YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Calling Sahasra (2023) Telugu WEB-DL - 720p - AVC - YK(CM).mp4

977.93 MB N/A video/mp4 1506 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kitchen Brigade
6.7

~ IMDb - 6.3/10, Rotten Tomatoes - 89% ~ ဒီဇာတ်ကားရဲ့ တစ်ချို့အပိုင်းတွေဟာ ဖြစ်ရပ်မှန်တွေလို့ ပြောလို့ရပါတယ်။ ပင်မဇာတ်လမ်းကျောရိုးကြီးကို ပြောတာမဟုတ်ဘဲ ဥရောပနိုင်ငံတွေမှာ ခိုလှုံဖို့ကြိုးစားကြတဲ့ လူငယ်လေးတွေရဲ့ ရုန်းကန်မှုနဲ့ အခက်အခဲပေါ့။ လက်ရှိ ဥရောပမှာ မပြီးနိုင်မစီးနိုင် နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ပြဿနာဟာ ခိုလှုံသူပြဿနာပါပဲ။ အချက်အပြုတ်ကို အကြောင်းကို ရှေ့မှာပြပြီး အဲဒီပြဿနာကို စိန်ခေါ်မီး‌မောင်းထိုးပြသွားတဲ့ ဒီကားလေးဟာတော့ ပြောရမယ်ဆိုရင် ပူပူနွေးနွေး ဟင်းကောင်းတစ်မယ်ပါပဲ။ ကက်သီဟာ နာမည်ကြီး တီဗီမှာ လူသိများတဲ့ စာဖိုမှူးကြီးတစ်ယောက်ရဲ့ လက်ထောက်စာဖိုမှူးဖြစ်ပါတယ်။ ဒါပေမဲ့ ကားအစမှာပဲ ဟင်းမယ်ထဲထည့်မယ့် အမွှေးအကြိုင်ကိစ္စနဲ့ စကားများပြီး အလုပ်ထွက်လိုက်ရပါတယ်။ အလုပ်ကတော့ လွယ်လွယ်ပြန်ရှာမရခဲ့သလို နောက်ဆုံး ရလာပြန်တော့လည်း တစ်ပတ်ရိုက်ပြီး အခေါ်ခံရတဲ့ နေရာ ဖြစ်နေပါတယ်။ အဲဒီနေရာကတော့ ရွှေ့ပြောင်းလူငယ်လေးတွေကို ထားပေးတဲ့ အဆောင်တစ်ခုပဲ ဖြစ်ပါတယ်။ ငွေကြေးအခက်အခဲကြောင့်သာ ဒီအလုပ်ကို လက်ခံလိုက်ပေမယ့် အစပိုင်း စိတ်သိပ်မပါခဲ့ဘူး။ ဒါပေမဲ့ နိုင်ငံအသီးသီးကနေ ပြင်သစ်မှာ ခိုလှုံဖို့ကြိုးစားနေကြတဲ့ ဒီလူငယ်လေးတွေကို သူ နားလည်လာတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 760MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 37Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Thriller
6.7 2022 97 mins
Kitchen Brigade
Days of Heaven
7.5

Days of Heavenဟာ Terrence Malickရဲ့ ဒုတိယကားပါ။ Terrence Malickပီသစွာပဲ အစက ကားတွေမှာတောင် narrative တွေ ရင်သပ်ရှုမောလောက်အောင် လှတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ ပုံဖော်ထားတဲ့ ကားပါပဲ။ ဒါပေမဲ့ narrativeတွေဟာ သူ့နှောင်းပိုင်းကားတွေ အရမ်းကြီးတော့ fragmentation မဆန်သေးပါဘူး။ ဒီရုပ်ရှင်ရဲ့အခန်းအများစုကို Golden hour လို့ခေါ်တဲ့ စီနီမာတိုဂရပ်ဖာတွေက "magic hour " လို့ ခေါ်ကြတဲ့ အချိန်တွေမှာ ရိုက်ကူးခဲ့တာပါ။ အကျဉ်းဖြဉ်းအားဖြင့်တော့ နေထွက်ပြီးစနဲ့ နေမဝင်ခင် ကောင်းကင်နီဆွေးလှပနေတဲ့ အချိန်တွေကိုခေါ်တာပါ။ Days of Heavenဟာ အော်စကာဆုပေးပွဲမှာ Academy Award for Best Cinematography ဆုရခဲ့ပြီး 1979 Cannes Film Festival မှာ Best Director ဆုလည်းရရှိခဲ့ပါတယ်။ ရစ်ချက်ဂီရိလို တစ်ချိန်က နာမည်ကျော်မင်းသားကြီးကို သုံးထားပြီး ဒီထဲမှာ သူတော်တော်နုသေးတာကြောင့် တစ်ချိန်က လူကြိုုက်များ ခဲ့တဲ့ သူ့ရုပ်သွင်ကိုလည်း မြင်ရမှာပါ။ Terrence Malickရဲ့ ရုပ်ရှင်တွေဟာ ဇာတ် အိမ်တွေ ဒိုင်ယာလော့တွေထက် ကြည့်ရှုသူကို နိဗ္ဗာန်ကို အလည်တစ်ခေါက် ရောက်သွားသလို မျက်စိအာရုံဖမ်းစားနိုင်တဲ့အလှအပတွေနဲ့ ပိုဆွဲဆောင်တတ်တဲ့ ရုပ်ရှင်တွေဖြစ်ပြီး။ ရုပ်ရှင်ဆိုတာ ဘာမက်ဆေ့မှ ယူဖို့မဟုတ်ဘဲ ဒီတိုင်း ကြည့်ကောင်း လို့ ထိုင်ကြည့်ချင်သူတွေ အကြိုက်တွေ့မယ် ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ရဲ့နာမည် Days of Heavenနဲ့ ရုပ်ရှင်ရဲ့ဇာတ်အိမ်က ဆန့်ကျင်ဘက်ဖြစ်နေပေမဲ့လည်း အပြတွေကတော့ Days of Heavenဆီ ခင်ဗျားကို တကယ်ခေါ်ဆောင်သွားနိုင်မှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.71 GB) / (1.07 GB) / (624 MB) Quality............BluRay 1080p, 720p, 480p Duration.........1h 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......WiRa Aung Encoder..........SWM

Horror • Thriller
7.5 1978 94 mins
Days of Heaven
Bride for Rent

နာမည်ကြီး Bride for Rent ဖိလစ်ပိုင်ဇာတ်ကားကို ပြန်ရိုက်ထားတဲ့ ဗီယက်နမ်ကားလေးပါ။ ဖိလစ်ပိုင်ကားက 2014 မှာ ထွက်ခဲ့တာဖြစ်ပြီးတော့ ဗီယက်နမ်ကားကာတော့ 2018 မှာ ထွက်ထားတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ကားကို ကြည့်ဖူးပြီးသားသူတွေအတွက်တော့ သိပ်မထူးဆန်းပေမယ့် မကြည့်ဖူးသေးတဲ့သူတွေအတွက်တော့ ဟာသ၊ အချစ်ရသကို ခံစားရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိသားစုအတွက် အရေးပေါ်ငွေလိုနေတဲ့ Linh ရယ် အိမ်ထောင်ပြုမှ အမွေရမှာမို့ အိမ်ထောင်ဖက်လိုက်ရှာနေတဲ့ Long ရယ် တွေ့သွားတဲ့အချိန်မှာ အဘွားဆီက အမွေတွေရဖို့ ဟန်ဆောင်လက်ထပ်ဖို့ စာချုပ်ချုပ်လိုက်ကြတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်ကြည့်သွားပါနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.3GB | 622MB | 308MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... August

Crime • Drama
0 2018 87 mins
Bride for Rent
Nude Tuesday
4.8

ပျော်ရွှင်မှုဟာလူတိုင်း လိုချင်၊ လိုအပ်ကြတဲ့ အရာတစ်ခုဆိုတာ ငြင်းလို့ရမယ်မထင်ပါဘူး။ ဒီကားလေးထဲမှာတော့ အိမ်ထောင်သက်တမ်း ကြာမြင့်ပြီး တစ်ဦးနဲ့တစ်ဦး ငြီးငွေ့‌ကာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေကြတဲ့ ဘရူနိုနဲ့ လော်ရာတို့ဟာ သူတို့ရဲ့ မိသားစုအသိုက်မြုံလေးကို ထိန်းသိမ်းနိုင်ဖို့ ကိုယ့်စိတ်ကိုယ် စစ်နိုင်မယ်လို့ ယူဆရတဲ့ Camp တစ်ခုကို နောက်ဆုံးကြိုးစားမှုအဖြစ် သွားရောက်ခဲ့ကြပါတယ်။ အဲ့ဒီ Campရဲ့ ရည်ရွယ်ချက်‌တွေက စိတ်ကို ပြန်လည် လတ်ဆတ်စေဖို့၊ ကိုယ့်ကိုကိုယ် အမှန်အတိုင်း ပြန်လည် မြင်ယောင်နိုင်ဖို့နဲ့ အချစ်တွေကို ပြန်လည်တွေ့ရှိစေဖို့ပါပဲ။ ဘရူနိုတို့စုံတွဲအတွက် ဘယ်လိုအမှန်တရားတွေ စောင့်‌ကြိုနေလဲ? လူ့စိတ်ရဲ့အ‌ခြေအနေနဲ့ ကာလအပေါ် လိုက်ပြီး ပြောင်းလဲတတ်တဲ့ သဘောသဘာဝတွေက ဘယ်လိုလဲ? သူတို့ ကြိုးစားရှာဖွေခဲ့တဲ့ ပျော်ရွှင်မှုဟာ ဘယ်အရာ ဖြစ်မလဲ? ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Moe Han ပါ။) File Size : 2GB,  790MB, 389MB Quality : 1080p WEB-DL AAC 5.1CH, 720p Blu-ray, 480p Format : mp4 Duration : 1hr & 30mins Genre : Comedy, Drama, Romance Translated by Pyae Moe Han Encoded by Kinnov

4.8 2022 99 mins
Nude Tuesday
Master Gardener
6.3

Master Gardener (2022) ~ IMDb – 6.3/10, Rotten Tomatoes – 70% ~ “God’s Lonely Man” ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို ” ဒီကောင်ဘာတွေလုပ်မလဲမသိဘူး” ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ မာယာ ဆိုတဲ့ ကောင်မလေးတစ်ယောက် အလုပ်သင်အနေနဲ့ရောက်လာပြီး ပြဿနာတွေပါခေါ်လာခဲ့ချိန်မှာတော့ ” ဒီကောင်ဘာတွေလုပ်မလဲမသိဘူး” ဆိုတာလေးဖြစ်ဖို့ အ‌ကြောင်းခံလေးတွေပေါ်လာပါတော့တယ်။ ဒီရုပ်ရှင်မှာသဘောကျမိတာတစ်ခုက ပန်းအကြောင်းတွေပါ။ သူ့ရဲ့ ဂျာနယ်မှာထည့်ရေးသမျှ ပန်းအကြောင်းတွေနားထောင်ရင်း ကိုယ်တိုင်ပါ ထပြီး ပန်းတွေစိုက်ပစ်ချင်စိတ်တောင်ပေါက်လာနိုင်ပါတယ်။ ဂျိုဝယ်အက်ဂျာတန်လို ဘဲကြီးက ပန်းလှလှလေးတွေစိုက်နေတာမြင်ရတာကလည်း တစ်မျိုးလေးကြည့်ကောင်းနေတာပေါ့လေ။ “God’s Lonely Man” ဆိုလို့ ဒါရိုက်တာဘယ်သူလဲ ပြေးကြည့်စရာမလိုပါဘူး။ အဲဒီလို ရုပ်ရှင်မျိုးတွေကို အသည်းခိုက်တဲ့ Taxi Driver ဇာတ်ညွှန်းရေးခဲ့တဲ့သူ Paul Schrader ကိုယ်တိုင်ဖြစ်နေလို့ပါ။ Paul Schrader က ဇာတ်ညွှန်းတင်မက ဒါရိုက်တာလည်းကောင်းကောင်းကြီးလုပ်နိုင်တယ်ဆိုတာကို Mishima, Blue collar နဲ့ First Reformed ကားတွေမှာ မြင်ခဲ့ရပြီးပါပြီ။ အင်တာဗျူးတစ်ခုမှာ သူနောက်ဆုံးရိုက်ထားတဲ့ ရုပ်ရှင်သုံးခုဖြစ်တဲ့ First Reformed (2017), Card Counter (2021) နဲ့ အခု Master Gardener ရုပ်ရှင်တွေက ဇာတ်လမ်းချင်းမတူပေမဲ့ စိတ်ပိုင်းဆိုင်ရာကျောရိုးချင်း ဆက်နွယ်နေတဲ့ Trilogy တစ်ခုလို့ ပြောခဲ့ဖူးပါတယ်။ ဥပမာ ကားရယ် လေယာဉ်ရယ် ရထားရယ် နဲ့ ခရီးသွားသလိုပေါ့။ ခရီးသွားနေတယ်ဆိုတဲ့ သဘောတရားချင်းတူတယ် ဒါပေမဲ့ သွားပုံချင်းမတူတာမျိုး။ အဲဒီသဘောတရားအတွက် ကား၊ လေယာဉ်၊ ရထား သုံးမျိုးလုံး စီးကြည့်စရာမလိုပေမဲ့ အချိန်ရရင်တော့ ၃ ကား စလုံးကို မြည်းကြည့်စေချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဗယ်လာဒိုလစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့တဲ့အပြင် Alien Franchise ထဲက မင်းသမီးကြီး ဆစ်ဂေါနီးဝီဗာကလည်း ဒီရုပ်ရှင်နဲ့ ပေါ်တူဂီရုပ်ရှင်ဆု CinEuphoria ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရခဲ့ပြီး ဂျိုဝယ်အက်ဂျာတန်ကလည်း အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။ ပန်းကလေးတွေအကြောင်းရုပ်ရှင်တွေကြည့်တိုင်း ကြည်အေးရဲ့ မောင်ကိုကိုနှင့်မြနန္ဒာ စာအုပ်ထဲက “ကမ္ဘာပေါ်မှာ လူနည်းနည်းနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ” ဆိုတာလေးကိုပဲ အမှတ်ရနေမိပါတယ်။ ပန်းကလေးတွေရဲ့အလှနဲ့ ရုပ်ရှင်ရဲ့ အလှအပနှောထားတာလေးကတော့ ဒီရုပ်ရှင်ရဲ့ မျက်စိပသာဒအဖြစ်ရဆုံး အချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 540MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 51Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.3 2022 111 mins
Master Gardener
Jericho Ridge
5.7

Jericho Rudge (2022) ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် Jericho Ridge ဆိုတဲ့ ဇာတ်ကားလေးကတော့ ၂၀၂၂ ကထွက်ရှိထားတဲ့ သဲထိတ်ရင်ဖိုဇာတ်ကား တစ်ကားဖြစ်ပါတယ်။ နာမည်ကြီး နိုင်ဂျီးရီးယန်းမင်းသမီး Nikki Amuka-Bird ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်နဲ့ပါဝင်သရုပ်ဆောင်ထားပြီးတော့ “Origin” ဇာတ်လမ်းတွဲထဲက မင်းသား Philipp Christopher ကတော့ ဗီလိန်အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ တန်ပီတန်ပယ်ဆိုတဲ့ အမျိုးသမီးကိုဇာတ်အိမ်တည်ပြီးတော့ ရိုက်ထားပါတယ်။ တက်ဘီဟာ သူ့ခင်ပွန်းနဲ့ကွဲပြီးနောက်ပိုင်းမှာ အရက်အလွန်အကျွံသောက်ပြီး ကားမောင်းလိုက်လို့ လမ်းမှာသမင်တစ်ကောင်ကို ရှောင်ရရင်းနဲ့ သူ့ခြေချင်းဝတ်ကျိုးသွားရှာပါတယ်။ ဒါပေမဲ့ သူ့က ရဲမေတစ်ယောက်ဖြစ်နေတော့ အလုပ်ကအရေးပေါ်လိုအပ်လာတော့လည်း ရဲစခန်းကိုပြန်သွားရတာပေါ့။ ဖြစ်ချင်တော့ သူလုပ်နေတဲ့ရဲစခန်းက သူအနားယူနေဆဲကာလမှာ အဖောက်ခံလိုက်ရတာပါ။ ဒါနဲ့ပဲ ရရာ သဲလွန်စကနေတစ်ဆင့် ဒီအမှုကို ဖော်ထုတ်ဖို့ကြိုးစားနေရင်းနဲ့ပဲ သူတို့ရဲစခန်းကို ဗီလိန်ကြီးက တစ်ခြားလူဟန်ဆောင်ပြီး ဝင်လာပြန်ပါတော့တယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ တက်ဘီကိုယ်တိုင် ရဲစခန်းထဲမှာရှိနေတဲ့အချိန်နဲ့တိုက်နေတော့ မသင်္ကာဖြစ်ပြီး တစ်ခြားရဲကို မေးကြည့်ရာမှ ဗီလိန်ဖြစ်နေတာကို သိလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ပဲ ဗီလိန်ကြီးက ရဲစခန်းကနေ တကယ်တမ်းဘာကို ရှာဖို့ကြိုးစားနေတာလဲ… ပထမဖြစ်ခဲ့တဲ့ ခိုးမှုကရော ဗီလိန်ကြီးနဲ့ပဲတကယ်ပတ်သက်နေတာလား… ဆိုတာကို အက်ရှင်ပေါင်းများစွာနဲ့ သဲထိတ်ရင်ဖို ရှုစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 675MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 27Min Genre – Action, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

5.7 2022
Jericho Ridge
Foe
5.8

Foe (2023) Foe ကို ရိုက်တာက Lion (2016) နဲ့ Mary Magdalene (2018) တို့ရဲ့ ဒါရိုက်တာ Garth Davis ဖြစ်ပြီး မနှစ်က A24 ရဲ့ Aftersun နဲ့ လူကြိုက်များခဲ့သလို မင်းသားဆုလည်း အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့၊ Normal People စီးရီးရဲ့ အဓိကဇာတ်ကောင်လည်းဖြစ်ခဲ့တဲ့ Paul Mescal နဲ့ သူ့အရွယ်တန်းမင်းသမီးတွေထဲ သူ့ကိုမီတဲ့လူ ဘယ်သူမှမရှိတဲ့၊ ဟိုးငယ်ငယ်ကလေးကတည်းက Atonement မှာ အားလုံးမြင်ကတ်လောက်အောင် ပညာပြခဲ့သလို Little Women, Lady Bird, The Grand Budapest Hotel, Loving Vincent စစသဖြင့် ရိုက်သမျှကားတိုင်းမကောင်းမရှိသလို သရုပ်ဆောင်လည်း သိပ်ကောင်းတဲ့ Saoirse Ronan တို့က ပါဝင်သရုပ်ဆောင်ထားတယ်။ ဒီ၂ယောက်ရဲ့ Acting စကေးနဲ့တင် ဒီကားက တန်ပေမဲ့ ဝေဖန်ရေးသမားတွေဆီမှာတော့ မျက်နှာပန်းမလှခဲ့ပါဘူး။ ဇာတ်ကလည်း ပြချင်တာတော့ ကောင်းပေမဲ့ နည်းနည်းတော့ မနိုင်သလိုဖြစ်သွားတာကြောင့်လည်း ပါချင်ပါလိမ့်မယ်။ ဒါပေမဲ့ ဇာတ်က မဆိုးနေပြန်တော့ တန်တယ်ပြောရမှာပဲ။ ဇာတ်ကတော့ Psychological Thriller ဇာတ်။ မူရင်းစာအုပ်ကလည်း ဆုတွေဘာတွေရထားသေးတယ်။ ပြထားတာတွေကတော့ သိပ်မကြာသေးခင်က နည်းနည်းဟောင်းတဲ့ကာလတွေဆန်ပေမဲ့ ကာလကတော့ လူသားတွေ အာကာသထဲ အခြေချဖို့ကြိုးစားနေကြတဲ့ ဒီခေတ်အလွန်ကာလ။ ကျေးလက်ထဲမှာ ရိုးရိုးကုတ်ကုတ်နေနေတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ ပြောရရင် အမေရိကကို ဒီဗွီပေါက်သလို အမေရိကကနေ အာကာသထဲကိုသွားဖို့ ယောက်ျားဖြစ်သူက ဒီဗွီပေါက်သွားတယ်။ အာကာသထဲသွားနေရတော့မယ်ပေါ့။ ဒီမှာ ကျန်ခဲ့ရမယ့်သူနဲ့ ထွက်သွားရတော့မယ့်သူကြား ပြဿနာစတက်တယ်။ ဆန်းတော့ဆန်းသား… ဒီကားက သိပ္ပံစိတ်ကူးယဉ်အမျိုးအစားလည်း သွင်းလို့ရပေမဲ့ ပေါလ်ရဲ့ ရိုနန်တို့ရဲ့ သရုပ်ဆောင်စကေးကို ပြလို့ရမယ့် ဒရာမာခန်းတွေချည်း ဖောဖောသီသီသုံးသွားတယ်။ ဒီနောက် သူတို့ကို လာစောင့်ကြည့်တဲ့လူထည့်ပြီး ဒီသုံးယောက်ကြားက ပဋိပက္ခတွေကို ဆက်ပြတယ်။ သုံးယောက်စလုံး သရုပ်ဆောင်ကောင်းနေလေတော့ စကားပဲများနေတာပေမဲ့ ကြည့်လို့တော့ကောင်းနေတယ်။ နောက် ထွက်သွားရတော့မယ့် ယောက်ျားနေရာမှာ အစားထိုးဖို့ လူလုပ်အသိဉာဏ်နဲ့ ခန္ဓာကိုယ်ပါရှိတဲ့ သူ့ယောကျ်ားနဲ့တစ်ထေရာတည်းတူတဲ့ လူလုပ်လူတစ်ယောက်ထားခဲ့ဖို့လုပ်တယ်။ အဲဒီလူလုပ်လူအတွက် လိုအပ်တဲ့ မှတ်ဉာဏ်တွေ ဗီဇတွေ ပင်ကိုစရိုက်တွေကို ပေါလ်ရဲ့ဇာတ်ကောင်ဆီက ယူဖို့လုပ်ရင်း မထင်မှတ်ထားတဲ့အရာတွေ ကြုံလာရတယ်။ ဒါပါပဲ။ တစ်ခါတလေ ဉာဏ်စဉ်မမီနိုင်တော့တဲ့ အချစ်တွေရှိလိမ့်မယ်။ ဆန်းပြားစွာပဲ သဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေကြတယ်။ ဘယ်လိုပုံစံမျိုးနဲ့ရှိနေလဲ ကျွန်တော်တို့ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့အရာတွေပေါ့။ ဘောင်တွေထဲဝင်ရင်းတိုးရင်း ကျွန်တော်တို့ဘယ်လိုလူတွေလဲ ကျွန်တော်တို့မသိနိုင်တော့တဲ့အထိ အဲဒီအချစ်တွေ ခက်ခဲလွန်းတယ်။ ဒီရုပ်ရှင်ရဲ့ တစ်စိတ်တစ်ဒေသဟာ အဲဒီလိုအချစ်တွေကို ပုံဖော်သွားခဲ့တယ်။ မှန်ခြင်းမှားခြင်းတွေပါလာတဲ့အခါ ဒီရုပ်ရှင်က ဇာတ်ကောင်တွေဟာ အဲဒီအချစ်တွေကို ဘာမှမတတ်နိုင်ခဲ့ကြပါဘူး။ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ခဲ့ဘူး။ သဏ္ဍာန်တွေ သဏ္ဍာန်တွေ ဘယ်လိုပဲ ကွဲကြပါစေပေါ့… အချစ်ဆိုတဲ့အရသာဟာ ဘယ်တော့မှ ဟောင်းမသွားဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 2.2GB, 1.05GB Quality – 4K HEVC, 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 50Min Genre – Drama, Thriller, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y, Ka Naung

5.8 2023
Foe
Dragon Stone Password
5.7

ဒီဇာတ်ကားလေးကတော့ ဖုန်းရွှေသဘာဝတွေကြိုက်တဲ့ ပရိသတ်ကြီးအကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ : ချန်ယုံလို့ခေါ်တဲ့လူငယ်လေးက မျိုးရိုးစဉ်ဆက် ဖုန်းရွှေပညာနဲ့ ရှေးဟောင်းယဉ်ကျေးမှုပညာတွေကို အမွေဆက်ခံလာခဲ့တဲ့သူပါ ။ သူငယ်စဉ်ကလည်း မိခင်နာမကျန်းဖြစ်နေတုန်း အဖေဖြစ်သူက ဝေ့ဖုန်းနဂါးကျောက်တုံးသွားရှာရင်း ပျောက်ဆုံးသွားခဲ့ပါတယ် ။ ဒီလိုနဲ့ တစ်နေ့မှာ သူချစ်ရတဲ့သူငယ်ချင်းကောင်မလေးက ပျောက်သွားတဲ့သတင်းကြားရပြီး ကောင်မလေးအိမ်ကနေ လာပြောတဲ့အခါ ချန်ယုံတစ်ယောက် မနေနိုင်ဘဲ လိုက်ရှာရင်း ဆန်းကြယ်မှုတွေနဲ့ ရှောင်ဖုန်းရွာကိုရောက်လာခဲ့ပါတော့တယ်။ ရှောင်ဖုန်းရွာကလည်း ဝေ့ဖုန်းတိုင်ပြည်ဟောင်းတည်ရှိတဲ့နေရာဖြစ်နေတော့ နဂါးကျောက်တုံးရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတွေအရ ပျောက်သွားတဲ့ သူငယ်ချင်းကိုရှာရင်း မထင်မှတ်ထားဘဲ သင်္ချိုင်းဟောင်းကြီးကိုတွေ့သွားပြီး နဂါးကျောက်တုံးရှာ‌ပုံတော်ကြီး စတင်ခဲ့ပါတော့တယ် ။

Drama
5.7 2024
Dragon Stone Password
Team Bride

ဒီကားကိုတော့ ဒါရိုက်တာ Josiah David Warren ရိုက်ကူးထားပြီး ဂီတနဲ့အချစ်သံယောဇဉ်ရဲ့ဆက်နွယ်မှုတွေကို လှပတဲ့သံစဉ်လေးတွေ နားဆင်ရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။ အန်ဒရီနဲ့ဂျိန်းတို့ဟာ အရမ်းချစ်ကြတဲ့စုံတွဲတွေဖြစ်ပြီး သမီးလေး ဂျိန်းမွေးဖွားလာဖို့ကို စောင့်ဆိုင်းနေကြတာပါ။ သူတို့နှစ်ယောက်လုံးက ဂီတပညာရှင်တွေဖြစ်ကြပြီး ငယ်ချစ်စုံတွဲတွေလည်း ဖြစ်ပါတယ်။ အန်ဒရီခရီးသွားနေတဲ့ချိန် မတော်တဆတစ်ခုကြောင့် ဂျိန်းဟာ ကလေးမွေးရင်းနဲ့ သေဆုံးသွားတဲ့အပြင် အန်ဒရီကလဲကား မတော်တဆမှုဖြစ်ခဲ့ပါတယ်။ မျှော်လင့်ခဲ့ရတဲ့ သမီးလေးဂျိန်းကမွေးဖွားလာခဲ့ပေမဲ့ အန်ဒရီဟာ ဇနီးဖြစ်သူဂျိန်းကို ဆုံးရှုံးခဲ့ရတဲ့အတွက် နာကျင်နေခဲ့ရပြီး သူ့ရဲ့ဂီတဝိဉာဏ်ကလဲသူမနဲ့အတူသေဆုံးသွားခဲ့ပါတယ်။ ဒီအရှုပ်အထွေးတွေရဲ့ကြား အိမ်ထိန်းအမျိုးသမီးဟန်နာရဲ့သမီးဖြစ်သူက သူမရဲ့ကလေးနစ်ကိုး နဲ့ကလေးလေးဂျိန်းကို နေရာလဲလိုက်တဲ့အခါ ကလေးနှစ်ယောက်ရဲ့ ကံကြမ္မာတွေဟာလဲ ပြောင်းလဲသွားပါတော့တယ်။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဂျိန်းတစ်ဖြစ်လဲဒေစီဟာ သူမအမေရင်းလိုပဲ တယောထိုးပညာရှင်ဖြစ်လာခဲ့ပါတယ်။ လမ်းဘေးမှာတယောထိုးရင်း ပိုက်ဆံရှာနေတဲ့ ဒေစီကို ဂီတရဲ့ ဆက်သွယ်မှုကတစ်ဆင့် အန်ဒရီကရှာတွေ့သွားတဲ့အခါ… ဂီတရဲ့ဆက်နွှယ်မှုကနေ အဖေနဲ့သမီးအချင်းချင်း သိသွားနိုင်မလား… နစ်ကိုးတစ်ဖြစ်လဲဂျိန်းကရော သူမရဲ့ပြည့်စုံတဲ့ဘဝမှာ တကယ်ပဲ ပျော်ရွှင်နေရဲ့လား… အန်ဒရီကရော နှစ်တွေကြာပြီးနောက် ဇနီးဖြစ်သူအတွက် ပူဆွေးမှုတွေကိုလွှတ်ချနိုင်ပြီး အချစ်သစ်ကိုထပ်တွေ့မှာလား… ဒါတွေကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရင်းအဖြေရှာရမှာပါ။ အချစ်နဲ့သံယောဇဉ်တွေကို ပေါ်လွင်အောင် ဂီတသံလေးတွေရဲ့ကြား အသေအချာရိုက်ကူးထားတာကြောင့် လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ကားလေးပါပဲ။ File size… (1.99GB) / (957MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Horror • Thriller • Drama • TV Movie
0 2023 90 mins
Team Bride
Fight or Flight
6.5

Fight or Flight (2025) IMDb Rating (6.5) ဒီဇာတ်ကားထဲမှာတော့ တစ်ချိန်ကသရုပ်ဆောင်လောကမှာ လက်စွမ်းပြနိုင်ခဲ့တဲ့ မင်းသားမင်းသမီဟောင်း​တွေကနေ တစ်ဖန်လက်စွမ်းပြထားတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ၂၀၂၅ နှစ်ဆန်းပိုင်းမှာထွက်ထားတာဖြစ်ပေမယ့် IMDB 6.5 ရရှိထားပြီဖြစ်ပါတယ်။ ဇာတ်လမ်းဇတ်သွားကလည်း ပုံမှန်စပိုင်ကားတွေလိုမျိုးမဟုတ်ဘဲ ဇာတ်အိမ်လှည့်ထားတာတွေ ပါဝင်နေတဲ့အတွက် တကယ်ကြည့်သင့်တဲ့ B-rated ဇာတ်ကားတစ်ခုလို့ဆိုရမှာပါ။ ဇာတ်လမ်းအကျဉ်း တစ်နေ့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမှာ သူလျှိုအဖွဲ့အစည်းပေါင်းများစွာကနေ အလိုရှိနေတဲ့ “The Ghost” /သရဲ လို့လူသိများတဲ့လူတစ်ယောက်ဟာ အမေရိကန်သူထောက်လှမ်းရေးတွေကို သမပြီးထွက်ပြေးသွားခဲ့ပါတယ်။ ဒါကိုအေဂျင်စီကနေ လိုက်ပေမယ့် သရဲဟာ နည်းပညာပိုင်းထူးချွန်တဲ့ဟက်ကာတစ်ယောက်ဖြစ်နေတဲ့အတွက် ဒစ်ဂျစ်တယ်နည်းပညာနဲ့လုံးဝလိုက်ဖမ်းလို့မရပါဘူး။ ဒီလိုနဲ့ ကွင်းဆင်းနေတဲ့လူတွေကို လွှတ်ဖို့ကလည်း သရဲကိုတွေ့တဲ့နေရာက ဘန်ကောက်ဖြစ်နေတော့ အေဂျင်စီဘက်ကနေ လက်လှမ်းမမှီပါဘူး ။ အမေရိကရဲ့ စင်္ကာပူကထောက်လှမ်းအခွဲကိုလည်း လွှတ်ဖို့ကြံတဲ့အချိန်မှာ လူမအားတာနဲ့ သရဲက အေဂျင်စီလက်ကနေလွတ်သွားဖို့ အကြောင်းဖန်လာပါတယ်။ တစ်ချိန်မှာ လူးကတ်စ်ရေးယက်လို့ခေါ်တဲ့ သက်လတ်ပိုင်ယောက်ျားတစ​်ယောက်ဟာ အမေရိကအရာပိုင်တွေလက်နေ ထွက်ပြေးတိမ်ရှောင်နေရတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ အတိတ်ဆိုးတွကြောင့် ၂ နှစ်တိုင်တိုင်ထွက်ပြေးတိမ်ရှောင်နေတဲ့သူကိုအေဂျင်စီရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဘရန့်ဆိုတဲ့သူက ဖုန်းဆက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဘရန့်နဲ့ရေးယက်တို့ကြားက ဆက်ဆ​ံရေးက ဘယ်လိုဖြစ​်နေခဲ့တာလဲ၊ရေးယက်ရဲ့ တကယ့်သရုပ​်မှန်ကကော ဘယ်လိုဖြစ်နေမလဲ၊ ဒါ့အပြင် ကမ္ဘာတစ်ခွင်လိုက်ပြီးအဖျက်အမှောက်လုပ်နေတဲ့သရဲကရော အမှန်တကယ်ကျဘယ်လိုလူမျိုးဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ အက်ရှင်အပြည့်နဲ့ စိတ်ဝင်တစားရှုစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (5.9 GB) / (1.7 GB) / (940 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Thriller Duration….01:38:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Horror • Thriller
6.5 2025 101 mins
Fight or Flight
Masameer Junior
6.7

မကောင်းတာတွေလုပ်ရင် ငရဲကျမယ်လို့ ဆုံးမခံရပြီးနောက် ၆နှစ်သား သူငယ်ချင်းသုံးယောက်တို့ဟာ အကြီးကျယ်ဆုံး ‘ကုသိုလ်ကောင်းမှု’ တစ်ခုလုပ်ဖို့ စွန့်စား‌ပြီး စစ်ဖြစ်နေတဲ့တိုင်းပြည်ကို ထွက်လာကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်ကောင်းတွေက နေရာတိုင်းမှာ အလွဲအချော်တွေ၊ ပရမ်းပတာတွေကိုပဲ ဖြစ်ပေါ်စေတဲ့အခါ…. ဒီဆော်ဒီအာရေဗျရဲ့ ပထမဆုံး Netflix Animation ရုပ်ရှင်ဟာ ဟာသတွေ၊ ထူးဆန်းတဲ့ ပုံရိပ်တွေနဲ့ လူ့အဖွဲ့အစည်းကို သရော်ထားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်တဲ့အပြင် ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားပေးမယ့် ဇာတ်အိမ်ဖြစ်နေတာကြောင့် လက်မလွှတ်တမ်းကြည့်လိုက်ရအောင်.. File Size… (1.14 GB) / ( 467 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 11m Genre …..Animation , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Drama • Comedy
6.7 2025 71 mins
Masameer Junior