YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Castle In Time E02 720p WEB-DL CM.mp4

456.44 MB 720p video/mp4 141 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Double Impact
6.1

ဟောင်ကောင်ဆို ဂျက်လီ ဂျက်ကီချမ်း၊ အနောက်ကဆို ဗန်ဒိန်းတို အာနိုးတိုဟာ ငယ်ငယ်က အက်ရှင်ကားတွေပရိသတ်တွေတိုင်း အသည်းစွဲလူတွေပါပဲ။ ဗန်ဒိန်းဟာလည်း သူ့ခေတ်သူ့အခါကတော့ မသိသူမရှိလောက်အောင် နာမည်ကျော်တဲ့သူပါပဲ။ သူ့ဇာတ်လမ်းတွေဟာ နည်းနည်း ရုပ်ရှင်ကောင်းတွေအများကြီးကြည့်ဖူးပြီးတဲ့သူတွေအတွက် နည်းနည်းအရသာပေါ့ကောင်းပေါ့ ပေါ့နိုင်ပေမဲ့ အက်ရှင်ခန်းတွေကတော့ ကိုယ်ခံပညာတကယ်တတ်တဲ့ ဗန်ဒိန်းကိုယ်တိုင် သရုပ်ဆောင်ထားတာဆိုတော့ ပြောင်မြောက်ပါတယ်။ ဇာတ်လမ်းက နည်းနည်းတော့ တက်သုက်ရိုက်ဆန်ပေမဲ့ ငယ်ဘဝကို အမှတ်ရချင်တဲ့သူတွေအတွက်တော့ အလွမ်းပြေကြည့်လိုကောင်းမယ့် ဇာတ်လမ်းဖြစ်မှာပါ။ ဒီဇာတ်လမ်းမှာတော့ ဗန်ဒိန်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပါတယ်။ ဇာတ်ကောင်၂ကောင်ဟာ အပျော့နဲ့အမာ ယင်နဲ့ယန် အပူနဲ့အအေးလိုဖြစ်နေပေမဲ့ ဗန်ဒိန်းဟာ အစွမ်းကုန် ကြိုးစားသရုပ်ဆောင်ပေးခဲ့ပါတယ်။ ဟောင်ကောင်မှာ တူးမြောင်းလုပ်ငန်းတစ်ခုလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပိုင်တဲ့ ပိုင်ဆိုင်မှုတွေကိုလိုချင်တဲ့ သူ့ပါတနာဟာ ဟောင်ကောင်က ဂိုဏ်းတစ်ဂိုဏ်းရဲ့ အကူအညီကိုယူပြီး လုပ်ငန်းရှင်ကိုရော သူ့မိသားစုကိုပါ သတ်ဖိုစီစဉ်ခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ သူ့အမွှာသားလေး၂ယောက်ဟာ မသေဘဲလွတ်သွားခဲ့ပါတယ်။ ၂၅နှစ်ကြာပြီးတဲ့နောက် ညီအစ်ကို နှစ်ယောက်ပြန်ဆုံတွေ့ပြီး သူတိုအဖေအတွက် လက်စားချေဖို ကြိုးစားကြတဲ့အခါမှာတော့... ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(2GB) / (1GB) Quality__BluRay_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:50:00 Type__Action , Crime Subtitle__Myanmar Subtitle (Hardsub) Translated by Encoded by Naing Aung Latt

Drama • History • War
6.1 1991 110 mins
Double Impact
Burning
9

Burning (2018)ဆိုတဲ့ကားလေးကတော့ Rating 7.5 ထိ ရရှိထားတဲ့ Drama, Mystery ကားလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစမှာတော့ လီဂျောင်ဆူနဲ့ ရှင်းဟဲမီဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်အမှတ်မထင်ပြန်တွေ့ကြပြီး တယောက်နဲ့တယောက် မသိလိုက်ချိန်မှာပဲ ချစ်သွားခဲ့ကြတယ် အဲ့လိုနဲ့ တရက်ကောင်မလေးက အာဖရိကကို ခရီးသွားရင်း အကိုဘန်ဆိုတဲ့လူနဲ့ သိကျွမ်းလာခဲ့ပြီး အရမ်းရင်းနှီးသွားရင်း ကောင်လေးနဲ့လည်း အသိအကိုဆိုပြီး မိတ်ဆက်ပေးခဲ့တယ် အဲ့လိုနဲ့ အကိုဘန်နဲ့ ကောင်မလေးက ရင်းနှီးလွန်လာပြီး တပူးပူးတတွဲတွဲဖြစ်လာတော့ ကောင်လေးခင်မျာ ပြောလဲမပြောရဲ ခံလဲခံစားရရင်း ကြိတ်ခံနေလာခဲ့တယ် အဲ့လိုနဲ့ အကိုဘန်ဆိုတဲ့လူက ကောင်မလေူတွေနဲ့ ပက်သက်ပြီး သတ်သတ်နေခဲ့တယ်ဆိုတာကို သိသွားတဲ့အချိန်မှာတော့ ရှင်းဟဲမီတယောက်ပျောက်ဆုံးနေခဲ့ပါပြီ ဒါပေမယ့်လည်း မသေချာသေးတာမို့ ကောင်လေးက ကြိတ်ခံစားရင်း လိုက်လဲရှာ စုံစမ်းရင်း သေမတတ်ခံစားပြီး လျှောက်သွားနေခဲ့ပါတယ် နောက်ဆုံးမှာတော့ ကောင်လေးက ကောင်မလေးကို ရှာတွေ့သွားမှာလား ဒါမှမဟုတ် တကယ်ပဲ အကိုဘန်က ကောင်မလေးကို သတ်လိုက်တာလား ကောင်လေးကရော ဘာတွေဆက်လုပ်မှာလဲဆိုတဲ့ ဆန်းကြယ်လှပြီး စိတ်ဝင်စားစရာဇာတ်လမ်းလေးကို Burning (2018)ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်လိုက်ရအောင်နော် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Nandar Kyaw  ဖြစ်ပါတယ်) File Size : (1.1 GB) Quality : HDRip 720p Running Time : 2hr 28min Format : Mp4 Genre : Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p HDRip H264 AAC-NonDRM Translated by May Nandar Kyaw Encoded by Thanhtike Zaw

Drama • Mystery • Sci-Fi & Fantasy
9 2018 18 mins
Burning
All the Lord’s Men

All the Lord’s Men (2022) တော်လည်းမတော်သလို ဘာအမှုမှလည်းမရှိနေတဲ့ စုံထောက်နှစ်ကောင် ကြံမိကြံရာ အမှုတစ်ခုကို စုံစမ်းဖို့သွားကြတယ်။ အဲဒီမှာ ဘာသာရေးခေါင်းဆောင်လိုလို ဘာလိုလိုမိန်းမရယ် မိုဟာမက်လိုလို ဘာလိုလို ကျမ်းပြုချင်နေတဲ့လူရယ် တခြားဗရုတ်သုတ်ခတွေရယ် တစ်ပြုံကြီးနဲ့တိုးရော။ မိုဟာမက်လိုလိုကောင်က ကျမ်းစာအသစ်ပြုမယ်ဆိုပြီး ဗရုတ်သုတ်ခတစ်ပုံတပင်ပြောတာကိုလည်းခံရတဲ့အပြင် ဘုရားသခင်အငြိမ်းစားယူပြီး ဘုရားအသစ်အဖြစ် ရွေးချယ်ခံရတယ်အော်တဲ့ မိန်းမကလည်းအဆစ်ရှိပါသေးတယ်။ သူ့ကိုရွေးရတဲ့အကြောင်းရင်းက ဘုရားသခင်က မိန်းမဖြစ်နေရမှာမို့ပါတဲ့ ကောင်းရော။ ဒီလောက်တင်စားတာမဟုတ်ဘဲ ဘုရားအစစ်ဖြစ်တဲ့အထိကို စားထားပါသေးတယ်။ ဒီကားကို အင်ဒရူးဘာတန်ဆိုတဲ့ဘဲက ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ဝင်သရုပ်ဆောင်ထားတယ်။ ဇာတ်ကွက်ရော ဒိုင်တွေရော လုပ်ပြနေတာတွေရောက ငစားကြီးတွေချည်းမို့ ကိုယ့်ထမင်းကိုယ်စားပြီး ငစားလာအလုပ်ခံရတာကြိုက်တဲ့သူတွေအတွက် ငစားကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 850MB Quality – 1080p, 720p Format – mp4 Duration – 1H 20Min Genre – Comedy, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Drama • Horror
0 2022
All the Lord’s Men
Poojai
5.3

Poojai (2014)”ဆုတောင်းပွဲ” ====================== တမီလ်နာမည်ကျော်မင်းသား ဗစ်ရှယ်နဲ့ မင်းသားကြီး ကာမယ်လ်ဟာဆန်ရဲ့သမီး ရှရူတီဟာဆန်တို့ရဲ့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ အက်ရှင်ကားဟောင်းလေးတစ်ပုဒ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဗာဆူဟာ အတိုးနင်းကန်တောင်းပြီး ငွေတိုးချေးစားတဲ့ တက်သစ်စ စီးပွားရေးသမားလေးပါ။ သူဟာ ဇာတ်လိုက်တွေရဲ့ထုံးစံ မဟုတ်မခံစိတ်ရှိသူဖြစ်ပြီး ထောင့်လည်းမကျိုးတာကြောင့် နယ်ခံဂိုဏ်းစတားတွေ မျက်မုန်းကျိုးတာခံနေရတဲ့သူပေါ့။ အလိုလိုမှ မျက်မုန်းကျိုးခံနေရတဲ့ဗာဆူဟာ တစ်နေ့မှာ ရဲတစ်ယောက်ကို သဝာ်ဖို့ကြိုးစားတဲ့ လုပ်ကြံရေးဂိုဏ်းတစ်ခုရဲ့အစီအစဉ်ကို မတော်တဆ ဖျက်မိသွားတဲ့အတွက် တစ်နွယ်ငင် တစ်စင်ပါဆိုသလို နောက်ဆက်တွဲပြဿနာတွေကြုံလာရတဲ့အတွက် ဖြေရှင်းဖို့ကြိုးစားရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Mystery • Thriller • Drama
5.3 2014
Poojai
Bharathanatyam
7.5

Bharathanatyam (2024) “ဒါရိုက်တာ” တေလဂူး မဆလာ ဟာသရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ရာဂျာဆိုတာ လက်ထောက်ဒါရိုက်တာအဖြစ် လေးနှစ်လုပ်ကိုင်ခဲ့ပြီး ကိုယ်တိုင်ရုပ်ရှင်ရိုက်ဖို့ ပရိုဂျူဆာတွေ လိုက်ကမ်းလှမ်းနေရတဲ့လူ ။ သူ့ကောင်မလေးကိုတောင် မုန့်ဝယ်မကျွေးနိုင်၊ သူ့ဇာတ်ညွှန်းကလည်း ထုတ်လုပ်သူတိုင်းက ဟိုဟာဖြစ်တယ် ဒီဟာမပါဘူးဆိုပြီး ပယ်ချခံရတယ် အစစအရာရာ ကံဆိုးနေတဲ့ ရာဂျာတစ်ယောက် တစ်နေ့မှာ ဘဝအလှည့်အပြောင်းတစ်ခုကြုံရပြီး မြေအောက်ဒုစရိုက်လောကနဲ့ ပတ်သက်ဆက်နွယ်မိသွားတဲ့အခါ အန္တရာယ်များတဲ့ အခြေအနေတွေကနေ ဒုစရိုက်သားတွေကို ဘယ်လိုကွက်ကျော်ရိုက်ပြီး ရှောင်တိမ်းမှာလဲ ရုပ်ရှင်ဆိုတာ ကမ္ဘာပေါ်မှာ အလှပဆုံးလိမ်လည်မှုပဲ ဆိုတဲ့စကားအတိုင်း အရှုပ်အထွေးများကြားမှာ လွတ်မြောက်အောင်ကြိုးစားပုံကို ပရိသတ်အကြိုက် မြူမြူးကြွကြွလေး တင်ဆက်ထားတာပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

7.5 2024
Bharathanatyam
Go For Broke
6

ဒီနေ့မှာတော့ ထိုင်းနိုင်ငံနယ်စပ်မြို့လေးကို အခြေခံရိုက်ကူးထားတဲ့ Go for Brokeဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆို… နည်းပညာတွေတင်မက AI က လူတွေနေရာကို ဝင်ယူလောက်တဲ့အထိ တိုးတက်နေတဲ့ခေတ်ကြီးမှာ လူတစ်ယောက်ဘဝကို ဖျက်စီးဖို့ဆိုတာ အလွယ်လေးဖြစ်သွားပြီ… ဒီကားထဲမှာ ကိုယ့်ဆန္ဒမပါဘဲ မူးယစ်သားကောင်ဖြစ်သွားတဲ့ လူတချို့နဲ့ သူတို့မိသားစုဝင်တွေရဲ့ ဘဝစာမျက်နှာတချို့ကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်… ဇာတ်လိုက် ကျန်းယောက်က တစ်ချိန်က စစ်သားတစ်ဦးပေါ… သူက စစ်တပ်ကထွက်ပြီး သင်္ဘောပေါ်လိုက်ခဲ့ပေမယ့်… ပြန်အလာမှာတော့ သမီးလေးလည်း ဆုံး… မိန်းမလည်း ဆေးစွဲပြီး သူ့ရှေ့တင် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်… ဒီလိုနဲ့ သူအဖမ်းခံရတော့ အန်တုဆိုတဲ့ ရဲအရာရှိနဲ့ဆုံပြီး… မူးယစ်ဘုရင် မုခွန်ရဲ့ ပျောက်ဆုံးနေတဲ့ သား ရှားဝမ်အဖြစ် သူဘဝဇာတ်ခုံပေါ်ပြန်ရောက်ခဲ့တယ်… ဒီတော့ ဘာဖြစ်မယ်ဆိုတာ သိသာပါတယ်… ရှားဝမ်အဖြစ် သူကသက်သေတွေစုပြီး အန်းတုနဲ့ပူးပေါင်း ဖမ်းဆီးမယ်ပေါ့… ကဲ ထင်ထားတဲ့အတိုင်းဖြစ်မှာလား.. ကြားထဲ ဘယ်လိုလှည့်ကွက်တွေရှိဦးမှာလဲ… ဇာတ်လမ်းလေးကို ကြည့်လိုက်ကြရအောင်…

Drama • Thriller • War
6 2024
Go For Broke
[18+] School of Youth: The Corruption of Morals
6.1

***************************************************** မို့ဝန်းနဲ့ ဟန်မွန်းတို့က အမှုထမ်းစာ​​မေးပွဲကို အကြိမ်ကြိမ်ကျ​နေတဲ့သူ​တွေပါ ဟန်မွန်းက အမှူထမ်းစာ​မေးပွဲကို စိတ်မ၀င်စားဘဲ မိန်းက​လေး​​တွေရဲ့ကိုယ်လုံးတီးပုံ​တွေကို ဆွဲရတာ သ​ဘောကျ​တဲ့သူပါ .. မို့ဝန်းက​တော့ သင်္ချာဘာသာကို အလွန်စိတ်၀င်စားတဲ့​ကျောင်းသားလေးပေါ့ .. ရူက​တော့ ဂျပန်ဘာသာစကားကို စိတ်၀င်စားပြီး ဘာသာပြန်တစ်​ယောက်ဖြစ်ဖို့ ကြိုးစား​နေတာပါ .. အ​ဖေ​တွေကို မလွန်ဆန်နိုင်တာ​ကြောင့် စိတ်မ၀င်စား​ပေမဲ့လည်း အမှုထမ်းစာ​မေးပွဲကို ဝင်​ဖြေခဲ့ရပါတယ် တစ်​​နေ့သူတို့​ကျောင်းကို ​ကျောင်းသူ ၃​ယောက်​ပြောင်းလာတဲ့အချိန်ကစပြီး အ​ခြေအ​နေ​တွေ​ပြောင်းလဲသွားပါတယ် .. တစ်ည ရူနဲ့ မို့ဝန်းဟာ ပြန်​ပေးဆွဲခံရပြီး အလိုမတူဘဲ မုဒိမ်းကျင့်ခံလိုက်ရပါတယ် အဲဒီလိုနဲ့ သူတို့ကို မုဒိမ်းကျင့်တဲ့သူ​​တွေကို လိုက်ရှာကြပါ​တော့တယ် .. သူတို့ကို အဲဒီလိုလုပ်တာဟာ အသစ်​ပြောင်းလာတဲ့ ​ကျောင်းသူ​လေး​တွေလား ဒါမှ မဟုတ် တခြား ဘယ်သူ​များဖြစ်မလဲဆိုတာကို ဘယ်လိုအချက်နဲ့လိုက်ရှာကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှူကြရမှာပဲဖြစ်ပါတယ် .. File Size : 2.01GB, 787 MB Quality : 1080p,720p Format…mp4 Duration…1 hr. 30 min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

6.1 2014
[18+] School of Youth: The Corruption of Morals
Kim Ji Young: Born (2019)
7.3

Kim Ji Young: Born 1982 (2019) ********************************** ဒီဇာတ်ကားက နာမည်ကျော်ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာပါ… ဒီစာအုပ်ပါအကြောင်းအရာတွေဟာ စာဖတ်ပရိတ်သတ်ကြား အတော်ဂယက်ထခဲ့တယ်လို့ဆိုပါတယ်… ဒီကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင် Yoo Gong နဲ့ Jung Yu Mi တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်…. ဘယ်လိုတွေကြောင့် စာဖတ်ပရိတ်သတ်ကြား အစွန်း(၂)ဘက်ရောက်နေကြတာလဲဆိုတာရယ်.. Drama အမျိုးအစားဒီဇာတ်ကားဟာ ရှိခဲလှတဲ့ IMDb…7.6 ရနေတာလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ … တခြားဇာတ်ညွှန်းတွေတော့ မရေးတော့ပါဘူး… တဖြည်းဖြည်း ခံစားကြည့်ရှုရတဲ့ကားမို့ spoilerဖြစ်မှာစိုးရိမ်လို့ Drama ကားကြိုက်သူတို့ လက်မလွှတ်သင့်ဘူးလို့သာညွှန်းဆိုပါရစေ… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်) File size…1.85GB / 711MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Psychological, Life, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by May Phyu Zaw Encoded by AHtet

Comedy • Action • Adventure • Romance
7.3 1982 119 mins
Kim Ji Young: Born (2019)
Watchmen: Chapter II
6.9

Watchmen Chapter II ‌animated movie လေးကတော့ Chapter 1 ရဲ့အဆက်ဖြစ်ပါတယ် Chapter 1 မှာ Comedian အသတ်ခံရလို လိုက်စုံစမ်းနေတဲ့ Rorschach တစ်ယောက် ချောက်ချခံရပြီး ထောင်ကျနေတာကနေ စပါတယ်။ ဒီလို လုပ်ကြံမှုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေတာလဲ. တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးရဲ့ အရှေ့အနောက်အားပြိုင်မှု တွေကနေ တတိယကမ္ဘာစစ် ပေါ်လာခါနီးပြဿနာတွေကရော ဘယ်လိုဆက်စပ်နေမလဲ အဆုံးသတ်မှာ ဘယ်လိုတွေ ဖြစ်ကြမလဲ ဆိုတာကို ပညာသားပါပါ ရိုက်ပြထားတဲ့ အမိုက်စား animation movie တစ်ကားပဲ ဖြစ်လို Chapter 1 မကြည့်ရသေးရင် ၂ ခုလုံးကြည့်ဖို Chapter 1 ကြည်ပြီးသူတွေလည်း ဒါကို ဆက်ကြည့်ဖို တိုက်တွန်းလိုက်ပါတယ်……….. File size… (1.12GB) / (624MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Animation , Action , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Comedy • Drama • Horror
6.9 2024 89 mins
Watchmen: Chapter II
GATAO: Like Father Like Son
6.2

ကြမ်းမှရမ်းမှဆိုတဲ့ ဂိုဏ်းစတားပရိသတ်တွေအတွက် Golden Horse Film Festival မှ ာ Nomineeတစ်ခု နဲ့အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုတစ်ခုရခဲ့တဲ့ ထိုင်ဝမ်ကားကြမ်းကြမ်းတစ်ကားကိုCMမှတင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ထိုင်ဝမ်မြောက်ပိုင်းမြို့တစ်မြို့မှာ လူမိုက်ဂိုဏ်း(၄)ဂိုဏ်းက ကိုယ့်ပိုင်နက်နဲ့ကိုယ်ကြီးစိုးပြီး သင့်သင့်မြတ်မြတ်နေကြတယ်။ မျိုးသစ်လူငယ်တစ်ယောက်ဖြစ်တဲ့မိုက်ကယ်က မူးယစ်ဆေးရောင်းတဲ့အပြင် သူ့အဖေရဲ့လုပ်ရပ်တွေကိုအားမရပဲ လောဘတက်ပြီးတစ်နယ်လုံးကို ကြီးစိုးနိုင်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး။ အဲဒီအချိန်မှာပဲ ပိုက်ဆံရှာဖို့ တစ်ခုထဲနဲ့မိုက်ကယ်ဆီရောက်လာတဲ့ ဂိုဏ်းမရှိ အဖွဲ့အစည်းမရှိတဲ့ လူငယ်လေး(၃)ယောက်က လူမိုက်ဂိုဏ်းပိုင်လောင်းကစားရုံမှာပိုက်ဆံလုပြီးပြန်လာနိုင်ခဲ့ကြတယ်။ သူအထင်မကြီးတဲ့ကောင်လေးတွေက ဘာမှမဖြစ်ပဲပြန်လာနိုင်တဲ့အတွက် မိုက်ကယ်ကအံ့ဩပြီး သဘောကျနေခဲ့တယ်။ ဒီလိုနဲ့ အရင်မျိုးဆက်ကိုကျော်ပြီး အာဏာလုချင်တဲ့မိုက်ကယ်တို့ရဲ့ဂိုဏ်းအရှုပ်အထွေးပဋိပက္ခတွေကြားမှာ လက်ရဲဇက်ရဲလူငယ်လေး(၃)ယောက်က ဘုမသိဘမသိရောက်သွားပါတော့တယ်။ ဉာဏ်များတဲ့အဖိုးကြီးတွေနဲ့ စိတ်အားထက်သန်ပြီးစိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူငယ်မျိုးဆက်ကြားကတိုက်ပွဲဟာ ဘယ်လိုအဆုံးသတ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ……

6.2 2025
GATAO: Like Father Like Son
B.O.Y. – Bruises of Yesterday
7.1

Glasskaar (2024) ဟာဆိုရင် Danish Queer film အမျိုးစားလေးဖြစ်ပြီး အရွယ်ရောက်ခါစလူငယ်ဘဝနဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အဖြစ်အပျက်တွေကိုထည့်သွင်းရိုက်ကူးထားပါတယ်။ ဇာတ်လမ်းလေးက Tobiasဆိုတဲ့ 16နှစ်အရွယ်ကောင်လေးတစ်ယောက် သူအဖိုးအဖွားနဲ့အတူ နွေရာသီမှာသွားနေရဖို့ဖြစ်လာပုံနဲ့စပါတယ်။ အဲ့ဒီနယ်မြို့လေးမှာ Aron ဆိုတဲ့ ဆေးသုတ်သမားလေးနဲ့ ဆုံပြီးချစ်ကြိုးသွယ်မိခဲ့ကြပေမယ့် သူ့ရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီးအခက်အခဲတွေကြုံလာရပါတော့တယ်။ ဒါ့အပြင် ဝမ်းနည်းစရာဖြစ်ရပ်ဆိုးတစ်ခုအပေါ် တစ်ခုဆင့်ပြီး ဆက်တိုက်ဖြစ်လာခဲ့တဲ့အခါမှာ Tobiasတစ်ယောက် ဆုံးရှုံးမှု အထီးကျန်မှုနဲ့ အမုန်းတရားတွေကြောင့် မိမိကိုယ်ကိုယ် အနာတရဖြစ်စေတဲ့အထိပါဖြစ်လာပါတော့တယ်။ ဒီလိုမျိုး Tobias ရဲ့စိတ်ပိုင်းဆိုင်းရာ ခရီးရှည်ကြီးတစ်လျှောက် တငြိမ့်ငြိမ့်လိုက်ပါကြည့်ရှရမှာဖြစ်လို့ ဒီအခက်အခဲတွေက လူငယ်လေးတစ်ယောက်ကို ဘယ်လိုပြောင်းလဲစေမလဲဆိုတာ အတူကြည့်ရှုလိုက်ကြရအောင်။ File Size… (2.74 GB) / (777 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 27m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Shinki

7.1 2024 87 mins
B.O.Y. – Bruises of Yesterday