YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Castlevania.S03E03.1080p.NF.WEB-DL.DDP5.1(CM).mp4

302.85 MB 1080p video/mp4 72 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Inhuman Kiss 2
4.7

Inhuman Kiss 2 (2023) ခလောက် အဖြစ် JJ krissanapoom Pibulsonggram ဆောင် အဖြစ် Ninky Chanya McClory လူသားနဲ့ခေါင်းပြတ်သရဲမ(မီးစားစုန်း)ကြားက အချစ်ရေးကတော့ နောက်တစ်ခါဖြစ်လို့လာပါပြီ ခုတ်အီနွန်ရွာက ခေါင်းပြတ်သရဲမသေသွားပြီး ၂၂ နှစ်အကြာမှာ နွိုင်းဟာ သမီးတယောက်ရှိခဲ့ပါတယ် နွိုင်းရဲ့သမီးဆောင်ဟာ ငယ်ငယ်ကတည်းက ခေါင်းပြတ်သရဲမဖြစ်နေခဲ့ပါတယ် အဲ့ဒါကိုထိန်းချုပ်ဖို့ သူမအဖေနဲ့ဖာသာဩဂတ်စ်တင်ဟာ ဆေးဖက်ဝင်အပင်တွေနဲ့ သူမအတွက်ဆေးတွေဖန်တီးခဲ့ပါတယ် ခလောက်ကတော့ ဖာတာမွေစားထားတဲ့သားလေးပေါ့ သူ့ကိုယ်ထဲမှာထူးခြားတာတစ်ခုခုရှိနေပါတယ် တစ်နေ့မှာ ခလောက်နဲ့ဆောင်တို့တွေ့ဆုံကြပြီး သူငယ်ချင်းတွေဖြစ်သွားကြရင်း သံယောဇဉ်တွယ်ပြီး ချစ်မိသွားခဲ့ကြတယ် ခေါင်းပြတ်သရဲမကောလဟာလသတင်းတေထွက်သွားပြီးနောက် ခေါင်းပြတ်သရဲမကိုဖမ်းချင်တဲ့နိုင်ငံခြားသားတစ်ဖွဲ့ရှိပါတယ် သူတို့ ခေါင်းပြတ်သရဲမကိုဖမ်းနိုင်ပါ့မလား ခေါင်းပြတ်သရဲမနဲ့ခလောက်အချစ်ရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ ဇာတ်ကားထဲကြည့်ရှုလိုက်ရအောင်နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။ Genre..... Drama, Fantasy, Horror, Romance Quality…. 1080p | 720p | 480p File size… 1.7GB | 762Mb | 380MB Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham Encoder ..... Aaron

Crime • Drama • Thriller
4.7 2023 123 mins
Inhuman Kiss 2
Catatan (Harian) Si Boy
6

Catatan Harian Si Boy (2011) IMDb rating - 7 ဇာတ်လမ်းအညွှန်း အမေဖြစ်သူ အသည်းအသန်နေမကောင်းဖြစ်လို့ နာတာရှာဟာ လန်ဒန်ကနေ ပြန်လာခဲ့တယ်။ ဆေးရုံရောက်တော့ သူ့အမေအမြဲကိုင်ထားတယ်ဆိုတဲ့ စာအုပ်လေးကို ရတယ်။ စာအုပ်ထဲက လူကိုသာ အမေ့ဆီ ရောက်အောင် ခေါ်ပေးနိုင်မယ်ဆို အခြေအနေပြန်ကောင်းနိုင်မလားလို့ တွေးမိသွားတာပေါ့။ အဲနောက် အိမ်အပြန်လမ်းမှာ သူ့ရည်းစားကောင်လေးရဲ့ အကြွေးရှင်လူဆိုးတွေက ရိုက်နှက်လို့ ကားပါယူသွားတော့ ရဲစခန်းရောက်လာကြတယ်။ အဲ့ဒီမှာ ကားပြိုင်မောင်းရင်း အရှိန်လွန်ကားမောင်းလို့ ရဲဖမ်းခံရတဲ့ ဆထရီယိုနဲ့ သူ့ကိုလာထုတ်ပေးတဲ့ သူ့သူငယ်ချင်းတွေလည်း ရဲစခန်းရောက်နေကြတယ်။ အဲ့လိုနဲ့ ဆထရီယိုတို့သူငယ်ချင်းတစ်စုနဲ့ နာတာရှာနဲ့တွေ့ဆုံမိသွားကြတယ်။ ဆထရီယိုက နာတာရှာကို စိတ်ဝင်စားတာနဲ့ ဒိုင်ယာရီစာအုပ်ထဲက ဘွိုင်း ကို ကူရှာပေးဖို့ အခြေအနေဖန်လိုက်တယ်။ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဘွိုင်းကို တွေ့ဖို့ခက်ခဲတော့ သူတို့ ဘယ်လိုကြိုးစားသွားကြမလဲ... နာတာရှာ့ကောင်လေးက သဝန်တို၊အူတိုတာနဲ့ ပြဿနာတွေ ဖန်တီးလာတော့ သူတို့မိတ်ဆွေတွေကြား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ... လူငယ်တွေဆိုတာက ကိုယ်စတင်ထားတဲ့အရာတစ်ခုကို ပြီးမြောက်သည်အထိ လုပ်ဆောင်ကြရတယ်။ စိတ်ဆန္ဒသာပြင်းပြနေပါစေ ဘယ်လောက်ခက်ခဲတဲ့ကိစ္စမဆို အောင်မြင်အောင်လုပ်နိုင်ပါတယ်။ ဆိုတော့ ဆထရီယိုတစ်ယောက် ဘွိုင်းကိုရော နာတာရှာ့အမေ့ဆီကို အရောက်ခေါ်လာပေးနိုင်ပါ့မလား။ ချည်မျှင်လေးတွေ တစ်ခုချင်းကို ရက်မယ်၊ အထည်ဖြစ်လာရင် ဖြတ်မယ်ညှပ်မယ်ဆိုရင် အဝတ်စလေးတွေကို လှပတဲ့ အဝတ်တစ်ထည်တစ်ခု ဖန်တီးနိုင်ပါတယ်။ မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေ ချစ်သူရည်စားတွေဆိုတာလည်း ဒီလိုပဲ၊ အစပိုင်းမှာ မတူညီတဲ့ တစ်နေရာဆီကနေ လာကြတာပါ။ အတူတူပေါင်းစည်းလိုက်မယ်ဆိုရင်တော့ လှပတဲ့လူ့ပတ်ဝန်းကျင်တစ်ခုအနေနဲ့ ဖန်တီးနိုင်မှာပါ။ သွေးသားရင်းချာမဟုတ်ကျတဲ့ သူငယ်ချင်းတွေတောင်မှ အချင်းချင်းဖေးမရင်း၊ မေတ္တာထားကြရင်းဆိုရင် "မြိန်ရာ ဟင်းကောင်း၊ ခင်ရာ ဆွေမျိုး" ဆိုတဲ့အတိုင်း မိသားစုတွေ ဖြစ်လာကြမှာပါပဲ။ ဒီဇာတ်ကားလေးမှာ ခုပြောပြနေတဲ့အကြောင်းတွေ ခံစားကြရမှာ ဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးတွေ ဖော်ကျူးရိုက်ကူးထားပြီးတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် "Boy's Diary" ဆိုတဲ့ အင်ဒိုနီးယားဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါပြီ၊ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်) File size…  1.2 GB /  650 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 36m Genre .....  Action , Drama , Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Drama
6 2011 99 mins
Catatan (Harian) Si Boy
Yaanai Mugathaan
7

IMDb-9.6/10 ခါတိုင်းအရွှတ်အနောက်နေရာကပါဝင်နေကျ ဘာဘူက ဒီကားထဲမှာ တည်တည်တံ့တံ့သရုပ်ဆောင်ထားတာမို့ မတူညီတဲ့ပုံစံနဲ့ရှုစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း အဖေဖြစ်သူက အရှင်ဗင်နာယာဂါကို သက်၀င်ယုံကြည်သူ ဖြစ်တာကြောင့် သူ့သားကို ဂန်နက်စန် ဆိုပြီး နာမည်ပေးခဲ့တယ်။ ဂန်နက်စန် လုပ်တတ်တာ နှစ်ခုရှိတယ် "သူများကို လိမ်ရင်လိမ် မဟုတ်ရင် သူ့ကိုယ်သူ ပြန်လိမ်နေတာ" တဲ့။ ဂန်နက်စန်က သုံးဘီးသမား၊အကြွေးပေးစရာရှိတဲ့ဟာကို ဟိုလူ့ဆီက ပတ် ဒီလူ့ဆီက ဝိုက်နဲ့ အကြွေးပတ်ချာဝိုင်းနေသူ။ တခုခု အဆင်မပြေတိုင်း အရှင်ဗင်နာယာဂါဆီမှာ တိုင်တည်ပြီး မြည်တွန်တောက်တီးနေတတ်တယ်။ တစ်ရက် သူကိုးကွယ်ပူဆာနေတဲ့ အရှင်ဗင်နာယာဂါရုပ်ထုကို ဘုရားစင်ပေါ်မှာလည်း မမြင်ရ၊ ဘုရားကျောင်းမှာလည်း မမြင်ရ၊ပုံတော်တွေမှာလည်း မမြင်ရနဲ့ သူတစ်ယောက်ပဲ မမြင်ရတော့တဲ့ဘ၀ ရောက်သွားရော။ ဘယ်သူကမှလဲ သူပြောတာ မယုံကြဘူး။ ဒီလိုနဲ့ ဟာသသရုပ်ဆောင် ယိုဂီဘာဘူက အရှင်‌ဗာနာယာဂါ ဆိုပြီး ရောက်လာရာကနေစပြီး သူ့ဘ၀ ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ လူတယောက်ရဲ့ လူသားဆန်မှုနဲ့အကျင့်စရိုက်တွေကို ဘာသာရေးပါးပါးသုံးပြီး တင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။"ဘုရားရှာ ကိုယ်မှာရှိ တရားရှာ ကိုယ်မှာသိ" ဆိုတဲ့အတိုင်း ဂန်နက်စန်တယောက် သူ့မျက်စိရှေ့မှာ ပျောက်နေတဲ့ ဘုရားကိုလိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါအုံးခင်ဗျ။ (အညွှန်းကို chiclon3 မှ ရေးသားထားပြီး ဘာသာပြန်တွေကတော့ BpL , HM , Aditi, chiclon3 တို့ပဲဖြစ်ပါတယ်) File size…2.02GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2 h 5 min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ HM ~ Aditi~chiclon3

Action
7 2023 127 mins
Yaanai Mugathaan
The Whale
8

ဖြစ်စေချင်ဝာာကတော့ ဘာမှဆက်ဖတ်မနေပါနဲ့။ ဒီတိုင်းသာ ကောက်ကြည့်လိုက်ပါ။ ပေါင်၆၀၀လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ "ဝေလငါး ( သို့ ) ဝမ်းနည်းခြင်းအက်ဆေး" ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်လို့ စကားဦးပျိုးလိုက်ရင် မှန်ပါ့မလား။ ဟင့်အင်း... မမှန်တာ သေချာတယ်။ ကမ္ဘာကြီးက လူ၀ကြီးကို ထမ်းထားတယ်ထင်ရပေမဲ့ တကယ်တမ်းကျ လူဝကြီးက ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ လူဝကြီးအကြောင်းပြောပြရရင် လူဝကြီးက အလေးချိန် ပေါင်၆၀၀ရှိတယ်။ ဇနီးဟောင်းတစ်ယောက်၊ သမီးတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ရှိတယ်။ လူဝကြီးမှာ ကောင်လေးတစ်ယောက်ရှိခဲ့ပေမဲ့ အခုတော့ မရှိတော့ဘူး။ လူဝကြီးစကားအရတော့ အဲဒါကြောင့်ပဲ သူ့ကိုယ်အလေးချိန် တက်လာခဲ့တယ်တဲ့။ လူဝကြီးရဲ့ အ၀လွန်နေတဲ့ကိုယ်ပေါ်မှာ ဖက်ခွက်နာ၊ ပြည်တည်နာ၊ အဆီကျိတ်၊ အသားဆွေး အရေပြားရောဂါမျိုးစုံ ကျက်စားနေကြတယ်။ လူဝကြီးအကြောင်းဆက်မပြောခင် ကျွန်တော် လူဝကြီး အကြိုက်ဆုံး အက်ဆေးတစ်ပုဒ်ကို အရင်ပြချင်တယ်။ " မိုဗီဒစ်ဆိုတဲ့စာအုပ်မှာ စာရေးဆရာက ပင်လယ်ပြင်က သူ့အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြထားတယ်။ ဒီစာအုပ်ဟာ စာရေးဆရာနဲ့ သူ့သူငယ်ချင်းတို့ရဲ့ ကပ္ပတိန်အာဟတ်လို့ခေါ်တဲ့ ခြေထောက်တစ်ဖက်မရှိတဲ့ ပင်လယ်ဓားပြနဲ့အတူ ဝေလငါးဖမ်းထွက်တဲ့အကြောင်းပေါ့။ အာဟတ်ရဲ့ ဘဝပန်းတိုင်က ဝေလငါးကြီးကို သတ်ဖို့ပဲ။ ဒီအဖြစ်က ဝမ်းတော့ဝမ်းနည်းစရာပဲ။ အာဟတ်က သူ့ကို ဘယ်လောက်တောင် သတ်ချင်နေလဲ အဟိတ်တိရိစ္ဆာန် ဝေလငါးကြီးမှ မသိရှာပဲလေ။ သနားစရာသတ္တဝါကြီးပါပဲ။ တကယ်တမ်းဆို အာဟတ်လည်း သနားစရာကောင်းပြန်တာပါပဲ။ ဝေလငါးကြီးကို သတ်လိုက်နိုင်ရင် သူ့ဘဝကြီး အဓိပ္ပာယ်ရှိသွားမယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာကိုး။ တကယ်တမ်းကျ ဘာတစ်ခုမှ ထူးခြားသွားမှာမဟုတ်ဘူး။ အင်မတန်ဝမ်းနည်းဖို့ကောင်းတဲ့စာအုပ်ပေါ့။ ဇာတ်ကောင်တွေဟာလည်း အင်မတန် သနားစရာကောင်းတယ်။ ဝမ်းနည်းစရာအကောင်းဆုံးဇာတ်ဝင်ခန်းကတော့ ဝေလငါးကြီး ဘယ်လိုဘယ်ပုံပါလို့ ပုံဖော်ထားတာကလွဲ ဘာမှမပါတဲ့ ပျင်းစရာဇာတ်ဝင်ခန်းတွေပေါ့။ စာရေးဆရာဟာ စာဖတ်သူ ရှေ့မှာကြုံလာရမယ့် သူပြောပြမယ့် ဝမ်းနည်းစရာဇာတ်လမ်းကနေ ခဏလောက်ဖြစ်ဖြစ် ဆိုင်းငံ့ပေးဖို့ ကြိုးစားနေတာကို သိနှင့်နေခဲ့တာကိုး " လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ကြိုက်တယ်။ သေတော့မလိုလိုဖြစ်တဲ့ အချိန်တိုင်းမှာ လူဝကြီးနောက်ဆုံးတောင်းဆိုတာက ဒီအက်ဆေးကို ဖတ်ပြပေးဖို့ပဲ။ ဒီအက်ဆေးကို ခင်ဗျားသေချာဖတ်ကြည့်ပြီးပြီဆို လူဝကြီး ဒီအက်ဆေးကို ဘာလို့ကြိုက်လဲ ခင်ဗျားနားလည်လောက်ပြီ။ လူဝကြီးပြောခဲ့တဲ့ စကားတွေထဲ တော်တော်လှတဲ့ စကားတစ်ခွန်းရှိတယ်။ " လူတွေဟာ လူတွေကို ဂရုမစိုက်ဘဲ မနေနိင်ပါဘူး "တဲ့။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးမှာ ရေးသူဟာ မိုဗီဒစ်အကြောင်းပြောပြတယ်။ ဒါပေမဲ့ သူ့ပြောပြပုံက စာရေးဆရာအပါအဝင် မိုဗီဒစ်ထဲက ဇာတ်ကောင်တိုင်းကို နားလည်ပေး ဂရုစိုက်ပေးနေတဲ့ ပြောပြပုံမျိုး။ ဒီအက်ဆေးကို ဘယ်သူရေးလဲဆိုတဲ့ အချက်ကို ဖယ်ထားလိုက်ရင်တောင် ဒီအက်ဆေးဟာ သိပ်ချစ်စရာကောင်းနေတယ်။ ဒီလိုနဲ့ပဲ ပေါင်၅၈၀လုံး ချစ်ခြင်းတွေနဲ့ ပြည့်နေတဲ့ လူဝကြီးဟာ ဒီအက်ဆေးကို သိပ်ချစ်ခဲ့တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာဆရာဖြစ်တယ်။ လူဝကြီးဟာ အင်္ဂလိပ်စာကိုချစ်တယ်။ ဘာသာစကားတစ်ခုကိုချစ်ရင် အရေးအသားကိုလည်းချစ်ရမှာပေါ့။ ဒီတော့ လူဝကြီးဟာ အက်ဆေးတွေကို ချစ်တယ်။ လူဝကြီးဟာ စကားလုံးတွေကို ချစ်တယ်။ လူဝကြီးဟာ အက်ဆေးနဲ့ အသက်မွေးတယ်။ အက်ဆေးနဲ့ ပတ်သက်ပြီး လူဝကြီးရဲ့ ခံယူချက်ကရှင်းတယ်။ " ဒီအဆိုင်းမန့်လည်း အရေးမကြီးဘူး။ ဒီသင်ခန်းစာလည်း အရေးမကြီးဘူး။ အရေးကြီးတာက မင်းတို့ရေးတဲ့ စာတွေရိုးရိုးသားသားနဲ့လှနေဖို့ပဲ " တဲ့။ တော်တော်သဘောကျဖို့ကောင်းတဲ့ စကားပဲ။ ဘယ်စာမျိုးမှာမဆို စကားလုံးထက် ရိုးသားမှုက ပိုအရေးကြီးတယ်မလား။ ဒါပေမဲ့ ရိုးသားဖို့က အခက်ဆုံးပဲ။ လူဝကြီးကိုယ်တိုင်တောင် အမြဲမရိုးသားနိုင်ခဲ့ဘူး။ လူဝကြီးရဲ့ သမီးလေးကတော့ သိပ်ရိုးသားတယ်လို့ပြောရမလား သိပ်ရက်စက်တယ်လို့ပြောရမလား။ လူဝကြီးရဲ့ သမီးလေးဟာ လူဝကြီးပုံကိုရိုက်ပြီး " ငရဲမှာ သူ့ကိုမီးရှိ့တဲ့အချိန်ကျရင် ဝက်ဆီတွေထွက်လာလိမ့်မယ် "လို့ တင်လိုက်တယ်။ ဒီပို့စ်ကို လူဝကြီးက " ငါ့သမီးက စာအရေးအသားကောင်းချက် "လို့ တုံ့ပြန်တယ်။ လူဝကြီးဟာ သူမသေခင်မှန်တာတစ်ခုခုတော့ လုပ်သွားချင်ခဲ့တယ်။ သူ့သမီးကို " လူတွေက သူ့ကို ဂရုစိုက်ပြီး သူက လူတွေကို ဂရုစိုက်မယ့် "အရပ်မှာ နေစေချင်ခဲ့ခြင်းနဲ့ပေါ့။ ဒီလိုနဲ့ လူဝကြီးဟာ ကမ္ဘာကြီးကို ထမ်းထားခဲ့တယ်။ ရှောင်လွှဲလို့မရနိုင်တဲ့အရာတွေထဲ မလိုချင်တဲ့ဇာတ်ဝင်ခန်းတွေ, ရက်စက်တဲ့ဇာတ်သိမ်းတွေ ပါကောင်းပါနေပါလိမ့်မယ်။ လူဝကြီးသိပ်ကြိုက်တဲ့ အက်ဆေးထဲကလို ပြန်ပြောင်းပြောပြသူဟာ လာမယ့်ရက်စက်ခြင်းတွေကနေ ကယ်တင်ပေးချင်လည်းပဲ တစ်ကွေ့ကွေ့မှာတော့ တည့်တည့်ကို လာမှန်တာပါပဲ။ The Whale ဟာ သိပ်ရက်စက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေးပြီး သိပ်လှတဲ့ ဇာတ်ဝင်ခန်းတွေ ပေါင်းထည့်ပေးသွားတယ်။ ဒါပေမဲ့လည်း ဒီရုပ်ရှင်ဟာ ပေါင်၆၀၀ လူဝကြီးတစ်ယောက်က အသည်းကို ဖင်ခုထိုင်ပြီး တစ်စစီခွဲပစ်မယ့် ရုပ်ရှင်ပါပဲ။ မှတ်မိသလောက်ဆို ဒီကားလောက် မျက်ရည်ကျအောင်လုပ်နိုင်တဲ့ ရုပ်ရှင် မရှိခဲ့ဖူးပါဘူး။ ဒီမျက်ရည်ဟာ ဝမ်းသာခြင်းလား ဝမ်းနည်းခြင်းလားတော့ အခုထက်ထိလည်း မသည်းကွဲသေးပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 930MB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 1H 57Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
8 2022 116 mins
The Whale
Ain't Them Bodies Saints
6.1

ဘော့ပ်နဲ့ ရုဆိုတဲ့ကောင်လေးနဲ့ ကောင်မလေးဟာ တက္ကဆက်ပြည်နယ်က Bonnie & Clydeပေါ့. သိပ်ကိုချစ်ကြတဲ့ချစ်စုံတွဲလေးဖြစ်သလို သူတို့လုပ်တဲ့မကောင်းမှုတွေက သူတို့ကို ဝေးကွာစေနိုင်တယ်ဆိုတာကိုလဲ သူတို့သိကြမယ်မထင်သေးတဲ့အရွယ်ပေါ့. တစ်နေ့မှာရဲတွေဝိုင်းထားတာခံရချိန် ရုပစ်လိုက်တဲ့ ကျည်ဆန်ကြောင့် ရဲတစ်ယောက်မှန်သွားတော့ ဘော့ပ်က ပြစ်ဒဏ်တွေအားလုံးကို သူ့ဆီပဲပုံချဖို့ ဆုံးဖြတ်ခဲ့တယ်။ ရုမှာကချစ်စရာသမီးလေးကိုကိုယ်ဝန်လွယ်ထားရတယ်ဆိုတာလဲ အဲ့အချိန်မှာပဲ သိခဲ့ရတယ်လေ. သူပြန်လာခဲ့ပ့ါမယ် စောင့်နေပေးပါဆိုတဲ့စကားအတိုင်း ရုကလဲသမီးလေး၄နှစ်ပြည့်တဲ့အထိကို နေ့တိုင်းမျှော်နေခဲ့ပြီးရှင်သန်နေထိုင်ခဲ့တယ်။ ဒါပေမယ့် တစ်ရက်တော့ ဘော့ပ်တစ်ယောက်ထောင်ဖောက်ပြေးပြီး ရုတို့သားအမိကိုခေါ် ဒီနဲ့အဝေးဆုံးကိုထွက်သွားဖို့ ကြိုးစားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ ကိစ္စတွေဖြစ်လာခဲ့တယ်။ ချစ်ခြင်းမေတ္တာက ဘယ်လိုမျိုး အလုပ်လုပ်လဲ ဘယ်လောက်ထိတာရှည်ခံနိုင်မလဲ ? ဘော့ပ်နဲ့ရုတို့ရဲ့ ဒီကနေအဝေးဆုံးကိုထွက်သွားဖို့အတွက် အကြံအစည်တွေကရော အဆင်ပြေနိုင်ပါ့မလား ရိုမန်တစ်ဒရာမာဇာတ်ကားလေးဖြစ်ပြီး ဘော့ပ် ရဲ့ ကွဲအက်အက်အသံနဲ့ ထောင်ထဲကပေးပို့တဲ့စာတွေကိုဖတ်ပြတဲ့အခန်းတွေက တကယ့်ကို ကြေကွဲစရာကောင်းခံစားစေရမှာပါ. ဒီလိုဇာတ်ရုပ်မျိုးကိုသရုပ်ဆောင်တဲ့သူကလဲ တခြားသူတော့မဟုတ်ပါဘူး. အော်စကာဆုရှင် Casey Affleckဖြစ်ပြီး အထင်ရှားဆုံးပြောရရင် Manchester By the Seaထဲက မင်းသားပါပဲ. ဆန်ကာတင်စာရင်းတွေထဲမှာလဲ ပါဝင်ခဲ့သလို IMDB scoreလဲကောင်းတဲ့ ဇာတ်ကားမလို့ ကြွေကွဲရင်းနဲ့ ခံစားလိုက်ရအောင်။.

Drama • Music
6.1 2013 96 mins
Ain't Them Bodies Saints
Confessions of Felix Krull
6.4

Confessions of Felix Krull (2021) ======================== IMDb Rating – 6.4/10 ဂျာမန်စာရေးဆရာကြီး Thomas Mann ရဲ့ ရောင်းအားအကောင်းဆုံး၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ IMDb rating အနေနဲ့လည်း 6.4/10 ရရှိထားပါတယ်။ ၁၉ ရာစုနှောင်းပိုင်းကာလမှာ ဖီးလစ်ခရူလ်ရဲ့ဖခင်ဖြစ်သူဟာ စီးပွားကျသွားခဲ့ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ လောကဓံရိုက်ချက်ကို ခပ်ပြင်းပြင်းခံလိုက် ရတဲ့ ဖီးလစ်ဟာ ခေတ်စနစ်ရဲ့အလိုအတိုင်း အဆင့်အတန်းခွဲခြားဆက်ဆံခံရတာ၊ အလုပ်ခွင်မှာ အနိုင်ကျင့်ခံရတာတို့ ကြုံတွေ့ရပါတယ်။ ကံကောင်းတာက ရုပ်‌ရည် ချောမော အပြောကောင်းတဲ့ ဖီးလစ်ဟာ သူအလုပ်လုပ်တဲ့ဟိုတယ်မှာ အမျိုးသမီး ဧည့်သည်တွေရဲ့ပစားပေးခြင်းကိုခံရပါတယ်။ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေပေမဲ့ ဖီးလစ်ချစ်တဲ့သူကတော့ သူနဲ့ဘ၀တူ ဇာဇာ ဆိုတဲ့ကောင်မလေးတစ်ယောက်တည်းပါ။ ဇာဇာဟာ ဆင်းရဲတဲ့ဘ၀က ရုန်းထွက်ချင်သူမို့ ဖီးလစ်ကိုချစ်ပေမဲ့ နှုတ်ခမ်းပဲ့ချင်းမီးမမှုတ်ချင်သူပါ။ သူလက်ထပ်ရမယ့် ချမ်းသာတဲ့ ယောက်ျားကိုရှာနေ‌သူပေါ့။ အဲဒီအချိန်မှာ မျိုးရိုးမြင့်တဲ့အိမ်က သခင်လေး လူး၀စ်ဗန်နို စတာနဲ့ ဆုံဆည်းမိပါတယ်။ ဒီလိုနဲ့ ၃ ပွင့်ဆိုင်ဖြစ်လာတဲ့ သူတို့အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ၊ ဖီးလစ်ကရော သူ့ဘ၀ကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အချစ်၊ အလွမ်း၊ ဟာသ၊ ဘ၀ရသစုံစုံလင်လင် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.7 GB) / (732 MB) / (403MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 54mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Crime, Drama Translator…….C’mon Encoder……….SWM

Science Fiction • Thriller
6.4 2021 114 mins
Confessions of Felix Krull
Your Boyfriend Is Mine

ဒီဇာတ်ကားလေးကတော့ ထူးထူးဆန်းဆန်း လင်လုတဲ့ဇာတ်ကားလေးပါပဲ။ ဇာတ်ကားနာမည်ကတော့ Your Boyfriend Is Mine ဖြစ်ပြီးတော့ မြန်မာလိုဆိုရင်တော့ နင့်ဘဲကိုငါပိုင်တယ်ပေါ့နော်။ သူဌေးမမကြီးက ပိုက်ဆံအရမ်းလိုနေတဲ့ကောင်လေးကို သူ့ကောင်မလေးဆီက စနိုက်တဲ့အကြောင်းကိုတွေ့ရမှာပါ။ ဘန်ဆိုတဲ့ကောင်လေးတစ်ယောက်က ကျောင်းပြီးအောင်တက်ပြီး ဘွဲ့ရအောင် လုပ်ဖို့အတွက်ပိုက်ဆံ လိုအပ်နေတဲ့ကောင်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူက Gentleman Caller ဆိုတဲ့ကောင်မလေးတွေကို စကားချိုချိုပြောပြီးတော့ စိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးရတဲ့အလုပ်တစ်ခုမှာ လုပ်နေတာပဲဖြစ်ပါတယ်။ သူ့မှာ ကယ်လီဆိုတဲ့ကောင်မလေးတစ်ယောက်လဲရှိပြီး သူတို့က နှစ်ကိုယ်တူဘဝကို အတူတူထူထောင်ဖို့ ကြိုးစားနေကြတာပါ။အဲ့ဒီအလုပ်လုပ်လုပ်နေရပေမဲ့လဲ ဘန်အပေါ်မှာကယ်လီက စိတ်ချယုံကြည်ထားတဲ့အတွက်လဲပျော်ရွှင်တဲ့ သမီးရည်းစားစုံတွဲ ဖြစ်နေတာပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ဘန်ရဲ့ အလုပ်မှာတွေ့ခဲ့တဲ့ သူဌေးမမကြီးတစ်ယောက်က ဘန်ကိုအရမ်းတွေသဘောကျ သွားပြီးတော့ သူ့အိမ်မှာအလုပ်လုပ်ဖို့ပါ ငွေတွေပစ်ပေးပြီးသိမ်းသွင်းခဲ့ပါတော့တယ်။ အဲ့နောက်ပိုင်းမှာတော့သူတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုတွေဆက်ဖြစ်လာမလဲ ဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ စနိုက်ကြော် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.67GB / 664MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 25m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Drama
0 2022 85 mins
Your Boyfriend Is Mine
Hello Ghost
6.5

Hello Ghos (2023) လူတွေက ဘယ်လိုအချိန်မျိုး‌တွေမှာ အထီးအကျန်ဆုံးလို့ ထင်ပါသလဲ။ အားလပ်ရက်တွေ နှစ်သစ်ကူးတွေ ခရစ်စမတ်နေ့တွေမှာ လူတွေက အထီးကျန်လွန်းတာကြောင့် သေကြောင်းကြံစည်ဖို့ဆုံးဖြတ်ကြပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ကရက်စနာက မိဘမဲ့တစ်ကောင်ကြွက်လူငယ်တစ်ယောက်။ သူက အထီးကျန်တဲ့ဝေဒနာကိုလည်း အလူးအလဲခံစားနေရရှာတယ်။ ရည်းစားရဲ့ဖြတ်တာလည်းခံရတဲ့အပြင် အလုပ်လည်းထုတ်ခံလိုက်ရတာကြောင့် ကရက်စနာတစ်ယောက်မချိတဲ့အဆုံး သေကြောင်းကြံစည်ပါပြီ။ လည်ပင်းကိုကြိုးကွင်းစွပ်သေဖို့ကြိုးစားကြည့်တယ်။ မအောင်မြင်ခဲ့ဘူး။ ပိုးသတ်ဆေးတွေသောက်တယ်။ မသေပြန်ဘူး။ နောက်ဆုံး ပါရာစီတမောတွေသောက် ရေကူးကန်ထဲခုန်ချလိုက်တော့မှ… မသေဘဲ ဆေးရုံရောက်သွားပါတယ်။ ဆေးရုံကုတင်မှာပြန်နိုးလာတဲ့အချိန် တစ်ခုခုတော့လွဲနေခဲ့တယ်။ ကရက်စနာက သရဲတွေကို ‌မြင်နေရတာပါပဲ။ သွေးသံရဲရဲနဲ့ သရဲတွေကိုမြင်ရတဲ့စွမ်းရည်ရှိပြီး အဲ့သရဲတွေသေဆုံးရတဲ့အကြောင်းအရင်းကို စုံထောက်လုပ် အမှုမှန်ဖော်ရတဲ့ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။ ကရက်စနာက သရဲလေးကောင်ကိုသာ မြင်ရတာဖြစ်ပြီး အဲ့သရဲတွေက ကရက်စနာအိမ်ကို လိုက်နေပါတော့တယ်။ အဲ့သရဲတွေက ဘာကိစ္စကြောင့် ကရက်စနာကိုနှောင့်ယှက်နေရသလဲ သူတို့က‌ရောအချိန်တန်ရင်ပျောက်ကွယ်သွားမှာလားဆိုတာကို ကြည်နူးစရာဒီဇာတ်ကားလေးထဲမှာကြည့်ရှူရမှာဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Jane Encoder ….. Aaron

6.5 2023 104 mins
Hello Ghost
Pollock
7

Pollock (2000) ~ IMDb – 7/10, RT – 80%, Meta – 77% ~ ဂျက်ဆင်ပိုးလော့ဆိုတဲ့နာမည်ကို ပန်းချီပညာကို စိတ်ဝင်စားတဲ့သူ တော်တော်များများရင်းနှီးကြမှာပါပဲ။ ပိုးလော့ဟာ အမေရိကန်ပန်းချီရဲ့ ဟန်စစ်စစ်ပေါ်လာအောင် အစပြုခဲ့တဲ့လူ အမေရိကရဲ့ အကောင်းဆုံးပန်းချီဆရာလို့ သမုတ်ခံရတဲ့ ပန်းချီဆရာမျိုးပါ။ Pollock (2000) ကို Ed Harris ကိုယ်တိုင် ပိုးလော့နေရာက သရုပ်ဆောင် ရိုက်ကူးထားတယ်။ ဒီရုပ်ရှင်အစပြုတာကတော့ ဟားရစ်အဖေက ဟားရစ်ကို ပိုးလော့ဘိုင်အိုဂရပ်ဖီစာအုပ်တစ်အုပ်ပေးရာက စတယ်။ ရုပ်ရှင်အဆုံးမှာလည်း ဒီရုပ်ရှင်ဟာ သူ့အဖေနဲ့အမေကို ရည်ညွှန်းတယ်လို့ ဆိုထားတယ်။ ဒီရုပ်ရှင်ကို ဟားရစ်ဟာ စိတ်ရောကိုယ်ပါ အားထည့်ရိုက်ကူးခဲ့ပြီး ဒီထဲက ပန်းချီဆွဲခန်းတွေ ပန်းချီတွေကိုလည်း ဟားရစ်ကိုယ်တိုင်ပဲ ဆွဲခဲ့တယ်။ ဟားရစ်ဟာ ပိုးလော့ရုပ်ရှင်နဲ့ အော်စကာမှာ အကောင်းဆုံးသရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပြီး သူ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ Marcia Gay Harden ကတော့ အော်စကာဆုရသွားခဲ့ပါတယ်။ တခြားသရုပ်ဆောင်တွေအနေနဲ့တော့ ဗယ်ခေးမားက ဒီကူးနင်းနေရာက သရုပ်ဆောင်ထားပြီး ဂျနီဖာကွန်နယ်လီက ပိုးလော့နဲ့အတူတူသေဆုံးခဲ့တဲ့ သူနဲ့ဖြစ်နေတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ထားတယ်။ ပိုးလော့ဟာ အမေရိကန်စတိုင်ပန်းချီလို့ဆိုကြတဲ့ Abstract Expressionism ခေါ် ဒြပ်မဲ့ဝေဒနာပန်းချီ ပေါ်ဦးစက ပန်းချီဆရာတစ်ယောက်။ အဲဒီမတိုင်ခင်မှာ အမေရိကန်မှာ ပန်းချီပညာတော့ရှိပေမဲ့ အမေရိကန်ဟန်စစ်စစ်လို့ပြောလို့ရတဲ့ ဟန်တော့မရှိခဲ့ဘူးလို့ ဆိုတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီကတော့ အမေရိကန်ဟန်စစ်စစ်အဖြစ် ကမ္ပညည်းတင်နိုင်ခဲ့တယ်။ အဲဒီထဲကမှ ပိုးလော့ကို အမေရိကန်ပန်းချီသမိုင်းရဲ့ သူ့ဟန်စစ်စစ်အရှိဆုံးလူအဖြစ် ဝေဖန်ရေးသမားတွေက သမုတ်ခဲ့ကြတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီဟာ ဖြစ်တည်မှုပဓာနဝါဒဆန်တယ်လို့ ခိုင်းနှိုင်းပြောကြသလို တကယ်တမ်း ဖြစ်တည်မှုပဓာနဝါဒီလို့ ဆိုသင့်တဲ့ အမေရိကန်မော်ဒန်ပန်းချီဆရာဟာ ပိုးလော့တစ်ယောက်တည်းရှိတယ်လို့လည်း ဆိုခဲ့ကြတယ်။ ပိုးလော့ဟာ သူတို့ခေတ်ပန်းချီဆရာတွေဟာ ပန်းချီရဲ့တင်ပြချင်တဲ့အကြောင်းအရာကို ရှေးကလို ပြင်ပအရာတွေကနေ ရှာစရာမလိုတော့ဘဲ အတွင်းထဲကနေပဲ ရှာကြတယ်လို့ဆိုခဲ့သလို သူကိုယ်တိုင်လည်း မသိစိတ်ကို သူ့ပန်းချီတွေရဲ့ ရင်းမြစ်လို့ ပြောခဲ့ဖူးတယ်။ ပြောရရင် ပိုးလော့ပန်းချီတွေဟာ တာကော့စကီးရုပ်ရှင်တွေလိုပဲ Flow of Consciousness ကို သုံးထားတယ်။ ပိုးလော့ရဲ့ ပန်းချီဆွဲနည်းတွေမှာ အင်ဒီးယန်းတွေရဲ့သဲပန်းချီကနေ သန္ဓေတည်လာတဲ့ အစက်ချဆွဲနည်းတွေ၊ အရှေ့တိုင်းလက်ရေးလှစာလုံးရေးပညာရဲ့ စာရွက်ကိုကြမ်းပေါ်ချပြီး စုတ်တံကို ကင်းဗတ်စ်ပေါ် ဖြတ်စီးရုံလောက်သာ စီးပြီး ဆွဲနည်းတွေပါသလို သူ့ပန်းချီအတွေးအခေါ်မှာလည်း ဟိန္ဒူတွေးခေါ်ပညာရှင် ခရစ်စနားမူရတီးရဲ့ “ကိုယ့်ကိုယ်ကိုယ်ချစ်မိရင် အမှန်တရားနဲ့လည်း ချစ်မိသွားလိမ့်မယ်”ဆိုတဲ့ အယူကလည်း စီးဝင်နေခဲ့တယ်။ ဆန်းတော့လည်း မဆန်းပါဘူး ဘာမှအသစ်မရှိဘူးမို့လား။ မူရာကာမိစာအုပ်တစ်အုပ်ထဲက စကားတစ်ခွန်းလိုပဲ “ဂီတမှာ ဘာမှအသစ်မရှိဘူး၊ ရှိပြီးသားကီးနုတ်တွေကို စုစည်းပြီး လှပတဲ့သံစဉ်တစ်ခုဖြစ်အောင် ဖွဲ့စည်းရတာပဲ” တဲ့။ ပိုးလော့ဟာလည်း ရှိပြီးသားအရာတွေကိုယူပြီး လှပတဲ့အနုပညာအသစ်တစ်ခုအဖြစ် ပြန်မွေးဖွားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်မှာတော့ ဒြပ်မဲ့ဝေဒနာပန်းချီဟန်ကို အုတ်မြစ်တည်စေခဲ့တဲ့ ဂျွန်ဂရေဟမ်၊ အက်ရှလေဂေါ်ကီတို့အပေါ် ပိုးလော့အမြင်တွေကိုလည်း ပြောထားသလို ပိုးလော့နဲ့ အောင်မြင်တဲ့ကာလခြင်းသိပ်မကွာတဲ့ ခေတ်ပြိုင်လို့ဆိုရမယ့် ဝီလျံဒီကူးနင်းတို့အပြင် တခြားနာမည်ကြီးဝေဖန်ရေးသမားတွေ အနုပညာသမားတွေကိုလည်း ထည့်သွင်းထားတယ်။ ပိုးလော့အကြောင်း‌ ဘိုင်အိုဆိုတော့ ဒီလူတွေကို မထည့်လို့လည်းမဖြစ်လောက်ဘူးကိုး။‌ သူတို့က ဒီမှာ အရိပ်လောက်ပါတာဆိုတော့ ပိုသေချာသိချင်ရင်တော့ အောင်ခင်မြင့်ရဲ့ မော်ဒန်အမေရိကန်ပန်းချီနဲ့ တွဲဖက်ပြီးကြည့်တာ ပိုအဆင်ပြေပါလိမ့်မယ်။ နောက် ပိုးလော့ရဲ့ ပန်းချီအမြင်တွေ မော်ဒန်ပန်းချီအပေါ် သူ့အမြင်တွေလည်း အင်တာဗျူးတွေမှာ ပြောခဲ့တာကို ထည့်သွင်းဖော်ပြထားတယ်။ ပိုးလော့ရဲ့အတက်အကျတွေကိုလည်း ဖော်ပြထားတယ်။ ပိုးလော့ဟာ သူ့ပန်းချီတွေကို တစ်သိန်းလောက်တန်လာမယ်လို့ ထင်ခဲ့ပေမဲ့ ၂၀၁၆မှာတော့ သူ့ပန်းချီတွေဟာ သန်း၂၀၀အထိ ဈေးပေါက်နေပါပြီ။ ပိုးလော့ပန်းချီဟန်တွေကို ကျွန်တော်တို့ တော်တော်များများမြင်ဖူးကြပါတယ်။ ကလေးဆွဲခိုင်းတောင် ရတယ်လို့ ပြောတဲ့လူတွေလည်းရှိသလို ဆေးတွေပက်ချထားရင်တောင် ဖြစ်တယ်လို့ ပြောတဲ့လူတွေလည်း ရှိခဲ့တယ်။ ဘာတွေဆွဲမှန်းမသိကြတဲ့လူတွေလည်းရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ပိုးလော့ပြောထားတာကတော့… “ပန်းချီကားကြည့်ကြတဲ့လူတွေသာ ပန်းချီကိုပဲ ကြည့်လိုက်ရင် ပန်းချီကားကို ခံစားဖို့ ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ ပန်းခင်းကြီးကို ကြည့်သလိုကြည့်လိုက်ရုံပါပဲ။ ဘာအဓိပ္ပာယ်နဲ့ဆွဲထားသလဲသိဖို့ ခေါင်းခဲနေစရာမလိုပါဘူး”တဲ့။ ကိုးကား – “မော်ဒန်အမေရိကန်ပန်းချီ” အောင်ခင်မြင့် (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 985MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 2H 2Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Thriller
7 2000 132 mins
Pollock
[18+] My Boyfriend is a Sex Worker 2

My Boyfriend is a Sex Worker 2 (2024) My Boyfriend Is A Sex Worker 1-2 ဟာ The IdeaFirst Company နဲ့ Viva Films တို့ပူးတွဲထုတ်လုပ်တဲ့ LGBTQ+ anthology “Open Secrets” ရဲ့နောက်ဆုံးနှစ်ကားဖြစ်ပါတယ်။ Bigayan,Pwede G, Pwede B,Table for 3 အစရှိတဲ့ဇာတ်ကားတွေကိုတော့တင်ဆက်ပေးပြီးသားဖြစ်ပါတယ်။ ဇာတ်လမ်းအားလုံးဟာ တစ်ခုချင်းအဆက်အစပ်မရှိတဲ့ သီးခြား BL ဇာတ်လမ်းတွေဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Gio ဆိုတဲ့ အွန်လိုင်းပေါ်က adult content creator ကောင်လေးတစ်ယောက်နဲ့ချစ်ကျွမ်းဝင်မိတဲ့ Ace ဆိုတဲ့လူငယ်လေးတစ်ယောက်အကြောင်းပါ။ ဖြစ်ချင်တော့ Ace မိဘတွေဟာ ဒိတ်ဒိတ်ကြဲချမ်းသာတဲ့ အရှိန်အဝါအသိုင်းအဝိုင်းကြီးနိုင်ငံရေးမိသားစုတွေဖြစ်နေတာပါပဲ။ ပုံရိပ်ကိုအထိခိုက်မခံနိုင်သလိုရှေးရိုးလည်းစွဲတဲ့ Ace အမေကြီးနဲ့သူတို့ဘယ်လိုရင်ဆိုင်ကြမလဲ? Gio အနေနဲ့ Ace ရဲ့စည်းစိမ်ဂုဏ်ဒြပ်တွေကိုမက်မောလို့မဟုတ်ပဲ အချစ်စစ်မှန်ပါတယ်ဆိုတာ ဘယ်လိုသက်သေထူကြမလဲ? ပတ်ဝန်းကျင်ရဲ့မုန်တိုင်းတွေကို သူတို့ကြံ့ကြံ့ခံရင်ဆိုင်နိုင်ကြပါ့မလားဆိုတာတွေကိုဟာသနှောပြီးတင်ဆက်ထားပါတယ်။ ထိုင်းတို့၊ဟောင်ကောင် ထိုင်ဝမ်တို့က BL ကားနုနုရွရွလေးတွေကိုရိုးလာပြီဆိုရင် အပြောင်းအလဲအဖြစ် အမှောင်ကြီးမှောင်ပြထားတဲ့ “Open Secrets” anthology ကိုမြည်းစမ်းကြည့်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(670 MB) / (290 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….00:51:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Thriller • Drama • Crime • Mystery
0 2024 50 mins
[18+] My Boyfriend is a Sex Worker 2
Aaragan
7.4

Aaragan (2024) “ဆန်းကြယ်သော ဘ၀ခရီး” ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် တမီလ်ဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်ထောင်တစ်ခုထူထောင်မဲ့ ချစ်သူနှစ်ဦးရဲ့ ရုန်းကန်ရတဲ့ ဘ၀ခရီးလမ်းကို ဒရာမာနှောပြီး ခပ်ဆန်းဆန်း ရိုက်ကူးထားတာပါ။ အခုခေတ်ဇာတ်လမ်းဖြစ်ပေမဲ့ ဇာတ်လမ်းအစမှာတော့ ရာဇ၀င်ဇာတ်ကြောင်းတစ်ခုနဲ့ အစပျိုးထားပါတယ်။ တိုင်းပြည်တစ်ပြည်က ဘုရင်တစ်ပါးမှာ သားတော်နှစ်ပါးရှိပြီး သားတော်ကြီးက လက်ရုံးရည် နှလုံးရည်ပြည့်၀သလောက် သားတော်ငယ်ကတော့ သွေးကြောင်တဲ့ အရည်အချင်းမရှိသူပါ။ တစ်နေ့မှာ စစ်မက်ဖြစ်ပွားရာက ဘုရင်နဲ့သားတော်ကြီး ဆုံးပါးသွားပြီး သားတော်ငယ်ကတော့ တောထဲထွက်ပြေးသွားပါတယ်။ အဲဒီမှာ သားတော်ငယ်ဟာ ပရောဟိတ်ကြီးတစ်ပါးနဲ့ဆုံပြီး တပည့်ခံခဲ့ပါတယ်။ ‌ တစ်နေ့မှာတော့ ပရောဟိတ်ကြီးရဲ့အသက်ကို ကယ်ပေးခဲ့တာကြောင့် ပရောဟိတ်က သားတော်ငယ်ကို လိုရာဆုတစ်ခု တောင်းခိုင်းခဲ့ပါတယ်။ အဲဒီသမိုင်းကြောင်းဟာ ခေတ်သစ်ဘ၀မှာ အိမ်ထောင်ထူထောင်ကြမဲ့ ဆာရ်ဗန်နာနဲ့ မာဂီနီလာတို့ ချစ်သူနှစ်ဦးနဲ့ ဘယ်လိုဆက်စပ်နေမလဲ၊ ချစ်သူနှစ်ဦးရဲ့အိမ်ထောင်ရေးမှာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ ဘယ်လိုထူးဆန်းတာတွေ တွေ့ရမလဲဆိုတာကို စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်‌တွေကတော့ Cym~KKKZ~ToMo~V တို့ ဖြစ်ပါတယ်။)

Mystery • Thriller • Crime • Drama
7.4 2024 90 mins
Aaragan
Perusu
6.7

Perusu (2025) “လေးစားထိုက်သောပုဂ္ဂိုလ်” IMDb – 6.9/10 2023ခုနှစ်က ထွက်ရှိခဲ့တဲ့ စင်ဟာလာစကားပြောရုပ်ရှင် Tentigo(2023)ကို Remakeပြန်ရိုက်ထားတဲ့ တမီးလ်စကားပြော black comedyအမျိုးအစား အိန္ဒိယရုပ်ရှင်။ ပိတ်ရက်မှာပျင်းနေတဲ့ တမီးလ်ရုပ်ရှင်ဖန်တွေအတွက် ဒီရုပ်ရှင်က အပျင်းပြေစေနိုင်မှာပါ။ အဘိုးကြီးတစ်ယောက် သေသွားတယ်။ လူသာသေတယ် နာမည်သေမသွားဘူးဆိုတာမျိုးရှိပေမဲ့ ဒီအဘိုးကြီးကတော့လူသာသေသွားတယ် ငယ်ပါကငေါက်တောက်။ ရပ်ရွာထဲမှာ လေးစားခံရတဲ့ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်တော့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကဒီကိစ္စကြီးကို ဖုံးဖိဖို့လုပ်ကြတာပေါ့။ အသုဘအတွက် ဆွေမျိုးတွေနဲ့ ပတ်ဝန်းကျင်ကိုအကြောင်းမကြားခင်မှာ ဒီပြဿနာကို ရှင်းဖို့ကြိုးစားရင်း အလွဲလွဲအချော်ချော်တွေဖြစ်ကြပုံကို မပြုံးဘဲ ဝါးလုံးကွဲရယ်မောရင်း ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Crime • Drama • Thriller
6.7 2025 125 mins
Perusu
Harriet the Spy
6

ဒီဇာတ်ကားလေးကတော့ ဟဲရီရက်ဆိုတဲ့ ခြောက်တန်းအရွယ်ကောင်မလေးတစ်ယောက်ရဲ့ စပိုင်လုပ်ပြီးတော့ စာရေးဆရာဖြစ်ချင်စိတ်ပြင်းပြမှုကို ပေါ့ပေါ့ပါးပါး ရိုက်ပြထားတာပါ။ ၁၁ နှစ်ပဲ ရှိသေးတဲ့ ဟဲရီရက် ဟာ တွေ့သမျှကို မှတ်စုစာအုပ်လေးထဲမှာ ချရေးပြီးတော့ သူ့ရဲ့ စာရေးဆရာမ ဖြစ်ချင်စိတ်ကို မြင့်တင်နေတာပါ။ ဒါပေမဲ့ တစ်နေ့မှာ သူ့ကို ကလေးထိန်းပေးတဲ့ ဂေါ်လီဟာ အကြောင်းတခုခုကြောင့် အလုပ်ထွက်သွားတဲ့ အခါမှာတော့ ဟဲရီရက်တစ်ယောက် လောကဓံကို တခုပြီးတခု စတင်ခံစားရပါတော့တယ်။ ဒီဇာတ်လမ်းလေးက ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်သင့်လဲဆိုတာကို သေချာပြသနိုင်တဲ့ ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ ဒီထဲမှာ ဟဲရိရက်ရဲ့ မိဘတွေက သားသမီးကို မအားတဲ့အခါ ပစ်ထားပေမယ့် တကယ်လိုအပ်တဲ့ အခါမှာ သားသမီးတစ်ယောက်ကို ဘယ်လိုကောင်းကောင်း ကိုယ်တွယ်နိုင်တယ်ဆိုတာကို ပြသပေးနိုင်ပါတယ်။ မိသားစု သားသားမီးမီးလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ဆုံးမစကားလေးတွေ ပြောပြီး ကြည့်နိုင်တဲ့ကားလေးဖြစ်လို့ လက်မလွှတ်သင့်ပါဘူး။ File size… 3.7 GB / 1.13 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 40m Genre ….. Comedy/Drama/ Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nikobaby

6 1996 100 mins
Harriet the Spy
Timmana Mottegalu
7.5

Timmana Mottegalu (2025) “တောနက်ထဲက အလင်းရောင်” ဒီဇာတ်လမ်းမှာတော့ တောနက်ထဲမှာ မွေးဖွား၊သဘာဝနဲ့အတူ ရှင်သန်ကြီးပြင်းလာတဲ့ တင်မာနာရဲ့ လူမှုရေး၊မိသားစု၊ အိပ်မက်တွေအကြောင်းကို တင်ပြထားတဲ့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ တင်မာနာက စိုက်ပျိုးရေးနဲ့ ရေသန့်စင်ရေးလုပ်ငန်းတွေမှာ ကူညီအားဖြည့်လုပ်ကိုင်လေ့ရှိပြီး ရွာသားများနဲ့လည်း ရင်းနှီးကျွမ်းဝင်သူတစ်ဦးဖြစ်ပါတယ် ။ တစ်နေ့ ရွာထဲကို အသစ်ပြောင်းရွှေ့လာသူတွေရောက်လာပြီးနောက်ပိုင်း ရွာတွင်းအခြေအနေ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။ တင်မာနာ သူ့အိမ်သားတွေနဲ့ ရွာသားတွေအကြား အငြင်းပွားမှုတွေကိုကြိုးစားဖြေရှင်းရင်း အခက်အခဲများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ လူမှုရေးပဋိပက္ခပြဿနာများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုပြဿနာများ၊ မိသားစုအတွင်းရေး အငြင်းပွားမှုများ အစရှိတဲ့ပြဿနာတွေကို မိုးရေမလုံတဲ့အိမ်လေးထဲကနေ တင်မာနာဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ကြည့်ရှုပေးပါဦး ( အညွှန်းနဲ့ဘာသာပြန် CM Bollywood Team ဖြစ်ပါတယ် )

Drama
7.5 2025 98 mins
Timmana Mottegalu