YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM)Alien Invasion 2020 WEB-DL 720p.mp4

756.3 MB N/A video/mp4 1739 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dear Bodyguard
3

တရုတ်ဘော်ဒီဂတ် အက်ရှင်ကားတွေကြိုက်တဲ့ CMပရိသတ်ကြီးအတွက် ဘော်ဒီဂတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင် ...... Hang Bin ဟာပုဂ္ဂလိကလုံခြုံရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ Sherry တို့သားအဖကိုစောင့်ရှောက်ပေးရတဲ့တာဝန်ကျရှုံးခဲ့ပြီး တစ်မိသားစုလုံးသတ်ခံလိုက်ရပါတယ်။ Sherryအဖေရဲ့ အန္တရာယ်ရှိ စမ်းသပ်ပစ္စည်းဟာလဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုခွင့်မလွှတ်နိုင်တဲ့ Hang Bin ဟာ ကိုယ့်ကိုယ်ကိုအပြစ်တင်ရင်း ဘဝကိုဖြစ်သလိုဖြတ်သန်းနေပါတော့တယ်။ ၁၅နှစ်ကြာပြီးနောက်.....လုပ်ဖော်ကိုင်ဖက်ဟောင်းကြောင့် အဆိုတော်မလေးရဲ့သက်တော်စောင့်ဖြစ်လာဖို့အကြောင်းဖန်လာပါတယ်။ အဆိုတော်မလေးဟာအသက်ခြိမ်းခြောက်မှုတွေဆက်တိုက်ခံရပြီး အန္တရာယ်တွေဆက်တိုက်ကြုံတွေ့နေရပါတယ်။ Hang Binဟာအခက်အခဲတွေရင်ဆိုင်ကျော်ဖြတ်ရင်း တရားခံရဲ့ပစ်မှတ်ဟာ တကယ်တော့ အဆိုတော်မလေးမဟုတ်ပဲ သူကိုယ်တိုင်ဆိုတာသိလိုက်ရတယ်။ နောက်ကွယ်ကနေထိန်းချုပ်နေတဲ့သူကဘယ်သူဖြစ်လိမ့်မလဲ..... ဘာကြောင့်များသူ့ကိုအညှိုးထားနေရတာလဲ...... ပဟေဠိတွေအပြည့်နဲ့ပီပြင်တဲ့ ဖိုက်တင်ခန်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရမယ့်အက်ရှင်ကားကောင်းလေးဖြစ်လို့ အကြိုက်တွေ့ကြမှာသေချာပါတယ်။ Reviewed By Nu Mon Quality : WEB-DL 1080p ,480p Format : mp4 Genres : Action , Drama Runtime : 1h 22min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror • Thriller
3 2022 82 mins
My Dear Bodyguard
Ditched
6

ရဲကားတစ်စီးရယ် လူနာတင်ကားတစ်စီးရယ် အကျဉ်းသားရွှေ့ပြောင်းဖို့အတွက် ညနက်နက်မှာ ကားဖြတ်မောင်းလာကြတာပေါ့။ ဘေးပတ်၀န်းကျင် ပယောဂကြောင့်လား မတော်တဆမှုတစ်ခု ကြောင့်ပဲလား မသိရပေမယ့် ကားနှစ်စီးလုံးဟာ ချောက်တစ်ခုထဲကို ဒလိမ့်ကောက်ကွေး ကျသွား ပါတော့တယ်။ အဲ့ထဲမှာမှ ဆေးဘက်အကူလေး Melina သတိမေ့ရာကနေနိုးလာတော့ အရာရာဟာ ၀ရုန်းသုန်းကား ... နောက်မှ သိလိုက်ရတာကတော့ ဒီဖြစ်ရပ်ဟာ မတော်တဆမှုတစ်ခုမဟုတ်ပဲ လုပ်ကြံမှုတစ်ခု ဆိုတာကိုပါပဲ။ Melina ကတော့ အိမ်မှာကျန်ခဲ့တဲ့ သမီးလေး Lily ကိုသာ စိတ်ပူပြီး အမြန်ပြန်ချင်ဇောကပ်နေခဲ့တာပေါ့၊ သို့ပေမယ့် မတော်တဆမှုတစ်ခုမဟုတ်ခဲ့တဲ့ ဒီလုပ်ကြံမှုမှာ အသက်ရှင်ကျန်နေတဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက် အပျောက်ရှင်းမယ့် အမည်မသိသူတွေ ပါ၀င်ပတ်သက်လာတဲ့အခါမှာတော့...... ဆေးဘက်အကူ Melina တစ်ယောက် ဒီဖြစ်ရပ်ဆိုးကြီးကနေ ဘယ်လိုရုန်းကန်ထွက်မလဲ  ဒီလုပ်ကြံမှု ကရော အကြောင်းမဲ့သက်သက်တိုက်ခိုက်မှုတစ်ခုပဲလား၊ ဘယ်သူတွေကရော ရှင်ကျန်ပြီး လွတ်မြောက် နိုင်မလဲ စ‌တာတွေကို ကြည့်ရှုရမယ့် horror ဇာတ်လမ်းကောင်းလေးတစ်ပုဒ်မို့ CM ပရိတ်သတ်တွေ အတွက် တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chuck Chuck, Jo Jo Va တို့ဖြစ်ပါတယ်။) File Size - (941 MB) / (446 MB) / (195 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - 1hr 26min Subtitle – Myanmar Hardsub Format – MP4 Genre : Horror Translator – Chuck Chuck, Jo Jo Va Encoder – San Win Maung

Drama • Romance
6 2021 86 mins
Ditched
As I Am
5.9

ကျောင်းသားဘဝ (၁) ပတ်သာ ကျန်တော့တဲ့ ကိုင် နဲ့ သူငယ်ချင်းတစ်သိုက်တို့ နောက်ဆုံးစာမေးပွဲဖြေဖို့ လုံးပမ်းရင်းနဲ့မှ သူတို့အတွက် ဒဏ္ဍာရီတွင်စရာ ကိစ္စတစ်ခုတော့ ကျန်ခဲ့အောင် ကြိုးစားဖို့ တိုင်ပင်ကြပါတော့တယ်. Coming-of-Age Movie အမျိုးအစားလေးဖြစ်တဲ့ ဒီဇာတ်လမ်းလေးမှာတော့ အဓိကဇာတ်ကောင် ကိုင်ရဲ့ ဘဝရွေးချယ်မှုတွေ၊ ဘဝတစ်ဆစ်ချိုးအချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲများကို ဖြတ်သန်းရင်း ဘဝရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းရပုံတွေကို ပေါ့ပေါ့ပါးပါး အခိုက်အတန့် များ နဲ့ လေးနက်အရေးကြီးတဲ့ ဇာတ်ကွက်များ ပေါင်းစပ်ထားတာကို တွေ့နိုင်ပါတယ်၊ ဇာတ်လမ်းအနေနဲ့ ပြောရရင်လည်း ဇာတ်ရှိန်အတက်နှေးပေမယ့် နောက် ဘာဆက်ဖြစ်မလဲဆိုတာကို မခန့်မှန်းနိုင်တဲ့အချက်ကပဲ ဒီဇာတ်လမ်းလေးကို စီးမျောစေတဲ့အချက်လို့ ဆိုရပါလိမ့်မယ်. အချုပ်အနေနဲ့ ပြောရရင် အင်္ဂလန်ကျေးလက်ဒေသကို အခြေခံထားတဲ့ ဒီဇာတ်လမ်းကတော့ ကျောင်းသားဘဝ အချစ်ရေးကိုလည်း အလှည့်အပြောင်း၊ ရှုပ်ထွေးမှုတွေ နဲ့ တင်ဆက်ထားတဲ့အပြင် ကိုင်ရဲ့ တည်ငြိမ်လေးနက်တဲ့ ဒဿနတွေ နဲ့ တစ်ဖက်ကကျောင်းသားဘဝရဲ့ ပေါ့ပါးမှု၊ လွတ်လပ်မှု၊ အရိုင်းဆန်မှု၊ ဗရုတ်ကျမှုများကိုလည်း အချိုးကျစွာ ဟာသနှောသရုပ်ဖော်ထားနိုင်တာကို တွေ့ရပါတယ်.

Action • Crime • Drama • Thriller
5.9 2020 125 mins
As I Am
Danur 3: Sunyaruri
5.1

Danur 3 [2019] ( 5.1/10 IMDb) သည်းထိတ်ရင်ဖိုဝတ္ထုတွေ ရေးသားတဲ့ စာရေးဆရာမ ရီနာဟာ စိတ်ကူးယဉ်ကောင်း၊ အရေးအသားကောင်းလို့ တစ္ဆေသရဲဝတ္ထုတွေကို ရေးသားနေတာ မဟုတ်ပါဘူး… သူဟာ တကယ်ကို ပရလောကနဲ့ ဆက်သွယ်ပြောဆိုင်နိုင်တဲ့အပြင် သရဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့် အဲ့ဒီအတွေ့အကြုံတွေကို အခြေတည်လို့ ဇာတ်လမ်းတွေ ရေးသားနေခဲ့တာပဲဖြစ်ပါတယ်…. ဘုရားသခင်အလိုတော်အရ သူ့ဆီမှာ ရှိနေခဲ့ရတဲ့ တတိယမျက်လုံးဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ပြင်ပလောကက သာမန်လူတွေနဲ့ အဆင်မပြေဖြစ်စေတာ များပါတယ်… အထူးသဖြင့် ရည်းစားထားတိုင်းမှာ ကောင်လေးတွေဟာ အဖြစ်မှန်ကို သိကြရတဲ့အခါ သူ့အပေါ်လက်လျှော့သွားကြတာချည်းပါပဲ… ဒါပေမယ့် ဒီမတ်စ်ကတော့ အများနဲ့မတူပဲ ကွဲပြားတဲ့ သူတစ်ယောက်လို့ ရီဆာရှုမြင်ထားလေရဲ့… ရီဆာ့ အိမ်မှာ ခိုကပ်နေတဲ့ သရဲပေါက်စကလေးတွေဟာ ရီဆာနဲ့ မောင်နှမဆက်ဆံရေးရှိကြသူတွေသာ ဖြစ်ပါတယ်… ဒါပေမယ့် ရီဆာဟာ ဒီကောင်လေးတွေရဲ့ ဇာတ်ကြောင်းကို ဂဃနဏမသိပါဘူး… မကောင်းဆိုးဝါးသရဲမကြီးတစ်ကောင်က အချိန်တိုင်း ဒီအိမ်ကိုပဲ မိုးကွက်ရွာနေစေခဲ့တာလည်း ရီဆာ မသိရှာပါဘူး… ဒီလိုနဲ့ တစ်ညမှာတော့ ရီဆာဟာ အိမ်မှာ သူ့ကောင်လေး ဒီမတ်စ်အတွက် မွေးနေ့ပွဲကျင်းပရင်းက သရဲလေးတွေ တောင်းဆိုတဲ့အရာကို အပြင်လူရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မလုပ်ပေးခဲ့ပါဘူး… အဲ့ဒါကပဲ သရဲမကို ဆင့်ခေါ်လိုက်သလို ဖြစ်သွားပါတော့တယ်…. သရဲမက ဒီမတ်စ်ကို အနာတရဖြစ်အောင် လုပ်ခဲ့ပေမယ့် ရီဆာကတော့ သရဲလေးတွေ လက်ချက်လို့ တထစ်ချယုံကြည်ပြီး သူတို့တွေကို မုန်းတီးနေခဲ့ပါတော့တယ်… ဒီလိုနဲ့ပဲ ချစ်သူနဲ့ သာမန်ဘဝလေးမှာ နေထိုင်ချင်တဲ့ ရီဆာ၊ သရဲမရဲ့ လှည့်စားမှုနဲ့ တတိယမျက်လုံးကို ပိတ်လိုက်မိတဲ့ ရီဆာ… တတိယမျက်လုံး မရှိတော့တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ သိချင်ရင်တော့ ပရိတ်သက်ကြီးတို့ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါတော့နော်…. Genre….. Horror Quality…. 1080p | 720p File size… 765MB | 391MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

5.1 2019
Danur 3: Sunyaruri
Fair Play
6.5

Fair Play (2023) ============ IMDb Rating – 6.5/10 ၂၀၂၃ ခုနှစ်မှာ Netflix ကနေ ထွက်ရှိလာတဲ့ Dram/Erotic Thriller ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.5 နဲ့ Rotten Tomatoes 88% ရရှိထားပါတယ်။ Erotic အမျိုးအစားလည်း ဖြစ်တာမို့ မိသားစုနဲ့ အတူမကြည့်ရှု့သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ရယ်ပါ သလို ၊ ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေလည်း ပါဝင်တယ်ဆိုတာ ကြိုပြီးသတိပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမ်မလီနဲ့ လုခ်ဟာ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ စုံတွဲတစ်တွဲပါ။ သူတို့နှစ်ယောက်လုံးဟာ ငွေရေးကြေး ရေးကုမ္ပဏီတစ်ခုတည်းမှာ အတူတူအလုပ်လုပ်ကြပါတယ်။ အလုပ်မှာ တော့ သူတို့နှစ်ယောက် တွဲနေတယ်ဆိုတာ လူမသိအောင် လျှို့ဝှက်ထား ကြပါတယ်။ လုခ်ရမယ်လို့ ထင်ထားတဲ့ ရာထူးမှာ အမ်မလီ ရသွားပြီး အမ်မလီက လုခ်ရဲ့ အထက်လူကြီး ဖြစ်သွားပါတယ်။ ဒီလိုနဲ့ပဲ သူတို့ နှစ်ယောက်ကြားမှာ အဖုအ ထစ်လေးတွေ ဖြစ်သွားကြပြီး ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ ဇာတ်လမ်းထဲမှာ ခံစားလိုက်ပါ။ (စီးပွားရေးဆိုင်ရာအသုံးအနှုန်းတွေ၊ ဘာသာပြန်လိုအပ်ချက်တွေ ပါရှိသွားရင် ကျွန်တော့်ရဲ့ လိုအပ်ချက်သာဖြစ်ကြောင်းပြောချင်ပါတယ်။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.22 GB) / (504 MB) Quality………..WEB-DL 1080p / 720p Duration……..1Hr 53Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Mystery, Thriller Translator……Leonard Lin Encoder……….SWM

History • Comedy • Drama
6.5 2023
Fair Play
The Tiger Brigades
5.8

The Tiger Brigades (2006) ==================== IMDb Rating – 5.8/10 The Tiger Brigades ဟာ ၁၉၇၀-၈၀ ဝန်းကျင်မှာ အောင်မြင်ခဲ့တဲ့ ပြင်သစ် ဇာတ်လမ်းတွဲ Tiger Brigades ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ ၁၉၀၇ ပြင်သစ်မှာရာဇဝတ်မှုတွေအလွန်အမင်းတိုးပွားလာချိန်မှာ ဝန်းကြီးချုပ်ကလေ မန်ဆောက ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် အထူးတပ်ဖွဲ့တွေကိုဖွဲ့စည်းခဲ့ ပါတယ်။ အဲ့ဒီအဖွဲ့တွေကိုနောက်ပိုင်းမှာ ကလေမန်ဆောရဲ့နာမည်ပြောင်ကို အစွဲပြုပြီး ကျားတပ်ဖွဲ့လို့အများပြည်သူကသိလာကြပါတယ်။ ဖြစ်ရပ်မှန်မဟုတ်ပေမယ့် သမိုင်းမှာတကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေ၊အထင်ကရ ဖြစ်ရပ်တွေကို စိတ်ကူးယဉ်နဲ့ရောမွှေဖန်တီးထားတာပါပဲ။ဒီဇာတ်ကားမှာတော့ အထူးတပ်ဖွဲ့ဝင်တွေဟာ သာမန်လုယက်မှုတစ်ခုကို လိုက်မိရာကနေ သပွတ် အူထက်ရှုပ်ထွေးတဲ့၊နိုင်ငံရေးထိပ်သီးပုဂ္ဂိုလ်ကြီးတွေ၊ သြဇာကြီးတွေ ပါဝင် ပတ်သက်နေတဲ့အမှုတစ်ခုကို အစဆွဲထုတ်မိတာကိုတွေ့မြင်ရမှာပါ။မြင်နေကျ အမေရိကန်အထူးတပ်ဖွဲ့ကားတွေလို ကိရိယာအဆန်းတွေ၊ဇာတ်လိုက်တွေရဲ့ သူမတူအောင်စွမ်းဆောင်ပုံတွေကိုမြင်တွေ့ရမှာမဟုတ်ပဲ သာမန်လူတွေလို သွားလာလှုပ်ရှား စကားပြော ကောက်ချက်ဆွဲကြတဲ့ သဘာဝကျကျလူသား ဆန်ဆန်ရဲစုံထောက်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(2.29 GB) / (968 MB) Quality…………BLU-RAY 1080p / 720p Duration………2Hr 05Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Crime Translator…….Alias Encoder……….SWM

5.8 2006 125 mins
The Tiger Brigades
Sunshine

အာကာသခရီးသွား ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာကို ရှာကြည့်တဲ့အခါမှာ 28 Days Later, Slumdog Millionaire, Yesterday စသဖြင့် ပရိသတ်ကြိုက်ကားတွေကို ရိုက်ဖူးတဲ့ Danny Boyle ဆိုသူ ဖြစ်နေတယ့်အပြင် သရုပ်ဆောင်တွေအနေနဲ့လည်း လက်ရှိအော်စကာရထားတဲ့ Cillian Murphy အပါအဝင် မြန်မာနိုင်ငံသားတိုင်းသိကြတဲ့ The Lady က မီရှဲလ်ယို၊ Chris Evans, Benedict Wong စသဖြင့် စုံစုံလင်လင် အားဖြည့်ထားတာကို တွေ့ရပါတယ် ဇာတ်လမ်းကို ၂၀၅၇ မှာ တည်ထားပြီး နေမင်းဟာ ပျက်စီးလုဆဲဆဲ ကမ္ဘာမြေအေးခဲပြီး လူသားမျိုးနွယ်ပျက်သုဥ်းမယ့် အရေးကို ကြုံနေရပါတယ် သိပ္ပံပညာရှင်တစ်သိုက်က Icarus 1 ကို မောင်းနှင်ပြီး နေကို အနုမြူဗုံးဖောက်ခွဲ အသက်သွင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ၇ နှစ်အကြာမှာ အဖွဲ့ဝင် ၈ ယောက်ပါ Icarus အမှတ် 2 နဲ့ နောက်တစ်ကြိမ် နေကို အသက်သွင်းဖို့ ကြိုးစားကြပါတယ် အာကာသကားဆိုတော့ ထုံးစံအတိုင်း ခရီးစဥ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ၊ စွန့်လွှတ်အနစ်နာခံရမှုတွေ၊ ပဋိပက္ခတွေ စသဖြင့် ကြုံရတာပေါ့ဗျာ သိပ္ပံဇာတ်လမ်းချည်းမဟုတ်ပဲ Drama ပိုင်းကိုလည်း သေချာ လေးနက်အောင် ရိုက်ကူးထားတဲ့ ကားလေးမို့ ဒေါင်းကြည့်လိုက်ပါဦး File size…(1.7 GB)/(883 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Drama • Thriller
0 2007
Sunshine
Field of Dreams
7.5

Field of dreams ဟာ 1989 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Sport/ Fantasy drama film ဖြစ်ပြီး IMDB rating 7.5၊ Rotten tomatoes 88% ထိရရှိထားပါတယ်။ ဒါရိုက်တာ Phil Alden Robinson ရဲ့ လက်ရာဖြစ်ပြီး Kevin Costner က ရေးလ်ကင်ဆယ်လာအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ် ရေးလ်ဟာ အမျိုးသမီးဖြစ်သူအန်နီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အိုင်အိုဝါကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် အန်နီရဲ့ အကြံအရ သူတို့နှစ်ဦးဟာ ပြောင်းဖူးခင်းတစ်ခင်း ဝယ်ခဲ့ပါတယ် ညနေခင်းတစ်ခုမှာ ရေးလ်ဟာ ထိုပြောင်းခင်းထဲမှ “မင်းအဲဒါကိုဆောက်ရင် သူလာလိမ့်မယ်”ဆိုတဲ့ ထူးဆန်းတဲ့အသံကို ကြားခဲ့ပါတယ် ရေးလ်က ဒီအသံဟာ သူ့ကို ဘေ့‌စ်ဘောကွင်းဆောက်ဖို့ ပြောတာလို့ အခိုင်အမာ ယုံကြည်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ပါတော့တယ် ၁၉၁၉ခုနှစ် ကမ္ဘာအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ တမင်အရှုံးပေးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ခြေဗလာဂျိုးဂျက်ဆန်နဲ့ တခြားကစားသမားရှစ်ယောက်ဟာ ထိုကွင်းဆောက်ပြီးချိန်မှာ ရောက်လာပါတော့တယ် ဒီ‌ဘေ့စ်ဘောကွင်းကြီးဟာ သူတို့တွေ လူ့ဘဝတုန်းက မဖြစ်မြောက်ခဲ့ရတဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်မလား ရေးလ်ကရော ပြောင်းခင်းထဲကနေ အသံတွေထပ်ကြားရဦးမှာလား ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Melody

Drama
7.5 1989
Field of Dreams
Apocalypse Now
8.4

Apocalypse Now (1979) ================= IMDb Rating (8.4) / Rotten Tomatoes (97%) ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင် God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။ Apocalypse Now (1979) ရုပ်ရှင်ကားကြီးက Theatrical Version, Final Cut Version, Redux Version ဆိုတဲ့ Version ၃ မျိုးလောက်ရှိပြီး ခုကတော့ 4K Final Cut Version နဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ စစ်ပွဲတစ်ပွဲမှာ ဘာတွေမြင်ရမလဲ။ လက်နက်တွေ ပေါက်ကွဲမှုတွေ သေကြေမှုတွေ အလောင်းတွေ သွေးတွေ။ ဒီအပေါ်ယံအမြင်တွေ အကုန် ဖယ်ကြည့်လိုက်ရင် စစ်ပွဲမှာ ကျွန်တော်တို့ အထင်ရှားဆုံးမြင်ရမယ့် အရာက လူ့စိတ်ပါပဲ။ ဒါရိုက်တာ ဖရန်စစ် ကော်ပိုလာက ဒီအချက်ကို အရဖမ်းသွားတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ စစ်တိုက်ခန်းနည်းနည်း စကားများနေတာများများနဲ့ အကောင်းဆုံးစစ်ကားဖြစ်သွားခဲ့ တယ်။ ဒီကားကြည့်ပြီး ခင်ဗျားရူးချင်သွားတယ်ဆိုရင်လည်း မထူးဆန်းဘူး ဒါရိုက်တာရော မင်းသားရော ဒီရုပ်ရှင်ရိုက်နေတုန်း ရူးချင်ချင် သေမလိုလိုဖြစ်သွားခဲ့ကြဖူးတယ်။ အဓိကပြချင်တာဘာလဲတော့ ကျွန်တော်လည်းမသိဘူး။ ယူသလိုပဲရလိမ့်မယ်။ အရူးတွေရိုက်ထားတဲ့ကားဆိုတော့ ကြည့်ပြီးရူးသွားလည်း သိပ်တော့အံ့ဩစရာမရှိဘူး။ ဒီရုပ်ရှင်ရဲ့ တစ်ချို့ဇာတ်ကွက်တွေအရတော့ ဒါရိုက်တာကို အမေရိကန်မှဟုတ်ပါလေစလို့ ပြန်ရှာကြည့်လိုက်ရတယ်။ သူရဲဘောကြောင် အနိုင်ကျင့်တတ်တဲ့ တစ်စက်မှသုံးမရတဲ့ အမေရိကန်စစ်သားတွေအကြောင်းကို ဒါရိုက်တာက ခဏခဏကို ပြသွားတယ်။ ဒီထဲကအမေရိကန်စစ်သားတွေက ပုံမှန်မြင်‌နေကြတွေလို သနားစိတ်အပြည့်နဲ့ လူတော် Greatကြီး‌တွေမဟုတ်ဘူး။ တကယ့်စစ်ပွဲထဲက စစ်သားတွေရဲ့ ကြောက်စိတ်နဲ့ တလွဲလုပ်ရပ်တွေ အတော်မြင်ရတယ်။ အမေရိကန်တွေနဲ့ သူတို့တိုက်နေတဲ့ဗီယက်နမ်တွေကြားက အမှန်အမှားဆိုတာ ဆပ်ပြာပူဖောင်းလွှာကလေးလို ပါးလျနေတာကို ဒါရိုက်တာက ကောင်းကောင်းကြီး ပြသွားတယ်။ စစ်ပွဲတစ်ပွဲစပြီဆိုတာနဲ့ လူတွေဟာ လူတွေလို လူသားဆန်မှုတွေပျောက်ဆုံးကုန်တယ်… လူသားစံနှုန်းတွေပျောက်ဆုံးကုန်ပြီး တစ်ဖက်နဲ့တစ်ဖက်တိရိစ္ဆာန်တွေလို သတ်ကုန်ကြတော့တယ်…. အမေရိကန်ဟာ ဗီယက်နမ်လိုနေရာမျိုးမှာ စစ်နိုင်ဖို့ ဘာမှမခက်ပါဘူး။ ခက်နေတာက လုပ်ချင်သလိုလုပ်ရင် ဖြစ်လာမယ့် ကမ္ဘာ့နိုင်ငံတွေရဲ့ အမြင်ပါပဲ။ကမ္ဘာ့နိုင်ငံရေးမှာ တစ်ခါတလေ စစ်ရေးတွေဟာ ထိုးကြွေးခံရတဲ့ နယ်ရုပ်တွေ ပါပဲ။ကာလ်နယ်ကတ်ဇ်လို စစ်သားတစ်ယောက်ရဲ့ အမြင်မှာကျ ဒါတွေက မဖြစ်သင့်တဲ့အရာတွေပဲ။ ဒီတော့ သူသူလျှိုလို့ယူဆတဲ့ လူလေးယောက်ကို အထက်မိန့်မရဘဲ သတ်ပစ်လိုက်တယ်။ဒီလို အမိန့်ဖီဆန်ပြီး တောခိုသွားတဲ့ ကာလ်နယ်ကတ်ဇ်ကို လုပ်ကြံဖို့ အထူးတပ်သားတစ်ယောက်ကို ကမ္ဘောဒီးယား ဗီယက်နမ် နယ်စပ်ကိုလွှတ်လိုက်တယ်။ သူ့ဇာတ်အိမ်က ဒီလောက်ပါပဲ။တစ်ခုရှိတာက ခင်ဗျားသာ သေချာ စီးမျောပြီးကြည့်မယ်ဆိုရင် အဲ့ဒီခရီးမှာ ခင်ဗျားလည်း ပါသွားလိမ့်မယ်။ အပြန်လမ်းမှာတော့ ခင်ဗျားဟာ အရင်က ခင်ဗျား ဟုတ်ချင်မှလည်းဟုတ်တော့မယ်။ ခင်ဗျားသာ ဒီရုပ်ရှင်အပြီး အမှန်နဲ့အမှားကြား ဝေခွဲမရဖြစ်နေခဲ့ရင် ကိုယ့်ရွေးချယ်မှုကိုပဲ ယုံလိုက်ဖို့ပြောချင်တယ်။ ဒီရုပ်ရှင်ထဲမှာမှမဟုတ်ဘူး။ တကယ့်ကမ္ဘာကြီးမှာလည်း အမှန်နဲ့အမှားကြားက မျဉ်းကသိပ်ပါးတယ်။ အမှန်နဲ့အမှားထက် ပိုအရေးကြီးတာက ကျွန်တော်တို့ရဲ့ ရွေးချယ်မှုပဲ။ ကာလ်နယ်ကတ်ဇ်က ဒီအကြောင်းကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်။ ဝီလ်လတ်ကလည်း သူသိတဲ့အမှန်ကို ကျောခိုင်းပြီး သူလုပ်ရမယ့်အရာကိုလုပ်ခဲ့တယ်။ ဒိုင်ယာလော့ထဲမပါတဲ့ ဝီလ်လတ်ရဲ့စကားကိုတော့ ကျွန်တော်ကြားနေရတယ်။ အရူးတွေကြားမှာ သွားမှန်နေလို့မရဘူး။ သူတို့နဲ့မတူရင် အရူးတွေအတွက် ခင်ဗျားက အရူးဖြစ်သွားလိမ့်မယ်တဲ့။ နေရောင်ခြည်မရှိ‌‌တော့တဲ့နောက်ကို တရွေ့ရွေ့လိုက်ကြည့်မိတယ်။ အလင်းမရှိတဲ့အခါ အခန်းဟောင်းရဲ့ ဟင်းလင်းပြင်နံရံမှာ “Apocalypse Now” လို့ တိုးတိုးလေးရေးထားတာကိုလည်း ငါမြင်နေရတယ်။ မရေရာခြင်းနဲ့ ဝေဝါးမှုနဲ့ မသေချာတဲ့အကြောင်းတရားနဲ့ ‌ကောက်ကွေ့တဲ့မြစ်ကြီးဆီ ဦးတည်နေတဲ့ လူတစ်ယောက်ကလည်း တရွေ့ရွေ့ချင်းမျောနေပြီ။ မြစ်ကမ်းတစ်လျှောက်မှာ… မြစ်ရေထဲမှာ… ခက်ထန်သော ကြမ်းကြုတ်သော အနိဋ္ဌာရုံများ။ အဲဒီမြစ်ရဲ့ အဆုံးသတ်မှာ အဖြေဟာ တကယ်ရှိပါ့မလား။ ရှိခဲ့ရင်ရော အဲဒီအဖြေဟာ အဖြေအစစ်ဖြစ်ပါ့မလား။ လွတ်လပ်မှုအစစ်ဆိုတာ ဘာလဲ။ သူများရဲ့ အထင်အမြင်ကနေ လွတ်မြောက်တာလား။ ကိုယ်တိုင်ရဲ့အထင်အမြင်ကနေ လွတ်မြောက်တာလား။ ဒီလိုနဲ့ ဒုတိယအဖြေဟာ မေးခွန်းအသစ်တွေကိုပဲ ထပ်လောင်းပေးခဲ့တာပါပဲ။ အနိဠာရုံအပြည့်နဲ့ ဗီယက်နမ်ကို အိမ်အဖြစ်သတ်မှတ်ပြီး မစွန့်ခွာနိုင်ခဲ့တဲ့ ပြင်သစ်တွေလိုပဲ ဘဝမှာ ငါမစွန့်ခွာနိုင်တဲ့ အရာတွေသိပ်များခဲ့တယ်။ အကြောင်းတိုက်ဆိုင်လို့ ပြန်ကြည့်ဖြစ်တဲ့ Apocalypse Nowရဲ့အဆုံးသတ်မှာ “အဖြစ်အပျက်တစ်စုံတရာကို ပုံစံသဏ္ဍာန်တူဖြစ်ရပ်တစ်ခုကို ဖြတ်မသန်းဖူးဘဲ သိခြင်းဟာ အဲဒီအဖြစ်အပျက်ရဲ့ သရုပ်မှန်ကိုသိခြင်းနဲ့ ကွဲလွဲတယ်”ဆိုတာ သိလိုက်ရတယ်။ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ဒီရုပ်ရုင်ကို ကျွန်တော်ကြည့်တုန်းက ခံစားမိရုံဆိုပေမဲ့ အခုတော့ ကွက်ကွက်ကွင်းကွင်းကို နားလည်လာရတယ်။ အားလုံးလည်း ဒီလိုပဲဖြစ်လိမ့်မယ်။ ကျွန်တော်တို့အဖြစ်အပျက်တွေကလည်း ပျက်ကပ်ထဲကို ရှားလော့ဟုမ်းနဲ့ မိုရီရာတီ ရိုင်ချန်ဘတ်ရေတံခွန်အောက် ပြုတ်ကျသလို ထိုးဆင်းနေခဲ့တာ ကြာပြီ။ အနိဋ္ဌာရုံဆိုတဲ့ စကားလုံးကို ဒိုင်ယာလော့တွင်တွင်သုံးထားတဲ့ Apocalypse Nowကိုရော အနိဋ္ဌာရုံ(Ran)ဆိုတဲ့ စကားလုံးကို နာမည်တပ်ထားတဲ့ ဂျပန်ရုပ်ရှင်တစ်ကားကိုရော ကြည့်ခဲ့ဖူးတယ်။ အနိဠာရုံဆိုတဲ့ တူညီချက်တစ်ခုကလွဲ ဘာတစ်ခုမှမတူညီတဲ့ ရုပ်ရှင်နှစ်ကားဟာ ဒီပြင်တူညီတဲ့တစ်စုံတရာတော့ ရှိနေခဲ့တယ်။ ရခဲ့ပါတယ်။ ဒါပေမဲ့ ပြန်မပေးတတ်ဘူး။ ဇာတ်သိမ်းမှာ Willardက ကာနယ်Kurtzကို ကျွဲတစ်ကောင်ကို ဓားနဲ့ခုတ်ပြီးပေါ်သလို အားရပါးရခုတ်သတ်ပြီးတဲ့နောက် ကာနယ်Kurtzရဲ့ စာအုပ်ကိုလှန်ကြည့်တဲ့အချိန် ” ဗုံးကြဲပြီး အားလုံးကို မျိုးဖြုတ်ပစ်လိုက် “လို့ ရေးထားတာကို တွေ့ခဲ့တယ်။ အားလုံးကိုဆိုတာ အဲဒီမှာရှိနေတဲ့ သူ့ကိုနတ်ဘုရားလိုကိုးကွယ်နေတဲ့ သူ့နောက်လိုက်တွေတစ်ဖြစ်လဲ သူ့စစ်တပ်ကို ရည်ညွှန်းထားတာပေါ့။ သူသေမှာကို သူကြိုသိခဲ့သလို သူမရှိတော့ရင် ဒီစစ်တပ်လည်း လမ်းပျောက်သွားမှာကို မြင်ခဲ့လို့ အကုန်လုံးရှင်းပစ်ခိုင်းခဲ့တယ်လို့ပဲ ပြောရမယ်။ ကိုယ့်ကိုယ်ကိုယ်ပျောက်ရှခြင်းနဲ့ သေခြင်းမှာ ဘယ်အရာက အထိအခိုက်ပိုများလဲတော့ မသေချာဘူး။ ဒီရုပ်ရှင်မှာ တစ်ကားလုံးကအရာတွေနဲ့ ကွဲထွက်နေတဲ့တစ်စုံတရာပါခဲ့တယ်။ မြစ်ရဲ့တစ်နေရာက လှေကလေးတစ်စင်းပေါ်မှာ ခွေးပေါက်ကလေးအတွက် အသက်ပေးခဲ့တဲ့ ဗီယက်နမ်သူတစ်ယောက်ပေါ့။ တော်တော်မထင်မရှား ဇာတ်ဝင်ခန်းပါပဲ။ ဒါပေမဲ့ ဒီမှောင်အတိကျနေတဲ့ အနိဋ္ဌာရုံတွေကြားမှာတော့ တစ်စင်းပဲရှိတဲ့ကြယ်ဟာ ပြက်ပြက်ထင်ထင် လင်းခဲ့တယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။)

Action • Thriller • Crime
8.4 1979 147 mins
Apocalypse Now
Harom Hara
8.1

Harom Hara 2024 (ကယ်တင်ရှင် ဆူဘရာမာနီယမ်) IMDb – 9.1/10 ဒီတစ်ခါမှာတော့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းနဲ့ ကြမ်းပါတယ်ဆိုတဲ့ကောင်တွေထက်ကို ပိုကြမ်းပြမယ့် အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ရွာတစ်ရွာမှာ တမ်မီရက်ဒီဆိုဦးဆောင်တဲ့ လူမိုက်အဖွဲ့ဟာ ကြီးစိုးနေပြီးတော့ သူ့နယ်တစ်ဝှမ်းမှာ သူ့စကားကို ပယ်ရှားဖို့မပြောလေနဲ့ သူ့လူတွေကို လက်နဲ့ရွယ်တာနဲ့တင် အဲဒီလူ အသေဘဲဆိုတာမျိုးအထိ ကြမ်းပြီးတော့ သူ့နယ်တစ်ဝှမ်းမှာ အုပ်စိုးနေသူဖြစ်ပါတယ်။ တမ်မီရက်ဒီတို့အဖွဲ့ ခေတ်ကောင်းနေတဲ့အချိန်မှာပဲ သူတို့ရွာရဲ့ကောလိပ်ကို စမ်းသပ်ခန်းလက်ထောက်ရာထူးနဲ့ ဆူဘရာမာနီယမ်ဆိုတဲ့သူ ရောက်ရှိလာပါတယ်။ တစ်ရက်မှာ ဆူဘရာမာနီယမ်နဲ့ တမ်မီရက်ဒီရဲ့ တပည့်တွေ ပြဿနာဖြစ်ကြရင်း အလုပ်ကနေ ထွက်ရဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အိမ်ကိုပြန်လာတဲ့အချိန်မှာ ဆူဘရာမာနီယမ်ရဲ့အဖေဟာ အကြွေးပေါင်းများစွာတင်ပြီးတော့ ပြန်မဆပ်နိုင်တဲ့အဖြစ်ကို ရောက်နေကြောင်းသိလိုက်ရတဲ့အချိန်မှာ အကြွေးရှင်များက ဒီအကြွေးတွေဆပ်ဖို့အတွက် အချိန်၃လပေးလိုက်ပါတယ်။ ဒီ၃လအတွင်းမှာ အကြွေးတွေ ပြန်ဆပ်နိုင်ဖို့အတွက် ပိုက်ဆံရှာဖို့ တရားမဝင်ဂိုဏ်းတစ်ခုကို ဝင်မိရာကနေ ……. အကြွေးတွေကိုရော ပြန်ဆပ်နိုင်မှာလား ……. ဆူဘရာမာနီယမ်တစ်ယောက် အဲဒီတရားမဝင်လုပ်ငန်းကနေ ဘယ်လိုတွေ လက်စွမ်းပြမလဲ ……. ဆိုတာတွေကို ကြည့်ရှုရမယ့် ခပ်ကြမ်းကြမ်း အက်ရှင်ဒရာမာကားကောင်းလေးဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ BpL~ Alex~ KKKZ~ Thura တို့ပဲဖြစ်ပါတယ်)

8.1 2024
Harom Hara
[18+] Daddysitter
5

မာယာနဲ့အီသန်တို့က မိဘမဲ့မောင်နှမဖြစ်ပြီး မာယာကပဲ အချိန်ပိုင်းသူနာပြုအလုပ်နဲ့ကျောင်းတက်နေဆဲ အီသန်ကိုရော စားဝတ်နေရေးအတွက်ပါ ငွေရှာနေရတာပါ။ဒီဘ၀ကနေရုန်းထွက်ဖို့အတွက် ကျောင်းပြီးအောင် ပညာဆက်သင်ပြီးနိုင်ငံခြားမှာအခြေချဖို့စိတ်ကူးတွေအတွက် သူ့မှာငွေလိုနေပါတယ်။ သူ့အခက်အခဲကိုသိတဲ့ သူငယ်ချင်းဖြစ်သူရဲ့လမ်းကြောင်းပေးမှုနဲ့ မာယာတစ်ယောက် ပုံမှန်မဟုတ်တဲ့အလုပ်တစ်ခုကိုလက်ခံလိုက်မိပါတယ်။ အဲ့ဒါကတော့ ဒက်ဒီအထိန်းတော်-ဆိုတဲ့အလုပ်ပါပဲ။ဖခင်အရွယ်ငွေလျှံပြီး ကျန်းမာရေးချို့တဲ့တဲ့ သူဌေးကြီးတွေကို အနီးကပ်ပြုစုစောင့်ရှောက်ရင်းလိုအပ်ရင် ခန္ဓာကိုယ်ပါ ပေးရတဲ့အလုပ်ပါ။ သူပထမဆုံးလက်ခံမိတဲ့ မာရီယန်နိုဆိုတဲ့ သူဌေးကြီးဟာ သူ့ကိုမြင်မြင်ချင်းစွဲလန်းမိသွားချိန်မှာတော့ မာယာတစ်ယောက် ရှေ့ဆက်ဆုံးဖြတ်ဖို့အခက်တွေ့လာပါတော့တယ်။ Pantaxa Laiya ပြိုင်ပွဲဝင်ဟောင်း Apple Dy နဲ့ တက်သစ်စမင်းသမီးလေး Mia Cruz တို့ခေါင်းဆောင်ထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(950MB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:00:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024
[18+] Daddysitter
Akele Hum Akele Tum
6.9

Akele Hum Akele Tum(1995) (I Am Alone, You Are Alone) Genre: Romance/Drama/Family ကျွန်တော်ဒီရုပ်ရှင်ရဲ့ Rating ကိုထည့်မရေးတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်က Rating နဲ့ဘယ်လိုမှကို မလိုက်ဖက်လောက်အောင် ကောင်းလွန်းလို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဘာသာပြန်ရင်းနဲ့မျက်ရည်ပါကျတဲ့အထိဖြစ်ခဲ့ရပါတယ်။ အိမ်နဲ့ဝေးနေရတဲ့ခံစားချက်၊ ငယ်ဘဝကိုသတိရတဲ့ခံစားချက်၊ မပြည့်စုံတဲ့ဘဝမှာနေရတဲ့ခံစားချက်၊ အဖေတစ်ယောက်ရဲ့ မေတ္တာတွေကို နှလုံးခိုက်လောက်အောင်ပြသွားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အချစ်တော် မင်းသား Aamir Khan ရဲ့သရုပ်ဆောင်ချက်တွေကလည်း အပြစ်ပြောစရာမရှိလောက်အောင်ကိုကောင်းလှပါတယ်။ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။ ——— ဇာတ်ညွှန်း ======= ရိုဟစ်ကူမာဆိုတာကတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ သီချင်းဆိုနေတဲ့ လူလတ်ပိုင်းတက်သစ်စ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုယ်သူတော့ တစ်နေ့မှာအောင်မြင်မှုအကြီးကြီးရနိုင်မယ့် လူတစ်ယောက်လို့လည်းခံယူထားပါတယ်။ ဒါပေမယ့် စီးပွားရေးအခြေအနေက အဆင်ပြေတော့ အကြွေးတွေပတ်လည်ဝိုင်းရင်း ဘဝကိုဖြတ်သန်းနေရပါတယ်။ ဒါပေမယ့်လည်း ရိုဟစ်က တစ်ယောက်တည်းသမားဆိုတော့ သိပ်ပြီးလည်းအပူအပင်မရှိခဲ့ပါဘူး။ ကီရန်ဆိုတာကတော့ ပိုက်ဆံရှိမိသားစုတစ်ခုကပေါက်ဖွားလာခဲ့တဲ့ ခေတ်လူငယ်ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူ(မ) အိမ်က ဂန္တဝင်သီချင်းတွေဆိုခိုင်းပေမယ့် ကီရန်က ခေတ်သီချင်းတွေပဲဆိုချင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆိုနူနဲ့နှစ်ယောက်ပေါင်းဖက်ခဲ့ပါတယ်။ အိမ်ကတားနေလျက်ကြားထဲကနေ ကီရန်တစ်ယောက် ရိုဟစ်နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတယ်။ အိမ်ထောင်ရေးရဲ့အသီးအပွင့်ဖြစ်တဲ့ ဆိုနူဆိုတဲ့သားလေးတစ်ယောက်ကိုလည်းမွေးခဲ့ပါတယ်။ ပိုက်ဆံမရှိတဲ့ယောကျ်ားတစ်ယောက်ရဲ့ပြဿနာက မိသားစုကိုအချိန်အရမ်းပေးရင် အလုပ်မှာလစ်ဟင်းမယ်။ အလုပ်ကိုအရမ်းဦးစားပေးပြန်ရင်လည်း မိသားစုက မျက်နှာကွက်မယ်။ ဒီလိုနဲ့နှစ်ယောက်အိမ်ထောင်ရေးကခွာပြဲခဲ့ပြီး ဆိုနူလေးကို ရိုဟစ်တစ်ယောာက်တည်း ထိန်းဖို့ဖြစ်လာခဲ့ပါတယ်။ ကျန်တာတွေကတော့ဆက်ပြီးခံစားကြည့်လိုက်ကြပါ။ ဒီကားကမျက်ရည်ပိုးပိုးပေါက်ပေါက်ကျရမယ့် အချစ်ကားမျိုးမဟုတ်ပဲ ရင်ထဲကလှိုက်ပြီးခံစားရမယ့် ဖခင်မေတ္တာကိုဖော်ကြူးထားတဲ့ကားဖြစ်ပါတယ်။ ရိုဟစ်ကူမာ အဖြစ်မင်းသား Aamir Khan ကီရန်အဖြစ် မင်းသမီး Manisha Koiralaတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size… 3.8 GB / 1.6 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 2h 40m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

6.9 1995 160 mins
Akele Hum Akele Tum
Maid in Manhattan

ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်‌ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း‌လေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။ မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်‌နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.7 GB)/(919 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moon

0 2002
Maid in Manhattan
Boomerang Family
6.5

Boomerang Family (2013) *********************** ဒီတစ်ခါမှာတော့ When The Stars Gossip က မင်းသမီး Gong Hyo Jin ပါဝင်သရုပ်ဆောင်ထားပြီး Youn Yuh Jung, Yoon Je Moon, Park Hae Il နဲ့ Jin Ji Hee အစရှိတဲ့ ဝါရင့်သရုပ်ဆောင်တွေပါဝင်တဲ့ IMDb RATING 6.5 ရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် .. ။ ဇာတ်လမ်းအကျဉ်း ***************** မိသားစုရဲ့ သားအလတ်ဖြစ်တဲ့ In Mo ဟာ ရုပ်ရှင်ဒါရိုက်တာအဖြစ် လုပ်ကိုင်နေရင်း သူ့ရဲ့ ရုပ်ရှင် မအောင်မြင်တဲ့နောက် အမေ့အိမ်ကို ပြန်လာနေဖို့ ဖြစ်လာခဲ့ပါတယ် ။ မိသားစုထဲစုန်းပြူးလို ဖြစ်နေတဲ့ သားအကြီးဆုံး Han Mo ကတော့ အလုပ်လည်း မည်မည်ရရ မရှိဘဲ အမေနဲ့ပဲ အတူနေနေပါတယ်။ အငယ်ဆုံး သမီးဖြစ်တဲ့ Mi Yeon ကပါ သူ့သမီးကို ခေါ်လာပြီး အမေ့အိမ်ပေါ် ပြန်တက်လာတဲ့အခါမှာတော့ .. ပင်ကိုစရိုက် အမျိုးမျိုးနဲ့ သူတို့မောင်နှမ ၃ ယောက် အမေ့အိမ်မှာ ဘယ်လိုတွေ နေကြမလဲ။ မိသားစုဝင်တွေကြားထဲက ဖြစ်တတ်တဲ့ ပြဿနာတွေအပြင် မောင်နှမသံယောဇဉ်တွေကိုပါ မြင်တွေ့နိုင်တဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် မိသားစုဇာတ်လမ်းလေးတွေကို စိတ်ဝင်စားတဲ့ သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းကို Nyein Sandi မှ ရေးသားထားပါတယ်) File size…1.69GB / 711MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 52m Genre ….. Family,Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Nyein Sandi Encoded by AHtet

Drama • Crime
6.5 2013 112 mins
Boomerang Family
Champ
6.8

Champ (2011) **************** ၂၀၁၁မှာ ထွက်ရှိခဲ့ပြီး IMDb 6.8 ရှိတဲ့ Champ ဆိုတဲ့ sport comedy-drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေနော်…။ ဒီဇာတ်လမ်းထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ The Producers , Brain Works စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ မင်းသား Cha Tae Hyun နဲ့ Drinking Solo ထဲက မင်းသမီး Park Ha Sun တို့ပဲဖြစ်ပါတယ်…။ ဇာတ်လမ်းရဲ့ အကြောင်းကို မပြောခင်မှာ အားလုံးကို တစ်ခုလောက် စဥ်းစားကြည့်စေချင်ပါတယ်…။ ကိုယ့်အိပ်မက်ဖြစ်ပြီး ကိုယ်ဝါသနာပါရတဲ့အလုပ်ကို အခက်အခဲတစ်ခုခုကြောင့် ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ရင် ဘယ်လို ခံစားရနိုင်ပါလဲ…။ အသက်ရှင်သန်နေရတဲ့ အကြောင်းအရင်း ပျောက်ဆုံးသွားပြီး ကမ္ဘာပေါ်မှာ ဆက်ပြီးနေထိုင်ဖို့တောင် မျှော်လင့်ချက်မဲ့သွားနိုင်တယ် မဟုတ်လား…။ ဒီဇာတ်လမ်းလေးထဲမှာတော့ ပြိုင်မြင်းသမား ဆွန်းဟိုက ကားအက်ဆီးဒင့်ကြောင့် သူ့ဇနီးကို ဆုံးရှုံးလိုက်ရပြီး သူကိုယ်တိုင်လည်း အဲဒီအက်ဆီးဒင့်ကြောင့်ပဲ မျက်စိထိခိုက်သွားရပါတယ်…။ အဲဒီလိုနဲ့ သူဟာ မြင်း ဆက်စီးဖို့ မဖြစ်နိုင်တော့ဘဲ သူ့ရဲ့ သမီးလေးနဲ့အတူ ဘဝကို ဆက်လက် ဖြတ်သန်းနေခဲ့ရပါတယ်။ ပိုဆိုးတာကတော့ ဆွန်းဟိုဟာ မြင်းပြိုင်ပွဲတစ်ခုမှာလည်း လိမ်လည်ဖို့ကြိုးစားရာကနေ ရှိသမျှ ပိုက်ဆံတွေ အကုန်ပါသွားပြီး ဂျယ်ဂျူကျွန်းကို သမီးနဲ့အတူ ထွက်ပြေးတိမ်းရှောင်ရင်း အဲဒီနေရာမှာ မသန်စွမ်းဖြစ်ပြီး လူသိပ်မယဥ်တဲ့ အူဘတ်ဆိုတဲ့ မြင်းလေးကို တွေ့သွားခဲ့ပါတယ်။ အူဘတ်က လူမယဥ်တော့ ဘယ်သူမှ စီးလို့လည်းမရတဲ့အတွက် မြင်းထိန်းနည်းပြက ရောင်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆွန်းဟိုက အူဘတ်ကို ပြိုင်မြင်းဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆွန်းဟိုက အူဘတ်နဲ့အတူ မြင်းပြိုင်ပွဲကို တစ်ဖန်ပြန်ဝင်ရောက်လာပြီး ပြိုင်ပွဲဝင်ခဲ့ပါတော့တယ်။ မသန်စွမ်းဖြစ်နေတဲ့ မြင်း အူဘတ်နဲ့ .. မျက်စိထိခိုက်ပြီး ဝိုးတိုးဝါးတားသာ မြင်ရတော့တဲ့ ဆွန်းဟိုတို့ ပြိုင်ပွဲမှာ ဘယ်လိုဖြစ်သွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းကနေတစ်ဆင့် စီးမြောရင်း ကြည့်ရှုနိုင်ခံစားကြည့်ပါဦးနော် .. ။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.75 GB/ 936 MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 14m Genre ….. Comedy, Drama, Sport Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

6.8 2011 133 mins
Champ