YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Chase the Truth E07 720p WEB-DL CM.mp4

261.66 MB 720p video/mp4 80 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lionel Messi: Destiny
7

Lionel Messi: Destiny (2023) ဒီ Documentary ကို BBC UK က ရိုက်ကူးတင်ဆက်ခဲ့တာ ဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲခဲ့တဲ့အ​ကြောင်း Footage​ တွေ Interview​ တွေအစုံနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ​ဘောလုံးပရိသတ်​တွေအားလုံး သိပြီးသားဖြစ်တဲ့အတိုင်း အာဂျင်တိုင်းသား​တွေဟာ အဖွင့်ပွဲစဉ်မှာ အုပ်စုတွင်းအင်အားအနည်းဆုံးလို့ ​ပြောရမယ့် ​ဆော်ဒီအာ​ရေဗျကို ၂-၁ ရလဒ်နဲ့ အ​ရေးနိမ့်ပြီး အုပ်စုကထွက်ရမယ့် အ​နေအထားက​နေ လက်ကျန်ပွဲ​တွေဖြစ်တဲဲ့ မက္ကဆီကိုနဲ့ ပိုလန်ကို အနိုင်ကန်ပြီး ရှုံးထွက်အဆင့်မှာ ဩဇီ၊ ကွာတားမှာ နယ်သာလန်၊ ဆီမီးမှာ ခရို​အေးရှားနဲ့ ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်တို့ကို အနိုင်ယူ​ကျော်ဖြတ်ကာ သူတို့ရဲ့ ၃ကြိမ်​မြောက် ကမ္ဘာ့ဖလားကို ရယူသွားခဲ့တာပါ။ ဒီပွဲမှာ လူတိုင်းစောင့်ကြည့် ထုတ်ခဲ့တဲ့မေးခွန်းက ကမ္ဘာ့အ​​ကောင်းဆုံးကစားသမား The Greatest of All Time လို့ သတ်မှတ်ထားကြတဲ့ အာဂျင်တီးနားအသင်း​ခေါင်း​ဆောင် လီယွန်နယ်မက်ဆီတစ်​ယောက် သူရဲ့ပထမဆုံးကမ္ဘာ့ဖလားကို ရယူသွားနိုင်မလားဆိုတဲ့မေးခွန်းပါ။ ၂၀၂၂ပြိုင်ပွဲဟာ လီယိုရဲ့ ၅ကြိမ်​မြောက်ကမ္ဘာ့ဖလားဖြစ်သလို ​နောက်ဆုံးပြိုင်ပွဲလည်းဖြစ်သွားနိုင်တဲ့အ​ခြေအ​နေမှာ ​​ပေါ်တူဂီအသင်းရဲ့ခေတ်ပြိုင်ကြယ်ပွင့် စီ​ရော်နယ်ဒိုနဲ့ ဘယ်သူကပိုသာလဲ ဘယ်သူက GOAT အစစ်လဲဆိုတဲ့ အားပြိုင်မှု​တွေရှိ​သလို အာဂျင်တီးနားဂန္ထဝင်ကြီး ဒီ​ယေဂိုမာရာဒိုနာ စွမ်း​​ဆောင်ခဲ့သလိုမျိုး ကမ္ဘာ့ဖလားကိုအရယူ​ပြီး အာဂျင်တိုင်း​တွေရဲ့ ဂန္ထဝင်အစစ်ဖြစ်​နိုင်မလား ​​စောင့်ကြည့်ခဲ့သူ​တွေလည်း ဒုနဲ့​ဒေးပါပဲ။ ဒါ​ပေမဲ့ လီယိုက ဒီဖိအား​နဲ့ သံသယ​တွေကို အ​ကောင်းဆုံး​ကျော်ဖြတ်ပြီး အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရ​ရှိအောင် ဦး​ဆောင်ခဲ့သလို အ​ကောင်းဆုံးဆုဖြစ်တဲ့ ရွှေ​ဘောလုံးဆုကိုပါ အရ​ယူသွားခဲ့ပါတယ်။ ဒီဒိုကူမှာ လီယိုရဲ့ဦး​​ဆောင်မှု​တွေ အာဂျင်တိုင်းအသင်းသား​တွေရဲ့ ပေးဆပ်ကစားမှု​တွေကို မြင်​တွေ့ရမှာဖြစ်သလို ပြိုင်ပွဲတ​လျှောက် အ​ကောင်းဆုံး Highlight​ တွေကိုပါ ပရိသတ်​တွေအ​နေနဲ့ ပြန်လည်ခံစားနိုင်မှာပါ။ ဘာသာပြန်သူအ​နေနဲ့က​ နာမည်ကြီးပွဲတင်ဆက်သူ Peter Drury ရဲ့ "Messi has shaken hands with paradise" အစချီတဲ့ Iconic Monologue​​s ကို ပြန်ခံစားချင်​ပေမယ့် BBC ရဲ့ Docu ဖြစ်​နေတဲ့အတွက် BBC ပွဲတင်ဆက်သူ​တွေရဲ့​ကြေညာသံနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ တကယ်လို့ သင်ဟာ လီယွန်နယ်မက်ဆီရဲ့ ပရိသတ်ဖြစ်တယ်ဆိုရင်၊ ကမ္ဘာ့ဖလား​အောင်မြင်မှုဟာ နိုင်ငံတိုင်း၊ လူတိုင်းလိုချင်တပ်မက်​ရတဲ့ အ​ကြောင်းရင်းကိုသိချင်ရင် BBC ရဲ့ ဒီ Documentary က သင်တို့အတွက်ပါပဲ။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 690MB Quality - 1080p, 720p TMDb Rating - 7/10 Format - mp4 Duration - 1H Genre - Documentary, Sport Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y

Drama • Sci-Fi & Fantasy
7 2023 59 mins
Lionel Messi: Destiny
Murder 2
5.7

Action, Crime, Drama IMDb 6.3/10 (7.2K) ကဲ မင်းသားကြီး အင်မရန်းဟက်ရှမီရဲ့ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် လက်ရဲဇက်ရဲနိုင်တဲ့ အရ်ဂျွန်ဟာ သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ကြောက်လေ့မရှိတဲ့ လောကဓံကိုအန်တုနေတဲ့ မိုက်ကန်းကန်းလူတစ်ယောက်ပါ သူဟာ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး ရဲဌာနကို စိတ်ကုန်နေလို့ တရားဥပဒေဘောင်ပြင်ဘက်ထွက် ကြေးစားလုပ်နေသူတစ်ယောက်ပါ တစ်ရက် သူ့ကိုအလုပ်တစ်ခုလာအပ်ပါတယ် ညဉ့်ငှက်လေးတွေ ပျောက်ပျောက်နေတဲ့အမှုပါ..ဖောက်သည်က ခေါ်သွားပြီးရင် ကောင်မလေးတွေက ပြန်ပေါ်မလာတော့ပါဘူး..ပျောက်သွားတာလား ထွက်ပြေးသွားတာလား ဝေခွဲမရလို့... အဆိုပါအမှုကိုလိုက်နေရင်းနဲ့ မြို့ထဲမှာလည်း လူတွေပျောက်ပျောက်နေတာကို သတိထားမိလာခဲ့ပါတယ်..ပျောက်ဆုံးနေသူတွေအားလုံးဟာလည်း မိန်းကလေးတွေချည်းပါပဲ... ဒီအမှုကိုလိုက်နေရင်းနဲ့ ထင်မှတ်မထားတဲ့ ကိစ္စတွေနဲ့ လှည့်ကွက်လေးတွေ ပေါ်လာတဲ့အခါမှာတော့ ဇာတ်ရှိန်တွေ ဘယ်လိုတက်လာမလဲဆိုတာကို ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပေးကြပါ... အင်မရန်းဟက်ရှမီရဲ့ဇာတ်ကားဖြစ်တဲ့အတွက် အနုအရွခန်းလေးတွေ ပါသေးလို့ ရင်ခုန်စိတ်လှုပ်ရှားစေဦးမှာဖြစ်တယ်လို့ ညွှန်းပေးလိုက်ပါတယ်နော် File size…1.8GB / 800MB Quality…1080p WEBRIP Hindi / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Adventure • Animation • Comedy • Fantasy
5.7 2011 127 mins
Murder 2
Resurrection
6.1

IMDb - 6.2/10 Rotten Tomatoes - 80% , Metacritic - 70% Thriller တစ်ပေါက်မှာ လျှမ်းလျှမ်းတောက်သလို နိုလန်တိုနာမည်ကျော် ဒါရိုက်တာကြီးတွေနဲ့ ကားကောင်းတွေရိုက်ဖူးပြီး မနှစ်က Passingဆိုတဲ့ အနုပညာအရ အတန်အသင့်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကိုပါ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးခဲ့တဲ့ Rebecca Hall ဦးဆောင်ပါဝင်ထားတဲ့ Thrillerရုပ်ရှင်အသစ်ပါ။ Tim Rothလို ဝါရင့်မင်းသားကြီးကလည်း အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းပုံစံကတော့ A24 Thrillerတွေကြိုက်တဲ့သူတွေ ကြိုက်ကြမယ့်ပုံစံပါပဲ။ မသိမသာနဲ့ကို အရင်လတွေကထွက်ခဲ့တဲ့ Menရဲ့ အငွေ့အသက်မျိုးလည်း ရနေပါတယ်။ thriller horrorအနေဲ့ဆို သူရထားတဲ့ Rotten Tomatoesနဲ့ Metacriticတိုလို ဝေဖန်ရေးဆရာတွေပေးတဲ့ ရိတ်တင်တွေဟာ မိုးပေါ်ပျံနေတာကြောင့် Thrillerအနေနဲ့ဆို ရှားပါးကားကောင်းတွေထဲက တစ်ကားပြောရပါမယ်။ လန့်စရာတော့ မပါလှပါဘူး။ ဘာတွေဖြစ်နေမှန်းမသိတာကို ရင်တစ်သိမ့်သိမ့်တုန် ကြည့်ရင်း ရင်ဖိုရမယ့် ဇာတ်လမ်းမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ မိန်းမတစ်ယောက်ရှိတယ်။ သူနဲ့ သူ့ယောက်ျားက တောခေါင်ခေါင်နေရာမှာ နေကြတယ်။ တစ်နေ့ကျ ကလေးလေးမွေးလာတယ်။ သူက ကလေးကို မျက်စိအောက်က အပျောက်ခံနိုင်အောင် သိပ်ချစ်တာပေါ့။ တစ်နေ့ကျ သူ့ယောက်ျားကသူ့ကို မြိုတက်ဈေးဝယ်ခိုင်းတယ်။ သူပြန်လာတော့ စားပွဲပေါ်ကလေးလက်လေး၂ချောင်းပဲတွေ့ရတော့တယ်။ ကလေးဘယ်မှာလဲမေးတော့ သူ့ယောက်ျားကစားပစ်ပြီတဲ့။ နောက်ကျသိလိုက်ရတာက ကလေးက သူ့ယောက်ျားကိုယ်ထဲမှာ ငိုကြွေးနေတယ် လှုပ်ရှားနေတယ် ရှင်သန်နေတယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ရင်ဖိုကြည့်လိုက်ကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(1.3GB) / (700MB) Quality__WEB-DL_1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:42:00 Type__Crime, Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Encoded by Naing Aung Latt

Adventure • Fantasy
6.1 2022 103 mins
Resurrection
Symbol
6.7

ဒီတစ်ခေါက်မှာတော့ 2009 ခုနှစ်က ထွက်ရှိထားတဲ့ Symbol ဆိုတဲ့ ဂျပန်စိတ်ကူးယဉ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာ စပိန်မိသားစုလေးတစ်စုနဲ့ စတင်ထားပါတယ်။ ကလေးတွေက ကျောင်းသွား၊ မိဘတွေက အလုပ်လုပ်တဲ့ သာမန်မိသားစုလေးတစ်စုပေါ့။ အဲဒီနောက်မှာတော့ ရုတ်တရက်ကြီး အဖြူရောင်ဗလာအခန်းတစ်ခန်းထဲမှာ ပိတ်မိနေတဲ့ ဆံပင်ဂုတ်ဝိုင်းကေနဲ့ ညအိပ်ဝမ်းဆက်အစိမ်းရောင်ကွက်ကြားကိုဝတ်ထားတဲ့ ဂျပန်ဘဲကြီးတစ်ယောက်ဆီကို ရောက်သွားပါတယ်။ သိပ်မကြာပါဘူး။ အဖြူရောင်နံရံကြီးပေါ်မှာ မြားနတ်မောင်ဂွေးစိ သေးသေးလေးတွေ နံရံအနှံ့ ပေါ်လာတာပေါ့။ အဲဒီ ဂွေးစိသေးသေးလေးတွေကို ဖိလိုက်ရင် ကြုံရာပစ္စည်းတစ်ခုခု ကျလာပါတယ်။ ဆူရှီ၊ ပန်းအိုး၊ တူ၊ ဘောလုံး၊ မဂ္ဂဇင်း စသဖြင့် ကြုံရာပေါ့။ အဲဒီ ထူးဆန်းတဲ့အခန်းကြီးက ပစ္စည်းတွေ ချပေးရုံတင်မကဘဲ ညအိပ်အင်္ကျီနဲ့ဘဲကြီးကို အနုနည်းနဲ့ နှိပ်စက်ပါသေးတယ်။ အဲဒီအခန်းက ဘဲကြီးကို ဘယ်လိုအနုနည်းနဲ့နှိပ်စက်မလဲ။ ဘဲကြီးက ဘာလို့အဲဒီအခန်းထဲ ရောက်နေတာလဲ။ အဲဒီအခန်းထဲကနေ အပြင်ကို ဘယ်လိုထွက်မလဲ။ တကယ်ရော အပြင်ထွက်လို့ ရနိုင်ပါ့မလား။ ဗလာခန်းထဲကဘဲကြီးနဲ့ ဇာတ်လမ်းအစက စပိန်မိသားစုနဲ့ ဘာဆိုင်လို့လဲ။ စသဖြင့် "လဲ" ပေါင်းများစွာနဲ့ စောင့်ကြည့်ရမယ့်ကားဖြစ်ပါတယ်။ ဘာမှမဆိုင်တာကို မဆိုင်ဆိုင်အောင်လုပ်တာကိုက ဂျပန်တွေရဲ့ skill တစ်ခုမဟုတ်လား။ ဒီတော့ ဒီကားထဲမှာရော ဘယ်လိုသက်ဆိုင်မှုလေးတွေရှိမလဲ။ ဘာကို message ပေးချင်တာလဲ။ ဇာတ်လမ်းခေါင်းစဉ်ကိုရော ဘာလို့ Symbol လို့ပေးထားတာလဲဆိုတာကို တွေးရတာကြိုက်တဲ့သူတွေအနေနဲ့ ဇာတ်လမ်းနောက်ကို စီးမြောလိုက်ပါရင်း အတွေးပင်လယ်ထဲ စီးမြောနိုင်ဖို့ ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ File size…1.8GB / 800MB Quality…1080p Blu Ray AAC5.1CH / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Tsukishiro

Western
6.7 2009 93 mins
Symbol
Keramat
6.8

Keramat(2009) ************* ရုပ်ရှင်အဖွဲ့တစ်ဖွဲ့ဟာ သူတို့ရုပ်ရှင်ရိုက်ကူးရေးအတွက် မြို့တစ်မြို့ကို သွားကြတယ်.. အဲ့ဒီမြို့ကိုရောက်ရောက်ချင်းညမှာပဲ သူတို့အဆောင်အပြင်ဘက်မှာ ငိုသံကြီးစကြားကြတယ်.. လိုက်ရှာကြည့်တော့လည်း ဘာမှမတွေ့ခဲ့ပါဘူး… နောက်တစ်နေ့မနက်မှာတော့ ရုပ်ရှင်အဖွဲ့ထဲက ဇာတ်ဆောင်မင်းသမီး Migi ဟာ နေမကောင်းချင်သလိုဖြစ်ပြီး ရိုက်ကူးရေးနားလိုက်ရပါတယ်… အဲ့ဒီ့ညနေမှာပဲ Migi ဟာ တစ်စုံတစ်ယောက် ဝင်ပူးချင်းကို ခံလိုက်ရပါတယ်…. အဲ့ဒီမှာပဲ အပနှင်ဆရာလိုလို ဆရာတစ်ဦးရောက်လာပြီး အပနှင်လိုက်ပြီးတော့ အဆင်ပြေသွားပါ‌တယ်.. ဒါပေမယ့် ခဏအကြာMigi ရဲ့အခန်းထဲဝင်ကြည့်တဲ့အခါ Migi ဟာ ပျောက်ဆုံးနေပါတယ်.. Migi ဘာကြောင့်ပျောက်ဆုံးသွားလဲ ဘယ်ကိုရောက်သွားလဲဆိုတာကတော့ …. File Size :(2.3GB) and (973MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:20:00 Genre :Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

6.8 2009
Keramat
Pachuvum Athbhuthavilakkum
7.6

Paachuvum Albhuthavilakkum 2023 2023 ခုနှစ် ဟာသဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးက ဝင်ငွေအမြတ်အစွန်းများစွာရခဲ့တဲ့အပြင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုများစွာကိုရရှိထားပါတယ် ဒီဇာတ်ကားထဲမှာ အဓိကမင်းသားကတော့ မားမားဘွိုင်း မာလာရရမ်သား လူပျိုကြီးပါ သူကဒူဘိုင်းမှာဆေးဆိုင်တစ်ခုဖွင့် အခြေချနေတာဖြစ်ပြီး ကိစ္စတစ်ခုနဲ့ ကီရာလာကို ပြန်တဲ့အချိန်မှာ အလွဲလေးတစ်ခုစဖြစ်ရာကနေ အလွဲတွေဆက်ပြီး ထူးအိမ်သင်သီချင်းလို လွဲလွဲလေးပဲ ကောင်းပါတယ် ဆိုပြီး တစ်ကားလုံးဖြစ်နေတဲ့ ‌အကြောင်းပါ ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ ကောင်းသလို ဇာတ်အိမ်တည်ဆောက်ပုံ ဇာတ်ကောင်တွေကိုဖွဲ့စည်းထားပုံကလည်း သဘာဝကျတာမို့ ကြည့်ရင်း ရီနေရမဲ့အပြင် ပေါကားမဟုတ်တာမို့ စိတ်ကျေနပ်ဖွယ်ရာ ဖျော်ဖြေမှုလဲပေးနိုင်မှာပါ ပရိသတ်တို့အနေနဲ့ အိန္ဒိယဇာတ်ကားထဲမှာ ရှားပါးတဲ့ အချစ်ဟာသကားပုံစံဖြစ်တဲ့အပြင် ဇွတ်ကလိထိုးတာမပါပဲ သဘာဝကျကျပေါ့ပေါ့ပါးပါးနဲ့ ရီနေရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုနိုင်ဖို့ လက်တို့ပေးလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတာ့ CM Bollywood Team မှဖြစ်ပါတယ်

7.6 2023
Pachuvum Athbhuthavilakkum
Mama Susan’s Friends

Mama Susan’s Friends (2023) ဂါလိုဟာ မိဘမဲ့ကောလိပ်ကျောင်းသားလေးတစ်ဦးဖြစ်ပြီး ဦးလေးနဲ့အဒေါ်ရဲ့ စောင့်ရှောက်မှုအောက်မှာနေထိုင်ပြီး ကျောင်းတက်နေပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ဟာ သူ့အပေါ်ကောင်းသလိုရှိပေမဲ့ သူ့သားသမီးအရင်းတွေနဲ့ယှဉ်ရင်တော့ မျက်နှာသာမပေးတာ ခွဲခြားတာမျိုးတွေရှိတတ်တဲ့အတွက် တစ်ခါတလေ စိတ်ညစ်ရတာရှိပေမဲ့ ဂါလိုက ပျော်ပျော်ပဲနေတတ်ပုံရပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ထက် ပိုစိတ်ညစ်ဖို့ကောင်းတာက ညညဆိုရောက်လာတတ်တဲ့ အိမ်မက်ဆိုးတွေပါပဲ။ မျက်နှာမည်းမည်းနဲ့လူတစ်ယောက် သူ့နောက်ကလိုက်နေတတ်တာ။ အဲဒီလိုပဲတစ်ကိုယ်လုံးမည်းနက်နေတဲ့ မိန်းမကြီးတစ်ယောက် သူ့ကို ဂုတ်ကနေကိုင် လေထဲမြှောက်ထားတာတွေကို မြင်မက်တတ်ပြီး အိမ်မက်နဲ့မတူအောင်ပြက်ပြက်ထင်ထင်ဖြစ်နေတတ်တာတွေကထူးခြားပါတယ်။ တစ်နေ့မှာတော့ သူ့ငယ်ဘဝမွေးရပ်မြေ ကျွန်းမြို့ငယ်လေးဆီက သူ့အဖေသေပြီဆိုတဲ့အကြောင်း ကြေးနန်းရောက်လာတဲ့အချိန်မှာ ဂယ်လိုတစ်ယောက် ဇာတိကိုပြန်ရဖို့ ဖြစ်လာပါတော့တယ်။ သူ့ဇာတိ သူမွေးတဲ့ အိမ်မှာ သူ့အဘွားဆူဇန်တစ်ယောက်သာ လက်ရှိနေထိုင်နေပါတယ်။ တစ်အိမ်လုံးမှာရှိနေတာကတော့ ဘာသာရေးရုပ်တုတွေ ပုံစံအမျိုးမျိုးနဲ့ဖြစ်ပြီး တစ်ချိန်က အိပ်မက်ဆိုးတွေဟာ ဒီအိမ်ကြီးကိုရောက်တဲ့အချိန်မှာ တစ်ဖြည်းဖြည်းလက်တွေ့ဆန် ကြောက်မက်ဖွယ်ကောင်းလာတာတွေကိုတွေ့ရတဲ့နောက် ဂယ်လိုတစ်ယောက် ပဟေဠိတွေကြားကနေ ရုန်းထွက်လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်။ နာမည်ကျော် ဖိလစ်ပိုင်စာရေးဆရာ Bob Ong ရဲ့ဘတ်ဆဲလားတစ်အုပ်ဖြစ်တဲ့ Ang mga Kaibigan ni Mama Susan ကိုအသက်သွင်းထားတာဖြစ်ပြီး ”မာမားဆူဇန်ရဲ့ မိတ်ဆွေများ” လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီမိတ်ဆွေတွေက ဘယ်သူများလဲ… သူ့အဘွားရဲ့မိတ်ဆွေတွေဟာ သူ့အတွက်ရော မိတ်ဆွေဆန်ပါ့မလား… ကြောက်မက်စရာအိမ်အိုကြီးနဲ့ ရုပ်တုတွေရဲ့နောက်က လျှို့ဝှက်ချက်တွေက ဘာတွေဖြစ်နေလဲ… စတာတွေကိုဆက်လက်အဖြေရှာကြပါ။ Jump Scare မပါသလောက်နဲ့ ကျောထဲစိမ့်လာမယ့်ပဟေဠိတွေအပြည့်နဲ့ Horror ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 675MB Quality – 1080p, 720p Format – mp4 Duration – 1H 53Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by Y

0 2023 113 mins
Mama Susan’s Friends
Tekken

ဒီဇာတ်ကားက ဂျပန်နိုင်ငံ Bandaiကုမ္ပဏီကထုတ်တဲ့ နာမည်​ကျော် Tekkenဂိမ်းကို Live actionအ​ဖြစ် ရိုက်ကူးထားတာပါ။ ဂျပန်ဂိမ်းကို အ​နောက်တိုင်းသရုပ်​ဆောင်​တွေနဲ့ ပြန်ရိုက်ထားတဲ့ Live actionဆို​တော့ ​ထွေ​ထွေထူးထူး​ပြောစရာရယ်​တော့ မရှိပါဘူး။ ကြည့်​ပျော်ရှု​ပျော်​တော့ ရှိပါတယ်။ IMDb rating 4.8ရထားပါတယ်။ တစ်ကမ္ဘာလုံး စစ်ပွဲ​တွေဖြစ်အပြီးမှာ အစိုးရအဖွဲ့​တွေပြိုလဲသွားပြီး ​ကော်ပို​ရေးရှင်းဆိုတဲ့အဖွဲ့​တွေ ကမ္ဘာ့အနှံ့မှာ သူ့​နေရာနဲ့သူ သီးခြား ရပ်တည်ခဲ့ကြပါတယ်။ အဲဒီထဲက အကြီးဆုံးအဖွဲ့အစည်းက​တော့ တက်ခန်မြို့​တော်ဆိုတဲ့ အဖွဲ့အစည်း​ပေါ့။ ဒီ​ကော်ပို​ရေးရှင်း​တွေက တစ်နှစ်တစ်ခါ စုစည်းပြီး “သံမဏိလက်သီး”​ဆိုတဲ့ ပြိုင်ပွဲတစ်ခုကို ကျင်းပ​လေ့ရှိပါတယ်။ အဖွဲ့အသီးသီးကို ကိုယ်စားပြုတဲ့ ဖိုက်တာ တစ်​ယောက်စီ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲ​ပေါ့။ အဲဒီပြိုင်ပွဲကို တက်ခန်မြို့​တော်ရဲ့ အပြင်ဘက် အန်​​ဗေးလ်ဆိုတဲ့ မြို့ပြင်ဆင်းရဲသားအရပ်က ဂျင်ကာဇာမာဆိုတဲ့ ​ကောင်​လေးက ဝင်ပြိုင်ဖို့လုပ်ခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က​တော့ သူ့အ​မေကို ​သေ​စေခဲ့တဲ့ တက်ခန်​ကော်ပို​ရေးရှင်းရဲ့ အကြီးပိုင်း​ခေါင်း​ဆောင် ​တွေကို လက်စား​ချေချင်လို့ပါ။ သူ့ရဲ့ရည်မှန်းချက် ​အောင်မြင်နိုင် မလား၊ သံမဏိလက်သီးပြိုင်ပွဲမှာ ဘယ်​အဆင့်ထိရောက်နိုင်မလဲ၊ ဘယ်လိုရန်သူ​တွေကို ​ကျော်ဖြတ်ရမလဲဆိုတာကို အတိုက်အခိုက် အထိုးအကြိတ်​တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

TV Movie • Comedy • Romance
0 2010
Tekken
Godzilla
7.5

Godzilla ( 1954 )Directed by Ishirō HondaKaiju Genreကို အစပျိုးပေးခဲ့တဲ့ ပထမဆုံး ဂေါ်ဇီလာရုပ်ရှင်ကို ၁၉၅၄မှာ အိရှိရိုဟွန်ဒါက ဇာတ်ညွှန်းရေးသား ရိုက်ကူးခဲ့တယ်။ Special effects ပိုင်းကိုတော့ Eiji Tsuburayaက ကိုင်ခဲ့တယ်။ သူတို့နှစ်ယောက်တွဲဟာ Kaiju Genreကို ထောင်ခဲ့တဲ့လူတွေ ဂေါ်ဇီလာယူနီဗာ့စ်ကြီးကို စဖန်တီးခဲ့သူတွေပါပဲ။ ဒီဂေါ်ဇီလာကားတွေကို နာမည်ကျော် တိုဟိုကနေ ထုတ်ပေးခဲ့တယ်၊ ဒီဂေါ်ဇီလာတစ်ကားရဲ့ အောင်မြင်မှုကနေ Godzilla franchiseကြီးဖြစ်ခဲ့လာပြီး တိုဟိုက ထုတ်ခဲ့တဲ့ ဂျပန်ဂေါ်ဇီလာရုပ်ရှင်တင် ၃၃ကား , ခုနောက်ပိုင်းထွက်တဲ့ အမေရိကန်ရုပ်ရှင် ငါးကား , စုစုပေါင်း ၃၈ကား ထွက်ခဲ့ပြီးပြီ။ တိုဟိုက ထုတ်ခဲ့တဲ့ ၃၃ကားထဲမှာ မူရင်းဖန်တီးရှင်တွေဖြစ်တဲ့ အိရှိရိုနဲ့ အိဂျီတို့ ရိုက်ခဲ့တာက ၈ကားပဲရှိခဲ့တယ်။ သူရိုက်ခဲ့တာတွေက အအောင်မြင်ဆုံးနဲ့ အခမ်းနားဆုံး Godzilla (1954), နောက် King Kong vs. Godzilla (1962) , Mothra vs. Godzilla (1964), Ghidorah, The Three-Headed Monster (1964), Invasion of Astro-Monster (1965),Destroy All Monsters (1968), All Monsters Attack (1969),Terror of Mechagodzilla (1975)တို့တွေပါပဲ။ Godzilla: King of Monsters (1956)မှာလည်း သူဝင်ရိုက်ပေးခဲ့ပေမဲ့ သူ့စာရင်းက ၈ကားပဲဆိုတော့ ထည့်တွက်မထားပုံပါပဲ၊၊ ပထမဆုံး ၁၉၅၄အတွက်ပဲ ဇာတ်ညွှန်းပါသူရေးခဲ့ပြီး ၁၉၅၄ကားကလည်း ထွက်ခဲ့သမျှ ဂေါ်ဇီလာတွေထဲ အကောင်းဆုံးအဖြစ်ရပ်တည်နေတယ်။ တိုဟိုဗားရှင်း ဂေါ်ဇီလာ ၃၃ကားကို ဂျပန်တွေထုံးစံအတိုင်း Eraတွေနဲ့ခွဲထားပြီး Era၅ခုရှိပြီး Shōwa era (1954–1975)အတွင်းမှာ ၁၅ကားရိုက်ကူးခဲ့ပါတယ်။ ဒီ၁၅ကားဟာ ဂျပန်ပြည်ရဲ့ နိုင်ငံရေးရဲ့ သူ့ခေတ်အခြေအနေကို ထင်ဟပ်ခဲ့တယ်လို့ ဆိုကြတယ်။ Eraတွေပြီးတိုင်း သူ့ယူနီဗာ့စ်ကို Reboot ပြန်ချလိုက်ပေမဲ့ ၁၉၅၄ကားကိုတော့ လုံးဝမပယ်ခဲ့ကြဘူး။ ဂေါ်ဇီလာရဲ့ Originအဖြစ် ထားထားခဲ့တယ်။ 2019ကစတဲ့ Reiwa Eraမှာတော့ ဒီ Originကို ပြောင်းလဲပစ်ခဲ့တယ်။ Godzilla Minus Oneကတော့ ဒီ၁၉၅၄ကားကို ပြန်လည်ပုံဖော်ထားတဲ့ Remakeကားလို့ ဆိုပါတယ်။အိရှိရိုဟွန်ဒါဟာ ခိုင်ဂျူ ရုပ်ရှင်Genreရဲ့ ဖန်တီးရှင် ဂေါ်ဇီလာရဲ့ ဖခင်ဖြစ်ပေမဲ့လည်း အကီရာ ကူရိုဆာဝါရဲ့ ရုပ်ရှင်တွေမှာ လက်ထောက်ဒါရိုက်တာအဖြစ်တစ်မျိုး အနုပညာအကြံပေးအဖြစ်တစ်ဖုံ လုပ်ခဲ့ဖူးတဲ့သူပါပဲ။ ကူရိုဆာဝါရဲ့နောက်ဆုံးငါးကားဟာ သူ့နောက်ဆုံးငါးကားလို့ ပြောရင်လည်းရပါတယ်။ ဂေါ်ဇီလာတွေအပြီးမှာ သူအနားယူခဲ့ပေမဲ့ ကူရိုဆာဝါက သူ့ကိုနားချပြီး သူ့ညာလက်ရုံးအဖြစ် ခေါ်သုံးခဲ့တာပါ။ ကူရိုဆာဝါ ဒီနှောင်းပိုင်း ကာလတွေမှာ မျက်စိလည်းသိပ်မမြင်တော့ဘူးဆိုတော့ ကူရိုရဲ့ နောက်ဆုံးငါးကားမှာ အိရှိရိုရဲ့ လက်စွမ်းလည်း မကင်းဘူးလို့ ယူဆလို့ရတယ်။ Guillermo del Toro, Tim Burton , John Carpenter , Martin Scorsese တို့ကတော့ ဟွန်ဒါရဲ့ လွှမ်းမိုးမှုနဲ့ သူတို့မကင်းဘူးလို့ ကြေညာဖူးပါတယ်။ စပီးဘာ့ခ်ဟာလည်း ဒီ၁၉၅၄ဂေါ်ဇီလာကို တော်တော်ကြိုက်ခဲ့တဲ့သူဖြစ်ပြီး။ ဒီဂေါ်ဇီလာ ၁၉၅၄နဲ့ အနီးစပ်ဆုံးတူတဲ့အရသာကို စပီးဘာ့ခ်ရဲ့ Jaws (1974) မှာပဲ ကျွန်တော်တော့ရဖူးပါတယ်။ စပီးဘာ့ခ်ဟာ ဂေါ်ဇီလာကို သိပ်ကြိုက်တဲ့သူပီပီ Jawsကို ငါးမန်းကားအဖြစ်ရိုက်ခဲ့ပေမဲ့ ၁၉၅၄ဂေါ်ဇီလာနဲ့ ထပ်တူညီတဲ့ အငွေ့အသက်ကို ပေးနိုင်ခဲ့တယ်။ဇာတ်ရဲ့အဖွင့်မှာ ပင်လယ်ထဲ သင်္ဘောတွေတစ်စီးပြီးတစ်စီး မြုပ်သွားတာကနေ စထားတယ်။ ဘယ်လိုအကြောင်းကြောင့်လဲတော့ ဘယ်သူမှမသိရဘူး။ သွားကယ်တဲ့ သင်္ဘောတွေပါ မြုပ်သွားရင်း မြုပ်သွားရင်း အဆုံးအရှုံးတော်တော်များလာသလို တံငါသည်တွေလည်း ငါးမမိတော့တဲ့နောက် ဒီပြဿနာကို အဖြေရှာကြဖို့ဖြစ်လာခဲ့တယ်။ အိုဒိုကျွန်းက ရှေ့မီနောက်မီလူကြီးကတော့ ဟိုးရှေးခေတ်ကတည်းက ရှိနေခဲ့တဲ့ ဂေါ်ဇီလာကြီးလို့ ပြောကြပေမဲ့ ဘယ်သူမှမယုံကြဘူး။ ဒီလိုနဲ့ ပညာရှင်တွေ သုတေသနသွားလုပ်တဲ့အချိန် ဂေါ်ဇီလာကို မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်။ သတ္တဗေဒပညာရှင်ကတော့ ဂေါ်ဇီလာ Jurassicခေတ်နောက်ပိုင်း ဆင့်ကဲပြောင်းလဲလာတဲ့ သတ္တဝါကြီးလို့ သက်သေပြခဲ့တယ်။ ဒီလိုနဲ့ ဂေါ်ဇီလာဟာ မြို့ပေါ်ကိုပါ ဖျက်ဆီးလာတဲ့အခါ သူတို့ ဂေါ်ဇီလာကို နှိမ်နှင်းရဖို့ဖြစ်လာတယ်။ ဟိုက်ဒရိုဂျင်ဗုံးခေါ် နျူးကလီးယားကြောင့် နိုးထလာတဲ့ သတ္တဝါကြီးဖြစ်သလို လူ့လက်နက်တွေ ဒဏ်ကို ခံနိုင်ရည်ကောင်းကောင်းရှိနေတော့ သူ့ကို ဘယ်လက်နက်နဲ့မှ မနိုင်ဘူးဖြစ်နေတဲ့နောက် ဂေါ်လီလာကို နှိမ်နှင်းဖို့ အဖြေတစ်ခုရှာရတော့တယ်။သရုပ်ဆောင်တွေအနေနဲ့တော့ ကူရိုဆာဝါရဲ့ လက်စွဲ Ikiruထဲက မင်းသားကြီး Takashi Shimuraလည်း ပါဝင်သရုပ်ဆောင်ထားပေမဲ့ ဒီဂေါ်ဇီလာ ရုပ်ရှင်မှာ ကျွန်တော်တို့ မမေ့မယ့် ဇာတ်ရုပ်ကတော့ Akihiko Hirataရဲ့ ဒေါက်တာ Serizawaပါပဲ။ ခုလက်ရှိနောက်ဆုံး ဂေါ်ဇီလာစီးရီးအထိ သူ့ကို Homageပေးကြတုန်းပါပဲ။ ဒေါက်တာSerizawa ဇာတ်ကောင်ဟာ Iconicဇာတ်ကောင်တစ်ခုဖြစ်လာခဲ့သလို 1954 ဂေါ်ဇီဟာလည်း အခုနေ ပြန်ကြည့်တာတောင် ဘာကြီးလဲကွာဆိုပြီး ပြောစရာဖြစ်မနေဘဲ အစအလယ်အဆုံးသုံးပါးလုံး ဇာတ်ရော သရုပ်ဆောင်ရော တင်ဆက်ပုံရော အပြောင်မြောက်ဆုံးဖြစ်နေတုန်းပါပဲ။File size… 1.4 GB / 747 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

7.5 1954 96 mins
Godzilla
The Wasp
6

The Wasp (2024 ) IMDb – 5.9/10 Rotten Tomatoes – 75% Psychological thriller ‧ 1h 35m Game of Thrones ထဲက မင်းသမီး Natalie Dormer နဲ့ မင်းသမီး Naomie Harris တို့ အဓိကပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားကတော့ ထရော်မာတွေအကြောင်းပါ။ Heather နဲ့ Carla ဆိုတဲ့ ကောင်မလေးနှစ်ယောက်ဟာ အဆက်အသွယ်ပြတ်နေတာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ နှစ်တွေအများကြီးကြာပြီးတော့မှ Heather က Carla ကိုအကြောင်းကိစ္စတစ်ခုကမ်းလှမ်းလာခဲ့ပါတယ်။ ငွေလိုအပ်နေတဲ့ Carla တစ်ယောက် Heather ကမ်းလှမ်းလာတဲ့ အကြောင်းအရာကို လုပ်ပေးဖို့ ကြိုးစားရာကနေ မမျှော်လင့်ထားတဲ့ plot twist တွေတပြုံကြီးနဲ့ စိတ်၀င်တစားကြည့်ရမှာပါ။ ကျန်တာကိုတော့ spoiler ပါမှာစိုးလို့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါခင်ဗျာ…။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Wai Hlyan မှ တင်ဆက်ထားပါတယ်။)

6 2024
The Wasp
[18+] Delusyon

Delusyon (2025) အက်စ်မေးနဲ့နိုလီတို့ဟာ ခါးပိုက်နှိုက်အလုပ်နဲ့အသက်မွေးကြသူတွေဖြစ်ပြီး ဒီဘ၀ကလွတ်မြောက်နိုင်ဖို့နည်းလမ်းရှာနေကြသူတွေပါ။ အက်စ်မေးအပေါ်တစ်ဖက်သက်ကြိုက်နေတဲ့ သူတို့နယ်မြေအုပ်ချုပ်ရေးမှူးတစ်ယောက်ကို နိုလီက အမြဲတမ်းသံသယဝင်ပြီးစွပ်စွဲလေ့ရှိသလို သူ့အထင်မှန်နေတယ်လို့ထင်ချင်စရာအဖြစ်အပျက်တွေ၊ ဘေးလူတွေရဲ့ကုန်းချောစကားတွေနဲ့ပြဿနာပိုကြီးလာချိန်မှာတော့ သူတို့ဆက်ဆံရေးဟာ အပျက်ဘက်ကိုဦးတည်လာပါတော့တယ်။ နိုလီရဲ့သံသယတွေဟာ တကယ်ဖြစ်လာမလား? အက်စ်မေးတစ်ယောက် တကယ်ပဲ ဘ၀အာမခံချက်အခိုင်အမာရှိတဲ့သူကို ရွေးချယ်သွားမှာလားဆိုတာ ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.7 GB) / (680 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:11:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

0 2025 71 mins
[18+] Delusyon
Veni Vidi Vici
5.7

Veni Vidi Vici (2024) IMDb Rating (5.7) / Rotten Tomatoes (57%) ဩစတြီးယားလူမျိုး ဒါရိုက်တာ Daniel Hoesl နဲ့ Julia Niemann တို ရိုက်ကူးထားတဲ့ အမဲလိုက်ဇာတ်ကား (Satirical Black Comedy) တစ်ခုဖြစ်ပြီး ချမ်းသာကြွယ်ဝသူတစ်ဦးရဲ့ လူမဆန်တဲ့ ပျော်ရွှင်မှုတွေနဲ့ လူမှုရေး မညီမျှမှုတွေကို မီးမောင်းထိုးပြထားပြီး လူချမ်းသာတွေရဲ့ အာဏာလက်ဝါးကြီးအုပ်မှုကို ရှုတ်ချသရော်ထားတဲ့ အနုပညာမြောက် ဟာသဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Amann မိသားစုက ကမ္ဘာ့အချမ်းသာဆုံး လူတန်းစားတွေထဲက တစ်စုဖြစ်ပြီး သူတိုရဲ့ စည်းစိမ်ဥစ္စာတွေကို အလွဲသုံးစားလုပ်တဲ့အပြင် လူသတ်တာကိုပါ အမဲလိုက်ဂိမ်းတစ်ခုလို ကစားကြတယ်။ သူတိုရဲ့ လုပ်ရပ်တွေကို လူအများက သိပေမဲ့ ဥပဒေက သူတိုကို မထိပါးရဲကြဘူး။ ဒီလိုနဲ့ ဆိုးချင်သလောက်ဆိုးနေတဲ့ လူတိုင်းအားကျရတဲ့ လူချမ်းသာစီးပွားရေးရှင်မိသားစုနဲ့ တရားမျှတမှုကို လိုချင်တဲ့ ဂျာနယ်လစ်သမားတစ်ယောက် ပေါ်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ လူချမ်းသာတွေရဲ့ လက်ဝါးကြီးအုပ်မှု၊ အထက်တန်းလွှာတွေရဲ့ လူမဆန်တဲ့ အပြုအမူနဲ့ ဆင်းရဲသားတွေအပေါ် နှိပ်စက်မှုတွေကို ရှုတ်ချထားတဲ့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.8 GB) / (860 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama Duration…. 01:22:33 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thwal Htoo Zin

5.7 2024 86 mins
Veni Vidi Vici
The Squatchers
5.5

ဇာတ်လမ်းအကျဉ်းကတော့ တိုင်လာရဲ့မွေးနေ့ပွဲမှာ အထူးလက်ဆောင်ပေးဖို့အတွက် လူးဝစ် ၊ ဘရတ် နဲ့ ဖေးတို့ စီစဉ်ထားတယ်။ တိုင်လာက Bigfoot ရုပ်ရှင်ကားကိုအရမ်းကြိုက်သလို Bigfoot တွေကအပြင်မှာအမှန်တကယ်ရှိတယ်လို့လည်း ယုံကြည်ထားတယ်။ သူငယ်ချင်းသုံးယောက်လည်း ဘရတ်ရဲ့ ဒီစွဲလန်းမှုတွေကို သည်းမခံနိုင်တဲ့အဆုံးမှာဒီတစ်ပတ်ပိတ်ရက်မှာ Bigfoot ရှာပုံတော်ဖွင့်ပို့ စခန်းချသွားမယ်ဆိုပြီး မွေးနေ့လက်ဆောင် အနေနဲ့ ကတိပေးလိုက်ကြတယ်။ နောက်နောင်ဘယ်တော့မှ ဒီအကြောင်းထပ်မဟဖို့အတွက် ပြောလိုက်တယ်ဆိုပေမယ့် တိုင်လာကတော့ တကယ် ပျော်နေတယ်။ အကုန်လုံးကျောင်းသားတွေဆိုတော့ ငွေကြေးလည်း သက်သာအောင်ဆိုပြီး ကားရှိတဲ့နိတ်ကိုပါ ခေါ်လာလိုက်တယ်။ ဒီလိုနဲ့ ဝှိုက်ဟောပြည်နယ်ကသစ်တောမှာစခန်းချဖို့ ထွက်လာကြတယ်။ Bigfoot အကြောင်း ကောင်းကောင်း သိထာတဲ့ဘရတ်က ဒီညတော့စောစောအိပ်ပြီးမနက်ကျမှ Bigfoot ကိုထွက်ရှာကြမယ်လို့ပြောလို့စောစောအိပ်လိုက် ကြတယ်။ ညလည်းရောက်ရော ဝက်ဝံသဏ္ဍာန်သတ္တဝါကြီးက နိတ်ကို ဖမ်းခေါ်သွားတဲ့အခါမှာတော့….. File size… (2.02GB) / (1.04GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 55m Genre …..Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Horror • Fantasy • Action • Thriller • Adventure
5.5 2025 120 mins
The Squatchers
40 Acres
6.6

40 Acres (2025) IMDb Rating (6.6) / Rotten Tomatoes (89%) ကပ်ရောဂါဆိုးကြီးဖြစ်ပြီးနောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ မြေဆီလွှာတွေပျက်စီး ရောဂါပိုးမွှားတွေကပ်ပြီး စိုက်ပျိုးသီးနှံတွေခေါင်းပါးလာပါတယ်။ အခုလို စားသောက်ကုန်ကြမ်းတွေလျော့ပါးလာတဲ့အလျောက် အစားအသောက်တွေလည်း ရှားပါးလာပြီး ကမ္ဘာကြီးဟာ ယိုယွင်းလာပြီး လူတွေဟာ သမိုင်းဦးဘုံမြေက လူရိုင်းတွေလိုမျိုး အသိစိတ်မရှိတော့တဲ့အထိဖြစ်လာပါတယ်။ ကြီးနိုင်ငယ်ညှင်းဆိုတဲ့အတိုင်း အားကြီးတဲ့ယောက်ျားသားတွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့တွေဟာ အားနည်းတဲ့ အမျိုးသမီးအများစုနဲ့ဖွဲ့စည်းထားတဲ့မိးသားစုတွေကို အမဲလိုက်ပြီး “သေရင်မြေကြီး ရှင်ရင်ရွှေထီး” လိုတောင်မဟုတ်တော့ဘဲ သေရင်တောင် အလောင်းမကျန်တဲ့အထိ သတ်ဖြတ်စားသောက်ခံကြရတာပါ။ ဒီလိုနဲ့ပဲ ပုံမှန်အသိစိတ်ရှိတဲ့လူတွေမှာ လူနည်းစုလောက်ပဲရှင်သန်ပြီး သူတို့အတွက် ကောက်ပဲသီးနှံအထွက်တိုးတဲ့ လယ်ယာစိုက်ခင်းတွေကပဲ သူတို့အသက်ဖြစ်လာကြပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အမေရိကန်ပြည်တွင်းစုတုန်းက ကနေဒါကိုပြောင်းရွေ့လာတဲ့မျိုးဆက်ကနေဆင်းသက်လာတဲ့ လူမည်းကနေဒီယန်မိသားစုတစ်စုဟာ ရှင်ကျန်နေတဲ့ လူနည်းစုအဖွဲ့တွေကို လိုက်လံဖမ်းဆီးစားသောက်နေတဲ့ ဇာတ်တူသားစားလူဆိုးတွေကဆီကနေ တွန်းလှန်ကာကွယ်ပုံကို ဒရာမာဆန်ဆန် အက်ရှင်အပြည့်နဲ့တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.6 GB) / (860 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Science Fiction,Thriller Duration…. 01:53:47 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Mark

Drama • Comedy
6.6 2025 113 mins
40 Acres
Phantasm

ဇာတ်ကားနဲ့ ဒါရိုက်တာ ဒွန် ကော့စ်ကာရယ်လီ (Don Coscarelli) Special Jury Award (အထူးဒိုင်လူကြီးဆု) ရရှိခဲ့ပြီး သိပ္ပံစိတ်ကူးယဉ် ထိတ်လန့်သည်းဖို (Science Fiction Horror) ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း——- ဇာတ်လမ်းကတော့ မိဘမဲ့ဖြစ်သွားတဲ့ ဆယ်ကျော်သက် မိုက်ခ် (Mike) ဟာ သူ့အစ်ကို ဂျိုဒီ (Jody) နဲ့အတူ နေထိုင်ပါတယ်။ သူတို့သူငယ်ချင်း တွမ်မီ (Tommy) သေဆုံးတဲ့ ဈာပနကို မိုက်ခ်က တိတ်တဆိတ် ချောင်းကြည့်ရာကနေ အဲဒီဈာပနမှာ သုဘရာဇာဖြစ်တဲ့ The Tall Man ဆိုသူဟာ အလွန်လေးတဲ့ ခေါင်းတလားကို အလွယ်တကူ မနိုင်တာကို မြင်တွေ့လိုက်တာကြောင့် မိုက်ခ်ဟာ သုဘရာဇာ အန်ဂပ်စ် စကရင်းမ် (Angus Scrimm) ကို သံသယဝင်ပြီး လိုက်လံစုံစမ်းရာကနေ Morningside သုဘရာဇာတိုက်ကို မိုက်ခ် ဝင်ရောက်စုံစမ်းတဲ့အခါ သေဆုံးပြီးသား လူတွေကို အရပ်ပုပု၊ မျက်နှာဖုံးစွပ်ထားတဲ့ သတ္တဝါလေးတွေ (Lurkers သို့မဟုတ် Dwarves) အဖြစ် ပြောင်းလဲပြီး တခြား ဂြိုလ် ကို ကျွန်အဖြစ် တင်ပို့တာကို တွေ့မြင်လိုက်ရပါတယ်. The Tall Man ဟာ အမျိုးသမီး (Lady in Lavender) အသွင်ပြောင်းလဲပြီး သားကောင်တွေကို မြှူဆွယ်သတ်ဖြတ်တာမျိုးလည်း လုပ်ပြီး the tall man ဟာ ဒီသတ္တဝါတွေနဲ့ဘယ်လို ပတ်သတ် နေလဲ မိုက်ခ် နဲ့ဂျိုဒီကရော ဒီ ထူးဆန်းမှုကို ဘယ်လို ဖြေရှင်းမလဲဆိုတာကတော့ ဆက်လက် ကြည့်ရှုလိုက်ပါ။ ဇာတ်ကား အဆုံးမှာတော့ မထင်မှတ်ထားတဲ့ plot twist ကို တွေ့ရမှာမလို့ အဆုံးထိ ကြည့်ရှုဖို့ တိုက်တွန်းပါတယ်။ File size…(1.2 GB)/(658 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Htet Naing Lin

Drama
0 1979
Phantasm