YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Chaos Walking.2021.WEB-DL.720P.PP.mp4

936.74 MB N/A video/mp4 7665 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
National Treasure
6.6

National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ Nostalgia ဖြစ်စေတဲ့ကားတစ်ကားလို့ပြောလည်းမမှားဘူး။ သူထွက်ပြီး သိပ်မကြာခင်ကာလအတွင်းမှာ ကြီးပြင်းလာတဲ့သူတွေအတွက်တော့ ဒီကားဟာ ဘာ Fact မှ ရှာဖတ်မရသေးတဲ့ ခေတ်မှာတောင် တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ ကားဖြစ်ခဲ့တယ်။ ဘာလို့ဆို အဲဒီခေတ်က တော်တော်များများ ပုတက်တို့ ကစ်ဇုန်တို့လို ကာတွန်းဂျာနယ်တွေကို ဖတ်ခဲ့ကြတာကိုး။ ပုတက်ဆို သူ့ရဲ့ အချပ်ပိုသုတစွယ်စုံစာအုပ်လေးမှာ ကမ္ဘာပေါ်က အကျော်အမော်တွေအကြောင်းတွေ အမြဲထည့်ပေးလေ့ရှိတယ်။ National Treasure ရဲ့ Trade Mark လိုဖြစ်နေတဲ့ အမေရိကန်ရဲ့ Founding Fathers တွေတဖြစ်လဲ ဒီကားတွေမှာ သုံးထားတဲ့သမိုင်းဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ လင်ကွန်း၊ ဘင်ဂျမင်ဖရန်ကလင် နဲ့ ဖရန်ကလင် ဒီရုစဗဲ့တို့လို သမ္မတတွေ၊ မောင့်ရပ်ချ်မိုးလိုနေရာတွေကို အဲဒီသုတစွယ်စုံစာအုပ်တွေကနေ အားလုံးရင်းနှီးပြီးသားဖြစ်နေတော့ ဒီကားထဲကအချက်တွေဟာ အားလုံးအတွက် စိတ်ဝင်စားစရာဖြစ်သွားခဲ့တာလည်း ပါတာပါပဲ။ ဖရီးမေဆင်ဘာညာကတော့ မင်းသိင်္ခလို စာရေးဆရာတွေလက်ချက်နဲ့ ရင်းနှီးပြီးသားဆိုတော့ ဒီကားက အစကတည်းက ရင်းနှီးပြီးသားကားလို ဖြစ်သွားခဲ့တာကြောင့်လည်း တော်တော်လူကြိုက်များသွားခဲ့တယ်လို့‌ ပြောလို့ရပါတယ်။ သိမှကြည့်ရမယ်တော့မဟုတ်ပေမဲ့ ဒီလူတွေကို ဒီအရာတွေကို ကြိုမသိဘဲကြည့်တဲ့အရသာနဲ့ ကြိုသိပြီးမှ ကြည့်တဲ့ အရသာကတော့ ကွာတာပေါ့။ National Treasure ဆိုတဲ့ နာမည်နဲ့လိုက်အောင်ပဲ ဒီ၂ကားလုံးက ရတနာသိုက်တွေ ဖော်တာတွေကို နိုင်ငံ့တည်ထောင်သူဖခင်ကြီးတွေ၊ သမ္မတတွေ၊ နိုင်ငံ့ရေးရာတွေနဲ့ မကင်းတာတွေနဲ့ ပုံဖော်သွားတယ်။ ဒီကားရဲ့ကောင်းကွက်တွေအကြောင်းပြောရင် သရုပ်ဆောင်တွေကိုလည်း ချန်ခဲ့လို့မရပြန်ဘူး။ သရုပ်ဆောင်တွေ သရုပ်ဆောင်ကောင်းတာတင်မဟုတ်ဘဲ တခြားရတနာရှာတဲ့ကားတော်တော်များများမှာ ကျွန်တော်တို့ မတွေ့ရနိုင်တဲ့အချက်တစ်ချက်ကို National Treasure က ပိုင်ဆိုင်ထားတယ်။ ဇာတ်ကောင်တွေရဲ့ Chemistry ပေါ့။ ဒီထဲက ဇာတ်ကောင်တွေရဲ့ Chemsitry မိချက်မျိုးကို တော်တန်ရုံ ရတနာသိုက်ရှာတဲ့ ကားမျိုးမှာ တွေ့ရမှာတော့မဟုတ်ဘူး။ နစ်ကေ့ရဲ့ ခပ်တည်တည်နဲ့ မသိမသာဘဝမြင့်တတ်တဲ့ဇာတ်ကောင်အပြင် နောက် ခွီခနဲဖြစ်ရမယ့်ဟာသမျိုးတွေပြောတတ်တဲ့ ဂျက်စတင်ရဲ့ဇာတ်ကောင်ရယ်၊ ခရူဂါရဲ့ ယန်ဓာတ်အားပြုတဲ့ဇာတ်ကောင်ရယ်က နစ်ကေ့ရဲ့ဇာတ်ကောင်ကို ပိုပေါ်အောင် အားဖြည့်ပေးထားတဲ့ ဇာတ်ကောင်တွေပေမဲ့ သူတို့ရဲ့ Chemistry သိပ်ကောင်းနေတာကလည်း ဒီကားကို သာမန်ရတနာရှာတဲ့ကားဆိုတာထက် တစ်ဆင့်တက်သွားစေတဲ့အချက်လို့ပြောလို့ရတယ်။ National Treasure ဖန်တွေအတွက်တော့ ဒီဇာတ်ကောင်တွေကို တခြားလူတွေနဲ့ အစားထိုးလို့မရလောက်ပါဘူး။ ဒီလိုနဲ့ပဲ National Treasure ဟာ တော်တော်‌လေးအောင်မြင်တဲ့ Franchise တစ်ခုဖြစ်လာခဲ့သလို စာအုပ်တစ်ချို့လည်းထွက်ရှိခဲ့ပါတယ်။ ၃ကားမြောက်ကို ၂ပြီးကတည်းက ရိုက်ဖို့စီစဉ်လာတာ အထမမြောက်သေးသလို တော်တော်လည်း ကြာနေခဲ့ပေမဲ့ ဒီနှစ်မှာတော့ သူ့ထဲက တစ်ချို့ဇာတ်ကောင်တွေပြန်ပါလာတဲ့ စီးရီးတစ်ခုတော့ထွက်လာခဲ့ပြီဖြစ်သလို ၃ကလည်း ထွက်လာဖို့ လုံးဝသေချာနေပါပြီ။ ဒီကြားထဲ မကောင်းမကန်းကားပေါင်းစုံ ရိုက်ပြီး တဟုန်ထိုးကျဆင်းလာခဲ့တဲ့ နစ်ကေ့ရဲ့ နာမည်ကလည်း Pig တို့ The Unbearable Weight of Massive Talent တို့နဲ့ ပြန်တက်စပြုလာတော့ ရှေ့နှစ်တွေဟာ NT 3 ရိုက်ဖို့ အချိန်ကောင်းဖြစ်လာမယ်တော့ ထင်ရတာပါပဲ။ ရှေ့နှစ်မှာ သူထွက်မယ့်ကားတွေက နည်းနည်းတော့များနေတော့ တစ်ထစ်ချတော့ပြောမရပေမဲ့ Renfield ဆိုတဲ့ကားသစ်ကိုတော့ တော်တော်များများ Hype နေကြတာပါပဲ။ ဘာနေနေပါ... ဇာတ်ညွှန်းမူကြမ်းပြီးတာ ၁၀စုနှစ်ကျော်နေပြီဖြစ်တဲ့ National Treasure 3 ကို လက်ရှိ Disney ကနေလွှင့်နေတဲ့ ဇာတ်လမ်းတွဲကိုကြည့်ရင်း ဒီကနဦးကား၂ကားကို ပြန်ကြည့်ပြီး Nostalgia ပြန်ဖြစ်ရင်း စောင့်စားလိုက်ကြတာပေါ့။ ----- ဇာတ်လမ်းအကျဉ်း ----- ဘန်ဂိတ်စ်လို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်။ ဒီလူက မျိုးနဲ့ရိုးနဲ့ကို အမေရိကန်သမိုင်းနဲ့ မကင်းတဲ့လူ။ ဂိတ်စ်တွေဟာ ဘိုးဘေးဘီဘင်ခေတ်ကတည်းကကို ဝှက်စာဖော်တာတွေ ရတနာသိုက်ရှာတာတွေ လုပ်ခဲ့ကြတဲ့သူတွေပေါ့။ မရှိဘူးလို့ ထင်ကြတဲ့ ရတနာသိုက်ကို ရှာရင်း လူတွေက အရူးလို့ သမုတ်တာခံထားရတဲ့လူတွေဆိုလည်း မမှားဘူး။ ဘန်ဂိတ်စ်လက်ထက်မှာတော့ သူတို့မျိုးရိုးရဲ့ ဒီအလှောင်ခံရသမှုကို ချေဖျက်ဖို့ ရတနာသိုက်ကို အရရှာဖို့လုပ်ခဲ့တယ်။ ဒီလိုနဲ့ ရတနာသိုက်ရဲ့ သဲလွန်စနောက်ကို လိုက်ရင်း အမေရိကန်တည်ထောင်သူဖခင်ကြီးတွေ၊ လွတ်လပ်ရေးကြေညာစာတမ်းတွေ အစရှိသဖြင့် အမေရိကန်သမိုင်းရဲ့ အထင်ကရအရာတွေနဲ့ ဆက်စပ်လာခဲ့တယ်။ ဖရီးမေဆင်တွေရဲ့ လျှို့ဝှက်ချက်တွေကိုလည်း ဖော်ရဖို့ဖြစ်လာတယ်။ ဒီလိုဖော်ရင်း သူ့သူငယ်ချင်းတစ်ယောက် သစ္စာဖောက်တာခံလိုက်ရပေမဲ့ ဒီအမွေအနှစ်တွေကိုချစ်တဲ့ အဘီဂေးလ်လို့ ခေါ်တဲ့ ‌မော်ကွန်းတိုက်မှူးလေးရယ်၊ နည်းပညာကျွမ်းကျင်တဲ့ သူ့သူငယ်ချင်း ရိုင်လေရယ်ရဲ့ အကူအညီနဲ့ လွတ်လပ်ရေးကြေညာစာတမ်းကြီးကို ခိုးပြီး ရတနာသိုက်ရှာဖို့ ကြိုးစားရာက FBI ကရော လူဆိုးတွေကရော လိုက်နေတဲ့ကြားက နှစ်ပေါင်းများစွာ ဘယ်သူမှ ရှာမတွေ့ခဲ့တဲ့ ရတနာသိုက်ကို ရှာတွေ့နိုင်ဖို့ ကြိုးပမ်းကြရတော့တယ်။ (ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Ye Khant Min ပဲဖြစ်ပါတယ်။) Size - 2.4GB, 1.2GB, 772MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 2H 11Min Genre - Action, Adventure, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Ye Khant Min

Drama
6.6 2004 131 mins
National Treasure
The Captive
5.8

Ryan Reynolds ပါဝင်ထားတဲ့ 2014ခုနှစ်က mystery, thrillerကားလေးကို တင်ဆက်ပေးပါရစေ။ မက်သရူးတို့ လင်မယားနှစ်ယောက်ဟာ ငွေးရေးကြေးရေးသိပ်အဆင်မပြေပေမဲ့ သမီးဖြစ်သူက ရေခဲပြင်စကိတ်အားကစားမှာ ဆုတွေရပြီး အိုလံပစ်ပွဲတွေပါ ဝင်ပြိုင်ဖို့လျာထားခံရသူဆိုတော့ ဂုဏ်ယူရတဲ့မိဘတွေပေါ့။ သမီးဖြစ်သူ လေ့ကျင့်ရေးပြီးလို့ အိမ်‌ပြန်ခေါ်လာတဲ့လမ်းမှာပဲ ညစာဝင်ဝယ်ချိန် သမီးဖြစ်သူပျောက်သွားပါတယ်။ သမီးပျောက်သွားလို့ မက်သရူးလည်း သူ့ကိုယ်သူအပြစ်တင် မိန်မဖြစ်သူကလည်း ဖြေဆည်မရနဲ့ လင်မယားနှစ်ယောက်ဟာ သိပ်အဆင်မပြေကြတော့ပါဘူး။ ဒီလိုနဲ့ သမီးလေးပျောက်သွားတာ ၈နှစ်ကြာပြီးချိန်မှာ သူတို့သမီး အသက်ရှင်နေသေးတယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီတော့ မက်သရူးတို့လင်မယား၊ ရဲတွေနဲ့ စုံထောက်တွေဟာ ပျောက်သွားတဲ့သမီးလေးကို ပြန်တွေ့အောင် လိုက်ရှာပါတော့တယ်။ သူတို့တွေ ကလေးကို ပြန်ရှာတွေ့ပါ့မလား၊ ဘယ်လိုစွန့်စားခန်းတွေလုပ်ရမလဲ၊ သမီးဖြစ်သူကရော ဘာတွေဖြစ်နေမလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦးနော်။ File Size :(1.8GB)(544 MB) and (190 MB) Quality : Blu-Ray 720p Format…mp4 Duration…01:52:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Drama • Horror • Mystery • Thriller
5.8 2014 112 mins
The Captive
Taanakkaran
7.6

IMDb - 8.5/10 Disney+ Hostarကနေ သိပ်မကြာခင်မှထွက်ထားတဲ့ ရသပေးစွမ်းနိုင်မယ့် ဇာတ်လမ်းလေးတပုဒ်ပါ "အာရီဗူ...ရဲအရာရှိဆိုတာ အရမ်းတန်ဖိုးကြီးတဲ့အလုပ်ပဲ... ပြဿနာ ကြုံလာရင် သူတို့ဆီသွားလိုက်ရင်စိတ်အေးရပြီ...ဒါပေမဲ့ အဖေတို့ပြဿနာကို သေချာစစ်ဆေးပေးပြီး မျှမျှတတဖြေရှင်းပေးတဲ့ရဲ တွေ့ဖူးလား" "ဟုတ်တယ်အဖေ...သားတို့ပြဿနာတွေကို သေချာ နားထောင်ပေးပြီး တရားမျှတစွာဖြေရှင်းပေးတဲ့ ရဲမြင်ဖူးလား" "အာရီဗူ...သားကြီးလာရင် ရဲဖြစ်ပေးပါ" အာရီဗူဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ဟိုးငယ်ငယ်လေးတည်းက သူ့အဖေကြောင့်ရော သူ့ကိုယ်ပိုင်ဆန္ဒကြောင့်ပါ ရဲဖြစ်ချင်ခဲ့သူပါ။ ဒီအိမ်မက်အတွက် သူ့ဘဝကိုရင်းထားခဲ့ပြီး တစ်နေ့သူဟာ ရဲအလုပ်ကို ဝင်လျှောက်ခဲ့ပါတယ်။ အရင်ဦးဆုံးတော့ ရဲဖြစ်သင်တန်း ဆင်းရတာပေါ့။ "ငါပြောသလိုလုပ် မေးခွန်းပြန်မထုတ်နဲ့ အတွန့်မတက်နဲ့" ဆိုပြီးအထက်ဖား အောက်ဖိ စနစ်နဲ့ ကျင်လည်နေတဲ့ ဒီလောကထဲမှာ အာရီဗူ တစ်ယောက် သူ့အိမ်မက်ကို ဘယ်လိုဆက်လျှောက်လှမ်းမှာလဲ။ မတရားမှုတွေကို ခေါင်းငုံ့ငြိမ်ခံ မနေတတ်တဲ့ အာရီဗူတစ်ယောက် အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မှာလဲဆိုတာကို တလောင်လောင်နဲ့ ကြည့်ရမှာမလို့ အခုပဲ down ပြီးကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ် File size…2.35GB / 1.2GB Quality…1080p HQ AAC 5.1CH  / 720p Format…mp4 Duration….2h 21mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Poe & Eliza

Action • Adventure • Thriller
7.6 2022 142 mins
Taanakkaran
The Scent of Green Papaya
7.3

၁၉၅၀ ခုနှစ်ဝန်းကျင် Saigon မြို့က မိသားစုကြီးတခုမှာ မူးအိ ဆိုတဲ့ ၁၀နှစ်အရွယ် ကလေးမလေးတယောက်ဟာ အိမ်ကနေထွက်လာပြီး အလုပ်လာလုပ်ပါတယ် သူ အလုပ်လုပ်ရတဲ့ မိသားစုကြီးရဲ့ ပြဿနာအရှုပ်အထွေးတွေကြား သူ့တာဝန်ဖြစ်တဲ့ အစေခံအလုပ်ကို တစိုက်မတ်မတ်လုပ်ရင်း အရွယ်ရောက်ကြီးပျင်းလာတဲ့အချိန် တနေ့မှာတော့ သူ ငယ်ငယ်ကတည်းက ကြိတ်သဘောကျခဲ့ရတဲ့သူရဲ့အိမ်မှာ အစေခံအဖြစ် အလုပ်သွားလုပ်ရပါတော့တယ် ဇာတ်လမ်းလေးက ရှုပ်ရှုပ်ထွေးထွေးဇာတ်ကွက်ရယ်လို့ တခုမှ မပါဘဲနဲ့ မူးအိရဲ့ ကလေးဘဝအတွေးအခေါ်ကနေ ကြီးပျင်း ရင့်ကျက်လာတဲ့အချိန် ပြောင်းလဲလာတဲ့စိတ်ထားကို ပုံဖော်ထားရုံတင်ပါပဲ အဲဒီခေတ်က ဗီယက်နမ်မိန်းကလေးတယောက်ရဲ့ ဘဝပုံစံပေါ့ ၁နာရီနဲ့ မိနစ်၄၀ လောက်ကြာတဲ့ ဇာတ်ကားဖြစ်ပေမဲ့လို့ ဒိုင်ယာလော့ဂ်များများစားစားမပါဘဲ ရိုက်ကွက်တွေရယ် တီးလုံးနောက်ခံလေးရယ်နဲ့ ဇာတ်လမ်းကိုသွားထားတာပါ ဒီရုပ်ရှင်ကို Vietnam Film ဆိုပြီး အထင်မသေးလိုက်ပါနဲ့ Cinematography ကောင်းတဲ့အပြင် Musical theme ရော သရုပ်ဆောင်ပိုင်းရောကောင်းပါတယ် IMBD 7.3, rotten tomatoes 100% ထိရထားတဲ့ ဗီယက်နမ်ရုပ်ရှင်ပါ ဒါရိုက်တာက Haruki Murakami ရဲ့ Norwegian Wood ကို ရိုက်ကူးခဲ့တဲ့ Tran Anh Hung ပါပဲ သူ့ရဲ့ ၉၀ခုနှစ်တွေတုန်းက အတော်ပေါက်ခဲ့တဲ့ အနုပညာလက်ရာပေါ့ သူဟာ ဒီရုပ်ရှင်နဲ့ ဆုတွေအများကြီးရခဲ့သလို ဒီရုပ်ရှင်ကိုယ်တိုင်လည်း ကိန်းရုပ်ရှင်ပွဲတော်မှာ Golden Camera, Award of the Youth, Cèsar Awards မှာ Best First Work ဆုတွေ ရခဲ့သလို Academy Awards ကပေးတဲ့ Best Foreign Film ဆုမှာ nominee ဝင်ခဲ့တဲ့ ပထမဆုံးဗီယက်နမ်ရုပ်ရှင်ပါ ဒါကြောင့်မို့ ဒီရုပ်ရှင်ကို မြည်းစမ်းကြည့်ကြဖို့ အကြံပြုချင်ပါတယ်ဗျာ File size… 1.5 GB / 658 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

Documentary
7.3 1993
The Scent of Green Papaya
Mutant Chronicles
5.2

Mutant Chronicles (2008) ================== “တစ်ခါတုန်းက လူသားမျိုးနွယ်တွေကို သန္ဓေပြောင်းသတ္တဝါကောင်တွေအဖြစ် ပြောင်းလဲပစ်တဲ့စက်ကြီးတစ်ခု အာကာသကနေ ကျလာခဲ့တယ်။ ဒါပေမဲ့ Neachdainn ဆိုတဲ့ ကယ်တင်ရှင် စစ်သည်တော် ပေါ်ပေါက်လာပြီး သူ့ညီအစ်ကိုတွေနဲ့အတူ အဲဒီစက်ယန္တရားကြီးကို မြေအောက်ထဲ မြှပ်နှံနိုင်ခဲ့တာကြောင့် လူသားမျိုးနွယ်တစ်ခုလုံးကို ကယ်တင်နိုင်ခဲ့တယ်။” ဒါဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းစာအုပ်ထဲက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ဖြစ်တယ်။ ဒါပေမဲ့ 2707 ခုနှစ် အဖွဲ့အစည်းနှစ်ခုကြား စစ်ပွဲဖြစ်ပြီး အဲဒီစက်ယန္တရားကြီး ပြန်ပွင့်သွားတာကြောင့် လူသားမျိုးနွယ်က တစ်ဖန်ပြန်လည် ကပ်ဆိုက်လာပါတော့တယ်။ မှတ်တမ်းစာအုပ်ရဲ့ဟောကိန်းဖြစ်တဲ့ ကယ်တင်ရှင်တစ်ဦးပေါ်လာပြီး အဲဒီစက်ယန္တရားကို ဖျက်ဆီးနိုင်မယ်ဆိုတာကို ယုံကြည်တဲ့ ဘရာသာ Samuel က လူအနည်းငယ်ကိုစုဆောင်းပြီး သေစေနိုင်တဲ့ စက်ယန္တရားကြီးကိုဖျက်ဆီးဖို့ ကမ္ဘာ့မြေအောက်ကို ခရီးထွက်ဖို့ကြံစည်ခဲ့တယ်။ ပြန်လမ်းမရှိတဲ့ ဒီမစ်ရှင်မှာ Samuel နဲ့ သူ့လူတွေ ဟောကိန်းအတိုင်း ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတာတော့ ဒီဇာတ်လမ်းထဲမှာ သဲထိတ်ရင်ဖိုစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဒီဇာတ်လမ်းရဲ့ Cast တွေကတော့ Thomas Jane, Ron Perlman, John Malkovich တို့အပြင် “D.E.B.S” နဲ့ “2 Fast 2 Furious”က Devon Aoki လေးလည်း ပါဝင်တာမို့ မလွတ်တမ်းကြည့်ရှုသင့်ပါတယ်နော်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:51:00 Genre_Action, Adventue, Mystey Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

5.2 2008 111 mins
Mutant Chronicles
Do the World Darts 6
5.8

The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၆ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဒီကားကတော့ ထျန်းရှပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးဝမ်ကျောက်ရှင်းရဲ့ တစ်ကိုယ်တော်ဇာတ်လမ်းပါ။ ဝမ်ကျောက်ရှင်းမှာ ငယ်ငယ်ကတည်းကရင်းနီးခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရှိခဲ့တယ်။ မိတ်ဆွေဟောင်းလို့ဆိုပေမယ့် ခံယူချက်ချင်းမတူတာကြောင့် သူတို့ကမတည့်ပါဘူး။ ဒါပေမယ့် မိတ်ဆွေဟောင်းဟာ ရောဂါအပြင်းအထန်နဲ့ သေလုဆဲဆဲဖြစ်နေချိန်မှာ သူ့ရဲ့အရေးကြီးတဲ့ပစ္စည်းတစ်ခုကို ဇာတိမြေရှန်းရှီးကိုပို့ပေးဖို့အပ်ခဲ့တယ်။ ဒါပေမယ့် ဘာပစ္စည်းမှန်းမသိတဲ့အတွက် ဝမ်ကျောက်ရှင်းကလက်မခံခဲ့ပါဘူး။ အကြောင်းရှိလို့ ဝမ်ကျောက်ရှင်းကရှန်းရှီကိုပြန်တဲ့အချိန်မှာ သူ့နောက်ကိုကလေးလေးတစ်ယောက်ကလိုက်နေတာကိုသိလိုက်ရတယ်။ ဒီကလေးလေးက သူ့မိတ်ဆွေဟောင်းရဲ့ တစ်ဦးတည်းသော အမွေဆက်ခံမယ့်သားဖြစ်နေတာကိုသိသွားပြီးတဲ့နောက်မှာ ဇာတိမမြေရှန်းရှီးကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီကလေးကိုလက်ခံလိုက်တဲ့အချိန်ကစပြီးတော့ လမ်းမှာအတားအဆီးတွေ အန္တရာယ်တွေအမျိုးမျိုးနဲ့ကြုံကြပါတော့တယ်။ ဒီကလေးလေးတစ်ယောက်ကိုဘာကြောင့် လူတွေအများကြီးကလိုက်ဖမ်းနေတာလဲ…… အသက်(၅၀)ကျော်အဖိုးကြီးနဲ့ အသက်(၁၀)နှစ်ကျော်ကလေးတစ်ယောက်ဟာ ခရီးစဉ်တစ်လျှောက်ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ……. အဖိုးကြီးရဲ့ငါ့မအိုသေးဆိုပြီးတော့ အစွမ်းတွေပြသွားတဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။

5.8 2007
Do the World Darts 6
Encounter Love
5.8

CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ကျေးလက်အလှရှုခင်းတွေကို ခံစားလို့ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် မာစတာကျောင်းသူ တစ်ယောက်ကျိုးယွဲ့ဟာ သူ့ကောင်လေးနဲ့ အတူနေပြီး ကိုယ်ဝန်ရှိသွားခဲ့ချိန်မှာတော့ ကောင်လေးက လက်မခံခဲ့ပါဘူး အဲ့လိုနဲ့ပဲ မိဘတွေရှိတဲ့ ရွာကိုပြန်သွားတဲ့လမ်းမှာ လီဝေဆိုတဲ့ ကောင်လေးနဲ့ဆုံတွေ့ခဲ့ပါတယ် ကျိုးယွဲ့တစ်ယောက် ရွာထိပ်လမ်းမှ ာ အိမ်ရောက်ရင် အဖေရိုက်မှာကိုကြောက်ပြီး ငိုနေခဲ့တာကို လီဝေကမကြည့်ရက်ဘဲနဲ့ လက်ထပ်မှတ်ပုံတင်ထားဟန်ဆောင်ပြီး လိုက်သွားပေးခဲ့ပါတယ် သူ့အဖေကတော့ ထင်ထားတဲ့အတိုင်း သဘောမတူပေမယ့်လည်း နောက်ဆုံးမှာ သဘောတူပြီးတော့ ရွာမှာ မင်္ဂလာပွဲကျင်းပပေးဖို့ လုပ်ပါတော့တယ် လီဝေက တစ်ရက်ပဲကူညီပေးဖို့ဆုံးဖြတ်ထားခဲ့ပေမယ့် ဒီလိုမျိုး လူကြီးတွေကပါ မင်္ဂလာပွဲစီစဉ်တာတွေနဲ့ကြုံရချိန်မှာတော့ ဘာတွေဆက်ဖြစ်မှာလဲ တကယ်လက်ထပ်ဖြစ်သွားမှာလား ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှုလို့ရပါတယ်နော်

5.8 2024
Encounter Love
The Innsmouth School for Girls

ဟော်ရာရုပ်ရှင်တွေချည်းရိုက်ခဲ့တယ်လို့ဆိုရမဲ့ တက္ကဆက်တောင်ပိုင်းသားဒါရိုက်တာ Joshua Kennedyရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရော်ဘတ်တာဆိုတဲ့ မိဘမဲ့ကောင်မလေးတစ်ယောက် ပညာသင်ဆုရပြီး ပဟေဠိတွေပြည့်နေတဲ့ မိန်းကလေးကျောင်းကို ရောက်လာခဲ့ပါတယ်။ သူရောက်လာတဲ့အချိန်မှာပဲ ဆရာမတစ်ယောက်ပျောက်နေပြီး ဘယ်မှာမှရှာမရဖြစ်နေခဲ့။ ကျောင်းမှာရှိတဲ့ မိန်းကလေးတိုင်းကလည်း အသက်ရှင်ကျန်တဲ့ဆွေမျိုး တစ်ယောက်မှမရှိတဲ့ မိဘမဲ့တစ်ကောင်ကြွက်တွေချည်း။ ကျောင်းသူမိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားပေမဲ့ ဘာရယ်ကြောင့်မှန်း အဖြေရှာမရခဲ့။ ဒီမှာပဲ ရော်ဘတ်တာတို့ သူငယ်ချင်းနှစ်ယောက်ပေါင်းပြီး အဖြေရှာကြရာကနေ ထင်မှတ်မထားတဲ့ အကြောင်းအရာတွေ တွေ့လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(990 Mb)/(380 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:16:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

0 2023
The Innsmouth School for Girls
Just Married

ဇာတ်ကားက ၂၀၀၃ ခုနှစ်ကထွက်ရှိထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသရုပ်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Aston Kutcher နဲ့ Brittany Murphy တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ တွမ်နဲ့ဆာရာတို့ဟာ မတော်တဆတွေ့ဆုံမိကြရင်း မထင်မှတ်ထားတဲ့ပုံစံနဲ့ လူငယ်တို့သဘာဝ ချစ်ကြိုက်မိသွားကြပါတယ်။ ချမ်းသာတဲ့ဆာရာရဲ့မိဘတွေကတော့ အနေအထားချင်းမတူတဲ့ တွမ်နဲ့ သဘောမတူပါဘူး။ ဒါပေမဲ့ ဆာရာဟာ မိဘတွေရဲ့သဘောထားနဲ့ဆန့်ကျင်ပြီး တွမ်နဲ့လက်ထပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ နှစ်ယောက်သား ဥရောပတစ်ခွင် အလည်အပတ်ခရီးထွက်ဖို့ပြင်ဆင်ပါတယ်။ တစ်ဖက်မှာလည်း ဆာရာတို့မိဘတွေဟာ သူတို့နှစ်ယောက်ကိုအနှောင့်အယှက်ပေးဖို့ ဆာရာရဲ့ရည်းစားဟောင်းဖြစ်သူကို နောက်ကနေလိုက်ဖို့လွှတ်လိုက်ပါတော့တယ်။ ဒီကားထဲကတော့ သူတို့ညားခါစ အတွဲကြားက အလွဲတွေ ပြဿနာတွေကို ဟာသဆန်ဆန် ရိုက်ကူးထားတာဖြစ်ပြီး ဘဝအမောတွေကို တစ်ခဏတာပြေပျောက်စေဖို့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File Size : 2.9 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 51min Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Vader ft Riley Encoded by : Thit San Khant

Comedy • Romance
0 2003 95 mins
Just Married
When Romance Meets Destiny
6.3

When Romance Meets Destiny (2005) ********************************** ဒီတစ်ခါမှာတော့ ၂၀၁၅ တုန်းက ထွက်ရှိခဲ့တဲ့ .. အကျင့်စရိုက်လည်း မတူ အချစ်ပေါ်ထားရှိတဲ့ သဘောထားလည်း ကွဲပြားတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော် .. ဒီကားလေးထဲမှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Kim Joo Hyuk, Bong Tae Gyu, Lee Yo Won, Kim Ah Joon, Jung Kyung Ho အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း *************** အစ်ကိုဖြစ်သူ ဂွမ်ရှစ်ကတော့ တအားအရှက်အကြောက်ကြီးပြီး မိန်းကလေးတွေနဲ့ဆို စကားသေချာမပြောရဲတဲ့ လူ‌ရိုးလူအေးကြီးပါ .. ညီဖြစ်သူ ဂွမ်ထယ်ကတော့ အစ်ကိုဖြစ်သူနဲ့ မတူဘဲ ရည်းစားထည်လဲတွဲနေတဲ့ လူရှုပ်လူပွေတစ်ယောက်ပေါ့ .. တစ်နေ့မှာတော့ ဂွမ်ရှစ်က တက္ကသိုလ်တက်တုန်းက သူတစ်ဖက်သတ်ကြိုက်ခဲ့ဖူးတဲ့ ဂျူနီယာမလေး ယွန်းဂယောင်းနဲ့ ၇ နှစ်နေမှ ပြန်တွေ့လိုက်ရပါတော့တယ် .. တစ်ချိန်တည်းမှာပဲ ညီဖြစ်သူ ဂွမ်ထယ်ကလည်း မာရသွန်ပြေးပွဲမှာ ဂယောင်းဂျယ်ဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပါတယ် .. လွန်ခဲ့တဲ့ ၇ နှစ်တုန်းက သူ့ရဲ့ ခံစားချက်‌တွေကို ဖွင့်ပြောခွင့်မရခဲ့တဲ့ ဂွမ်ရှစ်တစ်ယောက် ဒီတစ်ခါမှာရော ယွန်းဂယောင်းကို ဖွင့်ပြောခွင့်ရသွားမလား…. မိန်းကလေးတွေကို အတည်မတွဲဘဲ ပွေရှုပ်ဖို့လောက်ပဲ တွေးနေတတ်တဲ့ ဂွမ်ထယ်ကရော ဂယောင်းဂျယ်နဲ့ တွေ့ပြီးနောက်ပိုင်းမှာ ဘယ်လိုတွေ ပြောင်းလဲသွားမှာလဲ အစရှိတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ကံကြမ္မာ အလှည့်အပြောင်းကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ် .. (အညွှန်းကို May Thet Khaing မှ ရေးသားထားပါတယ်) File size…1.4GB / 663MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 44 min. Genre ….. Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by May Thet Khaing Encoded by AHtet

6.3 2005 104 mins
When Romance Meets Destiny
The Blackcoat’s Daughter

American Horror Story/Scream Queen တို့နဲ့လူသိများပြီး Horror Princess လို့တောင်တင်စားခံရတဲ့ မင်းသမီး Emma Robertsရယ်၊ မကြာသေးမီက ထွက်ရှိထားတဲ့ Red One ဇာတ်ကားထဲက ဗီလိန်မင်းသမီး Kiernan Shipka အပြင် နာမည်ကျော်ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lucy Boyntonတို့ရဲ့ 2015ခုနှစ်ထွက် Horror ရုပ်ရှင်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ၊ အမျိုးသမီးသီးသန့် ကတ်သလစ်ဘော်ဒါကျောင်းတစ်ခုမှာ ဆောင်းရာသီကျောင်းပိတ်ရက်ရောက်တော့ ကျောင်းသူတွေအားလုံး ကိုယ်စီ အိမ်ပြန်ကြရပါတယ်။ ဒါပေမဲ့ ကတ်သရင်းနဲ့ ရို့စ်ဆိုတဲ့ကျောင်းသူလေးနှစ်ယောက်ကတော့ ဘု‌ရားကျောင်းဆစ်စတာတွေနဲ့အတူ ကျောင်းမှာ ကျန်ခဲ့ကြပါတယ်။ ရို့စ်ကတော့ မိဘတွေကိုလာခေါ်ရမဲ့ရက်မှားပြောလိုက်လို့ နောက်ကျနေတာဆိုပေမဲ့ ကတ်သရင်းကတော့ သူမိဘတွေကသူ့ကိုလာမခေါ်တော့ဘူး၊ ကျောင်းမှာပဲနေမယ်လို့ ထူးထူးဆန်းဆန်းတွေပြောလာပါတယ်။ မိဘတွေလာခေါ်မှာကိုစောင့်နေကြရင်း ကတ်သရင်းဟာ တ‌ဖြည်းဖြည်းနဲ့ မူမမှန်တော့ဘဲ ခြောက်ခြားစရာကိစ္စတွေ ဖြစ်ပျက်ကုန်ပါတော့တယ်။ တစ်ဖက်မှာလည်း လင်မယားနှစ်ယောက်နဲ့အတူ ကားကြုံလိုက်စီးဖြစ်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုလည်း အပြိုင်အနေနဲ့ ပြသထားပါသေးတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံက အစပိုင်းတော့ “ဘာကြီးမှန်းမသိဘူး”လို့ထင်ကောင်းထင်နိုင်ပေမဲ့ ကြည့်ရင်းနဲ့မှ တဖြည်းဖြည်း ဇာတ်ရည်လည်ပြီး ကြောက်စရာကောင်းလာတာမျိူးပါ။ ကွက်ကွက်ကွင်းကွင်း Jump scares တွေထက် ဒိုင်ယာလော့နည်းနည်းနဲ့ တွေးတွေးပြီးကြောက်နေရမဲ့ slow burn ပုံစံ horrorဇာတ်ကားပါ။ ဘော်ဒါဆောင်မှာ နှစ်ယောက်တည်းကျန်ခဲ့တဲ့ ကောင်မလေးနှစ်ယောက်ရယ်၊ လမ်းမှာကားကြုံလိုက်စီးတဲ့ကောင်မလေးရယ်က ခြောက်ခြားစရာကိစ္စတွေနဲ့ ဘယ်လိုတွေ သက်ဆိုင်နေမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… 1 GB / 364 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Horror/ Mystery/ Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Muse

Drama
0 2015 93 mins
The Blackcoat’s Daughter
[18+] Tokyo Nights

Tokyo Nights (2025) ကာယာနဲ့မက်စ်တို့ဟာ ညားကာစလင်မယားတွေဖြစ်ပြီး ဂျပန်ကိုဟန်းနီးမွန်းခရီးစဉ်အဖြစ်လာခဲ့ကြတာပါ။ သူတို့ရဲ့ခရီးစဉ်ဟာ ကာယာရဲ့ရည်းစားဟောင်း ကန်ဂျီဆိုသူနဲ့တွေ့ဆုံအပြီးမှာတော့ တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ရပါတယ်။ ကန်ဂျီကအထီးကျန်သူတွေကို အဖော်ပြုပေးတဲ့ အချိန်ပိုင်းအငှားလုပ်သားအဖြစ်အလုပ်လုပ်နေတဲ့သူပါ။ စပြီးဆုံတဲ့နေ့မှာပဲ အမူးလွန်ကြရင်း ကန်ဂျီနဲ့ကာယာတို့ရဲ့သံယောဇဉ်မကုန်တဲ့ ရမ္မက်ဇာတ်လမ်းမှာ မက်စ်ကိုယ်တိုင် ပါဝင် သီရိစံခဲ့တဲ့နောက်မှာတော့ အခြေအနေတွေရှုပ်ထွေးကုန်ပါတော့တယ်။ ဇာတ်ကားအထွက်ကြဲတဲ့‌ မင်းသမီးသစ်လေး Alessandra cruz နဲ့အတူ ဂျပန်နွယ်မင်းသမီးအသစ်စက်စက်လေးဖြစ်တဲ့Arneth Watanabe ကိုပွဲဦးထွက်မိတ်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.5 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:11:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Romance • Comedy • TV Movie
0 2025
[18+] Tokyo Nights
Flat Girls
7.2

ရဲတိုက်ခန်းတွဲမှာနေထိုင်တဲ့ အန်းနဲ့ ဂျိန်းဆိုတဲ့ ကောင်မလေးနှစ်ယောက်ဟာ အရမ်းကို ခင်မင်ရင်းနှီးပြီး ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ မိဘတွေက ရဲဝန်ထမ်းတွေ ဖြစ်တာကြောင့်နဲ့ ရဲတိုက်ခန်းတွဲမှာ နေထိုင်ခွင့်ရနေတာဖြစ်ပြီး အန်းနဲ့ ဂျိန်းဟာ တခြား သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်။ ဂျိန်းရဲ့ မိဘတွေကတော့ ရဲတိုက်ခန်းတွဲမှာ အချမ်းသာဆုံးဆိုပြီး လူတွေက သတ်မှတ်ထားကြပေမဲ့ အန်းတို့ကတော့ ငွေကြေးမပြည့်စုံခဲ့ကြပါဘူး။ သိုပေမဲ့လည်း အန်းနဲ့ ဂျိန်းတိုရဲ့ ခင်မင်မှုကတော့ ချစ်ချစ်ခင်ခင်ရှိမြဲပါပဲ။ တစ်နေ့မှာတော့ အန်းနဲ့ ဂျိန်းတိုနှစ်ယောက်ကြားထဲကို တုန်ဆိုတဲ့ ရဲတစ်ယောက် ရောက်ရှိလာရာကနေ သူတို့နှစ်ယောက် ဘဝအတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်လို့လာခဲ့ပါတယ်။ ဒီလိုနဲ့ အန်း, ဂျိန်းနဲ့ တုန်တို့ရဲ့ ဘဝတွေ ဘယ်လို ဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ မိသားစုအခြေအနေ , ငွေရေးကြေးရေး, လူငယ်ဘဝ ချစ်ခြင်းမေတ္တာအကြောင်းတွေနဲ့ ဘဝတွေရဲ့ ကြီးပြင်းမှု ပုံစံတွေကိုပါ မြင်တွေ့နိုင်မဲ့ ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:10:00 Genre… Coming-of-Age, Teen Drama, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by CharOu,Mary,DaoPhyo & Trady

Drama • Romance
7.2 2025 130 mins
Flat Girls
Zombie for Sale
6.7

Zombie for Sale (2019) // The Odd Family: Zombie on Sale (2019) *************************************** အခုတစ်ခါမှာတော့ ဇွန်ဘီကားတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက် ဂေါ်ဖီထုပ်စားတဲ့ ဇွန်ဘီရယ်လို့ အရမ်းနာမည်ကြီးခဲ့တဲ့ အူတက်အောင် ရယ်နေရမဲ့ ဇွန်ဘီဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ် .. သရုပ်ဆောင်တွေကတော့ မင်းသားကြီး Jung Jae Young ,Kim Nam Gil, Jung Ga Ram, ကေဒရမ်မာပရိသတ်‌တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင် Park In Hwan, မင်းသမီးလေး Lee Soo Kyung တို့ အဓိကပါဝင်ထားပါတယ် ။ ဇာတ်လမ်းအညွှန်း ******************* အေးချမ်းတဲ့ရွာလေးမှာ ဓါတ်ဆီဆိုင်ဖွင့်ရင်း ဘဝရဲ့ ကျန်ရှိ‌နေတဲ့သက်တမ်းကို ဟာဝိုင်အီမှာ ကုန်ဆုံးဖို့ အမြဲစိတ်ကူးယဉ်နေတဲ့ ဘတ်မန်းဒေါ့ (Park In Hwan) မှာ သားကြီး ဘတ်ဂျွန်ဂူး (Jung Jae Young)၊ သားလတ်ဘတ်မင်ဂူး (Kim Nam Gil) ,အငယ်ဆုံးသမီးလေး ဘတ်ဟယ်ဂူး (Lee Soo Kyung) ဆိုတဲ့ အရွယ်ရောက်ပြီးသား သားသမီးသုံးယောက်ရှိပါတယ် ။ သားသမီးသုံးယောက်လုံးက ကိုယ်စီကိုယ်စီ ပင်ပင်ပန်းပန်းနဲ့ ဘဝအတွက် ရုန်းကန်နေကြရရင်း တစ်နေ့ မိသားစုထဲမှာ တစ်ဦးတည်းသော ပညာတတ်ဘွဲ့ရဖြစ်တဲ့ သားအလတ် မင်ဂူးက ကုမ္ပဏီကနေ အလုပ်ထုတ်ခံလိုက်ရလို့ မိသားစုရှိတဲ့ မွေးရပ်မြေကို ပြန်လာခဲ့ပါတယ် ။ အဲဒီအချိန်မှာ မမျှော်လင့်ဘဲ ရွာကို ထူးဆန်းတဲ့ ဇွန်ဘီတစ်ကောင် ရောက်လာပြီး ပတ်မွှေလို့ အေးအေးချမ်းချမ်းရှိနေတဲ့ ဘတ်မိသားစုလေးသာမက တစ်ရွာလုံးက ရွာသူ‌ရွာသားတွေပါ အကုန်လုံး ဗြောင်းဆန်သွားပါတော့တယ် ..။ ဆေးဝါးကုမ္ပဏီတစ်ခုရဲ့ တရားမဝင် စမ်းသပ်မှုကြောင့် မတော်တဆ တီထွင်လိုက်မိတဲ့ ဇွန်ဘီ , အဲဒီဇွန်ဘီကို အသုံးချပြီး အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ ဘတ်မိသားစု, ဗဟုသုတနည်းပါးပြီး ရိုးအတဲ့ရွာသူရွာသားတို့ ပေါင်းဆုံမိပြီး ဘယ်လိုတွေပွက်လောရိုက်နေမလဲဆိုတာကို .. ဒီဇွန်ဘီဟာသကားလေးထဲမှာ ရယ်မောရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ် .. ။ (အညွှန်းကို May Thet မှ ရေးသားထားပါတယ်) File size…1.7GB / 863MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 52 min. Genre ….. Horror, Comedy, Sci-Fi, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by May Thet & Yati Naing Encoded by AHtet

Action • Animation • Adventure
6.7 2019 112 mins
Zombie for Sale