YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Burning Flames E36 720p WEB-DL CM.mp4

434.18 MB N/A video/mp4 238 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Red Sorghum
7.2

~ IMDb - 7.3/10, Rotten Tomatoes - 85% ~ ကျန်းရိမူရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ဟာ တရုတ်စာရေးဆရာ Mo Yan ရဲ့ Red Sorghum ဝတ္တုထဲပါတဲ့ ဝတ္တုလတ်ငါးပုဒ်ထဲက ပထမ၂ပုဒ်ဖြစ်တဲ့ "Red Sorghum" နဲ့ "Sorghum Wine" ကို ပေါင်းပြီး ရိုက်ထားတယ်။ ဒီငါးပုဒ်လုံးက ဆက်တော့ဆက်နေပေမဲ့ တကယ်တမ်း စာရေးဆရာက မဂ္ဂဇင်းမှာ တစ်ပုဒ်ချင်းစီ ခွဲရေးခဲ့တဲ့ ဝတ္တုလတ်တွေဆိုတော့ ဝတ္တုလတ်၂ပုဒ်လို့ပြောရင်တော့ ပိုမှန်လိမ့်မယ်။ Red Sorghum ဟာ ကျန်းရိမူရဲ့ ပွဲဦးထွက်လက်ရာပေမဲ့ စီနီမာတိုဂရပ်ဖီကတော့ တော်တော်လေး ကြမ်းနေတာတော့ အံ့အားသင့်ဖို့ကောင်းတယ်‌ ပြောရမလိုလို မဆန်းသလိုလိုပါပဲ။ ဘာလို့ဆို ကျန်းရိမူဟာ ဒီကားမရိုက်ခင် စီနီမာတိုဂရပ်ဖာအနေနဲ့ ရုပ်ရှင်လောကမှာ အသက်မွေးဖူးတဲ့လူမို့ပါပဲ။ ဒါပေမဲ့ ဆန်းတာက ဒီကားဟာ ဒီကားရဲ့ စီနီမာတိုဂရပ်ဖာ Gu Changwei ရဲ့ ပထမဆုံး စီနီမာတိုဂရပ်ဖာလုပ်တဲ့ကားလည်း ဟုတ်နေတာပါပဲ။ ကျန်းရိမူရဲ့ Visionary ကြောင့်လားတော့မသိပါဘူး။ အရောင်အသွေး အလင်း အထားအသို အကုန်လှပနေတဲ့ ပုံရိပ်တွေနဲ့ ပြည့်နှက်နေတယ်။ စာအုပ်နဲ့ ယှဉ်ရင်တော့ အများကြီးဖြုတ်ချလိုက်သလိုတော့ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ကျန်းရိမူဟာ ရုပ်ရှင်တစ်ကားအနေနဲ့ အလှပဆုံးအသက်သွင်းထားတာဆိုတာတော့ အာမခံလို့ရတယ်။ ဇာတ်ကတော့ မြေးတစ်ယောက်က သူ့ဇာတိအကြောင်း သူ့အဘိုးအဘွားတွေအကြောင်းကို ပြန်ပြောင်းပြောတဲ့ဇာတ်လမ်းကို ကျွန်တော်တို့ နားထောင်ရသလိုဇာတ်ပဲ။ အဖြစ်မှန်တွေရော ယုံတမ်းလား မသေချာတာတွေရော ပေါင်းစပ်ပြီး ပြန်ပြောပြတဲ့ စိတ်ဝင်စားစရာဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဇာတ်လမ်းက သိပ်ရိုးရှင်းတယ်။ ဒါပေမဲ့ ဒီဇာတ်ရဲ့အလှကိုက ဒီရိုးရှင်းမှုဖြစ်နေပြန်တာပဲ။ အကြောင်းအရာ ပြန်အချိုးချကြည့်ရင် ဘာမှသိပ်ပါတာမဟုတ်ပေမဲ့ သူ့ပါတာလေးတွေနဲ့တင် အပိုအလိုမရှိ တည့်တည့်ဝင်ဆောင့်နိုင်တဲ့ အရှိန်အဟုန် အင်အားမျိုးရှိနေတယ်။ ကျန်းရိမူဟာ ပွဲဦးထွက်ကတည်းက တော်တော်အားကောင်းခဲ့တဲ့ ဒါရိုက်တာဖြစ်ကြောင်း သက်သေခံနေတဲ့ကားလို့ပြောရင်လည်း မမှားလောက်ဘူး။ ဒီကားဟာ ကျန်းရိမူရဲ့ ဂေါင်လီရဲ့ ပွဲဦးထွက်ကားလည်း ဟုတ်တယ်။ ဒီကားမှာ ဘာတွေမြင်ရမလဲမေးလာရင်တော့ ယုံတမ်းဆန်တဲ့လူ့ဘဝတွေ၊ ယုံတမ်းဆန်တဲ့ ရက်စက်မှုတွေအကြောင်းလို့ ဖြေရမှာပဲ။ ဒါပေမဲ့လည်း တစ်ခါတလေ ကျွန်တော်တို့ဘဝတွေရော ကျွန်တော်တို့တွေရောက ယုံရခက်လောက်အောင် ရက်စက်တတ်ကြတာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1GB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 31Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Drama • History • War
7.2 1988 91 mins
Red Sorghum
The Village
6.4

ရွာ... အပြစ်ကင်းစင်မှုတွေနဲ့ ထုံမွှမ်းနေတဲ့ ချစ်စရာရွာလေး။ စကားပြောတာတောင် နူးနူးညံ့ညံ့နဲ့ ဂုဏ်တွေ ပကာသနတွေ ဘာမှမရှိတဲ့ရွာလေးပေါ့။ ဒီချစ်စရာရွာလေးမှာ သတ္တိ၊ဒေါသနဲ့ ရမ္မက်ကို ကိုယ်စားပြုနေတဲ့ အနီရောင်ကို အရောင်ဆိုးလို့ သတ်မှတ်ကြတယ်။ အနီရောင်ကို မြင်တာနဲ့ မြေမြှုပ်ပစ်ကြတယ်။ ဒီလိုလုပ်ရတာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေပါသေးတယ်။ အနီဟာ သူတို့မပြောကြတဲ့ သတ္တဝါတွေကို ဆွဲဆောင်နိုင်လို့ပါတဲ့။ ဒီလိုအေးချမ်းတဲ့ရွာလေးမှာ မကောင်းတဲ့ အချက်ဆိုလို့ သူတို့ရွာဘေးက တောအုပ်ထဲက သူတို့မပြောကြတဲ့ သတ္တဝါတွေပဲရှိမယ်ထင်တယ်။ ရွာထဲက ကာလသားတွေမှာ သတ္တိပြစရာဆိုလို့ တောအုပ်ကို ကျောပေးပြီး အချိန်ဘယ်လောက်ကြာအောင် ရပ်နိုင်လဲဆိုတာကပဲ သူတို့အတွက် စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖြစ်နေတယ်။ ရွာလေးက အေးချမ်းတယ်ဆိုပေမဲ့ ဆေးဝါးအထောက်အပံ့မရှိ တခြားမြို့ပြတွေနဲ့လည်း အဆက်အသွယ်မရှိလို့ ကုစရာဆေးဝါးမရှိတာကြောင့် လက်လွှတ်လိုက်ရတဲ့ ရွာသူရွာသားတွေ ရှိနေတာပေါ့။ တောအုပ်ကြီးထဲမှာ ဘာရယ်မပြောနိုင်တဲ့ သတ္တဝါတွေရှိနေတာကြောင့် သွားလို့ကလည်း မဖြစ်ဘူးဆိုပေမဲ့ လူတွေဆိုတာ စွန့်စားတတ် စူးစမ်းတတ်တဲ့အမျိုးပဲမဟုတ်လား။ ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် ကာလသားတွေထဲက သတ္တိအရှိဆုံးလူငယ်လေးတစ်ယောက်က ရွာရဲ့ကောင်းကျိုးအတွက် တောအုပ်ကိုဖြတ်ပြီး ဆေးဝါးသွားရှာဖို့ပြောလာပါတယ်။ ဒီလူငယ်လေး အောင်အောင်မြင်မြင်နဲ့ တောအုပ်ကိုဖြတ်ကျော်နိုင်ပြီး ရွာလေးရဲ့အနာဂါတ်ကိုပြောင်းလဲပစ်နိုင်မလား။ ဒါမှမဟုတ် တောအုပ်ထဲကသတ္တဝါတွေ တိုက်ခိုက်ခံရလို့ ပျက်စီးရမှာလား။ The Village ရဲ့ ဒီဇာတ်လမ်းလေးက Thriller, Drama ဇာတ်လမ်းလို့ နာမည်တပ်ထားပေမဲ့ စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါလို့ ပြောချင်ပါတယ်။ ဒီရွာလေးက လူ့အဖွဲ့အစည်းကိုပဲ သရော်ထားတာလား။ အဲဒီရွာက ရွာသူရွာသားတွေကိုပဲ သရော်ထားတာလားလို့တော့ ကျွန်တော်လည်း မပြောတတ်ပါဘူး။ ဘာပဲပြောပြော ကြည့်ရတာ တန်တဲ့ ဇာတ်ကားလေးဆိုတာတော့ မမှားပါဘူး။ ခင်ဗျားက အတွေးသမားဆိုရင်တော့ ဒီရွာလေးကြောင့် လူအဖွဲ့အစည်းအကြောင်း၊ လူတွေရဲ့အကြောင်း တွေးစရာတွေပေါ်လာမှာသေချာပေါက်ပါပဲ... (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.05GB, 1.02GB, 555MB Quality - 1080p, 720p, 480p IMDb Rating - 6.4/10 Format - mp4 Duration - 1H 48Min Genre - Drama, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Romance
6.4 2004 108 mins
The Village
Love Story

IMDb - 6.9 2021တုန်းက Hitဖြစ်ခဲ့တဲ့ Romance Dramaလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကတော့ မြို့ကို အလုပ်လုပ်ဖို့ တက်လာတဲ့ အင်ဂျင်နီယာမလေးကို ချစ်မိသွားတဲ့ ဇွန်းဘားကတဲ့သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ လူတိုင်းမှာ ကိုယ့်ရဲ့ဆိုင်ရာဆိုင်ရာ အချစ်ဇာတ်လမ်းလေးတွေရှိခဲ့ကြမှာပေါ့နော်။ ပျော်စရာ၊ ကြည်နူးစရာ၊ လွမ်းစရာ၊ ကြေကွဲစရာ မျိုးစုံထဲမှာမှ တွေ့တာနဲ့ သတ်နေကြတဲ့ ကြောင်နဲ့ကြွက်လို ဇာတ်လမ်းလေးတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ ဒီဇာတ်လမ်းလေးကလည်း ဒီလိုပါပဲ။ အမေတစ်ခု၊ သားတစ်ခုဘဝမှာ ကြီးပြင်းလာရတဲ့ ရေးဗန်ဟာ သူ့ရဲ့အမေဖြစ်သူဆုံးမတဲ့ လူတွေဆီက အနှိမ်မခံစေရချင်ရင် ပိုက်ဆံရှာဆိုတဲ့ ဆုံးမစကားကြောင့် အိမ်ငှားခမပေးနိုင်တဲ့အချိန်မှာတောင် သူကိုယ်တိုင်ထောင်ထားတဲ့ ဇွန်းဘားစင်တာကို ကြိုးစားပမ်းစားအသက်ဆက်လို့နေပါတယ်။ သူဌေးသမီးလေး မောနီကတော့ စည်းကမ်းတင်းကြပ်တဲ့အဖွား၊ သူတို့မိသားစုအပေါ် ဂုတ်သွေးစုပ်နေတဲ့ ဉီးလေးဖြစ်သူကို ဆန့်ကျင်ပြီး အိမ်ပေါ်ကနေ လက်ဗလာနဲ့ဆင်းလာခဲ့တဲ့သူပါ။ မာနကြီးပြီး အထည်ကြီးပျက်ပုံစံဖြစ်နေတာကြောင့် အလုပ်လည်းမရနိုင်၊ တွေ့ရာအလုပ်ကိုလည်း ဝင်မလုပ်နိုင်တဲ့ အင်ဂျင်နီယာမလေး မောနီနဲ့ ငွေလေးတစ်ပြားဝင်ဖို့ ရုန်းကန်နေရတဲ့ ရေးဗန်တို့နှစ်ယောက်ဟာ တွေ့တာနဲ့ ကြောင်နဲ့ကြွက်လို တကျက်ကျက် ရန်ဖြစ်ကြရင်းကနေ မောနီ ကတာကို တွေ့ပြီး ရင်သပ်ရှူမောဖြစ်သွားတဲ့ ရေးဗန်က မောနီကို သူတို့ဇွန်းဘားစင်တာမှာ စပ်တူအလုပ်လုပ်ဖို့ ခေါ်ရင်းကနေ အချစ်ဇာတ်လမ်းအသစ်လေးတစ်ပုဒ်ပေါက်ဖွားလာတော့တာပါပဲ။ ထပ်ပြောရမယ်ဆိုရင် လူတိုင်းမှာ မတူညီတဲ့အချစ်ဇာတ်လမ်းလေးတွေ ရှိတတ်ကြပါတယ်။ ဒီဇာတ်လမ်းလေးကလည်း ကမ္ဘာပေါ်က မြောက်များစွာသော ဇာတ်လမ်းတွေထဲက တစ်ပုဒ်ပေါ့။ "Love Story"ဆိုတဲ့အတိုင်းပဲ သူတို့နှစ်​ယောက်ကြားမှာ ဖြည်းဖြည်းချင်း ပေါက်ဖွားလာတဲ့ ဇာတ်လမ်းကို အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူနေမှုဘဝ၊ ဆင်းရဲနွမ်းပါးမှု၊ ကြပ်တည်းနေတဲ့အလုပ်အကိုင်ကို Romanceလေးနဲ့ တွဲပြီး ပျော်စရာ၊ စိတ်ဝင်စားစရာလေး ရိုက်ပြသွားတာဖြစ်ပါတယ်။ ဒါဆိုရင်တော့အခုပဲ ကိုယ့်ဘဝမှာ ကြုံခဲ့ကြတဲ့ Love Storyလေးကို အောက်မေ့ရင်း အိန္ဒိယ Romance Drama "Love Story"လေးကို ကြည့်ရှူလိုက်ကြပါဦးနော်။ File size…3.4GB / 1.56GB Quality…1080p WEBDL Uncut AAC5.1CH / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni , Eliza , Yate

Action • Adventure • Thriller
null 2021 155 mins
Love Story
Encanto
7.6

Walt Disney ရဲ့ ​​နောက်ထပ်မင်းသမီးတစ်ပါး ထပ်​ပေါ်ထွက်လာမယ့် Encanto ဇာတ်ကား​လေးထွက်လာပါပြီ၊ Disneyကထွက်တဲ့ animation​တွေရဲ့ ထုံးစံအတိုင်း ဇာတ်​ကောင်​တွေ၊ အ​​ရောင်အ​သွေးတွေက လှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်​တွေ သ​ဘော​တွေ့​စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ Rotten Tomatoes 90% ratingက သက်​သေခံ​နေပါတယ် Encantoဆိုတာက ​တောင်အ​မေရိကတိုက် ကိုလံဘီယာ နိုင်ငံတွင်းက စိတ်ကူးယဉ်​နေရာ​လေးတစ်ခုပါ၊ ဒီ​နေရာမှာ ​မှော်အစွမ်း​တွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို Encanto​​ဒေသ​​လေးကိုထိန်းသိမ်း​ပေးဖို့ ​ဒေသ​နေပြည်သူ​တွေရဲ့ဘဝကို အကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်​တွေကို မျိုးဆက်အဆင့်ဆင့် လက်​ဆောင်​ပေးခဲ့ပါတယ်၊ ဒါ​ကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ ​မှော်အစွမ်းကိုယ်စီ ရှိပါတယ်၊မင်းသမီး​လေး မီရာဘယ်ကလွဲရင်​ပေါ့၊ တစ်​နေ့မှာ​တော့ Encanto​ကို မလိုလားအပ်တဲ့ ​အ​မှောင်စွမ်းအင်ထုကြီး ​​​ ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်​လေး အ​နေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊ သူမဘာ​ကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊ ​မှော်အစွမ်းရ​​အောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ File size…700MB/ (1.22GB) Quality…. Webrip-720P / WebRip 1080p Format… mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by...Mr. Anderson & JimX

Drama • Mystery
7.6 2021 102 mins
Encanto
Chip ‘n Dale: Rescue Rangers
7.3

Chip ‘n Dale: Rescue Rangers (2022) ~ IMDb – 7.3/10, Rotten Tomatoes – 79% ~ Chip ‘n Dale ဟာ လက်ရှိမှာ ကြည့်ပြီးတဲ့ လူတိုင်းနီးပါး အားရတဲ့ Fun တော်တော်ဖြစ်တဲ့ ရုပ်ရှင်ဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ဖန်တွေက Rating – 5/5 , 10/10 တွေ ပေးထားကြပါတယ်။ Chip ‘n Dale: Rescue Rangers ဆိုတဲ့ ဟိုတုန်းက နာမည်ကျော် Dinsey ကာတွန်းဇာတ်လမ်းတွဲထဲက ရှဉ့်ငရှုပ်နှစ်ကောင်ကို အဓိကထားပြီး တခြား ၉၀ပြည့်နှစ်က ကာတွန်းဇာတ်ကောင်တွေအများကိုလည်း cameo ထည့်ထားသလို လက်ရှိ ရုပ်ရှင်တွေကိုလည်း ဖောင်းထုထားတဲ့ တော်တော့်ကို ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ Nostalgia ဖြစ်စရာတွေလည်း အပြည့်ပါပဲ။ ဒစ္စနေးကားပေမဲ့ Cameo တွေဟာ ဒစ္စနေးက ကာတွန်းဇာတ်ကောင်တွေချည်းမဟုတ်ဘဲ ဝါနာဘရားသား, Comedy Central, ပါရာမောင့်နဲ့ တခြားကုမ္ပဏီပေါင်းများစွာက ဇာတ်ကောင်များစွာကို ယူသုံးထားပါတယ်။ ဒီဇာတ်ကောင်တွေအတွက် လိုင်စင်ယူရမှာနဲ့တင် တော်တော်မလွယ်ပါဘူး။ တော်တော်ကို အားသွန်ခွန်စိုက်လုပ်ပြီး စိတ်ကြိုက်ထည့်ထားကြပုံပါပဲ။ ဘာတွေ ဘယ်လိုပါပါတယ်‌ပြောရင် အေဖိုး၅မျက်နှာစာလောက်ကုန်မှာမို့ မပြောတော့ပါဘူး။ ဟိုးတုန်းက ကာတွန်းကားတွေကို နည်းနည်းပါးပါး သံယောဇဉ်ရှိရင်တောင် စိတ်ထဲ အကြိုက်တွေ့မိမယ့် ရုပ်ရှင်ပါပဲ။ ဆိုခဲ့သလို ဒီလောက်နေရာတကာက Cameo တွေအများကြီးထည့်ထားတာကိုလည်း ဗရုတ်သုတ်ခထည့်ထားတာမဟုတ်ဘဲ အဲဒီကာတွန်းတွေရဲ့ ကမ္ဘာကြီးကို ဇာတ်အိမ်တည်ထားတာပါ။ ဟာသပေါင်းများစွာနဲ့ တော်တော်လည်းရယ်ရလို့ အားလုံးအကြိုက်တွေ့နေကြတဲ့ ရုပ်ရှင်ပါပဲ။ ရှဉ့်၂ကောင်မှာ တစ်ကောင်ကို မူလအတိုင်းထားပြီး တစ်ကောင်ကို CGI သုံး 3D ဆွဲထားလို့ ခေတ်ဟောင်းအရသာရော ခေတ်သစ်အရသာရော ပေါင်းစပ်ရရှိစေမှာပါ။ အိုင်ဒီယာကောင်းတယ် ဆိုရမှာပါပဲ။ လူတွေလည်းခပ်ပါးပါးပါပါတယ်။ ရိတ်တင်လည်းကောင်းနေသလို တစ်ချို့ကလည်း ဒီနှစ်ရဲ့အကြိုက်ဆုံးရုပ်ရှင်လို့ဆိုတဲ့အထိ အမွှန်းတင်နေကြပါတယ်။ ပုဂ္ဂလိကအမြင်အရတော့ ဇာတ်သိမ်း နည်းနည်းတက်သုတ်ရိုက်ဖြစ်နေတာကလွဲ တော်တော်ရယ်ရပြီး အတော်ကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပေါ့။ Size – 1.51GB, 853MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 37Min Genre – Animation, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung, 666 Encoded by Y

Family • Fantasy • Music
7.3 2022
Chip ‘n Dale: Rescue Rangers
No Reservations
6.3

No Reservations (2007) Genre – Comedy, Drama, Romance IMDB – 6.3/10 ငယ်ငယ်တုန်းက Zorro ကြည့်ရင်း ဒီမင်းသမီးလှလိုက်တာဆိုပြီး ဖြစ်ခဲ့ဖူးတဲ့သူ ဒါမှမဟုတ် ခု နာမည်ကြီး ဗုဒ္ဓဟူးမ Wednesday ရဲ့ အမေနေရာကပါပြီး ခုထိ ကျက်သရေရှိရှိနဲ့ လှနေတဲ့ အန်တီကြီး Catherine Zeta-Jones ရဲ့ ၂၀၀၇ ခုနှစ်တုန်းက Rom-com ကားကောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ မင်းသားနေရာကလည်း Dark Knight Trilogy မှာ အပြိုင်ကြမ်းခဲ့တဲ့ Two-face နေရာက မင်းသား Aaron Eckhart ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုံးလေးကတော့ စားဖိုမှူးလောကမှာ နာမည်ရှိပြီး အင်မတန်တော်သလောက် စည်းမျဉ်းစည်းကမ်းတွေနဲ့ စေ့စပ်တိကျပြီး မိတ်ဆွေမရှိ ချစ်သူမရှိ ဟင်းချက်တာကိုပဲ စိတ်နှစ်ထားတဲ့ စားဖိုမှူးမချော ကိတ်ဆိုတာရှိပါတယ်။ ဆိုင်ထဲမှာ ဖောက်သည်က သူချက်တာကို စောဒကတက်ရင်လည်း မထင်ရင်မထင်သလို ပြန်ပြန် ပြဿနာရှာတတ်လွန်းလို့ ဆိုင်ပိုင်ရှင်ကတောင် ကုထုံးဆရာဆီ ပို့ထားရတဲ့လူမျိုးပါ။ တစ်ရက်တော့ သူ့ အစ်မဖြစ်သူဟာ သူ့သမီးနဲ့အတူ သူ့ဆီကိုလာလည်ဖို့ လုပ်ရင်း မတော်မဆ ဖြစ်သွားရာကနေ အသက်ဆုံးရှုံးခဲ့ပြီး သမီးဖြစ်သူကိုလည်း သေတမ်းစာမှာ ညီမတော်စပ်သူ အဒေါ်လက်ထဲ အပ်ခဲ့တဲ့အတွက် ကိတ်တစ်ယောက် ဒူးမနာသမီးလေး ရသွားခဲ့ပါတော့တယ်။ ဒီလိုမျိုး တူမဖြစ်သူကို အချိန်ပေးနေတုန်း ဆိုင်ပိုင်ရှင်က သူ့ကို အသိမပေးပဲ ပျော်ပျော်နေတတ်တဲ့ အီတလီပြန် စားဖိုမှူး နစ်ကို ခန့်ထားတာကိုတွေ့တော့ သူ့နေရာလုဖို့ ပေးဖို့ လုပ်တာလားဆိုပြီး အမြင်မကြည်ပဲ နှစ်ယောက်သား ပြဿနာတွေလည်းတက်ရင်း ကလေးတစ်ဖက်နဲ့ အလုပ်တစ်ဖက်နဲ့ ကိတ်တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကို အချစ်ဆန်ဆန် ဒရမ်မာဆန်ဆန် ဟာသဆန်ဆန် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ မာနကြီး အတ္တကြီး ဒေါသကြီးပြီး လောကကြီးကို အယုံအကြည်မရှိတဲ့ စားဖိုမှူးတစ်ယောက် တူမလေးရပြီး အမြင်တွေပြောင်းလဲကာ မင်းသားဖြစ်သူရဲ့ ပျော်ရွှင်တတ်တဲ့စရိုက်တွေကြောင့် တဖြည်းဖြည်း ပြောင်းလဲလာပြီး အချစ်နဲ့ တွေ့ရှိကာ ပြောင်းလဲသွားမှာကို ခံစားရမှာပါ။ ကလေးမလေးနေရာကလည်း Zombieland ထဲက အငယ်မလေးလုပ်တဲ့ Abigail Breslin က ပိုင်နိုင်စွာသရုပ်ဆောင်ထားပြီး ဇာတ်ပို့ပေးထားပါတယ်။ File size… 1.49 GB / 723 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama, Comedy , Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

6.3 2007
No Reservations
Easy Money III: Life Deluxe
6.2

Easy Money 3 (2013) IMDB – 6.2 ဒီဇာတ်လမ်းကတော့ မူးယစ်ခေါင်းဆောင်ကြီး ရာဒိုဗန်ရဲ့ ကျရှုံးခန်းပါ။ ဂိုဏ်းအဖွဲ့အချင်းချင်း ရန်ပွဲတွေကြောင့် ရာဒိုဗန်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ ကျည်ကာအင်္ကျီနဲ့ဆိုတော့ မသေပေမယ့် သူ့နိုင်ငံမဟုတ်တဲ့ ဆွီဒင်နိုင်ငံမှာ ဒီလိုရန်ငြှိုးတွေက သူ့အတွက်ကြီးမားတဲ့ အန္တရာယ်ဆိုတာသူနားလည်သွားတယ်။ ကျန်တာကိုဂရုမစိုက်ပေမယ့် တစ်ယောက်တည်းကျန်ခဲ့မယ့် သူသမီးလေးကိုသူအရမ်းစိတ်ပူသွားတယ်။ သူ့သမီးနားမှာ ယုံကြည်ရတဲ့သူဖြစ်တဲ့ မာတင် ဆိုတဲ့လူငယ်ကိုထားခဲ့တယ်။ မာတင်ဟာ ရဲအဖွဲ့ကလွှတ်ထားသူလျှိုဖြစ်ပြီး တစ်ချိန်က ရာဒိုဗန်ရဲ့လူဟောင်းဟောရုဟဲ အကူအညီနဲ့ အဖွဲ့ထဲကိုဝင်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရာဒိုဗန်ရဲ့ မိသားစုအတွင်းက ရာထူးအာဏာလိုချင်တဲ့ လက်ထောက်ကလည်းရှိနေတဲ့အခါမှာတော့ ရာဒိုဗန်တစ်ယောက် ဘယ်လိုကျရှုံးသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး… File size…1.78GB / 818 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 7m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Drama • Romance
6.2 2013
Easy Money III: Life Deluxe
It Could Happen to You
6.4

IMDb-6.4 ~ Rt-71% ဒီရုပ်ရှင်ကားကတော့ 1984 ခုနှစ်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကျောရိုးယူထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ မင်းသားကြီး Nicolas Cage နဲ့ မင်းသမီး Bridget Fonda တို့ ပါဝင်သရုပ်ဆောင်ထားပြီး old but gold ရုပ်ရှင်ကားကောင်းလေးတစ်ကားလို့ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်း‌ကတော့ ရဲအရာရှိ ချာလီ လန်း (Nicolas Cage) ဟာ မျူရီရယ် လန်း (Rosie Perez) ကိုလက်ထပ်ပြီး အိမ်ထောင်ဦးစီးကောင်းတစ်ယောက်အနေနဲ့ရော တာပွန်ကျေပွန်တဲ့ ‌ရဲအရာရှိတစ်ယောက်အနေနဲ့ပါ နယူးယော့ခ်မြို့ ကွင်းစ်မှာနေထိုင်နေပါတယ်။ မိန်းမဖြစ်သူ မျူရီရယ် ကတော့ သာမာန်ဘဝကိုတင် မကျေနပ်နိုင်ပဲ ပိုကောင်းတဲ့နေရာမှာနေချင်သူတစ်ယောက်ပါ။ ဒါကြောင့်လည်း ချာလီဘာပဲလုပ်လုပ် အမြဲမကျေနပ်နိုင်ဘဲ လင်မယားနှစ်ယောက်ကြား အမြဲတကျက်ကျက်ဖြစ်နေရပါတယ်။ အီဗွန်း ဘီရာဆီ (Bridget Fonda) ကတော့ သာမာန်စာပွဲထိုးမလေးဖြစ်ပြီး ‌ယောင်္ကျားဖြစ်သူ အက်ဒီက သူ့ဘဏ်ကတ်ထဲက ပိုက်ဆံတွေကို အကုန်ထုတ်သုံးလိုက်လို့ အကြွေးများစွာတင်ပြီး ဒေဝါလီခံထားရသူပါ။ တစ်နေ့မှာ အိပ်မက်တစ်ခုကြောင့် မျူရီရယ်က ချာလီကို ထီလက်မှတ်ဝယ်ခိုင်းခဲ့ပြီးအပြန်မှာ ချာလီတစ်ယောက် အီဗွန်းအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်မှာကော်ဖီဝင်သောက်ခဲ့ပါတယ်။ အီဗွန်းရဲ့ အခြေအနေကိုရိပ်စားမိသွားတာကြောင့် တာဝန်သိရဲတစ်ယောက်အနေနဲ့ ဘောက်ဆူးပေးဖို့လုပ်ရင်းကနေ ပိုက်ဆံအပိုမပါတော့လို့ ထီပေါက်ခဲ့ရင် ပေါက်တဲ့ငွေကို တစ်ဝက်ခွဲပေးမယ်ဆိုတဲ့ ကတိပေးပြီး ပြန်လာခဲ့လိုက်ပါတော့တယ်။ နောက်ရက်မှာတော့ ချာလီဝယ်လာခဲ့တဲ့ ထီစာရွက်ကနေ ဒေါ်လာ (၄)သန်းတန် ထီဆုကြီးပေါက်သွားခဲ့ပြီး သူပေးခဲ့တဲ့ ကတိကိုတည်ဖို့ လုပ်တဲ့အခါမှာ ချာလီ၊ မျူရီရယ်နဲ့ အီဗွန်းတို့ရဲ့ ဘဝတွေ ဘယ်လိုပြောင်းလဲသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… 1.1 GB / 694 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

Drama • Science Fiction • Adventure • Action
6.4 1994
It Could Happen to You
Typist Artist Pirate King
5.8

ကိုယ့်ကိုကိုယ် လက်နှိပ်စက်စာရေးမ ပန်းချီဆရာမ ပင်လယ်ဓားပြဘုရင်ရယ်ဆိုပြီးထင်ယောင်ထင်မှားဖြစ်နေတဲ့ အဖွားအိုအော်ဒရီအေမစ်က သံသယလွန်ကဲစိတ်ရောဂါဝေဒနာသည်တစ်ယောက်ဖြစ်တယ်… တစ်နေ့မှာ အော်ဒရီက ဆန်ဒါလန်မှာရှိတဲ့ပန်းချီပြခန်းကို သွားချင်ခဲ့ပြီး သူနာပြုဆန်ဒရာကိုဖိအားပေးပို့ခိုင်းခဲ့တယ်။ လန်ဒန်ကနေ ဆန်ဒါလန်အထိက မိုင်၂၈၀ကွာဝေးတဲ့ခရီးပါ။ ဒီလိုနဲ့ ပန်းချီပြခန်းအထိအတူသွားကြရင်း လမ်းမှာကြုံရတဲ့သူတွေအပြင် တစ်ကားလုံးမှာ အော်ဒရီရဲ့စိတ်ဖောက်ပြန်တဲ့လက္ခဏာတွေကို အဓိကတွေ့ရမှာပါ။ စိတ်ရောဂါသည်တွေရဲ့စိတ်က သာမန်လူတွေနဲ့ဘယ်လိုကွာခြားတယ်ဆိုတာအဓိကကြည့်ရမှာဖြစ်ပြီး ရောဂါသည်အော်ဒရီက ညီမဖြစ်တဲ့ဒိုရိုသီကို နှစ်ပေါင်းများစွာ အဆက်သွယ်မလုပ်တာက ဘာကြောင့်ဆိုတာနဲ့… အဆုံးမှာသူတို့ညီအစ်မရဲ့ဆက်ဆံရေးကဘယ်လိုဖြစ်မယ်၊ ဆန်ဒါလန်ခရီးစဥ်ကြောင့် အော်ဒရီနဲ့ သူနာပြုဆန်ဒရာကရောပိုပြီးရင်းနှီးလာမလားဆိုတာကိုကြည့်ရမှာပါ။ ဇာတ်ကားကပေးချင်တဲ့အဓိကမက်ဆေ့က စိတ်ဝေဒနာသည်တွေကိုပိုပြီးနားလည်လာစေဖို့ပါပဲ။ ထင်ယောင်ထင်မှားဖြစ်တာ သံသယလွန်ကဲတာတွေက ဆက်ဆံရေးကိုပျက်ပြားစေတယ်ဆိုတာအပြင် သံသယလွန်ကဲတတ်တဲ့ဝေဒနာသည်အော်ဒရီအေမစ်ကရော ဒီမကောင်းတဲ့သံသယစိတ်တွေနဲ့ ဘယ်လိုနေနေရတယ်ဆိုတာကို စိတ်ရောဂါသည်တွေရဲ့ပင်ကိုယ်သဘာဝစရိုက်ဗဟုသုတအနေနဲ့ ပိုပြီးသိလာရတဲ့ဇာတ်ကားမျိုးပါ။ File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

Romance • Drama
5.8 2022 108 mins
Typist Artist Pirate King
[18+] Undergrads
5

အယ်လီနဲ့ဆိုဖီတို့ဟာ တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အယ်လီကတော့ ဆိုဖီအပေါ်တိတ်တခိုးသံယောဇဉ်တွယ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဆိုဖီတစ်ယောက်ရည်းစားရသွားတာကိုသိလိုက်ရတဲ့နောက် အယ်လီလည်း အားကျမခံကောင်လေးတစ်ယောက်နဲ့လိင်မှုကိစ္စသက်သက် အပျော်သဘောတွဲဖြစ်ခဲ့ပါတယ်။ တစ်နေ့တော့ ဆိုဖီမှာ ကိုယ်ဝန်ရှိနေခဲ့ပြီး သူ့ချစ်သူက တာဝန်မယူဘူးဆိုတာရယ် အဲ့ဒီချစ်သူဆိုတာ သူတို့ကျောင်းက ဆရာတစ်ယောက်ဖြစ်နေတာရယ်ကို အယ်လီသိလိုက်ရတဲ့အချိန်မှာတော့ သူ့ခံစားချက်တွေပေါက်ကွဲထွက်ကုန်ပါတော့တယ်။ အယ်လီနဲ့ဆိုဖီအဖြစ် နောက်ပေါက်တွေထဲက မခေလှတဲ့ Rica Gonzales နဲ့ Athena Red တို့ဦးဆောင်ပါဝင်ထားတာမို့ အားပေးရကျိုးနပ်မယ့်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.1 GB) / (530 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:06:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

5 2024 65 mins
[18+] Undergrads
Pocahontas II: Journey to a New World
4.9

Pocahontas 2 ကိုလာကြည့်ဖို့လုပ်ပြီ ဆိုကတည်းက နံပါတ် 1 ကိုအတော်ကြိုက်ခဲ့လို့ ထင်ပါရဲ့။ ဒီဒုတိယပိုင်းမှာ ပိုကာဟွန်းတက်စ် ဟာ Disney Princesses တွေလုံးဝမရွေးချယ်ဖူးတဲ့ ကြီးမားတဲ့ မထင်မှတ်စရာ ရွေးချယ်မှုကို ရွေးချယ်သွားပါတယ်။ အမှန်ပြောရရင် ဒီကားကို ဘာသာပြန်မယ်ဆိုတုန်းက နံပါတ် 1လောက်ကောင်းမယ် လို့မထင်ခဲ့ဘူးဗျ။ လုံးဝမှားတာပါပဲဗျာ။ ဒီဇာတ်လမ်းလေးမှာတော့ အင်္ဂလန်နိုင်ငံနဲ့ အင်ဒီးယန်းလူရိုင်းတွေအကြား နားလည်မှုလွဲတာကို ပိုကာဟွန်းတက်စ် နဲ့ အင်္ဂလန်နိုင်ငံသား ဂျွန်ရော့ဖ် တို့ ပညာသားပါပါ ပြေလည်အောင်ကြိုးပမ်းရတဲ့အကြောင်းကို ရိုက်ကူးထားပါတယ်။ မထင်မှတ်ထားတာ ဖြစ်မယ်ဆိုတာတော့ လောင်းရဲသဗျ File size… 1.2 GB / 566 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ….. Adventure / Animation / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Ag Ko Khant

4.9 1998 72 mins
Pocahontas II: Journey to a New World
Cu Li Never Cries aka Cu Li không bao gio khóc
6.7

Cu Li Never Cries aka Cu Li không bao gio khóc (2024) IMDb: 6.7/10 ဗီယက်နမ်ဒါရိုက်တာ အသစ်ဖြစ်တဲ့ Phạm Ngọc Lân ရိုက်ကူးထားပြီးတော့ ဇာတ်လမ်းလေးကို မင်းသမီးက ယောကျ်ားဖြစ်သူဆုံးပါးပြီးတဲ့ နောက်မှာ ဇာတိမြေကို ပြန်လာတဲ့ အချိန်နဲ့ အစပြုထားပါတယ်။ သူနဲ့အတူလည်း သူ့ယောကျ်ားရဲ့ နောက်ဆုံးလက်ဆောင်တွေဖြစ်တဲ့ ဖန်ခွက်အကွဲတစ်ခုရယ် ၊ မျောက်နဲ့ တူသလိုရှိပြီး ကူလီလို့ခေါ်တဲ့ အကောင်လေးတစ်ကောင်လည်းပါလာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ မင်းသမီးက ယောကျ်ားကွယ်လွန်ပြီးနောက် ဇာတိမြေဖြစ်တဲ့ ဟနွိုင်းမြို့ကို ပြန်လာရာကနေ အစပြု့ထားပါတယ်။ အရင်တချိန်ငယ်ရွယ်စဉ်အခါက အလွန်သာယာလှပခဲ့တဲ့ မြို့ကြီးဟာ အခုလက်ရှိမှာတော့ မျက်စီနှင့် မြင်နေတာကိုတောင် မယုံကြည်နိုင်ဖွယ်ရာ အလွန်ကိုမှ ပြောင်းလဲ သွားခဲ့ပြီဖြစ်ပါတယ်။ သူမလေးကလည်း နောက်ဆို လက်ထပ်တောမှာဖြစ်ပြီး အရာအားလုံးဟာ သူ့အတွက်တော့ အရင်လိုကိုမဟုတ်နေခဲ့တော့တာပဲဖြစ်ပါတယ်။ တူမလေးနဲ့ကလည်း အသက်ရွယ်ကွာခြားလွန်းတာကြောင့်လည်း နေရာအတော်များများမှာ ဘဝင်မကျရတာတွေလည်း ရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အတိတ်ကအကြောင်းရာများကို လွမ်းဆွတ်မိပြီး အတိတ်ကနေ့ရက်တွေကို ပြန်လည်မြင်ယောင်နေရတာတွေကိုလည်း‌ သေချာလေးရိုက်ပြထားပါတယ်။ ဒီဇာတ်လမ်းလေးကတော့ မိသားစုရဲ့ နက်နဲတဲ့ အချစ်တွေ ၊ မေတ္တာတွေ၊ သံယောဇဉ်တွေနဲ့ အတိတ်က လွမ်းဆွတ်ဖွယ်ရာ အမှတ်တရာတွေရှိနေရခြင်းကို သဘောပေါက်နားလည်စေပြီး မိသားစုဝင်အားလုံးကိုလည်း သက်ရှိထင်ရှားရှိစဉ်မှာ ချစ်ပေး၊ နွေးထွေးပေး ၊ကူညီဖေးမပေးပြီး အားလုံကို အတူတူရင်ဆိုင် သင့်ကြောင်းကို သေချာလေး အထူးတလည်လေး ရိုက်ပြထားသော ဗီယက်နမ်ဇာတ်ကားလေးပဲဖြစ်ပါတယ်ခင်ဗျာ။ ဒီကားလေးက အပိုင်းတိုင်းလိုလိုဟာ တည်ငြိမ်အေးချမ်းပြီး ရိုးရှင်းစွာ ရိုက်ပြထားသောကြောင့် သဘာဝကျတဲ့ ဇာတ်ကားတွေကို နှစ်သက်တဲ့သူတွေ အတွက် လုံးဝအကြိုက်ဖြစ်စေမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ အညွှန်းနှင့် ဘာသာပြန်ကိုတော့ Brian မှတင်ဆက်ပေးထားပါတယ် ခင်ဗျာ။

6.7 2024 93 mins
Cu Li Never Cries aka Cu Li không bao gio khóc
Friendship
7.4

IMDb 7.4 , Rotten Tomatoes 88% ရရှိထားတဲ့ ဒီဇာတ်ကားမှာဆိုရင် Tim Robinson အတူ နာမည်ကြီးမင်းသားကြီး Paul Rudd ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်.. ဇာတ်လမ်းအကျဉ်း ++++++++++ ခရစ်ချ်ဝါးတားမန်းဆိုသူက ကင်ဆာပျောက်ကင်းခါစ မိန်းမဖြစ်သူ၊ ဆယ်ကျော်သက်သားငယ်တို့နဲ့ အတူနေထိုင်တဲ့ မားကတ်တင်းပိုင်းလုပ်တဲ့ ကုမ္ပဏီ၀န်ထမ်းတစ်ဦးပေါ့ ။ နေတဲ့အိမ်ကိုရောင်းပြီး ပြောင်းရွှေ့ဖို့ပြင်ကာမှ သူတို့အိမ်နားကို လူသစ်တစ်ဦးပြောင်းလာတယ် ။ စာပို့သမားကောင်းမှုကြောင့် ခရစ်ခ်ျက အော်စတင်မည်တဲ့ အဲ့လူသစ်ကို မြန်မြန်ဆန်ပဲ ခင်မင်သွားခဲ့ပြီး လူမှူဆက်ဆံရေးမှာ သိပ်ညံ့တဲ့ ခရစ်ခ်ျနဲ့ပြောင်းပြန် လူချစ်လူခင်ပေါအောင်နေတတ်တဲ့လူသစ်ကြောင့် ခရစ်ခ်ျက သူ့ကို အတော်သဘောကျသွားတယ် ။ ပြိုပျက်မလိုဖြစ်နေတဲ့ သူ့အိမ်ထောင်ရေးအပြင် အလုပ်ဆက်ဆံရေးမှာပါ အော်စတင်ကို အတုယူပြီး ခရစ်ခ်ျအတွက် အဆင်ပြေစပြုလာတယ် ။ ဒါပေမဲ့ တစ်နေ့ကျ ကိစ္စတစ်ခုဖြစ်သွားပြီးနောက်မှာ ရှေ့တင်ရော နောက်ကွယ်မှာပါ အော်စတင်က သူ့ကိုရှောင်တော့တာပဲ ။ ဒါကိုလက်မခံနိုင်တဲ့ အစွဲအလမ်းသိပ်ကြီးတဲ့ ခရစ်ခ်ျကလည်းထူးထူးဆန်းဆန်းတွေစလုပ်လာချိန်မှာ ပြန်ကောင်းမလိုဖြစ်နေခဲ့တဲ့ သူ့မိန်းမနဲ့ကြား အိမ်ထောင်ရေးက ပိုပြီးတောင် ယိုယွင်းသွားခဲ့တာကပဲ ခရစ်ခ်ျကို အဆုံးစွန်ထိဖြစ်အောင် တွန်းပို့သလိုဖြစ်သွားတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ဆက်ကြည့်ရှု့လိုက်ကြပါနော် ။ ဒီကားလေးက cringe comedy ဖြစ်သလိုပဲ ပုံမှန်လူနေမှုဘ၀က မျက်မှောက်ခေတ်လူတစ်ဦးရဲ့ အထီးကျန်ဆန်မှုတွေကိုပါ ကွက်ကွက်ကင်းကင်းပြသ‌ပေးထားတယ် ။ အားကျမှုကနေတစ်ဆင့်ပြောင်းလာတဲ့ စွဲလမ်းမှုတွေက လူတစ်ဦးကို ဘယ်လောက်ထိအစွန်းရောက်‌စေလဲ‌ဆိုတာကို ဖော်ကျူးထားခြင်းပါပဲ ။ File Size… (2.19 GB) / ( 856 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Thet Khin

Comedy • Drama
7.4 2025 100 mins
Friendship
Tremors
7.2

“ပြည့်စုံခြင်း”လို့ အဓိပ္ပါယ်ရတဲ့ ‘Perfection’ဆိုတဲ့တောင်ကြားမြို့သေးသေးလေးမှာ အားလ်နဲ့ဗဲလ်လင်တိုင်းတို့နှစ်ယောက်ဟာ လူတိုင်းက အားထားရတဲ့ ဘက်စုံရတွေပေါ့။ ပိုပြီးတိတိကျကျပြောရရင် အကုန်လုံးက အားထားရတဲ့ တောက်တိုမယ်ရတွေ၊ ပြည့်စုံခြင်းမြို့သေးသေးလေးမှာတော့ ပျော်မနေကြတဲ့ သူတွေ။ ဒီလိုနဲ့ တစ်ရက် သူတို့လုပ်စရာရှိတာသွားလုပ်ကြရင်း ငွေရတွင်းတစ်တွင်းကို မတော်တဆ သွားထိမိကြပါကော။ ဒါ့အတွက်ကြောင့်နဲပဲသူတို့တွေ အဲ့ဒီနေရာကနေ ငွေထုတ်ပိုက်ပြီး ထွက်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ကံကောင်းတာလား ကံဆိုးတာလားတော့မသိ… အားလ်တို့နှစ်ယောက် ထွက်သွားတဲ့နေ့ရောက်ခါမှ တွေ့လေရာနေရာတိုင်းမှာ အသိတွေ သေဆုံးနေတာကို ထူးထူးဆန်းဆန်းပဲ တောက်လောက် ကြုံလာရတော့တယ်။ သူတို့ လမ်းမှာဆုံခဲ့တဲ့ ရွန်ဒါဆိုတဲ့ မြေငလျင်ဗေဒကျောင်းသူလေးကလည်းဒီနေရာတဝိုက်မှာ ထူးဆန်းတဲ့​ မြေငလျင်တိုင်းတာမှုတွေကိုခဏခဏ မှတ်တမ်းတိုင်းတာမိထားကြောင်းကိုလည်း ပြောထားလေရဲ့။ ဆိုတော့ ဒီလူတွေ အကြောင်းအရင်းမသိဘဲသေဆုံးနေကြရတာက ရွန်ဒါပြောတဲ့မြေတုန်ခါမှုတွေနဲ့များ သက်ဆိုင်နေသလား။ ဒီမေးခွန်းရဲ့အဖြေကိုတော့ CMက တင်ဆက်ပေးလိုက်တဲ့ (၁၉၉၀)ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Horror/Comedy ဇာတ်ကား “Tremors”မှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ File size… 5.5 GB / 1.63 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 36m Genre ….. Comedy/Monster Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Action • Comedy • Fantasy
7.2 1990 96 mins
Tremors