YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Cinderella.1977.720p(DS).mp4

918.29 MB N/A video/mp4 6943 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hit the Road
7

~ IMDb - 7.3/10, Rotten Tomatoes - 95% ~ IMDb 7.3/10 ရထားတယ်၊ Rotten Tomatoes က 95 % ရထားတယ်၊ BFI London နဲ့ Singapore International ဆုတွေ ရထားတယ်ဗျာ... ၉၃ မိနစ်ကြာ ဇာတ်လမ်းတစ်ပုဒ်ကို လူဇာတ်ကောင် လေးယောက် တိဇာတ်ကောင် တစ်ကောင်တည်းနဲ့ စိတ်ဝင်စားဖွယ်ရိုက်ပြထားတယ်... ဒီဇာတ်လမ်းက ခင်ဗျားတို့ကို ကြည်နူးရင်ခုန်စရာတွေတော့ ပေးနေမှာ မဟုတ်ဘူးဗျ။ မရေရာမှုတွေပြည့်နေတဲ့ ဒီဇာတ်လမ်းရဲ့ ပထမဆုံးသော ဒိုင်ယာလော့ကိုက... " ဘယ်ရောက်ပြီလဲ " တဲ့။ အဖေ အမေ သားနှစ်ယောက် ခွေးတစ်ကောင် အငှားကားတစ်စီးနဲ့ ထွက်လာတဲ့ ဒီခရီးဟာ ပျော်ပွဲစားခရီးတော့ ဟုတ်မနေခဲ့ပါ။ နိုင်ငံရဲ့ မတည်ငြိမ်မှုတွေကြောင့် လမ်းဆုံးရောက်သွားတဲ့ မိသားစုတစ်စုရဲ့ နောက်ဆုံးအနေနဲ့ အရာရာပုံအောပြီး သားအကြီးဖြစ်သူကို တိုင်းတစ်ပါးကို မှောင်ခိုလွှတ်ဖို့ နယ်စပ်ကို ထွက်လာခဲ့ကြခြင်းပါ။ တရားမဝင်တဲ့ အလုပ်ဖြစ်လို့ လမ်းခရီးမှာ စိုးရိမ်ပူပန်ရတဲ့အပြင် သားအငယ်က တစ်ပူပူ ခွေးက တစ်ဆူဆူနဲ့ ဒုက္ခတွေကြားမှာ အားတင်းရင်း ပန်းတိုင်ရောက်ဖို့ ကြိုးစားနေရှာရတဲ့ မိသားစုတစ်စုကို ခင်ဗျားတို့မြင်ရပါလိမ့်မယ်... တီးမိခေါက်မိသလောက်တော့ ဒီဇာတ်လမ်းက အီရန်နိုင်ငံရဲ့ ခေတ်အခြေအနေတစ်ခုကို ဒါရိုက်တာက မီးမောင်းထိုးပြချင်လို့ ရိုက်ပြထားတာပါ... ဇာတ်အေးအေးနဲ့ ဒီလောက် Rating တွေ ရထားတာပဲ ကြည့်ပေါ့။ ဒီတော့ ခေတ်ရဲ့ရိုက်ခတ်မှုနောက်ကွယ်က ဒုက္ခသားတွေရဲ့ အဖြစ်ကို ရိုက်ပြထားတဲ့ ဒီကားကြည့်ရင်း ခင်ဗျားတို့အတွက်လည်း တစ်ခုခုတော့ အတွေးမရတောင် ကိုယ့်နိုင်ငံအတွက် သံဝေဂရစေချင်လို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Act Molemy မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 810MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 33Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Act Molemy Encoded by Y

Comedy • Crime • Drama • Thriller
7 2021 94 mins
Hit the Road
Centauro
6.3

Centauro ဆိုတာ စပိန်လို မနုဿမြင်းကို ခေါ်တာပါ။ ရှင်းရှင်း‌ပြောရရင် လူတစ်ပိုင်းမြင်းတစ်ပိုင်း သတ္တဝါပေါ့။ မနုဿမြင်းတွေက နာမည်ကြီးတယ်ဗျ။ ရဲစွမ်းသတ္တိနဲ့ပြည့်ဝတယ်။ သန်မာတယ်။ အထူးခြားဆုံးကတော့ သေအောင် အပြေးမြန်တာပါပဲ။ မနုဿမြင်းလို လူငယ်လေးတစ်ယောက်ရှိသတဲ့။ သူကတော့ မြင်းခွာတွေအစား ပြိုင်ဘီးတွေရှိတဲ့ ဆိုင်ကယ်သမားတစ်ယောက်ပေါ့။ မွေးကတည်းက ဆိုင်ကယ်ပြိုင်တဲ့နေရာမှာ ပါရမီပါလာတဲ့ လူငယ်လေးမလို တော်တော်များများက တန်းမျက်မှန်းတန်းမိကြတယ်။ ဒီ‌ကောင်လေးတစ်ယောက် ချစ်နေဆဲဖြစ်တဲ့ ဇနီးဟောင်းနဲ့ သားလေး ဒုက္ခရောက်တဲ့အခါမှာတော့ သူကိုယ်တိုင် ဝင်ကယ်ဖိုဖြစ်လာပါတော့တယ်။ မူးယစ်ဂိုဏ်းနဲ့မှ သွားပတ်သက်မိတဲ့ကောင်မလေးရဲ့ အရှုပ်ကို ပြိုင်ဘီးတစ်စီးနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဆိုင်ကယ်‌မောင်းတဲ့အကွက်တွေနဲ့ ဝှီးဝှီးဆိုပြီး ကြည့်ရမှာပါ။ 2016 ခုနှစ်က ထွက်ရှိထားတဲ့ Burn Out ဆိုတဲ့ဇာတ်လမ်းကို Remake ပြန်ရိုက်ထားတဲ့ Centauro ဆိုတဲ့ စပိန်ကားလေးကို ကြည့်ရှုခံစားကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။) File Size : 1.5GB, 654MB, 338MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 32mins Genre : Action, Adventure, Crime Translated by Chevy Encoded by Kinnov

Action • Crime • Drama • Thriller
6.3 2022 89 mins
Centauro
Shazam!
7

ဒီဟီးရိုးကတော့ မှော်အစွမ်းကို အခြေခံထားတာပါပဲ။ Shazam လို့အော်လိုက်ရင် 14 နှစ်သားကောင်လေးအဖြစ်ငးကနေ လူကြီးအရွယ် စူပါဟီးရိုးအဖြစ် ပြောင်းလဲသွားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မှော်ဆရာအဖွဲ့ကြီးတစ်ခုရဲ့ နောက်ဆုံးကျန်တဲ့ မှော်ဆရာဟာ ကမ္ဘာကြီးကို နတ်ဆိုး ၇ ပါးရန်ကနေ ကာကွယ်ထားရပါတယ်။ သူ့ရဲ့အစွမ်းတွေ အားနည်းလာချိန်မှာတော့ သူ့နေရာကိုဆက်ခံဖို့ စိတ်ထားကောင်းမွန်တဲ့ လူတစ်ယောက်ကို ရှာဖွေရပါတော့ တယ်။ဒီဟီးရိုးကတော့ Justice League သာ ဆက်ထွက်ခဲ့ရင် ပါလာနိုင်တာမို့ သူ့ရဲ့ မူလဇစ်မြစ်ကို ဒီကားမှာ သေချာတွေ့ရမှာပါ။ (Littleneo ဘာသာပြန်သည်) File Size : (2.50 GB) , (1.20 GB) and (600 MB) Quality : Blu-Ray (1080p 5.1,720p,480p) Running Time : 2hr 12min Format : Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.Bluray.Atmos.TrueHD.7.1.x264-EVO Translated by Littleneo Encoded by THZ

Drama • TV Movie
7 2019 132 mins
Shazam!
Hard Shell, Soft Shell (Fragile)
6.3

Hard Shell, Soft Shell (Fragile) (2021) =========================== IMDb Rating – 6.3/10 Az က ကမာကောင်မွေးမြူရေးမှာ အလုပ်လုပ်နေတဲ့ ကောင် လေးတစ်ယောက်။ သူက ကမာကောင်အကြောင်း နားလည်ပြီး ကမာကောင်အခွံခွာတာလည်း အရမ်းကျွမ်းကျင်တယ်။ တစ်နေ့ တော့ သူ့ချစ်သူ ကောင်မလေး Jessကို ကမာကောင်ထဲမှာ လက် စွပ်ထည့်ပြီး လက်ထပ်ခွင့်တောင်းတော့တာပေါ့။ ဒါပေမဲ့ ထင် သလိုမဖြစ်ဘဲ ဆော်ပစ်ခံလိုက်ရပါတယ်။ အဲ့အခါ အသည်းကွဲသွားတဲ့ Azကို သူ့သူငယ်ချင်းတွေက ပျော် အောင်ကြိုးစားပေးမယ်ဆိုပြီး ဝင်နှောင့်ယှက်တော့တာပဲ။ ဒီဇာတ်လမ်းက ဆော်ပစ်ခံလိုက်ရတဲ့ Azတစ်ယောက် ​ကွဲနေတဲ့ ဒဏ်ရာကို ပြန်ကျက်ဖို့ကြိုးစားရင်း နောက်ထပ်အချစ်ကို တွေ့ မလား သူ့ကိုပစ်သွားတဲ့ Exကိုပြန်တွဲပြီး နွားဖြစ်ခံမလားဆိုတာကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်….။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.74 GB) / (700 MB) / (400 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 39Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Thwal Htoo Zin Encoder……….SWM

Romance • Comedy • Drama
6.3 2021
Hard Shell, Soft Shell (Fragile)
Blue Valentine
7.3

Blue Valentine (2010) ~ IMDb – 7.3/10, RT – 86%, Meta – 81% ~ မပြေလည်ခြင်းများဟာ အနီရောင်နေ့ရက်တစ်ချို့ရဲ့အတွင်းသားထဲ စီးဆင်းသွားတဲ့နောက် ခရမ်းရောင်တစ်ခုက အရောင်ဗေဒတွေအတိုင်း ငါ့သွေးကြောထဲလှည့်ပတ်နေခဲ့ရင်း အခုဆိုဘယ်နှရာသီ။ ဘဝဟာ ချောကလက်ဘူးတစ်ဘူးနဲ့ သဏ္ဍာန်တူကြောင်း ရုပ်ရှင်ထဲက ခပ်အအ,ကာရိုက်တစ်ကောင်ပြောဖူးတာ ကြားဖူးမှာပါ။ ကိုကိုး၈၀ရာခိုင်နှုန်း ကိုကိုး၉၀ရာခိုင်နှုန်း ကိုကိုး၉၉ရာခိုင်နှုန်း။ များများစားစား မျှော်လင့်စရာဟာ အခါးဓာတ်နဲ့ အသားကျသွားဖို့ပေါ့။ အောင်မြင်တဲ့အချစ်ကို ဘဝတစ်ကွေ့မှာ ငါတို့ပက်ပင်းတွေ့ဖူးကြမှာပဲ။ ကမ္ဘာအဆက်ဆက်က ဖူးစာလို့ ထင်ကောင်းထင်ခဲ့ကြဖူးလိမ့်မယ်။ “ကြည်ဖြူနိုင်သူ နှစ်ဦး”လည်း ဖြစ်ခဲ့ကြဖူးတယ်။ မင်းအရိပ်မှာငါခို ငါ့သီချင်းမှာကခဲ့ဖူးတဲ့ ဆံပင်တွေလည်းမရှည်သေးဘူး။ ချိုသော နွေးသော မဖြောင့်တန်းသော လေမသွေးလက်များ ကံတော်မကုန်ခင်အထိတော့ တံလျှပ်တို့က အစစ်ပဲ အချစ်ရယ်။ နေဝင်သွားတဲ့ တံတားကြီးရဲ့ဟိုးတစ်ဘက်က ညနေဟာ ငါသိတဲ့ကဗျာတစ်ပုဒ်ကို လှိုက်စားသွားဖူးတယ်။ ဒါဟာ ရွှေရင်ပြုံးတုံ့အခါလည်ပေါ့။ မျက်ရည်တွေတောင်မှ ခမ်းနားလို့ ဟိုးတုန်းကတော့ အဲဒီနေ့တို့က ကောင်းကင်ပြာခြင်းတို့ရဲ့အပြာ။ အနောက်ဘက်တစ်ခြမ်းမှာတော့ ကျရှုံးခန်းတွေ ကျောက်စာထူထားတဲ့ စစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်နေခဲ့တယ်။ ငါတို့သိတဲ့အချစ်များပြန်ရှာရင်း ငါတို့မသိတဲ့ငါတို့ကို ငါတို့ပြန်တွေ့ရှိခဲ့ရ။ ဟိုအရင်ကလိုပဲ ချက်ကော့ရဲ့သေနတ်ဟာ ချစ်သူတို့ရဲ့နေ့ရက်တိုင်းကို ချိန်ရွယ်ထားတုန်းပဲ။ ချက်ကော့ရဲ့သေနတ်ဟာ ချက်ကော့ရဲ့သေနတ်ဖြစ်နေလို့ပဲ ငါတို့တည့်တည့်ကြီးမှန်လို့ ငါတို့ကလည်စင်းခံ။ အမှတ်မထင် ကျည်ဆန်တွေရဲ့ ထိပ်ဖူးကို ငါတွေ့လိုက်ရတဲ့နေ့က အဲဒီကျည်ဟာ ခရမ်းရောင်ပကတိ။ “ပုံစံသဏ္ဍာန်ကွဲ အဖြစ်အပျက်နှစ်ရပ်တို့ ထပ်တူကျဖို့လည်း သီအိုရမ်တွေ အခုထိထွက်မလာသေး”။ ဒီလိုနဲ့ နေမလောင်ထားတဲ့ အရစ်ကြောင်းကို ငါမြင်နေခဲ့ရတယ်။ သီချင်းဟာ ဒီမှာရှုံးသွားတယ်။ ကပွဲဟာ ဒီမှာဆုံးသွားတယ်။ အောင်မြင်တဲ့အချစ်ဟာလည်း တစ်ကွေ့ကွေ့တော့ ရှုံးရမှာပါပဲ။ အားလုံးဟက်တက်ကွဲဖူးကြလိမ့်မယ်။ ကံကြမ္မာဟာ ငါတို့မြင်ချင်တဲ့ကမ္ဘာကြီးကို ပြလို့ ငါတို့မမြင်ချင်တဲ့ကမ္ဘာကြီးကို ပေးလိမ့်ဦးမယ်။ The Holdovers နဲ့ Election တို့ရဲ့ ဒါရိုက်တာ အလက်ဇန္ဒားပိုင်းန်ကို သူ့ရုပ်ရှင်တွေမှာ ဘာလို့ အကျအရှုံးတွေ ဒီလောက်များနေတာလဲလို့ မေးတော့ သူဖြေတာက ဘဝမှာ ဒီပြင်ဘာများရှိသေးလို့လဲတဲ့။ Blue Valentine ဟာ အောင်မြင်ခဲ့တဲ့အချစ်တစ်ခုရဲ့ ကျရှုံးခန်းအကြောင်းပါပဲ။ ဘယ်စစ်ဘုရင်ရဲ့ ကျရှုံးခန်းကမှတော့ ဒီကျရှုံးခန်းထက် ကြီးကျယ်ခမ်းနားမယ်မထင်ဘူး။ ကျွန်တော်တို့သိသမျှမှာ ဘယ်အချစ်ကရော မခမ်းနားဖူးလို့လဲ။ ” “– ဘဝဆက်တိုင်းအတူ – ကိုမောင်မောင် ” “– တစ်ပင်တည်း ရင်ထဲကနွယ် – ဖိုးချို (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.9GB, 1.25GB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 52Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.3 2010
Blue Valentine
The Tiger King Returns
5.8

အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တရုတ်နိုင်ငံရဲ့ စစ်ရေးရှုပ်ထွေးလှတဲ့ ခေတ်မှာ ဖြစ်ပါတယ်။ ကျားဖြူကို တောင်နတ်အဖြစ် ကိုးကွယ်တဲ့ ပိုင်ထိုရွာမှာ ကံကောင်းခြင်းချီးမြှင့်ဖို့ ဆုတောင်းတဲ့ပွဲမှာ ကျားဖြူတစ်ကောင် ရုတ်တရက်ရောက်လာပြီး ရွာသူရွာသားတွေကို တိုက်ခိုက်ပါတော့တယ်။ အဲ့ဒါကြောင့် ရွာသူရွာသားတွေဟာ ပိုင်ထိုရွာက အတော်ဆုံး မုဆိုးဖြစ်သူ ချူကျန်းကို ကျားဖြူကို ဖမ်းဆီးသတ်ဖြတ်ဖို့ တောင်းဆိုကြပါတယ်။ ချူကျန်းတစ်ယောက် ကျားဖြူကို ဖမ်းဆီးနိုင်ပါ့မလား…… ကျားဖြူကြီးက ရွာသားတွေကို လိုက်လံသတ်ဖြတ်နေခြင်းရဲ့ နောက်ကွယ်မှာရော ဘယ်လို အကြောင်းရင်းမျိုးတွေရှိနေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ သဲထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
The Tiger King Returns
How to Survive Your Love

ဒီတစ်ခါမှာတော့ ကြည့်ရှုသူ ပရိတ်သတ်ကြီးကို ရိုမန့်စ်ကား ကောင်းကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်ကားနာမည်က Jak Prezit Sveho Muze( How to Survive Your Love) ဖြစ်ပြီး ဒီဇာတ်ကားကို ဒါရိုက်တာ Rudolf Merkner ရိုက်ကူးပုံဖော်ထားပါတယ်.. ဒီဇာတ်ကားမှာ မင်းသား Tomas Mechacek , Merek Nemec , Jana Bernaskova တို့ကအဓိကပါဝင်သရုပ် ဆောင်ထားပါတယ် ဒီဇာတ်လမ်းမှာ လူစီဆိုတဲ့ သရုပ်ဆောင် မင်းသမီး Single Mom တစ်ယောက်ဘဝကို ရုန်းကန်လှုပ်ရှားရင်း အချစ်စစ်ကို ရှာပုံတော်ဖွင့်တဲ့ အကြောင်းကို ရိုက်ကူးထားပါတယ်. ဇာတ်လမ်းအစမှာ ကလေးကတစ်ဖက်နဲ့လူစီတစ်ယောက် သရုပ်ဆောင် အဖြစ် အရွေးချယ်ခံရဖို့ ကြိုးပန်းနေရပုံကို တွေ့မြင်ရမှာဖြစ်ပါတယ် အဲ့လိုကြိုးစားနေတဲ့အချိန်မှာ နောက်မိန်းမနဲ့ ပျော်ပါးနေတဲ့ သူ့ရဲ့ယောကျ်ားဖြစ်တဲ့ ဒါရိုက်တာတွမ်မီ တစ်ဖန် သီးသန့်ပါတီပွဲလေးမှာတွေ့ခဲ့တဲ့ ဂျကူးဆိုတဲ့ ယောကျ်ားတစ်ယောက် နဲ့ နယ်ပယ်တူထဲက ဒါရိုက်တာလေးတစ်ယောက်ဖြစ်တဲ့ ကာရင်န် စတဲ့ အမျိုးသားသုံးယောက်နဲ့ တွေ့ဆုံခဲ့ပါတယ် ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတာကို ဗျာများနေရပါတယ် နောက်ဆုံးမှာ လူစီတစ်ယောက် ကလေးအဖေဖြစ်တဲ့ တွမ်မီဆိုတဲ့ ဒါရိုက်တာကိုပဲရွေးချယ်လိုက်မလား ဒါမှမဟုတ် ဂျကူးဆိုတဲ့အမျိုးသားလေးကို ရွေးချယ် လိုက်မှာလား ဒါမှမဟုတ် ကာရင်န်ဆိုတဲ့ ဒါရိုက်တာလေးကိုပဲ ရွေးချယ်လိုက်မလား အဆုံးသတ်မှာ ဘယ်သူကလူစီရဲ့ အချစ်ကိုရရှိသွားမလဲ.. ဒါ့အပြင် လူစီကရော နောက်ဆုံးမှာ သရုပ်ဆောင် မင်းသမီးတစ်ယောက်အဖြစ် ရွေးချယ်ခံရပါမလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါစီးမျောကြည့်ရှုခံစားလိုက်ပါဦး ဒီဇာတ်ကားက Romance& Comedy အမျိုးအစားကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ လက်မလွတ်စတမ်း ကြည့်ရှုသင့်တဲ့ ဘဝအမောတွေကိုပြေစေမယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်…. File size…1.38GB / 695 MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

0 2023
How to Survive Your Love
Acne
5.2

Acne 2008 ဒီဇာတ်လမ်းလေးကတော့ Rafael Bregman လို့ခေါ်တဲ့ လူပျိုဖော်ဝင်စ ကောင်လေးအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ Rafael ဟာ သူ့ရဲ့ လူငယ်ဘဝမှာစိတ်မလုံခြုံစရာတွေ ပြောင်းလဲမှုတွေ နဲ့အခက်အခဲတွေ ကြုံရပါတော့တယ်။ ဇာတ်လမ်းနာမည်အတိုင်း ဝက်ခြံကတော့ အဆိုးဆုံးပေါ့။လူပျိုဖော်ဝင်ကာစ ကောင်လေးဆိုတဲ့အတိုင်း Rafael ဟာ ပထမဆုံးအနမ်းရဖို့ မဆုတ်မနစ်ကြိုးစားပါတော့တယ်။Rafael ရဲ့ လူတောတိုးနိုင်အောင်ကြိုးစားတာတွေ မိဘတွေရဲ့ အဆင်မပြေမှုတွေကြား နေရတာတွေ ဆန့်ကျင်ဖက်လိင်ကို မတရားစိတ်ဝင်စားတာတွေ စတဲ့ လူပျိုဖော်ဝင်ချိန်ဖြစ်နေကျ အကြောင်းတွေကို ဟာသလေးနှောပြီးတော့ တင်ဆက်ထားတာ ဖြစ်လို့ တော်တော်လေး ကြည့်လို့ကောင်းမယ့်ဇာတ်လမ်းလေး ဖြစ်ပါတယ်ခင်ဗျာ။ ရှုစားကြပါ။ File size… 1.4 GB / 670 MB Quality… WEBRip 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Moe Zac

5.2 2008 87 mins
Acne
Willow Creek

1999 နာမည်ကျော် The Blair Witch Project တို့လိုပုံစံ found footage horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာအခြေခံတာကတော့ တစ္ဆေသရဲတွေ စုန်းတွေမဟုတ်ပဲ နှင်းလူဖြစ်ပါတယ်။ နှင်းလူကိုမှ သူ့ကိုတွေ့ရများတယ်ဆိုတဲ့ဒေသတွေ၊ ဒေသခံတွေရဲ့အတွေ့အကြုံတွေ၊ နှင်းလူကျွမ်းကျင်သူတွေကိုပါ ထည့်သွင်းဖန်တီးထားတာဖြစ်ပါတယ်။Blair Witch Project လိုပဲလူနည်းနည်းစရိတ်ကျဉ်းကျဉ်းနဲ့ဖန်တီးထားတာဖြစ်ပေမယ့် ပရိသတ်တွေ ဝေဖန်ရေးဆရာတွေရဲ့အားပေးမှုတွေကြောင့်ပေါက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ နှင်းလူအကြောင်း မှတ်တမ်းတင်ရုပ်ရှင်ရိုက်ချင်တဲ့စုံတွဲတစ်တွဲ နှင်းလူရှိတယ်ဆိုတဲ့တောနက်ကြီးထဲကိုဝင်ရောက်ကြရာကနေ အန္တရာယ်နဲ့ရင်ဆိုင်ရပုံအကြောင်းဖြစ်ပါတယ်။ဒီလိုဇာတ်ကားတွေကြိုက်ရင်ကြည့်ထားသင့်တဲ့ကားပါပဲ။ File size…(1.1 GB) Quality….720p Format…mp4 Duration….01:49:00 Genre… Adventure, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 2013
Willow Creek
The Dancing Hawk
6.7

ဘဝမှာ ဆင်းဆင်းရဲရဲနဲ့မွေးလာတာ အပြစ်မဟုတ်ပေမဲ့ ဆင်းဆင်းရဲရဲနဲ့သေသွားရင်တော့ ကိုယ့်အပြစ်လို့ ပြောကြတာပါပဲ…. ဒီကားလေးထဲမှာတော့ ဆင်းဆင်းရဲရဲ ဒုက္ခပေါင်းများစွာနဲ့ မွေးလာခဲ့ပေမဲ့ ကြိုးစားရုန်းကန်ခဲ့လို့ မြို့ပေါ်က စက်ရုံကြီးတစ်ရုံမှာ ရာထူးမြင့်ပိုင်းရသွားတဲ့သူအကြောင်းရိုက်ပြထားတာပါ…… ရာထူးရသွားပေမဲ့ အဲဒီနေရာကိုရောက်ဖို့ သူဘာတွေရင်နှီးခဲ့ရလဲ ဘာတွေပေးဆပ်လိုက်ရလဲ အဆင့်မြင့်သွားတဲ့ဘဝနဲ့ ထိုက်တန်တဲ့ ပျော်ရွှင်မှုရောရပါ့မလား……သာယာတဲ့ဘဝလေးထက် ချမ်းသာပြီးစိတ်ပူနေရတဲ့ဘဝကပိုကောင်းနိုင်ပါ့မလား စတာတွေကို အေးအေးဆေးဆေးရိုက်ပြထားတာမို့ အေးအေးဆေးဆေးလေးသာ ကြည့်ရှုခံစားလိုက်ကြပါဦးလို့….. File size…(1.6 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:38:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by ….Garfield

6.7 1977
The Dancing Hawk
Inception
8.8

Inception (2010) IMDb Rating (8.8) / Rotten Tomatoes (87%) ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အော်စကာ လေးဆုရ မာစတာပိစ် ရုပ်ရှင်တစ်ခုကို 4K Quality ဘာသာပြန်မှန်မှန်နဲ့ Update တင်ဆက်ပေးလိုက်ပါတယ်။ Leonardo DiCaprio, Joseph Gordon-Levitt, Cillian Murphy, Tom Hardy, Elliot Page, Marion Cotillard, Ken Watanabe , Michael Caine စတဲ့သရုပ်ဆောင်တွေပါဝင်ပြီး မင်းသားတွေကတော့ နိုလန့်လက်စွဲ မင်းသားတွေပါပဲ။ ဇာတ်ကားကတော့ သိပ္ပံစိတ်ကူးယဉ်၊ အက်ရှင်စွန့်စား၊ Psychological Thriller အမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်း…. ရုပ်ရှင်ရဲ့ အခြေခံသဘောတရားကတော့ လူတွေဟာ အခြားလူတွေရဲ့ အိပ်မက်ထဲကို ဝင်ပြီး မသိစိတ်နဲ့သိစိတ်တွေထဲက အတွေးတွေစိတ်ကူးတွေကို ခိုးယူနိုင်ကြပါတယ်။ဒါကို စိတ်ဆွဲထုတ်ခြင်း Deception လို့ခေါ်ကြတယ်။ ဒီနည်းပညာကိုသုံးပြီး ကော်ပိုရိတ်ကြီးတွေ ဩဇာကြီးတဲ့လူတွေက လိုချင်တာကိုရဖို့ အချင်းချင်း တိုက်ခိုက်နေကြတာပါ။ ကော့ဘ် (လီယိုနာဒို) ဟာ အိပ်မက်ထဲကနေ အတွေးခိုးတဲ့လူတွေထဲမှာ အတော်ဆုံးပါပဲ။ ဒါပေမဲ့ သူသွားခိုးရတဲ့ သူဌေးကြီးတွေ ခေါင်းဆောင်ကြီးတွေကလဲ အိပ်မက်သမားတွေအကြောင်းကို သိနေတာမို့ သူတို့ကိုယ်တိုင် မသိစိတ်ကနေ အိပ်မက်ထဲမှာ ကာကွယ်နိုင်အောင် လေ့ကျင့်ထားပါတယ်။ ဒီတော့ ကော့ဘ်တို့ လူတစ်ယောက် အိပ်မက်ထဲကို လွယ်လွယ်ဝင်ပြီး ခိုးချင်တာခိုးလို့ ရနေတာမဟုတ်ပါဘူး။ မသိစိတ်ကနေ ထုတ်ထားတဲ့ ဇာတ်ကောင်တွေ လုံခြုံရေးတွေရဲ့ တိုက်ခိုက်တာကို အိပ်မက်ထဲမှာ ရင်ဆိုင်ရပါတယ်။ ဒါပေမဲ့ ကော့ဘ်ရဲ့အားသာတဲ့အချက်က အိပ်မက်အကြောင်း သိထားတဲ့သူတောင် မျက်စိလည်သွားအောင် အိပ်မက်ထဲက အိပ်မက် ဒါမှမဟုတ် ဒုတိယ အိပ်မက်အလွှာကို ဖန်တီးပြီး ထပ်လှည့်စားတာပါပဲ။ ဒါပေမဲ့ သူ့ရဲ့အားနည်းချက်ကတော့ သူ့ဇနီးကိုသတ်မှုနဲ့ အမေရိကန်ကို ပြန်ခွင့်မရှိသလို သူ့ရဲ့ သားနဲ့သမီးကိုလည်း တွေ့ခွင့်မရှိပါဘူး။ တစ်နေ့မှာတော့ လုပ်ငန်းရှင်ကြီးတစ်ယောက်က သူ့ကို အမေရိကန် ပြန်ခွင့်ရအောင်လုပ်ပေးမယ် မိသားစုနဲ့ပြန်ဆုံအောင်လုပ်ပေးမယ် ဆိုပြီး ကမ်းလှမ်းလာပါတယ်။ အပေးအယူအနေနဲ့ ပြိုင်ဘက်လုပ်ငန်းရှင်ရဲ့သားကို Inception လုပ်ပေးရမှာပါ။ အင်ဆက်ရှင်ဆိုတာကတော့ အိပ်မက်ပညာရှင်လောကမှာ မဖြစ်နိုင်ဘူးလို့ ယူဆထားကြတဲ့ နည်းပညာပဲဖြစ်ပါတယ်။ လူတွေရဲ့စိတ်ကူးကို ခိုးယူရတာမဟုတ်ဘူး လူတစ်ယောက်ရဲ့ခေါင်းထဲကို စိတ်ကူး အတွေးစ တစ်စထည့်ပေးလိုက်ပြီး အဲဒီစိတ်ကူးကို သူ့ဘာသာ တွေးမိတာလို့ ယုံအောင်ပါလုပ်ရတဲ့ နည်းပါ။ အဲဒီမဖြစ်နိုင်တာကိုလုပ်ဖို့ အိပ်မက်ဆေးတွေ စပ်တတ်တဲ့သူ၊ မသိစိတ်လုံခြုံရေးတွေ မဝင်နိုင်အောင် အိပ်မက် ဝင်္ကပါ ဆောက်မဲ့သူ နဲ့ သူ့လို အိပ်မက်သမား တွေကို စုစည်းပြီး ကြံစည်ပါတော့တယ်။ ဒါဆိုရင် ဆက်ကြည့်လို့ရပါပြီ။ ဇာတ်သိမ်းမှာတော့ ကောဘ့်ဟာ အိပ်မက်မက်နေတုန်းလား ကမ္ဘာအစစ်ကိုရောက်သွားပြီလား ဆိုတာ ကိုယ်တိုင် ဆက်စဉ်းစားဖို့နဲ့ ဒါရိုက်တာ Christopher Nolan ကရော ဇာတ်သိမ်းနဲ့ပတ်သက်ပြီး ဘယ်လိုအတွေးအမြင်လဲဆိုတာ အင်တာဗျူးတချို့ပါ လိုက်ဖတ်ကြည့်ကြရမှာပါ။ ++++++++++++++++++++++++ ဒီအောက်ကတော့ ကြည့်ပြီးမှ မျက်စိလည်ရင် ပြန်ဖတ်ဖို့ ရေးပေးထားတာပါ စပွိုင်လာ ပါပါတယ်။ ဒီဇာတ်လမ်းမှာ အလွှာ ၅ ခု ပါပါတယ်။ အိပ်ဆေးအပြင်းစားကို သုံးထားတဲ့အတွက် အချိန် အဆ ၂၀ ကွာပါတယ်။အရင်အိပ်မက်တွေက ၁၂ ဆပဲ ကွာတာပါ။ အလွှာ ၁ – ကမ္ဘာအစစ် (၁၀ နာရီ) အလွှာ ၂ ပထမအိပ်မက်အလွှာ – မိုးရွာနေတဲ့မြို့ ( တစ်ပတ်) အလွှာ ၃ ဒုတိယအိပ်မက်အလွှာ – ဟိုတယ် ( ၆ လ) အလွှာ ၄ တတိယ အိပ်မက်အလွှာ – နှင်းတော(၁၀နှစ်) အလွှာ ၅ – လင်ဘို (ဆိုက်တို နှစ် ၅၀ ကျော် နေလိုက်ရ၊ နှစ်ပေါင်း ရာနဲ့ချီရှိနိုင်) ကမ္ဘာအစစ်မှာ ဖစ်ရှာကို အိပ်ဆေးပေးတာ ရှင်းပါတယ်။ မိုးရွာနေတဲ့ ပထမအိပ်မက်အလွှာ (ယူဆက်ရဲ့အိပ်မက်) ဖစ်ရှာကို ပြန်ပေးဆွဲပြပြီး ဂဏန်း ၆ လုံး အတင်းမေးပါတယ်။ အဲဒီ ၆ လုံးက တတိယအိပ်မက်အလွှာမှာ မီးခံသေတ္တာဖွင့်လို့ရအောင် ပြန်သုံးပြမှာပါ။ ဒါကြောင့် ဒုတိယအလွှာကို သွားတဲ့အချိန်မှာ ယူဆက်က နေခဲ့ပြီး ပြန်နိုးဖို့ တီးလုံးသံနဲ့ အချက်ပြမှာပါ။ ကားကို ရေထဲမောင်းချပြီးအားလုံးကို ဒုတိယအလွှာဟိုတယ်ကနေ နှိုးဖို့ပါ။ ဟိုတယ် ဒုတိယအိပ်မက်အလွှာ ( အာသာရဲ့အိပ်မက်) အဲဒီမှာ ကော့ဘ်က ဖစ်ရှာကို အယုံသွင်းပြီး တတိယအလွှာဟာ ပီတာ့အိပ်မက်လို့ ထင်အောင်လုပ်လိုက်တာပါ။ ဒီတော့ အိပ်မက်ပိုင်ရှင် အာသာက နေခဲ့ပါပြီ။ ဟိုတယ်ကိုဖောက်ခွဲပြီး နှင်းတောကလူတွေကို နှိုးမှာပါ။ ပထမအိပ်မက်မှာ ကားက ရေထဲကျနေပြီ ဆွဲငင်အားပျောက်နေတော့ ဓာတ်လှေကားထဲကို ထည့်ပြီး အရေးပေါ် ဖြုတ်ချပြီးနှိုးသွားတာပါ။ နှင်းတော တတိယအိပ်မက်အလွှာ ( အီးမီးရဲ့ အိပ်မက်) အဲဒီအိပ်မက်မှာ ဖစ်ရှာ့ကို စိတ်ကူးထည့်ပေးလိုက်နိုင်ပေမဲ့ မဲလ်က ဖမ်းခေါ်သွားလို့ လင်ဘိုအထိ ကော့ဘ် နဲ့ အရီရာ့ဒ်နီတို့ လိုက်သွားရတာပါ။ နှင်းတောထဲက အဆောက်အဦကို ဖောက်ခွဲပြီး အရီရာ့ဒ်နီတို့ကို လင်ဘိုထဲကနေ နှိုးမှာပါ။ လင်ဘို လင်ဘိုမှာတော့ ရှင်းပါတယ်။ ကော့ဘ်က ဆိုက်တို့ကို လိုက်ရှာပြီး သူတို့နှစ်ယောက်သတ်သေပြီး အလွတ်ရုန်းကြတာပါ။ အိပ်မက်သုံးလွှာလုံးက နှိုးတာတွေကိုလည်း လွတ်သွားတော့ သူတို့နှစ်ယောက် ကမ္ဘာအစစ်ဆီ ပြန်ရောက်နိုင်လာလား။ ဒါမှမဟုတ် လင်ဘိုထဲမှာပဲ ကမ္ဘာအစစ်လိုဖန်တီးမိသွားတာလား။ ဆိုက်တိုကရော ဆိုက်တိုလား မဲလ်လား။ ဒါတွေကတော့ ကြည့်ပြီးမှ အတွေးပွား ဆွေးနွေးပေးကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှ တင်ဆက်ထားပါတယ်။)

Action • Horror • Science Fiction • Thriller
8.8 2010 148 mins
Inception
Jigra
7

Jigra (2024) “သတ္တိခဲမလေး” IMDb 7.0 ဘောလိဝုဒ်ပရိသတ်တို့နှစ်ခြိုက်ကြတဲ့ မင်းသမီး Alia Bhatt ရဲ့ သည်းထိပ်ရင်ဖို အက်ရှင်ရုပ်ရှင်အသစ်ကို ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ဒီကားထဲမှာဆိုရင် မိန်းမက ခင်ပွန်းသည်ကိုကယ်တာမဟုတ်ဘဲ အစ်မက မောင်ဖြစ်သူကို သက်စွန့်ဆံဖျားကယ်မှာပဲဖြစ်ပါတယ် ဆပ်တရာက သူ့မောင်လေး အန်ကူကို အရိပ်တကြည့်ကြည့်စောင့်ရှောက်တဲ့ အစ်မကြီး ငယ်ငယ်က သူတို့မျက်စိရှေ့မှာတင် တိုက်ပေါ်က ခုန်ချသွားတဲ့အဖေကြောင့် တစ်ခုခုဆိုတိုင်း သူ့မောင်လေးအတွက် အစိုးရိမ်လွန်ကဲတယ် အန်ကူကလည်း ကြိုးစားတဲ့လူငယ်တစ်ယောက်ဖြစ်ပြီး သူ့ပရောဂျက်တစ်ခုကို သူတို့ကိုစောင့်ရှောက်ထားတဲ့ ဦးလေးက သဘောကျတဲ့အတွက် အကောင်အထည်ဖော်ဖို့ နိုင်ငံရပ်ခြားကို အလုပ်ကိစ္စခရီးလွှတ်လိုက်တယ် ကံဆိုးချင်တော့ သူများနိုင်ငံမှာ မူးယစ်မှုနဲ့ အဖမ်းခံလိုက်ရတဲ့အန်ကူကို ကြီးလေးတဲ့ပြစ်ဒဏ်ချတော့မယ်ဆိုတာ သိလိုက်တဲ့အခါမှာ အစ်မတစ်ယောက်က သူ့မောင်ကို စွန့်စွန့်စားစား ဘယ်လိုကယ်ထုတ်သွားမှာလဲ ပရိသတ်တို့ဆက်လက်ကြည့်ရှုလိုက်ပါဦး

7 2024 155 mins
Jigra
Over The Red River
5

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Western အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် လင်ဖြစ်သူက အသတ်ခံရ ညီမဖြစ်သူကဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့ အမျိုး သမီးတစ်ယောက်ရဲ့ ညီမပျောက်ရှာဖွေရေး ကန္တာရစွန့်စားခန်း ခရီးကို ရှုစားရမှာဖြစ်ပါတယ်.. Worthinton ဟာ ကံကောင်းစွာလား ကံမကောင်းစွာ လားမသိဘဲ ခြောက်လုံးပြူးကိုင်လူရမ်းကားများလက်ကနေ အသက်ဘေးလွတ်ကင်းခဲ့ရသူ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ် သို့သော်လည်း သူဟာ ယောက်ျားဖြစ်သူရဲ့ရှေ့မှာတင် အကြိမ်ကြိမ် မုဒိန်းပြုကျင့်ခံရပြီး ယောက်ျားဖြစ်သူဟာလည်း ထိုမြင်ကွင်းကို မြင်အပြီးမှာပဲ နားထင်ကိုဖောက်ဝင်လာတဲ့ ကျည်တစ်တောင့်ကြောင့် အသက်ပျောက်ခဲ့ရပါတယ်.. မပဋာတစ်ယောက်ဟာ လင်ကိုဆုံးရှုံးရရုံနဲ့ မပြီးသေးဘဲ ညီမ ဖြစ်သူကိုပါ လူရမ်းကားများက ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် အရူးမီးဝိုင်းနေခဲ့ရပါတယ်.. ဒေသခံအာဏာပိုင်ဟာလည်း လူအင်အား လက်နက်အင်အား မမျှသဖြင့် အာဏာမပိုင်ဘဲဖြစ်နေရာ သနားဖွယ်အမျိုးသမီးကို ကူညီပေးနိုင်ဖို့မဆိုထားဘိ သူ့အသက်သူတောင် ရှင်အောင်မွေး နေရသူပီပီ အမျိုးသမီးရဲ့ တိုင်တန်းမှုကို အန်ကယ်ကတော့ နိုးပါ တစ်ခွန်းနဲ့ ပြောရိုးပြောစဉ်ပြုကာ အကူအညီမဖြစ်စွာဘဲ ကူညီ ပေးလိုက်ပါတယ်.. သို့သော်လည်း ကူညီပါရစေ ဆိုတဲ့ အာဏာ ပိုင်ဟာ နည်းနည်းဖြစ်ဖြစ်အသုံးဝင်လိုစိတ်ရှိတာကြောင့် သူ့မှာတော့ အသက်အပိုမပါလို့ မကူညီနိုင်ဘူး သေမှာမကြောက်လို့ ပေတစ်ရာ လျှောက်ချင်တယ်ဆိုရင်တော့ နင့်ဘာသာနင်သွားလို့ ဆိုကာ ခြောက်လုံးပြူးကိုင်ဒေသခံ လူရမ်းကားများအခြေချရာဆီရောက်ဖို့ မြစ်နီမြစ်အထက်က Jackson Trail လမ်းအတိုင်းလိုက်ဖို့ ညွှန်ပေး လွှတ်လိုက်ရာမှာတော့ မပဋာတစ်ယောက် သွေးရူးသွေးတမ်းနဲ့ ကန္တာရခရီးကို ထွက်ခွာဖို့ဖြစ်လာပါတယ်.. ကန္တာရခရီးမှာတော့ အောင်လသီချင်းလို တံလျှပ်တို့ရေထင်ပြီး မှားခဲ့တဲ့ မပဋာဟာ အပူရှိန်ပြင်းပြင်း နေရောင်အောက်မှာ ရေဓာတ်ခမ်းခြောက်မှုကြောင့် သွေးရူးသွေးတမ်းဖြစ်လျက် တောမြင်တောင်မြင်တွေမြင်ပါတော့တယ်… ထိုသို့ဖြစ်ရင်း ခရီးတစ်နေရာအရောက် လူရမ်းကားအဖွဲ့ထဲမှာ ပါခဲ့သူ အင်ဒီးယန်းတစ်ယောက်နဲ့ပက်ပင်းတိုးတဲ့အခါမှာတော့… ဒီကားလေးဟာဆိုရင် Western အမျိုးအစားရုပ်ရှင်ချစ်သူများအတွက် ဆက်တင်အသွင်အပြင်တွေကို အာသာပြေရုံကြည့်ရှုနိုင်မှာဖြစ်ပြီး အတိုက်အခိုက်အသတ်အပုတ်တချို့လည်း တွေ့မြင်ရမှာဖြစ်လို့ မြည်းစမ်းကြည့်ရှုနိုင်ဖွယ် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ… File size… (1.83 GB) / (987 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 23m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Action • Adventure
5 2024 84 mins
Over The Red River
Flat Girls
7.2

ရဲတိုက်ခန်းတွဲမှာနေထိုင်တဲ့ အန်းနဲ့ ဂျိန်းဆိုတဲ့ ကောင်မလေးနှစ်ယောက်ဟာ အရမ်းကို ခင်မင်ရင်းနှီးပြီး ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ မိဘတွေက ရဲဝန်ထမ်းတွေ ဖြစ်တာကြောင့်နဲ့ ရဲတိုက်ခန်းတွဲမှာ နေထိုင်ခွင့်ရနေတာဖြစ်ပြီး အန်းနဲ့ ဂျိန်းဟာ တခြား သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်။ ဂျိန်းရဲ့ မိဘတွေကတော့ ရဲတိုက်ခန်းတွဲမှာ အချမ်းသာဆုံးဆိုပြီး လူတွေက သတ်မှတ်ထားကြပေမဲ့ အန်းတို့ကတော့ ငွေကြေးမပြည့်စုံခဲ့ကြပါဘူး။ သိုပေမဲ့လည်း အန်းနဲ့ ဂျိန်းတိုရဲ့ ခင်မင်မှုကတော့ ချစ်ချစ်ခင်ခင်ရှိမြဲပါပဲ။ တစ်နေ့မှာတော့ အန်းနဲ့ ဂျိန်းတိုနှစ်ယောက်ကြားထဲကို တုန်ဆိုတဲ့ ရဲတစ်ယောက် ရောက်ရှိလာရာကနေ သူတို့နှစ်ယောက် ဘဝအတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်လို့လာခဲ့ပါတယ်။ ဒီလိုနဲ့ အန်း, ဂျိန်းနဲ့ တုန်တို့ရဲ့ ဘဝတွေ ဘယ်လို ဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ မိသားစုအခြေအနေ , ငွေရေးကြေးရေး, လူငယ်ဘဝ ချစ်ခြင်းမေတ္တာအကြောင်းတွေနဲ့ ဘဝတွေရဲ့ ကြီးပြင်းမှု ပုံစံတွေကိုပါ မြင်တွေ့နိုင်မဲ့ ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:10:00 Genre… Coming-of-Age, Teen Drama, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by CharOu,Mary,DaoPhyo & Trady

Drama • Romance
7.2 2025 130 mins
Flat Girls
Life Risking Romance
6.4

Life Risking Romance (2016) *************************** IMDb… 6.4 လျှို့ဝှက်သည်းဖိုမှုခင်းဇာတ်လမ်းကို ဟာသလေးနှောပြီး ကြည့်ရှုလို့ရနိုင်မယ့် ဒီရုပ်ရှင်ကားမှာတော့ အားလုံးသိကြတဲ့ အမြဲနုပျိုလှပနေတဲ့မင်းသမီး Ha Ji Won, မင်းသား Chun Jung Myungနဲ့ ထိုင်ဝမ်မင်းသား Chen Bolinတို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟန်ဂျယ်အင်း (Ha Ji Won) ဟာ လျှို့ဝှက်ဆန်းကြယ်မှုခင်းဝတ္ထုတွေကိုရေးတဲ့ စာရေးဆရာမဖြစ်ပြီး လူတွေကို သံသယစိတ်လည်းများတာကြောင့် အမြဲမှားယွင်းပြီး ရဲတိုင်နေတတ်သူပါ။ သူမရဲ့တစ်ဦးတည်းသောငယ်သူငယ်ချင်းကတော့ ရဲအရာရှိ ဆောရို့ဟွမ် (Chun Jung Myung) ဖြစ်ပြီး ငယ်ငယ်လေးတည်းက သူမကို တစ်ဖက်သတ်ချစ်နေတဲ့သူပေါ့။ ဒီသူငယ်ချင်းနှစ်ယောက်နေထိုင်တဲ့ အီထယ်ဝန်မြို့မှာ အလောင်းကို ခရီးဆောင်အိတ်ထဲထည့်ပြီး လူမနေတဲ့အိမ်အလွတ်တွေမှာ လာလွှင့်ပစ်တတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာတော့ ဂျယ်အင်းဟာ သူမနေတဲ့တိုက်ခန်းရဲ့အပေါ်ထပ်ကနေ အော်သံတစ်ခုကြားလိုက်ရတာကြောင့် ရဲတိုင်လိုက်ပေမဲ့ ဘယ်သူမှမယုံပေးခဲ့ကြပါဘူး။ ဒါ‌ကြောင့် အဲဒီတိုက်ခန်းမှာနေတဲ့ FBI အေးဂျင့် ဂျေဆင်ချန် (Chen Bolin) ကို ကွင်းဆက်လူသတ်သမားပဲလို့ ယုံကြည်ပြီး ရို့ဟွမ်နဲ့အတူ နောက်ယောင်ခံလိုက်ကြပါတော့တယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဂျယ်အင်းတစ်ယောက်‌ ချောမောခန့်ညားတဲ့ ဂျေဆင်ချန်ကို ကြွေမိသွားတဲ့အခါမှာတော့… ကွင်းဆက်လူသတ်သမားက ဘယ်သူလဲဆိုတာကို ခန့်မှန်းရင်းနဲ့ စိတ်ဝင်စားဖို့လည်း‌ကောင်း ရယ်လည်းရယ်ရတာမလို့ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Toe Toe Aung ပဲ ဖြစ်ပါတယ်။) File Size : 1.46GB/ 740MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:43:49 Genre : Thriller, Mystery, Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Toe Toe Aung Encoded by Tiff

Drama • Romance
6.4 2016
Life Risking Romance