YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Chase the Truth E21 720p WEB-DL CM.mp4

229.71 MB N/A video/mp4 82 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Malena
7.4

၁၉၄၁ ခုနှစ်က စစ္စလီကျွန်းပေါ်မှာနေတဲ့ အသက် ၁၃ နှစ်သား ကောင်လေးတစ်ယောက် လမ်းခဲ့ရတဲ့ မာလိနာဆိုတဲ့ မိန်းမတစ်ယောက်အကြောင်း.....။ ဒုတိယကမ္ဘာစစ်ကြောင့် ခိုကိုးရာမဲ့သွားတဲ့မိန်းမတစ်ယောက်၊ လှပလွန်းသောကြောင့် ယောက်ကျားတိုင်းက စိတ်ဝင်စားပြီး တစ်ခြားမိန်းမတွေက မနာလိုဖြစ်ခြင်းခံနေရတဲ့ မိန်းမတစ်ယောက်၊  ကံဆိုးမှု တွေကြောင့် ဖခင်ဖြစ်သူရဲ့ အထင်လွဲမှုကို ခံရပြီး စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတဲ့ မိန်းမတစ်ယောက်၊ အရာရာကို ခွင့်လွှတ်သည်းခံပြီး ချစ်သူခင်ပွန်းရဲ့ဖေးမမှုနဲ့ ဘဝကိုတည်ငြိမ်စွာ ပြန်လည်လျှောက်လှမ်းနိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အကြောင်း.....။ ဒီဇာတ်ကားထဲမှာ လူတွေရဲ့ မနာလိုစိတ်တွေ၊ အချောင်ရလိုမှုတွေ၊ အားနည်းသူကို ပျက်စီးစေချင်ကြတဲ့စိတ်တွေနဲ့ ယောင်္ကျားတွေရဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြထားပါတယ်။ ကြီးကောင်ဝင်စ လူငယ်လေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ လူတွေအကြောင်း သင်ယူခဲ့မှုတွေကိုလည်း အထင်အရှားမြင်ရမှာ ဖြစ်ပါတယ်။ မင်းသမီးကတော့ သိပ်ညွှန်းစရာလိုမယ် မထင်ပါဘူး။ ဆိုဖီယာလော်ရင့်ပြီးရင် အီတလီရဲ့ နာမည်အကြီးဆုံးမင်းသမီးဖြစ်တဲ့ Monica Bellucci ပါ။ ဒီဇာတ်ကားထဲမှာ အလှပဆုံးအချိုးအစားလို့ ပြောကြတဲ့ ၃၆-၂၄-၃၅ ဆိုတဲ့ သူမရဲ့အလှအပကို သေသေချာချာ မြင်ရမှာဖြစ်ပါတယ်။ သူရဲ့ခန္ဓာကိုယ်အလှအပအပြင် သူ့ရဲ့သရုပ်ဆောင်မှုတွေကြောင့်လဲ ဝေဖန်ရေးဆရာတို့ရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။ "သရုပ်ဆောင်တယ်ဆိုတာ စကားလုံးတွေနဲ့တင်မဟုတ်ဘဲ တစ်ကိုယ်လုံးအသုံးချပြီး အမူအရာလုပ်တာပါ" ဆိုတဲ့ သူမရဲ့စကားအတိုင်းပဲ ဒီဇာတ်ကားမှာ စကားပြောနည်းနည်းနဲ့ သူမရဲ့တစ်ကိုယ်လုံးကို အသုံးချသရုပ်ဆောင်သွားပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၀ ခုနှစ်ရဲ့ အော်စကာတန်းဝင်ဇာတ်ကားလဲဖြစ်တာကြောင့် ဘယ်လိုမှ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါတယ်။ Uncut Version နဲ့တင်ထားတာမို့ မိသားစုနဲ့တော့မကြည့်သင့်တဲ့ဇာတ်ကားပါ။ (ဘာသာပြန်သူနဲ့ အညွှန်းရေးထားသူကတော့ Nyi Nyi Kyaw Myint ဖြစ်ပါတယ်။) File size…(2.4 GB) and (1.1 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv/mp4 Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nyi Nyi Kyaw Myint

Animation • Drama • Family
7.4 2000 109 mins
[18+] Malena
Diary

ဒီတစ်ခေါက်မှာတော့ Mystery, Thriller တွေမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ Dejavu မင်းသား Arulnithi ရဲ့ နောက်ထပ် Crime, Thriller ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ မတ်တူပါလာယမ်ကနေ အိုတီမြို့ကိုသွားတဲ့လမ်းက ထူးဆန်းတဲ့ ၁၃လမ်းကွေ့ဆိုတဲ့နေရာအကြောင်းကို‌ ဖော်ပြထားပါတယ် ။ အဲ့ဒီနေရာရောက်တိုင်း ယာဉ်မတော်တဆမှုတွေဖြစ်လေ့ရှိတာကြောင့် ရဲတပ်ဖွဲ့၀င်တွေကပါ သတိပေးထားရတာကြောင့်ပါ ။ တချို့ကလဲ အဲ့ဒီနေရာကသရဲခြောက်တယ်လို့ ပြောကြပါတယ် ။ ၁၃လမ်းကွေ့ရဲ့အကြောင်းကတော့ အိုတီမြို့မှာပြောစမှတ်တွင်လာပါတော့တယ်။ ဗာရတ်ဒါဟာ စုံစမ်းစစ်ဆေးရေးသင်တန်းသား အရာရှိလောင်းတစ်ဦးဖြစ်ပါတယ် ။ တစ်ရက်မှာ ဌာနကသင်တန်းသားတွေကို အဖြေမပေါ်သေးတဲ့အမှုတွေကိုပြန်လည်စစ်ဆေးဖို့ တာ၀န်ပေးလိုက်ပါတော့တယ်။ ဗာရတ်ဒါစုံစမ်းရမဲ့အမှုက ၁၆နှစ်ကြာတဲ့အထိအဖြေမပေါ်သေးတဲ့ အိုတီမြို့ကဟိုတယ်မှာ လင်မယားနှစ်ယောက် အသတ်ခံရတဲ့အမှုပါ။ ဗာရတ်ဒါနဲ့အတူ အမှုကိုကူညီပြီးစုံစမ်းပေးဖို့ ဒုစုံစမ်းရေးမှူး ပါဗီသရာကိုလည်းတာ၀န်ပေးထားပါတယ် ။ ဒါပေမဲ့ သူတို့စုံစမ်းရမဲ့အမှုဟာ ထင်သလောက်မလွယ်ကူခဲ့ပါဘူး ... ဒါ့အပြင်အိုတီမြို့က တခြားသောအမှုတွေနဲ့လည်း ပတ်သတ်နေပါသေးတယ်... သူတို့နှစ်ယောက် လွန်ခဲ့တဲ့၁၆နှစ်ကအမှုကိုပြန်လည်ဖော်ထုတ်နိုင်ပါ့မလား... ဇာတ်လမ်းအစက သရဲခြောက်ပါတယ်ဆိုတဲ့ ၁၃လမ်းကွေ့နဲ့ရော ဘယ်လိုပတ်သတ်နေမလဲ... ဇာတ်လမ်းမှာဘာဆက်ဖြစ်မယ်ဆိုတာကြိုမသိရပဲ ရင်တထိတ်ထိတ်နဲ့ ပရိသတ်ကိုအဆုံးထိဆွဲခေါ်သွားမှာပါ ။ လျှို့ဝှက်သည်းဖို မှုခင်းဇာတ်လမ်းမျိုးကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်နော် File size…1.7GB /  849MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL & HM & OeliuJ & Kevin Ag

Action • Thriller
0 2022 17 mins
Diary
Starship Troopers
7

ကျွန်တော်တို့ ၉၀ ခုနှစ်ကျော်က Sci-fi ကားကောင်းတွေအကြောင်း ပြောမယ်ဆိုရင် Star Wars တွေ Star Trek တွေ Alien တို့လောက်နဲ့ မပြီးဘူးဗျ ဒီ Starship Trooper ကို ဇာတ်ကားနာမည်သာ မသိမယ် ဓားခုတ်ကောင်ကြီးတွေနဲ့ ချတယ်ဆိုပြီး လူတိုင်းငယ်ဘဝက ကြည့်ခဲ့ဖူးကြမယ် ထင်ပါတယ် (တချို့အခန်းတွေအကြောင်းလည်း ပါမယ်ပေါ့လေ)။ ထားပါ ပြောချင်တာက သူကတော့ Franchise အနေနဲ့ ၃ ကားထိ ထွက်ရှိထားတာ ဖြစ်ပါတယ် အကုန်လုံး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာဖြစ်တဲ့ Paul Verhoeven ဆိုရင်လည်း တခြား Robocop တို့ Hollow Man တို့ကို ရိုက်ကူးထားတဲ့လူပါ။ နောက်ပြီး ၁၉၉၈ ခုနှစ် အော်စကာဆုပေးပွဲမှာ Best Visual Effect စကာတင်လည်း ဝင်ခဲ့ပါသေးတယ် (Titanic နဲ့ Jurassic World ဆိုတော့ ယှဉ်မရဘူးပေါ့လေ) ဇာတ်လမ်းအကျဉ်းကတော့ နောင်အနာဂတ်တွေမှာ ကမ္ဘာကြီးတစ်ခုလုံးက နိုင်ငံတွေအနေနဲ့ ရှိမနေတော့ပဲ ဖက်ဒရယ်အစိုးရနဲ့ ဖက်ဒရယ် ပြည်ထောင်စုလိုက်ကြီး ဖြစ်နေပါပြီ။ ရန်စွယ်အနေနဲ့ကလည်း ကလန်ဒတ်သူဂြိုလ်က အယ်ရာခနစ်ဆိုတဲ့ ပိုးကောင်တွေဖြစ်ပြီး သူတို့ကလည်း ဥက္ကာခဲတွေ လွှတ်ပြီး တိုက်ခိုက်တယ်ပေါ့လေ။ အဲဒီအချိန် ဖက်ဒရယ်ပညာရေးကျောင်းမှာ သူငယ်ချင်း ၃ ယောက်ရှိကြတယ် ရီကိုရယ် ကားလ်ရယ် ကာမန်ရယ်ပေါ့၊ ရီကိုနဲ့ ကာမန်က အတွဲ၊ ရီကို့ကို ခိုးကြိုက်နေတဲ့ ကောင်မလေး ဒစ်ဇီဆိုတာလည်းရှိတယ်။ ကားလ်နဲ့ ကာမန်ကတော့ ဖက်ဒရယ်စစ်တာဝန် ထမ်းဆောင်ချင်ကြသူတွေပေါ့၊ ရီကိုကတော့ သူဌေးသား စိတ်ကသိပ်မပါပေမယ့် ကောင်မလေး ကာမန်သဘောကျအောင် မိဘတွေ တားနေရက်နဲ့ စစ်ထဲဝင်ချင်တဲ့ကောင်ပေါ့လေ။ ဖြစ်ချင်တော့ ဖက်ဒရယ်စနစ်မှာ အမျိုးအစားက ၃ နေရာရှိတယ် ပထမ ဉာဏ်အတော်ဆုံး ဆရာကြီးဌာနက ထောက်လှမ်းရေးပေါ့လေ (စိတ်စွမ်းအားရှိတဲ့လူတွေကို ပျိုးထောင်ပေးတဲ့နေရာ) အဲဒီကို ကားလ်က ရောက်သွားခဲ့တယ်၊ ဒုတိယကတော့ ယာဉ်တန်းစု တပ်ဖွဲ့ကြီး၊ ယာဉ်အမျိုးအစားပေါင်းစုံ မောင်းနှင်ရတာပေါ့၊ အဲဒီမှာက ပိုင်းလော့ဖြစ်ချင်တဲ့ ကာမန်ရောက်သွားတယ်၊ တတိယအနေနဲ့ကတော့ သချာၤနဲ့ အမျိုးအစားခွဲပါတယ်ဆိုမှ အမှတ်အနည်းဆုံးရရင် သွားရတဲ့ ခြေလျင်တပ်ရင်း ဖြစ်ပါတယ် ရီကိုတစ်ကောင် ဒီကိုရောက်သွားတာပေါ့၊ သူ့ကို ကြိုက်နေတဲ့ ဒစ်ဇီကလည်း ဒီကိုရောက်လာပါတယ်။ ဒီလိုနဲ့ ကိုယ်စီ ကြိုးစားလေ့ကျင့်နေကြတုန်း ရန်သူတွေဖြစ်တဲ့ အယ်ရာခနစ်တွေ ခြေလှမ်းစလှမ်းလိုက်တဲ့အခါမှာတော့……….။ ရုပ်ရှင်တစ်ကားများ ကောင်းပြီဆို ဘယ်နှခုနှစ်ကထွက်တာဖြစ်ဖြစ် ကြည့်လို့ကောင်းနေဆဲပဲ။ တစ်ခုရှိတာက အပေါ်ပိုင်းတွေ လွတ်လပ်စွာ တင်ဆက်ထားတဲ့ R Rated ကားဖြစ်တဲ့အတွက် ကြည့်ရှုမယ်ဆို သတိပြုစေလိုပါတယ် သွေးသံရဲရဲ သတ်ဖြတ်မှုတွေလည်း ပါဝင်ပါတယ်။ ကဲ Old School တွေ ပြန်ခံစားလိုက်ကြရအောင်ဗျာ

Comedy • Romance
7 1997 129 mins
Starship Troopers
Stillwater
6.7

ကဲ ဇာတ်ကားကောင်းတွေ စုပြုံထွက်ရင် သိပ်ပျော်တယ် ဗဲရီးဟက်ပီးဆိုတဲ့ cm ပရိသတ်ကြီးရေ မင်းသားကြီး Matt Damon ရဲ့ crime, drama, thriller လေးကိုလည်း လက်မလွှတ်တမ်း အားပေးကြပါဦးဗျ ကြိုတင်ပြောချင်တာက ဒီကားဟာ စကားအသုံးအနှုန်းတွေ R အဆင့်သတ်မှတ်ထားလို့ ကလေးသူငယ်တွေ၊ လူကြီးတွေနဲ့ကြည့်ဖို့ သိပ်အဆင်ပြေမယ်မထင်ပါဘူး ဇာတ်လမ်းအကျဉ်းကတော့ ဖခင်ဖြစ်သူဟာ ကိုယ်ရဲ့ အရပ်ဒေသမဟုတ်တဲ့ တစ်နယ်တစ်ကျေးမှာ ကိုယ်နဲ့ ကွဲကွာနေရတဲ့ သမီးဖြစ်သူအတွက် သူမကျူးလွန်ထားတဲ့ အမှုကို မကျူးလွန်ကြောင်း သက်သေပြဖို့ လူမျိုးခြားတွေ လူမျိုးရေးခွဲခြားသူတွေကြား ရုန်းကန်ဖြေရှင်းဖို့ ကြိုးစားရင်း ပြဿနာတွေ ကြုံရတဲ့အကြောင်းကို စိတ်၀င်စားဖွယ် ရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ် အညွှန်းကတော့ Yoon Sandi Aung ဖြစ်ပြီးတော့ ဘာသာပြန်တွေကတော့ Thar Htet, Yoon Sandi Aung, Jimx, Amelia တို့ပဲ ဖြစ်ကြပါတယ်။ File size…2.24GB Quality….WEB-DL 1080p Format…mp4 Duration….2h 19min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Team Encoder ..... Augsut

Crime • Drama • Mystery
6.7 2021 139 mins
Stillwater
Blast
5.2

Blast (2021) ရုပ်ရှင်နဲ့ပတ်သက်ရင် သမိုင်းကြီးတဲ့ ပြင်သစ်ကထုတ်တဲ့၊ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုရထားတဲ့ Thriller ကားကောင်းလေးတစ်ကားပါ။ ဗုံးရှင်းလင်းရေးသမားကို အဓိကဇာတ်ဆောင်လုပ်ထားတဲ့ကားဆိုတော့ ဗုံးထောင်တာတွေ အကြမ်းဖက်တာတွေကို ရင်ဖိုစရာရောကောင်းအောင် ပြထားတဲ့ ရုပ်ရှင်ကောင်းပါပဲ။ ဆိုနီယာက ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူ၊ အလုပ်ကလွဲ ဘာမှမမြင်တာမို့ တော်လည်းတော်သလို နာမည်လည်းကြီးတယ်။ ဆိုနီယာနဲ့ ဖရက်တို့က ဒီမင်တာအမည်ရ ပြင်သစ်အခြေစိုက် မိုင်းရှင်းလင်းရေးလုပ်ငန်းမှာ အတူအလုပ်လုပ်ရင်း မေတ္တာမျှခဲ့ကြသူတွေ။ မိုင်းရှင်းလင်းရေးကျွမ်းကျင်သူဖြစ်တဲ့ ဆိုနီယာက အလုပ်ကို ဦးစားပေးလွန်းပေမဲ့ ဖရက်နဲ့ သူ့ရဲ့ဆက်ဆံရေးက အပေးအယူမျှတာမို့ အရင်လက်တွဲမှုကနေ ကိုယ်စီရထားကြတဲ့ သားသမီးတွေနဲ့အတူ တရားဝင်မိသားစုလေးတစ်ခုလို ဖြစ်နေကြပြီဖြစ်တဲ့ သူတို့ဘဝကို ကံဆိုးမိုးမှောင်ကျစေမယ့်အဖြစ်က တစ်နေ့မှာ ရောက်ရှိလာခဲ့တယ်။ အဲဒါကတော့ ဒီမင်တာကုမ္ပဏီအပေါ် ရန်ကြွေးရှိသူတစ်ယောက်က လက်စားချေမှုအဖြစ်နဲ့ ဆိုနီယာရဲ့ကားမှာ ဗုံးထောင်ထားခဲ့ပြီး ဆိုနီယာနဲ့ သူတို့ရဲ့ကလေးနှစ်ယောက် ကားထဲကထွက်မရတော့ဘဲ ပိတ်မိသွားကြတာပဲ။ ကားဗုံးကိုဖြုတ်ဖို့အတွက် ဆိုနီယာတို့အဖွဲ့သားတွေ အပူတပြင်းကြိုးစားချိန်မှာ ဒီဗုံးရဲ့နောက်ကွယ်က လက်သည်ဟာ ယူကရိန်းမှာ သွားလုပ်ဆောင်ခဲ့တဲ့ ဒီမင်တာကုမ္ပဏီရဲ့ မစ်ရှင်ဟောင်းတစ်ခုနဲ့ ပတ်သက်နေနိုင်တယ်ဆိုတာကို ဆိုနီယာလို့ သိလာကြရတယ်။ အဲဒီကနေ တစ်စထက်တစ ကုမ္ပဏီတွင်းက ခြစားမှုတွေပါ မီးခိုးကြွက်လျှောက် ပေါ်လာပြီးတော့ သူတို့အဖွဲ့သားချင်းကြားမှာ အကြိတ်အခဲတွေ ဖြစ်လာတာနဲ့အတူ၊ ချိန်ကိုက်ဗုံးကလည်း တားထားလို့မရတော့တဲ့အနေအထားကို ရောက်လာတာကြောင့် သူတို့ဘဝတွေအပေါ် တစ်သက်စာရိုက်ခတ်မယ့် ဆုံးဖြတ်ချက်တွေကိုချရဖို့ ဖြစ်လာတော့တယ်။ ဘတ်ဂျက်အကြီးစားကားကြီးမဟုတ်တာကြောင့် Cringy အခန်းလေး နည်းနည်းပါပေမဲ့ အများအားဖြင့်ကတော့ လက်တွေ့ကျကျပြထားတဲ့ အခန်းတွေချည်းပါပဲ။ သူ့အတိုင်းလေးပဲ စီးမျောကြည့်လိုက်ရင်းကို ခင်ဗျားအတွက် အသည်းထိတ်ရမယ့်အခန်းတွေက ရောက်လာပါလိမ့်မယ်။ ဒီလောက်ဆို Thriller ကားတစ်ကားက ကြည့်ရတန်နေပြီမလား… (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 855MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 30Min Genre – Drama, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Adventure • Animation • Comedy • Family
5.2 2021 90 mins
Blast
Carrie
7.4

Carrie (1976) ~ IMDb – 7.4/10, Rotten Tomatoes – 93% ~ Carrie ဟာ စတီဖင်ကင်းရဲ့ ပထမဆုံးဝတ္ထုဖြစ်ခဲ့သလို ကော်ပီပေါင်း 30,000 ရောင်းရတဲ့အထိ ပေါက်ခဲ့တဲ့ ဘတ်ဆဲလ်လား ဝတ္ထုလည်းဖြစ်ခဲ့တယ်။ Carrie ကနေစလို့ စတီဖင်ကင်းဆိုတဲ့နာမည်က မိန်းစထွင်းမှာ နေရာတစ်နေရာ ရလာခဲ့တယ်ဆိုလည်း မမှားဘူး။ Carrie ကို ရုပ်ရှင်အနေနဲ့ လေးခါပြန်ရိုက်ခဲ့ပြီး Carrie (1976), The Rage: Carrie 2 (1999), Carrie (2002) တို့နောက် ၂၀၁၃မှာလည်း Chloë Grace Moretz ကိုသုံးပြီး Remake ထပ်ရိုက်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီ ၁၉၇၆ဗားရှင်းဟာ အကောင်းဆုံးဖြစ်သလို ကင်းကိုယ်တိုင်လည်း ထပ်ရိုက်မယ်ကြားတော့ မူရင်းကားက ခြောက်ပြစ်ကင်းနေမင့်ကို ဘာလို့ ထပ်ရိုက်နေဦးမှာလဲလို့ ပြောခဲ့ပါသေးတယ်။ စတီဖင်ကင်းကိုယ်တိုင် ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းဟာ စာအုပ်ထက်သာတယ်လို့ ချီးကျူးဖူးပါတယ်။ Carrie ဟာ စာအုပ်အနေနဲ့တင်အောင်မြင်ခဲ့တာမဟုတ်ဘဲ ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးရာမှာလည်းအောင်မြင်မှုတွေ ရခဲ့ပြီး Horror ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားလို့ သတ်မှတ်ခံခဲ့ရပါတယ်။ Carrie (1976) ရိုက်တဲ့ဒါရိုက်တာကို နာမည်သာ မသိရင်မသိမယ် သူ့ကားတွေတော့ အားလုံးသိကြမှာဖြစ်သလို သူ့ကားတွေဟာ အကောင်းတကာ့ အကောင်းဆုံးကားတွေဆိုတာလည်း ငြင်းမရပါဘူး။ ဂန္ထဝင် ဒါရိုက်တာကြီး Brian De Palma ပါပဲ။ Al Pacino ရဲ့ အကောင်းစားတွေထဲက တစ်ကားဖြစ်တဲ့ Scarface, ကယ်ဗင်ကော်စနာ ရှောင်ကွန်နရီ ရောဘတ်ဒီနဲရိုးတို့ ပါဝင်ထားတဲ့ The Untouchables, ဂျွန်ထရာဗိုတာရဲ့ အကောင်းဆုံးတွေထဲက Blow Out, ဒါ့အပြင် Mission: Impossible, Dressed to Kill, Carlito’s Way တို့လို ကားကောင်းတွေလည်း ရိုက်ခဲ့ပါတယ်။ ရိုက်ခဲ့သလောက် အကုန်ကောင်းခဲ့တဲ့ ဒါရိုက်တာကြီးပါပဲ။ သရုပ်ဆောင်တွေကတော့ Sissy Spacek နဲ့ ဂျွန်ထရာဗိုတာတို့ကို သုံးထားပါတယ်။ ဇာတ်လမ်း ဒါရိုက်တာ သရုပ်ဆောင် အကုန်ပါဖက်ဖြစ်နေတယ်ပြောရပါမယ်။ နောက် ဒီကားနဲ့ အော်စကာမှာ Spacek က Best Actress ဆန်ခါတင်ဝင်ခဲ့သလို Laurie က Best Supporting Actress ဆန်ခါတင်ဝင်ခဲ့ပါတယ်။ ဇာတ်ကတော့ ကင်းရဲ့ ရေးတတ်တဲ့ပုံစံအတိုင်း Supernatural Horror ဇာတ်ပါပဲ။ ကင်းပရိသတ်တွေတော့ ကျိန်းသေ အကြိုက်တွေ့မယ့် ဟော်ရာဇာတ်လို့ပြောရပါမယ်။ Horror ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် လုံးဝ ကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ Carrie (2013) နဲ့လည်း ကွဲလွဲတာတွေ အများကြီးရှိပေမဲ့ Bright Burn ဆန်ဆန် Carrie မဟုတ်ဘဲ အရာဝတ္ထုတွေကို စိတ်နဲ့စေစားနိုင်တဲ့ အစွမ်းရှိတဲ့၊ ဘာသာရေးအစွန်းရောက် အမေကြောင့် စိတ်ဒဏ်ရာရနေတဲ့၊ လူရာဝင်အောင်ကြိုးစားနေတဲ့ အပယ်ခံ ဆယ်ကျော်သက်လေး Carrie ကိုတွေ့ရတဲ့အတွက် 1976 Version က သဘောကျစရာအကောင်းဆုံးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.45GB, 1.15GB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 38Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

7.4 1976
Carrie
Iru Mugan
6.3

Iru Mugan (2016) မလေးရှားမစ်ရှင် IMDb 6.3/10 မလေးရှားနိုင်ငံရှိ အိန္ဒိယသံရုံးကိုအမည်မသိလူတစ်ဦး တိုက်ခိုက်တာခံရပြီးနောက် အိန္ဒိယကတာဝန်ရှိသူတွေက အေးဂျင့်ဟောင်းတစ်ဦးကိုပြန်ခေါ်ပြီး တာဝန်ပေးရန်စီစဉ်ကြပါတော့တယ် ‌ အာကီလန်ဟာ လွန်ခဲ့တဲ့လေးနှစ်ကနောက်ဆုံးမစ်ရှင်မှာ သူ့မိန်းမကိုဆုံးရှုံးခဲ့ပြီးနောက်ဒီလောကကထွက်ခဲ့သူတစ်ဦးပါ မငြင်းဆန်နိုင်တဲ့အဆုံးလက်ရှိမစ်ရှင်ကို မလေးရှားမှာတာဝန်ထမ်းဆောင်ဖို့ ဖြစ်လာပါတော့တယ် ရန်သူဟာအန္တရာယ်ရှိတဲ့ရှူဆေးတစ်မျိုးကို ထုတ်လုပ်နေသူဖြစ်ပြီး ထိုရန်သူကိုစုံစမ်းနေရာမှသူလိုက်နေတဲ့လူဟာ တစ်ချိန်ကသူ့ရဲ့မိန်းမကိုသတ်သွားတဲ့ ရန်သူတော်ကြီးဖြစ်နေတဲ့အခါ….. ခါးကုန်းမင်းသားကြီးဗစ်ရမ်နဲ့ မင်းသမီးချော နေရမ်သရာပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှပဲဖြစ်ပါတယ်

Drama • Family
6.3 2016 150 mins
Iru Mugan
102 Not Out
7.6

IMDb rating : : 7.6 ဒီတစ်ခေါက် ပရိတ်သတ်ကြီးကိုအိန္ဒိယနိုင်ငံရဲ့ အကျော်အမော် သရုပ်ဆောင်ကြီး အမီတာဘဂျမ်းရဲ့ ရုပ်ရှင်ကားကြီး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ. . . ဒီကားရဲ့ ထူးခြားချက်ကလေးတွေကို အရင်ဆုံး ကောက်နှုတ်ဖော်ပြပေးပါရစေ ဇာတ်လမ်းထဲက အမီတာဘဂျမ်းရဲ့ အသက်က 102 နှစ်ရီရှီးကပူးရ်ရဲ့ အသက်က 75 နှစ်27 နှစ် ကွာခြားပာတယ် တကယ့်အပြင်မှာတော့ မင်းသားကြီး ရီရှီးကပူးရ်က အမီတာဘဂျမ်းထက် ၇ နှစ်သာ ငယ်ပါသတဲ့ ဒီအချက်ကိုတော့ မင်းသားကြီး အမီတာဘဂျမ်းနဲ့ ရီရှီးကပူးရ်တို့ Ajooba 1991 ဆိုတဲ့ ဇာတ်ကားရဲ့ နောက် နှစ်ပောင်း ၂၇ နှစ်ကြာမှရုပ်ရှင်ဖန်သားပြင်မှာ အတူတကွ တွဲဖက်ပြီး ပြန်လည်သရုပ်ဆောင်တဲ့အမှတ်အသားတစ်ခုအဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ် တိုက်ဆိုင်စွာပဲ ဒီကားရိုက်ကူးစဉ်မှာမင်းသားကြီး အမီတာဘဂျမ်းဟာ အသက် 75 နှစ်ရှိနေပါပြီ ဒီကားကို 2016 ခုနှစ် အလယ်လောက်မှာ ရိုက်ကူးဖို့ လျာထားခဲ့ပေမယ့် ဇာတ်ညွှန်းအပြောင်းအလဲကြောင့် 2018 ခုနှစ်ကျမှ ရိုက်ကူးပြီးစီးခဲ့ပါတယ် ရီရှီးကပူးရ်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ဘာဘူလားနေရာမှာ မူလက ပါရက်ရှ်ရာဝဲလ်ကို ထည့်သွင်းရိုက်ကူးဖို့ စီစဉ်ထားခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး ဒီကားကို Saumya Joshi ရဲ့ Gujrati ဆိုတဲ့ ပြဇာတ်ကို အခြေခံကာ အပြောင်းအလဲ အနည်းငယ်ဖြင့် ရိုက်ကူးပုံဖော်ခဲ့ခြင်း ဖြစ်ပါတယ် လူ့ဘဝဆိုတာဟာ အသက်အရွယ်ကြီးလာချိန်မှာ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ သားသမီးတွေမြေးတွေဝန်းရံပြီးပျော်စရာစိတ်ချမ်းသာစရာတွေနဲ့ နေရရင်အတော့်ကို ကံကောင်းပါတယ် ဒီထက်ပိုပြီး ကိုယ်အသက်အရွယ်ရလာချိန်ကိုယ့်မှာဖခင် သော်လည်းကောင်းမိခင်သော်လည်းကောင်း သက်ရှိထင်ရှားရှိနေသေးရင်ပိုလို့တောင် ကံကောင်းတယ်လို့ ပြောနိုင်ပါတယ် ဘာဘူဆိုတဲ့ အဘိုးကြီးက အသက် 75 နှစ်အသက်နဲ့စိတ်က အတူတူပဲ 75 နှစ်သူ့ဇနီးသည်ကဆုံးပါးသွားပြီဖြစ်သလို တစ်ဦးတည်းသောသားကလည်းအမေရိကားမှာ အိမ်ထောင်ကျ အခြေချသွားပြီစိတ်ထောင်းလို့ ကိုယ်ကြေဆိုတဲ့စကားလိုပဲအိမ်အိုကြီးတစ်လုံးထဲမှာသူ့ဖခင်ဖြစ်သူရယ်ဆွေမျိုးမကင်းတဲ့ ကောင်လေးတစ်ယောက်ရယ်နဲ့ အတူနေပေမယ့်သူ့ဘဝဟာ ခြောက်သွေ့လွန်းလှတယ် ကိုယ်တိုင်က ဇီဇာကြောင်တတ်သလိုစိတ်တိုလွယ် စိတ်ထိခိုက်လွယ်တယ်အစွဲအလန်းကလည်း ကြီးတတ်သေး သူ့ဖခင်ကြီးနာမည်က ဒတ္တထရီတဲ့ အသက် 102 နှစ် လူအသက်က 102 စိတ်အသက်က 26 နှစ်ဒီအသက်အရွယ်အထိ နှစ်ပေါင်းများစွာ နေလာနိုင်တဲ့ သူ့ရဲ့ လိျှု့ဝှက်ချက်က ပျော်ပျော်နေတတ်တဲ့ အကျင့်ကြောင့်များလား မသိ. . . အကျဉ်းကျနေတဲ့ သားဖြစ်သူရဲ့ စိတ်ကိုအရင်အတိုင်း ပြန်ဖြစ်သွားအောင် လုပ်ပေးဖို့ဒတ္တထရီ စဉ်းစားတယ်အိမ်ကိုတွယ်တာလွန်းတဲ့ သူ့သားဘာဘူ့ကို ဂင်းနစ်မှတ်တမ်းအကြောင်းပြပြီး ဘိုးဘွားရိပ်သာပို့ဖို့ ခြိမ်းခြောက်တယ် ဒါမှ ကမ္ဘာပေါ်မှာ သားဖြစ်သူကို ဘိုးဘွားရိပ်သာပို့တဲ့ ပထမဆုံးဖခင် ဖြစ်လာမှာကိုး ဒီအကြောင်းကို သိသွားတဲ့ ဘာဘူ့ခမျာဖခင်ကြီး တကယ်လုပ်မှာကို ကြောက်နေတယ် ဒတ္တထရီကလည်း အလျှော့မပေးသူခိုင်းတဲ့ စမ်းသပ်မှုတွေ မအောင်ရင် တကယ်ပို့မယ် တကဲကဲ ပထမ ဒုတိယ တတိယ စမ်းသပ်မှုတွေကို ကျော်ဖြတ်အပြီးနောက်ဆုံးသော စမ်းသပ်မှုမှာဘာဘူရင်ကွဲရပြီ နှစ်ပေါင်းများစွာ ကွဲကွာနေပြီးအခုမှ ပြန်တွေ့ရမယ့်သူ့သားဖြစ်သူအာမိုးနဲ့ သူ့အဖေက မတွေ့ရဘူးတဲ့လေဘာကြောင့်များပါလိမ့် အနှစ်ချုပ် ပြောရရင်”မင့်သားက ငါ့သားကို အနိုင်ယူအလဲထိုးသွားတာမျိုးငါခွင့်မပြုနိုင်ဘူး”တဲ့ ဖခင်တစ်ယောက်က ပြောတဲ့နှုတ်ထွက်စကားဟာ ဒီကားလေးရဲ့ အသက်ဖြစ်သွားတယ် အစကနေ အလယ်လောက်အထိစိတ်ဝင်စားစရာတွေနဲ့အဘိုးကြီးနှစ်ယောက်ကြားက အလွဲတွေကြောင့် တသောသော ရယ်မောခဲ့ရပြီးနောက်ပိုင်းရောက်လေလေစိတ်ထိခိုက်ရလေလေပါ ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့လူအိုကြီးတစ်ယောက်ရဲ့ မျှော်လင့်ချက်ကြားက လွန်ဆွဲတဲ့ပွဲမှာဖခင်ဖြစ်သူရဲ့ စမ်းသပ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားရင်း ဘာဘူတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ ဘိုးဘွားရိပ်သာကိုပဲ ရောက်သွားမလား…??? ဖခင်ဖြစ်သူကို အဆင်ပြေအောင် လုပ်ပေးနိုင်မလား..ဆိုတာကိုတော့…ဇာတ်ကာားလေးကို ဆက်လက်ကြည့်ရှု ခံစားလိုက်ပါ.. (ဇာတ်လမ်းအညွှန်းကိုတော့ Movie Like Movie Choice FB page မှ ကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ကိုဇော်ထူးပါ)

Romance • Comedy
7.6 2018 107 mins
102 Not Out
Dìdi (弟弟)
7.4

2024 လောလောလတ်လတ်မှာ ထွက်ရှိထားတဲ့ Didi ဇာတ်ကားဟာ ထွက်တာ မကြာသေးပေမဲ့ အခုကတည်းက ဆုတွေရဖို့ nomination တွေဝင် Film Festival တွေမှာ ဆုရပြီးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီကားလေးဟာ အာရှသား လူငယ်ဒါရိုက်တာ Sean Wang ရဲ့ ငယ်ဘဝကို အခြေခံရိုက်ကူးထားပြီး ရုပ်ရှင်ထဲမှာပါတဲ့ မင်းသားရဲ့ အဘွားက Sean Wang ရဲ့ အဘွားကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ၂၀၀၈ ခုနှစ်မှာ ၁၃ နှစ် အရွယ် ထိုင်ဝမ်လူမျိုး ကောင်လေးတစ်ယောက် အမေရိကန်မှာ လူလားမြောက်လာတဲ့အခါ နွေရာသီကျောင်းပိတ်ရက်တွေမှာ ဘယ်လို့အတွေ့အကြုံတွေကို ရင်ဆိုင်ရမလဲ ဘယ်လိုသင်ခန်းစာတွေရသွားမလဲ စတာတွေကို ဟာသလေးရောပြီး ရိုက်ပြထားတဲ့ မိသားစုဒရမ်မာကားလေးပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေရဲ့ စိတ်ခံစားချက်တွေ ရင်ဆိုင်ရနိုင်တာတွေကို အပြင်လောကနဲ့ ထပ်တူနီးပါး ဖော်ပြ နိုင်ခဲ့လို့ ဒီဇာတ်ကားက အားလုံးအတွက် အရမ်းကိုရင်းနှီးနေမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအေးအေးလေးနဲ့ အတွေးတွေကို ခေါင်းထဲမှာ ချန်ထားပေးခဲ့မဲ့ ဒီ Comedy Drama ဇာတ်ကားကို မဖြစ်မနေ ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါမယ်။ File size… (1.88GB ) / (637MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

7.4 2024
Dìdi (弟弟)
Someday We’ll Tell Each Other Everything Irgendwann werden wir uns alles erzählen
6

Someday We’ll Tell Each Other Everything (2023) IMDb Rating (6.0) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ သူမရဲ့နာမည်က မာရီယာ။ ချစ်သူကောင်လေးနဲ့အတူ ကောင်လေးရဲ့မိသားစုနဲ့ပါ လယ်ထဲမှာအတူနေနေကြတာပေါ့။ ဇာတ်အိမ်တည်ထားတာက ၁၉၉၀ ခုနှစ် အရှေ့ဂျာမန်နဲ့ အနောက်ဂျာမန် နှစ်ခြမ်းကွဲနေတဲ့ကာလပဲဖြစ်တယ်။ မာရီယာတို့က အရှေ့ပိုင်းမှာနေကြတာပါ။ မာရီယာက ကျောင်းဆက်မတက်ချင်ပေမဲ့ စာဖတ်ရတာတော့အရမ်းဝါသနာပါတယ်ရယ်။ ဒါပေမဲ့ သူမထက်အသက်နှစ်ပြန်ကြီးတဲ့ ဟန်နာဆိုတဲ့ အိမ်နီးနားချင်းကိုမှ မေတ္တာတွေပုံအပ်ပေးလိုက်တယ်။ သူတို့နှစ်ယောက် အပြန်အလှန်မေတ္တာမျှသွားကြပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှုရမဲ့ ဂျာမန်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။) File size…(3.3 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama Duration….02:08:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khant Sett Naing

Horror • Thriller
6 2023 124 mins
Someday We’ll Tell Each Other Everything Irgendwann werden wir uns alles erzählen
The NeverEnding Story II: The Next Chapter
5.1

The Neverending Story 1 ကိုကြည့်ပြီးသူတိုင်း ဖန်တေးရှားကမ္ဘာနဲ့အွာရင်းအကြောင်းကို သိပြီးသားဖြစ်မှာပါ။ ဖန်တေးရှားဟာ ကမ္ဘာပေါ်ကလူတွေရဲ့စိတ်ကူးတွေ၊ ပုံပြင်တွေ၊ အိပ်မက်တွေနဲ့ကနေ ဖန်ဆင်းထားတဲ့ကမ္ဘာဖြစ်ပြီး ကမ္ဘာပေါ်ကလူ‌တွေက အိပ်မက်တွေကိုမေ့ပြီး မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားရင် ဖန်တေးရှားကမ္ဘာဟာလည်း ‌ပျောက်ကွယ်သွားမယ်။ ကမ္ဘာနှစ်ခုလုံးကို ကယ်တင်နိုင်တဲ့ဘတ်ရှန်ဟာ ဖန်တေးရှားကိုကယ်တင်ဖို ဖန်တေးရှားကို နောက်တစ်ကြိမ်ပြန်သွားဖိုဖြစ်လာတဲ့။ သူထမ်းဆောင်ရမယ့်တာ၀န်တွေမှာ အွာရင်းကကူညီပေးမှာကိုသိတဲ့ ဟိုရော့ရဲတိုက်သခင်မဇာယီဒါဟာ ယန္တရားတစ်ခုကို အသုံးချပြီး ဖန်းတေးရှားကို အုပ်စိုးဖိုကြံနေတယ်။ ဘတ်ရှန်ဟာ လိုသမျှကိုဆုတောင်းနိုင်ပြီး တောင်းသမျှဆုကို အွာရင်းကဖြည့်ဆည်းပေးနိုင်တယ်။ ဒါပေမဲ့ ဆုတစ်ကြိမ်တောင်းတိုင်း ဘတ်ရှန်ရဲ့မှတ်ဉာဏ်တစ်ခုကိုဆုံးရှုးရမှာဆိုတော့ ဘတ်ရှန်တစ်ယောက် အိမ်ပြန်ဖိုကို မှတ်မိနိုင်ပါဦးမလား…။ File size…(1.4 GB)/(810 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:29:00 Genre… Adventure, Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Fantasy • Drama
5.1 1990 89 mins
The NeverEnding Story II: The Next Chapter
Twisted Devotion

Twisted Devotion (2025) လေးစားအားကျရတဲ့သူ ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို လျှောက်လှမ်းဖို့မျှော်လင့်ချက်ပေးတဲ့သူဆိုတာ လူတွေဘဝမှာရှိတတ်ကြပါတယ် ဒီလိုပဲ အနုပညာရှင်တွေဆိုတာလဲ နှစ်သက်သူလူတိုင်းရင်မှာ နေရာတစ်ခုတော့ယူထားနိုင်စမြဲပါ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေနဲ့ ဘဝပန်းတိုင်ကိုရောက်နိုင်ဖို့အတွက် အားပေးမှုအဖြစ်ယူဆထားကြတယ် အဆိုတော်တွေ သူတို့သံစဉ် သီချင်းတွေနဲ့ ဘဝအမောတွေဖြေပေးနိုင်တာကလဲ ကျေးဇူးတင်စရာပါပဲ ဒ ါဆိုရင် လေးစားမှုမှာပဲရပ်တန့်သွားမှာလား အရမ်းကို လေးစားချစ်ခင်လာတဲ့အခါ ကိုယ့်ခံစားချက်တွေဟာ ဒီနေရာမှာပဲရပ်တန့်သွားတာမဟုတ်ပါဘူး စွဲလန်းမှု ဟုတ်တယ် စွဲလန်းမှုဆိုတာ ကြောက်ဖို့ကောင်းတဲ့အထင်မှားမှုတစ်ခုပါ စွဲလန်းကြသူလူသားတိုင်းကဒါကို အမှန်အတိုင်းမမြင်နိုင်ကြဘဲ အချစ်လို့ပဲယူဆကြတဲ့သူတွေကြီးပါပဲ အချစ်နဲ့စွဲလန်းမှုကြားမှာလဲ စည်းပါးပါးလေးပဲခြားပါတယ် တကယ်တော့နောက်ကွယ်မှာနက်ရှိုင်းတဲ့ခံစားချက်တွေ နစ်မြုပ်နေစမြဲပါ ဒီကားလေးမှာလဲ နာမည်ကြီးလူကြိုက်များတဲ့သီချင်းတွေနဲ့နောက်ကွယ်က ပေါ့အဆိုတော်မလေး စကိုင်းတစ်ယောက် ဘဝမှာနစ်မွန်းလာပြီးအနားယူရာကနေ တစ်ဖန်ပြန်ကျော့လာတဲ့ သူ့ရဲ့အယ်ဘမ်အသစ်က အရမ်းကို ပေါက်သွားပါတယ် သူ့ရဲ့ဘဝအတွေ့အကြုံ သူ့ခံစားချက်ဘက်ကနေ သူ့ကိုစွဲလန်းလေးစားသူ အချစ်လို့သတ်မှတ်ထားတဲ့သူ့ပရိသတ်တစ်ယောက်ကတော့ သူ့ဘဝမှာ သူ့ကိုလက်ခံနိုင်ဖို့အတွက် ဘယ်လိုတွေမထင်မှတ်ထားနိုင်တဲ့ စည်းမျဉ်းကိုချိုး ဖောက်လိုက်လဲ စိတ်ရဲ့စေရာကိုလိုက်ရင်းက ရူးသွပ်မှုတစ်ခုကို ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်

Animation • Adventure • Family • History • War
0 2025 70 mins
Twisted Devotion