YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Cafe.Minamdang.E11.720p.CM.mp4

353.94 MB N/A video/mp4 1463 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pocket Dial Murder
5.5

ဖုန်းတွေကိုအိတ်ထဲထည့်ထားရင်းမထင်မှတ်ဘဲတခြားသူကိုဖုန်းခေါ်မိသွားတာမျိုးကြုံဖူးကြမှာပါ အဲဒါကို pocket-dial ဖြစ်တယ်လို့ပြောကြပါတယ် စတေစီဆိုတဲ့အမျိုးသမီးတစ်ယောက်ကတော့ သူ့ယောက်ျားဆီကနေ pocket-dial ဖြစ်ပြီးခေါ်လာတဲ့ဖုန်းကိုကိုင်မိပြီးမထင်မှတ်ဘဲလူသတ်မှုတစ်ခုကိုကြားလိုက်ရပါတယ် အဲဒီလူသတ်မှုကသူ့ယောက်ျားနဲ့ဘယ်လိုတွေပတ်သက်နေမလဲ သူတို့အမှန်တရားကိုဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကိုကြည့်ရှုရမှာပါ IMDb - 5.7/10 ရထားတဲ့ mystery & thriller ကားကောင်းတစ်ကားလည်းဖြစ်တာမို့လက်မလွှတ်သင့်ပါဘူး။ File size…(1.3 GB)/(670 MB)/(380 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Tv movie, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Comedy • Crime
5.5 2023 90 mins
Pocket Dial Murder
The Texas Chainsaw Massacre: The Beginning
6.1

အမေရိကန် တက္ကဆက်စ် ပြည်နယ်မှာ ၁၉၆၀ခုနှစ်တွေအတွင်း ချိန်းဆောနဲ့ လူတွေ အစုပြုံလိုက် သတ်ဖြတ်ပြီး စားသောက်ခဲ့ကြတဲ့ မိသားစုတစ်စုရှိခဲ့ပါတယ်။ အမေရိကန်ရဲ့ ခေါင်ခိုက်လှတဲ့ ပြည်နယ်ဖြစ်တဲ့ တက္ကဆက်စ်ဟာ ဒုတိယကမ္ဘာစစ်ပြီးကာလ‌မှာ စီးပွားရေးကျဆင်းမှု၊ ငတ်မွတ်ခေါင်းပါးမှုတွေ ဆိုးဆိုးဝါးဝါး ခံနေရလို့ နေထိုင်သူအများစု ပြောင်းရွှေ့ကုန်ကြပါပြီ။ ဒါပေမယ့် ဘယ်ကိုမှ မပြောင်းရွှေ့ပဲ တင်းခံနေခဲ့တဲ့ မိသားစုက‌တော့ တက္ကဆက်စ်ရဲ့ လူမနီးသူမနီး ကွင်းပြင်ကြီးမှ ာ စိုက်ပျိုးမွေးမြူရေးလုပ်ရင်း နေထိုင်ကြတဲ့ ဟီဝစ်မိသားစုပါ။ စစ်ဒဏ်၊ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ဒဏ်တွေကို အလူးလဲ ခံစားခဲ့ကြရတဲ့ ဟီဝစ် မိသားစုဝင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ထိခိုက်‌ထားပြီး ပုံမှန် မဟုတ်ကြတော့ပါဘူး။ တစ်နေ့မှာတော့ သူတို့ရဲ့ ညဏ်ရည်မဖွံ့ဖြိုးတဲ့ မွေးစားသား တွမ်မီက သူအလုပ်လုပ်တဲ့ သားသတ်ရုံက ပိုင်ရှင်ဖြစ်သူကို သတ်လိုက်ရာကစလို့ ၊ ဟီဝစ်မိသားစုဟာ အမေရိကန်သမိုင်းမှာ အရက်စက်အကြမ်းကြုတ်ဆုံး ရာဇဝတ်မှု တွေထဲက တစ်ခုဖြစ်တဲ့ တက္ကဆက်စ်ပြည်နယ်မှ ချိန်းဆောဖြင့် အစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို စတင် ကျုးလွန်ဖို့ အကြောင်းဖန်လာပါတယ်။ Texas Chainsaw ရုပ်ရှင်တွေဟာ နာမည်ကြားတာနဲ့ကို ကျောချမ်းရတဲ့ ရုပ်ရှင်တွေပါ။ ဟော်ရာရုပ်ရှင်လောကမှာတော့ Texas Chainsaw ကားတွေရဲ့ လွှမ်းမိုးမှု တော်တော်ကြီးပြီး ၊ ကြမ်းတမ်းလွန်းတဲ့ ပြကွက်တွေကြောင့်လဲ တော်ရုံလူ မကြည့်ရဲတဲ့ ကားတွေပါ။ အခု Texas Chainsaw Massacre: The beginning ကတော့ ဟီဝစ်မိသားစုရဲ့ အစပြု orgin ဇာတ်လမ်းကို ရိုက်ထားတာပါ။ ဒီကားမှာဆိုရင် ဟီဝစ် စိတ္တဇလူသတ် မိသားစုဝင် တစ်ယောက်ဖြစ်တဲ့ လူ့အရေပြား မျက်နှာဖုံးကြီးနဲ့ ချိန်းဆောလူသတ်သမား Letharfaceကြီး ဘယ်လို စဖြစ်လာလဲ ဆိုတာနဲ့အတူ ကျန်တဲ့ ဆိုက်ကို မိသားစုဝင်တွေ အကြောင်းပါ မြင်ရမှာပါ။ ဇာတ်လမ်းကတော့ ဗီယက်နမ် စစ်ပွဲကို အလွှတ်ခံရတဲ့ အမေရိကန်စစ်သား ညီအစ်ကိုနဲ့ သူတို့ရဲ့ ကောင်မလေး နှစ်ယောက် ၊ Texasပြည်နယ်ကို ဖြတ်သွားချိန်မှာ ဧည့်ဝတ်ကျေပွန်လှတဲ့ နယ်ခံမိသားစုဖြစ်တဲ့ ဟီဝစ်မိသားစုနဲ့ လမ်းခရီးတစ်ထောက် ကြုံရဆုံရ ကြည်နူးစရာ အမှတ်တရ အခိုက်တန့်လေးတွေကို ကြည့်ရှုခံစား ရမှာပါ။ unratedကားမို့ ပြကွက်တွေ အသေကြမ်းပါတယ်။ underagesတွေ မကြည့်သင့်ပါဘူး။ File size…2.55GB / 1.3GB Quality…1080p Blu Rayx264 AAC 5.1CH / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Kaung Khant Win

Adventure • Science Fiction
6.1 2006 91 mins
The Texas Chainsaw Massacre: The Beginning
Palmer
8.1

ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက် ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲ ပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူ ကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေး အဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10) ၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။ ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jack ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 50min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : 1080p.WebRip Translator – Jack Encoder – SWM

Drama • Sci-Fi & Fantasy
8.1 2021 110 mins
Palmer
Will I Be Single Forever?
6.3

‎Will I be single forever (2021) “တစ်သက်လုံး အပျိုကြီးလုပ်တော့မလို့လား” ဒီမေးခွန်းဟာ အသက် ၃၀ နားကပ်လာတဲ့အထိ အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးတွေ မကြာခဏအမေးခံရလေ့ရှိတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာမေးခွန်းမျိုးပေါ့။ မိန်းမတစ်ယောက်အနေနဲ့ အသက်၂၅ လောက်ရောက်တာနဲ့ အိမ်ထောင်ပြုသားမွေးပြီး အိမ်မှုကိစ္စလုပ်ရမယ်ဆိုတဲ့ ခေတ်ဟောင်းကအတွေးအခေါ်တွေက မျက်မှောက်ခေတ်မှာလည်း ကျန်ရှိနေဆဲပါပဲ။ အထူးသဖြင့် “သားကိုသခင် လင်ကို ဘုရား” ဆိုတဲ့ ရှေးရိုးစွဲအယူနဲ့ဖိုဝါဒကြီးစိုးတဲ့နိုင်ငံတွေမှာတော့ အသက် ၃၀ ကျော်ပြီးအိမ်ထောင်မရှိရင် အဲမိန်းမကပဲ တစ်ခုခုချို့ယွင်းနေသလိုလို သနားစရာသတ္တဝါလိုလို ​ဆက်ဆံခံနေရတာပါ။ အဲလိုပတ်ဝန်းကျင်ရဲ့မှိုင်းတွေကြောင့် အပူအပင်မရှိဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်ပေမယ့် တစ်ကိုယ်တည်းအထီးကျန်ဆန်စွာ သေဆုံးသွားရမှာကိုကြောက်ရွံ့ပြီး ကိုယ့်ရဲ့လွတ်လပ်ပျော်ရွှင်မှုကို အိမ်ထောင်ပြုခြင်းဆိုတဲ့အရာနဲ့ လဲလှယ်လိုက်တဲ့အခါ အဆင်ပြေသွားတဲ့သူရှိသလို ဒုက္ခရောက်သွားတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဘယ်လမ်းကိုပဲရွေးချယ်ချယ် ကိုယ့်တန်ဖိုးထားတဲ့အရာတွေကို မဆုံးရှုံးသွားရဖို့ အရေးကြီးဆုံးပဲဆိုတာကို ဒီကားထဲက ဇာတ်ဆောင်အမျိုးသမီးလေးဦးရဲ့ မတူညီတဲ့ရှုထောင့်တွေကနေ ခံစားလို့ရပြီး တွေးစရာတွေအများကြီးရစေမယ့် ဇာတ်ကားကောင်းလေးမလို့ ကြည့်ရှုအားပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 795MB | 441MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moe Pwint Phyu Encoder ….. August

Action • Drama • Science Fiction
6.3 1900 94 mins
Will I Be Single Forever?
My Father’s Dragon
7

My Father’s Dragon (2022) ==================== IMDb Rating – 7.0/10 Netflix က အသစ်ဆက်ဆက်ထွက်ရှိထားတဲ့ အန်နီမေးရှင်းဇာတ်ကား ကောင်းလေးကို တင်‌ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီကားက ၁၉၄၈ တုန်းက ထုတ်ဝေခဲ့တဲ့ ဝတ္ထုရှည်တစ်ပုဒ်ကို ပြန်လည်အသက်သွင်းပြီး ပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အပြင် အသံသရုပ်ဆောင်တွေအနေနဲ့ Luca(2021) ထဲက လူကာ(Jacob Tremblay) နဲ့ Stranger Things ထဲက နာမည်ကျော် ဇာတ်လိုက် ဒက်စ်တင်(Gatan Matarazzo) တို့ကလည်း အသံသရုပ်ဆောင် အနေနဲ့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း အယ်လ်မာ ဆိုတဲ့ ဖတဆိုး သားလေးနဲ့ အမေဖြစ်သူ ဒဲလာ တို့နှစ်ယောက်က နယ်မြို့လေးတစ်မြို့မှာ စတိုးဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက် နေကြတာပေါ့။ ဒါပေမဲ့ နောက်တော့စီးပွားရေးတွေကျပြီး သားအမိနှစ်ယောက် မြို့ပေါ်ပြောင်းလာလိုက်ရတယ်။ အယ်လ်မာ မှာလည်း မြို့ပေါ်မှာ အရင်တုန်းကလို စတိုင်းဆိုင်လေးထပ်ဖွင့်ပြီး မိခင်ဖြစ်သူကို မပူမပင်မကြောင့်မကြဘဲနေစေချင်တဲ့ ရည်မှန်းချက်လေးရှိတယ်။ အဲဒါနဲ့တစ်နေ့ အမျိုးမျိုးသောအခက်အခဲတွေကြောင့် အဲလ်မာက မိခင်နဲ့စကားများပြီးအိမ်ပေါ်ကနေဆင်းသွားတယ်။ အဲမှာ စကားပြော တတ်တဲ့ကြောင်လေးတစ်ကောင်က သူ့အနားရောက်လာပြီး ကူညီပေးမယ်ပြောပြီး ကျွန်းတစ်ကျွန်းပေါ်က နဂါးတစ်ကောင်ကို သွားကယ်ခိုင်းတယ်။ အယ်လ်မာ တစ် ယောက် ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲ သူ့အိပ်မက်လေးကိုရော တကယ်ဖြစ်‌ လာအောင်လုပ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှူရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Khant Sett Naingမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Teamမှ ဖြစ်ပါတယ်။) File Size……….(1.1 GB) / (515 MB) / (300 MB) Quality…………Webrip 1080p / 720p / 480p Duration………1Hr 39mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Comedy Translator…….CM Team Encoder……….Zin Phyo Aung

Drama • Romance
7 2022
My Father’s Dragon
American Ninja 4: The Annihilation

ဒီတစ်ကားမှာတော့ ဗြိတိန်ရဲအရာရှိဟောင်းတစ်ယောက်ဟာ ဗြိတိန်နိုင်ငံရဲ့ခံတပ်ဟောင်းတစ်ခုမှာ နင်ဂျာအဖွဲ့နဲ့ တပ်စွဲနေပြီး အမေရိကန်ကို တိုက်ခိုက်မယ့်နျူကလီးယားဗုံးကို တီထွင်နေခဲ့ပါတယ်။ ဒါကို သတင်းအတိအကျရရှိတဲ့ အမေရိကန်ဘက်က ဒီစစ်သွေးကြွအုပ်စုကို တားဆီးနိုင်ဖို့ လက်ရွေးစင်တပ်ဖွဲတစ်ဖွဲ့ကို လွှတ်လိုက်ပေမယ့် အဖမ်းခံလိုက်ရပြီး ဒေါ်လာသန်းငါးဆယ်ပေးရင်ပေး မပေးရင် ဒီဖမ်းဆီးရမိတဲ့အမေရိကန်တပ်သားတွေကို ကွပ်မျက် မည်ဖြစ်ကြောင်း အကြောင်းပြန်လာတဲ့အခါမှာ အမေရိကန်ဘက်က ကျွန်တော့်တို့ရဲ့ ဇာတ်လိုက်ကျော် ရှောင်ဒေးဗစ်ဆန်ကို ဖမ်းဆီးခံတပ်သားတွေကို ကယ်တင်ဖို့အတွက် စေလွှတ်လိုက်ပါတော့တယ်။ ဒီအချိန်မှာ ကံမကောင်းစွာဘဲ ရှောင်ပါ အဖမ်းခံလိုက်ရတဲ့အတွက် ကျောင်းဆရာဘဝနဲ့ အေးအေးဆေးဆေး ဖြတ်သန်းနေပြီဖြစ်တဲ့ ဇာတ်ကားနံပါတ်တစ်နှင့် နှစ်ရဲ့ ဇာတ်လိုက်ကျော် ဂျိုးကိုပါ အပူကပ်ရပါတော့တယ်။ ဒီတော့ ဇာတ်လိုက်ကျော် အမေရိကန်နင်ဂျာကြီး ဂျိုးနှင့်ရှောင်တို့ နှစ်ယောက်သား ဒီစစ်သွေးကြွအုပ်စု ဖမ်းဆီးခံတပ်သားတွေကို ကွပ်မျက်မယ့်အရေးကနေ ဘယ်လိုကယ်ဆယ်ကြမလဲ၊ အမေရိကန်ကို တိုက်ခိုက်ဖို့ရည်ရွယ်ထားတဲ့ ဒီနျူကလီးယားဗုံးကိုရော ဘယ်လိုတားဆီးမလဲဆိုတာကို ရင်ဗိုစိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာဖြစ်ပါတယ်။ အရင်သုံးကားကို ကြည့်ဖူးထားရင် ဒီတစ်ကားကိုလည်း အထူးတလည်ညွန်းနေစရာ မလိုတော့တဲ့အတွက် ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ။ File size…(1.1 GB)/(928 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Action, Thriler Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 1990
American Ninja 4: The Annihilation
The Love Story
5.8

CM ချစ်ပရိသတ်တွေအတွက် ရယ်စရာ မောစရာ ဟာသ ပညာပေးဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… အခုလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ live လွှင့်ခြင်း အနုပညာဟာ ရိုးရာတစ်ခုလို ဖြစ်လာပါပြီ ဒီဇာတ်ကားလေးထဲမှာလဲ ဆောက်လုပ်ရေးက နေ့စားသမားလေးဟာဆိုရင် အရက်မူးပြီး သူ့ကို လောင်ကုန်း လောင်ကုန်းခေါ် ချွဲနေတဲ့ အွန်လိုင်းက ချွမ်ရှောင်းကို သူ့ကို သူဌေးက အားလုံးအတွက် ပေးဖို့ ပေးထားတဲ့ အလုပ်လစာ ၂ သိန်းကို မူးမူးနဲ့ လက်ဆောင်တွေ ပေးလိုက်တယ်လေ… အဲ့တာကို ပြန်တောင်းဖို့ကြိုးစားချိန်မှာပဲ ချွမ်ရှောင်းကလည်း သူ့ဆီကို တခြားအကြံတစ်ခုနဲ့ ကပ်လာတာကြောင့် သူတို့ ၂ ဦးသား ခရီးတစ်ခုကို အစီစဉ်မရှိ ရုတ်တရက် ထွက်သွားဖြစ်ခဲ့တာပေါ့… ကဲ ချွမ်ရှောင်းက ဘာအကြံနဲ့ သူ့ဆီချဉ်းကပ်တာလဲ… နောက်ပြီး အကြံစည် အောင်မြင်မှာလား… ဒီခရီးလမ်းက ဘယ်လို ပြီးဆုံးမှာလဲ… ကဲ ဇာတ်ကားလေးကြည့်ရင်း အဖြေဖော်ထုတ်လိုက်ကြရအောင်~

5.8 2022
The Love Story
Perfect Days
7.9

Perfect Days (2023) ~ IMDb – 7.9/10, RT – 93%, Meta – 73% ~ ကျွန်တော့်အတွက်တော့ ၂၀၂၃ထဲ အမျှော်ခဲ့ရဆုံးကားက “PERFECT DAYS” ပဲ။ ဘာလို့ဆို Wim Wenders ရုပ်ရှင်ဖြစ်နေတာကတစ်ကြောင်း၊ Kōji Yakusho ကြောင့်တစ်ကြောင်းပေါ့။ နောက်ကျ ကိန်းမှာ ခိုဂျိက မင်းသားဆုရသွားသလို ဂျပန်ရဲ့ အော်စကာ Entry ကားဆိုတော့လည်း ပိုမျှော်ချင်စရာကောင်းသွားတယ်။ တစ်ခုရှိတာက ဒီနှစ် ထိတ်ထိတ်ကြဲ ဂျပန်ဒါရိုက်တာနှစ်ယောက်ရဲ့ နှစ်ကားလည်း ထွက်ထားသေးတယ်။ တစ်ကားက Evil Does Not Exist ပါ။ တနှစ်က အော်စကာရခဲ့တဲ့ Drive My Car ဒါရိုက်တာ ရူဆုခဲဟမဂုချိ ရိုက်တာ။ ဒါပေမဲ့ အဲဒီကားက သိသိသာသာကို ကျန်တဲ့၂ကားကို မမီနေဘူးပြောကြတော့ ထားလိုက်လို့ရတယ်။ နောက်တစ်ကားက Hirokazu Kore-eda ရဲ့ Monster ပေါ့။ Monster ကို အာရှရုပ်ရှင်ပရိသတ်တော်တော်များများကြည့်ပြီးကြသလို တော်တော်လည်းကြိုက်ကြတယ်။ Perfect Days ရဲ့ဇာတ်နဲ့ ပြသခြင်းဟာ အရမ်းရိုးရှင်းလွန်းတော့ Monster ကိုပဲ ဘာလို့ Entry မရွေးလိုက်လဲ ဝိုင်းပြောခဲ့ကြသေးတယ်။ Perfect Days ကို ကြည့်ပြီးတဲ့အချိန်မှာတော့ ကျွန်တော့်အတွက် ဒီသံသယက ရှင်းသွားတယ်။ Perfect Days ဟာ ရိုးရှင်းလွန်းတာမှန်ပေမဲ့ တစ်ခါတ‌လေကျ ဒီလိုအပိုမပါဘဲ ရိုးရှင်းတာကို ရိုးရှင်းတဲ့အတိုင်းရိုက်ပြနိုင်တာကိုက ပိုအနုပညာမြောက်သလို သတ္တိပိုလိုတယ်လို့ မြင်တာပဲ။ ဒီလိုပြနိုင်လို့ပဲ ပါဖက်ဒေးဟာ ပါဖက်ဖြစ်တဲ့ရုပ်ရှင်ဖြစ်ခဲ့တယ်။ ကျွန်တော့်အတွက်တော့ ဒီနှစ်ကြည့်ခဲ့သမျှထဲ ဂျပန်အနေနဲ့ရော အင်တာအနေနဲ့ရော အကြိုက်ဆုံးရုပ်ရှင်လို့ပြောရမယ်။ လက်ရှိမှာ အော်စကာ Shortlist ၁၅ကားထဲတော့ ဝင်ထားတယ်။ ကျန်တဲ့အပြိုင်ကားတွေကလည်း ကြမ်းသလို ဇာတ်တွေလည်း ဆန်းပြားကြတော့ ပါဖက်ဒေးဟာ ဆန်ခါတင်အနေနဲ့တောင် ဝင်ချင်မှတောင်ဝင်လိမ့်မယ်။ ဒါပေမဲ့ အရေးမကြီးပါဘူး။ ရုပ်ရှင်တွေနဲ့ပတ်သက်လာရင် အတတ်ပညာကိုပါ ထည့်သွင်းစဉ်းစားမယ့် ဆုပေးပွဲတွေဟာ ဘယ်တုန်းကမှ လူ‌တွေရဲ့ ခံစားချက်တွေနဲ့ မညီဖူးဘူးကိုး။ ဒါပေမဲ့ ပါဖက်ဒေးက ခင်ဗျားကို ခင်ဗျားလိုချင်တဲ့ အရသာကိုတော့ ကျိန်းသေပေးနိုင်လိမ့်မယ်။ Perfect Days ရဲ့ အစက Win Wenders ကို တိုကျိုအိမ်သာပရောဂျက်ကို လေ့လာဖို့ဖိတ်ကြားလိုက်ရာက စတယ်။ တိုကျိုအိမ်သာပရောဂျက်က ကမ္ဘာတစ်ဝန်း Creator ၁၆ယောက်ကို ဖိတ်ခေါ်ပြီး တိုကျိုက နေရာ၁၇နေရာမှာ ခေတ်မီဆန်းသစ်တဲ့ အိမ်သာတွေဆောက်ခဲ့တဲ့ ပရောဂျက်ပေါ့။ တကယ်လည်း အိမ်သာတွေက လန်းတယ်။ ဒီရုပ်ရှင်မှာ အဲဒီအိမ်သာတွေကို မြင်ရလိမ့်မယ်။ ပရိုဂျူဆာက စစချင်း Wenders အနေနဲ့ ရှော့ဖလင်လေးတွေလောက်ရိုက်လောက်မယ်ပဲထင်ခဲ့ပေမဲ့ Wenders က Feature Film အနေနဲ့ပဲ ပြောင်မြောက်စွာ အသက်သွင်းခဲ့တယ်။ ဇာတ်ကြောင်းကတော့ ဆိုခဲ့သလို ရိုးရိုးလေးပဲ။ အဲဒီတိုကျိုအိမ်သာတွေကို သန့်ရှင်းရေးလုပ်ရတဲ့ ဟိယာရာမဆိုတဲ့ အိမ်သာသန့်ရှင်းရေးသမားတစ်ယောက်ရဲ့ နေ့တွေအကြောင်းပဲ။ မနက်ဆို ဟိယာရာမက သူနေတဲ့အဆောင်ခန်းလို အခန်းလေးကနေထတယ်။ မျက်နှာသစ် အအေးတစ်ဘူးသောက် သူ့ကားပေါ်တက် အိမ်သာသွားဆေးတယ်။ ဆေးပြီးရင် ရေချိုးခန်းသွားရေချိုး။ ညနေကျ သူစားနေကျ မြေအောက်ဘူတာက ဆိုင်လေးမှာသွားစား။ ညဘက်ဆို စာအုပ်တစ်အုပ်ဖတ် အိပ်ရာဝင်တယ်။ သူ့တစ်နေ့တာက ဒါတွေပဲဖြစ်နေတာ။ တချို့နေ့တွေကျရင်တော့ သူထိုင်နေကျ အသေးစားဘားလေးကိုသွားတာတို့၊ သူ့ဖလင်ကင်မရာလေးနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုသွားထုတ်တာတို့၊ စာအုပ်ဆိုင်သွားပြီး ဈေးပေါပေါစာအုပ်တွေကို ရွေးတာတို့ လုပ်တတ်တယ်။ ဒီလောက်ကိုမှ ကားရဲ့တစ်ဝက်လောက်ကိုက အိမ်သာဆေးရင်းပဲ အချိန်ကုန်သွားတယ်။ ဒါဆိုဘာလို့ကြည့်သင့်တာလဲလို့ မေးလာရင်တော့ သူ့ရှင်သန်မှုနဲ့ သူ့ရှင်သန်ပုံ သူ့ရှင်သန်နည်းကြောင့်ပဲ။ ပြောခဲ့တဲ့ဟာတွေက ဒီကားထဲက သူ့တစ်နေ့တာအရာတွေအကုန်ပဲ။ ဒါပေမဲ့ အဲဒီတစ်နေ့တာအရာတွေကို သူလုပ်တဲ့ပုံက အဓိပ္ပာယ်ရှိနေတယ်။ ရှင်သန်မှုရှိနေတယ်။ ကျေနပ်ခြင်းရှိနေတယ်။ သူအိမ်သာသွားဆေးတဲ့အချိန် အိမ်သာဝင်မယ့်သူတွေက တစ်ခါတစ်ခါ သူဆေးနေရင်းတန်းလန်ကြီး ဝင်ဝင်လာတတ်တယ်။ အဲဒီကျ သူက အပြင်ထွက်စောင့်ပေးရတယ်။ နေရာအနှံ့အပြားရှိနေတဲ့ အိမ်သာပေါင်းစုံကို လိုက်ပတ်ဆေးနေရတဲ့သူအတွက် ဒီလိုပြန်စောင့်နေရတာက တော်တော်တော့အချိန်ပုပ်လိမ့်မယ်။ ဒေါသထွက်ချင်စရာ စိတ်ရှုပ်စရာကောင်းနေလိမ့်မယ်။ ဒါပေမဲ့ ဟိယာရာမကတော့ အိမ်သာ အပြင်ထွက်လိုက်တဲ့အခါ လေယိမ်းတိုင်းလှနေတဲ့သစ်ပင်ကြီးကို၊ သစ်ပင်ရဲ့အရိပ်တွေ လူတွေရဲ့အရိပ်တွေ အိမ်သာနံရံပေါ်ထင်ပြီး ပန်းချီတစ်ချပ်လို လှပနေတာကို အရသာခံကြည့်ရင်း အမြဲဆိုသလို သူ့မျက်နှာမှာ ဒီမြင်ကွင်းကို သူမြင်လိုက်ရတဲ့အတွက် အားရကျေနပ်တဲ့အငွေ့အသက်တွေ… ဒီမြင်ကွင်းကို အရသာခံစားနေတဲ့အငွေ့အသက်တွေ ပေါ်နေတယ်။ ဒါတော့ ခိုဂျိရဲ့ သရုပ်ဆောင်နိုင်စွမ်းကို ချီးကျူးရလိမ့်မယ်။ အိမ်သာဆေးတဖြတ်နားလို့ နေ့ခင်းမုန့်စားတဲ့အခါလည်း ပန်းခြံထဲမုန့်စားနေရင်း သူ့ကိုမိုးထားတဲ့ သစ်ပင်ကြီးရဲ့အကိုင်းအရွက်တွေကို အမြဲအရသာခံကြည့်တတ်သလို သူမျက်စိထဲ လှတဲ့မြင်ကွင်းတွေအားလုံးကို သူ့ရဲ့ ခေတ်တော်တော်ဟောင်းနေတဲ့ ဖလင်ကင်မရာတစ်လုံးနဲ့ရိုက်ထားတတ်တယ်။ သူအားတဲ့နေ့တွေဆို အဲဒီဖလင်တွေကို ဓာတ်ပုံသွားကူးပြီး ပုံတွေကို ဘူးတွေ ဘူးတွေနဲ့ထည့်ပြီး တစ်လကိုတစ်ဘူးနှုန်းနဲ့ဘူးပေါင်းများစွာ သူ့ဗီရိုထဲသိမ်းထားတတ်တယ်။ ကင်မရာအပါအဝင် သူ့မှာ ဒစ်ဂျစ်တယ်ပစ္စည်းတစ်ခုမှမရှိဘူး။ အကုန်အန်နာလော့တွေချည်း။ သူအလုပ်သွားတိုင်း သူ့ကားအိုကြီးက ကက်ဆက်ထဲ တိတ်ခွေတွေထည့်ပြီး သီချင်းနားထောင်တတ်တယ်။ ညဘက်ဆိုစာအုပ်တွေဖတ်တယ်။ ဖုန်းတောင် ခလုတ်ဖုန်းပဲ။ ဒါလည်းသုံးလှတယ်မဟုတ်ဘူး။ သူ့အလုပ်ဖြစ်တဲ့ အိမ်သာဆေးတဲ့အလုပ်ကိုလည်း အရမ်းကြီးစေ့စပ်သေချာလွန်းလို့ ဘေးလူတွေကတောင် ပြောယူရတဲ့လူမျိုး။ ပြောရရင် သူက သူ့ဘဝမှာသူလုပ်နေသမျှအားလုံးကို အရသာခံပြီးလုပ်တယ်… အရသာလည်းခံတတ်တယ်။ ဆိုခဲ့သလို အိမ်သာနံရံမှာထင်နေတဲ့အရိပ်တွေကိုတောင် ပန်းချီတစ်ချပ်လိုအရသာခံတတ်တဲ့လူမျိုး။ လမ်းမှာတွေ့တဲ့ အပင်ပေါက်စလေးတွေကိုတောင် ကောက်သိမ်းလာပြီး အိမ်မှာပြန်စိုက်ပြီး လှပစေတဲ့လူမျိုး။ ဒီလိုဆိုလို့ သူ့မှာဝမ်းနည်းခြင်းတွေ မရှိဘူးလားဆိုတော့ မရှိဘူးမဟုတ်ဘူး။ ရှိတယ်။ ဒီကားမှာ Wim Wenders အဖြူအမဲနဲ့ပြထားတဲ့အရာတွေရှိတယ်။ ဟိယာရာမရဲ့ အိပ်မက်လိုလို သူ့ညဘက်တွေရဲ့လွမ်းဆွေးခြင်း ဝမ်းနည်းခြင်းလိုလို သူ့ရဲ့တမ်းတခြင်းလို သူ့ရဲ့အတိတ်တွေလိုလို မရေရာတဲ့အရာတွေပေါ့။ ဒီအဖြူအမဲအခန်းတွေမှာ အပြက တော်တော်လေးလှသလို ဝမ်းနည်းစရာလွမ်းစရာလည်းကောင်းနေတယ်။ Wenders ဟာ ဟိယာရာမရဲ့ ညဘက်တွေကို အဲဒီလိုအရိပ်တွေနဲ့ပဲ ပုံဖော်ထားခဲ့တယ်။ ညခင်းတွေရဲ့ အထီးကျန်ခြင်းကို နားလည်တဲ့လူတွေအတွက်တော့ ဒီအခန်းတွေဟာ တော်တော်လှတဲ့ အခန်းတွေဖြစ်မှာဖြစ်သလို Wenders ရဲ့ပြသပုံကလည်း သူမတူအောင်ကောင်းတယ်လို့ ခံစားမိလိမ့်မယ်။ အခန်းတိုင်းရဲ့ စီနီမာတိုဂရပ်ဖီတွေလည်း လှလွန်းတယ်။ နောက် OST… Wenders အနေနဲ့ OST တွေကို သွင်းပုံက တော်တော်လေးမိုက်တယ်။ ဒီကားမှာ OST တွေကို နားထောင်ရတာက ဟိယာရာမနဲ့အတူတူပဲ နားထောင်ရမှာ။ နားထောင်ရမယ့်အချိန်ကလည်း များသောအားဖြင့်တော့ သူကားမောင်းတဲ့အချိန် ကားကက်ဆက်ထဲ တိတ်ခွေထည့်ပြီး ဖွင့်ထားတဲ့အချိန်တွေပဲ။ ဇာတ်ဝင်ခန်းတွေမှာ သီချင်းကိုလုံးဝမသုံးသွားဘူး။ တစ်ခါတော့သုံးသလိုလိုဖြစ်သွားပေမဲ့ အဲဒါကလည်း ရှေ့ကဖွင့်ထားတဲ့အချိန်နဲ့ တစ်ဆက်တည်းဖြစ်သွားတဲ့တစ်ခေါက်ပဲ။ ကျန်တာတွေကိုတော့ ဟိယာရာမနားထောင်တဲ့အချိန် သူနဲ့အတူတူ လိုက်နားထောင်ရမှာ။ သီချင်းတွေကတော့ ၁၉၆၀ – ၇၀က သီချင်းတွေချည်းပဲ။ အဓိကကတော့ ဒီကားရဲ့နာမည်တစ်ဖြစ်လဲ Lou Reed ရဲ့ “Perfect Day”ပေါ့။ နောက် Lou Reedရဲ့ “Pale Blue Eyes” တို့၊ Van Morrison ရဲ့ “Brown Eyed Girl”တို့၊ Nina Simone ရဲ့ “Feeling Good” တို့၊ Sachiko Kanenobu ရဲ့ “Aoi Sakana” တို့ပေါ့။ ဟိယာရာမရဲ့ တိတ်ခွေတွေကဖွင့်တဲ့သီချင်းတွေဆိုတော့ သူကြိုက်တဲ့ ၇၀ ၈၀က အင်္ဂလိပ်သီချင်းတွေများတယ်။ ဒီလိုခေတ်ဟောင်း အင်္ဂလိပ်သီချင်းတွေကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ တော်တော်အရသာရှိတယ်။ Pale Blue Eyes ကတော့ ကျွန်တော့်အတွက် အကြိုက်ဆုံးသီချင်းပဲ။ ဟိယာရာမဟာ တော်တော်စကားနည်းတဲ့လူ။ ဒီကားရဲ့ပထမတစ်ခြမ်းကျော်ကျော်လောက်ကို သူတစ်လုံးမှ မပြောသွားဘူး။ သူများပြောလည်း သူခေါင်းညိတ်ခေါင်းခါလောက်နဲ့ပဲ တုံ့ပြန်တယ်။ ဒါပေမဲ့ ဒီလိုဆိုလို့ သူဟာအေးစက်တဲ့သူတော့မဟုတ်ဘူး။ သူရဲ့လူသားဆန်မှုကို ဒီကားရဲ့နေရာတော်တော်များများမှာ သိသိသာသာကြီးမဟုတ်ပေမဲ့ တော်တော်လေးပြသွားတယ်။ အထင်ရှားဆုံးကတော့ အိမ်သာထောင့်မှာ ဘယ်သူမှန်းမသိတဲ့လူနဲ့သူ့ရဲ့ အဝိုင်းနဲ့ကြက်ခြေခတ်ကစားပွဲပဲ။ အားလုံးသိတဲ့ကစားနည်းပါ။ ဇယားကွက်လို နေရာလွတ်ကိုးကွက်ရှိမယ်။ တစ်ဘက်က အဝိုင်းယူရင် တစ်ဘက်က ကြက်ခြေခတ်ယူရတယ်။ သုံးခုအရင်တန်းတဲ့လူကနိုင်မယ်။ အိမ်သာဆေးရင်း အဲဒီစာရွက်လေးကို အိမ်သာထောင့်မှာတွေ့တော့ သူက မလွှင့်ပစ်ဘူး။ ဘာမဟုတ်တဲ့ကိစ္စလေးပေမဲ့ သူက တစ်ကွက်ထပ်ဖြည့်ပြီး အိမ်သာထောင့်မှာ ပြန်ညှပ်ထားလိုက်တယ်။ တစ်ဘက်လူက ဒီနေ့အိမ်သာတက်ရင်း တစ်ကွက်ဖြည့်ခဲ့၊ သူက နောက်နေ့အိမ်သာဆေးရင်း နောက်တစ်ကွက်ထပ်ဖြည့်။ အဲဒီလိုနဲ့ အနိုင်အရှုံးတော့မရှိပေမဲ့ အကွက်ပြည့်သွားတယ်။ အကွက်ပြည့်သွားတဲ့အချန် တစ်ဘက်လူက “Thank You” ဆိုတဲ့စာလေးရေးရင်းထားခဲ့တယ်။ ဘာမဟုတ်တဲ့ကိစ္စလေးပါပဲ။ သိပ်လှတဲ့အဖြစ်အပျက်လေးဖြစ်သွားတယ်။ ဆိုခဲ့သလို ပထမတစ်ခြမ်းကျော်ကျော်အထိ စကားလုံးဝမပြောခဲ့တဲ့ ဟိယာရာမဟာ သူ့တူမလေး အိမ်က ထွက်ပြေးရင်း သူ့ဆီအလည်ရောက်လာမှပဲ စကားစပြောတယ်။ အဲဒီအချိန်မှာ သူ့အတိတ်ဘဝကို ဒဲ့ကြီးတော့ ပြောမပြပေမဲ့ ပါးပါးလေးလှစ်ပြသွားတယ်။ ဒါပေမဲ့ သူမပြောပြပေမဲ့ တော်တော်လည်းမြင်လိုက်ရသလိုပါပဲ။ Wenders ဟာ အိုဇုရုပ်ရှင်တွေကိုကြိုက်ဖူးတော့ အိုဇုဟန်နွယ်သွားတာလည်းဖြစ်နိုင်တယ်။ သူ့တူမလေးက သူ့ကို သူ့အမေက သူ့ကို သူ့ဦးလေးနဲ့သူ ကမ္ဘာမတူကြောင်းပြောတဲ့အကြောင်းပြောတော့ သူပြန်ပြောတာက “ဒီကမ္ဘာကြီးမှာ မတူညီတဲ့ကမ္ဘာတွေအများကြီးပဲ။ တချို့ကမ္ဘာတွေက ဆက်စပ်နေတယ် တချို့ကမ္ဘာတွေကတော့ မဆက်စပ်ဘူး”တဲ့။ သူ့အတိတ်က နုံချာတဲ့အတိတ်တော့မဟုတ်ခဲ့ဘူး။ ဘာလို့ ဒီလိုအလုပ်ရွေးလိုက်သလဲတော့မသိရပေမဲ့ သူ့ညီမက သူသိပ်ချစ်တဲ့တူမလေးကိုခေါ်ပြီး ထွက်သွားတဲ့အခါ ကျွန်တော်တို့မြင်ရမှာက မျက်ရည်တွေပဲ။ ဒီမျက်ရည်တွေက သူ့အတိတ်ပါပဲ။ နောက်တစ်နေ့ သူ့တူမလေးမပါတော့ပေမဲ့ မနက်ခင်းသူအိမ်သာသွားဆေး ညနေနိစ္စဓူဝလုပ်တဲ့ သူ့တစ်နေ့တာကို ဆက်ဖြတ်သန်းရတာပဲ။ အရင်လို အရသာအပြည့်နဲ့ပဲ။ Wim Wenders ရဲ့ “PERFECT DAYS” ဟာ ဟိယာရာမလို့ခေါ်တဲ့ အိမ်သာသန့်ရှင်းရေးအလုပ်သမားတစ်ယောက်ရဲ့ ကမ္ဘာအကြောင်းပဲ။ နောက် သူနဲ့ဆက်စပ်နေတဲ့ တခြားကမ္ဘာတွေအကြောင်း။ မဆက်စပ်တော့တဲ့ ကမ္ဘာဟောင်းတွေအကြောင်း။ ညညဆို မြင်နေရတတ်တဲ့ မဆက်စပ်တော့တဲ့ ကမ္ဘာတွေရဲ့အရိပ်တွေအကြောင်းပေါ့။ ကမ္ဘာထဲက ဆက်စပ်နေတဲ့ကမ္ဘာတွေ။ ကမ္ဘာထဲက မအပ်ဆက်တော့တဲ့ ကမ္ဘာတွေ။ ကမ္ဘာဟာ လည်နေမြဲပဲ။ ကမ္ဘာဟောင်းရဲ့ အရိပ်တွေ ထင်နေဆဲပဲ။ အရိပ်တွေနဲ့ပဲ ကျွန်တော်တို့ကမ္ဘာတွေလည်း လည်နေမြဲပဲ။ အပ်ဆက်နေတဲ့ကမ္ဘာတွေ မအပ်ဆက်တော့တဲ့ကမ္ဘာတွေလည်း လည်နေမြဲပဲ။ အရိပ်တွေလည်းရှိမယ်။ ရေခဲမြစ်တွေလည်းရှိမယ်။ တံခါးကိုဖွင့်ကြည့်တတ်ရင် နွေဦးတွေကိုလည်း မြင်မယ်။ ရေခဲမြစ်တွေလည်း အရည်ပျော်ဦးမယ်။ အရိပ်တွေနဲ့ အလှတရားတွေနဲ့ လည်နေတဲ့နေ့ရက်တွေ။ နွေဦးပေါက်နေ့ရက်တွေ။ မပြည့်စုံတဲ့ကမ္ဘာကြီးထဲ မပြည့်စုံခြင်းတွေနဲ့ ပြည့်စုံနေခဲ့တဲ့နေ့ရက်တွေ… ရှင်သန်နေတဲ့နေ့ရက်တွေ… နေ့ရက်တွေ… နေ့ရက်တွေ…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.55GB, 1.2GB Quality – 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 2023
Perfect Days
The Deadly Swarm

ဟော်ရာ သိပ္ပံရုပ်ရှင်သစ်ပါ။ ငွေလိုနေတဲ့ အယ်လီတို့သူငယ်ချင်းတစ်စုက ဒေါက်တာဖယ်လ်မန်းဆိုသူရဲ့ အခကြေးငွေရမယ့် ဆေးဝါးစမ်းသပ်မှုမှာ ဗော်လန်တီယာလုပ်ပေးဖို့အတွက် လူသူအရောက်အပေါက်နည်းတဲ့ တောနက်ထဲကစံအိမ်ကြီးတစ်ခုဆီကိုရောက်လာကြပါတယ်။ အယ်လီတို့ရောက်ရှိသွားကြတဲ့အချိန်မှာတော့ အယ်လီတို့ကို အသိပေးထားသလိုမဟုတ်ဘဲ ဆေးဘက်၀န်ထမ်းလည်းတစုံတရာမရှိ၊ အယ်လီတို့ကို ဆေးဝါးစမ်းသပ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဆင့်ခေါ်ထားတဲ့ ဒေါက်တာဖယ်လ်မန်းရဲ့နောက်ကွယ်မှာလည်း လျှို့ဝှက်ချက်တွေရှိနေတဲ့အခါမှာတော့…အယ်လီတို့ သူငယ်ချင်းတစ်စုဟာ ဒေါက်တာဖယ်လ်မန်းရဲ့စံအိမ်ကြီးမှာ ဘယ်လိုထူးဆန်းတဲ့အရာတွေနဲ့ကြုံတွေ့ရမလဲ၊ အသက်အန္တရာယ်ပါကြုံတွေ့လာရတဲ့နောက်မှာတော့ သူတို့အားလုံး လွတ်မြောက်နိုင်ပါ့မလား၊ ဒေါက်တာဖယ်လ်မန်းနဲ့ သူ့နောက်ကွယ်က လျှို့ဝှက်စမ်းသပ်မှုတွေ၊ အကျည်းတန်တဲ့အရာတွေကရော ဘာတွေလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦး။ File size…(1 GB)/(550 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre… Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Comedy • Romance
0 2024 81 mins
The Deadly Swarm
Engaged to be Murdered
5.5

တစ်ခါတလေကျ ဘဝမှာ ထင်မှတ်မထားတာတွေဖြစ်တတ်ပါတယ်။ ဘဝဆိုတာ တခါတလေ ရိုးရှင်းမှုမရှိဘဲ ရှုပ်နေတတ်ပါတယ်။ Engaged to be Murdered ဟာ ၂၀၂၃ ထွက် ရုပ်ရှင်တစ်ကားဖြစ်ပြီး အမေတစ်ယောက်ရဲ့​ချစ်ခြင်းနဲ့ ချစ်သူနှစ်ယောက်ရဲ့ချစ်ခြင်းအားအကောင်းမွန်ဆုံးပြသသွားတဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ Jack ကတော့ Amanda ရဲ့အချစ်ဆုံးတစ်ဦးတည်းသောသားဖြစ်ပါတယ်။ သူဟာစင်္ကာပူမှာ အလုပ်လုပ်ရင်း Olivia ဆိုတဲ့ မိန်းမချောလေးနဲ့ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ချစ်ကျွမ်းဝင်ရုံမကပဲ မင်္ဂလာပါတစ်ခါတည်း ဆောင်ဖို့ရည်ရွယ်ထားကြပါတယ်။ ခက်တာက Amanda ဟာသူ့ရဲ့တစ်ဦးတည်းသောသားလေး မိန်းမယူမယ့်ကိစ္စကို အမေတစ်ယောက်အနေနဲ့ ချင့်ချိန်ရမှာတွေရှိတာမလို့ သဘောချက်ချင်းမတူခဲ့ပါဘူး။ Jack ကလည်း Olivia မှ Olivia ဖြစ်နေတာမလို့ ဘာတွေဆက်ဖြစ်ကြမှာလဲကြည့်လိုက်ကြပါ။ ဇာတ်လမ်းပြီးခါနီးထိခန့်မှန်းမရလောက်တဲ့ဇာတ်လမ်းမလို့ အတော်လေးဆွဲဆောင်မှုရှိပါတယ်။ တစ်ခုပြောချင်တာက လူကြီးမင်းတို့ထင်နေသလိုမဟုတ်ဘူးဆိုတာပါပဲ….. File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff

5.5 2023
Engaged to be Murdered
Three Day Millionaire

ဂရင်းစဘီက ငါးဖမ်းသမား နဲ့ ဝန်ထမ်းအမျိုးသမီးတွေဟာ သူတို့ရထားတဲ့ လခတွေကို သုံးရက်တာ သန်းကြွယ်သူဌေးဆိုတဲ့ ဂုဏ်ပုဒ်ရဖို့အတွက်လေးနဲ့ ဟော့ဟော့ရမ်းရမ်းသုံးမိလိုက်တဲ့အချိန် သူတို့နောက်ထပ် သင်္ဘောမတက်ရတော့ဘူးဆိုတာ သိလိုက်ရပါတယ်။ ပိုက်ဆံလည်းပျက် မျှော်လင့်ချက်ကလည်း အင်မတန်နဲပါးလာတဲ့အခါမှာတော့ အကြီးမားဆုံး လုယက်မှုကြီးကျူးလွန်းဖို့ကြိုးစားကြပါတော့တယ် ဒါပေမဲ့ ဆိပ်ကမ်းကိုလည်း မပျက်စီးအောင်ထိန်းသိမ်းရမယ်ဆိုတော့ ဘယ်လိုများ စခန်းသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးလို့ File size…(1.3 GB)/(725 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Boomer

0 2022
Three Day Millionaire
Fake Big Brother
5.8

CM ရဲ့ တရုတ်ကားဖန်တွေအတွက် ဒီနေ့မှာတော့ ပညာပေး ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးမှာ စွန်းရှောင်ဟောက်ဆိုတဲ့ ကောင်လေးအကြောင်းနဲ့ မာထျန်းလျန်ဆိုတဲ့ သက်လတ်ပိုင်း အကြောင်း ကိုပြောပြဖို့လိုမယ်… မာထျန်းလျန်ကတော့ သက်လတ်ပိုင်း… အကင်ဆိုင်ဖွင့်နေသူပေါ့… သူက တစ်နေ့လုပ်မှ တစ်နေ့စားနေရပေမယ့်လည်း တစ်ဖက်မှာ ငွေတိုးချေးလုပ်ငန်းနဲ့ ငွေရှာရလွယ်ကူနေတဲ့ ဝမ်ဟွေ့ဆိုတဲ့ သူ့သူငယ်ချင်းကရဲ့ အားပေးအားမြှောက်မှုကြောင့်… အကြွေးလိုက်သိမ်းသူဖြစ်လာခဲ့တယ်… ဘဝပေးအခြေအနေကြောင့် ငွေရဖို့အတွက် ဘာမဆိုလုပ်ချင်တဲ့သူမျိုးဖြစ်လာတယ်…. ကဲ စွန်းရှောင်ဟောက်ကတော့ မိတစ်ဆိုးလေးမို့ အဖေအလိုလိုက်တာ ခံထားရသူပေါ့… ရုတ်တရက်ကြီး သူ့အဖေသွေးတိုးပြီး ဆေးရုံတက်လိုက်ရချိန်မှာ သူ့ကောင်းကင်ကြီး ပြိုကျလာခဲ့တယ်… ဘဝဆိုတာကို စာတွေ့ကလွဲပြီးမသိတဲ့ ၁၉-၂၀ အရွယ်ကောင်လေးက ဒ ယ်လီလိုက်ပို့ပြီး တစ်နေ့ထက် တစ်နေ့ ပိုပိုမြင့်တက်လာတဲ့ အတိုးတွေနဲ့ အကြွေးကို ဆပ်ဖို့ ရုန်းကန်နေရတယ်… ဒီကလေးနဲ့ မာထျန်းလျန်တို့ ဘယ်လို ပတ်သက်မှုရှိတာလဲ… ဘယ်လို သက်ဆိုင်ပြီး မာထျန်းလျန်ကြောင့် ရှောင်ဟောက်ဘဝဘယ်လိုပြောင်းလဲသွားမှာလဲ… ငွေတိုးချေးတယ်ဆိုတာ အခြေခံလူတန်းစားတွေဘဝကို ဘယ်လို နင်းမြိုသွားတယ်ဆိုတာကို ဒီကားလေးကပြောပြသွားမှာမို့ အတူကြည့်လိုက်ကြရအောင်နော်…

5.8 2024
Fake Big Brother
Dario Argento: Panico
6.7

Dario Argento Panico (2023) ———————————- Genre – Documentary IMDb – 6.7/10 သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကိုရေးသားရိုက်ကူးတဲ့ နာမည်ကြီးအီတလီဒါရိုက်တာ Dario Argentoရဲ့ အလုပ်နဲ့ဘဝကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ် သားစဉ်မြေးဆက်ရုပ်ရှင်လောကမှာ အောင်မြင်ခဲ့တဲ့သူ့မိသားစုအကြောင်းနဲ့ Darioရဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေနဲ့ ဘယ်လိုရိုက်ကူးခဲ့ရလဲဆိုတာတွေသေးစိတ်ပါဝင်ပါတယ် Documentaryအမျိုးအစားဆိုတဲ့အတိုင်းစကားပြောခန်းတွေပဲ အများဆုံးပါတယ်ဆိုပေမယ့်လည်းပြည်တွင်းကနေပြည်ပထိကို ပထမဆုံးထိုးဖောက်နိုင်ခဲ့တဲ့ဒါရိုက်တာတယောက်ရဲ့အကြောင်းကို သေချာရိုက်ပြထားတဲ့အတွက်ကြည့်ရှုဖိုတော့လက်မလွှတ်သင့်ပါဘူး

6.7 2023
Dario Argento: Panico
Beasts of No Nation
7.7

Beasts of No Nation (2015) ************************** IMDb….7.7/10, Rotten…92% စစ်ကားကြိုက်ပရိတ်သတ်တွေအတွက် ဒီကားက တကယ့် ဂန္တဝင်ကားလို့တောင်ပြောလို့ရမယ်ထင်တယ်… အာဂူးဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်…ကလေးအရွယ်ပဲရှိတဲ့ဒီကောင်လေးရဲ့စိတ်မှာ ဆော့လိုက် ပျော်လိုက်နောက်လိုက်ပေါ့…သို့ပေမဲ့ အာဂူးတို့နေတဲ့ အာဖရိကမှာ ပြည်တွင်းစစ်ဖြစ်နေတယ်… ပြည်တွင်းစစ်ဆိုတဲ့အတိုင်း ပြည်သူတွေက ဒုက္ခသည် အဖြစ်နဲ့ အရေအတွက်အပေါင်းများစွာ တည်ရှိနေတယ်… ကလေးဘဝအာဂူးလေးရဲ့ မရှိမဲ့ရှိမဲ့ ပျော်ရွှင်စရာကမ္ဘာဟာ တိုက်ပွဲကြားထဲ အဖေနဲ့ အစ်ကို သေဆုံးခဲ့ပြီး အမေနဲ့ ညီမလေးကလည်း ဘယ်ဆီသို့ပေါက်ရောက်မှန်းမသိတော့ပါ… အာဂူးလေးကိုယ်တိုင်လည်း တောထဲထွက်ပြေးရင်း အဖွဲ့အစည်းတစ်ခုရဲ့ စစ်သည်တော်တစ်ဦးဖြစ်လာခဲ့တယ်… ဒီကားက တကယ့်ဖြစ်ရပ်မှန်ကိုအခြေပြုရိုက်ကူးထားတာပါ… ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးကြောင့် ကလေးတစ်ယောက်ရဲ့ ဆင့်ကဲပြောင်းလဲပုံတွေကိုအကောင်းမွန်ဆုံးရိုက်ပြထားပါတယ်… အကုန်လုံးနီးပါးက အသက်(၁၈)နှစ်အောက်တွေဖြစ်တဲ့အပြင် တချို့တွေဆို တော်တော်ကြီးကိုငယ်တယ်… သို့ပေမယ့် ရန်သူတစ်ယောက်ရဲ့လည်ပင်းကိုလှီးဖို့ဝန်မလေးသလို မကောင်းမှုအားပေးအရပ်သားလို့ယူဆရတဲ့မိန်းမတွေနဲ့ ကလေးတွေကိုလည်း အေးစက်စက်မျက်လုံးနဲ့ နဖူးကိုသေနတ်နဲ့တေ့ပြီး မောင်းဖြုတ်ဖို့ လည်း ဝန်မလေးကြပါဘူး… စစ်ကားကြိုက်တဲ့သူမဟုတ်ရင်တောင် ဒီကားကို ကြည့်စေချင်ပါတယ်… တစ်ခုခုတော့ ခင်ဗျားတို့ ရသွားနိုင်ကောင်းပါရဲ့… File Size : 2.80GB / 1.12GB Quality : Blu-Ray 1080p 5.1ch / 720p Duration : 02:17:00 Genre : Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Heather Oo

Drama
7.7 2015 137 mins
Beasts of No Nation
The Red Thread El Hilo Rojo
5.5

The Red Thread (2025) IMDb Rating (5.5) ဇာတ်လမ်း လေးရဲ့ အမည်က မြန်မာလို ပြန်ရင် အနီရောင် ကြိုးမျှင် လို့ အဓိပ္ပာယ် ရပါတယ်။ အ‌‌နီ ရောင် ကြိုးမျှင်နဲ့ ဆက်သွယ်ထားတဲ့ လူ နှစ်ယောက်ဟာ ဘယ်အချိန် ဘယ်နေရာမှာ ရောက် ရောက် ပြန်လည်ဆုံ တွေ့မဲ့ ကံကြမ္မာကို ပိုင်ဆိုင်ထားတဲ့ ဖူးစာဖက် နှစ်ယောက် လည်း ဖြစ်ပါတယ်။ ဇာတ်လမ်း‌ လေးကလည်း အဲ့ဒီအကြောင်းအရာကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကား‌‌ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့ မာနူရယ် လို့ခေါ်တဲ့ စီးပွားရေးသမား တစ်ဦးနဲ့ လာဘရီ လို့ခေါ်တဲ့ လေယာဉ် တစ်ယောက်ဟာ လေယာဉ်စီးရင်း ပထမဆုံး ဆုံတွေ့ကြတာ ဖြစ်ပေမဲ့ နှစ်ယောက်သားကြားက မြင်မြင်ချင်း ချစ်မိသွားတဲ့ အချစ်ကတော့ အင်မတန် ကြီးမားခဲ့ပါတယ်။ လေယာဉ် ဆိုက်ရင် တွေ့ကြဖို့ စီစဉ်ထားခဲ့ကြ ပေမဲ့ ကံကြမ္မာရဲ့ မျက်နှာသာမပေးမှု ကြောင့် ကွေကွင်းသွားခဲ့ရပါတယ်။ ဒီလိုနဲ့ ခုနှစ် နှစ်ကြာပြီးတဲ့ နောက်မှာ နှစ်ယောက်သားမှာ ဆိုင်သူ ပိုင်သူ အသီးသီး ရှိနေတဲ့ အချိန်မှာ ပြန်လည် ဆုံတွေ့ကြတဲ့ အချိန်မှာကော ပထမဆုံး တွေ့တုန်းက လောင်ကျွမ်းခဲ့တဲ့ အချစ်မီးက ဆက်လက် လောင်ကျွမ်း နေဆဲလား ဆိုတာကို ဇာတ်လမ်း ထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါ ခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Dee ဖြစ်ပါတယ်။) File size…(1.5 GB) / (610 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:39:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ko Dee

Drama • Crime
5.5 2025 99 mins
The Red Thread El Hilo Rojo