YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Burning Body (2023) Ep 01 to 04.zip

3.15 GB N/A application/x-zip-compressed 204 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Death of a Fisherman
5.9

မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ အင်မတန်သေးငယ်တဲ့ အပြစ်ပဲဖြစ်ဖြစ်၊ အကြီးဆုံးအပြစ်ပဲဖြစ်ဖြစ် မကောင်းမှုပါပဲ။ ဘယ် လောက်ပဲဖုံးဖိထားထား အချိန်တန်ရင် ဘူးပေါ်သလိုပေါ်ရတာချည်း ပါပဲ။ အခုမိတ်ဆက်ချင်တဲ့ဇာတ်ကားလေးဟာလည်း သင်္ဘောသား တစ်ယောက် အသတ်ခံရပြီး ကမ်းခြေမှာပေါ်လာတာကစပြီး တရားခံ တွေ ဖုံးကွယ်ထားတဲ့အမှုတွေ တစ်ခုပြီးတစ်ခုပေါ်လာတဲ့ စပိန်မှုခင်း ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ပန်ဂျွန်ဆိုတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာ ကာစတယ်လိုဆိုတဲ့ သင်္ဘော သားရဲ့အလောင်း ပေါ်လာခဲ့ပါတယ်။ ဒီတော့ စုံထောက် လီယိုကယ်လ် ဒက်စ် နဲ့ အရာရှိ ရာဖာအက်စ်တီဗက်စ် တို့ဟာ ဒီအမှုကိုဖော်ထုတ်ဖို့ ရောက်ရှိလာကြပါတယ်။ သူတို့စုံစမ်းရင်း သိလာရတာက ဒီအမှုဟာ သာမာန်လူသတ်မှုတင်မဟုတ်ပဲ လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်ဆုံးသွားခဲ့တဲ့ ရေဘက်ကာနီရာ ဆိုတဲ့အမျိုးသမီးရဲ့ အမှုနဲ့ပါဆက်စပ်နေတာကို တွေ့လာ ရပါတယ်။ သူတို့တွေဟာ ကာစတယ်လိုကိုသတ်ခဲ့တာ ဘယ်သူဖြစ်မလဲ၊ ပျောက် ဆုံးနေတဲ့ အမျိုးသမီး ရေဘက်ကာကရော ဘယ်ရောက်နေမလဲ၊ တရားခံ ဘယ်နှယောက်လောက်ရှိနေမလဲ၊ အမှုနှစ်ခုဟာ ဘယ်လိုဆက်စပ်နေမလဲ ဆိုတာကို စုံစမ်းဖော်ထုတ်တာဟာ စိတ်၀င်စားဖို့ကောင်းလွန်းတာကြောင့် မှုခင်းဇာတ်လမ်းကြိုက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jaka ဖြစ်ပါတယ်) File Size..........(1.7 GB) / (727 MB) / (423 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 36Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Mystery Translator.......Jaka Encoder..........SWM

Action • Adventure • Crime • Thriller
5.9 2015 105 mins
Death of a Fisherman
Air Force The Movie: Danger Close
6

နာမ်ဘူရီနိုင်ငံလေးဟာ တောင်နဲ့မြောက် (၂)ခြမ်းကွဲပြီး ပြည်တွင်းစစ်ဖြစ်နေတာ (၅)နှစ် တိုင်ခဲ့ပြီ... ပြည်တွင်းစစ်ဖြစ်လို့ နိုင်ငံဟာမွဲပြာကျနေပေမယ့် လူသတ်လက်နက်တွေတော့ ၂ဘက်လုံးမှာ ခေတ်မှီစွာ တည်ရှိနေကြတယ်.....အဲ့ဒီနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူမှုရယူနိုင်ခဲ့တယ်.. မလေးရှားက နမ်ဘူရီရဲ့  နိုင်ငံကိုကို တတ်နိုင်သလောက် အပတ်အခတ်ရပ်စဲစဉ်ကာလမှာ အများကြီးကူညီခဲ့တယ်.. နာမ်ဘူရီနိုင်ငံထဲထိ မလေးရှားစစ်သည်အချို့လာရောက် ပြီး ကူညီခဲ့တယ်..အဲ့ဒီနောက် တောင်မြောက်ပြန်လည်စစ်ပွဲတွေဖြစ်ခဲ့ပြီး မလေးရှားစစ်သည်တွေပါဝင်တဲ့ လေယာဉ်ကြီးကို နမ်ဘူရီတို့က ပစ်ချခဲ့ပါတယ်.. စစ်သည်အချို့ လေထီးနဲ့ခုန်ချခဲ့ပေမဲ့ နာမ်ဘူရီတို့ဟာ ဒီကိစ္စကို လက်စတုံးချင်တဲ့ အတွက် တောနင်းရှာဖွေသတ်ဖြတ်ဖို့ဖြစ်လာတဲ့အခါမှာတော့.. မလေးရှားတို့ သူတို့စစ်သည်တွေကယ်တင်နိုင်မလား.. လူ လက်နက်အင်အားချို့တဲ့စွာနဲ့ တောထဲမှာ မလေးရှားစစ်သည်တွေ ဘယ်လောက်ထိတောင့်ခံထားနိုင်မလဲဆိုတာကိုတော့... File Size :(2.1GB)(960 MB) and (282MB) Quality :WEB-DL.1080P5.1Ch, 720p Format…mp4 Duration…01:43:00 Genre : Action,Adventure  , War Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

Action • Science Fiction • Thriller
6 2022 103 mins
Air Force The Movie: Danger Close
Those Who Call

မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် အနေဝေးနေခဲ့ကြတဲ့ ညီမနှစ်ယောက်ဟာ ဆက်ဆံရေးတွေ ပြန်လည်နွေးထွေးလာအောင် နှစ်ယောက်အတူ ခရီးထွက်ခဲ့ကြပါတယ် လမ်းတစ်ဝက်အရောက်မှာ မောင်းလာတဲ့ ကားဓာတ်ဆီကုန်ခါနီးမလို့ ဆီဆိုင် လိုက်ရှာရင်း ထူးဆန်းခြောက်ခြားဖွယ် မြို့ဟောင်း တစ်မြို့ကို ရောက်သွားပါတော့တယ် ဆီဆိုင်မပြောနဲ့ အိမ်တောင် တစ်အိမ်မှ မတွေ့ရတဲ့ ဒီမြို့ထဲ အရောက်မှာတော့ ဖုန်းလိုင်းတွေပါ ပျောက်သွားပါတော့တယ် ကံကောင်းစွာပဲ ညီအစ်မနှစ်ယောက်ဟာ ဆီဆိုင်ဟောင်းတစ်ဆိုင်ကို ရှာတွေ့သွားပါတယ် ဒါပေမယ့် ဆိုင်ပိုင်ရှင်ဟာ ညီအစ်မနှစ်ယောက်ကို တွေ့တွေ့ချင်းမှာပဲ ခါးခါးသီးသီးငြင်းလွှတ်ပြီး မြို့က အမြန်ဆုံးထွက်သွားဖို့ ပြောပါတော့တယ် အဲ့ဒီမြို့ဟောင်းကအထွက် သစ်တောတစ်တောထဲအရောက် ညအချိန်မှာတော့ ကားဆီပြတ်သွားကာ ညီအစ်မနှစ်ယောက် ကားထဲမှာ ထိုင်နေစဥ် ညီမဖြစ်သူက လူရိပ်တစ်ခုကို ခြောက်ခြားဖွယ် တွေ့ရှိလိုက်ပါတော့တယ် မနက်မိုးလင်း နိုးထလာချိန်မှာတော့ ညီအစ်မနှစ်ယောက်ဟာ ကားပေါ်မှာ မဟုတ်ဘဲ အောက်လမ်းပစ္စည်းတွေ ပတ်လည်ဝိုင်းနေတဲ့ တောလယ်တစ်နေရာကို ရောက်ရှိနေခဲ့ပါတယ် ထို့နောက် လူမမြင်ရဘဲ ကျောချမ်းဖွယ် တီးတိုးသံတွေကိုသာ မကြာခဏကြားနေရပါတော့တယ် ပျောက်သွားတဲ့ကားကို လိုက်ရှာရင်း ဆီဆိုင်ဟောင်းမှ လူရဲ့သွေးတစ်စက်စက် ကျနေတဲ့အလောင်းကို သစ်ပင်ပေါ်မှာ ချိတ်ဆွဲထားတာကို မြင်လိုက်ရတဲ့အခါ…. ကြည့်နေရင်း အသက်မရှူနိုင်လောက်အောင် သည်းထိတ်ရင်ဖို ဖြစ်စေမယ့် Horror ဖန်တွေ အကြိုက် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစ အဆုံး ဇာတ်ရှိန် လုံးဝမကျသွားဘဲ ကြည့်ရတာ တန်တဲ့ Horror / Drama ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…(2.18GB) / (906B) /528MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoebe

0 2023
Those Who Call
Blind Willow, Sleeping Woman
7.1

Blind Willow, Sleeping Woman (2022) ~ IMDb – 7.1/10, Rotten Tomatoes – 78% ~ မူရာကာမိရဲ့ စာအုပ်တွေကို ရုပ်ရှင်အဖြစ် အသက်သွင်းလာကြခဲ့တဲ့အထဲ အခုထိတော့ အနုပညာအရ မအောင်မြင်တာ မရှိသလောက်ပါပဲ။ ဒီတစ်ခါလည်း ရိုးရာမပျက်ခဲ့ပါဘူး။ ဒီတစ်ခါရုပ်ရှင်ကိုတော့ Pierre Földes လို့ခေါ်တဲ့ ရုပ်ရှင်တွေမှာ နောက်ခံတေးဂီတတွေ Compose လုပ်တဲ့သူက သူ့ပထမဆုံးကားအနေနဲ့ ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တာပါ။ သူ့ရှေ့က မူရာကာမိစာအုပ်ကို မှီးရိုက်ခဲ့တဲ့ နှစ်ကားလိုပဲ ဝတ္တုတိုတွေကိုပဲ အခြေခံထားတယ်။ ထူးတာက သူက ဝတ္တုတိုစုစည်းမှု စာအုပ်၃အုပ်ကနေမှ ဝတ္တုတို၆ပုဒ်ကို ထုတ်သုံးလိုက်တာပါ။ Blind Willow, Sleeping Woman ရယ်၊ The Elephant Vanishes ရယ်၊ After the Quake ရယ်က ၆ပုဒ်ပြန်ထုတ်သုံးထားတာပါ။ ဒါပေမဲ့ ဒါတွေအားလုံးကို တစ်ဆက်တည်းဖြစ်အောင် ပြန်ဆက်ပြီး တင်ဆက်ထားတယ်။ ဆက်ထားတာ သပ်ရပ်တယ်ပဲပြောရမလားပါပဲ။ တစ်ပုဒ်တည်းလို ခံစားရပေမဲ့လည်း ဒီဇာတ်လမ်းတွေရဲ့ မတူညီတဲ့ အဇ္စျတ္တတွေကို ရှာဖွေခြင်းတွေကပဲ ဒီဇာတ်လမ်းတွေကို အဟတစ်ခုဖြစ်သွားစေခဲ့တယ်။ တိုကျိုက ဘဏ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ရှိတယ်။ သူ့ဘဝမှာ ဘာမှထူးထူးခြားခြားဖြစ်မလာခဲ့ဘူး။ သူ့အလုပ်သူလုပ်နေရုံပဲ။ တာဝန်ကျေရုံလုပ်လိုက်လို့လည်း ပြီးတယ်။ ကောင်းကောင်းမွန်မွန်လုပ်ပေးလိုက်လို့လည်း သူ့ကို လာ အသိအမှတ်ပြုပေးမယ့်သူ မရှိဘူး။ ဒါပေမဲ့လည်း သူက သူ့အလုပ်ကို သူကောင်းကောင်းမွန်မွန်ပဲ အမြဲလုပ်ခဲ့တယ်။ တစ်နေ့ကျ ဘဏ်က ချေးငွေရက်စေ့ပေမဲ့ ပြန်မရတဲ့ကိစ္စတစ်ခုအတွက် သူ့ခေါင်းပုံပြီး ဖြေရှင်းခိုင်းခံရတာပေါ့။ ဘဏ်က နောက်လူတစ်ယောက်ကျ သူ့မှာ တခြားအရည်အချင်းတစ်ခု ရှိကောင်းရှိမယ်။ ဒါပေမဲ့ သူက ပိုနေမြဲ ကျားနေမြဲ ဒီအလုပ်မှာပဲ ဆက်လုပ်နေခဲ့တယ်။ သူ့မှာ မိန်းမတော့ရှိပေမဲ့ သူ့မိန်းမနဲ့သူကြား တစ်စုံတရာရှိမရှိ၊ သူ့ဆီမှာရော သူ့မိန်းမအတွက် တစ်စုံတရာရှိမရှိ သူမသိခဲ့ဘူး။ ဒီလိုပဲနေလာခဲ့တယ်။ တစ်နေ့ကျ တိုကျိုမှာ လူတွေအများကြီး သေဆုံးခဲ့တဲ့ ငလျင်အကြီးစားကြီးတစ်ခု ဖြစ်သွားခဲ့တယ်။ အဲဒီအချိန်မှာ သူ့မိန်းမက ငလျင်သတင်းတွေပဲ နေ့နေ့ညညထိုင်ကြည့်နေပြီး ဘာဆိုဘာမှမလုပ်တော့ဘူး။ ဒီလိုနဲ့ တစ်နေ့ကျ သူ့မိန်းမက သူ့ကို စာတစ်စောင်ထားပြီး ထွက်သွားခဲ့တယ်။ ဒီလိုနဲ့ သူတို့ဘဏ်မှာ လူထက်ဝက်လောက်လျော့ဖို့ အကြောင်းဖန်လာခဲ့တယ်။ မိန်းမပစ်သွားတာခံရတဲ့သူက ခွင့်တစ်ပတ်ယူပြီး ခရီးထွက်ရင်း သူ့မိန်းမကိစ္စကို အဖြေရှာနေတဲ့အချိန်… ပထမလူဆီ ဖားပြုပ်ကြီးတစ်ကောင်ရောက်လာပြီး သူနဲ့အတူ တိုကျိုမြို့ကြီး ငလျင်ထပ်လှုပ်မယ့်ဘေးကနေ ကယ်တင်ဖို့ နားချတယ်။ ဒီလိုနဲ့ ပိုနေမြဲကျားနေမြဲနေလာတဲ့ သူနှစ်ယောက်ရဲ့ဘဝထဲကို သူတို့ကိုယ်သူတို့သိလာဖို့အတွက် သူတို့အဖြေကို သူတို့ပြန်ရှာဖို့လိုလာတဲ့ အခိုက်အတန့်တစ်ခု ကျရောက်လာခဲ့တယ်။ ဒီရုပ်ရှင်ဟာ အဲဒီအခိုက်အတန့်ကနေ ဘယ်ကိုဆက်သွားမလဲ ကြည့်ရမယ့်ရုပ်ရှင်ပေါ့။ အန်နီမေးရှင်းအနေနဲ့ အသက်သွင်းထားလို့ ဒါရိုက်တာဟာ သူပြချင်တာကို လွတ်လွတ်လပ်လပ်ပြနိုင်ခဲ့သလို ပြီးခဲ့တဲ့ မူရာကာမိရုပ်ရှင်တွေလောက်လည်း မလေးလံတာမို့ အားလုံးနီးပါးအတွက် ကြည့်ရအဆင်ပြေမယ့် အန်နီမေးရှင်းရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 880MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 48Min Genre – Animation, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Romance • Comedy • Drama
7.1 2022 105 mins
Blind Willow, Sleeping Woman
Lifeforce
6.1

Lifeforce (1985) Genre – Action, Horror, Mystery IMDB – 6.1/10 ကျွန်တော်တောင် မမွေးသေးတဲ့ ၈၀ ခုနှစ်ကာလတွေရဲ့ လျှို့ဝှက်ဆန်းကြယ်လည်းဖြစ်ပြီး ခြောက်ခြားထိတ်လန့်ဖွယ်ရာ ရုပ်ရှင်ကားလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ အရင်တုန်းက နာမည်ကျော် Texas Chainsaw Massacre တို့ Poltergeist တို့လို ခြောက်ခြားဖွယ်ရာကားများကို ရိုက်ကူးခဲ့တဲ့ Tobe Hooper ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမေရိကန်-ဗြိတိသျှ ပူးပေါင်းပြီး ၇၆ နှစ်တစ်ကြိမ်မှာ ပေါ်ပေါက်မယ့် ဟယ်လီကြယ်တံခွန်ကို အာကာသထဲမှာ လေ့လာရေး ခရီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကြယ်တံခွန်နားကို ရောက်လာချိန်မှာ ထိပ်ဖျားမှာ အမည်မဖော်နိုင်တဲ့ အရာဝတ္ထုကို တွေ့လို့ ဦးစီးအရာရှိ ကာနယ်ကာဆန်တစ်ယောက် အဖွဲ့သားတွေ ခေါ်သွားပြီး သွားရောက်လေ့လာတဲ့အခါမှာတော့ လင်းနို့သဏ္ဍာန်ရှိ တခြားသက်ရှိအသေတွေကို တွေ့ပြီး လူသားပုံစံ ခန္ဓာကိုယ် ၃ ခုကိုလည်း တွေ့ရှိလို့ အံ့သြနေပြီး သူတို့ယာဉ်ပျံပေါ် ပြန်တင်ပြီး ထွက်ခွာခဲ့ရာ မြေပြင်စခန်းနဲ့ ပြတ်တောက်သွားခဲ့ပါတယ်။ ဒါကြောင့် မြေပြင်စခန်းက သွားရောက်ကယ်ဆယ်တဲ့အခါ တခြားအဖွဲ့သားအားလုံး သေဆုံးနေပြီး လူပုံစံ ခန္ဓာကိုယ် ၃ ခုရယ် ကာနယ်ကာဆန်တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ပါတယ်။ ဒီလိုနဲ့ လန်ဒန်ကို ပြန်ခေါ်ဆောင်လာချိန် ရုပ်အလောင်း ၃ ခုထဲမှာ အမျိုးသမီးခန္ဓာကိုယ် ပျောက်ဆုံးသွားပြီး လူတွေလည်း ထူးဆန်းစွာ သေဆုံးကြတော့ SAS မှ ကာနယ်ကိန်းတစ်ယောက် စုံစမ်းဖို့ ဖြစ်လာပြီး အသက်ရှင်ကျန်ရစ်သူ ကာနယ်ကာဆန်နဲ့ ထောက်လှမ်းရာမှ သာမန်လူသတ်မှုတွေမဟုတ်ပဲ ထူးဆန်းတာတွေ ပါဝင်လာပြီး ကြီးကျယ်နေတာကို သိလိုက်ရသောအခါ….။ အမျိုးသမီး အပေါ်ပိုင်းနှင့် မိတ်ဖက်ခြင်းကို ဇာတ်လမ်းလိုအပ်ချက်အရ မိမွေးတိုင်း ဖမွေးတိုင်း ပါဝင်နေခြင်းကြောင့် မကြည့်ရှုခင် သတိချပ်စေလိုပါတယ်ဗျ။ File size… 2.4 GB / 1 GB Quality… BluRay (Remastered) 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. Action , Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Comedy
6.1 1985 102 mins
Lifeforce
Letters to Santa
5.9

Letters to Santa (2023) ================= IMDb Rating – 5.9/10 ခရစ္စမတ်ကာလမှာ မိသားစုနဲ့အတူကြည့်ရှုလို့ကောင်းမယ့် ဇာတ်ကားလေးကို တင်ဆက်ပေး လိုက်ပါတယ်။ အန်းနရစ်တို့ဇနီးမောင်နှံက အကြောင်းကိစ္စတစ်ခု ကြောင့် စိတ်အလိုမကျဖြစ်ပြီး သီးခြားစီ အိမ်ခွဲနေကြတာပါ။ သူတို့မှာ ဆမ်နဲ့ အစ်ဇီဆိုတဲ့ကလေးနှစ်ယောက်ရှိတယ်။ ခရစ္စမတ်ပိတ်ရက်မှာ ကလေးတွေကို စာအုပ်ဆိုင်လိုက်ပို့ရင်းနဲ့ ကလေးတွေက ဆန်တာဖိုးဖိုးနဲ့ဓာတ်ပုံရိုက်ကြတာပေါ့။ အဲဒီမှာ ကလေးတွေကို ဘာလိုချင်လဲမေး‌တော့ အငယ်လေးအစ်ဇီက မရေမရာ ဖြစ်နေတာနဲ့ ဆန်တာဖိုးဖိုးက မှော်ဘောပင်လေးတစ်ခုလက်ဆောင်ပေးလိုက် တယ်။ မှော်ဘောပင်နဲ့ ဆန်တာဖိုးဖိုးဆီစာရေးလိုက်ရင် ဆန္ဒတွေ တကယ်ဖြစ် လာမယ်ပေါ့။ ဒါပေမဲ့ ဒီမှော်ဘောပင်က အရာရာကိုမပေးနိုင်ဘူး။ ကိုယ့်ကျိုးအတွက်မဟုတ်ဘဲ တဖက်သားကိုအကျိုးရှိစေမယ့်ဆန္ဒမျိုးမှ ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆန်တာဖိုးဖိုး က မှာလိုက်တယ်။ ဒီလိုနဲ့အစ်ဇီက ညရောက်တာနဲ့ခွေးလေးလိုချင်တယ်ဆိုပြီး ဆန် တာ့ဆီကို စာရေးပို့လိုက်တဲ့အခါ…တကယ်ရော ခွေးလေးက ရောက်လာမှာလား။ တခြားဘာတွေများ ထပ်ပြီးတောင်းဆိုကြမလဲဆိုတာသိချင်ရင် ဒီဇာတ်ကားလေးကို ကြည့်ရှုဖို့ အကြံပေးချင်ပါတယ်။ စိတ်ပင်ပန်းနေတဲ့သူတွေအတွက် အချိန်ပေးရကျိုး နပ်စေမယ့် ပေါ့ပေါ့ပါးပါးစီးမြောရမယ့် ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.55 GB) / (674 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….ZWT Encoder……….SWM

5.9 2023 84 mins
Letters to Santa
The Chipmunk Adventure
7.2

ဒီ​ Animationဇာတ်ကား​လေးက ၁၉၈၇ကတည်းက ထွက်ရှိခဲ့တဲ့ Chipmunk​လေး​တွေရဲ့ စွန့်စားခန်းကာတွန်းကား​ပဲ ဖြစ်ပါတယ်။ IMDbမှာ 7.2အထိ ရရှိထားပါတယ်။ ဇာတ်လမ်းက​တော့ သူတို့ရဲ့သခင်ဖြစ်သူ ​ ဒေ့ဗ် ဥ​ရောပကို အလုပ်နဲ့ခရီးထွက်သွားချိန် အိမ်မှာ ကျန်ခဲ့တဲ့ အယ်လ်ဗင်တို့ ချစ်မန့်ရှဉ့်​လေး ၃ကောင်နဲ့ ဘရစ်တနီတို့ ချစ်ပတ်ရှဉ့်​လေး ၃​ကောင်တို့ ကမ္ဘာတစ်ပတ်ဂိမ်းပြိုင်​ဆော့​​နေရင်း သူနိုင်ကိုယ်နိုင် ငြင်း​နေချိန် က​လောက်စ်နဲ့ က​လောက်ဒီယာ ဆိုတဲ့ သူ​ဌေး​မောင်နှမနှစ်​ယောက်က ရှဉ့်​လေး​တွေကို စရိတ်ငြိမ်းအ​နေနဲ့ တကယ့်အပြင်မှာ ကမ္ဘာပတ်ရမဲ့ ပြိုင်ပွဲတစ်ခု လုပ်​ပေးမယ်ဆိုပြီး ​ပြောလာပါတယ်။ တကယ်​တော့ အဲဒီ​သူ​ဌေး​မောင်နှမ​တွေက စိန်မှောင်ခိုကုန်သည်​တွေဖြစ်ပြီး ရဲ​​တွေမရိပ်မိ​​အောင် အယ်လ်ဗင်တို့နဲ့ကမ္ဘာအနှံ့က စိန်​မှောင်ခိုဝယ်သူ​တွေဆီ တစ်ဆင့်ခံပို့​ပေးဖို့ အကြံနဲ့ပြိုင်ပွဲလုပ်​ပေးတာပါ။ အယ်လ်ဗင်နဲ့ ဘရစ်တနီတို့​တွေ အသုံးချခံ ဖြစ်နေတာကို သိသွားကြမလား၊ သူတို့ရဲ့ ကမ္ဘာပတ်ခရီးစဉ်ထဲမှာ ဘယ်လို အခက်အခဲ​နဲ့ အန္တရာယ်​တွေကို စွန့်စား​ကျော်ဖြတ်ရမလဲ ဆိုတာ ချစ်စဖွယ်ကြည့်ရှုရမှာပါ။ File size… 1.5 GB / 500 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ….. Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

7.2 1987 77 mins
The Chipmunk Adventure
Dangerous Evidence
5.8

ဘဝမှာအဆင်ပြေဖို့အတွက် အလွယ်နည်းလိုက်ပြီးပိုက်ဆံရှာချင်တဲ့ မိန်းကလေးတစ်ယောက်ဟာ မပတ်သက်သင့်တဲ့သူနဲ့ပတ်သက်မိပြီး မယူသင့်တဲ့ပစ္စည်းကိုယူခဲ့မိတဲ့အတွက်ကြောင့် လိုက်သတ်ခံနေရတယ်။ ရဲအရာရှိတစ်ယောက်ဟာ မိန်းကလေးကိုကယ်တင်ခဲ့တဲ့အတွက် သူ့သမီးလေးကိုပါ ပြန်ပေးဆွဲခံလိုက်ရတယ်။ အရေးကြီးသက်သေဖြစ်နေတဲ့မိန်းကလေးကို ခေါ်လာပြီး သမီးလေးနဲ့လဲယူလို့ရမယ်လို့ပြန်ပေးသမားတွေကပြောလာတဲ့အခါ…… ပြစ်မှုကျူးလွန်တဲ့ နောက်ကွယ်ကအဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ဟာဘာတွေဖြစ်နေမလဲ…… ဘာကြောင့်များ မိန်းကလေးလက်ထဲကသက်သေပစ္စည်းကို လိုချင်နေကြတာဖြစ်မလဲ….. အမှန်တရားနဲ့သမီးလေးကြားမှာ ဘာကိုရွေးရပါ့မလဲ……

5.8 2024
Dangerous Evidence
Kingdom of the Planet of the Apes
7.5

ဒီ ရုပ်ရှင်ကတော့ War for the Planet of the Apes (2017) ရဲ့ သီးသန့်အဆက်ဖြစ်ပြီးတော့ ဆီဇာ သေဆုံးသွားပြီး နှစ်ပေါင်းများစွာ ကာလကို ရိုက်ကူးထားတာပါ။ Apes ရုပ်ရှင် အတွဲတွေမှာတော့ လေးကားမြောက်ပါ။ ဒါရိုက်တာကတော့ Maze Runner တွေရဲ့ ဖန်တီးရှင် Wes Ball ပါပဲ။ Apes ရုပ်ရှင် ၄ ကားလုံးကိုကို Channelmyanmar App နဲ့ Website မှာ ကြည့်ရှုနိုင်ပါတယ်။ 1. Rise of the Planet of the Apes 2011 2. Dawn of the Planet of the Apes 2014 3. War for the Planet of the Apes 2017 4. Kingdom of the Planet of the Apes 2024 တို့ပါ။ ဒါ့အပြင် ပထမဆုံးထွက်ခဲ့တဲ့ ဗားရှင်းတွေကိုလည်း Channelmyanmar App နဲ့ Website မှာ တင်ပေးထားပါသေးတယ်။ Planet of the Apes (1968) … Beneath the Planet of the Apes (1970) … Escape From the Planet of the Apes (1971) … Conquest of the Planet of the Apes (1972) … Battle for the Planet of the Apes (1973) … ဇာတ်လမ်းအကျဉ်း ဆီဇာမရှိတော့တဲ့နောက်ပိုင်းမှာ လူဝံတွေဟာ မျိုးနွယ်စုလိုက် နေထိုင်နေကြပါပြီ။ နိုရာကတော့ လင်းယုန်တွေကို မွေးပြီး အတူအစာရှာတဲ့ လင်းယုန်မျိုးနွယ်စုက လူဝံတစ်ယောက်ပါ။ သူတို့က ဆီဇာကိုတောင်မသိကြပါဘူး။ တစ်နေ့မှာ သူတို့မျိုးနွယ်ကို ပရောက်စိမပ် ဆိုတဲ့ လူဝံကြီးဦးဆောင်တဲ့ အဖွဲ့တွေက ဝင်သတ်ပြီး အချို့တွေကို ဖမ်းသွားပါတယ်။ ပရောက်စိမပ်တို့ကတော့ ဆီဇာရဲ့ နာမည်ကိုအသုံးချပြီး ဆီဇာရဲ့အဆုံးအမတွေကို လိုရာဆွဲသုံးပြီး သောင်းကျန်းနေတဲ့အုပ်စုပါ။ နိုရာကတော့လွတ်မြောက်သွားပြီး လမ်းမှာ ဆီဇာကို ကိုးကွယ်တဲ့ မျိုးနွယ်စုက နောက်ဆုံးလက်ကျန် လူဝံနဲ့အတူ လူသားတစ်ယောက်နဲ့ပူးပေါင်းပြီး ပရောက်စိမပ်လက်ကနေ မျိုးနွယ်စုတွေကို ပြန်ကယ်ဖို့ ကြိုးစားရပါတော့တယ်။ File size… (6.3 GB)/ (2.83GB) / (1.36GB) Quality…WEB-DL 4K HEVC/ 1080p 5.1CH / 720p Format…mkv/mp4 Duration….2h 25m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

7.5 2024 145 mins
Kingdom of the Planet of the Apes
Glengarry Glen Ross
7.7

IMDb – 7.7/10 နဲ့ Rotten Tomatoes – 95% အထိ ရရှိထားတဲ့ Old but Gold လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ “ပူလစ်ဇာ” ဆုရ ပြဇာတ်တစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပါ။ ရုပ်ရှင်မှာလည်း Oscar nomination တစ်ခု အပါအဝင် ဆုပေါင်း ၈ ဆု ရရှိခဲ့ပြီး ၁၄ ဆု ဇကာတင်ချိတ်ခဲ့တာမို့ ၁၉၉၀ ခုနှစ်တစ်ဝိုက် အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ Cast မှာလည်း Godfather ကြီး Al Pacino, Horrible Boss ကြီး Kevin Spacey, The Rock ရုပ်ရှင်ထဲက နှလုံးလှလူမိုက်ကြီး Ed Harris တို့အပါအဝင် ဟောလိဝုဒ်ရဲ့ထိပ်တန်းမင်းသား/ဇာတ်ပို့ သရုပ်ဆောင်တွေချည်း အသုံးပြုထားတာမို့ ကြည့်ရတာ အင်မတန်မှ စီးစီးပိုင်ပိုင်ရှိလှမှာပါ။ • ဇာတ်လမ်းအကျဉ်း • ဇာတ်လမ်းကတော့ အိမ်ခြံမြေအရောင်းကိုယ်စားလှယ် လေးယောက်ရဲ့ဘဝထဲက နှစ်ရက်တာအတွင်း ဖြစ်ပျက်သွားတဲ့အကြောင်းအရာတွေပါ။ ပြောရရင် သူတို့ရဲ့အေဂျင်စီက လတ်တလော အင်မတန်အရောင်းထိုင်းနေပါတယ်။ မြေကွက်တွေက ဘယ်လိုရောင်းရောင်း မထွက်တာမို့ အကြံအိုက်နေကြတုန်းမှာ၊ အေဂျင်စီပိုင်ရှင်တွေဆီကနေ တစ်ပါတ်အတွင်း ရောင်းအားအကောင်းဆုံးကိုယ်စားလှယ် နှစ်ယောက်ကလွဲလို့ ကျန်တဲ့လူတွေ အကုန်အလုပ်ဖြုတ်မယ်ဆိုတဲ့ တစ်ချက်လွှတ်အမိန့်ကျလာတဲ့အခါ… ထမင်းအိုးမကွဲဖို့အရေး ဒီလေးယောက် ဘယ်လိုတွေရုန်းကန်ရမလဲ၊ ဉာဏ်နီ ဉာဏ်ဝါ ဉာဏ်ရောင်စုံဖြာပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လို‌တွေကျော်ကြ ခွကြမလဲဆိုတာကို Al Pacino တို့တစ်သိုက်ရဲ့ သဘာဝကျလှတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားပေးကြပါဦးခင်ဗျာ။ File size…(2.1 GB)/(951 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre… Workplace drama, Crime, Drama, Mystery, Financial drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Random Guy

7.7 1992 100 mins
Glengarry Glen Ross
Under the Skin
6.3

Under the Skin (2013) IMDb Rating (6.3) / Rotten Tomatoes (83 %) Under the Skin (2013) ကို ပထမဆုံးစကြည့်ချင်တဲ့ အကြောင်းအရင်းက Scarlett Johansson ကြောင့်ဆို ဒုတိယအကြောင်းအရင်းက ဇာတ်ကားရဲ့ Genre က Mystery Sci-Fi ဖြစ်တာကြောင့်။ ဒါ့အပြင် Movie Critics တွေရဲ့ ကောင်းပါတယ်ဆိုတဲ့ အသံကြောင့်လည်းပါတယ်။ ဒီဇာတ်ကားက BBC ရဲ့ 21st ရာစုရဲ့ အကောင်းဆုံး ဇာတ်ကား 100 စာရင်းမှာလည်း ပါဝင်ထားတယ်။ ဘာတွေဒီလောက်ကောင်းသလဲပေါ့။ ကျွန်တော့်အမြင်အရ ဒီဇာတ်ကားက Sci-Fi Genre နဲ့ Mytho ဟန်တစ်ခုကို တွဲစပ်တင်ပြထားသလိုပါပဲ။ T.S Eliot ရဲ့ Modernist ဖန်ဆင်းခြင်းပုံစံမျိုးပဲ။ ကြားဖူးနေကျ ရိုးရာပုံပြင်တစ်ခုကို Ailen ဆန်ဆန်တွေနဲ့ Sci-Fi Genre တစ်ခုထဲ သွပ်သွင်းလိုက်တဲ့သဘော။ ဒါကြောင့်လည်း Under the Skin ဟာ Modernist ဟန်ရှိတဲ့ ဇာတ်ကားတစ်ခုအဖြစ်ရှိလာခဲ့တာ။ ဒါ့ပေမယ့် Under the Skin မှာ ရှုတ်ထွေးတဲ့ ဒွိဟသဘောတွေ တွေ့နေရပြန်တယ်။ ဇာတ်လမ်းရဲ့ အပိုင်းအစတစ်ချို့က Abstract ဟန် အရမ်းရှိနေသလို၊ တစ်ချို့အပိုင်းအစတွေကျတော့လည်း Reality အရမ်းဆန်လွန်းသွားပြန်တယ်။ Interview တစ်ခုမှာတော့ ဒါရိုက်တာ Jonathan Glazer က ဇာတ်ကားကို Reality ဆန်ဆန်ဖြစ်ချင်တာကြောင့် Hidden Camera တွေနဲ့ ရိုက်ရတယ်ပြောခဲ့တယ်။ ဒါ့ကြောင့်လည်း ပုံပျက်နေတဲ့ ဇာတ်ဆောင်နေရာမှာ Prosthetics မလုပ်ပဲ Reality ပိုဆန်စေချင်တာကြောင့် တကယ့်အပြင်က Neurofibromatosis ဝေဒနာရှင်တစ်ယောက်ကို ထည့်ရိုက်စေခဲ့တယ်။ Under the Skin မှာတွေ့ရတဲ့ နောက်ထပ် ဒွိဟသဘောတွေက Gender Experience တွေပဲ။ တစ်ချို့ Critics တွေကလည်း Reverse Rape Culture လို့ရည်ညွှန်းပြီး ချီးကျူးကြသလို၊ တစ်ချို့တွေကလည်း Naturally, men desires should be punished? ဆိုပြီး မေးခွန်းထုတ်ကြပြန်သေးတယ်။ Under the Skin ကို Critic Rating အနိမ့်ဆုံးပေးတဲ့ Plugged In ကတောင် ”A violent gender reversal of the modern rape culture” လို့တောင် အမည်တပ်ပြလိုက်သေးတယ်။ တစ်ချို့ကလည်း Scarlett ရဲ့ ဇာတ်ကောင်က Femanist အရမ်းဆန်လွန်းတဲ့ သဘောသဘာဝကို ရည်ညွှန်းတယ် ပြောကြပြန်သေးသလို တစ်ချို့ကလည်း Wings of Desire ထဲက အိန်ဂျယ်လို လူ့အဖြစ်ကို သဘောကျနှစ်ခြိုက်လာတဲ့ Alien တစ်ယောက်လို့ ညွှန်းဆိုကြပြန်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဒါရိုက်တာ Glazer ကတော့ ”တစ်ချို့က ဒီဇာတ်ကားကို အရမ်းချစ်ကြတယ်။ တစ်ချို့ကတော့ ဒီဇာတ်ကားကို မနှစ်ခြိုက်ကြပါဘူး။ ဒါဟာ မျှတတဲ့ရလာဒ်တစ်ခုပါ” လို့ ဝေဖန်မှုတွေအကုန်လုံးကို တုံ့ပြန်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့တော့ Under the Skin ဟာ The Tree of Life တို့၊ Melancholia တို့လို ကောင်းမွန်တဲ့ Arthouse ဇာတ်ကားတစ်ကားဆိုတာ ငြင်းမရပါဘူး။ ပထမဦးဆုံးအခန်းမှာ ပြသတဲ့ Formication အခန်းနဲ့တင် ဒီဇာတ်ကားက ကျွန်တော့်ကို စိတ်ဝင်စားစရာအပြည့် ပေးခဲ့တယ်။ ကျွန်တော်တို့ ရုပ်ရှင်ထဲတွေက တွေ့ကြုံခံစားရမယ့် အနုပညာဆိုတာ ဒီလိုဇာတ်ကားတွေထဲက အနုပညာတွေပါပဲ။ Under the Skin ဟာ ဖုံးကွယ်ထားတဲ့ အနုပညာတစ်ခုမဟုတ်ပါဘူး။ ဖွင့်လှစ်ထားတဲ့ “modernist stylistic & thought provoking film” တစ်ခုပါ။ ကြည့်ရတာ လုံးဝထိုက်တန်ပါလိမ့်မယ်..။ (ရုပ်ရှင်အညွှန်းကို Ko Aung Tun Tun FB မှကူးယူဖော်ပြပါသည်။) စကားလက်ဂျိုရဲ့ ဝတ်လစ်စလစ်ခန်းတွေ Body Horror ခန်းတွေကြောင့် R-Rated ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါ။

Comedy • Drama
6.3 2013 108 mins
Under the Skin
The Shade
5

cm ပရိသတ်ကြီးကို Psychological horror ဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ St.Louis နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ Nomination ဆယ်ခုအထိ ရခဲ့ပြီး ဆုရှစ်ဆုတောင် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ Horror ဆိုပေမယ့် တခြားဇာတ်ကားတွေကို ပြူးပြူးပြဲပြဲ ခြောက်လှန့်ပြနေတာမျိုး မဟုတ်ဘဲ လူတွေအတော်များများ ဂရုမစိုက်မိကြတဲ့ စိတ်ဒဏ်ရာတွေ… စိတ်ဖိစီးမှုတွေနဲ့ ကြီးပြင်းလာတဲ့သူတွေရဲ့ ဘဝမှာ ရုန်းကန်ရမှုတွေနဲ့ စိတ်ကျန်းမာရေး အရေးပါပုံကို တစ်စေ့တစ်စောင်း ထောက်ပြ ပေးနိုင်ခဲ့တာကြောင့် ဒီလိုမျိုး ဆုတွေအများကြီး ရခဲ့တာလို့ မြင်မိပါတယ်။ ဇာတ်ကြောင်းကတော့ ရိုင်ယန်ဆိုတဲ့ ကောင်လေးဟာ ခြောက်နှစ်သားအရွယ်မှာ ဖခင်ဖြစ်သူ သေကြောင်းကြံတာကို ကြုံဆုံခဲ့ရပြီး နောက်ပိုင်းမှာ အိပ်မက်ဆိုးတွေနဲ့ ကြီးပြင်းလာရတဲ့ ၂၀နှစ်အရွယ် ကောင်လေးတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ညီအစ်ကိုသုံးယောက်ထဲမှာ အလတ်ဖြစ်ပြီးတော့ ဖအေဆုံးပါးပြီး နောက်ပိုင်းမှာ စိတ်ကုထုံးဆရာနဲ့ ပုံမှန်ပြ နေပေမယ့်လည်း သိပ်ပြီးမထူးခြားလှပါဘူး။ မိခင်ဖြစ်သူက စားသောက်နေထိုင်ဖို့အတွက် ရုန်းကန်ရှာဖွေနေရတာမို့ သားတွေကို သိပ်ပြီး လှည့်ကြည့် မအားတာကြောင့် အငယ်လေးဖြစ်တဲ့ ဂျေမီကို ရိုင်ယန်ပဲ အနီးကပ် စောင့်ရှောက် နေရတာ ဖြစ်ပါတယ်။ တစ်ရက်တော့ သူ့ရဲ့အစ်ကိုဖြစ်သူ ဂျေဆင်ဟာ ကောလိပ်ကျောင်းတက်ရင်း တစ်ပိုင်းတစ်စနဲ့ အိမ်ပြန်ရောက်လာခဲ့ပါတယ်။ ရိုင်ယန်အနေနဲ့ အမှောင်ထုထဲက အရာတစ်ခုခုက သူတို့ဖခင်ဆီကနေ သူတို့ညီအစ်ကိုတွေကို ချဉ်းကပ်လာတယ်လို့ သံသယဖြစ်လာတဲ့အခါမှာ ဒီအရာကို ဘယ်လိုမျိုး တွန်းလှန် တိုက်ခိုက်မလဲဆိုတာကတော့ …။ File size… (1.21GB) / (866MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 7m Genre ….. Horror , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5 2024 127 mins
The Shade
Vengeance
5

Vengeance (2006) **************** ဒီဇာတ်လမ်းကတော့ ထောင်ဖောက်ပြီး ထွက်ပြေးသွားတဲ့ ထောင်သားတွေကို လိုက်ဖမ်းရင်း ကျိန်စာသင့် သစ်တောထဲကို ရောက်သွားကြတဲ့ ရဲအဖွဲ့ရဲ့အကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပါတယ်… Action, Fantasy, Horror, Thriller အမျိုးအစားဖြစ်လို့ ရင်တဖိုဖိုနဲ့ ကြည့်ရဦးမှာပါ… ထောင်သားတွေဟာ ထောင်ထဲကနေ ထွက်ပြေးလာတဲ့နောက် ရဲတွေရဲ လက်က လွတ်မြောက်ဖို့အတွက် မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ်မှာရှိတဲ့ သစ်တောကြီးကို ဖြတ်ပြီး မြန်မာနိုင်ငံထဲကို ဝင်ဖို့ ကြိုးစားကြပါတယ်… တစ်ဖက်မှာ ရဲအရာရှိအသစ်ကလည်း ရာဇဝတ်သားတွေကို ဖမ်းဆီးချင်တဲ့ စိတ်ဓာတ်တွေ တက်ကြွနေတာကြောင့် ရေဆုံးမြေဆုံး လိုက်လာပါတော့တယ်…သူတို့ မသိကြတာကတော့ အဲဒီသစ်တောကြီးထဲမှာ ထူးဆန်းတဲ့လူမျိုးစုတွေနဲ့ သတ္တဝါကြီးတွေ နေထိုင်နေကြတယ်ဆိုတာပါပဲ… ဒီလိုနဲ့ ထောင်သားအဖွဲ့နဲ့ ရဲအဖွဲ့တို့ ကျိန်စာသင့် သစ်တောကြီးထဲမှာ ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Okka ဖြစ်ပါတယ် File Size : 2.61GB / 1.05GB Quality : Blu-Ray 1080p 5.1ch / 720p Duration : 01:39:00 Genres : Action, Fantasy, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Okka Encoded by Heather Oo

Action • Crime • Drama
5 2006 99 mins
Vengeance
(2024)
5.8

ပုံမှန် Horror တွေနဲ့ မတူဘဲ နိုင်ငံရေး သမိုင်းကြောင်းနဲ့ နွယ်ပြီး ရိုက်ကူးထားတဲ့ အာဂျင်တီးနား Horror ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၆၆-၁၉၈၃ ကာလတွေအတွင်းမှာ အာဂျင်တီးနားနိုင်ငံဟာ စစ်အာဏာသိမ်းမှု အကြိမ်ကြိမ် တွေ့ကြုံခဲ့ရပြီးတော့ နိုင်ငံရဲ့ မှောင်မိုက်တဲ့ ကာလတွေ ဖြစ်ခဲ့တာပါ။ အာဏာသိမ်းမှုတွေအတွင်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် မတရား ညှဉ်းပန်း နှိပ်စက် သတ်ဖြတ် ခံခဲ့ရတဲ့ နိုင်ငံသားတွေ စုစုပေါင်း သောင်းနဲ့ ချီတဲ့အထိ များပြားခဲ့ပါတယ်။ ၁၉၇၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အားကစားကို ခုတုံးလုပ် ဗန်းပြပြီး ဝါဒဖြန့်ချိရေး လက်နက်အဖြစ် အသုံးချခဲ့ရုံသာမက ပွဲကျင်းပနေစဉ်အတွင်း ဘောလုံးအားကစားကို ရူးသွပ်မြတ်နိုးတဲ့ ပြည်သူတွေ အာရုံလွှဲနေချိန်မှာ နေအိမ်အများအပြားကို စီးနင်းဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားအကျဉ်းကို ပြောရရင် အဲဒီလို ဖမ်းဆီးနှိပ်စက် သတင်းရယူရေးလုပ်နေတဲ့ စသုံးလုံး အဖွဲ့တစ်ဖွဲ့ဟာ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဉ် ကျင်းပနေချိန်အတွင်းမှာ ကျောင်းသားလူငယ် အဖွဲ့အစည်းတွေကို ပစ်မှတ်ထား ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။ ရထားတဲ့သတင်းအရ အိမ်တစ်အိမ်ကို စီးနင်းပြီး ဖမ်းဆီးခေါ်ဆောင်လာတဲ့ အဖွဲ့တစ်ဖွဲ့ဟာ သူတို့ထင်ထားသလို ကွန်မြူနစ် အဖွဲ့အစည်း တစ်ခု မဟုတ်ဘဲ နတ်ဆိုးကို ပူဇော်ကိုးကွယ်တဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်နေတဲ့အခါမှာ မုဆိုးက သားကောင်ပြန်ဖြစ်ပြီး လျှို့ဝှက်စခန်းတစ်ခုလုံး လူသတ်ပွဲကြီး ဖြစ်လာပါတော့တယ်. File Size… (833 MB) / (503 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 20m Genre ….. Horror , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Thriller • Drama
5.8 1978 81 mins
(2024)
Bhairavam
4.4

Bhairavam (2025)ဘိုင်ရာဗမ် IMDb – 7.8 ဘိုင်ရာဗမ် ရုပ်ရှင်တွင် နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် နတာရာဇန်၊ ကာဇယ်အဂ္ဂာဝယ် တို ပါဝင်ရိုက်ကူးထားပြီးတော့ ဒါရိုက်တာက ကေ့အက်စ် ရာဗင်ဒရာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ အန္တရာယ်များ၊ မျှော်လင့်ချက်များ၊ ရှေးအခေတ်နဲ့ ယနေ့ခေတ်တို ပေါင်းစည်းမှုဖြင့် ဆွဲဆောင်မှုရှိပြီး သာမန်အက်ရှင်ဇာတ်ကားမဟုတ်ဘဲ ယဉ်ကျေးမှုနဲ့ဘာသာရေးထဲက လျှိဝှက်ဆန်းကြယ်မှုကို ထင်ဟပ်ပေးထားသည့် ခံစားမှုနဲ့ စိတ်လှုပ်ရှားစရာများအပြည့်အဝဖြစ်သောကြောင့် ဇာတ်သိမ်းထိ လုံးဝ ဆွဲဆောင်မှုရှိရှိရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Team မှတင်ဆက်ထားပါတယ်)

Fantasy • Animation • Science Fiction • Family
4.4 2025
Bhairavam