YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Bullet Train Explosion 2025 1080p HEVC WEB-DL 5.1 [RMC].mp4

2.4 GB N/A video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Family
7.2

A Family (RT 71% , IMDb 7 ) ယာကူဇာ... ယာကူဇာဆိုတာ ကျွန်တော်နဲ့ မစိမ်းတဲ့ စကားလုံးပါ... ဂျပန်နိုင်ငံက လူမိုက်ကြီးတွေပေါ့... ယာကူဇာမှာ အလွှာအမျိုးမျိုးရှိတယ်.. တချို့ဟာ ဂုဏ်သိက္ခာတွေ စစ်မှန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ခြင်းတွေ အစရှိတဲ့ ဂုဏ်ဒြပ်တွေကို ဦးစားပေးတဲ့ လူမိုက်မျိုးနဲ့ ... ငွေရမယ် အာဏာရမယ်ဆိုရင် မူးယစ်ဆေးကအစ ထဲထဲဝင်ဝင်လုပ်ကိုင်တဲ့ ရာဇဝတ်ဂိုဏ်းတွေအထိ အမျိုးမျိုးရှိလို့နေပါတယ်... မည်သို့ပင် ဆိုစေကာမူ ယာကူဇာမှန်သမျှဟာ သာမန်လူ့လောက တရားဥပဒေကို တနည်းတဖုံ ဆန့်ကျင့်ဖောက်ဖျက်နေကြသူတွေသာ ဖြစ်ပါတယ်... ဒီဇာတ်ကားမှာ ယာမာမိုတိုရဲ့ ဖခင်ဟာ ယာကူဇာတွေရဲ့ မူးယစ်သားကောင်ဖြစ်ခဲ့ရပြီး ဆေးသုံးစရာ ခြူးတစ်ပြားတောင် မရှိတော့လို့ ဘဝနိဂုံးကို ကိုယ်တိုင်ချုပ်ခဲ့သူပါ... ယာမာမိုတိုဟာ အဲ့အတွက်ကြောင့် ယာကူဇာနဲ့ သူတို့ရဲ့ မူးယစ်ဆေးဝါးကို အင်မတန်စက်ဆုပ်ရွံရှာနေခဲ့ပါတယ်... ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းကြောင့် သူဟာလည်း သူမုန်းတီးရတဲ့ ယာကူဇာတစ်ယောက် ဖြစ်လာပါတော့တယ်... ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံရဲ့ ယာကူဇာဂိုဏ်းဖြိုခွင်းရေး ဥပဒေတွေ မပေါ်ပေါက်ခင် အခြေအနေနဲ့ … ဥပဒေပြဌာန်းပြီး ယာကူဇာတွေရဲ့ ဘဝဟာ ဘယ်လောက်တောင် ကြပ်တည်းသေးသိမ်သွားသလဲဆိုတာကို ယာမာမိုတိုကို အခြေတည်ပြီး ဖော်ပြထားတာပါ... ဂျပန်လူ့အသိုင်းအဝိုင်းရဲ့ ဝိုင်းကျဉ်ခြင်းကို ခံရတဲ့ လူမိုက်ကြီးတွေ အကြောင်းကို ရိုက်ကူးပြထားတဲ့ ဒီဇာတ်လမ်းရဲ့ ရိုက်ချက်တွေ ဇာတ်ကွက်တွေက ကြည့်ကောင်းသလား မကောင်းသလား rating တွေကတော့ တစ်ဖက်တစ်လမ်းက ထောက်ပြပေးနေပါတယ်... ယာကူဇာကားတွေ ဂိုဏ်းဂဏကားတွေ ကြိုက်တတ်ရင်တော့ ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2.3GB) / (1.2GB) Quality__WEB-DL_1080p, 720p IMDb Rating__7.0/10 Format__mp4 Duration__02:10:00 Type__Action, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Drama • Thriller
7.2 2021 136 mins
A Family
One Fine Spring Day
7

Christmas in Augustတို့ April Snowတို့ The Last Princessတို့ Lost (TV series)တို့ရိုက်ခဲ့တဲ့ Hur Jin-hoရဲ့ Christmas in August အပြီး ဆက်ရိုက်ခဲ့တဲ့ကားပါ။ မင်းသားကတော့ လက်ရှိ Money Heist: Korea – Joint Economic Areaထဲက ပရော်ဖက်ဆာအဖြစ် လူသိများလောက်မယ့် ပတ်ချန်းဝုရဲ့ Oldboyတို့ Lady Vengeanceတို့ Hong Sang-sooရဲ့ Woman Is the Future of Manတို့ Dittoတို့လို ကိုရီးယားရဲ့မာစတာပိစ် ကားတွေမှာ အဓိကကျတဲ့ဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ဖူးခဲ့တဲ့ Yoo Ji-taeပါ။ မင်းသမီးကတော့ ငယ်ငယ်က ချန်ဂင်အဖြစ် လူသိများခဲ့တဲ့ ပတ်ချန်းဝုရဲ့ Lady Vengeanceတို့ Joint Security Areaတို့ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ Lee Young-aeပါပဲ။ ဒါရိုက်တာရော သရုပ်ဆောင်တွေရော ဘာမှပြောစရာမရှိသလို ဇာတ်ကလည်း Christmas in Augustကို သဘောကျတဲ့လူတွေ သဘောကျမယ့် ဇာတ်ပါပဲ။ အဲဒီထက်တော့ ပိုရိုမန့်ဆန်ပေမဲ့ သူရိုက်နေကျအတိုင်း သူ့ရိုမန့်တွေက သဘာဝကျကျလေးနဲ့ကို အရမ်းငြိမ်ပါတယ်။ တစ်ခါတလေ ဘဝမှာ ရိုမန့်တစ်အဆန်ဆုံး ဘာတွေရှိဖူးလဲ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်တော့ ရိုမန့်တစ်ကွေကွင်းခြင်းတွေကို အိပ်မက်မက်တယ်။ ကွေကွင်းခြင်းဟာ ရိုမန့်တစ်ဖြစ်ဖို့ တစ်ခါတလေလည်းခက်တယ်။ အချစ်ဟာ အဆုံးသတ်တစ်နေရာမှာ ကွေကွင်းကြဖို့ပဲမလား။ ကွေကွင်းခြင်းသာ ရိုမန့်တစ်မဆန်ဘူးလို့ ငြင်းလာရင်လည်း အဲဒီအချစ်က ရိုမန့်တစ်ဆန်ပါဦးမလား။ ထားပါတော့။ လူ့ကမ္ဘာဟာ ငရဲပဲဆိုပါစို့။ သေကွဲဟာ အကောင်းဆုံး ဇာတ်ပေါင်းခန်းလို့ရော တစ်ခါတလေ မြင်မိကြလား။ ကံကောင်းထောက်မခဲ့ရင်တော့ ရှင်ကွဲလည်း ဇာတ်ပေါင်းခန်းဖြစ်သွားနိုင်တာပါပဲ။ ကံကောင်းထောက်မခဲ့ရင်ပေါ့။ ဒီရုပ်ရှင်ဟာ ရိုမန့်တစ်ဆန်တဲ့အချစ်နဲ့ ရိုမန့်တစ်ဆန်တဲ့ ကွေကွင်းခြင်းအကြောင်း ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 880MB | 385MB Format… mp4 Duration….1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator .....WiRa Aung Encoder ..... August

Drama
7 2001 106 mins
One Fine Spring Day
Help Me, Eros
5.7

လွင့်နေတဲ့ဇာတ်လမ်းကြည့်ချင်ပါတယ်ဆို ဒီကားကိုသာ​ ပြေးကြည့်လိုက်တော့။ အလွင့်ကိုမှ အငြိမ်ဇယားလေးလွင့်တာ။ လောကမှာ အသက်ရှင်ချင်တဲ့သူတွေက စောစောစီးစီး ဘဝကထွက်သွားကြရပြီး ဆက်ရှင်သန်လိုစိတ်မရှိတဲ့သူတွေကို ဒုက္ခတွေ တစ်လှေကြီးနဲ့ အသက်ရှည်အောင် ပစ်ထားတာမျိုး။ အဲ့လိုလောကမှာ​ ခက်ခဲပင်ပန်းပြီးကုန်းကောက်စရာမရှိအောင်မွဲတေ​နေပေမယ့် လူဆိုတာအချစ်ကိုမျှော်လင့်တတ်ကြတုန်းပဲ။ ကျန်တာ မရှိချင်နေ "အချစ်" ဆိုသော ထိုအရာက လူတစ်ယောက် ရှင်သန်ဖို့လုံလောက်တဲ့အကြောင်းပြချက်ပဲ။ ကိုယ်ကချစ်နေပေမယ့် ကိုယ့်အချစ်ကို တန်ဖိုးမထားတော့တဲ့အခိုက်အတန့် ၊ သူထွက်သွားပြီးမှ သူ့အချစ်ကိုနားလည်တဲ့အခိုက်အတန့်၊ အချစ် ဆိုတာ မရှိတော့တဲ့အခိုက်အတန့်ဟာ နောက်ဆုံးကောက်ရိုးမျှင်ပါ နှစ်မြုပ်သွားသလိုပါပဲ။ မှတ်ချက်- အချစ်ဇာတ်လမ်းဆိုပေမယ့် 18+ တော့ ပါတာမို့ မိသားစုနဲ့ ကြည့်ဖို့ကတော့ မသင့်တော်ပါကြောင်း။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Adult, Drama Quality…. 720p | 480p File size… 1.1GB | 510MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Blank

Comedy • Drama • Romance • TV Movie
5.7 2007 116 mins
Help Me, Eros
Bullet Proof
5.7

တမ်ပယ်လ်ဆိုတာ နယ်တစ်ခွင်မှာ အဆိုးတကာ့ထိပ်ခေါင် မူးယစ်ရာဇာကြီးတစ်ယောက်ပေါ့ အဲဒီမူးယစ်ရာဇာကြီးရဲ့ လျှို့ဝှက်နေရာထဲကိုမှ ၀င်ပြီး သူခိုးတစ်ယောက်ဟာ ခေါင်းတုံးပေါ် ထိပ်ကွက်လို့ တမ်ပယ်လ်ရဲ့ ပိုက်ဆံတွေ အချီကြီး မပြီး ကားနဲ့ လစ်သွားလေရဲ့ လမ်းခုလတ်မှာတော့ တမ်ပယ်လ်ရဲ့ ကိုယ်၀န်သည်ဇနီး မီယာက ကားထဲမှာ ပါလာတာကို သူခိုးငတိ သိလိုက်ရတော့တယ် ဒါပေမယ့် သူ့အကြောင်းတွေကို ကားထဲကနေ အကုန်ကြားထားတဲ့ မီယာကြောင့် သူဟာ မီယာ့ကို ချန်ထားခဲ့လို့ မရဘဲ ငွေတစ်ထုပ် ကိုယ်၀န်သည်တစ်ယောက်နဲ့ သူခိုးတစ်ကောင် ကားတစ်စီးနဲ့ တစ်စခန်းသွားရပါတော့တယ် တစ်ဖက်မှာ တမ်ပယ်လ်တို့ အုပ်စုကလည်း သူ့ကိုတစ်ပတ်ရိုက်သွားခဲ့တဲ့ သူခိုးကောင်နဲ့ မီယာတို့ကို အပူတပြင်းလိုက်ရှာနေရင်း လိုက်တမ်းပြေးတမ်း ဇာတ်ထုပ်ကြီးကို action ‌ခန်းကောင်းကောငးလေးတွေနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။ Genre..... Action Quality…. 1080p | 720p | 480p File size…1.4GB | 777MB | 301MB Format… mp4 Duration…. 1h 21min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Chuck Encoder ..... August

Drama
5.7 2022 81 mins
Bullet Proof
The Horde
5.8

ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိထားတဲ့ ပြင်သစ် ဇွန်ဘီကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ရဲတပ်ဖွဲ့ရဲ့ အဖွဲ့၀င်တစ်ယောက်ဟာ ဂန်းစတားတစ်ယောက် သတ်တာကိုခံလိုက်ရပြီးတဲ့နောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ သူ့အတွက် လက်စားပြန်ချေဖို့ ကြိုးစားကြပါတော့တယ်။ သူတို့ဟာ ဂန်းစတားနေတဲ့ မြို့အပြင်က စွန့်ပစ်ထားတဲ့ တိုက်ဆီကိုရောက်ပြီး မကြာခင်မှာပဲဇွန်ဘီတွေကလည်း သူတို့ဆီကို ရောက်လာကြပါတော့တယ်။ ဒီလိုနဲ့ ရဲတွေရယ်၊ ဂန်းစတားအဖွဲ့ရယ်၊ ဇွန်ဘီတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကို စိတ်၀င်စားစရာကောင်းအောင်၊ အသည်းယားစရာကောင်းအောင် ရိုက်ကူးထားတာကြောင့် ဇွန်ဘီကားသဘောကျသူတွေ ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…1.31GB / 538MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 30m Genre ..... Action / Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Comedy • Drama • Romance
5.8 2010 98 mins
The Horde
The Crown Jewels
5.5

ဖရာဂန်ဆီယာဆိုတဲ့ကောင်မလေးကို လူသတ်မှုကြောင့်စစ်ဆေးတာကနေ ဇာတ်လမ်းစထားပါတယ်။ အဲဒီမှာ ဖရာဂန်ဆီယာက အခင်းဖြစ်ပုံကိုစမပြောဘဲ သူမွေးတဲ့အချိန်ကနေ နောက်ကြောင်းပြန်ပါတော့တယ်။ ကျွန်တော်သာ သူ့ကို မေးနေတဲ့စုံထောက်ဆိုရင် စိတ်မရှည်ပါဘူး။ ဒါပေမဲ့ ကြည့်တဲ့သူနေရာကနေ ဆိုရင်တော့ ဇာတ်ကားကကြည့်လို့ကောင်းပါတယ်။ မိသားစုနှစ်ခုရဲ့ မတူညီတဲ့ အပြုအမူတွေရယ် ဖရာဂန်ဆီယာ၊ စက်ရုံပိုင်ရှင်သားနဲ့ နာမည်ကြီးဟောကီကစား သမားလေးတို့ရဲ့ သုံးပွင့်ဆိုင် (လေးပွင့်ဆိုင်လို့လည်းပြောလို့ရတဲ့) ဇာတ်လမ်းကို တွေ့ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(2.11 GB) / (857 MB) / (494 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 50mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......EL Encoder..........Zin Phyo Aung

Action • Thriller
5.5 2011 120 mins
The Crown Jewels
Judas and the Black Messiah
7.4

"ကျုပ်တို့က မီးကိုမီးနဲ့မတိုက်ဘူး...မီးကိုရေနဲ့ငြိမ်းမှာ...ကျူပ်တို့က လူမျိုးရေးခွဲခြားခြင်းကို လူမျိုးရေးခွဲခြားခြင်းနဲ့တိုက်နေတာမဟုတ်ဘူး....ကျုပ်တို့က စည်းလုံးခြင်းနဲ့တိုက်နေတာ...အရင်းရှင်ဝါဒကိုဆိုရှယ်လစ်ဝါဒနဲ့တိုက်မှာ" ဒါကတော့ လူမည်းတွေရဲအဆင့်အတန်းအားလုံးကိုမြင့်စေဖို့ ကြိုးစားနေတဲ့ ကျားသစ်နက်ပါတီရဲ့  ခေါင်းဆောင်ဖြစ်သူ ဖရဒ်ဟမ်တွန်ရဲ့ မူဝါဒဖြစ်တယ်...သူ့ရဲ့တက်ကြွမှုတွေနဲ့ လူထုရဲ့ပါဝင်မှုတွေဟာ အစိုးရပိုင်းအတွက်တော့ မျက်စိစပါးမွှေးစူးစရာပဲ... ခေါင်းဆောင်ြဖစ်တဲ့ ဖရဒ်ဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလို သူ့လှုပ်ရှားမှုတွေဟာလည်း အကြမ်းမဖက်တဲ့ဝါဒဖြစ်လေတော့ ဒီအဖွဲ့အစည်းကြီးကို နှိမ်နှင်းဖို့ ခက်ခဲနေပါတယ်..တဖြည်းဖြည်းအင်အင်းကြီးလာသလို သူတို့စွဲကိုင်တဲ့တော်လှန်ရေးဝါဒကလည်း အင်အားဖြစ်စရာမို့ FBI က စနစ်တကျဖြိုခွင်းဖို့ ကြိုးစားပါတယ်...ဒါ့ကြောင့် FBI ဟာ ကျားသစ်နက်ပါတီကိုဖြိုခွင်းဖို့ FBI အေးဂျင့် ရွိုင်မစ်ချယ် လူမည်းတစ်ယောက်ကို သူလျှိုအဖြစ်ထည့်သွင်းလှုပ်ရှားစေခဲ့တယ်...ဒီလူမဲကတော့ သူ့ကိုယ်ကျိုးအတွက်ဘာမဆိုလုပ်မဲ့သူဖြစ်တယ်.. အဲ့ဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့... ဒီကားက Biography  ဖြစ်တဲ့အပြင် လူမဲအရေးလှုပ်ရှားမှုဇာတ်ကားဆိုပေမဲ့ အစမှ အဆုံးထိ စိတ်လှုပ်ရှားစရာကောင်းပါတယ်... ဆုကြီးပေါင်း (၈)ဆုရထားသလို IMDB ရော Rotten ရော အလန်းဆုံးအဆင့်မှာရှိလို့ လက်မလွှတ်စေလိုကြောင်း  ပြောကြားပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်... File Size : (2.5 GB) and (1 GB) Quality : HEVC 1080p 5.1, WEB-DL720p Format…mp4 Duration…02:06:00 Genre :  Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae

Action • Adventure • Science Fiction
7.4 2021 126 mins
Judas and the Black Messiah
Lorelei
6.4

အမျိုးသမီးဒါရိုက်တာ Sabrina Doyle ရိုက်ကူးပြီး 2020 မှာရုံတင်ပြသထားတဲ့ Lorelei ရဲ့ ဇာတ်လမ်းအကျဥ်းကို စာတစ်ကြောင်းတည်းနဲ့ပြောရင် ဆိုင်ကယ်သမား ၊ ရေသူမ နဲ့ အပြာသုံးရောင်ရဲ့ ကာယအလုပ်သမားဘဝပုံပြင်လို့ ပြောလို့ရပါတယ် ဇာတ်လမ်းအကျဥ်း ဝေလန်ဒ်လို့ခေါ်တဲ့လူတစ်ယောက်ဟာ ဆယ့်ငါးနှစ်ကြာထောင်ကျနေပြီးမှ ထောင်ကလွတ်လာပြီး သူ့ရဲ့ ငယ်ချစ်ဦးနဲ့ ပြန်ဆုံပါတယ်။ ဒါပေမဲ့ သူ့ရဲ့ငယ်ချစ်ဦးဖြစ်သူ ဒိုလောရက်စ်က ဆယ့်ငါးနှစ်ကြာပြီးတဲ့နောက်မှာ ကလေးသုံးယောက်နဲ့ တစ်ကိုယ်တော်အမေဖြစ်လို့ပါပြီ။ ဝေလန်ဒ်တစ်ယောက် ထောင်ကလွတ်လာပြီး ဘဝကိုဘယ်လိုရှေ့ဆက်မလဲ ဆယ့်ငါးနှစ်ကြာပြီးတဲ့နောက်မှာ ဒိုလောရက်စ်နဲ့ ဆက်ဆံရေးကို ဘယ်လိုစခန်းသွားမလဲ ဆိုတာကိုတော့...... ဘဝမှာရုန်းကန်နေရတဲ့ အလုပ်သမားလူတန်းစား ဇာတ်ဆောင်နှစ်ယောက်အကြောင်း သဘာဝကျကျပေါ်လွင်အောင်ရိုက်ကူးထားတဲ့ family drama အမျိုးအစားပဲဖြစ်ပါတယ်။ File size…1.37GB / 578MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin

Action • Adventure • Science Fiction
6.4 2020 111 mins
Lorelei
Nussa: The Movie
7.7

Nussa: The Movie (2021) ================== IMDb Rating – 7.7/10 ချစ်စရာကောင်းတဲ့ကာတွန်းဇာတ်ကောင်လေးတွေဟာ ကြည့်တဲ့ သူတိုင်းကို စိတ်ကြည်နူးစေပါသတဲ့။ ဒီအင်ဒိုနီးရှား Animation လေးကတော့ ကြည်နူးစရာကောင်းတာထက် ပိုတယ်ဆိုရမလားပါပဲ။ နူဆာဟာ ခြေတစ်ဖက်မသန်တဲ့ ဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ ပျော်စရာမိသားစု၊ ချစ်စရာသူငယ်ချင်းတွေရှိတဲ့ နူဆာဟာ ကျောင်းသိပ္ပံ ပြိုင်ပွဲတွေမှာအမြဲဆုရလေ့ရှိပါတယ်။ ဒုံးပျံလေးတွေဖန်တီးရင်း အာကာသ ထဲကို စိတ်ကူးနဲ့သွားနေတတ်သူပေါ့။ အဖေဖြစ်သူ အဝေးရောက်နေတာက လွဲပြီး သူ့ဘ၀လေးဟာ ပျော်စရာကောင်းလှပါတယ်။ ဒါ့အပြင် နူဆာ တစ်ယောက် သူပြိုင်ရမယ့် သိပ္ပံပြိုင်ပွဲကြီးမှာ ဖခင်ပြန်လာဖို့အရေးကို စောင့်မျှော်နေပါတယ်။ အဲဒီအချိန် သူတို့ကျောင်းကို ဂျွန်နီဆိုတဲ့ကျောင်းသားသစ်လေးရောက်လာ ပါတယ်။ ဂျွန်နီဟာ နူဆာလိုပဲ ဒုံပျံလေးတွေဖန်တီးတဲ့ ဉာဏ်ကြီးရှင်ပါ။ ဂျွန်နီဟာ အရမ်းချမ်းသာပေမဲ့ အလုပ်များတဲ့မိဘတွေကြောင့် အမြဲအထီး ကျန်နေသူ၊ သူငယ်ချင်းလည်းမရှိသူလေးပါ။ သူကတော့ မိဘတွေရဲ့အာရုံ စိုက်မှုကို မျှော်နေသူလေးပေါ့။ ဒီလိုနဲ့ နူဆာနဲ့ဂျွန်နီတို့ဟာ ပြိုင်ဘက်တွေအဖြစ် စတင်တွေ့ဆုံရပါတယ်။ ခပ်စိမ်းစိမ်းဖြစ်နေကြတဲ့ သူတို့နှစ်ယောက်အတွက် ရင်းနှီးခင်မင်စရာအကြောင်း ပေါ်ပေါက်လာတဲ့ တစ်နေ့မှာတော့… မိသားစုမေတ္တာ၊ သူငယ်ချင်းသံယောဇဉ်တွေကို ချစ်စရာကောင်းအောင် ပုံဖော် ထားပြီး တစ်ကားလုံးမပျင်းရတာမို့ Animation ချစ်သူတွေအကြိုက်တွေ့ကြမှာ သေချာပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C’mon ဖြစ်ပါတယ်)

Horror • Mystery • Science Fiction • Thriller
7.7 2021
Nussa: The Movie
Tere Naam
7.2

Tere Naam (2003) ဒီဇာတ်ကားလေးကတော့ ဆလမန်းခန်းနဲ့ ဘူမီကာ ချောင်ဝ်လာရဲ့ romance/dramaအမျိုးအစား ဇာတ်တ်ကားလေးတစ်ကားဖြစ်ပါတယ်။ Radhe Mohanဟာအလုပ်မရှိအကိုင်မရှိ လူကြမ်းတစ်ယောက်ဖြစ်ပြီး သူတက်ခဲ့ဖူးတဲ့ ကောလိပ်ကျောင်းကို အမြဲသွားလေ့ရှိတယ်။ တစ်နေ့တော့ ကျောင်းကိုရောက်လာတဲ့ Nirjara Bharadwajဆိုတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပြီး ချစ်ကြိုက်သွားခဲ့တယ်။ ဒါနဲ့ပဲ သူက Nirjaraကို ဖွင့်ပြောဖို့ကြိုးစားတော့တာပေါ့။ ဒါပေမဲ့ Nirjaraက သူ့ကို ငြင်းလိုက်တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ۔۔۔۔۔ ဘောလိဝုဒ်ချစ်သူများ လုံးဝလက်မလွတ်သင့်ပါကြောင်း ۔۔۔۔۔ ဘာသာပြန်တွေကတော့Soe Kalayarနဲ့ Intelligenceတို့ဖြစ်ပါတယ်။

Animation • Drama • History • Mystery
7.2 2003 132 mins
Tere Naam
Secret Woman
5.8

စိတ်ကောင်းရှိတဲ့မြေခွေးမလေး ရှင်းရှစ်စစ်ညန်နဲ့ ကျောင်းသားလေးဖုန်ရှန်းတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ရှစ်စစ်ညန်ဟာကောင်းမှုကုသိုလ်တွေလုပ်ပြီး နတ်ဖြစ်အောင်ကြိုးစားနေတဲ့ စိတ်ထားဖြူစင်တဲ့ မြေခွေးမလေးတစ်ကောင်ပါ။ သူဟာနတ်ဖြစ်ဖို့ကျင့်ကြံရင်း လူ့လောကရဲ့အတိဒုက္ခကိုခံယူဖို့ လိုအပ်နေတဲ့အချိန်မှာ ဖုန်ရှန်းဆိုတဲ့ ကျောင်းသားတစ်ယောက်နဲ့ တောထဲမှာတွေ့ခဲ့ပြီး မြင်မြင်ချင်းချစ်မိသွားကြတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ကလက်ထပ်လိုက်ကြပြီး ဘဝကို အတူဖြတ်သန်းနေတဲ့အချိန်မှာ ရှစ်စစ်ညန်ရဲ့နတ်သမီးလို လှပတဲ့ရုပ်ရည်ကိုမက်မောပြီး မကောင်းကြံချင်သူတွေရှိလာပါတယ်။ မြေခွေးမိစ္ဆာထက် လူတွေရဲ့အတွင်းစိတ်ထဲမှာရှိတဲ့ မကောင်းဆိုးဝါးစိတ်ဓာတ်ကပိုကြောက်ဖို့ကောင်းတာကိုသိလိုက်ရပါတော့တယ်……

Drama • Romance
5.8 2023
Secret Woman
Star Wars: Episode VI – Return of the Jedi
8.3

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode VI – Return of the Jedi (1983) ဒီဇာတ်ကားဟာ မူလ စတားဝါးစ် ၃ ကားတွဲရဲ့ နောက်ဆုံးကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဟန်ဆိုလို ကို တက်တူးအင်းမှာ ဂျားဗားသယ်ဟက်က ဖမ်းထားတာကို လုခ် စကိုင်းဝေါ်ကာက လိုက်ကယ်တင်ဖို့ကြိုးစားနေချိန်….အင်ပါယာနဲ့ ဒါ့သ်ဗိတ်ဒါတို့က မူလဖျက်စီးခံလိုက်ရတဲ့ သေမင်းကြယ်ထက် ပိုအစွမ်းထက်တဲ့ စစ်စခန်းအသစ်ကို တည်ဆောက်နေချိန်ပါပဲ…. လုခ် စကိုင်းဝေါ်ကာ ဟာ ဒါ့သ်ဗိတ်ဒါနဲ့ အင်ပါယာတို့ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေဟာလည်း အင်ပါယာတပ်တွေနဲ့ သေမင်းကြယ်ကို အချိန်မှီဖျက်ဆီးဖို့ အင်အားကုန် တိုက်ခိုက်ကြတဲ့အခါ….

8.3 1983 132 mins
Star Wars: Episode VI – Return of the Jedi
I Kill Giants
6.7

ဒီကားလေးကို Trailer စကြည့်ကတည်းက မျော်လင့်မိနေတာ ဟယ်ရီပေါ်တာကားထုတ်လုပ်သူတွေကရိုက်ထားတဲ့ကားဆိုပြီး monster giant တွေပါတယ်ဆိုတော့ ကိုယ့်အကြိုက်ပေါ့ ;p ဒီဇာတ်ကားကိုအညွှန်းရေးရမယ်ဆိုရင်တော့ဖြင့် လူတိုင်းမှာရင်မဆိုင်ရဲတာမျိုး ကြောက်ရွံနေတာမျိုးရှိတတ်ကြပါတယ် အဲ့ဒီအရာကိုရှောင်ပြေးနေရင်း ဖြစ်လာတဲ့ပုံစံမျိုးလေးရိုက်ထားတာပါ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဘာဘရာသော်ဆင် ဆိုတဲ့ကောင်မလေးက ကျောင်းမှာဆို ရူးကြောင်ကြောင်အဖြစ်သတ်မှတ်ခံရပြီး အပေါင်းအသင်းမရှိတဲ့လူတစ်ယောက် သူကိုယ်တိုင်ကလည်း သူ့အရွယ်ကလေးတွေက ခပ်ပိန်းပိန်းတွေလို့သဘောထားတယ် ပြီးတော့ သူ့မှာလည်းလျို့ဝှက်ချက်တစ်ခုရှိနေတယ် ဘာလဲဆိုတော့ မြို့ကို Giant တွေအန္တရာယ်ကကာကွယ်ပေးနေရတာ အပေါင်းအသင်းမရှိတဲ့ ဘာဘရာတစ်ယောက် လန်ဒန်ကနေပြောင်းလာတဲ့ ဆိုဖိယာဆိုတဲ့ကောင်မလေးနဲ့ တွေ့တွေ့ချင်းပဲ ခင်သွားတယ်ပြီး သူ့လျို့ဝှက်ချက်တွေကိုပြောပြလိုက်တယ် ဇာတ်လမ်းရဲ့ ၂/၃လောက်ထိက ဘာဘရာတစ်ယောက်ဘာလို့ထူးဆန်းနေရတာလဲ Giantတွေကဘယ်လိုလာဖျက်ဆီးမလဲ ဆိုတာတွေနဲ့ စိတ်ဝင်စားစရာကောင်းနေပြီး ဇာတ်လမ်းပြီးခါနီးလာလေလေ တစ်ကယ့်ဖြစ်ရပ်မှန်တွေပေါ်လာလေလေပါ အများကြီးရေးချင်ပေမယ့် Spoiler ဖြစ်သွားမှာဆိုးလို့ ဒေါင်းပြီးပဲကြည့်လိုက်ကြပါတော့နော် File size… 1.4 GB, 791 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sithu Htun Kyaw

Horror • Thriller
6.7 2018 106 mins
I Kill Giants
Crazy Texas
5.5

ဒီတစ်ခါမှာတော့ ပိတ်ရက်မှာ အပျင်းပြေ ကြည့်ဖို့ cm ပရိသတ်ကြီးကို Horror ဇာတ်ကားတစ်ခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဘုရားသခင်ရဲ့ ဆန့်ကျင်ဘက် အမှောင်ကမ္ဘာ နတ်ဆိုး လူစီဖာကို ကိုးကွယ်ပသ ပူဇော်ကြတဲ့လူတွေ အခုခေတ်ထိတိုင် ကမ္ဘာအနှံ့အပြားမှာ လူမသိ သူမသိ ရှိနေသေးတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ ဒီဇာတ်ကားမှာတော့ တက္ကဆက်ပြည်နယ် မြို့လေးတစ်မြို့မှာ နေထိုင်တဲ့ လီလီနဲ့ အေဗရီလို့ခေါ်တဲ့ ညီအစ်မ နှစ်ယောက် ရှိပါတယ်။ အဖိုးအဖွားတွေက သူတို့ကွယ်လွန်ပြီးနောက် အမွေတွေကို သူတို့ညီအစ်မကို ပေးဖို့ သေတမ်းစာ ရေးထားခဲ့တာပါ။ သေတမ်းစာမှာက သူတို့တွေ ညီအစ်မ နှစ်ဦးသဘောတူ ခွဲယူချင်ယူ မဟုတ်ရင် ဘုရားကျောင်းကို အားလုံးလှူဒါန်းပစ်ဖို့ပါပဲ။ ဘာသာရေးကို သက်ဝင်ယုံ ကြည်သူ တစ်ယောက်ဖြစ်တဲ့ အေဗရီက အားလုံးကို ဘုရားကျောင်း လှူပစ်ချင်ပေမယ့် လီလီက လက်မခံ ချင်ပါဘူး။ သူတို့ညီအစ်မနဲ့ ဆွေးနွေးကုသမှု ပေးနေတဲ့ စိတ်ကုထုံး ဆရာဝန်တစ်ယောက် ဖြစ်တဲ့ ထရဲဗားက သူတို့နှစ်ယောက်ကို မေ့ဆေးပေး ဖမ်းခေါ်သွားတဲ့ အခါမှာတော့..။ ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီး ယုံကြည်စိတ်ချ ကြသူတွေ ဖြစ်ပါစေ ငွေကြေးလောဘ ပါလာတဲ့အခါမှာ မထင်မှတ်ထား တာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားတစ်ခု ဖြစ်ပါတယ်။ File size… (937 MB) / (506 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Comedy • Romance
5.5 2025 90 mins
Crazy Texas