YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Cafe.404.2024.720p.WEBRip (CM).mp4

440.91 MB N/A video/mp4 57 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Dark Tower
5.7

ဒီဇတ်လမ်းဟာ စာရေးဆရာ Stephen King ရဲ့ ဝတ္တုကို ရုပ်ရှင်အဖြစ်အသက်သွင်းထားတာပါ ဇတ်လမ်း အစကို ကြည့်မိရင် အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပြီး သင့်အတွက် ကြည့်ရတာ နောင်တ မရနိုင်မယ့် ရုပ်ရှင်ကားကောင်းတစ်ခုအဖြစ်ညွှန်းပါရစေ... Movie Review ========== ကမ္ဘာတွေဟာ အများကြီး ရှိနေပြီး ကမ္ဘာတစ်ခုနဲ့ တစ်ခုဟာ စွမ်းရည်တွေ မတူညီကြပါဘူး ဒီကမ္ဘာတွေ အားလုံးရဲ့ အလယ်ဗဟို တည့်တည့်မှာတော့ ကမ္ဘာကြီးရဲ့ ထောက်တိုင် တစ်ခု တည်ရှိနေပြီး ထို ထောက်တိုင်ကြီး မရှိတော့တဲ့အခါမှာတော့ ကမ္ဘာတွေဟာ မှောင်အတိပြီး၍ မီးလောင်ကျွမ်းကုန်မှာပဲ ဖြစ်ပါတယ်... ထို ထောက်တိုင်ကြီးကို ဖျက်ဆီးဖို့ ကြံရွယ်နေသူတွေကတော့ ဝေါ်တာ ဆိုသော မကောင်းဆိုးဝါး နှင့် အရေခွံခြုံသူများ ဖြစ်ပါတယ် ထိုကဲ့သို့ ဖျက်ဆီးဖို့ရန် အတွက် စိတ်ထားသန့်စင်သော ကလေးများကို ဖမ်းပြီး စိတ်စွမ်းအင် ထုတ်ယူ၍ ကမ္ဘာတွေရဲ့ အလယ်ဗဟို ထောက်တိုင်ကို တစ်ဖြေးဖြေးအားနည်းစေရန် တိုက်ခိုက်လျက် ရှိပါတယ်... တစ်နေ့မှာတော့ ကမ္ဘာတစ်ခုပေါ်မှာ စိတ်စွမ်းအင်အမြင့်ဆုံး ကလေးတစ်ယောက်ဖြစ်တဲ့ ဂျိတ်ချန်ဘာ ကို အရေခွံခြုံတွေ ရှာတွေ့သွားပြီး ဖမ်းဆီးရန် ရောက်လာစဉ်မှာပဲ ကြိုတင်အကြားအမြင်ရထားတဲ့ ဂျိတ်ဟာ ကမ္ဘာအလယ်ဗဟို ထောက်တိုင် ကို ကာကွယ်သူ သေနတ်သမားကို ရှာဖို့ ထွက်ပြေးခဲ့ပါတယ်.. ထို အချိန်မှာပဲ ကမ္ဘာ့အလယ်ဗဟို ထောက်တိုင် ကာကွယ်သူ ရိုလန် ဟာ သူ့အဖေကို သတ်သွားတဲ့ ဝေါ်တာကို လက်စားချေလိုစိတ်ပြင်းပြစွာ ရှာဖွေနေတဲ့ အချိန်မှာ သူ့ကို လာရှာတဲ့ ဂျိတ် နဲ့ စတင်တွေ့ပြီး ဝေါ်တာ ကို ရှာဖို့ ဂျိတ် ရဲ့ စိတ်စွမ်းအင် အကူအညီကိုယူကာ နှစ်ဦးသား ပူးပေါင်းမိခဲ့ပါတယ်... ဝေါ်တာ ကြောက်ရတဲ့ နောက်ဆုံးမျိုးဆက် သေနတ်သမား ရိုလန် နှင့် ဝေါ်တာ ရှာဖွေနေသော စိတ်စွမ်းအင်မြင့်သူ ဂျိတ်တို့ဟာ ဝေါ်တာကို ကလဲ့စားချေရန် ရှာဖွေခဲ့ကြသော အခါမှာတော့..... ဇတ်လမ်း ကြာမြင့်ချိန် ၁ နာရီခွဲ ကျော်ခန့် ှရှိပြီး ရုပ်ရှင်အစကနေ အဆုံးထိ ပျင်းချိန်ရလိုက်မှာ မဟုတ်ပါဘူး ဒီရုပ်ရှင်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာကတော့ Nikolaj Arcel ဖြစ်ပြီး IMDb 5.9/10 ထိ ရရှိထားပါတယ်... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator တစ်ဦးဖြစ်သူ Yeဲ Khant Min ဖြစ်ပြီး Movie Review ကိုတော့ ကျနော် သစ်ဆန်းခန့် မှ တင်ဆက်ပေးထားပါတယ် Quality : 4k HEVC / Bluray 1080p / 720p Running Time : 1hr 34min Format : Mp4 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Ye Khant Min Encode by : Thit San Khant

Adventure • Drama
5.7 2017 95 mins
The Dark Tower
Philadelphia
7.7

ကာလအားဖြင့်တော့ ၁၉၉၀ ဝန်းကျင်  AIDSအကြောင်း လူတွေ သိပ်မသိသေးတဲ့အချိန်မှာပါ။ လူတွေဟာ သူတို့ နားမလည်တာကို ကြောက်ရွံ့ တက်ကြတယ်။ AIDSကို ရောဂါဆိုးကြီးလို့ပဲ သိပြီး ဂဃနဏ မသိကြသေးတဲ့အချိန်မှာ ဒီရောဂါသည်ကို ဘယ်လို ဆက်ဆံခဲ့ကြလဲ ပြသ သွားခဲ့တဲ့ ထိုခေတ် ထိုအခါက AIDS ပညာပေး ပထမဆုံးရုပ်ရှင်ပါ။ဒီ ရုပ်ရှင်ဟာ ဟောလိဝုဒ် Mainstreamရဲ့ AlDS နဲ့ ပက်သက်တဲ့ ပထမဆုံး  Big Budget ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Goffrey Bowersဆိုတဲ့ ရှေ့နေ့တစ်ယောက်ရဲ့  အဖြစ်အပျက်ကို Inspiration လုပ်ထားတာမို့ ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး တင်ပြထားတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်တဲ့။ ဒီ အဖြစ်အပျက်ကလေးကတော့ Philadelphia ဆိုတဲ့ မြို့ကလေးက အရည်အချင်းရှိတဲ့ Andrew Beckett ဆိုတဲ့ စီနီယာရှေ့နေ တစ်ယောက်ဟာ ပေါ်ဦးစ AIDS ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ အလုပ်အတွက်စိုးရိမ်လို့ ထုတ်မပြောခဲ့ပေမဲ့ သိပ်မကြာခင် နဖူးက အနာကြောင့် သိသွားကြတဲ့အခါ ကိုင်တွယ်ဆဲ အရေးကြီ; အမှုကိုပါ အကြောင်းတစ်ခု ပြပြီး ပြန်ရုပ်သိမ်း ခဲ့တဲ့အပြင် အလုပ်ကပါ ထုတ်ပစ်ခဲ့ပါတယ်။ သူ့ရောဂါကြောင့် အလုပ်ထုတ်တာပါလို့ ယုံကြည်ထားတဲ့ Andrew ကတော့ ရှေ့နေ အဖွဲ့ကို ရင်ဆိုင်ဖို့ စပါတော့တယ်။ ဒါပေမဲ့ သူ့ရှေ့နေ အဖွဲ့ရဲ့ ဂုဏ်သတင်းကြောင့် ဘယ် ရှေ့နေကမှ သူ့ဘက်က မလိုက်ပေးရဲပါဘူး။ ကိုးယောက်မြောက်ထိ အငြင်းခံခဲ့ရပြီး Joe Miller( Denzel Washigton) ဆီ ရောက်လာတဲ့အခါ အမှန်တရားကို  ဖော်ထုတ်ဖို့ လက်ခံခဲ့ပါတယ်။ ရှေ့နေတစ်ယောက်ရဲ့ ရှေ့နေငှါးခြင်းနဲ့ စခဲ့တဲ့ ဒီပွဲဟာ တရားခွင်မှာ ဘာတွေ ဆက်ဖြစ်ဦးမလဲဆိုတာနဲ့... AIDSရောဂါသည် တစ်ယောက်ကို လူတွေက ဘယ်လိုအဆုံးအဖြတ်ပေးကြမလဲ..ဆိုတာကို Tom နဲ့ Denzel တို့ရဲ့ acting ကောင်းကောင်းတွေနဲ့ သက်ဝင်ခံစား စီးမျောကြည့်ကြပါ။ ဂွတီးဂွကျ အဖြစ်အပျက်တစ်ခုကတော့ ဒီရုပ်ရှင် ရိုက်ကူးဖို့ Tom Hanks ဟာ ၂၆ပေါင် ဝိတ်ချ ခဲ့ရပြီး Denzel Washington ကတော့ ဝိတ်တက်အောင် ချောကလက်တွေ တနင့်တပိုးစားပေးခဲ့ရပါတယ်တဲ့။ Drama အမျိုးအစားဖြစ်ပြီး PG-13 ဖြစ်တာကြောင့် ၁၃နှစ်အထက်လူတိုင်း ကြည့်လို့ရတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။  ဇာတ်လမ်းအညွှန်းကိုတော့ Wira Aung  မှရေးသားပေးပြီး ဘာသာပြန်သူကတော့ Ko Ye Pye Sone ပဲဖြစ်ပါတယ်... File Size :(3.01GB)(1.02GB) & (343MB) Quality : Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…02း05:00 Genre : Drama, Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Phyo Pyae

Action • Crime • Thriller
7.7 1993 126 mins
Philadelphia
River Road
5

IMDb - 7.1 ထရာဗစ်က ​နာမည်ရက​​နေဒါ​​ရော့ခ်တီးဝိုင်းတစ်ခုရဲ့ ဂစ်တာသမားဖြစ်ပြီး အဖွဲ့ရဲ့နယ်လှည့်​​ဖျော်​ဖြေပွဲ​​တွေအပြီး ဇာတိ​မြေက​နေဒါက အ​ဒေါ်ဖြစ်သူရဲ့အိမ်မှာ အနားယူဖို့ ​ရောက်ရှိ​နေတာပါ။ အဲဒီအိမ်မှာ ရှိ​နေစဉ်မှာပဲ ဇိုအီဆိုတဲ့ အ​မေရိကန်သူ မိန်းက​လေးတစ်​ယောက်နဲ့ စတင်ဆုံစည်းခဲ့ပါတယ်။ စ​တွေ့ကတည်းက တခြားသူ​တွေနဲ့ မတူ ထူးခြားတဲ့ ဇိုအီကို ထရာဗစ်အ​နေနဲ့ မြင်မြင်ချင်းမှာပဲ စိတ်ဝင်စား သွားခဲ့ပါတယ်။ ဒီလိုနဲ့ ၂​ယောက်သား စ​တွဲရင်း ဟီးရိုးအင်းဆိုတဲ့ မူးယစ်​ဆေးကို သုံးမိပြီး ချစ်သူ၂​​ယောက်ရဲ့ ဘဝ​​တွေ ​ဇောက်ထိုးမိုး​မျှော် စဖြစ်လာသလို မူးယစ်​ဆေးရဲ့သား​ကောင်​အဖြစ် ဥပ​ဒေနဲ့မညီတဲ့ ပြစ်မှု​တွေကိုပါ အတူတူကျူးလွန်မိခဲ့ပါတယ်။ တစ်​နေ့မှာ ထရာဗစ်က ထူးဆန်းတဲ့ဇိုအီရဲ့လျှို့ဝှက်ချက်တစ်ခုကို သိရှိခဲ့သလို အသက်ပါဆုံးနိုင်တဲ့ ကိစ္စတစ်ခုကို ရူးမိုက်စွာ လုပ်ခဲ့ပါ​တော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 800MB | 320MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Crime • Mystery • Thriller
5 2021 91 mins
River Road
The Liar and His Lover
7.6

လူတစ်​ယောက်အ​ပေါ် ထားရှိတဲ့ မ​​ကျေနပ်ချက်နဲ့ နာကျည်းမှု​ကို တခြားသူတစ်​ယောက်အ​ပေါ် ပုံချလိုက်ချင်တဲ့ အချိန်ဆိုတာ ရှိဖူးကြလား၊ ကိုယ်ချစ်တဲ့သူရဲ့ သစ္စာ​ဖောက်မှုကို တခြားသူရဲ့ အချစ်ကိုရင်းပြီး အရွဲ့တိုက်ပြတာမျိုး​ပေါ့။ Aki ဆိုတဲ့ကောင်​လေးလည်း ဒီလိုအဖြစ်မျိုး ကြုံ​တွေ့​နေရတာပါ။ အပြင်ပန်းမှာ​တော့ ဂျပန်ကနာမည်​ကျော်တီးဝိုင်း Crude Playရဲ့ ပင်တိုင်​တေး​​ရေး၊ ဂီတပိုင်းပါရမီရှင်တစ်​ယောက်ဆို​ပေမယ့် ချစ်သူနဲ့ ပရိုဂျူဆာရဲ့ သစ္စာမဲ့မှု၊ သူ့ဂီတကို တန်ဖိုးမထားမှု​တွေ​ကြောင့် ဂီတ​လောကက​ အပြီးတိုင် ပျောက်ကွယ်​နေချင်သူ​ပေါ့။ ဒီလိုနဲ့ တစ်​နေ့မှာ Rikoဆိုတဲ့ မိန်းက​လေးနဲ့ဆုံ​တွေ့ခဲ့တယ်။ သူ့ရဲ့စိတ်ဒဏ်ရာကို " မြင်မြင်ချင်းအချစ် "ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ ဖြူစင်ရိုးသားတဲ့ အထက်တန်း​ကျောင်းသူ​လေးရဲ့ နှလုံးသားကို ​သွေးတိုးစမ်းကြည့်ခဲ့တယ်။ ပါရမီရှင် ​တေး​​ရေးဆရာဆိုတဲ့ ဘဝသရုပ်မှန်ကို ဖုံးကွယ်ပြီး ဂီတကိုမုန်းသူ၊ သီချင်းဆိုတဲ့ မိန်းက​​လေး​တွေကို မုန်းတဲ့သူအဖြစ် မုသာဝါဒ​တွေနဲ့ ချဉ်းကပ်ခဲ့တယ်။ သူက ကောင်မ​​လေးရဲ့ခံစားချက်ကို အသုံးချရုံသက်သက်ပါပဲ။ ဒါ​ပေမဲ့ က​လေးမ​လေးက သူ့အ​ပေါ် တကယ်​မေတ္တာသက်ဝင်သွားတဲ့အခါ၊ သူကိုယ်တိုင်လည်း ချစ်ဟန်​​ဆောင်ရင်း မသိစိတ်ကတကယ်ချစ်မိသွားတဲ့အခါ အရာရာဟာ ပြန်လည်ပြင်​ဆင်ဖို့ အချိန်မီပါဦးမလား၊ အရာအားလုံး ​နောက်ကျသွားခဲ့ပြီလား၊ အချစ်ကိုရှောင်​​ပြေးချင်လို့ အလိမ်အညာ​တွေ သုံးခဲ့ကာမှ အချစ်နဲ့ ထပ်ထိပ်တိုက်တိုးတဲ့အခါ Akiတစ်​ယောက် ဘယ်လိုဆက်လုပ်မလဲ။ 2013 ခုနှစ်ကထွက်ရှိခဲ့တဲ့ Japan Musical Romanceကား​လေး ဖြစ်ပြီး ဇာတ်လမ်းတစ်ပုဒ်လုံးကို ​တေးသီချင်း​တွေနဲ့ထုံမွှမ်းထားတဲ့ ရုပ်ရှင်​လေးပဲဖြစ်ပါတယ်။ ​Aki​ နေရာက သရုပ်​ဆောင်သူက​တော့ အ​ထွေအထူး​ပြောစရာမလိုတဲ့ Rurouni Kenshin မင်းသားTakeru Satohပဲဖြစ်ပါတယ်။ ဂျပန်က ပရိတ်သတ်​တွေ​ရော နိုင်ငံတကာက ပရိတ်သတ်​တွေကြားမှာပါ ​ရေပန်းစားခဲ့တဲ့ဇာတ်ကားဖြစ်ပြီး 2009 ခုနှစ်ထွက် "Kanojo wa Uso o Aishisugiteru" manga ကို Live Adaptation အဖြစိ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ 2017မှာ​တော့ ​တောင်ကိုရီးယားက Lee Hyun Woo, Song Kang, Joyတို့နဲ့အတူ Remake Drama အဖြစ် ပြန်လည်ရိုက်ကူးခဲ့ပြီး မြန်မာပရိတ်သတ် ​တွေကြား ​ရေပန်းစားခဲ့ပါ​သေးတယ်။ Musical and Romanceဖြစ်တာနဲ့အညီ OSTတစ်ပုဒ်ချင်းစီက သိပ်ကိုလှပပြီး ဇာတ်လမ်းနဲ့ လိုက်ဖက်ညီ​နေခဲ့တာပါ။ ​ နောက်ဆုံး OSTဖြစ်တဲ့ Chippoke na Ai no Uta (သေးငယ်တဲ့ ချစ်ခြင်းရဲ့သံစဉ်ဖွဲ့သီချင်း)က တကယ်ကိုနား​ထောင်လို့​ကောင်းသလို နာမည်လည်း​ တော်​တော်ရခဲ့တာပဲဖြစ်ပါတယ်။ IMDb 6.7ရရှိထားတဲ့ အချစ်ဇာတ်လမ်းလှလှ​လေးတစ်ပုဒ်နဲ့ စိတ်အပန်း​ဖြေလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Romance, Musical Quality….WEB-DL 1080p and 720p and 360p File size…1.6GB and 850MB and 189MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder .....August

Crime • Thriller
7.6 2013 117 mins
The Liar and His Lover
The Death of Stalin
7

IMDb....7.2,,,Rotten......96% စစ်အာဏာရှင်ဆိုပြီး စတာလင်ကို မသိတဲ့သူ ခပ်ရှားရှားပါပဲ...သူ့ရဲ့ အကြောင်းတွေဟာ   သမိုင်းစာမျက်နှာရဲ့ ဆိုးယုတ်မှုဆိုတဲ့ခေါငး်စဉ်အောက်မှာ အမြဲနေရာယူထားလေ့ရှိတယ်...လူသန်းပေါင်း (၂၀)ခန့်ကို သတ်ခဲ့တဲ့သူ..သတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်း သူ့အတ္တနဲ့ သူ့မာနတွေကြောင့်က ခပ်များများ..... ဒီလို အာဏာရှင်ကို လူတိုင်းက သေချင်နေကြနေကြတယ်....ဒီဇာတ်ကားကတော့ စတာလင် ရုတ်တရက်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေကရော ဘယ်လိုတွေတုန့်ပြန်ကြလဲ...ဘယ်လိုတွေရှေ့ဆက်ကြလဲ.... ဒါတွေအားလုံးကို ဟာသလေးနှောပြီး ပြောင်မြောက်စွာပုံဖော်ထားတယ်... ဟာသနှောတယ်ဆိုပြီး ဒီကားကရဲ့ ပုံစံကိုတစ်မျိုးမထင်လိုက်နဲ့ဦး... အကုန်လုံးက ပညာသားပါပါနဲ့ လှလှပပလေးထိုးနှက်သွားတာ.. မူရင်းပုံစံတွေနဲ့ အနှစ်သာရလည်းမပျောက်ပျက်အောင် သမိုင်းကြောင်းကိုလည်း သွေဖီမသွားအောင် အားလုံးကို အပြောင်မြောက်ဆုံးတင်ဆက်ထားတယ်... ဒါကြောင့်လည်း  ဆုပေါင်း(၁၈)ဆု အခြားဆုများအတွက် ဆန်ကာတင်(၃၂)ဆုရွေးချယ်ခံရသလို Rating တွေအနေနဲ့လည်းအမြင့်ဆုံးကိုရရှိထားတယ်... ကိုင်း နိုင်ငံရေးကိုလည်း လေ့လာဖြစ် ဟာသလေးတွေလည်း သဘောကျတဲ့အဖြစ်ကိုရောက်ရှိစေမယ့် ကားဆိုတော့ ကြည့်လိုက်ကြပါဦးဗျို့.... File Size : (992 MB) and (396 MB) Quality : Blu-Ray 720p Format…mp4 Duration…01:47:00 Genre :  Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae

Drama • Science Fiction
7 2017 107 mins
The Death of Stalin
Lower City
6.5

Lower City (2005) ============== IMDb Rating – 6.5/10 ဒယ်ဒင်ဟိုနဲ့ဒီကိုဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ထဲက ခင်လာကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပဲဖြစ်ပါတယ်။ တစ်ယောက် ကကြက်တိုက်ရတာကြိုက်ပြီး တစ်ယောက်က လက်ဝှေ့ထိုးပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်စပ်တူပိုင်တဲ့လှေပေါ်မှာပဲ ရရာအလုပ် လေးလုပ်ပြီး အတူနေလေ့ရှိပြီး မိန်းမတစ်ယောက်ကိုတောင် နှစ်ယောက် မျှကြတဲ့ ညီအကိုတွေလိုခင်ကြပါတယ်။ တစ်နေ့မှာတော့ ကရီနာဆိုတဲ့ ညည့်ငှက်ကလေးနဲ့ နှစ်ယောက်သားစုံ ကြပြီး ခါတိုင်းလိုမျှဝေကြရာကနေ ညီအကိုလိုခင်တဲ့သူငယ်ချင်းတွေမှာ ညည့်ငှက်ကလေးကို ကြိုက်မိကုန်ကြပြီး သူငယ်ချင်းနှစ်ယောက်လုကြရင်း ဘယ်သူနဲ့နောက်ဆုံးမှာ ရသွားမလဲဆိုတဲ့ ဇာတ်ကြောင်းလေးကို ဇာတ် အိမ်တည်ထားတာပါ။ ဘယ်လောက်ပဲခင်ခင် ညီအကိုတွေထပ်ပိုရင်းနီး နေပါစေ မိန်းကလေးတစ်ယောက်နဲ့ပတ်သတ်လာတဲ့အခါ အခုလိုရန်သူ တွေပါဖြစ်နိုင်တယ်ဆိုတဲ့ message လေးကိုပေးထားတာမို့ အားလုံး ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ (အဖော်အချွတ်အခန်းတွေပါတာမို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ momo ဖြစ်ပါတယ်) File Size……….(2.17 GB) / (846 MB) / (529 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 38Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….momo Encoder……….SWM

6.5 2005
Lower City
The Wedding Veil Inspiration
7

ဝါကျွတ်ပြီဆိုတော့ မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အခု ရုပ်ရှင်က The Wedding Veil ၆ကားထဲက တစ်ကားပါ။ ဒါပေမယ့် ၆ကားလုံးကြည့်ဖူးစရာမလိုပါဘူး ဒီတစ်ခုနဲ့ပဲ ပထမဆုံး စကြည့်လို့ ရပါတယ်။ Castတွေအနေနဲ့လည်း Carlo Marks၊ Paolo Bernardini၊ Autumn Reeserနဲ့ Kacey Rohlတို့လို့ cast အကောင်းစားတွေနဲ့ ပွဲထွက်ထားတဲ့ ရုပ်ရှင်ကောင်း တစ်ခုဖြစ်ပါတယ်။ ရုပ်ရှင်အကြောင်း စလိုက်ရအောင်ဗျာ။ Wedding Veil ( မင်္ဂလာခြုံပုဝါ ) မှာ စွမ်းအား တစ်ခု ရှိတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဘယ်လိုစွမ်းအားလဲဆိုတော့ ခြုံပုဝါကို ပိုင်ဆိုင်ထားတဲ့ သူက အချစ်စစ်နဲ့ ရှာတွေ့မှာဖြစ်ပါတယ်။ အမ်မာက တက္ကသိုလ်မှာ အနုပညာသမိုင်းဘာသာရပ်ကို သင်ကြားပြသနေတဲ့ ပါမောက္ခ တစ်ယောက်ဖြစ်ပါတယ်။ အမ်မာ့မှာ လီလီလို့ ခေါ်တဲ့ သူငယ်ချင်း တစ်ယောက် ရှိပါတယ်။ အမ်မာက ဌာနမှူး ရာထူးကို လိုချင်နေပြီး သူ့ရဲ့ ရှေ့က ဌာနမှူး အနားယူမှာကို စောင့်ရင်း အလုပ်ကို ဇွဲမလျှော့ဘဲ အားတင်းရင်း ဆက်လက်လုပ်ကိုင်နေတာပါ။ အမ်မာရဲ့ ခင်ပွန်းကတော့ အီတလီက ဆွေကြီးမျိုးကြီးဖြစ်တဲ့ စတက်ဖန်နိုအိမ်တော်က အီတလီသားလေး ပါအိုလို ဖြစ်ပါတယ်။ ပါအိုလိုမှာ မာတေအိုလို့ ခေါ်တဲ့ ညီတစ်ယောက် ရှိပါတယ်။ အမ်မာနဲ့ ပါအိုလိုတို့ အီတလီမှာ ခြုံပုဝါကြောင့် ဖူးစာဆုံပြီး ချီကာဂိုမှာ စတက်ဖန်နိုအိမ်တော်ရဲ့စီးပွားရေး တိုးချဲ့ဖို့ ပါအိုလိုက မင်္ဂလာပွဲဝတ်စုံဆိုင်ဖွင့်ပါတော့တယ်။ ဖွင့်ပွဲညမှာ ခြုံပုဝါအကြောင်း အမ်မာပြောပြနေတဲ့ ဗီဒီယိုက ပေါက်သွားတဲ့အခါမှာတော့ ဆိုင်က ပိုပြီးတော့ လူဝင်လာပါတော့တယ်။ ဒါပေမယ့် အစစအရာရာ အဆင်ပြေနေတဲ့အချိန်မှာ ပါအိုလိုရဲ့အဖေဖြစ်သူက နာမကျန်းဖြစ်လို့ အီတလီကို ပြန်သွားရပါတော့တယ်။ ချီကာဂိုမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ အမ်မာ တစ်ယောက် သူ့ရဲ့ career နဲ့ ခင်ပွန်းဖြစ်သူအလုပ်နဲ့ ဒုက္ခများပါတော့တယ်။ ပါအိုလိုက စီးပွားရေးကို ဦးစီးဖို့ အမ်မာ့ကို အီတလီကို လိုက်စေချင်တာပါ။ သူ(မ)အလုပ်ရဲ့ဖိအားနဲ့ ခင်ပွန်းဖြစ်သူရဲ့ လိုအင်ဆန္ဒနဲ့ သူဖြစ်ချင်တဲ့ ဆန္ဒနဲ့ ထပ်တူမကျနေတဲ့အခါမှာတော့ ပိုပြီးတော့ အဆင်မပြေဖြစ်လာပါတယ်။ အမ်မာ တစ်ယောက် ဒီလိုဖိအားတွေကို ဘယ်လိုကျော်သွားမလဲ၊ သူ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမလဲဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ယခု ရုပ်ရှင်က ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းရုံသာ မကပါဘူး၊ main charactersအပြင် side charactersတွေရဲ့ chemistry ကပါ တကယ်ကို ထိမိနေတာပါ။ Plot twist များများစားစားတော့ မပါပေမယ့် တကယ်ကိုကြည့်ပျော်တဲ့ ရုပ်ရှင်လေးပါ။ ရုပ်ရှင်ကိုကြည့်ပြီးသွားရင်တော့ ဘာသာပြန်သူလို မင်္ဂလာဆောင်ချင်စိတ်တွေပါ ပေါက်လာပါလိမ့်မယ်လို့ ပြောရင်း နိဂုံးချုပ်ပရစေ။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.4 GB)/(780 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

Drama
7 2023 84 mins
The Wedding Veil Inspiration
Elena Knows
5.6

Elena Knows (2023) ခုလတ်တလောမှ ထွက်ရှိထားတဲ့ အာဂျင်တီးနားဇာတ်ကားလေးပါပဲ။ Drama Mystery အမျိုးအစားဖြစ်ပြီး နာမည်ကြီး Best Seller စာအုပ်တစ်အုပ်ဖြစ်တဲ့ “Elena Knows” ကို Netflix က ဇာတ်ကားအနေနဲ့ အသက်သွင်းထားတဲ့ကားလေးပါ။ လူ့လောက လူ့ဘ၀ရဲ့ကြမ်းတမ်းလှတဲ့ အမှန်တရားကိုချပြသွားတဲ့ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပါကင်ဆန်ရောဂါသည် အယ်လီနာကို စောင့်ရှောက်ပေးနေတဲ့သမီးဖြစ်သူ ရီတာက ချာ့ခ်ျကျောင်းမှာ သတ်သေသွားခဲ့ပါတယ်။ အယ်လီနာက ရီတာအသတ်ခံလိုက်ရတယ်လို့ယုံကြည်နေပြီး တရားခံကိုလိုက်ရှာရာကနေ ရောဂါသည်သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ ခရီးရှည်ကြီးကစတင်လာတာပါပဲ။ ဇာတ်လမ်းထဲမှာ အတိတ်နဲ့ပစ္စုပ္ပန်အဖြစ်အပျက်တွေကိုယှဥ်ပြရင်း သားအမိနှစ်ယောက်ကြားက ရှုပ်ထွေးတဲ့ဆက်ဆံရေးကိုလည်း မြင်ရမှာပါ။ ရီတာက ကိုယ့်ကိုယ်ကိုယ် တကယ်သတ်သေခဲ့တာလား… အသတ်ခံခဲ့ရတာလား… တကယ်သတ်သေခဲ့တယ်ဆိုရင်လည်း ဘယ်လိုအကြောင်းပြချက်မျိုးကြောင့်လဲ… ဆိုတာ စိတ်၀င်တစားကြည့်ရှုရမယ့်ကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 780MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 40Min Genre – Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Adventure • Action • Drama
5.6 2023 100 mins
Elena Knows
Pollock
7

Pollock (2000) ~ IMDb – 7/10, RT – 80%, Meta – 77% ~ ဂျက်ဆင်ပိုးလော့ဆိုတဲ့နာမည်ကို ပန်းချီပညာကို စိတ်ဝင်စားတဲ့သူ တော်တော်များများရင်းနှီးကြမှာပါပဲ။ ပိုးလော့ဟာ အမေရိကန်ပန်းချီရဲ့ ဟန်စစ်စစ်ပေါ်လာအောင် အစပြုခဲ့တဲ့လူ အမေရိကရဲ့ အကောင်းဆုံးပန်းချီဆရာလို့ သမုတ်ခံရတဲ့ ပန်းချီဆရာမျိုးပါ။ Pollock (2000) ကို Ed Harris ကိုယ်တိုင် ပိုးလော့နေရာက သရုပ်ဆောင် ရိုက်ကူးထားတယ်။ ဒီရုပ်ရှင်အစပြုတာကတော့ ဟားရစ်အဖေက ဟားရစ်ကို ပိုးလော့ဘိုင်အိုဂရပ်ဖီစာအုပ်တစ်အုပ်ပေးရာက စတယ်။ ရုပ်ရှင်အဆုံးမှာလည်း ဒီရုပ်ရှင်ဟာ သူ့အဖေနဲ့အမေကို ရည်ညွှန်းတယ်လို့ ဆိုထားတယ်။ ဒီရုပ်ရှင်ကို ဟားရစ်ဟာ စိတ်ရောကိုယ်ပါ အားထည့်ရိုက်ကူးခဲ့ပြီး ဒီထဲက ပန်းချီဆွဲခန်းတွေ ပန်းချီတွေကိုလည်း ဟားရစ်ကိုယ်တိုင်ပဲ ဆွဲခဲ့တယ်။ ဟားရစ်ဟာ ပိုးလော့ရုပ်ရှင်နဲ့ အော်စကာမှာ အကောင်းဆုံးသရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပြီး သူ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ Marcia Gay Harden ကတော့ အော်စကာဆုရသွားခဲ့ပါတယ်။ တခြားသရုပ်ဆောင်တွေအနေနဲ့တော့ ဗယ်ခေးမားက ဒီကူးနင်းနေရာက သရုပ်ဆောင်ထားပြီး ဂျနီဖာကွန်နယ်လီက ပိုးလော့နဲ့အတူတူသေဆုံးခဲ့တဲ့ သူနဲ့ဖြစ်နေတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ထားတယ်။ ပိုးလော့ဟာ အမေရိကန်စတိုင်ပန်းချီလို့ဆိုကြတဲ့ Abstract Expressionism ခေါ် ဒြပ်မဲ့ဝေဒနာပန်းချီ ပေါ်ဦးစက ပန်းချီဆရာတစ်ယောက်။ အဲဒီမတိုင်ခင်မှာ အမေရိကန်မှာ ပန်းချီပညာတော့ရှိပေမဲ့ အမေရိကန်ဟန်စစ်စစ်လို့ပြောလို့ရတဲ့ ဟန်တော့မရှိခဲ့ဘူးလို့ ဆိုတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီကတော့ အမေရိကန်ဟန်စစ်စစ်အဖြစ် ကမ္ပညည်းတင်နိုင်ခဲ့တယ်။ အဲဒီထဲကမှ ပိုးလော့ကို အမေရိကန်ပန်းချီသမိုင်းရဲ့ သူ့ဟန်စစ်စစ်အရှိဆုံးလူအဖြစ် ဝေဖန်ရေးသမားတွေက သမုတ်ခဲ့ကြတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီဟာ ဖြစ်တည်မှုပဓာနဝါဒဆန်တယ်လို့ ခိုင်းနှိုင်းပြောကြသလို တကယ်တမ်း ဖြစ်တည်မှုပဓာနဝါဒီလို့ ဆိုသင့်တဲ့ အမေရိကန်မော်ဒန်ပန်းချီဆရာဟာ ပိုးလော့တစ်ယောက်တည်းရှိတယ်လို့လည်း ဆိုခဲ့ကြတယ်။ ပိုးလော့ဟာ သူတို့ခေတ်ပန်းချီဆရာတွေဟာ ပန်းချီရဲ့တင်ပြချင်တဲ့အကြောင်းအရာကို ရှေးကလို ပြင်ပအရာတွေကနေ ရှာစရာမလိုတော့ဘဲ အတွင်းထဲကနေပဲ ရှာကြတယ်လို့ဆိုခဲ့သလို သူကိုယ်တိုင်လည်း မသိစိတ်ကို သူ့ပန်းချီတွေရဲ့ ရင်းမြစ်လို့ ပြောခဲ့ဖူးတယ်။ ပြောရရင် ပိုးလော့ပန်းချီတွေဟာ တာကော့စကီးရုပ်ရှင်တွေလိုပဲ Flow of Consciousness ကို သုံးထားတယ်။ ပိုးလော့ရဲ့ ပန်းချီဆွဲနည်းတွေမှာ အင်ဒီးယန်းတွေရဲ့သဲပန်းချီကနေ သန္ဓေတည်လာတဲ့ အစက်ချဆွဲနည်းတွေ၊ အရှေ့တိုင်းလက်ရေးလှစာလုံးရေးပညာရဲ့ စာရွက်ကိုကြမ်းပေါ်ချပြီး စုတ်တံကို ကင်းဗတ်စ်ပေါ် ဖြတ်စီးရုံလောက်သာ စီးပြီး ဆွဲနည်းတွေပါသလို သူ့ပန်းချီအတွေးအခေါ်မှာလည်း ဟိန္ဒူတွေးခေါ်ပညာရှင် ခရစ်စနားမူရတီးရဲ့ “ကိုယ့်ကိုယ်ကိုယ်ချစ်မိရင် အမှန်တရားနဲ့လည်း ချစ်မိသွားလိမ့်မယ်”ဆိုတဲ့ အယူကလည်း စီးဝင်နေခဲ့တယ်။ ဆန်းတော့လည်း မဆန်းပါဘူး ဘာမှအသစ်မရှိဘူးမို့လား။ မူရာကာမိစာအုပ်တစ်အုပ်ထဲက စကားတစ်ခွန်းလိုပဲ “ဂီတမှာ ဘာမှအသစ်မရှိဘူး၊ ရှိပြီးသားကီးနုတ်တွေကို စုစည်းပြီး လှပတဲ့သံစဉ်တစ်ခုဖြစ်အောင် ဖွဲ့စည်းရတာပဲ” တဲ့။ ပိုးလော့ဟာလည်း ရှိပြီးသားအရာတွေကိုယူပြီး လှပတဲ့အနုပညာအသစ်တစ်ခုအဖြစ် ပြန်မွေးဖွားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်မှာတော့ ဒြပ်မဲ့ဝေဒနာပန်းချီဟန်ကို အုတ်မြစ်တည်စေခဲ့တဲ့ ဂျွန်ဂရေဟမ်၊ အက်ရှလေဂေါ်ကီတို့အပေါ် ပိုးလော့အမြင်တွေကိုလည်း ပြောထားသလို ပိုးလော့နဲ့ အောင်မြင်တဲ့ကာလခြင်းသိပ်မကွာတဲ့ ခေတ်ပြိုင်လို့ဆိုရမယ့် ဝီလျံဒီကူးနင်းတို့အပြင် တခြားနာမည်ကြီးဝေဖန်ရေးသမားတွေ အနုပညာသမားတွေကိုလည်း ထည့်သွင်းထားတယ်။ ပိုးလော့အကြောင်း‌ ဘိုင်အိုဆိုတော့ ဒီလူတွေကို မထည့်လို့လည်းမဖြစ်လောက်ဘူးကိုး။‌ သူတို့က ဒီမှာ အရိပ်လောက်ပါတာဆိုတော့ ပိုသေချာသိချင်ရင်တော့ အောင်ခင်မြင့်ရဲ့ မော်ဒန်အမေရိကန်ပန်းချီနဲ့ တွဲဖက်ပြီးကြည့်တာ ပိုအဆင်ပြေပါလိမ့်မယ်။ နောက် ပိုးလော့ရဲ့ ပန်းချီအမြင်တွေ မော်ဒန်ပန်းချီအပေါ် သူ့အမြင်တွေလည်း အင်တာဗျူးတွေမှာ ပြောခဲ့တာကို ထည့်သွင်းဖော်ပြထားတယ်။ ပိုးလော့ရဲ့အတက်အကျတွေကိုလည်း ဖော်ပြထားတယ်။ ပိုးလော့ဟာ သူ့ပန်းချီတွေကို တစ်သိန်းလောက်တန်လာမယ်လို့ ထင်ခဲ့ပေမဲ့ ၂၀၁၆မှာတော့ သူ့ပန်းချီတွေဟာ သန်း၂၀၀အထိ ဈေးပေါက်နေပါပြီ။ ပိုးလော့ပန်းချီဟန်တွေကို ကျွန်တော်တို့ တော်တော်များများမြင်ဖူးကြပါတယ်။ ကလေးဆွဲခိုင်းတောင် ရတယ်လို့ ပြောတဲ့လူတွေလည်းရှိသလို ဆေးတွေပက်ချထားရင်တောင် ဖြစ်တယ်လို့ ပြောတဲ့လူတွေလည်း ရှိခဲ့တယ်။ ဘာတွေဆွဲမှန်းမသိကြတဲ့လူတွေလည်းရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ပိုးလော့ပြောထားတာကတော့… “ပန်းချီကားကြည့်ကြတဲ့လူတွေသာ ပန်းချီကိုပဲ ကြည့်လိုက်ရင် ပန်းချီကားကို ခံစားဖို့ ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ ပန်းခင်းကြီးကို ကြည့်သလိုကြည့်လိုက်ရုံပါပဲ။ ဘာအဓိပ္ပာယ်နဲ့ဆွဲထားသလဲသိဖို့ ခေါင်းခဲနေစရာမလိုပါဘူး”တဲ့။ ကိုးကား – “မော်ဒန်အမေရိကန်ပန်းချီ” အောင်ခင်မြင့် (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 985MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 2H 2Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Thriller
7 2000 132 mins
Pollock
999-9999
5.7

ချင်းမိုင်မြို့ နိုင်ငံတကာကျောင်းတစ်ခုရဲ့ ကျောင်းသူတစ်ဦး အလံတိုင်ပေါ်မှာ ခြောက်ခြားဖွယ်သေဆုံးနေမှုသတင်း တစ်နိုင်ငံလုံးမှာ ပျံ့ လွင့်နေပြီးနောက်ပိုင်း ဖူးခက်နိုင်ငံတကာကျောင်းမှ စိတ်လှုပ်ရှားစရာ စွန့်စားမှုအစီအစဉ်များကိုကျောင်းအတွင်း ရိုက်ကူးတင်ဆက်နေတဲ့ ရဲတင်းသောမိစ္ဆာများအဖွဲ့မှ လူသေမှုဖြစ်ပွားသော ချင်းမိုင်ကျောင်းမှ ကျောင်းသူတစ်ဦးပြောင်းလာကြောင်း သတင်းရရှိသွားပါတယ်။ အဖွဲ့သားများမှ ကျောင်းသူအသစ်ထံမှ သတင်းရယူဖို့ကြိုးပမ်းကြပါတယ် လူသေမှုဟာ 999-9999 ဆိုတဲ့ဖုန်းနံပါတ် တစ်ခုနဲ့ ပတ်သတ်တယ်လို့ ကျောင်းသူအသစ်က ပြောပြပြီး မဆက်ကြဖို့မှာပါတယ်။ 999-9999ဆီကနေလိုချင်တာမှန်သမျှတောင်းလို့ရတယ်ဆိုတဲ့ အကြောင်းသိသွားကြပြီးနောက်ပိုင်း အဖွဲ့ဝင်တစ်ဦးက အားလုံးရှေ့မှာပဲ စမ်းဆက်ကြည့်ပြီး ဖာရာရီပြိုင်ကားတစ်စီး တောင်းလိုက်ပါတယ်။ေ နာက်တစ်နေ့မှာ အဖွဲ့ခေါင်းဆောင်ဆန်းနဲ့ ပြိုင်ကားတောင်းထားတဲ့ချီတို့ ဖူးခက်ရှော့ပင်းမောရှေ့ ကိုအရောက် ၁သန်းမြောက် ဈေးဝယ် အနေနဲ့ ချီတစ်ယောက် ဖာရာရီတစ်စင်းမဲပေါက်သွားပါတယ် ဆန်းကတိုက်ဆိုင်မှုတစ်ခုလို့ သံသယဖြစ်နေတုန်းမှာပဲ ချီတစ်ယောက်အက်ဆီးဒင့်နှင့်သေသွားပါတယ်။ လောဘနှင့် စပ်စုစိတ်တွေကြောင့် အဖွဲ့ဝင်တွေတစ်ယောက်ပြီးတစ်ယောက် ကိုးသုံးလုံးကို ဖုန်းခေါ်ကြပြီး လူသေမှုတွေဖြစ်ပွားလာတဲ့အခါ အဖွဲ့ခေါင်းဆောင်ဂိမ်းခရေဇီ ဆန်းတစ်ယောက် အဖြစ်မှန်တွေကို ဘယ်လိုဖော်ထုတ်ပြီး အဖွဲ့ဝင်တွေကို ဘယ်လိုကာကွယ် မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ

5.7 2003
999-9999
Showtime

Robert De Niro နဲ့ Eddie Murphy တို့ တွဲဘက်ညီညီသရုပ်ဆောင်ထားတဲ့ Comedy/ Action ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ မင်းသမီးချော Rene Russo အပြင် မင်းသားကြီး Robert De Niro ရဲ့ သမီး Drena De Niro ကလည်း ဇာတ်ရံအဖြစ် ပါဝင်အားဖြည့်ထားပါသေးတယ်။ ‘မစ်ချ်ပရက်စ်တန်’က စုံထောက်တစ်ယောက်ဖြစ်ပြီး လက်နက်မှောင်ခိုရောင်းဝယ်ရေးနဲ့ ပတ်သက်လို့ နောက်ကွယ်က ကြိုးကိုင်နေသူကို လိုက်လံစုံစမ်းဖို့အတွက် သူ့လူကိုယ့်ဘက်သား ပုံစံမျိုးနဲ့ စုံစမ်းနေတဲ့အချိန်… ကင်းလှည့်ရဲ ‘ထရေးဆယ်လ်လာစ်’က အထင်လွဲကာ မစ်ချ်ကို ဖမ်းဆီးဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ မစ်ချ်အယောင်ဆောင်ထားတာကလည်း သတင်းတွေမှာပါ,ပါတဲ့အထိ လူသိရှင်ကြားဖြစ်သွားပြီး သတင်းဌာနကြီးတစ်ခုက သူတို့နှစ်ဦးကိုသတိထားမိကာ Reality show တစ်ခုအတူတွဲရိုက်ဖို့အတွက် ကမ်းလှမ်းလာပါတော့တယ်။ ထရေးက နဂိုကတည်းက သရုပ်ဆောင်ရူးရူးနေတဲ့သူတစ်ယောက် ဖြစ်ပြီး မစ်ချ်ကကျ အလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်ချင်သူပါ။ စရိုက်မတူတဲ့ သူတို့နှစ်ယောက်ကို ရှိုးတစ်ခုတည်းမှာ သရုပ်ဆောင်ခိုင်းတဲ့အခါ ဘယ်လိုတွေတလွဲဖြစ်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2002
Showtime
Best Cop Ever

အဲဗားက ရဲဌာနမှူးတစ်ယောက်ဖြစ်ပြီးတော့ သူတို့မြို့မှာ အကြမ်းဖက်မှုတွေက အမြဲတမ်း ဖြစ်ပွားလို့နေပါတယ်။ တစ်နေ့တစ်နေ့ သူဟာ လူတွေကို ကယ်ဆယ်ရင်းနဲ့ သဘောပေါက်လာတာက သူ့တစ်ယောက်တည်းမှာပဲ အစွမ်းရှိ၊ လူတွေအားလုံးက သူ့ကိုပဲ အဖက်လုပ်၊ သူ့လက်အောက်က ရဲတွေကလည်း အသုံးမကျပဲ သူတစ်ယောက်တည်း အရေးပါအရာရောက်သလိုပဲ ဖြစ်နေတဲ့အခါမှာ တစ်ခုခုလွဲနေမှန်း သတိထားမိလာပါတော့တယ်။ တကယ်တမ်းတော့ သူဟာ မြန်မာပေါကားထဲက မင်းသားလိုပဲ သူတစ်ယောက်တည်း စောက်ဆရာကြီးဖြစ်နေပြီး ဘေးက ကျန်တဲ့သူငယ်ချင်းတွေက သောက်ပေါသာသာလေးတွေ ဖြစ်နေတဲ့ ဇာတ်ကားတစ်ခုထဲက အဓိကဇာတ်ကောင်ဖြစ်နေမှန်း သိသွားပါတော့တယ်။ ဒီတော့ သူ့အနေနဲ့ ဒီဇာတ်ကားထဲက လွတ်မြောက်ဖို့အတွက် ကြိုးပမ်းပါတော့တယ်။ ဒီတော့ သူအနေနဲ့ ဘယ်လိုသိရှိသွားလဲ၊ ဒီဇာတ်ကားထဲက လွတ်မြောက်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Action, Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

Action • Crime • Thriller
0 2024
Best Cop Ever
[18+] Belyas

Belyas (2025) ယိုဆေဖာဟာ အနိုင်ကျင့်တတ်တဲ့၊ ကိုယ့်သဘောနဲ့ကိုယ်ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ ခင်ပွန်းသည်နဲ့အိမ်ထောင်ရေးမှာပိတ်မိနေတဲ့ အိမ်ရှင်မလေးတစ်ယောက် ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိဘတွေရိုက်သွင်းခဲ့တဲ့ သူဟာအသုံးမကျတဲ့သူ၊မဖြစ်ထွန်းတဲ့သူ အစရှိတဲ့စကားတွေကိုနားယောင်ပြီး သူ့ခင်ပွန်းရဲ့သူ့အပေါ်ကျွန်သာသာဆက်ဆံမှုကို သူကိုယ်တိုင်က လိုလိုလားလားခွင့်ပြုထားခဲ့တာပါ။ တစ်နေ့တော့ သူတို့ပိုင်အခန်းလွတ်တစ်ခန်းကိုပြောင်းရွှေ့လာတဲ့ မိန်းမချင်းလိင်တူချစ်သူစုံတွဲတစ်တွဲဟာ သူ့အခြေအနေကိုရိပ်စားမိလာကူညီပေးရာကတစ်ဆင့် ဒီလိုငြီးငွေ့ဖွယ်ဘ၀ထဲက သူ့ကိုကယ်ထုတ်သွားနိုင်မလားဆိုတာကို ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(910 MB) / (370 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:10:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Action • Comedy • Fantasy
0 2025
[18+] Belyas
Titan: The OceanGate Submersible Disaster
6.7

“Titan: The OceanGate Disaster 2025” ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ Titan ရေငုပ်ယာဉ် ပေါက်ကွဲနစ်မြုပ်မှုရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို နက်နက်နဲနဲ ဖော်ထုတ်ထားပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်က ဖြစ်ရပ်ဆိုးကြီး ဘာကြောင့်ဖြစ်ပွားခဲ့ရသလဲ…ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာကို ပေါ်လွင်အောင် တင်ပြထားပါတယ်။ ဒီဇာတ်ကားဟာ OceanGate ကုမ္ပဏီရဲ့ CEO ဖြစ်သူ Stockton Rush ရဲ့ တိုက်တန်းနစ်သင်္ဘောပျက်ကို ကြည့်ရှုဖို ကြိုးပမ်းခဲ့မှု…သူ့ရဲ့ အန္တရာယ်ရှိတဲ့ ဆုံးဖြတ်ချက်တွေဟာ ဘယ်လိုဘယ်ပုံ လူ ၅ ဦးရဲ့ အသက်ကို ဆုံးရှုးစေခဲ့လဲ။ မှတ်တမ်းရုပ်ရှင်ထဲမှာ ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းတွေရဲ့ ထွက်ဆိုချက်တွေ…အသံမှတ်တမ်းတွေ… OceanGate နဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်တွေနဲ့ ဥပဒေပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကနေ ရရှိတဲ့ အချက်အလက်တွေကို အတိအကျ ဖော်ပြထားပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ဟာ ဖြစ်ရပ်ဆိုးကြီးကိုသာ အဓိကထားပြီး ပြသတာမဟုတ်ဘဲ…မဖြစ်သင့်တဲ့ ဒီလိုအဖြစ်အပျက်မျိုး ဘာကြောင့်ဖြစ်လာရသလဲဆိုတဲ့ မေးခွန်းကိုပါ မီးမောင်းထိုးပြထားပါတယ်။ ကုမ္ပဏီရဲ့ လုံခြုံရေးစည်းမျဉ်းတွေကို ဘယ်လို လစ်လျူရှုခဲ့သလဲ…သတိပေးချက်တွေကို ဘယ်လို ပစ်ပယ်ခဲ့သလဲ။ Titan ရေအောက်ယာဉ်ရဲ့ ကာဗွန်ဖိုက်ဘာ ဒီဇိုင်းအပါအဝင် ဘေးကင်းရေးဆိုင်ရာ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး ဝန်ထမ်းဟောင်းတွေရဲ့ သတိပေးချက်တွေကို CEO က ဘယ်လိုပယ်ချခဲ့သလဲဆိုတာတွေကိုပါ ကြည့်ရှုရမှာပါ… ဒီဇာတ်ကားဟာ အဖြစ်ဆိုးကြီးဖြစ်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး… တာဝန်မဲ့မှု…လျစ်လျူရှုမှုတွေကြောင့် အသက်တွေ ဘယ်လိုဆုံးရှုးခဲ့ရတယ်ဆိုတာကို ပြသထားပါတယ်။ ကြည့်ရှုသူတွေကို စိတ်ဝင်စားအောင် ဖန်တီးထားပြီး ဖြစ်ရပ်မှန်ကို သိရှိနားလည်နိုင်ဖို အားကောင်းတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားလို ဆိုနိုင်ပါတယ်။ ဖြစ်ရပ်မှန်ကို ပွင့်ပွင့်လင်းလင်းနဲ့ အသေးစိတ် ဖော်ပြထားတဲ့အတွက် ကြည့်ရှုသင့်တဲ့ မှတ်တမ်းရုပ်ရှင်တစ်ကား ဖြစ်ပါတယ်…

Drama • Science Fiction • Thriller
6.7 2025 112 mins
Titan: The OceanGate Submersible Disaster