YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Clip.2012.BLU-RAY480P.mp4

239.43 MB N/A video/mp4 4773 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tinnitus
8

နားအူဖူးကြပါသလား။ နားထဲစူးနေတဲ့အသံတွေကြောင့် အိပ်မရဖြစ်ဖူးပါသလား။ ကျွန်တော်တို့အားလုံး တစ်သက်မှာတစ်ခါလောက်တော့ကြုံဖူးမယ်ထင်ပါတယ်။ Tinnitus ဆိုတာဟာ နားထဲအဆက်မပြတ်အသံစူးစူးကြားရတဲ့ရောဂါလို့အဓိပ္ပာယ်ရပါတယ်။ သူ့ကိုတော့ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်သလား၊ ရုပ်ပိုင်းဆိုင်ရာကြောင့်လား လေ့လာနေဆဲပါ။ ခံစားရသူတွေတချို့က သူတို့အနေနဲ့ စိတ်ဖိစီးမှုများတယ် လို့ပြောကြသလို တချို့ကလည်း နားရောဂါတစ်ခုခုရဲ့ လက္ခဏာလို့ဆိုကြပါတယ်။ ဒီဇာတ်ကားကတော့ နားအဆက်မပြတ်အူတဲ့ရောဂါခံစားနေရတဲ့ ‌ဒိုင်ဗင်မယ် မာရီနာနဲ့စထားပါတယ်။ သူ့လိုတခြားသူတွေလည်းရှိနေပြီး သူတို့တွေခံစားနေရတာကိုပါရိုက်ကူးထားပါတယ်။ ကျွန်တော်တို့တွေ တစ်ရက်လောက်နားတွေအူပြီးအိပ်မရရင်တောင် တော်တော်ခံရခက်ပါတယ်။ တစ်ရက်မက နှစ်ရက်မက ခံစားရတဲ့အခါ ခေါင်းတွေပေါက်ထွက်တော့မယ့်အထိ ခံစားရမှာ‌အသေအချာပါပဲ။ ဒီလိုနဲ့ မာရီနာဟာ သည်းမခံနိုင်တဲ့အ‌ဆုံး ဒိုင်ဗင်အားကစားကိုစွန့်လွှတ်ပြီး နားအူ‌ခြင်းကိုပဲဆက်ကုပါတော့တယ်။ ဒါပေမဲ့ ဝါသနာဆိုတာ စွန့်လွှတ်ရခက်တဲ့အတိုင်း သူဒိုင်ဗင်အားကစားကိုပြန်လုပ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ သူချစ်တဲ့အားကစားကိုဆက်လုပ်နိုင်မလား။ နားအူတာကကော ဘယ်လောက်တောင်ဆိုးသလဲဆိုတာကို ရိုက်ကူးထားတာ‌ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဘရာဇီးလ်ကားဖြစ်ပြီး ဘရာဇီးလ်ဟာ လက်တင်အမေရိကမှာ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့အတိုင်း သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းကလည်း နိုင်ငံတကာကို တန်းညှိနိုင်တဲ့အထိရှိပါတယ်။ ရုပ်ရှင်ရိုက်ကွက်တွေက လှတယ်လို့ပြောနိုင်တဲ့အပြင် အသံပိုင်းကိုလည်း သေချာဂရုစိုက်ထားတာတွေ့ရပါတယ်။ Body Horror/Thriller အမျိုးအစားလို့ပြောပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ကြောက်စရာအခန်းတွေသိပ်မပါဘဲ ငြိမ့်ငြိမ့်လေးပဲ ဆွဲသွားတဲ့ကားလို့မြင်ပါတယ်။ နားအူ‌သံတွေကိုပါ သရုပ်ဆောင်တွေနဲ့အတူလိုက်ခံစားချင်ရင်တော့ နားကြပ်လေးတပ်ရင်း အနှောက်အယှက်ကင်းကင်း ကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 790MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 45Min Genre - Drama, Horror, Sport Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Crime • Thriller
8 2023 105 mins
Tinnitus
Road to Ninja: Naruto the Movie
7.6

Narutoဆိုတဲ့ animeဟာ ၂၀၀၀ခုနှစ်ဝန်းကျင်က နာမည်အကြီးဆုံးကြီးသုံးကြီးမှာ (One piece, bleach, naruto)ပါခဲ့ပြီး သူ့​ခေတ်သူ့အခါအချိန်တုန်းက ကြည့်ရှုသူ​တွေရဲ့ပါးစပ်ဖျားမှာ never give up, this is my way of ninja, Dattebayo ?ဆိုပြီးရွတ်ဆို ခဲ့ကြတဲ့အထိ moti​ပေးနိုင်ခဲ့တာပါ။ ရုပ်ရှင်အ​နေနဲ့လည်း က​လေးဘဝကို ၃ကားထွက်ခဲ့ပြီး shippudenလူငယ် ဘဝက​တော့ ၇ ကားအထိထွက်ခဲ့ပါတယ်။ ဒီကားက​တော့ shippuden ရုပ်ရှင်​တွေထဲမှာ ဆဌမကားဖြစ်ပြီး IMDb 7.6/10 My anime list 7.7/10ရထားပါတယ် ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​​​​တော့ Konohaရွာကို Akatsuki​ကြေးစားအဖွဲ့က ဝင်တိုက်ခိုက် ပါတယ်။ ထူးဆန်းတာက Narutoတို့သုတ်သင်ခဲ့တဲ့ Akatsukiအဖွဲ့သားအ​ဟောင်း​တွေပါ ပြန်ထွက်လာတာပါ။ Narutoတို့​တွေခုခံတာ​ကြောင့် Akatsuki​တွေဟာ ထွက်သွားခဲ့ပါတယ်။ ဒါ​ပေမဲ့ ညအချိန် Narutoနဲ့Sakura နှစ်​ယောက်ထဲရှိချိန်မှာ Madaraဟာ​ပေါ်လာပြီး Narutoတို့ကို ကမ္ဘာတခုစီပို့လိုက်ပါတယ်။ အဲ့ဒီကမ္ဘာမှာ ​သေသွားတဲ့ သူ​တွေဟာ မ​သေပဲဆက်ရှင်သန်​နေပြီး Naruto ရဲ့မိဘ​တွေ ဟာလည်း အ​ကောင်းအတိုင်းရှိ​နေဆဲပါ။ ကျန်တာ​တော့ ကိုယ်တိုင်ဆက်ကြည့်လိုက်ပါ။ ဒီကားမှာသ​ဘောကျမိတာက Narutoရဲ့မိဘ​တွေနဲ့အတူတူရှိချိန်မှာဖြစ်​ပေါ်လာတဲ့ ခံစားချက်​တွေပါ။ တစ်ရှူး​လေး​ဆောင်ပြီးကြည့်လိုက်ကြ​နော်။ File size…1.17GB / 600MB Quality…1080p  / 720p Format…mp4 Duration….1h 49m Genre ..... Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Dr Nyan

Drama • Romance
7.6 2012 109 mins
Road to Ninja: Naruto the Movie
The Exorcism of Emily Rose
6.5

ဒီတခါ ဇာတ်ကားလေးကတော့ 2005 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Director Scott Derrickson ရိုက်ကူးခဲ့တဲ့ သဲထိပ်ရင်ဖိုကားလေးပဲဖြစ်ပါတယ် မင်းသမီး က Jennifer Carpenter ဖစ်ပြီး ဒီဇာတ်လမ်းလေးက 1976 ခုနစ်က ဂျာမနီမှာ သေဆုံးခဲ့တဲ့ Anneliese Michel ဆိုတဲ့ ဂျာမန်မလေးရဲ့ မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ emily rose ဆိုတဲ့ ၁၉ နှစ်အရွယ် ကောင်မလေးက အနေအေပြီး စာဖတ်တာ ဂီတလေ့လာတာနဲ့ပဲ အိမ်ထဲမှာပဲနေလေ့ရှိတယ် ဒါပေမဲ့ တက္ကသိုလ်တက်ဖို့အတွက် scholarship ရခဲ့တော့ ဆရာမဖြစ်ချင်တဲ့ သူမရဲ့အိပ်မက်ကြောင့် မိသားစုနဲ့ခွဲပြီ းသွားတက်ဖို့ဆုံးဖြတ်လိုက်တယ် သူမက ညဘက်တွေဆိုမီးလောင်တဲ့အနံ့ရလို့ နိုးလာတတ်ပြီး အဆစ်တွေလှုပ်မရတာတွေ မျက်ဆံအနက်ကြီးဖြစ်သွားတာတွေ နာရီအတော်ကြာအော်နေတာတွေ အင်းဆက်တွေစားတာတွေစတဲ့ လက္ခဏာတွေနဲ့ မကြာခင်မှာသေဆုံးသွားတယ် သူမရဲ့သေဆုံးမှုက ကျန်းမာရေးအခြေအနေကြောင့်လား? မကောင်းဆိုးဝါးဝင်ပူးတာလား? သူမရဲ့သေဆုံးမှုရဲ့တရားခံက ဘယ်သူလဲ? ဆိုတာ Jennifer Carpenter ရဲ့ တအားမိုက်တဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရင်း အဖြေတူတူရှာလိုက်ကြဦးနော် အညွှန်းနဲ့ဘာသာပြန်ကတော့ Duckkie ပဲဖြစ်ပါတယ်; File size…1GB / 435MB Quality…Blu-Ray 1080p5.1CH  / 720p Format…mp4 Duration….1h 59m Genre .....Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Duckkie

Horror
6.5 2005 122 mins
The Exorcism of Emily Rose
Robin Robin
7

CM ပရိသတ်တို့ ပေါ့ပေါ့ပါးပါးလေးကြည့်ရှုနိုင်မဲ့ ကာတွန်းဇာတ်ကားကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ရပါတယ် Robin ဆိုတဲ့မြေလူးငှက်မလေးတစ်ကောင်ကို ကြွက်မိသားစုလေးတစ်စုကနေ ကယ်တင်မွေးစားထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ မျိုးမတူတဲ့သတ္တဝါလေးတွေဖြစ်နေပေမယ့်လည်း ငှက်မလေးက ကြွက်မိသားစုရဲ့ နေ့စဥ်အစာရှာမှု သွားမှုလာမှုကိစ္စတွေမှာ လိုက်လျောညီထွေဖြစ်အောင်ကြိုးစားနေထိုင်ရင်း ... တစ်နေ့တော့ ကြွက်ကလေးတွေထက် အစာရှာပိုတော်ကြောင်းကို သက်သေပြချင်မိလို့ အပြင်ခိုးထွက်ရာကနေ ဘယ်လိုစွန့်စားခန်းလေးတွေဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းတိုလေးအနေနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wut Yi က ရေးသားပေးထားပါတယ်) File Size     : (465 MB), (310 MB) and (95 MB) Quality       : WEB-DL 1080p DD5.1CH, 720p, 480p Format        : mp4 Duration    : 32mins Genre         : Animation, Adventure Subtitle      : Myanmar Subtitle (Hard Sub) Translated by Hnin Wut Yi Encoded by PhyoPyae

Drama • Romance
7 2021 30 mins
Robin Robin
Scary Stories to Tell in the Dark
6.5

မကြာသေးခင်ကမှ ရုံတင်သွားတဲ့ Horror ကား ကောင်းကောင်းလေးပါဗျ။ ဇာတ်လမ်းတွေက နာကျင်စေတယ်။ ဇာတ်လမ်းတွေက အနာကျက်စေတယ်။ ဇာတ်လမ်းတွေက ကျွန်တော်တို့ ဘယ်သူဘယ်ဝါရယ် လို့ ပုံဖော်ပေးတယ်။ ခင်ဗျားတို့ရော ကိုယ်ရဲ့ ရှေ့ဖြစ်ဇာတ်လမ်းကို ကြိုသိရပါမယ် ဆိုပါစို့။ ​အကောင်းတွေတော့ မဟုတ်ဘူးနော်။ အဆိုးတွေ..... ကံကြမ္မာဆိုးတွေ ဇာတ်လမ်းကတော့ ဒီလိုပါ။ ဟောလိုဝင်းနေ့မှာ ကလေးတစ်သိုက်က သရဲခြောက်တဲ့အိမ်ကြီးတစ်အိမ်ကို ရောက်သွားတယ်။ အဲဒီအိမ်မှာ ဒဏ္ဍာရီတစ်ခု ရှိတယ်။ အဲဒီအိမ်က အမျိုးသမီးရဲ့ဇာတ်လမ်းကို နားထောင်ပြီးတဲ့ကလေးတိုင်း ပျောက်ဆုံးသွားလေ့ ရှိတယ်။ မမျှော်လင့်ဘဲ အဲဒီအမျိုးသမီးကြီးရဲ့ ဇာတ်လမ်းတွေ ရေးထားတဲ့ စာအုပ်ကို ရခဲ့တယ်။ စာအုပ်ထဲမှာ ဇာတ်လမ်းတွေ အလိုလိုပေါ်လာခဲ့တယ်။ ပေါ်လာခဲ့တဲ့ ဇာတ်လမ်းတွေကလည်း တကယ်ဖြစ်လာခဲ့တယ်။ အဲဒီကံကြမ္မာဆိုးကို သူတို့ ဘယ်လို ရှောင်လွှဲကြမလဲ????? ရှောင်လွှဲဖို့ရော ဖြစ်နိုင်ပါ့မလား????? စာအုပ်ကရော ဘာရာဇဝင်တွေ ရှိနေတာလဲ????? ဇာတ်လမ်းက ကြောက်ဖို့ကောင်းသလို တော်တော်လေးလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

Action & Adventure • Drama • War & Politics
6.5 2019 108 mins
Scary Stories to Tell in the Dark
Terror Trips
4

Terror Trips (2021) ============== Horror ကားနှစ်ခြိုက်သူပရိသတ်ကြီးအတွက်ဆိုရင်တော့ Get Away တို့ဘာတို့ ကြည့်သလောက် အရသာအထိတော့ သေချာပေါက် ထိမိဂွိရစေမှာပါ။ Horror ကားတွေရဲ့ ထုံးစံအတိုင်း နောက်ဆုံးမှာ ဒုက္ခရောက်မှာလား၊ လွတ်သွားမှာလားကို သည်းထိတ်ရင်ဖိုနဲ့ တကယ်ကြည့်ရပါတယ်။ အားမလိုအားမရဖြစ်စရာတွေ ထောက် ပြစရာတွေပါပေမဲ့ Horror ကားအနေနဲ့မဆိုးတာမို့ ကြည့်ရတာတော့ အဆင်ပြေစေမှာပါ။ ဇာတ်လမ်းထဲကအကြောင်းအရာကတော့ ပုံမှန်ဇာတ်လမ်း‌တွေနဲ့ ထူးမခြားနားဆိုပေမဲ့ ဇာတ်လမ်းလေးကတော့ အရင်ကားတွေနဲ့ ထပ်မနေပါဘူး။ Horror ကားတွေရိုက်လေ့ရှိတဲ့နေရာတွေကို လိုက်ပတ်လှည့်ချင်ကြတဲ့ သူငယ်ချင်း တစ်စုဟာ Friday the 13th ရုပ်ရှင်ကားထဲကလိုနေရာကို သွားရောက်လှည့်ပတ် ကြပါတော့တယ်။ အဲလိုလည်ပတ်တဲ့အခါ ဘာတွေတွေ့ကြုံကြမလဲ၊ ဘာတွေဆက် ဖြစ်လာမလဲကိုတော့ သေချာပေါက် မျှော်တလင့်လင့်နဲ့ ကြည့်ရှုခံစားရမယ့်ကားလေးမို့ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size……….(730 MB) / (500 MB) Quality…………WebRip 1080p / 720p Duration………1Hr 27mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….San Thu Aung Encoder……….SWM

Comedy • Family • Fantasy
4 2021
Terror Trips
Il Boemo
6.5

Il Boemo (2022) ဂီတပညာရှင်ကြီးမိုးဇက်ဆိုရင်တော့ မကြားဖူးတဲ့သူ မရှိသလောက် ရှားမှာပါ။ ဒါပေမဲ့ Il Boemo လို့ အီတလီမှာ လူသိများတဲ့ ဂျိုးဇက်ဖ် မိစလက်ဗစ်ချက်ကိုတော့ ကြားဖူးတဲ့သူ သိပ်ရှိလောက်မယ်မထင်ဘူး။ တကယ်ဆို သူက ၁၈ ရာစုနှောင်းပိုင်းရဲ့ ဂန္ထဝင်ဂီတအင်အားစုကြီးတစ်ခုမှာ အားဖြည့်ခဲ့တဲ့ တေးရေးဆရာတစ်ယောက်ပါ။ မိုးဇက်ကိုယ်တိုင်တောင် ငယ်ငယ်လေးကတည်းက ခင်မင်လေးစားအားကျရတဲ့ ချက်လူမျိုး ဂီတပညာရှင်တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒီရုပ်ရှင်ဟာ သူ့အကြောင်းပဲဖြစ်ပါတယ်။ မွေးရပ်မြေ ချက်နိုင်ငံ ပရဂ်မြို့ကိုခွာပြီး အီတလီအော်ပရာစင်မြင့်တွေမှာ သူ့လက်ရာတွေ ထွန်းတောက်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးတစ်ဦးပါပဲ။ အသက်ရှင်စဉ်ကာလမှာ လျှမ်းလျှမ်းတောက်ခဲ့သလို သေဆုံးသွားပြီးနောက်ပိုင်းလည်း ဂန္ထဝင်ဂီတလေ့လာသူတွေကြားမှာ မှေးမှိန်မသွားပါဘူး။ ဒါပေမဲ့ သူ့မိသားစု သူ့အိုးအိမ်အကြောင်း၊ သူ့မေတ္တာရေးရာအကြောင်း၊ ကိုယ်ပိုင်ဘဝအကြောင်းတွေကိုတော့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရပါဘူး။ ဒီရုပ်ရှင်ဟာ ခေတ်ကိုအခြေခံပြီး စိတ်ကူးနဲ့ ပြန်လည်ရေးဖွဲ့ပုံဖော်ထားတာဖြစ်လို့ ဒီထဲက သူ့အချစ်ရေးအချစ်ရာတွေ ပတ်သက်နေတဲ့ မိန်းမတွေဟာ အမှန်ဖြစ်မယ်လို့ ယူဆလို့မရပါဘူး။ ဒါပေမဲ့ မိုးဇက်ရဲ့ လက်ရာတွေမှာ သူလွှမ်းမိုးမှုရှိပြီး ငယ်စဉ်ကတည်းက အကြံပေးခဲ့ဖူးသူဆိုတာကတော့ အမှန်တရားပါပဲ။ ဘာလို့ဆို သူနဲ့ပတ်သက်ပြီး မိုးဇက်တို့ မိသားစုက မကြာခဏထုတ်ပြောဖူးခဲ့ကြတာကြောင့်ပါ။ နောက်တစ်ခုက ဒီကားထဲမှာ သူ့နာမည် ဂျိုးဆက်ဖ်ကို အီတလီအသံထွက်နဲ့မို့ထင်ပါတယ်… ဂီဆက်ဖ်လို့ပဲ ခေါ်ကြပါတယ်။ ဒီကားကို လက်ရှိမှာ ချက်နိုင်ငံက အကယ်ဒမီအတွက် အမည်စာရင်းသွင်းထားပါတယ်။ ၁၈ရာစုခေတ်ရဲ့ ဥရောပကို ပီပီပြင်ပြင် ရှုစားရမှာဖြစ်ပြီး ဂန္ထဝင်ဂီတတွေကိုပါ တစ်ပါတည်း အခမဲ့ နားဆင်ရဦးမှာဆိုတော့ မလိုင်အပြည့်နဲ့ နို့တစ်ခွက်လိုပဲနေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1GB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 10Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.5 2022 141 mins
Il Boemo
88

88 (2022) အသားအရောင်ခွဲခြားတာတွေ ကာလကြာရှည် လူမည်းတွေကို ဖိနှိပ်ခဲ့တာတွေ နာဇီလက်သစ်တွေရဲ့ ဝါဒဖြန့်ချိရေးနည်းလမ်းတွေ နိုင်ငံရေးအမြင်တွေ အစုံအလင် ပါ၀င်တဲ့ Mystery ရုပ်ရှင်ဖြစ်ပါတယ်။ အာဖရိကန်လူမည်း ဖမီဂျက်ဆင်က နိုင်ငံရေးလှုပ်ရှားမှုကော်မတီက ဘဏ္ဍာရေးဒါရိုက်တာဖြစ်ပြီး သမ္မတရွေးကောက်ပွဲမှာ လူမည်းကိုယ်စားလှယ်လောင်း ဟာရိုအနိုင်ရဖို့ ထောက်ပံ့ပေးတဲ့ Super PAC အဖွဲ့မှာအလုပ်လုပ်ပါတယ်။ မထင်မှတ်ဘဲ မဲဆွယ်စည်းရုံးတဲ့ ကမ်ပိန်းမှာ အလှူရှင်တွေ လှူထားတဲ့ ဂဏန်းပမာဏတွေကို စစ်ကြည့်မိရာကနေ တစ်ခုခု ထူးခြားတာကို တွေ့လိုက်ရပါတယ်။ ဂဏန်းတွေကို ထပ်ပေါင်းလိုက်ရင် အားလုံးက 88 ရနေတဲ့ Pattern ကို တွေ့တာပါ။ ဒီအကြောင်းကို ဘလော့ဂါ သူငယ်ချင်းကို စုံစမ်းခိုင်းရာကနေ သူတို့ Super PAC လာတဲ့ ငွေတွေက ရိုးရိုးအလှူရှင်တွေဆီက မဟုတ်ဘဲ နာဇီလက်သစ်တွေဆီက လာတာ ဖြစ်နေတဲ့အခါ… ဖမီနဲ့ သူ့သူငယ်ချင်းက အသေးစိတ် ဆက်စုံစမ်းရင်း နာဇီတွေရဲ့ Coded Message တွေ လူမျိုးရေးစစ်ပွဲဖန်တီးဖို့ အကြမ်းဖက်အစီအစဉ်တွေပါ သိလိုက်ရတဲ့အခါ… ဒီကိစ္စတွေက ကိုယ်စားလှယ်လောင်း ဟာရိုနဲ့ ဘယ်လိုပတ်သက်နေလဲ… သူကရော ကိုယ့်ဒူးကိုယ်ချွန် ဒီနေရာထိရောက်လာခဲ့တာ မှန်ရဲ့လား သူတို့အကြံအစည် ထမြောက်မှာလားဆိုတာကို ဆက်လက်ကြည့်ရှုနိုင်ပါပြီ။ လူမည်းတွေ ခေတ်အဆက်ဆက် ကျွန်ပြုခံရ၊ ဖိနှိပ်ခံရတာတွေ တန်းတူအခွင့်အရေးမရတာ‌တွေ၊ အမေရိကရဲ့ ရွေးကောက်ပွဲကမ်ပိန်းတွေ နိုင်ငံရေးလှည့်ကွက်တွေပါ Talk Show သဘောမျိုးထည့်သွင်း ရိုက်ကူးထားတာမို့ ဗဟုသုတရစေမှာ အမှန်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 885MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 2H 2Min Genre – Drama, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2022
88
Bhoothnath
6.4

Boothnath(2008) IMDb – 6.4/10 ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဟောလီးဝုဒ်ရဲ့နာမည်ကျော်တွေဖြစ်တဲ့ အမီတာဘဂျမ်း၊ရှာရွတ်ခန်းနဲ့ဂျုဟီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့Boothnathဆိုတဲ့ ဟာသသရဲကားပဲဖြစ်ပါတယ် အိမ်ကြီးတစ်အိမ်ကိုပြောင်းလာကြတဲ့ အာဒိတျတို့မိသားစုမှာ အာဒိတျဟာအလုပ်ကိစ္စကြောင့်ခရီးထွက်သွားချိန်မှာတော့ ထိုအိမ်မှာဇနီးဖြစ်သူအန်ဂျလီနဲ့သားဖြစ်သူဘန်ကူးတို့သာ ကျန်ခဲ့ပါတော့တယ် တစ်ညမှာတော့ဘန်ကူးဟာ ရေခဲမုန့်ဆင်းစားရင်း သရဲဖြစ်သူနာသ်နဲ့ စတင်တွေ့ဆုံချိန်မှ‌တော့ သရဲနဲ့ကလေး သူတို့နှစ်ယောက်ဘယ်လိုတွေဆက်ဖြစ်ကြမလဲ နာသ်ဆိုတဲ့သရဲရဲ့နောက်ကွယ်မှာရော ဘယ်လိုဇာတ်လမ်းတွေရှိခဲ့မလဲဆိုတာ ဟာသဇာတ်နှောကာခံစားချက်အပြည့်နဲ့ ကြည့်ရှု့ကြရမှာဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Khin Khinဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Comedy • Drama • Romance
6.4 2008
Bhoothnath
Moscow Mission
6.3

1993ခုနှစ်မှာဖြစ်ခဲ့တဲ့ ပေကျင်းမှမော့စကိုပြေးဆွဲနေတဲ့ နိုင်ငံတကာအမြန်ရထားကိုဓားပြတိုက်မှု ဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အရှေ့တိုင်းနဲ့အနောက်တိုင်းစစ်အေးခေတ်ကာလမှာ ရုရှားနိုင်ငံရဲ့စီးပွားရေးဟာ အရမ်းကိုကြပ်တည်းခဲ့ပါတယ်။ တရုတ်ပေါက်ဖော်ကုန်သည်တွေက စီးပွားရေးလုပ်ဖို့ငွေသားတွေအများကြီးကိုသယ်ပြီး မော့စကိုကိုရထားနဲ့သွာားတတ်ကြတယ်။ စီးကရက်၊ ရေမွှေး၊ အစားအသောက်စတဲ့ ကုန်ပစ္စည်းတွေကို သယ်ပြီးတော့လည်း သွားပြီးရောင်းချကြပါတယ်။ လုယက်သမားတွေရဲ့အမြင်မှာတော့ ဒီရထားကြီးက တကယ်ကိုပွပေါက် ငွေရထားကြီးဖြစ်နေတာပေါ့…… အဲဒီလိုနဲ့ရထားတစ်တွဲလုံးကိုဓားပြတိုက်မှုဖြစ်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲတပ်ဖွဲ့ကနေပြီး တရားခံကိုမော့စကိုကနေဖမ်းပြီးခေါ်လာဖို့ အထူးစုံစမ်းရေးတစ်ဖွဲ့ကိုဖွဲ့စည်းပြီးလွှတ်လိုက်ပါတယ်။ တရုတ်ရဲတပ်ဖွဲ့နဲ့ ရုရှားရဲတပ်ဖွဲ့တို့ မသမာလောဘသားတွေကို ကြိုးစားပြီးဖမ်းဆီးတဲ့အကြောင်းရိုက်ကူးထားတာပဲဖြစ်ပါတယ် ဟောင်ကောင်မင်းသားကြီး Andy Lau ကဝရမ်းပြေး မှောင်ခိုသမား မော့စကိုမှာဘာမဆိုရအောင်လုပ်ပေးနိုင်တယ်ဆိုပြီး မော့စကို တရုတ်အသိုင်းအဝိုင်းကြားကနာမည်ကျော်တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပါတယ်။ Andy Lau အပြင် တခြားဝါရင့်သရုပ်ဆောင်တွေပါဝင်အားဖြည့်ထားပြီးတော့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ အရည်အသွေးမီအောင် ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားဖြစ်တာမလို့ အက်ရှင်ကားပရိသတ်တွေ ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။

6.3 2023
Moscow Mission
Sesham Mike-il Fathima
7

Sesham Mike-il Fathima (2023) ဘောပွဲကြေငြာသူ ဖာသီမာ imdB (8.6/10) ပရိသတ်ကြီးကို ယခုတင်ဆက်ပေးမှာကတော့ မာလာရာလမ်စကားပြော ဒါရိုက်တာ မာနူစီကူးမားရဲ့ ပွဲဦးထွက်လက်ရာပေးပဲ ဖြစ်ပါတယ်….. ပွဲဦးထွက်မှာပဲ သူမတူတဲ့ဇာတ်လမ်းမျိုးကို ရဲရဲဝံ့ဝံ့ရိုက်ကူးပြထားပြီး rating တွေကလဲ လန်ပြန်နေတာကို တွေ့ရမှာပါ… တွေ့တဲ့အတိုင်းပဲ အမျိုးသမီးဇာတ်ကောင် ဦးစားပေးဖြစ်ပြီး မွတ်ဆလင်အမျိုးသမီးတစ်ယောက်ရဲ့ သူမတူပဲ ဘောလုံးပွဲကြေငြာတင်ဆက်သူအဖြစ် ရုန်းကန်တဲ့ပုံစံလေးကို comedy drama ပုံစံလေးနဲ့ တင်ဆက်ပေးထားတာပါ… ဖာသီမာက ငယ်ငယ်လေးထဲက စကားအရမ်းများပါတယ် ဘယ်လောက်များလဲဆို သူ့အမေဗိုက်ထဲကထွက်ပြီး အူဝဲလို့စအော်ထဲက ပြောလိုက်တဲ့စကား ခုထိကိုမရပ်သေးဘူးလို့ ပြောယူရပါတယ် လေအိုးလေးဖာသီမာရဲ့အကိုကတော့ ဘောလုံးသမားတစ်ယောက်ပါ ဖာသီမာလဲ အကိုနဲ့ပေါင်းရင်း ဘောပွဲကြည့်ရုံတင်မက ဘေးကနေ ဘာဖြစ်တယ်ညာဖြစ်တယ် ဂိုးတယ်ခင်ဗျာတွေလဲ ထထအော်တတ်နေပါတော့တယ် အဲ့လိုနဲ့ပဲ သူ့အကိုတို့ဘောလုံးပွဲတစ်ခုမှာ ပွဲကြေငြာသူမရှိလို့ ဖာသီမာတစ်ယောက် စမ်းပြီးပွဲတင်ဆက်သူလုပ်လိုက်ရာကနေစပြီး…. အမျိုးသမီးပွဲတင်ဆက်သူတစ်ယောက်အတွက် သော့ပိတ်ထားတဲ့တံခါးတွေအများကြီးပါ အဲ့တံခါးတွေကို ရဲရဲဝံ့ဝံ့တံခါးခေါက်လိုက်ပါတဲ့…. အဲ့လိုပါပဲ ကမ္ဘာပေါ်ကအိမ်မက်ပေါင်းစုံနဲ့အမျိုးသမီးများ ကိုယ့်ရှေ့ကပိတ်ထားတဲ့ တံခါးတွေကို ရဲရဲဝံ့ဝံ့ခေါက်နိုင်ဖို့အတွက်… ခေါက်မဲ့သူတွေရော ကူခေါက်ပေးမဲ့သူတို့ကောင်လေးတွေရော ကြည့်နိုင်ဖို့ CM ကနေ မိုတီအပြည့်နဲ့တင်ဆက်ပေးလိုက်ပါတယ် အညွှန်းကိုတော့ ဆရာစိုင်းမှ ရေးသားပေးထားပြီး ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Comedy • Family
7 2023 136 mins
Sesham Mike-il Fathima
Everything Puppies
6

ပြီးခဲ့တဲ့မေလ ၁၈ ရက်ကထွက်ရှိထားတဲ့ Everything Puppies ရုပ်ရှင်ဟာ Drama အမျိုးအစားဖြစ်ပြီး ချစ်စရာ ခွေးပေါက်လေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ တစ်စိုက်မတ်မတ်လုပ်ဆောင်တတ်တဲ့ စွန့်ဦးတီထွင်သူ တစ်ဦးဖြစ်တဲ့စကားလတ်ဟာ ခွေးတွေကိုချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ ခွေးအရုပ်တွေ၊ ခွေးအစာတွေအစရှိ သဖြင့် ခွေးတွေနဲ့ပတ်သက်တဲ့အရာအားလုံးကို တီထွင် ဖန်တီးလေ့ရှိပါတယ်။ တစ်ရက်မှာတော့ စကားလတ်ဖန်တီးလိုက်တဲ့ ခွေးစာမုန့်တစ်မျိုးကို ခွေးတွေကအရမ်းကြိုက်လွန်း တာကြောင့် ဆိုင်တွေမှာတင်သွင်းရောင်းချဖို့ဆုံးဖြတ် လိုက်ပါတယ်။ ဒါပေမဲ့ ကုန်ပစ္စည်းအသစ်ကို ဆိုင်တွေက လက်မခံရဲကြတာကြောင့် စကားလတ်တစ်ယောက် အခက်တွေ့နေစဉ်မှာပဲ ခွေးပစ္စည်းအရောင်းဆိုင်တစ်ခုရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့အဲလက်စ်နဲ့တွေ့ဆုံခဲ့ပါတယ်။ အဲလက်စ်က စကားလတ်ရဲ့ကုန်ပစ္စည်းသစ်ကို အခွင့် အရေးပေးခဲ့သလို တစ်ဖက်မှာလည်း စကားလတ်ကို ချစ်မိသွားခဲ့ပါတယ်။ စကားလတ်ရဲ့တည်ထောင်ခါစ လုပ်ငန်းငယ်လေးကို အဲလက်စ်က အများကြီးကူညီ ပေးခဲ့ပေမယ့် နာမည်ကျော်ခွေးစာမုန့်တံဆိပ်တစ်ခုက လိုက်လံနှောင့်ယှက်မှုတွေကြောင့် စကားလတ်ရဲ့လုပ်ငန်းမှာ ထိခိုက်နစ်နာမှုတွေရှိလာသလို အဲလက်စ်အပေါ်မှာလည်း အထင်လွဲမှားမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ စကားလတ်ရဲ့ တီထွင်ဖန်တီးမှုတွေက အောင်မြင်သွားမှာလား။ အဲလက်စ်နဲ့ရောပြန်အဆင်ပြေသွားမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.57GB / 785MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6 2024 83 mins
Everything Puppies
Aap Jaisa Koi
6.3

Aap Jaisa Koi (2025) “အသက်လေးဆယ် ရင်ခုန်သံ” 3 Idiots ထဲက မသိသူမရှိတဲ့ မင်းသားကြီး R. Madhavan ပါဝင်ထားတဲ့ romantic/ comedy နက်ဖလစ်ရုပ်ရှင်အသစ်လေးကို တင်ဆက်လိုက်ပါတယ် ဇာတ်လမ်းအကျဉ်းအနည်းငယ်ပြောရရင်တော့ ရှရီးဟာ လူပျိုစစ်စစ်ကြီးတစ်ယောက်ပါ ငယ်ငယ်က မိန်းကလေးတစ်ယောက် ငြင်းတာခံရလိုက်ရတဲ့အပြင် ကျိန်စာပါတိုက်ခံလိုက်ရတာကြောင့်လားမသိ ၄၂ နှစ်အရွယ်ထိကို လူပျိုရည်မပျက်နိုင်ဘဲရှိပါတယ် အလုပ်အကိုင်ကလည်း ကျောင်းဆရာ၊ ဆရာကိုမှ သက္ကတဘာသာစကားကို သင်တဲ့ဆရာဖြစ်နေတော့ ဘယ်မိန်းကလေးမှ သူ့ကို စိတ်မဝင်စားကြဘူးပေါ့ တစ်ရက်တော့ သူနဲ့ စရိုက်လက္ခဏာချင်း လုံးဝဆန့်ကျင်ဘက်ဖြစ်နေသူ မိန်းကလေးတစ်ယောက်ကို တွယ်ငြိမိမှပဲ သူတိုစုံတွဲဟာဆိုရင် လူ့အဖွဲအစည်းရဲ့ သတ်မှတ်ချက်တွေ၊ ကန့်ကွက်မှုတွေကို ဘယ်လိုကျော်လွှားလို အချစ်ရေးအဆင်ပြေအောင် ကြိုးစားကြမလဲဆိုတာ ပရိသတ်တိုပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Comedy • Drama • Romance
6.3 2025 115 mins
Aap Jaisa Koi
Biography of the Mutants 2
5.9

စူပါပါဝါတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် Biography of the Mutants ရုပ်ရှင်တွဲ(၆)ကားထဲက ပထမဆုံးကားဖြစ်တဲ့ The Heart of Pangu ကိုတင်ဆက်ပေးလိုက်ပါတယ်။ လျန်ရှဆိုတဲ့အစွမ်းရှင်အဖွဲ့အစည်းတစ်ခုဟာ အစွမ်းရှင်နိုင်ငံတစ်ခုကိုတည်ထောင်ဖို့ကြံစည်နေကြပါတယ်။ လျန်ရှခေါင်းဆောင်ကျားလုံလော်လောကကြီးကိုအုပ်စိုးနိုင်လောက်တဲ့ အစွမ်းရဖို့အတွက် ဒဏ္ဍာရီထဲကဖန်ဂူနှလုံးကိုရှာဖွေနေပါတယ်။ ထျန်းကျူးယန့်၊ လျဲ့ နဲ့ ယန်လျိုရှားတို့ဟာအစွမ်းရှင်ကြေးစားမုဆိုးတွေဖြစ်ကြတယ်။ တစ်ခါမှာတော့ အလုပ်တာဝန်ထမ်းဆောင်ရင်း မထင်မှတ်ပဲ ကျန်းလျိုအာဆိုတဲ့ ကိုရင်လေးတစ်ပါးကိုကောက်ရခဲ့ပါတယ်။ သူတို့(၃)ယောက်ဟာ ကိုရင်လေးကို သူတို့ရဲ့အလုပ်ရှင်ဟုန်ရှောင်းစံအိမ်သခင်ဆီ ပြန်ခေါ်လာခဲ့ရာ မထင်ထားတာက ဒီကိုရင်လေးကိုယ်ထဲမှာ ဖန်ဂူနှလုံးရှိနေတယ်ဆိုတာပါပဲ။ စံအိမ်သခင်က သူတို့(၃)ယောက်ကို မက်လောက်တဲ့ဆုကြေးတွေနဲ့ ကိုရင်လေးကိုယ်ထဲကဖန်ဂူနှလုံးကိုထုတ်ဖို့ ရှာဖွေတဲ့ခရီးကိုစလိုက်ကြပါတယ်။ ဖန်ဂူနှလုံးဟာအစွမ်းအရမ်းကြီးတဲ့အတွက် မထိန်းချုပ်နိုင်ရင် ကိုရင်လေးသေသွားနိုင်ပြီးတော့ ကိုရင်လေးသေသွားရင်လဲ ဖန်ဂူနှလုံးဆိုတဲ့စွမ်းအားရတနာကြီးကပျောက်ဆုံးသွားမှာဖြစ်တဲ့အတွက် ဒီခက်ခဲတဲ့တာဝန်ကိုသူတို့ဟာဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲဆိုတာ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်.

Fantasy
5.9 2017
Biography of the Mutants 2