Pictures, Original Score 4. Best Achievement in Production Design ဆိုတဲ့ အော်စကာ ဆု လေးဆု ရရှိခဲ့ပြီး တစ်ခြား Award များစွာကိုလဲ ရရှိပိုင်ဆိုင်ထားပါတယ်... ဒီရုပ်ရှင် ကြည့်နေတုန်းမှာ မျက်လုံးကို အနားမပေးပါနဲ့ ဆံပင်ဒီဇိုင်း ဆက်တင်အခန်းအနား မျက်နှာအမူရာတွေကို မလွတ်တန်း လိုက်ကြည့်နေပါ အဖိုးတန်လွန်းပါတယ်... သင်ဟာ ပုံပြင်နားထောင်ရတာ ကြိုက်တယ်ဆိုရင် ပိုသင့်တော်ပါမယ် ဘာလို့ ဆိုတော့ ပုံပြင်ကောင်းတစ်ပုဒ်ကိုနားထောင်နေရတဲ့ အတိုင်း ဇတ်လမ်းကို ပြောပြနေလို့ပါ... ဒီရုပ်ရှင် ရဲ့ အဓိက နေရာကတော့ Grand Budapest ဆိုတဲ့ ပန်းရောင် အဆင်းချယ်ထားတဲ့ ဟိုတယ်ကြီး ဖြစ်ပြီး.... အဓိက ဇတ်ကောင်ကတော့ ဟိုတယ်အုပ်ချူပ်သူ ဂူစ်စတေ့စ် နဲ့ သူ့ရဲ့ တပည့်ကျော်လေး ဧည့်ကြို ဇီးရိုး တို့ပဲ ဖြစ်ပါတယ်... ဒီဇတ်လမ်းကို သင်ကြည့်နေတုန်း ဂူစ်စတေ့စ် နဲ့ ဇီးရိုး ရဲ့ ရာဇဝင်ကို ခန့်မှန်းမိအုံးမှာမဟုတ်ပါဘူး ဇတ်လမ်း ရဲ့ ၃ ပုံ ၂ ပုံ ရောက်ရင် မျက်ရည်သုတ်ရမှာမို့ လက်ကိုင်ပုဝါလေးတော့ ဆောင်ထားပါ.... အစပိုင်း အခန်းတစ်ချို့မှာ 18+ အခန်းတစ်ချို့ ဖြတ်ခနဲ ပါတာကလွဲရင် မိသားစု ကြည့်လို့ အဆင်ပြေတဲ့ ရုပ်ရှင်ကား ဖြစ်ပေမယ့် နားလည်လွယ်ဖို့ ခက်ပါတယ် ပေါတောတော ကားတွေ ကြည့်နေတဲ့ သူတွေ အဖို့ နားမလည်ပေမယ့် စဉ်းစားတက် တွေးတက် တဲ့ သူတွေ အတွက်ကတော့ လက်မလွှတ်နိုင်တဲ့ ရုပ်ရှင်ကားကောင်း တစ်ကား ဖြစ်ကြောင်း အာမခံပါတယ်... ဒီဇတ်လမ်း ရဲ့ အကြောင်းကို နည်းနည်းလေးမှ ရှင်းမပြချင်ပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ ပြောပြလိုက်ရင် ကြည့်ရတဲ့ နေရာမှာ အရသာ ပျက်သွားမှာ ဆိုးလို့ပါ အဓိက အချက်ကတော့ ဂူစ်စတေ့စ် နဲ့ ဇီးရိုး တို့ ရဲ့ ကမောက်ကမ စွန့်စားခန်းတွေက ပေါတောတော မဆန်ပဲ ရယ်ရတာရယ် ဆရာတပည့် ၂ ယောက်ရဲ့ သံယောဇဉ် တစ်ခုရယ် အချစ်တွေ ဟာသတွေ သစ္စာရှိမှု နဲ့ အလွမ်းအဆွေး တွေ တစ်နေရာထဲမှာ ခံစားလို့ရမှာ ဖြစ်တဲ့အတွက်ပါ အခုပဲ Channel Myanmar ကနေ တဆင့် ကြည့်ရှုလိုက်ပါတော့.... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Archi Thang Gyi ဖြစ်ပါတယ် File size - ( 944 MB ) Quality - BluRay Rip Format - MP4 Duration -1h 40m Subtitle - Myanmar Subtitle Translator - Archi Thang Gyi Encoder - Thit San Khant

Action • Drama
8.1 2014 100 mins
The Grand Budapest Hotel
Mrs. Harris Goes to Paris
7.2

ပြင်သစ်လို့ပြောလိုက်တာနဲ့ ဖက်ရှင်ဒီဇိုင်းတွေရဲ့ ဘုရင်ကြီးလို့ တင်စားရလောက်အောင်ကို ဖက်ရှင်တွေ အစုံအလင်ရှိတဲ့ မြို့ကြီးတစ်မြို့ဆိုတာ လူတိုင်းသိမှာပါ ဒီရုပ်ရှင်ကားလေးထဲ မှာတော့ လန်ဒန်မှာရှိတဲ့ သန့်ရှင်းရေးသမား မုဆိုးမကြီး ဟားရစ် ဟာ ပြင်သစ်ရဲ့ နာမည်ကြီး ဒီရော တံဆိပ် ဝတ်စုံကိုမှ လိုချင်တပ်မက်လွန်းလို့ ပြင်သစ်အထိ သွားဝယ်တဲ့ အကြောင်းလေးကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတာပါ ဒီရောတံဆိပ် ရဲ့ ဝတ်စုံတွေဟာ ဘယ်လောက်တောင် လွှမ်းမိုးမှုရှိလဲဆိုတာရယ် ကံဆိုးမှုတွေပြီးရင် ကံကောင်းတာတွေ လည်းရောက်လာနိုင်တယ်ဆိုတာရယ် လူတစ်ယောက်ဆိုတာ အပြင်ပန်းကြည့်ရုံနဲ့ မှတ်ချက်ပေးနိုင်လောက်အောင် လူ့ဘဝကြီးက မရိုးရှင်းဘူးဆိုတာရယ် အလုပ်သမားတွေရဲ့ အခွင့်အရေးကို တန်ဖိုးထားရမယ်ဆိုတာရယ်ကို ဇာတ်အိမ် ကောင်းကောင်လေးနဲ့ လှလှပပ လေးရိုက်ပြသွားတာပါ ဘဝအမောတွေပြေစေဖို့နဲ့ ပြုံးစိစိ လေးကြည့်နိုင်ဖို့အတွက် အမြန်းဆုံးသာ ဒေါင်းပြီးကြည့်လိုက်ပါတော့လို့ပဲ တိုက်တွန်း ချင်ပါတော့တယ် File size…(2.18GB)/(1014MB)/(481MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre…Drama / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Drama • Horror • Mystery • Thriller
7.2 2022
Mrs. Harris Goes to Paris
Love, Sex and 30 Candles
4.9

Love, Sex and 30 Candles (2023) ======================== ဒီခယ်လီဒီ၊ နော်လာဇီ၊ လင်ဒါနဲ့ ရှာဒေးတို့ဟာ တက္ကသိုလ်ကျောင်းသူ ဘဝကတည်းကစသိလာကြပြီး အခု အသက် ၃၀ ပြည့်တော့မယ့်အချိန် ထိ အင်မတန်ကိုရင်းနှီးခင်မင်နေကြတဲ့သူငယ်ချင်းလေးယောက်ပဲဖြစ် ပါတယ်။ ဒီခယ်လီဒီက တယ်ဘိုဂိုဆိုတဲ့သူနဲ့ ဆယ်နှစ်ကျော်လောက်ချစ်ကြိုက်ခဲ့ပြီး သမီးလေးတစ်ယောက်တောင်ရှိနေပေမယ့်လို့ အခုချိန်ထိ လက်မထပ်ရ သေးပါဘူး။ နော်လာဇီကတော့ Single တစ်ယောက်ပါ၊ Single ဆိုပေမယ့် လည်း သူ့အသက် ၃၀ ပြည့်မွေးနေ့ရက်မှာတင်ပဲ သူ့မှာကိုယ်ဝန်ရှိနေတာကို သိလိုက်ရပါတယ်။ လင်ဒါကတော့ ချစ်သူ၊ ရည်းစားတွေသာ ဗလပွများပြား နေပေမယ့် ငယ်ဘဝက ဖခင်နဲ့ဝေးကွာခဲ့ရမှုတွေ၊ မိခင်မကျန်းမမာဖြစ်မှုတွေ ကြောင့် commitment issues တွေရှိနေပြီး Relationship က ဒီထက်ပိုလေး နက်ပြီး လက်ထပ်မယ့်အဆင့်ရောက်လာပြီဆိုတာနဲ့ ချက်ချင်းကိုပဲ အဆက် ဖြတ်ပစ်လေ့ရှိတဲ့သူတစ်ယောက်ပေါ့။ ရှာဒေးဆိုတဲ့မိန်းကလေးကတော့ မိန်းကလေးအများစုစိတ်ကူးယဉ်တတ်သလို အိပ်မက်ထဲကမင်းသားလေးနဲ့တွေ့ ပြီးလက်ထပ်ရဖို့ကို ငယ်စဉ်ကတည်းကစိတ်ကူးယဉ်ခဲ့သူတစ်ယောက်ပါ။ သူ စိတ်ကူးယဉ်ခဲ့ရသလိုပဲ လက်တွေ့မှာလည်း Perfect ဖြစ်တယ်ဆိုတဲ့ယောကျ်ား နဲ့ မကြာခင်မှာ လက်ထပ်တော့မှာဖြစ်ပေမယ့်လို့ ခင်ပွန်းလောင်းဖြစ်သူက ထင် ထားသလောက်လည်း Perfect ဖြစ်နေတာမဟုတ်ပါဘူး။ ဒီတော့ မကြာခင် အသက် ၃၀ ဆိုပြီး ထိပ်စီးပြောင်းကြတော့မယ့် ဒီသူငယ်ချင်း လေးယောက်ရဲ့ဘဝဟာ အခုလက်ရှိဖြစ်နေကြတဲ့ အခြေအနေတွေအတိုင်းပဲ ရှေ့ဆက်သွားမလား၊ ဘာတွေ ထူးထူးခြားခြားတွေ ဆက်ဖြစ်သွားဦးမယ်ဆိုတာ ကိုတော့ ဒီ “Love, Sex and 30 Candles” လေးကိုကြည့်ပြီးပဲအဖြေရှာကြည့် လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.6 GB) / (666 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 46Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator……Fiona Gillen Encoder……….SWM

Thriller • Crime • Drama • Action
4.9 2023
Love, Sex and 30 Candles
Island Escape

Island Escape (2023) Science-Fiction နဲ့ Horror ကြိုက်တဲ့သူအတွက် တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ လူမသိသူမသိကျွန်း တစ်ကျွန်းပေါ်မှာ အခြေခံထားပါတယ်။ ဒီကျွန်းက “Elite Soldier” တွေကို မွေးထုတ်ဖို့အတွက် လေ့ကျင့်ပေးတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ဒါပေမဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီးနောက်ပိုင်းမှာ ဒီကျွန်းဟာ ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ သုတေသီတစ်ယောက်ဖြစ်တဲ့ စီအီးအိုတစ်ယောက်ရဲ့သမီးကလည်း မတော်တဆမှုထဲပါသွားတဲ့အတွက် စီအီးအိုရဲ့ သမီးကို သွားကယ်ဖို့ ကုမ္ပဏီကနေပြီးတော့ စစ်ပြန်နဲ့ ပရော်ဖက်ရှင်နယ်တစ်စုကို ငှားပါတော့တယ်။ ဒီအဖွဲ့ထဲမှာဆိုရင် ဇာတ်လမ်းရဲ့ မင်းသားဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ ချေ့စ်နဲ့ ရပ်စ်ဆိုပြီးပါလာပါတယ်။ သူတို့နှစ်ယောက်က ဒီစစ်ဆင်ရေးမတိုင်ခင် အရင်စစ်ဆင်ရေးတစ်ခုမှာအတူလုပ်ခဲ့ဖူးကြပေမဲ့ အဲဒီစစ်ဆင်ရေးမှာဖြစ်ခဲ့တဲ့မတော်တဆတစ်ခုကြောင့် ချေ့စ်ဟာ အတိတ်မေ့ရောဂါဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့စိတ်ထဲမှာတော့ ရပ်စ်ကို မယုံသင်္ကာဖြစ်နေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ချေ့စ်တို့နှစ်ယောက်ဟာ စစ်ဆင်ရေးအတူထွက်ဖြစ်ခဲ့ကြတာပေါ့။ လူမသိသူမသိကျွန်းကို ရောက်သွားတဲ့အခါမှာတော့ စစ်ဆင်ရေးထဲပါသွားတဲ့သူတွေအားလုံး ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခုနဲ့စတင်ကြုံတွေ့လာရပါတော့တယ်။ ကျွန်းပေါ်မှာ သုတေသီတစ်ယောက်မှ ရှာမတွေ့တော့တဲ့အပြင် အလောင်းများစွာကို ရှာတွေ့ကြပါတယ်။ ဒါ့အပြင် ဒီကျွန်းပေါ်မှာ ညဘက်ဆို ထူးဆန်းတဲ့မကောင်းဆိုးဝါးတွေပေါ်လာတတ်ပါသေးတယ်။ ဒီလိုနဲ့ပဲ ချေ့စ်တို့အဖွဲ့ သူတို့ရဲ့စစ်ဆင်ရေးကို အောင်မြင်အောင် ဘယ်လိုဆက်ပြီး ဆောင်ရွက်သွားကြမှာလဲ… ကျွန်းပေါ်က မကောင်းဆိုးဝါးတွေကရော ဘယ်လိုတွေဖြစ်တည်လာတာလဲ… ဒါ့အပြင် ကျွန်းပေါ်မှာဖြစ်နေတဲ့ တခြားသဘာဝလွန်ဖြစ်ရပ်ပေါင်းများစွာကို ဒီရုပ်ရှင်ထဲမှာ ဖီးလ်အပြည့်နဲ့ခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 580MB Quality – 1080p, 720p Format – mp4 Duration – 1H 26Min Genre – Action, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

0 2023 86 mins
Island Escape
The Marine 3: Homefront

The Marine 3: Homefront – Review ဇာတ်ကာကတော့ နပန်းအကျော်အမော် John Cena ရော ဇာတ်ကားရော အရမ်းကို လူကြိုက်များသွားခဲ့တဲ့ The Marine ရဲ့ အဆက်ထဲက ၃ ကားမြောက်ပါ။ မရိန်းတပ်သားတစ်ယောက် အိမ်ကိုခဏအပြန်မှာ ကြုံလိုက်ရတဲ့ အဖြစ်အပျက်ကို ကြည့်ရမှာ ဆိုပါတော့။ ဇာတ်လမ်းက အက်ရှင်ကားတော်တော်များများလိုပဲ အရမ်းကြီးဆန်းပြားမနေပါဘူး။ ဒါပေမယ့် အကြမ်းအရမ််း အက်ရှင်ကားအနေနဲ့ ကြည့်ဖို့ကတော့ Entertaining ဖြစ်ပါတယ်။ IMDb တွေ Rotten Tomato တွေ သိချင်ရင်တော့ 4.8/10 နဲ့ 34% ပါတဲ့။ Rating တွေက သိပ်မဟုတ်လှပေမယ့် အက်ရှင်ကားအနေနဲ့ကတော့ ကြည့်ပျော်ပါတယ်။ ကြည့်ပျော်စရာလေးတွေ ထပ်ပြောရရင် ရှေ့က The Marine လိုပဲ ဒီဇာတ်ကားမှာလည်း နပန်းချန်ပီယံက သရုပ်ဆောင်ထားတာပါပဲ။ ကြိုးဝိုင်းထဲမှာလည်း Mike The Miz လို့ သိကြတဲ့ မင်းသားက သရုပ်ဆောင်ထားတာပါ။ သူက The Marine ဇာတ်ကား ၆ ကားရှိတာမှာ ၄ ကားမှာ သရုပ်ဆောင်ထားပါတယ်တဲ့။ John Cena ကို အရမ်းကြိုက်ခဲ့ရင်တော့ Mike ကို တစ်ချက်တစ်ချက် John Cena လောက်မမိုက်ဘူးလို့ တွေးမိနိုင်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းကို မကြိုက်ကြလို့၊ မဆန်းပြားလို့ Rating နည်းနေတာပေမယ့် Mike သရုပ်ဆောင်တာ တကယ်ပီပြင်တဲ့အကြောင်း Review တွေအများကြီးနဲ့ အဲ့ဒါကြောင့်ကိုလည်း ကြည့်ရတာမိုက်တယ် ပြောကြပါတယ်။ တကယ်ဟုတ် မဟုတ် ကြည့်ကြည့်လိုက်ပါဦး။ ကျန်တဲ့ သရုပ်ဆောင်တွေလည်း သူ့နေရာနဲ့သူ ကွက်တိမိုက်နေကြတာပါပဲ။ နာမည်ကြီးကတော့ တကယ့်အစွန်းရောက်ဗီလိန်နေရာမှာ Neal McDonough က ဆရာကြီးပီပီ သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားရဲ့ ဒါရိုက်တာ Scott Wiper က ဇာတ်လမ်းရေးတဲ့ထဲလည်းပါပါသေးတယ်တဲဲ့၊ အက်ရှင်ဇာတ်ကား ပီပီသသမလို့ R rated အကြမ်းအရမ်း ဇာတ်ကားလေးပါ။ ထူးခြားတာကတော့ ဒီဇာတ်ကားထဲမှာ မောင်နှမချင်းကြားက ဆက်ဆံရေးလေးတွေ နားလည်မှုလွဲတတ်တာလေးတွေ ထည့်ရိုက်ပြထားတယ်။ ပြီးတော့ အပေါင်းအသင်း ဘော်ဒါစိတ်ဓါတ်ကို ရိုက်ထားတာလေးလည်း မိုက်တယ်။ ဇာတ်လမ်းအရ လူဆိုးဆိုတဲ့ ဘော်ဒါနှစ်ယောက်ကြားက အကန့်နဲ့ စိတ်ဓါတ်လေးတွေရော လူကောင်းသူငယ်ချင်းနှစ်ယောက်ကြားက ဆက်ဆံရေးနဲ့ စိတ်ဓါတ်လေးတွေရော တကယ်သဘောကျစရာလေးတွေပါတယ်။ တချိန်လုံး ဝုန်းဒိုင်းကြဲနေတာတွေအပြင် ဘာဆက်ဖြစ်မလဲဆိုတာ ခပ်လန့်လန့်နဲ့ စောင့်ကြည့်ရတာလေးတွေ ပါးပါးလည်းပါတယ်။ ဆိုတော့ သူ့အနေအထားနဲ့သူ မိုက်ပါတယ်။ ကြည့်သာ ကြည့်ကြည့်လိုက်ပါ။ တစ်နာရီခွဲလောက်တော့ ဖျော်ဖြေပေးနိုင်ပါတယ်။ File size… 1 GB / 770 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre ….. Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Myat Thu

Thriller • Mystery • Drama • Horror
0 2013 86 mins
The Marine 3: Homefront
The Details
6.1

The Details (2011) ================== ဒီဇာတ်လမ်းကတော့ လူသိများတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Tobey Maguire နဲ့ Elizabeth Banks တို့ရဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံ ဟာသဇာတ်လမ်းဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းကြာပြီဖြစ်တဲ့ Jeff နဲ့ Nealy တို့ရဲ့ ​နောက်ဖေးခြံဥယျာဥ်မှာ တောကြောင်တွေ လာသောင်းကျန်းလို့ ထောင်ချောက်ဆင်ရာကနေ Jeff တစ်ယောက် ပြဿနာတွေတစ်ခုပြီးတစ်ခု ဆင့်ပွားပေါ်ပေါက်လာတော့တယ်။ အစပိုင်းမှာတော့ ဘာမှမဟုတ်တဲ့အသေးအမွှား​လေးတွေဆိုပေမဲ့ အဲဒီအသေးအမွှားလေးတွေကနေ အိမ်ထောင်ရေးပြဿနာ၊ ဖောက်ပြန်မှုနဲ့ လူသတ်မှုတွေအထိ ဘယ်လိုတောင်ကြီးမားလာမလဲဆိုတာကို The Details မှာ dark humor များစွာဖြင့် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(2GB)/(990MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Comedy , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

6.1 2011
The Details
Abomination

Thriller လည်းကြည့်ချင်တယ် အရမ်းကြီးတုန်လှုပ်ခြောက်ခြားနေစရာကောင်းနေတာမျိုးလည်း မဟုတ်ဘဲနဲ့ ပေါ့ပေါ့ပါးပါးလေး ကြည့်ချင်တာမျိုးဆိုရင်တော့ Abomination ကို ကြည့်ဖို့ ပြောပြချင်ပါတယ်။ သိပ္ပံပညာရှင် အဂ္ဂိရတ်ဆရာ အာခီမိဒိစ်က သူ့ရဲ့ဖန်တီးမှုတစ်ခုအနေနဲ့ သေဆုံးသွားတဲ့ အဒမ်ကို ပြန်ရှင်လာအောင် လုပ်ပေးရာကနေ မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။ အဒမ်ရဲ့ ရှင်သန်မှုဟာ တခြားသူတွေကို ဒုက္ခပေးသလိုဖြစ်နေခဲ့ပြီးတော့ ဟီးရိုးသိပ်ဖြစ်ချင်သူ မိုက်ကယ်ဟာလည်း ဒီဇာတ်ထဲကို ကလဲ့စားချေဖို့ဆိုပြီးတော့ ပါလာပါတော့တယ်။ မိုက်ကယ်ဟာ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အက်ကနီ၊ လစ်ဇ်တို့နဲ့အတူ သူ့ရဲ့ ကလဲ့စားချေမယ်ဆိုတဲ့ အစီအစဥ်ကို စတင်ပါတော့တယ်။ သေရွာပြန် အဒမ်ကို နှိမ်နင်းနိုင်ကြမလား မနှိမ်နင်းနိုင်ကြဘူးလားဆိုတာကို စိတ်ဝင်တစားကြည့်လို့ ရမယ့် Black comedy, Thriller ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.4 GB)/(762 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Comedy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Doros

0 2023
Abomination
Perrier’s Bounty
6.3

ဒီဇာတ်ကားက နာမည်ကြီး မင်းသား Cillian Murphy ရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ ဒီကားထဲမှာ Cillian Murphy ကို ဘဝရည်မှန်းချက် ပျောက်နေတဲ့ ငပျင်းတစ်ယောက်အဖြစ် မြင်ရမှာ ဖြစ်ပြီး သူ့ရဲ့ အဖေဖြစ်သူရယ် .. အိမ်နီးချင်း ကောင်မလေးတစ်ယောက်ရယ်နဲ့ အိုင်းရစ် လူဆိုးတွေရဲ့ အမဲလိုက်ခံရခြင်းကနေ ဘယ်လို ထွက်ပြေး ကြမလဲဆိုတာကို ဟာသဆန်ဆန်နဲ့ တစ်ချိန်တည်းမှာပဲ တစ်ကားလုံး စိတ်လှုပ်ရှားရင်ခုန်စွာ ကြည့်ရမှာ ဖြစ်ပါတယ်။ ဘဝမှာ နောင်တရစရာ ကိစ္စတွေ ဖြစ်မလာဖိုအတွက် ရင်ဆိုင်စရာ ရှိတာကို ထိပ်တိုက်ချက်ချင်း ရင်ဆိုင်ရမယ်ဆိုတဲ့ အချက်ကိုလည်း ဒီဇာတ်ကားကြည့်ရင်း ရရှိသွားမှာဖြစ်လို မသေခင် ကြည့်သွားသင့်တဲ့ ကားတစ်ကားဖြစ်တယ်လိုပဲ သေချာပေါက် ပြောလိုက်ပါရစေ။ File size…1.50GB / 651MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6.3 2009
Perrier’s Bounty
Father’s Haunted House
7.6

Father’s Haunted House (2024) ******************************** အခုတစ်ခါမှာတော့ IMDb rating 7.6 ရရှိထားတဲ့ အင်ဒိုနီးရှားဖြစ်ရပ်မှန် သရဲဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ တောခေါင်းကြီးရဲ့အိမ်မှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ သရဲဇာတ်လမ်းကို တောခေါင်းရဲ့သားဖြစ်သူက ဇာတ်လမ်းပြန်ပြောင်းပြောပြထားတာဖြစ်ပြီး ဟာသဆိုပေမဲ့လည်း ရယ်ရတဲ့နေရာမှာ ရယ်ရပြီး လန့်စရာနေရာမှာ လန့်ရတဲ့ကားလေးဖြစ်ပါတယ်။ ဒိုဒစ်, အဖေ, အမေရယ်, အစ်ကို‌ဒေဝိုနဲ့ အစ်ကို့မိန်းမ လစ်စ်တို့ဟာ သာယာတဲ့ မိသားစုလေးတစ်ခုပါ။ ဒေဝိုနဲ့ လစ်စ်တို့မှာ သားသမီးရတနာလေးကို ကိုယ်ဝန်လွယ်ထားရပါသေးတယ်။ ဒီလို သာယာတဲ့မိသားစုလေးဟာ အဖေဖြစ်သူရဲ့ ရာထူးတိုးအတွက် နယ်ဘက်က သစ်တောကြိုးဝိုင်းမှာ တာဝန်ကျလာတဲ့အခါမှာတော့ .. အဖေဖြစ်သူကို အစိုးရကချထား‌ပေးတဲ့ အိမ်လေးမှာ မိသားစုလိုက်သွားရောက်နေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အဖေ့အိမ်လေးကို ရောက်တဲ့အချိန်မှာတော့ အိမ်ဝင်းထဲမှာ သစ်ခိုးသမားတွေကို အပြစ်ပေးဖို့အတွက် ပြုလုပ်ထားတဲ့ တဲလေးတစ်လုံးလည်းရှိနေပါသေးတယ်။ ဒီအိမ်လေးထဲမှာ နေလာရင်းနဲ့ ထူးဆန်းမှုတွေ ကြုံလာခဲ့ရပါတော့တယ်။ ဒီထက် ထူးခြားတာက ပုံမှန်နေ့တွေဆိုရင် အရမ်းမဆိုးဘဲ ကလီဝန်သောကြာနေ့ဆိုရင် သိသိသာသာကိုပဲ ဆိုးဆိုးဝါးဝါးခြောက်တာမျိုးကို ခံကြရတာပါပဲ။ ဒီလိုနဲ့ ဒီမိသားစုလေး .. အဖေ့ရဲ့သရဲခြောက်တဲ့အိမ်ကြီးမှာ ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ……. ခြောက်နေတဲ့သရဲကရော နောက်ကွယ်မှာ ဘယ်လိုဇာတ်ကြောင်းတွေရှိနေမလဲ …… ဆိုတာကို အခွီလေးနဲ့ကြည့်ရှုရမယ့် သရဲဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းကို CharOu မှ ရေးသားထားပါတယ်) File size…967MB / 439MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 34m Genre ….. Comedy, Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet

7.6 2024 93 mins
Father’s Haunted House