YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Champion 2018 - 720p x264 [RMC].mp4

1.32 GB N/A video/mp4 9 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shaakuntalam
5.5

ရာဇဝင်ထဲကအချစ်ဇာတ်လမ်းလေးကို စိတ်ဝင်စားသူတွေအတွက် အရသာတွေ့စေမယ့် မင်းသား Dev Mohanနဲ့မင်းသမီးSamantha Ruth Prabhuတို့သရုပ်ဆောင်ထားတဲ့ Shaakuntalaကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ပူရူအင်ပါယာရဲ့ ရဲစွမ်းသတ္တိရှိကာမင်းကျင့်တရားနဲ့အညီအုပ်ချုပ်တဲ့မင်းကြီး ဒူရှန်တာနဲ့ ကံမကောင်းအကြောင်းမလှမှုကြောင့် မိဘမဲ့ဖြစ်ကာဂုရုကြီးရဲ့မွေးစားသမီးအဖြစ်ကြီးပြင်းလာသူ မိန်းမလှလေးရှာကွန်သာလာတို့ဟာ ကံတရားရဲ့မျက်နှာသာပေးမှုကြောင့်ချစ်ကြိုးသွယ်ခဲ့ကြပါတယ် သို့ပေမယ့်လည်း ဘုရင်တစ်ပါးဖြစ်တာနဲ့အညီရန်သူတွေ တာဝန်တွေဝိုင်းနေတဲ့ မင်းကြီးဒူရှန်တာဟာ ချစ်ရသူလေးရှာကွန်သာလာကို နေရပ်မှာထားခဲ့ပြီးတိုင်းပြည်ကိုခဏပြန်သွားခဲ့ရပါတယ် ရှာကွန်သာလာမှာလည်း အခက်အခဲတချို့ကြောင့်ယောင်လည်စွာနဲ့ ဒူရှန်တာရဲ့တိုင်းပြည်ကို လိုက်သွားဖို့လုပ်တဲ့ခရီးမှာ အောင်မြင်ပါ့မလား အခက်အခဲတွေဘယ်လိုဖြေရှင်းမလဲ မင်းကြီးဒူရှန်တာကရော သူသိပ်ချစ်တဲ့ချစ်သူလေးကိုလက်ခံပါ့မလား ဆိုတာတွေကို ဇာတ်ကားတစ်လျှောက် ရိုဆန်ဆန်နဲ့ရင်သပ်ရှူ့မောစွာကြည့်ရှူ့ရပါမယ် File size…5.57GB / 3.21GB/ 630MB Quality…4kHEVC / 1080p WEB DL /720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~KhinKhin

Adventure • Drama
5.5 2023
Shaakuntalam
Lover of the Last Empress
6.4

Chingmy Yau ကို တော်တော်များများ နာမည်နဲ့တွဲမသိကြရင်တောင် လူကိုရင်းနှီးပြီးသားဖြစ်နေမှာပါ။ သူဟာ ၁၉၈၀နှောင်းပိုင်းနဲ့ ၁၉၉၀ကာလ ဟောင်ကောင်ရုပ်ရှင်ရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး မက်ဂီချောင်တို့ ဘရစ်ဂစ်တီလင်းတို့ကိုတော့မမီပေမဲ့ သူတို့လောက်နီးနီးနာမည်ကြီးခဲ့တဲ့သူပါပဲ။ ဟောင်ကောင်ရဲ့ ထိပ်တန်းမင်းသားတွေဖြစ်တဲ့ ချောင်ယွန်ဖတ်ရဲ့ God of Gamblers Returns, စတီဖင်ချောင်ရဲ့ Lawyer Lawyer နဲ့ Royal Tramp I & II, ဂျက်ကီချမ်းရဲ့ City Hunter, ဂျက်လီရဲ့ Kung Fu Cult Master, အန်ဒီလောင်ရဲ့ Casino Tycoon, အာရွန်ကော့ရဲ့ Legend of the Liquid Sword တို့လိုကားတွေလည်းရိုက်ခဲ့သလို Naked Killer တို့လို Category III ဖလင်ပေါင်းများစွာမှာလည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အခု Lover of the Last Empress ကားကလည်း Category III films အမျိုးအစားထဲပါပြီး မိသားစုနဲ့ကြည့်ရှုဖို့မသင့်တော်တဲ့ အခန်းတွေလည်း မနည်းပါဝင်ပါတယ်။ သူရိုက်ဖူးသမျှကားတွေထဲ အကြမ်းဆုံးလို့တောင်ပြောလို့ရပါတယ်။ ဇာတ်လမ်းကတော့ တရုတ်ပြည်ရဲ့နောက်ဆုံးဧကရီဘုရင်မအကြောင်းပါပဲ။ ဘာလဲဟဆိုပြီးဖြစ်ချင်စရာပဲမလား။ တရုတ်ပြည်ရဲ့ နောက်ဆုံးဧကရာဇ်ဟာ ပုရီဖြစ်ကြာင်း တော်တော်များများ သိပြီးသားပဲကိုး။ တကယ်တမ်း ပုရီအပါအဝင် သူ့ရှေ့ကမင်းနှစ်ဆက်လောက်ဟာ ရုပ်သေးဘုရင်တွေသာဖြစ်ပြီး တကယ်တမ်းအုပ်စိုးခဲ့တဲ့သူက ရှီစီလို့ခေါ်တဲ့ ဧကရီမကြီးလို့ ဆိုကြပါတယ်။ သူ ဧကရီမကြီးဖြစ်မလာခင် သာမန်မိန်းကလေးဘဝကနေ ရက်စက်ပြီး ဘယ်သူမှမငဲ့တဲ့ ဧကရီမကြီး ဘယ်လိုဖြစ်လာခဲ့သလဲ ဆိုတာကို ရိုက်ပြထားပြီး တစ်ဖက်မှာလည်း မနူးမနပ်ကလေးမလေးဘဝကနေ မင်းကြီးစွဲနေအောင် လုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာကိစ္စတွေကို သင်ယူခဲ့တာတွေကိုလည်းပြထားတယ်။ Category III ကားအနေနဲ့လည်း ကြည့်ကောင်းသလို ဒီတိုင်းလည်း ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ CateIII ကားပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Infernal Affairs ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Andrew Lau ဖြစ်ပြီး ဇာတ်လမ်းကိုရေးသားတဲ့သူကတော့ ချောင်ကား တော်တော်များများရိုက်ဖူးသလို တွဲဖက်ပါသရုပ်ဆောင်ဖူးတဲ့ ဝမ်ကျင်းပါပဲ။ ဟောင်ကောင်စီနီမာအကြောင်းပြောရင် တစ်ထောင့်တစ်နေရာက ပါနေမယ့်လူပဲပေါ့။ ရိုက်တာတို့ ရေးတာတို့ကတော့ ဆရာကြီးတွေချည်းပါပဲ။ မင်းသားတွေကတော့ ဘစ်တိုနီလို့သိကြတဲ့ တိုနီလျောင်ခဖိုင်နဲ့ ဂျက်ကီချမ်းရဲ့ Shanghai Noon ထဲပါဖူးတဲ့ Rongguang Yu တို့တွေပါ။ CateIII ကားပေမဲ့ အဘက်ဘက်က တော်တော်လေး လန်ထွက်နေသလို Chingmy Yau ရဲ့ ကိုယ်ကာယအလှတွေကိုလည်း တဝကြီးရှုစားရမယ့် ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ နာမည်ကြီးမင်းသမီးဖြစ်ပြီး ဘာလို့ ဒီလိုရိုက်လဲတော့ မမေးကြပါနဲ့။ ဂျက်ကီချမ်းတောင် CateIII ကားတွေ ရိုက်တဲ့ဘဝကနေ ဒီအထိတက်လာခဲ့တာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 880MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 40Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Mystery • Thriller
6.4 1995 100 mins
Lover of the Last Empress
Footfairy
3.6

အလုပ်အကိုင်အခွင့်အရေးတွေပေါများလှတဲ့ အိမ်မက်မြို့တော်မွန်ဘိုင်းရဲ့ ရထားဘူတာမှာ ကောင်မလေးတွေဆက်တိုက်သတ်ခံနေရတာ ခြောက်ခြားစရာပါပဲ။ မိန်းကလေးခြေထောက်လှလှလေးတွေကိုမှ ရူးရူးမူးမူးစွဲလမ်းနေတဲ့ ကွင်းဆက်လူသတ်သမားက မွန်ဘိုင်းရထားဘူတာရဲ့ လူပြတ်တဲ့နေရာမှာ အကွက်ချစီစဉ်ပြီး စိတ်ကြိုက်သတ်နေခဲ့ပါတယ်။ အလောင်းတွေကိုလည်း ခြေထောက်တွေဖြတ်ထားပြီး ခရီးဆောင်အိတ်ထဲထည့်ကာ ပြန်လာပစ်လေ့ရှိပါတယ်။ ဒီကွင်းဆက်ဆိုက်ကိုလူသတ်သမားကြောင့် မလုံခြုံတော့တဲ့ မြို့တော်ကြီးမှာ CBI စုံထောက်ကြီးဗီဝမ်နဲ့ သူ့အပေါင်းအဖော်တွေ ဘယ်လိုစုံစမ်းဖော်ထုတ်မလဲဆိုတာတော့ ရင်တမမနဲ့ ကြည့်ရှုခံစားရမှာပါ။ Crime Thriller ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များအတွက်လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးအဖြစ်ညွှန်းဆိုလိုက်ပါရစေ။ File size…1.6GB / 575MB Quality…1080p WEBRIP AAC 5.1CH  /  720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Action • Drama • Thriller
3.6 2020 115 mins
Footfairy
Symbol
6.7

ဒီတစ်ခေါက်မှာတော့ 2009 ခုနှစ်က ထွက်ရှိထားတဲ့ Symbol ဆိုတဲ့ ဂျပန်စိတ်ကူးယဉ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာ စပိန်မိသားစုလေးတစ်စုနဲ့ စတင်ထားပါတယ်။ ကလေးတွေက ကျောင်းသွား၊ မိဘတွေက အလုပ်လုပ်တဲ့ သာမန်မိသားစုလေးတစ်စုပေါ့။ အဲဒီနောက်မှာတော့ ရုတ်တရက်ကြီး အဖြူရောင်ဗလာအခန်းတစ်ခန်းထဲမှာ ပိတ်မိနေတဲ့ ဆံပင်ဂုတ်ဝိုင်းကေနဲ့ ညအိပ်ဝမ်းဆက်အစိမ်းရောင်ကွက်ကြားကိုဝတ်ထားတဲ့ ဂျပန်ဘဲကြီးတစ်ယောက်ဆီကို ရောက်သွားပါတယ်။ သိပ်မကြာပါဘူး။ အဖြူရောင်နံရံကြီးပေါ်မှာ မြားနတ်မောင်ဂွေးစိ သေးသေးလေးတွေ နံရံအနှံ့ ပေါ်လာတာပေါ့။ အဲဒီ ဂွေးစိသေးသေးလေးတွေကို ဖိလိုက်ရင် ကြုံရာပစ္စည်းတစ်ခုခု ကျလာပါတယ်။ ဆူရှီ၊ ပန်းအိုး၊ တူ၊ ဘောလုံး၊ မဂ္ဂဇင်း စသဖြင့် ကြုံရာပေါ့။ အဲဒီ ထူးဆန်းတဲ့အခန်းကြီးက ပစ္စည်းတွေ ချပေးရုံတင်မကဘဲ ညအိပ်အင်္ကျီနဲ့ဘဲကြီးကို အနုနည်းနဲ့ နှိပ်စက်ပါသေးတယ်။ အဲဒီအခန်းက ဘဲကြီးကို ဘယ်လိုအနုနည်းနဲ့နှိပ်စက်မလဲ။ ဘဲကြီးက ဘာလို့အဲဒီအခန်းထဲ ရောက်နေတာလဲ။ အဲဒီအခန်းထဲကနေ အပြင်ကို ဘယ်လိုထွက်မလဲ။ တကယ်ရော အပြင်ထွက်လို့ ရနိုင်ပါ့မလား။ ဗလာခန်းထဲကဘဲကြီးနဲ့ ဇာတ်လမ်းအစက စပိန်မိသားစုနဲ့ ဘာဆိုင်လို့လဲ။ စသဖြင့် "လဲ" ပေါင်းများစွာနဲ့ စောင့်ကြည့်ရမယ့်ကားဖြစ်ပါတယ်။ ဘာမှမဆိုင်တာကို မဆိုင်ဆိုင်အောင်လုပ်တာကိုက ဂျပန်တွေရဲ့ skill တစ်ခုမဟုတ်လား။ ဒီတော့ ဒီကားထဲမှာရော ဘယ်လိုသက်ဆိုင်မှုလေးတွေရှိမလဲ။ ဘာကို message ပေးချင်တာလဲ။ ဇာတ်လမ်းခေါင်းစဉ်ကိုရော ဘာလို့ Symbol လို့ပေးထားတာလဲဆိုတာကို တွေးရတာကြိုက်တဲ့သူတွေအနေနဲ့ ဇာတ်လမ်းနောက်ကို စီးမြောလိုက်ပါရင်း အတွေးပင်လယ်ထဲ စီးမြောနိုင်ဖို့ ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ File size…1.8GB / 800MB Quality…1080p Blu Ray AAC5.1CH / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Tsukishiro

Western
6.7 2009 93 mins
Symbol
Fistful of Vengeance
5.6

ဒီရုပ်ရှင်ကတော့ Wu Assassin စီးရီးရဲ့နောက်ကနေ ဆက်ပြီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းကျောရိုးကတော့ တရုတ်ပုံပြင်တစ်ခုကို အခြေခံထားပါတယ်။ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့တဲ့ ပထမဆုံးလူသား ဖန်းကူဟာ စွမ်းအားတွေနဲ့ယစ်မူးပြီး ကမ္ဘာကြီးက စိတ်ကြိုက်ချယ်လှယ်ဖို့ ကြိုးစားနေတာကို တားဆီးဖို့ တောက် နတ်ဘုရားက ဝူလုပ် ကြံရေးသမားကို ဖန်ဆင်းပြီး တားဆီးစေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဝူလုပ်ကြံရေး သမားအဆင့်ဆင့် အစွမ်းတွေကို လက်ဆင့်ကမ်းပြီး ဖန်းကူပြန်ပေါ်မလာနိုင်အောင် ကာကွယ်တားဆီးခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒီအစွမ်းတွေက ရွေးချယ်ခံရတဲ့ ကိုင်ဆီကိုရောက် လာတာပေါ့။ ဒီဇာတ်လမ်းအစမှာတော့ ကိုင် ရယ် သူ့သူငယ်ချင်း တွမ်မီ နဲ့ လူရှင်းတို့ရယ်ဟာ ဂျန်နီကို သတ်သွားတဲ့ တရားခံကို လိုက်ရှာရင်း ဘန်ကောက်ကို ရောက်လာခဲ့ပါတယ်။ အဲဒီမှာပဲ ဂျန်နီအသတ်ခံရတာနဲ့ ဖန်းကူနဲ့ ဆက်စပ်နေတာကိုသိပြီး ကမ္ဘာကြီးကိုပါ ကယ်တင်ဖို့ ကြုံလာရတဲ့အခါ.... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size - (2.7 GB) /(1.3 GB) / (800 MB) Quality – WebDL 1080p / 720p/480p Duration - 1h 34 mins Subtitle – Myanmar Hardsub Format – MP4 Genre : Crime, Drama, Action Translator – Mr.Anderson Encoder – SWM

Action • Comedy • Crime
5.6 2022 97 mins
Fistful of Vengeance
Dark World
2

ဖဲလ် အဖြစ် Sammy Cowell အိုင်းရင်း အဖြစ် Due Arisara လန် အဖြစ် Namwan Raknapak ဖာယူ အဖြစ် Toomtam Yuttana လီအို အဖြစ် New Chaiyapol ဇာတ်လမ်းအကျဉ်း တတိယကမ္ဘာစစ်အပြီး ကမ္ဘာတစ်ဝန်းမှာ နိုင်သူရှုံးသူရယ်မရှိပဲ စစ်ပွဲရဲ့အကြွင်းအကျန် လူတစ်စုပဲကျန်ခဲ့တဲ့အချိန်ကိုရောက်လာခဲ့တယ် နည်းပညာခေတ်ထက် လျင်သူစား သန်မာသူအနိုင်ရပြီး အားနည်းသူက သားကောင်ဖြစ်ရတဲ့ အမှောင်ခေတ်ကို ပြန်ရောက်လာခဲ့တယ် ဘယ်အသိုင်းအဝိုင်းမှာမဆို အုပ်ချုပ်သူရှိနေသလို အမှောင်ခေတ်ရဲ့အုပ်ချုပ်သူ ဘော့စ်ရှိနေပေမယ့် မျက်နှာမမြင်ဖူးခဲ့ကြပါဘူး ရိုးရာဓလေ့ကစားပွဲတစ်ခုကို နှစ်စဉ်ကျင်းပပြီး အနိုင်ရသူက ဆုကြေးငွေတွေအပြင်ဘော့စ်နဲ့ပါတွေ့ခွင့်ရမှာပေါ့ ကစားပွဲက ကလေးတွေကစားတဲ့ ရိုးရာကစားနည်းတွေကို ဆန်းသစ်ထားတာဖြစ်ပြီး ရှုံးတဲ့သူကသေမှာပါ ဒီကစားပွဲနဲ့ညစ်နွမ်းတဲ့အသိုင်းအဝိုင်းကိုဖယ်ချဖို့ ဘော့စ်ကိုဖယ်ရှားချင်နေတဲ့ ဖဲလ်... အကြောင်းအရင်းတစ်ခုကြောင့် ဖဲလ်ကိုကာကွယ်ပေးချင်နေတဲ့ လန်... ငယ်စဉ်ကအရောင်းစားခံရပြီး နှိပ်စက်ခံရလို့ မိန်းမပျက်တစ်ယောက်လိုနေလာတဲ့ အိုင်းရင်း... သူတို့သုံးယောက် ဒီကစားပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လာချိန်မှာ အနိုင်ရရှိသူက ဘယ်သူဖြစ်မလဲ ဘော့စ်ကရော ဘယ်သူလဲ လျင်သူစားစတမ်းဖြစ်နေတဲ့ လောကမှာ ဓမ္မက အဓမ္မကိုနိုင်နိုင်မှာလားဆိုတာဒီဇာတ်လမ်းမှာ ဆက်ကြည့်ရှုရအောင်ပါ ။ File Size__(1.9GB) / (1GB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:44:00 Type__Adult, Action Subtitle__Myanmar Subtitle (Hardsub) Translated by Kyi Nue Zin Encoded by Naing Aung Latt

Comedy • Romance
2 2021 107 mins
Dark World
King Kong
6.9

King Kong (2005) ~ IMDb - 7.2/10, Rotten Tomatoes - 84% ~ Directed By "Peter Jackson" " It was Beauty killed the Beast. " ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။ နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ခဏလောက်တော့ တိတ်သွားကြတယ်။ ခဏနေတော့ ခုနဖြေခဲ့တဲ့လူကပဲ "သိသိမသိသိ ဘာအရေးလဲကွာ တိုက်လေယာဉ်စာမိသွားတာပဲမလား" လို့ပြောပြီး လှည့်ထွက်သွားတယ်။ အသိရခက်တဲ့မျက်နှာနဲ့ လူတစ်ယောက်ကတော့ "တိုက်လေယာဉ်ကြောင့်မဟုတ်ဘူး အလှတရားက သူ့ကို သတ်သွားတာ" လို့ ပြောရင်း ဆက်မကြည့်ချင်တော့သလို သူလည်း လှည့်ထွက်သွားခဲ့တယ်။ တချို့ကတော့ ကဗျာဟာ ဉာဏ်မမီသူတွေအတွက် မဟုတ်ဘူးလို့ ပြောကြတယ်။ တစ်ချို့ကတော့ လက်မခံကြဘူး။ အဲဒီဉာဏ်မီမမီဆိုတာကို ဘယ်လိုသတ်မှတ်ကြလဲဆိုတာနဲ့တင် တော်တော်အငြင်းပွားစရာဖြစ်နေပါပြီ။ ဒီထက်သေချာတာတစ်ခုတော့ရှိတယ်။ အချစ်ဟာ ဘာကြီးလို့ ဘယ်လိုပဲပြောပြော ဉာဏ်နည်းတဲ့လူတွေအတွက်တော့ မဟုတ်ဘူး။ အဲဒီဉာဏ်နည်းမနည်းဆိုတာလည်း သိခြင်းတတ်ခြင်းတွေနဲ့ မဆိုင်ဘူး။ ဘာနဲ့ဆိုင်လဲ မေးလာရင်လည်း ဖြေစရာတော့မရှိဘူး။ အိမ်ပြန်ချိန်တိုင်း လှနေမယ့် နေဝင်ချိန်တစ်ခုတော့ ရှိနေလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား ဘယ်လောက်ထိ ငေးခဲ့ဖူးပြီလဲ။ King Kong လို့ဆိုလိုက်ရင် မသိတဲ့လူမရှိခဲ့လောက်အောင် ကင်းကောင်ဟာ နာမည်ကျော်တဲ့ကာရိုက်တာတစ်ခုပါပဲ။ ၁၉၃၃မှာ သူ့ကို ပိတ်ကားပြင်ထက် စအသက်သွင်းပြီးချိန်ကစလို့ ဒီနေ့ထက်ထိတိုင်အောင်ပဲ ဇာတ်လမ်းအမျိုးမျိုးနဲ့ ပြန်ရိုက်ကြတဲ့အထိကို အောင်မြင်ခဲ့တယ်။ ဒီ 2005 ရဲ့ King Kong ကို ရိုက်တဲ့သူကတော့ ပီတာဂျက်ဆန်ပါ။ ပီတာဂျက်ဆန်ဆိုတဲ့လူကိုတော့ အားလုံးသိကြမှာပါ။ The Lord of the Rings နဲ့ The Hobbit အတွဲလိုက်ကြီးနဲ့ Fantasy Genre မှာ မှတ်တမ်းရေးထိုးခဲ့သူပါ။ သူနဲ့ ဒီကင်းကောင်က တော်တော်လည်း ရေစက်ပါပါတယ်။ ၁၉၃၃ မူရင်း ကင်းကောင်ကားကို သူစကြည့်တဲ့အချိန်မှာ ကိုးနှစ်သားပီတာဂျက်ဆန်လေးဟာ ကင်းကောင်ကြီး အင်ပါယာစတိတ်က ပြုတ်ကျတဲ့အခန်းမှာ မျက်ရည်လည်ရွှဲဖြစ်ခဲ့ရဖူးတယ်။ အသက်၁၂နှစ်မှာတော့ သူ့မိဘတွေရဲ့ကင်မရာကိုသုံးပြီး ဒီကားကိုပြန်ရိုက်ဖို့ ကြိုးစားကြည့်ဖူးတယ်။ ၁၉၃၃ ကင်းကောင်ကို ရိုက်တဲ့အကြောင်းစာအုပ်တွေဖတ်ခဲ့သလို အမှတ်တရပစ္စည်းတွေလည်း ဝယ်ခဲ့တယ်။ သူရိုက်ခဲ့တဲ့ Braindead မှာလည်း Skull Island ကို Zombie Plague ရဲ့ ရင်းမြစ်နေရာအဖြစ် Tribute ခဲ့ဖူးတယ်။ ဒီကားကိုလည်း သူ LoTR နဲ့ ယှဉ်ရွေးရင်း လက်လွှတ်ခဲ့ရဖူးတယ်။ အမှန်ဆို ဒီကားက ၁၉၉၈ကတည်းက ထွက်ဖို့လုပ်ခဲ့တယ်။ အဲဒီတုန်းကသာဆို ပီတာဂျက်ဆန်ကြီးလည်း ရိုက်ခွင့်မရနိုင်တော့သလို အဲဒီတုန်းကရိုက်ဖြစ်ခဲ့ရင်လည်း LoTR တွေရိုက်ပြီး အထာနပ်နေတဲ့ ပီတာဂျက်ဆန်ရဲ့ အခုလက်ရာလောက် ကောင်းမယ်တော့မထင်လှဘူး။ ဒါလည်းကံပါပဲ။ ကင်းကောင်ကိုချစ်ခဲ့တဲ့ ပီတာဂျက်ဆန်လက်ထဲ ကင်းကောင်ဟာ ကံသီစွာနဲ့ပဲ အချိန်ကိုက်အခါကိုက်ရောက်လာခဲ့တယ်။ ကင်းကောင်ဟာ ရုပ်ရှင်သမိုင်းရဲ့ အထင်ကရဇာတ်ကောင်တစ်ကောင်ဖြစ်နေသလို၊ ကင်းကောင်ရုပ်ရှင်တွေဟာ သမိုင်းမှာ အခမ်းနားဆုံးရုပ်ရှင်တွေဖြစ်ခဲ့ဖူးသလို ပီတာဂျက်ဆန်ကလည်း အဲဒီခမ်းနားမှုကို မလျော့စေဘဲ လှလှပပရိုက်သွားခဲ့တယ်။ "တစ်ခုခုကို ကိုယ်တကယ်ချစ်ရင် စကြဝဠာကြီးက ကိုယ့်လက်ထဲရောက်အောင်ပို့ပေးလိမ့်မယ်" ဆိုတဲ့ စကားဟောင်းတစ်ခုတောင် အမှတ်ရမိပါ‌သေးရဲ့။ ဒီလိုနဲ့ ကင်းကောင်ဟာ ပီတာဂျက်ဆန်လက်ထဲ လှပစွာ ရောက်ရှိလာခဲ့တယ်။ ပီတာဂျက်ဆန်ကလည်း ကင်းကောင်ကို အားလုံးဆီ လှပစွာ ပြန်ပို့နိုင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 5,03GB, 3.14GB Quality - 1080p HEVC, 720p IMDb Rating - 7.2/10 Format - mkv, mp4 Duration - 3H 7Min Genre - Action, Adventure, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Ka Naung

Drama • Sci-Fi & Fantasy
6.9 2005 187 mins
King Kong
The Fix-It Man
5.5

The Fix-It Man (2022) ================= လူတစ်ယောက်ရှိတယ်။ မတော်မတည့်ကံကြမ္မာက ကျီစယ်လို့ နေရင်း ထိုင်ရင်း အလောင်းတစ်လောင်းကို အိမ်သယ်လာရတယ်။ ဘယ်လိုကံ ကြမ္မာအကျိုးပေးရယ်မသိ အလောင်းကိုအသုံးချပြီးလုပ်လို့ရတဲ့ စီးပွား ရေးဂွင်ကောင်းကိုပါ ထပ်တွေ့တယ်။ ဒါပေမဲ့ သူ့ကိုယ်ကျင့်တရားကြောင့် မြှောက်ပေးတဲ့သူကိုပါမာန်မဲပြီး မလုပ်ဘူးငြင်းလွှတ်လိုက်တယ်။ တစ်နေ့တော့ အဲဒီလူ အချစ်နဲ့တွေ့တယ်။ အဲ့အချစ်ဒုက္ခရောက်တော့ သူ့ကိုယ်ကျင့်တရားအရ ငြင်းပယ်ထားတဲ့အလုပ်ကို လုပ်ဖို့ဆုံးဖြတ်လိုက် တယ်။ သူ့ဘေးမှာ‌အပေါင်းအသင်းတွေရှိတယ်။ မိတ်ဆွေစစ်ကတစ်ယောက် တည်း။ မိသားစုကတစ်ယောက်တည်း။ ကံကြမ္မာက ထပ်လှည့်စားပြန်တယ်။ နောက်ဆုံးမှာ သူဖွတ်ဖွတ်ကြေအောင် လောကဓံထောင်းတာခံလိုက်ရတယ်။ ဒါပေမဲ့ ကံကြမ္မာကြီးက သနားသွားဟန်တူရဲ့။ သူ့ကိုထပ်ပြီးမြှောက်စားပြန်တယ်။ ဒီလိုနဲ့ ဒီဇာတ်လမ်းဖြစ်လာတယ်ပေါ့လေ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2.1 GB) / (750 MB) / (500 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 35Mins Subtitle………..Myanmar Hardsub Format…………MP4 Translator…….Ngwe Zin Encoder……….SWM

5.5 2022 113 mins
The Fix-It Man
Akasha Veedullo
7.8

Aakasa Veedhullo (2022) IMDb 7.8/10 မောင်လေးနဲ့မမဇာတ်လမ်းကြိုက် ပရိတ်သတ်ကြီးတွေအတွက် စောင်ကိုက်ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးလာပါပြီရှင် မင်းသမီးချောလေးPujita Ponnada ပါဝင်သရုပ်ဆောင်ထားပြီး Rating အပျံ့စားနဲ့ရိုမန့်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဆစ်ဒူးကတော့ ဂီတကိုရူးသွပ်တဲ့လူ ဂီတလောကထဲဝင်ရောက်ဖို့ အရာရာပစ်ချခဲ့ပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့လူပေါ့ သီချင်းတွေကလည်းတစ်ပုဒ်ဆို တစ်ပုဒ်အလျောက်.. လူငယ်တွေအတွက်တော့ သူက Rock Star သူ့ပွဲတွေတိုင်း လူတွေကြိတ်ကြိတ်တိုးတဲ့အထိ နာမည်ကြီးပါတယ် ဒါပေမဲ့ သူဒီအလုပ်ကနားလိုက်တာ ၄နှစ်တောင်ရှိနေပါပြီတဲ့ ဒါကဘာလို့များလဲ… သူ့အချစ်ရေးကိုပြောရရင်လည်း မမနဲ့စတွေ့ပုံက ဆေးလိပ်မသောက်တတ်သောက်တတ်နဲ့ စမ်းသောက်တဲ့၂၂နှစ်အရွယ်ဆစ်‌ဒူးကို ၂၅နှစ်မမက သင်ပေးတာကစပါတယ် မိုးမမြင်လေမမြင်ချစ်ကြတဲ့ ဒီ မနဲ့မောင်အတွဲလေးရော ကြာရှည်ခံပါ့မလား ဆစ်ဒူးတစ်ယောက် သူ့ရဲ့ဂီတလောကထဲကိုပြန်သွားနိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းရေးသားသူကတော့ Yunniဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni~BpL~YH~Aditiတို့ပဲဖြစ်ပါတယ်)

Action • Comedy • Crime
7.8 2022
Akasha Veedullo
The Shamrock Spitfire

ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတော်ဝင်လေတပ်မှာ အသက် ၂၁ နှစ်နဲ့ အသက်အငယ်ဆုံး ဒုတိယဗိုလ်မှူးကြီးအဖြစ် သမိုင်းဝင်ခဲ့တဲ့ တိုက်လေယာဉ်မှူး အိုင်ယာလန်နိုင်ငံသားလေး ဘရက်ဒန်ရဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားက ဆုပေါင်း ၅၂ ဆုနဲ့ nomination ၇ ဆုဝင်ထားတာပါ။ ဇာတ်လမ်းနာမည်က Shamrock ဆိုတာက အိုင်ယာလန်နိုင်ငံသားတွေရဲ့ သင်္ကေတ အရွက်၃ရွက်ပါ ရှန်မ်ရော့ခ်သစ်ရွက်လေးကို ညွှန်းဆိုတာဖြစ်ပြီး Spitfire ဆိုတာကတော့ ဒုတိယကမ္ဘာစစ်အတွင်း နာမည်ကျော်ခဲ့တဲ့ ဗြိတိန်တိုက်လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်ရဲ့ အင်ဂျင်က မြင်းကောင်ရေအား ၁၀၄၀ အားရှိပြီး Rolls Royce မာလင်အင်ဂျင်ဖြစ်ကာ တစ်နာရီကို အမြင့်ဆုံး ၃၇၄ မိုင်နဲ့ ပေ ၃၇၀၀၀ လောက်အထိကို ပျံသန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဖေက အိုင်ယာလန်ဖြစ်ပြီး အမေ အင်္ဂလိပ်လူမျိုးက မွေးဖွားလာတဲ့ ဘရက်ဒန် ဖီနူကန်လေးက ငယ်စဉ်ကတည်းက ပျံသန်းလိုစိတ်ပြင်းပြသူလေးပါ။ အသက်အရွယ်ရောက်လာတော့ တော်ဝင်လေတပ်ရဲ့ လူသစ်ခေါ်စာကိုတွေ့ပြီး အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ရာမှာ အခက်အခဲအတားဆီးတွေကြားက တပ်စုခေါင်းဆောင်၊ တပ်စုခေါင်းဆောင်ကနေ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ရောက်ရှိအောင် ဘယ်လိုတက်လှမ်းခဲ့ရသလဲ၊ ဘယ်လိုအခက်အခဲ အတားအဆီးတွေဖြတ်ကျော်ခဲ့ရလဲဆိုတဲ့ အိုင်ယာလန်နိုင်ငံသား Spitfire လေယာဉ်မှူးလေးရဲ့ ဘဝ အနိမ့်အမြင့် အတက်အကျတွေကို ရှုစားကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(1.1 GB)/(547 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…War , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2024
The Shamrock Spitfire
Lost in Perfection
6

အလုပ်လုပ်ရာမှာအရမ်းစေ့စပ်သေချာပြီးနာမည်ကြီးသတင်းထောက်ဖြစ်တဲ့ ဟွမ်လိမေဟာ လူတိုင်းကလေးစားအားကျ အတုယူနေတဲ့သတင်းထောက်တစ်ယောက်ပါ မကြာခင်မှာသွားအထူးကုဆရာဝန်နဲ့လက်ထပ်တော့မယ့်သူပေါ့ ဒီလိုနဲ့တစ်နေ့ရာထူးတိုးအိမ်ပြန်လာတဲ့အချိန် အိမ်မှာ အဖေဖြစ်သူကတစ်တိုက်တည်းနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ချင်ကြောင်းပြောလာခဲ့တယ်။ ဟွမ်လိမေကတော့ မိထွေးဖြစ်သူကို အစတည်းကမကြည်ခဲ့ပါဘူး တစ်နေ့မှာတော့လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့လို့ သတင်းထောက်ပီပီ သတင်းစုံစမ်းရာကနေ သေဆုံးသူက သူ့မိထွေးဖြစ်လာမယ့်သူ ဟယ်ရိူ့လန်နဲ့ ပတ်သက်နေတာသိလိုက်ရတယ်။ ဟယ်ရိူ့လန်ဆိုသူကတော့ငယ်ရွယ်စဉ်မှာ ဆင်းရဲတဲ့မိသားစုကနေမွေးပြီး အနှိပ်ခန်းမှာအနှိပ်နှိပ်ပေးရင်း ခန္ဓာကိုယ်ရောင်းစားလေ့ရှိတဲ့အမျိုးသမီးပေါ့။ သူနဲ့ပတ်သက်တဲ့ လူမှန်သမျှမီးဖိုကထွက်တဲ့မီးသွေးငွေ့နဲ့ အသက်ရူကျပ် အဆုံးစီရင်ပြီးကိုယ့်ကိုယ် သတ်သေသွားကြတယ်။ ဒါကိုဟွမ်လိမေ အပါအဝင်မီဒီယာအကုန်လုံး တစ်နိုင်ငံလုံးက ဟယ်ရိူ့လန့်တစ်ယောက် ယောကျ်ားတွေကိုချူစားပြီးသတ်ပစ်တဲ့အသားစားဘီးလူးမလို့ နာမည်တွင်ကြတာပေါ့။ဟွမ်လိမေကလည်း အဖေဖြစ်သူအသတ်ခံရမှာစိုးလို့ရဲစခန်းနဲ့ပေါင်းပြီး ဟယ်ရိူ့လန်ကိုထောင်ချရန် အမှုဖော်ထုတ်ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ဟွမ်လိမေ တစ်ယောက်ထောင်ကျသွားတဲ့အချိန်မှာပဲ ဟွမ်လိမေတစ်ယောက် သူ့အဖေအေးချမ်းနေလို့ရပြီ ထင်ထားခဲ့ပေမဲ့ သူ့အဖေကောအဖွားပါ သေဆုံးသွားရာကနေ သူ့အဖေသေဆုံးရတဲ့အကြောင်း သတင်းပေးပို့လာတဲ့အခါမှာဟွမ်လိမေတစ်ယောက် ဘယ်လိုတွေဆက်လုပ်ကြမလဲ။ သူ့အဖေကကော ဘာကြောင့်များ သေဆုံးရတာလဲ ဟယ်ရိူ့လန်ကကောဘာကြောင့် သူနဲ့ပတ်သက်ခဲ့ဖူးတဲ့လူတွေအကုန်လုံးသေဆုံးတဲ့အချိန် တူညီတဲ့နည်းလမ်းအတိုင်းသုံးထားရတာလဲ။တရားခံကကော စတဲ့မေးခွန်းထုတ်စရာတွေကို ဒီဇာတ်လမ်းလေးထဲမှာစောင့်မျှော်ကြည့်ရူလိုက်ရအောင်

Science Fiction • Action • Adventure • Animation • Crime • Drama • Fantasy • Thriller
6 2023
Lost in Perfection
Daybreakers
6.5

Daybreakers (2009) IMDB: 6.4 Rotten Tomatoes: 69% Metacritic: 57% Daybreakers (2009) ကတော့ ဗန်ပိုင်းယားကားကိုမှ ခပ်ဆန်းဆန်းလေးရိုက်ထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။ မင်းသားတွေကလည်း တော်တော်လေးပြီးပြည့်စုံတာမလို့ ကြည့်ရတန်တဲ့ ဇာတ်လမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း : အနာဂတ်မှာ လူသားတွေကပ်ဆိုက်လာတာကြောင့် လူတွေဟာဗန်ပိုင်းယားအဖြစ်သို့ ဆေးထိုးပြီးပြောင်းလဲခဲ့ပါတယ်။ သွေးသောက်၊ အသက်ရှည်တာကလွဲရင် ကျန်တာလူနဲ့အတူတူပဲဖြစ်ပါတယ်။ ဗန်ပိုင်းယားကြီးစိုးတဲ့ ကမ္ဘာထဲ လူသားတွေဟာ ပုန်းပြီးနေထိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း လူသားတွေမျိုးသုန်းလာတာနဲ့အမျှ သွေးဟာလည်းရှားပါးလာပါတယ်။ အဲဒါကြောင့် သွေးအစားထိုးလုပ်ဖို့အတွက် ဒေါက်တာအက်ဒ်ဝေါ့ဒ် ဦးဆောင်တဲ့ အဖွဲ့ဟာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ တစ်ရက် အက်ဒ်ဝေါ့ဒ်တစ်ယောက် ညဘက်ကားမောင်းပြီး ပြန်နေတုန်း လူသားတွေမောင်းလာတဲ့ ကားတစ်စီးကိုဝင်တိုက်ခဲ့ပါတယ်။ အဲကစလို့ အက်ဒ်ဝေါ့ဒ်ရဲ့ဘဝဟာလည်း တစ်စစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။ ဘာတွေပြောင်းလဲပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ခံစားကြည့်လိုက်ကြပါ။ အက်ဒ်ဝေါ့ဒ်အဖြစ် အချစ်တော်မင်းသား (ယောက်ခမကြီး) Ethan Hawke လိုင်ယွန်နယ်အဖြစ် မင်းသားကြီး Willem Dafoe မစ္စတာဘရွန်လေအဖြစ် မင်းသား Sam Neill တို့က အားဖြည့်သရုပ်ဆောင်ထားကြပါတယ်။ File size… 4.2 GB / 1.3 GB / 615 MB Quality… WEB-DL 4K HEVC / 1080p / 720p Format… mkv / mp4 Duration…. 1h 38m Genre ….. Action / Horror / Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

6.5 2009
Daybreakers
Bucha
6.1

ဒီဇာတ်ကားက ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ************** ဒီဇာတ်ကားက ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ကိုစတီယာ ဆိုတဲ့ ကာဂျစ်စတန်သားဟာ ယူကရိန်းနိုင်ငံ ဘူချာမြို့မှာ ဒုက္ခသည်အနေနဲ့ နေထိုင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်လာတဲ့အခါ လူပေါင်းများစွာ ဒုက္ခရောက်ကြရတာကို သူ့အနေနဲ့ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတယ်။ ကိုစတီယာဟာ ကြောက်ကြောက်နဲ့ ရှေ့ဆက်တိုးတဲ့ သတ္တိရှိသူတို့ရဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ယူကရိန်းနိုင်ငံသားပေါင်း ၂၀၀ ကျော်ကို စစ်ဘေးသင့်နေရာတွေကနေ သူ့ရဲ့ ကာဂျစ်စတန် မှတ်ပုံတင်နံပါတ်ကို သုံးပြီး ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ စစ်ရဲ့ အနိဌာရုံတွေကို ပြသပေးရုံမက ကိုစတီယာရဲ့ ရဲရင့်မှုကိုလည်း ပြသပေးပါတယ်။ ဒီဇာတ်ကားထဲက ဒိုင်ယာလော့တွေကိုတော့ ကျွန်တော်တို့အနေနဲ့ ဆက်စပ်ခံစား ကြည့်လို့ ရမှာ အသေချာပါပဲ။ ( အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်။ ) File size… (1.48GB) / (861MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 58m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6.1 2024 118 mins
Bucha
The Most Beautiful Girl in the World
6.1

The Most Beautiful Girl in the World (2025) ******************************************* WinTV ရုပ်သံလိုင်းရဲ့ တစ်ဦးတည်းသောအမွေဆက်ခံသူ ရူဘန်ဟာ အရမ်းကို ပွေရှုပ်တတ်တဲ့ ပလေးဘွိုင်းလေးတစ်ယောက်ပေါ့။ သူဟာ သူ့အဖေနဲ့လည်း မျက်နှာချင်းဆိုင်လိုက်တာနဲ့ ရန်ပွဲဆိုတာလိုဖြစ်နေပြီး အမေဖြစ်သူကလည်း သူနဲ့သူ့အဖေကို ထားကာ ထွက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ရူဘန့်အဖေဟာ ရုတ်တရက်ကြီး ကွယ်လွန်သွားခဲ့ပါတယ်။ သူ့အဖေရဲ့ သေတမ်းစာမှာတော့ ရူဘန်တစ်ယောက် ၆လအတွင်းမှာ ကမ္ဘာပေါ်က အလှဆုံးမိန်းကလေးနဲ့ လက်ထပ်နိုင်မှ ပိုင်ဆိုင်မှုတွေအကုန်လုံးကို ရမယ်ဆိုတာပါပဲ။ ဒီအတွက်နဲ့ ရူဘန်တစ်ယောက် မိန်းမရှာပုံတော် ထွက်ရပါတယ်။ ရုပ်သံလိုင်းရဲ့ ကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးဆိုတဲ့ မော်ဒယ်ရှိုးကို အထူးစီစဥ်အနေနဲ့ ရူဘန်ရဲ့ ဇနီးလောင်းရှာဖွေပွဲကြီးအဖြစ်‌ ပြောင်းလဲလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ရူဘန်တစ်ယောက် ၆လအတွင်း မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်နိုင်ပါ့မလား .. ရူဘန်ရဲ့ ဘဝ အချစ်ခရီးလမ်းက ဘယ်လိုတွေ ကြုံတွေ့လာရမလဲ … ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဟာသလေးတွေနှောပြီး ကြည့်ရှုရမဲ့ အချစ်ရိုမန့်ဟာသ ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…1.52GB / 674MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 03m Genre ….. Romance, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by AHtet

6.1 2025 122 mins
The Most Beautiful Girl in the World
Flat Girls
7.2

ရဲတိုက်ခန်းတွဲမှာနေထိုင်တဲ့ အန်းနဲ့ ဂျိန်းဆိုတဲ့ ကောင်မလေးနှစ်ယောက်ဟာ အရမ်းကို ခင်မင်ရင်းနှီးပြီး ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ မိဘတွေက ရဲဝန်ထမ်းတွေ ဖြစ်တာကြောင့်နဲ့ ရဲတိုက်ခန်းတွဲမှာ နေထိုင်ခွင့်ရနေတာဖြစ်ပြီး အန်းနဲ့ ဂျိန်းဟာ တခြား သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်။ ဂျိန်းရဲ့ မိဘတွေကတော့ ရဲတိုက်ခန်းတွဲမှာ အချမ်းသာဆုံးဆိုပြီး လူတွေက သတ်မှတ်ထားကြပေမဲ့ အန်းတို့ကတော့ ငွေကြေးမပြည့်စုံခဲ့ကြပါဘူး။ သိုပေမဲ့လည်း အန်းနဲ့ ဂျိန်းတိုရဲ့ ခင်မင်မှုကတော့ ချစ်ချစ်ခင်ခင်ရှိမြဲပါပဲ။ တစ်နေ့မှာတော့ အန်းနဲ့ ဂျိန်းတိုနှစ်ယောက်ကြားထဲကို တုန်ဆိုတဲ့ ရဲတစ်ယောက် ရောက်ရှိလာရာကနေ သူတို့နှစ်ယောက် ဘဝအတွက် အရေးပါတဲ့သူတစ်ယောက်ဖြစ်လို့လာခဲ့ပါတယ်။ ဒီလိုနဲ့ အန်း, ဂျိန်းနဲ့ တုန်တို့ရဲ့ ဘဝတွေ ဘယ်လို ဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ မိသားစုအခြေအနေ , ငွေရေးကြေးရေး, လူငယ်ဘဝ ချစ်ခြင်းမေတ္တာအကြောင်းတွေနဲ့ ဘဝတွေရဲ့ ကြီးပြင်းမှု ပုံစံတွေကိုပါ မြင်တွေ့နိုင်မဲ့ ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:10:00 Genre… Coming-of-Age, Teen Drama, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by CharOu,Mary,DaoPhyo & Trady

Drama • Romance
7.2 2025 130 mins
Flat Girls