YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Buddy (2024) WEB-DL - 720p HQ - AVC - YK(CM).mp4

1008.59 MB 720p video/mp4 629 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
All Quiet on the Western Front
7.7

Im Westen nichts Neues ဂျာမန်စစ်ကားအသစ်ထွက်လာပါပြီ။ အနောက်ပိုင်းစစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်လို့ ဆိုတဲ့ နာမည်အတိုင်းပဲ အနောက်ပိုင်းစစ်မြေပြင်က တိုက်ပွဲတွေအကြောင်းပါပဲ။ 1930 နဲ့ 1973 မှာလည်း ဒီနာမည်နဲ့ ရုပ်ရှင်တွေ ထွက်ခဲ့ပါသေးတယ်။ အနောက်ပိုင်းစစ်မြေပြင်ဟာ ပထမကမ္ဘာစစ်ရဲ့ ကမ္ဘာကျော်တိုက်ပွဲကြီးတွေ ဖြစ်ခဲ့တဲ့နေရာပါပဲ။ တစ်ဘက်နဲ့တစ်ဘက် မီတာ ၁၀၀ လောက် ရှေ့တိုးနိုင်ဖို့ လူ တစ်သန်းလောက် အသေခံခဲ့ရတဲ့ စစ်မြေပြင်လည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ပထမကမ္ဘာစစ်အစကနေ အဆုံးအထိ စစ်သားတွေရဲ့ တိုက်ပွဲတွေနဲ့ ဖြတ်သန်းမှုတွေကို တွေ့ရမှာပါ။ သဘောကျစရာကောင်းလာတာကတော့ စစ်ကားအများစုဟာ စစ်ပွဲကို သူရဲကောင်းဝါဒထက် စိတ်ကုန်စရာ စိတ်ပျက်စရာဖြစ်အောင် ပုံဖော်ခဲ့ကြတာ အတော်များလာပါပြီ။ Kingsmen နောက်ဆုံးရုပ်ရှင်မှာ ကဗျာရွတ်သွားတဲ့အခန်းလိုပါပဲ။ ဒီရုပ်ရှင်မှာလည်းဒီလိုပါပဲ စစ်ပွဲပြီးဆုံးရေးကို ဦးတည်မျှော်လင့်နေတဲ့ စစ်သားတွေအကြောင်းပါပဲ။ "ငါ့သားလည်း စစ်ပွဲထဲမှာ သေသွားတာပဲကွ၊ သူတော့ ဘာဂုဏ်သိက္ခာမှ ခံစားမိလိုက်တယ် မကြားပါဘူး" ဆိုတဲ့ စကားမျိုးတွေပဲ ပြောသွားတာပါပဲ။ ပထမကမ္ဘာစစ်ဟာ ၁၉၁၄ ဇူလိုင်လ ၂၈ မှာ စတင်ခဲ့ပြီး ၁၉၁၈ နိုဝင်ဘာ ၁၁ မှာ ပြီးဆုံးခဲ့ပါတယ်။ စတင်ခဲ့တာကတော့ ဩစတြီးယား-ဟန်ဂေရီက ဆားဘီယားကို စစ်ကြေညာတာကနေ စတင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၃၀ ကျော်ပါဝင်ခဲ့ကြပြီး ပင်မအနေနဲ့ ရုရှား၊ ဘယ်ဂျီယံ၊ ပြင်သစ်၊ ဗြိတိန်၊ ဆားဘီးယား၊ အီတလီ၊ အမေရိကန် တို့ဟာ ဩစတြီးယား-ဟန်ဂေရီ၊ ဂျာမနီ၊ ဘူဂေးရီးယား၊ တော့တိုမန်အင်ပါယာတို့နဲ့ တိုက်ခိုက်ခဲ့ကြတာပါ။ အဆိပ်ငွေ့တွေအဓိကသုံးခဲ့ကြတဲ့ စစ်ပွဲလည်းဖြစ်ပါတယ်။ စစ်သား ၉ သန်းခန့်သေဆုံးခဲ့ပြီး စစ်ပွဲဘေးဒုက္ခကြောင့် ဒဏ်ရာရ၊ ငတ်မွတ်၊ ရောဂါဘေးတွေနဲ့ လူ ၅ သန်းခဲ့ သေဆုံးခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံးနဲ့အကြီးဆုံး တုပ်ကွေးကပ်ရောဂါလည်း ပထမကမ္ဘာစစ်ကြောင့် ပြန့်နှံ့ခဲ့ပါတယ်။ ဒီတော့ ဒီရုပ်ရှင်ထဲက ပထမကမ္ဘာစစ်တိုက်ပွဲတွေနဲ့ စစ်သားတွေအကြောင်းကို ခံစားကြည့်လိုက်ပါဦး။ File size…(2.7 GB)/(1 GB)/(700 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:27:00 Genre...War, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Comedy
7.7 2022 147 mins
All Quiet on the Western Front
[18+] Ang Babaeng Nawawala Sa Sarili
5

အယ်လ်ဘီနာက အောင်မြင်မှုလမ်းကြောင်းပေါ် အခြေချမိနေတဲ့ တက်သစ်စ မော်ဒယ်မလေးတစ်ယောက်ဖြစ်ပြီး ဖက်ရှင်ကုမ္ပဏီကြီးတစ်ခုနဲ့ ချိတ်ဆက်မိထားပါတယ်။ ဖောက်ပြန်တဲ့ရည်းစားဟောင်းကို စွန့်ပစ်ခဲ့သလို အခုချိန်မှာ ဓာတ်ပုံဆရာတစ်ယောက်လေးတစ်ယောက်နဲ့ တွဲခုတ်ဖြစ်နေပြီး ဘဝမှာ ပူပင်စရာမရှိ အရာရာအေးချမ်းတဲ့သူပါ။ တစ်ညမှာတော့... အိမ်မှာရှိတဲ့ စတိုခန်းကိုဝင်ရှာရင်းနဲ့ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုနဲ့ဆွဲကြိုးလေးတစ်ကုံးကိုရှာတွေ့အပြီးမှာ သူ့ဘဝ အရာရာ ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ ဓာတ်ပုံအယ်လ်ဘမ်ထဲကဓာတ်ပုံတွေတိုင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ပုံတွေဖြစ်ပြီး အဲ့ဒီပုံတွေအားလုံးဟာလဲ မျက်နှာနေရာကို ဓားနဲ့ခြစ်ဖျက်ဆီးခံထားရပါတယ်။ သူ အမှတ်တမဲ့နဲ့ အဲ့ဒီဆွဲကြိုးကိုဝတ်လိုက်တဲ့အချိန်ကစလို့ မိန်းမတစ်ယောက်ရဲ့ ပုံရိပ်တွေမြင် အသံတွေကြားယောင်လာပြီး စိတ်လွတ်သွားတဲ့အခါမျိုးမှာ အဲ့ဒီအမျိုးသမီးဟာ သူ့ကိုပူးကပ်ပြီး တွေ့သမျှယောက်ျားတွေကို သွေးဆောင်ဖြားယောင်း လိင်ဆက်ဆံပြီး သတ်ဖြတ်ပစ်တဲ့အထိကြမ်းတမ်းလာပါတော့တယ်။ ဒီအမျိုးသမီးဟာ ဘယ်သူလဲ? သူနဲ့ဘယ်လိုဆက်နွယ်မှုနောက်ကြောင်းတွေရှိခဲ့လို့ သူ့ကိုဒုက္ခပေးချင်ရတာလဲ? ၁၉၈၉ တုန်းက အောင်မြင်ခဲ့တဲ့ ဇာတ်ကားကို ကျောရိုးယူပြန်အသက်သွင်းထားတာဖြစ်ပါတယ်။ Psychological, Horror ပုံစံမျိုးဖြစ်ပြီး Kinsenas, Katapusan မှာအထက်တန်းကျောင်းသူလေးအဖြစ်မြင်ခဲ့ရတဲ့ Ayanna Misola ကို တက်သစ်စ မော်ဒယ်မလေး တစ်ယောက်အဖြစ် ဖွံ့ဖြိုးကြီးထွားလာတဲ့အလှအပတွေကိုလဲတစ်ဝကြီးခံစားကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို ALS မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 504MB Quality - 1080p, 720p Format - mp4 Duration - 1H 40Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by ALS Encoded by RGB

Comedy • Romance
5 2022 100 mins
[18+] Ang Babaeng Nawawala Sa Sarili
Tadap
7.2

ဒီကားလေးကတော့ RX100 (2018) တုန်းကဇာတ်ကားကို အခြေခံပြီးရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားချိုချိုလေးပဲဖြစ်ပါတယ် မဆူရီမြို့မှာ လူတိုင်းက ဒယ်ဒီလို့ခေါ်ကြတဲ့ လူတစ်ယောက် အီရှာနာကို ငယ်ငယ်လေးကတည်းက မွေးစားခဲ့ပါတယ်။ ဒယ်ဒီဟာ ရွေးကောက်ပွဲမှ ာအနိုင်ရရှိခဲ့တဲ့ ဒမိုဒါ နောတ့်တီရယ်နဲ့အလွန်တရာမှ ရင်းနှီးကြတဲ့မိတ်ဆွေတွေပါ။ အီရှာနာ တစ်ယောက်ကတော့ အဖေဖြစ်သူဒယ်ဒီနဲ့ နောတ့်တီရယ်ကို အဖက်ဖက်မှ ကူညီအားဖြည့်ပေးနေသူပေါ့။ တစ်နေ့မှာ လန်ဒန်မှ ပညာတော်သင်ပြန်လာတဲ့ ဒမိုဒါ ရဲ့ သမီးဖြစ်သူ ရမီဆာ က အီရှာနာကို သဘောကျပြီး ဖွင့်ပြောခဲ့ရာမှ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်လာပါတယ်။ အချစ်စစ်မှန်ရင် လမ်းကြမ်းစမြဲပါပဲ။ သူတို့ကြား ဘယ်လိုအတားအဆီးတွေ ဝင်ရောက်လာမှာလဲ။ ဒမိုဒါရဲ့ပြိုင်ဘက်ပါတီဝင်ကရော ဘယ်လိုကောက်ကျစ်ယုတ်မာမလဲ။ မင်းသမီး မင်းသားချောချောလေးနဲ့အတူ စောင်ကိုက်ပြီး ကြည့်ရှုရမဲ့ အချစ်ခန်းချိုချိုအီအီလေးတွေပါတာကြောင့် မသေခင်ကြည့်ရှုသွားသင့်တဲ့ ရိုမန့်တစ်ဇာတ်ကားကောင်းလေးလို့ညွှန်းလိုက်ပါရစေ............ File size…2.3Gb / 1.2Gb / 400MB  Quality…1080p AAC 2.0CH / 720p / 360p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pwint & Haruko &  Yunni

Action • Animation • Comedy
7.2 2021 126 mins
Tadap
Centauro
6.3

Centauro ဆိုတာ စပိန်လို မနုဿမြင်းကို ခေါ်တာပါ။ ရှင်းရှင်း‌ပြောရရင် လူတစ်ပိုင်းမြင်းတစ်ပိုင်း သတ္တဝါပေါ့။ မနုဿမြင်းတွေက နာမည်ကြီးတယ်ဗျ။ ရဲစွမ်းသတ္တိနဲ့ပြည့်ဝတယ်။ သန်မာတယ်။ အထူးခြားဆုံးကတော့ သေအောင် အပြေးမြန်တာပါပဲ။ မနုဿမြင်းလို လူငယ်လေးတစ်ယောက်ရှိသတဲ့။ သူကတော့ မြင်းခွာတွေအစား ပြိုင်ဘီးတွေရှိတဲ့ ဆိုင်ကယ်သမားတစ်ယောက်ပေါ့။ မွေးကတည်းက ဆိုင်ကယ်ပြိုင်တဲ့နေရာမှာ ပါရမီပါလာတဲ့ လူငယ်လေးမလို တော်တော်များများက တန်းမျက်မှန်းတန်းမိကြတယ်။ ဒီ‌ကောင်လေးတစ်ယောက် ချစ်နေဆဲဖြစ်တဲ့ ဇနီးဟောင်းနဲ့ သားလေး ဒုက္ခရောက်တဲ့အခါမှာတော့ သူကိုယ်တိုင် ဝင်ကယ်ဖိုဖြစ်လာပါတော့တယ်။ မူးယစ်ဂိုဏ်းနဲ့မှ သွားပတ်သက်မိတဲ့ကောင်မလေးရဲ့ အရှုပ်ကို ပြိုင်ဘီးတစ်စီးနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဆိုင်ကယ်‌မောင်းတဲ့အကွက်တွေနဲ့ ဝှီးဝှီးဆိုပြီး ကြည့်ရမှာပါ။ 2016 ခုနှစ်က ထွက်ရှိထားတဲ့ Burn Out ဆိုတဲ့ဇာတ်လမ်းကို Remake ပြန်ရိုက်ထားတဲ့ Centauro ဆိုတဲ့ စပိန်ကားလေးကို ကြည့်ရှုခံစားကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။) File Size : 1.5GB, 654MB, 338MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 32mins Genre : Action, Adventure, Crime Translated by Chevy Encoded by Kinnov

Action • Crime • Drama • Thriller
6.3 2022 89 mins
Centauro
E-San of the Dead

ဒီတစ်ကာတင်ဆက် ပေးမှာကတော့ Mono Originals က ပထမဆုံးရိုက်ကူးတဲ့ ထိုင်းဟာသ ဇွန်ဘီကားလေးပါ မြို့တွေနဲ့ ‌‌‌‌‌‌ေ၀းလံ့ခေါင်သီတဲ့ အစွန်အဖျားတောအုပ်ထဲမှာ လူတွေနေထိုင်ကြရင်းနဲ့ ရွာငယ်တစ်ရွာဖြစ်လာခဲ့တယ် အဲ့ရွာမှာ ရွာကို အကျိုးမပေး အမြဲသောက်စားပျော်ပါးနေတဲ့ လူငယ်ငမူး ၃ကောင်ရှိပါတယ် ငမူးမို့ တစ်ရွာလုံးရဲ့ချဥ်ဖက်ဖြစ်နေသူ ၊ မူးရူးအလုပ်မရှိလို့ လက်ထက်ခွင့်တောင်းတာ ငြင်းခံရသူ ၊ ငမူးဖက်တီးဆိုပေမယ့် ပိုက်ဆံလေးရှိတော့ အဆင်ပြေ‌‌နေသူ တစ်နေ့ သူတို့ ထဲကတစ်ယောက်က ရုတ်တရက် မဂ်လာထဆောင်တော့ နောက်ဆုံးနေ့ နောက်ဆုံးသောက်ခြင်းဆိုပြီး ရှယ်သောက်ကြတာပေါ့ အမူးလွန်ပြီး နောက်နေ့နိုးလာတော့ တစ်ရွာလုံးနီးပါးက ဇွန်ဘီတွေဖြစ်နေတဲ့အခါ... သူတို့ ငမူး၃ကောင် ရွာသူရွာသားတွေကို ဘယ်လိုကယ်တင်မလဲ...ဇွန်ဘီတွေက‌ရော ဘယ်ကနေဘယ်လိုစဖြစ်လာတာလဲ ဆိုတာတွေကို ဟာသနှောပြီး ရိုက်ထားတာမို့ ကြည့်ရှု့ရအောင် တင်ဆက်ပေးလိုက်ပါတယ် ။ File Size__(1.3GB) / (650MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:13:00 Type__Comedy, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Mystery • Thriller
0 2022 72 mins
E-San of the Dead
Balagam
6.6

Balagam 2023 (IMDb 8.1) အခုတင်ဆက်ပေးမဲ့ တောင်ပိုင်းတလဂူး ဒရမ်မာလေးက rating ကောင်းမွန်သလို သာမန်ချစ်ကြိုက်ကွဲငြားဇာတ်လမ်းတွေကို ကျော်လွန်ပြီး လူ့သဘာဝအဖွဲ့ မိသားစုဒရမ်မာဇာတ်ကောင်းလေးဖြစ်ပါတယ် ကျွန်တော်တို့ ဆယ်ကျော်သက်ဘဝတွေတုန်းက အသည်းစွဲ ဆရာမင်းလူရဲ့ ရယ်မောခြင်းအပိုင်းအစထဲက ဋရပ်ကွက်သားတွေလို ဒီဇာတ်ကားထဲကရွာသားတွေကို ကြည့်ရတာ သဘာဝလဲကျ ပြုံးလဲပြုံးမိရသလို ဂရုဏာလဲသက်လာမိရမှာပါ ဇာတ်လမ်းအစမှာ ဇာတ်ဆောင်မင်းသားက မြို့နဲ့ရပ်ဝေးရွာလေးမှာ ပီဇာဆိုင်ဖွင့်လိုက် အင်တာနက်ဆိုင်ထောင်လိုက် ဘီလိယကခုံထောင်လိုက်နဲ့ ဉာဏ်ကောင်းစွာစီးပွားရေးလုပ်ရင်း အကြွေးတင်သွားပါတယ် အဆိုပါအကြွေးကို ထပ်ဉာဏ်ကောင်းပြီး မိန်းမယူရင်း မိန်းမတင်တောင်းတဲ့ပိုက်ဆံနဲ့ ဆပ်ဖို့ကြံမှ မိန်းမယူခံနီး အဘိုးက ကောက်ခါငင်ခါသေဆုံးသွားပါတယအဲ့ကစ ဘုကျဘောက်ကျနဲ့ သဘာဝကျကျဇာတ်လမ်းဇာတ်ကွက်များကို ဘာတွေဆက်ဖြစ်မလဲဆိုတာ အဆုံးထိခံစားကြည့်ရှုဖို့ ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.58GB  / 1.15GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sai ~ Cherry ~ Nyein

Action • Crime • Thriller
6.6 2023 131 mins
Balagam
A Star Is Born
7.5

စင်ပေါ်မှာ မြူးကြွသံစဉ်တွေနဲ့ တစ်ပွဲပြီးတစ်ပွဲ ပရိတ်သတ်တွေကိုဖျော်ဖြေလာတဲ့ ဂျက်ဆန်မိန်း စင်ပေါ်မတက်ခင် backstage မှာ တစ်ပတ်လောက်ကလဲ ကစ်တတ်သေး ပိုင်ဆိုင်မှုမြောက်မြားစွာရှိပေမယ့် ဘဝမှာ အဓိပ္ပာယ်ရှိတဲ့တစ်စုံတစ်ရာကို မေ့ပျောက်နေခဲ့ တဲ့ဂျက်ဆန်မိန်း သူ့အတွက် အိမ်ဆိုတာ မရှိဘူး စွဲလန်းမက်မောမှု ဆိုတာလဲ မရှိဘူး သူ့မှာရှိတာ ဂစ်တာ သူသိတဲ့ သူ့အပေါ်သစ္စာရှိတဲ့ ဒီဂစ်တာတွေပေါ်မှာပဲ သွယ်လျတဲ့ လက်ချောင်းလေးတွေတင်ပြီး ဂီတကို ကွန့်မြူးလာခဲ့တဲ့ဂီတဂုရုတစ်ယောက် လောကကြီးက တရားပါတယ် သင်မသိလိုက်တဲ့ အချိန်လေးတွင်းမှာ သင့်အတွက် ရွေးချယ်စရာတွေ ပေးနှင့်ပြီးသားပါ ကံကြမ္မာ အလှည့်အပြောင်းကြောင့် သာမည ဘားလေးတစ်ခု မှာ သိပ်လှတဲ့ စွမ်းအင်တစ်ခု သူသွားတွေ့မိတယ် ကိုယ်တိုင်က အံ့မခန်းသြချရတဲ့ သီချင်းတွေ ဆိုလာတဲ့ မုတ်ဆိတ်ထူလပျစ်နဲ့ ဂျက်ဆန်မိန်းကြီး အခုကျစကားတစ်ခွန်းတောင် မဟနိုင်တော့ပါလား သူ့ဘဝမှာဒီလိုဖြစ်တာ ဒါပထမဆုံးလို့တောင်ပြောရမယ် သူ့ကိုစီးမြောအောင် လုပ်သွားတဲ့ အဲ့စွမ်းအင်နုနုလေးက အယ်လီ လေ ပါရမီရှိပေမယ့် ယုံကြည်မှုမရှိလို့ ဘားမှာအဆိုကျော် လုပ်ရတဲ့အယ်လီလေး ဂျက် စိတ်ထဲမှာဆွဲခေါ်ချင်စိတ်တွေ တဖွားဖွားဖြစ်လာတယ် ပတ္တမြားမှန်ရင်တော့ နွံမနစ်စတမ်းပါ အယ်လီ့ကို ယုံကြည်မှုလေးထားတတ်ဖို့ သူလုပ်လိုက်နိုင်ခဲ့တယ် တချိန်က အဖော်မဲ့နေတဲ့ သူ့ဂစ်တာနဲ့ စင်ထက်ကမိုက်လေးမှာ အခုတော့ နတ်မိမယ်လေးကအဖော်အဖြစ်နေပေးပြီလေ ဂျက်ဘဝမှာ အဓိပ္ပာယ်ရှိတဲ့ဝန်းကျင်လေးတစ်ခု တဖန်ပြန်ခံစားလိုက်ရတယ် စွမ်းအားပြင်းတဲ့ ဂီတအသံလှိုင်းလေးတွေကပဲ သူတို့နှစ်ယောက်အတွက် အချစ်ဆိုတဲ့ ရင်သွေးလေးကိုမွေးဖွားပေးလိုက်ပြီလေ ဂျက်ဆန်အသဲနင့်အောင်ချစ်မိသွားပြီ အယ်လီဆိုသူ့ထက်တောင်ပိုမလားပဲ အပွဲပွဲနွှဲခဲ့တဲ့ ရလဒ်ကြောင့် ဂျက်ဆန်  ဆေးရော အရက်ပါဆွဲနေခဲ့ပြီ တဖက်မှာ လဲ အယ်လီက လေသလပ်လိုက်တဲ့ မီးခဲလို သူမအောင်မြင်မှုကလဲဟုန်းဟုန်းတောက်ပဲ မထင်မှတ်တာတွေက ကိုယ်မထင်ထားတဲ့ အချိန်မှ ဖြစ်တတ်စမြဲပဲလေ အချစ်ဆိုတဲ့ရသ ဂီတရဲ့ ဝိညာဉ်ကို အကောင်းဆုံးဖော်ကျူး ထားတဲ့ ကားလေးလို့ မြင်မိပါတယ် ဂျက်ဆန်မိန်းတဖြစ်လဲ Bradley Cooper အယ်လီတဖြစ်လဲ Lady Ga Ga ကသရုပ် ဆောင်ပေးထားပါတယ် အခွီကားတွေပဲအရိုက်များတဲ့ Cooper တစ်ယောက် အခုတော့ အဆွေးသီချင်းတွေ ဆိုတဲ့ဂစ်တာသမားကြီးကိုဖြစ်လို့ Lady Ga Ga ကတော့ ပြောစရာလိုမယ်မထင် ဒီကားလေးမှာ အထွေထူးပြောချင်တာတော့ တစ်ခုပဲရှိပါတယ် အဲ့ဒါက သီချင်းတွေပါ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ် သူတို့ နှစ်ယောက်ရဲ့ တွယ်တာမှု အတိမ်အနက် ဘယ်လောက်ရှိလဲ ဆိုတာ သီချင်းတွေကပဲ ဖော်ကျူးထားတာပါ သီချင်းတွေကအပုဒ် တိုင်းကိုကောင်းပါတယ် အခုလိုကားမျိုးတွေ ကျနော်အကြည့်နည်းလို့လားတော့မသိဘူး သီချင်းနဲ့ပေးချင်တဲ့ message သရုပ်ဆောင် နှစ်ယောက်ရဲ့ acting ပိုင်း အံဝင်ခွင်ကျ အတော်လေး ဖြစ်တယ်လို့ မြင်မိပါတယ် တစ်ယောက်တည်း နားကြပ်တပ်အသံကုန်ဖွင့် ကြည့်မယ်ဆို ကျက်သီးပါ ထအောင်ကောင်း တဲ့ ကားမျိုးပါ ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင် က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ် စာသား အမှားများ ဘာသာပြန်အမှားများ ရှိပါက နားလည် ဖြည့်စွတ် ကြည့်ပေးကြပါလို့

Adventure • Fantasy
7.5 2018 136 mins
A Star Is Born
The Year I Started Masturbating
5.2

The Year I Started Masturbating (2022) Netflix ကထွက်ထားတဲ့ The Year I Started Masturbating ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားနာမည်ကြည့်ပြီးတော့ ကျောင်းသားကားဆိုပြီး တွေးနေရင်တော့ မှားသွားပါလိမ့်မယ်။ ၁၈ ယောက်စုကြည့်ရမယ်ထင်နေရင်လဲ သင့်ရဲ့ စိတ်ကို အမှောင်ဘက်ခြမ်းကနေ ပြန်ခေါ်လိုက်ပါ။ ဒီဇာတ်ကားလေးဟာ မိန်းကလေးတွေ ကိုယ့်ကိုကိုယ် ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ ပြသွားမဲ့ကားမျိုးပါ။ ဒါပေမဲ့ စကားလုံးတွေက ပွင့်ပွင့်လင်းလင်းပြောထားတော့ မိသားစုနဲ့တွဲကြည့်လို့လဲ အဆင်ပြေမှာမဟုတ်ပါဘူး။ (ဥပမာဆို လူတိုင်းသိကြတာက ဂျီစပေါ့ လောက်ပါပဲ ဒါပေမဲ့ ဒီထဲမှာတော့ ဂျီစပေါ့တင်မကဘဲ အိုစပေါ့ အမ်စပေါ့ ဒီစပေါ့ တွေပါ ပါပြီးတော့ ဘယ်နေရာမှပါ ရှိတယ်ဆိုတာ ညွှန်ပြထားပါသေးတယ်)။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟန်နာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ အလုပ်တွေကြိုးစားပြီး မိသားစုကို အချိန်မပေးနိုင်ဘဲ အလုပ်ပဲဖိလုပ်တဲ့သူပါ။ ယောကျာ်းဖြစ်သူဟာလဲ ကြာလာတေ့ ငြိုငြင်လာပါတယ်။ ဟန်နာအတွက်ကတော့ ကလေးတွေယူပြီး အလုပ်လုပ် ပိုက်ဆံရှာပေးနေရင် မိသားစုကိစ္စပြီးပြီလို ထင်နေပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ယောကျာ်းဖြစ်သူနဲ့ ပြဿနာ ဖြစ်ပြီး အိမ်ကနေဆင်းလာတဲ့အချိန်မှာ အချစ်ဆုံးသူငယ်ချင်းကလဲ သူ့ကိုပစ်ခွာသွားတော့ ဟန်နာ တစ်ယောက် သူ့ဘဝမှာ ရင်းနှီးခဲ့တဲ့သူတေွ အနားမှာမရှိတော့ဘဲ တစ်ယောက်တည်း ဘဝကိုရင်ဆိုင်ရတဲ့အချိန်မှာ ဘယ်သူတွေက သူ့ကိုကူညီပြီး ဘယ်သူတွေက အမြတ်ထုတ်မလဲ။ နောက်ဆုံးမှာတော့ အခြားသူတွေအမြင်က အရေးမကြီးဘဲ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်လဲဆိုတာသာ အဓိကကျကြောင်း ဘယ်လိုတင်ဆက်သွားမလဲဆိုတာ ကြည့်ရှုအားပေးလိုက်ကြပါဦး ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p | 480p File size… 1.8GB | 867MB | 415MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Drama
5.2 2022
The Year I Started Masturbating
88

88 (2022) အသားအရောင်ခွဲခြားတာတွေ ကာလကြာရှည် လူမည်းတွေကို ဖိနှိပ်ခဲ့တာတွေ နာဇီလက်သစ်တွေရဲ့ ဝါဒဖြန့်ချိရေးနည်းလမ်းတွေ နိုင်ငံရေးအမြင်တွေ အစုံအလင် ပါ၀င်တဲ့ Mystery ရုပ်ရှင်ဖြစ်ပါတယ်။ အာဖရိကန်လူမည်း ဖမီဂျက်ဆင်က နိုင်ငံရေးလှုပ်ရှားမှုကော်မတီက ဘဏ္ဍာရေးဒါရိုက်တာဖြစ်ပြီး သမ္မတရွေးကောက်ပွဲမှာ လူမည်းကိုယ်စားလှယ်လောင်း ဟာရိုအနိုင်ရဖို့ ထောက်ပံ့ပေးတဲ့ Super PAC အဖွဲ့မှာအလုပ်လုပ်ပါတယ်။ မထင်မှတ်ဘဲ မဲဆွယ်စည်းရုံးတဲ့ ကမ်ပိန်းမှာ အလှူရှင်တွေ လှူထားတဲ့ ဂဏန်းပမာဏတွေကို စစ်ကြည့်မိရာကနေ တစ်ခုခု ထူးခြားတာကို တွေ့လိုက်ရပါတယ်။ ဂဏန်းတွေကို ထပ်ပေါင်းလိုက်ရင် အားလုံးက 88 ရနေတဲ့ Pattern ကို တွေ့တာပါ။ ဒီအကြောင်းကို ဘလော့ဂါ သူငယ်ချင်းကို စုံစမ်းခိုင်းရာကနေ သူတို့ Super PAC လာတဲ့ ငွေတွေက ရိုးရိုးအလှူရှင်တွေဆီက မဟုတ်ဘဲ နာဇီလက်သစ်တွေဆီက လာတာ ဖြစ်နေတဲ့အခါ… ဖမီနဲ့ သူ့သူငယ်ချင်းက အသေးစိတ် ဆက်စုံစမ်းရင်း နာဇီတွေရဲ့ Coded Message တွေ လူမျိုးရေးစစ်ပွဲဖန်တီးဖို့ အကြမ်းဖက်အစီအစဉ်တွေပါ သိလိုက်ရတဲ့အခါ… ဒီကိစ္စတွေက ကိုယ်စားလှယ်လောင်း ဟာရိုနဲ့ ဘယ်လိုပတ်သက်နေလဲ… သူကရော ကိုယ့်ဒူးကိုယ်ချွန် ဒီနေရာထိရောက်လာခဲ့တာ မှန်ရဲ့လား သူတို့အကြံအစည် ထမြောက်မှာလားဆိုတာကို ဆက်လက်ကြည့်ရှုနိုင်ပါပြီ။ လူမည်းတွေ ခေတ်အဆက်ဆက် ကျွန်ပြုခံရ၊ ဖိနှိပ်ခံရတာတွေ တန်းတူအခွင့်အရေးမရတာ‌တွေ၊ အမေရိကရဲ့ ရွေးကောက်ပွဲကမ်ပိန်းတွေ နိုင်ငံရေးလှည့်ကွက်တွေပါ Talk Show သဘောမျိုးထည့်သွင်း ရိုက်ကူးထားတာမို့ ဗဟုသုတရစေမှာ အမှန်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 885MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 2H 2Min Genre – Drama, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2022
88
Wild Seas

ဒီဇာတ်လမ်းလေးကတော့ Wild Seas ဆိုတဲ့အတိုင်း Sailors တွေ ကြမ်းတမ်းတဲ့ ပင်လယ်ပြင်မှာ ဘယ်လိုခက်ခက်ခဲခဲကြိုးစားရင်ဆိုင်ကြလဲဆိုတာကို လှပတဲ့ရှူခင်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးတွေရောနှောပြီးကြည့်ရှူရမယ့်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့…….. အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့ငါးဖမ်းသမားယောက်ျားနဲ့အတူ ပင်လယ်ပြင်တစ်ခွင်မှာကျင်လည်ကျက်စားရင်း ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့သူတို့အဖွဲ့အတွက်လူလိုလို့ဆိုပြီး အဖွဲ့ဝင်အသစ်တစ်ယောက်ကိုရှာရာကနေ မက်ဆန့်စ်ဆိုတဲ့ခပ်ငယ်ငယ်ခပ်ချောချောကောင်လေးတစ်ယောက်က သူတို့ဘဝထဲကိုဝင်လာခဲ့ပါတယ်။ အမျိုးသမီးဖြစ်သူကတော့ ကောင်လေးကို ကလေးတစ်ယောက်လိုပဲဆက်ဆံခဲ့ပေမဲ့ အဲဒီကောင်လေးဘက်က အမျိုးသမီးအပေါ်ကိုထားတဲ့ လေးစားမှုတွေကချစ်ခြင်းတရားအဖြစ်ပြောင်းလဲသွားတဲ့အခါမှာတော့…. သူတို့လင်မယားနှစ်ယောက်ကြားထဲမှာ ဘယ်လိုပြဿနာတွေ သယ်ဆောင်လာမလဲဆိုတာကို ဇာတ်ရှိန်အနိမ့်အမြင့်နဲ့ ကြည့်ရှူရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…(1.5 GB)/(875 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

Drama
0 2022
Wild Seas
Munch
5.9

The Screamဆိုတဲ့ ပန်းချီကားကို ပန်းချီစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ အင်္ကျီစတစ်ကာတွေမှာဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာပေါ်မှာပဲဖြစ်ဖြစ် မြင်ဖူးကြပါလိမ့်မယ်။ ပန်းချီကားကိုကြည့်လိုက်ရင်ပဲ အကြောက်တရားနဲ့ အထီးကျန်မှုကိုအလိုလိုခံစားလာရတာမျိုး။ ဒီရုပ်ရှင်ကတော့ အထက်ပါပန်းချီကားကိုရေးဆွဲခဲ့တဲ့ ခံစားမှုရသကိုအသားပေးပုံဖော်တတ်သူ နော်ဝေပန်းချီအကျော်အမော် Edvard Munchရဲ့ ဘ၀ဇာတ်ကြောင်းကို အခြေခံပြီး အရွယ်သုံးမျိုးနဲ့ ရုပ်ရှင်တစ်ကားအဖြစ် ဖန်တီးပုံဖော်ထားတာပါ။ Edvard Munchဆိုတာ ၁၉ရာစုနဲ့ ၂၀ရာစုကြားကာလမှာ အရေးအပါဆုံးပန်းချီအနုပညာရှင်တွေထဲက တစ်ယောက်ပေါ့။ သူ့ရဲ့လူငယ်ဘ၀က ပျော်ရွှင်ဖွယ်ရာမကောင်းခဲ့တဲ့ အချစ်ရေး၊ အစ်မကြီးဖြစ်သူကို ဆုံးရှုံးခဲ့ရပုံနဲ့ သူကြိုးစားအားထုတ်ထားတဲ့ ဘာလင်က အစောပိုင်းပြပွဲတစ်ခုမှာ အနုပညာရှင်အသင်းကြီးရဲ့ ပြပွဲပိတ်သိမ်းခံလိုက်ရပုံတွေ၊ နောက်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ သူ့ဘ၀ရဲ့မြတ်နိုးရတဲ့အလုပ်ကို နာဇီတွေရန်ကနေ ကယ်တင်ခဲ့ပုံတွေကို ဇာတ်လမ်းတစ်ပုဒ်လို ဖန်တီးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(782 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Comedy
5.9 2023 101 mins
Munch
The Wings of the Dove
7.1

The Wings of the Dove (1997) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ မီလီ – “ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက်ကို လွဲနေကြတယ်ထင်ပါရဲ့… ရှင်က တခြားလမ်းကို သွားလိုက်တဲ့အချိန် ကျွန်မက လမ်းချိုးကို ကွေ့လိုက်မိသလိုမျိုးပေါ့” မာတွန် – “ကိုယ်လည်း အဲ့ဒီလိုတွေးမိလို့ တစ်နေရာတည်းမှာပဲ နာရီနဲ့ချီပြီး နေ,နေခဲ့သေးတာ” မီလီ – “ဒါနဲ့တောင် ကျွန်မတို့အချင်းချင်း မတွေ့နိုင်ကြဘူးနော်” “ငါတို့ဟာ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။” မဟုတ်တော့ဘဲ မီလီရေ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့လဲပေါ့။ တစ်ခါလွဲရင် ဘယ်လောက်ကြာမလဲဆိုတာကတော့… ဇာတ်လမ်အကျဉ်းလေးကို ပြောဖို့လိုလာပါပြီ။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ ကိတ်ဆိုတဲ့ မိန်းကလေးပါ။ ကိတ်ရဲ့ မိခင်ဖြစ်သူဟာ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအဝိုင်းကဖြစ်ပေမယ့် အရာအားလုံးကို စွန့်လွှတ်လို့ ကိတ်ရဲ့ဖခင်ဖြစ်သူ နင်းပြားဘိန်းစွဲနဲ့ အကြောင်းပါပြီး ကိတ်လေးကို မွေးခဲ့ကာ ဆင်းရဲရာဘဝမှာ သက်ဆိုးမရှည်နိုင်ခဲ့ရှာပါဘူး။ ဒီလိုနဲ့ ကိတ်လေး အရွယ်ရောက်လာချိန်မှာတော့ သူ့အမေ စွန့်လွှတ်ခဲ့တဲ့ လူကုံထံဘဝကို ပြန်သွားဖို့ အခွင့်အရေးပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ အဒေါ်ဖြစ်သူက ကိတ်လေးကို “အားလုံးကို အဆက်ဖြတ်ပစ်ရမယ်” ဆိုတဲ့ ကတိတစ်ခုနဲ့အတူ မိသားစုထဲ ပြန်ခေါ်ပြီး ရှိသင့်တဲ့စည်းစိမ်ဥစ္စာနတွေကို အမွေပြန်ဆက်ခံစေဖို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ အဆက်ဖြတ်ပစ်ရမယ့်အရာထဲမှာ ဘိန်းစားဖခင်ကြီး ပါသလို အသပြာမဲ့ စာနယ်ဇင်းသမား ချစ်သူလည်းပါနေပါတယ်။ ကျောမွဲ သတင်းသမားတစ်ယောက်ဟာ ဆွေကြီးမျိုးကြီးက မိန်းမငယ်တစ်ယောက်အတွက် ခင်ပွန်းလောင်း ဖြစ်မလာနိုင်ပါဘူး။ ကိတ်ဟာ သူ့အမေလိုပဲ အရာအားလုံး စွန့်လွှတ်ပြီး ချစ်သူဆီ ပြန်သွားရင်သွား၊ မဟုတ်ရင် သူ့ချစ်သူဟာ သူနဲ့အခြေတူအောင် ချမ်းသာလာဖို့ လိုလာတာပါပဲ။ ဒီလိုအကြပ်ရိုက်နေတုန်းမှာပဲ ကိတ်ဟာ မီလီလို့ခေါ်တဲ့ ရောဂါသည် သူကြွယ်မလေးနဲ့ ခင်မင်ခွင့်ရလိုက်ပါတော့တယ်။ မီလီဟာတော့ သူ့ကျန်းမာရေးကလွဲလို့ သူ့ဘဝသူ သေချာပိုင်သူမို့ ချစ်ရသူဟာ အဆင့်မတူလည်း မေတ္တာသာကြည်ဖြူရင် တူ၂ကိုယ်ပေါင်းဖို့ ဝန်မလေးဘူးဆိုတဲ့ အချစ်ကို ရဲရဲဝံ့ဝံ့ရှေ့တန်းတင်တဲ့မိန်းကလေးမျိုးပါ။ လူလည်းလှသလောက် ဦးနှောက်လည်းကြီးတဲ့ ကိတ်ဟာ မီလီ့ရဲ့ချစ်ခြင်းကို အခွင့်ကောင်းယူပြီး သူ့ချစ်သူနဲ့ သူနဲ့ပေါင်းနိုင်ဖို့ ဇာတ်ကွက်တစ်ခုကို စပြီးခင်းပါတော့တယ်။ အော်စကာတို့ ရွှေကမ္ဘာလုံးဆုတို့အတွက် ဆန်ကာတင်ဝင်ခဲ့ဖူးတဲ့ တစ်ခေတ်တစ်ခါက ကားကောင်းတစ်ကားပါ။ နာမည်ကျော် စာရေးဆရာကြီး Henry James ရဲ့ ဝတ္ထုကို ပြန်ရိုက်ထားတာပဲ ဖြစ်ပါတယ်။ ကြေးငွေဓနကလွဲလို့ အားလုံးပြည့်စုံနေတဲ့ စုံတွဲနဲ့မေတ္တာကလွဲလို့ အားလုံးကို ဆက်ခံရရှိထားတဲ့ သူကြွယ်မလေးပေါ့… ကိတ်ကတော့ ပြောပါတယ်… “သူ ပြုံးလိုက်တိုင်းမှာ ကျွန်မက ရှင့်ကို ပိုချစ်မှန်းသာ သတိရပါ” တဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 845MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 42Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

7.1 1997 102 mins
The Wings of the Dove
Fuks 2
5.5

Fuks 2 (2024) ဧပြီလတုန်းက ထွက်ရှိခဲ့တဲ့ Action/ Comedy ဇာတ်ကားကောင်းလေးပါ။ IMDb rating – 6 ရရှိထားပြီး ပိုလန်နိုင်ငံက ထုတ်လုပ်တဲ့ ရုပ်ရှင်ဖြစ်တာမို့ Hollywood က ရုပ်ရှင်တွေနဲ့ မတူညီတဲ့ အရသာမျိုးကို ခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မီရိုစလော ဘိုင်ချောစကီဟာ ပိုလန်နိုင်ငံက လူချမ်းသာတစ်ယောက်ပါ။ သူဟာ ငွေရဖို့ဆို တရားမဝင်ရော၊ တရားဝင်ရော အကုန်လုပ်ပါတယ်။ ကာစီနိုလည်း ထောင်ထားသလို လူတွေကို ရိုက်နှက်တာမျိုးလည်း လုပ်ပါတယ်။ မာချက်ခ်ဆိုတဲ့ ကောင်လေးတစ်ယောက်က ဘိုင်ချောစကီရဲ့ ဒုတိယဇနီး အန်နာ့ကို ဘိုင်ချောစကီရဲ့ သမီး ယူကာလို့ ထင်ပြီးတော့ ပတ်သက်မိသွားပါတယ်။ အန်နာကလည်း ဘိုင်ချောစကီးက ချုပ်ချယ်တာမို့ ထွက်ပြေးချင်နေပါတယ်။ ပိုဆိုးတာက မာချက်ခ်ဟာ အန်နာ ထွက်ပြေးဖို့ ကူညီလိုက်မိပါတယ်။ ဒီလိုနဲ့ ဒေါသယမ်းပုံပေါက်သွားတဲ့ ဘိုင်ချောစကီဟာ မာချက်ခ်အဖေကို ရိုက်နှက်ပြီး သူတို့ရဲ့ ကားဝင်းကိုလည်း မီးရှို့သွားပါတော့တယ်။ ယူကာကလည်း သူ့အဖေရဲ့ လုပ်ငန်းကြောင့် သူတန်ဖိုးထားတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ရတယ်ဆိုပြီး တားဆီးဖို့ ကြိုးစားနေသူပါ။ ဒီလိုနဲ့ မာချက်ခ်၊ အန်နာနဲ့ ယူကာတို့ ပူးပေါင်းပြီး ဘိုင်ချောစကီးကို သူတို့လိုချင်တာတွေရဖို့အတွက် လိမ်ဖို့ ကြိုးစားကြပါတော့တယ်…. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy Quality…. 1080p | 720p File size… 1.5GB | 792MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Action • Thriller
5.5 2024
Fuks 2
Do the Right Thing
8

IMDb 8/10, RT 92% ရရှိထားတဲ့ Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်က ဆုအပါအဝင် ဆုပေါင်း ၂၁ ဆုနဲ့ အော်စကာမှာလည်း nomination ဝင်ခဲ့တဲ့ ဒီ ဇာတ်ကားထဲမှာ ဒါရိုက်တာဖြစ်သူ Spike Lee က မူကီအဖြစ် ကိုယ်တိုင်ပါဝင်ထားတဲ့အပြင် ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Danny Aiello ကလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။ ဘရွတ်ကလင်းက လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုမှာ အမေရိကန်-အီတလီ လူဖြူဖြစ်သူ ဆယ်လ်က သားနှစ်ယောက်နဲ့အတူ ပီဇာဆိုင်လေးဖွင့်ထားပါတယ်။ သူတို့လူမျိုးတူတွေရှိတဲ့ရပ်ကွက်မှာ သွားဖွင့်လို့ရပေမဲ့ တခြားပီဇာဆိုင်တွေ ရှိနှင့်နေပြီးတာမို့ လူမည်းတွေရှိတဲ့ ရပ်ကွက်ထဲ ဖွင့်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်က လူမည်းတွေကပဲ သူ့ဆိုင်ကို အားပေးလာခဲ့ကြတာပါ။ သူ့ဆိုင်မှာ သူ့သားနှစ်ယောက်အပြင် မူကီဆိုတဲ့ လူမည်းကောင်လေးကိုလည်း ပီဇာ‌တွေ လိုက်ပို့ဖို့ ခန့်ထားပါသေးတယ်။ မူက ကတော့ သူ့သားအကြီးကောင်နဲ့ သိပ်မတည့်လှဘဲ အငယ်ကောင်နဲ့ပဲ တပူးတတွဲတွဲရှိသူဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့ရဲ့ပီဇာဆိုင်မှာ စားနေကျ မူကီ့ရဲ့သူငယ်ချင်းဖြစ်သူက ခါတိုင်းလိုပဲ ပီဇာလာစားရာက နံရံမှာချိတ်ထားတဲ့ ပုံတွေကိုကြည့်ပြီး ဘာလို့ သူတို့ လူမျိုး (လူမည်း)တွေရဲ့ပုံကျ မချိတ်ဘဲ လူဖြူပုံတွေချည်း ချိတ်ထားတာလဲလို့ အစချီပြီး ပြောရာကနေ နှစ်ဖက် အချေအတင်ဖြစ်ခဲ့ပါတော့တယ်။ လူဖြူ၊ လူမည်းလို့ ဆိုလိုက်ရင်ကို အစကတည်းက လူမျိုးရေးခွဲခြားမှုနဲ့ အငြိုးအတေးတွေက ဒွန်တွဲပါတတ်တာမို့ နှစ်ကာလကြာ အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ သူတို့ရဲ့ဆက်ဆံရေးမှာ ဘယ်လိုတွေ သက်ရောက်မှုဖြစ်ပေါ်လာနိုင်မလဲဆိုတာနဲ့ အဲဒီပဋိပက္ခတွေကို ဖြေရှင်းနိုင်မလားဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(2.8 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre… Comedy,Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

8 1989 120 mins
Do the Right Thing
Murder at Honeymoon Hotel
5.9

2016 ခုနှစ်က တောင်ကိုရီးယား-တရုတ် ပူးပေါင်းရိုက်ကူးထားတဲ့ ရယ်ရခက်ခက် ငိုရခက်တဲ့ ဟာသ လူသတ်သမားကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကို အကြမ်းဖြင်းမိတ်ဆက်ပေးရမယ်ဆို.. ဟိုတယ် ဧည့်ကြိုလေး ဝူတကျစ်ဟာ ကိုယ်ဝန်ဆောင် ဇနီးအသစ်စက်စက်လေးကို ဟန်နီးမွန်းမပို့နိုင်လို့ သူအလုပ်လုပ်တဲ့ ဟိုတယ်မှာပဲ ပျားရည်စမ်းဖို့ စဉ်းစားခဲ့တာပေါ့… တိုက်တိုက်ဆိုင်ဆိုင် ရုပ်ရှင်မင်းသမီးဆိုသူက သူဟန်နီးမွန်းဖို့ကြံထားတဲ့ အခန်းကိုမှ ရွေးတည်းခဲ့တယ်လေ… ဒီမင်းသမီးက ထူးတော့ ထူးဆန်းတယ်… ညကြီးအချိန်မတော် ကွန်ဒိုတိုက်ခန်းထဲရောက်သွားပြီးတော့… နောက်နေ့မှာ မန်နေဂျာလည်းမပါ… အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ မန်နေဂျာကို ပိုက်ဆံပေးပြီး… မှတ်ပုံတင်မအပ် စာရင်းလည်းမသွင်းတဲ့အပြင်.. ဟိုတယ်တောင် အနောက် အရေးပေါ် အခန်းကနေ ဝင်ပြီးတည်းတာနော်… ဒီမင်းသမီးက ဒီဟိုတယ်မှာ ပလတ်စတစ်ဆာဂျရီနဲ့ တွေ့ဖို့ကြံထားတာဖြစ်ပြီး… တိုက်တိုက်ဆိုင်ဆိုင် အဲ့ ဆာဂျရီက ဝူတကျစ်ရဲ့ တစ်ရွာတည်းသား မ်ဝမ်ရဲ့ လက်ရှိယောက်ျားဖြစ်နေပြီး လောင်းကစားအကြွေးရှုံးလို့ ထွက်ပြေးနေရသူပေါ့… ကဲမင်းသမီးနဲ့ ဆာဂျရီနဲ့တွေ့ဖြစ်မှာလား… ဝမ်ဝမ်ကရော ဘာလို့ ဟိုတယ်ရောက်နေတာလဲ… ဝူတကျစ်ရော သူ့ဟန်နီးမွန်းအခန်း မင်းသမီးဆီက တောင်းလို့ရမှာလား… ဇာတ်ကားလေးက အလင်းပြပါလိမ့်မယ်

5.9 2016
Murder at Honeymoon Hotel