YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) A Man (2022) 1080p.mp4

2.25 GB N/A video/mp4 221 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
You Do You
6.5

You Do You(2023) ***************** ကိုယ့်ဘဝမှာ ကိုယ်သာလျှင်ပဲ့ကိုင်ရှင်ပါ။ သူများတွေ ဘယ်လိုပဲပြောနေနေ ဘယ်လိုပဲယူဆဆ၊ ကိုယ့်ရဲ့ခံစားချက်ကို ထုတ်ပြကြိုးစားရင်း ပြာပုံထဲကျနေပြန်ရုန်းထနေရမှာပါ။ ဒီဇာတ်လမ်းလေးကတော့ အဲ့လိုခံယူချက်လေးနဲ့ ဖက်ရှင်လောကထဲ လျှောက်လှမ်းချင်တဲ့ အမျိုးသမီးလေး မာဗေ့ဗ်ရဲ့ ဇာတ်လမ်းလေးကိုရိုက်ကူးပြထားတာပါ။ မာဗေ့ဗ်ဟာ တီထွင်ဖန်တီးမှုဉာဏ်ရှိပြီး ဖက်ရှင်လောကမှာ အခြေချရပ်တည်ချင်သူလေးပါ။ သို့ပေမဲ့ အမေဖြစ်သူကတော့ ရုံးထိုင်အလုပ်တစ်ခုခုကိုအခြေတကျလုပ်စေချင်တာမို့ အလုပ်အင်တာဗြူးတွေခဏခဏဖြေခိုင်းပါတယ်။ ဖြေခိုင်းတိုင်းလည်း မာဗေ့ဗ်တစ်‌ယောက် အမေ့ရဲ့ဘီဒိုကြီးထဲက အဝတ်အစားလှလှတွေထုတ်ဝတ်သွားပြီး အင်တာဗြူးကို ကျအောင်ဖြေလေ့ရှိပါတယ်။ တကယ့်သမီးအလိမ္မာလေးပါပဲ။ မာဗေ့ဗ်ရဲ့ အမေဖြစ်သူဟာ တစ်ချိန်က ထိတ်ထိတ်ကြဲ နာမည်ကြီးသတင်းထောက်ပါ။ သိတဲ့အတိုင်းအပင်မြင့်လေ လေတိုက်လေဆိုတော့ ကြိတ်ပြီးမုန်းနေတဲ့ရန်ဖက်တွေလည်းရှိတာပါပဲ။ ဒီလိုနဲ့ တစ်နေ့ကျတော့ အဲ့ဒီရန်ဖက်ဖြစ်သူဟာ အကွက်ကျကျစီစဥ်ပြီး မာဗေ့ဗ်တို့မိသားစုကို လမ်းဘေးရောက်အောင်ကြံပါတော့တယ်။ မာဗေ့ဗ်တစ်ယောက် ဒီအခက်အခဲကို ဘယ်လိုကျော်လွှားမလဲ၊ ဒီရန်ဖက်ဆိုသူကရောဘယ်သူလဲ၊ ဘာတွေဆက်လက်ကြုံတွေ့ရမလဲဆိုတာကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေနဲ့ လိုက်ပါကြည့်ရှုလို့ရမယ့် Comedy Romanceကားလေးတစ်ကားပါပဲ။ File Size :(1.5GB) and (680MB) Quality :WEB-DL 1080P, 720p Format…mp4 Duration…01:40:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Comedy • Drama
6.5 2023 99 mins
You Do You
A Tale of Sorrow and Sadness
5.9

A Tale of Sorrow and Sadness ( 1977 ) ဒီ Erotic ကားကို ရိုက်တဲ့လူက seijun suzuki။ လူတော့သိပ်သိမှာမဟုတ်ပေမဲ့ ဂျပန်ရုပ်ရှင်ကို ဂိတကာဂိနေတဲ့လူတစ်ချို့တော့ သိကြလိမ့်မယ်။ Branded to Killတို့ Tokyo Drifterတို့လို ထိပ်တန်းစာရင်းဝင်တွေရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ Action Crime ကားတွေကို ရိုက်ခဲ့တဲ့သူ။ ဒါပေမဲ့သူက ၁၉၅၆ လောက်ကတည်းကနေ ၁၉၆၇အထိ B Movies တွေရိုက်လာတဲ့သူဆိုတော့ ဒီကားကို သူပိုင်ပိုင်နိုင်နိုင်ရိုက်နိုင်တာ ဆန်းတော့လည်းမဆန်းဘူး။ ဒါပေမဲ့လည်း သာမန် Erotic ကားတွေနဲ့ နည်းနည်းမှ မတူတဲ့အချက်ကိုတော့ ကျွန်တော်တို့လက်ခံရမှာပဲ။ စတိုရှိခွန်ရဲ့ Perfect Blue တောင် ဒီကားရဲ့ အငွေ့အသက်နည်းနည်းယူထားသလားလို့ပါ မြင်မိတဲ့အထိ Erotic ကားပေမဲ့ တော်တော်လေး ဆိုက်ကိုဆန်ပြီးကြမ်းတယ်။ Perfect Blueကိုယ်တိုင်လည်း တော်တော်လေးကြမ်းနေတာ ဒီအငွေ့အသက်မကင်းခဲ့လို့လားလို့ ထင်ချင်စရာကောင်းတယ်။ ထင်မြင်ချက်သက်သက်ပါပဲ။ ဒီလိုခံစားရတာတော့ ကျွန်တော့်ဘက်ကသေချာတယ်။ ကိုယ့်အထင်နဲ့ ကိုယ်တိုက်ကြည့်ပေါ့။ seijun suzukiဟာ Takeshi Kitanoလို ဂျပန်ဒါရိုက်တာဆရာကြီး, Wong Kar-waiလို ဟောင်ကောင်ဒါရိုက်တာဆရာကြီးနဲ့ Quentin Tarantinoလို ဟောလိဝုဒ်ဆရာကြီတွေကပါ အထင်ကြီးလေးစားရတဲ့သူဆိုလည်း မမှားဘူး။ နူးညံ့တဲ့ကမ္ဘာကြီးကို မြင်ချင်တဲ့လူတွေအတွက်တော့ ကားကောင်းဟုတ်ချင်မှဟုတ်မှာပေမဲ့ ကမ္ဘာကြီးရဲ့ အကျည်းတန်တဲ့ဘက်ခြမ်းကို မြင်ချင်တဲ့လူတွေအတွက်တော့ A Tale of Sorrow and Sadness ဟာ တကယ်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ သူ့ဇာတ်ကတော့ ဂေါက်ရိုက်သမလေးတစ်ယောက်ကို ကုမ္ပဏီတစ်ခုက ဟုန်းဟုန်းတောက်အောင်မြင်အောင်လုပ်ပေးလိုက်ပြီးတဲ့နောက် အဲဒီဂေါက်ရိုက်သမလေး ခံခဲ့ရတဲ့ အောင်မြင်မှုဒဏ်တွေ အတိုက်အခိုက်တွေ လဲပြိုမှုတွေ အတုအယောင်တွေအကြောင်းပါပဲ။ ပြောရရင် Perfect Blue နဲ့ အတိုင်းအတာတစ်ခုအထိ ထပ်တူညီပါတယ်။ မတူတာက စတိုရှိခွန်ဟာ အန်နမဲသမားပီပီသသ သူ့စိတ္တဇကမ္ဘာကို ပိုစိတ္တဇဆန်အောင်ပုံဖော်သွားပြီး ဆူဇူကီးကတော့ သူ့စိတ္တဇကမ္ဘာကို လူတွေကြားမှာပဲ ပီပြင်လာအောင် ပုံဖော်သွားခဲ့ပါတယ်။ အသိရခက်တဲ့ရုပ်ရှင်တစ်ကားမို့ လူတိုင်းတော့ အကြိုက်တွေ့မှာမဟုတ်သလို Erotic Scene တွေလည်းပါလို့ မိသားစုနဲ့မကြည့်သင့်ပါဘူး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Wပါ ) File Size__(1.8GB) / (750MB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:30:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Action • Adventure • Drama
5.9 1977 93 mins
A Tale of Sorrow and Sadness
East of Eden
7.6

~ IMDb - 7.8/10, Rotten Tomatoes - 86% ~ ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။ သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။ ဒုတိယအနေနဲ့ ပြောချင်တာက ဇာတ်ကားရဲ့နာမည်ပါ။ အေဒင်အရှေ့ပိုင်းတဲ့။ ကိန်း ဆိုတဲ့ ပထမဆုံးလူသားမကောင်းဆိုးဝါး ထွက်ပြေးလွတ်မြောက်ရာ နေရာတစ်ခုပေါ့။ လောကမှာ သေခြင်းတရားဝင်ရောက်ကာစ၊ အာဒမ် (အဒမ်) နဲ့ ဧဝ (အိဗ်) တို့ရဲ့ သားဦးတွေဖြစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်၊ အေဘယ် နဲ့ ကိန်း။ လူစီဖာရဲ့ ဖျားယောင်းသိမ်းသွင်းမှုကိုလက်ခံပြီး အစ်ကိုအပေါ်သစ္စာဖောက်လို့ ပထမဆုံးသတ်ဖြတ်ခြင်းကို သွေးအေးအေးဆောင်ရွက်ခဲ့သူ ညီတော်မောင် ကိန်း။ ပထမဆုံးသတ်ဖြတ်မှုကလည်း အစ်ကိုဖြစ်သူကို။ မကောင်းဆိုးဝါးလောကကို ပထမဆုံး ခြေလှမ်းခဲ့တဲ့ လူသားတစ်ယောက်‌ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလည်း အစ်ကိုဖြစ်သူ အာရွန် ကို မကျေနပ်စိတ်တစ်ခုတည်းနဲ့ သေလုမျောပါးစိတ်ဒဏ်ရာတစ်ခုကိုပေးခဲ့တဲ့ မကောင်းဆိုးဝါး ညီဖြစ်သူ ကယ်လက်ဘ် ရဲ့ ညစ်ကန်ကန် ဂျစ်တစ်တစ်စရိုက်ကို ကြည့်ရှုရဖို့ရှိပါတယ်။ တချို့သောလူကြီးမင်းတွေအတွက် ငယ်ဘဝကို ပြန်ကြည့်နေရသလို ခံစားရချင်လည်း ခံစားရမှာပေါ့လေ။ အရာရာကို မကောင်းမြင်စိတ်နဲ့ဖြတ်သန်း၊ ကိုယ်လိုချင်တာပဲသိတဲ့ ဆယ်ကျော်သက် လူဆိုးသွမ်းလေးပါ။ ဖခင်နဲ့ ကြီးပြင်းလာ၊ မိခင်သေပြီဆိုတဲ့ အလိမ်အညာတစ်ခုကို အရွယ်ရောက်မှ အမှတ်မထင်သိလိုက်ရပြီး မိခင်ကို သွားတွေ့ဖို့ကြိုးစားတဲ့ပုံကလည်း ထောင်ထဲထည့်ချင်စရာပေါ့။ အဖေ ဆုံးရှုံးသွားတဲ့ပိုက်ဆံတွေကို ဉာဏ်ကိုလွှာသုံးပြီး ပြန်ရှာပေးခဲ့ပေမဲ့ ဖခင်ရဲ့ သူတော်စင်စရိုက်နဲ့ သားသမီးနှလုံးသားကို ဝင်မကြည့်တတ်ပုံတွေကြောင့် အကြီးအကျယ်ကြေကွဲရတဲ့ နှလုံးလှလူမိုက်လေး။ Deep Drama တစ်ခုနဲ့ အပြစ်မကင်းသော ၁၅၀၀ ချစ်ခြင်းတစ်ခုကို ဂျိမ်းစ် ဒင်း ရဲ့ ရှားရှားပါးပါးဇာတ်ကားတစ်ကားနဲ့ ခံစားချင်ရင်တော့ CM လက်ရာနဲ့ တင်ဆက်ပေးလိုက်တဲ့ East of Eden ကို မဖြစ်မနေရွေးရမှာပါပဲလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 940MB Quality - 1080p, 720p IMDb Rating - 7.8/10 Format - mp4 Duration - 1H 58Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Crime • Drama
7.6 1955 115 mins
East of Eden
Bad Guy
6.6

တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ပခြုပ်သည်မတွေဘဝကိုပြတယ်။ နောက်အကန့်အသတ်နည်းနည်းလွန်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပြတယ်။ အိပ်ခန်းတွေ မနည်းမနောနဲ့ သွေးထွက်သံယိုအခန်းတွေကို မနည်းမနောပြသွားပေမဲ့ အချစ်လို့တောင် ပြောရခက်မယ့် အချစ်တစ်ခုကိုလည်း ခပ်ပါးပါးပြသွားတယ်။ ကြည့်ဖူးသလောက် ကင်ကီဒွပ်ကားတွေလိုပဲ မပြောင်းလဲတဲ့အချက်ကတော့က ကင် သီကျူးတဲ့အချစ်ဟာ ထုံးစံအတိုင်း သန့်စင်တဲ့အချစ်ဟုတ်မနေခဲ့ဘူး၊ လိင်စိတ်ကနေ ကူးလာတဲ့ အချစ်ကိုပဲ သီကျူးသွားတယ်။ ကင်ဟာ အနုပညာနောက်ခံလုံးဝမရှိတဲ့သူ။ ကျောင်းတစ်ပိုင်းတစ်စနဲ့ထွက် စက်ရုံတွေမှာအလုပ်လုပ်၊ စစ်ထဲဝင်၊ ဒီလိုဘဝနဲ့နေလာခဲ့တဲ့သူ။ ကင်ဟာ အရိုင်းဆန်သလိုပဲ သူ့ရုပ်ရှင်တွေကလည်း ဘာအကန့်အသတ်မှ မရှိဘဲ အရိုင်းဆန်တယ်။ ဒီရုပ်ရှင်မှာလည်း သူ့ရှေ့ရှေ့က Art House ဒါရိုက်တာတွေလိုပဲ တစ်ခုခုကိုပြချင်တဲ့စိတ်နဲ့ ရိုက်တာမဟုတ်ဘဲ တစ်စုံတရာကိုမေးခွန်းထုတ်ချင်တဲ့ စိတ်နဲ့ ရိုက်တာလို့ ဖြေခဲ့ပါတယ်။ သူပြောတာတော့ လူတွေဟာ မွေးတုန်းက အခွင့်အရေးဘာညာ တန်းတူညီမျှနဲ့ မွေးလာခဲ့ပေမဲ့ ကြီးလာတဲ့နောက် ရုပ်ရည် ငွေစတာတွေနဲ့ ပိုင်းခြားခံကြရတယ်။ ဒီငွေတို့ ရုပ်တို့က အရေးကြီးလို့လား။ ဒီကမ္ဘာနှစ်ခုကို ပေါင်းစည်းပြီး မတူညီတဲ့ အဆင့်အတန်းလို့ ဆိုကြတဲ့အရာနှစ်ခု အဆင်ပြေပြေ အမြင်ကြည်ကြည်ဖြစ်နိုင်ဖို့က မဖြစ်နိုင်ဘူးလားဆိုတဲ့ မေးခွန်းကို မေးချင်ခဲ့တာလို့ဆိုပါတယ်။ ကင်ရဲ့ တခြားသော ရုပ်ရှင်များလိုပဲ ဒီရုပ်ရှင်မှာလည်း အဓိကဇာတ်ကောင်က ဘာစကားမှမပြောလှတဲ့ ဇာတ်ကောင်ပါပဲ။ ဒီအတွက် ကင်က ဒီလိုဖြေပေးခဲ့ပါတယ်... "ကျုပ်ရုပ်ရှင်ထဲက လူတစ်ချို့ တိတ်ဆိတ်နေရတဲ့အကြောင်းရင်းက‌တော့ သူတို့ရင်ထဲ ဒဏ်ရာအကြီးကြီးရှိနေခဲ့လို့ဆိုရမယ်။ လူတွေအပေါ် သူတို့ရဲ့ ယုံကြည်မှု ပျက်ယွင်းသွားခဲ့လို့ပေါ့" တဲ့။ ဒီရုပ်ရှင်ကို ကင်က Semi-abstract လို့ Genre သတ်မှတ်ထားခဲ့ပါတယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ကင်က... "ကျုပ်အတွက်တော့ Semi-abstract ဆိုတာ အရှိတရားကိုတင်ပြတာထက်ပိုတဲ့ တင်ပြပုံမျိုးကို ဆိုလိုတာပေါ့။ အရှိတရားကိုမှ ကိုယ်ပိုင်အမြင်တွေ ခံစားချက်တွေ ပေါင်းထည့်ထားတာမျိုးပေါ့" လို့ ဆိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.83GB, 930MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Music
6.6 2001 100 mins
Bad Guy
Stuart Little
6

Childhood Favorite Movies တွေထဲက တစ်ခု ဖြစ်လောက်မယ် ထင်တဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ... ဒီစတူးဝပ် လစ်တဲလ်ဆိုတဲ့ ကားလေးဟာ စိတ်ကူးယဉ်မှုတွေနဲ့အမြဲပြည့်နှက်နေတတ်တဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ အရမ်းကြည့်လို့ကောင်းခဲ့တဲ့ fairy tales ဆန်ဆန် ဇာတ်ကားလေးပါ အရမ်းကြည့်လို့ကောင်းပြီး sweet ဖြစ်ပါတယ် လူကြီးဖြစ်သွားလို့ ပြန်ကြည့်တော့ လက်တွေ့မဆန်တာတွေ ပေါတာတွေကို သတိပြုမိပေမယ့်လည်း Nostalgia ဆိုတာက ဆိုးဆိုးကောင်းကောင်း Nostalgicဖြစ်စေမယ်ဆိုရင်ကို ကြည့်ရတာ ပီတိဖြစ်စေတယ် မဟုတ်ပါလော... အဲ့ဒီတော့ ဒီလို ဇာတ်ကားလေးကို မျှော်လင့်စောင့်စားနေတဲ့သူတွေအတွက် CM ကနေ စေတနာအပြည့်နဲ့ ထွမ်ပြီး တင်ပေးလိုက်ရပါတယ် ကြိုက်ကြတယ်ဆိုရင် 2ကိုပါ ဆက်တင်ပေးမှာမလို့ အားပေးကြပါဦးနော် ကြည့်ဖူးပေမယ့် ဇာတ်လမ်းကို မေ့နေတဲ့သူတွေအတွက်ရော မကြည့်ဖူးသေးတဲ့သူတွေအတွက်ရော ဒီချစ်စရာကောင်းတဲ့ ကြွက်ကလေးစတူးဝပ်ရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောပြပေးပါ့မယ်နော် ဂျော့ဂျ် လစ်တဲလ် ဆိုတဲ့ ကောင်လေးက လစ်တဲလ်မိသားစုရဲ့ တစ်ဦးတည်းသောသားပါ အဲ့တာကြောင့်လည်း သူ့မိဘတွေကို အမြဲ ညီလေးတစ်ယောက်လိုချင်တယ်ဆိုပြီး ပူဆာနေတာပေါ့ တစ်နေ့ကျတော့ သူ့မိဘတွေကလည်း သူတို့ရဲ့သား ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် မိဘမဲ့ကလေးကျောင်းမှာ သင့်တော်တဲ့ ကလေးတစ်ယောက်ကို မွေးစားဖို့ရှာပါတော့တယ် အဲ့မှာမှ စတူးဝပ်လေးကို တွေ့သွားပြီး မွေးစားလိုက်ပါတယ်... အဲ့ဒီတော့ မွေးစားခံလိုက်ရတဲ့ ကြွက်ကလေး စတူးဝပ်ခဗျာ လစ်တဲလ်မိသားစုထဲမှာ ဝင်ဆန့်ပါ့မလား သူ့အကိုဖြစ်လာမယ့် ဂျော့ဂျ်ကရော သူ့ကိုသဘောကျပါ့မလား... (အညွှန်းရေးပြီး ဘာသာပြန်ပေးထားသူကတော့ Thura Hein ပဲ ဖြစ်ပါတယ်) File Size__(1.4GB) / (780MB) Quality__1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:25:00 Type__Adventure, Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by Thura Hein Encoded by Naing Aung Latt

Fantasy • Mystery • Romance
6 1999 84 mins
Stuart Little
Vaathi
6.1

Vaathi (2023) IMDb-7.6/10 သရုပ်ဆောင် ဒါရိုက်တာ ပရိုဂျူဆာ တေးရေး ဇာတ်ဝင်တေးသီချင်းအဆိုတော် စွယ်စုံရမင်းသား Dhanush နဲ့ မင်းသမီးချောလေး Samyuktha Menon တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Rating လည်းကောင်း ကြည်နူးမှုကြောင့်လည်းမျက်ရည်စို့ရမဲ့ အိန္ဒိယဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်ကားအစမှာကျောင်းသားသုံးယောက်ဟာသူတို့အဘိုးပိုင်ခဲ့တဲ့ ဗီဒီယိုခွေဆိုင်အဟောင်းလေးကို ရှင်းလင်းရင်းနဲ့ ဗီဒီယိုတိတ်ခွေဟောင်းတွေကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ သူတို့မနက်တုန်းမှာ ကျောင်းမှာသင်ခဲ့တဲ့ သင်္ချာပုစ္ဆာကို ဆရာငယ်ငယ်တစ်ယောက်က သင်ပေးနေတဲ့ ဗီဒီယိုမှတ်တမ်းကိုတွေ့လိုက်ပါတယ် အဲဒါနဲ့ သူတို့ကစာမလိုက်နိုင်တော့ အဲဒီဆရာဆီမှာကျူရှင်သင်မယ်ဆိုပြီး အဲ့တိတ်ခွေအဖုံးပေါ်မှာပါတဲ့ နာမည်နဲ့လိပ်စာအတိုင်းလိုက်ရှာကြည့်တော့ သူတို့တွေ့လိုက်ရတာ အဲဒီဆရာရဲ့တပည့်ဖြစ်တဲ့သူကိုပါ အဲဒီကနေတစ်ဆင့် ဆရာ့ရဲ့နာမည်က ဘာလာဖြစ်ပြီး ဆရာဘာလာရဲ့အကြောင်းတွေကို နောက်ကြောင်းပြန်ပြောပြလိုက်တဲ့အခါမှာတော့..... ဇာတ်ကားကကြည့်လို့ကောင်းတယ်ဆိုတာ ဒီနေရာမှာတင်ရပါပြီ ဇာတ်လမ်းဇာတ်ကွက်ကောင်း ပေးချင်တဲ့ message ကောင်းတဲ့အပြင် cast ကလဲကောင်း အချစ်ဒရာမာအက်ရှင် အစုံပါဝင်တာမို့ ပေးတဲ့ rating နဲ့လဲထိုက်တန်ပါတယ် အောက်ကစာကတော့ ကျွန်တော် အာချောင်ထားတာပါ ဒီဇာတ်လမ်းလေးကို မချီးကျူးခင်မှာ နယ်ဆင်မင်ဒဲလားပြောခဲ့တဲ့ စကားလေးတစ်ခုရှိပါတယ် Education is the only weapon that can change the world တဲ့ ကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့တစ်ခုတည်းသောလက်နက်ဟာ ပညာရေးပါတဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ အိန္ဒိယမှာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ အသိပညာရှင် အတတ်ပညာရှင်တွေ လိုအပ်လာပြီး ပညာရေးက အားလုံးအတွက် အဓိကလိုဖြစ်လာပါတယ် အဲ့ပညာရေးနဲ့အတူ ခါတော်မီ ပညာရေးကိုအမှီပြုစီးပွားရှာမဲ့လူတွေလည်း ပေါ်ပေါက်လာပါတယ် ဘော်ဒါဆောင်တွေဖွင့် ကိုယ်ပိုင်ကျောင်းတွေဖွင့်နဲ့ ပညာရေးကိုအမှီပြုစီးပွားရေးသောင်းကျန်းကြနဲ့ အကွက်ပေါင်းစုံ လှည့်ကွက်ပေါင်းစုံ လူ့သဘာဝပေါင်းစုံနဲ့ ဇာတ်လမ်းက သူပေးချင်တဲ့ Message ကို ရှုထောင့်ပေါင်းစုံကနေ ထောက်ပြသွားတာကိုတွေ့ရမှာပါ ဒီဇာတ်ကားလေးမှာ ဆရာဘာလာရဲ့နေရာကနေ သူပြချင်သွားတာက ပညာရေးဆိုတာ ဆရာတွေက စေတနာမေတ္တာတွေနဲ့ ပြည့်စုံရုံတင်မကဘဲနဲ့ စနစ်ကလည်း ပညာရေးကို အလေးပေးဖို့လိုအပ်ကြောင်းကို တစ်ခေတ်တုန်းကဖြစ်ခဲ့တဲ့အမှန်တရားတွေနဲ့ ထောက်ပြပြီး တင်ဆက်ပေးထားတာကို တွေ့ရမှာပါ ဒီအညွှန်းကို အဆုံးသတ်တဲ့အနေနဲ့ ပရိသတ်ကြီးတွေလည်း ကမ္ဘာကြီးရဲ့အစွမ်းအထက်ဆုံးလက်နက်တစ်ခုဖြစ်တဲ့ ပညာရေးဆိုတာကို တခြားနိုင်ငံတွေက ဘယ်လိုရရှိဖို့ကြိုးစားတယ် အနုပညာရှင်တွေကလည်း အခုလိုမျိုး ဝေဖန်ထောက်ပြမှုတွေဘယ်လိုလုပ်လဲဆိုတာ ပရိသတ်ကြီးတို့ ဇာတ်လမ်းလေးနဲ့အတူ ခံစားကြည့်ရှုနိုင်ကြဖို့အတွက်တင်ဆက်ပေးလိုက်ရပါတယ် File size…2.7GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Sai~Khin~Yunni

Horror • Thriller
6.1 2023 137 mins
Vaathi
Five Hundred Miles
6

ဘဝချင်းလဲကြမယ်ဆိုတဲ့အခါ မိသားစုတွေပါလဲရမယ်ဆိုရင် လဲနိုင်ပါ့မလား….. သာမန်ဘဝကနေရုန်းထွက်ပြီး မတူညီတဲ့ဘဝတစ်ခုနဲ့ ရှင်သန်ချင်တဲ့လူငယ်လေး လုရှောင်ကူ။ လုရှောင်ကူကအသက်ကွာတဲ့မမကြီးကျင်းဟောင်ကို တိတ်တခိုးချစ်နေတဲ့လူတောမတိုးရဲတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ မမရဲ့ရည်းစားဖြစ်ချင်ပါတယ်လို့ ဆုတောင်းမိရာကနေ မမရဲ့ရည်းစားနဲ့လူချင်းလဲသွားတဲ့အခါ….. ရှောင်ကူအမြဲဖြစ်ချင်နေတဲ့ မတူညီတဲ့ဘဝတစ်ခုကိုရောက်သွားပြီး မိသားစုပါပြောင်းသွားတဲ့အခါ ဘယ်လိုရယ်စရာတွေဖြစ်လာမလဲ၊ လူမှန်နေရာမှန်ပြန်ဖြစ်ဖို့ဘယ်လိုအလွဲလွဲအချော်ချော်နဲ့ ကြိုးစားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်မောရင်းကြည့်လိုက်ပါဦးနော်

6 2023
Five Hundred Miles
[18+] Catch the Brotherhood

Catch the Brotherhood(2018) *************************** ဟာရူးဆိုတဲ့ကောင်မလေးဟာ တစ်ယောက်ဆိုတစ်ယောက်ချစ်မြတ်နိုးသူပါ… အမေ မုဆိုးမကြီးနဲ့နေရသူပီပီ ဖခင်မေတ္တာငတ်ရှာလေတော့ သူ့ကောင်လေးကို ချစ်သူလိုတစ်ဖုံ ဖခင်လိုတစ်မျိုး အားကိုးချစ်ခင်ရှာသူပါ… ဒီလိုချစ်မြတ်နိုးပါတယ်ဆိုမှာ ငနွားက သူမရဲ့မိခင်နဲ့ အိပ်နေတာကို တွေ့လိုက်ရပါတယ်… ဒါ့ကြောင့် လောကကြီးကို စိတ်ကုန်ပြီး တခြားနေရာကိုထွက်လာတဲ့အခါမှာတော့… အလှပဂေးမျိုးစုံ အိပ်ရာခန်းလှလှလေးတွေကြည့်ချင်ကြတယ်ဆိုရင်တော့ဖြင့်… File Size :851MB&487MB Quality : WEB-DL1080p,720p Format…mp4 Duration…01:10:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2018
[18+] Catch the Brotherhood
Godzilla
7.5

Godzilla ( 1954 )Directed by Ishirō HondaKaiju Genreကို အစပျိုးပေးခဲ့တဲ့ ပထမဆုံး ဂေါ်ဇီလာရုပ်ရှင်ကို ၁၉၅၄မှာ အိရှိရိုဟွန်ဒါက ဇာတ်ညွှန်းရေးသား ရိုက်ကူးခဲ့တယ်။ Special effects ပိုင်းကိုတော့ Eiji Tsuburayaက ကိုင်ခဲ့တယ်။ သူတို့နှစ်ယောက်တွဲဟာ Kaiju Genreကို ထောင်ခဲ့တဲ့လူတွေ ဂေါ်ဇီလာယူနီဗာ့စ်ကြီးကို စဖန်တီးခဲ့သူတွေပါပဲ။ ဒီဂေါ်ဇီလာကားတွေကို နာမည်ကျော် တိုဟိုကနေ ထုတ်ပေးခဲ့တယ်၊ ဒီဂေါ်ဇီလာတစ်ကားရဲ့ အောင်မြင်မှုကနေ Godzilla franchiseကြီးဖြစ်ခဲ့လာပြီး တိုဟိုက ထုတ်ခဲ့တဲ့ ဂျပန်ဂေါ်ဇီလာရုပ်ရှင်တင် ၃၃ကား , ခုနောက်ပိုင်းထွက်တဲ့ အမေရိကန်ရုပ်ရှင် ငါးကား , စုစုပေါင်း ၃၈ကား ထွက်ခဲ့ပြီးပြီ။ တိုဟိုက ထုတ်ခဲ့တဲ့ ၃၃ကားထဲမှာ မူရင်းဖန်တီးရှင်တွေဖြစ်တဲ့ အိရှိရိုနဲ့ အိဂျီတို့ ရိုက်ခဲ့တာက ၈ကားပဲရှိခဲ့တယ်။ သူရိုက်ခဲ့တာတွေက အအောင်မြင်ဆုံးနဲ့ အခမ်းနားဆုံး Godzilla (1954), နောက် King Kong vs. Godzilla (1962) , Mothra vs. Godzilla (1964), Ghidorah, The Three-Headed Monster (1964), Invasion of Astro-Monster (1965),Destroy All Monsters (1968), All Monsters Attack (1969),Terror of Mechagodzilla (1975)တို့တွေပါပဲ။ Godzilla: King of Monsters (1956)မှာလည်း သူဝင်ရိုက်ပေးခဲ့ပေမဲ့ သူ့စာရင်းက ၈ကားပဲဆိုတော့ ထည့်တွက်မထားပုံပါပဲ၊၊ ပထမဆုံး ၁၉၅၄အတွက်ပဲ ဇာတ်ညွှန်းပါသူရေးခဲ့ပြီး ၁၉၅၄ကားကလည်း ထွက်ခဲ့သမျှ ဂေါ်ဇီလာတွေထဲ အကောင်းဆုံးအဖြစ်ရပ်တည်နေတယ်။ တိုဟိုဗားရှင်း ဂေါ်ဇီလာ ၃၃ကားကို ဂျပန်တွေထုံးစံအတိုင်း Eraတွေနဲ့ခွဲထားပြီး Era၅ခုရှိပြီး Shōwa era (1954–1975)အတွင်းမှာ ၁၅ကားရိုက်ကူးခဲ့ပါတယ်။ ဒီ၁၅ကားဟာ ဂျပန်ပြည်ရဲ့ နိုင်ငံရေးရဲ့ သူ့ခေတ်အခြေအနေကို ထင်ဟပ်ခဲ့တယ်လို့ ဆိုကြတယ်။ Eraတွေပြီးတိုင်း သူ့ယူနီဗာ့စ်ကို Reboot ပြန်ချလိုက်ပေမဲ့ ၁၉၅၄ကားကိုတော့ လုံးဝမပယ်ခဲ့ကြဘူး။ ဂေါ်ဇီလာရဲ့ Originအဖြစ် ထားထားခဲ့တယ်။ 2019ကစတဲ့ Reiwa Eraမှာတော့ ဒီ Originကို ပြောင်းလဲပစ်ခဲ့တယ်။ Godzilla Minus Oneကတော့ ဒီ၁၉၅၄ကားကို ပြန်လည်ပုံဖော်ထားတဲ့ Remakeကားလို့ ဆိုပါတယ်။အိရှိရိုဟွန်ဒါဟာ ခိုင်ဂျူ ရုပ်ရှင်Genreရဲ့ ဖန်တီးရှင် ဂေါ်ဇီလာရဲ့ ဖခင်ဖြစ်ပေမဲ့လည်း အကီရာ ကူရိုဆာဝါရဲ့ ရုပ်ရှင်တွေမှာ လက်ထောက်ဒါရိုက်တာအဖြစ်တစ်မျိုး အနုပညာအကြံပေးအဖြစ်တစ်ဖုံ လုပ်ခဲ့ဖူးတဲ့သူပါပဲ။ ကူရိုဆာဝါရဲ့နောက်ဆုံးငါးကားဟာ သူ့နောက်ဆုံးငါးကားလို့ ပြောရင်လည်းရပါတယ်။ ဂေါ်ဇီလာတွေအပြီးမှာ သူအနားယူခဲ့ပေမဲ့ ကူရိုဆာဝါက သူ့ကိုနားချပြီး သူ့ညာလက်ရုံးအဖြစ် ခေါ်သုံးခဲ့တာပါ။ ကူရိုဆာဝါ ဒီနှောင်းပိုင်း ကာလတွေမှာ မျက်စိလည်းသိပ်မမြင်တော့ဘူးဆိုတော့ ကူရိုရဲ့ နောက်ဆုံးငါးကားမှာ အိရှိရိုရဲ့ လက်စွမ်းလည်း မကင်းဘူးလို့ ယူဆလို့ရတယ်။ Guillermo del Toro, Tim Burton , John Carpenter , Martin Scorsese တို့ကတော့ ဟွန်ဒါရဲ့ လွှမ်းမိုးမှုနဲ့ သူတို့မကင်းဘူးလို့ ကြေညာဖူးပါတယ်။ စပီးဘာ့ခ်ဟာလည်း ဒီ၁၉၅၄ဂေါ်ဇီလာကို တော်တော်ကြိုက်ခဲ့တဲ့သူဖြစ်ပြီး။ ဒီဂေါ်ဇီလာ ၁၉၅၄နဲ့ အနီးစပ်ဆုံးတူတဲ့အရသာကို စပီးဘာ့ခ်ရဲ့ Jaws (1974) မှာပဲ ကျွန်တော်တော့ရဖူးပါတယ်။ စပီးဘာ့ခ်ဟာ ဂေါ်ဇီလာကို သိပ်ကြိုက်တဲ့သူပီပီ Jawsကို ငါးမန်းကားအဖြစ်ရိုက်ခဲ့ပေမဲ့ ၁၉၅၄ဂေါ်ဇီလာနဲ့ ထပ်တူညီတဲ့ အငွေ့အသက်ကို ပေးနိုင်ခဲ့တယ်။ဇာတ်ရဲ့အဖွင့်မှာ ပင်လယ်ထဲ သင်္ဘောတွေတစ်စီးပြီးတစ်စီး မြုပ်သွားတာကနေ စထားတယ်။ ဘယ်လိုအကြောင်းကြောင့်လဲတော့ ဘယ်သူမှမသိရဘူး။ သွားကယ်တဲ့ သင်္ဘောတွေပါ မြုပ်သွားရင်း မြုပ်သွားရင်း အဆုံးအရှုံးတော်တော်များလာသလို တံငါသည်တွေလည်း ငါးမမိတော့တဲ့နောက် ဒီပြဿနာကို အဖြေရှာကြဖို့ဖြစ်လာခဲ့တယ်။ အိုဒိုကျွန်းက ရှေ့မီနောက်မီလူကြီးကတော့ ဟိုးရှေးခေတ်ကတည်းက ရှိနေခဲ့တဲ့ ဂေါ်ဇီလာကြီးလို့ ပြောကြပေမဲ့ ဘယ်သူမှမယုံကြဘူး။ ဒီလိုနဲ့ ပညာရှင်တွေ သုတေသနသွားလုပ်တဲ့အချိန် ဂေါ်ဇီလာကို မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်။ သတ္တဗေဒပညာရှင်ကတော့ ဂေါ်ဇီလာ Jurassicခေတ်နောက်ပိုင်း ဆင့်ကဲပြောင်းလဲလာတဲ့ သတ္တဝါကြီးလို့ သက်သေပြခဲ့တယ်။ ဒီလိုနဲ့ ဂေါ်ဇီလာဟာ မြို့ပေါ်ကိုပါ ဖျက်ဆီးလာတဲ့အခါ သူတို့ ဂေါ်ဇီလာကို နှိမ်နှင်းရဖို့ဖြစ်လာတယ်။ ဟိုက်ဒရိုဂျင်ဗုံးခေါ် နျူးကလီးယားကြောင့် နိုးထလာတဲ့ သတ္တဝါကြီးဖြစ်သလို လူ့လက်နက်တွေ ဒဏ်ကို ခံနိုင်ရည်ကောင်းကောင်းရှိနေတော့ သူ့ကို ဘယ်လက်နက်နဲ့မှ မနိုင်ဘူးဖြစ်နေတဲ့နောက် ဂေါ်လီလာကို နှိမ်နှင်းဖို့ အဖြေတစ်ခုရှာရတော့တယ်။သရုပ်ဆောင်တွေအနေနဲ့တော့ ကူရိုဆာဝါရဲ့ လက်စွဲ Ikiruထဲက မင်းသားကြီး Takashi Shimuraလည်း ပါဝင်သရုပ်ဆောင်ထားပေမဲ့ ဒီဂေါ်ဇီလာ ရုပ်ရှင်မှာ ကျွန်တော်တို့ မမေ့မယ့် ဇာတ်ရုပ်ကတော့ Akihiko Hirataရဲ့ ဒေါက်တာ Serizawaပါပဲ။ ခုလက်ရှိနောက်ဆုံး ဂေါ်ဇီလာစီးရီးအထိ သူ့ကို Homageပေးကြတုန်းပါပဲ။ ဒေါက်တာSerizawa ဇာတ်ကောင်ဟာ Iconicဇာတ်ကောင်တစ်ခုဖြစ်လာခဲ့သလို 1954 ဂေါ်ဇီဟာလည်း အခုနေ ပြန်ကြည့်တာတောင် ဘာကြီးလဲကွာဆိုပြီး ပြောစရာဖြစ်မနေဘဲ အစအလယ်အဆုံးသုံးပါးလုံး ဇာတ်ရော သရုပ်ဆောင်ရော တင်ဆက်ပုံရော အပြောင်မြောက်ဆုံးဖြစ်နေတုန်းပါပဲ။File size… 1.4 GB / 747 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

7.5 1954 96 mins
Godzilla
Jackdaw
5.8

မော်တိုခရော့ ဆိုင်ကယ်ချန်ပီယံဟောင်းဖြစ်သလို စစ်မှုထမ်းဟောင်းဖြစ်တဲ့ Jack Dawson ဟာ သူ့မိခင်သေဆုံးပြီးနောက်မှာ သူ့ညီအရင်းကို ပြုစုစောင့်ရှောက်ဖို့ သူ့ရဲ့ဇာတိမြို့ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ဘဝသစ်ကိုစတင်ဖို့မျှော်လင့်ရင်း ကျောင်းနေဘက် သူငယ်ချင်းဟောင်းတစ်ယောက်ဖြစ်တဲ့ Silas ဆီကနေ ဘဝတဆစ်ချိုးပြောင်းလဲနိုင်တဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ပါတယ်။ မြောက်ပင်လယ်မှာရှိတဲ့ လျှို့ဝှက်အထုပ်တစ်ထုပ်ကို ယူပေးဖို့ပါ။ ဒါပေမဲ့‌ Jackdaw ဟာ ဒေသခံမူးယစ်ဂိုဏ်း၊ ဒုစရိုက်သမား ဖြစ်တဲ့ Silas ရဲ့သစ္စာဖောက်ခံရပြီး Jackdaw ရဲ့ ညီဟာလည်း ပြန်ပေးဆွဲခံခဲ့ရပါတယ်။ ဒီနောက်မှာတော့ Jackdaw အတွက် အိပ်မက်ဆိုးတွေ ဝင်ရောက်လာခဲ့ပြီး အဖြစ်မှန်ကိုရှာဖွေဖို့ တိုက်ပွဲဝင် ရပါတော့တယ်။ Jackdaw တယောက် ရောဂါသည် ညီဖြစ်သူကို ရှာတွေ့နိုင်မလား။ တညတာရဲ့ကြမ်းတမ်းတဲ့ ခရီးမှာ မိတ်ဆွေဟောင်းမိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်တွေ ရန်သူသစ်တွေနဲ့ ဘယ်လိုတွေ့ဆုံရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ File size…2.14GB / 707MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

Drama • Romance
5.8 2023
Jackdaw
Lag Gaye

Lag Gaye (2024) အိန္ဒိယရုပ်ရှင်ချစ်သူတို့ အပျင်းတော်ပြေစေရာ ပန်ချာပီကျေးလက်ဟာသရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အသက်သုံးဆယ့်ခုနစ်နှစ်အရွယ် လူပျိုကြီး ပါပီတစ်ယောက် မိန်းမလိုချင်တာ ပြာတာရမ်းလို့နေပါတယ်။ ပါပီရဲ့ အဖေနဲ့အမေဖြစ်သူက ကိစ္စတစ်ခုကလွဲရင် ဘယ်ကိစ္စမှာမှ သဘောထားမတိုက်ဆိုင် အတူတူလုပ်ကြတာမျိုးမရှိပါဘူး။ အဲဒါကတော့ ပါပီတစ်ယောက် အိမ်ထောင်ကျဖို့အရေးပါပဲ။ အောင်သွယ်တော်ကြီး လာလာစပ်တဲ့ သတို့သမီးလောင်းတွေကိုကျလည်းသွားခေါသလေး အသားမဲသလေး အရပ်ပုသလေးပြောလွှတ်တဲ့အတွက် အောင်သွယ်တော်ကြီး ဒေါခီးပြီး ပါပီကို အဘိုးကြီးလို့သမုတ်ရာကစ ပါပီက အောင်သွယ်တော်ကြီးကို လိုက်ရိုက်ပါတော့တယ်။ ဒီမှာပဲ အငြိုးကြီးတဲ့ အောင်သွယ်တော်ကြီးက ပါပီကို သင်ခန်းစာပေးဖို့ငြိုးထားပါတယ်။ ပါပီတစ်ယောက် စိတ်ပြန်ငြိမ်သွားတဲ့အချိန် အောင်သွယ်တော်ကြီးကို ပြန်ခေါ်ဖို့မိဘတွေက ဖြောင့်ဖြတဲ့အခါမှာတော့ မောင်ပါပီတစ်ယောက် လက်ခံမိလိုက်ရာကစ ဒုက္ခအကြီးအကျယ်ရောက်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAMပဲဖြစ်ပါတယ်)

Drama
0 2024
Lag Gaye
I Used to Be Funny
6.4

I used to be funny(2023) ဒီကားလေးကတော့ လူရွှင်တော် အမျိုးသမီး ဆမ် ဟာ လူရွှင်တော်အဖြစ် မရပ်တည်နိုင်လောက်တဲ့ အထိ စိတ်ဒဏ်ရာတွေရခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဆမ် ဟာ ဟာသပြောတဲ့နေရာမှာတော်ပြီး အမှန်ကိုတည့်တိုး ပြောတတ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ လူရွှင်တော်အပြင် ဆယ်ကျော်သက်တွေကို ထိန်းကျောင်းပေးတဲ့အလုပ်ကိုလဲလုပ်ပါတယ်။ တနေ့မှာတော့မိသားစုမေတ္တာကိုလုံလောက်စွာမရတဲ့ ဆယ်ကျော်သက်ပီပီ စိတ်မငြိမ်ဖြစ်နေတဲ့ ဘရွတ်ကလင်ဆိုတဲ့ ကောင်မလေးကိုထိန်းကျောင်းပေးဖို့ အကြောင်းဖန်လာပါတယ်။ သူတို့နှစ်ယောက်ကလွယ်လွယ်ကူကူနဲ့ပဲ သူငယ်ချင်းဖြစ်လာကြပါတယ်။ တစ်နေ့မှာတော့ တည်ငြိမ်နေတဲ့ရေမျက်နှာပြင်ကိုကျောက်တုံး ပစ်ချလိုက်သလို ဆမ်ဟာ ကံဆိုးမှုနဲ့ ကြုံရပါတော့တယ်။ ကံဆိုးမှုတွေကိုရင်ဆိုင်နိုင်ခဲ့ပေမဲ့လဲ စိတ်ဒဏ်ရာတွေက ကျန်ခဲ့တာမိုလို့ သူမဟာအရင်လိုရယ်စရာကောင်းတဲ့သူတစ်ယောက်မဟုတ်တော့ပါဘူး။ သို့သော်လည်း စိတ်မတင်မကျဖြစ်နေတဲ့အရာကို ဘယ်လိုဆက်ပြီး ဖြေရှင်းမလဲ နောက်ဆုံးမှာ သူမက အရင်လို ရယ်ရတဲ့လူရွှင်တော် ဖြစ်လာမှာလား သူစိတ်ဒဏ်ရတွေက healing ဖြစ်လားမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မဲ့ကားလေးဖြစ်ပါတယ်။ ဒီကားလေးက ဖြည်းဖြည်းချင်းဆွဲဆောင်သွားတဲ့ကားလေးမိုလို့ သေချာကြည့်သွားမယ်ဆိုရင် ဇာတ်ကားထဲနစ်ဝင်သွားနိုင်တဲ့အထိ rating 6.4ရထားတဲ့ကားလေးပဲဖြစ်ပါတယ် ။ File size… (1.44GB) / (793MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Action • Horror • Science Fiction • TV Movie
6.4 2023 106 mins
I Used to Be Funny
The Hills Have Eyes 2
5.1

အမေရိကန် ပြည်နယ်စောင့်တပ်ရဲ့ လူသစ်တပ်ခွဲတစ်ခုဟာ နယူးမက္ကဆီကိုပြည်နယ် ယူမာ မြေပြန့်ဒေသထဲမှာ တည်ရှိတဲ့ အမေရိကန်ကြည်းတပ်ပိုင် နယ်မြေတစ်ခုက သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ကို ကူညီဖို့အတွက် သွားရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ စခန်းကို ရောက်ခဲ့တဲ့အချိန်မှာတော့ လူသူအကုန် ပျောက်ဆုံးနေခဲ့တဲ့အပြင် တောင်ပေါ်က ကျန်ရစ်သူတစ်ဦးကိုပါ ကယ်ဆယ်ရေးလုပ်ဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ဒီနေရာမှာ နေထိုင်နေကြတဲ့ မျိုးပြောင်း လူသားစားသူတွေက သူတို့ကို ချောင်းမြောင်းတိုက်ခိုက်လာခဲ့တဲ့အခါမှာတော့ ကယ်ဆယ်ရေးကနေ အသက်အတွက် ရုန်းကန်ရေးဖြစ်လာပါတော့တယ်။ ပါးနပ်လွန်းလှပြီး သူတို့ကို အလွယ်‌လေးရှင်းထုတ်ပစ်နေတဲ့ ဒီလူတွေဆီကနေ ဒီစစ်သားတွေ လွတ်မြောက်နိုင်ကြမှာလား။ အဆုံးမှာ လူသားစားသူတွေကပဲ အနိုင်ရသွားခဲ့မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ (သွေးထွက်သံယို သတ်ဖြတ်ခန်းများ၊ မုဒိန်းပြုကျင့်ခန်းနှင့် ကြမ်းတမ်းသော ဇာတ်ဝင်ခန်းများ ပျို့အန်စရာ ပြကွက်များ ပါဝင်သည့် ဇာတ်ကားဖြစ်သောကြောင့် အသက်မပြည့်သူများ ကြည့်ရှုရန်မသင့်တော်ပါ။) File Size : 1.5 GB, 752 MB Quality : WEB-DL 1080p / 720p Running Time : 1hr 29min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Brackman Encode by : Thit San Khant

5.1 2007 90 mins
The Hills Have Eyes 2
Buy Her

Buy her ကတော့ အန်တိုနီလို့ခေါ်တဲ့လက်ဝှေ့သမားလေးနဲ့သူ့မိန်းမဒီလိုင်လာတို့ရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အန်တိုနီဟာလက်ဝှေ့လောကမှာတက်လမ်းတွေအများကြီးရှိတဲ့လူငယ်လေးပဲဖြစ်ပါတယ်။ ဒါပေမယ့်သူ့အဖေရဲ့ကျန်းမာရေးအခြေအနေအတွက် ပိုက်ဆံတွေအများကြီးလိုနေတဲ့အန်တိုနီတစ်ယောက် ရုတ်တရက်မမျှော်လင့်ဘဲ ငွေရပေါက်အကြီးကြီးကိုတွေ့ရှိလိုက်ရချိန်မှာ သူ့သူဘဝကြီးနဲ့ သူ့အိမ်ထောင်ရေးဘယ်လိုအရှုပ်အထွေးတွေနဲ့ကြုံတွေ့သွားရမယ်ဆိုတာ ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားကြည့်ကြပါဦး။ File size…(1 GB)/(578 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju

Animation • Comedy • Family
0 2023
Buy Her
Sarangapani Jathakam
5.3

Sarangapani Jathakam (2025)”ဆူးပုံနင်းတဲ့မျက်ကန်း” ============================================= စီအမ်ပရိသတ်တွေ ပေါ့ပေါ့ပါးပါး ခံစားနိုင်ဖို့ တော်တော်လေးရယ်ရပြီး စိတ်ဝင်စားစရာလည်းကောင်းတဲ့ တေလေဂူးစကားပြော ဟာသဒရာမာရုပ်ရှင်လေးတစ်ခုကို စီအမ်ဘီတီးမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ ဆာရန်ဂါဟာ ဗေဒင်တွေ၊ ဇာတာခွင်တွေကို မျက်စိမှိတ်ယုံကြည်တဲ့ ကားကုမ္ပဏီဝန်ထမ်း အရောင်းသမားတစ်ယောက်ဖြစ်ပါတယ်။ ဗေဒင်ဆိုရင် မျက်စိမှိတ်ယုံရလောက်တဲ့ထိ သူတသက်လုံး မေးခဲ့တဲ့ဗေဒင်တိုင်းကလည်း သူ့အတွက် ဟောချက်တွေမှန်ခဲ့ပါတယ်။ ဗေဒင်ရဲ့ကျေးဇူးနဲ့ပဲ သူတို့ရုံးက ချောပေ့လှပေ့ဆိုတဲ့ အထက်လူကြီး စီနီယာဘော့စ်မမကို ရည်းစားတော်ထားခွင့်ရတဲ့ဖိုးကံကောင်းလေးပေါ့။ အဲဒီလို ဗေဒင်ကြောင့် တစ်ဘဝလုံး အဆင်ချောလာနေရင်းကနေ ကလပ်တစ်ခုမှာ မတော်တဆတွေ့တဲ့ ဟောချက်တွေအင်မတန်မှန်တယ်ဆိုတဲ့ လူထူးဆန်း လက္ခဏာဆရာတစ်ယောက်က ဆာရန်ဂါ့ကို လူသဝာ်သမားဖြစ်မယ့်လက္ခဏာပါတယ်လို့ ဟောသွားတဲ့အခါမှာတော့ ဗေဒင်ဆိုရင် မျက်စိမှိတ်ယုံကြည်တဲ့ ဆာရန်ဂါတယောက် ကမူးရှူးထိုးနဲ့ ကြုံရာလူတစ်ယောက်ကိုသဝာ်ပြီး ယတြာချေဖို့ကြိုးစားရာကနေ တလွဲတချော်တွေကြုံရပုံကို အခွီတလိုင်း မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

5.3 2025 133 mins
Sarangapani Jathakam