YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Chase the Truth E07 1080p WEB-DL CM.mp4

484.26 MB 1080p video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Along Came a Spider
6.3

မင်းသားကြီး မော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားပြီး 2001 တုန်းကထွက်ရှိခဲ့တဲ့ မှုခင်းအက်ရှင်‌ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပညာရှင်/စုံထောက် ဒေါက်တာ အဲလက်စ် ခရော့စ် (မော်ဂန် ဖရီးမန်း) ဟာ စစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့တွဲဖက်ကို ဆုံးရှုံးလိုက်ရပြီးကတည်းက သူ့ကိုယ်သူခွင့်မလွှတ်နိုင်ပဲ၊ ဘဝကြီးကိုလည်း ရည်ရွယ်ချက်မရှိဖြတ်သန်း‌နေသူပါ။ ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်အပြီး ရှစ်လအကြာမှာတော့ ပြည်နယ်လွှတ်တော်အမတ် ဟန့်ခ် ရို့စ်ရဲ့ ကိုယ်ပိုင်ကျောင်းတစ်ခုမှာကျောင်းတက်နေတဲ့ သမီးလေး ရို့စ်ဟာ Secret Service ရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေရင်းနဲ့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီလိုနဲ့ အဲလက်စ်ဆီကို ပြန်ပေးသမားကဖုန်းဆက်ပြီး သူရဲ့ကစားပွဲထဲကို ဝင်ပါခိုင်းရင်း အဲလက်စ်တစ်ယောက် ပြန်ပေးသမားရဲ့ကစားပွဲကို နိုင်အောင်ကစားနိုင်မှာလား၊ ရို့စ်ကိုရော အောင်အောင်မြင်မြင်နဲ့ကယ်ထုတ်နိုင်မှာလား၊ ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ၊ ဘယ်လိုအလှည့်အပြောင်းတွေရှိလာမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ File size…  2.77 GB /  742 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by TMMT

Drama • Thriller
6.3 2001 104 mins
Along Came a Spider
The Devil's Backbone
7.3

IMDb rating: 7.4/10 Rotten Tomatoes: 93% ကမ္ဘာစစ်အတွင်းမှာ သေကြေပျက်စီးတယ်ဆိုတယ် ဆန်းတဲ့အရာတော့ မဟုတ်ပါဘူး စစ်ကြောင့် လက်နက်ကြောင့်လို့ ပြောကြပေမယ့် တကယ်တမ်းကတော့ လူ့အတ္တစစ်စစ်ကြောင့်ပေါ့ဗျာ ငတ်ပြတ် ဆင်းရဲကုန်တော့ လုပ်မိလုပ်ရာတွေလုပ်ရင်း လူသားဆန်မှုဆိုတာ ဘယ်ဆီရောက်မှန်းမသိ ယုံကြည်မှုတွေကလည်း အလဲလဲအကွဲကွဲ ဘယ်ဘုရားဆီပြေးရမယ်မသိ.. မကောင်းဆိုးဝါးရဲ့ ကျောရိုးဆိုတာ ဘာလဲ သိကြလားဗျ မွေးမလာသင့်တဲ့ကလေးတွေ တစ်နည်း လူတွေစွန့်ပစ်လို့ အသက်ဆုံးရှုံးသွားရတဲ့ လူမမယ်ကလေးလေးတွေကို ခေါ်ပါသတဲ့ စပိန်နိုင်ငံရဲ့ စစ်ကြီးအတွင်းမှာ အဲဒီကလေးတွေကို ‌ဆေးရည်စိမ်ပြီး ရောဂါပျောက်တယ်ဆိုပြီး သောက်ကြသတဲ့လေ မဟုတ်မှန်းသိသိရဲ့နဲ့ လုပ်မိလုပ်ရာတွေ လုပ်ကြတာပါပဲ ကျွန်တော် လက်လှမ်းမီသလောက် ဇာတ်လမ်းရဲ့ ရည်ညွှန်းချက်ကတော့ devil's backbone ဆိုတာ ကပ်ဘေးကြောင့် လူ့လောဘအတ္တကို ကျောရိုးအရင်းခံပြီး လုပ်မိလုပ်ရာတွေ လုပ်ကြပုံပါပဲ ဇာတ်လမ်းအညွှန်းကတော့ တိုတိုလေးပါပဲ ၁၂ နှစ်သားကောင်လေးတစ်ယောက် စစ်ကြီးထဲမှာ အဖေဆုံးရှုံးသွားရလို့ စပိန်နိုင်ငံ မြို့စပ်လေးတစ်ခုက ကျောင်းတစ်ကျောင်းကို ရောက်လာတယ် သူမရောက်ခင်ကတည်းက ကျောင်းဝန်းအလယ်တည့်တည့်မှာ ဗုံးအကြီးကြီးစိုက်ဝင်နေတယ် ဗုံးကျဲခံရတဲ့ညမှာပဲ ရှန်တီဆို‌တဲ့ ကောင်လေးတစ်ယောက် ပျောက်သွားတယ်တဲ့ ကျောင်းသားတွေကြားက ကောလဟာလကတော့ သရဲလိုလို အသက်ရှင်နေသလိုလို... ဒီလိုနဲ့ ကောင်လေးကျောင်းရောက်ပြီး မကြာခင်မှာပဲ သရဲလိုလို ဘာလိုလိုဟာကို တွေ့လာတော့တယ် စုံစမ်းဖို့ကြိုးစားရင်း ကျောင်းကလူတွေရဲ့ နှစ်မြှုပ်ထားတဲ့လျှို့ဝှက်ချက်တွေထဲ ရောက်သွားပါတော့တယ် ဇာတ်လမ်း‌အသွားအလာကရိုးရှင်းပေမယ့် Nomi တွေ ဝင်ခဲ့ပါသေးတယ် Goya Award for Best Special Effects တို့ Goya Award for Best Costume Design အစရှိတာတွေပါ ကဲ ရုပ်ရှင်ကြိုက်သူတို့ လိုက်ပါစီးမျောရင်း အတွေးနယ်ချဲ့လိုက်ကြပါဦး File Size :(2.1GB)  (862 MB) and (273 MB) Quality : Blu-Ray 720p Format…mp4 Duration…01:46:00 Genre : Horror , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mayphoo Pone Encoded by Phyo Pyae

Action • Drama • Science Fiction
7.3 2001 108 mins
The Devil's Backbone
The Admiral: Roaring Currents
7.1

လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် သင်္ဘောအနည်းငယ်နဲ့သာတိုက်ဖို့ရှိနေတဲ့အပြင် ရေတပ်သားတွေလည်း ထွက်ပြေးသူပြေး စည်းလုံးမှုတွေလည်း တကွဲတပြားတွေဖြစ်နဲ့ဆိုတော့ ဒီတိုက်ပွဲက သူ့အတွက်အခက်အခဲဆုံးပါပဲ... ကိုင်းသူဘယ်လိုတွေပြင်ဆင်လဲ...ဘယ်လိုတွေတိုက်ခိုက်လဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး... The Admiral: Roaring Currents(2014) ရုပ်ရှင်ကတော့ တောင်ကိုရီးယား Box Officeရဲ့ သမိုင်းမှာ (135)သန်းကျော်နဲ့ ဝင်ငွေအများဆုံး ဇာတ်ကားအဖြစ်ရှိနေပါတယ်။ နှစ်စဉ်နှစ်တိုင်း ရုပ်ရှင်ကားကောင်း ရာဂဏန်းထွက်နေတဲ့ တောင်ကိုရီးယားရုပ်ရှင်လောကမှာ ၄ နှစ်ကြာအောင် ထိပ်ဆုံးနေရာ အပြောင်းအလဲမရှိသေးပါဘူး။ ဝေဖန်ရေးဆရာဝန်တွေ သမိုင်းပညာရှင်တွေ အကြိုက်တွေ့ခဲ့ပြီး ၆၁ မိနစ်ကြာ တိုက်ပွဲခန်း ရှည်ကြီးဟာ တစ်ချက်မှ မပျင်းရဘူးလို့ ဟောလိဝုဒ်ကဝေဖန်ရေးသမားတွေကလည်း ချီးကျူးကြပါတယ်။ နောက်ခံတေးဂီတနဲ့ တိုက်ပွဲပုံဖော်မှုတွေက သိပ်ကောင်းသလို ချွဲမင်ဆစ်ရဲ့ သရုပ်ဆောင်မှုကတော့ အထူးညွှန်းနေစရာတောင်မလိုပါဘူး။ (I saw the devil ကြည့်ဖူးရင် သူဟာဘယ်လိုသရုပ်ဆောင်လဲ ဆိုတာ သိသာပါတယ်။) File Size :(2.23GB) and (1.08GB) Quality : Blu-Ray 720p/1080p 5.1, Format…mp4 Duration…02:08:00 Genre :  Action, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by May Phyu Zaw Encoded by Phyo Pyae

Action • Crime
7.1 2014 126 mins
The Admiral: Roaring Currents
Firebreather
7.5

ဒီ animation ဇာတ်ကားကောင်းလေးကို မသိတဲ့သူတော်တော်ရှားမယ်ထင်ပါတယ်။ ကျွန်တော်တို့တွေ ကလေးဘ၀မှာ အသည်းစွဲဖြစ်ခဲ့ရတဲ့ ကာတွန်းကားလေးတစ်ကားဆိုရင်လည်း မှားမယ်မထင်ပါဘူး။ မကြည့်ဖူးသေးတဲ့သူတွေရော ကြည့်ပြီးတဲ့သူတွေပါ ဘာသာပြန်ကောင်းကောင်းလေးနဲ့ သေချာပြန်လည်ခံစားလို့ရအောင်လို့ Channel Myanmar ကနေ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့...... ကမ္ဘာကြီးဟာ ကိုင်ဂျူးလို့ခေါ်တဲ့ ဧရာမသတ္တဝါကြီးတွေနဲ့ လူသားတွေ ရောထွေးနေထိုင်တဲ့ နေရာတစ်ခုဖြစ်လာပါတယ်။ မျိုးနွယ်နှစ်ခုကြား စစ်ပွဲရှည်ကြီး တစ်ခုဖြစ်လာခဲ့ပြီး ဒီစစ်ပွဲကို အဆုံးသတ်ပေးလိုက်တာကတော့ မားဂရက်ဆိုတဲ့ လူသားမျိုးနွယ် မိန်းကလေးတစ်ဦးနဲ့ ကိုင်ဂျူးဘုရင်ကြီး ဘယ်လော့ခ် တို့ရဲ့ ချစ်ကြိုက်မှုပဲ ဖြစ်ပါတယ်။ စစ်ပွဲကြီးရပ်တန့်သွားပြီးနောက် ကိုင်ဂျူးတွေဆိုတာလည်း ဒဏ္ဍာရီသဖွယ် ဖြစ်လာခဲ့ပါတော့တယ်။ ဒါပေမယ့် ဒန်ကန်ဆိုတဲ့ ကိုင်ဂျူးတစ်၀က် လူသားတစ်၀က် ဆယ်ကျော်သက်ကောင်လေးကတော့ ဒဏ္ဍာရီမဟုတ်ခဲ့ပါဘူး။ ကိုင်ဂျူးတစ်ကောင်ရဲ့အစွမ်းတွေနဲ့ လူသားလေး ဒန်ကန်ဆီကို တစ်ရက်မှာ ကိုင်ဂျူးဘုရင် ဘယ်လော့ခ်ကြီးက ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့...... (ဇာတ်ကားနဲ့ အညွှန်းကို Chuck Chuck မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.3GB, 608MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 10Min Type - Action, Animation, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Chuck Chuck Encoded by Y

Comedy • Drama • Horror
7.5 2010 70 mins
Firebreather
Kaliwaan
5.8

18+ ဆိုပြီး အားရပါးရပြေးမငမ်းခင် တစ်ခုသတိပေးချင်တာက ဒီဇာတ်ကားက သတ်ခန်းဖြတ်ခန်း သွေးထွက်သံယိုတွေနဲ့ Thriller အမျိုးအစားလဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... ဘူဂီက သာမန်လူလတ်တန်းစားမိသားစုက မွေးဖွားလာပြီးကျောင်းတက်အလုပ်လုပ်နေဆဲလူငယ်တစ်ယောက်ဖြစ်ပြီး၊ သူ့မိဘတွေကတော့မုန့်တိုက်တစ်ခုဖွင့်ထားပါတယ်။ သူ့ကောင်မလေး မော်နီကာ ကတော့ အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်ပြီး မကြာခဏငွေတောင်းကြမ်းတဲ့ အဒေါ်လောင်းကစားသမားကြောင့် ဒီဘဝက ရုန်းထွက်လွတ်မြောက်ဖို့ ကြိုးစားရင်း သံသရာလည်နေရသူပါ။ တစ်နေ့တော့ မော်နီကာကိုတစ်ဖက်သတ်ကြိတ်ကြိုက်နေတဲ့ ရာဂျီဆိုတဲ့လူတစ်ယောက်က အလုပ်ရှာပေး ငွေတွေနဲ့မက်လုံးပေးရင်း မော်နီကာရဲ့ကာမကိုရယူချိန်မှာ ဘူဂီတွေ့မြင်သွားခဲ့ပြီး ရုတ်တရက် ဖြစ်ပေါ်လာတဲ့ သဝန်တိုပူလောင်မှုနဲ့ ရာဂျီခေါင်းကိုခဲနဲ့ထုသတ်ဖို့ကြိုးစားပါတယ်။ မော်နီကာအဆွဲမြန်လို့ သေတဲ့အထိဖြစ်မသွားပေမယ့် အဲ့ဒါကြောင့်ပဲ ပြဿနာပိုကြီးဖို့ဖြစ်လာပါတော့တယ်။ ရာဂျီရဲ့မိသားစုဟာ သြဇာကြီး၊ ငွေကိုရေလိုသုံးပြီးတော့ သူတို့သားအတွက် ကလဲ့စားကိုရအောင်ယူမှာဖြစ်သလို၊ ဘူဂီရဲ့မိခင်ကလဲ သူ့သားအန္တရာယ်မကျရောက်စေဖို့ ဘူဂီဦးလေးဖြစ်သူရဲအရာရှိကိုအကူအညီတောင်းမိသွားတဲ့အခါ..။ ဘူဂီနဲ့မော်နီကာတို့တင်မက သူတို့ရဲ့မိသားစုတွေပါ ဒီပြဿနာအရှုပ်ထုပ်ထဲ ဘယ်လိုနစ်ကျွံဝင်သွားမလဲ? သူတို့အတွက်အဖြေ ဒါမှမဟုတ် ထွက်ပေါက်တစ်ခုကိုအချိန်မှီရှာတွေ့ကြမလားဆိုတာ ဆက်လက်ရှုစားကြပါ။ Vivamas Princess လို့ခေါ်ကြတဲ့ညှို့မင်းသမီးပေါက်စလေး AJ Raval နဲ့အတူ Vince Rillon "Siklo" (2022) တို့ဦးဆောင်ပါဝင်ထားပြီး မင်းသမီးအသစ်လေးတစ်ချို့ကိုလဲ မိတ်ဆက်ပြထားပါသေးတယ်။ စိတ်ညစ်ညူးစရာကောင်းအောင် ကြမ်းတမ်းရက်စက်တဲ့ နှိပ်စက်သတ်ဖြတ်ခန်းတွေ၊သာမန်လိင်ဆက်ဆံခန်းတွေတင်မက၊ Incest တွေ သီရိစံတွေပါ ပါဝင်တဲ့အတွက်မိသားစုနဲ့လုံးဝကြည့်လို့မရတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File Size : (1.5 GB) & (600 MB) Quality : WEB-DL 1080p & 720p Running Time : 01:52:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by RGB

Drama • Romance
5.8 2022 111 mins
Kaliwaan
Gunjan Saxena: The Kargil Girl
7.4

ဒီတခါတော့ CMပရိတ်သတ်ကြီးအတွက် ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတပုဒ် တင်ဆက်ပေးလိုက်ပါပြီ. ဇာတ်လမ်းလေးကိုတော့ ပိုင်းလော့ဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကြိုးပမ်းမှုကို ရိုက်ပြပြီး တင်ဆက်ထားတာပါ. ငယ်ငယ်တည်းက အဖေရဲ့အလိုလိုက်ချစ်မြတ်နိုးခြင်းကို ခံရတဲ့ ဂွန်ဂျူးဟာ မိန်းကလေးဖြစ်ပေမယ့် ပိုင်းလော့တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်. စာဆိုလဲ အရမ်းတော်ပေမယ့် သူ့ရဲ့တခုတည်းသော ရည်ရွယ်ချက်က ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ပါပဲ. ဒါပေမယ့်လည်း အန္ဒိယလိုနေရာမျိုးမှာ အမျိုးသမီးပိုင်းလော့က ရှားတာကြောင့် လူအတော်များများက ဝိုင်းတားခဲ့ကြပါတယ်. ဂွန်ဂျူးကတော့ လက်မလျှော့ခဲ့ပါဘူး. သူတို့နိုင်ငံရဲ့ ပိုင်းလော့တစ်ယောက်ဖြစ်ဖို့ အခြေခံလိုအပ်ချက် ၁၀တန်းဆိုပေမယ့် ဂွန်ဂျူးသွားလျှောက်ချိန်မှာ ၁၁တန်းထိအောင်ဖို့ လိုနေခဲ့ပါတယ်. ဒါကြောင့် ဂွန်ဂျူးကလဲ ၁၁တန်းကို ဆက်တက်ပြီး အောင်မြင်ခဲ့ပါတယ်. ထပ်သွားလျှောက်ချိန်မှာလဲ တခြား ပညာရေးအဆင့်တွေ လိုအပ်နေသေးတာကြောင့် ဂွန်ဂျူးက နှစ်အတော်ကြာကြိုစားခဲ့ပါတယ်. နောက်ဆုံး ပညာရေးအဆင့်တွေ မှီသွားတဲ့အချိန်မှာတော့ ပိုင်းလော့သင်တန်းစရိတ်ကြောင့် သူဟာ နှစ်များစွာကြိုးစားခဲ့သမျှကို လက်လျှော့ရမလို ဖြစ်နေခဲ့ပါတယ်. ဂွန်ဂျူးသူ့ရည်ရွယ်ချက်ကို ဘယ်လိုဘယ်ပုံကြိုးစားအားထုတ်ခဲ့တယ် ဘယ်အထိ ဖိနိုပ်ခံခဲ့ရတယ် ဂွန်ဂျူးရဲ့အာဂသတ္တိကို လေးစားဖွယ်တင်ဆက်ပြသထားတဲ့ အန္ဒိယဇာတ်ကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ပါရစေဗျာ. File Size - 1.2 gb Quality - web-dl 1080p Subtitle - burmese Translator - YK Encoder - Thit San Khant

Action & Adventure • Crime • Drama • Mystery
7.4 2020 112 mins
Gunjan Saxena: The Kargil Girl
Color Out of Space
6

မင်းသားကြီး Nicholas Cage ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီ Color Out of Space ဇာတ်ကားလေးကတော့ ၂၀၁၉ခုနှစ်ထွက် Fantasy/ Sci-fi အမျိုးအစားဖြစ်ပြီး ကြာမြင့်ချိန် ၁နာရီနဲ့၅၁မိနစ်ရှိပါတယ် နေသန်ဂါဒနာဟာ သူ့မိန်းမထရီဆာရဲ့ကျန်းမာရေးအခြေအနေကြောင့် လာဗီနီယာ ဘန်နီ နဲ့ ဂျက်လို့ခေါ်တဲ့သူ့သားသမီးသုံးယောက်နဲ့အတူ ကျေးလက်ဒေသလေးကိုပြောင်းရွှေ့နေထိုင်ကြပါတယ်။ တစ်ညမှာ သူတို့အိမ်ရှေ့ကိုထူးဆန်းလှတဲ့ဥက္ခာခဲကြီးကျရောက်လာပြီးတော့ အခြားဂြိုဟ်ကလာတဲ့သန္ဓေပြောင်းဇီဝသက်ရှိကြောင့် သူတို့ရဲ့တိတ်ဆိတ်ငြိမ်သက်တဲ့ကျေးလက်နေဘဝလေးဟာ အိပ်မက်ဆိုးတစ်ခုအဖြစ်ပြောင်းလဲသွားတဲ့အခါ နေသန်နဲ့သူ့မိသားစုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာစောင့်ကြည့်ရမှာမို့ ကြည့်လို့ကောင်းတဲ့ကားကောင်းလေးတစ်ကားပါပဲ။ File Size : ( 1 GB , 375 MB ) Quality : WEB-DL 720p Running Time : 1 hr 51 min Format : Mp4 Genre : Horror , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Su Su Encoded by Moe Myint Lwin

Drama • Mystery • Sci-Fi & Fantasy
6 2019 111 mins
Color Out of Space
Black Fox: Ultimate Rescue
6.1

Black fox: Ultimate Rescue 2022ဒီတစ်ခါမှာတော့ CM ကနေပြီးတော့ Action/Fantasy/War movie လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 1945ကိုအခြေခံထားပြီးတော့ အဲ့ခေတ်အဲ့အခါက ဂျပန်နဲ့တရုတ်ရဲ့နိုင်ငံရေးအရှုပ်အထွေးကို ရိုက်ကူးထားတာပါ။ 1945ခုနှစ်ဧပြီလမှာ ဆိုဗီယက်စစ်‌ရေးကျွမ်းကျင်သူလော့ဖေးဟာ အရေးကြီးတဲ့တာဝန်ကိုထမ်းဆောင်ပြီး တရုတ်ပြည်ကိုပြန်လာတဲ့လမ်းမှာ ဂျပန်တပ်သားတွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ လော့ဖေးကိုကယ်ဖို့ မာလုံချွမ်ဦးဆောင်တဲ့ကယ်ဆယ်ရေးအသင်းကို စေလွှတ်ခဲ့ပေးမယ့်လည်း ကျရှူံးခဲ့ကြပါတယ်။ အဲ့အချိန်မှာပဲ ဝမ်ဝိန်ယွမ်း၊ရှဖန်နဲ့မြေခွေးနက်ကွန်မန်ဒိုအဖွဲ့တို့ပူးပေါင်းပြီး ကောက်ကျစ်ပြီးရက်စက်တဲ့ဂျပန်တပ်သားတွေလက်ထဲကနေ လော့ဖေးကိုအသက်စွန့်ပြီး ဘယ်လိုကယ်ထုတ်ကြမလဲ သတိကြီးပြီးအင်အားများတဲ့ဂျပန်တွေကို‌ရော သူတို့ရင်ဆိုင်နိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစရာကောင်းစွာနဲ့ကြည့်ရှူရမှာပါ။

Action & Adventure • Crime • Drama
6.1 2022
Black Fox: Ultimate Rescue
Bridget Jones’s Diary
6.8

Bridget Jones’s Diary (2001) ~ IMDb – 6.8/10, RT – 80%, Meta – 66% ~ Main Character တွေအဖြစ် Chicago လို Best Picture ရထားတဲ့ရုပ်ရှင်မှာ ကတ်သရင်းဇီတာဂျုန်းနဲ့ အပြိုင်ကြဲခဲ့တဲ့၊ တွမ်ခရုစ်ရဲ့ Jerry Maguire က မင်းသမီး Renée Zellweger က သရုပ်ဆောင်ပေးထားပြီး The King’s Speech နဲ့ အော်စကာရထားတဲ့ Colin Firth နဲ့ တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ Notting Hill မင်းသား Hugh Grant တို့ကလည်း ပါဝင်ပေးထားပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၉၆မှာထွက်ခဲ့တဲ့ နာမည်တူဝတ္တုကို ရိုက်ကူးထားတာဖြစ်ပြီး အဲဒီဝတ္တုကတော့ 1813 ခုတုန်းက ထွက်ခဲ့တဲ့ နာမည်ကျော်ဂန္ထဝင်စာအုပ် Pride and Prejudiceကို အမြင်သစ်နဲ့ ပြန်ရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။ Pride and Prejudice ဖန်တွေ ကြည့်သင့်တဲ့ကားဆိုလည်း မမှားပါဘူး။ နောက်အဆက်၂ကားရှိသေးသလို ၂ကားလုံးလည်း အောင်မြင်ခဲ့ပါတယ်။ အဓိကမင်းသမီးလည်း အော်စကာဆန်ခါတင်ဝင်ခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့အချစ်ရေးနဲ့ အလုပ်အကြောင်းကို ဒိုင်ယာရီ ရေးသားထားသလိုမျိုးရိုက်ကူးထားတဲ့ လှလှပပ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဘရစ်ဂျစ်ဂျုန်းစ်ဆိုတဲ့ အသက်သုံးဆယ်ကျော်အရွယ်တစ်ကိုယ်တည်းအမျိုးသမီးတစ်ယောက်ဟာ ဆေးလိပ်၊ အရက်တွေကြိုက်ပြီး ကိုယ်စိတ်ထဲရှိတာကို ထိန်းမထားဘဲ ပြောတတ်သူဖြစ်ပါတယ်။ နှစ်တိုင်း သူမိဘအိမ်ပြန်ရင် သူ့ရဲ့မိခင်က တစ်ယောက်ယောက်နဲ့ အဆင်ပြေဖို့ အောင်သွယ်ပေးလေ့ရှိပါတယ်။ ဒီတစ်ခါ အားလပ်ရက်အိမ်ပြန်တဲ့အချိန်မှာတော့ ဘရစ်ဂျစ်အမေက ဘရစ်ဂျစ်ရဲ့ငယ်ငယ်က အတူဆော့ကစားဖူးတဲ့ သူ့ထက်လေးနှစ်ကြီးတဲ့ တစ်ခုလပ်အိမ်ထောင်ကွဲအမျိုးသားမာ့ခ်နဲ့ အဆင်ပြေအောင်မိတ်ဆက်ပေးရာကနေ ဇာတ်လမ်းစတင်ခဲ့တာပါ။ အဲဒီအမျိုးသားက အောင်မြင်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပြီး ဘရစ်ဂျစ်ရဲ့ ပင်ကိုယ်စရိုက်ကို သဘောမကျတဲ့အတွက် အဆင်တော့မပြေခဲ့ပါဘူး။ ဒီလိုနဲ့ ဘရစ်ဂျစ်က အလုပ်ထဲက သူ့သူဌေးလူရှုပ်နဲ့တွဲဖို့ဖြစ်လာပါတယ်။ အဲဒီသူဌေးနဲ့ မာ့ခ်နဲ့က ကျောင်းနေဖက်တွေပါတဲ့။ သူ့သူဌေးပြောပြတဲ့ အတိတ်က အကြောင်းအရာတွေကိုယုံပြီး ဘရစ်ဂျစ်က မာ့ခ်ကိုအထင်လွဲနေပြီး ပိုသဘောမကျဖြစ်လာပါတယ်။ သူ့လက်ရှိရည်းစား သူဌေးကလည်း နောက်တစ်ယောက်နဲ့‌ဇာတ်လမ်းရှုပ်ပြီး ဘရစ်ဂျစ်နဲ့လမ်းခွဲလိုက်ပါတယ်။ နောက်မှသိရတာကတော့ မာ့ခ်ကလည်း မာနကြီးသူပီပီ ဘရစ်ဂျစ်ကို နှုတ်ကအကန်တွေပြောပေမယ့် စိတ်ထဲကတော့သဘောကျနေတယ်ဆိုတာပါ။ ရည်းစားဟောင်းပြောပြတဲ့ မာ့ခ်ရဲ့အတိတ်နဲ့ သူ့အမေတို့သိတဲ့ တကယ့်အမှန်တရားနဲ့မတူတာကို သိသွားတဲ့အခါမှာ… ဘရစ်ဂျစ်တစ်ယောက် ရည်းစားဟောင်းကိုပြန်ရွေးမလား… မာ့ခ်ကိုရွေးမလားဆိုတာကို ဒိုင်ယာရီဖတ်သလိုကြည့်ရှုရမယ့် ဇာတ်ငြိမ်ငြိမ်အေးအေးလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 750MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 37Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.8 2001 97 mins
Bridget Jones’s Diary
Detachment
7.7

Detachment (2011) ~ IMDb – 7.7/10, Rotten Tomatoes – 59% ~ Detachment ရဲ့ အဓိကဇာတ်ကောင်က Adrien Brody သရုပ်ဆောင်တဲ့ အစားထိုးဆရာ ဟင်နရီဘတ်ပဲ။ သူ့အလုပ်က အမြဲတမ်းဆရာလစ်လပ်နေတဲ့ ကျောင်းတွေမှာ အစားထိုးဆရာ ခဏဝင်လုပ်၊ ကျောင်းက အမြဲတမ်းဆရာရသွားတဲ့အချိန် နောက်တစ်ကျောင်းကိုကူး။ ဒီလိုပဲရှင်သန်လာခဲ့တဲ့သူ။ သူ့မှာ တွယ်ငြိရမယ့်သူ သူနဲ့သက်ဆိုင်နေတဲ့သူဆိုလို့လည်း သူ့အဘိုးတစ်ယောက်ပဲရှိတယ်။ သူ့အဖေက သူမွေးကင်းစကတည်းက သူတို့သားအမိကို ပစ်သွားခဲ့ပြီး သူ့အမေကလည်း သူရှစ်နှစ်လောက်မှာတင် ဆုံးသွားသကိုး။ ဆိုတော့ အလုပ်လုပ်လိုက် သူ့အဘိုးရှိတဲ့ လူအိုရုံကိုသွားလိုက် သူ့ဘဝက ဒါပဲ။ ဒီတစ်ခါ သူအစားထိုးဆရာ ဝင်လုပ်ပေးရမယ့်ကျောင်းက တစ်နယ်လုံးမှာ နာမည်အပျက်ဆုံးကျောင်း။ ကျောင်းသူကျောင်းသားတွေကလည်း ဆရာကိုထဆဲတဲ့ကောင်နဲ့ ဆရာမကို Gang Bang မယ်ပြောတဲ့သူနဲ့ တကယ့်အလိမ္မာတုံးလေးတွေချည်းပဲ။ ဒီလိုကျောင်းကို ဟင်နရီဘတ်ရောက်သွားတယ်။ ဒီကျောင်းသားဆိုးတွေကြားမှာ သိပ်မဆိုးတဲ့ ကျောင်းသူတစ်ယောက်ရှိတယ်။ ဒီကားရဲ့ ဒါရိုက်တာ Tony Kaye ရဲ့သမီး Betty Kaye သရုပ်ဆောင်တဲ့ မာရီဒစ်လို့ခေါ်တဲ့ ကျောင်းသူ။ သူက ကျန်တဲ့ကလေးတွေ စကားနဲ့အနိုင်ကျင့်တာကို ခံနေရတဲ့သူလည်းဟုတ်တယ်။ ကျောင်းသားတွေစော်ကားတာခံနေရတာကို ဘာမှမတုံ့ပြန်တဲ့ ဘတ်ကို မာရီဒစ်က ကျွန်မရှင့်လိုသန်မာချင်လိုက်တာလို့ပြောတော့ “သန်မာတာနဲ့ မဆိုင်ဘူး… မင်းကို အခုလိုဖိနှိပ်မယ့်လူတွေကို ဘယ်အရွယ်ပဲရောက်ရောက်တွေ့နေရဦးမှာပဲ… မင်းစိတ်ကို ဒုတိယကမ္ဘာစစ်က ကတုတ်ကျင်းလို ခိုင်မာနေအောင်လုပ်ထားဖို့လိုတယ်… ” လို့ ဘတ်က ပြန်ပြောခဲ့တယ်။ နောက်ဇာတ်ကောင်က အဲရစ်ကာလို့ခေါ်တဲ့ ကလေးမလေး။ ငယ်ပေမဲ့ အားကိုးအားထားမရှိတော့‌ ပြည့်တန်ဆာလုပ်စားနေတာ။ ဘတ်က ဒီကလေးမလေးကို ဘတ်စ်ကားပေါ်မှာ စတွေ့တာ။ လုပ်ပြီး ပိုက်ဆံမပေးဘဲ အထိုးခံ အနိုင်ကျင့်ခံနေရတာကို သူစတွေ့ခဲ့တယ်။ သူက ဒီကလေးမကို ဒီဘဝက ရုန်းထွက်နိုင်အောင် ကူညီပေးချင်ခဲ့တယ်။ ဒီအချက်တွေကို ကြည့်ရင် ဘတ်ဟာ လူကောင်းလို့ ကျွန်တာ်တို့ ယူဆလို့ရတယ်။ နောက်တစ်ခြမ်းကို ဆက်သွားရရင် ဘတ်ဟာ ဖိနှိပ်ခံတစ်ယောက်လို့ ကျွန်တော်တို့ ယူဆလို့ရလို့ သူဟာ ဖိနှိပ်ခံလူတန်းစားတွေကို ကောင်းကောင်းနားလည်တာလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူ့အဘိုး အိမ်သာထဲ လော့ချထားပြီး ထွက်မလာလို့ ဘယ်လိုမှခေါ်မရလို့ ဂေဟာက မိန်းမက သူ့ကိုဖုန်းဆက်တော့ သူညကြီးမင်းကြီးဂေဟာကို လိုက်သွားလိုက်ရတယ်။ ဒီလိုလိုက်သွားလိုက်တဲ့အချိန်မှာ ဂေဟာက အမျိုးသမီးကို သူ့ကိုအလုပ်ရှုပ်အောင်လုပ်လို့ဆိုပြီး ရစရာမရှိအောင်ကိုပြောခဲ့တယ်။ အောက်ဆုံးထိုးကျနေတဲ့ မျက်လုံးတွေနဲ့ အမျိုးသမီးကို သူနည်းနည်းမှမညာခဲ့ဘူး။ ရှေ့မှာ ဘတ်ဟာ စိတ်ကို ကတုတ်ကျင်းလို ခိုင်မာနေအောင်ထားဖို့လိုတယ်လို့ပြောခဲ့ပေမဲ့ တကယ်တမ်း ဘတ်ဟာ စာသင်ချိန်ပြင်ပ သူ့ဘဝမှာ အမြဲတမ်း ရီဝေနေတဲ့မျက်လုံးတွေနဲ့ မှုန်ရီနေတဲ့သူပဲ။ နောက်ပိုင်း ဘတ်ဟာ မာရီဒစ်အတွက် မိတ်ဆွေအဖြစ် ရှိနေပေးခဲ့တဲ့ သူ့ဖြစ်တည်မှုကို ကျောခိုင်းခဲ့သလို အဲရစ်ကာအတွက် ဒိုင်းသဖွယ်ဖြစ်နေပေးတဲ့ သူဖြစ်တည်မှုကိုလည်း‌ ကျောခိုင်းခဲ့တယ်။ ဒီမှာ ဘတ်ဟာ လူကောင်းမဟုတ်ဘူးလို့ ကျွန်တော်တို့ ယူဆလိုက်လို့ရပြန်တယ်။ ဒါက အကုန်တော့ မဟုတ်သေးတဲ့ ဟင်နရီဘတ်ကာရိုက်တာကို ပုံဖော်ထားတဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ဘာလို့ သူ့ကောင်းခြင်းမကောင်းခြင်းနဲ့ သူ့အကြောင်းပြောနေရသလဲဆို ဒီဇာတ်တစ်ခုလုံးက ဟင်နရီဘတ်စ် အဲဒီကျောင်းမှာ အစားထိုးဆရာဝင်လုပ်ခဲ့တဲ့တစ်လမှာ သူမြင်နေရတဲ့ဆရာတွေ ကျောင်းသားတွေရဲ့ ဖြစ်တည်မှုတွေကနေ သူ့ဖြစ်တည်မှုကို လာထင်ဟပ်သွားတဲ့အကြောင်းမလို့ပဲ။ အဲဒီလိုထပ်ဟပ်တာကို ပိုအသက်ဝင်အောင်လည်း ဇာတ်ဝင်ခန်းသိပ်မပါလှပေမဲ့ သူ့ဘေးကလူတွေကို သရုပ်ဆောင်ကောင်းတဲ့ လူတွေချည်းသုံးပေးထားတယ်။ James Caan, Bryan Cranston, Lucy Liu, Christina Hendricks နဲ့ Maricia Gay Harden တို့လို လူတွေပေါ့။ ဒီလူတွေရဲ့ ရိုက်ခတ်မှုနဲ့ ဟင်နရီဘတ်ဟာ သူ့ဖြစ်တည်မှုကနေ သူရွေ့လျောသွားတယ်။ ဇာတ်ရဲ့အစမှာ သုံးထားတဲ့ ကမြူးရဲ့ စာအတိုင်းပဲ ဟင်နရီဘတ်ဟာ ဒီအရာအားလုံးဟာ သူနဲ့ဆိုင်နေသလို ခံစားရရင်းမှာပဲ အရာအားလုံးဟာ သူနဲ့မဆိုင်နေသလိုပါ ခံစားလာရတယ်။ Attachment တွေအားလုံး Detachment ဖြစ်သွားတယ်။ အဲဒီအကျိုးဆက်တွေကိုလည်း သူကြုံခဲ့ရတယ်။ သူ့ကိုယ်သူ ပျောက်ဆုံးသွားခဲ့တယ်။ ဒီလိုဆိုလို့ ဒီရုပ်ရှင်မှာ အဖြေတစ်ခုခုရှိနေမယ် မက်ဆေ့တစ်ခုခုရှိနေမယ်ထင်ရင်လည်း မှားမှာပဲ။ ဘာအဖြေမှမပါတဲ့ တင်ပြသွားခြင်းသက်သက်ပဲ။ သူပြောခဲ့သလိုပဲ ဒါတွေက အခုမှရှိနေတဲ့အရာတွေလည်း မဟုတ်ဘူး။ ခန်းမထဲမှာပဲဖြစ်ဖြစ် အတန်းထဲမှာပဲဖြစ်ဖြစ် လမ်းလျှောက်နေရင်း မင်းတို့ထဲက ဘယ်သူတွေ မင်းတို့ကို ဖိနှိပ်ထားတဲ့ အလေးချိန်ကို ခံစားမိကြလဲလို့ အတန်းထဲ သူပြောခဲ့တုန်းကလိုပဲ အားလုံးလက်ထောင်တယ်။ သူကိုယ်တိုင်လည်း လက်ထောင်တယ်။ ကျွန်တော်တို့လည်း လက်ထောင်ရမှာပဲ။ ကိုယ့်ဖြစ်တည်မှုကိုကိုယ်မတွေ့ဘဲ မမြင်နိုင်တဲ့အလေးချိန်တစ်ခုကသာ ဖိနှိပ်ထားတဲ့ ခံစားချက်မျိုး လူတိုင်းနီးပါး ခံစားဖူးကြမှာပဲ။ သူ့စကားအတိုင်းပေါ့။ အဂ္ဂါအယ်လန်ပိုးက ဒီအကြောင်းတွေကို လွန်ခဲ့တဲ့အနှစ်တစ်ရာကတည်းက ရေးပြီးသား။ ပိုးရဲ့ ဝတ္တုတိုထဲက အက်ရှာအိမ်တော်ကြီးဟာ ရဲတိုက်ဟောင်းကြီးသက်သက်မဟုတ်ဘူး။ ဖြစ်တည်မှုရဲ့ နိမိတ်ပုံတစ်ခု။ အက်ရှာအိမ်တော်ကြီးအကြောင်းဟာ တစ်စစီပြိုလဲနေတဲ့ ဖြစ်တည်မှုတစ်ခုအကြောင်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ Detachment ဟာလည်း တစ်စစီပြိုလဲနေတဲ့ ဖြစ်တည်မှုတစ်ခုအကြောင်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီဇာတ်လမ်းရဲ့အဆုံးမှာတော့ တူညီတဲ့နှလုံးသားတစ်ခုဟာ တဆစ်ဆစ်ကိုက်နေမှာပဲ။ “တိမ်တွေ ကောင်းကင်နံရံမှာ နိမ့်ပါးစွာတွဲလျောင်းကျနေတဲ့ ဆောင်းဦးရဲ့ မှောင်မဲတိတ်ဆိတ် မှုန်မှိုင်းတဲ့နေ့တစ်နေ့မှာ မြင်းတစ်ကောင်ကိုစီးရင်း ကျေးလက်ရဲ့ မသာမယာလမ်းကြောတစ်ခုပေါ် တစ်ကိုယ်ရေတည်း ဖြတ်လာခဲ့တယ်။ ညနေခင်းရဲ့ ဆည်းဆာမှာ အရိပ်ထင်လာတဲ့အခါ လွမ်းညှို့ဖွယ်အက်ရှာအိမ်တော်ရဲ့ မြင်ကွင်းကို ငါမြင်နေရတယ်။ ဘာကြောင့်လဲ ငါမသိပေမဲ့ အက်ရှာအိမ်တော်ကြီးကို ပထမဆုံးရိပ်ခနဲမြင်လိုက်တဲ့အချိန် မခံရပ်နိုင်စရာ အဆွေးဓာတ်က ငါ့သန္တာန်မှာ လွှမ်းသွားတယ်။ အရောင်အဆင်းမရှိတော့တဲ့နံရံတွေကို… ဆွေးမြေ့ပြီးတဲ့သစ်ပင်တွေရဲ့ ပင်စည်ဖြူဖြူတွေကို… အက်ရှာအိမ်တော်ကြီးရဲ့မြင်ကွင်းကို… အကြွင်းမဲ့ပြိုလဲနေတဲ့ စိတ်နဲ့ သုန်မှုန်ရီ ငါငေးကြည့်မိတယ်။ အဲဒီမှာ နှလုံးသားတစ်ခုဟာ စက်ဆုပ်စဖွယ် အေးစက်သိမ်ငယ်နေတယ်…” စာကြွင်း။ ။ ဒါရိုက်တာ Tony Kaye ဟာ American History X ဆိုတဲ့ ပွဲဦးထွက်ရုပ်ရှင်နဲ့ ဟောလိဝုဒ်မှာ အောင်မြင်မှုရပြီးတဲ့နောက် ၂၀၀၆မှာမှ Lake of Fire ဆိုတဲ့ ဒိုကူမန်ထရီကို ပြန်ရိုက်ခဲ့တယ်။ အဲဒီနောက် American History X နောက်ပိုင်း ၁၅နှစ်နီးနီးကြာပြီး ၂၀၁၁မှာမှ သူရဲ့ ဒုတိယရုပ်ရှင် Detachment ကို ရိုက်ခဲ့တယ်။ အခု ၂၀၂၄အထိတော့ ဘာဆိုဘာမှ ထွက်မလာသေးဘူး။ ဒါပေမဲ့လည်း Tony Kaye ဟာ အတော်ဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောရမယ်။ သူရိုက်ခဲ့တဲ့ အနုပညာ ၃ခုလုံးက ပြစ်ချက်ပြောစရာမရှိလောက်အောင် ကောင်းလွန်းနေခဲ့တယ်။ နှမြောစရာကောင်းတာကတော့ အခု သူ့အသက်၇၁ထိမှာမှ သူ့ရုပ်ရှင်ဆိုလို့ ၂ကားပဲ တွေ့ရသေးတာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.05GB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 38Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.7 2011
Detachment
My Name Is Loh Kiwan
5.9

My Name is Loh Kiwan (2024) အခုတစ်ခေါက် တင်ဆက်ပေးမယ့်မူဗီလေးကတော့ Song Joong Ki ရဲ့ အသစ်ထွက်ရှိတဲ့ “My Name is Loh Kiwan” ဆိုတဲ့ကားပဲဖြစ်ပါတယ် ဂျွန်ဂီ့ရဲ့ကားတိုင်းဟာ နှစ်ခါမေးစရာမလိုအောင် အနှစ်တွေချည်းပဲဖြစ်တာမို့ ဒီကားလေးကလည်း သေချာပေါက်ကြည့်ရမယ့်ကားလေးပါ ရီုဂီဝမ်ဆိုတဲ့ ကောင်လေးဟာ မြောက်ကိုရီးယားပြည်ပြေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ဆိုးကြီးဟာ ဂီဝမ်တို့ သားအမိဆီကို ကျရောက်လာစေခဲ့ပါတယ် မြောက်ကိုရီးယားကနေ သူနဲ့ စိမ်းသက်လှတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့ ဘယ်ဂျီယံကို ခက်ခက်ခဲခဲ ပြည်ပြေးလာပြီး နေသားကျဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတုန်းမှာ တစ်ချိန်က ကိုရီးယားလူမျိုးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဘယ်ဂျီယံနိုင်ငံသားခံယူထားတဲ့ မာရီလို့ခေါ်တဲ့ သေနတ်ပစ်သမားဖြစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်နဲ့ဆုံစည်းဖို့ဖြစ်လာပါတော့တယ် ဒုက္ခပေါင်းများစွာနဲ့ သူတို့နှစ်ယောက်ကို ဘယ်လိုအရာတွေက ဆုံစည်းစေမှာလဲ သူတို့တွေရော အဆင်ပြေတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ရလာမှာလား မြောက်ကိုရီးယားဆိုတဲ့နိုင်ငံကနေ ဒုက္ခဆင်းရဲပေါင်းများစွာနဲ့ ဘယ်ဂျီယံကို တစ်ဘဝလုံးရင်းပြီးလာခဲ့တဲ့ ဂီဝမ်ဆိုတဲ့ လူငယ်လေးတစ်ယောက် ဘာဆိုဘာမှမရှိတဲ့ သုညဆိုတဲ့ဘဝကနေ ဘယ်လို ရုန်းကန်ရှင်သန်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုနိုင်အောင် ရသပြောင်မြောက်စွာ အပိုအလိုမရှိတဲ့သရုပ်ဆောင်ချက်တွေနဲ့ ရိုက်ကူးထားတာမို့ ဆက်ဆက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေရှင် အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Mary, Char Ou ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 2GB | 678MB Format… mp4 Duration…. 2h 11min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin, Cali, Mary, Char Ou Encoder ….. Aaron

5.9 2024
My Name Is Loh Kiwan
Tropic Thunder
7.1

Tropic Thunder (2008) IMDb Rating (7.1) / Rotten Tomatoes (82%) ဒီဇာတ်ကားက ပိုစတာကြည့်ပြီးခန့်မှန်းရရင် ရှယ်ကြမ်းမယ့် စစ်ကားလို့ ထင်စရာရှိပေမယ့် တကယ်တမ်းတော့ ရှယ်ကြမ်းတဲ့ ဟာသဇာတ်ကားပါ။ မင်းသားတွေက Iron Man မင်းသားကြီး Robert Downey Jr… Night at The Museum မင်းသားကြီး Ben Stiller… ဂါလီဗာ မင်းသားကြီး Jack Black… She’s Out of My League ထဲက Jay Baruchel… မင်းသားကြီး Tom Cruise , Matthew McConaughey …စတဲ့ နာမည်ကြီးမင်းသားတွေပါ ပါဝင်ထားပါသေးတယ်။ နာမည်ကြီးမင်းသားတွေ ရုပ်ဖျက် ပုံဖျက်ပြီး ပါဝင်ထားလို့ ရုတ်တရက်ကြည့်ရင် မမှတ်မိနိုင်တဲ့ထိ ဖြစ်နိုင်ပါတယ်။ သရုပ်ဆောင်တွေကြောင့် ရယ်ရမှာထက် ဇာတ်လမ်းနဲ့တင်ပဲ ဟားတိုက်ပြီးရယ်မိမယ့် ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းကတော့ စစ်ကားရိုက်တဲ့ သရုပ်ဆောင်မင်းသားတသိုက် ရိုက်ကွင်းလို့ သူတို့ထင်နေတဲ့နေရာကို ရောက်သွားကြပေမယ့် အဲ့နေရာက တကယ်တော့ ဖုန်းဆိုးမြေဖြစ်ပြီး တကယ်စစ်ဖြစ်နေတဲ့နေရာပါ… ဒီတော့ မင်းသားတွေကလဲ ရုပ်ရှင်ရိုက်နေတယ်ပဲ ထင်နေကြပေမယ့် အပြင်မှာ တကယ်နောင်ဂျိန်ပလေးနေတာကိုမမျှော်လင့်ဘဲ တကယ်ကြုံလိုက်ရတဲ့အခါမှာတော့ ဒီသောက်ပြဿနာကြီးထဲကနေလွတ်မြောက်အောင် ဘယ်လိုဖိုက်ကြမလဲဆိုတာ အလွဲပေါင်းသောင်းခြောက်ထောင်နဲ့ ခွီနေကြရမှာပါ။ မင်းသားကြီး Ben Stiller ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းက အတော်ဂွကျလှတဲ့ ဇာတ်လမ်းဖြစ်ပြီး စဉ်းစဉ်းစားစားရိုက်ကူးတတ်တာကို အသိအမှတ်ပြုရမှာပါ။ စိတ်ညစ်စရာတွေကို ခဏတာမေ့ပျောက်သွားဖို့ဆို သရုပ်ဆောင်ဒိတ်ဒိတ်ကြဲတွေ အမှန်အကန်သရုပ်ဆောင်ထားတဲ့ ရုပ်တည်ကြီးနဲ့ ဒီလိုဟာသကားက ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။

Comedy
7.1 2008 107 mins
Tropic Thunder