YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]All.of.Us.Are.Dead.2022.S01.E09.1080p.5.1CH.mp4

974.32 MB N/A video/mp4 7466 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee: The Four Heavenly Kings
6.3

Detective Dee: The Four Heavenly Kings (2018) IMDb Rating (6.4) / Rotten Tomatoes (60%) ဒီရုပ်ရှင်ကတော့ ၂၀၁၃ ကထွက်ရှိခဲ့တဲ့ Young Detective Dee - Rise of The Sea Dragon ရဲ့ Sequel အနေနဲ့ထွက်ရှိလာခဲ့တာပါ။ ရှေ့က အဓိကသရုပ်ဆောင်တွေ အကုန်နီးပါး ပြန်ပါဝင်ထားပါတယ်။ ၂၀၁၀ ကထွက်ရှိပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ Detective Dee-Mystery of The Phantom Flame ရုပ်ရှင်ရဲ့ Prequel ရုပ်ရှင်တွေဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Rise of The Sea Dragon ရုပ်ရှင် အဆုံးကနေပြန်လည်စတင်ထားပြီး ရှင်ဘုရင်က စုံထောက်ဒီးကို နဂါးနိုင်ဓါး (ကျိုင်းတံ) အပ်နှင်းပြီး တစ်တိုင်းပြည်လုံးကို စေခိုင်းနိုင်တဲ့ အခွင့်အာဏာအပ်နှင်းလိုက်တာကနေ စတင်ပါတယ်။ ဒီလိုအာဏာအပ်နှင်းလိုက်တဲ့အတွက် ရှင်ဘုရင်ကို (တရုတ်ပြည်သမိုင်းမှာတစ်ဦးတည်းသောဘုရင်မဖြစ်လာမယ့်) မိဖုရားဝူက အမျက်ရှတော်မူပါတယ်... စုံထောက်ဒီးလို ဦးနှောက်ပဲရှိပြီး မျိုးရိုးက မင်းမှုထမ်း သာမန်ဖြစ်နေတဲ့ လူမျိုးကို အာဏာအပ်နှင်းရမလားဆိုပြီးတော့ပေါ့။ ဒါနဲ့ မိဖုရားဝူက ပွဲကြမ်းတော်မူတယ်ပေါ့...ရှင်ဘုရင်ကလဲ သူ့မိဖုရားကို ချစ်ခင်နှစ်သက်တော်မူတာကြောင့် မိဖုရားဝူဟာ ဘုရင်မတစ်ပါးလိုဖြစ်နေတော့ နန်းတွင်းထဲ လုပ်ချင်ရာလုပ်နေသတဲ့။ မိဖုရားဝူအနေနဲ့ကတော့ နဂါးနိုင်ဓါး (ကျိုင်းတံ)ကိုပဲ ပြန်သိမ်းပြီး စုံထောက်ဒီးကို ပညာပေးပါဝါပြချင်ယုံပါ။ ဒါပေမယ့် ရှေ့မင်းဆက်လက်ထက်က ရာဇဝင်ကြွေးမကျေတဲ့ အိန္ဒိယက နတ်ဝိဇ္ဇာ စစ်သည်တော်တွေ မိဖုရားဝူကိုအကြောင်းပြုလို့ ဒီအမှုတွဲထဲကို ပါဝင်လာတဲ့အခါမှာတော့...စုံထောက်ဒီး ဘယ်လိုဖြေရှင်းမလဲဆိုတာ...။ ရိုက်ကူးထားတဲ့ သိုင်းကွက်တွေ လက်နက်ပစ္စည်းတွေ Special Effect တွေကတော့ ပြောနေကြအတိုင်း တဝိုးဝိုးဖြစ်ရမှာပါ။ ဒီဇာတ်ကားကိုကြည့်ပြီးမှ ၂၀၁၀ က စုံထောက်ဒီး ဇာတ်ကားကို ကြည့်သင့်ပါတယ်..။ တရုတ်ပြည်သမိုင်းမှာ ထက်မြက်တယ် ဉာဏ်ပညာရှိတယ် ကောက်ကျစ်တယ် ရက်စက်တယ် အမျိုးမျိုးအဖုံဖုံ ပြောဆိုနေကြတဲ့ တစ်ဦးတည်းသောဘုရင်မဖြစ်ခဲ့တဲ့ Empress Wu တဖြစ်လဲ Wu Zetian အကြောင်းကို အနည်းငယ်မြည်းစမ်းကြည့်နိုင်မှာပါ။ File size…(4.3 GB)/(2 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:11:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ying Ying

Adventure • Family • Fantasy
6.3 2018 132 mins
Detective Dee: The Four Heavenly Kings
Pinball: The Man Who Saved the Game
7.2

1942 ခုနှစ်မှစပြီး ပင်ဘောကိုရာဇဝတ်အဖွဲ့အစည်းတွေချုပ်ကိုင်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အမေရိကန်ကမြို့တော်တော်များများမှာ ပိတ်ပင်ပစ်ခဲ့ပါတယ် ။ 1970 ပြည့်နှစ်တွေမှာ Roger Sharpe ဆိုတဲ့နှုတ်ခမ်းမွှေးကားကားနဲ့လူတစ်ယောက် နယူးယော့မြို့ကြီးကိုစာရေးဆရာဖြစ်ချင်လို့ ရောက်လာရင်း မဂ္ဂဇင်းတိုက်တစ်ခုမှာအလုပ်လည်းရ Ellen ဆိုတဲ့ကောင်မလေးလည်းရပြီး သာယာနေတဲ့အချိန်မှာ သူရဲ့တစ်ခုတည်းသောထွက်ပေါက်ဖြစ်တဲ့ ပင်ဘောကိုပိတ်ပင်ထားကြောင်းသိရှိသွားတဲ့အချိန် Roger တစ်ယောက် စာရေးဆရာအနေနဲ့ရော Music and Amusement Association(MAA) နဲ့ပူးပေါင်းပြီးရော ပင်ဘောတရားဝင်ပြန်လည်ဖြစ်မြောက်ရေးအတွက် ဘယ်လိုတွေကြိုးစားမလဲဆိုတာကို ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင်တော့ ပင်ဘောရဲ့ကယ်တင်ရှင်ကြီးRoger Sharpe ရဲ့ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်ခင်ဗျာ ။ ပင်ဘောကိုအကြောင်းပြချက်မျိုးစုံနဲ့ပိတ်ပင်ထားတဲ့ အမေရိကန်ကမြို့တွေရဲ့ဥပဒေတွေ၊ ပင်ဘောစတီထွင်တုန်းကနဲ့အခု ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာတွေနဲ့ Roger နဲ့ Ellen တို့အတူဖြတ်သန်းခဲ့ကြပုံကို လက်ရှိအချိန်မှာ Roger Sharpe ကပြန်ပြောပြနေပုံနဲ့တစ်မျိုး 1970 တုန်းက Roger Sharpe အနေနဲ့တစ်ဖုံ ဟာသလေးနှောပြီးတင်ဆက်ထားပါတယ် ။ ဒါရိုက်တာတွေကတော့ညီအကိုတွေဖြစ်တဲ့ Austin နဲ့ Meredith Bragg ကရိုက်ကူးထားတာဖြစ်ပြီး Roger အငယ်အနေနဲ့ West Side Story(2021) ထဲက Mike Faist နှင့် Roger အကြီးကတော့ Dennis Boutsikaris တို့ပဲဖြစ်ပါတယ်။ Ellen အနေနဲ့ Teen Wolf နှင့် Gotham စီးရီးတွေအပြင် Swamp Thing ထဲမှာပါ Abby Arcane အနေနဲ့ပါဝင်ထားတဲ့ ကောင်မလေးချောချောလေး Crystal Reed ကသရုပ်ဆောင်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ ။ File size…(1.4 GB)/(700 MB)/(333 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Drama, Comedy, History, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiha

Drama • Horror
7.2 2023 92 mins
Pinball: The Man Who Saved the Game
Tokyo Story
8.2

~ IMDb - 8.2/10, RT - 100%, Meta - 100% ~ မျက်ရည်ဝိုင်းခဲ့တဲ့ ကမ္ဘာမှာ တစ်စင်းတည်းစီးနေရတော့ အဲဒီမြစ်ရဲ့ တစ်နေ့တစ်နေ့မှာ နေ့တာညတာတွေ သိပ်ရှည်ခဲ့ရသတဲ့။ သူ့ရဲ့မြစ်လက်တက်တွေကလည်း အဲဒီမြစ်ဆီ တစ်ကွေ့တစ်ကြုံထက်ပိုလို့ လည်ပြန်မစီးခဲ့ကြပါဘူး။ စိတ်ပျက်လက်ပျက် အကျိုးအပျက်နေ့တို့ကို ခဝါချလိုက်တဲ့အခါ အကြွင်းနတ္ထိဖြစ်လာခဲ့တဲ့ဘဝမှာ ငါတို့အတ္တတွေဟာ ကြီးပြီးရင်း ကြီးလာ နှလုံးသားတွေဟာ သေးပြီးရင်းသေးလာ... ။ ငါမမြင်နိုင်ခဲ့တဲ့နေ့တို့ထဲ ငါ့ရဲ့အကြီးဆုံးနောင်တကို မိုက်မဲစွာနဲ့ ငါပြန်တွေ့ရှိလိုက်ရချိန်... တစ်စစီခွဲခဲ့သူဟာ တစ်စစီကွဲခဲ့ရတာပါပဲ။ ကျန်ရစ်သူတို့နဲ့ ချန်ရစ်သူတို့ ဘယ်သူပိုကြေကွဲခဲ့ရစမြဲလဲ။ သံတုတ်နဲ့ရိုက်ရိုက် သစ်သားတုတ်နဲ့ရိုက်ရိုက် နာကျင်သူဟာ ခေါင်းပဲမို့ ထိုစဉ်မှာ လုံလောက်အောင် မချစ်နိုင်ခဲ့တဲ့လူကတော့ တစ်ချိန်မှာ ပိုကြေကွဲပေးရလိမ့်မယ်။ အချိန်တွေပိုကြာလာလေ ငါပိုသေချာလာနေတဲ့အရာက လူဟာ လောက်အောင် မချစ်ပေးနိုင်ခဲ့လို့တော့ နောင်တမရသင့်ပါဘူး။ သိပ်ရက်စက်လွန်းတယ်။ ချစ်တတ်ဖို့ သိပ်လွယ်ရင်း ချစ်တတ်ဖို့ သိပ်ခက်ရင်း ချစ်ခြင်းကိုသာ ပယ်ခဲ့ရင် လူဟာ ဘာမှမဟုတ်တော့တဲ့အခါ ငါဟာ လူမမည်နိုင်လေတော့ဘူး။ အနေကြာလာရင် မင်းသိမှာပါ ဘ၀ဟာ အခိုင်မာဆုံးစိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အနေကြာလာတယ်... ငါလွမ်းမိလာတယ်... လူဖြစ်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါ။ ~ ~ ~ ~ အိုဇုရဲ့ တိုကျိုစတိုရီဟာ ဂျပန်ရွှေခေတ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲ တစ်ကားဖြစ်သလို အိုဇုရဲ့မာစတာပိစ်လို့ သတ်မှတ်ထားကြတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားဆိုလည်းဟုတ်တယ်။ အိုဇုဟာ အသံတိတ်ရုပ်ရှင်ခေတ်နှောင်းလောက်ကတည်းက ရုပ်ရှင်ရိုက်လာတဲ့ ဒါရိုက်တာပေမဲ့ ကူရိုဆာဝါနဲ့ အိုဇုရဲ့ အတောက်ပဆုံးအချိန်တွေက အတူတူပဲဆိုတော့ ခေတ်ပြိုင်မဟုတ်ပေမဲ့ ခေတ်ပြိုင်လို့ပြောလို့ရပေမဲ့ သူတို့ဟန်တွေကတော့ ဆန့်ကျင်ဘက်စီပဲ။ တကယ့်ကို ဆန့်ကျင်ဘက်ဖြစ်လွန်းပါတယ်။ ကူရိုဆာဝါရုပ်ရှင်တွေဟာ အနောက်တိုင်းဆန်တယ်လို့ပြောကြပြီး အိုဇုကျ ဂျပန်အဆန်လွန်နေတယ်လို့ အပြောခံရတယ်။ အခုရုပ်ရှင် တိုကျိုစတိုရီဟာ အင်္ဂလိပ်ကားကို သူ့နည်းသူ့ဟန်နဲ့ မှီးပြီး ပြန်ရိုက်ထားတာပါပဲ။ ဒါပေမဲ့ မမှားပါဘူး။ အနောက်တိုင်းကားကို မှီးပြီးရိုက်ထားတဲ့ ရုပ်ရှင်မှာတောင် အိုဇုဟာ ဂျပန်အဆန်လွန်နေခဲ့တယ်။ အကောင်းဘက်ကပါပဲ။ နောက် ကူရိုဆာဝါရဲ့စတိုင်ဟာ Extrovert အလွန်ဆန်ပြီး အိုဇုကတော့ Introvert အလွန်ဆန်တယ်လို့လည်း နှိုင်းယှဉ်ခံခဲ့ရတယ်။ နောက် ကူရိုဆာဝါဟာ မြင်ကွင်းကျယ်ရိုက်ချက်လှိုင်လှိုင်သုံးပြီး အိုဇုကတော့ အနီးကပ်ရိုက်လှိုင်လှိုင်သုံးတတ်တယ်။ တကယ့် ဆန့်ကျင်ဘက်ပါပဲ။ ဒါပေမဲ့ ဒီနှစ်ယောက်စလုံးက ဂျပန်ရွှေခေတ်ရဲ့ အခရာဖြစ်ခဲ့သလို ဒီနေ့ထိ World Cinema ကို လွှမ်းမိုးထားနိုင်တုန်းလူတွေဆိုတာကတော့ မမှားပါဘူး။ ဂျပန်စီနီမာကို ကြည့်ရင်တော့ အိုဇုက ပိုလွှမ်းမိုးတယ်ပြောရမလားပါပဲ။ နောက်ပိုင်းဒါရိုက်တာတွေထဲ အိုဇုအငွေ့နဲ့ မကင်းတဲ့လူတွေ မနည်းဘူး။ လက်ရှိရဲ့ ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kore-eda ဆို အိုဇုဟန်ကြီး လုံးလုံးသုံးတတ်ပြီး သူနဲ့ခေတ်သိပ်မကွာလှတဲ့ ဒါရိုက်တာဆိုလည်း တိုကျိုဖမ်မလီဆိုပြီး ဒီကားကိုပြန်ရိုက်ခဲ့ပါတယ်။ သူကတော့ အိုဇုလို ထိန်ကွက်တွေ မချန်သွားဘူး။ ဇာတ်တူပုံစံကွဲပေါ့။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ... သိပ်တန်ဖိုးကြီးတဲ့ ရုပ်ရှင်တွေကို စာရင်းလုပ်ကြရင် အိုဇုရဲ့ တိုကျိုစတိုရီဟာ မဖြစ်မနေ ထည့်ရမယ့်ရုပ်ရှင်ပါပဲ။ နှစ်ပေါင်းလေးထောင်အတွင်းမှာတောင် လူသားတွေဟာ ဘာကိုမှ သင်ယူမရရှိခဲ့တဲ့နောက် အနုပညာကလည်း သူ့အတ္တနဲ့သူရှင်သန်နေတဲ့ လူတွေကို ဘာမှသင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ ရုပ်ရှင်ကနေ ခံစားရုံသက်သက်ထက်ပိုပြီး တစ်စုံတရာ သေသေချာချာရခဲ့မယ်ဆိုရင်လည်း အဲဒီအရာဟာ ချစ်ခြင်းပဲလို့ ကျွန်တော်တော့ သေချာတယ်။ ရုပ်ရှင်ဟာ အသည်းကိုတစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စချင်းပြန်ဆက်ပေးတတ်တဲ့ အရာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 950MB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 2H 16Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
8.2 1953 137 mins
Tokyo Story
Medieval
7.1

ဥ​​ရောပအလယ်​ခေတ်ဇာတ်ကား​တွေကို ကြိုက်နှစ်သက်သူ​တွေအတွက် ဘိုဟီးမီးယန်း(ချက်နိုင်ငံ)မင်းဆက် သမိုင်းဇာတ်လမ်းတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ ၁၄ရာစုတုန်းက ဘိုဟီးမီးယန်းနယ်​မြေရဲ့ အကြီးကျယ်ဆုံး စစ်သူရဲတစ်​ယောက်ဖြစ်တဲ့ ယန်ဇစ်ဇကာရဲ့ ကနဦးစွန့်စားခန်းတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ၁၄ရာစုနှစ် ချားစ်ဘုရင်-၄ နတ်ရွာစံပြီး​နောက် ဘိုဟီးမီးယန်းနယ်​မြေတွင်း ဂိုဏ်းဂဏ​တွေကွဲပြီး ရောမရှိပုပ်ရဟန်းမင်းနဲ့ ပြင်သစ်ဘုရင်လက်​အောက်ရှိ ပုပ်ရဟန်းမင်းဆိုပြီး ဘာသာ​​ရေးအရပါ ၂ပိုင်းကွဲသွားပါတယ်။ ​ ချားစ်-၄ ​နတ်ရွာစံပြီး​နောက် သား​တော်ဖြစ်သူ ဝင်ဆယ်ဆလက်စ် နန်းတက်ရမှာဖြစ်​ပေမယ့် ရောမရှိပုပ်ရဟန်းမင်းကြီးဆီမှာ နန်းတက်ပွဲခံပြီးမှသာ ရှင်ဘုရင်သစ်ဖြစ်လာမှာဖြစ်လို့ ဝင်ဆယ်ဆလက်စ်အ​နေနဲ့ ​ဘိုဟီးမီးယားနယ်က​နေ ရောမကိုသွားဖို့ လိုအပ်​နေတာဖြစ်ပါတယ်။ ဒါ​ပေမဲ့ ဝင်ဆယ်ဆလက်စ်ဟာ အခွံသာရှိပြီးအဆံမရှိသူဖြစ်လို့ ​ကြွေးမှီများစွာတင်​နေပြီး ရောမကိုသွားဖို့​တောင် ရဲမက်စရိတ် စားစရိတ်ကအစ ​ချေးငှားရမယ့်အ​ခြေအ​နေပါ။ သူတို့​ချေးငှား​နေကျ သူကြွယ်အရှင် ရိုဆင်ဘာ့ဂျ်ကလည်း ​ချေး​​ငွေထုတ်မ​​ပေးတာ​ကြောင့် အကျပ်ရိုက်​နေတာပါ။ ဒါ​ကြောင့် ကြံရာမရတဲ့အဆုံး ရိုဆင်ဘာ့ဂျ်ရဲ့ ဇနီး​​လောင်း ​လေဒီကတ်သရင်းကို ပြန်​ပေးဆွဲပြီး ပြန်​ပေး​ငွေ​တောင်းဖို့ ကြံပါ​တော့တယ်။ ပြန်​ပေးဆွဲ​​​ရမယ့်တာဝန်က​တော့ ​ကြေးစားစစ်သည် ယန်ဇစ်ဇကာရဲ့ တာဝန်ဖြစ်လာပါတယ်။ ဇစ်ဇကာအ​နေနဲ့ ​လေဒီကတ်သရင်းကို ​ပြန်​ပေးဆွဲတဲ့ကိစ္စ​ အောင်မြင်မှာလား၊ အရှင်ဝင်ဆယ်ဆလက်စ်ရဲ့ အကြံအစည်က ထင်သ​​လောက် ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားပါ့မလား။ နောက်ကွယ်က နိုင်ငံ​ရေး ဘာသာ​ရေးအရှုပ်အ​ထွေး​တွေကြား ဘယ်​လောက်ထိ ​ပွေလီဦးမလဲဆိုတာ တိုက်ခိုက်ခန်း၊သတ်ဖြတ်ခန်းများများနဲ့ ကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Action, DrMa, History Quality…. 1080p | 720p | 480p File size… 2GB | 1.1GB | 585MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Adventure • Comedy • Family • Horror
7.1 2022 126 mins
Medieval
(18+) Hirugao
6.3

Hirugao: Love Affairs in the Afternoon ဆိုတဲ့ ဇာတ်လမ်းတွဲ အောင်မြင်ပြီးနောက်မှာ Hirugao The Movie ဆိုပြီး ထွက်လာတဲ့ကားပါပဲ။ စီးရီးထဲက သရုပ်ဆောင်တွေကိုပဲ သုံးပြီး ရုပ်ရှင်အနေနဲ့ ရိုက်ထားတာပါ။ Shin Ultraman ရဲ့မင်းသား Takumi Saito က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသမီးကတော့ နာမည်ကျော် Azumi ကားတွေရဲ့ မင်းသမီး Aya Ueto ပါ။ မင်းသားချောချော မင်းသမီးချောချောနဲ့ ၁၈ပလပ်ဆန်ဆန်ရိုက်ထားပေမဲ့ တကယ်ကြည့်ကောင်း လှပတဲ့ကားလေးပါပဲ။ ဇာတ်လမ်းကတော့ အိမ်ထောင်သည်စုံတွဲ၂ခုက ယောက်ျားနဲ့ မိန်းမက ဖောက်ပြန်ကြတယ်။ သူတို့အိမ်ထောင်ဖက်တွေသိသွားတော့ မိန်းကလေးရဲ့ယောက်ျားက မိန်းကလေးကိုကွာရှင်းပြီး ယောက်ျားလေးရဲ့မိန်းမက အဲဒီမိန်းကလေးကို သူ့ယောက်ျားနဲ့ အဆက်အသွယ်ထပ်မလုပ်ဖို့ စာချုပ်ချုပ်ခိုင်းထားခဲ့တယ်။ ဒီလိုနဲ့ ကောင်မလေးဟာတစ်ရပ်တကျေးမှာ ဘဝသစ်ထူထောင်ခဲ့တယ်။ တစ်နေ့ သူတို့ပြန်တွေ့ကြတဲ့အခါမှာတော့ မဖြစ်သင့်မှန်း သိသိလျက်ကြားကနေ သူတို့ဟာ အချစ်ရဲ့နယ်သတ်စည်းကို ထပ်ကျော်မိကြတာပေါ့။ ဒီကားမှာတော့ သူတို့ကြားကအခြေအနေကိုတင်မဟုတ်ဘဲ တတိယလူဖြစ်သွားတဲ့ ပထမလူရဲ့ ဒဏ်ရာတွေကို ပြသွားခဲ့တယ်။ မကျော်သင့်တဲ့စည်းကို ကျော်မိတဲ့အတွက် သူတို့၃ယောက်ရဲ့ အချစ်ဟာ ဘယ်လိုအခြေအနေ ရောက်သွားကြမလဲ Hirugao မှာ ကျွန်တော်တို့မြင်ကြရမှာပါပဲ။ စနှိုက်ကြော်ခြင်းရဲ့ အကျိုးအပြစ်များကို သေချာပြထားတဲ့ကားမို့ ပညာယူကြည့်ရှုကြသင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 708MB Quality - 720p, 480p IMDb Rating - 6/10 Format - mp4 Duration - 2H 5Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Adventure • Drama • Family
6.3 2017 125 mins
(18+) Hirugao
The Big 4
7

The Raid ဇာတ်ကားလို အမှန်အကန်ကြမ်းတဲ့ netflix ကအသစ်စက်စက်ထွက်လာတဲ့ အင်ဒိုဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ် နာမည်အတိုင်းပါပဲ။ မြန်မာလိုဆို ကြီး ၄ ကြီး ပေါ့ဗျာ။ တကယ့်ကို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူကြမ်းကြီး ၄ ယောက်ရဲ့ဇာတ်လမ်းပါ။ ဇာတ်ကြမ်းကားစစ်စစ်ကို အသောအထေ့အခွီအနှောက်လေးတွေနဲ့ဆိုတော့ ရသကို နှစ်ဆတိုးစေတဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ ပစ်ခတ်မှုတွေ သွေးသံရဲရဲတွေကိုလည်း အားမနာတမ်းရိုက်ပြထားပြီး စနိုက်ပါပစ်လိုက်လို့ ခေါင်းကွဲထွက်သွားတာမျိုးတွေကိုပါ ရိုက်ပြထားတာပါ။ ဇာတ်အိမ်လေးကတော့ လူဆိုးဂိုဏ်းတွေကိုလိုက်နှိမ်နင်းတဲ့အဖွဲ့ကို တည်ထောင်သူ မွေးစားအဖေဖြစ်သူလုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အဖွဲ့သားလေးယောက် ဇာတ်မြှုပ်နေကြပြီ။ မွေးစားအဖေရဲ့သမီးအရင်းက သူ့အဖေရဲ့လူသတ်တရားခံကိုလိုက်ရှာရင်း ကြီးလေးကြီးနဲ့တွေ့ပြီး လူဆိုးလူလွန်မသားလေးတွေကို ဖိုက်ကြတာပါပဲ။ ကြမ်းမှရမ်းမှဆို ပြေးသာကြည့်လိုက်တော့။ ဇာတ်ကြမ်းကားမို့ ဘာသာပြန် အတန်ငယ် ကြမ်းသွားတာတော့ သည်းခံပေးကြပါ။ လူဆိုးလူမိုက်ကြီးတို့ရဲ့ သရုပ်သကန်ကို အမှန်အကန် အပြည့်အဝ ခံစားမိစေဖို့ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 2.68GB | 1.36GB |400MB Format… mp4 Duration….2h 21min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Ka Naung, August

Adventure • Fantasy
7 2022 141 mins
The Big 4
West Side Story
7

အကောင်းဆုံးရုပ်ရှင်ဆု အကောင်းဆုံး Production Design ဆု အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု (Rita Moreno) အကောင်းဆုံးဝတ်စုံဆု အကောင်းဆုံးဒါရိုက်တာဆု (စတီဗင် စပီးဘက်) အကောင်းဆုံးအသံဆု အကောင်းဆုံး Cinematography ဆုတွေ အော်စကာ ဆန်ခါတင်ထားတဲ့ West Side Story ရုပ်ရှင်ကိုတင်ပေးထားပါတယ်။ IMDb 7.8 ရရှိထားပါတယ်။ ဒီရုပ်ရှင်ကတော့ ၁၉၅၇ နာမည်ကြီးဂီတပြဇာတ် West Side Story ကိုပဲ ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၆၁ တုန်းကလည်း ရုပ်ရှင်အဖြစ် ရိုက်ကူးဖူးပါတယ်။ ဒါရိုက်တာကြီး စတီဗင် စပီးဘက်ရဲ့ ပထမဆုံး ဂီတရုပ်ရှင်ပါ။ မင်းသားကတော့ The Fault in Our Stars ထဲက Ansel Elgort ဖြစ်ပြီး မင်းသမီးကတော့ Rachel Zegler ပထမဆုံးရုပ်ရှင်အနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ ရှိတ်စပီးယားရဲ့ ရိုမီယို နဲ့ ဂျူးလိယက်ကို inspire ယူထားတာပါပဲ။ နယူးယောက်မြို့ရဲ့ ဂျက်စ် ဆိုတဲ့ အမေရိကန်လူငယ်အဖွဲ့နဲ့ ငမန်းတွေဆိုတဲ့ စပိန်လူငယ်အဖွဲ့တို့ နယ်မြေလုဖို့ တိုက်ခိုက်အားပြိုင်နေကြပါတယ်။ ဒါကိုရဲတွေက လိုက်ထိန်းသိမ်းနေရတဲ့အခြေအနေပါ။ ခဏခဏတိုက်ခိုက်နေရတာကို စိတ်ကုန်လာတဲ့ နှစ်ဖွဲ့ဟာ နောက်ဆုံးအပြီးသတ် အရှုံးအနိုင်ပေါ်အောင် တိုက်ခိုက်ဖို့ ကပွဲတစ်ခုမှာ စပြီး ချိန်းဆိုလိုက်ကြပါတော့တယ်။ အဲဒီကပွဲမှာပဲ စပိန်သူလေး မာရီရာ နဲ့ ဂျက်အဖွဲ့ရဲ့ အမေရိကန်သားလေး တိုနီတို့ ချစ်ကြိုက်သွားပါတော့တယ်။ လူငယ်နှစ်ယောက်ရဲ့အချစ်နဲ့ လူမျိုးရေးမုန်းတီးမှုနဲ့တိုက်ပွဲတွေကြား လွန်ဆွဲမှုတွေကို သရုပ်ဖော်ထားတာပါပဲ။ အနုပညာလက်ရာကောင်းကောင်းခံစားတတ်သူတွေအကြိုက်တွေ့မှာပါ။ File size…(3 GB)/(1.5 GB)/ 1 Gb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:36:00 Genre...Drama, Crime, Musical Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson

Drama • Romance
7 2021 157 mins
West Side Story
The Twilight Saga: Eclipse
6.2

စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်... Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ဆိုပြီး စုစုပေါင်း ၅ ကားထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။ သွေးစုတ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ လူသား စတဲ့ မတူညီတဲ့ လောကတွေအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုမန့်တစ်ဆန်ဆန်တင်ဆက်ထားပြီး သရုပ်ဆောင်တွေရော ဇာတ်လမ်းရော ဒိုင်ယာလော့ခ်တွေရော ထိမိလှတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ File size…(2 GB) /(1.1 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:03:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Comedy • Drama • Romance
6.2 2010 124 mins
The Twilight Saga: Eclipse
Blood Creek

သာမန် Horror ကားတွေလိုမဟုတ်ဘဲ ဂမ္ဘီရလမ်းစဉ်တွေနဲ့ပါဆက်စပ်နေတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဟစ်တလာဟာယုတ်မာပြီးရက်စက်သလောက် ဂမ္ဘီရနည်းပညာကိုလည်းစွဲစွဲလမ်းလမ်းယုံကြည်ပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို့အတွက် ရသမျှနည်းလမ်းအကုန်သုံးချင်ခဲ့တာပါ။ ဒီဇာတ်ကားကတော့ ဟစ်တလာရဲ့ရက်စက်တဲ့လုပ်ရပ်တွေရဲ့ဆိုးရွားတဲ့အကျိုးဆက်တစ်ခုအကြောင်းကို စိတ်ကူးပုံဖော်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း….. အီဗန်ဆိုတဲ့လူတစ်ယောက်ကတော့ သူ့အစ်ကိုဗစ်တာပျောက်သွားပြီးကတည်းက မျှော်လင့်ချက်တွေပျောက်ဆုံးနေတဲ့သူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သေပြီလို့မှတ်ယူထားတဲ့ သူ့အစ်ကိုတစ်ယောက်လုံးအရှင်လတ်လတ်ပေါ်လာတဲ့အပြင် သူကအလုပ်တစ်ခုကိုလုပ်ဖို့အရမ်းစိတ်အားထက်သန်နေခဲ့ပါတယ်။ ဘာအကြောင်းအရာကိုမှရေရေရာရာမသိဘဲ အစ်ကို့ကိုကူညီပေးခဲ့ရာကနေ နားလည်ရခက်တဲ့လူတစ်ယောက်နဲ့ပါရင်ဆိုင်လာရပြီး ဂမ္ဘီရလမ်းစဉ်တွေနဲ့ပါဆက်စပ်နေတာကိုသိလိုက်ရပါတော့တယ်။ ဒီလူမဆန်တဲ့လူကဘယ်သူလဲ သူတခြားလူတွေကိုဒုက္ခမပေးနိုင်အောင် ဘယ်လိုတားဆီးကြမလဲ ဆိုတာကိုရင်တမမနဲ့ကြည့်ရှုရမှာပါ…… File size…(1.9 GB)/(964 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

0 2009
Blood Creek
Blanquita

IMDb – 6.3 ဒီရုပ်ရှင်ကတော့ 2000 ခုနှစ်အစောပိုင်း ချီလီနိုင်ငံမှာဖြစ်သွားခဲ့တဲ့ သက်ငယ်ပြည့်တန်ဆာအမှုအပေါ်အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘလန်ကာဟာ ဖာသာ မန်နျူရယ် ဦးစီးတဲ့မိဘမဲ့ဂေဟာမှာနေပါတယ်။ တစ်နေ့မှာ နာမည်ကြီးစီးပွားရေးသမားတစ်ယောက်ရဲ့ သက်ငယ်ပြည့်တန်ဆာအမှုတွေနဲ့အတူ အဖမ်းခံလိုက်ရပြီး ဘလန်ကာတို့ဂေဟာက ကားလို့စ်ဆိုတဲ့ ဉာဏ်ရည်အားနည်းတဲ့ကောင်လေးကလည်း ဒီအမှုရဲ့နစ်နာသူသက်သေအဖြစ် ပါဝင်နေခဲ့ပါတယ်။ ဒီလိုယုတ်မာတဲ့ သက်ငယ် မု-ဒိန်းသမား‌တွေကို ထောင်ထဲမှာအဆုံးသတ်ပေးဖို့အတွက် ဘလန်ကာကလည်း သူကြုံတွေ့ရတဲ့ဖြစ်ရပ်နဲ့ လူ‌ထုကြားကိုထွက်လာတဲ့အခါမှာတော့ ဘလန်ကာနဲ့ တခြားနစ်နာသူအကုန်လုံးအတွက် တရားမျှတမှုရနိုင်မှာလား၊ တရားရေးစနစ်ရဲ့ မတရားမှုတွေကို ဘလန်ကာတို့ တွန်းလှန်နိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1 GB)/(554 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2023
Blanquita
Abnormal Attraction
5.2

Abnormal Attraction (2018) ******************************** ဒီတစ်ခါတော့ Abnormal Attraction ဆိုတဲ့ Adventure, Comedy ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ။ လူသားတွေနဲ့ မွန်းစတားတွေ အတူယှဉ်တွဲနေထိုင်ဖို့ ဖြစ်လာတဲ့အခါ လူသားနဲ့ မွန်းစတား ကြားက နားလည်မှုလွဲတာလေးတွေကို ရိုက်ပြထားတာပါ … ဇာတ်လမ်းအကျဉ်းချုပ်လေးကို နည်းနည်းလေး မိတ်ဆက်ပေးချင်ပါတယ် .. ထူးဆန်းတဲ့ ရူးကြောင်ကြောင် လူတွေကို နှစ်သိမ့်ဆွေးနွေးပေးတတ်တဲ့ ဒေါက်တာနစ်ခ်ကို ရေခဲခြစ်ရောင်းတဲ့ အန်ဒီက ဖမ်းသွားပြီး .. မွန်းစတားတွေက လူတွေကိုနှိပ်စက်နေကျ စခန်းက အချုပ်ထဲမှာ ဖမ်းထားလိုက်ပါတယ် .. နစ်ခ်ဟာ မွန်းစတားတွေကို လူတွေအပေါ် အမြင်ပြောင်းသွားအောင် ပြောနိုင်ခဲ့ပေမဲ့ သူတို့ အချုပ်ခန်းထဲကနေ ထွက်လာတဲ့အချိန်မှာ နစ်ခ်ရဲ့ သတို့သမီးလောင်းဖြစ်သူက စခန်းကို လာတိုက်တာနဲ့ ကြုံပါတော့တယ် အဲဒီမှာ ပစ်ကြခတ်ကြရင်း မထင်ထားတာတွေ ဖြစ်လာပါတယ် .. နစ်ခ်နဲ့ သူ့သတို့သမီးလောင်းကြားမှာ သံသယတွေနဲ့ အဆင်မပြေဖြစ်နေတာ ကြာပါပြီ အဲဒီအချိန်မှာတော့ နစ်ခ်တစ်ယောက် သူ့ရည်းစားကို ဘာတွေ ဖုံးကွယ်ထားလဲဆိုတာ ပေါ်လာပါတော့တယ်….. နောက်ဆုံးမှာ မထင်ထားတဲ့ မြှုပ်ကွက်တွေကို ဖော်ပြသွားတာမို့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားလို့ ညွှန်းပေးပါရစေ.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ဖြစ်ပါတယ်.. File Size : 1.86 GB, 884 MB Quality : WEB-DL 1080p , 720p Format…mp4 Duration…01:47:00 Genre : Adventure, Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by AHtet

5.2 2018 107 mins
Abnormal Attraction
Kabuliwala
5.5

Kabuliwala (2024)”ကာဘူလီဝါလာ” ============================= အိန္ဒိယ ဂန္ထဝင်ကဗျာဆရာ၊ စာရေးဆရာကြီး ရာဘင်ဒြာနတ်တဂိုးရေးသားခဲ့တဲ့ ဝတ္ထုတိုကို ပြန်လည်အသက်သွင်းထားတဲ့ ဟင်ဒီစကားပြော ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းကိုပဲ ၁၉၆၁ ခုနှစ်တုန်းကလည်း ရုပ်ရှင်တစ်ခုထွက်ရှိခဲ့ပြီး အခုရုပ်ရှင်ကတော့ ၁၉၆၁ ခုနှစ်ရုပ်ရှင်ရဲ့ Remake ဖြစ်ကာ မင်းသားကြီး မီသွန်းချာကရာဘော်တီက ကာဘူလီဝါလာနေရာကနေ သရုပ်ဆောင်ပါဝင်ထားပါတယ်။ ရုပ်ရှင်နာမည်ဖြစ်တဲ့ ကာဘူလီဝါလာဆိုတာကတော့ အဝေးကြီးကနေ အိန္ဒိယကို အလုပ်လာလုပ်ကြတဲ့ အာဖဂန်နွယ်ဖွားတွေကို အိန္ဒိယကလူတွေခေါ်ကြတဲ့နာမည်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၆၀ ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။ အာဖဂန်နစ္စတန် နယ်စပ်မှာတည်ရှိပြီး ရွှံ့နဲ့လုပ်ထားတဲ့အိမ်လေးတွေရှိတဲ့ ရွာလေးတစ်ရွာမှာ ရာမတ်နဲ့ ရာဇီယာဆိုတဲ့သားအဖနှစ်ယောက်ရှိပါတယ်။ ရာဇီယာလေးဟာ ရာမတ်တို့ဇနီးမောင်နှံ အသက်ကြီးမှရတဲ့ သမီးဦးလေးဖြစ်ပြီး ရာမတ်ရဲ့ဇနီးကတော့ ဆုံးပါးသွားခဲ့ပါပြီ။ သူတို့ရွာလေးဟာ ကန္တာရထဲမှာရှိတဲ့ နယ်စပ်ရွာလေးဖြစ်တဲ့အတွက် အစာရေစာရှားပါးပြီး အသက်ရှင်ရပ်တည်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အဲဒီလိုနဲ့ ရပ်တည်ဖို့ကြိုးစားရင်း အကြွေးတွေတင်လာတဲ့အတွက် ရာမတ်ဟာ သူ့သမီးလေးကို အဘွားဖြစ်သူနဲ့ထားခဲ့ကာ ကာလကတ္တားကို အလုပ်သွားလုပ်ဖို့ဖြစ်လာပါတယ်။ အသက်ရှင်ရပ်တည်ရေးအတွက် သမီးလေးနဲ့ မိုင်ထောင်ချီအဝေးမှာ အလုပ်လုပ်နေရတဲ့ရာမတ်ဟာ သူ့သမီးလေးနဲ့တူတဲ့ မီနီဆိုတဲ့ကလေးမလေးနဲ့ သားအဖသံယောဇဉ်ဖြစ်လာပုံကို လွမ်းစရာကောင်းအောင်၊ ရင်နင့်စရာကောင်းအောင် ပုံဖော်ပြထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Western • Action • Drama • Romance • Thriller
5.5 2024 101 mins
Kabuliwala
The Swan Princess
6.4

IMDb – 6.4 Rotten Tomatoes – 50% မင်းသမီးလေးကနေ ငန်းမလေးဖြစ်သွားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ နှစ်ပေါင်းများစွာသားသမီးမထွန်းကားတဲ့ ဘုရင်ကြီးတစ်ပါး တစ်နေ့မှာ သမီးတော်လေးတစ်ယောက် ဖွားမြင်လာခဲ့တယ်။ မင်းသမီးလေးငယ်ငယ်ထဲက တစ်ဖက်နိုင်ငံက မင်းသားလေးတစ်ပါးနဲ့ မိဘချင်း သဘောတူထားတာပေါ့။ အဲလိုနဲ့ မင်းသမီးလေး အရွယ်ရောက်တဲ့တနေ့မှာတော့ တိုင်းပြည်ကိုသိမ်းချင်နေတဲ့ မှော်ဆရာကြီးရဲ့ အကောက်ကြံတာကို ခံရပါတော့တယ်။ မင်းသ‌‌မီးလေး Odette ရဲ့ အသံချိုချိုလေးနဲ့ မင်းသမီးဆန်တဲ့ အပြုအမူလေးတွေက မင်းသားနဲ့အတူ ကြည့်ရှူသူကိုပါ မျောသွားစေတာ အမှန်ပါပဲ။ Disney ကမဟုတ်တဲ့ နုနုယွယွမင်းသမီးလေးတစ်ပါးရဲ့ ဇာတ်လမ်းလေးပေါ့။ another princess story လေးမို့ မိုးရွာတဲ့ပိတ်ရက်တွေမှာ မိသားစုနဲ့တူတူ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းလေးတစ်ခုပါပဲ။ File size… 1.9 GB / 1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Ginevra

Drama
6.4 1994 89 mins
The Swan Princess
Two for the Road
7.4

ဒီရုပ်ရှင်က ကျွန်တော့်ရဲ့ အကြိုက်ဆုံး ရုပ်ရှင်ပါပဲ။ လက်ထပ်ပြီးသူတွေ (သိုမဟုတ် ရယ်စရာရှာနေသူတွေ) အနေနဲ့ ဒီရုပ်ရှင်ကို သေချာပေါက် ကြည့်သင့်ပါတယ်။ မဖြစ်မနေ ကြည့်ရမယ့်ကား ပါပဲ။ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကမှ ကြည့်ဖူးတာဖြစ်ပြီး အခုဆို ၇ ကြိမ်လောက် ရှိနေပါပြီ။ Mark နဲ့ Joanna တို့ရဲ့ ဆက်ဆံရေးကို အချိန်ကာလ ပြောင်းလဲမှုတွေနဲ့ ချပြထားတာက အချိန်ကို မှတ်မိဖို့ ခက်မယ်ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဇာတ်ကောင်စုံတွဲရဲ့ ဆံပင်ပုံစံနဲ့ သဘောထားတွေကို ကြည့်ရင် ရိုးရှင်းပါတယ်။ Audrey Hepburn က ထူးချွန်လွန်းပြီး သူမရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေထဲက တစ်ခုပါပဲ။ Albert Finney ကလည်း အလုပ်ကြိုးစားလွန်းတဲ့ ခင်ပွန်းအဖြစ် ဆွဲဆောင်မှုရှိပါတယ်။ Maxwell-Manchester မိသားစုက ရယ်စရာကောင်းပြီး၊ အထူးသဖြင့် Ruthie လိုခေါ်တဲ့ ကလေးမလေးက ပိုရယ်ရပါတယ်။ Audrey ကတော့ ၁၂ နှစ်ကြာ အိမ်ထောင်ရေးကို ကယ်တင်ဖို့ ကြိုးစားနေတဲ့ ပျင်းရိနေတဲ့ ဇနီးဖြစ်ပြီး Albert ကတော့ အလုပ်ပင်ပန်းလွန်းပြီး စိတ်တိုတတ်တဲ့ ခင်ပွန်းပါ။ ဒီရုပ်ရှင်က သူတိုရဲ့ ခရီးစဉ် သုံးခုကို ပြသထားပါတယ်။ ပထမခရီးစဉ်က သူတိုရဲ့ အချစ်ဇာတ်လမ်း စတင်ခဲ့ချိန်၊ ဒုတိယခရီးစဉ်က ပထမဆုံး ကလေး ကိုယ်ဝန်ရှိချိန်၊ တတိယခရီးစဉ်ကတော့ သူတိုရဲ့ အိမ်ထောင်ရေး ပြိုကွဲစပြုလာချိန်တွေပါ။ သူတိုရဲ့ ချစ်ခြင်းမေတ္တာကို အံ့ဩစရာကောင်းအောင် ပြသထားပြီး Hepburn နဲ့ Finney တိုဟာ တကယ့်ဘဝမှာလည်း ချစ်ခဲ့ကြတယ်ဆိုတာ ဘယ်သူမဆို မြင်နိုင်ပါတယ်။ တေးဂီတက လှပပြီး ရုပ်ရှင်တစ်လျှောက်လုံး ဖွင့်ထားတာကို ကျွန်တော် သဘောကျပါတယ်။ ဒါဟာ ရုပ်ရှင်တစ်ခုလုံးရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ထဲက အဖြစ်အပျက်တွေမှာ ကျွန်တော် တို့ကို တဖြေဖြေး ကြည်နူးစရာဆီ ဆွဲခေါ်သွားပါလိမ့်မယ်။ File size…(1.8 GB)/(935 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by YDN

7.4 1967 112 mins
Two for the Road