YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

China PeaceKeeping Forces [2018] (MM Sub).mp4

1.01 GB 720p video/mp4 1788 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Secret in Their Eyes
8

Original Title: El secreto de sus ojos Genre – Drama, Mystery, Romance IMDB – 8.2/10 ၂၀၁၀ ခုနှစ် အော်စကာပေးပွဲမှာ နိုင်ငံခြားဘာသာစကားပြော အကောင်းဆုံးရုပ်ရှင်ဆု ရခဲ့တယ် (စပိန်စကားပြော အာဂျင်တီးနားရုပ်ရှင်)။ IMDB မှာ 8.2 ကို လူနှစ်သိန်းကျော် ပျမ်းမျှအမှတ် ရထားတယ် IMDB အကောင်းဆုံးရုပ်ရှင် ၂၅၀ ထဲမှာ ၁၆၅ ကားမြောက်ဖြစ်တယ်။ ဘာများပြောစရာ လိုဦးမလဲ၊ ဟင်းလေးကြီးတစ်ခွက်ကို မြည်းစမ်းနေရသလိုပဲ ကြည့်ရတာတော့။ အငြိမ်းစား ဥပဒေအတိုင်ပင်ခံကြီး တစ်ယောက် အနားယူချိန်မှာ ဝတ္ထုရေးဖို့ ကြိုးစားကြည့်တယ် ကြိုးစားကြည့်တိုင်းလည်း လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ထူးထူး ခြားခြား ဖြစ်ခဲ့တဲ့ အမှုကိုပဲ ပြန်ပြီး အောက်မေ့နေတယ်။ ဒီတော့ ဒီအကြောင်းကို ဝတ္ထုလုပ်ရေးဖို့အတွက် သံယောဇဉ် ရှိခဲ့ပေမဲ့ အခြေအနေ ကွာခြားတာကြောင့် ရှေ့ဆက်မတိုးခဲ့ရတဲ့ အထက်အရာရှိဟောင်း (ခုလက်ရှိ တရားသူကြီး) ဆီ သွားအကြံ တောင်းရတော့တယ်။ အဲဒီမှာပဲ မေ့ပစ်လို့မရတဲ့ အမှတ်တရ ဟောင်းတွေ တစ်ပုံကြီး ပြန်ပေါ်လာတယ်။ အင်မတန်ချစ်ကြတဲ့ ဘဏ်စာရေးနဲ့ ကျောင်းဆရာမလင်မယားလေးကိုမှ ကံဆိုးစွာနဲ့ လူတစ်ယောက်က ဆရာမလေးကို မုဒိမ်းကျင့်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်။ အမှုယူရမှာ ကိုယ့်အလှည့် မဟုတ်ပဲ ယူလိုက်ရတဲ့ အတိုင်ပင်ခံကြီးတစ်ယောက် သူငယ်ချင်းအရက်သမားတစ်ယောက်နဲ့ အမှုလိုက်စုံစမ်းဖို့ အကြောင်းပါလာတော့တယ်။ တရားခံကို သိနေပေမယ့် ကောက်ရိုးပုံထဲက အပ်ရှာသလို ရှာရခက်ခက်နဲ့ ဘယ်လို တွေကြိုးစားပြီး ရှာဖွေကြမလဲ၊ ရှာတွေ့တဲ့အခါမှာလည်း ဘာတွေဆက်ဖြစ်မလဲ၊ အတိုင်ပင်ခံလေးနဲ့ ရှေ့နေမလေးတို့ ဇာတ်လမ်းက ဘယ်လိုလဲ၊ ဘဏ်စာရေးကရော မိန်းမကို လွမ်းစိတ်နဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာ သူတို့မျက်ဝန်းတွေက လျှို့ဝှက်ချက်တွေနဲ့အတူ စီးမြောရမှာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးပြောရမယ်ဆို နောက်ဆုံးမှ ဟင်ခနဲ ဟာခနဲ သိရမယ့် ဇာတ်သိမ်းလှည့်ကွက်တွေလည်းပါပါတယ်။ ဆက်ညွန်းနေရင် ကြာပါတယ် အော်စကာဆိုတာ အလကား ရထားတာမှ မဟုတ်တာ အေးဆေးလေး အချိန်ယူကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ် နောက်ပြီး မုဒိမ်းခန်းတွေမှာ ပွင့်ပွင့် လင်းလင်း ပြသထားတာတွေ ကိုယ်အင်္ဂါတွေ ပြသတာတွေ ပါတဲ့အတွက် သတိထား ကြည့်စေလိုပါတယ်ဗျ။ File size…1.81GB / 720MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 9m Genre ..... Drama , Mystery , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • Mystery
8 2009 130 mins
The Secret in Their Eyes
Beau Is Afraid
6.9

Beau Is Afraid (2023) ~ IMDb - 7.1/10, Rotten Tomatoes - 67% ~ မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဟာသ၊ ဒရာမာ၊ ဟော်ရာ အမျိုးအစားပါ။ ရုပ်ရှင်လောကရဲ့ ထူးထူးဆန်းဆန်းနဲ့ ပြောင်မြောက်တဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်နေကျ A24 ကုမ္ပဏီရဲ့ ရုပ်ရှင်ပေါ့။ ဒါရိုက်တာကလည်း ဟော်ရာရုပ်ရှင်လောကရဲ့ ပြောစမှတ်ဖြစ်စရာ ရုပ်ရှင်နှစ်ကားဖြစ်တဲ့ Midsommar နဲ့ Hereditary ကို ရိုက်ခဲ့တဲ့ Ari Aster ပါပဲ။ သူကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာ၊ တွဲဖက်ထုတ်လုပ်သူအဖြစ်လုပ်ခဲ့တာပါ။ ရုပ်ရှင်တစ်ခုလုံးက အိပ်မက်ဆိုးကြီးနဲ့ တူနေပါတယ်။ ကြောက်စရာတွေ ရယ်စရာတွေ သောင်းပြောင်းဖြစ်နေပြီး တစ်ခုကနေ တစ်ခုကို ခုန်ကူးသွားပါတယ်။ ဒီရုပ်ရှင်ဟာ မူလက ၄ နာရီစာ ရိုက်ကူးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရုံတင်ဖို့အတွက် ၂ နာရီ ၅၉မိနစ် ဖြစ်အောင် ချုံ့လိုက်ရတာပါ။ မူရင်း ၄ နာရီများ ရှိရင် ကြည့်ချင်စရာပါပဲ။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေကို အရှုံးသမား ဆန်ကုန်မြေလေးတစ်ယောက်ရဲ့ နေရာကနေ ခံစားမိအောင် ပြချင်တာပါလို့ ဒါရိုက်တာက ပြောခဲ့ပါသေးတယ်။ ဝါကင်းဖီးနစ်ဟာ သရုပ်ဆောင်တဲ့နေရာမှာ ဆရာတစ်ဆူပါပဲ။ ဒါပေမဲ့ ပိုပီပြင်သွားအောင် သူထပ်ကြိုးစားခဲ့တာတွေရှိပါသေးတယ်။ သူရဲ့လက်ပတ်တီးထဲကို အပ်အချွန်တွေစိုက်ထားပြီး အဲဒီလက်ကို သုံးလိုက်တိုင်းနာကျင်သွားတဲ့ပုံကို သဘာဝကျအောင်လုပ်ခဲ့တာပါ။ ဗိုက်မှာလည်း စက္ကူညှပ်တွေ ညှပ်ထားပြီး လမ်းလျှောက်လိုက်တိုင်း ဗိုက်သားနာနေတာကို ဟန်မဆောင်ဘဲ တကယ်တူအောင် သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဒီတော့ ရုပ်ရှင်ကြည့်မယ်ဆိုရင် ရုပ်ရှင်က ဘာအကြောင်းလဲ မေ့မသွားအောင် သေချာတာလေးကို မှတ်ထားလိုက်ပါ။ သားတစ်ယောက်က သူ့အမေရဲ့ဈာပနကို အမီ အိမ်ပြန်တယ်။ ဒါပါပဲ။ ဇာတ်လမ်းနာမည်က "ဘိုး ကြောက်တယ်" တဲ့။ ဘိုးဘာကိုကြောက်လဲဆိုတာ ခေါင်းစဉ်မှာမပါပါဘူး။ ဘိုးကလည်း အများကြီးကိုကြောက်ပါတယ်။ လူသတ်သမားတွေ၊ မိစ္ဆာတွေ၊ လိပ်ပြာမလုံတာတွေ၊ ဘာမှန်းမသိတာတွေ အကုန်ကြောက်ပါတယ်။ ဇာတ်လမ်းထဲမှာ ခွဲထွက်သွားတဲ့ ဇာတ်လမ်းတွေ၊ ပြောင်းသွားတဲ့ Theme တွေ၊ သဲလွန်စတွေလိုလိုတွေအများကြီးပါပါတယ်။ အကောင်းဆုံးအကြံပေးချင်တာက ပြသမျှကို ထိုင်ကြည့်နေဖို့ပါပဲ။ လိုက်စဉ်းစားဖို့လည်းမကြိုးစားပါနဲ့၊ နားလည်ဖို့လည်းမကြိုးစားပါနဲ့၊ သင်ခန်းစာယူဖို့လည်းမကြိုးစားပါနဲ့။ အေး ပြချင်တာပြကွာဆိုပြီး ထိုင်ကြည့်လိုက်ပါ။ ဒါဆိုအရသာရှိပါလိမ့်မယ်။ ကြည့်ပြီးသွားလို့ အတွေးအမြင်တွေ ရဗြူးတွေ တင်ချင်ရင် ချန်နယ်မြန်မာဂရုကနေ ဖိတ်ခေါ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.55GB, 1.3GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 59Min Genre - Comedy, Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Crime • Drama
6.9 2023 179 mins
Beau Is Afraid
Erumbu
8

Erumbu 2023 IMDb 7.7/10 Drama/Family မိသားစုဇာတ်ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ရသကောင်းလေး‌ ပေးစွမ်းနိုင်မယ့် တမီးလ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အန်နာဒူရိုင်ဟာ ‌အိမ်အတွက် ရုန်းကန်ပြီးဝမ်းစာနေရှာနေရတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ ‌အကြွေးပတ်လည်ဝိုင်းနေပြီး မိသားစုဝင်ခြောက်ယောက်စာကို ရှာ‌ဖွေနေရတာမလို့ တကယ်ကိုမလွယ်ကူလှပါဘူး။ ဒါပေမဲ့လည်း သားဖြစ်သူမူသူးနဲ့ သမီးဖြစ်သူပန်ချီကို မရှိတဲ့ကြားကနေ စိတ်ချမ်းသာအောင်ထားပေးတဲ့ ဖခင်ကောင်းတစ်ဦးဖြစ်ပါတယ်။ မိထွေးဖြစ်သူနဲ့နေရတဲ့ သားနဲ့သမီးကို အတတ်နိုင်ဆုံးလိုတာတွေဖြည့်ဆည်းပေးပြီး သားနဲ့သမီးကလည်း ရုန်းကန်နေရတဲ့အဖေကို ပြန်ကြည့်ပေးတာမလို့ ငွေကြေးမပြည့်စုံပေမယ့်လည်း မေတ္တာတွေနဲ့လွှမ်းခြုံထားတဲ့မိသားစုလေး‌ဖြစ်ပါတယ်။ တစ်နေ့မှာ မိထွေးဖြစ်သူရဲ့အရေးပါတဲ့ရွှေလက်စွပ်တစ်ကွင်းဟာ မထင်မှတ်ပဲပျောက်သွားတဲ့အတွက်ကြောင့် မူသူးတစ်ယောက် ပြာယာခတ်သွားပါတော့တယ်။ အရေးပါတဲ့လက်စွပ်ဖြစ်ပြီး အိမ်ကသိရင်ပြဿနာတက်မှာဖြစ်တဲ့အတွက် အစ်မဖြစ်သူနဲ့အတူ သူငယ်ချင်းတွေကိုပါ အကူအညီတောင်းရင်း ရှာပုံတော်စရပါတော့တယ်။ မူသူးတို့မိသားစုလေး အစစအရာရာအဆင်ပြပါ့မလား။ ဘာတွေဆက်ဖြစ်ကြဦးမလဲ။ ဒီဇာတ်ကားလေးမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Moon~Zwe Yan~Cherry တို့ပဲဖြစ်ပါတယ်။) File size…2.5GB / 1.3GB Quality…1080p True WEB DL /  720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Moon~Zwe Yan~Cherry

Action & Adventure • Drama • Mystery
8 2023 104 mins
Erumbu
Royal Rendezvous
6.5

Royal Rendezvous(2023) ********************** fancy ဒရာမာ အချစ်ဇာတ်လမ်းလေး တွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ကြည့်လို့ကောင်းမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ကတ်တလီနားကတော့ Food Truck နဲ့ စားသောက်ဖွယ်ရာတွေကိုရောင်းတဲ့ East L.A က စာဖိုမှူးမလေးတစ်ယောက်ပါ။ လွတ်လွတ်လပ်လပ် နေတတ်ပြီး ဘဝကိုပျော်ပျော်ပါ့းပါး ဖြတ်သန်းနေတဲ့ အမေရိကန် ကိုလမ်ဘီယား ကပြားမ‌ လေးတစ်ယောက် တော်ဝင်မျိုးနွယ်တွေရဲ့အိမ်မှာ ကျင်းပမယ့်ပွဲအတွက် ငှားရမ်းခြင်းကိုခံခဲ့ရပါတယ်။ အဲ့ဒီ့အိမ်ကြီးကတော့ မြို့စားမယ်တော်ကြီးပိုင်ပြီးနောက်တစ်ပတ်နေရင် ရောင်းချတော့မယ့်အိမ်ကြီးဖြစ်ပါတယ်။ ရောင်းချပြီးရင် သခင်ကြီး ပယ်ရီနဲ့ သူ့ရဲ့ သား ဂျိမ်းစ် တို့ဟာဆိုရင် သူ့ရဲ့အဖွားနဲ့ပြန်လိုက်သွားရတော့မှာပါ။ အဲ့ဒီနောက်မှာတော့…… File Size :(1.8GB) and (674MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:29:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by PROXY Encoded by Phyo Pyae

Drama
6.5 2023 90 mins
Royal Rendezvous
Boyfriend For Hire
7.6

Boyfriend for hire (BFH) 2022 IMDb – 7.6/10 (1.1k) ဇာတ်လမ်းအကျဉ်း ငယ်ငယ်တုန်းက မိန်းကလေးရဲ့လှည့်စားခြင်းခံခဲ့ရပြီး စိတ်ဒဏ်ရာရကာ မိန်းကလေးတွေဆိုလုံး၀မယုံကြည်တော့တဲ့ အာဂျွန်၊ တစ်နေ့မှာအာဂျွန်တစ်ယောက် အိမ်ကပေးစားတဲ့သူနဲ့ လက်ထပ်ရတော့မယ့်အချိန်မှာ မိန်းမတွေကိုအယုံအကြည်မရှိတော့တဲ့ အာဂျွန်က “ငါမိန်းမတွေကို လုံး၀မယုံဘူး” ဆိုတဲ့သူ့ရဲ့စည်းမျဉ်းကိုဖောက်ဖို့ဖြစ်လာပြီး လက်ထပ်ရမယ့်သူကိုရှာဖို့ဖြစ်လာပါတော့တယ်။ မိန်းမတွေကိုမယုံတဲ့ အာဂျွန်က မိန်းမအကြောင်းတွေကိုသိဖို့ အငှားရည်းစားလိုက်ရမှ သူပဲမိန်းမတွေကိုပလေးသွားမလား မိန်းမတွေကပဲ သူ့ကိုပလေးသွားမလားဆိုတာ…. အလောင်တစ်လိုင်းတွေကိုခဏထားပြီး ရိုဆန်ဆန်နဲ့ကြည့်ရမယ့် တေလဂူး rom-com ဇာတ်ကားတစ်ကားကို ပိတ်ရက်မှာ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

7.6 2022
Boyfriend For Hire
Love Amongst the Stars
5.6

မနှစ်ကထွက်ရှိထားတဲ့ Love Amongst The Stars ဆိုတဲ့ ကြယ်တာရာတွေကြားက အချစ်ပုံပြင်လေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါတယ်ဗျ။ ဟိုက်ဒီက မြို့ငယ်လေးတစ်မြို့က တက္ကသိုလ်တစ်ခုရဲ့ နက္ခတ္တဗေဒပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကျောင်းသားတွေအတွက် နက္ခတ်တာရာကြည့်မျှော်စင်တည်ဆောက်ဖို့ ရန်ပုံငွေလိုအပ်တာကြောင့် အထက်ဘုတ်အဖွဲ့ကို ဒဏ္ဍာရီလာကြယ်တံခွန်တစ်ခုရဲ့ တည်ရှိမှုအကြောင်း သက်သေပြဖို့ကြိုးစားနေသူဖြစ်ပါတယ်။ ဩဂတ်စ်ကတော့ ဒီတက္ကသိုလ်ကို သမိုင်းဌာနရဲ့ ပရော်ဖက်ဆာရာထူးနဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။ ဒါပေမဲ့သူက ရှေးဟောင်းသုတေသီတစ်ယောက်လည်းဖြစ်ပြီး ကမ္ဘာလှည့် စွန့်စားခန်းတွေဖွင့်ဖို့အတွက် နယူးယော့က်မှာ အခြေခိုင်တဲ့အလုပ်တစ်ခုရဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ ဒါကြောင့် နယူး‌‌ယောက်က အထက်လူကြီးတွေရဲ့ စိတ်အာရုံကိုဖမ်းယူနိုင်ဖို့ ဟိုက်ဒီရဲ့ ကြယ်တံခွန်ရှာဖွေရေးမစ်ရှင်ကြီးပါ ပါဝင်ကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာဆို အဓိက‌ဇာတ်ဆောင်တွေက အချစ်ကိုကိုးကွယ်တဲ့အရွယ်မဟုတ်ဘဲ တက္ကသိုလ်တစ်ခုရဲ့ပါမောက္ခတွေအနေနဲ့ ပုံဖော်ထားတာမို့ မျက်စိနောက်စရာ ရင်ခုန်စရာ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းပုံစံမဟုတ်ဘဲ ဘဝရဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်နေတဲ့ သက်လတ်ပိုင်းတွေနဲ့ သူတို့ရဲ့အချစ်အပေါ်အမြင်၊ အချစ်တစ်ခုကို သူတို့ဘဝရဲ့ ဘယ်အတိုင်းအတာအထိ ဝင်စွက်ဖက်ခွင့်ပေးမလဲဆိုတာကို ဇာတ်လမ်းလေးတစ်ပုဒ်နဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(720 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa

5.6 2022
Love Amongst the Stars
Death is All Around
5

Death is All Around (2024) သင့်အနီးအနားက မရဏတရား လူသားတွေက စိတ်ညစ်တာတွေများလာတဲ့အခါ အရမ်းတွေစိတ်ဖိစီးလာခဲ့အခါမျိုးမှာ လွတ်ရာလွတ်ကြောင်း ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်တတ်ကြပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ သူတို့ရဲ့ဝိညာဉ်က နောင်ဘဝကို မကူးခင် အပြစ်တွေကိုကျေအောင်အရင်ဆပ်ရပါတယ်။ သတ်သေတဲ့ ဝိညာဉ်တွေကို အပြစ်တွေကျေနိုင်ဖို့ ကူညီလမ်းပြပေးနေတဲ့ ကူညီသူဆိုတာရှိပါတယ်။ ကူညီသူတွေကတော့ လူသားလည်းမဟုတ် ဝိညာဉ်လည်းမဟုတ် လူတွေရဲ့ယုံကြည်မှုကနေ မွေးဖွားလာသူတွေပါ။ ကူညီသူတွေမှာ လူသားတွေနဲ့တိုက်ရိုက်ပတ်သတ်မှုမရှိရ ချစ်သူမဖြစ်ရဆိုတဲ့ စည်းကမ်းချက်ကရှိနေပါသေးတယ်။ ကူညီသူတွေထဲကမှ အတော်ဆုံးနံပါတ်၁ဖြစ်တဲ့ ကူညီသူသန့်ခ်ကတော့ လူသားတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးရင်း လူသားကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့ …….. အဲဒီကောင်မလေးနဲ့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ….. ကူညီသူတစ်ယောက်ရဲ့ တာဝန်တွေကျေပွန်အောင်ရော ဘယ်လိုတွေ ထမ်းဆောင်သွားမလဲ… ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းကိုတော့ Char Ou က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Kaung, Mary တို့ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1GB | 519MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Char Ou, Kaung, Mary Encoder ….. Aaron

5 2024
Death is All Around
The Way He Looks
7.9

The Way He Looks ဟာ ဒါရိုက်တာ Daniel Ribeiro ရဲ့ရုပ်ရှင်ကားတိုဖြစ်တဲ့ I Don’t Want to Go Back Alone ကို မူရင်းသရုပ်ဆောင်တွေနဲ့ပဲ သူကိုယ်တိုင်ပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ 64th Berlin International Film မှာ စတင်မိတ်ဆက်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားနေရာအတွက် FIPRESCI Prize နဲ့best LGBT-themed feature အတွက် Teddy Award တွေအပါအဝင်ရုပ်ရှင်ပွဲတော်တွေအများကြီးမှာ ဆုပေါင်း ၂၇ ဆုအထိရရှိထားတဲ့ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ လီယိုနာဒိုဆိုတဲ့ မွေးရာပါမျက်မမြင်ကောင်လေးတစ်ယောက်၊ သူ့မှာ ဂျီယိုဗနာဆိုတဲ့ အချစ်ဆုံး သူငယ်ချင်းကောင်မလေးရှိတယ်။ အဲ့ဒီကောင်မလေးကပဲ သူ့ရဲ့နေ့စဉ်လူမှုဘ၀တွေမှာအမြဲတမ်းကူညီဖြည့်ဆည်းရင်းဖြတ်သန်းနေကြတာပါ။ တစ်နေ့တော့ သူတို့ကျောင်းကို ဂါဘရီယယ်ဆိုတဲ့ လူချောလေးတစ်ယောက်ပြောင်းလာပါတယ်။ဂါဘရီယယ် ချောမချောဆိုတာ ဂျီယိုဗနာရဲ့အပြောနဲ့ပဲမြင်ရတာဖြစ်ပြီး လီယိုနာဒိုက သူ့ကိုမှန်းကြည့်ရုံသာတတ်နိုင်ပါတယ်။တစ်ဖြည်းဖြည်းနဲ့ ဂါဘရီယယ်ဟာ ဂျီယိုဗနာရဲ့နေရာကို အစားထိုးဝင်ယူလာခဲ့ပြီး လီယိုနာဒိုရဲ့စိတ်တွေပါ သူ့အပေါ်တိမ်းညွတ်လာခဲ့ပါတယ်။ ဒါတွေကိုထင်ထင်ရှားရှားမြင်တွေ့နေရတဲ့ ဂျီယိုဗနာတစ်ယောက် ဝမ်းနည်းစိတ်ဝန်တိုစိတ်တွေနဲ့ သူတို့ သူငယ်ချင်းနှစ်ယောက်ကြားဆက်ဆံရေးမှာ အက်ကြောင်းတွေထင်လာတဲ့နောက်မှတော့..။ ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ဝါဒဖြန့်တာတွေ လိုရာဆွဲထားတာတွေတင်မက ဗီလိန်တွေပါမပါပဲ ချစ်စရာကောင်းအောင်ရိုးရှင်းလှပစွာတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။နာမည်ကျော်သရုပ်ဆောင်ကြီးတွေမပါဝင်တာကြောင့် နိုင်ငံတကာမှာပေါက်သင့်သလောက်မပေါက်ခဲ့ပေမယ့် The Way He Looks ဟာ Love Simon, Call me by your name တို့လို LGBT Coming-of-Age ရုပ်ရှင်တွေထဲမှာ နေရာတစ်ခုရှိသင့်အောင်ကောင်းတယ်လို့ညွှန်းပါရစေ။ ( အညွှန်းနဲ့ ဘာသာပြန်သူကတော့ Alias ပါ ) File size_(1.3 GB)/( 680 MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:37:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

7.9 2014
The Way He Looks
Shark Warning
5.1

Shark Warning (2024) ************************ ငါးမန်းကားတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ Shark Warning ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Jaw လောက်တော့မကြမ်းပေမဲ့သူ့အနေအထားနဲ့သူရှိတဲ့အတွက် အပျင်းပြေတော့ ကြည့်လို့ကောင်းမဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာကလည်း Wanda Vision တို့ Hawkeye တို့လို Marvel Series တွေကိုရိုက်ကူးခဲ့တဲ့ Jimmy Gadd ဖြစ်တဲ့အတွက် ရိုက်ချက်တွေကတော့ လက်ခံလို့ရတဲ့အနေအထားမှာရှိတယ်လို့ပြောလို့ရပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ အယ်လန်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူကလွန်ခဲ့တဲ့နှစ် ၂၀ တုန်းက သူ့မွေးရပ်မြေရဲ့ကမ်းခြေမှာ ညီဖြစ်သူ ဒန်နီနဲ့ ရေကစားနေတုန်း ငါးမန်းတစ်ကောင်ရောက်ချလာပြီး ဒန်နီ့ကိုဆွဲသွားပါတော့တယ်။ အဲ့ဒီအဖြစ်အပျက်ကြောင့် ညီဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး သူ့စိတ်ထဲမှာတော့ ဒါတွေအားလုံးဖြစ်ရတဲ့ အဓိကတရားခံက ကလေးပဲရှိသေးတဲ့သူတို့ကိုမကြည့်ပေးဘဲ ဘီယာသောက်ဖို့ထွက်သွားတဲ့ သူ့ဦးလေးရွန်ကြောင့်ဆိုပြီး အပြစ်တင်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ နောက်နှစ် ၂၀ အကြာမှာတော့ အယ်လန်က မွေးရပ်မြေကို အကြောင်းပြချက် မယ်မယ်ရရမရှိပဲနဲ့ ပြန်လာခဲ့ပါတော့တယ်။ တိုက်ဆိုင်ချင်တော့ အဲ့ဒီအချိန်မှာ ငါးမန်းတစ်ကောင်ရှိနေတယ်ဆိုပြီး သတင်းကြားခဲ့ရလို့ သွားကြည့်တဲ့အခါမှာ ငယ်ငယ်တုန်းက သူ့ညီကိုသတ်ခဲ့တဲ့ငါးမန်းပဲဖြစ်နေတဲ့အတွက် အယ်လန်တစ်ယောက်အဲ့ဒီငါးမန်းကိုပြန်သတ်ဖို့ကြိုးစားရင်း သူ့ဦးလေးနဲ့ သူ့ကြားကအငြိုးတွေရော ပြေနိုင်ပါ့မလားဆိုတာတွေနဲ့ အဲ့ဒီမြို့ရဲ့တခြားသော စိတ်ဝင်စားစရာဇာတ်လမ်းဇာတ်ကွက်တွေကိုကြည့်ရှုရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…2.14GB / 911MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 35m Genre ….. Action, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by AHtet

Action • Thriller • Crime • Horror
5.1 2024 94 mins
Shark Warning
I’m Still Here

IMDB Rating 8.5/10 ဒီဇာတ်ကားလေးကတော့ အော်စကာဆုပေးပွဲမှာ Best International Feature Film ဆုရရှိခဲ့ပြီး Best Picture နဲ့ Best Actress ဆုတွေအတွက် ဇကာတင်ဝင်ခဲ့တဲ့ ဘရာဇီးရုပ်ရှင်ကားကြီးပါ။ ဘရာဇီးလွှတ်တော်အမတ် မာဆယ်လို ရူဘင် ပါဗာရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်က ဘရာဇီးတနိုင်ငံတင်မက နိုင်ငံတကာကပါ အားပေးမှုအများကြီးရရှိခဲ့အောင် ကောင်းမွန်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ယူနိစ် ပါဗာဟာ လွှတ်တော်အမတ်ဟောင်းရဲ့ ဇနီးဖြစ်ပြီးတော့ ယောက်ျားဖြစ်သူ ရူဘင်ပါဗာနဲ့ သားသမီးငါးယောက်တို့နဲ့အတူ သာယာပျော်ရွှင်စွာ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေတဲ့အိမ်ရှင်မတစ်ဦးပါ။ အဲ့ဒီ့အချိန်ကာလ ဘရာဇီးနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကာလတွေနဲ့ တော်လှန်ရေးကာလကြားမှာကျရောက်နေတာဖြစ်ပါတယ် တစ်နေ့မှာတော့ ယူနိစ် ပါဗာတို့အိမ်ကို ဘရာဇီးစစ်တပ်ကလူတွေ ရောက်လာပြီးတော့ သူမရဲ့ယောက်ျားဖြစ်သူ လွှတ်တော်အမတ်ဟောင်း ရူဘင် ပါဗာကို မေးမြန်းစရာရှိလို့ဆိုပြီး ခေါ်ဆောင်သွားပါတော့တယ်။ စိတ်မကောင်းစွာနဲ့ပဲ ရူဘင် ပါဗာဟာ ခဏတဖြုတ်ပဲလို့ပြောပြီး ခေါ်သွားရာက သတင်းမကြားရတော့ဘဲ ပျောက်ချင်းမလှ ပျောက်ဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ ယူနိစ် ပါဗာဟာ သူမယောက်ျားရှိတဲ့နေရာကို အသည်းအသန် လိုက်စုံစမ်းရင်းက သူမယောက်ျားဟာ တော်လှန်ရေးအဖွဲ့မှာ ပါဝင်နေကြောင်းသိရှိလိုက်ရပါတော့တယ်။ ဒီတော့ ဒီဇာတ်ကားလေးမှာ ယူနိစ် ပါဗာတစ်ယောက် သားသမီးငါးယောက်ကို စောင့်ရှောက်ရင်း သတင်းအစအနတောင် မရတော့တဲ့ သူ့ယောက်ျားကို ဘယ်လိုဘယ်ပုံ လိုက်ရှာမလဲဆိုတာကို ဘရာဇီးနိုင်ငံရဲ့သွေးစွန်းကာလတွေကြား ရင်မောစွာကြည့်ရှုရမှာဖြစ်ပါတယ်။ File size…( 9.4 GB)(4.2 GB)/(1.6 GB) Quality….Webrip HEVC 4K / 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

0 2024
I’m Still Here
Materialists
6.7

Materialists (2025) IMDb Rating (6.7) / Rotten Tomatoes (79%) ဇာတ်ကားပိုစတာထွက်တုန်းက မြင်မိတော့ သုံးအချို့လို့ ထင်ခဲ့မိပေမဲ့ မမ ဒါကိုတာတစ်ယောက် အတောင့်အဖြောင့်ဘဲကြီးနှစ်ဗွေကြားမှာ ဗျာများရမဲ့ဇာတ်ကားလေးပါ။ ဟောလိဝုဒ်ရဲ့ ခေါင်သုံးယောက်ကို တစ်ကားတည်းမှာ ကြည့်ရတာနဲ့တင် တန်နေပါပြီ။ ဇာတ်လမ်းအကျဉ်း လူစီက အောင်သွယ်တော်လုပ်ပေးတဲ့ကုမ္မဏီမှာ အချစ်ပျောက်ငှက်ငယ်တွေကို နဖူးစာရွာလည်စေတဲ့ ဖူးစာရေးနတ်သမီးလေးပေါ့။ လူစီရဲ့ အကျိုးဆောင်မှုကြောင့် အခုဆို လက်ထပ်သွားတဲ့စုံတွဲ ကိုးတွဲတောင်ရှိပါပြီ။ နောက်ဆုံးတစ်တွဲကတော့ သူမကို လက်ထပ်ဖိတ်စာပို့ထားတဲ့အတွက် လူစီတစ်ယောက် သတို့သမီးနဲ့ သတို့သားကို ဂုဏ်ပြုချင်တာကတစ်ကြောင်း အောင်သွယ်ရေး ပရိုမိုးရှင်းဆင်းချင်တာကတစ်ကြောင်းနဲ့ မင်္ဂလာဆောင်ကို သွားရောက်ခဲ့ပါတယ်။ မင်္ဂလာဆောင်ပါတီကိုရောက်တော့ သူမဟာ သတို့သားရဲ့အစ်ကိုဖြစ်သူ ဟယ်ရီဆိုတဲ့ Daddy type ရုပ်ရှိငွေလျှံဘဲကြီးနဲ့ ကြုံကြိုက်သွားခဲ့ရင်း စကားပြောဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်သား ကီးကိုက်သလို ရှိနေပြီး ဟယ်ရီကလည်း သူမကို စိတ်ဝင်စားနေပါတယ်။ အဲအချိန်မှာ သူမ ငါးနှစ်တာတွဲခဲ့တဲ့ ရည်းစားဟောင်း ငမွဲကောင်လေး ဂျွန်က မင်္ဂလာဆောင်မှာ စာပွဲထိုးဝင်လုပ်ရင်းက သုံးယောက်သား တေ့တေ့ဆိုင်ဆိုင် တွေ့ကြပါတော့တယ်။ အဲလိုကနေ လူစီတစ်ယောက် ငါးနှစ်တာချစ်ခဲ့တဲ့ ရည်းစားဟောင်း ဂျွန်ဆီကိုပဲ စိတ်ပြန်ပါသွားမလား၊ အရွယ်ရောက်ရင့်ကျက်လာပြီး အခြေတကျဖြစ်ချင်တဲ့စိတ်ကြောင့် ဟယ်ရီဆီကိုပဲ စိတ်ယိုင်သွားမလားဆိုတာကို ကြည်နူးဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size… (7.5 GB) / (3.2 GB) / (1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration….01:57:09 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Matteo

Animation • Family • Western • Adventure • Comedy
6.7 2025 116 mins
Materialists
A Walk in the Clouds
6.7

A Walk in the Clouds (1995) IMDb Rating (6.7) မင်းသားကြီး Keanu Reeves ရဲ့ ငယ်ငယ်က အချစ်ဇာတ်ကားလေးတွေ ကြည့်ချင်နေတဲ့ သူတွေအတွက် ဒီ A walk in the clouds ဆိုတဲ့ကားလေးကိုလက်တို့လိုက်ပါတယ်.. ဒုတိယ ကမ္ဘာစစ်ကြီးပြီးလို့ ချစ်ဇနီးထံ ပြန်လာတဲ့ Paul တစ်ယောက် ဇနီးသည်ရဲ့ ဆန္ဒအရ ချောကလက်ရောင်းဖို့ Sacramento မြို့လေးကို ရထားနဲ့ ခရီးနှင်ခဲ့ပါတော့တယ်… ကံကောင်းချင်လို့ပြောရမလား ကံဆိုးချင်လို့ပြောရမလား သွားနေတဲ့လမ်းမှာပဲကိုယ်ဝန်ရသွားပြီး ချစ်သူကပါပစ်သွားလို့ အိမ်မပြန်ရဲဖြစ်နေတဲ့ မက္ကစီကန် ကောင်မလေးနဲ့ဆုံပါတော့တယ်။ ကောင်မလေးရဲ့ အခက်အခဲကိုကူညီဖို့ ဟန်ဆောင်ခင်ပွန်းအဖြစ် မိသားစုကိုလိုက်တွေ့ရာရနေ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံတဲ့ချိန်ဟာ နှစ်ယောက်လုံးရဲ့အခက်ခဲဆုံးအချိန်ဖြစ်နေပြီး ဆိုင်သူရှိနေတဲ့ လူဖြူကောင်လေးနဲ့ တခြားသူရဲ့ရင်သွေးလေးကိုလွယ်ထားရတဲ့ စပျစ်ခြံပိုင်ရှင်သမီးလေးတို့ ဘယ်လိုနီးစပ်သွားကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ.. 1995 ဝန်းကျင်က အဝတ်အစား အခင်းအကျင်းနဲ့ သိုက်သိုက်ဝန်းဝန်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုရဲ့ ပုံရိပ်တွေအပြင် ကြည်နူးစရာ ဝမ်းနည်းစရာတွေနဲ့ရောပြွမ်းနေတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပုံဖော်ထားတာမို့ ဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့ ဒီကားလေးကို ညွှန်းလိုက်ရပါတော့တယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thinzar Oo မှတင်ဆက်ထားပါတယ် )

Drama
6.7 1995 103 mins
A Walk in the Clouds