YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM](18+)Tahan.2022.720p.WEB-DL.mp4

552.57 MB N/A video/mp4 10977 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Rare Exports: A Christmas Tale
6.3

Sisu movieက ဖင်လန်ကွန်မန်ဒိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jorma Tommilaနဲ့ Schützeအဖြစ်သရုပ်ဆောင်ခဲ့တဲ့သားဖြစ်သူ Onni Tommila တို့ရဲ့ သားအဖနှစ်ယောက်သရုပ်ဆောင်ထားတဲ့ ခရစ်စမတ်အချိန်အခါ သည်းထိတ်ရင်ဖိုဇာတ်ကား‌တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အချိန်ကတော့ ခရစ်စမတ်မတိုင်ခင် ၂၄ရက်အလိုမှာပေါ့။ဥရောပ မြောက်ပိုင်း စကန်ဒီနေးဗီးယားနိုင်ငံတွေရဲ့အာတိတ်စက်ဝိုင်း‌နဲ့ အနီးဆုံးဖြစ်တဲ့ လက်ပ်လန်းဆိုတဲ့ဒေသ။ အထူးသဖြင့် ဖင်လန်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြားကကော်ဗာ တွန်တူရီဆိုတဲ့တောင်မှာ တူးဖော် နေကြတဲ့အမေရိကန်-ဗြိတိန်အဖွဲ့က ဒေသခံ ဆာမီလူမျိုးတွေရဲ့ ရှေးဟောင်းသင်္ချိုင်းတခုကိုရှာဖွေတွေ့ရှိခဲ့တယ်။ သူတို့ကိုချောင်းကြည့် နေခဲ့တာက ပီရဲတာရီနဲ့ ဂျူးဆိုဆိုတဲ့ ကောင်လေးနှစ်ယောက်။ ပီရဲတာရီယုံကြည်ထားတာ ဒီတောင်ဟာဆာမီလူမျိုးတွေက ဆိုးသွမ်းတဲ့ ကလေးတွေကိုနှိပ်စက်တတ်တဲ့ ဆန်တာ ကလော့အစစ်အမှန်ကို ဖမ်းဆီး မြေမြှုပ်ထားတဲ့နေရာပဲ။ တောင်‌ပေါ်ကတူးဖော်နေတာတွေရပ်သွားတဲ့ အချိန်မှာပဲသူ့ရဲ့ရွာနားမှာ သမင်တွေအကုန်လုံးနီးပါးသေကြေနေတာတွေ ပစ္စည်းတွေပျောက်ကုန်လာတာတွေကလေးတွေပျောက်ကုန်တာအပြင် လူထူးလူဆန်းတယောက်ကိုပါ သူ့အဖေရဲ့ ထောင်ချောက်မှာမိလာတဲ့ အချိန်မှာတော့ပီရဲတာရီနဲ့ ပီရဲတာရီရဲ့အဖေတို့က ဒီကိစ္စကိုအဖြေရှာဖို့ ဖြစ်လာပါတော့တယ်။ သမင်တွေဘာလို့သေကုန်တာလဲ။ ဒီဖမ်းမိထားတဲ့သူကဘာလဲ။ကလေးတွေဘယ်ရောက်ကုန်တာလဲ။ တောင်ပေါ်မှာကဘာလို့တိတ်ဆိတ်သွားရတာလဲ။ဒီခရစ်စမတ်ကို သူတို့တွေကျော်ဖြတ်နိုင်ပါ့မလားဆိုတာကိုRare Exports ဆိုတဲ့ ဒီဇာတ်ကားလေးမှာရှုစားပေးပါဦးခင်ဗျ။ File size…1.68GB / 727MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 24m Genre ..... Adventure , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Drama
6.3 2010 83 mins
Rare Exports: A Christmas Tale
Righteous Ties
6.4

Investigation Couple ဆိုတဲ့ မှုခင်းဆေးဆရာဝန်ကားမှာ ဒေါက်တာ ဘဲ့ဘုန်း အနေနဲ့ လူသိများတဲ့ မင်းသားကြီး Jung Jae Young ရဲ့ အက်ရှင် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ဂိုဏ်းစတားလူမိုက်တွေဟာ ဂိုဏ်းစတားလူမိုက်ဆန်ခဲ့ကြတဲ့အချိန်တုန်းကပေါ့။ သေနတ်တွေမသုံးတဲ့ Old School ဂိုဏ်းစတားကြီးတွေ၊ ဆွန်းထန် ချီဆောင်းနဲ့ ဂျူဂျွန်းတို့ဟာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းသုံးယောက်ဖြစ်ပြီး ဂိုဏ်းတစ်ဂိုဏ်းထဲမှာ ရှေ့ဆင့်နောက်ဆင့် ညာလက်ရုံးတွေ ဖြစ်လာကြသူတွေပါ။ သုံး‌ယောက်လုံးကလည်း စိတ်မြန်လက်မြန် ခြေသွက်လက်သွက် တဇောက်ထိုးစိတ်တွေနဲ့မို့ ဂိုဏ်းလောကမှာ ရှိန်ရတဲ့ဘဲကြီးတွေဖြစ်ပါတယ်။ ကိုယ့်ဂိုဏ်းအတွက် ဘာမဆိုပေးဆပ်နိုင်တဲ့ ဒီဘဲကြီးတွေဟာ သူတို့ဆရာရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရတဲ့အချိန်မှာတော့ ... အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့စကားဟာ ဒီဇာတ်ကားထဲက လူမိုက်ဘဲကြီးတွေအတွက် ဘယ်လောက်များမှန်မလဲ ဆိုတာတော့ ဇာတ်လမ်းလေးထဲ ကြည့်ရှုခံစားကြရမှာပါ။ အက်ရှင်ကားကို ဟာသနဲ့အလွမ်းအဆွေးတွဲဖက်ပြီး တင်ဆက်ထားတာကြောင့် ပေါ့ပေါ့ပါးပါး ခံစားလို့ကောင်းမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Paing ပါ။) File Size : 2GB, 937MB & 456MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 2hr & 6mins Genre : Comedy, Crime, Drama Translated by Paing Encoded by Kinnov

Comedy • Crime • Romance
6.4 2006 126 mins
Righteous Ties
Birdman or (The Unexpected Virtue of Ignorance)
7.5

ဒီကားက အကယ်ဒမီ မှာရော Golden Globe မှာပါ Nomination အများဆုံးရထားတဲ့ကားဖြစ်ပြီး၊ မင်းသားကြီး Michael Keaton ရဲ့ တကျော့ပြန်လာတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကျွန်တော့် Review တွေဖတ်နေကျ ပရိတ်သတ်ကြီးက သတိထားမိမှာပါ။ ကျွန်တော် ဒီကားကလွဲရင် ဘယ်ဇာတ်ကားကိုမှ Rating 10 မပေးဖူးခဲ့ပါဘူး။ ဒီကားကတော့ တကယ့်ကို ပေးသင့်လို့ပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်လမ်းကတော့ Interstellar တို့ Inception တို့လိုလည်း မရှုပ်ထွေးပါဘူး၊ The Sixth Sense လိုလည်း Twist တွေမပါပါဘူး။ ဇာတ်အိမ်တည်ထားတာလည်း ရိုးရှင်းပါတယ်။ ဇာတ်လမ်း မှာ မင်းသား Michael Keaton က တစ်ချိန်က Birdman ဆိုတဲ့ Superhero အဖြစ်သရုပ်ဆောင်ကာ နာမည်ကြီးမင်းသား တစ်ဦးဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ နေရာတစ်နေရာ ရဖို့အတွက် သူရဲ့သရုပ်ဆောင် အရည်အသွေးကိုပြနိုင်ဖို့အတွက် ရုန်းကန်နေသူဖြစ်ပါတယ်။ သူက Broadway (New York က ပြဇာတ်ရုံတွေ ရှိတဲ့ လမ်း) ပြဇာတ်တစ်ကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုက် သရုပ်ဆောင်၊ ကိုယ်တိုင် တင်ဆက်ပြီး သူရဲ့အနုပညာကို ချပြဖို့ကြိုးစားနေပါတယ်။ ဇာတ်လမ်းကတော့ ရိုးရိုးလေးပေမယ့်၊ သူရဲ့ အခက်အခဲတွေ၊ စိတ်ဒုက္ခတွေကို တင်ဆက်ထားတာဟာ တကယ့် ကို အနုပညာမြောက်ပြီး၊ သရုပ်ဆောင်လည်းတကယ်ကောင်းပါတယ်။ ဇာတ်ကားတစ်ကားလုံး မှာ ဇာတ်ဝင်ခန်း အကူးအပြောင်းက အစ သာမန်ရုပ်ရှင်တွေလို (Fade to black) အမှောင်ချပြီး နောက်တစ်ခန်း ကူးတာမျိုးမဟုတ်ပဲ၊ ဇာတ်ကောင်တွေနောက်ကို လိုက်ပြီး ရိုက်ကူးထား သလို တစ်ခန်းနဲ့တစ်ခန်းကိုလည်း ဆက်ပြီးရိုက်ထားတာကြောင့် ထူးခြားတဲ့ ရသ တစ်မျိုးကို ခံစားရမှာဖြစ်ပါတယ်။ ဇာတ်ကားပြီးသွားတဲ့အခါမှာ မေးခွန်းပေါင်းများစွာ ကျန်နေစေခဲ့မှာဖြစ်ပြီး၊ သို့လော သို့လောနဲ့ အတွေးတသသ ဖြစ်စေမယ့်ဇာတ်လမ်းမျိုးလည်းဖြစ်ပါတယ်။ တစ်ခုပြောချင်တာက မင်းသားရဲ့ အခန်းထဲက ဘုရားစင်းထုတော် ဖြစ်ပြီး၊ စစတွေ့ချင်းမှာ တစ်ခြားကားတွေထဲမှာလိုပဲ အလှဆင်ထားတယ်လို့ထင်ရပေမယ့်၊ သေချာကြည့်ကြည့်တော့မှ စိတ်ပုတီးနဲ့ သောက်တော်ရေခွက်လို့ ယူဆရတဲ့ ရေခွက် လေးလည်းတွေ့ရပါတယ်။ ဇာတ်လမ်းစစချင်းမှာ အတွင်းခံနဲ့တိုင်နေတာကလည်း တရားထိုင်နေတယ်လို့ထင်ရပြီး (ဗုဒ္ဓဘာသာစစ်စစ်မဟုတ်လို့) Birdman က ဗုဒ္ဓဘာသာလားလို့ လည်းထင်စရာဖြစ်ပါတယ်။ အထင်လွှဲမှာစိုးလို့ကြိုတင်ရှင်းပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ် ကောင်းသလို တင်ဆက်ပုံကလည်း ပညာသား ပါပါတယ်။ မင်းသားကြီး Michael Keaton က သရုပ်ဆောင်ကောင်းသလို၊ Edward Norton ကလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ ဒီဇာတ်လမ်းမှာ တစ်ချိန်က နာမည်ကြီး Superhero မင်းသားက လက်ရှိ ရုန်းကန်နေရတဲ့အကြောင်းရိုက်ကူးထားသလို၊ သူ့နေရာမှာသရုပ်ဆောင်တဲ့ Michael Keaton ကလည်း တစ်ချိန်က Batman (1989), Batman Returns (1992) တို့မှာ အောင်မြင်ခဲ့ပြီး လက်ရှိအချိန် မှာ ရုန်းကန်နေသူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဇာတ်လမ်းက ပိုအသက်ဝင်သွားပြီး၊ Michael ကလည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်အပြင် Emma Stone (Amazing Spider-Man) ကလည်း သရုပ်ဆောင်ကောင်းကောင်းနဲ့ အားဖြည့်ထားပါသေးတယ်။ ဒီကားက အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ရုပ်ရှင် ကို တကယ် စိတ်ဝင်စားစွာ ကြည့်ချင်တဲ့သူတွေ၊ ရုပ်ရှင်အနုပညာကို မြတ်နိုးတဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ကားဖြစ်ပြီး၊ ရုံမှာသွားကြည့်သင့်ပါတယ်။ အပျင်းပြေကြည့်မယ့်သူတွေ၊ အက်ရှင်ကားတွေပဲ ကြိုက်တဲ့သူတွေ အတွက်ကတော့ ဒီကားက ပျင်းစရာကောင်းတယ်လို့ထင်စရာဖြစ်နေမှာပါ။ #Sololay (အညွှန်းကို ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြပါသည်။) ဒီဇာတ်ကားက 2015 ခုနှစ်အော်စကာဆုပေးပွဲမှာ..... Best Picture , Best Original Screenplay , Best Director , Best Cinematography ဆု(၄)ဆုဆွတ်ခူးခဲ့တဲ့ဇာတ်ကားပါ။ IMDb(8/10) နဲ့ Rotten Tomatoes (93%) ရရှိထားတာကြောင့် ရုပ်ရှင်ဇာတ်လမ်းကောင်းကောင်းလေးတွေကို နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားပါ။ File size...900MB Quality....Blu-Ray Rip 720p Format...mp4 Duration....01:59:17 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung

Crime • Drama
7.5 2014 120 mins
Birdman or (The Unexpected Virtue of Ignorance)
Jules
7.1

Jules (2023) ~ IMDb – 7.1/10, Rotten Tomatoes – 83% ~ ဂြိုဟ်သားတစ်ကောင် အဘိုးကြီးတစ်ယောက်ရဲ့ အိမ်နောက်ဖေးကို ပန်းကန်ပြားပျံ ပျက်ကျပြီးရောက်လာတယ်။ အဘိုးကြီးက တစ်ယောက်တည်းနေရတာဖြစ်ပြီး သူ့အိမ်ထဲ ပန်းကန်ပြားပျံပျက်ကျပြီး ဂြိုဟ်သားရောက်နေတယ်ဆိုတာလည်း သူတို့မြို့လေးက ဘယ်သူမှ မယုံပါဘူး။ အဘိုးကြီးကလည်း အသက်ရလာတော့ မှတ်ဉာဏ်လည်း ယိုယွင်းလာပြီး သူ့သမီးကတောင် စိတ်ပူနေရတာမို့ ပိုမယုံကြတာပါ။ ဒါပေမဲ့ သူ့ရဲ့ အသိ အဘွားကြီးတစ်ယောက်က အိမ်လာရင်း ဂြိုဟ်သားနဲ့မတော်တဆ တွေ့သွားတယ်။ နောက်ထပ် အဘွားကြီးတစ်ယောက်လည်း ထပ်တွေ့သွားရင်း သူတို့သုံးယောက်ပေါင်းပြီး ဂြိုဟ်သားကို ပြန်ပို့နိုင်ဖို့ ကူညီကြတဲ့အကြောင်းပါ။ ဟာသ၊ ဒရာမာ၊ Sci-Fi အမျိုးအစားဖြစ်ပြီး ဖျော်ဖြေရေးအတွက် သင့်တော်တဲ့ ရုပ်ရှင်တစ်ခုပါ။ ဇာတ်သိမ်းကတော့ မချင့်မရဲဖြစ်စရာပါပဲ။ ကိုယ်သာဆို ဒီလိုမလုပ်ဘူးဆိုပြီး တွေးမိစရာမျိုးပေါ့။ ဒီရုပ်ရှင်ဟာ Little Miss Sunshine ရဲ့ ပရိုဂျူဆာ Marc Turtletaub ရိုက်ကူးထားခဲ့တာပါ။ ခေါင်းဆောင်မင်းသားအဖြစ် အိုင်ရွန်းမန်းထဲက လူဆိုးအဖြစ်၊ မဟတ္တမဂန္ဓီအဖြစ် လူသိများကြတဲ့ မင်းသားကြီး Ben Kingsley ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ထဲက ဂြိုဟ်သားဟာ စကားမပြောပါဘူး။ နားပဲထောင်ပါတယ်။ သူ့ကိုဗဟိုပြုရင်းနဲ့ အဘိုးကြီးအဘွားကြီးသုံးယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာတယ်၊ အချင်းချင်းလည်း ပိုရင်းနှီးလာကြတယ်။ တစ်ခါတလေမှာ နားထောင်ပေးနေသူသက်သက်အဖြစ်ပဲ လုပ်ပေးနေရုံနဲ့ လူတွေရဲ့ဘဝကို အဓိပ္ပါယ်ရှိသွားစေနိုင်တယ်ဆိုတာမျိုးကို ပြလိုက်သလိုပါပဲ။ အထူးသဖြင့် သားတွေသမီးတွေနဲ့ မတွေ့ရတော့တဲ့ အဘိုးကြီးအဘွားကြီးတွေရဲ့ဘဝမှာ နားထောင်ပေးတဲ့သူတစ်ယောက်ဟာ အရာရာပါပဲ။ သက်ကြီးရွယ်အိုတွေစကားကို ထိုင်နားထောင်ဖို့ စိတ်မရှည်မိတဲ့သူတွေတောင် ဒီရုပ်ရှင်ကြောင့် အမြင်ပြောင်းသွားနိုင်ပါတယ်။ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 27Min Genre – Comedy, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Horror • Mystery • Thriller
7.1 2023 87 mins
Jules
Alien Planet
5.5

ဇာတ်လမ်းလေးကတော့ ရာစုနှစ်ပေါင်းများစွာ ခမီးန်မျိုးနွယ်တွေက လို့ခ်ကိုင်းမျိုးနွယ်ကို ဖိနှိပ်ထားတဲ့အတွက် လို့ခ်ကိုင်းတွေမကျေနပ်တော့ တွန်းလှန်တဲ့အခါ စစ်ပွဲတွေစဖြစ်ပါတော့တယ်။ လို့ခ်ကိုင်းတွေဟာ စစ်ပွဲမှာအများအပြားကျဆုံးခဲ့ကြပြီး စစ်ရှုံးကာ ရော့ကာချီဆိုတဲ့ဂြိုလ်ကိုထွက်ပြေးပါတော့တယ်။ အဲ့ဂြိုလ်မှာက အာဟာရဓာတ်မပြည့်စုံတဲ့အတွက် ဇာ့ထ်ဆိုတဲ့ရေကိုပဲ သောက်ရတဲ့အတွက် Rejuvenation Vial ဆေးရည်ကို အသုံးပြုပြီးလိုအပ်တဲ့ ရေကိုရယူကြရတယ်။ တစ်ဖက်မှာ ခမီးန်တွေနေထိုင်တဲ့ဂြိုလ်ဟာ တလွဲ အသုံးချမှုတွေကြောင့် ရေအရင်းအမြစ်ဆုံးရှုံးလာပါတော့တယ်။ ခမီးန်ခေါင်းဆောင်ဟာ လို့ခ်ကိုင်းတွေမှာရှိတဲ့ Rejuvenation Vial ဟာဂြိုလ်တစ်ခုလုံးကို ပြန်လည်ရှင်သန်လာအောင်လုပ်နိုင်တယ်ဆိုတာသိထားတဲ့အတွက် အတော်ဆုံး စစ်သည်တော်ဖြစ်တဲ့ ဘရိုချိကိုသွားယူခိုင်းလိုက်ပါတယ်။ ဘရိုချိတစ်ယောက်တည်း ဆေးရည်ကိုအရယူနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။ File size…2.16GB / 796MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5.5 2023
Alien Planet
The Prequel of Gold Convoyers 6: A Fearful Crisis
5.7

အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး ဒီတစ်ခါမှာတော့ ယိုယွိနယ်စပ်မှာစစ်ပွဲပြင်းထန်နေတဲ့အကြောင်းအမှုကို အခြေခံထားတယ်။ယိုယွိနယ်စပ်မှာ စစ်ပွဲပြင်းထန်နေပြီး စားနပ်ရိက္ခာပြတ်လပ်နေတဲ့အချိန် ဖျင်အန်းပို့ဆောင်ရေးစခန်းက ရဲမက်တွေအတွက် စားနပ်ရိက္ခာပို့ဆောင်တဲ့ ခရီးကိုစတင်ခဲ့တယ်။ ဒီလိုနဲ့စစ်သည်အင်အားမမျှ စားနပ်ရိက္ခာပြတ်လပ်နေတဲ့ ယန်အိမ်တော်တပ်ကို နန်းတော်ကအာဏာပါးကွက်ကြား မှူးမတ်တွေရဲ့မျက်ကွက်ပြုမှုပါခံထားရတယ်။ အဲ့အချိန်မှာ မြို့ထဲမှာကြွက်သေအမြောက်အမြားဖြစ်ပွားနေတဲ့ တချိန်တည်းမှာရန်သူတပ်ဘက်ကနေ အလောင်းကိုလွှင့်ပစ်လာတယ်။ ဒီလိုအကျပ်ရိုက်နေတဲ့ယန်အိမ်တော်စစ်တပ် ဘယ်လိုတွေကြုံတွေ့လာရမလဲ။ ဒီကြွက်သေနဲ့ လူသေအလောင်းဘယ်လိုပတ်သက်နေလဲ။ ဖျင်အန်းပို့ဆောင်ရေးအဖွဲ့ကကော ဘယ်လိုအမှုကိုဖော်ထုတ်ကြမလဲ။ ဒီ့ထက်ပိုစိတ်ဝင်စရာကောင်းတဲ့ အကြောင်းရာတွေကို သိချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းကိုဆက်လက်ကြည့်ရူအဖြေရှာကြည့်ရအောင် ~

5.7 2010
The Prequel of Gold Convoyers 6: A Fearful Crisis
Tsotsi
7.2

2006 ခုနှစ်မှာ Academy Award for Best International Feature Film ဆုရခဲ့တဲ့ Tsotsi ဆိုတဲ့ လူငယ်ဂန်းစတားလေးတစ်ယောက်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ Tsotsiဆိုတဲ့ ရုပ်ရှင်က ၁၉နှစ်အရွယ် သွေးအေးပြီး ရက်စက်တတ်တဲ့ တောင်အာဖရိက က ဂိုဏ်းခေါင်းဆောင် ကောင်လေးတစ်ယောက်ရဲ့ ဖုံးဖိထားတဲ့ အတိတ်ရဲ့အကြောင်းကို ပြောပြလို့နေပါတယ်။ ငယ်ဘဝမှာ မိခင်၊ ဖခင်တွေနဲ့ တကွဲတပြားဖြစ်ခဲ့ရတဲ့အပြင် မိဘရဲ့ အချစ်မေတ္တာကို ငတ်ခဲ့ရတဲ့ Tsotsi က သူ့ရဲ့ နာမည်နဲ့ identity ကို ဖုံးကွယ်ထားခဲ့ပြီး သူငယ်ချင်းတွေနဲ့အတူ လမ်းပေါ်လုယက်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။ တစ်နေ့မှာ ဒုစရိုက်မှုတစ်ခု ကျူးလွန်ပြီး ထွက်ပြေးလာတဲ့ Tsotsi က ကားတစ်စီးကို ခိုးမိသွားပြီး ကားနောက်ခန်းမှာ မွေးကင်းစ ကလေးလေး ပါလာတာကို သတိမထားမိခဲ့ပါဘူး။ဒီလိုနဲ့ ၆ရက်လောက် အချိန်ကုန်ဆုံးလာခဲ့ပြီး ကလေးလေးပေါ် သံယောဇဥ်တွယ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်က စာအုပ်ကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.2/10 နဲ့ Rotten Tomatoes 82% အပြင် 70% Metacritic ရရှိထားတဲ့ rating ကောင်းတဲ့ ရုပ်ရှင်တစ်ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File size…(1.6 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:34:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

TV Movie • Comedy • Romance
7.2 2005
Tsotsi
This Beautiful Fantastic
6.9

ဒီကားလေးတော့ English Romance Drama ဇာတ်လမ်းလေးဖြစ်ပြီး အဓိကဇာတ်ဆောင် ဘယ်ဘာဘရောင်းဆိုတဲ့ OCD ရှိတဲ့ကောင်မလေးက သူ့ရဲ့တစ်နေ့တာကို တိတိကျကျဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ သူ့မှာအပင်တွေကိုကြောက်တဲ့ အကျင့်တစ်ခုရှိပါတယ် တနေ့မှာတော့ သူ့အိမ်ပိုင်‌ရှင်က အပင်တွေကြောက်လို့ မရှင်းပဲထားထားတဲ့ သူ့အိမ်ရှေ့က ဥယျာဉ်ကို မရှင်းနိုင်ရင် အိမ်ပေါ်ကဆင်းကမယ်လို့ပြောလာတဲ့ အခါသူ့အနေနဲ့ ဘယ်လိုဖြေရှင်းမလဲ‌ဆိုတာကြည့်ရမှာပါ။ အဆုံးသတ်လေးကတော့တော်တော်လေးကောင်းပါတယ် ပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့အတွက်ကြည့်ရတာလည်း အဆင်ပြေပါတယ်။ File size…(1.6 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikkobaby

Science Fiction • Drama • Romance
6.9 2016 100 mins
This Beautiful Fantastic
The Extraordinary Journey of the Fakir
7.2

The Extraordinary Journey of the Fakir (2018) IMDb Rating (6.8 ) ဒီရုပ်ရှင်ကားကတော့ The Boys ထဲက Starlight အဖြစ် လူသိများတဲ့ မင်းသမီး Erin Moriarty နဲ့ အိန္ဒိယတောင်ပိုင်းမင်းသား Dhanush တို့ပါဝင်ထားတာကြောင့် ထူးခြားတဲ့ အတွဲအဖက်နဲ့ Adventure Comedy Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ အာဂျာအဖြစ် ဒနွတ်ရှ်ဟာ ငယ်စဉ်ကတည်းက ဆင်းရဲလို့ အမေဖြစ်သူရဲ့ လိုအင်နဲ့ ဆန့်ကျင်ဖက်အဖြစ် ခါးပိုက်နှိုက်တလှည့် မျက်လှည့်ဆရာတလှည့်ဘဝနဲ့ မွေးရပ်ဇာတိ အိန္ဒိယနိုင်ငံမှာပဲ အချိန်ကုန်ကြီးပြင်းခဲ့ရပါတယ်။ ဒါပေမယ့်သူ့မှာ ပြင်သစ်ကိုသွားဖို့ အိမ်မက်တစ်ခုရှိပါတယ်… ဘာလို့လဲဆိုတော့ အဖေဖြစ်သူကို ရှာဖွေဖို့ပါ…. ဒါကြောင့်မလို့ အမေဖြစ်သူဆုံးသွားတဲ့နောက်မှာတော့ သူ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ ပဲရစ်မြို့ကို ချီတက်လာခဲ့ပါတော့တယ်။ ပဲရစ်က အီဖယ်တာဝါမှာ ချစ်စရာကောင်းတဲ့ Starlight မလေး မေရီနဲ့ တွေ့ဆုံပြီး မြင်မြင်ချင်းချစ်မိသွားခဲ့ပေမယ့် အိန္ဒိယနိုင်ငံသား တစ်ယောက် ကမ္ဘာတခွင်မှာ ဘယ်လိုတွေအလွဲလွဲအချော်ချော် ဖြစ်မလဲဆိုတာ….။

7.2 2018 96 mins
The Extraordinary Journey of the Fakir
Tekkonkinkreet
7.5

ဒီ Anime ဇာတ်ကားလေးကတော့ ထူးထူဆန်းဆန်း ဂျပန် Anime ကို English Director Michael Ariasက Black and White ဆိုတဲ့ Manga ကိုပြန်ရိုက်ထားတာပါ။ ဒီဇာတ်လမ်းက သူ့ခေတ်အခါက Visual တွေ artist ဒီဇိုင်းတွေ အရမ်းကောင်းတယ်ဆိုပြီးချီးကျူးခံထားရပါတယ် ။ 2006 ခုနှစ် Japan Academy Prize for Animation of the Year ကိုလည်းရထားတာဆိုတော့ ဘယ်လောက်ကောင်းလဲကို ဒီဇာတ်လမ်းထဲမှာပဲကြည့်ရှူလိုက်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘလက် နဲ့ ဝှိုက်စ် နဲ့ကောင်လေး နှစ်ယောက်က Treasure Town ဆိုတဲ့မြို့မှာ လူမိုက်လိုမျိူး မြို့ကို အုပ်ချုပ်နေတာဆိုပြီး ကိုယ်ကိုယ်ကိုယ် ကြေညာထားပါတယ်။ တစ်နေ့မှာဒီမြို့ကို Theme park တစ်ခုလိုမျိုး ပြောင်းပစ်ဖို့ဆိုပြီး အဖွဲ့တစ်ခုက ရာကူဇာ အဖွဲ့တွေအားကိုးနဲ့လုပ်ပါတော့တယ်။ ဒီမှာ ဘလက်နဲ့ ဝှိုက်စ် က မြို့ကိုဘယ်လိုအစွမ်းကုန်ကာကွယ်မလဲဆိုတာကိုကြည့်ရမှာပါ ။ ကြည့်ပြီးရင် အနည်းဆုံး ရင်ထဲမှာ တခုခုတော့ ကျန်ခဲ့မဲ့ ကားလေးမလို့ Anime ကြိုက်တဲ့သူဆို လက်မလွှတ်တမ်း ကြည့်ရှူ့သင့်ပါတယ်။ File Size : 1.5 GB, 777 MB Quality : WEB-DL 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Animation, Adventure, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by : Nikobaby Encode by : Thit San Khant

Science Fiction • Thriller • Drama
7.5 2006
Tekkonkinkreet
Kinda Pregnant
5.5

စိတ်အပန်းဖြေဖို့ ပေါ့ပေါ့ပါးပါး ကြည့်လို့ရမဲ့ ဟာသကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ လင်နီက ငယ်ငယ်လေးကတည်းက သူ့အမေဆုံးသွားတာရော မိသားစုမရှိတာရောကြောင့် ကိုယ်ပိုင် မိသားစုလေး တည်ထောင်ပြီး မိခင်တစ်ဦးဖြစ်ချင်တဲ့ အိပ်မက်ရှိခဲ့ တာပါ။ ဒီလိုနဲ့ လင်နီအရွယ်ရောက်လာပြီး အိမ်ထောင်ပြုရမဲ့ အရွယ်ရောက်လာတော့ သူ့ရဲ့ ၄နှစ်ကြာတွဲခဲ့တဲ့ ချစ်သူနဲ့ မိသားစုလေး တည်ထောင်ဖို့ မျှော်လင့်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း အလွဲလွဲအချော်ချော်တွေဖြစ်ပြီး ရည်းစားနဲ့လည်းပြတ် မိသားစုထူထောင်ချင်တဲ့အိပ်မက်လေးလည်း ပျက်စီးသွားချိန်မှာ လင်နီရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကိတ်ကတော့ သားဦးလေးကို ကိုယ်ဝန်စလွယ်ထားရပါတယ်။ လင်နီ လိုချင်၊ဖြစ်‌ချင်ခဲ့တဲ့ မိသားစုအိပ်မက်ကို အခင်ဆုံးသူငယ်ချင်း ကိတ်ကပိုင်ဆိုင်နေရတာမြင်တော့ ဝမ်းနည်း၊ဝမ်းသာ၊ မနာလိုတွေ ဖြစ်ပြီး သူလိုချင်ခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင်ဘဝကို ခဏတာ ဟန်ဆောင်‌နေကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဗိုက်အတုတပ်ပြီး ကိုယ်ဝန်ဆောင်ယောဂသင်တန်းသွားတက်ရာကနေ အလိမ်အညာ ထဲကရုန်းထွက်လို့မရတဲ့အခြေအနေကိုရောက်သွားတာကို ဟာသလေးနှောပြီး ကြည့်ရှုရမဲ့ ဇာတ်ကားတစ်ခုပါ။ R-rated ကားဖြစ်တာမလို့ ခပ်ရိုင်းရိုင်းစကားလုံးတွေနဲ့ ခုတင်ပေါ်က ဇာတ်ဝင်ခန်းတချို့ပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါဘူး။ ဒီတိုင်းဘာမှမတွေးချင်ဘဲ ရိုးရိုးရှင်းရှင်း ဟာသ ကားလေးကြည့်ဖို့ရှာနေသူများကတော့ ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။ ဗိုက်အတုနဲ့ ကိုယ်ဝန်သည်ဟန်ဆောင်တဲ့ လင်နီတစ်ယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို‌ ဇာတ်လမ်းထဲမှာပဲဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ File size… (1.70 GB) / (752 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Romance • Drama
5.5 2025 97 mins
Kinda Pregnant
Poison Ivy: The Secret Society
4.2

Poison Ivy: The Secret Society (2008) IMDb Rating (4.2) / Rotten Tomatoes (20%) ဟော့ဟော့လန်းလန်း သည်းထိပ်ရင်ဖို ကျောင်းသူဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒေစီဟာ ရိုးရိုးအအ တောသူမလေးဖြစ်ပြီး မိဘတွေဆုံးသွားတာနဲ့ တောကရည်းစားကိုထားခဲ့ပြီး မြို့မှာဘဝသစ်တစ်ခုကို ရှာဖွေဖို့လုပ်ပါတယ်။ နာမည်ကြီးကောလိပ်တစ်ခုကို ရောက်ရောက်ချင်းမှာတင် ဌာနမှူးရဲ့သားဖြစ်သူက ဖွန်လိုက်ကြောင်နေတာရယ်၊ နာမည်ကြီး အလုပ်သင်ပရိုဂရမ်ကို ရဖို့လည်း အခွင့်အရေးကောင်းနေတာမို့ အရာရာစိုပြေနေပေမယ့်။ လျှို့ဝှက်အဖွဲ့အစည်း အမျိုးသမီးဂိုဏ်းတစ်ခုက သူ့ကို ချဉ်းကပ်လာချိန်မှာတော့……. (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size…(2.2 GB) / (960 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller Duration….01:36:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Sike Tan

Drama • Comedy • Romance
4.2 2008 95 mins
Poison Ivy: The Secret Society
Sijjin 7 Siccin 7
4

Sijjin 7 (2024) IMDb Rating (4.0) ဟော်ရာလောကမှာ နာမည်တစ်လုံးနဲ့အစဉ်အလာကြီးတဲ့ Siccin ရဲ့နောက်ဆုံးထွက်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဇူလ်မက်ဆိုတဲ့အစီအရင်တစ်မျိုးကိုအခြေခံထားတာဖြစ်ပြီး နတ်ဆိုးနဲ့အပေးအယူလုပ်တဲ့သဘောပါပဲ။ ကိုယ့်ဆန္ဒပြည့်သွားတဲ့အချိန်မှာ အဲ့ဒီအစီအရင်ကိုလုပ်တဲ့သူက ယဇ်ကောင် ကလေးတစ်ယောက်ကို အရှင်လတ်လတ်မြေကျင်းထဲကိုမြုပ်နှံရပါတယ်။ ဒီဇာတ်ကားမှာတော့ အဲ့ဒီအစီအရင်ကိုပြုလုပ်မိခဲ့တဲ့ မိသားစုတစ်စုနဲ့မိန်းမတစ်ယောက်တို့အစီအရင်ရဲ့ အကျိုးဆက်ခြောက်လှန့်မှုတွေ၊အဖြစ်ဆိုးတွေကိုရင်ဆိုင်ရတဲ့အကြောင်းကိုတွေ့မြင်ကြရမှာပါ။ ထုံးစံအတိုင်းစိတ်မသက်သာစရာ အနိဌာရုံတွေ၊ သွေးသံရဲရဲတွေ၊ ထိတ်လန့်စရာမြင်ကွင်းတွေနဲ့ရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(2 GB) / (740 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:35:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

4 2024 94 mins
Sijjin 7 Siccin 7
A Simple Plan

IMDb 7.5/10 Rotten tomato 91% ဒီဇာတ်ကားကတော့ Scott B.Smith ရဲ့ ၁၉၉၃ခုနှစ်နှစ်ကထွက်ထားတဲ့ဝတ္ထုကိုသူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ Sam Raimiကရိုက်ကူးထားပါတယ် ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Billy BobThornton (ဘီလီဘော့သွန်တန်)၊Bill Paxton(ဘီလ်ပက်စ်တန်)နဲ့ Bridget Fonda(ဘရစ်ဂျစ်ဖောင်ဒါ)တို့ပါဝင်ထားပါတယ်။ ဘီလီဘော့သွန်တန်က ဇာတ်ပို့ဆုအတွက်အော်စကာနဲ့ရွှေကမ္ဘာလုံးဆုအတွက်နာမည်စာရင်းတင်သွင်းခံရသလိုအခြားဆုတွေရထားပါတယ်။Best Adapted Screenplay အတွက်လည်းရွှေကမ္ဘာလုံးဆုအမည်စာရင်းတင်သွင်းခံရပါ တယ်။အစပိုင်းကြည့်လိုက်ရင်တော့ သာမန်ဇာတ်ကားတစ်ကားလို့ထင်ရပေမဲ့ တစ်ဖြည်းဖြည်းဇတ်ရှိန်မြင့်လာတဲ့အခါ မထင်မှတ်တဲ့အလှည့်အပြောင်းလေးတွေနဲ့တကယ်ကိုကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်လာပါတယ်။ လူတွေအများစုက ငွေရှိရင်အကုန်ပြည့်စုံပျော်ရွှင်မယ်ထင်ကြတယ်။အဲဒီတော့ငွေထုတ်ကြီးကောက်ရပြီးပျော်လိုက်ရလားကြည့်ကြရအောင်။ဒီဇတ်ကားကတွေးစရာတွေလည်းအများကြီးပေးပါတယ်။ပုထုဇဥ်လူတွေဟာကိုယ့်အတ္တနဲ့ယှဥ်လာရင်သူငယ်ချင်းဆိုတာမရှိ ညီအကိုဆိုတာတောင်မရှိတော့ဘူးဆိုတဲ့အဆုံးအမတွေကိုလည်းသတိရမိတယ်။အထက်တန်းတုန်းကသင်ရတဲ့ မဟောသဓာဇာတ်တော်မှာလျို့ဝှက်ချက်ဆို အိမ်ကမိန်းမကိုတောင်မပြောနဲ့ မယုံရဘူးဆိုတာကိုလည်းသတိရမိတယ်။ကိုယ်မကောင်းတာလုပ်ထားရင် ဘယ်သူမသိသိကိုယ်တော့သိတယ် နောင်တရတတ်ရတယ်ဆိုတာကိုဒီဇာတ်ကားမှာပြထားပါတယ်။ လူတွေကတော့ အမရိကန်နိုင်ငံဆိုတာနတ်ဘုံလိုလိုထင်နေကြပေမဲ့ လူတန်းစေ့နေနိုင်ဖို့မနည်းရုန်းကန်နေရတဲ့မိသားစုဘဝတွေကို စကားလုံးတွေကမီးမောင်းထိုးပြထားပါတယ်။ယာတွေလယ်တွေပေါင် ကောလိပ်ထားရပြီး ရ လာတဲ့အလုပ်ရဲ့လစာကတော့မနည်းလူတန်းစေ့အောင်ရုန်းကန်နေရတယ်ဆိုတာလည်းတွေ့ရမှာပါ။သရုပ်ဆောင်တွေက မျက်လုံး၊မျက်နှာပေးတွေနဲ့သရုပ်ဆောင်တာတစ်အားကောင်းပါတယ်။တေးဂီတကလည်း ဇာတ်ကားကိုပံ့ပိုးပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဟန့်ခ်နဲ့ ဂျေကော့ဖ်ကညီအကိုတွေဖြစ်တယ်။ဟန့်ခ်ကတိရစ္ဆာန်အစာစက်ရုံတစ်ခုမှာ စာရင်းကိုင်လုပ်ပြီး သူ့မိန်းမဆာရာက စာကြည့်တိုက်မှာအလုပ်လုပ်ပါတယ်။ သူတို့မကြာခင်သမီးဦးလေးရတော့မှာပါ။ ဂျေကော့ဘ်မှာ အချစ်ဆုံးသူငယ်ချင်း လူးဆိုတာရှိပါတယ်။ လူးမှာအချစ်ဆုံးခွေးကြီး မေရီဘက်သ်ဆိုတာရှိပါတယ်။တစ်နေ့ သူတို့သုံးယောက် ဟန့်ခ်တို့ရဲ့အဖေရဲ့ အုတ်ဂူမှာနှစ်ပတ်လည်အတွက်ပန်းစီးသွားချကြရင်းအပြန် သဘာဝကာကွယ်တောနားမှာ​မြေခွေးတစ်ကောင်ကြောင့်ကားချော်သွားပြီး နည်းနည်းပျက်စီးသွားလို့ မြေခွေးနောက်ကိုလိုက်ကြရင်းလေယာဥ်ပျက်တစ်စီးကိုမမျှော်လင့်ဘဲသွားတွေ့ပါတယ်။ လေယာဥ်မှူးကသေနေပါပြီ။ အားကစားအိတ်နဲ့အပြည့် ဒေါ်လာတစ်ရာတန်တွေကိုတွေ့လို့ယူမယ်မယူဘူး အပ်မယ်မအပ်ဘူး ငြင်းခုံရင်းနောက်ဆုံး ဟန့်ခ်ကသိမ်းထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ကိစ္စတစ်ခုခုပေါ်လာရင်တစ်ယောက်ယောက်ကလိုက်ရှာရင်မီးရှို့ပစ်မယ်။ဘယ်သူကမှလိုက်မရှာရင် ပြဿာနာမရှိရင် ခွဲယူကြမယ်လို့သဘောတူလိုက်ကြပါတယ်။ဆာရာကဟန့်ခ်ကိုအကြံပေးလို့ ဆာရာအကြံပေးတာကိုလိုက်လုပ်ရင်း မမျှော်လင့်တာတွေနဲ့ကြုံရရပြီးအဲဒါတွေကိုဖြေရှင်းဖို့ကြိုးစားရင်းကိစ္စတွေက ရှုပ်ထွေးလာပါတယ်။ဘာတွေဆက်ဖြစ်မယ် ဘယ်လိုရှင်းကြမယ်ဆိုတာ ပရိသတ်များဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ ရင်နာစရာဇာတ်ဝင်ခန်းတွေ ကြေကွဲစရာဇာတ်ဝင်ခန်းတွေကတော့ ဇာတ်ကားရဲ့ဇာတ်ရှိန်အမြင့်ဆုံးအခန်းတွေပါ။ဇာတ်ကောင်တွေရဲ့နေရာကိုရောက်သွားပြီးကိုယ်ပါရောကြေကွဲပြီးရင်နာသလို ဖြစ်သွားတာကတော့ စာရေးဆရာ၊ဒါရိုက်တာ၊ သရုပ်ဆောင်တွေတော်လို့ပဲလို့ပြောရပါမယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Drama,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

0 1998
A Simple Plan