YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

{CM} American Gods S4Ep5 .1080p.mp4

795.68 MB N/A video/mp4 1124 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Aftermath
6.3

Aftermath (2021) အခု မိတ်ဆက်ပေးမယ့် Aftermath ဆိုတဲ့ ဇာတ်ကားကတော့ 2021 တုန်းက Netflix ကနေ ထွက်ရှိထားတဲ့ Horror ဇာတ်ကားပဲဖြစ်ပါတယ်။ X-Men ရုပ်ရှင်တွေထဲမှာပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသားကြီး ရှောန်အက်ရှ်မောနဲ့ Twilight Saga ထဲမှာ ဇာတ်ဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့တဲ့ ဝါရင့်မင်းသမီးကြီး အက်ရှ်လေဂရင်းန်ကနေပြီးတော့ ဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်ကားကတော့ နာတာလီနဲ့ ကယ်ဗင်ဆိုသူက သူတို့နှစ်ယောက်ရဲ့ ပထမအိမ်ထောင်ပျက်သွားကြပြီးတော့ နှစ်ယောက်သားနောက်အိမ်ထောင်သစ်ကို ထူထောင်ပြီး အတိတ်ဆိုးတွေကို မေ့နိုင်ဖို့အတွက် ကယ်ဗင်က အရင်အိမ်မှာမနေတော့ဘဲ နှစ်ယောက်သားအိမ်ပြောင်းဖို့ကို အကြံပေးရာက‌နေ စပါတယ်။ ဖြစ်ချင်တော့ မှုခင်းအိမ်တွေကို ရှင်းလင်းရေးလုပ်ပေးရတဲ့ ကယ်ဗင်က သူရှင်းခဲ့ပေးတဲ့ လူသတ်မှုဖြစ်ခဲ့တဲ့ အိမ်ဖြစ်နေပါတယ်။ သူကလည်း စျေးတန်တန်လေးနဲ့ရမယ်ဆိုပြီး နာတာလီကို အတင်းဝယ်ဖို့တိုက်တွန်းခဲ့ပါတယ်။ တကယ့်တကယ် ဇာတ်လမ်းကတော့ သူတို့နှစ်ယောက် အဲဒီအိမ်သစ်ကို ပြောင်းပြီးရာကနေစပြီးတော့ အကြောင်းဖန်လာပါတော့တယ်။ သူတို့နှစ်ယောက် အိမ်သစ်ကိုပြောင်းသွားပြီးနောက်ပိုင်း ဘာတွေဖြစ်လာမလဲ၊ ဘယ်လိုအခက်ခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့သွားရမလဲဆိုတာကတော့ ကိုယ်တိုင်သာ ဆက်ကြည့်လိုက်ကြပါ။ ဒီကားကို Horror ဆိုတဲ့ Genre မှာထည့်ထားပေမယ့်လည်း တကယ်တော့ Horror နည်းနည်းပဲပါပြီး Thrilling ပိုဖြစ်စေပါလိမ့်မယ်။ ဒါ့အပြင် လင်မယားနှစ်ယောက်ကြားမှာ ဖြစ်တတ်တဲ့ပြဿနာကို ဖော်ပြရိုက်ကူးပေးထားတဲ့ဇာတ်လမ်းဖြစ်လို့ ဆင်ခြင်စရာ သုတ၊ ကိုယ့်မိတ်ဆွေ အဖော်မွန်နဲ့အတူ မျှဝေခံစားလို့ရမယ့် ရသကောင်းကိုပါပေးစွမ်းနိုင်မယ့် Netflix ကထုတ်လုပ်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်လို့ ကြည့်လို့ကောင်းမှာကတော့ အသေအချာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.1GB, 575MB Quality - 1080p, 720p IMDb Rating - 5.3/10 Format - mp4 Duration - 1H 54Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Animation • Family • Fantasy • Romance
6.3 2021 114 mins
Aftermath
The Whale
8

ဖြစ်စေချင်ဝာာကတော့ ဘာမှဆက်ဖတ်မနေပါနဲ့။ ဒီတိုင်းသာ ကောက်ကြည့်လိုက်ပါ။ ပေါင်၆၀၀လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ "ဝေလငါး ( သို့ ) ဝမ်းနည်းခြင်းအက်ဆေး" ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်လို့ စကားဦးပျိုးလိုက်ရင် မှန်ပါ့မလား။ ဟင့်အင်း... မမှန်တာ သေချာတယ်။ ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်ထင်ရပေမဲ့ တကယ်တမ်းကျ လူဝကြီးက ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ လူဝကြီးအကြောင်းပြောပြရရင် လူဝကြီးက အလေးချိန် ပေါင်၆၀၀ရှိတယ်။ ဇနီးဟောင်းတစ်ယောက်၊ သမီးတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ရှိတယ်။ လူဝကြီးမှာ ကောင်လေးတစ်ယောက်ရှိခဲ့ပေမဲ့ အခုတော့ မရှိတော့ဘူး။ လူဝကြီးစကားအရတော့ အဲဒါကြောင့်ပဲ သူ့ကိုယ်အလေးချိန် တက်လာခဲ့တယ်တဲ့။ လူဝကြီးရဲ့ အ၀လွန်နေတဲ့ကိုယ်ပေါ်မှာ ဖက်ခွက်နာ၊ ပြည်တည်နာ၊ အဆီကျိတ်၊ အသားဆွေး အရေပြားရောဂါမျိုးစုံ ကျက်စားနေကြတယ်။ လူဝကြီးအကြောင်းဆက်မပြောခင် ကျွန်တော် လူဝကြီး အကြိုက်ဆုံး အက်ဆေးတစ်ပုဒ်ကို အရင်ပြချင်တယ်။ " မိုဗီဒစ်ဆိုတဲ့စာအုပ်မှာ စာရေးဆရာက ပင်လယ်ပြင်က သူ့အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြထားတယ်။ ဒီစာအုပ်ဟာ စာရေးဆရာနဲ့ သူ့သူငယ်ချင်းတို့ရဲ့ ကပ္ပတိန်အာဟတ်လို့ခေါ်တဲ့ ခြေထောက်တစ်ဖက်မရှိတဲ့ ပင်လယ်ဓားပြနဲ့အတူ ဝေလငါးဖမ်းထွက်တဲ့အကြောင်းပေါ့။ အာဟတ်ရဲ့ ဘဝပန်းတိုင်က ဝေလငါးကြီးကို သတ်ဖို့ပဲ။ ဒီအဖြစ်က ဝမ်းတော့ဝမ်းနည်းစရာပဲ။ အာဟတ်က သူ့ကို ဘယ်လောက်တောင် သတ်ချင်နေလဲ အဟိတ်တိရိစ္ဆာန် ဝေလငါးကြီးမှ မသိရှာပဲလေ။ သနားစရာသတ္တဝါကြီးပါပဲ။ တကယ်တမ်းဆို အာဟတ်လည်း သနားစရာကောင်းပြန်တာပါပဲ။ ဝေလငါးကြီးကို သတ်လိုက်နိုင်ရင် သူ့ဘဝကြီး အဓိပ္ပာယ်ရှိသွားမယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာကိုး။ တကယ်တမ်းကျ ဘာတစ်ခုမှ ထူးခြားသွားမှာမဟုတ်ဘူး။ အင်မတန်ဝမ်းနည်းဖို့ကောင်းတဲ့စာအုပ်ပေါ့။ ဇာတ်ကောင်တွေဟာလည်း အင်မတန် သနားစရာကောင်းတယ်။ ဝမ်းနည်းစရာအကောင်းဆုံးဇာတ်ဝင်ခန်းကတော့ ဝေလငါးကြီး ဘယ်လိုဘယ်ပုံပါလို့ ပုံဖော်ထားတာကလွဲ ဘာမှမပါတဲ့ ပျင်းစရာဇာတ်ဝင်ခန်းတွေပေါ့။ စာရေးဆရာဟာ စာဖတ်သူ ရှေ့မှာကြုံလာရမယ့် သူပြောပြမယ့် ဝမ်းနည်းစရာဇာတ်လမ်းကနေ ခဏလောက်ဖြစ်ဖြစ် ဆိုင်းငံ့ပေးဖို့ ကြိုးစားနေတာကို သိနှင့်နေခဲ့တာကိုး " လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ကြိုက်တယ်။ သေတော့မလိုလိုဖြစ်တဲ့ အချိန်တိုင်းမှာ လူဝကြီးနောက်ဆုံးတောင်းဆိုတာက ဒီအက်ဆေးကို ဖတ်ပြပေးဖို့ပဲ။ ဒီအက်ဆေးကို ခင်ဗျားသေချာဖတ်ကြည့်ပြီးပြီဆို လူဝကြီး ဒီအက်ဆေးကို ဘာလို့ကြိုက်လဲ ခင်ဗျားနားလည်လောက်ပြီ။ လူဝကြီးပြောခဲ့တဲ့ စကားတွေထဲ တော်တော်လှတဲ့ စကားတစ်ခွန်းရှိတယ်။ " လူတွေဟာ လူတွေကို ဂရုမစိုက်ဘဲ မနေနိင်ပါဘူး "တဲ့။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးမှာ ရေးသူဟာ မိုဗီဒစ်အကြောင်းပြောပြတယ်။ ဒါပေမဲ့ သူ့ပြောပြပုံက စာရေးဆရာအပါအဝင် မိုဗီဒစ်ထဲက ဇာတ်ကောင်တိုင်းကို နားလည်ပေး ဂရုစိုက်ပေးနေတဲ့ ပြောပြပုံမျိုး။ ဒီအက်ဆေးကို ဘယ်သူရေးလဲဆိုတဲ့ အချက်ကို ဖယ်ထားလိုက်ရင်တောင် ဒီအက်ဆေးဟာ သိပ်ချစ်စရာကောင်းနေတယ်။ ဒီလိုနဲ့ပဲ ပေါင်၅၈၀လုံး ချစ်ခြင်းတွေနဲ့ ပြည့်နေတဲ့ လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ချစ်ခဲ့တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာဆရာဖြစ်တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာကိုချစ်တယ်။ ဘာသာစကားတစ်ခုကိုချစ်ရင် အရေးအသားကိုလည်းချစ်ရမှာပေါ့။ ဒီတော့ လူဝကြီးဟာ အက်ဆေးတွေကို ချစ်တယ်။ လူဝကြီးဟာ စကားလုံးတွေကို ချစ်တယ်။ လူဝကြီးဟာ အက်ဆေးနဲ့ အသက်မွေးတယ်။ အက်ဆေးနဲ့ ပတ်သက်ပြီး လူဝကြီးရဲ့ ခံယူချက်ကရှင်းတယ်။ " ဒီအဆိုင်းမန့်လည်း အရေးမကြီးဘူး။ ဒီသင်ခန်းစာလည်း အရေးမကြီးဘူး။ အရေးကြီးတာက မင်းတို့ရေးတဲ့ စာတွေရိုးရိုးသားသားနဲ့လှနေဖို့ပဲ " တဲ့။ တော်တော်သဘောကျဖို့ကောင်းတဲ့ စကားပဲ။ ဘယ်စာမျိုးမှာမဆို စကားလုံးထက် ရိုးသားမှုက ပိုအရေးကြီးတယ်မလား။ ဒါပေမဲ့ ရိုးသားဖို့က အခက်ဆုံးပဲ။ လူဝကြီးကိုယ်တိုင်တောင် အမြဲမရိုးသားနိုင်ခဲ့ဘူး။ လူဝကြီးရဲ့ သမီးလေးကတော့ သိပ်ရိုးသားတယ်လို့ပြောရမလား သိပ်ရက်စက်တယ်လို့ပြောရမလား။ လူဝကြီးရဲ့ သမီးလေးဟာ လူဝကြီးပုံကိုရိုက်ပြီး " ငရဲမှာ သူ့ကိုမီးရှိ့တဲ့အချိန်ကျရင် ဝက်ဆီတွေထွက်လာလိမ့်မယ် "လို့ တင်လိုက်တယ်။ ဒီပို့စ်ကို လူဝကြီးက " ငါ့သမီးက စာအရေးအသားကောင်းချက် "လို့ တုံ့ပြန်တယ်။ လူဝကြီးဟာ သူမသေခင်မှန်တာတစ်ခုခုတော့ လုပ်သွားချင်ခဲ့တယ်။ သူ့သမီးကို " လူတွေက သူ့ကို ဂရုစိုက်ပြီး သူက လူတွေကို ဂရုစိုက်မယ့် "အရပ်မှာ နေစေချင်ခဲ့ခြင်းနဲ့ပေါ့။ ဒီလိုနဲ့ လူဝကြီးဟာ ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ ရှောင်လွှဲလို့မရနိုင်တဲ့အရာတွေထဲ မလိုချင်တဲ့ဇာတ်ဝင်ခန်းတွေ, ရက်စက်တဲ့ဇာတ်သိမ်းတွေ ပါကောင်းပါနေပါလိမ့်မယ်။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးထဲကလို ပြန်ပြောင်းပြောပြသူဟာ လာမယ့်ရက်စက်ခြင်းတွေကနေ ကယ်တင်ပေးချင်လည်းပဲ တစ်ကွေ့ကွေ့မှာတော့ တည့်တည့်ကို လာမှန်တာပါပဲ။ The Whale ဟာ သိပ်ရက်စက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေးပြီး သိပ်လှတဲ့ ဇာတ်ဝင်ခန်းတွေ ပေါင်းထည့်ပေးသွားတယ်။ ဒါပေမဲ့လည်း ဒီရုပ်ရှင်ဟာ ပေါင်၆၀၀ လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ မှတ်မိသလောက်ဆို ဒီကားလောက် မျက်ရည်ကျအောင်လုပ်နိုင်တဲ့ ရုပ်ရှင် မရှိခဲ့ဖူးပါဘူး။ ဒီမျက်ရည်ဟာ ဝမ်းသာခြင်းလား ဝမ်းနည်းခြင်းလားတော့ အခုထက်ထိလည်း မသည်းကွဲသေးပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 930MB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 1H 57Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
8 2022 116 mins
The Whale
My Name Is Vendetta
6.8

"သတ်မှာလား အသတ်ခံမှာလား ဒါဟာ ဥပဒေပဲ" ဆိုတဲ့ စကားစုလေးနဲ့ အစချီပြီး စတင်ထားတဲ့ "My Name is Vendetta" ဆိုတဲ့ ဇာတ်ကားလေးက အက်ရှင်ဇာတ်ကား ချစ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ Netflix ဇာတ်ကားကောင်းလေး တစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ... ဘဝမှာ သူများကို သတ်မှာလား ကိုယ် အသတ်ခံမှာလား ဆိုတဲ့စိတ်နဲ့ ဘဝတစ်လျှောက်နေလာခဲ့တဲ့ မာဖီးယား တစ်ဦးက ဖူးစာရှင်လေးနဲ့တွေ့ပြီး သူ့ဘဝကို ပြောင်းလဲလိုက်တယ်။ သမီးလေးတစ်ယောက် မွေး ဘဝကို ပျော်စရာတွေ မေတ္တာတွေနဲ့ ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနေစဉ်မှာ အတိတ်မှာ ဆိုးခဲ့တဲ့အမှားတွေနဲ့ မာဖီးယားဂိုဏ်းတစ်ခုက သူ့ကို ကလဲ့စားချေဖို့အတွက် သူ့မိသားစုကို ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်။ ကံကောင်းချင်တော့ သမီးဖြစ်သူ ဆိုဖီယာက မသေဘဲ လွတ်မြောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူ့မိသားစုကို သတ်ခဲ့တဲ့ သွေးကြွေးကို သမီးဖြစ်သူ ဆိုဖီယာနဲ့အတူ ကလဲ့စားချေဖို့ တာဆူတော့တာပေ့ါ။ သွေးသံတရဲရဲနဲ့ အက်ရှင်ခန်းတွေ အများကြီးပါပြီး လူမိုက်တစ်ဦးနဲ့ သူ့သမီးကြားက သံယောဇဉ်တွေကိုမြင်ရပြီး တန်ဖိုးထားရတဲ့ မိသားစုကို အလုယူခံလိုက်ရတဲ့အချိန် ဖြစ်ပေါ်လာတဲ့ နာကျည်းချက်တွေနဲ့ ဘယ်လို ကလဲ့စားချေမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်လိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Kit ပါ။) File Size          : 1.1GB, 470MB, 254MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 30mins Genre              : Action, Crime, Drama Translated by Kit Encoded by Kinnov

Horror • Thriller
6.8 2022 90 mins
My Name Is Vendetta
Valiyor Silar
9

ဒီနေ့မှာတော့ Channel Myanmar ရဲ့ အိန္ဒိယရုပ်ရှင်ချစ် ပရိတ်သတ်တွေအတွက် သွေးထွက်သံယိုတွေ မပါတဲ့ ရုပ်ရှင်ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ မှုခင်းစုံထောက်ဇာတ်ကားအများစုရဲ့ အနှစ်က သဲလွန်စတွေနဲ့ ခေါင်းခဲစရာ မြုပ်ကွက်တွေပဲလေ ဟုတ်တယ်မလား။ ဒီရုပ်ရှင်ကလည်း ပုံမှန်ရိုးရိုးရှင်းရှင်း ဇာတ်အိမ်ထဲမှာပဲ လူငယ်တစ်ယောက်နဲ့ ရဲတစ်ယောက်ကြားက ပဋိပက္ခကို သရုပ်ဖော်ထားတာပါ။ မိသားစု စီးပွားရေးမပြေလည်တဲ့ အာဂျွန်တို့မိသားစုက ညီမငယ်လေး ရမ်ယာလက်ထပ်ပွဲအတွက် အိမ်ကိုပေါင်ပြီး ပိုက်ဆံချေးလာတာပေါ့။ ဒါပေမယ့် အပြန်လမ်းမှာ စာရွက်စာတမ်းနဲ့ ကိုယ်ရေးအချက်အလက်တွေ မပါလို့ဆိုပြီး ရဲတွေက သံသယဝင်ပြီး ပါလာတဲ့ ပစ္စည်းတွေကို တစ်ညထိန်းသိမ်းထားလိုက်ပါတယ်။ နောက်နေ့မှ စာရွက်စာတမ်းပြပြီး ပစ္စည်းလာထုတ်ပေါ့။ ဒီတော့ နောက်နေ့ရဲစခန်းမှာ အာဂျွန်သွားယူတော့ သူပေးလိုက်တဲ့ ငွေ သိန်း ၂၀ အစား ၅ သိန်းပဲ ပြန်ရပါတော့တယ်။ ဒီတော့ ဒီငွေသာမရှိတော့ရင် ညီမလေးရဲ့ မင်္ဂလာပွဲပျက်မယ့်အရေးမို့ အာဂျွန်ခမျာ အရူးမီးဝိုင်းဖြစ်တော့တာပေါ့။ ဒီတော့ ငွေတွေကရော ဘယ်ကိုရောက်သွားတာလဲ။ အာဂျွန်ထင်သလိုပဲ ရဲတွေက ကြားကနေ တစ်ပတ်ရိုက်ပြီး အစဖျောက်ယူသွားတာလား။ အခြေအနေက ဘာပဲဖြစ်ဖြစ် ဒီပြဿနာကို ဖြေရှင်းရမယ့် အာဂျွန်တစ်ယောက် လုပ်မိလုပ်ရာတွေ လုပ်လိုက်ပါတော့တယ်။ မပြေလည်တဲ့ မိဘနှစ်ပါးကိုလည်း အကြောင်းရင်းစုံကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောနိုင်။ ညီမလေးရဲ့ လက်ထပ်ပွဲကိုလည်းအပျက်ခံလို့မဖြစ်။ ဒီလို ရွေးစရာမရှိတဲ့ကြားထဲမှာ အာဂျွန်ဘယ်လိုမျိုး ထွက်ပေါက်ရှာမလဲ။ ဒါတွေကို ရိုးရှင်းတဲ့ဇာတ်အိမ်မှာ ညိမ့်ညိမ့်ညောင်းညောင်းဆွဲယူသွားမယ့် သဲလွန်စတွေနဲ့ အခုပဲ ကြည့်ရှူခံစားလိုက်ပါတော့ဗျာ။ File size…1.3Gb / 650MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & HM

Action • Comedy • Science Fiction
9 2021 75 mins
Valiyor Silar
Teenage Mutant Ninja Turtles: Out of the Shadows
6

Teenage Mutant Ninja Turtles မြန်မာစာတန်းထိုးနဲ့ အကြည်ရပါပြီ။ ဒီ နံပါတ်၂ လိပ်နင်ဂျာကားမှာတော့ နံပါတ်၁ မှာ သူတို့ဖမ်းပေးလိုက်တဲ့ ဗီလိန်ကြီး ရှရက်ဒါ ပြန်လွှတ်လာပြီး အခြားကမ္ဘာတစ်ခုက ဂြိုလ်သားနဲ့ ပူးပေါင်းပြီး ကမ္ဘာကိုသိမ်းပိုက်မယ့် အန္တရာယ်ကို ညီအစ်ကို ၄ ယောက်တွန်းလှန်ကြတာပါပဲ။ ဒီအပိုင်းမှာ ဇာတ်ကောင်အသစ်ကေစီဂျုန်းအဖြစ် အဲရိုးမင်းသား စတက်ဖန် အမ်းမဲလ် သရုပ်ဆောင်ထားပါတယ်။ အက်ရှင်ကားကောင်းတစ်ကားအဖြစ် ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးထားသလို လုံးဝစရိုက်မတူညီတဲ့ ညီအစ်ကိုတွေ ဘယ်လိုနားလည်မှုနဲ့ အဖွဲ့တစ်ခုအဖြစ်လှုပ်ရှားနိုင်ခဲ့လည်း ဆိုတာကိုလဲ သရုပ်ဖော်ပြထားပါတယ်။ တခါတလေ ခက်ခဲတဲ့ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်းရဲ့ အမြင်နဲ့ဆုံးဖြတ်ချက်ဟာ ဘယ်လောက်စေတနာပါပါ အမြဲမမှန်နိုင်တာမို့ အဖွဲတစ်ခုရဲ့ စဉ်းစားဉာဏ်နဲ့ အင်အားဆိုတာ အမြဲထည့်တွက်ရမယ့်အရာဆိုတာ လိပ်ညီအစ်ကိုတွေကနေ သင်ခန်းစာယူရင်း ဟာသနဲ့အက်ရှင်ကောင်းတွေ ခံစားနိုင်ကြပါစေ။ (ဇာတ်လမ်း အညွန်းနဲ. ဘာသာပြန်သူကတော. Moe Myint Lwin ပဲဖြစ်ပါတယ်) File size…(982 MB) Quality… WEB.DL 720p Format…mp4 Duration….01:52:00 Subtitle….Myanmar Subtitle (Hardsub) Translator....Moe Myint Lwin Encoder…Thanhtike Zaw

Action • Adventure • Science Fiction
6 2016 112 mins
Teenage Mutant Ninja Turtles: Out of the Shadows
The Gift
6.7

The Gift (2000) ~ IMDb rating – 6.7/10 ~ ဒီကားရဲ့ ဒါရိုက်တာက Sam Raimi ပါ။ MCU ထဲက Dr. Strange လိုကားကိုတောင် Horror vibe ရအောင် ရိုက်ခဲ့တဲ့ ဘဲပေါ့။ Director တင်လန်းတာလားဆိုတော့ မဟုတ်သေးဘူး။ တစ်ချိန်တစ်ခါက LoTRထဲ အများတကာကြွေခဲ့ရတဲ့ နတ်သမီးလို အလှနဲ့ Cate Blanchett, Batman Begins ထဲ ကျွန်တော်တော်တော်ကြွေခဲ့တဲ့ Katie Holmes, နောက် ကြည်နူးရိပ်ကလည်း ရှားရှားပါးပါး မကောင်းတဲ့လူအနေနဲ့ ပါ၀င်ထားပါသေးတယ်။ Hilary Swank နဲ့ Giovanni Ribisi တို့လို သရုပ်ဆောင်တော်တော်ကောင်းတဲ့ လူတွေလည်း ထပ်လောင်း ပါပါသေးတယ်။ တိုဘီ့ စပိုက်ဒါမန်းကားနဲ့ မသိသူမရှိတဲ့ J. K. Simmons ကြီးလည်း ပါပါတယ်။ Cast အလန်း ဒါရိုက်တာအလန်းတွေနဲ့ တော်တော်ကြည့်လို့တန်တဲ့ ရုပ်ရှင်ပါပဲ။ အဓိကဇာတ်‌ကောင်ကတော့ Cate ပါ။ သူက စိတ်နယ်လွန် စွမ်းအားရှ်ိပြီး ကတ်တွေနဲ့ ဗေဒင်ဟောရင်း ကလေးသုံးယောက်ကို ကျွေးမွေးနေတဲ့သူ။ သူ့ဆီကို လာတဲ့ ဖောက်သည်တွေထဲ လင်နှိပ်စက်ခံနေရတဲ့ မိန်းမတစ်ယောက်ရှိတယ်။ သူ့ယောက်ျား ကြည်နူးရိပ်က သူ့မိန်းမကို အောက်လမ်းတွေသင်ပေးနေတယ်ဆိုပြီး သူ့ကလေးတွေရော ကိတ်ကိုရော ရန်ရှာပါတယ်။ အဲဒီမှာ ကိတ်က ကြည်နူးကို ပြန်ခြိမ်းခြောက်ပါတယ်။ ထောင်ထဲပို့မယ် ဘာညာပေါ့။ အဲဒီအချိန်မှာ မြို့မျက်နှာဖုံး သူဌေးသမီး ဂျက်စီကာကင်း (ကေတီဟုမ်း) ပျောက်သွားပါတယ်။ ကိတ်နဲ့ မျက်လုံးချင်း စကားပြောနေတဲ့သူနဲ့ လက်ထပ်မယ့်သူလည်း ဟုတ်သလို ကြည်နူးနဲ့ ဖောက်ပြန်နေတဲ့ စကီလည်း ဟုတ်ပါတယ်။ ကိတ်က သူ့စွမ်းအားတွေနဲ့ အာရုံခံတော့ ရေကန်တစ်ကန်ထဲ သံကြိုးတွေနဲ့ အပတ်ခံထားရတာ ဘာညာမြင်ပါတယ်။ ရဲတွေနဲ့သူ ကြည်နူး ခြံထဲကရေကန်ကြီးထဲရှာကြတော့ အလောင်းကြီး သံကြိုးတွေပတ်လျက် ထွက်လာပါတယ်။ ဘယ်သူ ဘယ်ဝါလုပ်လိုက်တာလဲတော့ ကိုယ်တိုင်ပဲ ရင်တမောမော အသည်းတအေးအေးနဲ့ လှည့်ကွက်များစွာကို ဖြတ်သန်းပြီး ကြည့်ရှုလိုက်ကြပါ။ Honest ရဗျူးပေးရရင် တော်တော်လေး ကြည့်လို့ကောင်းပါတယ်။ ညဘက်ကြည့်ရင် ပိုအရသာရှိကြမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.2GB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 51Min Genre – Drama, Fantasy, Horror Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Adventure • Science Fiction • Thriller
6.7 2000
The Gift
The Unfair (a.k.a) Minority Opinion
6.4

The Unfair (a.k.a) Minority Opinion (2015) တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပြည်သူ ၅ ဦးနဲ့ ရဲဝန်ထမ်းတစ်ဦး သေဆုံးခဲ့တဲ့ ‘YONGSAN TRAGEDY’ ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ The Unfair ဆိုတဲ့ ဇာတ်လမ်းက ဒီအကြောင်းကို Inspire ယူပြီး ရေးသားထားတဲ့ ‘SoSooUiGyeong’ ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံရဲ့ခရိုနီတွေနဲ့ တချို့သောအာဏာရှိအထက်လူကြီးတွေကြောင့် ပြည်သူတွေခံစားရတဲ့ မမျှတမှုတွေကို ပုံဖော်ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်လေး တစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း … မြို့ပြပြန်လည်ဖွံ့ဖြိုးရေးပရောဂျက်ကြောင့် နေထိုင်သူတွေဟာ သူတို့ရပ်ကွက်ကနေ မတရားနှင်ထုတ်ခံရပါတယ်။ ဒီဖြစ်ရပ်ကို လက်မခံနိုင်တဲ့ ပြည်သူတွေဟာ နေအိမ်တွေကို ဖယ်မပေးဘဲ တစ်နှစ်ကျော်ကြာသည်အထိ ဆန္ဒပြခဲ့ကြတယ်။ တစ်ရက်မှာတော့ ရဲအရာရှိအင်အားကို အသုံးပြုပြီး ဆန္ဒပြပြည်သူတွေကို အပြီးတိုင်ဖြိုခွဲမှုလုပ်ခဲ့ပါတယ်။ ဒီဖြိုခွဲမှုဖြစ်စဉ်မှာ ဆန္ဒပြပြည်သူတစ်ဦးရဲ့ သားဖြစ်သူ ဘတ်ရှင်းအူနဲ့ ရဲအရာရှိတစ်ဦး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ ဘတ်ဂျယ်ဟိုဟာ မတော်တဆလူသေစေမှုနဲ့ တရားစွဲခံရပြီးတော့ ဘတ်ရှင်းအူကို သတ်တဲ့တရားခံဟာလည်း အစစ်အမှန်မပေါ်ခဲ့ပါဘူး။ အဲဒီအတွက် ပြည်သူ့ရှေ့နေယွန်ဂျင်ဝန်၊ ရှေ့နေအီဒယ်ဆော့နဲ့ သတင်းထောက်ဂုံဆူဂယောင်းတို့က ဘတ်ဂျယ်ဟိုနဲ့ဘတ်ရှင်းအူတို့ရဲ့အမှုတွေမှာ တရားမျှတမှုရှိစေဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေ အောင်မြင်နိုင်မှာလား? ဘတ်ဂျယ်ဟိုအတွက် တရားမျှတမှုရှာဖွေနိုင်မလား? ဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hay Thar Oo ပါ။) File Size : 2GB, 745MB, 393MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr 7mins Genre : Drama Translated by Hay Thar Oo Encoded by Kinnov

Action • Comedy • Fantasy
6.4 2015 127 mins
The Unfair (a.k.a) Minority Opinion
Never Too Late to Celebrate
6.7

စပိန်လူမျိုးတွေရဲ့ ဓလေ့ထုံးစံမှာ မိန်းကလေးတွေ အသက် ၁၅ နှစ်ပြည့်တဲ့မွေးနေ့ပွဲကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပေးတတ်ကြပါတယ်။ အရွယ်ရောက်ပြီဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ပေါ့။ အဲအခမ်းအနားလေးကို quinceañera or quince လို့ခေါ်ပါတယ်။ စပိန်လူမျိုးဖြစ်ပေမယ့် အမေရိကမှာ ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ရတဲ့ အဖေဖြစ်သူနဲ့ အမေရိကန်သူဖြစ်တဲ့ အမေဆီက မွေးဖွားလာတဲ့ ကပြားလေး ကာမီလာ လိုပက်ဇ်ကတော့ အဖေဖြစ်သူကို ဆုံးရှုံးထားရတဲ့အတွက် အဖေ့ကို တသသဖြစ်ပြီး လွမ်းဆွတ်နေသူပါ။ အဲလိုဖြစ်တာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် မအားလပ်အောင်ထားဖို့အတွက် အလုပ်တွေပဲ ဖိလုပ်နေတဲ့ အလုပ်ကြမ်းပိုးလေးပေါ့။ အဲလို နိစ္စဓူဝ အပ်ကြောင်းထပ်နေတဲ့ ကိုယ်ပိုင်အချိန်ဇယားမှာ အသားကျနေတဲ့ ကာမီလာတစ်ယောက် အမေဖြစ်သူအလုပ်လုပ်တဲ့ကျောင်းကို သွားတွေ့ရင်းနဲ့ အချိန်ပိုင်းဆရာလေး ဟာဗီနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ စတွေ့ကတည်းက ဟာဗီပြောခဲ့တဲ့ စကားလေးတစ်ခွန်းကြောင့် အဖေဖြစ်သူကို သတိရပြီး သူစိမ်းရှေ့မှာ ငိုကြွေးခဲ့မိရာကနေ ကာမီလာတစ်ယောက် ရှေ့ဆက်ပြီး ဘယ်လိုဆုံးဖြတ်ချက်တွေ ချမိမလဲ အဖေဖြစ်သူ မရှိဘူးဆိုတဲ့ အတွေးကြောင့် ၃၀ နှစ်ပြည့်မွေးနေ့ကိုပါ မကျင်းပဖို့ ဆုံးဖြတ်ထားပေမဲ့ ဘယ်အရာတွေကြောင့် Double quince လုပ်ဖို့ဖြစ်လာမလဲဆိုတာကို အရိုတစ်လိုင်း ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အရိုကားလေးဆိုပေမယ့် အဖေနဲ့သမီးကြား၊ သားအမိကြား မေတ္တာတွေကိုပါ ပေါ်လွင်အောင်ပုံဖော်ထားတာမလို့ တစ်ရှူးလေး ကြိုဆောင်ထားကြစေချင်ပါတယ်။ ပြုံးပြုံးကြီး ကြည့်မိရင်း နောက်ခံသီချင်းလေးတွေကိုပါ ကြိုက်နှစ်သက်မိမှာဖြစ်လို့ အချစ်ဇာတ်လမ်းကြိုက်နှစ်သက်သူတွေ Down ပြီးရင် နောင်တမရမယ့် ဇာတ်လမ်းလေးဖြစ်ကြောင်း အသိပေးလိုက်ချင်ပါတယ်။ မင်းသားနဲ့မင်းသမီးက လက်တွေ့လောကမှာ တကယ့်လင်မယားတွေဖြစ်ပြီး သားသမီး ၃ ယောက်ပါ ထွန်းကားထားသေးတာမလို့ Chemistry မိချက်ကတော့ ပြောစရာမလိုသလို စပိန်ရိုးရာဓလေ့စရိုက်တွေကို သီချင်းလေးတွေ စားစရာတွေနဲ့အတူ မရိုးရအောင် တင်ဆက်ပြသထားတာမလို့ စိတ်ဝင်တစားကြည့်ရှုရမှာ ဖြစ်ပါတယ်နော်။ File size…1.86GB / 719MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 24m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Romance
6.7 2023 84 mins
Never Too Late to Celebrate
Hot Tub Time Machine 2
5

ကြမ်းတမ်းတဲ့အသုံးအနှုံးတွေနဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့် အသက် ၁၈ နှစ်အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူး။ 2010 ကထွက်ခဲ့တဲ့ HTTM ရဲ့အဆက်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လု ဒေါ်ချန်တစ်ယောက်ပါတီပွဲပေးနေရင်း သေနတ်နဲ့အပစ်ခံလိုက်ရတာကြောင့် သူ့ရဲ့သားဖြစ်သူ ဂျေကော့၊ သူငယ်ချင်းဖြစ်သူ နစ်ခ် ဝက်ဘာတို့က လုကို ရေပူကန်ထဲခေါ်ပြီး အတိတ်ကိုပြန်သွားရင်း ဒီဖြစ်ရပ်ကြီးဖြစ်မလာအောင်တားဆီးဖို့လုပ်ကြပါတယ်။ ဖြစ်ချင်တော့ သူတို့ ရောက်သွားတာက အတိတ်ကာလမဟုတ်ပဲ အနာဂတ်ကာလကို ‌ဆယ်နှစ်တောင်ကြိုပြီးရောက်သွားတာပါ။ ဒီလိုနဲ့ ငရှုပ်သုံးယောက် လုကိုပစ်သွားတဲ့ သေနတ်သမားကို လူသတ်မှုမကျူးလွန်ခင်ရှာတွေ့နိုင်မှာလား၊ အနာဂတ်မှာရော ဘယ်လိုတွေပတ်ပြီး ရှုပ်ကြ၊ မွှေကြ၊ ပွေကြဦးမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

5 2015
Hot Tub Time Machine 2
Wrath of Dracula

19ရာစုရဲ့စာရေးဆရာ Bram Stokerရဲ့ နာမည်ကြီးဝတ္တု Draculaကို low budget adaptationအနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ တခြား romance vampireဇာတ်လမ်းတွေလိုမဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင်ဆိုတဲ့ဖြစ်တည်မှုကို လက်တွေ့ဆန်ဆန် မသတီဖွယ်factတွေနဲ့မကောင်းဆိုးဝါးပုံစံမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဥ်းထဲမှာတော့ မီနာဟာကာရဲ့ခင်ပွန်း ဂျွန်နသန်ဟာကာက ထရန်စ်လေဗေးနီးရားမှာရှိတဲ့ ဒရာကူလာရဲတိုက်ကို အလုပ်ခရီးနဲ့ရောက်ရှိပြီး ရဲတိုက်မှာပိတ်မိနေခဲ့တယ်။ မီနာဆီကို ဝှက်စာပေးပို့အပြီးမှာ မီနာက အင်္ဂလန်ကနေချက်ချင်းပဲထွက်လာပြီး ခင်ပွန်းဖြစ်သူကို လာကယ်ဖို့ကြိုးစားတယ်။ ရဲတိုက်နားကိုရောက်ရောက်ချင်းမှာ ပရော်ဖက်ဆာဗန်ဟဲလ်ဆင်နဲ့ဆုံပြီး နှစ်ဦးသားပူးပေါင်းရင်း မြို့စားဒရာကူလာနဲ့ရင်ဆိုင်ရပုံကို ဇာတ်လမ်းတည် ရိုက်ကူးထားတဲ့ gothic horror အမျိုးအစားဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1 GB)/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Action, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su eaindra

0 2023
Wrath of Dracula
Mother

Mother 2014 Manga artist ဖြစ်တဲ့ ကာဇူအို အူမဲဇုက မန်ဂါလောကရဲ့ နာမည်ကျော်ဆရာတစ်ူ ဖြစ်ပါတယ်။ တစ်နေ့မှာ သူပရိသတ်တဖြစ်လဲ၊ တည်းဖြတ်သူပေါက်စလေး ဆာကူရာက သူ့အတ္ထုပတ္တိအကြောင်းကို စာအုပ်ထုတ် ဖြန့်ဝေဖို့ လာညှိုနှိုင်းပါတော့တယ်။ ဒီလိုနဲ့ မန်ဂါဆရာတစ်ယောက် သူကြုံတွေ့ခဲ့ ဘဝဖြတ်သန်းမှုအကြောင်း ပြောပြရာကနေ ထူးဆန်းမှုတွေကို သတိပြုမိလာတာပါပဲ။ အတိတ်ကို တူးဆွရင်း သူ့မိခင်ရဲ့ သေဆုံးမှုကနေ မဖြေရှင်းနိုင်ခဲ့တဲ့ ပဟေဠိကားချပ်ကို ဆက်စပ်ရင်း အဖြေထုတ်ဖို့ ဖြစ်လာတဲ့အခါ… လက်တွေ့နဲ့ စိတ်ကူးယဉ်ပုံပြင်ကို ဆက်စပ်ရင်း သူတို့တွေ အဖြေရှာတွေ့မလားဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ပဲဖြစ်ပါတယ် Genre….. Horror Quality…. 720p File size… .. 485MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

0 2014
Mother
Float
5.5

ဒီဇာတ်လမ်းလေးကတော့ Wattpadမှာ ဖတ်ရှုသူပေါင်း 26Millionအထိရခဲ့တဲ့ romance stroyလေးပါ။ စာရေးဆရာမ Kate Marchantကရေးသားထားခဲ့ပြီး wattpad platformမှာ စတင်ဖြန့်ဝေခဲ့ပေမယ့် အခုဆိုရင် ရောင်းအားအကောင်းဆုံးစာအုပ်လည်းဖြစ်၊ webcomicလည်းထွက် Movieပါထွက်ရှိလာပါပြီ..။ ချစ်စရာဇာတ်လမ်းလေးတွေမှ ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးကလည်း တစ်မျိုးကြည့်ကောင်းနေမှာပါ။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ဝေ့ဗ်လီဟာ နွေရာသီ အားလပ်ရက်မှာ မိဘတွေနဲ့တွေ့ဖို့ တိုင်ပေကိုပြန်ချင်တာပေါ့…။ သို့ပေမဲ့ မိဘတွေရဲ့စီစဥ်မှုကြောင့် ခရီးစဥ်ပျက်သွားတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး အဒေါ်ရှိရာ ကျွန်းလေးဆီကိုသာ ခြေဦး လှည့်လာခဲ့ပါတယ်…။ ဒီကျွန်းလေးမှာပဲ မိတ်တွေအသစ်တွေရ၊ အားလပ်ရက်နေဖို့ကြံရင်း ရေကူးနည်းပြလေးတစ်ယောက်နဲ့ဆုံခဲ့ပါတော့တယ်….။ နွေရာသီကျွန်းလေးမှာ နွေရာသီအချစ်ဇာတ်လမ်းလေးက ဘယ်လိုလေးဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ… File size…1.42GB / 655MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Documentary
5.5 2024 100 mins
Float
Trinil
6

ဒီတစ်ခေါက်မှာတော့ Horror ရုပ်ရှင်ဆို ပြူးပြူးပြဲပြဲ Jump scares တွေမှကြိုက်တတ်ပါတယ်ဆိုတဲ့သူတွေအတွက် ဖြည်းဖြည်းလေးရော ဝုန်းဝုန်းဒိုင်းဒိုင်းရော နည်းမျိုးစုံ ခြောက်ပြမဲ့ အင်ဒို ခေါင်းပြတ်သရဲကားလေးကိုတင်ဆက်ပေးလိုက်ချင် ပါတယ်။ ဒီဇာတ်လမ်းဟာ 1980ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံ အတွင်း နာမည်ကျော်ခဲ့တဲ့ ရေဒီယိုဇာတ်လမ်းတစ်ပုဒ်ကို မှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့ 1970ဝန်းကျင်ကာလကိုဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း **************** အင်ဒိုနီးရှားနိုင်ငံ Central Java မှာ လက်ဖက်ခြံပိုင်ရှင် သူဌေးကြီး ဝမ်လမ်ဆောင်ဒါဆိုပြီးရှိပါတယ်။ သူ့မှာ သူချစ်စနိုးနဲ့ ထရီနီ လိုခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့ သူဌေးကြီးဆုံးပါးသွားပြီး သူ့မိန်းမဟာလည်းရုတ်ချည်းဆိုသလို ပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့သမီးကတော့ သူဌေးကြီးမဆုံးခင် အိမ်မှာ သူနာပြုလာလုပ်ပေးတဲ့ သူနာပြုဆရာလေးနဲ့လက်ထပ်ပြီး Honey moon ခရီး သုံးလကြာထွက်သွားခဲ့ပါတယ်။ သူတို ဟန်းနီးမွန်းထွက်နေတဲ့ကာလမှာ လက်ဖက်ခြံထဲ ရာသီဥတု မကောင်းတာတွေ၊ ဝန်ထမ်းတွေ သေဆုံးတာတွေ ၊သတ်သေတာတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ သူတိုနှစ်ယောက် ဟန်းနီးမွန်းက ပြန်လာတဲ့အခါမှာလည်း အိပ်နေရင်းဘီလူးစီးခံရတာတွေ ခြောက်လှန့်ခံရတာတွေဖြစ်လာတာမို ခင်ပွန်းဖြစ်သူက သူ့သူငယ်ချင်းအပနှင်ဆရာကို အပနှင်ပေးဖိုအကူအညီတောင်းရာကနေ စံအိမ်ကြီးရဲ့လျှိဝှက်ချက်တွေတစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ ဒီမှာ တစ်ခုသတိထားမိတာက အင်ဒိုသရဲကားတွေဟာ ဇာတ်လမ်းဇာတ်အိမ် ကျစ်လျစ်ပိုင်နိုင်ပြီး တင်ဆက်ပုံကလည်း အဆင့်အတန်းတစ်ခုမှာရှိပါတယ်။ ဇာတ်လမ်းကို အစကနေအဆုံးထိ တန်ပိုကောင်းကောင်းနဲ့ဆွဲခေါ်သွားနိုင်တာမို အချိန်ပေးကြည့်ရတာ တန်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေရှင်။ File size…1.54 GB/ 677 MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6 2024 105 mins
Trinil
The Signature
6.8

The Signature 2024 (လက်မှတ်) ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ဝါရင့်သရုပ်ဆောင် Anupam Kher ပါဝင်တဲ့ ဒရာမာဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အိမ်ထောင်သက် ၃၅နှစ်တာသက်တမ်းရှိပြီဖြစ်တဲ့ အာဗင်နဲ့ မာဒူတို့ လင်မယားနှစ်ယောက်၊ တစ်ရက်မှာ သူတို့လင်မယားခရီးထွက်ဖို့ပြင်ရင်းနဲ့ လေဆိပ်မှာတင်ပဲ မာဒူတစ်ယောက် မူးလဲရာကနေ ဆေးရုံတင်လိုက်ရပါတော့တယ်။ အခုခေတ်မှာ ဆေးရုံဆေးခန်းဆိုတာကလည်း သိတဲ့အတိုင်းပဲ ဘာလေးပဲဖြစ်ဖြစ် ငွေအတောင့်လိုက်ကုန်တဲ့ခေတ်ဆိုတော့လည်း မာဒူတစ်ယောက်အတွက် ဆေးရုံတက်တဲ့ ပထမနေ့မှာတင် ရူပီး၁သိန်းခွဲကုန်ခဲ့ပြီးတော့ ၉ရက်တာကာလအတွင်းမှာတင် အာဗင်စုထားတဲ့ ရူပီးငွေ၆သိန်းကျော်လုံး ကုန်သွားခဲ့ပါတော့တယ်။ ဇနီးဖြစ်သူဟာ အသက်ရှူစက်အကူအညီနဲ့ နေနေရတာဖြစ်ပြီးတော့ တစ်ရက်တစ်ရက် ကုန်ကျစရိတ်ကလည်း မနည်းဆိုတော့ မိန်းမဖြစ်သူအတွက်နဲ့ ဘယ်တုန်းကမှ သားသမီးတွေကို အောက်ကျို့မခံခဲ့တဲ့အာဗင်ဟာ သားသမီးတွေဆီကနေ ငွေအကူအညီတောင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း အိမ်ထောင်ကိုယ်စီကျနေပြီဖြစ်တဲ့ သားသမီးတွေဟာလည်း အများကြီး ကူညီမပေးနိုင်ကြပါဘူး။ ဒီလိုနဲ့ သားဖြစ်သူဟာ အမေကိုချစ်ပေမယ့် ဆေးရုံစရိတ်တွေမနိုင်တဲ့အတွက် အဖေဖြစ်သူကို အမေ့အတွက် DND လုပ်ဖို့ လက်မှတ်ထိုးခိုင်းလာတဲ့အချိန်မှာတော့ မိန်းမကို ရသလောက်အသက်ဆက်ဖို့ပဲလုပ်မယ်ဆိုပြီး ငြင်းပယ်ရင်းနဲ့ ……. ဆေးရုံစရိတ်ခတွေအတွက် အာဗင်တစ်ယောက် ဘယ်လိုတွေ ကြံဖန်မလဲ ….. သူ့မိန်းမကို ကယ်တင်နိုင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ ……. ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Alex~Yunni တို့ပဲဖြစ်ပါတယ်)

Drama
6.8 2024
The Signature