YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Chucky.S03E01.720p(CM).WEB.h264.mp4

287.74 MB N/A video/mp4 385 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Drive All Night
4.7

မရဏတရား... လူတွေက သေမှာကို ကြောက်ကြတယ်။ ဘာလို့လဲ။ သေပြီးနောက် တမလွန်မှာ ဘာဖြစ်မယ် မသိကြလို့... အခုလက်ရှိပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တွယ်တာနေကြလို့ပါပဲ။ တကယ်တော့ လူတွေက သေမှာကို မကြောက်ပါဘူး လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို ဆုံးရှုံးရမှာကို ကြောက်ကြတာပါ။ ရွေးချယ်မှု... ဘဝမှာ ရွေးချယ်မှုက အရမ်းအရေးပါပါတယ်။ နေမလား... သွားမလား... ထိုင်နေမလား... ထနေမလား... ဒါလုပ်မလား... ဟိုဟာလုပ်မလား... လက်လွှတ်ရမယ့် တန်ဖိုးက ကြီးလေ ဆုံးဖြတ်ရခက်လေပါပဲ။ တစ်ခါတလေမှာ ကျွန်တော်တို့တွေ ဆုံးရှုံးရမှာကို ကြောက်လို့ ဆုံးဖြတ်ချက်အမှားတွေ လုပ်မိတတ်ကြတယ်။ တစ်ခါတလေမှာတော့ အကြောက်တရားနဲ့ ဆုံးဖြတ်လိုက်တာက မှန်နိုင်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် မှန်မမှန်ဆိုတာက ရွေးထားတဲ့ လမ်းဆုံးကို ရောက်မှ သိနိုင်မှာမလား။ ကစားပွဲ... ကစားပွဲတစ်ခုကို အနိုင်ရဖို့ ကျွမ်းကျင်မှု၊ ကစားပွဲကို နားလည်သဘောပေါက်မှု၊ ဖြတ်ထိုးဉာဏ်၊ ဗျူဟာ၊ ဆုံးဖြတ်ချက်မှန်ကန်မှုတွေ လိုအပ်ပါတယ်။ ခံစားချက်ကရော ကစားပွဲမှာ အရေးပါပါသလား။ ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့သူက နိုင်တယ်လို့ပြောကြပါတယ်။ ကျွန်တော်ကတော့ ခံစားချက်တွေကို ပဲ့ကိုင်နိုင်တဲ့သူကမှ နိုင်ချေပိုများတယ်လို့ ထင်မိပါတယ်။ အခွင့်အရေး... တံခါးတွေက သော့ခတ်မထားပါဘူး၊ ခင်ဗျား ဖွင့်လိုက်ဖို့ပဲလိုတာပါ။ ၂၀၂၂ ထွက် Drama ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ တက္ကစီသမားတစ်ယောက်က ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ကို မော်တယ်တစ်ခုကနေ တင်လာတယ်။ အဲဒီမိန်းကလေးက Arcade ဂိမ်းတွေနဲ့ ပတ်သက်ပြီး အထူးကျွမ်းကျင်တယ်။ အဲဒီမိန်းကလေးကို မာဖီးယားလိုလို လူတစ်ယောက်နဲ့ အဲဒီလူငှားထားတဲ့ Arcade ဂိမ်းဝါသနာအိုး ကြေးစားတစ်ယောက်က အဲဒီကောင်မလေးကို ဖမ်းဖို့ ကြိုးစားနေကြတယ်။ မိန်းကလေးနဲ့ တက္ကစီသမားတို့ရဲ့ ကားပတ်မောင်းတဲ့ တစ်ညတာ ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းကတော့ ဘာမှမထူးခြားပေမဲ့ ဇာတ်ကွက်တွေနဲ့ ဒိုင်ယာလော့တွေက ဘဝနဲ့ပတ်သက်လို့ တွေးစရာတွေ အများကြီးရသွားနိုင်ပါတယ်။အေးအေးဆေးဆေး ထိုင်တွေးဖို့ ကောင်းတဲ့ ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 710MB, 330MB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 34Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

4.7 2021
Drive All Night
Righteous Ties
6.4

Investigation Couple ဆိုတဲ့ မှုခင်းဆေးဆရာဝန်ကားမှာ ဒေါက်တာ ဘဲ့ဘုန်း အနေနဲ့ လူသိများတဲ့ မင်းသားကြီး Jung Jae Young ရဲ့ အက်ရှင် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ဂိုဏ်းစတားလူမိုက်တွေဟာ ဂိုဏ်းစတားလူမိုက်ဆန်ခဲ့ကြတဲ့အချိန်တုန်းကပေါ့။ သေနတ်တွေမသုံးတဲ့ Old School ဂိုဏ်းစတားကြီးတွေ၊ ဆွန်းထန် ချီဆောင်းနဲ့ ဂျူဂျွန်းတို့ဟာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းသုံးယောက်ဖြစ်ပြီး ဂိုဏ်းတစ်ဂိုဏ်းထဲမှာ ရှေ့ဆင့်နောက်ဆင့် ညာလက်ရုံးတွေ ဖြစ်လာကြသူတွေပါ။ သုံး‌ယောက်လုံးကလည်း စိတ်မြန်လက်မြန် ခြေသွက်လက်သွက် တဇောက်ထိုးစိတ်တွေနဲ့မို့ ဂိုဏ်းလောကမှာ ရှိန်ရတဲ့ဘဲကြီးတွေဖြစ်ပါတယ်။ ကိုယ့်ဂိုဏ်းအတွက် ဘာမဆိုပေးဆပ်နိုင်တဲ့ ဒီဘဲကြီးတွေဟာ သူတို့ဆရာရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရတဲ့အချိန်မှာတော့ ... အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့စကားဟာ ဒီဇာတ်ကားထဲက လူမိုက်ဘဲကြီးတွေအတွက် ဘယ်လောက်များမှန်မလဲ ဆိုတာတော့ ဇာတ်လမ်းလေးထဲ ကြည့်ရှုခံစားကြရမှာပါ။ အက်ရှင်ကားကို ဟာသနဲ့အလွမ်းအဆွေးတွဲဖက်ပြီး တင်ဆက်ထားတာကြောင့် ပေါ့ပေါ့ပါးပါး ခံစားလို့ကောင်းမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Paing ပါ။) File Size : 2GB, 937MB & 456MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 2hr & 6mins Genre : Comedy, Crime, Drama Translated by Paing Encoded by Kinnov

Comedy • Crime • Romance
6.4 2006 126 mins
Righteous Ties
Taichi’s Beast Mound
6.4

ဒီတစ်ခေါက်မှာ CM သိုင်းလောကသားတွေအတွက်ကို Tai Chi’s Beast Mound (2022)ဆိုတဲ့ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… သိုင်းလောကသားတိုင်း ထိုက်ကျိသိုင်းကို သိပြီးသားမို့ အထူးအထွေ မရှင်းပြတော့ဘူး… အခု အလှည့်ကျတဲ့ ဇာတ်လမ်းလေးရဲ့ ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင် ချန်မျိုးရိုးမို့ အထိုက်အလျောက် ဂိုဏ်းချုပ်နေရာကိုဆက်ခံခဲ့ပြီးနောက် ချန်ချန်ဖုန်းတစ်ယောက်ထိုက်ကျိဂိုဏ်းရဲ့ အနှစ်သာရကို သေချာနားမလည်တဲ့အပြင် ဦးလေးရဲ့ စကားအောက်မှာပဲ ဦးလေး အလိုကျ နေခဲ့တာပေါ့… ဒီလိုနဲ့ အနားက လူတချို့ နဲ့ အပြစ်မဲ့လူသားတွေ ဒုက္ခရောက်ကုန်တာမြင်လာရပြီးနောက် သူလက်စားချေဖို့ စတင်စဉ်းစားပါတော့တယ်… ဒီလက်စားချေမယ့် အစီစဉ်ကြောင့်လည်း ဘိုးဘေးလက်ထက်တည်းက တားမြစ်ထားတဲ့ နယ်မြေက ထိုက်ကျိကျောက်တုံးကို အရယူဖို့ ဆုံးဖြတ်ခဲ့တာပေါ့… ကဲ ဘာကြောင့် ဘိုးဘေးတွေက တားမြစ်ခဲ့တာလဲ… နောက်ပြီး ဒီတားမြစ်နယ်မြေကိုသွားတာ ချန်ချန်ဖုန်းကို ဘယ်လိုရလဒ်မျိုးသယ်ဆောင်လာမှာလဲ… နောက်ဆုံး ထိုက်ကျိဂိုဏ်းရဲ့ အဓိပ္ပာယ်ကို ချန်ချန်ဖုန်း နားလည်သွားမှာလား… ထုံးစံအတိုင်း ဇာတ်ကားလေးဒေါင်းပြီး ပုံဖော်ကြည့်လိုက်တော့နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 32min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama
6.4 2022
Taichi’s Beast Mound
In the Line of Fire
7.2

In the Line of Fire (1993) ~ IMDb – 7.2/10, Rotten Tomatoes – 96% ~ ဒီဇာတ်ကားကို 1993 မှာ ပြသခဲ့တာဖြစ်ပြီး Troy နဲ့ Air Force One ဇာတ်ကား​တွေရဲ့ ဒါရိုက်တာ Wolfgang Petersen ရဲ့ လက်ရာကိုမှ မင်းသားကြီး Clint Eastwood နဲ့ John Malkovich တို့ အားဖြည့်ထားတဲ့ Old but Gold လို့ဆိုရနိုင်တဲ့ Thriller Action ဇာတ်ကားပါ။ IMDb မှာ 7.2/10 နဲ့ RT ဆို 96% ထိရရှိထားပါတယ်။ ​ဒီဇာတ်ကားမှာ မင်းသားကြီး Clint Eastwood က သမ္မတ​က​နေဒီရဲ့ သက်​တော်​စောင့်ဟောင်း ဖရန့်ခ်ဟောရီဂန်အဖြစ် ပါဝင်ထားပါတယ်။ က​နေဒီလုပ်ကြံခံရတဲ့အချိန် သက်​တော်​စောင့်အဖြစ်ရှိခဲ့တဲ့ ဖရန့်ခ်ဟာ အဲဒီကိစ္စ​နောက်ပိုင်း လျှို့ဝှက်​အေးဂျင့်အ​နေနဲ့ပဲ လုပ်ကိုင်​နေရင်း တစ်​နေ့မှာတော့ လက်ရှိသမ္မတ​ကို လုပ်ကြံမယ်ဆိုတဲ့ ဖုန်း​​​ခေါ်ဆိုမှုတစ်ခု ဖရန့်ခ်ဆီ ရောက်လာပါတယ်။ အဲဒီအချိန်ဟာ ​​ရွေး​ကောက်ပွဲအတွက် မဲဆွယ်မှု​တွေ ပြုလုပ်​နေတဲ့အချိန်ဖြစ်လို့ သမ္မတကလည်း မဲဆွယ်ဖို့ နိုင်ငံအနှံ့ သွားလာ​နေရတဲ့အချိန်ပါ။ က​​နေဒီကို မကာကွယ်နိုင်ခဲ့တဲ့ ဖရန့်ခ်ဟာ လက်ရှိသမ္မတကို ကာကွယ်ဖို့ ဆုံးဖြတ်ပြီး ကိုယ်ရံ​တော်အဖွဲ့ထဲ ပြန်ဝင်ပြီး လုပ်ကြံမယ်လို့ ခြိမ်း​ခြောက်ထားသူနဲ့ ရင်ဆိုင်ဖို့ ​ရွေးချယ်လိုက်ပါ​တော့တယ်။ မင်းသားကြီး ၂​ယောက်ရဲ့သရုပ်​ဆောင်ပုံ​​တွေက ပီပြင်တာ​ကြောင့် Thriller စစ်စစ် အရသာကို ​ပေးစွမ်းနိုင်ရုံတင်မက သက်​တော်​စောင့်နဲ့ လူသတ်သမားကြား ဘယ်သူအသာရသွားမလဲဆိုတဲ့အားပြိုင်မှုကို ဇာတ်လမ်းပြီးကာနီးအထိ ရင်တထိတ်ထိတ်ကြည့်ရမယ့် ၉၀ခုနှစ် ဝန်းကျင်ရဲ့ အက်ရှင်ကား​ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 770MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 8Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by X Encoded by Y

7.2 1993
In the Line of Fire
Terminator Salvation
6.5

Terminator ဇာတ်ကားတွေထဲက key word တွေ ရှာကြည့်ရမယ်ဆိုရင်တော့ သတ်ဖြတ်ရေးမုဆိုး၊ တီ ၁၀၀၀၊ ဘာညာ အဲဒါတွေ ကြားထဲကမှ အခုပြောမယ့် key word ကတော့ စိမ့်ဝင်ပူးတွဲနေထိုင်ခြင်းတဲ့။ ဟုတ်ပါတယ်။ စက်တွေက လူသားနဲ့ သိပ်ကိုနီးနီးစပ်စပ်တူတဲ့ စက်ရုပ်တွေကို လူတွေထဲစိမ့်ဝင်၊ အလစ်အငိုက်ဖမ်းပြီး သတ်ဖြတ်တတ်ကြတယ်။ ဒါပေမဲ့ လူတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ အဲဒီစက်ရုပ်တွေကို ခွဲခြားနိုင်ခဲ့ပါတယ်။ ဒီတော့ စကိုင်းနက်ရဲ့ စိမ့်ဝင်ရောနှောလုပ်ကြံရေး လုပ်ဆောင်မှုတွေအားလုံး မအောင်မမြင် ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ စကိုင်းနက်က သူမတူအောင် ထူးချွန်ပြီး လူသားတွေ လုံးဝမရိပ်မိနိုင်တဲ့၊ အစွမ်းအထက်ဆုံး စိမ့်ဝင်ရောနှောရေးစက်ရုပ်တစ်ရုပ်ကို လွှတ်လိုက်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ ဂျွန် ကော်နာ ဆိုတာ ဖြစ်မလာရေးအတွက် သူ့ရဲ့ဖခင် ကိုင်းလ် ရိစ် ကို လုပ်ကြံရေးပါပဲ။ အသိဉာဏ် သိပ်ကိုထက်မြက်နေပြီး လူသားစိတ်ပညာကို ကျွမ်းကျင်တဲ့ စကိုင်းနက်က လူသားတွေအပေါ် mind game ကစားလို့ တော်လှန်ရေးအဖွဲ့တစ်ခုလုံး မျိုးပြုတ်စေရေး အစီအစဉ်ဆွဲလာတယ်။ လူသားတွေဘက်ကလည်း စကိုင်းနက်ပြုတ်ကျစေရေး အကောင်းဆုံးလက်နက်ကို ရှာဖွေတွေ့ရှိလို့ အပြီးတိုင် ချုပ်ငြိမ်းစေရေး ချီတက်လာကြတယ်။ ဒီလိုနဲ့ ဂျွန် ကော်နာ နဲ့ ကိုင်းလ် ရိစ် ရဲ့ကြားမှာ မထင်မရှား သေဒဏ်ကျ အကျဉ်းသားတစ်ယောက် အမှတ်မထင် ပါဝင်လာရတဲ့အခါမှာ ဖြစ်ပုံပျက်ပုံအစုံစုံကို ရှုစားကြရပါမယ်။ မင်းသားကြီး အာနိုး မပါတော့ပေမယ့် Terminator ဇာတ်ကားအရသာတော့ မပျက်သေးတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။ File size…(2.3 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:55:00 Genre…Action, Adventure, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Arr Khun Winchester

6.5 2009
Terminator Salvation
The Celebration

IMDb 8.1 / Rotten Tomatoes 91% / Meta score 82% အထိရရှိခဲ့ပြီး ဆုပေါင်း ၂၈ ခုထိအပိုင်သိမ်းခဲ့တဲ့ Drama/Thriller ရှေးရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းအကျဉ်းကတော့ အဖေကြီးရဲ့ အသက် ၆၀ နှစ်ပြည့်မွေးနေ့ကို စံအိမ်ကြီးတစ်ခုမှကျင်းပဖို့အတွက် သားသမီး မြေးမြစ်တွေအပြင် အသိမိတ်ဆွေတွေပါ လူစုံတက်စုံ ရောက်ချလာကြပါတယ်။အဲဒီည ညစာစားပွဲမှာ သားဖြစ်သူထဲက တစ်ဦးက အဖေကြီးနဲ့ သားသမီးတွေကြားက ရုပ်ဆိုးအကြီးတန်တဲ့လျှို့ဝှက်ချက်တွေကို လူပုံလယ်မှာ ညစာစားပွဲအတွက် မိန့်ခွန်းပြောရင်း ငယ်ကျိုးငယ်နာတွေ အကုန်ဖော်ပစ်လိုက်ပါတော့တယ်။ ဇာတ်အိမ်ကတော့ များများစားစားထပ်မရှင်းပြတော့ပါဘူး။ ဒီရုပ်ရှင်က Dogme ရုပ်ရှင်ပါ။ Dogme 95 ဆိုတာက 1995 ခုနှစ်တုန်းက ဒိန်းမတ်ဒါရိုက်တာတွေ တည်ထောင်ခဲ့တဲ့ ရုပ်ရှင်ဖန်တီးရေးလှုပ်ရှားမှုတစ်ခုပါ။ Dogme ရဲ့ နည်းစနစ်ကတော့ ရုပ်ရှင်တစ်ခုကို အထူးပြုလုပ်ချက်တွေ၊ နည်းပညာတွေမသုံးဘဲ ရိုးရာစံတွေနဲ့အညီပဲရိုက်တာပါ။ ဥပမာအနေနဲ့ပြောရရင် ဒီရုပ်ရှင်ထဲကအသံတွေက အာတီဖီရှယ် လူလုပ်အသံတွေမပါဘဲ အသံအားလုံးကို ရိုက်ကွင်းမှာပဲတန်းသွင်းပါတယ်။ ကင်မရာကိုင်တဲ့နေရာမှာလည်း ဘာစက်ပစ္စည်းကိရိယာအကူအညီကိုမှမယူဘဲ တစ်ကားလုံး ကင်မရာကို လက်နဲ့ပဲကိုင်ပြီးရိုက်ကူးတာပါ။ သရုပ်ဆောင်က ချော်လဲတဲ့အခန်းဆိုရင် ကင်မရာကို ကိုယ်တိုင်ကိုင်ပြီးချော်လဲပြရတယ်။ ရေမရောထားတဲ့ ရုပ်ရှင်စစ်စစ်ကိုမှကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သေချာပေါက်မြည်းစမ်းကြည့်ရမယ့်ရုပ်ရှင်ဖြစ်ကြောင်း အကြံပေးလိုက်ပါတယ်။ File size…(2.3 GB)/(2.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 1998 105 mins
The Celebration
The Reason I Jump
7.4

The Reason I Jump (2020) ~ IMDb – 7.4/10, RT – 97%, Meta – 83% ~ “I don’t have ADHD when I am out in the woods.” – David (Age 14) “ကျွန်တော့်အတွက် တောအုပ်ထဲမှာ ရောက်နေချိန်ဆို အာရုံမစိုက်နိုင်ခြင်းက ပြဿနာတစ်ခုလို အထူးအထွေ ရှိမနေတော့ပါဘူး။” Forest School ဆိုတဲ့ တောအုပ်ထဲမှာ မိုးရွာရွာနေပူပူတက်ရတဲ့ ကျောင်းကလေးကို ပုံမှန်တက်ရောက်သူ ဒေးဗစ်ရဲ့ ရင်ဖွင့်သံပါ။ ကျွန်မအနေနဲ့ Forest School ဆရာမဖြစ်ကာစ အစောပိုင်းကာလမှာကိုပဲ ADHD ရှိတယ်လို့ ကောက်ချက်ချခံရသူ ကလေးအချို့နဲ့ တွေ့ကြုံခွင့်ရခဲ့ပါတယ်။ ကလေးတစ်ယောက်ရဲ့ ဖခင်ကဆို သူ့သားကလေးကိုကျောင်းလာပို့တော့ … “သားသားက တောထဲမှာဆို သိပ်ပျော်တာ၊ သူဆောက်တည်ရာမရ ဖြစ်လာတဲ့ အချိန်မျိုးမှာဆို သစ်တုံးခပ်လေးလေး တစ်တုံးသာ တစ်နေရာက တစ်နေရာကို ချီရွှေ့ခိုင်းလိုက်ပါ ဆရာမ၊ သူအဆင်ပြေသွားပါလိမ့်မယ်” တဲ့။ အမှန်တော့ အင်္ဂလန်က မူကြိုကျောင်းတိုင်းမှာ ကလေးတွေအတွက် SENCO (Special Educational Needs Coordinator) လို့ခေါ်လို့တဲ့ အထူးပြု ဆရာ/ဆရာမ အနည်းဆုံးတစ်ယောက် မဖြစ်မနေထားကြရပါတယ်။ အထူးဂရုပြုကူညီပံ့ပိုးပေးဖို့လိုအပ်တဲ့ ကလေးငယ်တစ်ယောက်ယောက် (Special Needs) ကိုယ့်ကျောင်းကို ရောက်ရှိလာရင် အဲဒီကလေးကို အလွယ်တကူ သတိပြုမိစေဖို့နဲ့ အနီးကပ် စောင့်ကြည့်နိုင်ပြီး လိုအပ်တဲ့ အကူအညီကို သင့်တော်စွာပေးနိုင်ဖို့အတွက် ကျွမ်းကျင်သူဆရာမတစ်ယောက်က ဦးဆောင်တာဝန်ယူရတဲ့ သဘောပါ။ တနည်းအားဖြင့် လိုအပ်လာပါက ကလေးကို ကောင်းမွန်စွာပံ့ပိုးပေးနိုင်မယ့် ကျွမ်းကျင်ပညာရှင်နဲ့ ချိတ်ဆက်ပေးတာမျိုး၊ ကလေးရဲ့ မိသားစုကို လိုအပ်တဲ့ အကူအညီပေးတာမျိုး (ငွေကုန်ကြေးကျရှိလာပါက အစိုးရဘက်မှ ပံ့ပိုးမှုအရဖြစ်စေ)၊ မိမိကျောင်းမှာ ရှိစဉ်တောက်လျှောက် ကလေးရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်ကို အကောင်းဆုံး စောင့်ကြည့်ပြီး ပံ့ပိုးပေးနိုင်ရန် မိဘ၊ ဆရာ/မ၊ အခြားပညာရှင်များပါ လက်တွဲပူးပေါင်းဖို့လဲ ဖြစ်ပါတယ်။ ဆရာ/မ တွေအနေနဲ့ အတွေ့အကြုံအရ ဖြစ်နိုင်ချေရှိသည်များကို ခန့်မှန်းကြည့်နိုင်သော်ငြား ဘယ်ကလေးကိုမှ ငယ်နုတဲ့ကာလမှာ အလွယ်တကူ ကောက်ချက်ချတာမျိုး တံဆိပ်ကပ်တာမျိုး မလုပ်ဖို့ သတိထားကြပါတယ်။ ဒါဆို ဟုတ်ပြီ၊ ဒီလိုမျိုး တံဆိပ်မကပ်ဘူးဆို ဘယ်လိုနာမ်စား အစားထိုးသုံးကြမလဲပေါ့။ ကျွန်မတို့လို အသွင်ပြောင်းပညာရေးကို ဖော်ဆောင်တဲ့ ဆရာ/မ တွေကြားမှာ Neurodivergent ဆိုတဲ့ အသုံးအနှုန်းကို ပိုပြီး တွင်ကျယ်စွာ အသုံးပြုကြပါတယ်။ နောက်တစ်ချက်က Children with Special Educational Needs အစား Children with Different Abilities လို့လဲ ပြောင်းလဲ သုံးနှုန်းပါတယ်။ Neurodivergent ဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတာပါလဲ။ “Neurodiversity describes the idea that people experience and interact with the world around them in many different ways; there is no one “right” way of thinking, learning, and behaving, and differences are not viewed as deficits.” – Harvard Health Publishing သာမန်ကနေ ခွဲထွက်တွေးသူ၊ ထူးခြားစွာပြုမှုပြောဆိုဆက်ဆံသူ၊ ထူးခြားသော အပြုအမူရှိသူ၊ သင်ယူမှုပုံစံကွဲပြားသူ၊ စသဖြင့်… အများနဲ့ မတူဘူးဆိုတာနဲ့ ချို့ယွင်းချက်ရယ်လို့ တထစ်ချ မသတ်မှတ်ပဲ သီးခြားဖြစ်တည်လုပ်ဆောင်မှုတစ်မျိုးမျိုးနဲ့ ဦးနှောက်ပိုင်ရှင် ဘယ်သူမဆို နျူရိုဒိုင်ဗားဂျန့် ဖြစ်သူလို့ သတ်မှတ်ကြပါတယ်။ ဒါဟာ ခြုံငုံပြီးခေါ်တဲ့ Non-Medical Umbrella Term တစ်ခုဖြစ်ပါတယ်။ ဒီခြုံငုံမှုထဲမှာ ASD လို့ခေါ်တဲ့ အော်တစ်ဇင် Spectrum ထဲမှာ ပါသူတွေ၊ Dyslexia စာဖတ်ခက်ခဲခြင်းပြဿနာ ရှိသူတွေ၊ ADHD အာရုံစိုက်ဖို့ ခက်ခဲပြီး တစ်နေရာထဲ အငြိမ်မနေနိုင်သူတွေ Epilepsy ရှိသူတွေ စသည်ဖြင့် ဦးနှောက် Function မျိုးစုံနဲ့ ကလေးတွေရော လူကြီးတွေပါ ပါဝင်ပါတယ်။ ယေဘူယျအားဖြင့် ဦးနှောက်အာရုံကြောများ ကွဲပြားစွာ အလုပ်လုပ်ခြင်းကြောင့် လူတစ်ဦးတစ်ယောက်ဟာ အများနဲ့ မတူ၊ အများလက်ခံထားတဲ့ တန်ဖိုးစံနှုန်းတွေကနေ သွေဖယ်တာ၊ တွေးပုံ နေထိုင်ပြုမှုပုံ မတူညီတာကို၊ ဒါက အော်တစ်ဇင်၊ ဒါက စာသင်မရတဲ့ ရောဂါ၊ ဒါက ငြိမ်ငြိမ်မနေနိုင်တဲ့ ADHD ဆိုပြီး အလွယ်တကူ ကောက်ချက်ချခြင်းတွေအပြင် လူအများစုနဲ့ မတူတိုင်း အသင်းအဖွဲ့ကနေ အလိုအလျှောက်ပယ်လိုက်ဖို့ ဝန်မလေးတဲ့ လုပ်ရိုးလုပ်စဉ် တွေကို တိုက်ဖျက်ချင်တာမို့ ပညာရှင်အချို့ဟာ Neurodivergent ဆိုတဲ့ အသုံးအနှုန်းကို ၁၉၉၀ ကျော်ကာလတွေမှာ စတင် အစားထိုးအသုံးပြုလာတာဖြစ်ပါတယ်။ အမှန်တော့ ကမ္ဘာကြီးကို တနည်းတဖုံပြောင်းလဲစေသူ၊ ကိုင်လှုပ်နိုင်ခဲ့ကြသူ (လက်ရှိမှာကိုပဲ ကမ္ဘာကိုကိုင်လှုပ်နေသူ) တော်တော်များများဟာ နျူရိုဒိုင်ဗားဂျန့် တွေ ဖြစ်နေပြန်ပါတယ်။ ဒီလိုပြောတဲ့အတွက် မိမိကလေးဟာ နျူရိုဒိုင်ဗားဂျန့် ဖြစ်နေရင် တစ်နေရာရာမှာ အထင်ကရဖြစ်မှာပဲလို့တော့ မဆိုလိုပါဘူး။ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်များရဲ့ ဦးနှောက်အာရုံကြောများ ကွဲပြားစွာ အလုပ်လုပ်ပုံကို ပထမအဆင့်အားဖြင့် လက်ခံနားလည်နိုင်ဖို့၊ ဒုတိယအဆင့်အားဖြင့် ထိုကလေးများ ကောင်းမွန်စွာ ဖွံ့ဖြိုးခွင့်၊ ပြည့်ဝစွာ နေထိုင်ဖြစ်တည်ခွင့်ရစေရန်၊ လိုအပ်တဲ့ ပတ်ဝန်းကျင်တစ်ခု စုပေါင်းဖန်တီးပေးနိုင်ဖို့လိုပါတယ်။ အထူးသဖြင့် စာသင်ကျောင်းတွေ၊ မူကြိုကျောင်းတွေ၊ လူမှုအသိုက်အဝန်းတွေ၊ အခြားအခြားသော Institution တွေမှာ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်များကို အလွယ်တကူ မဖယ်ကျဉ်ကြဖို့၊ လူမှုအသိုင်းအဝန်းမှာ နားလည်ထည့်သွင်းဖို့၊ ကွဲပြားစွာလှပနေမှုကို လက်ခံကြဖို့ လိုပါတယ်။ အမှန်တော့ ကျွန်မတို့ဆီမှာ အပြုအမှုပုံမှန်ထက် ထူးခြားတာမြင်တာနဲ့ အော်တစ်ဇင်လားဆိုပြီး ပြဿနာတစ်ရပ်အနေနဲ့ အမြန်ကောက်ချက်ချဖို့ စိုင်းပြင်းနေကြဆဲပါ။ ဒါဟာ လူနည်းစုဖြစ်တာကြောင့်လဲ တကူးတက စိတ်ဝင်စားသူနည်းတာလဲ ဖြစ်နိုင်ပါတယ်။ ကျွန်မကိုယ်တိုင်တောင် လုပ်ငန်းခွင်မှာ နျူရိုဒိုင်ဗားဂျန့် ကလေးငယ်တွေနဲ့ ရင်းနှီးပက်သက်ခွင့် ရှိလာမှ ပိုပြီးလေ့လာဖြစ် စာတွေထပ်ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီအထဲမှာမှ ၁၃ နှစ်အရွယ် နျူရိုဒိုင်ဗားဂျန့် ရှိသူ လူငယ်တစ်ယောက်ရဲ့ စာအုပ်ကို အမှတ်မထင် ဝယ်ဖတ်မိလိုက်ရာကနေ ဒီကလေးငယ်တွေရဲ့ ဖြစ်တည်မှု မတူညီတာကို အတိုင်းအတာတစ်ခုထိ ပိုပြီးနားလည်ခဲ့ရပါတယ်။ Naoki Higashida နာအိုကီ ဟီဂရှီဒါ လို့ ခေါ်တဲ့ စကားမပြောနိုင်သူ ဆယ်ကျော်သက်လူငယ်တစ်ယောက်ဟာ ၂၀၀၇ ခုနှစ်မှာ The Reason I Jump: The Inner Voice of a Thirteen-Year-Old ဆိုတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အခုဆိုရင် ဒီစာအုပ်ကလေးကို မြန်မာဘာသာအပါအဝင် ဘာသာပေါင်း ၃၀ ကျော် ဘာသာပြန်ထားခဲ့ကြပြီးပါပြီ။ စာအုပ်မှာ နာအိုကီလို ပြင်းထန် အော်တစ်ဇင် ရှိသူများအား အမေးများသော မေးခွန်းပေါင်း ၅၈ ခုကို နာအိုကီရဲ့ သိမြင်တွေ့ကြုံမှုမှ ပြန်လည်ဖြေကြားပြောပြထားတဲ့ Memoir ပုံစံ စာအုပ်ငယ်လေးဖြစ်ပါတယ်။ စာအုပ်ထဲမှာ မေးခွန်းတစ်ခုက – မေးခွန်း (၄၅) အပြင်ထွက် လမ်းလျှောက်ရတာကို ဘာဖြစ်လို့ သဘောကျရတာလဲ။ အော်တစ်ဇင် တော်တော်များများဟာ လမ်းလျှောက်ရတာကို သဘောကျ နှစ်ခြိုက်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာ စာဖတ်သူ သိပါရဲ့လား။ “လမ်းလျှောက်ရတာ နေလို့ ကောင်းလို့ ဖြစ်မှာပေါ့” “အပြင်မှာ နေရတာ သိပ်ကောင်းတယ် မဟုတ်လား” ဒီအဖြေ နှစ်ခုစလုံး သူ့နည်းနဲ့သူ မှန်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် နံပါတ်တစ် အကြောင်းပြချက်ကတော့ ကျွန်တော်တို့ အော်တစ်ဇင်တွေဟာ စိမ်းစိုနေတဲ့ သဘာဝလောကကြီးကို နှစ်သက်မြတ်နိုးလို့ပါ။ အခုဆိုရင် “ဪ… ဒီလိုလား” လို့ စာဖတ်သူတွေးနေလောက်ပါပြီ။ ဒါပေမဲ့လည်း သဘာဝတရားအပေါ် ကျွန်တော်တို့ရဲ့ နှစ်သက်စုံမက်မှုက တခြားလူတွေနဲ့တော့ နည်းနည်းကွာပါတယ်။ လူတွေ နှစ်သက်တဲ့ သဘာဝတရားဆိုတာ သစ်ပင်တန်းတွေနဲ့ ပန်းကလေးတွေရဲ့ အလှအပအပေါ် အရင်းခံလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို အထူးဂရုစိုက်မှုတွေ ခံနေရတဲ့ သူတွေအတွက်တော့ သဘာဝတရား ဆိုတာ ကျွန်တော်တို့ အသက်လောက်ကို အရေးပါ ပါတယ်။ အကြောင်းရင်းကတော့ သဘာဝအလှတွေကို ကျွန်တော်တို့ ကြည့်မိတဲ့အခါ ဒီကမ္ဘာပေါ်မှာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ သက်ဝင်လှုပ်ရှားခွင့် ရသလို ခံစားရလို့ပါပဲ။ သဘာဝတရားက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးသလို ခံစားရပါတယ်။ လူတွေက ကျွန်တော်တို့ကို ဘယ်လောက်ပဲ မလိုလားသည် ဖြစ်စေ၊ လျစ်လျူရှုသည်ဖြစ်စေ သဘာဝတရားကတော့ ကျွန်တော်တို့အပေါ် အမြဲတမ်း နွေးထွေးမှုတွေ ပေးစွမ်းနိုင်ပါတယ်။ သဘာဝတရားရဲ့ စိမ်းမြမှုဟာ သစ်ပင်၊ ပန်းပင်တွေရဲ့ အသက်ဇီဝပါပဲ။ အစိမ်းရောင်ဟာ အသက်ဇီဝကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ စိမ်းမြတဲ့ ပတ်ဝန်းကျင်ကို မကြာခဏ လမ်းလျှောက်ထွက်ချင်ကြတာပါပဲ။ [ဆရာ ကျော်စွာ (ဆေး-၂) ရဲ့ ဘာသာပြန် “ကိုယ်တွေ့ကြုံရ အော်တစ်ဇင်ဘဝ” မှ ကောက်နှုတ်ထားသည်။] ဒီစာအုပ်ကို မှီငြမ်းရိုက်ကူးထားတဲ့ The Reason I Jump ဆိုတဲ့ နာမည်နဲ့ပဲ မှတ်တမ်းရုပ်ရှင်တစ်ကား ၂၀၂၀ မှာထွက်ထားခဲ့ပါတယ်။ ကမ္ဘာ့ထောင့်တစ်နေရာစီက နျူရိုဒိုင်ဗားဂျန့် ရှိသူ ကလေး ၅ ဦးရဲ့ နေ့စဉ်ဘဝ၊ လူမှုဘဝ၊ မိသားစုဘဝ အတက်အကျကို လှပတဲ့ Cinematography နဲ့ ပေါင်းစည်းရိုက်ပြထားတာပါ။ ဒီလို စာအုပ်တင်မက ရုပ်ရှင်ပါ တပြိုင်တည်းကြည့်ခွင့်တဲ့အခါမှာ ကျွန်မတို့လို သာမာန် Neurotypical ရှိသူတစ်ဦးအနေနဲ့ အတိုင်းအတာတစ်ခုအထိ ချိတ်ဆက်နားလည်နိုင်ဖို့ အထောက်အကူပေးခဲ့ပါတယ်။ အချုပ်အားဖြင့် အလွန်ကျယ်ပြန့်နက်ရှိုင်းပြီး လေ့လာမကုန်တဲ့ နျူရိုဒိုင်ဗားဂျန့် ကလေးများအကြောင်း အရိပ်အမွတ်ဖြစ်စေ ခံစားနားလည်နိုင်ဖို့၊ နာအိုကီ ဟီဂရှီဒါ တို့လို ကလေးငယ်တွေရဲ့ အားထုတ်ဆက်သွယ်မှုကို တစ်နည်းတစ်ဖုံ ပြန်လည်ဆက်သွယ်နိုင်ဖို့၊ ဒီစာအုပ်ကို လူတိုင်းဖတ်ဖို့ အမြဲညွှန်းနေမှာဖြစ်သလို၊ ရုပ်ရှင်ကိုပါ မြန်မာစာတမ်းထိုးနဲ့ အချိန်ပေးကြည့်ရှုနိုင်ဖို့ ကိုဝီရအောင်က Channel Myanmar ကနေ အားထုတ် ဘာသာပြန် စာတမ်းထိုးပေးထားပါတယ်။ နျူရိုဒိုင်ဗားဂျန့် ဖြစ်သူ ကလေးများကို အသိအမှတ်ပြု လက်ခံကြိုဆိုဖို့၊ မတူကွဲပြားမှုကို တန်းဖိုးထားရကောင်းမှန်းသိစေဖို့၊ ဝေဖန်ကဲ့ရဲ့မှုကင်းပြီး အပြုသဘောဆောင်တဲ့ လူမှုအသိုက်အအုံလေးများကို ဖန်တီးတည်ဆောက်နေတဲ့ ကမ္ဘာအနှံ့အပြားမှ အသွင်ပြောင်းပညာရေးတိုက်ပွဲမှာ ပါဝင်နေတဲ့ ဆရာ/မ များအတွက် ဒီအညွှန်းကို ရေးပါတယ်။ ~ မာနွယ်အေး Further readings: https://thereasonijumpfilm.com/ What Does It Mean To Be Neurodivergent? https://www.forbes.com/health/mind/what-is-neurodivergent/ What is neurodiversity? https://www.health.harvard.edu/blog/what-is-neurodiversity-202111232645 Autistic Play at Forest School : pretend play characteristics seen otherwise https://forestschoolassociation.org/autistic-play-at-forest-school-pretend-play-characteristics-seen-otherwise/ (ဒီဒိုကူမန်ထရီရဲ့ အညွှန်းကို မမာနွယ်အေးမှ ရေးသားပေးထားပြီး WiRa Aung မှ ဘာသာပြန်ဆိုပေးထားပါတယ်) Size – 1.6GB, 776MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 22Min Genre – Documentary, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Action • Drama
7.4 2020
The Reason I Jump
Love in Wolf Creek

ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးရိုမန့်စ်ကားလေးတွေ ကြည့်ချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဆမ်နဲ့ဆန်နီ ညီအမနှစ်ယောက်က Wolf Creekမြို့လေးမှာ တိရစ္ဆာန်ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့သူတွေပါ။ အော်စတင်ကတော့ အဖွားဖြစ်သူကိုကူညီဖို့ မွေးမြူရေးခြံကနေ မြို့ကိုခဏရောက်နေတဲ့သူဖြစ်ပါတယ်။ တစ်ရက်ကျတော့ အလှူရှင်လာဖို့ရှိလို့ ပြင်ဆင်မှုလုပ်နေတုန်း တောအုပ်ထဲမှာ ဒဏ်ရာရနေတဲ့ ဝံပုလွေတစ်ကောင်ကိုရှာပြီး ကယ်ဆယ်ရေးလုပ်ဖို့အကြောင်းဖန်လာပါတယ်။ ခြေရာကောက်ကျွမ်းတဲ့အော်စတင်က ဆမ်ကိုကူညီ‌ပြီးလိုက်ရှာကူပါတယ်။ တစ်ဖက်မှာလည်း ဝံပုလွေကို အရေခွံအတွက် လိုက်ဖမ်းနေတဲ့မှောင်ခိုသမားကိုလည်း ရင်ဆိုင်ရတဲ့ အော်စတင်နဲ့ဆမ်တို့ကြား အချစ်တွေ ဘယ်လိုပေါက်ဖွားလာမလဲဆိုတာ ပေါ့ပါးပါးပါးကြည့်ရှုရမှာပါ။ File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Tv Movie, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe

0 2022
Love in Wolf Creek
Broken Rage
6.1

Broken Rage (2024) IMDb Rating (6.1) / Rotten Tomatoes (85%) Takeshi Kitanoကိုတော့‌ တော်တော်များများက Zatōichi ( 2003 ) Remakeရဲ့ မင်းသားအနေနဲ့ သိကြလောက်တယ်။ သူက အဲဒီကားရဲ့ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာလည်းဟုတ်တယ်။ ကိုယ်တိုင်ရေးကိုယ်တိုင်ရိုက် ကိုယ်တိုင်သရုပ်ဆောင်ပေါ့။ တည်းဖြတ်တာအထိပါ သူ့ဘာသာပဲလုပ်တယ်။ သူ့ကားအကုန်လုံး ဒီလိုတွေချည်းပဲဆော်တယ်။ သူအဓိကရိုက်တာက သိပ်မအပ်စပ်တဲ့ ၂လိုင်းလိုဖြစ်နေတဲ့ ၂လိုင်းလို့ပြောရမယ်။ Crimeနဲ့ Comed။ ဟာသသရုပ်ဆောင်လည်းလုပ်ဖူးတယ်။ Hana-bi (1997)နဲ့လည်း ဗင်းနစ်မှာ Golden Lionဆုရခဲ့တယ်။ သူ့ရှေ့မှာ အဲဒီဆုရဖူးတဲ့ဂျပန်ဒါရိုက်တာက Akira Kurosawa နဲ့ Hiroshi Inagakiပဲရှိတယ်။ “the true successor” to influential filmmaker Akira Kurosawa လို့လည်းပြောကြတယ်။ သူလည်း ကွန်တင် တာရန်တီနိုကြိုက်တဲ့ ဒါရိုက်တာတွေထဲပါတယ်။ Outrage crime trilogy လို့ခေါ်တဲ့ trilogyတစ်ခုရှိပြီး ၁၉၈၉ကစပြီး အခုထိ ခပ်စိတ်စိတ်တော့ ရိုက်နေတဲ့ ဒါရိုက်တာလို့ပြောရမယ်။ အခုကားထဲလည်း အိုကြီးအိုမနဲ့ သူပဲ မင်းသားဝင်လုပ်ထားတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဒီကားမှာ ၂ခြမ်းပါတယ်။ ပထမတစ်ခြမ်းကို ကြည့်ရင် တိတ်ဆိတ်ရက်စက်တဲ့ Hitmanကားပဲ။ ဒါပေမဲ့ နောက်တစ်ခြမ်းကိုကြည့်လိုက်ရင်တော့ ဒီကားက တော်တော်စားတဲ့ဟာသကားဖြစ်သွားတယ်။ သူအကျွမ်းကျင်ဆုံး မဆီမဆိုင်အရာ၂ခုစလုံးကို တစ်ကားတည်း သေချာပြသွားတာပါပဲ။ ရုပ်ရှင်အမျိုးအစားကိုတော့ ခွဲပြဖို့ ခက်လောက်မယ်။ သရော်တဲ့ဘက်တော့ သွားတယ်။ အစားဆုံးက ရုပ်ရှင်တိုနေမှာစိုးလို့ဆိုပြီး Black Screen ကြီးတွေ လာလာပြထားတာပဲ။ အဲဒါကိုလည်း ငစားလုပ်ပြီးကို ပြထားတာပါ။ ဒီဘဲက တကယ့်လူတော့ တကယ့်လူပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.8 GB) / (1.2 GB) / (540 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Crime,Drama Duration….01:07:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Romance • Comedy
6.1 2024 66 mins
Broken Rage
Replicator
3.8

Replicator (2025) IMDb Rating (3.8) Replicator ကတော့ Sci-fi Horror ဇာတ်လမ်းအမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒါဘီဟာ သူမအဖေဖြစ်သူကင်ဆာရောဂါ ခံစားနေရမှန်းသိလိုက်ပြီးနောက် အဖေ့ကိုသူမနဲ့တူတူလာနေဖို့ ခေါ်လိုက်ရင်း သူမအဖေဟာ ရုတ်တရက်ကြီးထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ဆုံးပါးသွားပါတော့တယ်။ ဒီအဖြစ်အပျက်ကိုစုံစမ်းရှာဖွေနေရင်း ပိုပြီးဆန်းကျယ်တဲ့အရာတွေကိုကြုံတွေ့ရတဲ့အခါ ဒါဘီနဲ့ သူမဘေးကလူတွေဘယ်လိုအန္တရာယ်မျိုးတွေကြုံတွေ့လာရမလဲ သူမအဖေရဲ့အသက်ကိုနုတ်ယူသွားတဲ့အရာက ဘာဖြစ်နိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ သဲထိတ်ရင်ဖို ရှူစားနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Senju ဖြစ်ပါတယ်။) File size…(940 MB) / (470 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Science Fiction Duration….01:15:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Senju

Documentary
3.8 2025 75 mins
Replicator
Adharma Kadhaigal
5.1

Adharma Kadhaigal (2024) “စိတ်အမှောင်” ဒီတစ်ခါ‌တော့ CM Bollywood ပရိသတ်ကြီးအတွက် ထူးထူးခြားခြားတင်ဆက်ထားတဲ့ တမီလ်စကားပြောမှုခင်း-ဒရာမာ ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းရဲ့ထူးခြားချက်က အစအဆုံးဇာတ်လမ်းတစ်ပုဒ်တည်းမဟုတ်ဘဲ မတူတဲ့ဇာတ်ကြောင်း ၄ ခုကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကြောင်းမတူပေမဲ့ လေးပုဒ်လုံးတူညီတဲ့အချက်တွေကတော့ မတရားမှု၊ ကလဲ့စား၊ သစ္စာဖောက်မှုနဲ့ စိတ်ရဲ့အမှောင်ဘက်ခြမ်းကိုသွားတဲ့ dark side တွေကို တွေးတောဆင်ခြင်မိစရာဖြစ်အောင် ရိုက်ကူးထားတာပါ။ မတရားမှုတွေ၊ လူတွေရဲ့ဆိုးယုတ်မှုတွေ၊ လောကရဲ့ပျော်စရာ၊ ၀မ်းနည်းစရာတို့အပြင် အချစ်နဲ့ဘ၀ကို ရသစုံလင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတိုတွေပေမဲ့ တကယ်အနှစ်တွေမို့ အချိန်လေးတစ်ခုပေးပြီး ကြည့်ရှုခံစားလိုက်ကြပါဦး…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Family • Drama
5.1 2024 131 mins
Adharma Kadhaigal