YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM)A.View.To.A.Kill.1985.INTERNAL.720p.BluRay.x264-CLASSiC.mp4

1.32 GB N/A video/mp4 1603 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Little Vampire
6.8

The Little Vampire (2000) =================== IMDb Rating - 5.7/10 ကျွန်တော်တို့ ငယ်ငယ်က ပါဝါရိန်းဂျားကားတွေ ကြည့်ပြီး ပါဝါ ရိန်းဂျားတွေနဲ့ သူငယ်ချင်းဖြစ်ချင်တဲ့သူတွေ ရှိသလို စကူဘီဒူး ကားကြည့်ပြီး အဲဒီထဲကလို သူငယ်ချင်းတွေရချင်တာတွေ ဖြစ်ဖူး ခဲ့ကြမယ်ထင်ပါတယ်။ တိုနီဆိုတဲ့ ကောင်လေးကလည်း အတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော် တို့နဲ့ မတူတာက သူက သွေးစုပ်ဖုတ်ကောင်တွေ အကြောင်းကို အမြဲအိပ်မက်မက်လေ့ရှိတဲ့သူဗျ။ သူမက်တဲ့ အိပ်မက်တိုင်းမှာလည်း သွေးစုပ်ဖုတ်ကောင်တွေရဲ့ ဒဏ္ဍာရီတွေနဲ့ အဆောင်ပစ္စည်းလေးတစ် ခုကအမြဲတမ်းပါနေခဲ့တယ်။ တစ်နေ့မှာ သူ့ရဲ့အခန်းထဲကို သူနဲ့ရွယ်တူ သွေးစုပ်ဖုတ်ကောင်လေး တစ်ယောက် ရောက်လာပြီး အပြန်အလှန်ကူညီပေးကြရင်း သူငယ် ချင်းတွေ ဖြစ်သွားကြတာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီသွေးစုပ်ဖုတ်ကောင် တွေမှာ အရေးကြီးတာဝန်တစ်ခုရှိနေပြီး ပျောက်နေတဲ့ အဆောင် ပစ္စည်းလေးကို မတွေ့ရင် အားလုံးဒုက္ခရောက်ကြရမဲ့ အခြေအနေ ဖြစ်နေခဲ့တယ်။ ဒီတော့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ ဆက်စပ်မှုတွေရှိနေတဲ့ တိုနီနဲ့ သူ့ သူငယ်ချင်းတို့ ဘယ်လို စွန့်စားခန်းတွေ ထွက်ကြမလဲဆိုတာကို စိတ် ဝင်တစား ကြည့်ရှု့သွားရမဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ကလေးတွေ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းမျိုးဖြစ်သလို ကျွန်တော် တို့လို Back to childhood လုပ်ပြီး ငယ်ဘဝက ဇာတ်လမ်းလေးတွေ ကို ပြန်ကြည့်ချင်တဲ့သူတွေအတွက်လည်း တော်တော်အဆင်ပြေတဲ့ ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.84 GB) / (758 MB) / (452 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Comedy, Family Translator.......May Thet Khine Soe Encoder..........SWM

Comedy
6.8 2000 95 mins
The Little Vampire
Hometown
5.3

ဒီတစ်ခေါက်မှာတော့ The Servant, Special Delivery အစရှိတဲ့ရုပ်ရှင်တွေမှာပါဝင်ထားတဲ့ မင်းသား Song Sae Byeok နဲ့ အားလုံးရဲ့အချစ်တော် Ra Mi Ran တို့အဓိကပါဝင်ထားတဲ့ ဟာသ၊ အက်ရှင်ရုပ်ရှင်လေးကိုတင်ဆက်ပေးချင်ပါတယ်။ လီကီဆဲဟာ ငယ်ငယ်လေးတည်းက လူရွှင်တော်တစ်ဦးဖြစ်ဖို့ အိပ်မက်ရှိခဲ့ပြီး သူ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ဆိုးလ်မြို့ကြီးကိုတက်လာခဲ့ပါတယ်။ ဒါပေမယ့် အခက်အခဲတွေ၊ မတတ်သာတဲ့အခြေအနေတွေကြုံလာပြီး မွေးရပ်မြေကိုပြန်လာတဲ့အခါမှာတော့ ဖခင်ကြီးရဲ့သေဆုံးမှုကြောင့် သူတို့ဒေသရဲ့အကြီးဆုံးလူမိုက်ဂိုဏ်းကြီးတစ်ခုကို ဆက်ခံဖို့ဖြစ်လာပါတော့တယ်။ လူရွှင်တော်အဖြစ် ဘဝကိုဖြတ်သန်းလာတဲ့ လီကီဆဲတစ်ယောက် လူမိုက်ဂိုဏ်းကြီးနဲ့ဘယ်လိုဇယားတွေရှုပ်ပြီး၊ ဘာကိစ္စတွေကိုဖော်ထုတ်မလဲ နှစ်ပေါင်းများစွာနေမှပြန်တွေ့ရတဲ့သူငယ်ချင်းတွေကရော သူ့ကိုဘယ်လိုကူညီကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ကြည့်ရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.5GB } 780MB | 350MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August

Adventure • Horror
5.3 2022 109 mins
Hometown
Kelly's Heroes
7.4

~ IMDb - 7.6/10, Rotten Tomatoes - 78%~ စစ်ကားဗျ စစ်ကား... စိန်ပြောင်းနဲ့ပစ်တာပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာပါတယ်။ တင့်ကားချင်း ယှဉ်ချတာပါတယ်။ စက်သေနတ်ရော လက်ပစ်ဗုံးတွေရော။ ထူးထူးဆန်းဆန်း သေဆုံးသူ သင်္ဂြိုလ်ရေးတပ်ခွဲတောင် ရှိတယ်ဆိုပဲ။ ဒါပေမဲ့ စစ်ကားဆန်တဲ့ စစ်ကားတော့ မဟုတ်ဘူး။ မင်းသားက ကလင့်တ် အိစ်ဝုဒ်။ ဒုတိယကမ္ဘာစစ်။ မဟာမိတ်တပ်သားတွေ အိုမာဟာကမ်းခြေကနေ ကမ်းတက်လာပြီးတော့ ပြင်သစ်နယ်စပ်မှာ အထိုင်ချတဲ့အချိန်။ ဖက်ဆစ်နာဇီ ဂျာမန်တွေနဲ့ ရင်ဆိုင်စစ်ပြင်ထားကြတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားက သမိုင်းကြောင်းကို မလှန်၊ နိုင်ငံသူရဲကောင်းကိုမဖော်ကျူး၊ လူထဲက လူတွေရဲ့လောဘနဲ့ ဖျံကျတတ်ကြတဲ့ လူသားပီသသူ လူသားများအကြောင်း ရိုက်ကူးထားလို့ သူ့အရသာက တမျိုးပါပဲနော်။ ကယ်လီ တို့ စစ်သားတစ်စုက နိုင်ငံအတွက် စစ်မတိုက်ခဲ့ကြပါဘူး။ စစ်ရည်ဝနေတဲ့၊ စစ်ကိုမုန်းတဲ့၊ စစ်ရဲ့အနှစ်သာရမရှိမှုကို သိကြတဲ့ အခြားအဆင့် (အရာရှိမဟုတ်) စစ်သားကြီးတွေပါ။ ဆာဂျင် (တပ်ကြပ်ကြီး) အုပ်ချုပ်တဲ့ တပ်စိတ်လေးပါပဲ။ ရန်သူ့ဘက်က ဗိုလ်မှူးကြီးတစ်ဦးကို ဖမ်းမိခဲ့ပြီးနောက်ပိုင်း ဒေါ်လာ ၁၆ သန်း တန်ဖိုးရှိတဲ့ ရွှေချောင်း သောင်းလေးထောင်ရဲ့အနံ့ကိုရသွားတဲ့ တပ်စိတ်လေးက ဗြိတိသျှ သံချပ်ကာတပ်ရင်းက ရှားမန်းတင့်ကားလေးသုံးစင်း အကူအညီနဲ့ ရန်သူစစ်မျက်နှာ အနောက်ဘက် မိုင် ၃၀ အကွာက မြို့ကလေးရဲ့ဘဏ်တစ်လုံးထဲက ရွှေချောင်းတွေ သွားလုကြတဲ့ ဇာတ်ကြောင်းလေးပါ။ နိုင်ငံအတွက်မဟုတ်၊ တရားဝင်စစ်ဆင်ရေးလည်း မဟုတ်ပါဘူးလေ။ ဆိုင်ရာပိုင်ရာတွေကို ဖမ်းဆီးရမိတဲ့ ရွှေချောင်းအနည်းငယ်ပြပြီး စည်းရုံးလို့ လက်နက်ကျည်ရိက္ခာတွေထုတ်၊ ရူးရူးမိုက်မိုက် ရန်သူ့နယ်မြေထဲ တိုးဝင်သွားကြလေရဲ့။ ဘာတွေဆက်ဖြစ်လဲ လူကြီးမင်းတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.6GB, 1.4GB, 791MB Quality - 1080p, 720p, 480p IMDb Rating - 7.6/10 Format - mp4 Duration - 2H 24Min Genre - Adventure, Comedy, War Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Horror • Thriller
7.4 1970 144 mins
Kelly's Heroes
[18+] Under Your Bed
6.2

မိဆုက အမြဲတမ်း လူအများရဲ့လစ်လျူရှုခြင်း မေ့လျော့ခြင်းကို ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်ပါ သူတက္ကသိုလ်တက်နေစဉ္တစ်လျှောက်လုံးမှာ သူ့ကို သတိထားမိပြီး သူ့နာမည်ကို ပထမဆုံးခေါ်ပေးခဲ့တဲ့သူက ချီဟီရိုဆိုတဲ့ ကောင်မလေးပါပဲ မိဆုဟာ သူမကို ပြန်တွေ့ရဖို့ကို အမြဲမျှော်လင့်နေခဲ့ပါတယ် ၁၁ ကြာတဲ့အထိ မေ့မရရှိနေပြီး သူမဘယ်မှာရှိနေမလဲ စုံစမ်းခဲ့ပါတယ် ပြန်တွေ့ရတဲ့အချိန်မှာတော့ ချီဟီရိုဟာ အများကြီးပြောင်းလဲသွားပါပြီ မိဆုဟာ သူမကို အမြဲမြင်ခွင့်ရရှိဖို့ သူမရဲ့အိမ်နားကိုပြောင်းရွှေ့လာခဲ့ပြီး အမြဲလိုလို ချီဟီရိုရဲ့အိမ်ကို ချောင်းကြည့်နေခဲ့ပါတယ် အဲဒီလိုနေ့စဉ်ချောင်းကြည့်ရင်းက ဘာဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ ။ File Size__(1.8GB) / (900MB) Quality__1080p, 720p IMDb Rating__5.8/10 Format__mp4 Duration__01:38:00 Type__Adult, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Seung Encoded by Naing Aung Latt

Drama • History • War
6.2 2019 98 mins
[18+] Under Your Bed
It’s a Wonderful Life
8.6

It’s a Wonderful Life (1946) ~ IMDb – 8.6/10, RT – 93%, Meta – 89% ~ It’s a Wonderful Life ကို တချို့က အကောင်းဆုံး ခရစ္စမတ်ကားလို့ သမုတ်ကြတယ်။ သူက Greatest Films of All time လို့ သမုတ်ကြတဲ့ကားတွေထဲက တစ်ကားအပါအဝင်လည်းဟုတ်တယ်။ 100 best American Films Ever Made စာရင်းထဲလည်းဝင်သလို American Film Institute ရဲ့ Greatest Movie List တွေထဲလည်း အမြဲပါတယ်။ Classic မှ ရေမရောတဲ့ ကလပ်စစ်စစ်စစ် ခရစ္စမတ်ကားဆိုလည်း ဟုတ်တယ်။ ခရစ္စမတ်ရုပ်ရှင်တွေထဲကမှ ခရစ္စမတ်အဆန်ဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။ ဒီကားကို Philip Van Doren Stern ရဲ့ The Greatest Gift လို့ခေါ်တဲ့ ဝတ္တုတိုကလေးကနေ Frank Capraက ရိုက်ထားတာ။ Frank Capraက It Happened One Night တို့ You Can’t Take It with You တို့ကို ရိုက်ခဲ့တဲ့သူ။ ဂန္ထဝင်ဒါရိုက်တာကြီးလို့ပြောရင်လည်း မမှားဘူး။ ဘာလို့ဆို ဒီကားတွေက ကလပ်စစ်ဖြစ်ကုန်ကြသကိုး။ ဒီဝတ္တုကလည်း ခရစ္စမတ်အငွေ့အသက်အပြည့်ရသဆို ခရစ္စမတ်ရဲ့အကျော်ကြားဆုံး ဝတ္တုဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို ပါးပါးလေးအခြေတည်ထားသကိုး။ ဒီခရစ္စမတ်ကားဟာ ဒါရိုက်တာကိုယ်တိုင်ကလည်း သူရိုက်ခဲ့သမျှကားတွေထဲ အကြိုက်ဆုံးဖြစ်ခဲ့သလို ဒီရုပ်ရှင်ရဲ့မင်းသား James Stewart ရဲ့ အကြိုက်ဆုံးကားလည်းဟုတ်ခဲ့တယ်။ သူတို့လက်ရာတွေထဲ သူတို့အကြိုက်ဆုံးဖြစ်ခဲ့တဲ့ကားဆိုတော့ စဉ်းစားကြည့်ပေါ့။ ဒီရုပ်ရှင်ကို ခေတ်အဆက်ဆက်ဗားရှင်းပေါင်းစုံအဖြစ် ကာလာသွင်းလိုက် ဘာလုပ်လိုက် ညာလုပ်လိုက်အသက်သွင်းခဲ့ကြသလို ဖိုးကေအထိပြန်လုပ်ခဲ့ကြပြီးပေမဲ့ မူလအရသာအတိုင်းပဲ ရစေချင်တာမို့ အဖြူအမဲဗားရှင်းကိုပဲ ရွေးချယ်ထားပါတယ်။ ထူးတာက It’s a Wonderful Life ဟာ ခရစ္စမတ်ကားဆိုပေမဲ့ ဆန်တာကလော့မပါ ဘာမပါ အကျိုးနည်းခရစ္စမတ်ကားပါလို့ ပြောရမယ့် ခရစ်စမတ်ကားပါပဲ။ It’s a Wonderful Life ဆိုပြီး စထားပုံကလည်း သတ်သေတော့မယ့် လူတစ်ယောက်နဲ့ စထားတယ်။ ပြီးတော့ ကျွန်တော်တို့ကို မြို့လေးတစ်မြို့က ဂျော့ဘိုင်လေလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ဘဝသမိုင်းကို ဖန်သားပြင်ထက် တရိပ်ရိပ်ပြတယ်။ အဲဒီလူနာမည်က ဂျော့ဘိုင်လေ။ ဒီလူက သာမန်လူတော့ သာမန်လူပါပဲ။ဒါပေမဲ့ သူ့ဘဝကတော့ သာမန်ဟုတ်မနေခဲ့ဘူး။ သူဟာ ကျွန်တော်တို့အားလုံးလိုပဲ အိပ်မက်တစ်ခုနဲ့လူပေါ့။ အရွယ်ရောက်လာရင် ကမ္ဘာကြီးကိုပတ်မယ် အသစ်အဆန်းတွေကို ရှာဖွေမယ်ဆိုတဲ့ လူမျိုး။ ဒါပေမဲ့ သူ့မိသားစုတွေ မိတ်ဆွေရဲ့ အကျိုးနဲ့ယှဉ်လာရင် သူ့အိပ်မက်တွေကို သူနောက်ဆုတ်ပေးရင်းပေးရင်း အချိန်တွေရယ်ကုန်ဆုံးလို့သာ အရွယ်လွန်လာခဲ့တဲ့ လူတစ်ယောက်ပေါ့။ သူ့အဖေရဲ့ပရဟိတလုပ်ငန်းလိုဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အိမ်ရာနဲ့ချေးငွေလုပ်ငန်းကို အမွေဆက်ခံပြီး ဒီလုပ်ငန်းအတွက် ပြဿနာပေါင်းများစွာကို လူတော်တစ်ယောက်အနေနဲ့ ကျော်လွန်နိုင်ခဲ့ပေမဲ့လည်း သူ့မှာ စုမိဆောင်းမိဆိုလို့ ဒေါ်လာ၅၀၀တန် အသက်အာမခံကလွဲ ဘာမှမရှိခဲ့ဘူး။ တခြားမရှိဆင်းရဲသားတွေအတွက် ချေးငွေနဲ့အိမ်ပေါင်းများစွာကို ဖြစ်အောင် ဆောက်ပေးခဲ့ပေမဲ့ သူ့အပိုင်အိမ်ဆိုတာလည်း မရှိခဲ့ဘူး။ ဒါပေမဲ့လည်း သူဟာ သူ့မိတ်ဆွေတွေအတွက် သူချစ်တဲ့သူတွေအတွက် သူ့ဘဝကို သူကျေနပ်လိုက်ရင်း နေခဲ့တာပါပဲ။ တစ်ခုသော ခရစ္စမတ်အကြိုညမတိုင်ခင်အထိပေါ့။ တစ်ခုသော ခရစ္စမတ်အကြိုညမှာ သူ့ဘဝ ပြောင်းပြန်လန်သွားတဲ့ အဖြစ်မျိုးဖြစ်ခဲ့တယ်။ ဘာနည်းလမ်းမှမရှိတော့တဲ့နောက် ခရစ္စမတ်ညမှာ သတ်သေပစ်ဖို့ရွေးရတဲ့အထိ သူလမ်းဆုံးသွားခဲ့တယ်။ ဒါပေမဲ့ ဒီညက ခရစ္စမတ်ညပဲလေ။ ခရစ္စမတ်ဟာ နေ့တာအတိုဆုံး အအေးစက်ဆုံးလထဲက ရက်တစ်ရက်မှာ တည်နေတဲ့ အနွေးထွေးဆုံး ချစ်ခြင်းတွေအရှည်ကြာဆုံး ရက်တစ်ရက်ပဲမလား။ ခရစ္စမတ်ဟာ အားလုံးရဲ့ ရင်ထဲ ချစ်စိတ်တွေဖြည့်ပေးနိုင်တဲ့နေ့ပေါ့။ ခရစ္စမတ်ဟာ အဆိုးဆုံးလို့ခေါ်တဲ့လူတွေကို စိတ်ကောင်းဝင်စေနိုင်တဲ့နေ့။ ခရစ္စမတ်ဟာ အတွန့်တိုဆုံးလူတွေရဲ့နှလုံးသားကို ပြောင်းလဲစေနိုင်တဲ့နေ့လည်း ဟုတ်တယ်။ မပြေလည်ခဲ့သမျှတွေကိုလည်း ခရစ္စမတ်ဟာ သူ့ထဲက ချစ်ခြင်းတွေနဲ့ ခဝါချပေးနိုင်တယ်။ ခရစ္စမတ်ဟာ ဘာမဆိုဖြစ်နိုင်တယ်။ ဘာလို့ဆို ခရစ္စမတ်ဟာ ခရစ္စမတ်ကိုး။ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ဟာ ဆန်တာကလော့ဆီမှာမဟုတ်ဘဲ ကျွန်တော်တို့ကိုချစ်တဲ့လူတွေ ကျွန်တော်တို့ကချစ်တဲ့လူတွေဆီမှာရှိနေတယ်။ ဒီရုပ်ရှင်ဟာ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုအကြောင်းပေါ့။ ဂျော့ဘိုင်လေလို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ တစ်ပြားမှမရှိပေမဲ့ အဖိုးအတန်ဆုံးဘဝအကြောင်းဆိုလည်း ဟုတ်တယ်။ ဘဝတွေဟာ လှပချင်မှလည်း လှပမယ်။ အကျည်းတန်ခြင်းက ပိုများနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကချစ်တဲ့လူတွေအတွက် ကျွန်တော်တို့ကိုချစ်တဲ့လူတွေအတွက် ကျွန်တော်တို့မသိကြသည်ဖြစ်စေ သူတို့မသိကြသည်ဖြစ်စေ ဘဝတွေဟာ It’s a Wonderful Life လို့ ပြောရမယ့် ဘဝတွေချည်းပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားဘဝကို It’s a Wonderful Life လို့ ရဲရဲကြီးပြောမိစေနိုင်မယ့် ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ခရစ္စမတ်ဟာ ကျွန်တော်တို့ ယဉ်ကျေးမှုလို့ ပြောလို့မရပေမဲ့ ခရစ္စမတ်ကာတွန်းတွေ ခရစ္စမတ်စာအုပ်တွေ ခရစ္စမတ်ရုပ်ရှင်တွေကို ကျွန်တော်တို့ ဘဝထဲက ပိုင်းခြားပစ်လို့မရတော့ ခရစ္စမတ်ဟာ ကျွန်တော်တို့ရဲ့ အရင်းနှီးဆုံးသူစိမ်းလိုဖြစ်နေတဲ့အရာပါပဲ။ ဒါပေမဲ့ ခရစ္စမတ်ရောက်လို့ ခရစ္စမတ်ကားတစ်ကားကြည့်လိုက်မိပြီဆိုရင် ခရစ္စမတ်ပီသစွာပဲ ချစ်တဲ့စိတ်တွေနဲ့ ပြည့်လာတတ်တာပါပဲ။ ဒီလောကမှာ မျှဝေဖို့ အကောင်းဆုံးအရာဟာ ချစ်ခြင်းမေတ္တာပဲမလား။ ချစ်ခြင်းတွေလွှမ်းနေတဲ့ ခရစ္စမတ်တွေကိုလည်း မျှဝေယူလိုက်ကြတာပေါ့။ ဒီဇင်ဘာဆိုတဲ့ နေ့တာအတိုဆုံး ဒက္ခိဏယဉ်စွန်းချိန်ရဲ့လမှာ ကမ္ဘာရဲ့ဝင်ရိုးတစ်ဖက်ဟာ နေရဲ့ဟိုးအဝေးဆုံးကို ရောက်ရှိသွားတတ်တယ်။ အအေးစက်အမှောင်မိုက်ဆုံး အချိန်လို့ပဲ ယေဘုယျဆိုလိုက်ကြတာပေါ့။ ဒုက္ခတွင်းထဲက အချိန်တွေဟာ ချစ်ခြင်းတွေရဲ့ အထင်ရှားဆုံး အချိန်ပဲမလား။ ဒီရုပ်ရှင်ဟာလည်း အလားတူအကြောင်းအရာပါပဲ။ နောက် အမှောင်မိုက်ဆုံးအချိန်ကို အလင်းလက်ဆုံးဖြစ်စေမယ့် ညတစ်ညအကြောင်းရောပေါ့။ အဲဒီညဟာ ခရစ္စမတ်ညပါပဲ။ အားလုံးပဲ မယ်ရီခရစ္စမတ်ပါ… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.2GB, 615MB Quality – 1080p, 720p, 480p IMDb Rating – 8.6/10 Format – mp4 Duration – 2H 10Min Genre – Drama, Family, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
8.6 1946 130 mins
It’s a Wonderful Life
Detective Dee : Deep Sea Dragon Palace
5.9

သက္ကရာဇ်(၆၈၈)ခုနှစ်မှာ တထန်ပြည်ကြီးမှာ(၁၀)လကြာအောင် မိုးခေါင်ရေရှားမှုကြီးကြုံတွေ့နေရပါတယ်။ ဝူကျယ်ထျန်းကမိုးခေါ် ဆုတောင်းပွဲကျင်းပဖို့ကွေးရွှီးတိုင်းပြည်ကနဂါးပုလဲကိုဆက်သခိုင်းခဲ့ပါတယ်။ ပင်လယ်ရေကြောင်းလမ်းကနေပြီးပို့လာတဲ့အချိန်မှာ ရေသူမျိုးနွယ်တွေရုတ်တရက်ပေါ်လာပြီး အစောင့်တပ်သားတွေကို သတ်ဖြတ်ကာနဂါးပုလဲလုံးကိုလုယူသွားခဲ့ပါတယ်။ အဲဒီအချိန်မှာအချစ်ကိုဆုံးရှုံးလိုက်ရလို့အသဲကွဲနေတဲ့ စုံထောက်ကြီးဒီဟာသေရည်တွေသောက်ပြီး ဆောင်ကြာမြိုင်မှာလေလွင့်နေခဲ့ပါတယ်။ မိဖုရားကြီးကနဂါးပုလဲလုံးကိုရှာဖို့ စုံထောက်ကြီးဒီးကိုအချိန်(၃)ရက်သာပေးလိုက်တဲ့အခါ ဆုတောင်းပွဲအတွက်ကွေးရွှီးကလာတဲ့သူတော်စင်မလေးဟာ သူ့ရဲ့ချစ်ရသူလေးနဲ့ရုပ်အရမ်းတူနေတာကိုတွေ့လိုက်ရတဲ့အခါ. စုံထောက်ကြီးဒီတစ်ယောက် ရေသူမျိုးနွယ်တွေလုယက်သွားတဲ့ နဂါးပုလဲလုံးကို(၃)ရက်အတွင်းဘယ်လိုရှာဖွေမလဲ…… ရေသူမျိုးနွယ်ဆိုတာရဲ့နောက်ကွယ်ကအမှန်တရားဟာ ဘာတွေဖြစ်နေမလဲဆိုတာကိုကြည့်ရှုအားပေးလိုက်ပါဦးနော်

5.9 2020
Detective Dee : Deep Sea Dragon Palace
Miss Meadows
5.8

Miss Meadows(2014) IMDb rating- 5.8 ဇာတ်လမ်းအညွှန်း မယ်ရီမဲဒိုးစ်ဟာ ငယ်ရွယ်ပြီး ချစ်စရာလည်းကောင်း၊ယဉ်ကျေးမှုလည်းရှိတဲ့ အမျိုးသမီးလေးတစ်ယောက်ပါ။ အိမ်သေးသေးလေးမှာ တစ်ယောက်တည်းနေထိုင်ပြီး သူ့ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို သူ့အမေဆီ အမြဲဖုန်းဆက်ပြောပြတတ်ပါတယ်။ အခုကတော့ ပထမတန်းကလေးတွေအတွက် ယာယီဆရာမလေး လုပ်ပေးနေပါတယ်။ ဒီလိုအမျိုးသမီးလေးက အပြင်ပိုင်းမှာ တည်ငြိမ်ချစ်စရာကောင်းနေပေမယ့် သူ့ရဲ့တကယ့်သရုပ်မှန်ကိုတော့ ဘယ်သူမှမသိကြဘူးပါဘူး။ လူဆိုးတွေ၊ရာဇဝတ်ကောင်တွေ၊လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတဲ့သူတွေကို သတ်ပစ်တဲ့သူ (vigilant) တရားဘက်တော်သားအနေနဲ့ ရှင်သန်နေသူတစ်ဦးပါ။ လောကကြီးမှာ လူဆိုးတွေရှိနေလို့မဖြစ်ဘူးလို့ စိတ်သွင်းထားတဲ့သူ့အတွက် ဘယ်လိုအတိတ်ဆိုးတွေများ ရှိနေမလဲ။ ဒီလိုနဲ့ တစ်နေ့တော့ ရဲမှူးနဲ့မစ်မဲဒိုးစ်တို့နှစ်ဦးသား တွေ့ဆုံချစ်ကြိုက်ကြပါလေရော။ အဲဒီနောက် ဘာတွေဆက်ဖြစ်လာမလဲပေါ့။ ကိုယ်ပိုင်စိတ်ကူးယဉ်ဆန်တဲ့ကမ္ဘာလေးမှာ နေထိုင်နေတဲ့ မယ်ရီမဲဒိုးစ်လေးတစ်ယောက် လက်တွေ့လောကကြီးဆီ ရုန်းထွက်လာနိုင်မယ့်ပုံလေး ရိုက်ကူးထားတာပါ။ ဒါပေမဲ့ လက်တွေ့လောကကြီးဆီ သူ တကယ်ပဲနီးစပ်လာနိုင်ခဲ့လား ဆိုတာကတော့ တွေးစရာလေးအဖြစ် ကျန်ရှိနေစေမယ့် ဇာတ်လမ်းမျိုးလေးပါ။ မစ်မဲဒိုးစ်အဖြစ် နာမည်ကြီးမင်းသမီးကြီး Kate Holmes က သရုပ်ဆောင်ထားပါတယ်။ ကလေးဆန်တဲ့ချစ်စရာအသွင်အပြင်လေးတွေ ညွှန်းပြစရာမလိုလောက်အောင် အပီအပြင်သရုပ်ဆောင်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဆက်လက်ကြည့်ရှုကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size… 2 GB / 844 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Drama/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Drama
5.8 2014 88 mins
Miss Meadows
The Monk and the Gun
7.4

ဒီရုပ်ရှင်အကြောင်းကိုမပြောချင် ကျွန်တော်တို့ သိထားရမှာလေးတွေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအကြောင်းလေးတွေကို သိမှ ဒီရုပ်ရှင်လေးကပေးချင်တဲ့ ရသကိုအပြည့်အဝခံစားနိုင်မှာ ဖြစ်လို့ပါ။ လက်ရှိကျွန်တော်တို့ နေနေကြတဲ့ ကမ္ဘာကြီးဟာ အင်မတန်ပူပြင်းလှတဲ့ သဲကန္တာရကြီးဆိုပါစို့. အဲလိုဆိုရင် ဒီကားထဲမှာပါတဲ့ ဘူတန်နိုင်ငံလေးဟာ အိုအေစစ်လိုမျိုးနိုင်ငံလေးပါပဲ။ ဘူတန်နိုင်ငံဆိုတာ ကုန်းတွင်းပိတ်နိုင်ငံသေးသေးလေးဖြစ်ပြီး တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကြားမှာတည်ရှိပါတယ်။ နိုင်ငံက အရမ်းသေးပြီး နေထိုင်တဲ့လူဦးရေက တစ်နိုင်ငံလုံးပေါင်းမှ တစ်သန်းလောက်တောင် မပြည့်ပါဘူး။ ဒီရုပ်ရှင်ဇာတ်ကြောင်းကို အခြေတည်ထားတဲ့ ၂၀၀၆ ခုနှစ်ဝန်းကျင်အချိန်လောက်မှာ အဲဒီ့နိုင်ငံလေးကို ဘုရင်စနစ်နဲ့ပဲ အုပ်ချုပ်နေခဲ့တာပါ။ ဆိုတော့ ဘုရင်ကြီးရဲ့ ဩဇာဟာ ပြည်သူတိုင်းအပေါ်မှာ သက်ရောက်ပြီး ပြည်သူတိုင်းကလည်း သူတို့ရဲ့ဘုရင်ကြီးကို ချစ်ခင်မြတ်နိုးကြပါတယ်။ နောက်ပြီး ဘူတန်နိုင်ငံဟာ ဗုဒ္ဓဘာသာအဓိက ကိုးကွယ်တဲ့နိုင်ငံဖြစ်ပြီး သူတို့ရဲ့ ဘုရင်ကြီးဟာလည်း မေတ္တာတရားနဲ့ပေါင်းစပ်ပြီး ပြည်သူတွေကို အုပ်ချုပ်တာကြောင့် သူတို့တိုင်းပြည်လေးဟာ လောဘဒေါသမောဟတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ အတော်လေးနည်းပါးပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကိုတိုင်းတာတဲ့ GDP ညွှန်းကိန်းဟာ ဘူတန်နိုင်ငံမှာ အလုပ်မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ GDP ကို ပြည်သူတွေရဲ့ ပျော်ရွှင်မှုနဲ့ တိုင်းတာတာပါတဲ့။ စာတွေအရ 1990 လောက်ကတည်းက သူတို့ဆီမှာ ပလပ်စတစ် မသုံးစွဲရသလို ၊ သစ်ပင်ဝါးပင်တွေကို ခုတ်ယူခြင်းကိုလည်း လုံးဝ တင်းကြပ်စွာ တားဆီးထားပါတယ်။ တောရိုင်းတိရစ္ဆာန်တွေအား ဖမ်းဆီးစားသောက်ခြင်းကိုလည်း လုံးဝတားမြစ်ထားပြီး အသားငါးစားဖို့အတွက် အိန္ဒိယနိုင်ငံဘက်ကနေပဲ တင်သွင်းခွင့် ပြုပါသတဲ့။ နောက် ဖိုဝါဒအားကောင်းဖို့ဆိုတာ ဘူတန်မှာ မဖြစ်နိုင်ပါဘူး။ အိမ်ထောင်မှုတခုရဲ့ အရေးကြီးတဲ့ ကဏ္ဍတွေကို အမျိုးသမီးတွေကပဲ ဦးစီးကြရသလို အမွေခွဲရင်တောင် အမျိုးသမီးများကပဲ ပိုရပါသတဲ့။ ဆိုတော့ အပေါ်က အကြောင်းအရာတွေကို ကျွန်တော်တို့ သိထားမှာသာ ဒီရုပ်ရှင်လေးက ပေးချင်တဲ့ အနှစ်သာရကို ကောင်းကောင်းကြီး ခံစားလို့ရမှာပါ။ ဆိုတော့ ဒီရုပ်ရှင်ကို Oscar ဆု စကာတင်စာရင်းဝင်ခဲ့တဲ့ “Lunana: A Yak in the Classroom” ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဘူတန်လူမျိုး ဒါရိုက်တာ Pawo Choyning Dorji ရဲ့ နောက်ထပ်ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်တဲ့ “The Monk and The Gun” နဲ့ မိတ်ဆက်ပေးပါရစေ. ဒီရုပ်ရှင်လေးကိုတော့ ဘူတန်နိုင်ငံရဲ့ ဘုရင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ကာလဖြစ်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ဝန်းကျင်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်. ရုပ်ရှင်လေးလို့ သုံးနှုန်းရတဲ့ အကြောင်းအရင်းကတော့ ဒီရုပ်ရှင်ကိုကြည့်ရင်းနဲ့ ဘူတန်နိုင်ငံရဲ့ သဘာဝအလှတွေအပြင် ဘူတန်လူမျိုးတွေရဲ့ ပွင့်လင်းရိုးသားဖြူစင်မှုတွေကို အထင်းသားတွေ့မြင်နိုင်လို့ပဲဖြစ်ပါတယ်. ဒါ့အပြင် အဲဒီ့ ၂၀၀၆ ခုနှစ်တာကာလမှစပြီး ဘူတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သက်တမ်းအနုဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ဖော်ဆောင်နေတဲ့ ကာလာဖြစ်ပါတယ်. ဒီရုပ်ရှင်လေးမှာတော့ သူတို့ဘူတန်နိုင်ငံမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲကြီးအတွက် တစ်ခါမှမဲပေးခဲ့ဖူးခြင်းမရှိတဲ့ တောရွာက ပြည်သူတွေကို အစမ်းရွေးကောက်ပွဲလုပ်ပေးတာမျိုးလေးတွေ၊ အဲဒီ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရွာသားတွေ၊ ဘုန်းကြီးတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်မလဲဆိုတာကို ဟာသလေးနှောပြီး စိတ်ဝင်စားဖို့ကောင်းအောင် ဒါရိုက်တာက ချပြထားပါတယ်. အဲဒီအချိန်မှာပဲ နိုင်ငံထဲကဩဇာတိက္ကမရှိတဲ့ ဆရာတော်တပါးက သူ့လက်အောက်က ပဉ္ဇင်းငယ်တပါးကို သေနတ်တလက် ရှာဖွေခိုင်းပါတယ်။ တိုက်ဆိုင်စွာပဲ အမေရိကက ရှားပါးလက်နက်တွေ ရှာဖွေစုဆောင်းသူ အမေရိကန်သား တဦးကလည်း ဘူတန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာတာ ဖြစ်တယ်။ ယင်းနောက်မှာတော့ သူတို့တွေ ဘာလုပ်ကြလဲ ၊ ဘာကြောင့် ဒီသေနတ်ကို လိုချင်ကြရသလဲ ဆိုတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဇာတ်လမ်းနဲ့အတူ စီးမြောပြီး ပြုံးမိရင်း စိတ်ကြည်နူးချမ်းမြေ့စွာနဲ့ ကြည့်ရှု့ကြရမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jo Joe

Action • Thriller
7.4 2024 107 mins
The Monk and the Gun
Miracle
7.4

ဒီတစ်ခေါက်မှာတော့ IMDB 7.4/10, Rt 81% ရရှိထားတဲ့ ဖြစ်ရပ်မှန် Sport/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ဆောင်းရာသီအိုလံပစ်အားကစားပွဲက အမေရိကန် ဟော်ကီအသင်းရဲ့ နည်းပြတစ်ယောက်အကြောင်း အခြေတည်ရိုက်ကူးထားတဲ့ ဒီကားလေးထဲမှာ မင်းသားကြီး Kurt Russell က နည်းပြဟာ့ဘ်အဖြစ်နဲ့ အခြားဟော်ကီကစားသမားပေါင်းများစွာက ပါဝင်အားဖြည့်ထားကြပါတယ်။ ၁၉၆၀ နောက်ပိုင်းကစလို့ အိုလံပစ်အားကစားပွဲတွေမှာ အမေရိကန်က ဆိုဗီယက်ကို နှစ်တိုင်း ရှုံးနိမ့်ခဲ့ပါတယ်။ နှစ် ၂၀ လုံး ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ အပြောင်းအလဲတစ်ခုအဖြစ် နည်းပြဟာ့ဘ်ကို အိုလံပစ်ဝင်ဖို့ အသင်းတစ်သင်း ဖွဲ့စည်းစေခဲ့ပါတယ်။ နောက်ခံအသီးသီးက တက္ကသိုလ်အသင်းတွေ၊ ချန်ပီယံရှစ်အသင်းတွေမှာပဲ ပြိုင်ဖူးတဲ့သူတွေနဲ့ အပျော်တမ်းကစားသမားလေးတွေကို နည်းပြ စိတ်ကြိုက်ရွေးချယ်ပြီး အမေရိကန်ကိုယ်စားပြုအသင်းအဖြစ် ဖွဲ့စည်းရာမှာ လူငယ်လေးတွေဖြစ်တာကြောင့် ကျောင်းတော်က ရန်စတွေနဲ့ အချင်းချင်းမတည့်ကြ၊ ရန်ဖြစ်ကြ၊ ထိုးကြ ကြိတ်ကြနဲ့ ပြဿနာမျိုးစုံတက်နေခဲ့ပေမဲ့ နည်းပြ ဟာ့ဘ်ကတော့ အရေးမထားခဲ့ပါဘူး။ သူ့နည်းသူ့ဟန်နဲ့ နည်းပြရင်း နောက်ဆုံးမှာ အိုလံပစ်ပွဲစဉ်ကို ယှဉ်ပြိုင်ရဖို့ ဖြစ်လာပါတော့တယ်။ ၃လအတွင်း ၄၂ ပွဲ ကစားရာမှာ ၄၂ ပွဲလုံးနိုင်ခဲ့တဲ့ ၁၀၀ % အောင်ပွဲရ ဆိုဗီယက်အသင်းကို နှစ် ၂၀ လုံး ရှုံးနိမ့်ခဲ့တဲ့ သမိုင်းကို နည်းပြဟာ့ဘ်ရဲ့အမေရိကန်အသင်းက နိုင်အောင်ကစားနိုင်မလား။ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိရမဲ့ စိတ်နေစိတ်ထားနဲ့ အရည်အချင်းတွေကို နည်းပြဟာ့ဘ်က ဘယ်လို ပညာသားပါပါ ထုတ်ပြသွားမလဲဆိုတာနဲ့ သူ့အသင်းကရော သူခိုင်းတဲ့အတိုင်း တစ်သွေမတိမ်း လိုက်ပါလုပ်ဆောင်ပြီး အောင်မြင်နိုင်ပါ့မလား ဆိုတာကိုတော့ နောက်ဆုံးအထိ အသည်းယားစဖွယ် ရှုစားရမှာပါ။ Old but gold ကားလေးမို့ အားကစားချစ်သူ ပရိသတ်ကြီးက လိုက်ပါစီးမျောကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(3.2 GB)/(1.7GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:15:00 Genre…Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

7.4 2004 135 mins
Miracle
Ghostbusters: Frozen Empire
6.3

Ghostbusters: Frozen Empire (2024) IMDb Rating (6.3) / Rotten Tomatoes (83%) သရဲဖမ်းသူများ ၂၀၂၄ ထွက် ရုပ်ရှင်အသစ်ရပါပြီ။ အရင် ထွက်ထားတဲ့ဗားရှင်းက ခိုးရိုက်အသံနဲ့ မကြည်တကြည်ဖြစ်နေပေမဲ့ အခုထွက်တာကတော့ ရုပ်အသံ အကြည်အစစ်ပါပဲ။ Ant Man မင်းသား Paul Rudd၊ Stranger Things မင်းသား Finn Wolfhard၊ ပြီးတော့ မင်းသမီး Mckenna Grace တို့ ပါဝင်ထားပါတယ် သူ့ကိုတော့ Gifted ဇာတ်ကားထဲက ဉာဏ်ကြီးရှင် ကလေးမလေးအဖြစ် သိကြမှာပါ။ ဇာတ်လမ်းအကျဉ်း သရဲဖမ်းသမားမျိုးဆက်သစ်တွေအတွက် ဒီတစ်ခါတော့ နှစ်ထောင်ပေါင်းများစွာက ကြေးဝါလုံးတစ်ခုထဲမှာ ပိတ်ထားခံရတဲ့ မိစ္ဆာနတ်ဘုရားကြီးတစ်ပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သရဲဖမ်းသမားတွေထုံးစံအတိုင်း ဒဏ္ဍာရီတွေ၊ သိပ္ပံစမ်းသပ်ချက်တွေပေါင်းပြီး သရဲကိုစုံစမ်းတာတွေ၊ သရဲဖမ်းသမား မျိုးဆက်ဟောင်းတွေနဲ့ အသစ်တွေ ပူးပေါင်းကြတာတွေပါပြီး မိသားစုလိုက်ကြည့်လို့ရမဲ့ ဟာသ အက်ရှင် ဟော်ရာအမျိုးအစား ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အပန်းဖြေဖို့အတွက် ရုပ်ရှင်ကောင်းတစ်ခုပါပဲ။

6.3 2024
Ghostbusters: Frozen Empire
The Adderall Diaries
5.5

The Adderall Diaries ဇာတ်ကားဟာ ၂၀၁၅ ထွက် နာမည်ကျော် မင်းသားမင်းသမီးတွေ ပါဝင်တဲ့ Crime Drama Mystery ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အားလုံးကြိုက်တဲ့ နာမည်ကျော်မင်းသား James Franco၊ အားလုံးသိတဲ့ မင်းသမီး Amber Heard တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်.. ဇာတ်လမ်းလေးကတော့ စတီဖင် ဆိုတဲ့ မင်းသားဟာ နာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အတိတ်က ဖခင်နဲ့ အဆင်မပြေခဲ့ရတဲ့ စိတ်ဒုက္ခဆင်းရဲတွေ ဆက်ဆံရေးအကြောင်းတွေကို စာအုပ်ရေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့စာအုပ် မိတ်ဆက်ပွဲမှာ သေပြီလို့ ရေးထားတဲ့ သူ့အဖေကိုယ်တိုင် ရုတ်တရက် ရောက်လာတဲ့အခါမှာ သူတို့ကြား ဘယ်လို ဆက်ဆံရေးတွေ ရှီမှာလဲ ရှိခဲ့လဲ ဆိုတာကို မတူညီတဲ့ ဖက် ၂ ဖက်ကနေ ကြည့်ရမှာ ဖြစ်သလို တစ်ချိန်တည်းမှာပဲ စတီဖင် စာရေးဖို့ လေ့လာနေတဲ့ လူသတ်မှုတစ်ခုကလည်း သူတို့ဘဝနဲ့ နီးစပ်နေတဲ့အခါ သူ့အပေါ် ဘယ်လို သက်ရောက်မှုတွေရှိမလဲ ကြားထဲမှာလဲ ချစ်သူ၊မိတ်ဆွေ၊လုပ်ဖော်ကိုင်ဖက်တွေကလည်း သူ့ဘဝကို ဘယ်လို သက်ရောက်မှုတွေရှိမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရမှာ ဖြစ်ပါတယ်.. File size…1.29GB / 583MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 27m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

5.5 2015 87 mins
The Adderall Diaries
[18+] Grand Jeté
4.8

Grand Jeté (2022) Genre – Drama (ပွင့်လင်းမြင်သာသော လိင်မှုဆိုင်ရာ ပြကွက်များနှင့် သာမန်လူအနေဖြင့် လက်မခံနိုင်စရာ ရှုပ်ထွေးသော လူမှုဆက်ဆံရေးများ ပါဝင်သောကြောင့် အသက် ၁၈ နှစ်အောက် မကြည့်ကြစေရန် သတိပေးလိုပါသည်။) နာဂျာဆိုတာ နာမည်ကြီး ဘဲလေးအကမယ်တစ်ယောက်၊ ကလေးဘဝကတည်းက ဒီအသက်မွေးကြောင်းကို ခန္ဓာကိုယ်တောင် မညှာတာပဲ အပြင်းအထန်လုပ်ခဲ့လို့ ဘဝမှာ အခက်အခဲတွေ ဖြစ်လာပြီး အစဉ်မပြတ် နာကျင်ကိုက်ခဲမှုတွေကို ခံစားနေရသူပါ။ ဒါနဲ့ သင်တန်းနည်းပြ ပြောင်းလုပ်တော့လည်း ရင်ထဲက ဗလာဟင်းလင်းပြင်ကို မဖာထေးနိုင်ပဲ စိတ်ညစ်နေရသူပေါ့။ ဒါကြောင့် မိခင်ဖြစ်သူ ရှိတဲ့ ဇာတိမြို့လေးကို သူ့စိတ်သူ ကုစားဖို့အတွက် ပြန်သွားခဲ့ပါတော့တယ်။ နာဂျာငယ်စဉ်ဘဝ ဆယ်ကျော်သက်တုန်းက ကိုယ်ဝန်တစ်ခုကို အမှတ်မထင် ရရှိခဲ့ပါတယ် ဒါပေမဲ့ ဘဲလေးအကမယ်လုပ်ဖို့အတွက် ကလေးဖြစ်သူကို သူ့ မိခင်ဆီ အပ်ထားခဲ့ပြီး သားဖြစ်သူကို မတွေ့တာကြာပြီး သူစိမ်းဆန်ဆန်တောင် ဖြစ်နေပါပြီ။ ယခု သူ ပြန်ရောက်လာတော့ သားဖြစ်သူ မာရီယိုက ခန္ဓာကိုယ် လေ့ကျင့်ရေးသမားတစ်ယောက် ဖြစ်နေပြီး ကြီးကောင်ပေါက် လူပျိုတစ်ယောက် ဖြစ်နေပါပြီ။ ဒီမှာတင် သားအမိနှစ်ယောက် ပြန်တွေ့ရာကနေ သူတို့ရဲ့ ရုပ်ပိုင်းဆန်ရာ ထိတွေ့မှုတွေကတဆင့် ပြင်းထန်လာပြီး သားအမိနှစ်ယောက် ရှိသင့်ရှိအပ်တဲ့ ဆက်ဆံရေးထက် ကျော်လွန်လာတဲ့အခါမှာတော့….။

4.8 2022
[18+] Grand Jeté
The Infallibles
5

Fast and Furious ထဲကလို လမ်းမပေါ်မှာ ကျည်ကာကားတွေကို ဖြတ်တိုက်ပြီး လုယက်တာတွေကိုသဘောကျတယ် မှုခင်းစုံထောက် ဇာတ်ကားတွေကိုလည်း သဘောကျတယ် ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းတာမျိုးတွေကိုမှ သဘောကျတယ်ဆိုရင်အခု တင်ဆက်ပေးမဲ့ Les Infaillible ဆိုတဲ့ပြင်သစ်ရုပ်ရှင်ကားလေးကို ရွေးချယ်ကြည့်ရှုသင့်ပါတယ်။ရုပ်ရှင်အမျိုးအစားမှာဟာသလို့ ရေးထားပေမဲ့အက်ရှင်တွေ မှုခင်းတွေကိုပါအချိုးကျကျ တင်ဆက်ရိုက်ကူးထားတာကိုတွေ့ရမှာပါ။ ပဲရစ်မှာ ဓားပြတစ်သိုက်ကအထက်မှာပြောခဲ့သလို တန်ဖိုးကြီး ပစ္စည်းတွေ သယ်ပို့တဲ့ကျည်ကာထရပ်ကားတွေကိုမကြာခဏ ဆိုသလိုလိုက်လုယက်နေပြီး ထင်တိုင်းကြဲသောင်းကျန်းနေကြ ပါတော့တယ်။ပဲရစ်မြို့ကကရဲတွေစုံထောက်တွေကလည်း သူတို့ကိုဖမ်းမိနိုင်လောက်တဲ့အထိ မစွမ်းဆောင်နိုင်တဲ့အတွက် သူတို့အတွက်ကတော့ ထမင်းစားရေသောက်သလိုကိုလွယ်ကူ နေပါတော့တယ်။အဲ့လိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပဲရစ်မြို့ရဲ့ အုပ်ချုပ်ရေးမှူးကမာဆေးလ်မြို့မှာ နာမည်ကြီးရဲမေ တစ်ယောက်ဖြစ်တဲ့ အလီယာနဲ့ပဲရစ်ရဲတပ်ဖွဲ့ကbတူတော်မောင် ဟျူဂိုတို့ကို တာဝန်ပေးဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။အလီယာက တစ်ခုခုဆိုရင် စိတ်မြန်လက်မြန် ဘောင်တွေစည်းတွေစဉ်းစား မနေပဲ လက်ရဲဇက်ရဲ လုပ်တတ်သူတစ်ယောက်ဖြစ်ပြီး ဟျူဂိုက အမှုတွေကို ဖြေရှင်းရာမှာ တော်ပေမဲ့ ခပ်ရိုးရိုးအေးအေးကြီး ဖြစ်ပါတယ်။ဒီလိုဆန့်ကျင်ဖက် ဖြစ်နေတဲ့လူနှစ်ယောက်သွားတွေ့တဲ့ အခါမှာတော့ စစချင်းမှာကြောင်နဲ့ကြွက်လို ခဏခဏကိုက်နေကြ‌ပေမဲ့ အဲ့ဒီဓားပြမှုကို အတူတူဖြေရှင်းရင်းနဲ့မှ ပိုပိုရင်းနှီးလာကြပြီး နှစ်ယောက်သား တက်ညီလက်ညီနဲ့ သောင်းကျန်းနေကြတဲ့ ဓားပြတွေကိုဖမ်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ File size…1.82GB / 878MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 99 mins
The Infallibles
Madly FolleMente
7

Madly (2024) FolleMente IMDb Rating (7.0) အီတလီရဲ့ နာမည်ကြီး ဒါရိုက်တာ Paolo Genovese ရိုက်ထားတဲ့ ရိုမန်တစ်ဟာသဇာတ်လမ်းလေးပါ။ ရုပ်ရှင်က ၁ နာရီ ၃၇ မိနစ်ကြာ ပြသထားပြီး ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅ မှာ အီတလီမှာ 01 Distribution က ဖြန့်ချီခဲ့ပါတယ်။ အီတလီမှာ သိပ်အောင်မြင်ခဲ့ပြီး box office မှာ ၁၇ သန်းကျော် ယူရိုဝင်ငွေ ရရှိခဲ့တယ်လို့ သိရတယ်။ IMDb မှာ 7.0/10 ရထားပြီး Nastri d’Argento ဆုပေးပွဲမှာ ဆန်ကာတင် ၅ ခုရခဲ့ပြီး ၂ ခုဆွတ်ခူးခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း Lara နဲ့ Piero ဆိုတဲ့ လူနှစ်ယောက်ရဲ့ ပထမဆုံး ဒိတ်အကြောင်းကို အဓိကထားပြီး သူတို့ရဲ့ စိတ်ထဲက အတွေးတွေ၊ ခံစားချက်တွေကို ပုံဖော်ထားတာပါ။ Lara က ၃၅ နှစ်အရွယ် ပရိဘောဂပြုပြင်သူတစ်ယောက်၊ အချစ်ရေးမှာ သိပ်မအောင်မြင်ဖူးတဲ့သူ။ Piero ကတော့ ၅၀ အရွယ် အထက်တန်းကျောင်းဆရာ၊ ကွာရှင်းထားပြီး သမီးလေးတစ်ယောက်ရှိတဲ့ ဖခင်တစ်ယောက်။ သူတို့နှစ်ယောက်ဟာ ဘားတစ်ခုမှာ တွေ့ပြီး Lara ရဲ့အိမ်မှာ ညစာစားဖို့ ချိန်းကြတယ်။ ဒါပေမယ့် ဒီဒိတ်ဟာ သာမန်မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စိတ်ထဲက “အသံတွေ” ဒါမှမဟုတ် ပင်ကိုယ်စရိုက်တွေကို လူအစစ်တွေလို ပုံဖော်ပြထားတာ။ Piero ရဲ့ စိတ်ထဲမှာ ဆင်ခြင်တွေးတောတတ်တဲ့ “ဆရာ”၊ ရိုမန်တစ်ဆန်တဲ့ “Romeo”၊ စိတ်အားထက်သန်တဲ့ “Eros” နဲ့ စိတ်ဓာတ်ကျနေတဲ့ “Valium” ဆိုတဲ့ စရိုက်တွေ ရှိတယ်။ Lara ဘက်မှာလည်း တင်းကြပ်တဲ့ “Alfa”၊ ဆွဲဆောင်မှုရှိတဲ့ “Trilli”၊ ဆိုးသွမ်းတဲ့ “Scheggia” နဲ့ အိပ်မက်မက်တတ်တဲ့ “Giulietta” ဆိုတဲ့ စရိုက်တွေ ပါဝင်တယ်။ ဒီစရိုက်တွေက သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးဖို့ အခါခါ စကားများလာကြတာ၊ တစ်ခါတလေ ရန်ဖြစ်ကြတာလည်း ပါတယ်။ ဒီလိုနဲ့ ဒိတ်တစ်ခုဟာ တကယ်ကို “လူစည်ကားတဲ့” အဖြစ်အပျက်ဖြစ်လာပြီး ရယ်စရာ၊ အဆင်မပြေမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါမျိုးကို Pixar ရဲ့ “Inside Out” နဲ့ နှိုင်းယှဉ်လို့ရပေမယ့် ဒီရုပ်ရှင်က အီတလီဟာသပုံစံနဲ့ ပိုပြီး လူကြီးတွေအတွက် ရိုမန်တစ်ဆန်တဲ့ ခံစားချက်ကို ထည့်ထားတာမျိုးပါ။ ဟာသချစ်သူတွေအတွက်တော့ ဒီရုပ်ရှင်က ရယ်မောရင်း စိတ်ထဲက အတွေးတွေရဲ့ အရှုပ်အထွေးကို ခံစားလို့ရတဲ့ ကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (1 GB) / (610 MB) Quality…. Blu-Ray 1080p / 720p Format…. mp4 Genre…. Comedy, Romance Duration…. 01:37:40 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Horror • Thriller
7 2024 97 mins
Madly FolleMente