YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Cadaver (2022) TRUE WEB-DL.1080p.AAC5.1CH.YK(CM).mp4

2.08 GB N/A video/mp4 5692 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Road Trip Hostage

အမှတ်တမဲ့ ပြုလုပ်မိလိုက်တဲ့ အမှားတစ်ခုကနေ လူ‌သတ်မှု အထိ ကြီးထွားသွားခဲ့ပြီး ပြစ်မှုတွေဆက်တိုက်ကျူးလွန်ဖို့ တွန်းအားတစ်ခု ဖြစ်လာခဲ့တဲ့အခါ....... ဇာတ်လမ်းကတော့ ဒီလိုပါ။ အမ်မာက အောင်မြင်တဲ့အကသမားတစ်ယောက်ဖြစ်ဖို့ စိတ် အားသန်နေပြီး သူ့ရဲ့အမေဖြစ်သူကတော့ ကျောင်းစာကိုပဲ အာရုံစိုက်စေချင်တဲ့သူပါ။ ဒီလိုနဲ့ သူတို့နှစ်ယောက် စကားတွေ များကြပြီးနောက် အမ်မာတစ်ယောက် အိမ်ပေါ်ကဆင်းပြီး သူ့သူငယ်ချင်းရှိတဲ့အိမ်ကို ရောက်လာခဲ့ပါတယ်။ အဲဒီအိမ်ကို တော့ ရစ်ခ် ဆိုတဲ့ သူဌေးသားဘောစိတစ်ယောက်က ပိုင်တာပါ။ ပိုက်ဆံတွေ သုံးလွန်းအားကြီးတဲ့ ရစ်ခ်ကို ဖခင်ဖြစ်သူက သုံးစွဲ ခွင့်ကတ်တွေ ပိတ်လိုက်တဲ့အချိန်မှာ ပြဿနာတက်ကြပြီး အဲဒီ နေရာမှာပဲ ရစ်ခ် ရဲ့လက်ချက်နဲ့ ဖခင်ဖြစ်သူ သေဆုံးသွားခဲ့ရပါ တယ်။ လူသတ်မှုကနေ ထွက်ပြေးတိမ်းရှောင်ဖို့ အမ်မာရဲ့ကားကို လိုက် စီးဖြစ်ရာကနေ အမ်မာတစ်ယောက် ပြန်ပေးဆွဲခံရတဲ့ထိ ဖြစ် လာပါတော့တယ်။ ရစ်ခ်ရဲ့ မဆုံးနိုင်တဲ့ အမှုတွဲတွေအပြင် အမ်မာ တစ်ယောက် ရစ်ခ်ရဲ့ လက်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာ ကတော့ Road Trip Hostage ရဲ့ စောင့်ကြည့်သွားရမဲ့ ဇာတ်ဝင် ခန်းများပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.61 GB) / (525 MB) / (350 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 41Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......May Thet Khine Soe Encoder..........SWM

Horror • Thriller
0 2023 85 mins
Road Trip Hostage
Sex Is Crazy
5.9

လိင်မှုကိစ္စတွေကို ဆန်းသစ်ပြီးပွင့်လင်းစွာ တင်ပြလေ့ရှိတဲ့ စပိန်‌တွေရဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဒီလိုဇာတ်ကားတွေမှာ နာမည်ကျော်တဲ့ ဒါရိုက်တာ Jesús Franco ရဲ့လက်ရာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂြိုဟ်သားတွေဟာ ကမ္ဘာသူ အမျိုးသမီးတွေကိုပြန်ပေးဆွဲပြီး သူတို့ဂြိုဟ်ရဲ့မျိုးဆက်တွေပြန့်ပွားဖို့ အသုံးချတဲ့အကြောင်းပြဇာတ်မှာ သရုပ်ဆောင်နေတဲ့မင်းသမီးတွေကို တကယ့်ဂြိုဟ်သားအစစ်တွေက တွေ့ပြီး အဲဒီပြဇာတ်အတိုင်း အကောင်အထည်ဖော်ကြပုံကို ဟာသနှောထားတာပါ။ အဲဒီကနေမှ ရုပ်ရှင်အတွင်းက ရုပ်ရှင်တွေအဖြစ် ဇာတ်ကွက်တွေ တစ်ကွက်ပြီးတစ်ကွက် ပြောင်းသွားကြတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဇာတ်ကွက်တိုင်းကို အလွန်လွတ်လပ်ပွင့်လင်းစွာ တင်ဆက်ထားပြီး သရုပ်ဆောင်တွေလည်း တစ်ကားလုံးနီးပါးအဝတ်မပါတာမို့ ရှင်းရှင်းဘွင်းဘွင်း ရှုစားကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 570MB Quality - 1080p, 720p Format - mp4 Duration - 1H 26Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Comedy • Romance
5.9 1981 83 mins
Sex Is Crazy
Thor
6.8

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက စကြဝဠာတွင် အဖွဲ့အစည်း ၃ ခုတည်ရှိသည်။ Giant Frost, Asgard နှင့် လူသား မျိုးနွယ်များဖြစ်သည်။ Giant Frost က လူသားမျိုးနွယ်စု နေထိုင်သည့် ကမ္ဘာမြေကြီးကို ကျူးကျော် တိုက်ခိုက်သည်။ သို့သော် Asgard က အနှီ ကျုးကျော်မှုကို လက်မခံပဲ Giant Frost များကို ပြန်လည်တိုက်ခိုက်သည်။ နောက်ဆုံးတွင် Asgard လူမျိုးနွယ်စုက အနိုင်ရရှိပြီး Giant Frost မှ အရေးကြီးဆုံး လက်နက်ကို သိမ်းပိုက်ပြီး ငြိမ်းချမ်းစွာ နေထိုင်သည့် သဘောတူညီချက် ကိုပြုလုပ်သည်။ Asgard ဘုရင် တွင် သားတော် ၂ ပါး Thor နှင့် Loki ရှိသည်။ Thor သည် စစ်မှုရေးရာတွင် ကျွမ်းကျင်သော်လည်း အင်မတန် တိုက်ခိုက်ချင်စိတ်များကာ မရင့်ကျက်သေးသည့် စစ်သားတစ်ယောက်ဖြစ်သည်။ Thor ကို တစ်ရက် ဘုရင်ကြီး အိုဒင် က ထီးနန်းလွှဲပေးမည့် နေ့ ရက်ဖြစ်သည်။ သူတို့လက်နက်တိုက်မှ Giant Frost မှ အရေးကြီးဆုံး လက်နက် ကို Giant Frost ထံမှ ဘက်တော်သားများက ခိုးယူဖို့ ကြံစည်သည်။ ဘုရင်ကြီးသိသွားကာ အစောင့်ကို တိုက်ခိုက်လိုက်သည်။ ထိုသို့ လာရောက်ကျူးကျော်မှုကို Thor က လက်မခံသော်လည်း ဘုရင်ကြီးက ဘာသိဘာသာနေဖို့ ပြောလိုက်သည်။ Thor မှ မခံချင်ပဲ သူ့ညီငယ် Loki မြှောက်ပေးမှုနှင့် အတူ သူငယ်ချင်းများနှင့် Giant Frost တိုင်းပြည်ကိုသွားကာ ပြဿနာရှာသည်။ Giant Frost က မခံချင်အောင် ရန်စ ပြောဆိုသဖြင့် ပဋိပက္ခ ဖြစ်သည်။ သူတို့ ဘက်က အုပ်စုက ထွက်ပြေးလာကာ ပြေးပေါက် မရှိသည့် အချိန်တွင် ဘုရင်ကြီး လာရောက် ကယ်ဆယ်သည်။ပြသနာ အရင်းခံ Thor မှ ဖခင် ဘုရင်ကြီးကို မချေမငံ ပြန်လည် ပြောဆိုရာမှ ဘုရင်ကြီး အမျက်တော်ရှပြီး Thor ကို အစွမ်းသတ္တိများ သိမ်းယူပြီး ကမ္ဘာဘက်သို့ နယ်နှင်ဒဏ်ပေးလိုက်သည်။ Thor တစ်ယောက် မင်းသားဘဝကနေ ကမ္ဘာကြီးမှာ သာမာန်လူအဖြစ်နဲ့ ဘယ်လိုများ ဆက်လက် အသက်ရှင်မလည်း၊ Asgard ပြည်ကို ပြန်လည်ရောက်ရှိအုန်းမှာလည်း၊ သူမရှိပဲ Asgard တိုင်းပြည်ရေး အခြေအနေ ဘယ်လိုများ ပြောင်းလဲ သွားမလည်းဆိုတာကြည့်ရှုရမှာပါ။ (အညွှန်းကို ရတနာပုံဆိုဒ်မှ ကူးယူဖော်ပြပါသည်။) +++++++++++++++++++++++ Marvel Cinematic Universe Intro ======================= Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့ Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue) (Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊ လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red) ( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။ Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb) ( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။ Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green) ( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow) ( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange) ( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။ File size…(3.3 GB)/(1.6 GB)/(1.2 GB) Quality…BluRay 4K HDR HEVC/DS4K 1080p HEVC/720p Format…mkv/mp4 Duration….01:54:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

6.8 2011 115 mins
Thor
Gaddalakonda Ganesh
7.7

ဒီတစ်ခေါက်မှာတော့ ၂၀၁၉ မှာ ထွက်ရှိထားတဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် အဟောင်းဒါပေမဲ့ရွှေဆိုသလိုပဲ ရုံဝင်ငွေ ၄၂.၅ ကုဋေထိရရှိထားတာမလို့ အားလုံးကြည့်ရကျိုးနပ်စေမဲ့ကားလေးဖြစ်မှာ အသေအချာပါပဲ ဒါဆိုရင် အညွှန်းလေးကို ဖတ်ကြည့်လိုက်ရအောင် ရုပ်ရှင်ကို ဝါသနာကြီးတဲ့ကောင်လေးတစ်ယောက် သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်အတွက် လူဆိုးဂန်စတားတစ်​ယောက်ရဲ့ ဘဝအ​ကြောင်းကို ရိုက်ကူးဖို့ ကြံစည်ရာကနေ ရက်စက်ကြမ်းတမ်းလှတဲ့ ဂန္ဒလကွန်ဒါဂန္နီချ်အကြောင်း ရိုက်ကူးဖို့ အကြောင်းဖန်လာပါတော့တယ် သူငယ်ချင်းနှစ်ယောက် အသက်ကို ဖက်နဲ့ထုတ်ပြီး ကျားခံတွင်းထဲဝင်သလိုမျိုး ဂန္နီချ်ဘဝဇာတ်​ကြောင်းကို သိရှိဖို့ကြိုးစားရာကနေပြီးတော့ ဘာတွေဆက်ဖြစ်ကြမလဲ.... လူဆိုးဂန်းစတား ဂန္နီချ်ကရော ရုပ်ရှင်ရိုက်ကူးဖို့ သဘောတူမှာလား.... ဂန္နီချ်ရဲ့ ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မှာလဲ ဘယ်လိုမျိုးတွေကြုံတွေ့ခဲ့ရလဲ... တက်သစ်စဒါရိုက်တာလေးကရော အချစ်ကိုဘေးဖယ်ထားပြီး အာရုံစိုက်ထားတဲ့ ပွဲဦးထွက်ရုပ်ရှင်ကရောအောင်မြင်မှာလား....ဆိုတာ အားလုံး စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File size…2.7GB / 1.5GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Shwe Pwint ~ Shwe Pyae ~ Haruko

Drama
7.7 2019 173 mins
Gaddalakonda Ganesh
The Place
7

မြို့တမြို့ရဲ့ လမ်းထောင့်လေးတနေရာမှာ “the place” ဆိုတဲ့စားသောက်ဆိုင်လေးတခုရှိတယ်။ ဒီဆိုင်ရဲ့ထောင့် စားပွဲခုံလေးတခုမှာအမြဲထိုင်နေတတ်တာကအမည်မသိ တဲ့လူတယောက်။သင်လိုချင်တဲ့အရာဘာပဲဖြစ်ဖြစ်ကို သူကရအောင်လုပ်ပေးနိုင်သလိုအပေးအယူအနေနဲ့ သူပြန်လို ချင်တာကတော့ သူခိုင်းတဲ့မဖြစ်နိုင်တဲ့တာ၀န်တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြီးမြောက်အောင်လုပ်ပြီး သူ့ကိုအသေး စိတ်ပြန်ပြောပြပေးဖို့ပဲ။သူ့သတင်းကြားပြီး သူ့ဆီကိုလာကြတဲ့ တဦးတယောက်ချင်းဆီတိုင်းမှာကလည်း မတူညီတဲ့ ဘ၀ဇာတ်လမ်း တွေ တောင်းဆိုမှုတွေရှိကြသလို ပြန်လုပ်ပေးကြရမယ့် တာ၀န်တွေ ကလည်းကွဲပြားကြတယ်။ ဥပမာပြောရရင် ရဲတယောက်ကို လုယက်မှုတခုအတွက်သူ့ရဲ့အကူ အညီလိုချင်ရင် လူတယောက်ကိုလက်ကိုင်တုတ်နဲ့ သေလုနီးပါး ရိုက်ခိုင်းတာမျိုး။ ကလေးအဖေတယောက်ကို သူ့ကလေးအသက် ရှင်စေချင်ရင် တခြားကလေးတယောက်ကိုလက်စ‌ဖျောက်ခိုင်း တာမျိုး။ ဒီလိုနဲ့ပဲ သူ့ဆီကိုလူအမျိုးမျိုးလာကြတယ် သူခိုင်းတဲ့ တာ၀န်တွေကို နည်းအမျိုးမျိုးနဲ့လုပ်နိုင်အောင်ကြိုးစားကြတယ်။ ဒါပေမယ့် ဒီလူကြီးရဲ့ မှတ်စုစာအုပ်ပေါ်ရေးနေရင်းသူတို့ကို တီဗီဖန်သားပြင်ပေါ်က ဇာတ်လမ်းတခုလို ဖန်တီးမှုတွေ ရုပ်သေး ရုပ်လိုကြိုးဆွဲခိုင်းစေမှုတွေကြားမှာ သူတို့ဘယ်လိုအကြောင်းအရာ တွေကိုသိလာကြမှာလဲ။ နောက်ဆုံးမှာတော့ သူတို့ရဲ့တာ၀န်တွေပြီး ဆုံးပြီးလိုအင်ဆန္ဒတွေပြည့်၀သွားကြရမလား ကျရှုံးပြီး လက်လွှတ်’ လိုက်ရမလားဆိုတာကို The placeဆိုတဲ့ အီတလီ သည်းထိတ်ရင်ဖို ဒရာမာကားလေးမှာရှုစားပေးကြပါဦး။ File size…1.58 GB / 453MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Thriller
7 2017 102 mins
The Place
Murder in the Lens

Murder in the Lens (2018) ကေ က အင်မတန်တော်တဲ့ စုံထောက်တစ်ဦးပါ။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက် မတော်တဆဖြစ်ပြီး သေဆုံးတာကြောင့် သူ့ဂုဏ်သိက္ခာတွေ ကျဆင်းနေရတဲ့အပြင် သူ့ရဲ့သေဆုံးမျုက သူ့ကို ခြောက်လှန့်နေတာပါ။ ဒီအချိန်ပဲ ပြဇာတ်မင်းသမီးတစ်ယောက် နဲ့ သူ့အမျိုးသား သေဆုံးမှုကို သူ ကိုင်ရပါတယ်။ တရားခံကို လွယ်လွယ်ကူကူနဲ့ ဖမ်းမိတယ် ဆိုပေမဲ့ အမှုကိစ္စက ထင်သလောက် မရိုးရှင်းနေခဲ့ပါဘူး။ တရားခံရဲ့အမျိုးသမီးဖြစ်သူက သူ့အမျိုးသား အပြစ်မရှိတဲ့အကြောင်း စုံထောက်ကြီးကို လာတိုင်ပင်တဲ့အခါမှာတော့ ဒီအမှုကို ရေဆုံးမြေဆုံးလိုက်ခဲ့ပါတော့တယ်။ အခင်းဖြစ်ရာ မြို့ကလေးမှာ အရင်က ကလေးပျောက်မှုတွေလည်း ရှိနေခဲ့ပါတယ်။ အခုအမှုကိုလည်း စုံစမ်းရင်းနဲ့ ဒီကလေး‌ျောက်မှုတွေနဲ့ ဆက်စပ်မိလာတဲ့အခါမှာတော့ … အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။ Genre….. Crime, Thriller Quality…. 1080p | 720p File size… 857MB | 410MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. SanDaKuu Encoder ….. Aaron

0 2018
Murder in the Lens
Addicted to Love
6.1

Addicted to Love ဇာတ်ကားလေးဟာဆိုရင် ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Griffin Dunne က ရိုက်ကူးထားတဲ့ ရိုမန်းတစ်ဟာသ အချစ်ဇာတ်မြူးလေးဖြစ်ပါတယ်။ ဒီကားထဲမှာ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Matthew Broderick၊ Kelly Preston၊ Linda တို့က အဓိကပါဝင်ထားပြီး လူသားတယောက်ရဲ့ အချစ်ပုံသဏ္ဍန်ကို အဓိပ္ပာယ်များစွာနဲ့ ဖော်ကျူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** Sam က နက္ခတ္တ‌ဗေဒပညာရှင်တယောက်ဖြစ်ပြီးတော့ သူ့ရဲ့ စေ့စပ်ထားတဲ့ချစ်သူ Linda ရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပါတယ်။ Linda ကတော့ ကျောင်းဆရာမအလုပ်ကို ပျော်မွေ့တဲ့သူဖြစ်ပါတယ်။ နယူးယောက်မြို့မှာ ကျောင်းဆရာမအလုပ်ကို သွားလုပ်တဲ့ Linda ရဲ့ လမ်းခွဲနှုတ်ဆက်စာကို ဖတ်ပြီးချိန်မှာ Sam တယောက် ရတက်ပွေပြီး သူ့ချစ်သူနောက်ကို ခြေရာခံလိုက်ပါတော့တယ်။ Linda က နယူးယောက် စားသောက်ဆိုင်ပိုင်ရှင်သူဌေး Anton နဲ့ အချစ်သစ်ရှာတွေ့သွားခဲ့တာဖြစ်ပြီး Sam က သူတို့နှစ်ယောက်ကို လျှို့ဝှက်စောင့်ကြည့်ဖို့ စက်ကိရိယာအသစ်တခုတီထွင်လိုက်ပါတော့တယ်။ ဒီအခါမှာ Anton ရဲ့ရည်းစားဟောင်း Maggie ကလည်း သူ့ဘဝကို အသုံးချပြီးသစ္စာဖောက်သွားတဲ့ Anton ကို လက်စားချေဖို့ ကြံစည်နေတာပါ။ အဲဒီမှာပဲ Sam နဲ့ Maggie တို့ နှစ်ယောက်ပူးပေါင်းပြီး Anton နဲ့ Linda တို့နေထိုင်တဲ့ တိုက်ခန်းကို အသံဖမ်းခိုးနားထောင်ကြပါတယ်။ ဒါတင်မက သူတို့စုံတွဲကို နေ့တိုင်း ပြဿနာတမျိုးပြီးတမျိုးတက်အောင် ဇာတ်လမ်းဆင်ပြီး နောက်ကွယ်ကနေ တိတ်တိတ်ကလေး လုပ်ကြံပါတော့တယ်။ ဒီနောက်ပိုင်းမှာတော့ အန်တန်တို့စုံတွဲ ဘယ်လိုဆက်ဖြစ်သွားမှာလဲ၊ Sam က သူအရမ်းချစ်ရတဲ့တဲ့ Linda နဲ့ ပြန်ပေါင်းထုပ်နိုင်မှာလား၊ Maggie ကရော သူ့ရဲ့အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မှာလား၊ Anton ရဲ့ ဘဝကို Maggie တယောက် ဘယ်လိုနစ်နာအောင် လက်စားချေပြမလဲဆိုတာ ဟာသအသော ကလေးတွေနဲ့ ဇာတ်ဝင်ခန်း တခန်းပြီးတခန်း ငြီးငွေ့စရာမရှိအောင် စောင့်မျှော်‌ အားပေးကြရမှာဖြစ်ပါတယ်။ File size…2.26GB / 851MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 40m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by AICOG

6.1 1997 100 mins
Addicted to Love
Cake
6.4

IMDb 6.4 ရရှိထားပြီး ဆု ၅ ခုပိုင်ဆိုင်ခဲ့တဲ့ Friends series ထဲက Rachel Green ကာရိုက်တာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Jennifer Aniston ရဲ့ ၂၀၁၄ ခုနှစ်ထွက် ဒရာမာရုပ်ရှင်ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဒရာမာလေးက စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအစမှာတော့ ကလယ်ရာဘန်းနက်က သူမရဲ့ နာတာရှည်အရိုးနာကျင်မှုကို ကုသဖို့အတွက် ကူညီရေးအဖွဲ့တစ်ခုဆီကိုသွားနေပါတယ်။ ဒီအဖွဲ့ထဲမှာ သူမရဲ့အသိမိတ်ဆွေဖြစ်တဲ့ နီနာဆိုတဲ့အမျိုးသမီးဟာ ရုတ်တရက်မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ နီနာဟာ ရှင်းပြလို့မရတဲ့နည်းလမ်းတစ်ခုနဲ့ ကလယ်ရာရဲ့စိတ်ထဲကိုရောက်ရှိလာခဲ့ပြီး ကလယ်ရာဟာ မိတ်ဆွေဖြစ်တဲ့နီနာကို ခဏခဏမြင်တွေ့ စကားပြောဆက်ဆံရပါများလာ‌တဲ့နောက်မှာတော့ နီနာရဲ့နောက်ကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ သရုပ်ဆောင်ပိုင်းကတော့ မင်းသမီးနာမည်ကြားရုံနဲ့တင် ပြောစရာလိုမယ်မထင်ပါဘူး။ Jennifer Aniston ရဲ့အက်တင်ပိုင်းက တော်တော်လေးကိုကောင်းတယ်ဆိုရပါမယ်။ ဇာတ်အိမ်ကလည်း ဒရာမာတွေထုံးစံအတိုင်း အရမ်းအကောင်းကြီးမဟုတ်‌တောင် ညံ့တဲ့အထဲ‌တော့ လုံး၀မပါပါဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာတစုံတရာရှိနေသူတို့ရဲ့ ပြုမူပြောဆိုပုံတွေ၊ သူတို့ကို ပတ်၀န်းကျင်က ဘယ်လိုဆက်ဆံပြီး ဖေးမကူညီပေးသင့်တယ်ဆိုတာလေးတွေကိုလည်း ကြည့်ရှုရမှာဖြစ်ပြီး healing ဖြစ်စေမယ့်ဒရာမာကားကောင်းလေးဖြစ်တာမလို့ သေချာပေါက်ကြည့်ရှုခံစားလိုက်ကြဖို့ အကြံပေးလိုက်ပါတယ်။ File size…(1.6 GB)/(690 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.4 2014 102 mins
Cake
Ghost in the Shell
8

AI တွေဆိုတာဟာ အခုလိုခေတ်မှ ခေတ်စားလာတယ်ဆိုပေမယ့် ဒီ Ghost In The Shell ဆိုတဲ့ Anime ကားထဲမှာတော့ 1995 ခုနှစ်လောက်ထဲက စိတ်ကူးဉာဏ်ကွန့်မြူးပြီ ဒီ Anime ကို ဖန်တီးသူတွေက ပုံဖော်ခဲ့ကြတာပါ. ဇာတ်လမ်းအကြောင်းကိုပြောရရင်တော့ ရုပ်သေးဆရာဆိုတဲ့ AI က အစိုးရအဖွဲ့က လူကြီးတွေကို သူတို့စမ်းသပ်ထားတဲ့ တစ္ဆေဆိုတဲ့ ခန္ဓာကိုယ်တွေကိုသုံးပြီး ချိမ်းခြောက်အကျပ်ကိုင်တဲ့ ဇာတ်အိမ်မျိုးကို တည်ထားပါတယ်. ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က မိုတိုကို ကူဆာနာဂီဆိုတဲ့ အမျိုးသမီး ဗိုလ်မှူူးတစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း စက်ရုပ်တစ်ပိုင်း လူတစ်ပိုင်းခန္ဓာကိုယ်ဖြစ်တဲ့အပြင် အထူးပြုလုပ်ထားတဲ့ နည်းပညာတွေကို ပိုင်ဆိုင်ထားတဲ့ အေးဂျင့်တစ်ယောက်ပါ. သူတို့ လိုက်နေရတဲ့ လူက အင်တာနက်ကွန်ရက်ထဲကို လိုသလို သွားလာနိုင်ပြီး သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိတဲ့လူတွေကို စိတ်ရှိတိုင်း ခိုင်းစေလို့ရနေပေမယ့် အဲဒီ့ ရုပ်သေးဆရာလို့ခေါ်တဲ့ AI ဟာ ဘယ်လိုကိစ္စရပ်မျိုးတွေမှာ ပါဝင်ပတ်သက်နေမလဲဆိုတာကို ကြည့်ရှုရမှာပါ. ဒါ့အပြင် ဒီ Anime ကားကို 2017 ခုနှစ်မှာ ကျွန်တော်တို့အားလုံးရဲ့ မမဖြစ်တဲ့ Scarlett Johansson က Live Action အနေနဲ့လည်း ပြန်လည်ရိုက်ကူးထားပါသေးတယ်. အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Jo Joe မှရေးသားပြန်ဆိုထားပါတယ် File size…(1.4 GB)/(704 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre… Action, Animation, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe

8 1995 83 mins
Ghost in the Shell
Pilecki’s Report
6

ဒီဇာတ်ကားကတော့ ဇာတ်ကားပြီးသွားတဲ့အခါ သူရဲကောင်းတွေကို ဘာကြောင့် သတ်ပစ်ကြတာလဲဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။၂ နာရီစာ ဒီဇာတ်ကားက တကယ့် ဖြစ်ရန်မှန်ကို အခြေခံထားတဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ ပိုလန် လူမျိုး ဝစ်တိုး ပီလက်ကီဆိုတဲ့ တော်လှန်ရေး တပ်သားတစ်ယောက်ဟာ အရမ်း ဆိုးဝါးတဲ့ အော့ဇ်ဝစ်ချ် ဂျာမန် အကျဉ်းထောင်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ကွန်မြူနစ် အရာရှိတွေရဲ့ ဖမ်းဆီးခြင်းကို သူ့အနေနဲ့ ခံလိုက်ရတယ်။ စစ်အတွင်းမှာ သူကြုံခဲ့ရတာတွေ .. အော့ဇ်ဝစ်ချ်ဆိုတဲ့ ငရဲခန်းထဲမှာ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ မျက်မြင်ကိုယ်တွေ့ သူကြုံခဲ့ရတဲ့ အနိဌာရုံ မြင်ကွင်းတွေအကြောင်း ကွန်မြူနစ်အရာရှိတွေက သိချင် ခဲ့ကြတာဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ ၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်အစိုးရကို ဆန့်ကျင်မှုကြောင့် သူဟာ ကွပ်မျက်ခံလိုက်ရတာပါပဲ။ ပထမ စစကြည့်ချင်းမှာ ဇာတ်ကားကို သိပ်နားမလည်နိုင်ပေမဲ့ နောက်ပိုင်းမှာ အော့ဇ်ဝစ်ချ် အကျဉ်းထောင်ထဲက ရိုက်ကွင်းတွေ ကြောင့် ဇာတ်ကားက ပိုကြည့်လို့ ကောင်းလာပြီး ဇာတ်ရည်လည်း လည်လာမှာဖြစ်ပါတယ်။ သမိုင်း ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဒီဇာတ်ကားက ကြည့်ရမယ့် ဇာတ်ကားကောင်း တစ်ကားပါပဲ လို့ ပြောရင်း … File size…1.53GB / 700MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Biography , Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6 2023 119 mins
Pilecki’s Report
American History X
8.5

American History X (1998) IMDb 8.5/10 Rotten Tomatoes 83% လူငယ်ဆိုတဲ့အရွယ်က ဂျုံမှုန့်ဖြူကလေးတွေနဲ့ နှယ်ထားပြီး ပုံသွင်းတဲ့ အရုပ်လုပ်သမားလက်ထဲက ပုံစံတုလေးတစ်ခုလိုပါပဲ။ဝယ်ယူမယ့်သူရဲ့ခိုင်းစေမှု အလိုက် ကျေးရုပ်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။မျောက်ရုပ်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။ဆိုလိုချင်တာက အရာရာကိုဖြေးညင်းစွာနဲ့ လိုက်ပါပုံသွင်းရင်း မိမိစိတ်သဏ္ဍာန်နဲ့ ရုပ်ပိုင်းဆိုင်ရာတွေက ဖြစ်တည်လာတဲ့ အခြေအနေတွေရဲ့ ရိုက်ခတ်မှု အလိုက် ဘဝအရုပ်ပုံဖော်ဖန်တီးထုဆစ်သူရဲ့ လက်ဖဝါးထဲက အရုပ်ကလေးလိုမျိုး ပြောင်းလဲသွားကြတာမဟုတ်ပါလား။ ရော့ခ်အပြင်းစား သီဆိုသူတွေရဲ့ ဖက်ရှင်တွေခေတ်ထလာချိန်မှာ လူငယ်တွေကလည်း ဂျင်းဘောင်းဘီတွေအကောင်းတွေကို တမင်ဖြဲပြီး ဝတ်ခဲ့ကြတယ်။ဆံပင်ရှည်ထားပြီး ဂစ်တာကိုကျောမှာလွယ်ခဲ့ကြတယ်။ပစ္စည်းမဲ့လူတန်းစားအသားပေးဝတ္ထု တွေ ဇာတ်လမ်းတွေခေတ်စားတုန်းကဆိုရင် အဲဒီခေတ်ကလူငယ်တွေက ပုဆိုးအပြဲ ။ဖိနပ်မြီးတိုနဲ့ ရုပ်ဝါဒရဲ့အလေးပေးမှု တွေကို တွန်းလှန်ပြသလိုမျိုးပေါ့။ထိုနည်းနှင်နှင်နဲ့ နေထိုင်ခြင်းကသာ မှန်ကန်တဲ့ လူဘဝနေနည်းစစ်စစ်။စလို့ ဟစ်ကြွေးခဲ့ကြသလိုမျိုးပါပဲ။ လူငယ်ဆိုတာ ခေတ်စနစ်ရဲ့ ရိုက်ခတ်မှု အလိုက် မျောပါကြသူတွေကများပါတယ်။မှားတယ်မှန်တယ်ဆိုတာထက် ။အနိုင်ယူလိုစိတ်။တွန်းကန်လိုစိတ်နဲ့။ထင်ပေါ်ကိုးကွယ်လိုမှု ကို အလွန်အမင်းလိုချင်ကြတဲ့ အရွယ်အခါမျိုးမှာ သွေးဆူမှု ကို တွန်းအားပေးစေတဲ့ ဝိဝါဒအမျိုးမျိုးကို လက်သင့်ခံ လိုက်ပါလုပ်ဆောင်ကြတာ အဆန်းမဟုတ်ပါဘူး။ ယခုရုပ်ရှင်မှာလည်း Derek ဆိုတဲ့ အမေရိကန်လူဖြူ လူငယ်ကလေးဟာ neo-Nazi လို့ အမည်ပေးထားတဲ့ ဟစ်တလာရဲ့ဝိဝါဒ အမွှန်းတင်စကားတွေကို အထူးသက်ဝင်ယုံကြည်နေတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။ဆံပင်ကို ကတုံးပေါက်ပုံစံပဲ ထားတယ်။တကိုယ်လုံးမှာ နာဇီအမှတ်တံဆိပ်ကို တက်တူးထိုးပြီး ယုံကြည်ကိုးကွယ်ကြောင်း ပြဆိုထားတယ်။သူ့ရဲ့မျက်လုံးတွေ။ နှု တ်ခမ်းတွေက ယင်းအကြောင်းအရာတွေရဲ့ လှုံ့ဆော်နေမှု ကြောင့် ထင်ပါတယ်။အမြဲတစ်စေပဲ ဖိတ်ဖိတ်တောက် တင်းမာစေ့ကပ်လို့နေတယ်။သူ့ရဲ့အနားမှာ Neo-Nazi ဝါဒတွေကို လက်ဆင့်ကမ်းသွန်သင်ပေးနေတဲ့ ပုဂ္ဂို လ်တစ်ဦးလည်း ရှိနေတယ်။သူကိုယ်တိုင်ကလည်း သူလိုသက်တူရွယ်တူအပေါ် အမျိုးသားရေး ဝါဒတွေ ပြည့်နှက်နေတဲ့ စကားလုံးတွေကို ရွှန်းရွှန်းဝေအောင် သြဘာပေးလို့နေပါတယ်။အထူးသဖြင့် သူတို့အမေရိကမှာ တိုင်းတစ်ပါးသားတွေ အခွင့်ကောင်းယူ နေထိုင်နေတာကို တွန်းလှန်ပစ်ဖို့လိုကြောင်း။သူတို့ကသာ အရာရာအသာစီးနေရာကောင်းယူထားပေမယ့် ဇာတိချက်ကြွေ လူမျိုးစစ်စစ်တွေမှာတော့ အောက်ကျစွာနေထိုင်နေရကြောင်း စလို့ အမျိုးသားရေးပါတဲ့ စကားလုံးတွေအများကြီးနဲ့ လှုံ့ဆော်တယ်။အထူးသဖြင့် လူမည်းတွေရဲ့ ကြီးစိုးလာမှု တွေအကြောင်းလည်း ပါတယ်။ဆဲ့ဆိုတဲ့ စကားလုံးတွေနဲ့ တစ်ပြည့်တစ်သိပ်ပြောတယ်။ ပြီးနောက်မှာတော့ သူလို စိတ်ဓါတ်တက်ကြွနေကြတဲ့ လူငယ်တွေဟာ တိုင်းတစ်ပါးသားတွေဖွင့်ထားတဲ့ ဆိုင်တွေကို ဝင်ရောက်ဖျက်ဆီးကြတယ်။လူမည်းအမျိုးသမီးတွေကို အနိုင်ကျင့်ကြတယ်။လူငယ်လေး Derek ဟာ သူတို့တွေအကြားမှာ သူရဲကောင်းတစ်ယောက်အဖြစ် ထင်ပေါ်နေတော့တယ်။ Derek ရဲ့ အစွန်းရောက်ခါးသီးတဲ့အမုန်းတရားတွေက သူ့ကိုယ်ထဲမှာ အဆိပ်လို စိမ့်ဝင်နေပြီဆိုတာ သူကိုယ်တိုင်တောင်မသိတော့ဘူး။ဒီလို အမျိူးသားရေးဝါဒ နှီးနှောယှက်နွယ်တဲ့ အကြောင်းတရားတွေကို အကြွင်းမဲ့ လိုက်နာယုံကြည်နေတာကလည်း ရဲတစ်ယောက်ဖြစ်တဲ့ ဖခင်ကြီးကို လူမည်းဆေးသမားတွေက သတ်ဖြတ်မှု ကြောင့်လည်းပါသလို ဖခင်ကြီးပြောခဲ့တဲ့ လူမည်းမုန်းတီးရေးစကားတွေကနေ သူ့ရဲ့သင်ယူနေဆဲ စိတ်သဏ္ဍာန်မှာ ကပ်ငြိကြီးထွားနေတာကြောင့်လည်း ဖြစ်ပါမယ်။ တစ်ညမှာတော့ ဘတ်စ်ကတ်ဘောဆော့ကစားရာကနေ အငြိုးအတေးဖြစ်သွားခဲ့တဲ့ လူမည်းအုပ်စုက သူအိမ်ရှေ့ကို ရောက်လာပြီးတော့ မကောင်းမှု တစ်ခုခုကို ကျူးလွန်ဖို့ အားထုတ်နေကြချိန်မှာ သူ့ညီကလေးရဲ့ ပြောကြားမှု ကနေ လူမည်းတွေကို သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ပစ်မိတော့တယ်။မသေဆုံးဘဲ ကျန်နေသေးတဲ့ လူမည်းလေးတစ်ယောက်ကိုလည်း ပါ့စပ်ကို ပလက်ဖောင်းဘောင်အေစောင်းပေါ်ကို အကိုက်ခိုင်းပြီး အပေါ်ကနေ ဆောင့်နင်းပစ်လိုက်တော့တယ်။အဲဒီအချိန်မှာ သူခန္ဓာဟာ အပေါ်ပိုင်း ဗလာထီးထီးနဲ့ နာဇီ စင်္ကြာတံဆိပ်ကြီးက မီးရောင်အောက်မှာ ထင်းနေတယ်။သူ့မျက်နှာဟာ တိုက်ပွဲတစ်ခုကို အနိုင်ပိုင်းနိုင်သွားလို့ အောင်ပွဲခံနေတဲ့ လူတစ်ယောက်အသွင်မျိုး။ အထူးသဖြင့် Neo-Nazi ဝါဒအပေါ် အထူးလိုက်နာကျင့်သုံးလိုက်နိုင်လို့ ဂုဏ်ယူနေတဲ့ အသင်းသားတစ်ယောက်အသွင်မျိုးပေါ့။ ဒါပေမယ့် သူက ထောင်သုံးနှစ်ပဲ ကျတယ်။ထောင်ထဲကို တကယ်ရောက်ရှိသွားတဲ့ အချိန်မှာတော့ သူယုံကြည်ခဲ့တဲ့ သဘောတရားတွေဟာ ဘာအဓိပ္ပာယ် ယ်မှ ရှိမလာဘူးဆိုတာ သိလာတယ်။သူ့အနေနဲ့ ရန်သူကြီးတွေသဖွယ် အမုန်းကြီးမုန်းမိခဲ့တဲ့ လူမည်းတွေဟာလည်း သူထင်သလို အခွင့်အရေးတွေ ရနေတာလည်း မဟုတ်ဘဲ ဖိနှိပ်ခံလူသားတွေသာ ဖြစ်ကြောင်း သိရှိလာချိန်မှာတော့ သူ့ဆီက Neo-Nazi ဗိုင်းရပ်စ်တွေဟာ သူ့ညီငယ်ဆီကို ကူးစက်နေပါပြီ။ခေတ်သစ်နာဇီဝါဒကို သိပ်ပြီး အကြို က်တွေ့နေပါပြီ။ သူ့ညီငယ်ကလေးက အကိုဖြစ်သူကို သူရဲကောင်းအရာထားပြီး ခေါင်းစဉ်တစ်ခုပေးပြီး စာတောင်ရေးနေပါရဲ့။ ခေါင်းစဉ်က “American History X “တဲ့။ ___________________________ ယခု ရုပ်ရှင်မှာ Neo-Nazi ဝါဒ သက်ဝင်လူငယ်တစ်ယောက်အဖြစ် Edward Norton ဟာ အကောင်းဆုံး သရုပ်ဆောင်ပြခဲ့တာကို တွေ့ရပါတယ်။အော်စကာဆန်ကာတင်ခြင်း ခံရတဲ့အထိ ထိုက်တန်ပါတယ်။ သူဟာ အရာရာအပေါ် စူးစမ်းချင်ကြ စမ်းသပ်ကိုးကွယ်တတ်ကြတဲ့လူငယ်တွေရဲ့ အနေအထားကို ကိုယ်စားပြု တင်ပြသွားတယ်။လက်တွေ့ဘဝရဲ့ လွှမ်းမိုးခံရမှု အတိုင်း လူငယ်တွေအများစုက ပါဝင်နစ်မြု ပ်သွားနိုင်မှု အပေါ် သတိချပ်မိနိုင်အောင် ယခုရုပ်ရှင်ဟာ မီးမောင်းထိုးပြနိုင်ခဲ့တယ်။သူရဲကောင်းဝါဒ။အထူးသဖြင့် မိမိတို့လူမျိုးကြီးကသာ သာလွန်မြင့်မြတ်တယ်ဆိုသော ပိုမိုလွန်ကဲတဲ့ အမျိုးသားရေး ဝါဒ သဘောတရားတွေဟာ အဆုံးသတ်မှာတော့ သွေးပျက်စက်ဆုပ်ဖွယ်ရာ။ကြေကွဲနာကျင်ဖွယ်ရာတွေကိုသာ ဆောင်ကျဉ်းပေးနိုင်ကြောင်းကို ပြဆိုထားခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲကအတိုင်းပါပဲ။ကျွန်တော်တို့ လက်တွေ့ဘဝထဲမှာလည်း ထိုနည်းနှင်နှင်ပင်။အစွန်းရောက် ဝိဝါဒတွေ အမျိုးမျိူးတွေနဲ့ လူသားတွေအကြားမှာ လုံးထွေးရစ်ပတ်လျက်ပဲ ရှိနေဆဲမဟုတ်ပါလား။မိမိရဲ့တကိုယ်ရည်ဝေဖန်ခွဲခြားနိုင်စွမ်းအပေါ် ယင်းအစွန်းရောက်ဝါဒတွေ လွှမ်းမိုးသွားတဲ့အခါမှ အမှားတွေကိုသာ ဂိုဏ်းဂန ကွဲပြားနေသူတွေအားလုံး လုပ်ဆောင်တိုက်ခိုက်နေကြတာ ဒုနဲ့ဒေးပါပဲ။ခုထက်ထိ သွေးချောင်းစီးနေကြတာကို မြင်တွေ့နေကြရမှာပါ။ ထိုအထဲမှာ ဂျုံ မှု န့်ဖြူ ဖြူ ကလေးတွေနဲ့ ပုံသွင်းစပြု မယ့် အရုပ်ကလေးတွေနဲ့ အလားသဏ္ဍာန်တူတဲ့ မျိုးဆက်သစ်လူငယ်ကလေးတွေရော ဘယ်လောက်အထိ အရောင်ဆိုးဆေးချယ် လိုရာပုံသွင်းခဲ့ခြင်းကို မည်မျှခံခဲ့ရပြီးပြီလဲ ဆိုတာကတော့ ယခုထက်တိုင် မီးဟုန်းဟုန်းတောက်နေတဲ့ ဝိဝါဒစစ်သလင်းပြင်တွေက သက်သေခံလျက်ပါပဲ။ ရုပ်ရှည်အညွှန်းအား International Movie News(IMN)မှကူးယူဖော်ပြသည် File Size : 3.63GB & 1.23GB Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:59:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Tiff Translated by Eg White vs Aye Mon Kyaw

Horror • Mystery
8.5 1998
American History X
Meanwhile on Earth
6.1

IMDb Rating – 6.1/10 ဒီကားလေးက ဒါရိုက်တာ Jeremy Clapin ရိုက်ကူးထားပြီး မင်းသမီး Megan Northam က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ကယ်တင်နိုင်ဖို့ တစ်ခြားသူတွေကို ပျောက်ကွယ်သွားအောင်လုပ်ရမယ်ဆို ဘာကိုရွေးကြမှာလဲ။ ကာတွန်းဇာတ်ကောင်တွေကိုဖန်တီးပြီး ဇာတ်လမ်းလေးတွေရေးတတ်တဲ့ အယ်ဇာမှာ အာကာသယာဉ်မှူး ဖရန့်ခ်ဆိုတဲ့အကိုတစ်ယောက်ရှိပါတယ်။ အယ်ဇာနဲ့ဖရန့်ခ်ကငယ်ငယ်ထဲက အာကာသထဲခရီးထွက်ဖို့ အိပ်မက်မက်ခဲ့ကြတယ်။ အိပ်မက်တွေကို ပြည့်ဝအောင်လုပ်နိုင်ဖို့ အချင်းချင်းကတိတွေထားခဲ့ကြတယ်။ ဖရန့်ခ်ကအာကာသယာဉ်မှူးဖြစ်လာခဲ့ပြီး အာကာသထဲကိုခရီး ထွက်သွားတဲ့နောက် သဲလွန်စရှာမရပဲနဲ့ ပျောက်ဆုံးသွားခဲ့ပြီး သေဆုံးသွားပြီလို့ သတ်မှတ်ခဲ့ကြပါတယ်။ ရည်မှန်းချက်တွေမရှိတော့တဲ့ အယ်ဇာတစ်ယောက် အဘိုးအဘွားတွေကို စောင့်ရှောက်တဲ့သူလုပ်ရင်း တစ်နေ့မှာ ဖရန့်ခ်ရဲ့အသံကို ပြန်ကြားခဲ့ရပါတယ်. အစေ့တစ်စေ့ကနေ ဆက်သွယ်မှုအရ အမည်မသိတည်ရှိမှုတစ်ခုက ဖရန့်ခ်ကိုပြန်ခေါ်လာပေးဖို့ အပေးအယူလုပ်လာခဲ့ပါတယ်။ အယ်ဇာ့ရဲ့ခေါင်းထဲကိုဝင်နေတဲ့ အမည်မသိတည်ရှိမှုက သူတို့ကို ကမ္ဘာမြေပေါ်ခေါ်ပေးမှ ဖရန့်ခ်ကိုပြန်ခေါ်နိုင်မယ်ပြောလာတဲ့အခါ… ဖရန့်ခ်ကိုပြန်ခေါ်နိုင်ဖို့ လူငါးယောက်က ကမ္ဘာပေါ်က ပျောက်ကွယ်ပေးရမဲ့အခါ… အယ်ဇာက ဘာကိုရွေးချယ်မလဲ…ဖရန့်ခ်လား…သူစိမ်းငါးယောက်လား…. နောက်ဆုံးအယ်ဇာက ဖရန့်ခ်ကိုပြန်ခေါ်နိုင်မလားဆိုတာကိုတော့ ဒီစိတ်လှုပ်ရှားစရာ ပြင်သစ်သိပ္ပံကားကောင်းလေးမှာ ဆက်လက် ကြည့်ရှုလိုက်ပါ။ File size… (1.12GB) / (629MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Adventure , Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

6.1 2024
Meanwhile on Earth
Warriors of the Dawn
6.4

Warriors of the Dawn (2017) ************************** IMDb… 6.4 CM ပရိသတ်တွေ ပိတ်ရက်မှာ ဇာတ်ကားကောင်းလေးကြည့်ပြီး နှပ်နိုင်ဖို့ Lee Jung Jae, Yoo Jin Goo, Kim Moo Yeol စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်း ဂျပန်တွေရဲ့ကျူးကျော်မှုကို ကြုံလာရတဲ့အခါ ဂျိုဆွန်းပြည်ရဲ့မင်းကြီးဟာ ပြည်သူတွေကို မကာကွယ်ဘဲ​ တရုတ်ပြည်ကို ထွက်ပြေးတိမ်းရှောင်သွားပါတယ်။ အဲဒီမှာ ဂွမ်ဟယ်ဆိုတဲ့ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အိမ်ရှေ့စံမင်းသားက အကုန်တာဝန်ယူဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ စစ်တပ်အင်အားနဲ့ လက်နက်တွေက မလုံလောက်တဲ့အခြေအနေမှာ ရှိနေတာကြောင့် အခက်အခဲတွေကြုံလာတဲ့အချိန်မှာ သူ့ဘက်က ကူညီပေးဖို့ ထိုအူဆိုတဲ့ အစားထိုးတပ်သားခေါင်းဆောင်ကို အကူအညီတောင်းခဲ့ပါတယ်။​ အစားထိုးတပ်သားဆိုတာ တပ်သားအစစ်မဟုတ်ဘဲ တပ်သားမလုံလောက်တဲ့အချိန်မှာ စစ်အင်အားဖြည့်ဖို့ အသုံးပြုခံရတာပါ။ အိမ်ရှေ့စံမင်းသားဂွမ်ဟယ်က ထိုအူနဲ့ သူ့လူတွေရဲ့အကူအညီကိုယူပြီး ဂျပန်တွေရဲ့ရန်ကို ရှောင်ရှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Yee Wai မှ ရေးသားထားပေးပါတယ်။) File Size : 3.26GB/ 1.59GB Quality : WEB-DL 1080p/ 720p Format…mp4 Duration…02:10:32 Genre : Historical, War Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai, Yati Naing & Lai Laii Encoded by Tiff

Romance • Comedy
6.4 2017 129 mins
Warriors of the Dawn
Six Feet Over Six pieds sur Terre
6.4

Six Feet Over (2024) IMDb Rating (6.4) ဘာသာရေး၊ ချစ်ခြင်းမေတ္တာ၊ အယူအဆတွေနဲ့ ပတ်သက်ပြီး အတွေးအမြင်သစ်တွေကို ပေါ်လာစေနိုင်မယ့် ပြင်သစ်ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ Sofiane ဟာ အယ်လ်ဂျီးရီးယားသံတမန်တစ်ဦး၏ သားဖြစ်ပြီး ငယ်စဉ်ကတည်းက နိုင်ငံများစွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသူဖြစ်ပါတယ်။ ပညာသင်ကြားရန် ပြင်သစ် မှာ အခြေချနေထိုင်သော်လည်း ဗီဇာကိစ္စအဆင်မပြေမှုကြောင့် နေရပ်ပြန်ပို့ခံရမည့် အခြေအနေတစ်ခု ဖြစ်နေပါတယ်။ ဒီနိုင်ငံမှာ ဆက်လက်နေထိုင်ခွင့်ရဖို့ သူက ဝန်ထမ်းစာချုပ် ချုပ်ဆိုဖို့ လိုအပ်နေတာကြောင့် အလုပ်တစ်ခုကို အမြန်ရှာဖွေခဲ့ရတယ်။ ကျောင်းသားတစ်ယောက်အနေနဲ့ အလုပ်တစ်ခုရဖို့ မလွယ်တာကြောင့် ပြင်သစ်နိုင်ငံသားအများစု မလုပ်ချင်တဲ့ အလုပ်တစ်ခုဖြစ်တဲ့ အလောင်းပြင်တဲ့အလုပ်ကို သူလုပ်ခဲ့ရတယ်။ လူငယ်တစ်ယောက်အနေနဲ့ အလောင်းပြင်တဲ့အလုပ်ဟာ ဘယ်လောက်ထိစိန်ခေါ်မှုတစ်ရပ်ဖြစ်နေလဲဆိုတာကို ရိုက်ကူးပုံဖော်ထားရင်း Sofiane တစ်ယောက် ဘယ်လိုမျိုး အခက်အခဲတွေ ဖြတ်ကျော်သွားမလဲ? သူလိုအပ်နေတဲ့ ဗီဇာကိုရော ရရှိနိုင်ပါ့မလားဆိုတာတွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.5 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:36:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon

Adventure • Fantasy • Comedy • Family
6.4 2024 96 mins
Six Feet Over Six pieds sur Terre