YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Century of Love S01E07 720p CM.mp4

283.77 MB 720p video/mp4 56 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Invisible Woman
5.9

Charles Dickens (ချားလ်စ် ဒစ်ကန်စ်)ဆိုတာနဲ့ အင်္ဂလန် ဗစ်တိုးရီးယားခေတ်ရဲ့ဂန္တ၀င်စာရေးဆရာကြီးကိုမြင်မိကြမှာပါပဲ။ သူ့ရဲ့၀တ္ထု ပြဇာတ်တွေ ဇာတ်ကောင်တွေဟာအသက်၀င်လွန်း လှပလွန်းလို့ကိုပဲအင်္ဂလိပ်စာ‌ပေလောကမှာယခုချိန်ထိ ချီးကျုးခံနေရဆဲပါ။ ဒါကတော့ ချားလ်စ်ရဲ့ဘ၀ထဲကိုဝင်ရောက်လာခဲ့တဲ့ အယ်လန် တာနန်ဆိုတဲ့ တက်သစ်စပြဇာတ်မင်းသမီးလေးတယောက်နဲ့သူ့ရဲ့အကြောင်းပေါ့ လှလည်းလှ သူ့ရဲ့ကမ္ဘာကြီးပေါ်အမြင်ကိုလည်းမြင်တာသာမက သူ့အပေါ်ကိုလည်းသူမတူ‌အောင်မြင်နိုင်သလို သူ့ရဲ့စာအုပ်တွေကိုလည်း ချစ်တဲ့ဒီကောင်မလေးကိုမှသူကချစ်မိသွားပြီ။ မပျော်ရွှင်ရတဲ့အိမ်ထောင်ရှိပြီး သားချားလ်စ်အတွက်ကတော့ ဒီကောင်မလေးနဲ့ပေါင်းစပ်ရဖို့ဆိုတာ သူ့ရဲ့၀တ္ထုတွေထဲကလိုမျိုးပဲ အတားအဆီးတွေ အစဉ်အလာတွေ ပတ်၀န်းကျင်ကအနှောင့်အယှက်တွေပေါများလွန်းလှပါတယ်။ ချားလ်စ်က်ုလည်းတစစနဲ့ချစ်မိသွားတဲ့အယ်လန် တဖြစ်လဲ နယ်လီကလည်း ဒီလိုလူမျိုးကိုမှချစ်မိသွားပြီ။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းတပုဒ် ဟာဘာတွေဆက်ဖြစ်လာမှာလဲ။ ၀တ္ထုတွေထဲကလိုပဲ အပြင်မှာရော အချစ်ဆိုတာကသိမ်မွေ့နူးညံ့နေမှာလား ခက်ခဲကြမ်းတမ်းနေရမှာလား။ သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းဟာအဆုံးမှာဘယ်လိုနိဂုံးချုပ်မလဲ ဆိုတာကိုဒီ classical အချစ်ဒရာမာကား‌လေးမှာခံစားကြည့်ရှုပေးကြပါဦးခင်ဗျာ။ File size…1.11GB / 413MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 51m Genre ..... Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Comedy • Drama • Fantasy
5.9 2013 111 mins
The Invisible Woman
Blue Velvet
7.6

‘Blue Velvet’ ဆိုတာ တကယ်တော့ တစ်ခေတ်တစ်ခါက အရမ်းကိုနာမည်ကြီးခဲ့တဲ့ Bobby Vintonရဲ့ သီချင်းတစ်ပုဒ်ပါ။ ဒါရိုက်တာအတွက် ဒီရုပ်ရှင်ရေးဖို့ စိတ်ကူးရချိန်တုန်းက ခံစားရတဲ့ mood တစ်ခုဖြစ်တဲ့အပြင် ရုပ်ရှင်ထဲမှာပါ ဒီသီချင်းကို အဓိက နေရာက ထည့်သုံးထားတာမို့ ရုပ်ရှင်နာမည်ဖြစ်လာခဲ့တာပါ။ Surrealism နဲ့ neo-noir film တို့ရဲ့ ဘိုးအေကြီး David Lynch ရဲ့ လက်ရာတစ်ခုဖြစ်ပြီး ၁၉၈၆ ရဲ့ အကောင်းဆုံးရုပ်ရှင်လို့ ဝေဖန်ရေး ဆရာတွေက သတ်မှတ်ခဲ့ကြပါတယ်။ လင့်ချ်ဘိုးတော်နဲ့ ပတ်သတ်ရင် အဝေးပြေးလမ်းမကြီးပေါ် အခြေခံထားတဲ့ ရုပ်ရှင်ကိုတောင် “Straight Story” လား “Lost Highway” လားဆိုတာမျိုး အရသာက သိသိသာသာကွဲမှာမို့ ဒီကားဟာတော့ ဒုတိယတစ်မျိုးထဲကလို့ ကြိုပြောထားချင်ပါတယ်။ Mulholland Drive ကြိုက်တဲ့သူတွေ အတွက်လည်း အံကိုက်ပါပဲ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဖခင်ဖြစ်သူ ရုတ်တရက် လေဖြတ်သွားလို့ နယ်မြို့လေးကို ပြန်လာတဲ့ ကောလိပ်ကျောင်းသားလေး တစ်ယာက် နားရွက်ပြတ်တစ်ဖက်ကို ကောက်ရပြီးနောက်ပိုင်း သူ့ရဲ့ စူးစမ်း လိုစိတ်ကြောင့် လျှို့ဝှက်နက်နဲမှုတွေထဲ တစ်စတစ်စကျွံဝင်သွားရင်း သူ မမြင်ယောင်ကြည့်ဖူးတဲ့ ကမ္ဘာတစ်ခုစီ ဦးတည်သွားမိသွားတဲ့အကြောင်းပါ…။ တကယ်တမ်းတွေးကြည့်ရင်တော့ 'Blue Velvet' ဆိုတာ ဖရိုဖရဲဖြစ်နေတဲ့ လောကကြီးပါပဲ။ အပြစ်ကင်းသလိုလို အေးချမ်းနေတဲ့ အမေရိကန် မြို့ငယ်လေးရဲ့ အမှောင်ခြမ်းဥပစာပေါ့။ ဒီကားမှာ ယစ်မူးစေတဲ့ ပြင်းပြင်း ထန်ထန် လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုကို ပေါ်ပေါ်တင်တင် သရုပ်ဖော်သွားပြီး အမှတ်သင်္ကေတ (Symbolism) တွေလည်း အများကြီး သုံးထားပါတယ်။ Blue Velvet ဟာ အမေရိကန် surrealism ရုပ်ရှင်တွေရဲ့ အကောင်းဆုံး သာဓကအနေနဲ့ရော ၈၀ပြည့်နှစ်တွေရဲ့ ကောင်းဆုံး ရုပ်ရှင်တစ်ခုအနေနဲ့ရော သတ်မှတ်ခံထားရပေမယ့်လည်း တစ်ချိန်တည်းမှာ တစ်ချို့သော အမေရိကန် ဝေဖန်ရေးဆရာတွေကတော့ လိင်ကိစ္စနဲ့ အကြမ်းဖက်မှုတွေကို ခပ်စိပ်စိပ် ချဉ်းကပ်ထားတာမို့ အနုပညာလက်ရာအဖြစ်ကနေ ယုတ်လျော့သွားတယ်လို့ ဆိုကြပြန်ပါတယ်။ ဘယ်လောက်ရယ်ရလဲဆို တစ်ချို့ဆို ညစ်ညမ်းကား လို့တောင် သမုတ်ခဲ့ကြပါသေးတယ် တဲ့။ ကြိုက်/မကြိုက်ကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ့်အရာမို့ ဒေါင်းကြည့်လိုက်ကြပါဦးနော့်.. ဒီထဲမှာ သီချင်း ကောင်းတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါသမို့ လုံးဝတန်မယ်ဆိုတာတော့ လုံးဝ အာမခံပါတယ်။ File size…1.63GB / 678MB Quality…Blu-Ray 1080P 5.1CH  / 720p Format…mp4 Duration….2h Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Z

Action • Animation • Science Fiction
7.6 1986 120 mins
Blue Velvet
Selena Gomez: My Mind & Me
8.2

Selena Gomez ဆိုတဲ့ ကောင်မလေးဟာ ကျွန်တော်တို့ ကလေးဘဝတည်းက Disney ဇာတ်လမ်းတွေ သီချင်းတွေမှာ တောက်လျှောက်မြင်တွေ့ခဲ့ရပြီး ဖန်သားပြင်ကနေလည်း ပျောက်မသွားသူဆိုတော့ ကျွန်တော်တို့နဲ့ အတူတကွကြီးပြင်းလာခဲ့ရသလိုပါပဲ။ အနုပညာအလုပ်တွေဟာ စိတ်ဖိစီးမှုများတယ်၊ အလွန်ပင်ပန်းတယ်ဆိုတာ ကျွန်တော်တို့ ခဏခဏမြင်‌နေကြားနေကျပါ။ ဒီတော့ ကလေးလေးဘဝတည်းက အနုပညာရှင်ဖြစ်လာသူ Selenaအတွက်ရော စိတ်ပင်ပန်းမှုတွေ ဘယ်လောက်ရှိနေပြီလဲ။ Selenaဟာ အသက်၇နှစ်တည်းက အလုပ်တွေမရပ်မနား လုပ်ခဲ့ရပါတယ်။ အသက်၂၀ကျော်အရွယ် Selena အအောင်မြင်ဆုံးအချိန်မှာပဲ အချစ်ရေးလွန်ဆွဲမှုဟာ သတင်းသမားများရဲ့ ထိုးနှက်စရာဖြစ်လာပါတယ်။ ဘယ်သွားသွားဘာလုပ်လုပ် လူပုံအလယ်မှာ ဒီအကြောင်းတွေချည်း အက်ကြောင်းထပ် အမေးခံရတာပါပဲ။ တကယ်တမ်း ကျွန်တော်တို့တွေ အနုပညာရှင်တစ်ယောက် သူတို့အနုပညာလက်ရာတွေကို သဘောကျလို့ အားပေးရာမှာ သူတို့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေကိုရော ဝင်ရောက်စွက်ဖက်ခွင့် ရှိပါရဲ့လား။ ရောဂါရဲ့နှိပ်စက်မှုတွေ၊ သတင်းသမားတွေရဲ့ ထိုးနှက်မှုတွေ အစရှိသဖြင့် နေရာပေါင်းစုံကဖိအားတွေနဲ့ပေါ့။ ဒီလိုနဲ့ ကောင်မလေးအအောင်မြင်ဆုံးဖြစ်နေချိန်မှာ မှောင်အတိပြီးတဲ့ ချောက်နက်ထဲကို ကျသွားပါတယ်။ ဒီကောင်မလေးဟာ အလင်းတန်းလေးကို ပြန်လည်တွေ့ရှိဖို့ ခြောက်နှစ်ကြာခဲ့ပါတယ်။ ဒီ Documentary လေးဟာ ဒီအလင်းတန်းကို ပြန်လည်ရှာဖွေဖို့ ကြိုးပမ်းမှုတွေ၊ သူ့စိတ်အခြေအနေတွေကို အဓိကပုံဖော်ထားပါတယ်။ သင်ဟာ Selenaရဲ့ ပရိတ်သတ်တစ်ယောက်မဟုတ်ရင်တောင် စိတ်ရဲ့အေးချမ်းမှုကို ရှာဖွေတွေ့ရှိဖို့ ကြိုးစားနေရသူဆိုရင် ဒီ Documentaryကိုကြည့်ဖို့ တိုက်တွန်းပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Jane ပါ။) File Size          : 2GB, 742MB, 388MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 35mins Genre              : Biography, Documentary Translated by Jane Encoded by Kinnov

Drama • History
8.2 2022 95 mins
Selena Gomez: My Mind & Me
Girl in the Picture
7.3

~ IMDb - 7.3/10, Rotten Tomatoes - 95% ~ ခင်ဗျား ကြားဖူးတယ်မလား။ လက်တွေ့ဟာ စိတ်ကူးယဉ်ထက် ပိုဆန်းကြယ်သတဲ့။ ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် အများကြီးပိုဆန်းကျယ်တဲ့ ဖြစ်ရပ်မှန် ဒိုကူမန်ထရီဇာတ်လမ်းပါပဲ။ 1990 ခုနှစ်မှာ မိန်းကလေးတစ်ယောက် ကားတိုက်ခံရပြီး ဆုံးသွားတယ်။ ဆရာဝန်တွေ စစ်ကြည့်တော့ သူ့ကိုယ်မှာ ကားတိုက်ခံရတာအပြင် တခြားအနာပေါင်းသောင်းခြောက်ထောင် ရှိနေခဲ့တယ်။ ရဲတွေက သွေးရိုးသွေးသား မဟုတ်ဘူးလို့ ယူဆပြီး စုံစမ်းစစ်ဆေးခဲ့ကြတယ်။ ကောင်မလေးရဲ့ ယောက်ျားနဲ့ ကောင်မလေးအလုပ်လုပ်တဲ့နေရာကို စစစ်တော့ ကောင်မလေးယောက်ျားက ကောင်မလေးထက် အသက်နှစ်ပြန်လောက်ကြီးတဲ့ အဘိုးကြီးဖြစ်ပြီး ကောင်မလေးအလုပ်လုပ်တဲ့နေရာက အဖော်အချွတ်ကလပ်ဖြစ်နေခဲ့တယ်။ ဒီကောင်မလေးနဲ့ပတ်သက်သမျှ ဘာတစ်ခုမှ သွေးရိုးသားရိုး သာမန်ဖြစ်မနေခဲ့...။ ဒီလိုနဲ့ ဆက်စုံစမ်းကြည့်တော့ ဒီမြို့မှာ သူတို့ကို လင်မယားအဖြစ်သိထားကြပေမဲ့ နောက်တစ်မြို့မှာ သားအဖအဖြစ်သိထားကြတာပါ သိလိုက်ရတယ်။ ထူးခြားဆန်းကြယ်စွာပဲ ကိုယ့်သမီးကို ကိုယ်လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ရုံသာမက ယူပါယူထားခဲ့တယ်။ သူတို့ရပြီးမွေးထားတဲ့ သားလေးတစ်ယောက်လည်းရှိနေပြန်တယ်။ ငွေရဖို့လည်း ယောက်ျားတကာနဲ့အိပ်ခိုင်းခဲ့တယ်။ ဒီလိုအရှုပ်အထွေးတွေကြားမှာ ခက်ခဲစွာ ရှင်သန်ခဲ့ရတဲ့ ကောင်မလေးဟာ ဘာလို့ သေသွားလဲ၊ အဖေဖြစ်ပြီး ဘာလို့ဒီလိုတွေလုပ်လဲဆိုတာကို ရဲတွေနှိုက်နှိုက်ချွတ်ချွတ်ရှာရင်း မယုံနိုင်စရာကောင်းတာတွေကိုပါ ဆက်သိလာရတဲ့ ဖြစ်ရပ်မှန် ဒိုကူမန်ထရီပါ။ ဒိုကူမန်ထရီပေမဲ့ ပေါ့ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ ဟောလိဝုဒ်ရဲ့ အစဉ်အလာကြီးတဲ့ ရုပ်ရှင်သတင်းစာ Variety က ဒီရုပ်ရှင်အကြောင်း ဆောင်းပါးရှည်ကြီးတစ်ခုတ်တရရေးခဲ့သလို Rating တွေလည်းကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒိုကူမန်ထရီသာပြောတယ်၊ twist တွေများလိုက်တာ ဆိုပြီး ဩချရတဲ့ ဇာတ်လမ်းလည်းဟုတ်ပါတယ်။ ဒိုကူမန်ထရီဆိုပေမဲ့ ပုံမှန် thriller ကားတွေထက်တောင် ပိုကြည့်ကောင်းနေတဲ့ ရှားပါးဇာတ်လမ်းပါပဲ။ အသက်၂၀မှာ သေသွားခဲ့ရတဲ့၊ ဖအေက မယားလုပ်ပေါင်းခံခဲ့ရတဲ့ ဒီဖြစ်ရပ်မှန် ဇာတ်လမ်းထဲက ကောင်မလေးဟာ စိတ်ကောင်းအပြည့်ရှိပြီး ဉာဏ်လည်းကောင်းတဲ့ အဆင့်မြင့်အင်ဂျင်နီယာဘာသာရပ်ကိုတောင် စကော်လာရထားတဲ့ အင်ဂျင်နီယာဖြစ်ဖို့ အိပ်မက်မက်နေတဲ့ ဆယ်ကျော်သက်မလေးပါပဲ။ ရုပ်လေးကလည်း အမှတ်တမဲ့ကြည့်ရင် Carey Mulligan လား ထင်ရတဲ့အထိ ‌ချောပါတယ်။ ခြောက်ပြစ်ကင်းနေတဲ့ ဒီကောင်မလေးရဲ့ နတ်ဆိုးလှောင်အိမ်ထဲက ဆယ်စုနှစ်တစ်ခုကျော်ကို ရင်မောစရာကောင်းအောင်ကို ဒီဒိုကူမန်ထရီဟာ ရိုက်ပြသွားပါတယ်။ ဒိုကူမန်ထရီပေမဲ့ ကလေးမုဒိန်းကောင်တစ်ကောင်ရဲ့အကြောင်းပါ ပါနေတာမို့ မိသားစုနဲ့မကြည့်သင့်ပါဘူး။ ဒိုကူမန်ထရီကြည့်ရပျင်းတဲ့လူတွေတောင် ကြည့်သင့်တဲ့၊ ဒိုကူမန်ထရီကိုမှ မှုခင်းကား အငွေ့အသက်အပြည့်ရနေတဲ့ ထူးခြားတဲ့ ဒိုကူမန်ထရီမို့ ကြုံရခဲတာမို့ ကြည့်ကြစေချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 744MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 41Min Genre - Documentary, Crime, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama • Thriller
7.3 2022 101 mins
Girl in the Picture
Haunted Universities 2nd Semester
4.3

တက္ကသိုလ်တွေတိုင်းမှာ ကြောက်မက်ဖွယ်ရာ သရဲပုံပြင်တွေရှိကြသလို ဒီဇာတ်လမ်းမှာလည်း ကျောင်းသူကျောင်းသားတွေကြားမှာ ပြောလေ့ရှိတဲ့ သရဲဇာတ်လမ်းသုံးခုကို တင်ဆက်ထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ Haunted Universities ရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပြီး သရဲတွေကို ​ကျောင်းတက်ရင်းမြင်နေရတဲ့ သူငယ်ချင်းနှစ်ယောက်၊ အထိမ်းအမှတ်နေ့မှာမှ သေဆုံးခဲ့ရပြီး စိတ်စွဲနေခဲ့တဲ့ဆေးကျောင်းသားလေး နဲ့ ကျောင်းမပြီးခဲ့လို့သေသွားခဲ့တဲ့စီနီယာ၊ နှလုံးဖောက်ပြီးသေဆုံးခဲ့ရတဲ့ ဆရာမ၊ ကချေသည်သရဲဆိုတဲ့ ရာဇဝင်တွေရှိတဲ့ အဆောက်အဦးဟောင်းကြီး အစရှိတဲ့သရဲပုံပြင်တွေထဲက ကြောက်မက်ဖွက်ရာသရဲဝိဥာဥ်တွေရဲ့ စွဲလမ်းမှုတွေကို ကြောက်စရာ သနားစရာအပြင် ဟာသနှောပြီးရိုက်ကူးတင်ဆက်ထားတဲ့ "Haunted Universities 2nd Semester" ကို ကြည့်ရှူကြရအောင် ။ ထျန် အဖြစ် James Teeradon တျန် အဖြစ် Nana Sawanya မေ ဆာအဖြစ် Music Praewa တိုင် အဖြစ် Care Panisara ဂေါပ့် အဖြစ် Kit Krit မင် အဖြစ် Belle Kemisara ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) File Size__(2.1GB) / (1GB) Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__02:10:00 Type__Comedy, Horror, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Thriller • War
4.3 2022 130 mins
Haunted Universities 2nd Semester
Strange Talk About Heishiling

အားလုံးပဲ သိုင်းကားတွေအချစ်ကားတွေ မှုခင်းကားတွေပဲကြည့်ပြီး ရိုးအီနေကြလောက်ရောပေါ့ ဒီတစ်ခါတော့ CMကနေသရဲကားကောင်းကောင်းလေးကို တင်ဆက်ပေးသွားမှာပါ ပဟေဠိပေါင်းစုံ စကားပုံပေါင်းစုံနဲ့ ဟယ်ရှီလင်မြိုကလေး ပိုပြီး လူသိများတာက တော့ ဟယ်ရှီလင်မြိုရဲ့နာကြည်းချက်မြစ်ပါပဲ အဲ့မြစ်နာမည်ဘယ်လိုဖြစ်ပေါ်လာရလဲဆိုရင် အငြိုးအာဃာတ မကျေနပ်ချက် နာကြည်းချက်တွေနဲ့ သေဆုံးရသူတွေဟာ မကျွတ်မလွတ်ဘဲ အဲ့မြစ်မှာသရဲတစ္ဆေသွားဖြစ်ကြလိုပါပဲ လတိုင်းရဲ့၁၅ရက်နေ့မြောက်ရောက်ရင် မှော်ဆရာတွေဟာ အဲ့မြစ်ကိုသွားပြီးဝိဉာဥ်ဆင့်ခေါ်ကာ လူပြန်ဝင်စားဖို အာဃာတတွေလွှတ်ချဖို လုပ် ဆောင်ပေးရပါတယ် မလုပ်ဆောင်ပေးနိုင်ဘဲ စိတ်ဆိုးအောင်လုပ်မိရင်တော့ ဟယ်ရှီလင်တစ်ရွာလုံး ဘေးဒုက္ခဆိုးကြီးကျရောက်ပြီး လူတွေသေကြေကြရမှာပါ ဒီဇာတ်လမ်းထဲမှာလည်းအစပြုထားတာက ရွှအခေါင်းဆိုင်ကအလုပ်သမား ကျိုးလော့ဟန်ပျောက်ဆုံးရာကနေစတင်ခဲ့တာပါ သူက လျိုအိမ်တော်ကလူနှစ်ယောက်သေဆုံးချိန်ရှိသောလူ သူမိန်းမသေဆုံးပြီးပျောက်သွားသောလူဖြစ်တာကြောင့် စုံထောက်လျိုကဒီကိစ္စကိုစုံစမ်းဖို ဟယ်ရှီလင်ရွာရောက်လာပါတော့တယ် အယုံအကြည်မရှိတဲ့လူက ဘယ်လိုဖြစ်ရပ်ဆန်းတွေ ကြုံတွေ့ရမလဲ? တကယ့်တရားခံကရော ဘယ်သူလဲ? ဒီကိစ္စကိုရော ကိုင်တွယ်နိုင်ပါ့မလား?ဆိုတာ ဇာတ်လမ်းလေးထဲ ရင်တဖိုဖိုနဲ့ ကြည့်ကြရအောင်နော် [ Reviewed By Kong Hou ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

0 2022 73 mins
Strange Talk About Heishiling
The Good Lie
7.4

ဆူဒန်ပြည်တွင်းစစ်တုန်းအတွင်းမှာ Mamere တို့ရွာလေးဟာမီးရှို့ဖျက်ဆီးခံရပြီး မိဘတွေလည်းအသတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် Mamere တို့ညီအစ်ကိုမောင်နှမတစ်သိုက်ဟာ အားမလျော့ဘဲ ဘေးကင်းရာကိုထွက်ပြေးခဲ့ရပါတယ်။ လမ်းခရီးမှာလည်း ဒုက္ခတွေကြုံခဲ့ရအပြီးမှာတော့ နောက်ဆုံးမှာကင်ညာနိုင်ငံဒုက္ခသည်စခန်းကိုရောက်ခဲ့ပါတယ်။ စခန်းမှာနှစ်အတန်ကြာနေခဲ့ပြီးနောက်မှာ Mamere တို့မောင်နှမတွေ အမေရိကမှာခိုလှုံခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် လူနေမှုအဆင့်အတန်းနဲ့ ယဉ်ကျေးမှုကွာခြားလှတဲ့ တိုင်းပြည်မှာ အခြေချနိုင်ဖို့ Mamere တို့အတွက်မလွယ်ကူခဲ့ပါဘူး။ မိသားစုစိတ်ဓာတ်၊စွန့်လွှတ်အနစ်နာခံမှုတွေကိုဖော်ကျုးထားတဲ့ ဇာတ်ကားလေးပါ။ File size…(1.9GB)/(944MB)/(657 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre…Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Horror • Comedy
7.4 2014
The Good Lie
Navigating Christmas
6.6

Navigating Christmas (2023) ခရစ္စမတ်လည်းနီးလာတာနဲ့အမျှ နှင်း​တွေနဲ့အတူ တဖွဲဖွဲထွက်ရှိလာတဲ့ Holiday Movie ​တွေထဲကမှ ဇာတ်အိမ်​လေးလည်း​ကောင်း ကြည်နူးစရာလည်း​ကောင်းတဲ့ မိသားစုဒရာမာကား​ကောင်း​လေး Navigating Christmas ကို ညွှန်းလိုက်ပါတယ်ခင်ဗျာ။ ~ ဇာတ်လမ်းအညွှန်း ~ မိဘနှစ်ဦး ကွာရှင်းထားလို့ စိတ်ညစ်​​နေတဲ့ ​ဂျေဆန်ဆိုတဲ့ သား​လူပျို​​လေးအတွက် ခရစ္စမတ်​အားလပ်ရက်မှာ အချိန်​ပေး​ပျော်ရွှင်​အောင်လုပ်​ပေးဖို့ စီစဥ်​နေတဲ့ မယ်လန်နီတစ်​ယောက် အပန်း​ဖြေခရီး​နေရာကို စိန့်နီကိုးလတ်ကျွန်းကိုသွားဖို့ ဆုံးဖြတ်မိရာက​နေ ကျွန်းရဲ့ မီးပြတိုက်ကို တာဝန်ယူဖို့ပါ ရုတ်တရက်ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဖခင်ဆုံးသွားပြီးကတည်းက ကျွန်းက​နေထွက်ခွာသွားပြီး ရုတ်တရက် ကျွန်းကိုပြန်​ရောက်လာတဲ့ မီးပြတိုက်ပိုင်ရှင် ပီတာဆန်ဒါဆမ်တစ်​ယောက် မယ်လန်နီနဲ့​တွေ့ဆုံပြီး သူတို့နှစ်ဦးကြား အချစ်ပန်း​တွေ​ပေါက်ဖွားလာတာ​တွေ… ကျွန်းရဲ့ ခရစ္စမတ်ဓ​လေ့​တွေ ကျွန်းပေါ်က လူ​တွေအတွက် ခရစ္စမတ်​နေ့ဟာ အ​ရေးပါပုံ​တွေကို ကြည်ကြည်နူးနူး ​ပျော်​ပျော်ရွှင်ရွှင်ပုံစံ​လေးနဲ့ ရိုက်ပြထား​တာ​ကြောင့် တကယ်ကိုကြည့်လို့​ကောင်းတဲ့ ခရစ္စမတ်ကား​ကောင်း​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 665MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 35Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Action • Thriller
6.6 2023
Navigating Christmas
My Week with Marilyn
6.9

My Week with Marilyn (2011) ~ IMDb – 6.9/10, Rotten Tomatoes – 83% ~ ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ဇာတ်ကောင်၂ကောင်ကတော့ မွန်ရိုးနဲ့ ဆာလောရန့်ပါပဲ။ မွန်ရိုးဘယ်သူလဲတော့ ဘယ်သူမှ ရေခင်းပြစရာမလိုပါဘူး။ ဆာလောရန့်ကလည်း ခေသူတော့မဟုတ်ပါဘူး။ အော်စကာလေးဆုနဲ့ တခြား ရွှေကမ္ဘာလုံးဆုတွေ ဘာတွေ အစုံရထားဖူးတဲ့ဘဲပါ။ သူယူထားတဲ့မိန်းမဆိုလည်း လေရူးသုန်သုန်ရုပ်ရှင်ထဲက မင်းသမီး Vivien Leigh… ဆာလောရန့်က ဒါရိုက်တာလုပ် မင်းသားလည်းလုပ်ပြီး The Prince and the Showgirl ကို ရိုက်ဖို့လုပ်တယ်။ မာရီလင်မွန်ရိုးနဲ့ဆို အရာရာအဆင်ပြေမယ်လို့ သူမျှော်လင့်ခဲ့တာပေါ့။ တကယ်တမ်းကျ မွန်ရိုးနဲ့ ရိုက်ကာမှပဲ သူ့ဆီမှာ ခေါင်းအစားဆုံးအခြေအနေတွေဖြစ်လာတယ်။ ဇာတ်အရတော့ မာရီလင်မွန်ရိုးကို အဲဒီခေတ်ကတည်းက အခမ်းနားဆုံးမင်းသမီးလို့ လက်ခံထားကြပြီးသား၊ ဒါပေမဲ့ ခေတ်တစ်ခေတ်ရဲ့ အခမ်းနားဆုံး မင်းသမီးဖြစ်နေပေမဲ့လည်း မာရီလင်မွန်ရိုးမှာ မိန်းမဆန်တဲ့စိတ်က အပြည့်ရှိနေတယ်။ အားငယ်တတ် သံသယများတတ် အချစ်ခံချင် မျက်ရည်လွယ် စိတ်ဓာတ်ကျလွယ် စိတ်ပျော်လွယ် ဆိုတဲ့ အချက်တွေလို့ပဲ ယေဘုယျထားပါတော့…။ သာမန်မိန်းမတစ်ယောက်အတွက်တောင် ဒီအရာတွေက သူ့စိတ်ကို ဒုက္ခပေးနိုင်တဲ့ နှုန်းမြင့်တယ်။ မာရီလွန်မွန်ရိုးဟာ သူ့ခေတ်ရဲ့ ဟိုးထိပ်ဆုံးကလူဖြစ်သလို လုပ်နေတဲ့အလုပ်ကလည်း မြင့်တက်ဖို့ခက်ပေမဲ့ ပြုတ်ကျဖို့လွယ်တဲ့ သရုပ်ဆောင်အလုပ်။ ဒီအလုပ်နဲ့ ဒီလောက်မိန်းမဆန်ခြင်း အပြည့်ရှိနေတဲ့ မာရီလင်မွန်ရိုး ဘယ်လောက်တောင် ဒုက္ခများမလဲ တွေးကြည့်လို့ရတယ်။ ဆာလောရန့်အတွက်လည်း ဒုက္ခတော်တော်များခဲ့တယ်။ သူက ဒါရိုက်တာဆိုတော့ ရိုက်ကွင်းထဲ မင်းသမီးလုပ်သမျှတွေက သူ့ကိုရိုက်ခတ်နေတာကိုး။ အားလုံးကတော့ မာရီလင်မွန်ရိုးကို စတားဆိုတဲ့ စိတ်နဲ့ ခွင့်လွှတ်ပေးလို့ရနေပေမဲ့ ဆာလောရန့်ကိုယ်တိုင်ကလည်း သူ့ခေတ်ရဲ့စတားဆိုတော့ မာနတော့ရှိသေးတယ်။ ဒီတော့ မွန်ရိုးအပေါ် သူက ခက်ထန်တယ်။ အဲဒီလိုခက်ထန်လေ မွန်ရိုးဘက်က အခြေအနေပိုဆိုးလာလေနဲ့ ရုပ်ရှင်ရိုက်ဖို့က တော်တော်လေး ဂျာအေးသူ့အမေရိုက်နေခဲ့တယ်။ ဒီလိုနဲ့ ဆာလောရန့်ခန့်ထားတဲ့ တတိယလက်ထောက်ဒါရိုက်တာ ကောလင်းက ဒီနှစ်ယောက်ကြား ပေါင်းကူးပေးဖို့ဖြစ်လာတယ်။ သူက ဒီ၂ယောက်ကြားက အခြေအနေကို ကောင်းကောင်းနားလည်သလို မွန်ရိုးကိုလည်း ချစ်မိသွားတဲ့လူဆိုတော့ သူက မွန်ရိုးကို ကောင်းကောင်းနားလည်ပေးပြီး ပေါင်းကူးပေးနိုင်ခဲ့တယ်။ စိတ်ပျော့တဲ့ မွန်ရိုးနဲ့ ခုမှ လူလားစမြောက်တဲ့ သူနဲ့ကြားလည်း အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ မာရီလင်မွန်ရိုးဟာ သူ့အချစ်ဦးဖြစ်လာခဲ့တယ်။ ဒီဇာတ်လမ်းဟာ မွန်ရိုးတို့ဘက်ကိုကြည့်ရင် ဟောလိဝုဒ်ရဲ့ သမိုင်းကို ပြန်လွမ်းမောရယ့် ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ တစ်ခေတ်တစ်ခါက စတားတွေအများကြီးရဲ့ စရိုက်တွေ ခံယူချက်တွေ အချိုးအကွေ့တွေကို မြင်ရမယ့် ရုပ်ရှင်ပေါ့။ တကယ်လို့သာ ခင်ဗျား ကောလင်းဘက်က ကြည့်ခဲ့ရင်တော့ ဒီဇာတ်လမ်းဟာ လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဦးဇာတ်လမ်းတစ်ပုဒ်ပဲ။ အချစ်ဦးဇာတ်လမ်းတွေဆိုတာ အမြဲဆိုသလို နာကျင်ဖွယ် ချိုမြိန်ခြင်းများအတိနဲ့ ကဗျာတွေပဲ။ ပြောရရင် ဒီဇာတ်လမ်းဟာ နာကျင်ဖွယ် ချိုမြိန်ခြင်းများအကြောင်းပါပဲ။ သူ့ရဲ့မွန်ရိုးတမ်းချင်းလို့ ပြောလည်းရတယ်။ ဒီရုပ်ရှင်ရဲ့ စီနီမာတိုဂရပ်ဖာ Ben Smithardက ၂၀၂၀တုန်းက အန်သိုနီဟော့ကင်းမင်းသားဆုရသွားပြီး ဇာတ်ညွှန်းဆုပါရသွားတဲ့ The Father ရဲ့ စီနီမာတိုဂရပ်ဖာဖြစ်တယ်။ Primetime Emmy Award for Outstanding Cinematography ဆုလည်းရဖူးတယ်။ သရုပ်ဆောင်တွေကလည်း ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ သေချာကျွမ်းဝင်တဲ့လူတွေ ထိတ်ထိတ်ကြဲတွေလို့ လက်ခံပြီးသားလူတွေချည်း။ မွန်ရိုးနေရာက Michelle Williams… မနှစ်က Blonde ထဲက မွန်ရိုးထက် သူ့မွန်ရိုးက ပိုသာတာတော့ သေချာတယ်။ ဒါလည်း ထည့်ပြောစရာမလိုပါဘူး။ မစ်ချဲလ်ဝီလီယမ် ဘယ်သူလဲ သိတဲ့လူတွေ မပြောလည်း သိကြမယ့်အချက်ပဲ။ ပြီးတော့ Eddie Redmayne… သူ့ကိုတော့ The Theory of Everything တို့၊ The Danish Girl တို့နဲ့ အားလုံးသိကြမှာပဲ။ သရုပ်ဆောင်စကေးကလည်း ပြောပြဖို့မလိုနေဘူး။ နောက် အခုဆို ဟာကျူလီပွာရိုတွေချည်း ဆက်တိုက်ရိုက်နေတဲ့ Kenneth Branagh, ဂျိမ်းစဘွန်းထဲက M တစ်ဖြစ်လဲ မင်းသမီးကြီး Judi Dench, နောက် အင်္ဂလန်ရဲ့ကျက်သရေဆောင် Emma Watson… ဒီထဲမှာမှ မစ်ချဲလ်နဲ့ ကန်းနက်တို့က အော်စကာမှာ မင်းသမီးဆုနဲ့ ဇာတ်ပို့ဆု အသီးသီးဆန်ခါတင်ဝင်ခဲ့ကြတယ်။ ထုတ်ထားတဲ့ ဘဲကလည်း လက်ရှိဟောလိဝုဒ်ရဲ့ နာမည်အပျက်ဆုံးလူလို့ ပြောလို့ရတဲ့ အဲဒီပျက်တဲ့နာမည်နဲ့ မလိုက်အောင်ဘဲ သူထုတ်တဲ့ ကားမှန်သမျှ ဂေါ်ထွက်နေတဲ့ ဟာဗေးဝင်းစတိန်း။ အဘက်ဘက်ကတော့ သူ့နည်းသူ့ဟန်နဲ့ ဟုတ်နေတာပါပဲ။ ကြည့်ဖို့မကြည့်ဖို့ကတော့ ခင်ဗျားတို့အလုပ်ပေါ့။ ————————————————— မာရီလင် မွန်ရိုးသို့ တမ်းချင်း “ဆင်းရဲခြင်းက ဒုက္ခ“တဲ့။ နီလာရောင် ရေချိုးခန်း “ပဲရစ်”ရေမွှေး ဖျန်းထားသော ပန်းခြံ မရန်းရောင် ရှမ်ပိန်၊ ရေခဲစိမ် “မာတနီ” ငွေခြည်ရောင် ရေခဲသေတ္တာတို့ ကြားမှာ အဆိပ်သောက် သေဆုံးသွားသော ဟောလိဝုဒ်၏ ကြယ်ပွင့်အပြာ အို၊ မာရီလင် မွန်ရိုး။ “ချမ်းသာခြင်းမှာ ဘာဒုက္ခများ တွေ့ခဲ့လဲ“။ ။ ~ သုခမိန်လှိုင် (ဂျွန်လ၏ မိုးရေများ – ၁၉၇၀) ————————————————— (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 730MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 39Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.9 2011
My Week with Marilyn
War Blade

Director Nicholas Winter ရဲ့ 2024 စစ်ကားအသစ်လေးပါ။ အခြားစစ်ကားတွေလို စစ်တိုက်တာတွေ စစ်ပွဲအသုံးအဆောင်တွေကို ကျယ်ကျယ်ပြန့်ပြန့်မပြထားပဲ ဇာတ်ကောင်နည်းနည်းနဲ့ ဇာတ်ကြောင်းက ကျစ်ကျစ်လစ်လစ်လေးရှိပါတယ်။ ဇာတ်ကြောင်းကတော့ ဘန့်စ်‌ဆိုတဲ့အေးဂျင့်တစ်ယောက် နာဇီကတုတ်ကျင်းတစ်ခုကနေ ပြင်သစ်တော်လှန်ရေးသမားတစ်ယောက်ကို ကယ်တင်ရမယ့်တာ၀န်ပေးခံရတော့ သူဘယ်လိုကယ်တင်မလဲဆိုတာလေးပါပဲ။ ရိုးရိုးလေးပေမယ့် ဇာတ်ကောင်တွေက ပြန့်ကားမနေပဲ စစ်ကားကြိုက်တဲ့သူတွေရော စစ်တိုက်နေတာချည်းပဲ မကြည့်ချင်တဲ့သူတွေရောအတွက်ရော အပျင်းပြေကြည့်ပျော်ပါတယ်။ File size…(1.5 GB)/(918 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…War, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Bambi

0 2024
War Blade
Bonds Will Be Broken
5.7

Bonds Will Be Broken (2024) ***************************** 2024 မှာထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်လမ်းအသစ်တစ်ခုဖြစ်ပြီး ဒါရိုက်တာ Paula Elle ရိုက်ကူးကာ သရုပ်ဆောင်များဖြစ်ကြတဲ့ Emily Tennant, Greyston Holt, Andrew Fransic, Natalie Sharp တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ညီမဖြစ်သူ Nina တစ်ယောက် White Light လို့ခေါ်တဲ့ cult တစ်ခုထဲ ရောက်သွားပြီး အဆက်အသွယ်ပြတ်သွားတာကြောင့် အစ်မဖြစ်သူ Ginny Budd တစ်ယောက် အဆိုပါ cult ထဲ ဝင်ဖို့အတွက် အယုံလွယ်တဲ့ ဥပဒေကျောင်းဆင်း Anna အဖြစ်ဟန်ဆောင်ပြီး cult ထဲဝင်နိုင်ဖို့ ဒေါ်လာ သုံးရာပေးရတဲ့ အတန်းတက်တာကစလို့ အဆင့်ဆင့်ကျော်ဖြတ်ရပါတော့တယ်။ Cult ထဲအောင်အောင်မြင်မြင်ရောက်သွားတဲ့အခါ သူ့ညီမကို သူ့ဆန္ဒအတိုင်း ကယ်ထုတ်နိုင်မလားဆိုတာကိုတော့….. (အညွှန်းကို Aerin မှ ရေးသားထားပါတယ်) File size…1.62GB / 544MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 29m Genre ….. Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Aerin Encoded by AHtet

Drama • History
5.7 2024 89 mins
Bonds Will Be Broken
Tekka
6.4

Tekka 2024 ကောက်ရိုးတစ်မျှင် IMdb 6.4/10 လောကကြီးက တစ်ခါတလေ အရာရာကိုစွန့်လွှတ်ဖို့ တွန်းအားပေးလာချိန်မှာ ဆင်ခြင်တုံတရားကို အမှောင်ဖုံးလို့ လုပ်မိလုပ်ရာ ကောက်ရိုးတစ်မျှင်ကို ဆွဲမိတတ်ကြပါသတဲ့။ လူ့အဆင့်အတန်းရဲ့ အောက်ဆုံးအလွှာက ဒေါသအိုး သန့်ရှင်းရေးသမားလေးအစ်လက်ခ်တစ်ယောက် အထက်လူကြီးတွေရဲ့ သက်သက်မဲ့စော်ကားမှုတွေကို ဒေါသနဲ့တန်ပြန်မိတဲ့အတွက် အလုပ်ပြုတ်သွားတော့တာပေါ့။ အဲဒါနဲ့ပဲ အိမ်ကိုပြန်ရောက်လာတော့ သားဖြစ်သူကလည်း ကျောင်းလခမပေးနိုင်လို့ ကျောင်းထုတ်ခံလိုက်ရတဲ့အဖြစ်ဆိုးကို ရင်ဝကိုဆောင့်ကန်လိုက်သလိုပါပဲ။ စိတ်ပျက်နာကျည်းမှုတွေနဲ့ အထက်တန်းလွှာတွေရဲ့ နင်းပြားဘဝကို စိတ်ကုန်နေတဲ့ အစ်လက်ခ်တစ်ယောက် သူ့ရဲ့ရုံးအဆောက်အဦထဲမှာ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲတဲ့အထိ ဖြစ်သွားပါတော့တယ်။ ဒီတော့ ACP မာယာတို့လည်း အစ်လက်ခ်ဆီကနေ ကလေးမလေးကိုကယ်ဖို့ ညှိနှိုင်းမှုလုပ်ဖို့လာရာကနေ အစ်လက်ခ်ရဲ့တောင်းဆိုမှုက ငွေမဟုတ်ဘဲ သူ့ရဲ့သန့်ရှင်းရေးအလုပ်ပဲဆိုတာကို သိလိုက်ရတာဖြစ်လို့ အားလုံး အဆင်ပြေလုဆဲဆဲမှာပဲ သမီးကိုကယ်ဖို့ ဘာမဆိုလုပ်ဖို့ အသင့်ဖြစ်နေတဲ့ ကလေးမလေးရဲ့အမေ ပူဂျာကလည်း အစ်လက်ခ်ကိုခြိမ်းခြောက်ဖို့ သူ့သားကိုပါ ပြန်ပေးဆွဲထားတာကို သိလိုက်ရချိန်မှာတော့… ဖခင်မေတ္တာနဲ့ မိခင်မေတ္တာရဲ့ အားပြိုင်မှုကြားမှာ ဒီကလေးနှစ်ယောက် မြေစာပင်မဖြစ်ရေးအတွက် ACP မာယာတို့အရာရှိတစ်သိုက် ဘယ်လိုတွေကြိုးစားသွားကြမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

6.4 2024 130 mins
Tekka
Bonus Trip
5.8

Jackie Chan နဲ့ Chris Tucker တို့ Tommy Lee Jones နဲ့ Will Smith တို့ The Rock နဲ့ Kevin Hart တို့လိုမျိုး မင်းသားနှစ်ယောက်ပေါင်းပြီး အကောင်းဆုံးချပြခဲ့တဲ့ အက်ရှင်ဟာသရုပ်ရှင်တွေကိုသဘောကျတဲ့သူတွေအတွက် အသစ်ထွက်ရှိထားတဲ့ Bonus Trip ဆိုတဲ့ဇာတ်ကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့အရမ်းကြီးနာမည်ကြီးပြီးထောက်ပြ စရာလိုတဲ့လူတွေတော့မပါကြပေမဲ့ ဥရောပမှာ အချိန်ပေးပြီး ဘက်ဂျက်ကောင်းကောင်းနဲ့သေချာရိုက်ကူးထားတာမျိုး ဖြစ်တဲ့အတွက် ကြည့်ရအဆင်ပြေတဲ့ နောက်ထပ်နှစ်ယောက် ပေါင်းလောင်းကျော် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ နှစ်ယောက်ပေါင်းလောင်းကျော်ထဲက ပထမဆုံးတစ်ယောက်ကိုတွေ့ရမှာဖြစ်ပြီး သူ့နာမည်ကတော့ မာရှယ်ဖြစ်ပါတယ်။မာရှယ်ရဲ့တာဝန်ကတော့ ဉာဏ်ရည်ပိုင်ဆိုင်မှု ပစ္စည်းဖြစ်တဲ့ သီချင်းတို့ ရုပ်ရှင်တို့ကို ခိုးကူးပြီးပြန်ဖြန့်တာတို့ ပြန်သုံးစွဲတာတို့လုပ်တဲ့လူတွေကို လိုက်စုံစမ်းရတဲ့အရာရှိ တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမယ့်သူ့အတွက် အဲ့လိုအလုပ်ကြီးကအရမ်းပျင်းစရာကောင်းပြီး သူကိုယ်တိုင်ကလှုပ်လှုပ်ရှားရှားအက်ရှင်ဘ၀ကိုကြိုက်တဲ့သူဖြစ်တဲ့ အတွက် တာဝန်ပေးလိုက်တိုင်း ခုတ်ရာတခြားရှရာတလွဲအမြဲတမ်း ဖြစ်နေသူဖြစ်ပါတယ်။အဲ့လိုအလွဲတွေလုပ်နေပေမဲ့လည်း သူ့အထက် အရာရှိသူငယ်ချင်းရဲ့ တူဖြစ်နေတဲ့အတွက် ဘာမှလုပ်မရတော့ ခေါင်းခဲနေရာကနေ ဥရောပမှာ ခိုးကူးအမှုကိုသွားစုံစမ်းဖို့ တခြားဌာနက အရာရှိတစ်ယောက်နဲ့အတူတာဝန်ပေးလိုက်ပါတော့တယ်။ နောက်တစ်ယောက်ကလည်းသူနဲ့နည်းတူ Youtuber တလွဲဆရာကြီး ဖြစ်တဲ့အတွက် နှစ်ယောက်လုံးငါ့လက်ကလွတ်ဗြွတ်ဆိုပြီး ဥရောပကို လွှတ်လိုက်ရာကနေမှ ခိုးကူးကိစ္စထက်ပိုဆိုးတဲ့ ရာဇဝတ်မှုတွေနဲ့ သွားပတ်သတ်မိတဲ့အခါမှာတော့ ဆရာကြီး ၂ ယောက်သားဘယ်လိုတွေ တလွဲတွေလုပ်ပြီး ဘယ်လိုအမှုတွေကိုဖြေရှင်းသွားဦးမလဲဆိုတာကို ရှုစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.99 GB) / (1.03 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 53m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

TV Movie • Comedy • Romance
5.8 2024 80 mins
Bonus Trip
Woods of Ash
4

Woods of Ash (2025) တောကြီးတောင်ကြီးထဲမှာ ဆီးတွေဝမ်းတွေဘာတွေသွားချင်ရင် ခွင့်တောင်းပြီးမှ သွားရတယ်.. တောခြောက်ရင် ဝင်္ကပါကြီးတစ်ခုထဲကို ရောက်သွားသလိုမျိုးပဲ လွတ်လမ်းမရှိဘူး.. သစ်ပင် ပန်းမန်တွေ သစ်ကိုင်းတွေအပေါ်မှာ ရုက္ခစိုးနတ်တွေ နေတယ် နာနာဘာဝသရဲတွေနေကြတယ်.. တောထဲတောင်ထဲတွေမှာ ပါးစပ်တွေ လက်တွေမသရမ်းရဘူး.. မဟုတ်ရင် နတ်ကိုင်လိမ့်မယ် စသဖြင့်ကြားဖူးကြလောက်မှာပါ.. ဒီရုပ်ရှင်ဟာလည်း ဒီလို ဆိုရိုးတွေ ကြားစကားတွေအပေါ်ကို မူတည်ပြီး ဖန်တီးထားတဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့် Thriller အမျိုးအစားကို ကြိုက်ကြသူတို့အဖို့ အပေါ်စီးရိုက်ချက်ကောင်းများစွာနဲ့ သဘာဝပတ်ဝန်းကျင် သစ်ပင်ပန်းမန်တွေရဲ့အလှအပတွေကိုပေါ်လွင်အောင်တင်ပြထားတာကို အရသာရှိစွာခံစားကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size… (1.8 GB) / (920 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:34:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Yamone

Thriller • Horror • Mystery
4 2025 93 mins
Woods of Ash